Zawgyi
ဒန္နာရီတို႔ စတင္ထြက္ခြာေတာ့မည့္ခ်ိန္မွာ ခုနကအဖြဲ႔ဟာေရာက္လာၿပီး သူတို႔နဲ႔တူတူသြားခ်င္ေၾကာင္း ကမ္းလွမ္းလာေတာ့သည္၊ဒါက ဒန္နာရီတို႔အတြက္လည္း အက်ိဳးမယုတ္ေစတာေၾကာင့္ လက္ခံလိုက္ၿပီးေနာက္မွာ လွည္းထဲကို ခုနက အလင္းေမွာ္ဆရာဟာ တက္လာေတာ့သည္၊ဘာလို႔လဲဆုိေတာ့ ထိုအဖြဲ႔ရဲ႕လွည္းဟာ ပ်က္စီးသြားၿပီး ျမင္းေတြသာ အေကာင္းတိုင္း႐ွိေနသည္၊ရစ္ႏိုလ္တို႔အဖြဲ႔ကေတာ့ ျမင္းစီးကာ ပါလာၿပီး လွည္းထဲမွာ ဒန္နာရီ၊ေရးလ္နဲ႔ထိုေမွာ္ဆရာသာ ႐ွိေနေတာ့သည္၊
"ငါက တ်က္စရစ္အင္ပါယာရဲ႕အငယ္ဆံုးမင္းသား အန္ခ်ဴ နဲလ္ စရစ္ထာရာ မင္းကေကာ" အန္ခ်ဴဟာ ဒန္နာရီကို မိတ္ဆက္လာေတာ့သည္၊
"ဒန္နာရီ ႐ိုစဲဆလပ္ပါ မင္းသား"
"႐ိုစဲဆလပ္...တ်က္စရစ္အင္ပါယာမွာ ထိုမ်ိဳးႏြယ္နာမည္မၾကားဖူးပါဘူး မင္းက အျခားအင္ပါယာကလား" အန္ခ်ဴအေမးေၾကာင့္ ဒန္နာရီဟာ ႐ိုေသစြာျပန္လည္ေျဖၾကားလိုက္သည္၊
"ဟုတ္ပါတယ္ဗ် ကြၽန္ေတာ္တို႔က တ်က္စရစ္ၿမိဳ႕ေတာ္ရဲ႕ေနရာကူးေျပာင္းေမွာ္ယႏၱရားကို အသံုးျပဳၿပီး အီ႐ူရယ္အင္ပါယာကိုသြားဖို႔ပါဗ်"
"ေအာ္... ေရးလ္ကေရာ မင္းရဲ႕အေစခံလား" ထိုစကားေၾကာင့္ ဒန္နာရီဟာ အနည္းငယ္မ်က္ေမွာင္ၾကဳတ္သြားေတာ့သည္၊
"ေရးလ္က ကြၽန္ေတာ္ရဲ႕သက္ေတာ္ေစာင့္ပဲ သူက အေစခံမဟုတ္ဘူး" ဒန္နာရီအသံဟာ အနည္းငယ္တင္းမာေနေပမယ့္ သူဟာေအးေဆးေျပာေနဆဲပင္၊
"ထားပါ ထားပါ... မင္းရဲ႕အေစခံကို ငါ့ကို ျပန္ေရာင္းပါလား" အန္ခ်ဴဟာ ယံုၾကည္ခ်က္အျပည့္နဲ႔ေျပာလာေတာ့သည္၊အန္ခ်ဴဟာ ျမင့္မားတဲ့အလင္းစြမ္းအားနဲ႔ေမြးဖြားလာၿပီး တ်က္စရစ္အင္ပါယာရဲ႕အလင္းေက်ာင္းေတာ္ပင္ အန္ခ်ဴကို ေထာက္ခံက်ၿပီး အင္ပါယာမင္းကအစ အန္ခ်ဴကို အျခားမင္းသားေတြထက္ ပိုအေလးထားဆက္ဆံၿပီး အန္ခ်ဴဟာ အင္ပါယာမင္းရဲ႕အခ်စ္ဆံုးသားသာျဖစ္သည္၊ဒါေၾကာင့္ အန္ခ်ဴျဖစ္ခ်င္တဲ့ဆႏၵေတြဟာ အျမဲျဖစ္ေျမာက္ၿပီး အန္ခ်ဴဟာ ဘဝင္ျမင့္ေသာမင္းသားတစ္ပါးသာျဖစ္သည္။
