ဆေးရုံကြီးရဲ့ အရေးပေါ်ဌာနကနေ သူထွက်လာတော့ ကားတံခါးကိုမှီလျက် ရပ်နေသူကို တွေ့လိုက်ရပြီး သူခြေလှမ်းတွေတုံ့သွားရသည်။
ဒီလူကြီး နေ့တိုင်းသူရှိရာလိုက်နေရတာကို အခုထိငြီးငွေ့ဟန်မပေါ်။
ကျောင်းချိန်ဆိုလည်း ကျောင်းကိုလိုက်လာသည်၊ဆေးရုံတွေမှာ လက်တွေ့ဆင်းချိန်ဆိုလည်း ကိုယ်ရှိတဲ့ဆေးရုံကို သူရောက်လာပြန်တာပဲဖြစ်သည်။
ညဖက်ဆိုလည်း ဖုန်းတွေဆက်၊စာတွေပို့နဲ့ အချိန်တိုင်းသူ့အလုပ်ချည်းဖြစ်နေတော့တာဟာ တားမရဆီးမရ။
ဒီလိုတွေမလုပ်ဖို့ပြောရင်လည်း မျက်နှာလေးငယ်ပြီး "ကိုယ့်ကို ခွင့်မလွှတ်နိုင်သေးရင်တောင် ဒီလောက်တော့ အခွင့်အရေးပေးပါ၊မိတ်ဆွေတွေလိုတော့ ဆက်နေခွင့်လေးပေးပါ"ဟု ပြောပြန်တော့ သူနဲ့ပတ်သက်ရင် အသည်းမမာနိုင်တဲ့ကိုယ်ဟာ ဘာမှရှေ့မဆက်နိုင်။
ဒီလိုနဲ့ပဲ လုံးလည်လိုက်နေတော့တာ ၁လနီးပါးပင်ရှိတော့မည်ဖြစ်သည်။
ဂျူတီကုတ်လေးတလွှားလွှားနဲ့ မျက်ခုံးတွေတွန့်ချိုးပြီး လူဆီလျှောက်လာနေတဲ့ ကောင်လေးကိုကြည့်ရင်း ရပ်ကြည့်ခွင့်ပဲရှိသည့် သူမပိုင်ဆိုင်နိုင်သည့် နှင်းဆီးရိုင်းလေးတစ်ပွင့်လို့ တွေးမိတော့ ရင်ထဲမှာဆွေးမိသွားရသည်။
ဘေဘီဟာ နှင်းဆီရိုင်းလေးပါပဲ၊အကိုင်အတွယ်ညံ့ဖျင်းသွားတဲ့သူကတော့ နှလုံးသားတစ်ခုလုံး ဆူးဒဏ်ရာတွေနဲ့ ထိရှခံနေရပါပြီ။
ဒါပေမဲ့လည်း သူကျေနပ်ပါသည်၊ကိုယ့်အပြစ်နဲ့ကိုယ်ပဲမို့ ဒဏ်ရာတွေကို သူကျေနပ်ပါသည်။
အနည်းဆုံးတော့ သူ့နှင်းဆီရိုင်းလေးကို ဂျူတီကုတ်ဝတ်ထားတဲ့ ဆရာဝန်လောင်းလေးအဖြစ် သူမြင်နေရသေးသည်ပဲလေ။
"ခင်ဗျား ဒီအထိရောက်လာပြန်ပြီ၊အားနေတာပဲနော် တော်တော်"
"အဟွန်း ဒီလိုအသံလေး ကြားမှကြားရပါမလားလို့ကွာ
ဒီဖက်ရောက်တုန်းလေး ဘေဘီ့ကို မုန့်ကျွေးချင်လို့ ဝင်လာတာပါ"
"ကျုပ်က ကလေးလားဗျာ၊တစ်ချိန်လုံး မုန့်လိုက်ကျွေးနေတာ၊အဲ့လိုတွေမလုပ်ပါတော့နဲ့လို့ ဒီလောက်ပြောနေတာကို ခင်ဗျားက ကျုပ်စကားကို တစ်စက်လေးမှ အဖက်မလုပ်တာနော်"
စတွေ့ကတည်းက ကြားလာခဲ့ရတဲ့ ဘုနဲ့ဘောက်အပြောတွေနဲ့ နေသားတကျရှိပေမဲ့ နီးပြီးမှပြန်ဝေးသွားရတဲ့အဖြစ်ကြောင့် ဒီလိုစကားတွေ ကြားရတာပါလားဆိုတဲ့အသိကလည်း ရင်နာဖို့တော့ကောင်းပါသည်။
ဒါပေမဲ့လည်း အားလုံးက ကိုယ့်အပြစ်တွေပဲမို့ ဒီအမျိုးသားငယ်လေးကို သူမစွန့်လွှတ်နိုင်တာမို့ ဘယ်လိုအရာကိုပဲဖြစ်ဖြစ် သူလက်ခံရုံသာရှိသည်။
"အင်းပါ ဘေဘီရယ်၊အားလုံးက ကိုယ့်အပြစ်တွေ၊ကိုယ့်အမှားတွေပါ
ဘေဘီမကြိုက်ရင် ပြင်ဖို့ကိုယ်ကြိုးစားပါ့မယ်၊အခုတော့ ရောက်လက်စနဲ့ ကိုယ်နဲ့အတူမုန့်လိုက်စားပါလားကွာ နော်"
"ကျစ် နောက်နာရီဝက်လောက်ဆို ဆရာကြီးroundလှည့်ရင် လိုက်ရဦးမှာ
ကျွန်တော်ပြန်လို့မရသေးဘူး"
"ဪ အဲ့လိုလား၊ဒါဆို ကိုယ်ပြီးတဲ့အထိစောင့်"
"ကျစ် ဦးတည်ကြည်နန္ဒ၊ခင်ဗျား လူစကားနားမလည်ဘူးလားဗျာ
မအားဘူးလို့ ပြောနေတာကို ဘာလို့ဇွတ်လိုက်ကပ်တွယ်နေရတာလဲ
တကယ်အာရုံပဲခင်ဗျား၊စိတ်ရှုပ်လာပြီ"
ဂျူတီကုတ်အိတ်ကပ်ထဲထည့်ထားတဲ့ လက်နှစ်ဖက်ကို ခါးမှထောက်လိုက်ရင်း လေသံမာမာနဲ့ ပြောလာသူက မျက်နှာမှာလည်း စိတ်ရှုပ်မှုအထင်းသားမို့ သူမင်သက်မိသွားရသည်။
ပြန်ကြိုးစားရင်းနဲ့ အဆင်ပြေလာမှာပါဟု ထင်ခဲ့မိသောစိတ်ကူးများသည်လည်း လေထဲမှာလွင့်ချင်ချင်။
တကယ်တော့ မုန့်စားရင်းနဲ့ သူအလုပ်ကိစ္စကြောင့် စင်္ကာပူကိုခရီးထွက်ဖို့ရှိတဲ့အကြောင်းနဲ့ ဒီရက်တွေထဲ မလာနိုင်မဲ့အကြောင်းတွေကို ပြောပြချင်လို့ဖြစ်သည်။
မသွားခင် အလွမ်းပြေလာကြည့်မိတဲ့ မျက်နှာလေးက အခုတော့ သူ့ရင်ကို အဆိပ်မြှားတွေ တစ်စင်းပြီးတစ်စင်းပစ်သွင်းနေတာဟာ သေလုနီးပါးပါပဲ။
ကိုယ်ခရီးသွားမဲ့အကြောင်းပြောလိုက်ချိန်မှာ သူနဲ့ဘာဆိုင်လဲလို့များ မေးခွန်းပြန်ထုတ်လာရင် ကိုယ့်ရဲ့ခံနိုင်ရည်အားlimitကိုကျော်လွန်ပြီး ကိုယ့်ကိုယ်ကို တစ်ခုခုလုပ်မိမည်ထင်သည်။
ပျက်ယွင်းနေတဲ့မျက်နှာကိုသာ ဟန်လုပ်ပြုံးရင်း
"အင်းပါ၊ဆောရီး ဆောရီး ကိုယ်ဖြစ်ချင်ပဲကြည့်လိုက်မိတယ်
ဘေဘီမအားတာကို ကိုယ်မတွေးလိုက်မိဘူး
အဲဒါဆို ကိုယ်ပြန်တော့မယ်နော်၊ဘေဘီ
စာတွေလုပ်ရင်း အစာစားချိန်မမှန်တာတွေဖြစ်ဦးမယ်၊ဂရုစိုက်နော်"
"......"
