𝐈𝐦𝐦𝐨𝐫𝐭𝐚𝐥 𝐅𝐨𝐞𝐬...

By harley__robbie

133K 7.7K 969

ချယ်ရီကြွေတွေပေါ်မှာ ဒူးထောက်ကာ တောင်းပန်ပြီးနောက် ... ဒီအမတလမ်းခရီးမှာ မင်းတစ်ယောက်သာ ကိုယ်ရူးရမိပါကြောင်း... More

Prolouge (U)
Prolouge (Z)
About Order!!
Please Read!💖 (U+Z) /12.8.2023/
ℭ𝔥𝔞𝔭𝔱𝔢𝔯 1 - Demon Exorcist Jeremiah (U)
ℭ𝔥𝔞𝔭𝔱𝔢𝔯 1 - Demon Exorcist Jeremiah (Z)
ℭ𝔥𝔞𝔭𝔱𝔢𝔯 2 - Prince 's Funeral (U)
ℭ𝔥𝔞𝔭𝔱𝔢𝔯 2 - Prince 's Funeral (Z)
ℭ𝔥𝔞𝔭𝔱𝔢𝔯 3 - Toxic Birthday Party (U)
ℭ𝔥𝔞𝔭𝔱𝔢𝔯 3 - Toxic Birthday Party (Z)
ℭ𝔥𝔞𝔭𝔱𝔢𝔯 4 - Lustful Enemy (U)
ℭ𝔥𝔞𝔭𝔱𝔢𝔯 4 - Lustful Enemy (Z)
ℭ𝔥𝔞𝔭𝔱𝔢𝔯 5 - A Night with Dangerous Enemy (U)
ℭ𝔥𝔞𝔭𝔱𝔢𝔯 5 - A Night with Dangerous Enemy (Z)
ℭ𝔥𝔞𝔭𝔱𝔢𝔯 6 - Dancing Before The Next Battle (U)
ℭ𝔥𝔞𝔭𝔱𝔢𝔯 6 - Dancing Before The Next Battle (Z)
ℭ𝔥𝔞𝔭𝔱𝔢𝔯 7 - Ice Dragon Crown Prince (U)
ℭ𝔥𝔞𝔭𝔱𝔢𝔯 7 - Ice Dragon Crown Prince (Z)
ℭ𝔥𝔞𝔭𝔱𝔢𝔯 8 - Soft Kiss to Special Body Pillow (U)
ℭ𝔥𝔞𝔭𝔱𝔢𝔯 8 - Soft Kiss to Special Body Pillow (Z)
𝕮𝖍𝖆𝖕𝖙𝖊𝖗 9 - War for Valentine (U)
𝕮𝖍𝖆𝖕𝖙𝖊𝖗 9 - War for Valentine (Z)
𝕮𝖍𝖆𝖕𝖙𝖊𝖗 10 - The Real Meaning of " Good Luck " (U)
𝕮𝖍𝖆𝖕𝖙𝖊𝖗 10 - The Real Meaning of " Good Luck " (Z)
Jere & Christ Art
Jeremiah's Art (Anime Version ) & Character Details
Christopher 's Art (Fox & Human Forms) & Character Details
Gavain AI version (Made with Dream App) Unicode
Gavain AI version (Made with Dream App) Zawgyi
𝕮𝖍𝖆𝖕𝖙𝖊𝖗 11 - My Beautiful Little Chris (U)
𝕮𝖍𝖆𝖕𝖙𝖊𝖗 11 - My Beautiful Little Chris (Z)
ℭ𝔥𝔞𝔭𝔱𝔢𝔯 12 - The Lost Memories (U)
ℭ𝔥𝔞𝔭𝔱𝔢𝔯 12 - The Lost Memories (Z)
ℭ𝔥𝔞𝔭𝔱𝔢𝔯 13 - The Beautiful Kimono (U)
ℭ𝔥𝔞𝔭𝔱𝔢𝔯 13 - The Beautiful Kimono (Z)
ℭ𝔥𝔞𝔭𝔱𝔢𝔯 14 - Is it over? (U)
ℭ𝔥𝔞𝔭𝔱𝔢𝔯 14 - Is it over? (Z)
ℭ𝔥𝔞𝔭𝔱𝔢𝔯 15 - Story Untold (U)
ℭ𝔥𝔞𝔭𝔱𝔢𝔯 15 - Story Untold (Z)
The Seven Immortal Freeman Grandpas (AI art Version)
The Seven Immortal Freeman Grandpas (AI art Version) Zawgyi
ℭ𝔥𝔞𝔭𝔱𝔢𝔯 16 - The hell inside a heart (U)
ℭ𝔥𝔞𝔭𝔱𝔢𝔯 16 - The hell inside a heart (Z)
ℭ𝔥𝔞𝔭𝔱𝔢𝔯 17 - The Alluring Sirens (U)
ℭ𝔥𝔞𝔭𝔱𝔢𝔯 17 - The Alluring Sirens (Z)
ℭ𝔥𝔞𝔭𝔱𝔢𝔯 18 - Your Tiny Heart (U)
ℭ𝔥𝔞𝔭𝔱𝔢𝔯 18 - Your Tiny Heart (Z)
Mondy's Art ( Chibi Version & AI Version)
Wonderful Paradise (Dark Fan Service 1 )
ℭ𝔥𝔞𝔭𝔱𝔢𝔯 19 - Surprise Day (U)
ℭ𝔥𝔞𝔭𝔱𝔢𝔯 19 - Surprise Day (Z)
ℭ𝔥𝔞𝔭𝔱𝔢𝔯 20 - A good kisser (U)
ℭ𝔥𝔞𝔭𝔱𝔢𝔯 20 - A good kisser (Z)
ℭ𝔥𝔞𝔭𝔱𝔢𝔯 21 - A New Family Member
ℭ𝔥𝔞𝔭𝔱𝔢𝔯 21 - A New Family Member (Z)
ℭ𝔥𝔞𝔭𝔱𝔢𝔯 22 - Morra or Dan Morra ? (U)
ℭ𝔥𝔞𝔭𝔱𝔢𝔯 22 - Morra or Dan Morra ? (Z)
ℭ𝔥𝔞𝔭𝔱𝔢𝔯 23 - A new memory
ℭ𝔥𝔞𝔭𝔱𝔢𝔯 23 - A New Memory (Z)
ℭ𝔥𝔞𝔭𝔱𝔢𝔯 24 - Not Your Brother Jere
ℭ𝔥𝔞𝔭𝔱𝔢𝔯 24 - Not Your Brother Jere (Z)
Passionate Screaming (Dark Fan Service 2)
ℭ𝔥𝔞𝔭𝔱𝔢𝔯 25 - True Loves?
ℭ𝔥𝔞𝔭𝔱𝔢𝔯 25 - True Loves ? (Z)
ℭ𝔥𝔞𝔭𝔱𝔢𝔯 26 - Energy and Mantras
𝕮𝖍𝖆𝖕𝖙𝖊𝖗 26 - Energy and Mantras (Z)
ℭ𝔥𝔞𝔭𝔱𝔢𝔯 27 - A Prisoner in the Moon Palace
ℭ𝔥𝔞𝔭𝔱𝔢𝔯 27 - A Prisoner in the Moon Palace (Z)
ℭ𝔥𝔞𝔭𝔱𝔢𝔯 28 - The Smile
𝕮𝖍𝖆𝖕𝖙𝖊𝖗 28 - The Smile (Z)
ℭ𝔥𝔞𝔭𝔱𝔢𝔯 29 - The Traitorous Mafia Bosses
ℭ𝔥𝔞𝔭𝔱𝔢𝔯 29 - The Traitorous Mafia Bosses (Z)
ℭ𝔥𝔞𝔭𝔱𝔢𝔯 30 - The Greatest Exorcists
ℭ𝔥𝔞𝔭𝔱𝔢𝔯 30 - The Greatest Exorcists (Z)
ℭ𝔥𝔞𝔭𝔱𝔢𝔯 31 - A Promise of Happiness
ℭ𝔥𝔞𝔭𝔱𝔢𝔯 31 - A Promise of Happiness (Z)
ℭ𝔥𝔞𝔭𝔱𝔢𝔯 32 - Romance After Flames
ℭ𝔥𝔞𝔭𝔱𝔢𝔯 32 - Romance After Flames (Z)
ℭ𝔥𝔞𝔭𝔱𝔢𝔯 33 - Thank You, Father
ℭ𝔥𝔞𝔭𝔱𝔢𝔯 33 - Thank You, Father (Z)
ℭ𝔥𝔞𝔭𝔱𝔢𝔯 34 - Under the Moonlight Ocean
ℭ𝔥𝔞𝔭𝔱𝔢𝔯 34 - Under the Moonlight Ocean (Z)
ℭ𝔥𝔞𝔭𝔱𝔢𝔯 35 - My Boss's Wild Love Confession (U)
ℭ𝔥𝔞𝔭𝔱𝔢𝔯 35 - My Boss's Wild Love Confession (Z)
ℭ𝔥𝔞𝔭𝔱𝔢𝔯 36 - Reunion of Father & Son (U)
ℭ𝔥𝔞𝔭𝔱𝔢𝔯 36 - Reunion of Father & Son (Z)
ℭ𝔥𝔞𝔭𝔱𝔢𝔯 37 - Hate & Love (U)
ℭ𝔥𝔞𝔭𝔱𝔢𝔯 37 - Hate & Love (Z)
ℭ𝔥𝔞𝔭𝔱𝔢𝔯 38 - "Jeremiah ... Be Pregnant!" (U)
ℭ𝔥𝔞𝔭𝔱𝔢𝔯 39 - The End of Immortal Foes (U)
ℭ𝔥𝔞𝔭𝔱𝔢𝔯 39 - The End of Immortal Foes (Z)
ℭ𝔥𝔞𝔭𝔱𝔢𝔯 40 (Final / U)
ℭ𝔥𝔞𝔭𝔱𝔢𝔯 40 (Final/ Z)
𝐄𝐱𝐭𝐫𝐚 𝟏 : Love Poems (U)
𝐄𝐱𝐭𝐫𝐚 𝟏 : Love Poems (Z)
𝐓𝐡𝐚𝐧𝐤 𝐲𝐨𝐮 𝐟𝐨𝐫 𝐲𝐨𝐮𝐫 𝐬𝐮𝐩𝐩𝐨𝐫𝐭!
I prepared my plot and researched like this!!
Character Explanation About Mondy (Unicode & Zawgyi)
To Dear Readers (11.7.2022) U + Z
My New Fiction (Eternal Sunshine) U+Z
❤️ Physical Book Coming Soon ❤️
‼️Green Lantern Book House‼️

