📻ကျွန်မရဲ့ ရေဒီယို📻
~~~~~~~~~~~~~~~~
Part_15
"ကဲ ပြော ဘာတွေရှုပ်ထားတာလဲမယ်မင်း"
"ကိုကိုယံနော် ငယ်ကဘာတွေရှုပ်ရမှာလည်း စကားပြောတာ မလွန်နဲ့"
"ငါကလွန်တယ်ဟုတ်လား မယ်မင်း သင်တန်းအရှေ့ကြီးလူမြင်ကွင်းရှေ့ ဆွဲလားရမ်းလားဖြစ်နေကြတာဘယ်သူလည်း"
"ဒါကတော့ သူလာဆွဲတာလေ ငယ်ကဆွဲပါဆွဲပါပြောနေလို့လား"
"အဆွဲမခံရအောင် မင်းကနေလေ မင်းကအိမ်ထောင်သည်နော်မယ်မင်း"
"အမယ်လေး သိပါတယ် ကိုကိုယံမိန်းမလို့တကြော်ကြော်မအော်နဲ့နော်သိတယ် မိုးကျော်ကိုလည်း ငါကအိမ်ထောင်သည်လို့ ပြောနေတာ ပြောနေရင်း ဒီကောင်က ပိုဆိုးလာတာ"
"တော်တော်အတင့်ရဲတဲ့အကောင် ဘယ်ကကောင်လည်း"
"ငယ်တို့ကျောင်းနေဖက် ငယ့်ကိုကြိုက်နေတာ ကြာပီ"
"မင်းကရော"
"သူနဲ့မကြိုက်နေလို့ ကိုကိုယံနဲ့ညားတာလေ ဒါလေးတောင်မသိဘူးလား"
"အခုသူက မင်းတို့သင်တန်းကလား"
"မဟုတ်ပါဘူး ဘယ်ကဘယ်လို ဒီကောင်ကပေါ်လာလည်းမသိတာ"
"သင်တန်းမှာဒီကောင်ရှိနေရင်တော့ တစ်ခါတည်းအဲ့သင်တန်းကထွက်ဖို့ပြင်ထား"
"ထွက်စရာလား သူလည်းရှိမနေပါဘူး ရှိနေလည်း ငယ်က ကိုယ့်butterflyကိုယ်လုံတယ် ထွက်စရာကိုမလိုတာ"
"အေး အနေအထိုင်ကြည့်ကြပ်နေ နောက်တစ်ခါဆို အဲ့ကောင်ခေါင်းအကွဲပဲ"
"အမယ်လေး ဆရာဝန်ကြီးက လူသတ်မယ့်အကြောင်းကြီးပြောနေပါလား"
"ဟာ့ ဒါကတော့ဒီကောင်ကငါ့မိန်းမကို လာ...."
ဆက်ကောင်းယံ ပြောနေရင်းမှ မယ်မင်းရဲ့ပြုံးစိစိမျက်နှာကြီးကြောင့် ငြိမ်သက်သွားကာစကားကိုရပ်တန့်လိုက်လေသည်....
"ငါ့မိန်းမကို ဘာဖြစ်လဲ ဆက်ပြောလေ ကိုကို"
"ငါရေသွားချိုးတော့မယ် "
ကြည့် စကားကိုအစ်အောက်ပြီးမေးမလို့ဟာကို ရေချိုးမယ်ဆိုပြီးရှောင်ထွက်သွားတာ လစ်ခနဲ.....
_
_
_
_
_
ထမင်းစားနေတုန်း ကိုကိုယံနဖူးကို သေချာကြည့်တော့ ဘာမှတော့မဖြစ် ပထမတစ်ခါဟန်းနီးမွန်းတုန်းကလည်း သဲတွေကိုခြေထောက်နဲ့ကန်တယ် အခုတစ်ခါလည်း လက်သီးမသုံးဘဲ ခေါင်းကိုသုံးပြန်တယ် မထိုးတတ်တာလားကိိုကိုယံက.....