"ကိုယ့်ကြောင့် စိတ်ရှုပ်နေရပြီထင်တယ်၊ကိုယ်တကယ်မရည်ရွယ်ပါဘူး ဘေဘီရယ်
တောင်းပန်တယ်နော်
ဒါဆို အခုကိုယ်သွားတော့မယ်၊ဘေဘီ ပျော်ပျော်နေပါ နော်"
ပခုံးကိုခပ်ဖွဖွဖိကိုင်ပြီး ထိုလူကားပေါ်ပြန်တက်သွားသည်အထိ သူနေရာမှာပဲ မလှုပ်မယှက်ရပ်နေမိသည်။
စိတ်တိုတိုနဲ့ပြောမိရင်း သူ့စကားတွေဟာလည်း ခြေလွန်လက်လွန်ဖြစ်ကုန်ရသည်။
စိတ်တိုလာရင် ပြောချင်ရာပြောတတ်သည့် ကိုယ့်အကြောင်းသိပါလျက်နဲ့ ဘာလို့များ စိတ်မရှည်ခြင်းလမ်းစတွေကို ဖွင့်ပေးနေတာလဲမသိတော့။
ခေါင်းကိုနာနာရမ်းရင်းသာ ဆေးရုံထဲကိုပြန်ဝင်မိသည်မှာ ဘာအကြောင်းကြောင့် အပြင်ကိုထွက်မိသလဲတောင် စဉ်းစားမရတော့သည်အထိပင်။
●●●●
လေယာဉ်ပြတင်းကနေ တိမ်တွေကိုကြည့်ရင်း သူ့အတွေးတွေဟာလည်း တိမ်တွေနဲ့အတူ လွင့်မျောနေရသည်။
တာဝန်၊ဝတ္တရားအရသာ အလုပ်တွေလုပ်နေရပေမဲ့ သူ့စိတ်ရောကိုယ်ပါ တကယ်ကိုပင်ပန်းနေပြီဖြစ်သည်။
သူ့ဘဝမှာ အချစ်ရေးကိစ္စကြောင့် အခုလိုအခြေအနေရောက်ရမယ်လို့ တစ်ခါမှမတွေးဖူးခဲ့။
အခုချိန်မှာ ပင်ပန်းနေတဲ့စိတ်ကြောင့် လွှတ်ချချင်မိတာတောင် သူဟာ လွှတ်ချနိုင်ခြင်းမရှိ
ထိုအချစ်ကိုပဲ မက်မောစွာဖက်တွယ်ထားမိနေသည်။အချစ်မီးခဲဟာ ပူမှန်းသိပါလျက်နဲ့၊နှင်းဆီရိုင်းလေးဟာ စူးစေ၊နာကျင်စေမှန်သိပါလျက်နဲ့ သူဟာ ရုန်းထွက်နိုင်ခြင်းအလျဉ်းမဲ့နေရသည်သာဖြစ်သည်။
"မစ္စတာတည်ကြည် ခရီးပန်းလာပုံရတယ်၊အလုပ်စွဲလန်းတဲ့အကျင့်တွေလည်း မဖျောက်နိုင်သေးဘူးထင်တယ်၊ကျန်းမာရေးထိမယ်နော်"
အစည်းအဝေးခန်းကအထွက် မစ္စတာချန်၏အပြောကြောင့် သူမချိပြုံးပဲပြုံးလိုက်မိသည်။
မစ္စတာချန်းဆိုသည်မှာ သူ့ကိုယုံကြည်စွာဖြင့် ဟိုတယ်ကယ်လီဖိုးနီးယားမှာ ရှယ်ယာများစွာမြှုပ်နှံထားသူဖြစ်သည်။
အခု ဒီကိုလာတဲ့ကိစ္စကလည်း ပုဂံနဲ့အင်းလေးဒေသဖက်က ဟိုတယ်ဇုန်တွေမှာ 5starsအဆင့်ဟိုတယ်တွေ ထပ်တိုးချဲ့ဖို့ မစ္စတာချန်မိတ်ဆက်ပေးမဲ့ တခြားလုပ်ငန်းရှင်တွေနဲ့ တွေ့ဆုံဆွေးနွေးဖို့ပါပဲ။ဒီနေ့ကတော့ နှစ်ယောက်တည်းတွေ့ပြီး အကြမ်းဖျဉ်းဆွေးနွေးမှုတွေ လုပ်ဖြစ်ကြတာပါ။
အရင်ပုံစံနဲ့ ဘယ်လိုမှမတူနိုင်တဲ့ သူ့ရဲ့အပူသည်ရုပ်ကို ကြိုးစားနေနေရတဲ့ပုံကို မစ္စတာချန်က သတိမထားမိစရာမရှိ။ပုဂ္ဂိုလ်ရေးကိစ္စတွေမို့သာ မေးမြန်းတာမျိုးမလုပ်တာပဲ ဖြစ်ပါလိမ့်မယ်။
"တခြားကိစ္စတွေရှိသေးလား မစ္စတာတည်ကြည်၊မရှိရင် ဒီညနေစာကို ကျွန်တော်ဧည့်ခံချင်ပါတယ်"
"မရှိပါဘူး မစ္စတာချန်၊သွားကြတာပေါ့"
အနည်းဆုံးတော့ တစ်ယောက်ထဲလွမ်းနာကျနေရမှာထက်စာရင် အဖော်တစ်ယောက်ယောက်နဲ့ စကားစမြည်ပြောနေရတာက သူ့အတွက် အနာသက်သာချိန်ပိုရမယ်လို့ ထင်တာကြောင့်လည်း တည်းသည့်ဟိုတယ်မပြန်ဘဲ စားသောက်ဆိုင်သွားဖို့ကို သူရွေးလိုက်ခြင်းဖြစ်သည်။
"မစ္စတာတည်ကြည် စိတ်ဖိစီးစရာတွေများနေလား၊အလုပ်ကိစ္စနဲ့ပတ်သက်ပြီး လိုအပ်တာရှိရင် အားမနာဘဲ ကျွန်တော်နဲ့ပြောနိုင်၊ဆွေးနွေးနိုင်ပါတယ်"
"မဟုတ်ဘူး ချန်၊အလုပ်ကိစ္စမဟုတ်တဲ့ ပုဂ္ဂိုလ်ရေးကိစ္စပါ
ဒါပေမဲ့ ကျွန်တော်ပြောပြဖို့ ဆန္ဒရှိပါတယ်၊နားထောင်ပေးမယ်ဆိုရင် ပြောပြချင်ပါတယ်"
"အိုး သေချာတာပေါ့ တည်ကြည်၊လုပ်ပါ ခင်ဗျားပြောစရာရှိတာကို လွတ်လွတ်လပ်လပ်ပြောနိုင်ပါတယ်"
အလုပ်သဘောအရပြောခြင်းမဟုတ်တဲ့အခါ ပိုပြီးရင်းနှီးနွေးထွေးတဲ့ အသုံးအနှုန်းတွေနဲ့ စိတ်လွတ်ကိုယ်လွတ်ပြောကြဖို့ နှစ်ဦးသားအသင့်ဖြစ်နေကြပါပြီ။တကယ်ဆို အသက်အရွယ်ကလည်း ရွယ်တူဖြစ်သလို သိကျွမ်းလာတာလည်း ကြာပြီမို့ သူတို့ဟာ သူငယ်ချင်းတွေလို တရင်းတနှီးပြောဖို့ ဘာမှခက်ခဲတာမဟုတ်လေ။
"အိုး တည်ကြည်၊ ခင်ဗျားစိတ်လိုက်မာန်ပါလုပ်လိုက်တယ်လို့ ကြားဖူးတာ၊ကိုယ့်ကိုယ်ကိုမှားတယ်လို့ သတ်မှတ်တာမြင်ရတာ ဒါပထမဆုံးပဲ"
ဖြစ်ကြောင်းကုန်စင်ကို ပြောပြပြီးတဲ့နောက် 'ချန်'ဆီကနေ တအံ့တဩရတဲ့မှတ်ချက်။
အင်းလေ ကိုယ်တိုင်တောင် တည်ကြည်နန္ဒဘဝမှာ အမှားဆိုတာမရှိရဘူးဆိုပြီး ဟစ်ကြွေးနေထိုင်လာရင်းနဲ့ ဒီလိုတွေကြုံလာရသေးတာပဲ။ဘေးလူတွေအံ့ဩတာလည်း သိပ်တော့မထူးဆန်းပါဘူး။