ℭ𝔥𝔞𝔭𝔱𝔢𝔯 38 - "Jeremiah ... Be Pregnant!" (Z)

264 18 0
By harley__robbie

╔═════ ࿇ ═════╗

𝕮𝖍𝖆𝖕𝖙𝖊𝖗 38
"Jeremiah ... Be pregnant! "

╚═════ ࿇ ═════╝


ဂျရယ်မိုင်ရာက Teleport အတွင်းကနေ အရင်ဆုံးထွက်လာခဲ့သည်။ သူခေါ်လာသည့်နေရာက ခရစ်စတိုဖာနှင့်ခေတ္တတည်းခိုနေထိုင်ရာ ဘုန်းတော်ကြီးကျောင်းရှိ အခန်းဆောင်ပင်။ ဂျရယ်မိုင်ရာက ကြမ်းပြင်ပေါ်က မွေ့ရာပေါ်သို့ မေးငေါ့ကာ လက်ညိုးညွှန်ပြလိုက်သည်။

" သူ့ကို ဒီမှာချလိုက် "

ကီရမ်က မွန်ဒီ၏ကိုယ်လေးကို ညင်သာစွာ မွေ့ယာပေါ်ကို ချသည်။ ဂျရယ်မိုင်ရာလည်း မွန်ဒီ့ကို အမြန်ဆုံးကုသပေးရန် ပြင်ဆင်သည်။ သူ၏ပါးစပ်ကနေ ဂါထာမန္တန်များ ရွတ်ဆိုကာ ကုသပေးသည်။ သို့သော်ဒဏ်ရာက အရှင်းမပျောက်နိင်ဘဲ အဆိပ်ကျန်နေသေး၏။မွန်ဒီ၏ အဆိပ်ကို အမြစ်ပျက်အောင်ကုသပေးနိုင်မည့်သူကို စဉ်းစားလိုက်သောအခါ ကိုတကို သတိရမိသည်။ ထို့ကြောင့် စောင့်တာ ဒီတိုင်းမစောင့်ခိုင်းရင် ကောင်းမလားလို့ သူ့အစွမ်းနှင့် အဆိပ်ကို ထိန်းထားရင်း ကိုတအလာကို စောင့်ဆိုင်းနေရုံသာ။

ကီရမ်ကလည်း ရေခဲအဆိပ်တက်နေသဖြင့် မွန်ဒီ့အနားမှာ တုန်ယင်စွာ ထိုင်နေခဲ့သည်။ ဂျရယ်မိုင်ရာလည်း သူ့ပုံစံကို သတိထားမိခဲ့၏။

" မင်း လှဲချလိုက် ... အဆိပ်တွေ ပိုမပျံ့လာခင် ငါရသလောက် ဖြေပေးထားမယ် ... ငါ့ကုသနည်းက မင်းကိုယ်ပေါ်က ဒဏ်ရာတွေကိုတော့ပျောက်ပါတယ်။ ငါက pro healer မဟုတ်တော့ ဒီလောက်ပဲ တတ်နိုင်တယ် "

ဂျရယ်မိုင်ရာလည်း ကီရမ်၏ကိုယ်လုံးကို မွန်ဒီ့အနားမှာ ချက်ချင်းလှဲချခိုင်းလိုက်ရင်း စောစောကအတိုင်း ဂါထာမန္တန်များရွတ်ဆိုကာ သူ၏ကိုယ်တွင်းစွမ်းအားဖြင့် ကုသပေးနေခဲ့သည်။ ကီရမ်လည်း မှိန်းမောရင်း အိပ်ပျော်သွားခဲ့လျက်။

----

လနန်းတော်တွင် လနတ်ဘုရားမနှင့် လက်ရုံးတော်နတ်သားများက ခရစ်စတိုဖာကို အမြှီးကိုးချောင်းမြေခွေးအသွင်ပြောင်းလဲလျက် သူ့မိခင်တည်ရှိရာဥယျာဉ်တော်အတွင်းသို့ ဖမ်းဆီးခေါ်ဆောင်လာခဲ့ကြသည်။ ဥယျာဉ်တော်သည် တိမ်ခိုးတိမ်ငွေ့များဖြင့် လွှမ်းခြုံနေပြီး အရောင်သွေးစုံလင်လှသော ပန်းပွင့်လေးများ၊ လိပ်ပြာလေးများဖြင့် ပြည့်နှက်နေခဲ့ပြီး ထုံကြိုင်မွှေးပျံ့နေခဲ့သည်။ ရုတ်တရက် လိုက်ကာသဖွယ်ဖြသ်နေသည့် ပန်းနွယ်ကြိုးများကို ဖွင့်လိုက်သည့်အခါ ဖြူဖွေးသန့်စင်စွာ လှပနေသောအမြှီးကိုးချောင်းမြေခွေးဖြူအသွင်နှင့် ဟီရိုကိုမှာ မှေးစက်နေသည်။ လနတ်ဘုရားမက ချောင်းဟန့်လိုက်သောကြောင့် ဟီရိုကိုလည်း လန့်နိုးလာခဲ့သည်။ ဟီရိုကိုလည်း လနတ်ဘုရားမကို မြင်လျှင်မြင်ချင်း အိပ်နေရာမှ ထခဲ့သည်။

" ဟီရိုကို ... နင့်အတွက် လက်ဆောင်ပါလာတယ် "

လနတ်ဘုရားမ၏စကားကြောင့် ဟီရိုကိုမှာ ပယင်းရောင်မြေခွေးမျက်ဝန်းလေးများ ပြူးကျယ်သွားခဲ့လျက်။

" နင့်ရဲ့သားအီတိုကို ခေါ်လာခဲ့ပြီ "

သားဆိုသောနာမ်စားလေးကြားသည်နှင့် ဟီရိုကိုမှာ မိနစ်အနည်းငယ်ကြာအောင် မှင်သေသွား၏။ ခရစ်စတိုဖာလည်း သူ့ရှေ့တွင်မြင်နေရသော မြေခွေးဖြူအမမှာ သူ့မိခင်ဖြစ်ကြောင်း သိရချိန်၌ ဝမ်းသာလုံးဆို့ကာ ပယင်းမျက်ရည်များ တစ်စက်ချင်းစီးကျလာသည်။

" မေမေ "

ဟီရိုကို နားထဲတွင် မေမေ ဟု ခေါ်သံက ပဲ့တင်သံရိုက်သွားကာ သူမ၏နှလုံးသားကို နွေးထွေးစပြုလာကာ မျက်ဝန်းအတွင်းမှ ပယင်းဝါမျက်ဝန်းများထံမှ မျက်ရည်လေးများ စီးဆင်းလာ၏။ ထိုစဉ် ခရစ်စတိုဖာ၏မှတ်ဉာဏ်ထဲ၌ အဖျောက်ခံထားရသေယ သူ့ငယ်ဘဝက မိခင်ဖြစ်သူနှင့်ပတ်သက်သမျှ မှတ်ဉာဏ်အားလုံးပေါ်ပေါက်လာသည်။

" အီတို .... အီတိုလေးလား။ အိုး ... အမေ့ အီတိုလေးက အကြီးကြီးဖြစ်နေပြီ "

ဟီရိုကိုမှာ သားဖြစ်သူကို သူမ၏နူတ်သီးလေးနှင့်ပြေးနမ်းချင်ခဲ့သော်လည်း သူမခြေကျင်းဝတ်က သံကြိုးများမှာ ဆွဲထားခဲ့သည်။ ဤသည်ကို ခရစ်စတိုဖာမြင်လျှင် လွန်စွာစိတ်မကောင်းဖြစ်ကာ ဟီရိုကိုဆီသို့ တရှိန်ထိုးသွားခဲ့သည်။

" မေမေ "

သူ၏နှုတ်သီးဖြင့် မိခင်ဖြစ်သူ၏လည်ပင်းကို ကြင်နာစွာနမ်းရှုံ့ပွတ်သပ်နေခဲ့သည်။ တစ်ချိန်တည်း၌ သူ့နှလုံးသားတွင် အတိုင်းထက်အလွန်ဝမ်းနည်းနေခဲ့သလို ပျော်ရွှင်ဝမ်းမြောက်နေမိသည်။ သူ၏မြေခွေးကိုယ်လုံးသည် မိခင်မြေသူထက်ပင် ၃ ဆလောက်ကြီးမားခဲ့သောကြောင့် ဟီရိုကိုမှာ သားဖြစ်သူခရစတိုဖာ၏အမွှေးထူထူရင်ဘတ်အလယ်တွင် ခေါင်းမှီထားခဲ့သည်။

" အီတိုလေး ... ကောင်းကောင်းကြီးပြင်းလာခဲ့တာပဲ။ သားနဲ့အတူမရှိနေနိုင်လို့ တောင်းပန်ပါနယ် ကလေးရယ် "

" မေမေ့အပြစ်မဟုတ်လို့ တောင်းပန်စရာမလိုဘူး "

သူတို့သားအမိနှစ်ယောက်၏မြင်ကွင်းကို လနတ်ဘုရားမအပြင် လနတ်မင်းကြီးကလည်း ဥယျာဉ်အဝမှ မြင်တွေ့ခဲ့သည့်အခါ သက်ပြင်းချနေခဲ့သည်။ သူ့အနေဖြင့် ဟီရိုကိုကိုလည်း သူမလင်တော်မောင် ကိုတနှင့်အတူတူရှိစေချင်ခဲ့သလို ခရစ်စတိုဖာကိုလည်း နန်းတော်သို့ မခေါ်စေချင်ခဲ့ပေ။ လက်သီးကျစ်ကျစ်ဆုပ်ထားလိုက်ပြီး သူ၏မိဖုရားဆီသို့ မျက်မှောင်ကြုတ်ကာ လမ်းလျှောက်လာခဲ့သည်။

" မင်း သူများမိသားစုကို ခုလောက်ထိ ရက်စက်နိုင်ရတာလဲ "

လနတ်ဘုရားမလည်း သူမ၏လနတ်မင်းကြီးဆီက ပြင်းထန်သောစကားကြောင့် တုန်လှုပ်သွားကာ နောက်လှည့်ခဲ့သည်။

" အယ် ... အရှင်မင်းကြီး ဘယ်လိုလေသံမျိုးနဲ့ ပြောလိုက်ပါသလဲ "

လနတ်မင်းကြီးလည်း သူ၏ဆိုးသွမ်းသောမိဖုရားအား စူးစူးစိုက်စိုက်ကြည့်ခဲ့ကာ ဆူပူကြိမ်းမောင်းဖို့ စတင်ခဲ့သည်။

