နေရာလွတ်နှင့်အတူသားရဲကမ္ဘာဆီသ...

By KimHsuYoon99

693K 108K 1.4K

This novel isn't mine and I just translate;it's fun translation. ဒါလေးကို ဘာသာပြန်တဲ့လူရှိလားရှာခဲ့ပေမယ့် မရှ... More

Description
Chapter 1.1
Chapter 1.2
Chapter 2.1
Chapter 2.2
Chapter 3.1
Chapter 3.2
Chapter 4.1
Chapter 4.2
Chapter 5.1
Chapter 5.2
Chapter 6.1
Chapter 6.2
Chapter 7.1
Chapter 7.2
Chapter 8.1
Chapter 8.2
Chapter 9.1
Chapter 9.2
Chapter 10.1
Chapter 10.2
Chapter 11.1
Chapter 11.2
Chapter 12.1
Chapter 12.2
Chapter 13.1
Chapter 13.2
Chapter 14.1
Chapter 14.2
Chapter 15.1
Chapter 15.2
Chapter 16.1
Chapter 16.2
Chapter 17.1
Chapter 17.2
Chapter 18.1
Chapter 18.2
Chapter 19.1
Chapter 19.2
Chapter 20.1
Chapter 20.2
Chapter 21.1
Chapter 21.2
Chapter 22.1
Chapter 22.2
Chapter 23.1
Chapter 23.2
Chapter 24.1
Chapter 24.2
Chapter 25.1
Chapter 25.2
Chapter 26.1
Chapter 26.2
Chapter 27.1
Chapter 27.2
Chapter 28.1
Chapter 28.2
Chapter 29.1
Chapter 29.2
Chapter 29.3
Chapter 30.1
Chapter 30.2
Chapter 31.1
Chapter 31.2
Chapter 32.1
Chapter 32.2
Chapter 33.1
Chapter 33.2
Chapter 34.1
Chapter 34.2
Chapter 35.1
Chapter 35.2
Chapter 36.1
Chapter 36.2
Chapter 37.1
Chapter 38.1
Chapter 37.2
Chapter 38.2
Chapter 39.1
Chapter 39.2
Chapter 40.1
Chapter 40.2
Chapter 41.2
Chapter 42.1
Chapter 42.2
Chapter 43.1
Chapter 43.2
Chapter 44.1
Chapter 44.2
Chapter 45.1
Chapter 45.2
Chapter 46.1
Chapter 46.2
Chapter 47.1
Chapter 47.2
Chapter 48.1
<ဖတ်စေချင်ပါတယ်>
Chapter 48.2
Chapter 49.1
Chapter 49.2
Chapter 50.1
Chapter 50.2
Chapter 51.1
Chapter 51.2
Chapter 52.1
Chapter 52.2
Chapter 53.1
Chapter 53.2
Chapter 54.1
Chapter 54.2
Chapter 55
Chapter 56.1
Chapter 56.2
Chapter 57.1
Chapter 57.2
Chapter 58.1
Chapter 58.2
Chapter 59.1
Chapter 59.2
Chapter 60.1
Chapter 60.2
Chapter 61.1
Chapter 61.2
Chapter 62.1
Chapter 62.2
Chapter 63.1
Chapter 63.2
Chapter 64.1
Chapter 64.2
Chapter 65.1
Chapter 65.2
Chapter 66.1
Chapter 66.2
Chapter 67
Chapter 68
Chapter 69
Chapter 70
Chapter 71
Chapter 72
Chapter 73
Chapter 74
Chapter 75
Chapter 76
Chapter 77
Chapter 78
Chapter 79
Chapter 80
Chapter 81
Chapter 82
Chapter 83
Chapter 84
Chapter 85
Chapter 86
Chapter 87
Chapter 88
Chapter 89
Chapter 90
Extra 1
Extra 2
Extra 3

Chapter 41.1

3.1K 514 2
By KimHsuYoon99

Unicode

နေ့လယ်စာစားပြီးနောက် တာ့ဝူက ပြန်သွားပြီး အိုက်၀မ်က အန်ဒီကို ပြုစုစောင့်ရှောက်ပေးဖို့ အားမိုရဲ့အိမ်ကိုသွားခဲ့တယ်။ အယ်လ်ဗင် ၊ ဆိုင်ရယ် ၊ ရှီကျယ် ၊အယ်လီနဲ့ အခြားသူတွေက  မှိုစုဆောင်းဖို့အတွက် ပိုင်မုနဲ့ တောထဲသွားကြတယ်။ သစ်တောက အရမ်းကြီးပြီး မှိုတွေအများကြီးရှိတယ်။ ပိုင်မုက လူတိုင်းကို မှိုတွေ မှတ်မိဖို့ ၊များများကောက်ပြီး အခြောက်လှန်းဖို့ ဒါမှမဟုတ် နောက်မှစားဖို့အတွက် သိမ်းဆည်းတတ်စေဖို့ သင်ပေးလိုတယ်။တပေါကလည်း သူတို့တောထဲသွားတဲ့ နောက်ကိုလိုက်ခဲ့တယ်။ ဒီတစ်ကြိမ်မှာ ကာကွယ်ပေးမယ့် orcs များစွာရှိတာကြောင့် သူတို့က တောရဲ့ပိုမိုနက်ရှိုင်းတဲ့နေရာထိ ၀င်ခဲ့ကြတယ်။