"ကျွန်တော် နေလာတဲ့တစ်လျှောက်မှာ ဒီလောက်ခက်ခဲပင်ပန်းတဲ့ နေ့ရက်တွေ တစ်ခါမှကိုမကြုံဖူးသေးဘူး
ညအိပ်ရာဝင်ချိန်တိုင်းဟာ ဒီလိုနဲ့ သူကျွန်တော့်ကို လုံးလုံးလျားလျားသံယောဇဉ်ပြတ်သွားရင်၊မကြည်ဖြူတော့ရင်ဆိုတဲ့ စိတ္တဇအတွေးတွေနဲ့ အိပ်စက်ရသလို မနက်တိုင်းဟာလည်း ဒီနေ့ ဘယ်လိုစိမ်းကားတဲ့ တုံ့ပြန်မှုမျိုးကို ရဦးမလဲဆိုတဲ့ အတွေးတွေနဲ့ ထိတ်လန့်နေရတာပဲ။
ဒီကိုသာထွက်လာရတယ်၊ကျွန်တော် တကယ်စိတ်မဖြောင့်ဘူး 'ချန်'၊ ပြန်ရောက်တဲ့အချိန် ဘယ်လိုတွေဆက်ဖြစ်မလဲဆိုတာပဲ စိတ်ပူနေမိတာ"
"တည်ကြည်နဲ့သူက အွန်လိုင်းကနေရော အဆက်အသွယ်ရှိလား"
"သူက အွန်လိုင်းသိပ်မသုံးဘူး၊ဂူဂဲလ်လိုမျိုး သုံးစရာ၊ရှာစရာရှိမှသာ သူက အွန်လိုင်းဖြစ်တာ"
"ဒါဆို ခင်ဗျား အခုဒီရောက်နေတာလည်း သူမသိသေးဘူးပေါ့"
"အင်း မသိသေးဘူး၊ကျွန်တော် စာပို့ထားဖို့တော့ တွေးပေမဲ့ သူ့ဖက်က စိမ်းစိမ်းကားကားတစ်ခုခုတုံ့ပြန်လာရင် ကျွန်တော်ခံနိုင်ရည်မရှိမှာကြောက်တယ်"
"အိုး တည်ကြည်တစ်ယောက် အကြောက်တရားတွေနဲ့ ပြည့်နှက်နေတော့တာပဲ
ဒီနာရီပိုင်းလေးတင် ကြောက်တယ်လို့ပြောနေတာ ဘယ်နှစ်ခါရှိနေပြီလဲ ဟားဟား"
ချန်တစ်ယောက် သဘောတကျရယ်နေတာကိုလည်း မချိပြုံး'ပြုံးရုံအပြင် သူဘာမှမတတ်နိုင်။တကယ်လည်း သူ့အဖြစ်က ဒီအတောအတွင်း အကြောက်တရားနဲ့သာ ပြည့်နေတော့တာကိုး။
"တည်ကြည် စိုးရိမ်စိတ်၊ကြောက်ရွံ့စိတ်တွေဖုံးနေသ၍ အဖြေတစ်ခုကို ရှင်းရှင်းလင်းမမြင်ရဘူးဆိုတာ ခင်ဗျားလည်းသိပါတယ်
အခုလည်း ခင်ဗျားက မှားခဲ့တာကိုပဲပြန်တွေးပြီး ထူပူနေတော့ လုပ်သမျှဟာ အမှားမှားအယွင်းယွင်းနဲ့ဖြစ်နေတာပေါ့
ကျွန်တော့်အထင်တော့ သူလည်း ခင်ဗျားအပေါ်စိတ်မပြတ်နိုင်သေးဘူးထင်တယ်ဗျ
ခင်ဗျားပြောပြပုံဆို သူလိုလူက ပြတ်သားချင်ရင် ခင်ဗျားဒီလောက်ထိတောင် သူ့အနားနေခွင့်ရမှာမဟုတ်ဘူး၊တခြားတစ်ယောက်နဲ့တွဲသွားမှာပေါ့
အခုက သူ့ကိုမယုံကြည်ရကောင်းလားဆိုတဲ့ အတွေးနဲ့ စိတ်ဆိုးတာမျိုးပါ့၊ကျွန်တော့်အထင် စိတ်နာတဲ့အဆင့်တောင် သိပ်မရောက်သေးဘူးထင်ပါတယ်ဗျာ"
"တကယ်ပဲ အဲ့လိုထင်လား 'ချန်'
"တကယ်ပေါ့၊ဖြစ်နိုင်ရင် ခင်ဗျား ဒီကိုခရီးထွက်လာတဲ့ကိစ္စ သူ့ကိုမပြောနဲ့
တခြားအသိတွေရှိရင်လည်း မပြောခိုင်းနဲ့
ခင်ဗျားလည်း အဆက်အသွယ်မလုပ်ဘဲ ခဏလောက်သည်းခံနေလိုက်"
"အိုး ချန်!!
ဒါကြီးက စွန့်စားရာကျမနေဘူးလား"
"စွန့်စားရာကျတာတွေကပဲ လမ်းမှန်သွားရင် အကျိုးအမြတ်ကောင်းကောင်းပြန်ရတာ မဟုတ်လား တည်ကြည်
ကျွန်တော်ပြောသလိုလုပ်ကြည့်ပါ၊ခင်ဗျား ဟိုပြန်ရောက်တဲ့အခါ သူ့ဆီပြန်သွားရင် အခြေအနေက တစ်မျိုးပြောင်းသွားနိုင်တယ်နော်"
ဘေဘီ နောက်တစ်ယောက်ရသွားမှာလားလို့တော့ သူမမေးဖြစ်တော့။'ချန်'က အတည်ကြီးအကြံပေးနေတာမို့ လေးစားသမှုနဲ့ နားထောင်ရသလို လက်တွေ့စမ်းသပ်ကြည့်ဖို့လည်း စိတ်ကူးမိသည်။
ဒီလိုဇာတ်မျောကြီးထက်စာရင် စွန့်စားခြင်းက တစ်မျိုးတစ်မည်ပြောင်းနိုင်ချေများတာကို သူလည်းလက်ခံပါသည်။အောင်မြင်မလား၊ကျရှုံးမလားကိုတော့ ကံတရားကိုပဲ ပုံအပ်လိုက်ရုံရှိပါသည်။
"ကဲ သိပ်အတွေးလွန်မနေပါနဲ့ တည်ကြည်၊ကျွန်တော်မြင်နေရတာ အရင်ကသိခဲ့တဲ့ တည်ကြည်မှဟုတ်ရဲ့လားတောင် ထင်မိနေပြီ
ဒီကိုကြည့်လိုက် ဘရို၊အမှတ်တရပေါ့"
ဖုန်းကိုမြှောက်ပြီး ဓါတ်ပုံရိုက်လာသူကြောင့် သူမျက်လုံးလှန်ကြည့်ရင်း ပြုံးပြလိုက်ရသည်။
'ချန်'တစ်ယောက်က အင်စတာဂရမ်ကိုတော့ စွဲစွဲလန်းလန်းသုံးတဲ့သူမို့ ဒါဟာလည်း အင်စတာဂရမ်အတွက်ပဲဆိုတာ သူသိပါသည်။
"တည်ကြည် ခင်ဗျားပါတနာက သဝန်တိုတတ်လား"
ဖုန်းကိုကြည့်ရင်း ရုတ်တရက် မေးခွန်းထုတ်လာသူကြောင့် သူကြောင်သွားရသည်။
တွဲလာတဲ့တစ်လျှောက်မှာ သူကသာ ဘေဘီ့ကိုသဝန်တိုတတ်ပေမဲ့ ဘေဘီသူ့ကိုသဝန်တိုတယ်ဆိုတာမျိုးက ရှိမှမရှိဖူးဘဲလေ
"အင်း သူကျွန်တော့်ကို သဝန်တိုတာ တစ်ခါမှမကြုံဖူးဘူးဗျ၊သူက ကျွန်တော့်လိုသဝန်တိုတတ်တဲ့လူ မဟုတ်ဘူးထင်ပါတယ်"
"နိုး နိုး၊သဝန်မတိုတတ်တဲ့လူရယ်လို့တော့ လုံးဝကြီးရှိမနေပါဘူး တည်ကြည်၊သူသဝန်တိုရလောက်တဲ့ အကြောင်းအရင်းမျိုး ခင်ဗျားမှာရှိမနေလို့ပဲ ဖြစ်ပါလိမ့်မယ်"
"ဘယ်လို??"