" မင်းလုပ်ရပ်တွေကို ငါမကြိုက်ဘူး မိဖုရား ... မင်းရော ငါနဲ့ခွဲနိုင်လား၊ ဟီရိုကိုဆီ သူ့သားကိုခေါ်လာပေမဲ့ ကိုတက ဘယ်လိုနေမလဲ၊ သူလည်း သူ့မိသားစုနဲ့အတူနေချင်မှာပဲ၊ သူတို့သားအမိကို ကိုတဆီ ပြန်လွှတ်ပေးလိုက်... လူသားတွေအနေနဲ့ ရှင်သန်ခွင့်ပေးလိုက်စမ်းပါ "

" အို ... အရှင်မင်းကြီး ဘာသိလို့လဲ၊ သူတို့သားအမိက လူသားတွေကို လိုက်ဒုက္ခပေးကြမှာပေါ့၊ ဟီရိုကိုလည်း အတိတ်မှာအပြစ်လုပ်ခဲ့သေးတာ "

" တိတ်စမ်း မိဖုရား၊ ဟီရိုကိုလည်း ဒီမှာအကျဉ်းကျနေရတာ နှစ်ပေါင်းမနည်းတော့ဘူး၊ သူအချုပ်ခံထားရတဲ့နှစ်တွေမှာ မင်းသူ့ကိုတိရစ္ဆာန်တစ်ကောင်ထက် မေတ္တာမများခဲ့ပါဘူး၊ တမင်သက်သက် အလှကြည့်ဖို့ သူ့ကိုဖမ်းခေါ်ထားသလိုပဲ၊ ခုချက်ချင်း သူတို့ကိုပြန်လွှတ်လိုက် ... မဟုတ်ရင် မင်းကိုငါ့မိဖုရားအဖြစ်ကနေ စွန့်လွှတ်မယ် "

လနတ်မင်းကြီး၏အော်သံကြောင့် လနတ်ဘုရားမလည်း ရင်ထိတ်သွားခဲ့ရပြီး မျက်ရည်များစီးကျနေခဲ့သည်။ စင်စစ်အားဖြင့် လနတ်ဘုရားမသည် သူမစိတ်ထဲရှိရာ တဇွတ်ထိုးလုပ်တတ်သူဖြစ်၍ ယခုတွင်လည်း သူမ၏ခင်ပွန်းမင်းကြီးကို တစ်စုံတစ်ရာအသိမပေးဘဲ ခရစ်စတိုဖာကို ဖမ်းဆီးခေါ်ဆောင်လာခဲ့သည့်လုပ်ရပ်မှာ လနတ်မင်းကြီးအတွက် အမျက်ထွက်စရာပင်။ ရှေးယခင်နှစ်များစွာကလည်း လနတ်ဘုရားမသည် ကိစ္စကြီးငယ်မရွေး သူ့အားမတိုင်ပင်ဘဲ သူမစိတ်ထင်တိုင်းလုပ်ဆောင်တတ်လေ့ရှိသည်ကို သိခဲ့သော်လည်း သူ့အနေဖြင့် မိဖုရားကိုအမြဲတစေ ခွင့်လွှတ်ပေးနိုင်ခဲ့သည်။

လွန်ခဲ့သောနှစ်များစွာက ဟီရိုကိုနှင့်ကိုတကိစ္စတွင်လည်း လနတ်မင်းကြီး နန်းတော်တွင်မရှိခိုက် သူမသဘောဖြင့် ကိုတကို နှင်ထုတ်ကာ ဟီရိုကိုကို အကျဉ်းချထားခဲ့သည်။ ကိုတမှ ဒုတိယအကြိမ် နန်းတော်သို့ လရောက်သောအခါ လနတ်မင်းကြီးကိုတွေ့လျှင် ဟီရိုကိုအား လွှတ်ပေးရန် အသနားခံခဲ့ရာ မင်းကြီးအနေဖြင့် သူမကိုလွှတ်ပေးချင်ခဲ့၍ မိဖုရားကို ဟီရိုကိုအား လွှတ်ပေးရန် ကြိုးစားပမ်းစားဖြောင်းဖြခဲ့သော်လည်း အလုပ်မဖြစ်ခဲ့ပေ။ သို့ဖြစ်၍ လနတ်မင်းကြီးလည်း ထိုကိစ္စ၌ ဆက်လက်ဝင်မပါခဲ့ပေ။

သို့သော် ယခုတွင် သူ၏မိဖုရားကို ချစ်ခင်မြတ်နိုးသော်လည်း သည်းမခံနိုင်တော့ပေ။

" မင်းတို့ဘာလုပ်နေတာလဲ ... သူတို့ကိုလွှတ်ပေးလိုက်တော့ "

နတ်သားများလည်း လနတ်မင်းကြီး၏အမိန့်ကို လွန်ဆန်နိုင်ခြင်းမရှိဘဲ ခရစ်စတိုဖာနှင့်ဟီရိုကို မန္တန်ဖြင့် ခတ်ထားသောသံကြိုးများကို မန္တန်ရွတ်ကာ ဖြည်ပေးခဲ့သည်။

" အရှင်မင်းကြီး ... အမတသက်တော်ရှည် နတ်ဆရာကိုတနဲ့ ရီနာတို့ နန်းတော်တံခါးရှေ့မှာ လာရောက်သောင်းကျန်းနေကြပါတယ် "

လနတ်မင်းကြီးမှာ မျက်ခုံးပင့်တက်သွားပြီးနောက် သူ၏မိဖုရားဘက်ကို မျက်နှာမူလိုက်သည်။

" သူတို့ကို နန်းတော်ထဲ ခေါ်သွင်းလိုက် ... ပြီးရင် သူတို့သားအမိကိုပါ တစ်ခါတည်းခေါ်လာ "

မိဖုရားမှာ 'မခေါ်နဲ့' ဟူ၍ပြောချင်မိသော်လည်း မင်းကြီး၏စူးရှသော အမျက်မာန်မျက်လုံးများကြောင့် အံကြိတ်ထားလျက် ရပ်ကြည့်ရုံမျှသာ တတ်နိုင်ခဲ့၏။ မင်းကြီးလည်း ထိုကဲ့သို့ပြောပြီးနောက် မိဖုရားအားကျောခိုင်းကာ ကိုတနှင့်ရီနာတို့လင်မယားကို ထွက်တွေ့ခဲ့သည်။

မကြာခင်တွင် လနတ်မင်းကြီးနှင့် ကိုတတို့သုံးဦး ထိပ်တိုက်ဆုံတွေ့ကြသောအခါ မင်းကြီးက သက်ပြင်းသေးတစ်ခုချကာ စကားစပြောသည်။

" မင်းရဲ့ဇနီးသည်နဲ့သားကို ပြန်ခေါ်သွားတော့ ကိုတ၊ မင်းရဲ့ဟီရိုကိုက အခုချိန်ကနေစပြီး လနန်းတော်ရဲ့အကျဉ်းသားမဟုတ်တော့ဘူး ... ငါ့မိဖုရားရဲ့မဆင်မခြင်လုပ်ရပ်တွေအတွက်လည်း တောင်းပန်ပါတယ် "

ကိုတတို့သုံးယောက်လည်း လနတ်မင်းကြီး၏စကားကိုကြားရလိုက်ချိန်မှာ ဝမ်းသာလုံးဆို့တက်ကာ အသက်ရှူဖို့ပင် မေ့ခဲ့ကြသည်။

" ကျေးဇူးကြီးမြတ်ကြောင်းပါ အရှင်မင်းကြီး "

ရီနာမှာ ပျော်လွန်းသဖြင့် လနတ်မင်းကြီးအား ဝပ်တွားခယလျက် နန်းတော်ကြမ်းပြင်နှင့်နဖူးထိတွေ့သည်အထိ အရိုအသေပြုကာ ကျေးဇူးတင်ခဲ့သည်။ အိုဝမ်ကလည်း သူမကဲ့သို့ လိုက်လံပြုမူခဲ့သည်။ ကိုတမှာတော့ မင်းကြီးကို အကြည့်များဖြင့် ကျေးဇူးတင်နေမိသည်။ ထို့နောက် ခရစ်စတိုဖာနှင့်ဟီရိုကိုအား အတူတူတွေ့လိုက်ရသောအခါ သူ၏မျက်ဝန်းထဲမှ မျက်ရည်စက်များ တဖြည်းဖြည်းကျဆင်းလာသည်။

ဟီရိုကိုမှာလည်း ကိုတကို တွေ့လျှင်တွေ့ချင်း လူအသွင်ပြောင်းလိုက်ပြီး သူမ၏နှစ်ကာလကြာရှည်အောင် ကွဲကွာနေခဲ့သောခင်ပွန်းသည်၏ရင်ခွင်ထဲသို့ ခေါင်းကလေးနှင့်တိုးဝှေ့ခိုလှုံခဲ့သည်။ ခရစ်စတိုဖာလည်း သူ၏မိဘနှစ်ပါးပြန်ဆုံကာ ကြည်နူးနေကြသည့်မြင်ကွင်းကိုကြည့်ရင်း တစ်ပြိုင်နက် ဝမ်းနည်းဝမ်းသာဖြစ်မိလျက် ဂျရယ်မိုင်ရာကိုလည်း ရုတ်တရက် သတိရမိ၏။

လနတ်မိဖုရားလည်း သူတို့အားလုံးကို လနတ်မင်းကြီး၏မလှမ်းမကမ်းကနေ ရပ်ကြည့်နေသည်။ လနတ်မင်းကြီးမှာ မြေခွေးဖြူခရစ်စတိုဖာကို လှည့်ကြည့်ခဲ့သည်။

" ကဲ ... မင်းမိဘတွေနဲ့ ပြန်သွားတော့ မြေခွေးဖြူလေး "

ခရစ်စတိုဖာလည်း လနတ်မင်းကြီး၏စကားကြောင့် ဝမ်းမြောက်သွားပြီး လူအသွင်ကူးပြောင်းလျက် ဒူးထောက်ကာ အရိုအသေပေးခဲ့သည်။ ထို့နောက် သူ့မိသားစုဆီသို့ ဝမ်းသာအားရဖြင့် ခြေလှမ်းသွက်သွက်လေးလျှောက်ခဲ့သည်။ ကိုတမှာ သားနှင့်မိန်းမဖြစ်သူကို ပြန်တွေ့ရသဖြင့် အတိုင်းမသိပျော်နေမိသည်။