သစ်ပင်ကြီးတွေရှိတဲ့တောအုပ်ကို သူတို့ရောက်တဲ့အခါ ရပ်လိုက်ကြပြီး ပိုင်မုက ဘယ်မှိုတွေက စားလို့ရပြီး ဘယ်ဟာတွေ စားလို့မရလဲဆိုတာကို အသေးစိတ် ရှင်းပြတယ်။ မဟုတ်ရင် အန်းချီလော့လိုမျိုးပဲ ဒီလူတွေက အဆိပ်ရှိပြီး စားလို့မရတဲ့ဟာတွေကိုပဲ ကောက်နေကြမှာကို သူတကယ်စိုးရိမ်တယ်။ ပိုင်မုက ရှေ့မှာ စကားပြောနေပြီး အန်းချီလော့က ဘေးပတ်ဝန်းကျင်ကို ကြည့်နေတဲ့တပေါကို သတိပေးလိုက်တယ်။

"တပေါ ၊ မင်း အဲဒီရောင်စုံမှိုတွေကို နောက်ကျရင် မကောက်ရဘူးနော်" အန်းချီ‌လော့က ပြောလည်းပြောသလို သိပ်မဝေးတဲ့သစ်ပင်ခြေရင်းက ဖြူဖွေးနေပြီး အရမ်းဆွဲဆောင်မှုရှိတဲ့ မှိုတစ်ပွင့်ကိုညွှန်ပြလိုက်တယ်။ "အဲ့လိုကြည့်ကောင်းတဲ့ဟာတွေက စားလို့မရဘူး"

"မှိုကောက်ဖို့ သားဒီကိုရောက်နေတာမဟုတ်ဘူး" ‌တပေါက အန်းချီလော့ကို ထူးဆန်းစွာ ကြည့်လိုက်တယ်။ သူနောက်က လိုက်မယ်လို့ပဲ ပြောခဲ့တာ ။ သူမှိုကောက်ချင်တယ်လို့ မပြောခဲ့ပါဘူး။

"ဒါဆို မင်းဘာလုပ်မှာလဲ" အန်းချီလော့က ဒီကောင်လေးက သူနဲ့ မကစားချင်ဘူးလို့ တွေးနေခဲ့တယ်။ ဟုတ်တယ်မလား။

"သား ဒီကို ငှက်ဥတွေ ကောက်ဖို့ ရောက်နေတာ အစ်ကိုကြီးပိုင်မုက ကြက်ဥဆားရည်စိမ်လုပ်ဖို့ ပြောထားတယ်" တကယ်တော့ သူက ကြက်ဥမွှေကြော် တခါစားခဲ့ဖူးပြီး သူတို့ကို ဆောင်းရာသီမှာလည်း စားလို့ရရင်ကောင်းမယ်ဆိုပြီး သက်ပြင်းချခဲ့တယ်။ ပိုင်မု ကြားသွားတဲ့အခါ ကြက်ဥမွှေကြော်က စားလို့မကောင်းတော့ဘူး ကြက်ဥဆားရည်စိမ်တော့ လုပ်လို့ရကောင်းပါတယ်လို့ ပြောခဲ့တယ်လေ။ဒါနဲ့ ခြင်္သေ့လေးက ပိုင်မုကို မရပ်မနားအနှောင့်အယှက်ပေးပြီး ကြက်ဥဆားရည်စိမ်က ဘာလဲဆိုတာနဲ့ ဘယ်လိုပါဝင်ပစ္စည်းတွေ လိုအပ်လဲလို့မေးခဲ့တယ်။ ပြီးတော့ သူ့အစ်ကိုကြီးအပြင်ထွက်တဲ့အခါ  ငှက်ဥရှာပေးဖို့  အကူအညီတောင်းခဲ့တယ်။ဒါပေမယ့် ခဲယ်လ်တစ်က သူက အလွန်အမင်းအဝလွန်နေလို့ အစာစားတာကို အမြဲစိုးရိမ်နေရတယ်လို့ပဲ ပြောခဲ့တယ်။

ငှက်ဥတွေစုဆောင်းဖို့ ဘယ်သူကမှ သူ့ကိုမကူညီကြတာကြောင့် ကြက်ဥဆားရည်စိမ်ကို မစားနိုင်တော့လို့ တပေါက အရမ်းစိတ်ပျက်သွားတယ်။ ဒီနေ့မှာ သူက လူတိုင်းနဲ့အတူ တောထဲကိုသွားဖို့ အခွင့်အရေးကို နောက်ဆုံးမှာ တွေ့ရှိခဲ့တယ်။ ဟုတ်ပါတယ် သူက ဒီအခွင့်အရေးကို မဖြုန်းတီးနိုင်ပါဘူး။ သူက ငှက်ဥတွေကို ပိုစုဆောင်းချင်တယ်။

"အိုး ဒါဆို မင်းဘေးကင်းဖို့ကို အာရုံစိုက်ထားပြီး အဝေးကြီးကို မပြေးရဘူးနော်" အန်းချီလော့က ခြင်္သေ့လေးအပေါ် နားလည်မှုလွဲမှားခဲ့တာကြောင့် အနည်းငယ်ကြောင်တောင်တောင်နိုင်သွားတယ်လို့ ခံစားခဲ့ရပေမယ့်လည်း တောထဲက အန္တရာယ်ကို သတိမပေးဘဲ မနေနိုင်ပါဘူး။

