စကြာကတော့ တိမ်တိုက်မဂ်လာပွဲပြီးတာနဲ့ ရွာကိုပြန်သွားတော့တယ်။တံတိုင်းကလဲ စကြာပြန်သွားတယ်ဆိုတဲ့သတင်း ကြားတာနဲ့ စကြာဆီကို လိုက်လာခဲ့တယ်။သူ စကြာကိုချစ်မိနေပြီ။ဘယ်တုန်းကချစ်မိတာလဲမသိပေမယ့် သိတဲ့အချိန် စကြာကို သူ့အနားမှာပဲ ရှိစေချင်တယ်။စကြာကို မမြင်ရရင် မနေနိုင်ဘူး။စကြာအသံမကြားရရင်ကို သူ့မှာ သေမလိုဖြစ်နေပြီ။အဲ့ဒါကြောင့်ပဲ လွင်ပြင်ကျယ်ကို ပြောပြီး စကြာရှိရာ အရပ်ကို ထွက်လာခဲ့ခြင်းဖြစ်တယ်။
နေအုံး သူသွားတာတော့ဟုတ်ပါပြီရဲ့။စကြာက ဘာလာလုပ်တာလဲမေးရင် သူက ဘာပြောရမှာလဲ။အာ ရှုပ်လိုက်တာ။မသိတော့ဘူးဟာ နောက်ဇာတ်လမ်း နောက်မှရှင်းမယ်။အခုတော့ စကြာဆီရောက်ဖို့အရေး ဒို့အရေးဖြစ်နေပြီ။
တံတိုင်း စကြာတို့ရွာဆီသွားတဲ့ လမ်းတစ်လျှောက် လယ်ကွင်းတွေ မြက်ခင်းတွေနဲ့ စိမ်းလန်းနေတယ်။မြင်ရတာ ရင်သပ်ရှုမောဖွယ်ကောင်းလိုက်တာ။
သိပ်မကြာပါဘူး ၃နာရီလောက်ကားမောင်းပြီးတော့ စကြာတို့ရဲ့အေးချမ်းသာယာဆိုတဲ့ ရွာလေးကို ရောက်လာခဲ့တယ်။ရွာအတွင်းထဲအထိတော့ ကားဝင်လို့မရတာကြောင့် ရွာထိပ်မှာ ကားထားခဲ့ပြီး တံတိုင်း တစ်ယောက် လမ်းလျှောက်လာခဲ့တယ်။သူ စကြာတို့အိမ်ကိုမသိတာကြောင့် ဘေးနားဝန်းကျင်ကြည့်လိုက်တော့ ဦးလေးကြီးတစ်ယောက် လမ်းလျှောက်လာတာတွေ့တော့ သူမေးလိုက်တယ်။
"ဦးလေး စကြာတို့အိမ်ကိုသိလားဗျ"
"အော် လူလေးစကြာရဲ့ သူငယ်ချင်းလား"
"ဟုတ်တယ် ဦးလေး"
"လာ စကြာတို့ အိမ်ကို ဦးလေးလိုက်ပြမယ်"
"ဟုတ်ကဲ့ ကျေးဇူးပါဗျ"
တံတိုင်းလဲ အဲ့ဦးလေးကြီးနောက်ကို လိုက်လာခဲ့တယ်။လိုက်လာတဲ့တစ်လျှောက် ဌက်သံလေးတွေက နားထောင်လို့ကောင်းလိုက်တာ။တစ်ကယ်ပါပဲ အေးချမ်းသာယာဆိုတဲ့ နာမည်အတိုင်း အေးချမ်းနေတာပဲ။
"ဟို ရှေ့တည့်တည့်က အိမ်ပဲ"
"ဟုတ်ကဲ့ ကျွန်တော့နာမည်က တံတိုင်းပါဗျ"
"အေး ဦးလေးနာမည်ကတော့ ပြောင်ကြီးတဲ့"
"ဟုတ်ကဲ့ ဦးလေး မှတ်ထားပါ့မယ်"
"အေး ဒါဆို ဦးလေးလဲ သွားလိုက်အုံးမယ်"
"ဟုတ်ကဲ့ပါ"
တံတိုင်းလဲ ဦးပြောင်ကြီး သွားတော့မှ ရှေ့တည့်တည့်က အိမ်ကို လျှောက်လာခဲ့တယ်။အိမ်ရှေ့ရောက်တော့ သူ အန်တီကြီးတစ်ယောက်တွေ့တာကြောင့် အော်ခေါ်လိုက်တယ်။
"အန်တီရေ အန်တီ"
"ဘယ်သူလဲ ဟေ"
အန်တီကြီးက အနားရောက်တော့မှ
"ဘယ်သူနဲ့တွေ့ချင်လို့လဲကွဲ့"
"ဒီအိမ်က စကြာတို့အိမ်လားဗျ"
"ဟုတ်ပါတယ် ဒါနဲ့ ဒီက.."
