နေရာလွတ်နှင့်အတူသားရဲကမ္ဘာဆီသ...

By KimHsuYoon99

696K 108K 1.4K

This novel isn't mine and I just translate;it's fun translation. ဒါလေးကို ဘာသာပြန်တဲ့လူရှိလားရှာခဲ့ပေမယ့် မရှ... More

Description
Chapter 1.1
Chapter 1.2
Chapter 2.1
Chapter 2.2
Chapter 3.1
Chapter 3.2
Chapter 4.1
Chapter 4.2
Chapter 5.1
Chapter 5.2
Chapter 6.1
Chapter 6.2
Chapter 7.1
Chapter 7.2
Chapter 8.1
Chapter 8.2
Chapter 9.1
Chapter 9.2
Chapter 10.1
Chapter 10.2
Chapter 11.1
Chapter 11.2
Chapter 12.1
Chapter 12.2
Chapter 13.1
Chapter 13.2
Chapter 14.1
Chapter 14.2
Chapter 15.1
Chapter 15.2
Chapter 16.1
Chapter 16.2
Chapter 17.1
Chapter 17.2
Chapter 18.1
Chapter 18.2
Chapter 19.1
Chapter 19.2
Chapter 20.1
Chapter 20.2
Chapter 21.1
Chapter 21.2
Chapter 22.1
Chapter 22.2
Chapter 23.1
Chapter 23.2
Chapter 24.1
Chapter 24.2
Chapter 25.1
Chapter 25.2
Chapter 26.1
Chapter 26.2
Chapter 27.1
Chapter 27.2
Chapter 28.1
Chapter 28.2
Chapter 29.1
Chapter 29.2
Chapter 29.3
Chapter 30.1
Chapter 30.2
Chapter 31.1
Chapter 31.2
Chapter 32.1
Chapter 32.2
Chapter 33.1
Chapter 33.2
Chapter 34.1
Chapter 34.2
Chapter 35.1
Chapter 35.2
Chapter 36.1
Chapter 36.2
Chapter 37.1
Chapter 38.1
Chapter 37.2
Chapter 38.2
Chapter 39.1
Chapter 39.2
Chapter 40.1
Chapter 40.2
Chapter 41.1
Chapter 42.1
Chapter 42.2
Chapter 43.1
Chapter 43.2
Chapter 44.1
Chapter 44.2
Chapter 45.1
Chapter 45.2
Chapter 46.1
Chapter 46.2
Chapter 47.1
Chapter 47.2
Chapter 48.1
<ဖတ်စေချင်ပါတယ်>
Chapter 48.2
Chapter 49.1
Chapter 49.2
Chapter 50.1
Chapter 50.2
Chapter 51.1
Chapter 51.2
Chapter 52.1
Chapter 52.2
Chapter 53.1
Chapter 53.2
Chapter 54.1
Chapter 54.2
Chapter 55
Chapter 56.1
Chapter 56.2
Chapter 57.1
Chapter 57.2
Chapter 58.1
Chapter 58.2
Chapter 59.1
Chapter 59.2
Chapter 60.1
Chapter 60.2
Chapter 61.1
Chapter 61.2
Chapter 62.1
Chapter 62.2
Chapter 63.1
Chapter 63.2
Chapter 64.1
Chapter 64.2
Chapter 65.1
Chapter 65.2
Chapter 66.1
Chapter 66.2
Chapter 67
Chapter 68
Chapter 69
Chapter 70
Chapter 71
Chapter 72
Chapter 73
Chapter 74
Chapter 75
Chapter 76
Chapter 77
Chapter 78
Chapter 79
Chapter 80
Chapter 81
Chapter 82
Chapter 83
Chapter 84
Chapter 85
Chapter 86
Chapter 87
Chapter 88
Chapter 89
Chapter 90
Extra 1
Extra 2
Extra 3

Chapter 41.2

3.3K 520 7
By KimHsuYoon99

Unicode

ခဲယ်လ်တစ်က ၀က်သားဆန်ပြုတ်သောက်ရတာကို မကြိုက်ပေမယ့်လည်း ပိုင်မုက ဒီအရာက သူတို့အတွက် အဓိက အစားအစာဖြစ်ပြီး ဗိုက်ပြည့်ရုံသာမက သုံးနှစ်လောက်ထိ သိမ်းဆည်းထားနိုင်ကြောင်း ပြောခဲ့တယ်။ အဲ့ဒီအချိန်ကစပြီး ခဲယ်လ်တစ်က ပိုများများလိုချင်လာခဲ့တာ။ ထို့နောက် သိမ်းဆည်းဖို့အတွက် ဂူတစ်ဂူဆီ ပြောင်းရွှေ့ဖို့ အခွင့်အလမ်းတွေကို ရှာဖွေပါမယ်။ နောင်ကျလို့   စားနပ်ရိက္ခာမလုံလောက်ရင် ဆန်ကို ဆန်ပြုတ်အဖြစ် ပြုတ်စားနိုင်တယ်။

ဒါပေမယ့် စပါးနဲ့ဂျုံပေါ်က အခွံကို ဖယ်ရတာက ဒုက္ခများတယ်။ဒါကြောင့် ပိုင်မုက အဲဒီမှော်ဆန်တဲ့စာအုပ်တွေထဲက နည်းလမ်းတစ်ခုကို ရှာဖွေခဲ့ပြီး အခွံခွှာလို့ရတဲ့ကျောက်သားကြိတ်စက်အကြောင်းကို တမင်တကာ သူ့(ခဲယ်လ်တစ်)ကိုပြောခဲ့ပါတယ်။