ခြင်္သေ့လေးကလည်း သဘောတူလိုက်ပြီးသစ်ပင်ကြီးတစ်ပင်ပေါ်ကို ပျော်ရွှင်စွာ တက်သွားတယ်။ သူက သစ်ပင်ပေါ်မှာ ကြီးမားတဲ့ ငှက်အသိုက်ပေါင်းများစွာကို မြင်ထားပြီးသားပါ။

လူတိုင်းက ပိုင်မုကို သူတို့အတွက် မှိုတွေကို ခွဲခြားပေးဖို့ တောင်းဆိုပြီးတဲ့အခါ လူတိုင်းက စားလို့ရတဲ့ မှိုတွေနဲ့ တဖြည်းဖြည်း အကျွမ်း၀င်လာခဲ့တာကြောင့် ပိုင်မုက ရံဖန်ရံခါမှပဲ ခွဲခြားပေးရတယ် ။ ဒါပေမယ့် သူက ကြည့်ကောင်းတဲ့မှိုတွေကို ကြည့်ဖို့ စိတ်မပါ,ပါဘူး။သူ့စိတ်ထဲမှာ နှမြောစရာလေးလို့ ခံစားရတယ်။ အဆိပ်မရှိရင် အရသာရှိမယ့်ဟာကို။

နေ့ခင်းဘက်မှာ သူတို့က ကောင်းမွန်တဲ့ရိပ်သိမ်းမှုရခဲ့ပြီး လူတိုင်းရဲ့ နောက်ကျောလွယ်ခြင်းတောင်းမှာ မှိုတွေနဲ့ပြည့်နေတယ်။ တနေ့လည်ခင်းစာလေ့လာပြီးနောက်၊ သူတို့စားလို့ရတဲ့မှိုတွေကို အခြေခံတော့ မှတ်မိသွားနိုင်ပါပြီ။ခြင်္သေ့လေးကလည်း ငှက်ဥတစ်ခြင်းကို ကောက်လို့ရခဲ့တာကြောင့် သူ ကြက်ဥဆားရည်စိမ်ကို စားလို့ရပါပြီ။

ကုန်စည်တွေအပြည့်နဲ့ ပြန်လာတဲ့လူတွေက အိမ်ပြန်ဖို့ကို စိတ်အားမထက်သန်ခဲ့ကြပဲ ပိုင်မုနောက်ကို လိုက်ပြီး မှိုဆေးဖို့ စမ်းချောင်းကို သွားခဲ့ကြတယ်။ ထို့နောက် ခဲယ်လ်တစ်ရဲ့အိမ်ကို သွားကြတယ်။ မှိုဘယ်လိုလုပ်ရမလဲဆိုတာကို သူတို့က သင်ယူနေရဆဲဖြစ်ပြီး မဟုတ်ရင် သူတို့ကို အိမ်ပြန်ယူသွားတာက အသုံးမ၀င်ပါဘူး။ သူတို့က မှိုတွေကို မစားနိုင်ဘူး။ အဆိပ်မိသွားရင် ဘယ်လိုလုပ်မလဲ။

ဒါကြောင့် လူတစ်စုက ပိုင်မုရဲ့အိမ်ကို လေးနက်တဲ့ပုံစံနဲ့ သွားခဲ့ကြတယ်။ ပိုင်မုက လူတိုင်းကို အရသာရှိတဲ့အစားအစာဖြစ်အောင် မှိုဘယ်လိုချက်ရမလဲဆိုတာကို စသင်ပေးခဲ့တယ်။ ပိုင်မုက မှိုတွေကို ကြော်တဲ့အခါ ကြက်သွန်ဖြူကို ထည့်ရမယ်၊အဲ့ဒါက အဆိပ်‌ပြေစေတယ်လို့ အသားပေး(ဦးစားပေး)ပြောခဲ့တယ်။မင်းက  မချက်ပြုတ်တတ်ရင်တောင် အဆိပ်သင့်တာကို ရှောင်ကြဉ်ဖို့ ခဏလောက် ချက်ထားရပါမယ်။

"အစ်ကိုကြီးပိုင်မု မှိုစားတာက အန္တရာယ်ရှိမယ်ထင်တယ် မင်းသတိမထားရင် မင်းအဆိပ်မိလိမ့်မယ်" မှိုစားတာက အရဲစွန့်ရလွန်းတယ်လို့ ဆိုင်ရယ်ခံစားရတယ်။

"ကောင်းပြီ၊ ဒါပေမယ့် လူတိုင်းက ဒါကိုပိုအာရုံစိုက်နေသရွေ့တော့ အဆင်ပြေသွားမှာပါ အရေးကြီးဆုံးကတော့ မှိုချက်တဲ့ အခါမှာ ဝေစုများများသုံးရင် ကောင်းပါလိမ့်မယ်" ပိုင်မုက အခိုင်အမာပြောခဲ့တယ်။