"ေရးလ္က ေရာင္းဖို႔မဟုတ္ဘူး" ဒန္နာရီဟာ အန္ခ်ဴကို စူး႐ွၾကည့္ရင္းေျပာလိုက္သည္၊ဒန္နာရီဟာ ဆယ္ႏွစ္အရြယ္သာ႐ွိေသးေပမယ့္ သူရဲ႕ဝိညာဥ္ကေတာ့ အရြယ္ေရာက္လူငယ္တစ္ေယာက္ျဖစ္ေနၿပီျဖစ္တာေၾကာင့္ ရင့္က်က္ကာ ေဒါသကိုလည္း ထိန္းသိမ္းႏိုင္သည္၊
"အေစခံတစ္ေယာက္ကို ဝယ္တာ မင္းက ဘာေတြ တြန္႔တိုေနတာလဲ"
"ေရးလ္က အေစခံမဟုတ္ဘူး သူက သက္ေတာ္ေစာင့္တစ္ေယာက္ပဲ တစ္ခ်ိန္မွာ ၿမိဳ႕စားမင္း သို႔မဟုတ္ အမတ္တစ္ဦးျဖစ္လာမဲ့သူပဲ" ဒန္နာရီဟာ အန္ခ်ဴကိုၾကည့္ရင္းေျပာလာေတာ့သည္၊ အန္ခ်ဴဟာ ေဒါသေၾကာင့္ တင္းမာသြားေတာ့သည္၊သူရဲ႕ဆႏၵကို ျငင္းပယ္ရဲတဲ့သူကို ေစာင့္ၾကည့္လိုက္သည္၊
"မင္းက ငါ့နယ္ေျမအတြင္းမွာေတာင္ ေမာက္မာရဲတယ္ေပါ့"
"ခင္ဗ်ားရဲ႕နယ္ေျမ...ကြၽန္ေတာ္သိတာကေတာ့ တ်က္စရစ္အင္ပါယာရဲ႕အိမ္ေ႐ွ႕စံမင္းသားက ထရစ္ခ်ဴ နဲလ္ ခရစ္ထာရာပါ" ဒန္နာရီစကားေၾကာင့္ အန္ခ်ဴဟာ အံႀကိတ္သြားေတာ့သည္၊ပထမမင္းသားဟာ သူ႔ထက္ ပိုအာဏာႀကီးမားၿပီး ဧကရီကေနေမြးဖြားလာတာေၾကာင့္ အလိုလိုေနရင္း အိမ္ေ႐ွ႕စံရာထူးကို ရ႐ွိခဲ့သည္၊သူကေတာ့ သာမန္ေမာင္းမေတာ္ကေန ေမြးဖြားလာေပမယ့္ အလင္းစြမ္းအားျမင့္မားတာေၾကာင့္ ခမည္းေတာ္ရဲ႕ခ်စ္ခင္မႈကို ရ႐ွိခဲ့ေပမယ့္ ခမည္းေတာ္ဟာ သူ႔ကို အိမ္ေ႐ွ႕စံအရာကို မေပးအပ္ခဲ့ေပ၊ဘာလို႔လဲဆုိေတာ့ ထရစ္ခ်ဴဟာ စြမ္းအင္ႏွစ္မ်ိဳးနဲ႔ေမြးဖြားလာတဲ့မင္းသားျဖစ္ေနခဲ့ၿပီး အလင္းစြမ္းအားက အန္ခ်ဴေလာက္မ႐ွိေပမယ့္ မီးစြမ္းအားကေတာ့ သာလြန္ၿပီး ၾကမ္းတမ္းလွကာ တ်က္စရစ္အင္ပါယာမွာအင္အားႀကီးေမွာ္ဆရာတစ္ဦးျဖစ္သည္၊
"ငါက ခမည္းေတာ္ရဲ႕အခ်စ္ဆံုးသားပဲ" အန္ခ်ဴစကားေၾကာင့္ ဒန္နာရီဟာ စိတ္ပ်က္စြာသက္ျပင္းခ်လိုက္သည္၊ထိုေနာက္မွာေတာ့ သူဟာ တံဆိပ္ျပားတစ္ျပားကိုထုတ္လိုက္ၿပီး အန္ခ်ဴကိုေပးလိုက္သည္၊
အန္ခ်ဴဟာ ယူလိုက္ၿပီးေနာက္မွာ အံ့အားသင့္သြားေတာ့သည္၊ဒန္နာရီရဲ႕အင္ပါယာဟာ တ်က္စရစ္အင္ပါယာထက္ အဆင့္တစ္ဆင့္ျမင့္ေသာ အင္ပါယာႀကီးျဖစ္ၿပီး ဒန္နာရီဟာ ထိုအင္ပါယာရဲ႕ၿမိဳ႕စားမင္းတစ္ဦးရဲ႕သားျဖစ္ပံုရသည္၊အန္ခ်ဴဟာ တိတ္ဆိတ္သြားေတာ့သည္၊ထိုေနာက္မွာ လက္သီးကိုက်စ္က်စ္ဆုပ္လိုက္ၿပီးေနာက္ သက္ျပင္းခ်ကာ ဒန္နာရီတို႔ကို ဘာမွ မေျပာေတာ့ေပ၊
