Slowly Falling For Changkong...

By ANyein_26

50.1K 5.3K 165

COMPLETED โœ”๏ธ Author - Ban Li Zi , Chestnut Chapter - 56 + 10 extras Started Date -1.9.2022 Ended Date- 22.1... More

Description
Chapter-1
Chapter-2
Chapter-3
Chapter-4
Chapter-5
Chapter-6
Chapter-7
Chapter-8
Chapter-9
Chapter-10
Chapter-11
Chapter-12
Chapter-13
Chapter-14
Chapter-15
Chapter-16
Chapter-17
Chapter-18.1
Chapter-18.2
Chapter-20
Chapter-21
Chapter-22
Chapter-23
Chapter-24
Chapter-25
Chapter-26
Chapter-27
Chapter-28
Chapter-29
Chapter-30
Chapter-31
Chapter-32
Chapter-33
Chapter-34
Chapter-35
Chapter-36
Chapter-37
Chapter-38
Chapter-39
Chapter-40
Chapter-41
Chapter-42
Chapter-43
Chapter-44
Chapter-45
Chapter-46
Chapter-47
Chapter-48
Chapter-49
Chapter-49
Chapter-50
Chapter-51
Chapter-52
Chapter-53
Chapter-54
Chapter-55
Chapter-56
Chapter-57 ( แ€›แ€พแ€”แ€บแ€ทแ€”แ€ฝแ€™แ€บแ€กแ€แ€ปแ€•แ€บแ€•แ€ญแ€ฏ - แ )
Chapter-58 ( แ€›แ€พแ€”แ€บแ€ทแ€”แ€ฝแ€™แ€บแ€กแ€แ€ปแ€•แ€บแ€•แ€ญแ€ฏ - แ‚ )
Chapter-59 ( แ€›แ€พแ€”แ€บแ€ทแ€”แ€ฝแ€™แ€บแ€กแ€แ€ปแ€•แ€บแ€•แ€ญแ€ฏ - แƒ )
Chapter-60 ( แ€›แ€พแ€”แ€บแ€ทแ€”แ€ฝแ€™แ€บแ€กแ€แ€ปแ€•แ€บแ€•แ€ญแ€ฏ - แ„ )
Chapter-61 ( แ€œแ€€แ€บแ€‘แ€•แ€บแ€แ€ฝแ€„แ€บแ€ทแ€แ€ฑแ€ฌแ€„แ€บแ€ธแ€แ€ผแ€„แ€บแ€ธ )
Chapter-62 ( แ€œแ€€แ€บแ€‘แ€•แ€บแ€‘แ€ญแ€™แ€บแ€ธแ€™แ€ผแ€ฌแ€ธแ€แ€ผแ€„แ€บแ€ธ )
Chapter-63 ( แ€€แ€œแ€ฑแ€ธแ€œแ€ฑแ€ธ )
Chapter-64 ( Date )
Chapter-65 ( แ€•แ€ผแ€ฑแ€ฌแ€„แ€บแ€ธแ€›แ€ฝแ€พแ€ฑแ€ทแ€แ€ผแ€„แ€บแ€ธ )
Chapter-66 ( แ€แ€ฑแ€ทแ€›แ€ญแ€แ€ปแ€”แ€บ ) The End

Chapter-19

659 90 1
By ANyein_26


ရှန့်ချန်ခုန်းရဲ့'ဟမ်'ဆိုသည့်ပြန်စာကိုကြည့်၍ ရွှီလျန်မျက်ခုံးတွေမြင့်တက်သွား၏။

ရွှီလျန် : [ ဘာလဲ? ရှင်ငြင်းမလို့လား? ]

ရှန့်ချန်ခုန်း : [ မဟုတ်ပါဘူး မဟုတ်ပါဘူး ]

ရှန့်ချန်ခုန်း : [ အရင်ဆုံး ကိုယ့်ရဲ့အချိန်ဇယားကိုပြန်ကြည့်ရဦးမယ် ]

ရွှီလျန် : [ အိုကေ အဆင်ပြေတယ်ဆိုကျွန်မကိုပြန်ပြောနော် ]

ရှန့်ချန်ခုန်း : [ အိုကေ ]

ရှန့်ချန်ခုန်း ထိုသို့ပို့လိုက်ပြီးနောက် ရွှီလျန်ဘက်မှစာထပ်မပြန်တော့ပေ ၊ သို့သော်လည်း သူက chat ကိုဖွင့်ထားဆဲဖြစ်ကာ အတော်ကြာပြန်မထွက်ခဲ့။

အခုလေးတင် သူတို့စကားပြောထားခဲ့သော တိုတောင်းလှသည့် chat ကိုကြည့်ကာ ရှန့်ချန်ခုန်း အထပ်ထပ်အခါခါပြန်ဖတ်နေခဲ့၏။ နောက်ဆုံးမှာတော့ ကီးဘုတ်ကိုနှိပ်လိုက်တော့သည်။

ရှန့်ချန်ခုန်း : [ မင်းဘယ်လိုနေလဲ? ]

ရွှီလျန် သူမဖုန်းကိုကြည့်လျက်ပြုံးနေ၏။

ရွှီလျန် : [ ကောင်းပါတယ် ]

ရှန့်ချန်ခုန်း : [............]

မဟုတ်သေးပါဘူး နေပါဦး... အခု သူမကကောင်းပါတယ်လို့ပြောလိုက်တာလား?

ရှန့်ချန်ခုန်း : [ ကိုယ် ကိုယ်ပြောတာက မင်းရဲ့ခန္ဓာကိုယ်ဘယ်လိုနေလဲလို့ပြောတာ ]

ရွှီလျန် : [ အာ.....]

ရွှီလျန် : [ အဆင်ပြေပါတယ် နည်းနည်းလေးပင်ပန်းနေရုံပါပဲ၊ ကျွန်မ စောစောအိပ်မလို့တောင်လုပ်ထားတာ ]

ရှန့်ချန်ခုန်း : [ အာ ဒါဆို မြန်မြန်အိပ်တော့လေ.. ကိုယ် မင်းကိုမနှောင့်ယှက်တော့ပါဘူး ]

ရွှီလျန် : [ ရှင့်အချိန်ဇယားကိုစစ်ဖို့မမေ့နဲ့နော် ]

ရှန့်ချန်ခုန်း : [ အင်း ကိုယ် မင်းကို မနက်ဖြန်မနက်ကျရင်ပြန်ပြောမယ် ]

"ဟေ့ ရှန့်ချန်ခုန်း! ငါတို့တွေ့ကြပြန်ပြီ"

ချန်းဖန်က သူ့စကူတာကို ရှန့်ချန်ခုန်းဘေးနားတွင်ရပ်လိုက်သည်။ လမ်းမီးရောင်အောက်၌ ချန်းဖန်သည် တစ်စုံတစ်ရာကိုသတိပြုမိလိုက်လေ၏။

"မင်းမျက်နှာကဘာလို့နီနေတာလဲ ဟမ်?"

ရှန့်ချန်ခုန်းသည် သူ့ဖုန်းကိုမြန်မြန်ထည့်ကာ စားစရာတွေကိုသိမ်း၍

"ဘာမှမဟုတ်ပါဘူး"

"မင်းပုံစံကဘာမှမဟုတ်တဲ့ပုံစံမဟုတ်ပါဘူး"

ချန်းဖန်က သူ့ကိုကြည့်လျက်

"မင်း ကောင်မလေးရသွားပြီလား"

"မဟုတ်ပါဘူး မရပါဘူး"

ရှန့်ချန်ခုန်းသည် ဤစကားပြောခြင်းမှလွတ်မြောက်ရန် ချက်ချင်းပင် သူ့စကူတာနားထသွားတော့သည်။

ချန်းဖန်က သူ့ကိုအော်ခေါ်ပြီး
"မင်းသွားတော့မလို့လား? စားတောင်မစားရသေးဘူးလေ"

"ကျွန်တော် အော်ဒါတစ်ခုရလိုက်လို့ပါ နောက်မှပဲစားတော့မယ်"

ထိုသို့ပြောပြီးနောက် ရှန့်ချန်ခုန်း အဝေးသို့မောင်းထွက်သွားတော့သည်။ ထွက်သွားသည့်သူ့နောက်ကျောပုံကိုကြည့်၍ ချန်းဖန်သည် စကားလုံးအချို့အားတွေးမိသွား၏။

ရှုံးလို့ထွက်ပြေးသွားခြင်း....

တွတ် တွတ် တွတ်.. ဒီနေ့ခေတ်လူငယ်တွေကတော့ ချစ်လွယ်မုန်းလွယ်ကြတာပဲ...