“ဒါ့အပြင် မှိုတွေကို နှစ်ရဲ့ ဒီအချိန်မှာသာ ရရှိနိုင်တာဖြစ်ပြီး နောင်ကျရင် ရှိတော့မှာမဟုတ်ဘူး လူတိုင်းက သူတို့ကိုကောက်ပြီးနောက်မှာ အကုန်မစားနိုင်ကြဘူးမလား  အခြောက်လှန်းပြီး သိမ်းထားလိုက်လို့ရပါတယ်၊ စားစရာနည်းနည်းပဲရှိတဲ့ ဆောင်းရာသီမှာ စားဖို့ထုတ်ယူလို့ရတယ်"

"ဒါဆို လူတိုင်းကို မှိုကောက်ခွင့် ပြုခိုင်းဖို့ အဖေကို ပြောလို့ရမလား?" နီရှိဇ၀က  ပိုင်မုကို အာသာငမ်းငမ်းကြည့်လိုက်တယ်။

"ဒါပေါ့ မင်းတို့ကို သင်ပေးရတဲ့ ရည်ရွယ်ချက်က မင်းတို့ကို မျိုးနွယ်စုထဲက တခြားသူတွေဆီ သွားခွင့်ပေးလိုက်ဖို့ပဲ"

"မကြာခင်မှာ မျိုးနွယ်စုက စီစဉ်တဲ့ အစားအစာတွေသွားစုဆောင်းဖို့အချိန်  နောက်တစ်ကြိမ်ထပ်ရောက်တော့မယ်၊ ဒီတစ်ကြိမ်မှာ လူတိုင်းကို များများကောက်ခွင့်ပေးကြရအောင်" အခုချိန်မှာကျောပိုးအိတ်တွေ ခြင်းတောင်းတွေ ရှိနေပြီးဖြစ်လို့ ပြန်သယ်လို့ရတဲ့အရာလေးတွေအတွက် စိုးရိမ်စရာမလိုဘူးလို့ အယ်လ်ဗင်ထင်တယ်။ လူတော်တော်များများက လူတွေဆီကို ဘယ်လိုသွားရမလဲဆိုတာနဲ့   မှိုစားတာက အန္တရာယ်များပြီး အံ့သြစရာကောင်းတဲ့အရာပဲလို့ စကားစမြည်ပြောနေခဲ့ကြတယ်။ လူတိုင်းက မှိုကောက်ကြလိမ့်မယ်လို့ မျှော်လင့်တယ်။ ဒါပေမယ့် မင်းအဆိပ်မိသွားရင်တော့ အရမ်းဒုက္ခရောက်လိမ့်မယ်။ ညစာမစားခင်မှာ  ပိုင်မုက အန်ဒီနဲ့တာ့ဝူဆီကို ပို့ပေးဖို့ ခဲယ်လ်တစ်ကို အစားအစာအချို့ ပြင်ပေးခဲ့တယ်။

ညရောက်တော့ နှစ်ယောက်သား နေရာလွတ်ထဲကို ဝင်ပြီး အစာကို မြေကြီးပေါ် ချထားလိုက်တယ်။ အလုပ်ပြီးနောက် တိရစ္ဆာန်တွေကို အစာကျွေးလိုက်ပြီး နှစ်ယောက်သားက ဧည့်ခန်းထဲမှာ အနားယူဖို့ထိုင်လိုက်ကြတယ်။အခု သူတို့က အလုပ်,လုပ်ပြီးနောက်မှာ  ခဏလောက်  စကား နေ့တိုင်းပြောဖြစ်ကြတယ်။

"ခဲယ်လ်တစ် ကျွန်တော် ဆန်နဲ့ဂျုံကိုပြန်သယ်လာဖို့ အခွင့်အရေးကိုရှာချင်တယ်၊ ဆန်ခေါက်ဆွဲမရှိတဲ့နေ့တွေကို ကျွန်တော်တကယ်သည်းမခံနိုင်ဘူး" ပိုင်မုက အခု ဟင်းသီးဟင်းရွက်တွေ၊ သစ်သီးတွေနဲ့ အသားတွေကို နေ့တိုင်းစားတယ်။ အရင်က သူ့ရဲ့အဓိကအစားအစာဖြစ်တဲ့ ဆန်ခေါက်ဆွဲကို စားရဖို့သည်းမခံနိုင်တော့ဘူး။

"ကောင်းပြီ ၊ တချို့ရက်တွေ အပြင်ထွက်တဲ့အခါကျရင် တောထဲမှာတွေ့သလိုလုပ်ပြီး ကိုယ်တို့ နည်းနည်းလောက်ပြန်ယူလာကြမယ်" သူတို့ဒီလိုအရာမျိုးကိုလုပ်တာ ဒါပထမဆုံးတော့မဟုတ်ပါဘူး။ ပိုင်မု တခါတလေအစား,စားတဲ့အခါမျက်မှောင်ကြုတ်နေတာတွေ့ရရင် သူ(ခဲယ်လ်တစ်) စိတ်မသက်မသာခံစားရတယ်။