"အဆင်ပြေတယ်၊ မင်းအရင်တုန်းက ကျောက်သားကြိတ်စက်ကို ကိုယ့်ကို ဘာလို့မပြခဲ့တာလဲ ဆန်နဲ့ ဂျုံတွေကို ပြန်ယူလာဖို့ ကိုယ်တို့ အချိန်ရှာလိုက်မယ်၊ ပြီးတော့ကျောက်သားကြိတ်စက်တစ်ခုလုပ်ပြီး  အခွံခွှာကြမယ် "ခဲယ်လ်တစ်က ဒီအကြောင်းကို တွေးနေခဲ့တာကြာပြီ။ မိုးက တခါတလေ ပိုရွာတတ်ပြီး ကျောက်ခဲရှာဖို့ အချိန်မရှိပါဘူး။ အခု သူ တစ်စုံတစ်ယောက်ကို အကူအညီတောင်းလိုက်ပါက မကြာခင် ကျောက်သားကြိတ်စက်ကို ရနိုင်တယ်။

" ကောင်းပါပြီ နောက်တစ်ခါ ကျွန်တော်တို့ အပြင်ထွက်တဲ့အခါ ရအောင်လုပ်ကြတာပေါ့" ပိုင်မုက ခဏလောက် စဉ်းစားလိုက်ပြီး ခေါင်းညိတ်သဘောတူလိုက်တယ်။သူလည်းပဲ ထမင်စစောစော စားချင်တယ်။

"မျိုးနွယ်စုထဲက အသက်ကြီးတဲ့မိန်းမကြီးတွေကို အားမိုရဲ့အိမ်မှာ ကူညီဖို့ မျိုးနွယ်စုခေါင်းဆောင်က စီစဉ်ပေးခဲ့တယ်။ ဒါပေမယ့် အားမိုက မင်းချက်ထားတာက အရသာရှိပြီး အန်ဒီလည်း အရမ်းကြိုက်တယ်လို့ ပြောခဲ့တယ်။မင်း အန်ဒီရဲ့ အစားအစာကို တစ်လလောက် လုပ်ပေးနိုင်မလား အန်ဒီအပြည့်အဝ ပြန်ကောင်းလာတဲ့ထိပါပဲတဲ့" ခဲယ်လ်တစ်က ဒီနေ့အားမို လုပ်ဖို့တောင်းဆိုခိုင်းလိုက်တာကို  သတိရသွားပြီး ပိုင်မုရဲ့ အကြံဉာဏ်ကို တောင်းခဲ့တယ်။

"ကောင်းပြီ၊ ဒီအချိန်အတောအတွင်းမှာ အန်ဒီက အာဟာရပြည့်၀ဖို့ကို အာရုံစိုက််သင့်တယ် ကလေးမွေးဖွားပြီးနောက်မှာ အသက်ဓာတ်ပြန်တက်ကြွလာဖို့   ဖြည့်ဆည်းပေးရမယ်" ပိုင်မုက အဆင်သင့်ပဲ သဘောတူလိုက်တယ်။ သူက ဒီကြင်နာတတ်တဲ့ခင်ပွန်းမျိုးကို ကောင်းမွန်တဲ့အထင်အမြင်ရှိတယ်။ နက်ရှိုင်းတဲ့ချစ်ခြင်းမေတ္တာနဲ့ အသံတိတ်နွေးထွေးမှုက သူ့ကို အရမ်းအားကျစေတယ်။

နှစ်ယောက်သားက နေရာလွတ်ထဲက မထွက်ခင် ခဏလောက် စကားစမြည်ပြောကြပြီး အိပ်ရာ၀င်ခဲ့ကြတယ်။ ခဲယ်လ်တစ်က ပိုင်မုနဲ့ အရမ်းအိပ်ချင်ပေမယ့် အခုက လက်တွဲဖော်မဖြစ်သေးလို့ စိတ်ရှည်သည်းခံဖို့ လိုအပ်နေပါသေးတယ်။

နောက်နေ့တွေမှာတော့ မျိုးနွယ်စုက ထပ်ပြီး အလုပ်များလာတယ်။ အန်းချီလော့၊နီရှိဇ၀၊ အယ်လ်ဗင်နဲ့အယ်လီတို့က စားလို့ရတဲ့ မှိုတွေကို ဖော်ထုတ်ပေးဖို့နဲ့ သူတို့ကို ဘယ်လိုလုပ်ရမလဲဆိုတာ သင်ပြပေးဖို့  တာဝန်ရှိတယ်။ရုတ်​တရက်ပင် မျိုးနွယ်စု၀င်တွေရဲ့အိမ်တိုင်းမှာ သန့်ရှင်းတဲ့မှိုတွေနဲ့ ပြည့်နှက်သွားပြီး စတင်အခြောက်လှန်းကြတယ်။

ပိုင်မုက အန်ဒီအတွက် အာဟာရပြည့်၀စေတဲ့ အစားအစာအချို့ကိုအရသာအဆက်မပြတ်ပြောင်းလဲပေးနေရတဲ့အတွက် အလုပ်များနေတယ်။ မိသားစုကလည်း အကျိုးကျေးဇူးရခဲ့တယ်။ လူတိုင်းက လတ်တလောမှာ အရမ်းစားကြပြီး ၊ခြင်္သေ့လေးတပေါက  ကိုယ်အလေးချိန်ပြန်တက်လာတာကြောင့် ခဲယ်လ်တစ်က အရမ်းစိုးရိမ်သွားခဲ့တယ်။ တပေါကောက်ခဲ့တဲ့ ငှက်ဥတွေကို ပိုင်မုက ဆား အသုံးပြုပြီး အရသာနှပ်ထားတယ်။ရက်ပေါင်း 40 ကျော်ကြာပြီးနောက်မှာ  ကြက်ဥအနှစ်ကို ဖယ်ရှားပြီး သန့်ရှင်းစွာသုတ်ကာ သိမ်းဆည်းထားနိုင်ပါတယ်။

ပိုင်မုက အချိန်ကို ရေတွက်လိုက်တဲ့အခါ ထမင်းစားဖို့ အသင့်ရလုနီးပါးဖြစ်နေပြီဖြစ်တယ်။ အချိန်ကျလာတဲ့အခါ အာလူးဟင်းတစ်အိုးကို ချက်ပြီး ဥဆားနယ်နဲ့ပေါင်းလာတဲ့အခါ အရသာပိုကောင်းလာလိမ့်မယ်။

