အမတ်ကြီးသား အခကြေးဂရုမှာ chapter -62ထိရောက်နေပါပြီဗျ၊အခကြေးဂရုဝင်ချင်တယ်ဆိုရင် message မှာလာမေးလို့ရပါတယ်
Zawgyi
"ထရစ်ချူ နဲလ် ထရစ်တာရာ"
"ချဲလ်ဂီယာနိုးလစ်..."
"ကြောက်စရာကောင်းတဲ့ကျိန်စာပဲ" ဒန်နာရီ အိပ်ယာပေါ်လှဲနေတဲ့လူငယ်ကိုကြည့်ရင်း စိတ်မကောင်းဖြစ်သွားတော့သည်၊ဒါပေမယ့် သူဘာမှ မတတ်နိုင်ပေ၊
"ကျွန်တော် ရတယ်"
"ခင်ဗျား နိုးလာပြီပဲ" ထရစ်ချူလှည့်ကြည့်လာချိန်မှာ အနည်းငယ်တော့ အံ့အားသင့်သွားတော့သည်၊ကြီးမားတဲ့မွေ့ယာထက်မှာ ကလေးလေးဟာ ဆယ်နှစ်အရွယ်လောက်သာရှိသေးပုံရပြီး ဘေးမှာတော့ ခြင်္သေ့ကြီးတစ်ကောင်ရှိနေပြီး ခြင်္သေ့ရဲ့အကြည့်တွေဟာ သူ့ကို မနှစ်မြို့ပုံရနေသည်။
"ငါ ဘယ်ရောက်နေတာလဲ"
"မင်းနာမည်သိပါရစေ"
"ဒန်နာရီ ရိုစဲဆလပ်"
-*-*-*-*-*-*-*
Chapter -56မျှော်
-------
Unicode
ဒန်နာရီ လဲကျသွားတဲ့လူကို ကြည့်လိုက်ပြီး အတော်အတန်စိုက်ကြည့်နေလိုက်သည်၊တစ်ဖက်က လုံးဝကို မလှုပ်တော့မှ ဒန်နာရီဟာ သက်ပြင်းချလိုက်ပြီး အနားကိုတိုးသွားကာ ဘယ်သူဘယ်ဝါလဲကြည့်လိုက်တော့သည်၊
အသက်ဆယ့်ခြောက်နှစ်အရွယ်လောက်ရှိမဲ့လူငယ်တစ်ယောက်ကိုမြင်တော့ ဒန်နာရီမျက်ခုံးအနည်းငယ်ပင့်သွားတော့သည်၊ထိုနောက်မှာတော့ အာလ်ကိုခေါ်လိုက်ပြီး ထိုလူငယ်ကို ဂုတ်ကနေ ချီခိုင်းကာ အိပ်ယာပေါ်တင်ခိုင်းလိုက်တော့သည်၊
ဒန်နာရီက လူစိမ်းတွေကို ကူညီရတာ ဝါသနာမပါပေမယ့် သူရဲ့အခန်းရှေ့တည့်တည့်ကျရောက်လာတဲ့သူကိုတော့ လစ်လျူရှုမထားနိုင်ပေ၊
ထိုနောက်မှာတော့ သူစိမ်းလူငယ်မှာ ထူးဆန်းတာကို ဒန်နာရီအမှတ်တမဲ့ရှာတွေ့ကာ အံ့အားသင့်သွားတော့သည်၊အလင်းစွမ်းအားပိုင်ဆိုင်သူများဟာ ကိုယ့်ကိုယ်ကိုပြန်ကုသနိုင်စွမ်းမရှိကြပေ၊ဥပမာ ဒန်နာရီဆိုရင် ရှု~ကနေ တစ်ဆင့် ကိုယ့်ကိုယ်ကိုကုသနိုင်ပြီး အလင်းစွမ်းအားပိုင်ဆိုင်ထားတဲ့သူမဟုတ်ပေ၊