"ဒါနဲ့ ကိုကိုယံ ငယ်မေးစရာရှိတယ်"
"ကိုကိုယံ ထိုးတတ်လား"
"ဘာထိုးတာလဲ"
"ရွှီ ရွှီ လက်ဝှေ့ လက်သီးထိုးတာကိုပြောတာ"
မယ်မင်းက လက်သီးလက်မောင်းတန်းကာ သူ့ကိုထိုးတတ်လား စပ်စုနေလေသည်....
"ဘာဖြစ်လို့မေးတာလည်း"
"ပထမတစ်ခါကတော့ လူများလို့ သဲနဲ့ပက်သလို တုံ့ပြန်တာကထားလိုက် အခုက မိုးကျော်အောင်တစ်ယောက်တည်းလေ ထိုးချင်ရင်လက်သုံးပေါ့ ဘာလို့ခေါင်းသုံးတာလဲ ခေါင်းမာတာကိုကြွားချင်တာလား"
"ငါကဆရာဝန်လေ General Surgery ခွဲစိတ်ဆရာဝန်တစ်ယောက်အတွက် အရေးကြီးဆုံးကလက်ဘဲ ငါ့လက်ကိုနည်းနည်းလေးမှ အနာတရအဖြစ်မခံနိုင်ဘူး လက်ကလှုပ်ရှားရတာ ခက်ခဲသွားရင် ငါခွဲစိတ်တဲ့နေရာမှာအမှားပါသွားရင် လူအသက်တစ်ချောင်းဆုံးရှုံးနိုင်တယ် ဒါကြောင့်မို့ အဲ့ကောင်ကို လက်သီးနဲ့မထိုးတာ ရှင်းပြီလား"
"ဟုတ်ကဲ့ပါ နားလည်ပါပီ"
_
_
_
_
_
_
_
"ဒါကဘယ်လည်း မယ်မင်း"
"ရေကူးကန်သွားမလို့"
"ရေကူးချင်တာ ဟိုဘက်အိမ်မှာကူးလည်းရတာပဲ ရေကူးကန်ရှိတယ်လေ"
"အိမ်ရေကူးကန်မှာမကူးချင်ပါဘူး ရေလွှာလျှောပါတာမျိုးမှာကူးချင်တာ "
"ဒီနေ့ပိတ်ရက်လေ အိမ်မှာမနေပဲ လျှောက်သွားမလို့လား"
"ခဏလေးပါ ပိုပိုလည်းအားတုန်း ချိန်းထားတာ"
မဖြစ်သေးပါဘူးနောက်ဆို အိမ်မှာ ရေကူးကန်ထည့်ပြီး ရေလွှာလျှောပါထည့်ပေးထားရမယ် မဟုတ်ရင်အများသုံးရေကူးကန်တွေညစ်ညစ်ပတ်ပတ်ကို ကူးနေမှာ ဒီကောင်မလေးမရွံဘူးလားမသိ......
တကယ်ကြီးထွက်သွားတဲ့ မယ်မင်းကြောင့် ဒီပါဆီဖုန်းလှမ်းဆက်လိုက်ရတော့သည်....
"ကလေးငယ်က ငါ့ကိုဘာမှမပြောဘူး "
"ပိုပိုနဲ့မယ်မင်းချိန်းတိုင်း ပိုပိုကမင်းကိုဘယ်တုန်းကပြောလို့လည်း"
"ဘယ်ရေကူးကန်လည်းမင်းသိလား ဆက်"
"ငါမမေးမိလိုက်ဘူး ရေလွှာလျှောပါတဲ့ရေကူးကန်လို့တော့ပြောတယ်"
"ဒါဆို ခဏလေးဆက် ငါစုံစမ်းလိုက်မယ် သိရရင် ငါစာပို့လိုက်မယ်"
ထွဋ်ဒီပါလင်းအတွက်ကတော့ သူ့ကလေးငယ်ဘယ်မှာရှိနေလည်းဆိုတာရှာဖို့ကအချိန်အများကြီးပေးစရာမလိုပါ တည်နေရာသိတာနဲ့ သူနဲ့ဆက်ကောင်းယံထို Swimming poolကိုထွက်လာခဲ့လိုက်သည်....