ပိုင်မုက သူ့ရဲ့အားလပ်ချိန်တွေမှာ ခဲယ်လ်တစ်နဲ့အပြင်ထွက်ပြီး အစာစုဆောင်းတယ်ဆိုတဲ့ခေါင်းစဉ်နဲ့ ဆန်နဲ့ဂျုံတွေကို  အိမ်ပြန်သယ်သွားခဲ့တယ်။အခု သူတို့အိမ်မှာ စပါးခြောက်နဲ့ ဂျုံတွေ အများကြီး စုထားပြီးပြီ။ ခဲယ်လ်တစ်က သစ်သားပြားတွေနဲ့ ရိုးရှင်းတဲ့ စပါးခြွေစက်ကို ပြုလုပ်ခဲ့ပြီး ရာသီဥတုသာယာတဲ့အခါ မိသားစုက လယ်ကွင်းထဲကို စပါးခြွေဖို့ သွားခဲ့ကြတယ်။

ပိုင်မုက နှံစားပြောင်းကိုရိုက်ပြီးနောက်ကောက်ရိုးကို မပစ်ထုတ်လိုက်ဘဲနဲ့ ဂူပေါက်ဝမှာ စုပုံထားတယ်။ အခုက ဝါပင်မရှိသေးတာကြောင့်၊ ဒီကောက်ရိုးတွေက ဆောင်းရာသီမှာ အသုံး၀င်နေဆဲဖြစ်တယ်။

ကျောက်သားကြိတ်စက်ကို မျိုးနွယ်စု၀င်တွေရဲ့ အကူအညီနဲ့ လုပ်ပြီးခဲ့တယ်။ ဒီတစ်ကြိမ်မှာ ခဲယ်လ်တစ်က အသေးစားစက်တစ်လုံးကိုပဲ ပြုလုပ်ခဲ့တယ်။ အနာဂတ်ကျရင် မျိုးနွယ်စုထဲက စောင့်ဆိုင်းနေရတဲ့လူတွေက  စပါးစိုက်ပြီး ပိုကြီးတဲ့တစ်ခုကို လုပ်ဖို့ ကြိုးစားကြလိမ့်မယ်။ မျိုးနွယ်စုထဲက လူတွေက ခဲယ်လ်တစ် လုပ်နေတဲ့ပစ္စည်းအသစ်နဲ့ပတ်သက်ပြီး  အရမ်းသိချင်ကြတယ်။ သူတို့ကျရှုံးတဲ့အခါတိုင်း၊ မျိုးနွယ်စုထဲမှာ နောက်ထပ်အသစ်အဆန်းတွေ သေချာပေါက်ရှိလာလိမ့်မယ်။

အချိန်တွေက လျင်မြန်စွာ ကုန်ဆုံးသွား ပြီး နောက်ထပ်တစ်လက မျက်စိတစ်မှိတ်အတွင်းကုန်သွားကာ အန်ဒီက ယခုအခါ ဘေးကင်းစွာနဲ့ ပြန်လည်ကျန်းမာလာနေပြီဖြစ်တယ်။ သူတို့ရဲ့ကလေးငယ်က အခုတွားသွားတတ်နေပြီဖြစ်ပြီး၊ဒီအငြိမ်မနေတတ်တဲ့ ကလေး,လေးက ကြမ်းပြင်ပေါ်မှာ အချိန်ပြည့်လိုက်တွားသွားနေလိမ့်မှာဖြစ်တယ်။ ဒီလိုငယ်ရွယ်တဲ့အရွယ််မှာ သူ(ကလေး)က တွားသွားနိုင်နေလို့ ပိုင်မုက သက်ပြင်းချလိုက်တယ်။ သူ့ခန္ဓာကိုယ်က အရမ်းသန်မာတာကြောင့် ကုတင်ပေါ်က ပြုတ်ကျတဲ့အခါ ပြဿနာရှိမှာမဟုတ်ဘူး။ သေချာပါတယ်၊ ခဲယ်လ်တစ်က orcs တွေက အရေပြားထူပြီး ပေါက်ပြဲမှာမကြောက်ဘူးလို့ ပြောလိုက်သလိုပါပဲ။ တ‌ပေါက ပျံသန်းတာကျရှုံးသွားရင်တောင် အဆင်ပြေလိမ့်မယ်လို့ ပိုင်မု တွေးနေမိတယ် ။

အန်ဒီပြန်လည်ကောင်းမွန်သွားပြီးနောက်မှာ ပိုင်မုကို သူ့အတွက်ချက်ပြုတ်ပေးဖို့ရန်အတွက်နဲ့  ဒုက္ခမပေးချင်ခဲ့တာကြောင့် ပိုင်မုဆီကနေ သူကြိုက်တဲ့ဟင်းအနည်းငယ်ချက်နည်းကို သင်ယူခဲ့တယ်။ သူက ကျေးဇူးတင်ကြောင်းဖော်ပြဖို့အတွက် အားမိုက ခဲယ်လ်တစ်ကနေတဆင့် လူလူသားရဲသုံးကောင်ကို ပေးခဲ့တယ်။ ခဲယ်လ်တစ်မှာ အစားအစာပြတ်လပ်မှုမရှိပါဘူး။ အခု သူတို့မှာ အသားတွေ အများကြီးရှိလို့ ခဏလောက်နဲ့ အပြီးသတ်မစားနိုင်တော့တဲ့အတွက် ပိုင်မုက အန်းချီလော့ဆီကို ယူသွားပြီး အသားဆားနယ်ခြောက်တွေ အများကြီးလုပ်ခဲ့တယ်။ ခြေထောက်တွေအားလုံးကို ဝက်ပေါင်ခြောက်လုပ်ဖို့  အသုံးပြုခဲ့ပြီး သူတို့က အသားကြော်အချို့ကိုလည်း ပြုလုပ်ခဲ့ကြတယ်။