ကိုယ်ပိုင်အလင်းစွမ်းအားရှိသူများက သူများကို နတ်ဆိုးစွမ်းအင်တွေကနေ အကာအကွယ်ပေးနိုင်သလို ဒဏ်ရာတွေကိုလည်း ကုသပေးနိုင်စွမ်းရှိသည်၊ဒါပေမယ့် အလင်းစွမ်းအင်ပိုင်ဆိုင်ထားသူများဟာ ကိုယ့်ကိုယ်ကိုပြန်လည်မကုသနိုင်ကြပေ၊
ဒီလူငယ်ကတော့ ထိုသို့မဟုတ်ပေ၊ နက်ရှိုင်းတဲ့ဒဏ်ရာဟာ အလင်းအနည်းငယ်ဖြာနေကာ ပြန်လည်ကုသနေပုံရသည်၊ဒန်နာရီအနီးကပ်ကို တိုးသွားပြီး သေချာကြည့်လိုက်တော့ လူငယ်ရဲ့အဝတ်အစားဝတ်ဆင်မှုဟာ သာမန်မဟုတ်ဘဲ အထက်တန်းလွှာထဲကဆိုတာ သိသာစေလှသည်၊
'မီးစွမ်းအားကို အသုံးပြုနိုင်သလို အလင်းစွမ်းအားလည်း သုံးနိုင်တယ်ဆိုတော့'
"ထရစ်ချူ နဲလ် ထရစ်တာရာ"
လူငယ်ရဲ့နာမည်ကို ဒန်နာရီ ခပ်တိုးတိုးခေါ်လိုက်ပြီးနောက်မှာ ထရစ်ချူရဲ့ခေါင်းဆောင်းကိုဖယ်လိုက်သည်၊လူငယ်ဆန်ဆန်မျက်နှာထက်မှာ ဒဏ်ရာကြောင့် နာကျင်နေပြီး ထူပိန်းလှတဲ့မျက်ခုံးတွေဟာ အဆုံးထိကို ကြုတ်ထားပြီး သွားစွယ်ဟာ အောက်နူတ်ခမ်းကို ဖိကိုက်ထားလွန်းလို့ သွေးပင်စို့နေပြီဖြစ်သည်၊အနီရောင်ဆံပင်များဟာလည်း သွေးအနည်းငယ်ပေကျံနေပြီး အဝတ်အစားရဲ့တချို့နေရာတွေကလည်း သွေးရောင်ဖုံးလွှမ်းနေတော့သည်၊
ဒန်နာရီလည်း လူငယ်ရဲ့အနီးမှာထိုင်လိုက်ပြီး လူငယ်ရဲ့နဖူးကို ထိလိုက်ပြီး တိုးညှင်းစွာပြောလိုက်သည်။
"စိတ်ကိုလျော့ထား... ဒီနေရာက လုံခြုံသွားပြီ ခင်ဗျားကို ကျွန်တော် ကုပေးပါရစေနော်"
တစ်ဖက်ဟာလည်း လက်ခံသွားသလို မျက်ခုံးများပြေကျသွားတဲ့အခါမှာတော့ ဒန်နာရီဘေးကနေ ရှု~ပေါ်ထွက်လာပြီး အလင်းစက်ကွင်းပေါ်ထွက်လာပြီး ထရစ်ချူအပေါ် လွှမ်းမိုးသွားတော့သည်။
တစ်ဖက်လူကလည်း သက်သောင့်သက်သာဖြစ်လာပြီး အသားရည်ပင်ပြန်လွှမ်းမိုးလာတော့သည်၊ထိုနောက်မှာတော့ ထူးဆန်းအရာဖြစ်ပေါ်လာတော့သည်၊
*ချဲလ်ဂီယာနိုးလစ်* ဇီနိုရဲ့အသံဟာလည်းထွက်ပေါ်လာပြီး အလင်းစွမ်းအင်တွေကို ပြန်လည်တွန်းထုတ်နေတဲ့အနက်ရောင်စွမ်းအင်တွေကို ကြည့်ရင်းပြောလာတော့သည်၊
"ချဲလ်ဂီယာနိုးလစ်..."