ချန်းဖန်ကတော့ ရှန့်ချန်ခုန်းနောက်ကိုလိုက်မသွားခဲ့ပေ ၊ ထိုအစား လမ်းဘေးတွင်ထိုင်လျက် သူ့မုန့်ကိုစားရင်း တေးညည်းနေလေ၏။

ရှန့်ချန်ခုန်းသည် တခြားလမ်းတစ်လမ်းဘက်သို့မောင်းလာခဲ့ပြီး သူ့စကူတာကိုရပ်၍ စားသောက်တော့သည်။ သူ့ဖုန်းကိုထုတ်ကာ ရွှီလျန်နှင့်စကားပြောထားသော chat ကိုတစ်ဖန်ပြန်ဖွင့်ကြည့်မိ၏။ ထို့နောက် အချိန်ခဏတုံ့ဆိုင်းနေပြီးနောက် သူသည် ရှန့်နွမ်နှင့်စကားပြောထားသော chat ကိုဖွင့်လိုက်သည်။

အခုချိန်လောက်ဆို သူမစာလေ့လာနေလိမ့်မည်။ ရှန့်ချန်ခုန်းသည် သူမစာလေ့လာနေတဲ့အချိန်တွင် သူ့ညီမလေးကိုနှောင့်ယှက်လိုချင်စိတ်မရှိ ၊ သို့သော်လည်း သူ့မှာတခြားမေးနိုင်မည့်သူကလည်းဘယ်သူမှမရှိပေ။

ရှန့်ချန်ခုန်းသည် ဒီနေ့မနက်ရိုက်လာခဲ့သောနှုတ်ခမ်းနီပုံကို ရှန့်နွမ်ကိုပို့ပြီးမေး၏။

[ ဒီဟာကဘာဘရန်းလဲဆိုတာသိလား ]

ရှန့်နွမ်သည် လောလောဆယ်တွင် ခဏအနားယူနေသည့်အချိန်ဖြစ်ကာ သူမဖုန်းမှအသံမြည်လာသည်ကိုကြားလိုက်ရ၏။ တစ်ချက်ကြည့်လိုက်ပြီး သူမအစ်ကိုမှန်းသိတော့ အံ့ဩသွားလေသည်။ ရှန့်ချန်ခုန်းသည် သူမကျောင်းမှာရှိနေသည့်အချိန်တွေဆို သူမကို WeChat ကနေမက်ဆေ့ချ်ပို့ခဲလှသည်။ ဒါ့အပြင် ဤသို့သောမေးခွန်းမျိုး သူက သူမကိုမေးလာလိမ့်မယ်လို့လည်း သူမ မထင်ထားခဲ့...

ရှန့်နွမ် : [ ဒီဟာက အရင်တစ်ခေါက် ညီမ မမကိုတွေ့တဲ့အချိန်တုန်းက မမဆိုးထားတဲ့နှုတ်ခမ်းနီမလား ]

ရှန့်နွမ် : [ ညီမ အရင်ကရှာကြည့်ပြီးပြီ ဒီနှုတ်ခမ်းနီက တရုတ်မှာဆို ယွမ်ခြောက်ရာကျော်လောက်ရှိတယ် ဝူး ဝူး ဝူး (ငိုလျက်) ]

သေချာတာပေါ့.. မမဆိုးတဲ့နှုတ်ခမ်းနီးက သူမတက်နိုင်တဲ့ဟာတွေမဟုတ်ဘူး။

ရှန့်ချန်ခုန်း : [ ဘာဘရန်းလဲ ]

ရှန့်နွမ် : [ ဘာလို့လဲ? အစ်ကို မမကိုဝယ်ပေးမလို့လား ]

ရှန့်ချန်ခုန်း : [ ......... ]

ဒီနှုတ်ခမ်းနီက ရွှီလျန်အကြိုက်ဆုံးနှုတ်ခမ်းနီဆိုပေမဲ့ သူမက မှန်ပေါ်မှာ သူ့အတွက်စာတိုချန်ထားပေးဖို့အတွက် ဒီဟာကိုသုံးခဲ့ခြင်းဖြစ်သည်။ နောက်ထပ်သုံးလို့ရနိုင်သေးလားတော့ရှန့်ချန်ခုန်းမသိ ၊ သူ သူမကို နောက်ထပ်တံဆိပ်တူ၊အရောင်တူတစ်ချောင်းလောက်တော့ဝယ်ပေးချင်သည်။

ရှန့်နွမ် : [ အစ်ကိုရူးနေတာလား အား.... သူမမှာရှိထားပြီးသားနှုတ်ခမ်းနီကိုရတော့ရောဘာလုပ်ရမှာလဲ ]

ရှန့်ချန်ခုန်း : [ အမ်? ]

ရှန့်နွမ် : [ ညီမသိသားပဲ အစ်ကိုတို့လိုနလပိန်းတုံးတွေက ဒီလိုအရာတွေကိုနားလည်မှာမဟုတ်ဘူး! သူမကို တခြားတံဆိပ် မဟုတ်ရင်လည်း တခြားအရောင်ဝယ်ပေးလိုက်! ]

ရှန့်ချန်ခုန်း : [ ဘာလို့လဲ? ]

ရွှီလျန် ဘယ်နှုတ်ခမ်းနီမျိုးတွေကိုကြိုက်မှန်းလည်း သူမသိ ၊ အနည်းဆုံးတော့ ဒီနှုတ်ခမ်းနီက သူမကြိုက်လိမ့်မယ်မှန်း သူကျိန်းသေသိသည်။

ရှန့်နွမ် : [ ပုံ ]

ရှန့်နွမ် : [ ဒါက BUNNY ရဲ့နှုတ်ခမ်းနီအသစ် Serenade 007 ဒါကအကြမ်းဖျင်းတူတဲ့ပုံစံပဲ ]

ရှန့်နွမ် : [ ဒါပေမဲ့ ဒီဟာကိုဝယ်ဖို့ အရမ်း အရမ်းခက်ခဲတယ် တကမ္ဘာလုံးပစ္စည်းပြတ်သွားပြီ (ပြုံးလျက်) ]

ရှန့်ချန်ခုန်း : [ ......... ]

ရှန့်နွမ် : [ ညီမသွားရတော့မယ် အခုစာလေ့လာဖို့လိုနေပြီ (ပြုံးလျက်) ]

{ *() ကွင်းထဲက emoji လေးတွေပါ }

ရှန့်နွမ်က သူမစာပြန်လုပ်တော့မယ်လို့ပြောလာတာကြောင့် ရှန့်ချန်ခုန်းလည်း သူမကိုသွားခွင့်ပြုဖို့ကလွဲပြီးရွေးချယ်စရာမရှိတော့ပေ။ သူ ရှန့်နွမ်ပို့ပေးခဲ့တဲ့နှုတ်ခမ်းနီကိုသေချာကြည့်နေပြီး နှုတ်ခမ်းနီရှိ၊မရှိသိနိုင်ရန် Starlight ပန်းခြံထဲရှိစတိုးဆိုင်သို့သွားရန် စီစဉ်ထားလိုက်တော့သည်။

ရှန့်ချန်ခုန်းက နောက်တစ်နေ့မှာနေ့ဆိုင်းဖြစ်လေသည်။ သူ ကုမ္ပဏီထဲဝင်လာပြီးကဒ်ထိုးထည့်၍ အနီးနားရှိအချိန်ဇယားကိုကြည့်လိုက်၏။ မနက်ဖြန်လည်း သူ နေ့ဆိုင်းဆင်းရမည်။

သူ့ဖုန်းကိုထုတ်ပြီး ရွှီလျန်ကိုမက်ဆေ့ချ်လှမ်းပို့၏။

ရှန့်ချန်ခုန်း : [ မနက်ဖြန် ကိုယ်နေ့ဆိုင်းဆင်းရမှာ ညရှစ်နာရီမှအလုပ်ပြီးမှာ ]

ရွှီလျန် : [ အိုကေ ]

ရှန့်ချန်ခုန်း : [ နည်းနည်းနောက်ကျနေမလား? ]

ရွှီလျန် : [ ကိစ္စမရှိပါဘူး ကျွန်မရှင့်ကိုစောင့်နေမယ် ]

ရွှီလျန် : [ ရှင့်အချိန်ဇယားရဲ့ကော်ပီတစ်ခုကို ကျွန်မကိုပို့ပေးလို့ရမလား ]

ရှန့်ချန်ခုန်းမျက်မှာမှာ နောက်တစ်ဖန်နီမြန်းလာလေ၏။ ရွှီလျန်စကားတွေက သူ့ကို တက္ကသိုလ်မှာအတန်းအချိန်ဇယားတွေဖလှယ်ကြတဲ့စုံတွဲအချို့အား အမှတ်ရစေ၏။

သူ အချိန်ဇယားဓာတ်ပုံကိုရိုက်၍ ရွှီလျန်ထံပို့ပေးလိုက်၏။

ရွှီလျန် : [ အိုကေ ရပြီ ]

"ရှောင်ရှန့် ဂွတ်မောနင်း"

ဝမ်ကောနှင့်ဝူကောတို့နှစ်ယောက် အခန်းထဲဝင်လာတော့ ရှန့်ချန်ခုန်းကိုမြင်လိုက်တာကြောင့် နှုတ်ဆက်လိုက်သည်။ တစ်ခုခုလုပ်နေရင်းတန်းလန်းသူခိုးလူမိသွားသလိုမျိုး ရှန့်ချန်ခုန်းသည် သူ့ဖုန်းကိုမြန်မြန်အဝေးသို့ပို့လျက် ပြန်နှုတ်ဆက်၏။

သူ့ယူနီဖောင်းကိုလဲရန် သူ့လော့ကာနားသို့လျှောက်သွား၏။ ဝူကောက ရှန့်ချန်ခုန်းနောက်ကျောကိုကြည့်လျက် ဝမ်ကောကိုတိုးတိုးလေးကပ်ပြောလေသည်။

"ရှောင်ရှန့်တစ်ခုခုဖြစ်နေတယ်လို့ငါထင်တယ်"

ဝမ်ကောက နက်နက်နဲနဲပြုံးနေလေသည်။

"ဟီးဟီး"

ဝူကော "........."