ဒါပေမယ့် အသားတွေ အရမ်းများနေတယ်။ ဒါတွေကို အချိန်ကြာကြာ ထိန်းသိမ်းထားနိုင်သလို နောက်မှလည်း စားနိုင်ပါတယ်။ ပိုင်မုက နံရိုးတချို့နဲ့ အဆီများတဲ့ လူလူသားရဲအသားတချို့ကို ရွေးချယ်ခဲ့တယ်။ သူကိုယ်တိုင် ပြုပြင်ထားတဲ့ ကန်စွန်းဥ‌ကော်မှုန့်၊  ဂျုံမှုန့်နဲ့ ငှက်ဥတွေကို အသုံးပြုပြီး ဆားအနည်းငယ်နဲ့  MSG အပင်ရည်ထည့်ကာ အညီအမျှ ရောမွှေပြီး ကြွပ်ကြွပ်ရွရွလေး အိုးကြီးတစ်အိုးစာလောက် ကြော်ခဲ့တယ်။ လူလူမွန်အရိုးကြီးတွေကို စွပ်ပြုတ်ချက်ဖို့နဲ့  ဂေါ်ဖီထုပ်စွပ်ပြုတ်လုပ်ဖို့အတွက် သူအသုံးပြုခဲ့တယ်။

ခြင်္သေ့လေးရဲ့ မျက်ခုံးလေးတွေက ပင့်တက်နေပြီး ပြုံးနေတယ်။ ကြွပ်ကြွပ်ရွရွ အသားတွေက သူ့အတွက် အရမ်းစားလို့ကောင်းတယ်။ သူစားတဲ့အခါ ပန်းကန်လုံး နဲ့ အိုးကိုကြည့်နေတယ်။ ခဲယ်လ်တစ်က သူ့ကို လျှော့စားခိုင်းတဲ့အခါ သူကငိုတော့မလိုနဲ့ ခဲယ်လ်တစ်ကိုကြည့်တယ်။ ဆဲလ်တစ်က သူ့ကိုအပြစ်မတင်နိုင်တော့တာကြောင့် သူက ဗိုက်ပြည့်ပြီး သက်သာရာ ရသွားတယ်။  ပိုင်မုနဲ့ အန်းချီလော့တို့နှစ်ယောက်လုံးက စွပ်ပြုတ်ထဲက ချိုမြိန်ပြီး အရသာရှိတဲ့  တရုတ်ဂေါ်ဖီထုပ်ကို စားရတာကြိုက်ကြတယ်။ ။

ကျားတောင်ပံမျိုးနွယ် orc ရဲ့ဒဏ်ရာက သက်သာလုနီးပါးဖြစ်ပြီး သူက ဒီနေရာက သူမစားဖူးတဲ့ အစားအစာကို စားပြီး နူးညံ့ပြီး လေဝင်လေထွက်ကောင်းတဲ့ အဝတ်တွေကို ၀တ်ဆင်ထားတယ်။ ဒီနေရာက အရာအားလုံးက သူ့ကို အံ့အားသင့်စေပြီး တာ့ဝူကို ဒီနေရာမှာ  ခဏလောက် နေလို့ရမလား ၊ သူဒဏ်ရာ အပြည့်အဝ ပြန်လည်သက်သာသွားတဲ့အခါကျရင် ပြန်သွားပါ့မယ်လို့ တောင်းဆိုခဲ့တယ်။

တာ့ဝူက သူ့ကို မျိုးနွယ်စုခေါင်းဆောင်ထံ  တင်ပြခိုင်းတယ်။ ဒီလိုမျိုးကိစ္စရပ်က မျိုးနွယ်စုခေါင်းဆောင်ရဲ့ သဘောတူညီချက်ကို လိုအပ်တယ်။ ဒါကြောင့် ကျားတောင်ပံမျိုးနွယ်ရဲ့ orcs က မျိုးနွယ်စုခေါင်းဆောင်ကို သွားရှာခဲ့တယ်။

" မျိုးနွယ်စုခေါင်းဆောင် မင်္ဂလာပါ ကျွန်တော့်ကို ကယ်တင်ပေးခဲ့တဲ့ခြင်္သေ့တောင်ပံမျိုးနွယ်စု ရဲ့ ညီအစ်ကိုတွေကို ကျေးဇူးတင်ပါတယ်၊ ကျွန်တော့်ကို ယာယီခေါ်ထားပေးတဲ့ မျိုးနွယ်စုခေါင်းဆောင်ကိုလည်းကျေးဇူးတင်ပါတယ်" ဘန်ဆွန်က မျိုးနွယ်စုခေါင်းဆောင်ကို ရိုးသားစွာနဲ့ ကျေးဇူးတင်ခဲ့တယ်။

"လူငယ်လေး ငါတို့မျိုးနွယ်စုနှစ်စုက အမြဲတမ်းခင်မင်ရင်းနှီးခဲ့ကြပြီး ငါတို့က ညီအကိုတွေဖြစ်ဖို့ ထိုက်တန်တယ် ငါတို့ မင်းကို ကယ်တင်သင့်ပါတယ်" မျိုးနွယ်စုခေါင်းဆောင်က ကြင်နာစွာပြောလိုက်တယ်။

"မျိုးနွယ်စုခေါင်းဆောင် ကျွန်တော်အရင်က တစ်ခါမှ မမြင်ဖူးတဲ့ အရာတွေကို ဒီမျိုးရိုးစုထဲမှာ မြင်ဖူးပြီး တစ်ခါမှ မစားဖူးတဲ့ အစားအစာတွေကိုလည်း စားခဲ့ရတယ် ဒါတွေက ကျွန်တော့်ကို ထိတ်လန့်တုန်လှုပ်စေပြီး စွဲကျန်စေတယ် ခဏလောက် ကျွန်တော်ဒီမှာ နေလို့ရမလား" ဘန်ဆွန်က တိုက်ရိုက်ရှင်းပြတယ်။ တကယ်တော့ ၊orcsတွေရဲ့ ကမ္ဘာက အမြဲတမ်း တိုက်ရိုက်ဆန်ပါတယ်။