ယနေ့က သူ့အတွက်တော့ အပျော်ရွှင်ရဆုံးနှင်ကံကောင်းသောနေ့လေးတစ်နေ့ဟု သတ်မှတ်နိုင်ပေသည်။ ရီနာနှင့်အိုဝမ်မှာလည်း ခရစ်စတိုဖာတို့သားမိသားဖသုံးယောက်ကို ကြည့်ရှုနေလျက် ရွှင်ပြုံးနေခဲ့ကြသည်။


" ဟီရိုကို .... "

ထိုစဉ် လနတ်မိဖုရားမမှာ ရှေ့သို့ထွက်လာပြီး နတ်ရတနာပလွေတစ်ချောင်းကို ကိုင်ဆောင်လာသည်။ ၎င်းပလွေနှင့်ပင် လနတ်ဘုရားမမှာ လွန်ခဲ့သောနှစ်များစွာက အဝေးတစ်နေရာရောက်နေသည့် ဟီရိုကိုကို ခေါ်ရာတွင် အသုံးပြုလေ့ရှိခဲ့ပြီး ဟီရိုကို ဥယျာဉ်တော်တွင် အကျဉ်းချထားသောအခိုက်အတန့်များ၌လည်း ဟီရိုအား ရတနာပလွေဖြင့်တီးမှုတ်ဖျော်ဖြေပေးလေ့ရှိခဲ့သည်။

" ရော့ ... နင့်အတွက် နောက်ဆုံးလက်ဆောင် "

လနတ်မိဖုရားမှာ ဟီရိုကိုကို ပလွေကမ်းပေးရင်း ငိုချင်စပြုလာသဖြင့် မျက်နှာလွှဲကာ မျက်တောင်ပုတ်ခတ်ပုတ်ခတ်လုပ်ခဲ့သည်။ ဟီရိုကိုလည်း သူမပေးသော ရတနာပလွေကို ရိုသေစွာ လက်ခံယူသည်။

" ငါက နင့်ကိုမုန်းလို့ချုပ်ခဲ့တာမဟုတ်ဘူး၊ ငါ ... နင့်ကိုငါ့သမီးလေးလိုချစ်လွန်းလို့ နင်ထွက်မပြေးအောင် နင်ထပ်ပြီးလူ့ပြည်မှာ မသောင်းကျန်းအောင် ဖမ်းချုပ်ခဲ့ရတာ ... နင်ကငါ့ကိုမုန်းမှာပေါ့ "

ဟီရိုကိုလည်း လနတ်ဘုရားမ၏လက်များကို ဆုပ်ကိုင်လိုက်သည်။

" မယ်မယ်ဘုရားကို ဟီရိုကို မမုန်းပါဘူး... မငိုပါနဲ့နော် "

" အင်း "

" ဟီရိုကို သွားတော့မယ်နော် "

" အင်း "

လနတ်ဘုရားမမှာ ငိုမချမိအောင် မာန်တင်းထားလျက် ဟီရိုကိုကို ကြည့်နေခဲ့သည်။ ဟီရိုကိုလည်း သူမ၏အရှက်သခင်မကိုပွေ့ဖက်ခဲ့ပြီးတောက် လနန်းတော်ကနေ အပြီးတိုင်စွန့်ခွာခဲ့သည်။
ဤသို့ဖြင့် သူတို့အားလုံးလည်း ဝေဟင်မှာ လေဟုန်စီးကာ ဂျပန်နိုင်ငံကဘုရားကျောင်းဆီသို့ ပျံသန်းခဲ့ကြသည်။

------

ဂျရယ်မိုင်ရာမှာ သူတစ်ယောက်တည်း လူနာနှစ်ယောက်ကို စောင့်ရှောက်နေရသဖြင့် ပျင်းရိနေမိသည်။ ထို့ကြောင့် သူ၏အဆင့် (၁)ကနေ (၅)အထိ သစ္စာတော်ခံမိစ္ဆာတပည့်များနှင့် ဖဲရိုက်တမ်းကစားနေခဲ့သည်။

ထို မိစ္ဆာတပည့်များထဲတွင်မူသူ၏အဆင့်(၁)တပည့်မိစ္ဆာမှာ တခြားမဟုတ်။ Mountain Blue Bird ဟုခေါ်တွင်သည့် ငှက်အမျိုးအစားဖြစ်သည်။ ငှက်ပေါက်လေးမှာ အရွယ်နဲ့မလိုက်အောင် မိစ္ဆာစွမ်းအားမြှင့်ခဲ့သည့်အတွက် ဂျရယ်မိုင်ရာကနေ အဆင့်(၁) သတ်မှတ်ပေးခြင်းကို ခံထားရသည်။ ယခုတွင်မူ သူ၏အတောင်ပံသေးသေးလေးများကြားတွင် ဖဲချပ်များကိုညှပ်ကာ ဂျရယ်မိုင်ရာတို့နှင့်အတူ ဖဲကစားနေခဲ့သည်။ ဂျရယ်မိုင်ရာ၏အချစ်ကို အပြည့်အဝရယူထားသော မိစ္ဆာငယ်လေးဖြစ်သည့်အလျောက် ဂျရယ်မိုင်ရာက သူ့ကိုတိုက်ခိုက်ရေးတွင် သိပ်မသုံးဘဲ ငှက်ကလေးကိုအနားများများပေးလေးရှိ၏။ ထိုမိစ္ဆာတပည့်ငှက်လေး၏အမည်မှာ သင်း (Thin)ဖြစ်ပြီး ငှက်အမလေးဖြစ်သည်။

ယခုတွင်လည်း သင်းမှာ ဂျရယ်မိုင်ရာ၏ပေါင်ပေါ်တွင်နေနေလျက် ဖဲကစားနေ၏။

" သင်း ... မင်းရဲ့ဖဲနံပါတ်တွေမြင်နေရတယ်နော် "

သင်းက စကားမပြောတတ်တာကြောင့် စပ်ဖြီးဖြီးဖြစ်နေသောဂျရယ်မိုင်ရာကို မျက်စောင်းထိုးကြည့်ပြီးနောက် သူ့ပေါင်ပေါ်ကနေဆင်းသွားသည်။ သူမ၏ဖဲချပ်များကို ဂျရယ်မိုင်ရာမမြင်အောင် ကွယ်ဝှက်ထားလိုက်ကာ ဖဲဆက်ကစားခဲ့သည်။

" ဟေး ဂျရယ်မိုင်ရာ ... ငါ့မိန်းမပါလာပြီ "

ရုတ်တရက် ကိုတ၏အော်သံကြောင့် ဂျရယ်မိုင်ရာနှင့် သစ္စာတော်ခံမိစ္ဆာတပည့်များမှာ ရုပ်သေများဖြင့် ကိုတတို့ကို ကြောင်ကြည့်နေခဲ့သည်။ ကိုတတို့လည်း သူတို့မြင်လိုက်ရသည့်မြင်ကွင်းကို သဘောပေါက်နားလည်သွားသည်။ ကိုတက မျက်ခုံးပင့်တက်ကာ အခန်းထဲသို့ ဝင်လာသည်။ သူ့မျက်လုံးများက အခန်းပတ်လည်ကို ထောင့်စေ့အောင်ကြည့်ရှုပြီးနောက် ဂျရယ်မိုင်ရာကို မေးလိုက်သည်။

" မင်းကဘာလို့ဖဲရိုက်နေတာလဲ "

" အဖေ့ကိုစောင့်ရင်း ပျင်းလာလို့လေ "

" ဟိုနှစ်ယောက်ကရော "

" သူတို့ရေခဲအဆိပ်မိထားလို့ ကျွန်တော်ရသလောက်အစွမ်းနဲ့ကုပေးထားတယ်၊ အဲဒါအဖေ့ကိုစောင့်နေတာ၊ အဖေများ သူတို့အဆိပ်တွေကိုအကုန်ရှင်းပေးနိုင်မလားလို့ "

" အေး ငါကုပေးနိုင်ပါတယ်၊ ဒါနဲ့နေပါအုံး၊ ဒီကောင်တွေကရော ... "

" အဲဒါ ကျွန်တော်မွေးထားတဲ့ မိစ္ဆာတပည့်တွေပါ အဖေ "

ဟီရိုကိုနှင့်ရီနာတို့မှာ ကိုတအား ' အဖေ၊အဖေ' ဟု အဆက်မပြတ်ခေါ်ဆိုနေသော ဂျရယ်မိုင်ရာကိုမြင်လျှင် အံ့အားသင့်နေခဲ့သည်။ ဟီရိုကိုလည်း သူမ​၏ယောကျာ်းဖြစ်သူကို ဂျရယ်မိုင်ရာအကြောင်း သိလိုစိတ်ပြင်းပြလာ၍ မေးဖို့ပြင်သည်။

" ယောကျာ်း ... သူက ယောကျာ်းရဲ့ ...."

" အား .... အထင်မလွဲနဲ့မိန်းမ၊ သူက အီတိုရဲ့ယောကျာ်းလေးရည်းစား "

" အယ် ..."

ဟီရိုလည်း ပါးစပ်အဟောင်းသားဖြစ်သွားကြသည်။ ရီနာနှင့်အိုဝမ်ကမူ ပြုံးနေကြသည်။ ဂျရယ်မိုင်ရာကလည်း သူ​၏မိစ္ဆာတပည့်များကို သင်းကလွဲရင် အစွမ်းဖြင့် အမြန်ပြန်သိမ်းခဲ့လျက် ရိုကျိုးစွာ ဒူးတုပ်ထိုင်ခဲ့သည်။

" ကျွန်တော်က ဂျရယ်မိုင်ရာပါ၊ အီတိုနဲ့ငယ်ငယ်လေးထဲက သိပါတယ် "

ခရစ်စတိုဖာကလည်း ဂျရယ်မိုင်ရာနှင့်အတူတူ ဒူးတုပ်ထိုင်ချလိုက်သည်။ ပြီးလျှင် ဂျရယ်မိုင်ရာ​၏ဘယ်လက်ကို ဆုပ်ကိုက်လိုက်ပြီး စကားပြောဖို့ အသက်ပြင်းပြင်းရှူခဲ့သည်။

" ကျွန်တော်နဲ့ကိုကြီးဂျရယ်ကို သဘောတူပေးကြပါနော် "

ခရစ်စတိုဖာမှာ သူ​၏မိဘအရင်းအချာများနှင့် မွေးစားမိဘများရှေ့မှောက်တွင် ဂျရယ်မိုင်ရာနှင့်သဘောတူပေးရန် ရဲဝံ့စွာပြောခဲ့သဖြင့် ဂျရယ်မိုင်ရာမှာ သူ​၏ခရစ်လေးသတ္တိရှိပုံကို ပီတိဖြာကာ ကျေနပ်နေခဲ့သည်။

