​ကောင်းမွန်တဲ့ဘဝနဲ့ အမျိုးသမီ...

Від Autumn_Aster

29.7K 2.8K 64

Type : Web Novel Author: Jiu Yue Wei Lan 九月微蓝 Total Chapter: 106 Eng Trans -> https://www.novelupdates.com... Більше

Prologue
အခန်း၁ တွင်ပါဝင်သည့် အသုံးအနှုန်းများ
အခန်း-၂
အခန်း-၃
အခန်း ၄
အခန်း ၅
အခန်း-၆
အခန်း ၇
အခန်း ၈
အခန်း-၉
အခန်း-၁၀
အခန်း ၁၁
အခန်း- ၁၂
အခန်း ၁၃
အခန်း ၁၄
အခန်း ၁၅
အခန်း ၁၆
အခန်း ၁၇

အခန်း ၁

2.7K 236 5
Від Autumn_Aster

UNICODE

ရှန်းတယ့် ၁၉နှစ်၊ နွေဦး တတိယလ

နွေဦး၏ နေရောင်ဖြာကျပြီး ကြည်နူးဖွယ်ကောင်းသည့် မြင်ကွင်းမှာ မြက်ခင်းတွေက စိမ်းလန်းစွာ ပေါက်နေပြီး စာဝါငှက်တွေက ပျံသန်းနေသည်။ သူကောင်းပြု ချန်းယီ၏ အိမ်တော်ယာရှိ ကြည်လင်နှလုံးသားအဆောင်၌ဖြစ်သည်။ မနက်ခင်းအစော၏ နွေးထွေးပြီး တောက်ပသည့် နေရောင်က ပြတင်းပေါက်ကနေ တစ်ဆင့် လွမ်ရှီ၏ အနည်းငယ်ဖြူဖျော့နေသည့် မျက်နှာပေါ် ဖြာကျနေသည်။ သူမက ကုတင်သေးသေးလေးရှိ နူးညံ့သည့် ခေါင်းဦးပေါ်လှဲနေသည်။ သူမရဲ့မည်းနက်သည့် ဆံနွယ်တွေက မှင်ရည်လို နက်မှောင်နေကာ သူမရဲ့ မျက်ဝန်းက ကြည်လင်စွာနှင့် မှင်နက်လို ရွှန်းစိုနေသည်။ သိမ်မွေ့ပြီး အဝါနုနုအပေါ် ဂျက်က်နှင့် စကတ်က သူမရဲ့ နှင်းလိုဖြူဖွေးသည့် အသားဖြင့် လိုက်ဖက်ညီလွန်းလှသည်။ သူမရဲ့မျက်နှာက ရင်သက်ရှုမောဖွယ်ကောင်းအောင် လှပလွန်းလှသည်။

လွမ်ရှီက လက်မြှောက်ပြီး သူမနှလုံးသားထက် ဖိလိုက်သည်။ နှလုံးသား၏ သန်မာပြီး အားကောင်းသည့် ခုန်လှုပ်မှုက သူမ နှုတ်ခမ်းကို ကွေးတက်သွားစေသည်။ အစစ်အမှန်ပဲ ကောင်းကင်ဘုံက သူမကို မပစ်ထားဘဲ ကျန်းမာသည့်ခန္ဓာကိုယ်ဆီ ရောက်လာဖို့ ခွင့်ပေးခဲ့သည်။

သူမရဲ့ အရင်ဘဝက မွေးရာပါ နှလုံးရောဂါကို ခံစားခဲ့ရပြီး မွေးစထဲက မိဘမဲ့ဂေဟာမှာ စွန့်ပစ်ခံခဲ့ရသည်။ အသက်၂၀ မတိုင်ခင်အထိ သူမ အသက်ရှင်ဖို့ဆိုတာ လွယ်ကူခဲ့တာတော့ မဟုတ်ပေ။ သို့တိုင်အောင်ငြားလည်း သူမ နိုးလာချိန်မှာ အေးအေးလူလူနေတတ်တဲ့ ဇာတ်လိုက်မပါသည့် ဝတ္ထုထဲသို့ ကူးပြောင်းလာခဲ့သည်။ သူမက ဇာတ်လိုက်မကတောင် အားကျရသည့် ယှဉ်မရအောင် ကောင်းမွန်တဲ့ ဘဝနှင့် အမျိုးသမီးဇာတ်ရန်ဖြစ်လာတာဖြစ်သည်။ ဇာတ်ကောင်နာမည်ကတော့ လွမ်မိသားစု၏ စတုတ္ထမြောက်သမီး လွမ်ရှီဖြစ်သည်။

သူမရဲ့ တရားဝင်အစ်မက ချမ်းသာသည့်မိသားစုမှ သတို့သားလောင်းကို စွန့်ပစ်လိုက်တာကြောင့် ထို စေ့စပ်ပွဲအတွက် သူမက အစားထိုးခံဖြစ်လာသည်။ ပြီးနောက်မှာတော့ သူမခင်ပွန်းသည်ရဲ့ သူမတစ်ယောက်တည်းကို ချစ်မြတ်နိုးမှု အလိုလိုက်မှုကိုလည်း ခံထားရသည်။ အဆုံးမှာ သူမက ပထမအဆင့်အရာရှိ၏ ဇနီးသည်အဖြစ် ဘဝရဲ့အနိုင်ရရှိသူ ဖြစ်လာသည်။ လွမ်ရှီ၊ လွမ်စစ်ညာန်ဟု သိကြသည်။ ကံမကောင်းတာက ဇာတ်ကြောင်းက သက်တောင့်သက်သာဖြစ်လွန်းသည့် ဇာတ်လိုက်မဆီမှာပဲ လည်ပတ်နေကာ ချောမွေ့ပြီး စိတ်ကျေနပ်စရာကောင်းသည့် လွမ်စစ်ညန်၏ ဘဝက ဇာတ်လိုက်မနှင့် သူမ၏ ယုံကြည်ရသည့် အစေခံမလေးရဲ့ စကားဝိုင်းထဲမှာပဲ ဇာတ်လိုက်မ အားကျသည့်အကြောင်းအဖြစ်သာ ပါလာ၏။

ဤနှစ်ယောက်က တွေ့ဆုံခြင်းမရှိပေ။ ဇာတ်လိုက်က ထီးနန်းကို ရယူချိန်မှာ အမျိုးသမီးဇာတ်လိုက်က သူမကို နန်းတွင်း၏ပွဲအခမ်းအနားတွေမှာသာ အကြိမ်အနည်းငယ် ‌တွေ့ဆုံခဲ့တာဖြစ်သည်။

ဇာတ်လိုက်မက လွမ်စစ်ညန်နှင့် ပတ်သက်သည့်အရာတိုင်းကို အထူးတလည်အာရုံစိုက်ရသည့်အကြောင်းရင်းက လွမ်စစ်ညန်၏ တရားဝင်အစ်မကြီး ကူးပြောင်းလာသည့် လွမ်စန်းညန်ကြောင့်ဖြစ်သည်။

ဝတ္ထုထဲတွင် လွမ်စန်းညန်က သူ့မရဲ့စေ့စပ်မှုကို အစောပိုင်းအဆင့်မှာ ဖျက်သိမ်းလိုက်ပြီး စားဖို့သောက်ဖို့ ပျော်ဖို့ပါးဖို့ပဲ သိတဲ့ ချမ်းသာသည့်မိသားစုမှ သူမရဲ့ သတို့သားလောင်းကို ကန်ထုတ်ပစ်လိုက်သည်။ သူမ၏ System တွင် ရောဂါတွေကို ကုသပေးနိုင်သည့် ဆေးပညာအရည်အချင်းဖြင့် ရေကိုခွဲပြီး လေကို ထန်အောင် လုပ်နိုင်ခဲ့သည်။ အဆုံးမှာ အင်ပါယာအိုကြီးရဲ့ တော်ဝင်မောင်းမဆောင်ထဲ ကျသွားပြီး သူ့ရဲ့ ကိုယ်လုပ်တော်တွေထဲမှ တစ်ယောက်ဖြစ်လာခဲ့သည်။ နောက်များကျတော့ အင်ပါယာအိုကြီးက သူနတ်ရွာစံသွားရင် သူမက သူနှင့် အဖော်လိုက်ပြီး မြုပ်နှံရမည်ဆိုသည့် လျှို့ဝှက်အမိန့်တော် ထုတ်ပြန်ခဲ့သည်။ အတိုချုံ့ရရင် သူမရဲ့ နောက်ဆုံးဇာတ်သိမ်းက အရမ်းကို ဆိုးရွားလွန်းလှသည်။ အရမ်းကို ထင်ရှားပေါ်လွင်လွန်းလှသည့် ကူးပြောင်းလာတဲ့ အမျိုးသမီး လွမ်စန်းညန်၏ ထွက်ပေါ်လာမှုက ဇာတ်လိုက်မကို အချက်ပေးသလိုဖြစ်ပြီး သူမကိုယ်သူမ တိတ်တိတ်လေးဖုံးကွယ်ပြီးတော့ သူမရဲ့ နေ့ရက်လေးတွေကို ဇာတ်လိုက်၏ အတွင်းဆောင်မှာ လိမ်လိမ်မာမာနှင့် ဖြတ်သန်းလေသည်။ လက်ရှိမှာ လွမ်ရှီက စာအုပ်ထဲ ကူးပြောင်းလာကာ မူလကိုယ်ပိုင်ရှင်က ၁၄နှစ်ပဲ ရှိသေး၏။ သို့ပေမယ့် ထူးဆန်းတာက မူလကိုယ်ရဲ့ မှတ်ဉာဏ်ထဲမှာ ကူးပြောင်းလာသည့် လွမ်စန်းညန်က စေ့စပ်ပွဲဖျက်ဖို့ သောင်းကျန်းရာကနေ ရုတ်တရက် စိတ်ပြောင်းပြီး သူမရဲ့ လက်ထပ်ပွဲကို လက်ရှိမှာ ပျော်ရွှင်စွာ ပြင်ဆင်နေသည်။

မူလကိုယ်ပိုင်ရှင်ကတော့ ရုတ်တရက်ဆိုသလို ဘာသာရေးဝန်ကြီး၏ တရားဝင်သားဖြစ်သူ ဝမ်ထျန်းကျိုးနှင့် လွန်ခဲ့တဲ့ လေးရက်က ဇာတာခွင်လဲလှယ်ခဲ့ပြီး သူတို့ရဲ့ လက်ထပ်ပွဲကို အတည်ပြုခဲ့သည်။

ဝမ်ထျန်းကျိုးက ဇာတ်လိုက်ရဲ့ အရည်အချင်းရှိသည့် လက်ထောက်တွေထဲမှ တစ်ယောက်ဖြစ်ပြီး ဘာသာရေးဝန်ကြီး၏ တရားဝင်သားလည်းဖြစ်သည်။ သူက အထက်တန်းလွှာအမျိုးကောင်းသားဖြစ်ပြီး ကျောက်စိမ်းလိုအသွင်နှင့် ခန့်ညားကာ အရည်အချင်းရှိ စဉ်းစားချင့်ချိန်တတ်သည့်စိတ်ရှိ၏။ သို့ပင်သော်ငြားလည်း အဆုံးမှာ သူက လျင်မြန်ပြီး ပြင်းထန်သည့် နည်းလမ်းတွေနှင့် အပြစ်ပေးဌာန၏ လေးစားခံရပြီး ဩချဖို့ကောင်းလှသည့် အဆင့်မြင့်အရာရှိဖြစ်လာသည်။

သူ့ဘဝတစ်လျှောက်လုံးမှာ တစ်ယောက်တည်းပဲ နေပြီး ဇနီးလည်း မယူခဲ့ကာ လက်ထပ်ခွင့်တောင်းတာတွေလည်း မရှိဘဲ သူ့အတွင်းဆောင်က သန့်ရှင်းနေသည်။

