အပိုင်း၂၇

153 3 0
                                    

လွင်ပြင် ဆေးရုံပြန်လာတော့ တိမ်တိုက်က မနိုးသေးဘူး။လွင်ပြင်လဲ

"ကလေး မထသေးဘူးလားကွာ ကိုယ်လွမ်းနေပြီ။ထပြီး ကိုကိုလို့ခေါ်ပါအုံး ကလေးရဲ့"

"လူနာရှင်"

"ဟုတ်ကဲ့ ပြောပါ"

"ဆရာဝန်က စကားပြောချင်တယ်ဆိုလို့ပါ"

"လာခဲ့ပါမယ်"

"ကလေး ကိုယ်ဆရာဝန်ကိုခဏသွားတွေ့လိုက်အုံးမယ်နော်။ ကိုယ်ပြန်လာရင် နိုးပါတော့နော်"

လွင်ပြင်လဲ သူနာပြုခေါ်လာတဲ့ အခန်းထဲဝင်လိုက်တော့

"လာပါ"

"ဘာများ ဖြစ်လို့လဲ"

"မဖြစ်ပါဘူး လူနာရှင်သိတဲ့အတိုင်းပဲ လူနာက ပုံမှန်မဟုတ်တဲ့ ကိုယ်ဝန်ကိုဆောင်ထားရတာလေ"

"သိပါတယ် ကလေး မွေးရင်ရော လူနာရဲ့ အသက်ကို ထိခိုက်နိုင်လား"

"အဲ့ဒါကတော့ လူနာရဲ့ ကံတရားအတိုင်းပဲပေါ့။ကျွန်တော်ကတော့ နိုင်ငံခြားက အကောင်းဆုံး ဆရာဝန်နဲ့ မွေးစေချင်ပါတယ်။ယောက်ျားလေး ကိုယ်ဝန်ဆောင်မို့လို့ တစ်ခုခုဖြစ်သွားရင် ကလေးရော လူနာပါ အသက်ထိခိုက်နိုင်တာမို့လို့ပါ"

"ဟုတ်ကဲ့ပါ ကျွန်တော် စီစဉ်လိုက်ပါ့မယ်"

"ရပါပြီ အဲ့ဒါလေး ပြောချင်လို့ပါ"

"ဒါနဲ့ လူနာက ဘာလို့သတိမရသေးတာလဲ"

"ကိုယ်ဝန်နဲ့ရော မေ့ဆေးတွေနဲ့ရောမို့လို့ပါ မကြာခင်သတိရလာမှာပါ"

"ဒါဆို သွားလိုက်ပါအုံးမယ်"

"ဟုတ်ကဲ့ပါ"

လွင်ပြင် အခန်းပြန်လာတော့ အခန်းထဲမှာ ကလေးရဲ့အမေရော သူ့မိဘတွေပါရောက်နေကြတယ်။ကလေးရဲ့ကောင်းမှုကြောင့် သူတို့မိသားစုက ပြန်အဆင်ပြေနေပါပြီ။

"အမေ"

"သား ဘာလို့မပြောတာလဲ အမေသားလေးအဲ့လိုဖြစ်တာ ဘာလို့မပြောတာလဲ"

"တောင်းပန်ပါတယ်အမေ ကလေးအဲ့လိုဖြစ်သွားတော့ ကျွန်တော်လဲ ဘာဆက်လုပ်ရမလဲမသိတော့တာကြောင့်ပါ"

အချစ်ရဆုံးသူ S1(Completed)Where stories live. Discover now