ဟီရိုကိုမှာလည်း ခရစ်စတိုဖာတို့ရှေ့တွင် သူမ​၏ကီမိုနိုအစကို သေချာသိမ်းဆည်းပြီးနောက် ဒူးတုပ်ထိုင်ချလိုက်ပြီး ခရစ်စတိုဖာနှင့်ဂျရယ်မိုင်ရာတို့​၏လက်များကို တစ်ဖက်စီဆွဲယူပြီးနောက် လက်ချင်းထပ်ပေးခဲ့သည်။ ဟီရိုကို​၏မျက်နှာတွင် ကြည်လင်လှပသောအပြုံးတစ်ခုပေါ်လာ​၏။

" အီတိုကို ဂျရယ်မိုင်ရာ့လက်ထဲ သေချာအပ်တယ်နော်၊ အခက်အခဲတွေရှိလည်း သည်းခံပြီး ချစ်သွားကြနော် ကလေးတို့ "

သူမ​၏စကားက သူတို့နှစ်ယောက်​၏နှလုံးသားများကို ကိန်းဝပ်နွေးမြနေစေခဲ့ပြီး အပြုံးများက လတ်ဆတ်နေခဲ့သည်။

" ကျေးဇူးပါအမေ ... ကျွန်တော် အီတို့ကိုသေချာကာကွယ်စောင့်ရှောက်သွားပါ့မယ် "

ဂျရယ်မိုင်ရာမှာ သူ​၏ပူပူနွေးနွေးအမေယောက္ခမကို ဖက်ထားလိုက်ပြီး ပျော်နေခဲ့သည်။ ခရစ်စတိုဖာကလည်း မိခင်ဖြစ်သူကို ဂျရယ်မိုင်ရာနှင့်အတူ ပွေ့ဖက်ခဲ့သည်။ ကိုတကလည်း အပြုံးတွေနှင့် ရယ်မောနေခဲ့သည်။

ဤတွင် သူတို့သတိမထားမိသည်က မွန်ဒီနှင့်ကီရမ်နှစ်ယောက်စလုံး နိုးနေခဲ့သည်ကိုပင်။ မွန်ဒီလည်း ဂျရယ်မိုင်ရာအတွက်ပျော်နေခဲ့သည်။

" ဂျရယ် ... ငါနဲ့ကီရမ်ကိုလည်း နင်သဘောတူရမယ်နော် "

မွန်ဒီမှာ ဖြူဖျော့ဖျော့နှုတ်ခမ်းလေးဖြင့် အားယူကာ စကားပြောခဲ့လျှင် ဂျရယ်မိုင်ရာမှာ အသံကြားကြားချင်း မွန်ဒီ့အနားကိုပြေးသွားခဲ့သည်။

" မွန်ဒီ "

" ဂျရယ် ... နင်ပျော်နေတာကိုမြင်ရတော့ ငါပျော်တယ် "

" အေးပါဟာ၊ နင် မြန်မြန်နေကောင်းဖို့ပါပဲ၊ ကီရမ်နဲ့လည်း သဘောတူတယ် "

" တကယ်နော် ... နင်မလိမ်ရဘူးနော် ဂျရယ် "

" ငါမလိမ်ပါဘူး "

ဂျရယ်မိုင်ရာ၏လက်များက ညီမဖြစ်သူ၏ခေါင်းလေးကို ပွတ်သပ်ပေးနေခဲ့သည်။ ကီရမ်ကလည်း ဒဏ်ရာများနာကျင်နေသည်ကိုပင် မေ့ပျောက်နေခဲ့ပြီး သူမတို့မောင်နှမကို ပြုံးယောင်သမ်းကာ ကြည့်နေမိသည်။ ရုတ်တရက် ဂျရယ်မိုင်ရာက သတိရသွားသည်။

" အာ ... အမေ၊ ဒါကလေ ကျွန်တော့်မွေးစားညီမလေးပါ၊ သူကရေသူမလေးပါ ... အယ် ... ဘေးက သူ့ကောင်လေး "

" တွေ့ရတာ ဝမ်းသာပါတယ် မွန်ဒီနဲ့ကီရမ်၊ အဒေါ်ကတော့ ဟီရိုကိုပါ "

ဟီရိုကိုက သေချာနှုတ်ဆက်စကားပြောနေခဲ့စဉ် ခရစ်စတိုဖာမှာ ကြောင်အမ်းအမ်းဖြစ်နေရာမှ ကီရမ့်အနားကို သွားခဲ့သည်။

" မင်းသားလေး ... ဘယ်လိုဖြစ်လို့ ဒဏ်ရာတွေရနေတာလဲ .... ဘယ်လို ... ဘယ်လိုဖြစ်လို့ မွန်ဒီနဲ့ ဘယ်တုန်းက ကြိုက်သွားတာလဲ "

" အာ ခရစ်လေး ... ပြောရရင်ဇာတ်လမ်းက အရှည်ကြီးပဲ၊ ကိုယ်နောက်မှ ရှင်းပြမယ်၊ ဟိုကောင် ဂါဗင်ကြောင့် သူတို့တွေခုလိုဖြစ်နေတာ၊ လောလောဆယ် သူတို့အဆိပ်တက်နေတာကို အရှင်းပျောက်အောင် ကုပေးရမယ် "

လူ့ပြည်ကို ခုမှပြန်ရောက်သော ဟီရိုကိုအနေဖြင့် သူတို့ပြောသမျှကို နားမလည်နိုင်ဖြစ်နေခဲ့သော်လည်း ယောကျာ်းဖြစ်သူကိုသာ နောက်မှမေးမြန်းတော့မည်ဟူ၍ ဆုံးဖြတ်ခဲ့သည်။ ထို့နောက် ကိုတမှာ ရှေ့တိုးလာပြီး မွန်ဒီနှင့်ကီရမ်တို့ဆီ သွားခဲ့သည်။ သူတို့နှစ်ယောက်လုံး၏သွေးကြောများကို စမ်းသပ်ပြီးနောက် အဆိပ်များပျောက်ကင်းအောင် ကုသပေးရန်အတွက် ကုသရေးစွမ်းအားများထုတ်လွှတ်ကာ အဆိပ်များအလုံးစုံပျောက်ကင်းအောင် ကုသပေးခဲ့သည်။ ဤသို့ဖြင့် နှစ်ယောက်စလုံး ပြန်ကျန်းမာလာခဲ့သည်။

----

တစ်ဖက်တွင် ဖရီးမန်းစံအိမ်တော်၌ ဘိုးတော်များမှာ ဂါဗင်တို့ကို နာလုံးပေါက်နေခဲ့ကြသည်။ အကြောင်းမူကား ဂါဗင်၏တပည့်များကနေ ဖရီးမန်းတို့၏စိန်ဆိုင်များ၊ ကုမ္ပဏီများနှင့် တခြားသောစီးပွားရေးဆိုင်များကို လုယက်ဖျက်ဆီးခဲ့ကြသောကြောင့်ပင်။ ထို့အပြင် မွန်ဒီ့ကိုလည်း သူတို့၏သစ္စာတော်ခံတပည့်မိစ္ဆာများကို စေလွှတ်ထားခဲ့ကာ လိုက်လံရှာဖွေစေခဲ့ကြသည်။

ဤသို့ စံအိမ်တော်တွင် ဆူညံပွင်လောရိုက်နေကြစဉ် တီမိုသီနှင့်ဂျက်စပါဘိုးတော်၏ရေသတ္တဝါမိစ္ဆာတပည့်၁၄ကောင်မှာ သူတို့ရှေ့မှောက်သို့ ရောက်ချလာခဲ့သည်။ ထိုအထဲမှ ရေမြင်းမိစ္ဆာမှာ အရိုအသေပေးလျက် သူမြင်ခဲ့သမျှကို ပြန်လည်အစီရင်ခံခဲ့သည်။

" ကျွန်တော်တို့ မြစ်ချောင်းတွေကနေတစ်ရေကူးနေခဲ့ရာကနေ ပက်လယ်ဝဆီ ရောက်သွားကြပါတယ်။ အမှတ်မထင် သခင်မလေး မွန်ဒီက စွမ်းအားကြီးမားတဲ့ရေနဂါးမိစ္ဆာတစ်ကောင်နဲ့ နမ်းနေခဲ့တာတွေ့ရပါတယ်။ အဲဒီကနေဆက်ပြီး သူတို့ကိုတောက်လျှောက်ခြေရာခံလိုက်နေခဲ့တာ သူတို့ကုန်းပေါ်ပြန်ရောက်တဲ့အထိပါပဲ။ အဲ့လိုနဲ့ လူတစ်စုက သခင်မလေးနဲ့ရေနဂါးမိစ္ဆာကို ထပ်ဖမ်းခေါ်တာ မြင်ခဲ့ကြလို့ ဆက်နောက်ယောင်ခံလိုက်ခဲ့ပါတယ်။ အဲဒီအချိန် ဖမ်းခေါ်ခိုင်းတဲ့လူက ရေခဲနဂါးမိစ္ဆာဂါဗင်ဖြစ်နေတာကို သိခဲ့ရပါတယ်။ အဲဒီရေခဲနဂါးမိစ္ဆာက သခင်မလေးနဲ့ရေနဂါးမိစ္ဆာကို နှိပ်စက်ပါတယ်။ ရေနဂါးမိစ္ဆာက သခင်မလေးကို မနှိပ်စက်ဖို့ တောင်းပန်တာကို ထပ်နှိပ်စက်ပါတယ်။ အဲဒီအချိန်မှာ မီးနဂါးမိစ္ဆာတစ်ကောင်ကနေ သခင်မလေးတို့ကို ကယ်ဖို့ကြိုးစားရင်း အပြင်းအထန်တိုက်ခိုက်ကြပါတယ်။

နောက်ဆုံး ဂျရယ်မိုင်ရာပါရောက်လာပြီး ဝင်တိုက်ခိုက်ပါတယ်။ ပြီးတော့ ရေခဲကန်ထဲကနေ သခင်မလေးနဲ့ရေနဂါးမိစ္ဆာကို teleport နဲ့ခေါ်သွားပါတယ် "


ရေမြင်းမိစ္ဆာ၏အစီအရင်ခံတင်ပြမှုများကြောင့် ဘိုးတော်များမှာ ဒေါသထွက်မိသလို သူတို့ကိုလည်းဒေါသထွက်မိကြသည်။

" အဲဒါမင်းတို့က မွန်ဒီ့ကို ဝင်ကယ်ပါလား၊ ဘာဖြစ်လို့ ကြည့်ပဲကြည့်နေခဲ့ကြတာလဲ မေဘေးတွေရဲ့ "