"ခင်ဗျားက သူမှသူဖြစ်နေတာကို သိနေမှတော့ သူသဝန်တိုစရာမရှိတော့ဘူးပေါ့
သူနဲ့တွဲနေတဲ့တစ်လျှောက် ခင်ဗျားကို တခြားတစ်ယောက်နဲ့ မသင့်တော်တဲ့အခြေအနေမျိုး သူတွေ့ရဖူးလား တည်ကြည်"
"လုံးဝမရှိဘူး ချန်"
"ဒါပဲလေ၊ဒါဟာအဖြေပေါ့
လူတိုင်းက ကိုယ်ချစ်တဲ့သူတွေနဲ့ပတ်သက်ရင် တွန့်တိုတတ်တဲ့စိတ်ကလေး အနည်းနဲ့အများတော့ရှိကြတာပါပဲ
တချို့က စိတ်ကိုပြင်ဆင်တတ်ပြီး သေချာကိုင်တွယ်နိုင်လို့သာ တည်ကြည်ဖြစ်သလို မဖြစ်ကြတာပါ
နောက်ပြီး ကိုယ့်ပါတနာက ကိုယ်မှကိုယ်ပဲလို့ မျက်စိမှိတ်ယုံကြည်တဲ့သူတွေပေါ့၊သူတို့ကလည်း စင်ပေါ်ကလူဆိုတဲ့အထာနဲ့ နေနိုင်နေတော့ သဝန်တိုရမှာကို မေ့နေတတ်ကြတယ်လေ
သဝန်တိုတယ်ဆိုတာကလည်း စိတ်မလုံခြုံခြင်းနဲ့ ဆိုင်နေတာကိုး၊သူကကျ ခင်ဗျားက ပွေတတ်ရှုပ်တတ်တဲ့သူမဟုတ်ဘူးလို့ ယုံကြည်နေသလို၊သူ့ကိုပဲ ခင်ဗျားကအပြည့်အဝချစ်နေတာကိုသိတော့ စိတ်လုံခြုံနေတယ်ဆိုရမှာပေါ့"
'ချန်'ပြောတာတွေက လက်ခံနိုင်စရာတွေပဲမို့ သူခေါင်းတညိတ်ညိတ်နဲ့သာ နားထောင်နေမိသည်။
"ကျွန်တော်ထင်တယ် ဒီတစ်ခါတော့ သဝန်တိုရတဲ့ခံစားချက်ကို သူနည်းနည်းလေးတော့ နားလာ်သွားလိမ့်မယ်"
"ဟင် ဘယ်လို"
"ခင်ဗျားကို facebookရော၊instagramမှာ tagထားတယ် တည်ကြည်"
အရင်ကလည်း ig storyမှာ ပုံတွေtagပြီးတင်လေ့ရှိတာမို့ သိပ်မထူးဆန်ပေမဲ့ အခုက fbမှာပါဆိုတော့ သူ အံ့ဩမိသွားရသည်။
သူဟာလည်း တုံးအတဲ့သူတော့မဟုတ်တာမို့ ဒီလောက်ဆို 'ချန်'ဘာဆိုလိုလဲဆိုတာကို သိလိုက်ပါပြီ။
"အဟက် ချန် ချန်၊ခင်ဗျားက တကယ့်ဆရာကြီးပဲဗျာ
ကျွန်တော့်လူ အထင်လွဲစိတ်ကောက်ရင်တော့ ခင်ဗျားမြန်မာပြည်ထိ လိုက်ရှင်းရမယ်နော်"
"အဟား အဆင်ပြေသွားလို့ မင်္ဂလာဆောင်ရင်လည်း ဖိတ်ဖို့ပြင်ထား တည်ကြည်"
"သေချာတာပေါ့ဗျာ ဟားဟား"
တိတ်ဆိတ်နေတဲ့ စားသောက်ဆိုင်ထဲမှာ နှစ်ယောက်ရယ်သံတချို့ ခပ်သဲ့သဲ့လျှံကျလာသည်။
ကိုယ်တိုင်လည်း ပိတ်ဆို့နေတဲ့အတွေးစတွေ ရှင်းလင်းပြီး လမ်းပျောက်နေတဲ့သူ လမ်းရှာတွေ့သွားသလိုခံစားလိုက်ရသည်။
သူနဲ့ဘေဘီ မင်္ဂလာဆောင်ကျရင်တော့ ချန့်ကို သေချာပေါက်အရံလုပ်ခိုင်းရမည်ထင်ပါရဲ့။
●●●●
ငြိမ်သက်နေသော ဖုန်းမှန်ပြင်ကိုကြည့်ရင်း လင်းရိပ်ညို ကိုယ်တိုင်ပင်သတိမထားမိဘဲ သက်ပြင်းတွေ အကြိမ်ကြိမ်ချမိနေသည်။
မနေ့ညနေကတည်းက စာအဝင်မရှိလာတာဟာ နေ့ကူးရုံမက ညပင်ရောက်လာပြီမို့ ၂၄နာရီတောင် ကျော်သွားပြီဖြစ်သည်။
မပို့တော့လည်း နားအေးတာပဲ၊အရှုပ်တွေကင်းတယ်၊အာရုံတွေမနောက်ရတော့ဘူးပေါ့လို့ တွေးပေမဲ့ လိမ်ညာမရတဲ့ ကိုယ့်စိတ်က ထိုအဖြေကို အဖြေတစ်ခုနှယ်မသတ်မှတ်။
ပျက်ယွင်းပြီး ကြေကွဲရိပ်တွေပြည့်နေသည့် မျက်နှာနဲ့ ခေါင်းငိုက်စိုက်လျက်ပြန်သွားတဲ့ ကျောပြင်ကို ပြန်မြင်လိုက်တိုင်း အပြစ်မကင်းသည့်စိတ်တို့ဟာ အလိုလိုဝင်ရောက်လာရပြန်သည်။
ဝရန်တာမှာ စီးကရက်ခဲရင်း ထိုင်နေမိသည်မှာလည်း အတော်ကိုကြာပါပြီ။ကိုဝေကြီးတို့က သူတို့ဆီလာဖို့ခေါ်တာတောင် သွားဖို့စိတ်မပါလို့ မသွားဖြစ်။မနက်ဖြန်စနေမို့ မနက်ဖြန်မှသာ အေးဆေးသွားတော့မည်။
"ကျစ် သောက်ရူးလိုပဲ၊သောက်ကျိူးနည်းဘဲကြီး
လူကို အမျိုးမျိုးအာရုံလာစားနေတယ် _ီးပဲ ခင်ဗျားကို"
တစ်ဝက်နီးပါးကျန်သေးတဲ့ စီးကရက်ကို ချိူးချေပစ်ရင်း ထိုဘဲနာကြီးကို စိတ်ရှိလက်ရှိထိုင်ဆဲနေမိသည်။
ဒီလောက်လေးပြောတာကိုတောင် မခံနိုင်ဘူးလား၊မာနထိခိုက်တယ်ခံစားရလို့ မဆက်သွယ်တော့တာလားလို့ တွေးမိတော့ ရင်ထဲမှာဆွေးသွားရသည်။
ဘယ်လိုပဲဖြစ်ဖြစ် ချစ်မိတဲ့သူကရှုံးတာပဲလား။
အတွေးတွေက လွတ်ရာလွတ်ငြား ဘေးနားချထားသည့် ဖုန်းကိုယူရင်း ပိတ်ထားသည့် ဝိုင်ဖိုင်ကို ဖွင့်လိုက်ခြင်းက ပိုပြီးသောကပွေစေရမယ်မှန်းသိရင် သူ ဖွင့်ဖြစ်မည်မဟုတ်။
အခုတော့ Facebook app ဖွင့်ဖွင့်ချင်းမှာ ပေါ်လာတဲ့ ဓါတ်ပုံကိုကြည့်ရင်း သူမျက်တောင်ခတ်ဖို့ရော။အသက်ရှူဖို့ပါ မေ့နေမိသည်။
'We discuss about love topic'ဆိုသည့် ခေါင်းစဉ်နဲ့အတူ Adrina Chénဆိုသည့် accက ဟိုလူ့ကို tagပြီး တင်ထားသောပုံသည် သူ့ကိုရုတ်တရက်ကြောင်အသွားစေသည်။
မရှင်းတရှင်းခေါင်းစဉ်နဲ့ တင်ထားသောပုံမှာ တရုတ်မျက်နှာပေါက်နဲ့ ထိုလူက selfieရိုက်နေတာဖြစ်ပြီး ဟိုလူကတော့ steakကိုလှီးရင်း မျက်လုံးလှန်ကြည့်ပြီး ပြုံးနေသည့်ပုံဖြစ်သည်။
မနေ့ကထိ ကိုယ့်အနားရှိနေသည့်သူက အခုက ဘယ်ကိုရောက်သွားရတာလဲ၊ဘယ်သူနဲ့သွားပြီး အချစ်အကြောင်း ဆွေးနွေးနေတာလဲဆိုသည့် အတွေးက သူ့အတွက်တော့ မနှစ်မြို့ဖွယ် ချဉ်စူးစူးခံစားချက်ကို ပေးစွမ်းသည်။
တစ်ခါမှမလုပ်ဖူးသည့်အလုပ်ဖြစ်သည့် တခြားသူတစ်ယောက်ရဲ့ accကိုဝင်ကြည့်တဲ့ကိစ္စကို သူပထမဆုံးလုပ်မိသည်။