ဆက်ကောင်းယံ မျက်လုံးက ရေကူးကန်ထဲဝင်တာနဲ့ သူ့ဇနီးငယ်ကိုရှာနေခဲ့သည်....
Swimsuit အနက်ကိုပန်းရောင်နဲ့ကပိုပိုဖြစ်ကာဘေးကိုကြည့်လိုက်တော့ အဝါစင်းနဲ့ မယ်မင်းကိုသူတွေ့လိုက်ပါပီ...ဒါပေမယ့် နှစ်ယောက်သားဘာတွေတိုးတိုးပြောပြီးရယ်မောနေလည်းမသိ သူတို့ကိုမမြင်ပါ....ထိုနောက်နှစ်ယောက်သား အင်္ကျီမပါတဲ့ အမျိုးသားတွေကို လက်ညိုးထိုးနေကြလေသည်....
"ဟာ ဒီကလေးတော့"
သူ့ဘေးကဒီပါကတော့ စိတ်ဆက်သူပီပီ တင်းမာနေပြီဖြစ်ကာခြေလှမ်းသွက်သွက်နဲ့သူမတို့နားသွားနေပြီဖြစ်သည်..သူလည်း ဒီပါဘေးကနေကပ်လိုက်သွားလိုက်သည်...
"ငယ် ဟိုလူကြီးက ပိုမာဆယ်တောင့်တယ်မဟုတ်လား"
"ပိုပိုကလည်း ဟိုကောင်လေးကိုကြည့် 6 packsတောင်မဟုတ်ဘူး 8 packsတောင်ဟ"
"အေးနော် သန်မာနေမှာ"
"အသေအချာဘဲ ပေါင်မုန့်ကြီးတွေ ကိုင်ချင်လိုက်တာဟယ် မာတောင့်နေမှာနော် ပိုပို"
"ဒါပေါ့ငယ်ရယ်"
"တော်တော်ကိုင်ချင်နေကြတယ်ပေါ့လေ"
အနောက်အသံသြသြတွေကြောင့်လှည့်ကြည့်လိုက်တော့ ...
"ဟင် ကိုကြီး"
"ကိုကိုယံ"
ဒီပါနဲ့ပိုပို ဘာဆက်ဖြစ်မလဲ သူဘာဆက်ဖြစ်မလဲမသိချင်တော့ပါ သူနရင်းပိတ်တီးနေချင်တာက သူ့မိန်းမကိုဖြစ်သည်....
"လာစမ်း မယ်မင်း"
"အမေ့ "
ငယ့်ကိုခါးကနေမချီကာ ထမ်းသွားတဲ့ ကိုကိုယံ....
"ကိုကိုယံ ဘာလုပ်တာလဲ အောက်ချပေး "
"ငြိမ်ငြိမ်နေနော် မယ်မင်း ငါအခုမင်းကိုတစ်စစီလုပ်ချင်နေတာ "
လူရှင်းတဲ့နေရာရောက်တော့ ကိုကိုယံက ငယ်ကိုယ်ကို အောက်သို့ချလိုက်ကာ စတိုင်ဘောင်းဘီအဖြူထဲထည့်ဝတ်ထားတဲ့ သူရဲ့ သခွားမွှေးရောင်ရှပ်အင်္ကျီကို ဆွဲထုတ်လိုက်ပါသည်....
"ဘာ...ဘာလုပ်တာလဲ"
ပြောနေရင်း ရှပ်အင်္ကျီကြယ်သီးတွေကိုပါဖြုတ်လာကာ သူ့ရင်ဘတ်ကြီးကို ပုတ်ပြလေသည်...
"လာလေ ထိကြည့်ကိုင်ကြည့် ငါ့မှာလည်း 8 packsနဲ့"
"ငမ်းစရာမလိုဘူး ကိုင်လို့ရတယ် ငါကမင်းအပိုင်"
"အပိုတွေ မကိုင်ချင်ပါဘူး"
မယ်မင်းကသူ့ကိုမျက်စောင်းထိုးကာ ဟိုဘက်ကိုမျက်နှာလွှဲထားလေသည်...