နောက်မှာတော့ လမ်းပေါ်က ထွက်လာသည့် ကောလဟာလတွေအရ ဝန်ကြီးဝမ်က အင်္ကျီလက်ပြတ်ဖြစ်နေသည်တဲ့။

လက်ရှိဝမ်ထျန်းကျိုးက ၁၈ ၁၉ပဲ ရှိဦးမည်ဖြစ်ကာ မြို့တော်ရှိ အထက်တန်းလွှာ အမျိုးသမီးတွေကြားထဲ အကောင်းဆုံး ခင်ပွန်းလောင်းတွေထဲမှ တစ်ယောက်ဖြစ်နေသည်။

တရားမဝင်သမီးက တရားဝင်သမီးထက် ကောင်းမွန်တဲ့ လက်ထပ်မှုရှိလာသောကြောင့် သူကောင်းဘွဲ့ရချန်းယီ၏ ဖူရန် ဂုဏ်သိက္ခာမှာ တစ်ဆင့်တက်လာသည်။ လူတိုင်းက သူမကို ချီးကျူးကြပြီး သူမရဲ့ သဘောကြီးသည့် စိတ်ထားနှင့် ကျက်သရေရှိမှုတို့ကို ပြောဆိုနေကြသည်။

သို့ပေမယ့် ထိုစကားတွေရဲ့ အဓိပ္ပါယ်က ချက်ချင်းပြောင်းသွားသည်။ ဘာလို့လဲဆိုတော့ သူမရဲ့ တရားဝင်သမီးကြီး လွမ်စန်းညန်နှင့် ပြဿနာရှိနေတာကို တစ်ချက်ကြည့်လိုက်တာနှင့် သိရသည်။ ဒါက စိတ်ဝင်စားဖို့တော့ ကောင်းသား။

လွမ်ရှီက ခပ်ဖျော့ဖျော့ ပြုံးလိုက်သည်။

ဤအချိန်မှာပဲ ဆံပင်ကို နှစ်ဖက်ထုံးထားပြီး အနက်ရောင်ဝတ်စုံ ဝတ်ထားသည့် အစေခံမလေးက ပုတီးစေ့လိုက်ကာကို အသာမကာ အတွင်းခန်းထဲ ဝင်လာသည်။ ညောင်စောင်းမှာ တွေဝေစွာထိုင်နေသည့် လွမ်ရှီကို မြင်ချိန်မှာ သူမက နူးညံ့သည့်အသံဖြင့် ပြောလာသည်။ "မမလေး တတိယမမလေးက လာလည်ပါတယ်"

တတိယမမလေး...

"တတိယမမလေးကို မြန်မြန် ဖိတ်လိုက်" လွမ်ရှီက ခဏလောက် မျက်မှောင်ကြုတ်လိုက်ပြီး နားထဲသို့ ချိုမြိန်ပြီး သာယာတဲ့အသံနှင့်အတူသည့် နွေးထွေးတဲ့ လေသံဖြင့် ပြောလာသည်။ မူလကိုယ်ပိုင်ရှင်က သူမရဲ့ တရားဝင်အမေဆီ သွားရောက်ကာ ကျန်းမာရေးကောင်းမွန်စေဖို့ ဆုတောင်းပေးပြီး သူမရဲ့ ဝန်းလေးဆီ အပြန်မှာ ကျီစယ်တတ်လွန်းသည့် ၆နှစ်အရွယ် သခင်လေးနှင့် တိုးလေသည်။ တံတားခုံးလေးကနေ သူမအဖြတ် ရေထဲသို့ မတော်တဆ တွန်းချခံလိုက်ရသည်။ နွေဦးမှာ လေအေးအေးတွေက တိုက်နေတုန်းမို့လို့ မူလကိုယ်ပိုင်ရှင်က အအေးမိလေသည်။ ထိုအအေးမိတာက ဆိုးရွားစွာဖြစ်ပြီး တစ်ညအတွင်းမှာပဲ မူလကိုယ်ပိုင်ရှင်၏ အသက်ကို ခြွေယူသွားလေ၏။

လွမ်ရှီက မူလကိုယ်ပိုင်ရှင်၏ အရွယ်မတိုင်ခင်သေဆုံးမှုအတွက် တိတ်ဆိတ်စွာ ဆုတောင်းပေးလိုက်သည်။ နောက်ဘဝကျ မူလကိုယ်ပိုင်ရှင်က ကောင်းမွန်သည့် မိသားစုမှာ ပြန်လည်ဝင်စားစေရန်အတွက် ဆုတောင်းမီးအိမ်လေး တိတ်တိတ်လေး ထွန်းပေးဖို့ အခွင့်အရေးရှာရန် ဆုံးဖြတ်လိုက်သည်။ ပုတီးစေ့ လိုက်ကာက ဘေးကို တွန်းပို့လိုက်ရင်း ကျက်သရေရှိသည့် ပုံရိပ်လေးက အထဲသို့ ဝင်လာသည်။ ကြာပန်းတွေ ပွင့်လာသလို သူမရဲ့ အမူအရာက ကျက်သရေရှိပြီး သူမရဲ့ ဘယ်လှုပ်ရှားမှုမဆို ချစ်ဖို့ကောင်းသည့်အရိပ်အယောင်လေးကို ရေးရေးလေး ဖော်ပြနေ၏။

သူမက လွမ်ရှီ၏ တရားဝင်အစ်မကြီးဖြစ်သူ လွမ်စန်းညန်— လွမ်နင်းဖြစ်၏။ အခန်းထဲဝင်ဝင်လာချင်းမှာပဲ သူမကျန်းမာရေးကို ဂရုတစိုက်ရှိဟန်ဖြင့် မေးလာသည်။ "စစ်မေ့ ညီမလေးရဲ့ အစေခံကောင်မလေး စူးယွီဆီကနေ ညီမလေးနိုးလာပြီလို့ မမကြားလို့လေ။ ဒီနေ့ကို သက်သာလာပြီလား?"

သူမအကြည့်က လွမ်ရှီကို စေ့စေ့စပ်စပ်ကြည့်လိုက်ရင်း စိတ်ထဲမှာ ရေရွတ်နေမိသည်။ ကြည့်ရတာ စတုတ္ထညီမလေးရဲ့ ကိုယ်နဲ့ အရိုးက ကောင်းမွန်တဲ့အနေအထားပဲ။ သူမသာ ရုပ်ပိုင်းဆိုင်ရာမကောင်းရင် ချီယွဲ့အမ်အတွက် သားသုံးယောက် သမီးတစ်ယောက်ကို ဘယ်လိုလုပ် မွေးပေးနိုင်မှာလဲ?

"စိတ်ပူပေးတဲ့အတွက် စန်းကျဲကို ကျေးဇူးတင်ပါတယ်။ ဖော်စပ်ပေးတဲ့ ဆေးတစ်ချို့ကို သောက်ပြီးချိန်မှာ ညီမလေးရဲ့ကိုယ်က တော်တော်ကောင်းလာပါပြီ။ သေချာ အနားယူဖို့ ရက်နည်းနည်းပဲ လိုအပ်ပါတယ်" လွမ်ရှီက မူလကိုယ်ပိုင်ရှင်ရဲ့ စကားပြောဟန်ကို အတုခိုးကာ သူမအသံကို နွေးထွေးပြီး နူးညံ့စွာ လုပ်ပြီး ပြန်ဖြေလာ၏။

ကြည့်ရတာ သူမမှန်းဆချက်က မှန်ကန်ပုံရသည်။ တရားဝင်အစ်မဆီ ကူးပြောင်းလာသည့် ဤအဖော်က ပြန်လည် မွေးဖွားလာသည့်ပုံပင်။ သူမပြန်လည်မွေးလာသည့် အချိန်အတိအကျကိုသာ မသိတာဖြစ်၏။

အပေါ်ယံမှာတော့ စိတ်သက်သာရာရဟန်ဖြင့် သက်မချလိုက်သော်လည်း လွမ်နင်း၏မျက်ဝန်းထဲတွင် ဝင်းလက်မှုတစ်ခု ဖြတ်ပြေးသွားသည်။ သူမ၏လေသံထဲမှာ သနားကရုဏာရှိဟန်ဖြင့် ပြောလာသည်။ "ဒီလိုဆိုလည်း မမက စိတ်အေးနိုင်ပြီ။ ဟုတ်သား ညီမလေးကို ရေထဲ တွန်းချလို့ ရှောင်စန်ကို ဖေဖေက အပြစ်ပေးလိုက်ပြီ။ လင်းယီညန်က ဒီနေ့ကို ညီမလေးဆီ အလည်လာလိမ့်ပါမယ်။ မမဆီမှာ အဆင့်မြင့်ဂျင်ဆင်းတစ်ချို့ရှိတယ်။ နှစ်တစ်ရာတော့ မပြည့်သေးပေမယ့် ရှာရခက်တဲ့ အမျိုးအစားကောင်းလေ။ စစ်မေ့ရဲ့ ခန္ဓာကိုယ် အားဖြည့်ဖို့အတွက် မမက တစ်ယောက်ကို ပို့ခိုင်းလိုက်ပါ့မယ်"

စူးယွီက ဘေးကနေ အံ့အားသင့်သည့် အမူအရာ ပြလာသည်။ သူကောင်းအမတ်က သူမရဲ့ မမလေးဆီမှာ အရေးကြီးမှုအနေနှင့် သတ်မှတ်ရင်တောင်မှ အတွင်းဆောင်ရဲ့ ပိုင်ရှင်က ဖူရန်ဖြစ်နေတုန်းဖြစ်၏။ ဤစံအိမ်တော်ရဲ့ အဝတ်အစား၊ အစားအသောက်နှင့် တခြားသုံးစွဲမှုတွေအပေါ် တာဝန်ယူထားရသူဖြစ်သည်။ သူမရဲ့ မမလေး မိသားစုနောက်ခံက မချမ်းသာပေ။ ရှိနေသည့်အရာအားလုံးက အနည်းငယ်စုတ်ချာပြီး ဆိုးရွာတယ်လို့ ယူဆလို့ရ၏။ ထို့ကြောင့် အရည်အသွေးကောင်းသည့် ဆေးဖက်ဝင် အပင်တွေကို အသာထား သာမန် ဆေးရွက်ပင်တွေတောင် အများကြီး မရှိလှပေ။

လွမ်ရှီက ကျေးဇူးတင်သည့် မျက်နှာကို ဖော်ထုတ်လိုက်ပြီး ကျေးဇူးတင်ကြောင်း ပြောလိုက်၏။

ထိပ်တန်းဂျင်ဆင်းလိုအရာမျိုးကို မကြိုက်တဲ့သူ ဘယ်သူမှ မရှိဘူးလေ။ လွမ်စန်းညန်က အရမ်းကို ရက်ရောနေမှတော့ သူမလည်း တုန့်ဆိုင်းခြင်းမရှိ လက်ခံရမှာပေါ့။

လွမ်နင်းက သူမကို သိမ်မွေ့သည့် အပြုံးပြုံးပြလိုက်ရင်း "လောင်ထိုက်ထိုက်က မမကို အရင်တုန်းက ပေးထားတာလေ။ လောင်ထိုက်ထိုက်ကို ညီမလေးက ကျေးဇူးတင်ပေးရင် လုံလောက်ပါပြီ"

သူမ၏စကားထဲတွင် ကြွားဝါလိုသည့် အရိပ်အယောင်ပါနေ၏။

အမှန်ကို ပြောရမယ်ဆိုရင် လွမ်နင်းက သူမလက်ထဲတွင် အရည်အသွေးကောင်းသည့် ဂျင်ဆင်း အများကြီးမရှိပေ။ သူမရဲ့ System ထဲတွင် ရောဂါကုသည့် စနစ်ပါဝင်လို့ ထိပ်တန်းအဆင့်ဆေးဖက်ဝင်အပင်တွေဆိုတာ မလိုလှသော်လည်း အဲ့လိုပေးပစ်ရတာက အနည်းငယ်နာကျင်မှုခံစားနေရတုန်းပင်။