တ်က္ခရစ္အင္ပါယာထက္ ဒန္နာရီတို႔ရဲ႕အင္ပါယာ တစ္ဆင့္အင္အားႀကီးေနၿပီး ထိုအင္ပါယာရဲ႕ၿမိဳ႕စားမင္း၏စစ္တပ္ဟာ တ်က္ခရစ္အင္ပါယာရဲ႕ေတာ္ဝင္စစ္တပ္နဲ႔ညီမ်ွသည္၊ဒါေၾကာင့္ အန္ခ်ဴဟာ ခပ္ပိန္းပိန္းမင္းသားတစ္ပါးမဟုတ္တာေၾကာင့္ ဒန္နာရီဟာ ရန္စဖို႔မသင့္ေတာ္တဲ့သူဆုိတာ နားလည္သေဘာေပါက္လိုက္သည္၊မဟုတ္ရင္ အင္ပါယာႏွစ္အင္ပါယာၾကား အဘုအထစ္ေတြျဖစ္လာၿပီး စစ္ပြဲစတင္လာႏိုင္သည္။ဒီလိုစတင္လာမႈဟာ သူေၾကာင့္ဆုိရင္ လက္႐ွိရ႐ွိထားတဲ့အာဏာေတြေပ်ာက္ကြယ္သြားကာ လူမုန္းမ်ားတဲ့မင္းသားတစ္ပါးျဖစ္လာၿပီး အပယ္ခံမင္းသားျဖစ္လာရလိမ့္မည္။
ဒန္နာရီကေတာ့ တိတ္ဆိတ္သြားတဲ့အန္ခ်ဴကို တစ္ခ်က္သာၾကည့္လိုက္ၿပီး ေရးလ္ကို ေတာင္းပန္စြာၾကည့္လိုက္သည္၊ေရးလ္ အေစာ္ကားေျပာဆုိခံရခ်ိန္မွာ ဒန္နာရီဘာမွမလုပ္ေပးႏိုင္ခဲ့ေပ၊ထိုမင္းသားဆီကေန ေရးလ္ကို ေတာင္းပန္ေစခ်င္ေပမယ့္ ၾကည့္ရသေလာက္ ျပသာနာေတြပါ ႀကီးလာႏိုင္သည္၊ေရးလ္ကလည္း ဘာမွမျဖစ္စြာျဖင့္ ၾကည့္လာတာေၾကာင့္ ဒီကိစၥကို ေက်ာ္ခြလာသည္ဟာ အေကာင္းဆံုးပင္၊ဒါေပမယ့္ ေနာက္တစ္ႀကိမ္ ေစာ္ကားေမာ္ကားေျပာဆုိလာမယ္ဆုိရင္ေတာ့ ဒန္နာရီဟာ မင္းသားအန္ခ်ဴကို လႊတ္ေပးမည္မဟုတ္ေပ၊
"သခင္ေလး ၿမိဳ႕ထဲဝင္လာၿပီဗ်" ရစ္ႏိုလ္စကားေၾကာင့္ ဒန္နာရီဟာ ေခါင္းတစ္ခ်က္ညိတ္လိုက္ၿပီး ၿမိဳ႕ဂိတ္ဝရဲ႕စစ္ေဆးမႈေတြကို အလြယ္တကူေက်ာ္ျဖတ္လာေတာ့သည္၊ဒါက မင္းသားအန္ခ်ဴရဲ႕သက္ေတာ္ေစာင့္ေတြေၾကာင့္ဆုိတာ သိသာလွသည္၊ၿမိဳ႕ေတာ္ထဲ ဝင္ေရာက္လာခ်ိန္မွာ ဒန္နာရီတို႔နဲ႔မင္းသားအန္ခ်ဴအဖြဲ႔ဟာ အဖြဲ႔ခြဲလိုက္ေတာ့သည္၊မင္းသားအန္ခ်ဴဟာ ေအးေဆးထြက္သြားသည္ကို ျမင္ေတာ့ ဒန္နာရီဟာ စိုက္ကာၾကည့္ေနၿပီးေနာက္ သူတို႔ဟာ တ်က္စရစ္အင္ပါယာရဲ႕ေမွာ္အစည္းအရံုးဆီကိုသြားေတာ့သည္၊
ေနရာအတည္အက်မသိတာေၾကာင့္ သူတို႔ဟာ ေနရာကိုေမးျမန္းၿပီးေနာက္မွာေတာ့ ေမွာ္အစည္းအရံုးကိုေရာက္႐ွိလာေတာ့သည္၊အင္ပါယာတိုင္းမွာ ေမွာ္အစည္းအရံုးတည္႐ွိေနၿပီး ေမွာ္အစည္းအရံုးဟာ အင္ပါယာရဲ႕အာဏာအႀကီးဆံုး အဖြဲ႔အစည္းတစ္ခုသာျဖစ္ၿပီး အင္ပါယာမင္းပင္ အမိန္႔ေပးခိုင္းေစခြင့္မ႐ွိေပ၊