"ဘာလို့လဲ ငါလည်း သန်မာတဲ့မာဆယ်တွေနဲ့လေ ကိုင်ကြည့်စမ်းပါ"
"ရော့"
ငယ့်လက်ကို လက်ကောက်ဝတ်ကနေ လှမ်းဆွဲကိုင်ကာ အတင်းကြီး သူပေါင်မုန့်တွေပေါ်ကို အတင်းလက်လှမ်းတင်ပေးလေသည်....
"ဟင်"
တကယ်ကြီး သန်မာတောင့်တင်းကာမာကျောကျစ်လစ်နေသော မာဆယ်များကြောင့်ငယ့်မှာအံ့သြရပါသည်...
ဆက်ကောင်းယံလည်း လုပ်ချင်ရာလုပ်ပြီးမှ အခုမှကိုယ့်အဖြစ်ကိုယ်သတိရကာ ချောင်းတစ်ချက်ပြန်ဟန့်ကာ မယ်မင်းလက်ကိုလွှတ်ပေးပြီး အင်္ကျီကြယ်သီးတွေပြန်တပ်ရလေတော့သည်...မယ်မင်းက တခြားကောင်လေးတွေလိုက်ကြည့်နေချိန် စိတ်ကလွတ်ထွက်သွားတာမို့သူ့ကိုယ်သူတောင်ဘာလုပ်မိမှန်းမသိလိုက်....
" အ ဟင်း အင်္ကျီလဲပြီး အခုချက်ချင်း ကားထားတဲ့နေရာကို လာခဲ့ အိမ်ပြန်မယ်"
အခုနကကျတော့တစ်မျိုး အခုကျတော့ သူမဟုတ်တော့တဲ့အတိုင်း ဒီကိုကိုယံရူးနေတာများလား ....
ဒါပေမယ့် Body structureကတော့ ငယ်ယောကျာ်းကတော်တော်မိုက်တာပဲ တောင့်တင်းနေတာပဲ...ရယ်စရာလည်းကောင်းသား ကိုယ့်ယောကျာ်း ခန္ဓာကိုယ်အခုမှသေချာမြင်ဖူးရတယ်လို့........
_
_
_
_
_
_
ဒီနေ့က ကိုကိုယံ မေမေရဲ့တူတစ်ယောက်မင်္ဂလာဆောင်ရှိတာမို့ ငယ်နဲ့ကိုကိုယံလည်း ထိုမင်္ဂလာဆောင်ကို တက်ရလေသည်......
"ပျင်းနေပြီလား မယ်မင်း "
"ဟုတ်တယ် ကိုကိုယံ ပြီးမှ ပြန်ရမှာလားဟင်"
"ဟုတ်တယ် ကြီးမေက မိသားစုဓါတ်ပုံရိုက်ချင်လို့ ပြီးမှ ပြန်ပါလို့ပြောထားတယ်"
"ဒါဆိုလည်း ပြီးတဲ့အထိထိုင်စောင့်ရမှာပေါ့"
မယ်မင်းကတော့ အခုထိသူတို့အမျိုးတွေနဲ့စိမ်းနေသေးတော့ နေထိုင်ရခက်နေတဲ့ပုံဖြစ်သည်.....
"လာလေ ခဏအပြင်ထွက်လမ်းလျှောက်ကြမယ် "
"ကောင်းတယ် အဲ့အစီအစဥ်"
ညလေအေးအေးလေးတိုက်နေတာမို့ နေရထိုင်ရလန်းဆန်းသွားကာ ငယ်တို့ ဟိုတယ်တစ်ပတ်လျှောက်နေရတာညောင်းမှန်းမသိ....
"ဟင် ဘာဖြစ်တာလဲ"
ပဲများကာဝတ်လာတဲ့ ဒေါက်ဖိနပ်အချွန်က အလှစီထားတဲ့အုတ်ခဲကျိုးတွေကြားညှပ်သွားကာထုတ်မရ....