အထူးသဖြင့် လွမ်စစ်ညန်ကို ပေးရသည့်အချိန်မှာပေါ့။

ကလေးနှင့် ခွဲရတာကို နာကျင်နေသလိုမျိုး ဖြစ်ပေမယ့် လွမ်နင်းကတော့ နာကျင်မှုကို သည်းခံရင်း ပေးလိုက်ရသည်။

သူကောင်းချန်းယီစံအိမ်တော်မှာ လွမ်စန်းညန်က လောင်ထိုက်ထိုက် အချစ်ရဆုံး မြေးဆိုတာ ဘယ်သူက မသိတာရှိလဲ? လွမ်စန်းညန်ဆီမှာ လောင်ထိုက်ထိုက်ကပေးထားသည့် ထိပ်တန်းဂျင်ဆင်းရှိနေတာက မထူးဆန်းလှပေ။

လွမ်ရှီက ခေါင်းညိတ်လိုက်ပြီး လွမ်စန်းညန်နှင့် လောင်ထိုက်ထိုက်ကို ထပ်ပြီး ကျေးဇူးတင်လိုက်သည်။ "စန်းကျဲပြောတာ မှန်ပါတယ်။ ညီမလေး အပြည့်အဝနေကောင်းတဲ့အခါကျရင် ငြိမ်သက်သက်ရှည်ခန်းမဆီသွားပြီး လောင်ထိုက်ထိုက်ကို ကျေးဇူးတင်လိုက်ပါ့မယ်"

လွမ်နင်းက ကျေနပ်စွာ ခေါင်းညိတ်လိုက်၏။ သူမက လွမ်ရှီဘေးမှာ ထိုင်ပြီး ချစ်ခင်နှစ်သက်စွာနှင့် သူမလက်ကို ပုတ်ပေးလိုက်ရင်း လွမ်ရှီရဲ့ လှပလွန်းသည့်မျက်နှာနှင့် ဖွံ့ဖြိုးနေပြီဖြစ်သည့် ခန္ဓာကိုယ်အကွေ့အကောက်ကို လေ့လာနေလိုက်သည်။ သူမရဲ့ နှလုံးသားထဲ အားမလိုအားမရဖြစ်မှု ထွက်ပေါ်လာသည်။ လွမ်မိသားစု၏ ညီအစ်မလေးယောက်လုံးသည် ရုပ်ရည်ချောမောလွန်းလှပြီး မြို့တော်မှာ လူသိများသည့် မိန်းမလှလေးတွေဖြစ်၏။ သို့ပေမယ့် အဲ့ထဲမှာ လွမ်စစ်ညန်က အချောဆုံးဖြစ်သည်။

လွမ်စစ်ညန်က ၁၄နှစ်ပဲ ရှိနေရင်တောင်မှ ကိစ္စမရှိပေ။ ပွဲအခန်းအနားတက်တာ ရှားပါးလှတာတောင်မှ သူမရဲ့ ရင်သက်ရှုမောဖွယ်အလှက လမ်းမတစ်ခွင် ပျံ့နေပြီးသားဖြစ်သည်။

သူမ၏ ကြိုတင်သိမြင်မှုတွေအရဆို လွမ်စစ်ညန်၏ အလှတရားကြောင့် သူမအဖေက လွမ်စစ်ညန်ကို သေချာသည့် တော်ဝင်မင်းသားတစ်ယောက်၏ အိမ်တော်ကို ပို့ချင်နေတာဖြစ်သည်။ ထို့အတွက်ကြောင့် သူမရဲ့ လက်ထပ်မှုက မဖြေရှင်းရသေးဘဲ ကျန်နေတာဖြစ်သည်။

လွန်ခဲ့တဲ့ရက်အနည်းငယ်က သူမပြန်လည်မွေးဖွားပြီးလာတာနှင့် စစ်မေ့၏ လက်ထပ်ပွဲကို အခြေချပေးရန် သူမအမေကို လောဆော်ခဲ့သည်။ သူမရွေးချယ်သည့်သူက ဘာသာရေးဝန်ကြီး၏ တရားဝင်သား ဝမ်ထျန်းကျိုးဖြစ်သည်။ သူကောင်းအမတ်ချန်းယီ၏ စံအိမ်တော်မှ တရားမဝင်သမီးအနေနှင့် ဘာသာရေးဝန်ကြီး၏ တရားဝင်သားရဲ့ တရားဝင်ဇနီးဖြစ်ဖို့ဆိုတာက လွန်ကဲသည့်အဆင့်ဖြစ်နေသည်။

ထိုကိစ္စအခြေချပြီးနောက်မှာ သူမအဖေက သိသွားလို့ ဒေါသူပုန်ထရင်တောင်မှ သူမအမေအပေါ် အရမ်း စိတ်မတိုနိုင်ပေ။

အမှန်တရားက အဲ့လိုပင်။

သို့ပေမယ့် လွမ်နင်း၏ နှလုံးသားထဲမှာတော့ ခါးသက်မှုကပဲ တိုးတက်လာသည်။ ပထမ သူမ ထင်ထားတာက ဘာသာရေးဝန်ကြီး၏ ဖူရန်နှင့် ဝမ်ထျန်းကျိုးက ကမ်းလှမ်းမှုကို ငြင်းပယ်မယ်လို့ပင်။ ဘာလို့လဲဆို‌ေတာ့ သူမရဲ့စတုတ္ထညီမလေးက တရားမဝင်သမီးဖြစ်နေလို့ဖြစ်သည်။ ထို့အပြင် သူမက တရားမဝင်သမီးဖြစ်သည်ဆိုတဲ့ အချက်က ကိစ္စတွေကို ကူကယ်နိုင်သည့် အနေအထားမဟုတ်ပေ။ ဘာသာရေးဝန်ကြီး၏ ဖူရန်က သူမရဲ့ စတုတ္ထညီမလေးကို‌ ချွေးမမဖြစ်လာဖို့ သေချာပေါက်ကန့်ကွက်မည်လို့ပင်။

ငြင်းပယ်မှုတစ်ချက်ပေါ်လာတာနှင့် သူမအမေအား ဒုတိယမြောက်လူကို အကြံပေးဖို့ ပြင်ထားပြီးသားဖြစ်သည်။ သူမထင်ထားတာနှင့် ဆန့်ကျင်စွာနှင့်ပဲ သူမရဲ့ စတုတ္ထညီမလေးရဲ့ ဘဝက အဲ့လောက်ကောင်းမွန်လှသည်။ သူမအမေက ဘာသာရေးဝန်ကြီး၏ ဖူရန်ကို အရိပ်အမြွက်ပဲ ပြောရတယ်ရှိသေး ဘာသာရေးဝန်ကြီး၏ ဖူရန်က ချက်ချင်း သဘောတူလာသည်။ ထို့နောက် ချက်ချင်းဆိုသလိုပဲ သူတို့ရဲ့ ဇာတာခွင်တွေကို လဲလှယ်လိုက်ပြီး လက်ထပ်မှုသဘောတူညီချက်ကို အတည်ပြုလိုက်ကြသည်။

ဝမ်ကုန်းဇီက ကန့်ကွက်ချက်တစ်ခုလေးတောင် မဆိုလာပေ။

သူမ သေချာမှတ်မိတာက ဝမ်ထျန်းကျိုးက သူမ မသေခင်အထိကို လက်ထပ်ထိမ်းမြားခဲ့တာမရှိပေ။ သူမ သေဆုံးပြီးနောက် သူမဝိဉာဉ်က တော်ဝင်နန်းဆောင်ထဲမှာ နှစ်ပေါင်းများစွာ လွင့်မြောနေသည်။ နန်းတွင်းအစေခံတွေမှ အပြစ်ဒဏ်စီရင်မှုဝန်ကြီးဝမ်ထျန်းကျိုးက ဇနီးတစ်ယောက်တောင် မယူသည့်အတွက် လိင်တူသဘောကျသူလို့ ခန့်မှန်းနေကြတာကို သူမ မကြာမကြာကြားလေ့ရှိသည်။

လွမ်နင်းက သူတို့ခန့်မှန်းချက်က မှန်တယ်လို့ ခံစားမိသည်။

ရှေးခေတ်အချိန်မှာ ယောကျာ်းတွေက ဇနီးသုံးယောက် ကိုယ်လုပ်တော် လေးယောက် ယူလေ့ရှိသည်။ ဝမ်ထျန်းကျိုး၏ မိသားစုနောက်ခံနှင့်ဆို ဇနီးတစ်ယောက် မရွေးနိုင်စရာ အကြောင်းမရှိပေ။ သူ့အတွင်းဆောင်က သန့်ရှင်းပြီး သပ်ရပ်နေသည်။ တုန်ဖန်းရော ညအိပ်ဖော်အစေခံတောင် မရှိပေ။ သူက မထောင်နိုင်တာမျိုးမဟုတ်ရင် ယောကျာ်းခြင်း သဘောကျသည့် အင်္ကျီလက်ပြတ်ပဲ ဖြစ်ရမည်။

ဒီဘဝမှာတော့ သူမရဲ့ စတုတ္ထညီမလေးကို လက်ထပ်ဖို့ သူက သဘောတူလာမယ်လို့ ဘယ်သူက ထင်ထားမှာလဲ?

ပြီးခဲ့တဲ့ ဘဝမှာ ဝမ်ထျန်းကျိုးက သူမရဲ့ စတုတ္ထညီမလေးအတွက် တစ်ဖက်သတ်အချစ်များ ရှိနေခဲ့လို့လား...? သူမစတုတ္ထညီမလေးက သူမနေရာကိုာ အစားထိုးပြီး ချီယွဲ့အမ်ကို လက်ထပ်လိုက်တာကြောင့် သူ့ဘဝတစ်လျှောက်လုံး လက်မထပ်ဘဲ နေသွားခဲ့တာများလား?