ဒန္နာရီဟာ အစည္းအရံုးထဲဝင္ေရာက္လာခ်ိန္မွာ ပတ္ဝန္းက်င္ကိုၾကည့္ရင္း ေမွာ္အစည္းအရံုးဝတ္စံုဝတ္ဆင္ထားသည့္အမ်ိဳးသမီးငယ္ဟာ အနီးကိုေရာက္လာေတာ့သည္၊
"လူႀကီးမင္းတို႔ ဘာမ်ားလိုအပ္လို႔လဲမသိဘူး႐ွင့္"
"ဒီအင္ပါယာကေန အီ႐ူရယ္အင္ပါယာကို သြားဖို႔အတြက္ ေမွာ္ယႏၱရားဆီ လာတာပါဗ်" ရစ္ႏိုလ္ဟာ ႐ိုေသစြာေျပာလာေတာ့သည္၊ရစ္ႏိုလ္စကားေၾကာင့္ အမ်ိဳးသမီးငယ္ဟာ စာရြက္စာရင္းကိုၾကည့္လိုက္ၿပီးေနာက္မွာေတာ့
"ဒီေန႔အတြက္ အီ႐ူရယ္အင္ပါယာကိုသြားဖို႔ ခရီးစဥ္မ႐ွိေတာ့ပါဘူး႐ွင့္" လို႔ေျပာလာခ်ိန္မွာ ဒန္နာရီဟာ ထိုအမ်ိဳးသမီးငယ္ကို ေမာ့ၾကည့္လာေတာ့သည္၊႐ွင္း႐ွင္းေျပာရရင္ ဒန္နာရီဟာ အခ်က္အလက္ေတြရ႐ွိၿပီးမွ ထြက္လာျခင္းျဖစ္ၿပီး ခရီးစဥ္ေတြရဲ႕အခ်ိန္အတိအက်ကို သိ႐ွိသည္၊ဒါေပမယ့္ မလိုအပ္ေသာ ျပသာနာမျဖစ္ေအာင္ ဘာမွမေျပာေတာ့ဘဲ ထြက္လာက်ေတာ့သည္၊
"တ်က္ခရစ္အင္ပါယာမွာ တစ္ညတည္းက်တာေပါ့"
"ဟုတ္ကဲ့သခင္ေလး" ၿမိဳ႕ေတာ္မွာ တည္းခိုခန္းဟာ ေပါမ်ားတာေၾကာင့္ သူတို႔ဟာ အဆင္ေျပဆံုးတည္းခိုခန္းကို ေရြးခ်ယ္လိုက္ေတာ့သည္၊ဒန္နာရီဟာ အေပၚဆံုးအခန္းမွာ တစ္ေယာက္တည္း တည္းေနၿပီး သူဟာ ဝရံတာကိုၾကည့္ေနရင္း တစ္ခုခုထူးျခားေနသည္ကို သတိထားမိသြားသည္၊
"ဘယ္သူလဲ" လူတစ္ေယာက္ဟာ ဒန္နာရီတည္းေနတဲ့အခန္းဝရံတာနားမွာ နံရံကို မွီကာေနေနသည္ကို သတိထားမိသြားသည္၊ တစ္ကိုယ္လံုး အနက္ေရာင္ဝတ္ရံု ျခံဳထားတာေၾကာင့္ ဘယ္သူလဲေကာင္းစြာမျမင္ရေပမယ့္ တစ္ဖက္လူရဲ႕အသံ႐ွဴျပင္းျပင္းေတြကို ၾကားေနရေတာ့သည္။
"ခင္ဗ်ား ဘယ္သူလဲ!" တစ္ဖက္လူနား ကပ္ခ်ိန္မွာ တစ္ဖက္လူဆီကေန မီးေတာက္ထြက္ေပၚလာေတာ့သည္၊ဒါေပမယ့္ ဒန္နာရီဟာ ေၾကာက္လန္႔မႈမ႐ွိ ရပ္ၾကည့္ေနေတာ့သည္၊ထိုေနာက္မွာ တစ္ဖက္လူရဲ႕မီးေတာက္ဟာ ၿငိမ္းက်သြားၿပီး ထိုလူဟာလည္း ၾကမ္းျပင္ေပၚ လဲက်သြားေတာ့သည္၊
-*-*-*-*-*-*-*
Chapter -55ေမ်ွာ္
-----