"ဟဟ မင်းမြင်တာတွေက ကြီးမြတ်တဲ့ဘုရားသခင်တွေဆီက လက်ဆောင်တွေပါ မင်းမှာ မိန်းမပျိုတွေနဲ့အငြိုးမရှိသရွေ့  ငါတို့က အရမ်းကိုကြိုဆိုတယ်" မျိုးနွယ်စုထဲက အပြောင်းအလဲတွေနဲ့ ပတ်သက်ပြီး မျိုးနွယ်စုခေါင်းဆောင်က အနည်းငယ်ဂုဏ်ယူနေပုံပေါက်တယ်။

Zawgyi code

ခဲယ္လ္တစ္က ၀က္သားဆန္ျပဳတ္ေသာက္ရတာကို မႀကိဳက္ေပမယ့္လည္း ပိုင္မုက ဒီအရာက သူတို႔အတြက္ အဓိက အစားအစာျဖစ္ၿပီး ဗိုက္ျပည့္႐ုံသာမက သုံးႏွစ္ေလာက္ထိ သိမ္းဆည္းထားနိုင္ေၾကာင္း ေျပာခဲ့တယ္။ အဲ့ဒီအခ်ိန္ကစၿပီး ခဲယ္လ္တစ္က ပိုမ်ားမ်ားလိုခ်င္လာခဲ့တာ။ ထို႔ေနာက္ သိမ္းဆည္းဖို႔အတြက္ ဂူတစ္ဂူဆီ ေျပာင္းေ႐ႊ႕ဖို႔ အခြင့္အလမ္းေတြကို ရွာေဖြပါမယ္။ ေနာင္က်လိဳ႕   စားနပ္ရိကၡာမလုံေလာက္ရင္ ဆန္ကို ဆန္ျပဳတ္အျဖစ္ ျပဳတ္စားနိုင္တယ္။

ဒါေပမယ့္ စပါးနဲ႕ဂ်ဳံေပၚက အခြံကို ဖယ္ရတာက ဒုကၡမ်ားတယ္။ဒါေၾကာင့္ ပိုင္မုက အဲဒီေမွာ္ဆန္တဲ့စာအုပ္ေတြထဲက နည္းလမ္းတစ္ခုကို ရွာေဖြခဲ့ၿပီး အခြံခႊာလို႔ရတဲ့ေက်ာက္သားႀကိတ္စက္အေၾကာင္းကို တမင္တကာ သူ႕(ခဲယ္လ္တစ္)ကိုေျပာခဲ့ပါတယ္။

"အဆင္ေျပတယ္၊ မင္းအရင္တုန္းက ေက်ာက္သားႀကိတ္စက္ကို ကိုယ့္ကို ဘာလို႔မျပခဲ့တာလဲ ဆန္နဲ႕ ဂ်ဳံေတြကို ျပန္ယူလာဖို႔ ကိုယ္တို႔ အခ်ိန္ရွာလိုက္မယ္၊ ၿပီးေတာ့ေက်ာက္သားႀကိတ္စက္တစ္ခုလုပ္ၿပီး  အခြံခႊာၾကမယ္ "ခဲယ္လ္တစ္က ဒီအေၾကာင္းကို ေတြးေနခဲ့တာၾကာၿပီ။ မိုးက တခါတေလ ပို႐ြာတတ္ၿပီး ေက်ာက္ခဲရွာဖို႔ အခ်ိန္မရွိပါဘူး။ အခု သူ တစ္စုံတစ္ေယာက္ကို အကူအညီေတာင္းလိုက္ပါက မၾကာခင္ ေက်ာက္သားႀကိတ္စက္ကို ရနိုင္တယ္။

" ေကာင္းပါၿပီ ေနာက္တစ္ခါ ကြၽန္ေတာ္တို႔ အျပင္ထြက္တဲ့အခါ ရေအာင္လုပ္ၾကတာေပါ့" ပိုင္မုက ခဏေလာက္ စဥ္းစားလိုက္ၿပီး ေခါင္းညိတ္သေဘာတူလိုက္တယ္။သူလည္းပဲ ထမင္စေစာေစာ စားခ်င္တယ္။

"မ်ိဳးႏြယ္စုထဲက အသက္ႀကီးတဲ့မိန္းမႀကီးေတြကို အားမိုရဲ႕အိမ္မွာ ကူညီဖို႔ မ်ိဳးႏြယ္စုေခါင္းေဆာင္က စီစဥ္ေပးခဲ့တယ္။ ဒါေပမယ့္ အားမိုက မင္းခ်က္ထားတာက အရသာရွိၿပီး အန္ဒီလည္း အရမ္းႀကိဳက္တယ္လို႔ ေျပာခဲ့တယ္။မင္း အန္ဒီရဲ႕ အစားအစာကို တစ္လေလာက္ လုပ္ေပးနိုင္မလား အန္ဒီအျပည့္အဝ ျပန္ေကာင္းလာတဲ့ထိပါပဲတဲ့" ခဲယ္လ္တစ္က ဒီေန႕အားမို လုပ္ဖို႔ေတာင္းဆိုခိုင္းလိုက္တာကို  သတိရသြားၿပီး ပိုင္မုရဲ႕ အႀကံဉာဏ္ကို ေတာင္းခဲ့တယ္။

"ေကာင္းၿပီ၊ ဒီအခ်ိန္အေတာအတြင္းမွာ အန္ဒီက အာဟာရျပည့္၀ဖို႔ကို အာ႐ုံစိုက္္သင့္တယ္ ကေလးေမြးဖြားၿပီးေနာက္မွာ အသက္ဓာတ္ျပန္တက္ႂကြလာဖို႔   ျဖည့္ဆည္းေပးရမယ္" ပိုင္မုက အဆင္သင့္ပဲ သေဘာတူလိုက္တယ္။ သူက ဒီၾကင္နာတတ္တဲ့ခင္ပြန္းမ်ိဳးကို ေကာင္းမြန္တဲ့အထင္အျမင္ရွိတယ္။ နက္ရွိုင္းတဲ့ခ်စ္ျခင္းေမတၱာနဲ႕ အသံတိတ္ႏြေးေထြးမႈက သူ႕ကို အရမ္းအားက်ေစတယ္။