*ချဲလ်ဂီယာနတ်ဆိုးသားရဲရဲ့နှလုံးသားကိုယူပြီး ကျိန်စာတိုက်ရတဲ့ကျိန်စာမျိုးပဲ ချဲလ်ဂီယာနတ်ဆိုးတွေက နတ်ဆိုးလောကဘက်မှာပဲနေကျတာများတယ် ဒါကြောင့် အကောင်ကို တွေ့ဖို့နေနေသာသာ အရိပ်တော့ဖမ်းရခက်တယ်... ဒါပေမယ့် အဲ့နတ်ဆိုးသားရဲရဲ့သွေးကို ထိမိတာနဲ့တင် ပြင်းထန်စွာနာကျင်တတ်ကြတယ်*
*ဒီလူငယ်ကတော့ ချဲလ်ဂီယာနတ်ဆိုးရဲ့ နိုးလစ်(နှလုံးကျိန်စာ)ကို မိထားပုံရတယ်... နောက်သုံးနှစ်နှစ်နေရင် သေဆုံးရတော့မှာပဲ*
"ကြောက်စရာကောင်းတဲ့ကျိန်စာပဲ" ဒန်နာရီ အိပ်ယာပေါ်လဲှနေတဲ့လူငယ်ကိုကြည့်ရင်း စိတ်မကောင်းဖြစ်သွားတော့သည်၊ဒါပေမယ့် သူဘာမှ မတတ်နိုင်ပေ၊
ကျိန်စာရဲ့အကြောင်းကိုပင် ပထမဆုံးကြားဖူးခြင်းသာဖြစ်သည်၊
*ဒါပေမယ့် ရှု~ရဲ့အလင်းစွမ်းအားကို ဒီအမှောင်ဓာတ်တွေက သိပ်ပြီးမခုခံနိုင်တော့ဘူးဘဲ* ဇီနိုစကားကြောင့် ဒန်နာရီလည်း သတိထားမိသွားတော့သည်၊ထရစ်ချူရဲ့အလင်းစွမ်းအင်တွေက အခြားသူဆီမပေးပို့နိုင်တာကြောင့် သူကိုယ်သူပေးပို့လိုက်ပေမယ့် အမှောင်စွမ်းအားကြောင့် ကုသမှုအလွန်နှေးလှသည်၊ဒါပေမယ့် ရှု~ရဲ့အလင်းစွမ်းအားဟာ သန့်စင်ကာပြင်းထန်လှတာကြောင့် ပုန်ကန်နေတဲ့အမှောင်နတ်ဆိုးစွမ်းအားတွေကို ဝပ်သွားအောင် လုပ်ပေးနိုင်သည်။
"အား!" ထရစ်ချူရဲ့နာကျင်စွာအော်ဟစ်သံကြောင့် ဒန်နာရီပင် အနည်းငယ်လန့်သွားသည်၊နတ်ဆိုးစွမ်းအားတွေဟာ ထရစ်ချူကို တိုက်ခိုက်နေပုံရပြီး ထိုဒဏ်ကိုလည်း ထရစ်ချူဟာကာကွယ်နေပုံရသည်။
"ရှု~" ဒန်နာရီလည်း ရှုကို ကြည့်ကာ ဆက်လက်ကုသခိုင်းလိုက်သည်၊သူအနေနဲ့ ကျိန်စာကို မဖျောက်ဖျက်နိုင်ပေမယ့် ယာယီတော့ထိန်းထားပေးနိုင်သည်၊ဒါပေမယ့် ရှု~အသုံးပြုတဲ့ပမာဏဟာများပြားလှတာကြောင့် ဒန်နာရီပင် မျက်လုံးတွေ ပြာတက်သွားပြီး ထရစ်ချူဘေး လဲကျသွားပေမယ့် သူ့ကိုယ်သူပြန်ထိန်းလိုက်ပြီး ရှု~ကို ဆက်လက်ကုသခိုင်းလိုက်သည်။
"ကျွန်တော် ရတယ်"
*အလွန်အကြူးမဖြစ်စေနဲ့ သူက သူစိမ်းတစ်ယောက်ပဲလေ*
'ကျွန်တော့်မျက်စိရှေ့မှာ လူတစ်ယောက် နာကျင်နေတာကို မကြည့်ရက်နိုင်လို့ပါဗျ'
ဇီနိုရဲ့သက်ပြင်းချသံယဲ့ယဲ့သာ ထွက်လာပြီး ဘာအသံမှ ထွက်မလာတော့ပေ၊ဒန်နာရီလည်း ဇီနိုက သူ့အတွက်ပြောမှန်းနားလည်ပေမယ့် လူတစ်ယောက် ဒုက္ခရောက်နေတာကို ကြည့်မနေနိုင်ပေ၊ဒီအကျင့်စရိုက်ကလည်း ဒီဘဝထိပါလာပြီး အမှတ်မရှိသေးပြန်ပေ၊
ဒါပေမယ့် ကူညီပေးပြီးသွားရင် ထိုလူဆီက ဘာမှ ပြန်မလိုချင်တာကြောင့် အရင်ဘဝကလိုမျိုး ထပ်ဖြစ်စရာအကြောင်းမရှိပေ၊ထိုနောက်မှာတော့ ဒန်နာရီဟာ မောပန်းစွာအိပ်စက်သွားတော့သည်၊