ဤအတွေးက လွမ်နင်းစိတ်ထဲ ဝင်လာတာနှင့် ပိုပြီး မသက်မသာဖြစ်လာသည်။ ဒီလိုသာ အမှန်ဆိုရင် သူမရဲ့စတုတ္ထညီမလေးရဲ့ ဘဝက အရမ်းကို ကောင်းမွန်လှသည်။ သူမ အတွေးလွန်နေတာဖြစ်ဖို့ မျှော်လင့်သည်။

ဝမ်ထျန်းကျိုးက သူမရဲ့စတုတ္ထညီမလေး၏ ရင်သက်ရှုမောဖွယ်အလှကို ငှါးပြီး သူ့လိင်စိတ်ခံယူချက်ကို ဖုံးကွယ်ဖို့များလား? သူမရဲ့စတုတ္ထညီမလေးက အနောက်ခြံဝန်းမှာ တစ်ဦးတည်းသော မိန်းမဖြစ်နေပြီး ကလေးကို မလွယ်နိုင်ရင် ဘာသာရေးဝန်ကြီး၏ ဖူရန်က သူမရဲ့ စတုတ္ထညီမလေးကို အန္တရာယ်ရှိသည့် မိန်းမလို့ သတ်မှတ်ကောင်း သတ်မှတ်လာလိမ့်မည်ဖြစ်သည်။

ထိုအကြောင်းကို သူမ တွေးလိုက်မိသည်နှင့် လွမ်နင်းရဲ့ နှလုံးသားထဲ အပြစ်ရှိစိတ် ခပ်ဖျော့ဖျော့ကို ခံစားလိုက်ရသည်။ ပြီးနောက် သူမ အလည်လာရတဲ့ရည်ရွယ်ချက်ကို သတိရသွားပြီး သူမရဲ့ ကိုယ်ပိုင်လက်ထပ်တဲ့ ကိစ္စကို စကားလမ်းကြောင်းပြောင်းလိုက်သည်။ စကားပြောရင်း သူမမျက်လုံးက နီရဲတက်လာပြီး သူမလက်က လွမ်ရှီရဲ့ အင်္ကျီလက်ကို တင်းတင်းကျပ်ကျပ်ကိုင်ထားလေသည်။ "စစ်မေ့ မမနဲ့မတူဘဲ ညီမလေးက ကောင်းမွန်တဲ့ လက်ထပ်မှုကို ရတော့ မမက အရမ်းအားကျတာပဲ။ မမကျတော့ သင်ယူမှုလည်းမရှိ ကျွမ်းကျင်မှုလည်း မရှိဘဲ သောက်စားပျော်ပါးဖို့ပဲ သိတဲ့ မှူးမတ်ရဲ့ တရားမဝင်သားကိုပဲ လက်ထပ်နိုင်တယ်"

"စစ်မေ့ မမရဲ့ ဘဝက တကယ်ခါးသက်ပါတယ်"

လွမ်ရှီက လွမ်စန်းညန်၏ ပြဇာတ်ကို နားထောင်ပြီး သူမရဲ့ဖျော်ဖြေမှုကို တိတ်တိတ်လေးကြည့်နေသည်။ ပြီးနောက် လွမ်ရှီက အခြေအနေအတွက် သင့်တော်သည့် အနည်းငယ်ပျောက်ဆုံးနေဟန်ကို ဖော်ပြလာပြီး လက်ကို ကိုင်ကာ နှစ်သိမ့်လိုက်သည်။ "စန်းကျဲ လောင်ထိုက်ထိုက်က မမကို အရမ်းချစ်တာ။ မမက ချီမိသားစုရဲ့ ဒုတိယအမျိုးကောင်းသားကို လက်မထပ်ချင်ဘူးဆိုရင် လောင်ထိုက်ထိုက်က သေချာပေါက် ကူညီမှာပဲလေ"

လွမ်စန်းညန်နှင့် ချီမိသားစုရဲ့ ကိုယ်လုပ်တော်ဖွား ဒုတိယအမျိုးကောင်းသားရဲ့ လက်ထပ်သဘောတူညီမှုက မှူးမတ်ဟွေ့ယန်နှင့် သူကောင်းအမတ်ချန်းယီတို့ရဲ့ လောင်းကစားကနေ ဖြစ်ပေါ်လာပဲဖြစ်သည်။ ဤလက်ထပ်သဘောတူညီမှုကို လူတိုင်းက သိကြသည်။

စာအုပ်ထဲတွင် လွမ်စန်းညန်က လက်ထပ်ပွဲဖျက်ဖို့ကို အခိုင်အမာ ဆုံးဖြတ်ထားပြီး သူမ သေရင်တောင်မှ သူ့ကို ဘယ်တော့မှ လက်မထပ်ဘူးလို့ ကျိန်ဆိုခဲ့သည်။ သို့ပေမယ့် သူကောင်းအမတ်ချန်းယီစံအိမ်တော်နှင့် မူးမတ်ဟွေ့ယန်စံအိမ်တော်တို့က ဤလက်ထပ်သဘောတူညီမှုကို မဖျက်ချင်ခဲ့သောကြောင့် လွမ်စစ်ညန်က လွမ်စန်းညန်ရဲ့ နေရာမှာ အစားထိုးပြီး မှူးမတ်ဟွေ့ယန်၏ အသုံးမကျသည့် တရားမဝင်သား ချီယွဲ့အမ်ကို လက်ထပ်ဖို့ ဖြစ်လာတာဖြစ်သည်။ အပြင်သူတွေအတွက်တော့ ချီယွဲ့အမ်ကို လက်ထပ်တဲ့သူက လွမ်စစ်ညန်ဆိုပြီး သိသွားကြသည်။

လူတိုင်းက အခြေအနေကို သိနားလည်ကြကာ အပေါ်ယံမှာတော့ သူတို့ အသံမထွက်ဖို့ ရွေးချယ်ခဲ့သည်။

လွမ်စန်းညန်က သူမရဲ့ စေ့စပ်မှုပျက်သွားပြီးနောက် သူမရဲ့ ဂုဏ်သတင်းလည်း တော်တော်ထိခိုက်သွားသည်။

လွမ်နင်းရဲ့အသံက ရှိုက်တာကြောင့် ဖြစ်သွားသလိုမျိုး အသံက တုန်ယီနေသည်။ "မမ... မမက လောင်ထိုက်ထိုက်ကို ပြဿနာမပေးချင်ဘူး။ ပြီးတော့ စေ့စပ်ကြောင်းလမ်းတာ ဖျက်သိမ်းတယ်ဆိုတာကလည်း မမရဲ့ ဂုဏ်သတင်းကို ထိခိုက်မှာလေ။ ဂုဏ်သတင်းမကောင်းရင် ကောင်းတဲ့ မိသားစုကို ရှာဖို့ ပိုတောင်ခက်မှာ။ အဲဒါကြောင့် မမက မမရဲ့ ကံကြမ္မာကိုပဲ လက်ခံဖို့ ရှိတော့တယ်"

သူမရဲ့အရင်ဘဝမှ လမ်းဟောင်းအတိုင်း လျှောက်ဖို့ကို ငြင်းဆို၏။ သူမရဲ့ ရောဂါကုသနိုင်တဲ့ စွမ်းရည်နှင့် ဆေးပညာအရည်အချင်းက အရမ်းကို သိသာနေခဲ့သည်။ နောက်များကျတော့ ဧကရာဇ်အိုကြီးရဲ့ ကိုယ်လုပ်တော်ဖြစ်ဖို့ တော်ဝင်နန်းဆောင်ထဲ ခေါ်သွင်းခံရသည်။ အဆုံးမှာ ဧကရာဇ်အိုကြီးက သူသေတာတောင်မှ သူမကို လွှတ်ပေးဖို့ ငြင်းဆန်ကာ မြေမြုပ်ချိန်ထိ သူမကို အဖော်လိုက်ဖို့ ဖိအားပေးတာခံခဲ့ရသည်။

သူမအရင်ဘဝမှ ဆိုးရွားသည့် ဇာတ်သိမ်းနှင့် ကြုံခဲ့ရတာကို လွမ်နင်းမှတ်မိချိန်မှာတော့ သူမ စိတ်ထဲ ကြောက်ရွံ့မှုတွေဖြင့် ပြည့်လာသည်။

ဤဘဝမှာတော့ သူမက နာခံစွာနှင့် ချီယွဲ့အမ်ကို လက်ထပ်မည်ဖြစ်ပြီး သူမနေ့ရက်တွေကို သူနှင့် အတူ သေချာ နေထိုင်သွားမည်ဖြစ်သည်။ သူမ ကံကြမ္မာကို လက်ခံဖို့လား?

လွမ်ရှီက သူမနှလုံးသားထဲ ဆွံ့အသွားသည်။ လွမ်စန်းညန်၏ စာအုပ်ထဲမှ အရင်ဘဝကို သူမ မသိခဲ့ရင်တော့ လွမ်စန်းညန်၏ ဆင်ခြေကို သူမ သေချာပေါက် ယုံကြည်မှာဖြစ်သည်။ ချီယွဲ့အမ်က သူ့ဘာသာ မတိုးတက်လာရင် နန်းတွင်းစာမေးပွဲကို ဖြေနိုင်တာမျိုးမရှိရင် အဆင့်မြင့်အရာရှိအဖြစ်သို့ မရောက်လာခဲ့ရင် အာဏာကို ဆုပ်ကိုင်ထားနိုင်သည့် ဧကရာဇ်အသစ်ရဲ့ ဘယ်ညာလက်ရုံးမဖြစ်ခဲ့ပါက လွမ်စန်းညန်က သူမပြန်မွေးဖွားလာပြီးနောက် သူမကိုယ်ပိုင်ကံကြမ္မာကို လက်ခံမည်တဲ့လား?

စေ့စပ်ပွဲကို ထပ်ဖြတ်ပြီးတော့ သူမကို အစားထိုးအဖြစ် ထပ်လုပ်ကောင်း ထပ်လုပ်မည်ဖြစ်သည်။

သို့ပေမယ့် ဤချီယွဲ့အမ်က ကျားကိုစားဖို့ ဝက်ကို ကစားနေတာလား ဒါမှမဟုတ် တကယ်မသိဘဲ အရည်အချင်းမရှိတာလားဆိုတာတော့ မသိရပေ။ မူလ လွမ်ရှီက ချီအာ့ကုန်းဇီနှင့် ဆုံတွေ့တာမျိုးမရှိလို့ သူက ဘယ်ကဏ္ဍထဲမှာ ပါနေလဲဆိုတာ သူမ မသိရပေ။

သို့ပေမယ့်လည်း သူက ဘယ်ကဏ္ဍမှာ ပါလဲဆိုတာ အရေးမကြီးတော့ပေ။ မူလကိုယ်ပိုင်ရှင်၏ ဉာဏ်ရည်ဉာဏ်သွေးနှင့် အလှအပနှင့်ဆို သူမ နေ့ရက်တွေကို ကောင်းမွန်စွာ ဖြတ်သန်းဖို့ သေချာပေါက် နည်းရှာနိုင်မည်ဖြစ်သည်။ တစ်ဖက်မှ လွမ်စန်းညန်ကတော့...

2023 Jan 14

ZAWGYI

႐ွန္းတယ့္ ၁၉ႏွစ္၊ ေႏြဦး တတိယလ

ေႏြဦး၏ ေနေရာင္ျဖာက်ၿပီး ၾကည္ႏူးဖြယ္ေကာင္းသည့္ ျမင္ကြင္းမွာ ျမက္ခင္းေတြက စိမ္းလန္းစြာ ေပါက္ေနၿပီး စာဝါငွက္ေတြက ပ်ံသန္းေနသည္။ သူေကာင္းျပဳ ခ်န္းယီ၏ အိမ္ေတာ္ယာ႐ွိ ၾကည္လင္ႏွလုံးသားအေဆာင္၌ျဖစ္သည္။ မနက္ခင္းအေစာ၏ ေႏြးေထြးၿပီး ေတာက္ပသည့္ ေနေရာင္က ျပတင္းေပါက္ကေန တစ္ဆင့္ လြမ္႐ွီ၏ အနည္းငယ္ျဖဴေဖ်ာ့ေနသည့္ မ်က္ႏွာေပၚ ျဖာက်ေနသည္။ သူမက ကုတင္ေသးေသးေလး႐ွိ ႏူးညံ့သည့္ ေခါင္းဦးေပၚလွဲေနသည္။ သူမရဲ႕မည္းနက္သည့္ ဆံႏြယ္ေတြက မွင္ရည္လို နက္ေမွာင္ေနကာ သူမရဲ႕ မ်က္ဝန္းက ၾကည္လင္စြာႏွင့္ မွင္နက္လို ႐ႊန္းစိုေနသည္။ သိမ္ေမြ႕ၿပီး အဝါႏုႏုအေပၚ ဂ်က္က္ႏွင့္ စကတ္က သူမရဲ႕ ႏွင္းလိုျဖဴေဖြးသည့္ အသားျဖင့္ လိုက္ဖက္ညီလြန္းလွသည္။ သူမရဲ႕မ်က္ႏွာက ရင္သက္႐ႈေမာဖြယ္ေကာင္းေအာင္ လွပလြန္းလွသည္။