ႏွစ္ေယာက္သားက ေနရာလြတ္ထဲက မထြက္ခင္ ခဏေလာက္ စကားစျမည္ေျပာၾကၿပီး အိပ္ရာ၀င္ခဲ့ၾကတယ္။ ခဲယ္လ္တစ္က ပိုင္မုနဲ႕ အရမ္းအိပ္ခ်င္ေပမယ့္ အခုက လက္တြဲေဖာ္မျဖစ္ေသးလို႔ စိတ္ရွည္သည္းခံဖို႔ လိုအပ္ေနပါေသးတယ္။

ေနာက္ေန႕ေတြမွာေတာ့ မ်ိဳးႏြယ္စုက ထပ္ၿပီး အလုပ္မ်ားလာတယ္။ အန္းခ်ီေလာ့၊နီရွိဇ၀၊ အယ္လ္ဗင္နဲ႕အယ္လီတို႔က စားလို႔ရတဲ့ မွိုေတြကို ေဖာ္ထုတ္ေပးဖို႔နဲ႕ သူတို႔ကို ဘယ္လိုလုပ္ရမလဲဆိုတာ သင္ျပေပးဖို႔  တာဝန္ရွိတယ္။႐ုတ္​တရက္ပင္ မ်ိဳးႏြယ္စု၀င္ေတြရဲ႕အိမ္တိုင္းမွာ သန႔္ရွင္းတဲ့မွိုေတြနဲ႕ ျပည့္ႏွက္သြားၿပီး စတင္အေျခာက္လွန္းၾကတယ္။

ပိုင္မုက အန္ဒီအတြက္ အာဟာရျပည့္၀ေစတဲ့ အစားအစာအခ်ိဳ႕ကိုအရသာအဆက္မျပတ္ေျပာင္းလဲေပးေနရတဲ့အတြက္ အလုပ္မ်ားေနတယ္။ မိသားစုကလည္း အက်ိဳးေက်းဇူးရခဲ့တယ္။ လူတိုင္းက လတ္တေလာမွာ အရမ္းစားၾကၿပီး ၊ျခေသၤ့ေလးတေပါက  ကိုယ္အေလးခ်ိန္ျပန္တက္လာတာေၾကာင့္ ခဲယ္လ္တစ္က အရမ္းစိုးရိမ္သြားခဲ့တယ္။ တေပါေကာက္ခဲ့တဲ့ ငွက္ဥေတြကို ပိုင္မုက ဆား အသုံးျပဳၿပီး အရသာႏွပ္ထားတယ္။ရက္ေပါင္း 40 ေက်ာ္ၾကာၿပီးေနာက္မွာ  ၾကက္ဥအႏွစ္ကို ဖယ္ရွားၿပီး သန႔္ရွင္းစြာသုတ္ကာ သိမ္းဆည္းထားနိုင္ပါတယ္။

ပိုင္မုက အခ်ိန္ကို ေရတြက္လိုက္တဲ့အခါ ထမင္းစားဖို႔ အသင့္ရလုနီးပါးျဖစ္ေနၿပီျဖစ္တယ္။ အခ်ိန္က်လာတဲ့အခါ အာလူးဟင္းတစ္အိုးကို ခ်က္ၿပီး ဥဆားနယ္နဲ႕ေပါင္းလာတဲ့အခါ အရသာပိုေကာင္းလာလိမ့္မယ္။

ပိုင္မုက သူ႕ရဲ႕အားလပ္ခ်ိန္ေတြမွာ ခဲယ္လ္တစ္နဲ႕အျပင္ထြက္ၿပီး အစာစုေဆာင္းတယ္ဆိုတဲ့ေခါင္းစဥ္နဲ႕ ဆန္နဲ႕ဂ်ဳံေတြကို  အိမ္ျပန္သယ္သြားခဲ့တယ္။အခု သူတို႔အိမ္မွာ စပါးေျခာက္နဲ႕ ဂ်ဳံေတြ အမ်ားႀကီး စုထားၿပီးၿပီ။ ခဲယ္လ္တစ္က သစ္သားျပားေတြနဲ႕ ရိုးရွင္းတဲ့ စပါးေႁခြစက္ကို ျပဳလုပ္ခဲ့ၿပီး ရာသီဥတုသာယာတဲ့အခါ မိသားစုက လယ္ကြင္းထဲကို စပါးေႁခြဖို႔ သြားခဲ့ၾကတယ္။

ပိုင္မုက ႏွံစားေျပာင္းကိုရိုက္ၿပီးေနာက္ေကာက္ရိုးကို မပစ္ထုတ္လိုက္ဘဲနဲ႕ ဂူေပါက္ဝမွာ စုပုံထားတယ္။ အခုက ဝါပင္မရွိေသးတာေၾကာင့္၊ ဒီေကာက္ရိုးေတြက ေဆာင္းရာသီမွာ အသုံး၀င္ေနဆဲျဖစ္တယ္။

ေက်ာက္သားႀကိတ္စက္ကို မ်ိဳးႏြယ္စု၀င္ေတြရဲ႕ အကူအညီနဲ႕ လုပ္ၿပီးခဲ့တယ္။ ဒီတစ္ႀကိမ္မွာ ခဲယ္လ္တစ္က အေသးစားစက္တစ္လုံးကိုပဲ ျပဳလုပ္ခဲ့တယ္။ အနာဂတ္က်ရင္ မ်ိဳးႏြယ္စုထဲက ေစာင့္ဆိုင္းေနရတဲ့လူေတြက  စပါးစိုက္ၿပီး ပိုႀကီးတဲ့တစ္ခုကို လုပ္ဖို႔ ႀကိဳးစားၾကလိမ့္မယ္။ မ်ိဳးႏြယ္စုထဲက လူေတြက ခဲယ္လ္တစ္ လုပ္ေနတဲ့ပစၥည္းအသစ္နဲ႕ပတ္သက္ၿပီး  အရမ္းသိခ်င္ၾကတယ္။ သူတို႔က်ရႈံးတဲ့အခါတိုင္း၊ မ်ိဳးႏြယ္စုထဲမွာ ေနာက္ထပ္အသစ္အဆန္းေတြ ေသခ်ာေပါက္ရွိလာလိမ့္မယ္။