"ဒါပေမယ့် မင်းလည်းမြင်ဖူးတာပဲ ဆန်တွေကို အခွံက အကာအကွယ် ပေးထားတယ် အဲဒါတွေကို ဖယ်ရှားရင် နည်းနည်း ဒုက္ခများတယ်" သူတို့က အစားအစာ အမျိုးအစားပေါင်းများစွာကို ဘေးဖယ်ထားတဲ့နေရာတစ်ခုမှာ ရောက်နေတော့ အခု အများကြီးစုဆောင်းမိနေပါပြီ။ အဖြူရောင်နေရာလွတ်၊ တိရစ္ဆာန် မွေးမြူရေး ၊ ၀က်သားဆန်ပြုတ် အဲ့ဒါတွေအကြောင်း ခဲယ်လ်တစ်က ဆက်ပြီးစဉ်းစားခဲ့တယ်။

Zawgyi Code

ေန႕လယ္စာစားၿပီးေနာက္ တာ့ဝူက ျပန္သြားၿပီး အိုက္၀မ္က အန္ဒီကို ျပဳစုေစာင့္ေရွာက္ေပးဖို႔ အားမိုရဲ႕အိမ္ကိုသြားခဲ့တယ္။ အယ္လ္ဗင္ ၊ ဆိုင္ရယ္ ၊ ရွီက်ယ္ ၊အယ္လီနဲ႕ အျခားသူေတြက  မွိုစုေဆာင္းဖို႔အတြက္ ပိုင္မုနဲ႕ ေတာထဲသြားၾကတယ္။ သစ္ေတာက အရမ္းႀကီးၿပီး မွိုေတြအမ်ားႀကီးရွိတယ္။ ပိုင္မုက လူတိုင္းကို မွိုေတြ မွတ္မိဖို႔ ၊မ်ားမ်ားေကာက္ၿပီး အေျခာက္လွန္းဖို႔ ဒါမွမဟုတ္ ေနာက္မွစားဖို႔အတြက္ သိမ္းဆည္းတတ္ေစဖို႔ သင္ေပးလိုတယ္။တေပါကလည္း သူတို႔ေတာထဲသြားတဲ့ ေနာက္ကိုလိုက္ခဲ့တယ္။ ဒီတစ္ႀကိမ္မွာ ကာကြယ္ေပးမယ့္ orcs မ်ားစြာရွိတာေၾကာင့္ သူတို႔က ေတာရဲ႕ပိုမိုနက္ရွိုင္းတဲ့ေနရာထိ ၀င္ခဲ့ၾကတယ္။

သစ္ပင္ႀကီးေတြရွိတဲ့ေတာအုပ္ကို သူတို႔ေရာက္တဲ့အခါ ရပ္လိုက္ၾကၿပီး ပိုင္မုက ဘယ္မွိုေတြက စားလို႔ရၿပီး ဘယ္ဟာေတြ စားလို႔မရလဲဆိုတာကို အေသးစိတ္ ရွင္းျပတယ္။ မဟုတ္ရင္ အန္းခ်ီေလာ့လိုမ်ိဳးပဲ ဒီလူေတြက အဆိပ္ရွိၿပီး စားလို႔မရတဲ့ဟာေတြကိုပဲ ေကာက္ေနၾကမွာကို သူတကယ္စိုးရိမ္တယ္။ ပိုင္မုက ေရွ႕မွာ စကားေျပာေနၿပီး အန္းခ်ီေလာ့က ေဘးပတ္ဝန္းက်င္ကို ၾကည့္ေနတဲ့တေပါကို သတိေပးလိုက္တယ္။

"တေပါ ၊ မင္း အဲဒီေရာင္စုံမွိုေတြကို ေနာက္က်ရင္ မေကာက္ရဘူးေနာ္" အန္းခ်ီ‌ေလာ့က ေျပာလည္းေျပာသလို သိပ္မေဝးတဲ့သစ္ပင္ေျခရင္းက ျဖဴေဖြးေနၿပီး အရမ္းဆြဲေဆာင္မႈရွိတဲ့ မွိုတစ္ပြင့္ကိုၫႊန္ျပလိုက္တယ္။ "အဲ့လိုၾကည့္ေကာင္းတဲ့ဟာေတြက စားလို႔မရဘူး"

"မွိုေကာက္ဖို႔ သားဒီကိုေရာက္ေနတာမဟုတ္ဘူး" ‌တေပါက အန္းခ်ီေလာ့ကို ထူးဆန္းစြာ ၾကည့္လိုက္တယ္။ သူေနာက္က လိုက္မယ္လို႔ပဲ ေျပာခဲ့တာ ။ သူမွိုေကာက္ခ်င္တယ္လို႔ မေျပာခဲ့ပါဘူး။

"ဒါဆို မင္းဘာလုပ္မွာလဲ" အန္းခ်ီေလာ့က ဒီေကာင္ေလးက သူနဲ႕ မကစားခ်င္ဘူးလို႔ ေတြးေနခဲ့တယ္။ ဟုတ္တယ္မလား။