စီးပွားရေးအကြောင်းတွေသာ အများစုတွေ့ရပြီး ကျန်တာဘာမှမတွေ့ရ။
Biographyက အကြောင်းအရာအရ စင်္ကာပူက ဟိုတယ်အဖွဲ့အစည်းကြီးတစ်ခုက ဒါရိုက်တာတစ်ယောက်ဖြစ်မှန်းတော့ သူသိလိုက်သည်။
ဒါဆို ဟိုလူက စင်္ကာပူရောက်နေတာပါ့၊အလုပ်ကိစ္စနဲ့ သွားတဲ့သူက အချစ်အကြောင်းဆွေးနွေးစရာ မလိုလို့တော့ သူထင်မိပါသည်။
ရုတ်တရက်ပူလောင်လာတဲ့စိတ်က မနှစ်မြို့ခြင်းများစွာနှင့်ဖြစ်ပြီး သူတစ်ခါမှ ဒီလိုခံစားချက်မျိုး မရဖူးခဲ့။တစ်ခါမှ မတွေ့ဖူး၊မမြင်ဖူးသည့် လူတစ်ယောက်ကို အလိုလိုနေရင်း မကြည်မလင်ဖြစ်စေသည့် ခံစားချက်ကို အမည်ပေးရင် သဝန်တိုတယ်ဆိုတာကလွဲလို့ တခြားမရှိ။
ဒါဆို သူက သဝန်တိုနေတာလားဆိုပြီး တွေးမိတော့လည်း လက်မခံချင်ဘဲ ခေါင်းကိုသာ နာနာရမ်းမိတော့သည်။သူက ဘယ်တုန်းက သဝန်တိုဖူးလို့လဲလေ၊
Messengerမှာ တတောင်တောင်မြည်နေတဲ့စာတိုတွေမှာ ဟိုလူရဲ့ accမပါလာတဲ့အခါ စိတ်ကတင်းခနဲဖြစ်သွားရသည်။
မသိစိတ်ရဲ့ ခိုင်းစေချက်အရ fbကနေထွက်ပြီး igထဲကို သူဝင်မိပြန်သည်။
Storyတွေရဲ့ ရှေ့ဆုံးမှာ နေရာယူထားသူက ဟိုလူဖြစ်နေတာမို့ သူဝင်ကြည့်ရနိုး၊မကြည့်ရနိုးနဲ့ ချီတုံချတုံဖြစ်နေမိသည်။
ထို့နောက်တွင်တော့
"ဘာမှမဖြစ်ဘူး လင်းရိပ်ညို၊ဝင်ကြည့်ချင်ကြည့်လိုက်
မင်း တမင်ဝင်ကြည့်တာမဟုတ်ဘူး၊လက်နဲ့မတော်တဆထိမိသွားတာ အိုခေ"
ထိုသို့ထိုပုံ ကိုယ့်ကိုယ်ကို ပြန်ညာရင်းပဲ ပရိုဖိုင်အဝိုင်းလေးကို နှိပ်လိုက်မိတဲ့နောက် သူတွေ့လိုက်ရတာက နှစ်ယောက်ပုံတွေပဲဖြစ်သည်။
ဟိုလူတင်တာတော့မဟုတ်ဘဲ ခုနကလူပဲ အားအားယားယား tagပြီး တင်ထားတာဖြစ်သည်။
ဒီလောက်နဲ့ မကျေနပ်နိုင်သေးဘဲ ထိုလူရဲ့ ig accထဲကိုပါ သူထပ်ပြီး ဝင်ကြည့်မိသည်။
ခုတကပို့စ်ကိုပဲ igမှာလည်း တင်ထားသေးသည်။
"ပေါတောတောနဲ့ တော်တော်အားနေတယ်ထင်တယ် ဟိုတင်၊ဒီတင်နဲ့"
မကျေမလည်ဖြင့် ရေရွတ်ရင်းပဲ အောက်ကပို့စ်တွေဆက်ကြည့်မိတော့ သူ့ရဲ့တစ်နေ့တာ ထမင်းစား၊ရေသောက်ကအစ ပုံတွေတင်ထားသည်ကို တွေ့ရသည်။
တော်တော်ရူးတဲ့သတ္တဝါလို့ တွေးရင်းကပဲ ထိုတစ်နေ့တာတွေထဲမှာ အခုဟိုလူပါ ပါနေတာလားလို့ တွေးမိတော့ ပြုံးတုံ့တုံ့မျက်နှာကြီးဆီကို လက်သီးတွေသာ ပစ်သွင်းမိချင်တော့သည်။
"တောက်! ငါ_ိုးကောင်ကြီး၊ တစ်ခုခုဆိုရင် ခင်ဗျားထက်အရင် မိန်းမယူပြမယ်၊တွေ့မယ် ခင်ဗျား" ဟုရေရွတ်ရင်းပဲ ရင်ထဲမှ နေရထိုင်ရခက်လှသည်။
ဘယ်လိုကျပ်မပြည့်တဲ့ သောက်ရူးမို့ captionကို ဒီလိုပေါတောတောရေးပြီး စိတ်အနှောက်အယှက်ဖြစ်စေရတာလဲ။
အခုတော့ ဘာမှန်းညာမှန်းမသိဘဲ လူက ပူလောင်နေရသည်။
မိုင်ဒေးကို နောက်တစ်ကြိမ်ဝင်ကြည့်ရင်း အရွဲ့တိုက်ပြီး အသည်းပုံအီမိုဂျီတွေကို သူ ထပ်ခါထပ်ခါနှိပ်လိုက်မိသည်။
"မှတ်ထား ဦးတည်ကြည်နန္ဒ၊ လင်းရိပ်ညိုဆိုတဲ့ကောင်က ခင်ဗျားလို အလကားနေ သဝန်တိုတတ်တဲ့ကောင် မဟုတ်ဘူး
သဘောထားကြီးကြီးနဲ့ အသည်းပါပေးလိုက်တယ်ဆိုတာ ခင်ဗျားမှတ်ထား"
အသည်းပုံတွေကို ထပ်ခါထပ်ခါနှိပ်ရင်း သဝန်မတိုတတ်ဘူးအော်နေသည့်သူ တကယ်သဝန်မတိုတတ်ဘူးလားဆိုတာတော့ သူသာလျှင် အသိဆုံးဖြစ်ပလိမ့်မည်။
A/N
ဒီညပဲပြီးလို့ တင်ပေးလိုက်ပါပြီရှန်။
နောက်updateကိုတော့ စနေညမှာတင်ပေးနိုင်ဖို့ ကြိုးစားပါမယ်ရှင့်။
အားလုံးပဲ လင်းရိပ်ညိုလို သဘောထားကြီးကြီးနေကြပါနော်:333
Love u all
Rachel
28Dec,2022
●●●●●●●●●●●●●●●●●●●●●●●●●●●●●●
ေဆး႐ုံႀကီးရဲ႕ အေရးေပၚဌာနကေန သူထြက္လာေတာ့ ကားတံခါးကိုမွီလ်က္ ရပ္ေနသူကို ေတြ႕လိုက္ရၿပီး သူေျခလွမ္းေတြတုံ႔သြားရသည္။
ဒီလူႀကီး ေန႔တိုင္းသူ႐ွိရာလိုက္ေနရတာကို အခုထိၿငီးေငြ႕ဟန္မေပၚ။
ေက်ာင္းခ်ိန္ဆိုလည္း ေက်ာင္းကိုလိုက္လာသည္၊ေဆး႐ုံေတြမွာ လက္ေတြ႕ဆင္းခ်ိန္ဆိုလည္း ကိုယ္႐ွိတဲ့ေဆး႐ုံကို သူေရာက္လာျပန္တာပဲျဖစ္သည္။
ညဖက္ဆိုလည္း ဖုန္းေတြဆက္၊စာေတြပို႔နဲ႔ အခ်ိန္တိုင္းသူ႕အလုပ္ခ်ည္းျဖစ္ေနေတာ့တာဟာ တားမရဆီးမရ။
ဒီလိုေတြမလုပ္ဖို႔ေျပာရင္လည္း မ်က္ႏွာေလးငယ္ၿပီး "ကိုယ့္ကို ခြင့္မလႊတ္ႏိုင္ေသးရင္ေတာင္ ဒီေလာက္ေတာ့ အခြင့္အေရးေပးပါ၊မိတ္ေဆြေတြလိုေတာ့ ဆက္ေနခြင့္ေလးေပးပါ"ဟု ေျပာျပန္ေတာ့ သူနဲ႔ပတ္သက္ရင္ အသည္းမမာႏိုင္တဲ့ကိုယ္ဟာ ဘာမွေ႐ွ႕မဆက္ႏိုင္။
ဒီလိုနဲ႔ပဲ လုံးလည္လိုက္ေနေတာ့တာ ၁လနီးပါးပင္႐ွိေတာ့မည္ျဖစ္သည္။
ဂ်ဴတီကုတ္ေလးတလႊားလႊားနဲ႔ မ်က္ခုံးေတြတြန္႔ခ်ိဳးၿပီး လူဆီေလွ်ာက္လာေနတဲ့ ေကာင္ေလးကိုၾကည့္ရင္း ရပ္ၾကည့္ခြင့္ပဲ႐ွိသည့္ သူမပိုင္ဆိုင္ႏိုင္သည့္ ႏွင္းဆီး႐ိုင္းေလးတစ္ပြင့္လို႔ ေတြးမိေတာ့ ရင္ထဲမွာေဆြးမိသြားရသည္။