Unicode
ဒန်နာရီတို့ စတင်ထွက်ခွာတော့မည့်ချိန်မှာ ခုနကအဖွဲ့ဟာရောက်လာပြီး သူတို့နဲ့တူတူသွားချင်ကြောင်း ကမ်းလှမ်းလာတော့သည်၊ဒါက ဒန်နာရီတို့အတွက်လည်း အကျိုးမယုတ်စေတာကြောင့် လက်ခံလိုက်ပြီးနောက်မှာ လှည်းထဲကို ခုနက အလင်းမှော်ဆရာဟာ တက်လာတော့သည်၊ဘာလို့လဲဆိုတော့ ထိုအဖွဲ့ရဲ့လှည်းဟာ ပျက်စီးသွားပြီး မြင်းတွေသာ အကောင်းတိုင်းရှိနေသည်၊ရစ်နိုလ်တို့အဖွဲ့ကတော့ မြင်းစီးကာ ပါလာပြီး လှည်းထဲမှာ ဒန်နာရီ၊ရေးလ်နဲ့ထိုမှော်ဆရာသာ ရှိနေတော့သည်၊
"ငါက တျက်စရစ်အင်ပါယာရဲ့အငယ်ဆုံးမင်းသား အန်ချူ နဲလ် စရစ်ထာရာ မင်းကကော" အန်ချူဟာ ဒန်နာရီကို မိတ်ဆက်လာတော့သည်၊
"ဒန်နာရီ ရိုစဲဆလပ်ပါ မင်းသား"
"ရိုစဲဆလပ်...တျက်စရစ်အင်ပါယာမှာ ထိုမျိုးနွယ်နာမည်မကြားဖူးပါဘူး မင်းက အခြားအင်ပါယာကလား" အန်ချူအမေးကြောင့် ဒန်နာရီဟာ ရိုသေစွာပြန်လည်ဖြေကြားလိုက်သည်၊
"ဟုတ်ပါတယ်ဗျ ကျွန်တော်တို့က တျက်စရစ်မြို့တော်ရဲ့နေရာကူးပြောင်းမှော်ယန္တရားကို အသုံးပြုပြီး အီရူရယ်အင်ပါယာကိုသွားဖို့ပါဗျ"
"အော်... ရေးလ်ကရော မင်းရဲ့အစေခံလား" ထိုစကားကြောင့် ဒန်နာရီဟာ အနည်းငယ်မျက်မှောင်ကြုတ်သွားတော့သည်၊
"ရေးလ်က ကျွန်တော်ရဲ့သက်တော်စောင့်ပဲ သူက အစေခံမဟုတ်ဘူး" ဒန်နာရီအသံဟာ အနည်းငယ်တင်းမာနေပေမယ့် သူဟာအေးဆေးပြောနေဆဲပင်၊
"ထားပါ ထားပါ... မင်းရဲ့အစေခံကို ငါ့ကို ပြန်ရောင်းပါလား" အန်ချူဟာ ယုံကြည်ချက်အပြည့်နဲ့ပြောလာတော့သည်၊အန်ချူဟာ မြင့်မားတဲ့အလင်းစွမ်းအားနဲ့မွေးဖွားလာပြီး တျက်စရစ်အင်ပါယာရဲ့အလင်းကျောင်းတော်ပင် အန်ချူကို ထောက်ခံကျပြီး အင်ပါယာမင်းကအစ အန်ချူကို အခြားမင်းသားတွေထက် ပိုအလေးထားဆက်ဆံပြီး အန်ချူဟာ အင်ပါယာမင်းရဲ့အချစ်ဆုံးသားသာဖြစ်သည်၊ဒါကြောင့် အန်ချူဖြစ်ချင်တဲ့ဆန္ဒတွေဟာ အမြဲဖြစ်မြောက်ပြီး အန်ချူဟာ ဘဝင်မြင့်သောမင်းသားတစ်ပါးသာဖြစ်သည်။