လြမ္႐ွီက လက္ေျမႇာက္ၿပီး သူမႏွလုံးသားထက္ ဖိလိုက္သည္။ ႏွလုံးသား၏ သန္မာၿပီး အားေကာင္းသည့္ ခုန္လႈပ္မႈက သူမ ႏႈတ္ခမ္းကို ေကြးတက္သြားေစသည္။ အစစ္အမွန္ပဲ ေကာင္းကင္ဘုံက သူမကို မပစ္ထားဘဲ က်န္းမာသည့္ခႏၶာကိုယ္ဆီ ေရာက္လာဖို႔ ခြင့္ေပးခဲ့သည္။

သူမရဲ႕ အရင္ဘဝက ေမြးရာပါ ႏွလုံးေရာဂါကို ခံစားခဲ့ရၿပီး ေမြးစထဲက မိဘမဲ့ေဂဟာမွာ စြန္႔ပစ္ခံခဲ့ရသည္။ အသက္၂၀ မတိုင္ခင္အထိ သူမ အသက္႐ွင္ဖို႔ဆိုတာ လြယ္ကူခဲ့တာေတာ့ မဟုတ္ေပ။ သို႔တိုင္ေအာင္ျငားလည္း သူမ ႏိုးလာခ်ိန္မွာ ေအးေအးလူလူေနတတ္တဲ့ ဇာတ္လိုက္မပါသည့္ ဝတၳဳထဲသို႔ ကူးေျပာင္းလာခဲ့သည္။ သူမက ဇာတ္လိုက္မကေတာင္ အားက်ရသည့္ ယွဥ္မရေအာင္ ေကာင္းမြန္တဲ့ ဘဝႏွင့္ အမ်ိဳးသမီးဇာတ္ရန္ျဖစ္လာတာျဖစ္သည္။ ဇာတ္ေကာင္နာမည္ကေတာ့ လြမ္မိသားစု၏ စတုတၳေျမာက္သမီး လြမ္႐ွီျဖစ္သည္။

သူမရဲ႕ တရားဝင္အစ္မက ခ်မ္းသာသည့္မိသားစုမွ သတို႔သားေလာင္းကို စြန္႔ပစ္လိုက္တာေၾကာင့္ ထို ေစ့စပ္ပြဲအတြက္ သူမက အစားထိုးခံျဖစ္လာသည္။ ၿပီးေနာက္မွာေတာ့ သူမခင္ပြန္းသည္ရဲ႕ သူမတစ္ေယာက္တည္းကို ခ်စ္ျမတ္ႏိုးမႈ အလိုလိုက္မႈကိုလည္း ခံထားရသည္။ အဆုံးမွာ သူမက ပထမအဆင့္အရာ႐ွိ၏ ဇနီးသည္အျဖစ္ ဘဝရဲ႕အႏိုင္ရ႐ွိသူ ျဖစ္လာသည္။ လြမ္႐ွီ၊ လြမ္စစ္ညာန္ဟု သိၾကသည္။ ကံမေကာင္းတာက ဇာတ္ေၾကာင္းက သက္ေတာင့္သက္သာျဖစ္လြန္းသည့္ ဇာတ္လိုက္မဆီမွာပဲ လည္ပတ္ေနကာ ေခ်ာေမြ႕ၿပီး စိတ္ေက်နပ္စရာေကာင္းသည့္ လြမ္စစ္ညန္၏ ဘဝက ဇာတ္လိုက္မႏွင့္ သူမ၏ ယုံၾကည္ရသည့္ အေစခံမေလးရဲ႕ စကားဝိုင္းထဲမွာပဲ ဇာတ္လိုက္မ အားက်သည့္အေၾကာင္းအျဖစ္သာ ပါလာ၏။

ဤႏွစ္ေယာက္က ေတြ႕ဆုံျခင္းမ႐ွိေပ။ ဇာတ္လိုက္က ထီးနန္းကို ရယူခ်ိန္မွာ အမ်ိဳးသမီးဇာတ္လိုက္က သူမကို နန္းတြင္း၏ပြဲအခမ္းအနားေတြမွာသာ အႀကိမ္အနည္းငယ္ ‌ေတြ႕ဆုံခဲ့တာျဖစ္သည္။

ဇာတ္လိုက္မက လြမ္စစ္ညန္ႏွင့္ ပတ္သက္သည့္အရာတိုင္းကို အထူးတလည္အာ႐ုံစိုက္ရသည့္အေၾကာင္းရင္းက လြမ္စစ္ညန္၏ တရားဝင္အစ္မႀကီး ကူးေျပာင္းလာသည့္ လြမ္စန္းညန္ေၾကာင့္ျဖစ္သည္။

ဝတၳဳထဲတြင္ လြမ္စန္းညန္က သူ႕မရဲ႕ေစ့စပ္မႈကို အေစာပိုင္းအဆင့္မွာ ဖ်က္သိမ္းလိုက္ၿပီး စားဖို႔ေသာက္ဖို႔ ေပ်ာ္ဖို႔ပါးဖို႔ပဲ သိတဲ့ ခ်မ္းသာသည့္မိသားစုမွ သူမရဲ႕ သတို႔သားေလာင္းကို ကန္ထုတ္ပစ္လိုက္သည္။ သူမ၏ System တြင္ ေရာဂါေတြကို ကုသေပးႏိုင္သည့္ ေဆးပညာအရည္အခ်င္းျဖင့္ ေရကိုခြဲၿပီး ေလကို ထန္ေအာင္ လုပ္ႏိုင္ခဲ့သည္။ အဆုံးမွာ အင္ပါယာအိုႀကီးရဲ႕ ေတာ္ဝင္ေမာင္းမေဆာင္ထဲ က်သြားၿပီး သူ႕ရဲ႕ ကိုယ္လုပ္ေတာ္ေတြထဲမွ တစ္ေယာက္ျဖစ္လာခဲ့သည္။ ေနာက္မ်ားက်ေတာ့ အင္ပါယာအိုႀကီးက သူနတ္႐ြာစံသြားရင္ သူမက သူႏွင့္ အေဖာ္လိုက္ၿပီး ျမဳပ္ႏွံရမည္ဆိုသည့္ လွ်ိဳ႕ဝွက္အမိန္႔ေတာ္ ထုတ္ျပန္ခဲ့သည္။ အတိုခ်ံဳ႕ရရင္ သူမရဲ႕ ေနာက္ဆုံးဇာတ္သိမ္းက အရမ္းကို ဆိုး႐ြားလြန္းလွသည္။ အရမ္းကို ထင္႐ွားေပၚလြင္လြန္းလွသည့္ ကူးေျပာင္းလာတဲ့ အမ်ိဳးသမီး လြမ္စန္းညန္၏ ထြက္ေပၚလာမႈက ဇာတ္လိုက္မကို အခ်က္ေပးသလိုျဖစ္ၿပီး သူမကိုယ္သူမ တိတ္တိတ္ေလးဖုံးကြယ္ၿပီးေတာ့ သူမရဲ႕ ေန႔ရက္ေလးေတြကို ဇာတ္လိုက္၏ အတြင္းေဆာင္မွာ လိမ္လိမ္မာမာႏွင့္ ျဖတ္သန္းေလသည္။ လက္႐ွိမွာ လြမ္႐ွီက စာအုပ္ထဲ ကူးေျပာင္းလာကာ မူလကိုယ္ပိုင္႐ွင္က ၁၄ႏွစ္ပဲ ႐ွိေသး၏။ သို႔ေပမယ့္ ထူးဆန္းတာက မူလကိုယ္ရဲ႕ မွတ္ဉာဏ္ထဲမွာ ကူးေျပာင္းလာသည့္ လြမ္စန္းညန္က ေစ့စပ္ပြဲဖ်က္ဖို႔ ေသာင္းက်န္းရာကေန ႐ုတ္တရက္ စိတ္ေျပာင္းၿပီး သူမရဲ႕ လက္ထပ္ပြဲကို လက္႐ွိမွာ ေပ်ာ္႐ႊင္စြာ ျပင္ဆင္ေနသည္။

မူလကိုယ္ပိုင္႐ွင္ကေတာ့ ႐ုတ္တရက္ဆိုသလို ဘာသာေရးဝန္ႀကီး၏ တရားဝင္သားျဖစ္သူ ဝမ္ထ်န္းက်ိဳးႏွင့္ လြန္ခဲ့တဲ့ ေလးရက္က ဇာတာခြင္လဲလွယ္ခဲ့ၿပီး သူတို႔ရဲ႕ လက္ထပ္ပြဲကို အတည္ျပဳခဲ့သည္။

ဝမ္ထ်န္းက်ိဳးက ဇာတ္လိုက္ရဲ႕ အရည္အခ်င္း႐ွိသည့္ လက္ေထာက္ေတြထဲမွ တစ္ေယာက္ျဖစ္ၿပီး ဘာသာေရးဝန္ႀကီး၏ တရားဝင္သားလည္းျဖစ္သည္။ သူက အထက္တန္းလႊာအမ်ိဳးေကာင္းသားျဖစ္ၿပီး ေက်ာက္စိမ္းလိုအသြင္ႏွင့္ ခန္႔ညားကာ အရည္အခ်င္း႐ွိ စဥ္းစားခ်င့္ခ်ိန္တတ္သည့္စိတ္႐ွိ၏။ သို႔ပင္ေသာ္ျငားလည္း အဆုံးမွာ သူက လ်င္ျမန္ၿပီး ျပင္းထန္သည့္ နည္းလမ္းေတြႏွင့္ အျပစ္ေပးဌာန၏ ေလးစားခံရၿပီး ဩခ်ဖို႔ေကာင္းလွသည့္ အဆင့္ျမင့္အရာ႐ွိျဖစ္လာသည္။

သူ႕ဘဝတစ္ေလွ်ာက္လုံးမွာ တစ္ေယာက္တည္းပဲ ေနၿပီး ဇနီးလည္း မယူခဲ့ကာ လက္ထပ္ခြင့္ေတာင္းတာေတြလည္း မ႐ွိဘဲ သူ႕အတြင္းေဆာင္က သန္႔႐ွင္းေနသည္။

ေနာက္မွာေတာ့ လမ္းေပၚက ထြက္လာသည့္ ေကာလဟာလေတြအရ ဝန္ႀကီးဝမ္က အက်ႌလက္ျပတ္ျဖစ္ေနသည္တဲ့။

လက္႐ွိဝမ္ထ်န္းက်ိဳးက ၁၈ ၁၉ပဲ ႐ွိဦးမည္ျဖစ္ကာ ၿမိဳ႕ေတာ္႐ွိ အထက္တန္းလႊာ အမ်ိဳးသမီးေတြၾကားထဲ အေကာင္းဆုံး ခင္ပြန္းေလာင္းေတြထဲမွ တစ္ေယာက္ျဖစ္ေနသည္။

တရားမဝင္သမီးက တရားဝင္သမီးထက္ ေကာင္းမြန္တဲ့ လက္ထပ္မႈ႐ွိလာေသာေၾကာင့္ သူေကာင္းဘြဲ႕ရခ်န္းယီ၏ ဖူရန္ ဂုဏ္သိကၡာမွာ တစ္ဆင့္တက္လာသည္။ လူတိုင္းက သူမကို ခ်ီးက်ဴးၾကၿပီး သူမရဲ႕ သေဘာႀကီးသည့္ စိတ္ထားႏွင့္ က်က္သေရ႐ွိမႈတို႔ကို ေျပာဆိုေနၾကသည္။

သို႔ေပမယ့္ ထိုစကားေတြရဲ႕ အဓိပၸါယ္က ခ်က္ခ်င္းေျပာင္းသြားသည္။ ဘာလို႔လဲဆိုေတာ့ သူမရဲ႕ တရားဝင္သမီးႀကီး လြမ္စန္းညန္ႏွင့္ ျပႆနာ႐ွိေနတာကို တစ္ခ်က္ၾကည့္လိုက္တာႏွင့္ သိရသည္။ ဒါက စိတ္ဝင္စားဖို႔ေတာ့ ေကာင္းသား။

လြမ္႐ွီက ခပ္ေဖ်ာ့ေဖ်ာ့ ျပဳံးလိုက္သည္။

ဤအခ်ိန္မွာပဲ ဆံပင္ကို ႏွစ္ဖက္ထုံးထားၿပီး အနက္ေရာင္ဝတ္စုံ ဝတ္ထားသည့္ အေစခံမေလးက ပုတီးေစ့လိုက္ကာကို အသာမကာ အတြင္းခန္းထဲ ဝင္လာသည္။ ေညာင္ေစာင္းမွာ ေတြေဝစြာထိုင္ေနသည့္ လြမ္႐ွီကို ျမင္ခ်ိန္မွာ သူမက ႏူးညံ့သည့္အသံျဖင့္ ေျပာလာသည္။ "မမေလး တတိယမမေလးက လာလည္ပါတယ္"

တတိယမမေလး...