ရှု~ပျောက်သွားချိန်မှာ အာလ်~ထွက်ပေါ်လာပြီး ထရစ်ချူကို မွေ့ယာပေါ်ကနေ ပစ်ချလိုက်ပြီး အာလ်~ဟာ မွေ့ယာပေါ်တက်လာပြီး ဒန်နာရီခန္ဓာကိုယ်လေးကို မွေ့ယာအပေါ်ထိ ချီလိုက်ပြီး သူကလည်း ဘေးနားမှာ လှဲကာနေနေတော့သည်၊
ဇီနိုကတော့ ခေါင်းတခါခါဖြင့် ဘာမှ မပြောနေတော့ပေ၊နောက်တစ်နေ့မိုးလင်းလာတဲ့ချိန်မှာ ဒန်နာရီဟာ အရင်နိုးလာပြီး ဘေးနားမှာ ထရစ်ချူမရှိတာတွေ့လိုက်တော့ မျက်မှောက်ကြုတ်သွားကာ ဘေးဘက်တွေကို ကြည့်လိုက်ချိန်မှာ ကြမ်းပြင်မှာ ကွေးကွေးကြီးအိပ်နေတာ တွေ့လိုက်ရတော့ ကြောင်အသွားတော့သည်၊
ဒန်နာရီတစ်ယောက် မျက်တောင်များကို သုံးလေးချက်ပုတ်လိုက်ပြီး နားမလည်တဲ့အမူအရာဖြစ်နေတော့သည်၊အာလ်~ဟာလည်း သူမလုပ်ထားသလို သူရဲ့ခေါင်းကိုသာ ဒန်နာရီရင်ခွင်ထဲ အတင်းတိုးဝင်ကာ ပွတ်သပ်နေတော့သည်၊
တစ်အောင့်ကြာမှာတော့ ညည်းညူသံထွက်ပေါ်လာကာ ကြမ်းပြင်ပေါ်ကလူငယ်ဟာ နိုးလာတော့သည်၊
"အ..." ထရစ်ချူဟာ ထိုးကိုက်နေတဲ့ခေါင်းကို ဖိကိုင်လိုက်ပြီး သူရောက်နေတဲ့နေရာကို ဝေ့ကြည့်မိသွားတော့သည်၊ထိုနောက်မှာတော့ ကလေးတစ်ယောက်အသံဟာ သူရဲ့အနောက်ကနေ ထွက်ပေါ်လာတော့သည်၊
"ခင်ဗျား နိုးလာပြီပဲ" ထရစ်ချူလှည့်ကြည့်လာချိန်မှာ အနည်းငယ်တော့ အံ့အားသင့်သွားတော့သည်၊ကြီးမားတဲ့မွေ့ယာထက်မှာ ကလေးလေးဟာ ဆယ်နှစ်အရွယ်လောက်သာရှိသေးပုံရပြီး ဘေးမှာတော့ ခြငေ်္သ့ကြီးတစ်ကောင်ရှိနေပြီး ခြငေ်္သ့ရဲ့အကြည့်တွေဟာ သူ့ကို မနှစ်မြို့ပုံရနေသည်။
"ငါ ဘယ်ရောက်နေတာလဲ"
"ကျွန်တော် အခန်းထဲရောက်နေတာ..."
ထရစ်ချူဟာ ရှေ့ကို တစ်လှမ်းတိုးချိန်မှာ သူ့ခန္ဓာကိုယ်ဟာ ပေါ့ပါးကာ နွေးထွေးနေသလို ခံစားနေရတော့သည်၊အရင်ကလို အမြဲအေးစက်နေတဲ့ကိုယ်ဟာ ယခုအခါမှာတော့ ခပ်နွေးနွေးခံစားချက်ကို ရရှိနေတော့သည်၊
"ဒါက..." ထရစ်ချူဟာ အံ့အားသင့်စွာမော့ကြည့်လာချိန်မှာ ကလေးလေးရဲ့ ပတ္တမြားလိုမျက်ဝန်းများနဲ့ဆုံသွားကာ သူရဲ့စိတ်ထဲမှာ ထူးဆန်းသွားတော့သည်၊
"ကျွန်တော် ဒုက္ခရောက်နေတဲ့သူကို မကြည့်နိုင်လို့ ကယ်ပေးထားတာ"
ထိုနောက်မှာ တံခါးခေါက်သံ ပေါ်ထွက်လာတာကြောင့် ထရစ်ချူဟာ သူပြောချင်တဲ့စကားတွေကို ပြန်လည်မြိုချလိုက်ပြီး
"မင်းနာမည်သိပါရစေ"
"ဒန်နာရီ ရိုစဲဆလပ်"
"တစ်နေ့ အခွင့်အရေးရှိရင် ပြန်ဆုံချင်စေသေးတယ်" ထရစ်ချူဟာ ပြောလိုက်ပြီးနောက်မှာ ခေါင်းဆောင်းကို ပြန်ဆောင်းကာ ပြတင်းပေါက်နေ ခုန်ထွက်ကာ ထွက်သွားတော့သည်။
-*-*-*-*-*-*-*
Chapter -56မျှော်