"သား ဒီကို ငွက္ဥေတြ ေကာက္ဖို႔ ေရာက္ေနတာ အစ္ကိုႀကီးပိုင္မုက ၾကက္ဥဆားရည္စိမ္လုပ္ဖို႔ ေျပာထားတယ္" တကယ္ေတာ့ သူက ၾကက္ဥေမႊေၾကာ္ တခါစားခဲ့ဖူးၿပီး သူတို႔ကို ေဆာင္းရာသီမွာလည္း စားလို႔ရရင္ေကာင္းမယ္ဆိုၿပီး သက္ျပင္းခ်ခဲ့တယ္။ ပိုင္မု ၾကားသြားတဲ့အခါ ၾကက္ဥေမႊေၾကာ္က စားလို႔မေကာင္းေတာ့ဘူး ၾကက္ဥဆားရည္စိမ္ေတာ့ လုပ္လို႔ရေကာင္းပါတယ္လို႔ ေျပာခဲ့တယ္ေလ။ဒါနဲ႕ ျခေသၤ့ေလးက ပိုင္မုကို မရပ္မနားအႏွောင့္အယွက္ေပးၿပီး ၾကက္ဥဆားရည္စိမ္က ဘာလဲဆိုတာနဲ႕ ဘယ္လိုပါဝင္ပစၥည္းေတြ လိုအပ္လဲလို႔ေမးခဲ့တယ္။ ၿပီးေတာ့ သူ႕အစ္ကိုႀကီးအျပင္ထြက္တဲ့အခါ  ငွက္ဥရွာေပးဖို႔  အကူအညီေတာင္းခဲ့တယ္။ဒါေပမယ့္ ခဲယ္လ္တစ္က သူက အလြန္အမင္းအဝလြန္ေနလို႔ အစာစားတာကို အၿမဲစိုးရိမ္ေနရတယ္လို႔ပဲ ေျပာခဲ့တယ္။

ငွက္ဥေတြစုေဆာင္းဖို႔ ဘယ္သူကမွ သူ႕ကိုမကူညီၾကတာေၾကာင့္ ၾကက္ဥဆားရည္စိမ္ကို မစားနိုင္ေတာ့လို႔ တေပါက အရမ္းစိတ္ပ်က္သြားတယ္။ ဒီေန႕မွာ သူက လူတိုင္းနဲ႕အတူ ေတာထဲကိုသြားဖို႔ အခြင့္အေရးကို ေနာက္ဆုံးမွာ ေတြ႕ရွိခဲ့တယ္။ ဟုတ္ပါတယ္ သူက ဒီအခြင့္အေရးကို မျဖဳန္းတီးနိုင္ပါဘူး။ သူက ငွက္ဥေတြကို ပိုစုေဆာင္းခ်င္တယ္။

"အိုး ဒါဆို မင္းေဘးကင္းဖို႔ကို အာ႐ုံစိုက္ထားၿပီး အေဝးႀကီးကို မေျပးရဘူးေနာ္" အန္းခ်ီေလာ့က ျခေသၤ့ေလးအေပၚ နားလည္မႈလြဲမွားခဲ့တာေၾကာင့္ အနည္းငယ္ေၾကာင္ေတာင္ေတာင္နိုင္သြားတယ္လို႔ ခံစားခဲ့ရေပမယ့္လည္း ေတာထဲက အႏၱရာယ္ကို သတိမေပးဘဲ မေနနိုင္ပါဘူး။

ျခေသၤ့ေလးကလည္း သေဘာတူလိုက္ၿပီးသစ္ပင္ႀကီးတစ္ပင္ေပၚကို ေပ်ာ္႐ႊင္စြာ တက္သြားတယ္။ သူက သစ္ပင္ေပၚမွာ ႀကီးမားတဲ့ ငွက္အသိုက္ေပါင္းမ်ားစြာကို ျမင္ထားၿပီးသားပါ။

လူတိုင္းက ပိုင္မုကို သူတို႔အတြက္ မွိုေတြကို ခြဲျခားေပးဖို႔ ေတာင္းဆိုၿပီးတဲ့အခါ လူတိုင္းက စားလို႔ရတဲ့ မွိုေတြနဲ႕ တျဖည္းျဖည္း အကြၽမ္း၀င္လာခဲ့တာေၾကာင့္ ပိုင္မုက ရံဖန္ရံခါမွပဲ ခြဲျခားေပးရတယ္ ။ ဒါေပမယ့္ သူက ၾကည့္ေကာင္းတဲ့မွိုေတြကို ၾကည့္ဖို႔ စိတ္မပါ,ပါဘူး။သူ႕စိတ္ထဲမွာ ႏွေျမာစရာေလးလို႔ ခံစားရတယ္။ အဆိပ္မရွိရင္ အရသာရွိမယ့္ဟာကို။

ေန႕ခင္းဘက္မွာ သူတို႔က ေကာင္းမြန္တဲ့ရိပ္သိမ္းမႈရခဲ့ၿပီး လူတိုင္းရဲ႕ ေနာက္ေက်ာလြယ္ျခင္းေတာင္းမွာ မွိုေတြနဲ႕ျပည့္ေနတယ္။ တေန႕လည္ခင္းစာေလ့လာၿပီးေနာက္၊ သူတို႔စားလို႔ရတဲ့မွိုေတြကို အေျခခံေတာ့ မွတ္မိသြားနိုင္ပါၿပီ။ျခေသၤ့ေလးကလည္း ငွက္ဥတစ္ျခင္းကို ေကာက္လို႔ရခဲ့တာေၾကာင့္ သူ ၾကက္ဥဆားရည္စိမ္ကို စားလို႔ရပါၿပီ။