"တတိယမမေလးကို ျမန္ျမန္ ဖိတ္လိုက္" လြမ္႐ွီက ခဏေလာက္ မ်က္ေမွာင္ၾကဳတ္လိုက္ၿပီး နားထဲသို႔ ခ်ိဳၿမိန္ၿပီး သာယာတဲ့အသံႏွင့္အတူသည့္ ေႏြးေထြးတဲ့ ေလသံျဖင့္ ေျပာလာသည္။ မူလကိုယ္ပိုင္႐ွင္က သူမရဲ႕ တရားဝင္အေမဆီ သြားေရာက္ကာ က်န္းမာေရးေကာင္းမြန္ေစဖို႔ ဆုေတာင္းေပးၿပီး သူမရဲ႕ ဝန္းေလးဆီ အျပန္မွာ က်ီစယ္တတ္လြန္းသည့္ ၆ႏွစ္အ႐ြယ္ သခင္ေလးႏွင့္ တိုးေလသည္။ တံတားခုံးေလးကေန သူမအျဖတ္ ေရထဲသို႔ မေတာ္တဆ တြန္းခ်ခံလိုက္ရသည္။ ေႏြဦးမွာ ေလေအးေအးေတြက တိုက္ေနတုန္းမို႔လို႔ မူလကိုယ္ပိုင္႐ွင္က အေအးမိေလသည္။ ထိုအေအးမိတာက ဆိုး႐ြားစြာျဖစ္ၿပီး တစ္ညအတြင္းမွာပဲ မူလကိုယ္ပိုင္႐ွင္၏ အသက္ကို ေႁခြယူသြားေလ၏။

လြမ္႐ွီက မူလကိုယ္ပိုင္႐ွင္၏ အ႐ြယ္မတိုင္ခင္ေသဆုံးမႈအတြက္ တိတ္ဆိတ္စြာ ဆုေတာင္းေပးလိုက္သည္။ ေနာက္ဘဝက် မူလကိုယ္ပိုင္႐ွင္က ေကာင္းမြန္သည့္ မိသားစုမွာ ျပန္လည္ဝင္စားေစရန္အတြက္ ဆုေတာင္းမီးအိမ္ေလး တိတ္တိတ္ေလး ထြန္းေပးဖို႔ အခြင့္အေရး႐ွာရန္ ဆုံးျဖတ္လိုက္သည္။ ပုတီးေစ့ လိုက္ကာက ေဘးကို တြန္းပို႔လိုက္ရင္း က်က္သေရ႐ွိသည့္ ပုံရိပ္ေလးက အထဲသို႔ ဝင္လာသည္။ ၾကာပန္းေတြ ပြင့္လာသလို သူမရဲ႕ အမူအရာက က်က္သေရ႐ွိၿပီး သူမရဲ႕ ဘယ္လႈပ္႐ွားမႈမဆို ခ်စ္ဖို႔ေကာင္းသည့္အရိပ္အေယာင္ေလးကို ေရးေရးေလး ေဖာ္ျပေန၏။

သူမက လြမ္႐ွီ၏ တရားဝင္အစ္မႀကီးျဖစ္သူ လြမ္စန္းညန္— လြမ္နင္းျဖစ္၏။ အခန္းထဲဝင္ဝင္လာခ်င္းမွာပဲ သူမက်န္းမာေရးကို ဂ႐ုတစိုက္႐ွိဟန္ျဖင့္ ေမးလာသည္။ "စစ္ေမ့ ညီမေလးရဲ႕ အေစခံေကာင္မေလး စူးယြီဆီကေန ညီမေလးႏိုးလာၿပီလို႔ မမၾကားလို႔ေလ။ ဒီေန႔ကို သက္သာလာၿပီလား?"

သူမအၾကည့္က လြမ္႐ွီကို ေစ့ေစ့စပ္စပ္ၾကည့္လိုက္ရင္း စိတ္ထဲမွာ ေရ႐ြတ္ေနမိသည္။ ၾကည့္ရတာ စတုတၳညီမေလးရဲ႕ ကိုယ္နဲ႔ အ႐ိုးက ေကာင္းမြန္တဲ့အေနအထားပဲ။ သူမသာ ႐ုပ္ပိုင္းဆိုင္ရာမေကာင္းရင္ ခ်ီယြဲ႕အမ္အတြက္ သားသုံးေယာက္ သမီးတစ္ေယာက္ကို ဘယ္လိုလုပ္ ေမြးေပးႏိုင္မွာလဲ?

"စိတ္ပူေပးတဲ့အတြက္ စန္းက်ဲကို ေက်းဇူးတင္ပါတယ္။ ေဖာ္စပ္ေပးတဲ့ ေဆးတစ္ခ်ိဳ႕ကို ေသာက္ၿပီးခ်ိန္မွာ ညီမေလးရဲ႕ကိုယ္က ေတာ္ေတာ္ေကာင္းလာပါၿပီ။ ေသခ်ာ အနားယူဖို႔ ရက္နည္းနည္းပဲ လိုအပ္ပါတယ္" လြမ္႐ွီက မူလကိုယ္ပိုင္႐ွင္ရဲ႕ စကားေျပာဟန္ကို အတုခိုးကာ သူမအသံကို ေႏြးေထြးၿပီး ႏူးညံ့စြာ လုပ္ၿပီး ျပန္ေျဖလာ၏။

ၾကည့္ရတာ သူမမွန္းဆခ်က္က မွန္ကန္ပုံရသည္။ တရားဝင္အစ္မဆီ ကူးေျပာင္းလာသည့္ ဤအေဖာ္က ျပန္လည္ ေမြးဖြားလာသည့္ပုံပင္။ သူမျပန္လည္ေမြးလာသည့္ အခ်ိန္အတိအက်ကိုသာ မသိတာျဖစ္၏။

အေပၚယံမွာေတာ့ စိတ္သက္သာရာရဟန္ျဖင့္ သက္မခ်လိုက္ေသာ္လည္း လြမ္နင္း၏မ်က္ဝန္းထဲတြင္ ဝင္းလက္မႈတစ္ခု ျဖတ္ေျပးသြားသည္။ သူမ၏ေလသံထဲမွာ သနားက႐ုဏာ႐ွိဟန္ျဖင့္ ေျပာလာသည္။ "ဒီလိုဆိုလည္း မမက စိတ္ေအးႏိုင္ၿပီ။ ဟုတ္သား ညီမေလးကို ေရထဲ တြန္းခ်လို႔ ေ႐ွာင္စန္ကို ေဖေဖက အျပစ္ေပးလိုက္ၿပီ။ လင္းယီညန္က ဒီေန႔ကို ညီမေလးဆီ အလည္လာလိမ့္ပါမယ္။ မမဆီမွာ အဆင့္ျမင့္ဂ်င္ဆင္းတစ္ခ်ိဳ႕႐ွိတယ္။ ႏွစ္တစ္ရာေတာ့ မျပည့္ေသးေပမယ့္ ႐ွာရခက္တဲ့ အမ်ိဳးအစားေကာင္းေလ။ စစ္ေမ့ရဲ႕ ခႏၶာကိုယ္ အားျဖည့္ဖို႔အတြက္ မမက တစ္ေယာက္ကို ပို႔ခိုင္းလိုက္ပါ့မယ္"

စူးယြီက ေဘးကေန အံ့အားသင့္သည့္ အမူအရာ ျပလာသည္။ သူေကာင္းအမတ္က သူမရဲ႕ မမေလးဆီမွာ အေရးႀကီးမႈအေနႏွင့္ သတ္မွတ္ရင္ေတာင္မွ အတြင္းေဆာင္ရဲ႕ ပိုင္႐ွင္က ဖူရန္ျဖစ္ေနတုန္းျဖစ္၏။ ဤစံအိမ္ေတာ္ရဲ႕ အဝတ္အစား၊ အစားအေသာက္ႏွင့္ တျခားသုံးစြဲမႈေတြအေပၚ တာဝန္ယူထားရသူျဖစ္သည္။ သူမရဲ႕ မမေလး မိသားစုေနာက္ခံက မခ်မ္းသာေပ။ ႐ွိေနသည့္အရာအားလုံးက အနည္းငယ္စုတ္ခ်ာၿပီး ဆိုး႐ြာတယ္လို႔ ယူဆလို႔ရ၏။ ထို႔ေၾကာင့္ အရည္အေသြးေကာင္းသည့္ ေဆးဖက္ဝင္ အပင္ေတြကို အသာထား သာမန္ ေဆး႐ြက္ပင္ေတြေတာင္ အမ်ားႀကီး မ႐ွိလွေပ။

လြမ္႐ွီက ေက်းဇူးတင္သည့္ မ်က္ႏွာကို ေဖာ္ထုတ္လိုက္ၿပီး ေက်းဇူးတင္ေၾကာင္း ေျပာလိုက္၏။

ထိပ္တန္းဂ်င္ဆင္းလိုအရာမ်ိဳးကို မႀကိဳက္တဲ့သူ ဘယ္သူမွ မ႐ွိဘူးေလ။ လြမ္စန္းညန္က အရမ္းကို ရက္ေရာေနမွေတာ့ သူမလည္း တုန္႔ဆိုင္းျခင္းမ႐ွိ လက္ခံရမွာေပါ့။

လြမ္နင္းက သူမကို သိမ္ေမြ႕သည့္ အျပဳံးျပဳံးျပလိုက္ရင္း "ေလာင္ထိုက္ထိုက္က မမကို အရင္တုန္းက ေပးထားတာေလ။ ေလာင္ထိုက္ထိုက္ကို ညီမေလးက ေက်းဇူးတင္ေပးရင္ လုံေလာက္ပါၿပီ"

သူမ၏စကားထဲတြင္ ႂကြားဝါလိုသည့္ အရိပ္အေယာင္ပါေန၏။

အမွန္ကို ေျပာရမယ္ဆိုရင္ လြမ္နင္းက သူမလက္ထဲတြင္ အရည္အေသြးေကာင္းသည့္ ဂ်င္ဆင္း အမ်ားႀကီးမ႐ွိေပ။ သူမရဲ႕ System ထဲတြင္ ေရာဂါကုသည့္ စနစ္ပါဝင္လို႔ ထိပ္တန္းအဆင့္ေဆးဖက္ဝင္အပင္ေတြဆိုတာ မလိုလွေသာ္လည္း အဲ့လိုေပးပစ္ရတာက အနည္းငယ္နာက်င္မႈခံစားေနရတုန္းပင္။

အထူးသျဖင့္ လြမ္စစ္ညန္ကို ေပးရသည့္အခ်ိန္မွာေပါ့။

ကေလးႏွင့္ ခြဲရတာကို နာက်င္ေနသလိုမ်ိဳး ျဖစ္ေပမယ့္ လြမ္နင္းကေတာ့ နာက်င္မႈကို သည္းခံရင္း ေပးလိုက္ရသည္။