အခ်ိန္ေတြက လ်င္ျမန္စြာ ကုန္ဆုံးသြား ၿပီး ေနာက္ထပ္တစ္လက မ်က္စိတစ္မွိတ္အတြင္းကုန္သြားကာ အန္ဒီက ယခုအခါ ေဘးကင္းစြာနဲ႕ ျပန္လည္က်န္းမာလာေနၿပီျဖစ္တယ္။ သူတို႔ရဲ႕ကေလးငယ္က အခုတြားသြားတတ္ေနၿပီျဖစ္ၿပီး၊ဒီအၿငိမ္မေနတတ္တဲ့ ကေလး,ေလးက ၾကမ္းျပင္ေပၚမွာ အခ်ိန္ျပည့္လိုက္တြားသြားေနလိမ့္မွာျဖစ္တယ္။ ဒီလိုငယ္႐ြယ္တဲ့အ႐ြယ္္မွာ သူ(ကေလး)က တြားသြားနိုင္ေနလို႔ ပိုင္မုက သက္ျပင္းခ်လိဳက္တယ္။ သူ႕ခႏၶာကိုယ္က အရမ္းသန္မာတာေၾကာင့္ ကုတင္ေပၚက ျပဳတ္က်တဲ့အခါ ျပႆနာရွိမွာမဟုတ္ဘူး။ ေသခ်ာပါတယ္၊ ခဲယ္လ္တစ္က orcs ေတြက အေရျပားထူၿပီး ေပါက္ၿပဲမွာမေၾကာက္ဘူးလို႔ ေျပာလိုက္သလိုပါပဲ။ တ‌ေပါက ပ်ံသန္းတာက်ရႈံးသြားရင္ေတာင္ အဆင္ေျပလိမ့္မယ္လို႔ ပိုင္မု ေတြးေနမိတယ္ ။

အန္ဒီျပန္လည္ေကာင္းမြန္သြားၿပီးေနာက္မွာ ပိုင္မုကို သူ႕အတြက္ခ်က္ျပဳတ္ေပးဖို႔ရန္အတြက္နဲ႕  ဒုကၡမေပးခ်င္ခဲ့တာေၾကာင့္ ပိုင္မုဆီကေန သူႀကိဳက္တဲ့ဟင္းအနည္းငယ္ခ်က္နည္းကို သင္ယူခဲ့တယ္။ သူက ေက်းဇူးတင္ေၾကာင္းေဖာ္ျပဖို႔အတြက္ အားမိုက ခဲယ္လ္တစ္ကေနတဆင့္ လူလူသားရဲသုံးေကာင္ကို ေပးခဲ့တယ္။ ခဲယ္လ္တစ္မွာ အစားအစာျပတ္လပ္မႈမရွိပါဘူး။ အခု သူတို႔မွာ အသားေတြ အမ်ားႀကီးရွိလို႔ ခဏေလာက္နဲ႕ အၿပီးသတ္မစားနိုင္ေတာ့တဲ့အတြက္ ပိုင္မုက အန္းခ်ီေလာ့ဆီကို ယူသြားၿပီး အသားဆားနယ္ေျခာက္ေတြ အမ်ားႀကီးလုပ္ခဲ့တယ္။ ေျခေထာက္ေတြအားလုံးကို ဝက္ေပါင္ေျခာက္လုပ္ဖို႔  အသုံးျပဳခဲ့ၿပီး သူတို႔က အသားေၾကာ္အခ်ိဳ႕ကိုလည္း ျပဳလုပ္ခဲ့ၾကတယ္။

ဒါေပမယ့္ အသားေတြ အရမ္းမ်ားေနတယ္။ ဒါေတြကို အခ်ိန္ၾကာၾကာ ထိန္းသိမ္းထားနိုင္သလို ေနာက္မွလည္း စားနိုင္ပါတယ္။ ပိုင္မုက နံရိုးတခ်ိဳ႕နဲ႕ အဆီမ်ားတဲ့ လူလူသားရဲအသားတခ်ိဳ႕ကို ေ႐ြးခ်ယ္ခဲ့တယ္။ သူကိုယ္တိုင္ ျပဳျပင္ထားတဲ့ ကန္စြန္းဥ‌ေကာ္မႈန႔္၊  ဂ်ဳံမႈန႔္နဲ႕ ငွက္ဥေတြကို အသုံးျပဳၿပီး ဆားအနည္းငယ္နဲ႕  MSG အပင္ရည္ထည့္ကာ အညီအမွ် ေရာေမႊၿပီး ႂကြပ္ႂကြပ္႐ြ႐ြေလး အိုးႀကီးတစ္အိုးစာေလာက္ ေၾကာ္ခဲ့တယ္။ လူလူမြန္အရိုးႀကီးေတြကို စြပ္ျပဳတ္ခ်က္ဖို႔နဲ႕  ေဂၚဖီထုပ္စြပ္ျပဳတ္လုပ္ဖို႔အတြက္ သူအသုံးျပဳခဲ့တယ္။

ျခေသၤ့ေလးရဲ႕ မ်က္ခုံးေလးေတြက ပင့္တက္ေနၿပီး ၿပဳံးေနတယ္။ ႂကြပ္ႂကြပ္႐ြ႐ြ အသားေတြက သူ႕အတြက္ အရမ္းစားလို႔ေကာင္းတယ္။ သူစားတဲ့အခါ ပန္းကန္လုံး နဲ႕ အိုးကိုၾကည့္ေနတယ္။ ခဲယ္လ္တစ္က သူ႕ကို ေလွ်ာ့စားခိုင္းတဲ့အခါ သူကငိုေတာ့မလိုနဲ႕ ခဲယ္လ္တစ္ကိုၾကည့္တယ္။ ဆဲလ္တစ္က သူ႕ကိုအျပစ္မတင္နိုင္ေတာ့တာေၾကာင့္ သူက ဗိုက္ျပည့္ၿပီး သက္သာရာ ရသြားတယ္။  ပိုင္မုနဲ႕ အန္းခ်ီေလာ့တို႔ႏွစ္ေယာက္လုံးက စြပ္ျပဳတ္ထဲက ခ်ိဳၿမိန္ၿပီး အရသာရွိတဲ့  တ႐ုတ္ေဂၚဖီထုပ္ကို စားရတာႀကိဳက္ၾကတယ္။ ။