တစ်မနက်ခင်းလုံးအလုပ်လုပ်ပြီးနောက် ရှန့်ချန်ခုန်းသည် နေ့လည်နှစ်နာရီတွင် ခဏအနားယူ၏။ သူသည် အလျင်အမြန်ပဲ နေ့လယ်စာကိုအလွယ်စားကာ Starlight ပန်းခြံရှိစတိုးဆိုင်သို့ သူ့စကူတာဖြင့်မောင်းထွက်သွားတော့သည်။ ၎င်းက Aမြို့မှာရှိတဲ့အကြီးဆုံးစတိုးဆိုင်ကြီးဖြစ်ကာ ပထမထပ်၌ များစွာသောအလှကုန်ပစ္စည်းကောင်တာများရှိ၏။

ရှန့်ချန်ခုန်း သူ့စကူတာကို တစ်နေရာ၌ရပ်ထားလိုက်ကာ ခဏကြာစဉ်းစားပြီးနောက် ဆိုင်ထဲမဝင်ခင် သူ့ယူနီဖောင်းကုတ်ကိုချွတ်ခဲ့လိုက်သည်။

Aမြို့တော်၏ဒေသခံတစ်ယောက်ဖြစ်သောရှန့်ချန်ခုန်းသည် ဤအဆောက်အအုံအား ကွန်ကရစ်တုံးအနည်းငယ်မှတစ်ဆင့် မြို့တော်၏အကြီးမားဆုံးအဆောက်အဦးကြီးဖြစ်လာသည်အထိ စောင့်ကြည့်လာခဲ့ရသည်။ သို့ပေမဲ့ သူက ဆိုင်ကိုခဏခဏမလာခဲ့ပေ ၊ သူ ဒီနေရာကို သူ့အမေနှင့်ညီမလေးနဲ့သာလာလေ့ရှိခဲ့သည်။ သို့သော် အခုအချိန်မှာတော့.......

အတွေးထဲနစ်မြောနေစဉ်မှာပဲ BUNNY ကောင်တာရှေ့ကိုရောက်ရှိလာခဲ့သည်။ ဆိုင်မှာလူအများကြီးမရှိ၊ သူ ဆိုင်နားရောက်သည်နှင့်တစ်ပြိုင်နက် ဆိုင်မှာအလုပ်လုပ်နေသောမိန်းမငယ်လေးက သူ့ကို နွေးနွေးထွေးထွေးကြိုဆိုလာသည်။

"ဟယ်လို ဆရာ ရှင့်ကောင်မလေးအတွက်တစ်ခုခုရွေးပေးချင်လို့လား?"

ရှန့်ချန်ခုန်း အလွန်ရှက်ရွံ့နေ၏။ သူ့ဖုန်းကိုထုတ်၍ မနေ့ညက ရှန့်နွမ်သူ့ကိုပို့ပေးခဲ့တဲ့ပုံအား သူမကိုပြလိုက်သည်။

"မင်းတို့ဆီမှာဒီနှုတ်ခမ်းနီရှိလား"

မိန်းမငယ်လေးက ဓာတ်ပုံကိုကြည့်ပြီး တောင်းပန်လိုက်သည်။

"စိတ်မကောင်းပါဘူးရှင် Serenade 007 က လောလောဆယ်ပစ္စည်းပြတ်နေပါတယ်.. 006 ကလည်းဒီအရောင်နဲ့အရမ်းနီးစပ်ပါတယ် ကြည့်ကြည့်ပါလားရှင့်"

သူမကမ်းပေးလိုက်သော 006 နှုတ်ခမ်းနီကိုကြည့်လျက် ရှန့်ချန်ခုန်းစဉ်းစားခန်းဝင်နေ၏။ မိန်းမငယ်လေးက သူ့လက်ပေါ်တွင်စမ်းကြည့်ရန် သူ့ကိုကူညီပေးနေသည်။ အရောင်ကတော့ နူးညံ့သိမ်မွေ့တဲ့အနီရောင်ပဲ...

"ပိုပြီးရဲတဲ့အရောင်များရှိသေးလား?"

ရှန့်ချန်ခုန်းသည် ရွှီလျန်က နွေးထွေးပြီးနီရဲရဲအရောင်အသွေးမျိုးကိုကြိုက်မှန်း သူသိသည်။

"ဒီတစ်ခုဆိုရင်ရော? ဒါကအရည်*ပုံစံမျိုးလေ"

( * Tint Lipstick မျိုးကိုပြောတာ )

မိန်းမငယ်လေးက နောက်ထပ်တစ်ချောင်းပြကာ သူ့လက်ပေါ်၌ စမ်းကြည့်ရန်ကူညီပေး၏။

ဒီအရောင်က တခြားတစ်ခုထက် ပိုပြီးနီရဲ၏။ ပွင့်လန်းနေသောနှင်းဆီပန်းပုံစံမျိုးဖြစ်ကာ ရွှီလျန် မကြာခဏဆိုးလေ့ရှိသည့်နှုတ်ခမ်းနီနှင့်ဆင်တူလှသည်။ ရှန့်ချန်ခုန်းသည် ရွှီလျန်က ဒီတစ်ချောင်းကိုကြိုက်လိမ့်မယ်လို့ခန့်မှန်း၍ နှုတ်ခမ်းနီဘူးကိုယူကာ သေချာစူးစမ်းကြည့်နေ၏။

မိန်းမငယ်လေးကမေး၏။

"ရှင့်ကောင်မလေးက ဒီလိုအရောင်နဲ့ဆင်တူတဲ့ဟာကိုအမြဲဆိုးလေ့ရှိတာလား?"

သူမက 'ရှင့်ကောင်မလေး' လို့ပြောလိုက်သည်ကိုကြားတော့ ရှန့်ချန်ခုန်းမှာ ပို၍ပင်ရှက်ရွံ့လာ၏။

"အာ...အင်း ဟုတ်တယ် ကျွန်တော် တခါတလေ သူမကဆင်တူတာတစ်ခုခုကိုဆိုးထားတာမြင်ဖူးတယ်"

"ဒါဆို ဒီအရောင်ကလည်းသူမမှာရှိနေပြီးသားဖြစ်မယ် ရှင်တခြားတစ်ခုကိုရွေးရလိမ့်မယ်.. တကယ်တော့ ဘယ်အမျိုးသမီးကမှအရောင်တထေရာတည်းတူတဲ့နှုတ်ခမ်းနီရတာမျိုးကိုမကြိုက်ကြဘူးလေ"

ရှန့်ချန်ခုန်း သူနှင့်ရှန့်နွမ်ပြောခဲ့သည်များကိုအမှတ်ရလိုက်မိသည်။ ကြည့်ရတာ ရှန့်နွမ်ကလည်း ဒီလိုဆင်တူတာမျိုးပြောခဲ့တာပဲ။

မိန်းမငယ်လေးက တခြားအရောင်တစ်မျိုးအား သူ့ကိုကူရွေးပေးပြီး သူ့လက်ပေါ်စမ်းကြည့်စေ၏။

"ဒီဟာကလည်းအရမ်းပေါ်ပြူလာဖြစ်တဲ့အရည်ပုံစံနှုတ်ခမ်းနီမျိုးပဲ၊ အရောင်ကနှုတ်ခမ်းကိုနီရဲစေပြီးတော့ ဝိုင်နဲ့အရမ်းဆင်တူတယ်။ အရောင်လှပြီးတော့ရွှန်းစိုနေတာပဲ.. ရှင့်ကောင်မလေးကြိုက်လိမ့်မယ်"

သူ့လက်ပေါ်မှာစမ်းကြည့်ထားသောမတူညီသည့်အနီရောင်သုံးမျိုးကိုကြည့်၍ ရှန့်ချန်ခုန်းသည် ဘယ်အရောင်ကဘယ်ဟာကမှန်း မပြောနိုင်တော့။

"ကျွန်မတို့မှာပစ္စည်းကတစ်ချောင်းပဲကျန်တော့တာ ရှင်ဒီတစ်ခုကိုကြိုက်တယ်ဆိုရင် ကျွန်မရှင့်အတွက်ထုပ်ပေးလိုက်မယ်"

ရှန့်ချန်ခုန်းက သူမကို အကြာကြီးအနှောင့်အယှက်ပေးထားခဲ့သည့်အတွက် သူ မငြင်းပယ်လိုပေ ၊ ဒါ့အပြင် ဒီနှုတ်ခမ်းနီအရောင်ကလည်း တကယ်လှသည်။ ထို့ကြောင့် အဆုံးမှာတော့ သူပြန်ပြောလိုက်၏။

"ကောင်းပါပြီ ကျွန်တော့်ကိုဒါလေးထုပ်ပေးလိုက်ပါ"

မိန်းမငယ်လေးက အံဆွဲထဲကနောက်ဆုံးသောဘူးလေးကိုအပြင်ထုတ်ပြီး သူ့ကိုထုပ်ပေးလိုက်သည်။ ထို့နောက် သူမက

"ဆရာ အကယ်လို့ ရှင့်ဖုန်းနံပါတ်ကိုကျွန်မတို့ဆီမှာထားခဲ့မယ်ဆိုရင် Serenade 007 ပစ္စည်းပြန်ဝင်လာတဲ့အချိန်ကျ ကျွန်မတို့ရှင့်ကိုချက်ချင်းဆက်သွယ်ပေးပါမယ်"

"အာ ဟုတ်ကဲ့ ကျေးဇူးတင်ပါတယ်"

ငွေပေးချေပြီးနောက် ရှန့်ချန်ခုန်းသည် သူ့ဖုန်းနံပါတ်ကိုချရေးပေးပြီး ထွက်သွားတော့လေသည်။ ခဏကြာပြီးနောက် မိန်းမငယ်လေးက သူမဖုန်းကိုထုတ်၍ သူမတို့အဖွဲ့စကားပြောခန်းထဲမက်ဆေ့ချ်တစ်စောင်ပို့လိုက်၏။

[ ကောင်လေးတွေက ဘယ်တော့မှ ငါ့ကိုစိတ်မပျက်စေဘူး (ပြုံးလျက်) ]