ေဘဘီဟာ ႏွင္းဆီ႐ိုင္းေလးပါပဲ၊အကိုင္အတြယ္ညံ့ဖ်င္းသြားတဲ့သူကေတာ့ ႏွလုံးသားတစ္ခုလုံး ဆူးဒဏ္ရာေတြနဲ႔ ထိ႐ွခံေနရပါၿပီ။
ဒါေပမဲ့လည္း သူေက်နပ္ပါသည္၊ကိုယ့္အျပစ္နဲ႔ကိုယ္ပဲမို႔ ဒဏ္ရာေတြကို သူေက်နပ္ပါသည္။
အနည္းဆုံးေတာ့ သူ႕ႏွင္းဆီ႐ိုင္းေလးကို ဂ်ဴတီကုတ္ဝတ္ထားတဲ့ ဆရာဝန္ေလာင္းေလးအျဖစ္ သူျမင္ေနရေသးသည္ပဲေလ။
"ခင္ဗ်ား ဒီအထိေရာက္လာျပန္ၿပီ၊အားေနတာပဲေနာ္ ေတာ္ေတာ္"
"အဟြန္း ဒီလိုအသံေလး ၾကားမွၾကားရပါမလားလို႔ကြာ
ဒီဖက္ေရာက္တုန္းေလး ေဘဘီ့ကို မုန္႔ေကြၽးခ်င္လို႔ ဝင္လာတာပါ"
"က်ဳပ္က ကေလးလားဗ်ာ၊တစ္ခ်ိန္လုံး မုန္႔လိုက္ေကြၽးေနတာ၊အဲ့လိုေတြမလုပ္ပါေတာ့နဲ႔လို႔ ဒီေလာက္ေျပာေနတာကို ခင္ဗ်ားက က်ဳပ္စကားကို တစ္စက္ေလးမွ အဖက္မလုပ္တာေနာ္"
စေတြ႕ကတည္းက ၾကားလာခဲ့ရတဲ့ ဘုနဲ႔ေဘာက္အေျပာေတြနဲ႔ ေနသားတက်႐ွိေပမဲ့ နီးၿပီးမွျပန္ေဝးသြားရတဲ့အျဖစ္ေၾကာင့္ ဒီလိုစကားေတြ ၾကားရတာပါလားဆိုတဲ့အသိကလည္း ရင္နာဖို႔ေတာ့ေကာင္းပါသည္။
ဒါေပမဲ့လည္း အားလုံးက ကိုယ့္အျပစ္ေတြပဲမို႔ ဒီအမ်ိဳးသားငယ္ေလးကို သူမစြန္႔လႊတ္ႏိုင္တာမို႔ ဘယ္လိုအရာကိုပဲျဖစ္ျဖစ္ သူလက္ခံ႐ုံသာ႐ွိသည္။
"အင္းပါ ေဘဘီရယ္၊အားလုံးက ကိုယ့္အျပစ္ေတြ၊ကိုယ့္အမွားေတြပါ
ေဘဘီမႀကိဳက္ရင္ ျပင္ဖို႔ကိုယ္ႀကိဳးစားပါ့မယ္၊အခုေတာ့ ေရာက္လက္စနဲ႔ ကိုယ္နဲ႔အတူမုန္႔လိုက္စားပါလားကြာ ေနာ္"
"က်စ္ ေနာက္နာရီဝက္ေလာက္ဆို ဆရာႀကီးroundလွည့္ရင္ လိုက္ရဦးမွာ
ကြၽန္ေတာ္ျပန္လို႔မရေသးဘူး"
"ဪ အဲ့လိုလား၊ဒါဆို ကိုယ္ၿပီးတဲ့အထိေစာင့္"
"က်စ္ ဦးတည္ၾကည္နႏၵ၊ခင္ဗ်ား လူစကားနားမလည္ဘူးလားဗ်ာ
မအားဘူးလို႔ ေျပာေနတာကို ဘာလို႔ဇြတ္လိုက္ကပ္တြယ္ေနရတာလဲ
တကယ္အာ႐ုံပဲခင္ဗ်ား၊စိတ္႐ႈပ္လာၿပီ"
ဂ်ဴတီကုတ္အိတ္ကပ္ထဲထည့္ထားတဲ့ လက္ႏွစ္ဖက္ကို ခါးမွေထာက္လိုက္ရင္း ေလသံမာမာနဲ႔ ေျပာလာသူက မ်က္ႏွာမွာလည္း စိတ္႐ႈပ္မႈအထင္းသားမို႔ သူမင္သက္မိသြားရသည္။
ျပန္ႀကိဳးစားရင္းနဲ႔ အဆင္ေျပလာမွာပါဟု ထင္ခဲ့မိေသာစိတ္ကူးမ်ားသည္လည္း ေလထဲမွာလြင့္ခ်င္ခ်င္။
တကယ္ေတာ့ မုန္႔စားရင္းနဲ႔ သူအလုပ္ကိစၥေၾကာင့္ စကၤာပူကိုခရီးထြက္ဖို႔႐ွိတဲ့အေၾကာင္းနဲ႔ ဒီရက္ေတြထဲ မလာႏိုင္မဲ့အေၾကာင္းေတြကို ေျပာျပခ်င္လို႔ျဖစ္သည္။
မသြားခင္ အလြမ္းေျပလာၾကည့္မိတဲ့ မ်က္ႏွာေလးက အခုေတာ့ သူ႕ရင္ကို အဆိပ္ျမႇားေတြ တစ္စင္းၿပီးတစ္စင္းပစ္သြင္းေနတာဟာ ေသလုနီးပါးပါပဲ။
ကိုယ္ခရီးသြားမဲ့အေၾကာင္းေျပာလိုက္ခ်ိန္မွာ သူနဲ႔ဘာဆိုင္လဲလို႔မ်ား ေမးခြန္းျပန္ထုတ္လာရင္ ကိုယ့္ရဲ႕ခံႏိုင္ရည္အားlimitကိုေက်ာ္လြန္ၿပီး ကိုယ့္ကိုယ္ကို တစ္ခုခုလုပ္မိမည္ထင္သည္။
ပ်က္ယြင္းေနတဲ့မ်က္ႏွာကိုသာ ဟန္လုပ္ျပဳံးရင္း
"အင္းပါ၊ေဆာရီး ေဆာရီး ကိုယ္ျဖစ္ခ်င္ပဲၾကည့္လိုက္မိတယ္
ေဘဘီမအားတာကို ကိုယ္မေတြးလိုက္မိဘူး
အဲဒါဆို ကိုယ္ျပန္ေတာ့မယ္ေနာ္၊ေဘဘီ
စာေတြလုပ္ရင္း အစာစားခ်ိန္မမွန္တာေတြျဖစ္ဦးမယ္၊ဂ႐ုစိုက္ေနာ္"
"......"
"ကိုယ့္ေၾကာင့္ စိတ္႐ႈပ္ေနရၿပီထင္တယ္၊ကိုယ္တကယ္မရည္႐ြယ္ပါဘူး ေဘဘီရယ္
ေတာင္းပန္တယ္ေနာ္
ဒါဆို အခုကိုယ္သြားေတာ့မယ္၊ေဘဘီ ေပ်ာ္ေပ်ာ္ေနပါ ေနာ္"
ပခုံးကိုခပ္ဖြဖြဖိကိုင္ၿပီး ထိုလူကားေပၚျပန္တက္သြားသည္အထိ သူေနရာမွာပဲ မလႈပ္မယွက္ရပ္ေနမိသည္။
စိတ္တိုတိုနဲ႔ေျပာမိရင္း သူ႕စကားေတြဟာလည္း ေျခလြန္လက္လြန္ျဖစ္ကုန္ရသည္။
စိတ္တိုလာရင္ ေျပာခ်င္ရာေျပာတတ္သည့္ ကိုယ့္အေၾကာင္းသိပါလ်က္နဲ႔ ဘာလို႔မ်ား စိတ္မ႐ွည္ျခင္းလမ္းစေတြကို ဖြင့္ေပးေနတာလဲမသိေတာ့။
ေခါင္းကိုနာနာရမ္းရင္းသာ ေဆး႐ုံထဲကိုျပန္ဝင္မိသည္မွာ ဘာအေၾကာင္းေၾကာင့္ အျပင္ကိုထြက္မိသလဲေတာင္ စဥ္းစားမရေတာ့သည္အထိပင္။
●●●●
ေလယာဥ္ျပတင္းကေန တိမ္ေတြကိုၾကည့္ရင္း သူ႕အေတြးေတြဟာလည္း တိမ္ေတြနဲ႔အတူ လြင့္ေမ်ာေနရသည္။
တာဝန္၊ဝတၱရားအရသာ အလုပ္ေတြလုပ္ေနရေပမဲ့ သူ႕စိတ္ေရာကိုယ္ပါ တကယ္ကိုပင္ပန္းေနၿပီျဖစ္သည္။
သူ႕ဘဝမွာ အခ်စ္ေရးကိစၥေၾကာင့္ အခုလိုအေျခအေနေရာက္ရမယ္လို႔ တစ္ခါမွမေတြးဖူးခဲ့။
အခုခ်ိန္မွာ ပင္ပန္းေနတဲ့စိတ္ေၾကာင့္ လႊတ္ခ်ခ်င္မိတာေတာင္ သူဟာ လႊတ္ခ်ႏိုင္ျခင္းမ႐ွိ
ထိုအခ်စ္ကိုပဲ မက္ေမာစြာဖက္တြယ္ထားမိေနသည္။အခ်စ္မီးခဲဟာ ပူမွန္းသိပါလ်က္နဲ႔၊ႏွင္းဆီ႐ိုင္းေလးဟာ စူးေစ၊နာက်င္ေစမွန္သိပါလ်က္နဲ႔ သူဟာ ႐ုန္းထြက္ႏိုင္ျခင္းအလ်ဥ္းမဲ့ေနရသည္သာျဖစ္သည္။
"မစၥတာတည္ၾကည္ ခရီးပန္းလာပုံရတယ္၊အလုပ္စြဲလန္းတဲ့အက်င့္ေတြလည္း မေဖ်ာက္ႏိုင္ေသးဘူးထင္တယ္၊က်န္းမာေရးထိမယ္ေနာ္"
အစည္းအေဝးခန္းကအထြက္ မစၥတာခ်န္၏အေျပာေၾကာင့္ သူမခ်ိျပဳံးပဲျပဳံးလိုက္မိသည္။
မစၥတာခ်န္းဆိုသည္မွာ သူ႕ကိုယုံၾကည္စြာျဖင့္ ဟိုတယ္ကယ္လီဖိုးနီးယားမွာ ႐ွယ္ယာမ်ားစြာျမႇဳပ္ႏွံထားသူျဖစ္သည္။