ကုန္စည္ေတြအျပည့္နဲ႕ ျပန္လာတဲ့လူေတြက အိမ္ျပန္ဖို႔ကို စိတ္အားမထက္သန္ခဲ့ၾကပဲ ပိုင္မုေနာက္ကို လိုက္ၿပီး မွိုေဆးဖို႔ စမ္းေခ်ာင္းကို သြားခဲ့ၾကတယ္။ ထို႔ေနာက္ ခဲယ္လ္တစ္ရဲ႕အိမ္ကို သြားၾကတယ္။ မွိုဘယ္လိုလုပ္ရမလဲဆိုတာကို သူတို႔က သင္ယူေနရဆဲျဖစ္ၿပီး မဟုတ္ရင္ သူတို႔ကို အိမ္ျပန္ယူသြားတာက အသုံးမ၀င္ပါဘူး။ သူတို႔က မွိုေတြကို မစားနိုင္ဘူး။ အဆိပ္မိသြားရင္ ဘယ္လိုလုပ္မလဲ။

ဒါေၾကာင့္ လူတစ္စုက ပိုင္မုရဲ႕အိမ္ကို ေလးနက္တဲ့ပုံစံနဲ႕ သြားခဲ့ၾကတယ္။ ပိုင္မုက လူတိုင္းကို အရသာရွိတဲ့အစားအစာျဖစ္ေအာင္ မွိုဘယ္လိုခ်က္ရမလဲဆိုတာကို စသင္ေပးခဲ့တယ္။ ပိုင္မုက မွိုေတြကို ေၾကာ္တဲ့အခါ ၾကက္သြန္ျဖဴကို ထည့္ရမယ္၊အဲ့ဒါက အဆိပ္‌ေျပေစတယ္လို႔ အသားေပး(ဦးစားေပး)ေျပာခဲ့တယ္။မင္းက  မခ်က္ျပဳတ္တတ္ရင္ေတာင္ အဆိပ္သင့္တာကို ေရွာင္ၾကဥ္ဖို႔ ခဏေလာက္ ခ်က္ထားရပါမယ္။

"အစ္ကိုႀကီးပိုင္မု မွိုစားတာက အႏၱရာယ္ရွိမယ္ထင္တယ္ မင္းသတိမထားရင္ မင္းအဆိပ္မိလိမ့္မယ္" မွိုစားတာက အရဲစြန့္ရလြန္းတယ္လို႔ ဆိုင္ရယ္ခံစားရတယ္။

"ေကာင္းၿပီ၊ ဒါေပမယ့္ လူတိုင္းက ဒါကိုပိုအာ႐ုံစိုက္ေနသေ႐ြ႕ေတာ့ အဆင္ေျပသြားမွာပါ အေရးႀကီးဆုံးကေတာ့ မွိုခ်က္တဲ့ အခါမွာ ေဝစုမ်ားမ်ားသုံးရင္ ေကာင္းပါလိမ့္မယ္" ပိုင္မုက အခိုင္အမာေျပာခဲ့တယ္။

“ဒါ့အျပင္ မွိုေတြကို ႏွစ္ရဲ႕ ဒီအခ်ိန္မွာသာ ရရွိနိုင္တာျဖစ္ၿပီး ေနာင္က်ရင္ ရွိေတာ့မွာမဟုတ္ဘူး လူတိုင္းက သူတို႔ကိုေကာက္ၿပီးေနာက္မွာ အကုန္မစားနိုင္ၾကဘူးမလား  အေျခာက္လွန္းၿပီး သိမ္းထားလိုက္လို႔ရပါတယ္၊ စားစရာနည္းနည္းပဲရွိတဲ့ ေဆာင္းရာသီမွာ စားဖို႔ထုတ္ယူလို႔ရတယ္"

"ဒါဆို လူတိုင္းကို မွိုေကာက္ခြင့္ ျပဳခိုင္းဖို႔ အေဖကို ေျပာလို႔ရမလား?" နီရွိဇ၀က  ပိုင္မုကို အာသာငမ္းငမ္းၾကည့္လိုက္တယ္။

"ဒါေပါ့ မင္းတို႔ကို သင္ေပးရတဲ့ ရည္႐ြယ္ခ်က္က မင္းတို႔ကို မ်ိဳးႏြယ္စုထဲက တျခားသူေတြဆီ သြားခြင့္ေပးလိုက္ဖို႔ပဲ"

"မၾကာခင္မွာ မ်ိဳးႏြယ္စုက စီစဥ္တဲ့ အစားအစာေတြသြားစုေဆာင္းဖို႔အခ်ိန္  ေနာက္တစ္ႀကိမ္ထပ္ေရာက္ေတာ့မယ္၊ ဒီတစ္ႀကိမ္မွာ လူတိုင္းကို မ်ားမ်ားေကာက္ခြင့္ေပးၾကရေအာင္" အခုခ်ိန္မွာေက်ာပိုးအိတ္ေတြ ျခင္းေတာင္းေတြ ရွိေနၿပီးျဖစ္လို႔ ျပန္သယ္လို႔ရတဲ့အရာေလးေတြအတြက္ စိုးရိမ္စရာမလိုဘူးလို႔ အယ္လ္ဗင္ထင္တယ္။ လူေတာ္ေတာ္မ်ားမ်ားက လူေတြဆီကို ဘယ္လိုသြားရမလဲဆိုတာနဲ႕   မွိုစားတာက အႏၱရာယ္မ်ားၿပီး အံ့ၾသစရာေကာင္းတဲ့အရာပဲလို႔ စကားစျမည္ေျပာေနခဲ့ၾကတယ္။ လူတိုင္းက မွိုေကာက္ၾကလိမ့္မယ္လို႔ ေမွ်ာ္လင့္တယ္။ ဒါေပမယ့္ မင္းအဆိပ္မိသြားရင္ေတာ့ အရမ္းဒုကၡေရာက္လိမ့္မယ္။ ညစာမစားခင္မွာ  ပိုင္မုက အန္ဒီနဲ႕တာ့ဝူဆီကို ပို႔ေပးဖို႔ ခဲယ္လ္တစ္ကို အစားအစာအခ်ိဳ႕ ျပင္ေပးခဲ့တယ္။