*****

ကြာသပတေးနေ့၌ ရွှီလျန်သည် သူမဝယ်ယူထားခဲ့သောအနီရောင်ဘူးလေးများပါဝင်သည့်ပါဆယ်ဘူးကိုလက်ခံရန် စောစောစီးစီးအိပ်ရာမှထခဲ့သည်။ သူမလက်ထဲကပါဆယ်ဘူးများနှင့်အတူ အိမ်သို့ပြန်လာပြီး ဘူးတွေကိုဖွင့်ကြည့်လိုက်၏။

အင်း... သူမ ဘူးအချို့ကို ဆိုဖာပေါ်ကခေါင်းအုံးအောက်မှာထားရမယ် ကျိန်းသေပေါက်ထားရမယ့်နေရာကတော့ သူမအိပ်ရာပေါ်ကခေါင်းအုံးအောက်မှာပဲ။ ရေချိုးခန်းထဲမှာရော? သူမ အဲ့နေရာမှာရော နည်းနည်းထားလိုက်သင့်လား? ထိုနေ့ညက သူတို့၏အကြိမ်ကြိမ်ပြီးမြောက်ခြင်းကိုပြန်တွေးကြည့်ရင်း ရွှီလျန်သည် တစ်ဘူးကို ကောင်တာပေါ်ကသူမတစ်ကိုယ်ရေသုံးပစ္စည်းများနောက်တွင် တင်ထားလိုက်၏။

သန့်ရှင်းရေးလုပ်ပြီးနောက် သူမ အပြင်သွားပြီး အသီးအရွက်နည်းနည်းဝယ်ရန်ဆုံးဖြတ်လိုက်သည်။ ဘယ်လိုပဲဖြစ်ဖြစ် ရှန့်ချန်ခုန်းက သူမကို ဟင်းချက်နည်းသင်ပေးမှာပဲလေ...

ရွှီလျန်အိမ်အနီးဝန်းကျင်၌ အသီးအရွက်စျေးမရှိပေ ၊ အနီးဆုံးစျေးက ဆယ်မိနစ်ကားမောင်းရမည်။ မည်သို့ပင်ဆိုစေ Starlight စိုက်ပျိုးရေးခြံအပြင်ဘက်တွင် အသီးအရွက်စူပါမားကတ်တစ်ခုရှိ၏။ စျေးနှုန်းမှာ အသီးအရွက်စျေးနှင့်နှိုင်းယှဉ်ကြည့်ပါက များနေပေမဲ့လည်း နေ့စဉ်နေ့တိုင်း လတ်ဆတ်တဲ့အသီးအရွက်တွေကို Starlight စိုက်ပျိုးရေးခြံမှတင်ပို့ကြောင်း ရွှီလျန်ကြားဖူးသည်။

ရွှီလျန်သည် သူမ အလုပ်ကိုကားမောင်းသွားသည့်အချိန်တိုင်း စူပါမားကတ်ကိုအမြဲတမ်းဖြတ်သွားရသော်လည်း သူမ တစ်ခါမှအထဲမရောက်ဖူးပေ။ ယခု သူမ အထဲကိုခြေချလိုက်သည်နှင့် အမျိုးမျိုးသောအသီးအရွက်တွေ အများကြီးရှိနေကြောင်းတွေ့လိုက်ရသည်။

"ကြိုဆိုပါတယ် ကျွန်တော်တို့အသီးအရွက်တွေက ကျွန်တော်တို့ရဲ့ကိုယ်ပိုင်စိုက်ပျိုးရေးခြံမှာ စိုက်ပျိုးထားတာဖြစ်ပြီး နေ့တိုင်း လတ်လတ်ဆတ်ဆတ်တင်ပို့ထားတာပါ၊ လွတ်လွတ်လပ်လပ်ပတ်ကြည့်လို့ရပါတယ်"

အရောင်းဝန်ထမ်းလေးက ကာစတန်မာအသစ်ကိုမြင်တော့  ချက်ချင်း သူမကိုနှုတ်ဆက်လာ၏။

ရွှီလျန်သည် မည်သည့်အသီးအရွက်တွေကို ကြိုတင်၍ဝယ်ယူတားရမည့်အကြောင်းအား စဉ်းစားတက်သည့်လူမျိုးမဟုတ်။ တခါတရံ သူမက အနီးနားကိုလမ်းပတ်လျှောက်မည်ဖြစ်ကာ သူမစိတ်အလိုရ ဘာပဲဖြစ်ဖြစ်ဝယ်မည်ဖြစ်သည်။ မိနစ်အနည်းငယ်ကြာပတ်ကြည့်ပြီးနောက် သူမသည် WeChat ကိုဖွင့်ပြီး ရှန့်ချန်ခုန်းကိုမက်ဆေ့ချ်တစ်စောင်ပို့လိုက်၏။

ရွှီလျန် : [ ရှင်ဘယ်အသီးအရွက်ကိုကြိုက်လဲ ]

ရှန့်ချန်ခုန်း : [ မင်းကြိုက်တာဝယ်လို့ရတယ် ]

ရွှီလျန်သည် ရှန့်ချန်ခုန်းက ဒီတစ်ခေါက်မှာ မြန်မြန်ကြီးစာပြန်လာလိမ့်မယ်လို့မထင်ထားခဲ့။

အဆုံးမှာတော့ ရွှီလျန်သည် သူမကြိုက်တဲ့အသီးအရွက်အများကြီးကိုဝယ်လာတော့၏။ သူမ အားလုံးအတွက်ငွေပေးချေပြီးနောက် အသီးအရွက်စူပါမားကတ်မှ သာမန်စူပါမားကတ်သို့သွား၍ အသားနည်းနည်းဝယ်ယူလိုက်သည်။ သူတို့ဒီနေ့စားခဲ့တဲ့ပုစွန်လတ်လတ်ဆတ်ဆတ်တွေကိုကြည့်ရင်း သူမသည် နည်းနည်းဝယ်ရန်ဆုံးဖြတ်လိုက်၏။

ရှန့်ချန်ခုန်းက ပုစွန်လည်းချက်နိုင်မှာပါ... ဟုတ်တယ်မလား?

ပစ္စည်းအားလုံးဝယ်ပြီးနောက် ရွှီလျန်အိမ်ပြန်လာခဲ့သည်။ ဝယ်လာသမျှပစ္စည်းအကုန် စားပွဲပေါ်တင်ပြီး ဓာတ်ပုံရိုက်ကာ ရှန့်ချန်ခုန်းထံပို့လိုက်သည်။

ရွှီလျန် : [ ပါဝင်ပစ္စည်းတွေကတော့အဆင်သင့်ဖြစ်နေပြီ လိုနေတဲ့တစ်ခုတည်းသောအရာကတော့စားဖိုမှူးပဲ ]

ရှန့်ချန်ခုန်း : [ မင်းမှာဟင်းခတ်အမွှေးအကြိုင်တွေရှိလား ]

ရွှီလျန် : [.........]

ရွှီလျန် သူမမီးဖိုချောင်ထဲသွားပြီး ဟင်းခတ်အမွှေးအကြိုင်အံဆွဲကိုဖွင့်ကြည့်၏။

ရွှီလျန် : [ (ပုံ) ပဲငံပြာရည်နဲ့ရှာလကာရည်ပဲရှိတယ် ]

ရှန့်ချန်ခုန်း : [.........]

သူမ ဒီလိုမျိုးနဲ့ဘယ်လိုအသက်ရှင်နေထိုင်နေတာလဲ?

ရှန့်ချန်ခုန်းသည် ဟင်းခတ်အမွှေးအကြိုင်အချို့ကိုစာရိုက်ပြီး ရွှီလျန်ထံပို့လိုက်သည်။ ရွှီလျန် စာရင်းကိုကြည့်ပြီး ခေါင်းကိုက်လာသလိုခံစားသွားရ၏။

ရွှီလျန် : [ ဒီကမ္ဘာကြီးပေါ်မှာဟင်းခတ်အမွှေးအကြိုင်တွေအများကြီးရှိနေတာလား? ]

ရှန့်ချန်ခုန်း : [ ဟုတ်တယ် ]

ရွှီလျန် : [ ကောင်းပါပြီ ကျွန်မအခုသွားဝယ်လိုက်မယ် ]

__________________



ရွန့္ခ်န္ခုန္းရဲ႕'ဟမ္'ဆိုသည့္ျပန္စာကိုၾကည့္၍ ႐ႊီလ်န္မ်က္ခုံးေတြျမင့္တက္သြား၏။

႐ႊီလ်န္ : [ ဘာလဲ? ရွင္ျငင္းမလို႔လား? ]

ရွန့္ခ်န္ခုန္း : [ မဟုတ္ပါဘူး မဟုတ္ပါဘူး ]

ရွန့္ခ်န္ခုန္း : [ အရင္ဆုံး ကိုယ့္ရဲ႕အခ်ိန္ဇယားကိုျပန္ၾကည့္ရဦးမယ္ ]

႐ႊီလ်န္ : [ အိုေက အဆင္ေျပတယ္ဆိုကြၽန္မကိုျပန္ေျပာေနာ္ ]

ရွန့္ခ်န္ခုန္း : [ အိုေက ]

ရွန့္ခ်န္ခုန္း ထိုသို႔ပို႔လိုက္ၿပီးေနာက္ ႐ႊီလ်န္ဘက္မွစာထပ္မျပန္ေတာ့ေပ ၊ သို႔ေသာ္လည္း သူက chat ကိုဖြင့္ထားဆဲျဖစ္ကာ အေတာ္ၾကာျပန္မထြက္ခဲ့။

အခုေလးတင္ သူတို႔စကားေျပာထားခဲ့ေသာ တိုေတာင္းလွသည့္ chat ကိုၾကည့္ကာ ရွန့္ခ်န္ခုန္း အထပ္ထပ္အခါခါျပန္ဖတ္ေနခဲ့၏။ ေနာက္ဆုံးမွာေတာ့ ကီးဘုတ္ကိုႏွိပ္လိုက္ေတာ့သည္။

ရွန့္ခ်န္ခုန္း : [ မင္းဘယ္လိုေနလဲ? ]

႐ႊီလ်န္ သူမဖုန္းကိုၾကည့္လ်က္ၿပဳံးေန၏။

႐ႊီလ်န္ : [ ေကာင္းပါတယ္ ]

ရွန့္ခ်န္ခုန္း : [............]