"ရေးလ်က ရောင်းဖို့မဟုတ်ဘူး" ဒန်နာရီဟာ အန်ချူကို စူးရှကြည့်ရင်းပြောလိုက်သည်၊ဒန်နာရီဟာ ဆယ်နှစ်အရွယ်သာရှိသေးပေမယ့် သူရဲ့ဝိညာဉ်ကတော့ အရွယ်ရောက်လူငယ်တစ်ယောက်ဖြစ်နေပြီဖြစ်တာကြောင့် ရင့်ကျက်ကာ ဒေါသကိုလည်း ထိန်းသိမ်းနိုင်သည်၊
"အစေခံတစ်ယောက်ကို ဝယ်တာ မင်းက ဘာတွေ တွန့်တိုနေတာလဲ"
"ရေးလ်က အစေခံမဟုတ်ဘူး သူက သက်တော်စောင့်တစ်ယောက်ပဲ တစ်ချိန်မှာ မြို့စားမင်း သို့မဟုတ် အမတ်တစ်ဦးဖြစ်လာမဲ့သူပဲ" ဒန်နာရီဟာ အန်ချူကိုကြည့်ရင်းပြောလာတော့သည်၊ အန်ချူဟာ ဒေါသကြောင့် တင်းမာသွားတော့သည်၊သူရဲ့ဆန္ဒကို ငြင်းပယ်ရဲတဲ့သူကို စောင့်ကြည့်လိုက်သည်၊
"မင်းက ငါ့နယ်မြေအတွင်းမှာတောင် မောက်မာရဲတယ်ပေါ့"
"ခင်ဗျားရဲ့နယ်မြေ...ကျွန်တော်သိတာကတော့ တျက်စရစ်အင်ပါယာရဲ့အိမ်ရှေ့စံမင်းသားက ထရစ်ချူ နဲလ် ခရစ်ထာရာပါ" ဒန်နာရီစကားကြောင့် အန်ချူဟာ အံကြိတ်သွားတော့သည်၊ပထမမင်းသားဟာ သူ့ထက် ပိုအာဏာကြီးမားပြီး ဧကရီကနေမွေးဖွားလာတာကြောင့် အလိုလိုနေရင်း အိမ်ရှေ့စံရာထူးကို ရရှိခဲ့သည်၊သူကတော့ သာမန်မောင်းမတော်ကနေ မွေးဖွားလာပေမယ့် အလင်းစွမ်းအားမြင့်မားတာကြောင့် ခမည်းတော်ရဲ့ချစ်ခင်မှုကို ရရှိခဲ့ပေမယ့် ခမည်းတော်ဟာ သူ့ကို အိမ်ရှေ့စံအရာကို မပေးအပ်ခဲ့ပေ၊ဘာလို့လဲဆိုတော့ ထရစ်ချူဟာ စွမ်းအင်နှစ်မျိုးနဲ့မွေးဖွားလာတဲ့မင်းသားဖြစ်နေခဲ့ပြီး အလင်းစွမ်းအားက အန်ချူလောက်မရှိပေမယ့် မီးစွမ်းအားကတော့ သာလွန်ပြီး ကြမ်းတမ်းလှကာ တျက်စရစ်အင်ပါယာမှာအင်အားကြီးမှော်ဆရာတစ်ဦးဖြစ်သည်၊
"ငါက ခမည်းတော်ရဲ့အချစ်ဆုံးသားပဲ" အန်ချူစကားကြောင့် ဒန်နာရီဟာ စိတ်ပျက်စွာသက်ပြင်းချလိုက်သည်၊ထိုနောက်မှာတော့ သူဟာ တံဆိပ်ပြားတစ်ပြားကိုထုတ်လိုက်ပြီး အန်ချူကိုပေးလိုက်သည်၊
အန်ချူဟာ ယူလိုက်ပြီးနောက်မှာ အံ့အားသင့်သွားတော့သည်၊ဒန်နာရီရဲ့အင်ပါယာဟာ တျက်စရစ်အင်ပါယာထက် အဆင့်တစ်ဆင့်မြင့်သော အင်ပါယာကြီးဖြစ်ပြီး ဒန်နာရီဟာ ထိုအင်ပါယာရဲ့မြို့စားမင်းတစ်ဦးရဲ့သားဖြစ်ပုံရသည်၊အန်ချူဟာ တိတ်ဆိတ်သွားတော့သည်၊ထိုနောက်မှာ လက်သီးကိုကျစ်ကျစ်ဆုပ်လိုက်ပြီးနောက် သက်ပြင်းချကာ ဒန်နာရီတို့ကို ဘာမှ မပြောတော့ပေ၊