ညေရာက္ေတာ့ ႏွစ္ေယာက္သား ေနရာလြတ္ထဲကို ဝင္ၿပီး အစာကို ေျမႀကီးေပၚ ခ်ထားလိုက္တယ္။ အလုပ္ၿပီးေနာက္ တိရစ္ဆာန္ေတြကို အစာေကြၽးလိုက္ၿပီး ႏွစ္ေယာက္သားက ဧည့္ခန္းထဲမွာ အနားယူဖို႔ထိုင္လိုက္ၾကတယ္။အခု သူတို႔က အလုပ္,လုပ္ၿပီးေနာက္မွာ  ခဏေလာက္  စကား ေန႕တိုင္းေျပာျဖစ္ၾကတယ္။

"ခဲယ္လ္တစ္ ကြၽန္ေတာ္ ဆန္နဲ႕ဂ်ဳံကိုျပန္သယ္လာဖို႔ အခြင့္အေရးကိုရွာခ်င္တယ္၊ ဆန္ေခါက္ဆြဲမရွိတဲ့ေန႕ေတြကို ကြၽန္ေတာ္တကယ္သည္းမခံနိုင္ဘူး" ပိုင္မုက အခု ဟင္းသီးဟင္း႐ြက္ေတြ၊ သစ္သီးေတြနဲ႕ အသားေတြကို ေန႕တိုင္းစားတယ္။ အရင္က သူ႕ရဲ႕အဓိကအစားအစာျဖစ္တဲ့ ဆန္ေခါက္ဆြဲကို စားရဖို႔သည္းမခံနိုင္ေတာ့ဘူး။

"ေကာင္းၿပီ ၊ တခ်ိဳ႕ရက္ေတြ အျပင္ထြက္တဲ့အခါက်ရင္ ေတာထဲမွာေတြ႕သလိုလုပ္ၿပီး ကိုယ္တို႔ နည္းနည္းေလာက္ျပန္ယူလာၾကမယ္" သူတို႔ဒီလိုအရာမ်ိဳးကိုလုပ္တာ ဒါပထမဆုံးေတာ့မဟုတ္ပါဘူး။ ပိုင္မု တခါတေလအစား,စားတဲ့အခါမ်က္ေမွာင္ၾကဳတ္ေနတာေတြ႕ရရင္ သူ(ခဲယ္လ္တစ္) စိတ္မသက္မသာခံစားရတယ္။

"ဒါေပမယ့္ မင္းလည္းျမင္ဖူးတာပဲ ဆန္ေတြကို အခြံက အကာအကြယ္ ေပးထားတယ္ အဲဒါေတြကို ဖယ္ရွားရင္ နည္းနည္း ဒုကၡမ်ားတယ္" သူတို႔က အစားအစာ အမ်ိဳးအစားေပါင္းမ်ားစြာကို ေဘးဖယ္ထားတဲ့ေနရာတစ္ခုမွာ ေရာက္ေနေတာ့ အခု အမ်ားႀကီးစုေဆာင္းမိေနပါၿပီ။ အျဖဴေရာင္ေနရာလြတ္၊ တိရစ္ဆာန္ ေမြးျမဴေရး ၊ ၀က္သားဆန္ျပဳတ္ အဲ့ဒါေတြအေၾကာင္း ခဲယ္လ္တစ္က ဆက္ၿပီးစဥ္းစားခဲ့တယ္။

Continue Reading

You'll Also Like

5.1K 57 1
လှပတဲ့အရှင်မင်းမြတ်ရဲ့နှလုံးသားထဲက အချစ်က ဒီကျွန်အတွက်တော့ ဘယ်ဟုတ်နိုင်ပါ့မလဲ။ May 14 2023- လွပတဲ့အရွင္မင္းျမတ္ရဲ႕ႏွလုံးသားထဲက အခ်စ္က ဒီကြၽန္အတြက္ေတာ...
146K 15.3K 37
Title - Didn't Love You Enough Chinese Title - 重生之宠你不够 Author - 最爱喵喵 (Zui Ai Miao Miao) Status - 56 Chapters (Completed) English Translate - Vanilla...
2.9M 230K 52
ဝိညာဉ်လွင့်ပြီးပရလောကကို ရောက်သွားတဲ့ ကောင်‌ငယ်လေးရဲ့ အချစ်ဇာတ်လမ်း started date - 26.1.2023 ended date - 31.3. 2023
343K 38K 132
Type Web Novel (CN) Genre School Life Yaoi Tags Black Belly Enemies Become Lovers Hot-blooded Protagonist Kind Love Interests Love Interest Falls in...