မဟုတ္ေသးပါဘူး ေနပါဦး... အခု သူမကေကာင္းပါတယ္လို႔ေျပာလိုက္တာလား?

ရွန့္ခ်န္ခုန္း : [ ကိုယ္ ကိုယ္ေျပာတာက မင္းရဲ႕ခႏၶာကိုယ္ဘယ္လိုေနလဲလို႔ေျပာတာ ]

႐ႊီလ်န္ : [ အာ.....]

႐ႊီလ်န္ : [ အဆင္ေျပပါတယ္ နည္းနည္းေလးပင္ပန္းေန႐ုံပါပဲ၊ ကြၽန္မ ေစာေစာအိပ္မလို႔ေတာင္လုပ္ထားတာ ]

ရွန့္ခ်န္ခုန္း : [ အာ ဒါဆို ျမန္ျမန္အိပ္ေတာ့ေလ.. ကိုယ္ မင္းကိုမေႏွာင့္ယွက္ေတာ့ပါဘူး ]

႐ႊီလ်န္ : [ ရွင့္အခ်ိန္ဇယားကိုစစ္ဖို႔မေမ့နဲ႕ေနာ္ ]

ရွန့္ခ်န္ခုန္း : [ အင္း ကိုယ္ မင္းကို မနက္ျဖန္မနက္က်ရင္ျပန္ေျပာမယ္ ]

"ေဟ့ ရွန့္ခ်န္ခုန္း! ငါတို႔ေတြ႕ၾကျပန္ၿပီ"

ခ်န္းဖန္က သူ႕စကူတာကို ရွန့္ခ်န္ခုန္းေဘးနားတြင္ရပ္လိုက္သည္။ လမ္းမီးေရာင္ေအာက္၌ ခ်န္းဖန္သည္ တစ္စုံတစ္ရာကိုသတိျပဳမိလိုက္ေလ၏။

"မင္းမ်က္ႏွာကဘာလို႔နီေနတာလဲ ဟမ္?"

ရွန့္ခ်န္ခုန္းသည္ သူ႕ဖုန္းကိုျမန္ျမန္ထည့္ကာ စားစရာေတြကိုသိမ္း၍

"ဘာမွမဟုတ္ပါဘူး"

"မင္းပုံစံကဘာမွမဟုတ္တဲ့ပုံစံမဟုတ္ပါဘူး"

ခ်န္းဖန္က သူ႕ကိုၾကည့္လ်က္

"မင္း ေကာင္မေလးရသြားၿပီလား"

"မဟုတ္ပါဘူး မရပါဘူး"

ရွန့္ခ်န္ခုန္းသည္ ဤစကားေျပာျခင္းမွလြတ္ေျမာက္ရန္ ခ်က္ခ်င္းပင္ သူ႕စကူတာနားထသြားေတာ့သည္။

ခ်န္းဖန္က သူ႕ကိုေအာ္ေခၚၿပီး
"မင္းသြားေတာ့မလို႔လား? စားေတာင္မစားရေသးဘူးေလ"

"ကြၽန္ေတာ္ ေအာ္ဒါတစ္ခုရလိုက္လို႔ပါ ေနာက္မွပဲစားေတာ့မယ္"

ထိုသို႔ေျပာၿပီးေနာက္ ရွန့္ခ်န္ခုန္း အေဝးသို႔ေမာင္းထြက္သြားေတာ့သည္။ ထြက္သြားသည့္သူ႕ေနာက္ေက်ာပုံကိုၾကည့္၍ ခ်န္းဖန္သည္ စကားလုံးအခ်ိဳ႕အားေတြးမိသြား၏။

ရႈံးလို႔ထြက္ေျပးသြားျခင္း....

တြတ္ တြတ္ တြတ္.. ဒီေန႕ေခတ္လူငယ္ေတြကေတာ့ ခ်စ္လြယ္မုန္းလြယ္ၾကတာပဲ...

ခ်န္းဖန္ကေတာ့ ရွန့္ခ်န္ခုန္းေနာက္ကိုလိုက္မသြားခဲ့ေပ ၊ ထိုအစား လမ္းေဘးတြင္ထိုင္လ်က္ သူ႕မုန့္ကိုစားရင္း ေတးညည္းေနေလ၏။

ရွန့္ခ်န္ခုန္းသည္ တျခားလမ္းတစ္လမ္းဘက္သို႔ေမာင္းလာခဲ့ၿပီး သူ႕စကူတာကိုရပ္၍ စားေသာက္ေတာ့သည္။ သူ႕ဖုန္းကိုထုတ္ကာ ႐ႊီလ်န္ႏွင့္စကားေျပာထားေသာ chat ကိုတစ္ဖန္ျပန္ဖြင့္ၾကည့္မိ၏။ ထို႔ေနာက္ အခ်ိန္ခဏတုံ႕ဆိုင္းေနၿပီးေနာက္ သူသည္ ရွန့္ႏြမ္ႏွင့္စကားေျပာထားေသာ chat ကိုဖြင့္လိုက္သည္။

အခုခ်ိန္ေလာက္ဆို သူမစာေလ့လာေနလိမ့္မည္။ ရွန့္ခ်န္ခုန္းသည္ သူမစာေလ့လာေနတဲ့အခ်ိန္တြင္ သူ႕ညီမေလးကိုေႏွာင့္ယွက္လိုခ်င္စိတ္မရွိ ၊ သို႔ေသာ္လည္း သူ႕မွာတျခားေမးနိုင္မည့္သူကလည္းဘယ္သူမွမရွိေပ။

ရွန့္ခ်န္ခုန္းသည္ ဒီေန႕မနက္ရိုက္လာခဲ့ေသာႏႈတ္ခမ္းနီပုံကို ရွန့္ႏြမ္ကိုပို႔ၿပီးေမး၏။

[ ဒီဟာကဘာဘရန္းလဲဆိုတာသိလား ]

ရွန့္ႏြမ္သည္ ေလာေလာဆယ္တြင္ ခဏအနားယူေနသည့္အခ်ိန္ျဖစ္ကာ သူမဖုန္းမွအသံျမည္လာသည္ကိုၾကားလိုက္ရ၏။ တစ္ခ်က္ၾကည့္လိုက္ၿပီး သူမအစ္ကိုမွန္းသိေတာ့ အံ့ဩသြားေလသည္။ ရွန့္ခ်န္ခုန္းသည္ သူမေက်ာင္းမွာရွိေနသည့္အခ်ိန္ေတြဆို သူမကို WeChat ကေနမက္ေဆ့ခ်္ပို႔ခဲလွသည္။ ဒါ့အျပင္ ဤသို႔ေသာေမးခြန္းမ်ိဳး သူက သူမကိုေမးလာလိမ့္မယ္လို႔လည္း သူမ မထင္ထားခဲ့...

ရွန့္ႏြမ္ : [ ဒီဟာက အရင္တစ္ေခါက္ ညီမ မမကိုေတြ႕တဲ့အခ်ိန္တုန္းက မမဆိုးထားတဲ့ႏႈတ္ခမ္းနီမလား ]

ရွန့္ႏြမ္ : [ ညီမ အရင္ကရွာၾကည့္ၿပီးၿပီ ဒီႏႈတ္ခမ္းနီက တ႐ုတ္မွာဆို ယြမ္ေျခာက္ရာေက်ာ္ေလာက္ရွိတယ္ ဝူး ဝူး ဝူး (ငိုလ်က္) ]

ေသခ်ာတာေပါ့.. မမဆိုးတဲ့ႏႈတ္ခမ္းနီးက သူမတက္နိုင္တဲ့ဟာေတြမဟုတ္ဘူး။

ရွန့္ခ်န္ခုန္း : [ ဘာဘရန္းလဲ ]

ရွန့္ႏြမ္ : [ ဘာလို႔လဲ? အစ္ကို မမကိုဝယ္ေပးမလို႔လား ]

ရွန့္ခ်န္ခုန္း : [ ......... ]

ဒီႏႈတ္ခမ္းနီက ႐ႊီလ်န္အႀကိဳက္ဆုံးႏႈတ္ခမ္းနီဆိုေပမဲ့ သူမက မွန္ေပၚမွာ သူ႕အတြက္စာတိုခ်န္ထားေပးဖို႔အတြက္ ဒီဟာကိုသုံးခဲ့ျခင္းျဖစ္သည္။ ေနာက္ထပ္သုံးလို႔ရနိုင္ေသးလားေတာ့ရွန့္ခ်န္ခုန္းမသိ ၊ သူ သူမကို ေနာက္ထပ္တံဆိပ္တူ၊အေရာင္တူတစ္ေခ်ာင္းေလာက္ေတာ့ဝယ္ေပးခ်င္သည္။

ရွန့္ႏြမ္ : [ အစ္ကို႐ူးေနတာလား အား.... သူမမွာရွိထားၿပီးသားႏႈတ္ခမ္းနီကိုရေတာ့ေရာဘာလုပ္ရမွာလဲ ]

ရွန့္ခ်န္ခုန္း : [ အမ္? ]