တျက်ခရစ်အင်ပါယာထက် ဒန်နာရီတို့ရဲ့အင်ပါယာ တစ်ဆင့်အင်အားကြီးနေပြီး ထိုအင်ပါယာရဲ့မြို့စားမင်း၏စစ်တပ်ဟာ တျက်ခရစ်အင်ပါယာရဲ့တော်ဝင်စစ်တပ်နဲ့ညီမျှသည်၊ဒါကြောင့် အန်ချူဟာ ခပ်ပိန်းပိန်းမင်းသားတစ်ပါးမဟုတ်တာကြောင့် ဒန်နာရီဟာ ရန်စဖို့မသင့်တော်တဲ့သူဆိုတာ နားလည်သဘောပေါက်လိုက်သည်၊မဟုတ်ရင် အင်ပါယာနှစ်အင်ပါယာကြား အဘုအထစ်တွေဖြစ်လာပြီး စစ်ပွဲစတင်လာနိုင်သည်။ဒီလိုစတင်လာမှုဟာ သူကြောင့်ဆိုရင် လက်ရှိရရှိထားတဲ့အာဏာတွေပျောက်ကွယ်သွားကာ လူမုန်းများတဲ့မင်းသားတစ်ပါးဖြစ်လာပြီး အပယ်ခံမင်းသားဖြစ်လာရလိမ့်မည်။
ဒန်နာရီကတော့ တိတ်ဆိတ်သွားတဲ့အန်ချူကို တစ်ချက်သာကြည့်လိုက်ပြီး ရေးလ်ကို တောင်းပန်စွာကြည့်လိုက်သည်၊ရေးလ် အစော်ကားပြောဆိုခံရချိန်မှာ ဒန်နာရီဘာမှမလုပ်ပေးနိုင်ခဲ့ပေ၊ထိုမင်းသားဆီကနေ ရေးလ်ကို တောင်းပန်စေချင်ပေမယ့် ကြည့်ရသလောက် ပြသာနာတွေပါ ကြီးလာနိုင်သည်၊ရေးလ်ကလည်း ဘာမှမဖြစ်စွာဖြင့် ကြည့်လာတာကြောင့် ဒီကိစ္စကို ကျော်ခွလာသည်ဟာ အကောင်းဆုံးပင်၊ဒါပေမယ့် နောက်တစ်ကြိမ် စော်ကားမော်ကားပြောဆိုလာမယ်ဆိုရင်တော့ ဒန်နာရီဟာ မင်းသားအန်ချူကို လွှတ်ပေးမည်မဟုတ်ပေ၊
"သခင်လေး မြို့ထဲဝင်လာပြီဗျ" ရစ်နိုလ်စကားကြောင့် ဒန်နာရီဟာ ခေါင်းတစ်ချက်ညိတ်လိုက်ပြီး မြို့ဂိတ်ဝရဲ့စစ်ဆေးမှုတွေကို အလွယ်တကူကျော်ဖြတ်လာတော့သည်၊ဒါက မင်းသားအန်ချူရဲ့သက်တော်စောင့်တွေကြောင့်ဆိုတာ သိသာလှသည်၊မြို့တော်ထဲ ဝင်ရောက်လာချိန်မှာ ဒန်နာရီတို့နဲ့မင်းသားအန်ချူအဖွဲ့ဟာ အဖွဲ့ခွဲလိုက်တော့သည်၊မင်းသားအန်ချူဟာ အေးဆေးထွက်သွားသည်ကို မြင်တော့ ဒန်နာရီဟာ စိုက်ကာကြည့်နေပြီးနောက် သူတို့ဟာ တျက်စရစ်အင်ပါယာရဲ့မှော်အစည်းအရုံးဆီကိုသွားတော့သည်၊
နေရာအတည်အကျမသိတာကြောင့် သူတို့ဟာ နေရာကိုမေးမြန်းပြီးနောက်မှာတော့ မှော်အစည်းအရုံးကိုရောက်ရှိလာတော့သည်၊အင်ပါယာတိုင်းမှာ မှော်အစည်းအရုံးတည်ရှိနေပြီး မှော်အစည်းအရုံးဟာ အင်ပါယာရဲ့အာဏာအကြီးဆုံး အဖွဲ့အစည်းတစ်ခုသာဖြစ်ပြီး အင်ပါယာမင်းပင် အမိန့်ပေးခိုင်းစေခွင့်မရှိပေ၊