"အာ စကြာ သူငယ်ချင်းပါ"
"အော် စကြာသူငယ်ချင်းကိုး လာလေ လာအိမ်ထဲဝင်ခဲ့ အန်တီ သူ့ကို သွားခေါ်ပေးမယိ"
"ဟိုလေ အန်တီ သူ့ကို မခေါ်ပါနဲ့ သူဘယ်မှာရှိလဲပြောပါ ကျွန်တော် သူ့ဆီပဲသွားမလို့"
"အော် အေး သူက အိမ်ပေါ်ထပ်က သူ့အခန်းထဲမှာ "
"ဟုတ် ကျွန်တော် သွားလို့ရတယ်မလား"
"ရတာပေါ့ သွားလေ"
"ဟုတ် ကျေးဇူးပါဗျ"
တံတိုင်း ဒီအကောင်ပေါက်လေးကြောင့် ကျေးဇူးတင်ရတာတွေများနေပြီ ဘယ်သူ့ကိုမှ ကျေးဇူးမတင်ဖူးတဲ့သူက ဒီအကောင်ပေါက်လေးနဲ့ကျမှ ရာဇဝင်ရိုင်းရချည်ရဲ့။
တံတိုင်း အိမ်ပေါ်ထပ်ရောက်ပြီး အခန်းတစ်ခုထဲတွေ့တာကြောင့် စကြာအခန်းဆိုတာ သိပြီး တံခါးခေါက်လိုက်တယ်။
ဒေါက် ဒေါက် ဒေါက်
"ဘယ်သူလဲ ကြီးမေလား"
"ချာတိတ် ငါ တံတိုင်းပါကွ"
"အမ် လာပြီ ခဏနော်"
စကြာက စဥ်းစားနေတယ်။အဲ့လူကြီးက ဘယ်ကနေဘယ်လို သူ့အိမ်ရောက်လာတာလဲ။
စကြာ တံခါးလဲဖွင့်လိုက်ရော သူ့ ကိုယ်လုံးကြီးမှ အားမနာ သူ့ကို လာဖက်တာကြောင့် လန့်သွားခဲ့တယ်။
"ဟိုလူကြီး ဖယ်ပါအုံး အသက်ရှုကြပ်နေပြီဗျ"
"အော် အင်းပါ"
တံတိုင်းကတော့ စကြာ သူ့ဖက်တာကို ငြင်းတာကြောင့် သိပ်ဘဝင်မကျချင်ပေ။သူ့အပိုင်မဖြစ်သေးလို့ခဏငြိမ်နေတာ။
"ဘာလာလုပ်တာလဲဗျ"
"ချာတိတ်ကိုလွမ်းလို့ ချာတိတ်ဆီလာတာပေါ့"
"အမ် ဘာလို့ ဦးလေးကြီးက စကြာကို လွမ်းတာလဲ ဘာမှလဲဆိုင်ဘူး"
"ဆိုင်တယ်ကွာ "
"အော်"
"ချာတိတ် ကိုယ့်ကို အထဲမဝင်ခိုင်းတော့ဘူးလား"
"အော် ဟုတ်သား လာလေ"
"ချာတိတ်အခန်းလေးက သပ်ရပ်နေတာပဲ"
"ဟိုလူကြီး ဘာသောက်မှာလဲ ဘာလုပ်ပေးရမလဲ"
"အာ ရတယ် မသောက်တော့ဘူး ပြောစရာပဲရှိတာ"
"ပြောလေ ဘာပြောမလို့လဲ"
"ကိုယ် ချာတိတ်ကို ချစ်တယ်။ချစ်နေတာ ကြာပြီ အဲ့ဒါ ချာတိတ် ဘယ်လိုသဘောရလဲ"
"ဟင် ဟိုလေ "
"ချာတိတ်က ကိုယ့်ကို မချစ်ဘူးလားဟင်"
စကြာ သူ့ဆီက အဖြေတောင်းတဲ့ လူကြီးရဲ့ပုံစံကို ကြည့်ပြီး ရယ်ချင်လာတယ်။မျက်လုံး ပေကလပ်နဲ့ ကြည့်ပြီး အဖြေတောင်းနေတာ။
"ပိစိလေးတော့ စဥ်းစားခွင့်ပေးပါအုံးဗျာ"
"ရတယ် စဥ်းစား မနက်ဖြန် အဖြေပြန်ပေး"
"အမ် ချက်ချင်းကြီး"