ရွန့္ႏြမ္ : [ ညီမသိသားပဲ အစ္ကိုတို႔လိုနလပိန္းတုံးေတြက ဒီလိုအရာေတြကိုနားလည္မွာမဟုတ္ဘူး! သူမကို တျခားတံဆိပ္ မဟုတ္ရင္လည္း တျခားအေရာင္ဝယ္ေပးလိုက္! ]

ရွန့္ခ်န္ခုန္း : [ ဘာလို႔လဲ? ]

႐ႊီလ်န္ ဘယ္ႏႈတ္ခမ္းနီမ်ိဳးေတြကိုႀကိဳက္မွန္းလည္း သူမသိ ၊ အနည္းဆုံးေတာ့ ဒီႏႈတ္ခမ္းနီက သူမႀကိဳက္လိမ့္မယ္မွန္း သူက်ိန္းေသသိသည္။

ရွန့္ႏြမ္ : [ ပုံ ]

ရွန့္ႏြမ္ : [ ဒါက BUNNY ရဲ႕ႏႈတ္ခမ္းနီအသစ္ Serenade 007 ဒါကအၾကမ္းဖ်င္းတူတဲ့ပုံစံပဲ ]

ရွန့္ႏြမ္ : [ ဒါေပမဲ့ ဒီဟာကိုဝယ္ဖို႔ အရမ္း အရမ္းခက္ခဲတယ္ တကမာၻလုံးပစၥည္းျပတ္သြားၿပီ (ၿပဳံးလ်က္) ]

ရွန့္ခ်န္ခုန္း : [ ......... ]

ရွန့္ႏြမ္ : [ ညီမသြားရေတာ့မယ္ အခုစာေလ့လာဖို႔လိုေနၿပီ (ၿပဳံးလ်က္) ]

{ *() ကြင္းထဲက emoji ေလးေတြပါ }

ရွန့္ႏြမ္က သူမစာျပန္လုပ္ေတာ့မယ္လို႔ေျပာလာတာေၾကာင့္ ရွန့္ခ်န္ခုန္းလည္း သူမကိုသြားခြင့္ျပဳဖို႔ကလြဲၿပီးေ႐ြးခ်ယ္စရာမရွိေတာ့ေပ။ သူ ရွန့္ႏြမ္ပို႔ေပးခဲ့တဲ့ႏႈတ္ခမ္းနီကိုေသခ်ာၾကည့္ေနၿပီး ႏႈတ္ခမ္းနီရွိ၊မရွိသိနိုင္ရန္ Starlight ပန္းၿခံထဲရွိစတိုးဆိုင္သို႔သြားရန္ စီစဥ္ထားလိုက္ေတာ့သည္။

ရွန့္ခ်န္ခုန္းက ေနာက္တစ္ေန႕မွာေန႕ဆိုင္းျဖစ္ေလသည္။ သူ ကုမၸဏီထဲဝင္လာၿပီးကဒ္ထိုးထည့္၍ အနီးနားရွိအခ်ိန္ဇယားကိုၾကည့္လိုက္၏။ မနက္ျဖန္လည္း သူ ေန႕ဆိုင္းဆင္းရမည္။

သူ႕ဖုန္းကိုထုတ္ၿပီး ႐ႊီလ်န္ကိုမက္ေဆ့ခ်္လွမ္းပို႔၏။

ရွန့္ခ်န္ခုန္း : [ မနက္ျဖန္ ကိုယ္ေန႕ဆိုင္းဆင္းရမွာ ညရွစ္နာရီမွအလုပ္ၿပီးမွာ ]

႐ႊီလ်န္ : [ အိုေက ]

ရွန့္ခ်န္ခုန္း : [ နည္းနည္းေနာက္က်ေနမလား? ]

႐ႊီလ်န္ : [ ကိစၥမရွိပါဘူး ကြၽန္မရွင့္ကိုေစာင့္ေနမယ္ ]

႐ႊီလ်န္ : [ ရွင့္အခ်ိန္ဇယားရဲ႕ေကာ္ပီတစ္ခုကို ကြၽန္မကိုပို႔ေပးလို႔ရမလား ]

ရွန့္ခ်န္ခုန္းမ်က္မွာမွာ ေနာက္တစ္ဖန္နီျမန္းလာေလ၏။ ႐ႊီလ်န္စကားေတြက သူ႕ကို တကၠသိုလ္မွာအတန္းအခ်ိန္ဇယားေတြဖလွယ္ၾကတဲ့စုံတြဲအခ်ိဳ႕အား အမွတ္ရေစ၏။

သူ အခ်ိန္ဇယားဓာတ္ပုံကိုရိုက္၍ ႐ႊီလ်န္ထံပို႔ေပးလိုက္၏။

႐ႊီလ်န္ : [ အိုေက ရၿပီ ]

"ေရွာင္ရွန့္ ဂြတ္ေမာနင္း"

ဝမ္ေကာႏွင့္ဝူေကာတို႔ႏွစ္ေယာက္ အခန္းထဲဝင္လာေတာ့ ရွန့္ခ်န္ခုန္းကိုျမင္လိုက္တာေၾကာင့္ ႏႈတ္ဆက္လိုက္သည္။ တစ္ခုခုလုပ္ေနရင္းတန္းလန္းသူခိုးလူမိသြားသလိုမ်ိဳး ရွန့္ခ်န္ခုန္းသည္ သူ႕ဖုန္းကိုျမန္ျမန္အေဝးသို႔ပို႔လ်က္ ျပန္ႏႈတ္ဆက္၏။

သူ႕ယူနီေဖာင္းကိုလဲရန္ သူ႕ေလာ့ကာနားသို႔ေလွ်ာက္သြား၏။ ဝူေကာက ရွန့္ခ်န္ခုန္းေနာက္ေက်ာကိုၾကည့္လ်က္ ဝမ္ေကာကိုတိုးတိုးေလးကပ္ေျပာေလသည္။

"ေရွာင္ရွန့္တစ္ခုခုျဖစ္ေနတယ္လို႔ငါထင္တယ္"

ဝမ္ေကာက နက္နက္နဲနဲၿပဳံးေနေလသည္။

"ဟီးဟီး"

ဝူေကာ "........."

တစ္မနက္ခင္းလုံးအလုပ္လုပ္ၿပီးေနာက္ ရွန့္ခ်န္ခုန္းသည္ ေန႕လည္ႏွစ္နာရီတြင္ ခဏအနားယူ၏။ သူသည္ အလ်င္အျမန္ပဲ ေန႕လယ္စာကိုအလြယ္စားကာ Starlight ပန္းၿခံရွိစတိုးဆိုင္သို႔ သူ႕စကူတာျဖင့္ေမာင္းထြက္သြားေတာ့သည္။ ၎က Aၿမိဳ႕မွာရွိတဲ့အႀကီးဆုံးစတိုးဆိုင္ႀကီးျဖစ္ကာ ပထမထပ္၌ မ်ားစြာေသာအလွကုန္ပစၥည္းေကာင္တာမ်ားရွိ၏။

ရွန့္ခ်န္ခုန္း သူ႕စကူတာကို တစ္ေနရာ၌ရပ္ထားလိုက္ကာ ခဏၾကာစဥ္းစားၿပီးေနာက္ ဆိုင္ထဲမဝင္ခင္ သူ႕ယူနီေဖာင္းကုတ္ကိုခြၽတ္ခဲ့လိုက္သည္။

Aၿမိဳ႕ေတာ္၏ေဒသခံတစ္ေယာက္ျဖစ္ေသာရွန့္ခ်န္ခုန္းသည္ ဤအေဆာက္အအုံအား ကြန္ကရစ္တုံးအနည္းငယ္မွတစ္ဆင့္ ၿမိဳ႕ေတာ္၏အႀကီးမားဆုံးအေဆာက္အဦးႀကီးျဖစ္လာသည္အထိ ေစာင့္ၾကည့္လာခဲ့ရသည္။ သို႔ေပမဲ့ သူက ဆိုင္ကိုခဏခဏမလာခဲ့ေပ ၊ သူ ဒီေနရာကို သူ႕အေမႏွင့္ညီမေလးနဲ႕သာလာေလ့ရွိခဲ့သည္။ သို႔ေသာ္ အခုအခ်ိန္မွာေတာ့.......

အေတြးထဲနစ္ေျမာေနစဥ္မွာပဲ BUNNY ေကာင္တာေရွ႕ကိုေရာက္ရွိလာခဲ့သည္။ ဆိုင္မွာလူအမ်ားႀကီးမရွိ၊ သူ ဆိုင္နားေရာက္သည္ႏွင့္တစ္ၿပိဳင္နက္ ဆိုင္မွာအလုပ္လုပ္ေနေသာမိန္းမငယ္ေလးက သူ႕ကို ေႏြးေႏြးေထြးေထြးႀကိဳဆိုလာသည္။

"ဟယ္လို ဆရာ ရွင့္ေကာင္မေလးအတြက္တစ္ခုခုေ႐ြးေပးခ်င္လို႔လား?"

ရွန့္ခ်န္ခုန္း အလြန္ရွက္႐ြံ႕ေန၏။ သူ႕ဖုန္းကိုထုတ္၍ မေန႕ညက ရွန့္ႏြမ္သူ႕ကိုပို႔ေပးခဲ့တဲ့ပုံအား သူမကိုျပလိုက္သည္။

"မင္းတို႔ဆီမွာဒီႏႈတ္ခမ္းနီရွိလား"

မိန္းမငယ္ေလးက ဓာတ္ပုံကိုၾကည့္ၿပီး ေတာင္းပန္လိုက္သည္။

"စိတ္မေကာင္းပါဘူးရွင္ Serenade 007 က ေလာေလာဆယ္ပစၥည္းျပတ္ေနပါတယ္.. 006 ကလည္းဒီအေရာင္နဲ႕အရမ္းနီးစပ္ပါတယ္ ၾကည့္ၾကည့္ပါလားရွင့္"

သူမကမ္းေပးလိုက္ေသာ 006 ႏႈတ္ခမ္းနီကိုၾကည့္လ်က္ ရွန့္ခ်န္ခုန္းစဥ္းစားခန္းဝင္ေန၏။ မိန္းမငယ္ေလးက သူ႕လက္ေပၚတြင္စမ္းၾကည့္ရန္ သူ႕ကိုကူညီေပးေနသည္။ အေရာင္ကေတာ့ ႏူးညံ့သိမ္ေမြ႕တဲ့အနီေရာင္ပဲ...