သူေကာင္းခ်န္းယီစံအိမ္ေတာ္မွာ လြမ္စန္းညန္က ေလာင္ထိုက္ထိုက္ အခ်စ္ရဆုံး ေျမးဆိုတာ ဘယ္သူက မသိတာ႐ွိလဲ? လြမ္စန္းညန္ဆီမွာ ေလာင္ထိုက္ထိုက္ကေပးထားသည့္ ထိပ္တန္းဂ်င္ဆင္း႐ွိေနတာက မထူးဆန္းလွေပ။

လြမ္႐ွီက ေခါင္းညိတ္လိုက္ၿပီး လြမ္စန္းညန္ႏွင့္ ေလာင္ထိုက္ထိုက္ကို ထပ္ၿပီး ေက်းဇူးတင္လိုက္သည္။ "စန္းက်ဲေျပာတာ မွန္ပါတယ္။ ညီမေလး အျပည့္အဝေနေကာင္းတဲ့အခါက်ရင္ ၿငိမ္သက္သက္႐ွည္ခန္းမဆီသြားၿပီး ေလာင္ထိုက္ထိုက္ကို ေက်းဇူးတင္လိုက္ပါ့မယ္"

လြမ္နင္းက ေက်နပ္စြာ ေခါင္းညိတ္လိုက္၏။ သူမက လြမ္႐ွီေဘးမွာ ထိုင္ၿပီး ခ်စ္ခင္ႏွစ္သက္စြာႏွင့္ သူမလက္ကို ပုတ္ေပးလိုက္ရင္း လြမ္႐ွီရဲ႕ လွပလြန္းသည့္မ်က္ႏွာႏွင့္ ဖြံ႕ၿဖိဳးေနၿပီျဖစ္သည့္ ခႏၶာကိုယ္အေကြ႕အေကာက္ကို ေလ့လာေနလိုက္သည္။ သူမရဲ႕ ႏွလုံးသားထဲ အားမလိုအားမရျဖစ္မႈ ထြက္ေပၚလာသည္။ လြမ္မိသားစု၏ ညီအစ္မေလးေယာက္လုံးသည္ ႐ုပ္ရည္ေခ်ာေမာလြန္းလွၿပီး ၿမိဳ႕ေတာ္မွာ လူသိမ်ားသည့္ မိန္းမလွေလးေတြျဖစ္၏။ သို႔ေပမယ့္ အဲ့ထဲမွာ လြမ္စစ္ညန္က အေခ်ာဆုံးျဖစ္သည္။

လြမ္စစ္ညန္က ၁၄ႏွစ္ပဲ ႐ွိေနရင္ေတာင္မွ ကိစၥမ႐ွိေပ။ ပြဲအခန္းအနားတက္တာ ႐ွားပါးလွတာေတာင္မွ သူမရဲ႕ ရင္သက္႐ႈေမာဖြယ္အလွက လမ္းမတစ္ခြင္ ပ်ံ႕ေနၿပီးသားျဖစ္သည္။

သူမ၏ ႀကိဳတင္သိျမင္မႈေတြအရဆို လြမ္စစ္ညန္၏ အလွတရားေၾကာင့္ သူမအေဖက လြမ္စစ္ညန္ကို ေသခ်ာသည့္ ေတာ္ဝင္မင္းသားတစ္ေယာက္၏ အိမ္ေတာ္ကို ပို႔ခ်င္ေနတာျဖစ္သည္။ ထို႔အတြက္ေၾကာင့္ သူမရဲ႕ လက္ထပ္မႈက မေျဖ႐ွင္းရေသးဘဲ က်န္ေနတာျဖစ္သည္။

လြန္ခဲ့တဲ့ရက္အနည္းငယ္က သူမျပန္လည္ေမြးဖြားၿပီးလာတာႏွင့္ စစ္ေမ့၏ လက္ထပ္ပြဲကို အေျခခ်ေပးရန္ သူမအေမကို ေလာေဆာ္ခဲ့သည္။ သူမေ႐ြးခ်ယ္သည့္သူက ဘာသာေရးဝန္ႀကီး၏ တရားဝင္သား ဝမ္ထ်န္းက်ိဳးျဖစ္သည္။ သူေကာင္းအမတ္ခ်န္းယီ၏ စံအိမ္ေတာ္မွ တရားမဝင္သမီးအေနႏွင့္ ဘာသာေရးဝန္ႀကီး၏ တရားဝင္သားရဲ႕ တရားဝင္ဇနီးျဖစ္ဖို႔ဆိုတာက လြန္ကဲသည့္အဆင့္ျဖစ္ေနသည္။

ထိုကိစၥအေျခခ်ၿပီးေနာက္မွာ သူမအေဖက သိသြားလို႔ ေဒါသူပုန္ထရင္ေတာင္မွ သူမအေမအေပၚ အရမ္း စိတ္မတိုႏိုင္ေပ။

အမွန္တရားက အဲ့လိုပင္။

သို႔ေပမယ့္ လြမ္နင္း၏ ႏွလုံးသားထဲမွာေတာ့ ခါးသက္မႈကပဲ တိုးတက္လာသည္။ ပထမ သူမ ထင္ထားတာက ဘာသာေရးဝန္ႀကီး၏ ဖူရန္ႏွင့္ ဝမ္ထ်န္းက်ိဳးက ကမ္းလွမ္းမႈကို ျငင္းပယ္မယ္လို႔ပင္။ ဘာလို႔လဲဆို‌ေတာ့ သူမရဲ႕စတုတၳညီမေလးက တရားမဝင္သမီးျဖစ္ေနလို႔ျဖစ္သည္။ ထို႔အျပင္ သူမက တရားမဝင္သမီးျဖစ္သည္ဆိုတဲ့ အခ်က္က ကိစၥေတြကို ကူကယ္ႏိုင္သည့္ အေနအထားမဟုတ္ေပ။ ဘာသာေရးဝန္ႀကီး၏ ဖူရန္က သူမရဲ႕ စတုတၳညီမေလးကို‌ ေခြၽးမမျဖစ္လာဖို႔ ေသခ်ာေပါက္ကန္႔ကြက္မည္လို႔ပင္။

ျငင္းပယ္မႈတစ္ခ်က္ေပၚလာတာႏွင့္ သူမအေမအား ဒုတိယေျမာက္လူကို အၾကံေပးဖို႔ ျပင္ထားၿပီးသားျဖစ္သည္။ သူမထင္ထားတာႏွင့္ ဆန္႔က်င္စြာႏွင့္ပဲ သူမရဲ႕ စတုတၳညီမေလးရဲ႕ ဘဝက အဲ့ေလာက္ေကာင္းမြန္လွသည္။ သူမအေမက ဘာသာေရးဝန္ႀကီး၏ ဖူရန္ကို အရိပ္အႁမြက္ပဲ ေျပာရတယ္႐ွိေသး ဘာသာေရးဝန္ႀကီး၏ ဖူရန္က ခ်က္ခ်င္း သေဘာတူလာသည္။ ထို႔ေနာက္ ခ်က္ခ်င္းဆိုသလိုပဲ သူတို႔ရဲ႕ ဇာတာခြင္ေတြကို လဲလွယ္လိုက္ၿပီး လက္ထပ္မႈသေဘာတူညီခ်က္ကို အတည္ျပဳလိုက္ၾကသည္။

ဝမ္ကုန္းဇီက ကန္႔ကြက္ခ်က္တစ္ခုေလးေတာင္ မဆိုလာေပ။

သူမ ေသခ်ာမွတ္မိတာက ဝမ္ထ်န္းက်ိဳးက သူမ မေသခင္အထိကို လက္ထပ္ထိမ္းျမားခဲ့တာမ႐ွိေပ။ သူမ ေသဆုံးၿပီးေနာက္ သူမဝိဉာဥ္က ေတာ္ဝင္နန္းေဆာင္ထဲမွာ ႏွစ္ေပါင္းမ်ားစြာ လြင့္ေျမာေနသည္။ နန္းတြင္းအေစခံေတြမွ အျပစ္ဒဏ္စီရင္မႈဝန္ႀကီးဝမ္ထ်န္းက်ိဳးက ဇနီးတစ္ေယာက္ေတာင္ မယူသည့္အတြက္ လိင္တူသေဘာက်သူလို႔ ခန္႔မွန္းေနၾကတာကို သူမ မၾကာမၾကာၾကားေလ့႐ွိသည္။

လြမ္နင္းက သူတို႔ခန္႔မွန္းခ်က္က မွန္တယ္လို႔ ခံစားမိသည္။

ေ႐ွးေခတ္အခ်ိန္မွာ ေယာက်ာ္းေတြက ဇနီးသုံးေယာက္ ကိုယ္လုပ္ေတာ္ ေလးေယာက္ ယူေလ့႐ွိသည္။ ဝမ္ထ်န္းက်ိဳး၏ မိသားစုေနာက္ခံႏွင့္ဆို ဇနီးတစ္ေယာက္ မေ႐ြးႏိုင္စရာ အေၾကာင္းမ႐ွိေပ။ သူ႕အတြင္းေဆာင္က သန္႔႐ွင္းၿပီး သပ္ရပ္ေနသည္။ တုန္ဖန္းေရာ ညအိပ္ေဖာ္အေစခံေတာင္ မ႐ွိေပ။ သူက မေထာင္ႏိုင္တာမ်ိဳးမဟုတ္ရင္ ေယာက်ာ္းျခင္း သေဘာက်သည့္ အက်ႌလက္ျပတ္ပဲ ျဖစ္ရမည္။

ဒီဘဝမွာေတာ့ သူမရဲ႕ စတုတၳညီမေလးကို လက္ထပ္ဖို႔ သူက သေဘာတူလာမယ္လို႔ ဘယ္သူက ထင္ထားမွာလဲ?

ၿပီးခဲ့တဲ့ ဘဝမွာ ဝမ္ထ်န္းက်ိဳးက သူမရဲ႕ စတုတၳညီမေလးအတြက္ တစ္ဖက္သတ္အခ်စ္မ်ား ႐ွိေနခဲ့လို႔လား...? သူမစတုတၳညီမေလးက သူမေနရာကိုာ အစားထိုးၿပီး ခ်ီယြဲ႕အမ္ကို လက္ထပ္လိုက္တာေၾကာင့္ သူ႕ဘဝတစ္ေလွ်ာက္လုံး လက္မထပ္ဘဲ ေနသြားခဲ့တာမ်ားလား?