တီမိုသီ၏ဒေါသက ရေမိစ္ဆာတပည့်များကို တုန်လှုပ်ခြောက်ခြားသွားစေသည်။

" သခင်ကြီးတို့က ရှာတွေ့ရင်အကြောင်းသေချာပြန်ပါလို့ပဲ အမိန့်ပေးထားပြီး တိုက်ခိုက်ပါလို့ အမိန့်မပေးခဲ့လို့ "

" တိတ် "

(မှတ်ချက်။ ။ Shikigami တွေရဲ့သဘာဝက သခင်ဖြစ်သူတွေက ခိုင်းမှပဲ ခိုင်းသလိုလုပ်ကြတာပါ။ )

ဖရီးမန်းဘိုးတော်များလည်း လက်သီးလက်မောင်းတန်းကာ ဂါဗင်နှင့်ဂျက်ဖရီတို့ကို မုန်းတီးစက်ဆုပ်လျက် ကျိန်ဆဲနေခဲ့ကြသည်။

" ကဲ ... ကဲ ... ဆဲနေလို့လည်း ဘာမှထူးလာမှာမဟုတ်ဘူး အဖေတို့၊ နောက်ဆုံးနည်းလမ်းကတော့ တစ်ခုပဲ၊ ဂျရယ်မိုင်ရာရဲ့ teleport ကို သေချာအာရုံခံပြီး သူ့ဆီသွားကြတာပေါ့ "

ဒေါမနစ်က ဘိုးတော်များ သွေးမပူတော့အောင် ဖြောင်းဖြခဲ့သည်။

" အဲ့နည်းလမ်းက သူအိမ်ပေါ်ကနေ ဆင်းသွားတုန်းကလည်း သုံးပြီးပြီလေ၊ မင်းရဲ့သား မေဘေးလေးက ငါတို့အာရုံခံလို့မရအောင် သူ့teleportတွေကို လမ်းကြောင်းတွေ သောက်တလွဲလုပ်ထားခဲ့တာ မမှတ်မိဘူးလား "

ဂါဘရီရယ်၏စကားကြောင့် ဒေါမနစ်လည်း ပါးစပ်ပိတ်သွားသည်။ လင်ကွန်းကတော့ အကြံရှိနေသည့်ပုံပင်။

" အိမ်း ... ဘာပဲဖြစ်ဖြစ် ကျွန်တော်တို့ထပ်ကြိုးစားကြည့်သင့်တယ်မထင်ဘူးလား၊ အရင်တစ်ခါ သူ့အနေနဲ့Teleport ကို ကျွန်တော်တို့ အာရုံခံလို့မလွယ်အောင်၊ သေချာခြေရာမခံနိုင်အောင် အစဖျောက်ထားနိုင်ခဲ့တယ်ဆိုတာ မတူညီတဲ့ dimension တွေနဲ့ parallel ကမ္ဘာတွေကို အဆင့်ဆင့်ဖန်တီးထားလို့လေ ... အဲဒါတွေအကုန်လုံးကို ကျွန်တော်တို့က ခေါင်းမူးမခံနိုင်လို့ ဟိုတစ်ခါက တမင်မဖြတ်ခဲ့ဘဲ ရပ်ခဲ့တာမလား ... အဲဒီလိုတော့ .... "

ဂါဘရီရယ်၏စကားက အဆုံးမသတ်သေးသော်လည်း ဖရီးမန်းဘိုးတော်အားလုံးအနေဖြင့် နားလည်သဘောပေါက်ကြသည်။ ထို့ကြောင့် နှစ်ခါပြန်စဉ်းစားမနေကြတော့ဘဲ သူတိုအကုန်လုံး ဂျရယ်မိုင်ရာ၏ရှုပ်ထွေးပွေလီလှသော Teleport လမ်းကြောင်းများကို အဆင့်အဆင့်ခြေရာခံကာ ကြိုးစားပမ်းစားကျော်ဖြတ်ခဲ့ကြသည်။ ဤသို့ဖြင့် နောက်ဆုံး Teleport အတွင်းက ရှုပ်ထွေးလှသည့် dimension များနှင့် Parallel World တစ်ခုကို ကျော်ဖြတ်ခဲ့ကြပြီးနောက်တွင် ဂျရယ်မိုင်ရာတည်ရှိရာ အခန်းဆောင်သို့ ရောက်ရှိလာခဲ့ကြသည်။

သူတို့ရောက်ရှိလာသည့်အချိန်က ကိုတနှင့်ဂျရယ်မိုင်ရာတို့အားလုံး ပျော်ရွှင်မြူးထူးစွာ ညစာစားနေကြသောအချိန်ပင်။ ကိုတက ဟီရိုကိုပြန်လာသည့်အထိမ်းအမှတ်အနေနှင့် မိသားစုညစာစားပွဲကို ပျော်ရွှင်စွာ ကျင်းပနေခဲ့ခြင်းပင်။ ထိုစဉ် ရုတ်တရက် black hole (အမည်းရောင်အပေါက်) တစ်ခုက အခန်းထဲတွင် ပေါ်လာခဲ့ပြီး ထိုအပေါက်ထဲမှ ဖရီးမန်းတို့မှာ တစ်ယောက်ကိုယ်ပေါ် တစ်ယောက်ဆင့်လျက် ဗြုတ်စဗြဲနောင်းဖြင့် ကြမ်းပြင်ပေါ်သို့ လှိမ့်ကျလာကြသည်။ ကံကောင်းသည်က စားပွဲပေါ်သို့ မကျရောက်ခဲ့ကြသည်ပင်။

ဂျရယ်မိုင်ရာလည်း ဂျပန်ရိုးရာအရက် Sake (ဆာကေး) ခွက်လေးကို မော့သောက်နေစဉ် သူမြင်လိုက်ရသော မြင်ကွင်းကြောင့် ဆာကေးများကို ပါးစပ်ထဲမှ ဖူးခနဲပြန်မှုတ်ထုတ်မိသည်။ ကံမကောင်းစွာ သူမှုတ်ထုတ်လိုက်သောဆာကေးများမှာ ဖရီးမန်းဘိုးတော်များဆီ အာခံတွင်းရေစင် ပက်ဖျန်းပြီးသားဖြစ်သွားတော့သည်။ ဂျရယ်မိုင်ရာလည်း ဆာကေးခွက်ကို လက်တုန်ယင်စွာကိုင်ပြီး မျက်လုံးပြူးနေမိသည်။ မွန်ဒီကလည်း လန့်ဖျပ်သွားသည်။ အခန်းထဲရှိ ကိုတနှင့်ကျန်သည့်လူအားလုံးလည်း ဆာကေးခွက်များကို ကိုင်ထားလျက်သား ကြောင်အမ်းအမ်းဖြစ်ကုန်လျက်။

" ဘာလို့ရောက်လာကြတာလဲ ... ဒီလောက်ထိ Teleport ကို ခြေရာဖျောက်ထားတာကို "

ဂျရယ်မိုင်ရာ၏စကားကြောင့် ဖရီးမန်းတို့မှာ ကုန်းထလာကြပြီး စတိုင်မလှိုင်အပြည့်ဖြင့် ဘာမှမဖြစ်ကြသလို ချောင်းဟန့်ကြကာ ဟိတ်ဟန်သွင်းခဲ့ကြသည်။ ထို့နောက် ဒေါမနစ်က ဂျရယ်မိုင်ရာ၏ကော်လံကို ဆွဲဆောင့်လိုက်သည်။

" ဘာကိစ္စနဲ့ Teleport ကို အဲဒီလောက်ထိရှုပ်နေအောင် လုပ်ထားရတာလဲ ... အဆင့်အဆင့်ဖြတ်လာရတာ သောက်လုံးတွေနောက်ပြီး မူးတယ်၊ မင်းသေခံနီးဖြစ်နေရင်တောင် အသက်မှီမှာမဟုတ်ဘူး"

ဒေါမနစ်က ပြောပြောဆို ဂျရယ်မိုင်ရာ၏ခေါင်းကို လက်ထိပ်ဖြင့် ခပ်ပြင်းပြင်းခေါက်ခဲ့သည်။ ဂျရယ်မိုင်ရာ၏ခေါင်းလည်း အာလူးဘုတစ်လုံးထွက်လာပြီး အီစလံဝေသွားလျက်။

" အာ ... ကျုပ်သားကို ဖမ်းဖို့လုပ်တဲ့ ခမည်းခမက်နဲ့အမျိုးတွေထင်တယ်၊ ရောက်လာတုန်းလေး ကျုပ်တို့နဲ့ပျော်သွားပါအုံး"

ဒေါမနစ်မှာ နားမလည်နိုင်စွာ ကိုတကိုကြည့်နေမိသည်။

" ဘာ ... ဘာကိုခမည်းခမက် "

ကိုတကလည်း ပြုံးဖြီးပြီး ဒေါမနစ်နှင့်ဖရီးမန်းဘိုးတော်တို့ကို ဂျပန်ဓလေ့အတိုင်း အရိုအသေပေးကာ ဂါဝရပြုကြိုဆိုခဲ့သည်။

" ကျွန်တော်က ကိုတပါ၊ ဟောဒီက ခရစ်စတိုဖာမာရီကာအီတိုရဲ့ဖခင်ဖြစ်ပါတယ်၊ ဟိုဘက်ကတော့ ကျွန်တော့်အမျိုးသမီး ဟီရိုကိုပါ၊ ကျွန်တော့်အမျိုးသမီးက လနတ်နန်းတော်က လာတဲ့အမြှီးကိုးချောင်းမြေခွေးဖြူနတ်သမီးလေးပါ၊ လူ့ပြည်ကိုဆင်းလာတုန်း ကျုပ်နဲ့ချစ်ကြိုက်ပြီး သားလေးအီတိုကို မွေးခဲ့တာပေါ့၊ အခြေအနေအကြောင်းအမျိုးမျိုးကြောင့် မိသားစုတွေကွဲကွာနေတုန်း ဒရာမာလေးတွေဆင်ထားခဲ့တယ် ... ဒါနဲ့ခုဒီကိုရောက်လာတာ ဘာဒုက္ခပေးဖို့ရောက်လာကြတာလဲ၊ ကျုပ်ရဲ့သားကိုရော ဘာလို့ဖမ်းဖို့ လုပ်ခဲ့တာလဲ ... ပြောပြပေးပါအုံး "