"ပိုၿပီးရဲတဲ့အေရာင္မ်ားရွိေသးလား?"

ရွန့္ခ်န္ခုန္းသည္ ႐ႊီလ်န္က ေႏြးေထြးၿပီးနီရဲရဲအေရာင္အေသြးမ်ိဳးကိုႀကိဳက္မွန္း သူသိသည္။

"ဒီတစ္ခုဆိုရင္ေရာ? ဒါကအရည္*ပုံစံမ်ိဳးေလ"

( * Tint Lipstick မ်ိဳးကိုေျပာတာ )

မိန္းမငယ္ေလးက ေနာက္ထပ္တစ္ေခ်ာင္းျပကာ သူ႕လက္ေပၚ၌ စမ္းၾကည့္ရန္ကူညီေပး၏။

ဒီအေရာင္က တျခားတစ္ခုထက္ ပိုၿပီးနီရဲ၏။ ပြင့္လန္းေနေသာႏွင္းဆီပန္းပုံစံမ်ိဳးျဖစ္ကာ ႐ႊီလ်န္ မၾကာခဏဆိုးေလ့ရွိသည့္ႏႈတ္ခမ္းနီႏွင့္ဆင္တူလွသည္။ ရွန့္ခ်န္ခုန္းသည္ ႐ႊီလ်န္က ဒီတစ္ေခ်ာင္းကိုႀကိဳက္လိမ့္မယ္လို႔ခန့္မွန္း၍ ႏႈတ္ခမ္းနီဘူးကိုယူကာ ေသခ်ာစူးစမ္းၾကည့္ေန၏။

မိန္းမငယ္ေလးကေမး၏။

"ရွင့္ေကာင္မေလးက ဒီလိုအေရာင္နဲ႕ဆင္တူတဲ့ဟာကိုအၿမဲဆိုးေလ့ရွိတာလား?"

သူမက 'ရွင့္ေကာင္မေလး' လို႔ေျပာလိုက္သည္ကိုၾကားေတာ့ ရွန့္ခ်န္ခုန္းမွာ ပို၍ပင္ရွက္႐ြံ႕လာ၏။

"အာ...အင္း ဟုတ္တယ္ ကြၽန္ေတာ္ တခါတေလ သူမကဆင္တူတာတစ္ခုခုကိုဆိုးထားတာျမင္ဖူးတယ္"

"ဒါဆို ဒီအေရာင္ကလည္းသူမမွာရွိေနၿပီးသားျဖစ္မယ္ ရွင္တျခားတစ္ခုကိုေ႐ြးရလိမ့္မယ္.. တကယ္ေတာ့ ဘယ္အမ်ိဳးသမီးကမွအေရာင္တေထရာတည္းတူတဲ့ႏႈတ္ခမ္းနီရတာမ်ိဳးကိုမႀကိဳက္ၾကဘူးေလ"

ရွန့္ခ်န္ခုန္း သူႏွင့္ရွန့္ႏြမ္ေျပာခဲ့သည္မ်ားကိုအမွတ္ရလိုက္မိသည္။ ၾကည့္ရတာ ရွန့္ႏြမ္ကလည္း ဒီလိုဆင္တူတာမ်ိဳးေျပာခဲ့တာပဲ။

မိန္းမငယ္ေလးက တျခားအေရာင္တစ္မ်ိဳးအား သူ႕ကိုကူေ႐ြးေပးၿပီး သူ႕လက္ေပၚစမ္းၾကည့္ေစ၏။

"ဒီဟာကလည္းအရမ္းေပၚျပဴလာျဖစ္တဲ့အရည္ပုံစံႏႈတ္ခမ္းနီမ်ိဳးပဲ၊ အေရာင္ကႏႈတ္ခမ္းကိုနီရဲေစၿပီးေတာ့ ဝိုင္နဲ႕အရမ္းဆင္တူတယ္။ အေရာင္လွၿပီးေတာ့႐ႊန္းစိုေနတာပဲ.. ရွင့္ေကာင္မေလးႀကိဳက္လိမ့္မယ္"

သူ႕လက္ေပၚမွာစမ္းၾကည့္ထားေသာမတူညီသည့္အနီေရာင္သုံးမ်ိဳးကိုၾကည့္၍ ရွန့္ခ်န္ခုန္းသည္ ဘယ္အေရာင္ကဘယ္ဟာကမွန္း မေျပာနိုင္ေတာ့။

"ကြၽန္မတို႔မွာပစၥည္းကတစ္ေခ်ာင္းပဲက်န္ေတာ့တာ ရွင္ဒီတစ္ခုကိုႀကိဳက္တယ္ဆိုရင္ ကြၽန္မရွင့္အတြက္ထုပ္ေပးလိုက္မယ္"

ရွန့္ခ်န္ခုန္းက သူမကို အၾကာႀကီးအေႏွာင့္အယွက္ေပးထားခဲ့သည့္အတြက္ သူ မျငင္းပယ္လိုေပ ၊ ဒါ့အျပင္ ဒီႏႈတ္ခမ္းနီအေရာင္ကလည္း တကယ္လွသည္။ ထို႔ေၾကာင့္ အဆုံးမွာေတာ့ သူျပန္ေျပာလိုက္၏။

"ေကာင္းပါၿပီ ကြၽန္ေတာ့္ကိုဒါေလးထုပ္ေပးလိုက္ပါ"

မိန္းမငယ္ေလးက အံဆြဲထဲကေနာက္ဆုံးေသာဘူးေလးကိုအျပင္ထုတ္ၿပီး သူ႕ကိုထုပ္ေပးလိုက္သည္။ ထို႔ေနာက္ သူမက

"ဆရာ အကယ္လို႔ ရွင့္ဖုန္းနံပါတ္ကိုကြၽန္မတို႔ဆီမွာထားခဲ့မယ္ဆိုရင္ Serenade 007 ပစၥည္းျပန္ဝင္လာတဲ့အခ်ိန္က် ကြၽန္မတို႔ရွင့္ကိုခ်က္ခ်င္းဆက္သြယ္ေပးပါမယ္"

"အာ ဟုတ္ကဲ့ ေက်းဇူးတင္ပါတယ္"

ေငြေပးေခ်ၿပီးေနာက္ ရွန့္ခ်န္ခုန္းသည္ သူ႕ဖုန္းနံပါတ္ကိုခ်ေရးေပးၿပီး ထြက္သြားေတာ့ေလသည္။ ခဏၾကာၿပီးေနာက္ မိန္းမငယ္ေလးက သူမဖုန္းကိုထုတ္၍ သူမတို႔အဖြဲ႕စကားေျပာခန္းထဲမက္ေဆ့ခ်္တစ္ေစာင္ပို႔လိုက္၏။

[ ေကာင္ေလးေတြက ဘယ္ေတာ့မွ ငါ့ကိုစိတ္မပ်က္ေစဘူး (ၿပဳံးလ်က္) ]

*****

ၾကာသပေတးေန႕၌ ႐ႊီလ်န္သည္ သူမဝယ္ယူထားခဲ့ေသာအနီေရာင္ဘူးေလးမ်ားပါဝင္သည့္ပါဆယ္ဘူးကိုလက္ခံရန္ ေစာေစာစီးစီးအိပ္ရာမွထခဲ့သည္။ သူမလက္ထဲကပါဆယ္ဘူးမ်ားႏွင့္အတူ အိမ္သို႔ျပန္လာၿပီး ဘူးေတြကိုဖြင့္ၾကည့္လိုက္၏။

အင္း... သူမ ဘူးအခ်ိဳ႕ကို ဆိုဖာေပၚကေခါင္းအုံးေအာက္မွာထားရမယ္ က်ိန္းေသေပါက္ထားရမယ့္ေနရာကေတာ့ သူမအိပ္ရာေပၚကေခါင္းအုံးေအာက္မွာပဲ။ ေရခ်ိဳးခန္းထဲမွာေရာ? သူမ အဲ့ေနရာမွာေရာ နည္းနည္းထားလိုက္သင့္လား? ထိုေန႕ညက သူတို႔၏အႀကိမ္ႀကိမ္ၿပီးေျမာက္ျခင္းကိုျပန္ေတြးၾကည့္ရင္း ႐ႊီလ်န္သည္ တစ္ဘူးကို ေကာင္တာေပၚကသူမတစ္ကိုယ္ေရသုံးပစၥည္းမ်ားေနာက္တြင္ တင္ထားလိုက္၏။

သန့္ရွင္းေရးလုပ္ၿပီးေနာက္ သူမ အျပင္သြားၿပီး အသီးအ႐ြက္နည္းနည္းဝယ္ရန္ဆုံးျဖတ္လိုက္သည္။ ဘယ္လိုပဲျဖစ္ျဖစ္ ရွန့္ခ်န္ခုန္းက သူမကို ဟင္းခ်က္နည္းသင္ေပးမွာပဲေလ...