အခု ဒီကိုလာတဲ့ကိစၥကလည္း ပုဂံနဲ႔အင္းေလးေဒသဖက္က ဟိုတယ္ဇုန္ေတြမွာ 5starsအဆင့္ဟိုတယ္ေတြ ထပ္တိုးခ်ဲ႕ဖို႔ မစၥတာခ်န္မိတ္ဆက္ေပးမဲ့ တျခားလုပ္ငန္း႐ွင္ေတြနဲ႔ ေတြ႕ဆုံေဆြးေႏြးဖို႔ပါပဲ။ဒီေန႔ကေတာ့ ႏွစ္ေယာက္တည္းေတြ႕ၿပီး အၾကမ္းဖ်ဥ္းေဆြးေႏြးမႈေတြ လုပ္ျဖစ္ၾကတာပါ။
အရင္ပုံစံနဲ႔ ဘယ္လိုမွမတူႏိုင္တဲ့ သူ႕ရဲ႕အပူသည္႐ုပ္ကို ႀကိဳးစားေနေနရတဲ့ပုံကို မစၥတာခ်န္က သတိမထားမိစရာမ႐ွိ။ပုဂၢိဳလ္ေရးကိစၥေတြမို႔သာ ေမးျမန္းတာမ်ိဳးမလုပ္တာပဲ ျဖစ္ပါလိမ့္မယ္။
"တျခားကိစၥေတြ႐ွိေသးလား မစၥတာတည္ၾကည္၊မ႐ွိရင္ ဒီညေနစာကို ကြၽန္ေတာ္ဧည့္ခံခ်င္ပါတယ္"
"မ႐ွိပါဘူး မစၥတာခ်န္၊သြားၾကတာေပါ့"
အနည္းဆုံးေတာ့ တစ္ေယာက္ထဲလြမ္းနာက်ေနရမွာထက္စာရင္ အေဖာ္တစ္ေယာက္ေယာက္နဲ႔ စကားစျမည္ေျပာေနရတာက သူ႕အတြက္ အနာသက္သာခ်ိန္ပိုရမယ္လို႔ ထင္တာေၾကာင့္လည္း တည္းသည့္ဟိုတယ္မျပန္ဘဲ စားေသာက္ဆိုင္သြားဖို႔ကို သူေ႐ြးလိုက္ျခင္းျဖစ္သည္။
"မစၥတာတည္ၾကည္ စိတ္ဖိစီးစရာေတြမ်ားေနလား၊အလုပ္ကိစၥနဲ႔ပတ္သက္ၿပီး လိုအပ္တာ႐ွိရင္ အားမနာဘဲ ကြၽန္ေတာ္နဲ႔ေျပာႏိုင္၊ေဆြးေႏြးႏိုင္ပါတယ္"
"မဟုတ္ဘူး ခ်န္၊အလုပ္ကိစၥမဟုတ္တဲ့ ပုဂၢိဳလ္ေရးကိစၥပါ
ဒါေပမဲ့ ကြၽန္ေတာ္ေျပာျပဖို႔ ဆႏၵ႐ွိပါတယ္၊နားေထာင္ေပးမယ္ဆိုရင္ ေျပာျပခ်င္ပါတယ္"
"အိုး ေသခ်ာတာေပါ့ တည္ၾကည္၊လုပ္ပါ ခင္ဗ်ားေျပာစရာ႐ွိတာကို လြတ္လြတ္လပ္လပ္ေျပာႏိုင္ပါတယ္"
အလုပ္သေဘာအရေျပာျခင္းမဟုတ္တဲ့အခါ ပိုၿပီးရင္းႏွီးေႏြးေထြးတဲ့ အသုံးအႏႈန္းေတြနဲ႔ စိတ္လြတ္ကိုယ္လြတ္ေျပာၾကဖို႔ ႏွစ္ဦးသားအသင့္ျဖစ္ေနၾကပါၿပီ။တကယ္ဆို အသက္အ႐ြယ္ကလည္း ႐ြယ္တူျဖစ္သလို သိကြၽမ္းလာတာလည္း ၾကာၿပီမို႔ သူတို႔ဟာ သူငယ္ခ်င္းေတြလို တရင္းတႏွီးေျပာဖို႔ ဘာမွခက္ခဲတာမဟုတ္ေလ။
"အိုး တည္ၾကည္၊ ခင္ဗ်ားစိတ္လိုက္မာန္ပါလုပ္လိုက္တယ္လို႔ ၾကားဖူးတာ၊ကိုယ့္ကိုယ္ကိုမွားတယ္လို႔ သတ္မွတ္တာျမင္ရတာ ဒါပထမဆုံးပဲ"
ျဖစ္ေၾကာင္းကုန္စင္ကို ေျပာျပၿပီးတဲ့ေနာက္ 'ခ်န္'ဆီကေန တအံ့တဩရတဲ့မွတ္ခ်က္။
အင္းေလ ကိုယ္တိုင္ေတာင္ တည္ၾကည္နႏၵဘဝမွာ အမွားဆိုတာမ႐ွိရဘူးဆိုၿပီး ဟစ္ေႂကြးေနထိုင္လာရင္းနဲ႔ ဒီလိုေတြၾကဳံလာရေသးတာပဲ။ေဘးလူေတြအံ့ဩတာလည္း သိပ္ေတာ့မထူးဆန္းပါဘူး။
"ကြၽန္ေတာ္ ေနလာတဲ့တစ္ေလွ်ာက္မွာ ဒီေလာက္ခက္ခဲပင္ပန္းတဲ့ ေန႔ရက္ေတြ တစ္ခါမွကိုမၾကဳံဖူးေသးဘူး
ညအိပ္ရာဝင္ခ်ိန္တိုင္းဟာ ဒီလိုနဲ႔ သူကြၽန္ေတာ္႕ကို လုံးလုံးလ်ားလ်ားသံေယာဇဥ္ျပတ္သြားရင္၊မၾကည္ျဖဴေတာ့ရင္ဆိုတဲ့ စိတၱဇအေတြးေတြနဲ႔ အိပ္စက္ရသလို မနက္တိုင္းဟာလည္း ဒီေန႔ ဘယ္လိုစိမ္းကားတဲ့ တုံ႔ျပန္မႈမ်ိဳးကို ရဦးမလဲဆိုတဲ့ အေတြးေတြနဲ႔ ထိတ္လန္႔ေနရတာပဲ။
ဒီကိုသာထြက္လာရတယ္၊ကြၽန္ေတာ္ တကယ္စိတ္မေျဖာင့္ဘူး 'ခ်န္'၊ ျပန္ေရာက္တဲ့အခ်ိန္ ဘယ္လိုေတြဆက္ျဖစ္မလဲဆိုတာပဲ စိတ္ပူေနမိတာ"
"တည္ၾကည္နဲ႔သူက အြန္လိုင္းကေနေရာ အဆက္အသြယ္႐ွိလား"
"သူက အြန္လိုင္းသိပ္မသုံးဘူး၊ဂူဂဲလ္လိုမ်ိဳး သုံးစရာ၊႐ွာစရာ႐ွိမွသာ သူက အြန္လိုင္းျဖစ္တာ"
"ဒါဆို ခင္ဗ်ား အခုဒီေရာက္ေနတာလည္း သူမသိေသးဘူးေပါ့"
"အင္း မသိေသးဘူး၊ကြၽန္ေတာ္ စာပို႔ထားဖို႔ေတာ့ ေတြးေပမဲ့ သူ႕ဖက္က စိမ္းစိမ္းကားကားတစ္ခုခုတုံ႔ျပန္လာရင္ ကြၽန္ေတာ္ခံႏိုင္ရည္မ႐ွိမွာေၾကာက္တယ္"
"အိုး တည္ၾကည္တစ္ေယာက္ အေၾကာက္တရားေတြနဲ႔ ျပည့္ႏွက္ေနေတာ့တာပဲ
ဒီနာရီပိုင္းေလးတင္ ေၾကာက္တယ္လို႔ေျပာေနတာ ဘယ္ႏွစ္ခါ႐ွိေနၿပီလဲ ဟားဟား"
ခ်န္တစ္ေယာက္ သေဘာတက်ရယ္ေနတာကိုလည္း မခ်ိျပဳံး'ျပဳံး႐ုံအျပင္ သူဘာမွမတတ္ႏိုင္။တကယ္လည္း သူ႕အျဖစ္က ဒီအေတာအတြင္း အေၾကာက္တရားနဲ႔သာ ျပည့္ေနေတာ့တာကိုး။
"တည္ၾကည္ စိုးရိမ္စိတ္၊ေၾကာက္႐ြံ႕စိတ္ေတြဖုံးေနသ၍ အေျဖတစ္ခုကို ႐ွင္း႐ွင္းလင္းမျမင္ရဘူးဆိုတာ ခင္ဗ်ားလည္းသိပါတယ္
အခုလည္း ခင္ဗ်ားက မွားခဲ့တာကိုပဲျပန္ေတြးၿပီး ထူပူေနေတာ့ လုပ္သမွ်ဟာ အမွားမွားအယြင္းယြင္းနဲ႔ျဖစ္ေနတာေပါ့
ကြၽန္ေတာ္႕အထင္ေတာ့ သူလည္း ခင္ဗ်ားအေပၚစိတ္မျပတ္ႏိုင္ေသးဘူးထင္တယ္ဗ်
ခင္ဗ်ားေျပာျပပုံဆို သူလိုလူက ျပတ္သားခ်င္ရင္ ခင္ဗ်ားဒီေလာက္ထိေတာင္ သူ႕အနားေနခြင့္ရမွာမဟုတ္ဘူး၊တျခားတစ္ေယာက္နဲ႔တြဲသြားမွာေပါ့
အခုက သူ႕ကိုမယုံၾကည္ရေကာင္းလားဆိုတဲ့ အေတြးနဲ႔ စိတ္ဆိုးတာမ်ိဳးပါ့၊ကြၽန္ေတာ္႕အထင္ စိတ္နာတဲ့အဆင့္ေတာင္ သိပ္မေရာက္ေသးဘူးထင္ပါတယ္ဗ်ာ"
"တကယ္ပဲ အဲ့လိုထင္လား 'ခ်န္'
"တကယ္ေပါ့၊ျဖစ္ႏိုင္ရင္ ခင္ဗ်ား ဒီကိုခရီးထြက္လာတဲ့ကိစၥ သူ႕ကိုမေျပာနဲ႔
တျခားအသိေတြ႐ွိရင္လည္း မေျပာခိုင္းနဲ႔
ခင္ဗ်ားလည္း အဆက္အသြယ္မလုပ္ဘဲ ခဏေလာက္သည္းခံေနလိုက္"
"အိုး ခ်န္!!