က်ားေတာင္ပံမ်ိဳးႏြယ္ orc ရဲ႕ဒဏ္ရာက သက္သာလုနီးပါးျဖစ္ၿပီး သူက ဒီေနရာက သူမစားဖူးတဲ့ အစားအစာကို စားၿပီး ႏူးညံ့ၿပီး ေလဝင္ေလထြက္ေကာင္းတဲ့ အဝတ္ေတြကို ၀တ္ဆင္ထားတယ္။ ဒီေနရာက အရာအားလုံးက သူ႕ကို အံ့အားသင့္ေစၿပီး တာ့ဝူကို ဒီေနရာမွာ  ခဏေလာက္ ေနလို႔ရမလား ၊ သူဒဏ္ရာ အျပည့္အဝ ျပန္လည္သက္သာသြားတဲ့အခါက်ရင္ ျပန္သြားပါ့မယ္လို႔ ေတာင္းဆိုခဲ့တယ္။

တာ့ဝူက သူ႕ကို မ်ိဳးႏြယ္စုေခါင္းေဆာင္ထံ  တင္ျပခိုင္းတယ္။ ဒီလိုမ်ိဳးကိစၥရပ္က မ်ိဳးႏြယ္စုေခါင္းေဆာင္ရဲ႕ သေဘာတူညီခ်က္ကို လိုအပ္တယ္။ ဒါေၾကာင့္ က်ားေတာင္ပံမ်ိဳးႏြယ္ရဲ႕ orcs က မ်ိဳးႏြယ္စုေခါင္းေဆာင္ကို သြားရွာခဲ့တယ္။

" မ်ိဳးႏြယ္စုေခါင္းေဆာင္ မဂၤလာပါ ကြၽန္ေတာ့္ကို ကယ္တင္ေပးခဲ့တဲ့ျခေသၤ့ေတာင္ပံမ်ိဳးႏြယ္စု ရဲ႕ ညီအစ္ကိုေတြကို ေက်းဇူးတင္ပါတယ္၊ ကြၽန္ေတာ့္ကို ယာယီေခၚထားေပးတဲ့ မ်ိဳးႏြယ္စုေခါင္းေဆာင္ကိုလည္းေက်းဇူးတင္ပါတယ္" ဘန္ဆြန္က မ်ိဳးႏြယ္စုေခါင္းေဆာင္ကို ရိုးသားစြာနဲ႕ ေက်းဇူးတင္ခဲ့တယ္။

"လူငယ္ေလး ငါတို႔မ်ိဳးႏြယ္စုႏွစ္စုက အၿမဲတမ္းခင္မင္ရင္းႏွီးခဲ့ၾကၿပီး ငါတို႔က ညီအကိုေတြျဖစ္ဖို႔ ထိုက္တန္တယ္ ငါတို႔ မင္းကို ကယ္တင္သင့္ပါတယ္" မ်ိဳးႏြယ္စုေခါင္းေဆာင္က ၾကင္နာစြာေျပာလိုက္တယ္။

"မ်ိဳးႏြယ္စုေခါင္းေဆာင္ ကြၽန္ေတာ္အရင္က တစ္ခါမွ မျမင္ဖူးတဲ့ အရာေတြကို ဒီမ်ိဳးရိုးစုထဲမွာ ျမင္ဖူးၿပီး တစ္ခါမွ မစားဖူးတဲ့ အစားအစာေတြကိုလည္း စားခဲ့ရတယ္ ဒါေတြက ကြၽန္ေတာ့္ကို ထိတ္လန႔္တုန္လႈပ္ေစၿပီး စြဲက်န္ေစတယ္ ခဏေလာက္ ကြၽန္ေတာ္ဒီမွာ ေနလို႔ရမလား" ဘန္ဆြန္က တိုက္ရိုက္ရွင္းျပတယ္။ တကယ္ေတာ့ ၊orcsေတြရဲ႕ ကမၻာက အၿမဲတမ္း တိုက္ရိုက္ဆန္ပါတယ္။

"ဟဟ မင္းျမင္တာေတြက ႀကီးျမတ္တဲ့ဘုရားသခင္ေတြဆီက လက္ေဆာင္ေတြပါ မင္းမွာ မိန္းမပ်ိဳေတြနဲ႕အၿငိဳးမရွိသေ႐ြ႕  ငါတို႔က အရမ္းကိုႀကိဳဆိုတယ္" မ်ိဳးႏြယ္စုထဲက အေျပာင္းအလဲေတြနဲ႕ ပတ္သက္ၿပီး မ်ိဳးႏြယ္စုေခါင္းေဆာင္က အနည္းငယ္ဂုဏ္ယူေနပုံေပါက္တယ္။

Continue Reading

You'll Also Like

480K 82.3K 85
Title - Raising you this small stuff Chinese Title - 养你这件小事 Author - 九云歌 Status - 81 chapters + 2 extras Credits to all. Description 'elf rebirth pr...
10.3K 1.5K 11
▪️နွေးထွေးတဲ့မေတ္တာ‌တွေ အပြည့်သိပ်ထားတဲ့ ပုံပြင်လေးတစ်ပုဒ် ▪️ I don't own any part of this story. All credit goes to original author & eng translator...
601K 76.7K 118
'' after break-up i got married'' (လမ်းခွဲ ပြီးတဲ့နောက် ငါလက်ထပ် ပစ်လိုက်တယ်) Original Author - Qianfeng Yihe E-translator - Rezioj27 Status in COO...
11.7K 1.4K 21
သိရောသိကြရဲ့လား? Fukurodani ရဲ့ Captain မှာပိုင်ရှင်ရှိတယ်တဲ့... Bokuaka Myanmar Fanfic feat.Kuroken Cover credit to original artist 22 Sep, 2021.