ကိုတ၏မျက်နှာတွင် စွဲထင်နေသောနှစ်လိုဖွယ်အပြုံးတစ်ခုမှ အေးစက်သောမကောင်းဆိုးဝါးအပြုံးတစ်ခုသို့ ချက်ချင်းပြောင်းလဲသွားလျက်။ ဒေါမနစ်လည်း ကိုတကို စူးစိုက်ကြည့်နေခဲ့သည်။ သို့သော်လည်း ဒေါမနစ်ဘက်က သက်ပြင်းချလိုက်ပြီး ရှင်းပြဖို့ကြိုးစားခဲ့သည်။

" သူ့ကိုဖမ်းဖို့ခိုင်းတာကတော့ ကျုပ်တို့ကို အမြဲတမ်း mission တွေပေးနေတဲ့ အထက်ကောင်းကင်နန်းတော်ကပဲ ... ဘာကြောင့်ဖမ်းခိုင်းသလဲဆို ... သူက ကောင်းကင်မှာရှိနေရမဲ့မြေခွေးဖြူနတ်သားတစ်ပါးဖြစ်လို့ ကောင်းကင်ဘုံကလိုချင်တဲ့သဘော ... "

ဟီရိုကိုမှာ ဒေါမနစ်၏စကားကိုကြားလျှင်ကြားချင်း သူမလက်ထဲမှ ဆာကေးခွက်ဟာ ကြမ်းပြင်ပေါ်သို့ ပြုတ်ကျသွား၏။ ကိုတမှာ ဆာကေးခွက်ကို ကုန်းကောက်ခဲ့ပြီးနောက် စားပွဲခုံပေါ်သို့ပြန်တင်ပေးသည်။ ကိုတက နားလည်သည့်အမူအရာဖြင့် ပြုံးနေခဲ့ပြီးလျှင် ဒေါမနစ်တို့ကို စိုက်ကြည့်ခဲ့သည်။ ဟီရိုကိုမှာ စိုးရိမ်ပူပန်စိတ်လွန်ကဲလာပြီး ဒေါမနစ်ရှေ့သို့ ဝပ်တွားလာကာ သူ၏ခြေထောက်ကို ကိုင်ထားခဲ့သည်။

" တောင်းပန်ပါတယ် ... အီတိုကို မဖမ်းဖို့ ပြောပေးပါလား ... ကျွန်မက တရားဝင်လနတ်မင်းကြီးနဲ့မိဖုရားဆီကနေ ကျွန်မသားလေးနဲ့အတူတူပြန်နေခွင့်ရလာတာပါ ... ခုပြန်ဖမ်းခေါ်သွားမယ်ဆိုရင် ကျွန်မရူးသွားလိမ့်မယ် "

ကိုတလည်း ငိုယိုနေရှာသောဟီရိုကိုအား ညင်သာစွာ ဆွဲထူသည်။

" မိန်းမ ... လာလာ၊ မငိုပါနဲ့၊ သားကိုသူတို့ဖမ်းချင်တိုင်း ဖမ်းလို့မရဘူး "

တီမိုသီက သက်ပြင်းချလိုက်ကာ ချောင်းဟန့်ခဲ့သည်။ ထို့နောက် ဟီရိုကိုနဲ့ကိုတကို သေချာကြည့်နေပြီး စကားစပြောသည်။

" တခြားကောင်းကင်ဘုံနယ်မြေက ပုဂ္ဂိုလ်တွေ တရားဝင်လွတ်လပ်ခွင့်ပေးလိုက်တဲ့လူတစ်ပိုင်းတိရစ္ဆာန်တစ်ပိုင်း နတ်သမီး နတ်သားတွေကို ကောင်းကင်ဘုံနယ်မြေမတူတဲ့ပုဂ္ဂိုလ်တွေကနေ ဖမ်းဆီးခွင့်မရှိပါဘူး၊ မသိဘဲဖမ်းဆီးမိတာမျိဂပဲရှိမယ်၊ မဟုတ်လည်း အရင်ဖမ်းပြီး ကောင်းကင်မှာခစားပါလားလို့ ညှိနှိုင်းချင်တာလည်းဖြစ်မယ်၊ သေချာတာကတော့ ကိုယ်က တရားဝင်လူပြည့်မှာ နေခွင့်ရထားရင် အရင်ကောင်းကင်အရှင်သခင်တွေနာမည်ကို ပြောလိုက်လို့ရတယ်၊ အဲဒါဆို မဖမ်းတော့ဘူး .... ခုဒီကိုလာရတာ မွန်ဒီ့ကိုလာခေါ်ဖို့ပဲ ... ခင်ဗျားတို့သားကို မဖမ်းတော့ပါဘူး၊ ကောင်းကင်ဘုံကလည်း သူတို့အမိန့်သူတို့ပြန်ရုတ်သိမ်းသွားပါပြီ၊ အကြောင်းအရင်းတော့ မသိပေမယ့် ..."

တီမိုသီ၏စကားကြောင့် ကိုတနှင့်ဟီရိုကိုလည်း တစ်ဖန်မျက်နှာရွှင်ပြုံးနိုင်ခဲ့သည်။ တီမိုသီလည်း မွန်ဒီ့ကို လှမ်းကြည့်လိုက်သည်။ မွန်ဒီက ကီရမ်နားတွင် ရှိနေသည်ကိုမြင်လျှင် မျက်မှောင်ကုတ်မိသည်။ ကီရမ်လည်း သူ၏မျက်နှာဘေးကြောင့် အနည်းငယ်စိုးထိတ်သွားသည်။

" မင်းက ရေနဂါးမိစ္ဆာလား၊ ဟိုရေနဂါးကောင်မိသားစုကလာပြီး မွန်ဒီနဲ့ဘာလို့ပတ်သက်နေရတာလဲ "

တီမိုသီက လေသံမာမာနှင့်မေးလိုက်သောအခါ ကျန်သည့်ဖရီးမန်းဘိုးတော်များကလည်း မွန်ဒီနှင့်ကီရမ်ဆီ အကြည့်ရောက်သွားကြပြီး မျက်မှောင်ကုတ်သွားကြသည်။ ဂျရယ်မိုင်ရာမှာ ချက်ချင်းပင် မွန်ဒီနှင့်ကီရမ်ကြားထဲသို့ ဝင်ထိုင်ခဲ့ပြီး နှစ်ယောက်စလုံး၏ပခုံးပေါ်သို့ သူ့လက်များကိုတင်လိုက်လျက်။

" အဖေကြီးတို့ရေ ... အထင်မလွဲကြနဲ့၊ ကျွန်တော်လည်း အစကဒီလိုပဲ၊ သူ့အပေါ် မကောင်းမြင်မိတာ၊ တကယ်က သူတို့လည်းအမှတ်မထင်တွေ့သွားကြရာကနေ ရည်းစားဖြစ်သွားကြတယ်ပြောရမယ်၊ ဒါပေမဲ့ ဒီကောင်က မွန်ဒီ့ကို သူ့အသက်နဲ့ရင်းတဲ့ကာကွယ်ပေးတာ ချီးကျူးစရာပါဗျာ ... ဒီတော့တစ်လတ်စတည်း ကျွန်တော်နဲ့ခရစ်လေးကို သဘောတူပေးလိုက်ပြီး သူတို့ပါသဘောတူပေးလိုက်ပါ၊ ရှေးရိုးတွေမစွဲကြပါနဲ့တော့၊ သူတို့နှစ်ယောက်ဆိုလည်း မိစ္ဆာတွေပဲလေ၊ ရေဓာတ်သဘာဝကလည်းအတူတူပဲ "

" ဒါပေမဲ့ ဒီကောင့်ဆီမှာ ဂျက်ဖရီနဲ့ဟိုမအေဘေး ဂါဗင်တို့ရဲ့သွေးတွေပါနေတယ်လို့ ခံစားမိတယ်၊ အဲဒီလိုဆို သဘောမတူနိုင်ဘူး "

လင်ကွန်းက ရုတ်တရက် ကြားဖြတ်ပြောလိုင်သောအခါ ဂျရယ်မိုင်ရာက လှောင်ရယ်သည်။ ထိုစဉ် ကီရမ်က ရှင်းပြရန်ပြင်ခဲ့သည်။

" ကျွန်တော်နဲ့ဂါဗင်က အဖေတူ အမေကွဲပါ၊ ကျွန်တော်က ဂါဗင့်ဘက်ကကြည့်ရင် နောက်မိန်းမမှက မွေးတဲ့သားဖြစ်လို့ အရင် ၁၀ နှစ်ကျော်လောက်က ကျွန်တော်နဲ့အမေ့ကိုဆို အမြဲနှိပ်စက်ပါတယ်၊ ဒါကြောင့်မို့လို့ ကျွန်တော်လည်း ဂါဗင်ကို မုန်းပါတယ် "

" မင်းတို့မှာ မာစီရာဆိုတဲ့ညီအစ်ကိုရှိသေးတယ်မလား .... သူကရော မင်းနဲ့အမေမတူ အဖေကွဲလား " (အဒေါနစ်)

" အာ ... မာစီရာက ဂါဗင်နဲ့ညီအစ်ကိုအရင်းပါ "

" သူက ဂျရယ်မိုင်ရာလက်ချက်နဲ့သေသွားတာနော် " (အဒေါနစ်)

အဒေါနစ်၏နောက်ဆုံးစကားက ကီရမ်ကို အသက်ရှူရပ်တန့်စေပြီး ခဏငြိမ်သက်သွားစေသည်။ သူလေးစားအားကိုးရသော အစ်ကိုတော်မာစီရာကို သတ်ခဲ့သူမှာ ဂျရယ်မိုင်ရာဖြစ်နေခြင်းကြောင့် ဆာကေးခွက်ကို ကိုင်ထားသောလက်များ တုန်ယင်လာသည်။

" မာစီရာကိုသတ်တာ ဂျရယ်မိုင်ရာလား "

ကီရမ်၏မျက်ဝန်းများမှာ ချက်ချင်းရဲတက်လာပြီး ဂျရယ်မိုင်ရာကို လှည့်ကြည့်ခဲ့သည်။ စကားဆက်မပြောနိုင်အောင်ဖြစ်ပြီးနောက် သူအံကြိတ်ထားခဲ့သည်။ ဖရီးမန်းတို့ကလည်း ကီရမ်၏ပုံစံကိုကြည့်ရုံဖြင့် နားလည်လွယ်သည်။ မွန်ဒီမှာလည်း မျက်နှာငယ်လေးဖြင့် ကီရမ်ကိုကြည့်နေခဲ့သည်။

" ကီရမ် ... မင်းက မာစီရာကို သံယောဇဉ်ရှိခဲ့တာလား ... အဲဒါဆိုရင် ငါတောင်းပန်ပါတယ် "