"မယ်မင်း လာလေဘာလုပ်နေတာလည်း"
"ဟုတ် လာပီ"
အားနဲ့ ရုန်းလိုက်တာ ကျွံနေတဲ့ထောင့်အချွန်ကပြန်ပါမလာဘဲ လူကသာ ဒူးထောက်လျက်သား ကျတော့သည်....
"အာ့"
"မယ်မင်း "
"ဘယ်လိုဖြစ်တာလည်း"
"ဘာမှမဖြစ်ဘူးရတယ် ဖိနပ်ထုတ်မရတာ"
"ခြေထောက်ထိသွားလား ပြစမ်း"
"မထိဘူး ဘာမှမဖြစ်ဘူး"
တကယ်ကငယ့်ဒူးတော်တော်အီစိမ့်သွားတာပါ မြန်မာဝတ်စုံဝတ်လာတာဆိုတော့ ထဘီကြီးလှန်ပြရမှာရှက်တာကြောင့် ဘာမှမဖြစ်ဘူးလို့ ကိုကိုယံကိုညာလိုက်ရတော့သည်....
ဖိနပ်ကို လက်နဲ့ဆွဲယူကာ Toiletကိုပြေးရတော့သည်...ဒူးကအသေနာကာ ခြေထောက်ကမနည်းထောက်နေရသည်..အိမ်သာထဲ ထဘီလှန်ကြည့်မှ ဒူးပြဲသွားတာမို့ ပိုက်ဆံအိတ်ထဲက ပလာစတာကိုသာ ကပ်ထားလိုက်ရတော့သည်....
ဆက်ကောင်းယံမယ်မင်းလမ်းလျှောက်နေပုံကိုကြည့်ရတာ မူမမှန်တာသူသိသည်...
"မယ်မင်း ခြေထောက်နာနေတာမဟုတ်လား"
"နည်းနည်းပါကိုကို လာလေ ဟိုမှာပုံရိုက်ဖို့ခေါ်နေပြီ"
အပြန်လမ်းကားသာမောင်းနေတာ ဆက်ကောင်းယံမယ်မင်းမျက်နှာကိုသာလှမ်းလှမ်းကြည့်နေမိသည်...ဘယ်နေရာထိသွားလည်း နာနေတာတော့ကျိန်းသေတယ်...မျက်လုံးက ထဘီဒူးနားကိုရောက်သွားခိုက် မိုးပြာရောင်ကြိုးကြီးချိတ်ပေါ်ဝယ် သွေးစများတွေ့လိုက်ရတော့သည်...
အိမ်ရှေ့ရောက်နေပြီမို့ ကားကိုခြံထဲမောင်းဝင်လိုက်ကာ....
"မယ်မင်း မဆင်းသေးနဲ့ ခဏ"
ကားဘေးကိုပတ်လျှောက်သွားကာ မယ်မင်းထိုင်နေတဲ့ တံခါးဘက်ကိုဆွဲဖွင့်လိုက်လေသည်....
"မယ်မင်း ဒီဘက်လှည့်"
"ဘာလုပ်မလို့လဲ"
"လှည့်ဆို"
ငယ်လည်းသူပြောသလို သူ့ဘက်ကို မျက်နှာမူကာထိုင်လိုက်လေသည်...ကိုကိုက ကားအံဖုံးထဲက ဆေးသေတ္တာသေးသေးကိုယူလိုက်လေသည်...ထို့နောက်ငယ်ထဘီကို မတင်လေသည်...
"ကိုကိုယံ"
"ဒဏ်ရာရထားတာ ငါသိတယ်မယ်မင်း လက်ကိုဖယ်"
ငယ်လက်ကိုဖယ်ကာ ကိုယ်တိုင်ပဲထဘီကို မတင်လိုက်လေတော့သည်....