႐ႊီလ်န္အိမ္အနီးဝန္းက်င္၌ အသီးအ႐ြက္ေစ်းမရွိေပ ၊ အနီးဆုံးေစ်းက ဆယ္မိနစ္ကားေမာင္းရမည္။ မည္သို႔ပင္ဆိုေစ Starlight စိုက္ပ်ိဳးေရးၿခံအျပင္ဘက္တြင္ အသီးအ႐ြက္စူပါမားကတ္တစ္ခုရွိ၏။ ေစ်းႏႈန္းမွာ အသီးအ႐ြက္ေစ်းႏွင့္ႏွိုင္းယွဥ္ၾကည့္ပါက မ်ားေနေပမဲ့လည္း ေန႕စဥ္ေန႕တိုင္း လတ္ဆတ္တဲ့အသီးအ႐ြက္ေတြကို Starlight စိုက္ပ်ိဳးေရးၿခံမွတင္ပို႔ေၾကာင္း ႐ႊီလ်န္ၾကားဖူးသည္။

႐ႊီလ်န္သည္ သူမ အလုပ္ကိုကားေမာင္းသြားသည့္အခ်ိန္တိုင္း စူပါမားကတ္ကိုအၿမဲတမ္းျဖတ္သြားရေသာ္လည္း သူမ တစ္ခါမွအထဲမေရာက္ဖူးေပ။ ယခု သူမ အထဲကိုေျခခ်လိဳက္သည္ႏွင့္ အမ်ိဳးမ်ိဳးေသာအသီးအ႐ြက္ေတြ အမ်ားႀကီးရွိေနေၾကာင္းေတြ႕လိုက္ရသည္။

"ႀကိဳဆိုပါတယ္ ကြၽန္ေတာ္တို႔အသီးအ႐ြက္ေတြက ကြၽန္ေတာ္တို႔ရဲ႕ကိုယ္ပိုင္စိုက္ပ်ိဳးေရးၿခံမွာ စိုက္ပ်ိဳးထားတာျဖစ္ၿပီး ေန႕တိုင္း လတ္လတ္ဆတ္ဆတ္တင္ပို႔ထားတာပါ၊ လြတ္လြတ္လပ္လပ္ပတ္ၾကည့္လို႔ရပါတယ္"

အေရာင္းဝန္ထမ္းေလးက ကာစတန္မာအသစ္ကိုျမင္ေတာ့  ခ်က္ခ်င္း သူမကိုႏႈတ္ဆက္လာ၏။

႐ႊီလ်န္သည္ မည္သည့္အသီးအ႐ြက္ေတြကို ႀကိဳတင္၍ဝယ္ယူတားရမည့္အေၾကာင္းအား စဥ္းစားတက္သည့္လူမ်ိဳးမဟုတ္။ တခါတရံ သူမက အနီးနားကိုလမ္းပတ္ေလွ်ာက္မည္ျဖစ္ကာ သူမစိတ္အလိုရ ဘာပဲျဖစ္ျဖစ္ဝယ္မည္ျဖစ္သည္။ မိနစ္အနည္းငယ္ၾကာပတ္ၾကည့္ၿပီးေနာက္ သူမသည္ WeChat ကိုဖြင့္ၿပီး ရွန့္ခ်န္ခုန္းကိုမက္ေဆ့ခ်္တစ္ေစာင္ပို႔လိုက္၏။

႐ႊီလ်န္ : [ ရွင္ဘယ္အသီးအ႐ြက္ကိုႀကိဳက္လဲ ]

ရွန့္ခ်န္ခုန္း : [ မင္းႀကိဳက္တာဝယ္လို႔ရတယ္ ]

႐ႊီလ်န္သည္ ရွန့္ခ်န္ခုန္းက ဒီတစ္ေခါက္မွာ ျမန္ျမန္ႀကီးစာျပန္လာလိမ့္မယ္လို႔မထင္ထားခဲ့။

အဆုံးမွာေတာ့ ႐ႊီလ်န္သည္ သူမႀကိဳက္တဲ့အသီးအ႐ြက္အမ်ားႀကီးကိုဝယ္လာေတာ့၏။ သူမ အားလုံးအတြက္ေငြေပးေခ်ၿပီးေနာက္ အသီးအ႐ြက္စူပါမားကတ္မွ သာမန္စူပါမားကတ္သို႔သြား၍ အသားနည္းနည္းဝယ္ယူလိုက္သည္။ သူတို႔ဒီေန႕စားခဲ့တဲ့ပုစြန္လတ္လတ္ဆတ္ဆတ္ေတြကိုၾကည့္ရင္း သူမသည္ နည္းနည္းဝယ္ရန္ဆုံးျဖတ္လိုက္၏။

ရွန့္ခ်န္ခုန္းက ပုစြန္လည္းခ်က္နိုင္မွာပါ... ဟုတ္တယ္မလား?

ပစၥည္းအားလုံးဝယ္ၿပီးေနာက္ ႐ႊီလ်န္အိမ္ျပန္လာခဲ့သည္။ ဝယ္လာသမွ်ပစၥည္းအကုန္ စားပြဲေပၚတင္ၿပီး ဓာတ္ပုံရိုက္ကာ ရွန့္ခ်န္ခုန္းထံပို႔လိုက္သည္။

႐ႊီလ်န္ : [ ပါဝင္ပစၥည္းေတြကေတာ့အဆင္သင့္ျဖစ္ေနၿပီ လိုေနတဲ့တစ္ခုတည္းေသာအရာကေတာ့စားဖိုမႉးပဲ ]

ရွန့္ခ်န္ခုန္း : [ မင္းမွာဟင္းခတ္အေမႊးအႀကိဳင္ေတြရွိလား ]

႐ႊီလ်န္ : [.........]

႐ႊီလ်န္ သူမမီးဖိုေခ်ာင္ထဲသြားၿပီး ဟင္းခတ္အေမႊးအႀကိဳင္အံဆြဲကိုဖြင့္ၾကည့္၏။

႐ႊီလ်န္ : [ (ပုံ) ပဲငံျပာရည္နဲ႕ရွာလကာရည္ပဲရွိတယ္ ]

ရွန့္ခ်န္ခုန္း : [.........]

သူမ ဒီလိုမ်ိဳးနဲ႕ဘယ္လိုအသက္ရွင္ေနထိုင္ေနတာလဲ?

ရွန့္ခ်န္ခုန္းသည္ ဟင္းခတ္အေမႊးအႀကိဳင္အခ်ိဳ႕ကိုစာရိုက္ၿပီး ႐ႊီလ်န္ထံပို႔လိုက္သည္။ ႐ႊီလ်န္ စာရင္းကိုၾကည့္ၿပီး ေခါင္းကိုက္လာသလိုခံစားသြားရ၏။

႐ႊီလ်န္ : [ ဒီကမာၻႀကီးေပၚမွာဟင္းခတ္အေမႊးအႀကိဳင္ေတြအမ်ားႀကီးရွိေနတာလား? ]

ရွန့္ခ်န္ခုန္း : [ ဟုတ္တယ္ ]

႐ႊီလ်န္ : [ ေကာင္းပါၿပီ ကြၽန္မအခုသြားဝယ္လိုက္မယ္ ]

__________________

Continue Reading

You'll Also Like

1.3M 68.1K 59
๐’๐œ๐ž๐ง๐ญ ๐จ๐Ÿ ๐‹๐จ๐ฏ๐žใ€ข๐๐ฒ ๐ฅ๐จ๐ฏ๐ž ๐ญ๐ก๐ž ๐ฌ๐ž๐ซ๐ข๐ž๐ฌ ใ€ˆ๐›๐จ๐จ๐ค 1ใ€‰ ๐‘ถ๐’‘๐’‘๐’๐’”๐’Š๐’•๐’†๐’” ๐’‚๐’“๐’† ๐’‡๐’‚๐’•๐’†๐’… ๐’•๐’ ๐’‚๐’•๐’•๐’“๐’‚๐’„๐’• โœฐ|| ๐‘บ๐’•๐’†๐’๐’๐’‚ ๐‘ด๏ฟฝ...
4.6M 292K 106
What will happen when an innocent girl gets trapped in the clutches of a devil mafia? This is the story of Rishabh and Anokhi. Anokhi's life is as...
7.8K 685 15
แ€•แ€Šแ€ฌแ€žแ€„แ€บแ€†แ€ฏแ€›แ€›แ€พแ€ญโ€‹แ€›แ€ฑแ€ธแ€กแ€แ€ฝแ€€แ€บ แ€•แ€ผแ€ญแ€ฏแ€„แ€บแ€†แ€ญแ€ฏแ€„แ€บแ€€แ€ผแ€žแ€Šแ€บแ€™แ€พแ€ฌ โ€‹แ€แ€ฑแ€ฌแ€™แ€ฎแ€ธโ€‹แ€œแ€ฑแ€ฌแ€„แ€บแ€žแ€–แ€ฝแ€šแ€บ แ€กแ€€แ€ปแ€ญแ€แ€บแ€กแ€”แ€šแ€บแ‹ โ€‹แ€€แ€ปแ€ฑแ€ฌแ€„แ€บแ€ธแ€กแ€ฏแ€•แ€บแ€€แ€ผแ€ฎแ€ธแ€›แ€ฏแ€ถแ€ธแ€แ€”แ€บแ€ธโ€‹แ€›แ€พแ€ฑแ€ทแ€แ€ฝแ€„แ€บ 'แ€œแ€„แ€บแ€ธแ€šแ€ฝแ€ฎแ€€แ€ปแ€„แ€บแ€ธ' แ€”แ€พแ€„แ€บแ€ท 'แ€›แ€พแ€”แ€บแ€€แ€ปแ€ฝแ€™แ€บแ€ท'แ€แ€ญแ€ฏแ€ท แ€‘แ€ญแ€•แ€บ...