ဒန်နာရီဟာ အစည်းအရုံးထဲဝင်ရောက်လာချိန်မှာ ပတ်ဝန်းကျင်ကိုကြည့်ရင်း မှော်အစည်းအရုံးဝတ်စုံဝတ်ဆင်ထားသည့်အမျိုးသမီးငယ်ဟာ အနီးကိုရောက်လာတော့သည်၊
"လူကြီးမင်းတို့ ဘာများလိုအပ်လို့လဲမသိဘူးရှင့်"
"ဒီအင်ပါယာကနေ အီရူရယ်အင်ပါယာကို သွားဖို့အတွက် မှော်ယန္တရားဆီ လာတာပါဗျ" ရစ်နိုလ်ဟာ ရိုသေစွာပြောလာတော့သည်၊ရစ်နိုလ်စကားကြောင့် အမျိုးသမီးငယ်ဟာ စာရွက်စာရင်းကိုကြည့်လိုက်ပြီးနောက်မှာတော့
"ဒီနေ့အတွက် အီရူရယ်အင်ပါယာကိုသွားဖို့ ခရီးစဉ်မရှိတော့ပါဘူးရှင့်" လို့ပြောလာချိန်မှာ ဒန်နာရီဟာ ထိုအမျိုးသမီးငယ်ကို မော့ကြည့်လာတော့သည်၊ရှင်းရှင်းပြောရရင် ဒန်နာရီဟာ အချက်အလက်တွေရရှိပြီးမှ ထွက်လာခြင်းဖြစ်ပြီး ခရီးစဉ်တွေရဲ့အချိန်အတိအကျကို သိရှိသည်၊ဒါပေမယ့် မလိုအပ်သော ပြသာနာမဖြစ်အောင် ဘာမှမပြောတော့ဘဲ ထွက်လာကျတော့သည်၊
"တျက်ခရစ်အင်ပါယာမှာ တစ်ညတည်းကျတာပေါ့"
"ဟုတ်ကဲ့သခင်လေး" မြို့တော်မှာ တည်းခိုခန်းဟာ ပေါများတာကြောင့် သူတို့ဟာ အဆင်ပြေဆုံးတည်းခိုခန်းကို ရွေးချယ်လိုက်တော့သည်၊ဒန်နာရီဟာ အပေါ်ဆုံးအခန်းမှာ တစ်ယောက်တည်း တည်းနေပြီး သူဟာ ဝရံတာကိုကြည့်နေရင်း တစ်ခုခုထူးခြားနေသည်ကို သတိထားမိသွားသည်၊
"ဘယ်သူလဲ" လူတစ်ယောက်ဟာ ဒန်နာရီတည်းနေတဲ့အခန်းဝရံတာနားမှာ နံရံကို မှီကာနေနေသည်ကို သတိထားမိသွားသည်၊ တစ်ကိုယ်လုံး အနက်ရောင်ဝတ်ရုံ ခြုံထားတာကြောင့် ဘယ်သူလဲကောင်းစွာမမြင်ရပေမယ့် တစ်ဖက်လူရဲ့အသံရှူပြင်းပြင်းတွေကို ကြားနေရတော့သည်။
"ခင်ဗျား ဘယ်သူလဲ!" တစ်ဖက်လူနား ကပ်ချိန်မှာ တစ်ဖက်လူဆီကနေ မီးတောက်ထွက်ပေါ်လာတော့သည်၊ဒါပေမယ့် ဒန်နာရီဟာ ကြောက်လန့်မှုမရှိ ရပ်ကြည့်နေတော့သည်၊ထိုနောက်မှာ တစ်ဖက်လူရဲ့မီးတောက်ဟာ ငြိမ်းကျသွားပြီး ထိုလူဟာလည်း ကြမ်းပြင်ပေါ် လဲကျသွားတော့သည်၊
-*-*-*-*-*-*-*
Chapter -55မျှော်