"ဘာဆေးမှမလိမ်းပဲ ပလာစတာကပ်တော့ အနာကိုပိုလှောင်လိုက်တာနဲ့အတူတူပဲ"
"သွေးထွက်နေတော့အရေးပေါ်အနေနဲ့ပါ"
"မင်းယောကျာ်းဆရာဝန်တစ်ယောက်လုံး အနားမှာရှိတာမေ့နေတာလား"
"ဟို ...ဒါက...အားးး"
ပလာစတာကိုဆွဲခွာလိုက်တာမို့ ငယ် အော်မိကာ လက်တစ်ဖက်က ကိုကိုယံပခုံးကို ကိုင်လိုက်မိတော့သည်....
အရက်ပျံလေးစွတ်ကာ တဟူးဟူးမှုတ်ပေးပြီး ဆေးတောင့်လေးညှစ်ပေးကာ တဟူးဟူးနဲ့မှုတ်ပေးနေပြန်သည်....နှုတ်ခမ်းရဲရဲလေးကစုလိုက်ချွန်လိုက်မှုတ်ပေးနေပုံက ငယ်အတွက်အသဲတွေယားလာလေသည်.....
"ပြွတ်စ်"
ဆက်ကောင်းယံတစ်ယောက်နဖူးပေါ်ကျလာတဲ့ အနမ်းခပ်နွေးနွေးကြောင့် လူက မျက်လုံးအစုံပြူးထွက်သွားလေတော့သည် ...
~~~~~~~~~~~~~~~~~~~~~~~~
ဆက်ရန်
Part _16
📻ကျွန်မရဲ့ ရေဒီယို📻
~~~~~~~~~~~~~~~~
Part_15
"မင်းကရော"
_
_
_
_
_
ထမင်းစားနေတုန်း ကိုကိုယံနဖူးကို သေချာကြည့်တော့ ဘာမှတော့မဖြစ် ပထမတစ်ခါဟန်းနီးမွန်းတုန်းကလည်း သဲတွေကိုခြေထောက်နဲ့ကန်တယ် အခုတစ်ခါလည်း လက်သီးမသုံးဘဲ ခေါင်းကိုသုံးပြန်တယ် မထိုးတတ်တာလားကိုကိုယံက.....
"ကိုကိုယံ ထိုးတတ်လား"
"ဘာထိုးတာလဲ"
"ဘာဖြစ်လို့မေးတာလည်း"
"ဟုတ်ကဲ့ပါ နားလည်ပါပီ"
_
_
_
_
_
_
_
"ဒါကဘယ်လည်း မယ်မင်း"
"ရေကူးကန်သွားမလို့"
"ဟာ ဒီကလေးတော့"
"အေးနော် သန်မာနေမှာ"
"ဒါပေါ့ငယ်ရယ်"
"ဟင် ကိုကြီး"
"ကိုကိုယံ"
"လာစမ်း မယ်မင်း"
"အမေ့ "
"ဘာ...ဘာလုပ်တာလဲ"
"ရော့"
"ဟင်"
_
_
_
_
_
_
"ကောင်းတယ် အဲ့အစီအစဉ်"
"ဟင် ဘာဖြစ်တာလဲ"
"ဟုတ် လာပီ"
"အာ့"
"မယ်မင်း "
"ဘယ်လိုဖြစ်တာလည်း"
"မထိဘူး ဘာမှမဖြစ်ဘူး"
"မယ်မင်း ဒီဘက်လှည့်"
"ဘာလုပ်မလို့လဲ"
"လှည့်ဆို"
"ကိုကိုယံ"
"ဟို ...ဒါက...အားးး"
အရက်ပျံလေးစွတ်ကာ တဟူးဟူးမှုတ်ပေးပြီး ဆေတောငျ့းလေးညှစ်ပေးကာ တဟူးဟူးနဲ့မှုတ်ပေးနေပြန်သည်....နှုတ်ခမ်းရဲရဲလေးကစုလိုက်ချွန်လိုက်မှုတ်ပေးနေပုံက ငယ်အတွက်အသဲတွေယားလာလေသည်.....
"ပြွတ်စ်"
~~~~~~~~~~~~~~~~~~~~~~~~
ဆက်ရန်
Part _16