"အကြာကြီးပဲလေ တစ်ရက်ကြီးတောင်ပေးထားတာလေ"
"အော် အင်းပါ။ဒါနဲ့ ထမင်းရော စားပြီးပြီလား။ဘယ်နေ့ပြန်မှာလဲ"
"ထမင်းမစားရသေးဘူး ပြန်ဖို့ကတော့ ချာတိတ်ပြန်မှ ကိုယ့်ပြန်မှာ"
"ဟာ လူကြီးကလဲ စကြာက တသက်လုံးမပြန်ဘူးဆိုရင်ရော"
"ဒါဆိုလဲ တသက်လုံး ဒီမှာပဲနေမှာပေါ့"
"အော် ကောင်းလိုက်တာ"
"အရင်ဆုံး ထမင်းလာစား။ခဏနေ မိုးချုပ်တော့မယ်။"
တံတိုင်းလဲ စကြာတိူ့ဆီမှာ ထမင်းစားပြီးတာနဲ့ ခဏလဲကြာရော ည ၇နာရီတောင်ဖြစ်နေပြီ။အဲ့ဒါနဲ့ ချာတိတ်အခန်းမှာပဲ ပေကပ်နေပြီး အိပ်လိုက်တော့တယ်။မနက်ရောက်တော့
"ဟို လူကြီး ထတော့လေ မနက်မိုးလင်းနေပြီ"
"ချာတိတ် အဖြေပေး"
"အမ် မနက်ပဲရှိသေး.."
"မရဘူးကွာ ပေးလို့ မပေးရင် မထဘူးကွာ"
"ကဲ ချစ််တယ် ထတော့"
စကြာလဲ အဲ့လူကြီးကို ချစ်နေတာ ကြာပါပြီ။အဲ့ဒါကြောင့်ပဲ ချက်ချင်းအဖြေပြန်ပေးလိုက်တာဖြစ်တယ်။
"ဟင် တစ်ကယ်လားဟင် ချာတိတ်"
"ဟုတ်"
"အား ပျော်လိုက်တာကွာ ဒါဆို ချာတိတ်နဲ့ကိုယ်နဲ့ ချစ်သူတွေဖြစ်သွားပြီပေါ့နော်"
"ဟုတ်ပါတယ်ဗျာ"
ပြောပြီးတာနဲ့ ချက်ချင်း အိပ်ရာက ထလာကာ စကြာအနားရောက်တာနဲ့ ခါးကနေဆွဲပြီး နမ်းလိုက်တော့တယ်။စကြာကတော့ ကြောင်နေတော့တာပေါ့။
ပြွတ်စ်
"အင်း..လွှတ်..လွှတ်အုံး ပြွတ်စ် အွင်း.."
တံတိုင်းက လွှတ်ပေးလိုက်တော့မှ
"ညသ်ပတ်တဲ့လူကြီး မျက်နှာလဲမသစ်ရသေးဘဲနဲ့ သူများကို လာနမ်းတယ်။
"ဟော ကိုယ့်ချစ်သူလေးကို ဘယ်အချိန်ပဲဖြစ်ဖြစ် နမ်းခွင့်ရှိတယ်။အချစ်ကို ကိုယ်ပိုင်တာလေ"
"ဟွန့် လူလည်ကြီး"
"အချစ်ကို ချစ်လို့လည်တာပါဗျာ"
အဲ့လိုနဲ့တိုင်းနဲ့ စကြာတိူ့လဲ အိမ်က သူ့အဒေါ်တွေကို ချစ်သူတွေဖြစ်နေကြောင်းပြောပြီး ရွာကနေ ထွက်လာခဲ့တယ်။နောက် သိပ်မကြာခင်မှာ မဂ်လာပွဲလေးတစ်ခုတွေ့ရအုံးမှာပေါ့။
နောက်တစ်ပိုင်း ထပ်upပေးလိုက်ပြီနော်။စကြာတို့အတွဲကို ၂ပိုင်လောက် ရေးချင်ပေမယ့် ၁ပိုင်းထဲအပြီးရေးလိုက်ပါတယ်။လွင်ပြင်တို့အတွဲကတော့ မုန်တိုင်းရှိပါတယ်ရှင့်။ချောင်းမရိုက်ကြပါနဲ့နော်။မုန်တိုင်းက သေးသေးလေးပါ။အားလုံးပဲ happy New Yearsပါ။
နောက်အပိုင်းမျှော်
31.12.2022