ဂျရယ်မိုင်ရာက ကီရမ်ကို မျက်လုံးချင်းဆိုင်လျက် တောင်းပန်စကားပြောလျှင် ကီရမ်ကမျက်နှာလွှဲခဲ့သည်။

" တောင်းပန်လည်း မာစီရာက ပြန်မရှင်လာတော့ဘူး "

ကီရမ်က လက်သီးကျစ်ကျစ်ပါအောင်ဆုပ်ထားရင်း မျက်ရည်မကျအောင် အံကြိတ်ထားခဲ့သည်။

" ကီရမ် ... နင်ဒီကိစ္စကြောင့်နဲ့ ငါ့ကိုမုန်းသွားမှာလားဟင် "

မွန်ဒီ၏စကားကို အဒေါနစ်က နှာခေါင်းရှုံ့လိုင်သည်။

" ခုအနေအထားဆို မွန်ဒီ သဘောပေါက်လိုက်ပေါ့ ... မင်းချစ်သူက မင်းကိုလက်စားချေဖို့အတွက် အသုံးချရင်ချတော့မှာ၊ အဲဒါကြောင့် သူနဲ့လမ်းခွဲပြီး စံအိမ်တော်ကိုသာ ပြန်လိုက်ခဲ့ "

အဒေါနစ်၏စကားက မျှတမှုမရှိခဲ့ဘဲ တစ်ယူသန်ရာရောက်သည်။ ထို့ကြောင့် မွန်ဒီကို မျက်ရည်ကျစေပြီး ကီရမ်ကို ခံပြင်းစေခဲ့သည်။ ကီရမ်က စားပွဲခုံကို လက်သီးဖြင့် ထုရိုက်လိုက်ကာ အသက်ပြင်းပြင်းရှူနေခဲ့သည်။

" ခင်ဗျားတို့စိတ်နဲ့လာမနှိုင်းပါနဲ့ ... ကျုပ်ကိုအမြဲတမ်းနှိပ်စက်ခဲ့တဲ့လူကိုတောင် မမုန်းခဲ့တာ၊ ဒီကိစ္စကြောင့်နဲ့ မွန်ဒီကိုမုန်းဖို့ဆိုတာ ပိုဝေးသေး၊ ကျုပ်က ခင်ဗျားပြောသလို ခုနေကလဲ့စားချေရမယ်ဆိုရင် ဂျရယ်မိုင်ရာကိုတော့ သတ်မှာမဟုတ်ဘူး၊ ကျုပ်ကိုချစ်တဲ့လူကို သူသတ်ခဲ့တယ်၊ ဒါကြောင့် ကျုပ်ကိုချစ်နေတဲ့ သူ့ညီမကိုပဲ ကျုပ်ကပိုချစ်ပေးမယ်၊ ဒီလိုနည်းနဲ့ပဲ ကလဲ့စားချေမိမှာပါ "

ကီရမ်၏စကားကြောင့် ဂျရယ်မိုင်ရာကပါးစပ်နားရွက် တက်ချိတ်မတက်ပြုံးဖြီးနေခဲ့သလို မွန်ဒီကလည်း ကီရမ်ကိုတစိမ့်စိမ့်ကြည့်ရင်း သဘောကျစွာ ပြုံးနေမိသည်။ အဒေါနစ်နှင့်ဖရီးမန်းဘိုးတော်များမှာ မျက်နှာပျက်သွားကြသည်။

" အား .... ကံကြမ္မာက တအားဆန်းကြယ်တယ်ဆိုတာ၊ ကဲဗျာ ... အမုန်းတရားတွေခဝါချပြီး ခဏလောက် စိတ်ပျော်လိုက်ကြဖို့ မကောင်းဘူးလား၊ ကျုပ်တို့အားလုံးက အမတသက်တော်ရှည်တွေဆိုပေမယ့် အခန့်မသင့်သေသွားနိုင်တာပဲ၊ မသေခင် ရန်တွေဖြစ်နေကြမယ့်အစား ကောင်းကောင်းပျော်သင့်တယ် ... လာထိုင်ကြစမ်းပါ လူကြီးမင်းတို့ရယ်၊ ကလေးတွေကို သဘောတူတဲ့အထိမ်းအမှတ်နဲ့ ပါတီလုပ်ကြအောင် "

ကိုတက ဖရီးမန်းဘိုးတော်များကို ကြမ်းပြင်ပွေတွင် အတင်းဆွဲထိုင်ခိုင်းခဲ့ပြီးနောက် သူ၏တန်ခိုးဖြင့် ဘိုးတော်များ၏လက်ထဲသို့ဆာကေးခွက်များကို ဖန်ဆင်းပေးခဲ့သည်။ တီမိုသီကမူ ဆာကေးခွက်ထဲက ဆာကေးရည်ကြည်များကို ကြည့်နေခဲ့ပြီးနောက် သက်ပြင်းချခဲ့သည်။

" မင်းတို့ဘဝနဲ့မင်းတို့ရွေးချယ်မှုပါပဲ ... လုပ်ချင်ရာသာ လုပ်ကြတော့ "

ထိုကဲ့သို့ပြောပြီးနောက် တီမိုသီက ဆာကေးခွက်ကို မော့သောက်ခဲ့သည်။ ဒေါမနစ်အပါအဝင် ကျန်သည့်ဖရီးမန်းဘိုးတော်များက တီမိုသီဘက်က ဂျရယ်မိုင်ရာနှင့်မွန်ဒီ့အပေါ် လက်လျော့လိုက်သည်ကို သိရှိသွားချိန်၌ သူတို့လည်းလက်လျော့လိုက်ကြရင်း စိတ်ညစ်ညစ်ဖြင့် ဆာကေးများကို မော့သောက်ပစ်ကြသည်။

" မွန်ဒီကတော့ ထားပါ၊ ခရစ်စတိုဖာက ဘယ်လိုကိုယ်ဝန်ဆောင်မှာလဲ "

ဂရေဟန်က အတည်ပေါက်ဖြင့် မေးချလိုက်သောအခါ ခရစ်စတိုဖာမှာ မျက်နှာရှက်သွေးဖြာသွားသည်။ ကိုတကလည်း ခဏပြုံးယောင်သမ်းသွားသည်။

" အို ... စိတ်မပူပါနဲ့၊ နတ်ဆေးလုံးစားပြီး အီတို့ဗိုက်ထဲမှာ သန္ဓေတည်ခိုင်းလို့ရပါတယ် ... ကာယံကံရှင်နှစ်ယောက်က ကလေးယူချင်ကြတယ်ဆိုရင်ပေါ့ "

ဟီရိုကိုက ရွှင်ပြုံးစွာ ဖြေကြားခဲ့လျှင် ဒေါမနစ်ကလည်း ဝမ်းသာအားရဖြစ်သွားသည်။

" ဟင် ... တကယ်လား "

" ကျွန်မရဲ့အရှင်သခင်ဟောင်း လနတ်ဘုရားမဆီမှာ အဲဒီနတ်ဆေးလုံးတွေရှိတယ်၊ အကူအညီတောင်းလိုက်ရင် အဆင်ပြေပါတယ်"

" အဲဒါဆိုရင် ဂျရယ်မိုင်ရာ မင်းကိုယ်ဝန်ဆောင်လိုက်လေ "

ဖခင်ဖြစ်သူ ဒေါမနစ်၏ရုပ်တည်ကြီးနှင့် ဒဲ့ပြောလိုက်သောစကားကြောင့် ဂျရယ်မိုင်ရာလည်း အံ့အားသင့်တုန်လှုပ်သွားကာ နောက်တစ်ကြိမ်ဆာကေးအရက်များကို မှုတ်ထုတ်မိသည်။ ဤတွင် သူနှင့်မျက်နှာချင်းဆိုင်ထိုင်နေသော ဒေါမနစ်၏မျက်နှာတည့်တည့်သို့ မှုတ်မိသွားသော် ...

" ဒီကောင်တော့ ... "

ဒေါမနစ်လည်း မျက်လုံးမီးဝင်းဝင်းတောက်သွားကာ လက်သီးဆုပ်နေမိသည်။

" အဖေကလည်း ရုတ်တရက် လာပြောတာကိုး"

ဂျရယ်မိုင်ရာမှာ ဒေါမနစ်ကို မဝံ့မရဲဖြင့် တစ်ရှူးဘူးကနေ တစ်ရှူးများကမ်းပေးခဲ့သည်။

" ဟားဟားဟား ... ခင်ဗျားက ဆန္ဒတွေတအားစောသွားတာ၊ အေးဆေးပေါ့ "

ကိုတက အူလှိမ့်အောင်ရယ်နေခဲ့သည်။ အကုန်လုံးလည်း ဂျရယ်မိုင်ရာတို့ သားအဖေကြောင့် ရယ်ပြုံးခဲ့ကြသည်။ ဤသို့ဖြင့် မမျှော်လင့်ထားသော လူစုံတက်စုံညစားစားပွဲတစ်ခုဖြစ်ခဲ့ပြီးနောက် ရယ်သံများဖြင့် စည်ကားနေခဲ့လျက်။

-----

" ဖူကူရာမဆီကနေ သတင်းကောင်းကြားလာရတယ် .... အဲဒီကောင်ကြီး အိပ်ရာထလာပြီ"

" ဒီတစ်ခါ သူသေကိုယ်သေပဲ "

ထိုစကားအဆုံး၌ ဂျက်ဖရီ၏ပါးစပ်ကနေ ဆေးလိပ်ငွေ့များ ဖွာထွက်လာသည်။ ဂါဗင်ကမူ အေးစက်၍ခန့်ညားသောအပြုံးတစ်ခုကို တပ်ဆင်ထားခဲ့သည်။

◎ ══════ ❈ ══════ ◎

Continue Reading

You'll Also Like

5.7K 426 17
ဝလုံး ဝလုံး ဖိုးဝလုံး ချစ်စရာလေးဖိုးဝလုံး ချိုချိုပြုံးတဲ့ဝလုံးရယ် ထန်းရည်တစ်မြူပေးပါကွယ်~~
281K 5.9K 33
WATTPAD BOOKS EDITION You do magic once, and it sticks to you like glitter glue... When Johnny and his best friend, Alison, pass their summer holid...
35.5K 2.3K 81
Just read the book to know. This book is inspired by the book Enigmatic queen by @SuccessSmile. I have made a lot of changes in the story as then I...
553K 17.1K 28
© 2020, bo-kuroos [COMPLETE] You have to admit, the owl-haired, golden-eyed, obnoxious yet needy captain of Fukurodani Academy's volleyball team is h...