ဤအေတြးက လြမ္နင္းစိတ္ထဲ ဝင္လာတာႏွင့္ ပိုၿပီး မသက္မသာျဖစ္လာသည္။ ဒီလိုသာ အမွန္ဆိုရင္ သူမရဲ႕စတုတၳညီမေလးရဲ႕ ဘဝက အရမ္းကို ေကာင္းမြန္လွသည္။ သူမ အေတြးလြန္ေနတာျဖစ္ဖို႔ ေမွ်ာ္လင့္သည္။

ဝမ္ထ်န္းက်ိဳးက သူမရဲ႕စတုတၳညီမေလး၏ ရင္သက္႐ႈေမာဖြယ္အလွကို ငွါးၿပီး သူ႕လိင္စိတ္ခံယူခ်က္ကို ဖုံးကြယ္ဖို႔မ်ားလား? သူမရဲ႕စတုတၳညီမေလးက အေနာက္ျခံဝန္းမွာ တစ္ဦးတည္းေသာ မိန္းမျဖစ္ေနၿပီး ကေလးကို မလြယ္ႏိုင္ရင္ ဘာသာေရးဝန္ႀကီး၏ ဖူရန္က သူမရဲ႕ စတုတၳညီမေလးကို အႏၲရာယ္႐ွိသည့္ မိန္းမလို႔ သတ္မွတ္ေကာင္း သတ္မွတ္လာလိမ့္မည္ျဖစ္သည္။

ထိုအေၾကာင္းကို သူမ ေတြးလိုက္မိသည္ႏွင့္ လြမ္နင္းရဲ႕ ႏွလုံးသားထဲ အျပစ္႐ွိစိတ္ ခပ္ေဖ်ာ့ေဖ်ာ့ကို ခံစားလိုက္ရသည္။ ၿပီးေနာက္ သူမ အလည္လာရတဲ့ရည္႐ြယ္ခ်က္ကို သတိရသြားၿပီး သူမရဲ႕ ကိုယ္ပိုင္လက္ထပ္တဲ့ ကိစၥကို စကားလမ္းေၾကာင္းေျပာင္းလိုက္သည္။ စကားေျပာရင္း သူမမ်က္လုံးက နီရဲတက္လာၿပီး သူမလက္က လြမ္႐ွီရဲ႕ အက်ႌလက္ကို တင္းတင္းက်ပ္က်ပ္ကိုင္ထားေလသည္။ "စစ္ေမ့ မမနဲ႔မတူဘဲ ညီမေလးက ေကာင္းမြန္တဲ့ လက္ထပ္မႈကို ရေတာ့ မမက အရမ္းအားက်တာပဲ။ မမက်ေတာ့ သင္ယူမႈလည္းမ႐ွိ ကြၽမ္းက်င္မႈလည္း မ႐ွိဘဲ ေသာက္စားေပ်ာ္ပါးဖို႔ပဲ သိတဲ့ မႉးမတ္ရဲ႕ တရားမဝင္သားကိုပဲ လက္ထပ္ႏိုင္တယ္"

"စစ္ေမ့ မမရဲ႕ ဘဝက တကယ္ခါးသက္ပါတယ္"

လြမ္႐ွီက လြမ္စန္းညန္၏ ျပဇာတ္ကို နားေထာင္ၿပီး သူမရဲ႕ေဖ်ာ္ေျဖမႈကို တိတ္တိတ္ေလးၾကည့္ေနသည္။ ၿပီးေနာက္ လြမ္႐ွီက အေျခအေနအတြက္ သင့္ေတာ္သည့္ အနည္းငယ္ေပ်ာက္ဆုံးေနဟန္ကို ေဖာ္ျပလာၿပီး လက္ကို ကိုင္ကာ ႏွစ္သိမ့္လိုက္သည္။ "စန္းက်ဲ ေလာင္ထိုက္ထိုက္က မမကို အရမ္းခ်စ္တာ။ မမက ခ်ီမိသားစုရဲ႕ ဒုတိယအမ်ိဳးေကာင္းသားကို လက္မထပ္ခ်င္ဘူးဆိုရင္ ေလာင္ထိုက္ထိုက္က ေသခ်ာေပါက္ ကူညီမွာပဲေလ"

လြမ္စန္းညန္ႏွင့္ ခ်ီမိသားစုရဲ႕ ကိုယ္လုပ္ေတာ္ဖြား ဒုတိယအမ်ိဳးေကာင္းသားရဲ႕ လက္ထပ္သေဘာတူညီမႈက မႉးမတ္ေဟြ႕ယန္ႏွင့္ သူေကာင္းအမတ္ခ်န္းယီတို႔ရဲ႕ ေလာင္းကစားကေန ျဖစ္ေပၚလာပဲျဖစ္သည္။ ဤလက္ထပ္သေဘာတူညီမႈကို လူတိုင္းက သိၾကသည္။

စာအုပ္ထဲတြင္ လြမ္စန္းညန္က လက္ထပ္ပြဲဖ်က္ဖို႔ကို အခိုင္အမာ ဆုံးျဖတ္ထားၿပီး သူမ ေသရင္ေတာင္မွ သူ႕ကို ဘယ္ေတာ့မွ လက္မထပ္ဘူးလို႔ က်ိန္ဆိုခဲ့သည္။ သို႔ေပမယ့္ သူေကာင္းအမတ္ခ်န္းယီစံအိမ္ေတာ္ႏွင့္ မူးမတ္ေဟြ႕ယန္စံအိမ္ေတာ္တို႔က ဤလက္ထပ္သေဘာတူညီမႈကို မဖ်က္ခ်င္ခဲ့ေသာေၾကာင့္ လြမ္စစ္ညန္က လြမ္စန္းညန္ရဲ႕ ေနရာမွာ အစားထိုးၿပီး မႉးမတ္ေဟြ႕ယန္၏ အသုံးမက်သည့္ တရားမဝင္သား ခ်ီယြဲ႕အမ္ကို လက္ထပ္ဖို႔ ျဖစ္လာတာျဖစ္သည္။ အျပင္သူေတြအတြက္ေတာ့ ခ်ီယြဲ႕အမ္ကို လက္ထပ္တဲ့သူက လြမ္စစ္ညန္ဆိုၿပီး သိသြားၾကသည္။

လူတိုင္းက အေျခအေနကို သိနားလည္ၾကကာ အေပၚယံမွာေတာ့ သူတို႔ အသံမထြက္ဖို႔ ေ႐ြးခ်ယ္ခဲ့သည္။

လြမ္စန္းညန္က သူမရဲ႕ ေစ့စပ္မႈပ်က္သြားၿပီးေနာက္ သူမရဲ႕ ဂုဏ္သတင္းလည္း ေတာ္ေတာ္ထိခိုက္သြားသည္။

လြမ္နင္းရဲ႕အသံက ႐ိႈက္တာေၾကာင့္ ျဖစ္သြားသလိုမ်ိဳး အသံက တုန္ယီေနသည္။ "မမ... မမက ေလာင္ထိုက္ထိုက္ကို ျပႆနာမေပးခ်င္ဘူး။ ၿပီးေတာ့ ေစ့စပ္ေၾကာင္းလမ္းတာ ဖ်က္သိမ္းတယ္ဆိုတာကလည္း မမရဲ႕ ဂုဏ္သတင္းကို ထိခိုက္မွာေလ။ ဂုဏ္သတင္းမေကာင္းရင္ ေကာင္းတဲ့ မိသားစုကို ႐ွာဖို႔ ပိုေတာင္ခက္မွာ။ အဲဒါေၾကာင့္ မမက မမရဲ႕ ကံၾကမၼာကိုပဲ လက္ခံဖို႔ ႐ွိေတာ့တယ္"

သူမရဲ႕အရင္ဘဝမွ လမ္းေဟာင္းအတိုင္း ေလွ်ာက္ဖို႔ကို ျငင္းဆို၏။ သူမရဲ႕ ေရာဂါကုသႏိုင္တဲ့ စြမ္းရည္ႏွင့္ ေဆးပညာအရည္အခ်င္းက အရမ္းကို သိသာေနခဲ့သည္။ ေနာက္မ်ားက်ေတာ့ ဧကရာဇ္အိုႀကီးရဲ႕ ကိုယ္လုပ္ေတာ္ျဖစ္ဖို႔ ေတာ္ဝင္နန္းေဆာင္ထဲ ေခၚသြင္းခံရသည္။ အဆုံးမွာ ဧကရာဇ္အိုႀကီးက သူေသတာေတာင္မွ သူမကို လႊတ္ေပးဖို႔ ျငင္းဆန္ကာ ေျမျမဳပ္ခ်ိန္ထိ သူမကို အေဖာ္လိုက္ဖို႔ ဖိအားေပးတာခံခဲ့ရသည္။

သူမအရင္ဘဝမွ ဆိုး႐ြားသည့္ ဇာတ္သိမ္းႏွင့္ ၾကဳံခဲ့ရတာကို လြမ္နင္းမွတ္မိခ်ိန္မွာေတာ့ သူမ စိတ္ထဲ ေၾကာက္႐ြံ႕မႈေတြျဖင့္ ျပည့္လာသည္။

ဤဘဝမွာေတာ့ သူမက နာခံစြာႏွင့္ ခ်ီယြဲ႕အမ္ကို လက္ထပ္မည္ျဖစ္ၿပီး သူမေန႔ရက္ေတြကို သူႏွင့္ အတူ ေသခ်ာ ေနထိုင္သြားမည္ျဖစ္သည္။ သူမ ကံၾကမၼာကို လက္ခံဖို႔လား?

လြမ္႐ွီက သူမႏွလုံးသားထဲ ဆြံ႕အသြားသည္။ လြမ္စန္းညန္၏ စာအုပ္ထဲမွ အရင္ဘဝကို သူမ မသိခဲ့ရင္ေတာ့ လြမ္စန္းညန္၏ ဆင္ေျခကို သူမ ေသခ်ာေပါက္ ယုံၾကည္မွာျဖစ္သည္။ ခ်ီယြဲ႕အမ္က သူ႕ဘာသာ မတိုးတက္လာရင္ နန္းတြင္းစာေမးပြဲကို ေျဖႏိုင္တာမ်ိဳးမ႐ွိရင္ အဆင့္ျမင့္အရာ႐ွိအျဖစ္သို႔ မေရာက္လာခဲ့ရင္ အာဏာကို ဆုပ္ကိုင္ထားႏိုင္သည့္ ဧကရာဇ္အသစ္ရဲ႕ ဘယ္ညာလက္႐ုံးမျဖစ္ခဲ့ပါက လြမ္စန္းညန္က သူမျပန္ေမြးဖြားလာၿပီးေနာက္ သူမကိုယ္ပိုင္ကံၾကမၼာကို လက္ခံမည္တဲ့လား?

ေစ့စပ္ပြဲကို ထပ္ျဖတ္ၿပီးေတာ့ သူမကို အစားထိုးအျဖစ္ ထပ္လုပ္ေကာင္း ထပ္လုပ္မည္ျဖစ္သည္။

သို႔ေပမယ့္ ဤခ်ီယြဲ႕အမ္က က်ားကိုစားဖို႔ ဝက္ကို ကစားေနတာလား ဒါမွမဟုတ္ တကယ္မသိဘဲ အရည္အခ်င္းမ႐ွိတာလားဆိုတာေတာ့ မသိရေပ။ မူလ လြမ္႐ွီက ခ်ီအာ့ကုန္းဇီႏွင့္ ဆုံေတြ႕တာမ်ိဳးမ႐ွိလို႔ သူက ဘယ္က႑ထဲမွာ ပါေနလဲဆိုတာ သူမ မသိရေပ။

သို႔ေပမယ့္လည္း သူက ဘယ္က႑မွာ ပါလဲဆိုတာ အေရးမႀကီးေတာ့ေပ။ မူလကိုယ္ပိုင္႐ွင္၏ ဉာဏ္ရည္ဉာဏ္ေသြးႏွင့္ အလွအပႏွင့္ဆို သူမ ေန႔ရက္ေတြကို ေကာင္းမြန္စြာ ျဖတ္သန္းဖို႔ ေသခ်ာေပါက္ နည္း႐ွာႏိုင္မည္ျဖစ္သည္။ တစ္ဖက္မွ လြမ္စန္းညန္ကေတာ့...

2023 Jan 14

Продовжити читання

Вам також сподобається

3.7M 293K 96
RANKED #1 CUTE #1 COMEDY-ROMANCE #2 YOUNG ADULT #2 BOLLYWOOD #2 LOVE AT FIRST SIGHT #3 PASSION #7 COMEDY-DRAMA #9 LOVE P.S - Do let me know if you...
266K 25.8K 62
Ryan and Aaruhi The story of two innocent hearts and their pious love. The story of one sided love. The story of heartbreak. The story of longing a...
709K 43.4K 38
She was going to marry with her love but just right before getting married(very end moment)she had no other choice and had to marry his childhood acq...
870K 72.5K 34
"Excuse me!! How dare you to talk to me like this?? Do you know who I am?" He roared at Vanika in loud voice pointing his index finger towards her. "...