ဒါႀကီးက စြန္႔စားရာက်မေနဘူးလား"
"စြန္႔စားရာက်တာေတြကပဲ လမ္းမွန္သြားရင္ အက်ိဳးအျမတ္ေကာင္းေကာင္းျပန္ရတာ မဟုတ္လား တည္ၾကည္
ကြၽန္ေတာ္ေျပာသလိုလုပ္ၾကည့္ပါ၊ခင္ဗ်ား ဟိုျပန္ေရာက္တဲ့အခါ သူ႕ဆီျပန္သြားရင္ အေျခအေနက တစ္မ်ိဳးေျပာင္းသြားႏိုင္တယ္ေနာ္"
ေဘဘီ ေနာက္တစ္ေယာက္ရသြားမွာလားလို႔ေတာ့ သူမေမးျဖစ္ေတာ့။'ခ်န္'က အတည္ႀကီးအၾကံေပးေနတာမို႔ ေလးစားသမႈနဲ႔ နားေထာင္ရသလို လက္ေတြ႕စမ္းသပ္ၾကည့္ဖို႔လည္း စိတ္ကူးမိသည္။
ဒီလိုဇာတ္ေမ်ာႀကီးထက္စာရင္ စြန္႔စားျခင္းက တစ္မ်ိဳးတစ္မည္ေျပာင္းႏိုင္ေခ်မ်ားတာကို သူလည္းလက္ခံပါသည္။ေအာင္ျမင္မလား၊က်႐ႈံးမလားကိုေတာ့ ကံတရားကိုပဲ ပုံအပ္လိုက္႐ုံ႐ွိပါသည္။
"ကဲ သိပ္အေတြးလြန္မေနပါနဲ႔ တည္ၾကည္၊ကြၽန္ေတာ္ျမင္ေနရတာ အရင္ကသိခဲ့တဲ့ တည္ၾကည္မွဟုတ္ရဲ႕လားေတာင္ ထင္မိေနၿပီ
ဒီကိုၾကည့္လိုက္ ဘ႐ို၊အမွတ္တရေပါ့"
ဖုန္းကိုေျမႇာက္ၿပီး ဓါတ္ပုံ႐ိုက္လာသူေၾကာင့္ သူမ်က္လုံးလွန္ၾကည့္ရင္း ျပဳံးျပလိုက္ရသည္။
'ခ်န္'တစ္ေယာက္က အင္စတာဂရမ္ကိုေတာ့ စြဲစြဲလန္းလန္းသုံးတဲ့သူမို႔ ဒါဟာလည္း အင္စတာဂရမ္အတြက္ပဲဆိုတာ သူသိပါသည္။
"တည္ၾကည္ ခင္ဗ်ားပါတနာက သဝန္တိုတတ္လား"
ဖုန္းကိုၾကည့္ရင္း ႐ုတ္တရက္ ေမးခြန္းထုတ္လာသူေၾကာင့္ သူေၾကာင္သြားရသည္။
တြဲလာတဲ့တစ္ေလွ်ာက္မွာ သူကသာ ေဘဘီ့ကိုသဝန္တိုတတ္ေပမဲ့ ေဘဘီသူ႕ကိုသဝန္တိုတယ္ဆိုတာမ်ိဳးက ႐ွိမွမ႐ွိဖူးဘဲေလ
"အင္း သူကြၽန္ေတာ္႕ကို သဝန္တိုတာ တစ္ခါမွမၾကဳံဖူးဘူးဗ်၊သူက ကြၽန္ေတာ္႕လိုသဝန္တိုတတ္တဲ့လူ မဟုတ္ဘူးထင္ပါတယ္"
"ႏိုး ႏိုး၊သဝန္မတိုတတ္တဲ့လူရယ္လို႔ေတာ့ လုံးဝႀကီး႐ွိမေနပါဘူး တည္ၾကည္၊သူသဝန္တိုရေလာက္တဲ့ အေၾကာင္းအရင္းမ်ိဳး ခင္ဗ်ားမွာ႐ွိမေနလို႔ပဲ ျဖစ္ပါလိမ့္မယ္"
"ဘယ္လို??"
"ခင္ဗ်ားက သူမွသူျဖစ္ေနတာကို သိေနမွေတာ့ သူသဝန္တိုစရာမ႐ွိေတာ့ဘူးေပါ့
သူနဲ႔တြဲေနတဲ့တစ္ေလွ်ာက္ ခင္ဗ်ားကို တျခားတစ္ေယာက္နဲ႔ မသင့္ေတာ္တဲ့အေျခအေနမ်ိဳး သူေတြ႕ရဖူးလား တည္ၾကည္"
"လုံးဝမ႐ွိဘူး ခ်န္"
"ဒါပဲေလ၊ဒါဟာအေျဖေပါ့
လူတိုင္းက ကိုယ္ခ်စ္တဲ့သူေတြနဲ႔ပတ္သက္ရင္ တြန္႔တိုတတ္တဲ့စိတ္ကေလး အနည္းနဲ႔အမ်ားေတာ့႐ွိၾကတာပါပဲ
တခ်ိဳ႕က စိတ္ကိုျပင္ဆင္တတ္ၿပီး ေသခ်ာကိုင္တြယ္ႏိုင္လို႔သာ တည္ၾကည္ျဖစ္သလို မျဖစ္ၾကတာပါ
ေနာက္ၿပီး ကိုယ့္ပါတနာက ကိုယ္မွကိုယ္ပဲလို႔ မ်က္စိမွိတ္ယုံၾကည္တဲ့သူေတြေပါ့၊သူတို႔ကလည္း စင္ေပၚကလူဆိုတဲ့အထာနဲ႔ ေနႏိုင္ေနေတာ့ သဝန္တိုရမွာကို ေမ့ေနတတ္ၾကတယ္ေလ
သဝန္တိုတယ္ဆိုတာကလည္း စိတ္မလုံျခဳံျခင္းနဲ႔ ဆိုင္ေနတာကိုး၊သူကက် ခင္ဗ်ားက ေပြတတ္႐ႈပ္တတ္တဲ့သူမဟုတ္ဘူးလို႔ ယုံၾကည္ေနသလို၊သူ႕ကိုပဲ ခင္ဗ်ားကအျပည့္အဝခ်စ္ေနတာကိုသိေတာ့ စိတ္လုံျခဳံေနတယ္ဆိုရမွာေပါ့"
'ခ်န္'ေျပာတာေတြက လက္ခံႏိုင္စရာေတြပဲမို႔ သူေခါင္းတညိတ္ညိတ္နဲ႔သာ နားေထာင္ေနမိသည္။
"ကြၽန္ေတာ္ထင္တယ္ ဒီတစ္ခါေတာ့ သဝန္တိုရတဲ့ခံစားခ်က္ကို သူနည္းနည္းေလးေတာ့ နားလာ္သြားလိမ့္မယ္"
"ဟင္ ဘယ္လို"
"ခင္ဗ်ားကို facebookေရာ၊instagramမွာ tagထားတယ္ တည္ၾကည္"
အရင္ကလည္း ig storyမွာ ပုံေတြtagၿပီးတင္ေလ့႐ွိတာမို႔ သိပ္မထူးဆန္ေပမဲ့ အခုက fbမွာပါဆိုေတာ့ သူ အံ့ဩမိသြားရသည္။
သူဟာလည္း တုံးအတဲ့သူေတာ့မဟုတ္တာမို႔ ဒီေလာက္ဆို 'ခ်န္'ဘာဆိုလိုလဲဆိုတာကို သိလိုက္ပါၿပီ။
"အဟက္ ခ်န္ ခ်န္၊ခင္ဗ်ားက တကယ့္ဆရာႀကီးပဲဗ်ာ
ကြၽန္ေတာ္႕လူ အထင္လြဲစိတ္ေကာက္ရင္ေတာ့ ခင္ဗ်ားျမန္မာျပည္ထိ လိုက္႐ွင္းရမယ္ေနာ္"
"အဟား အဆင္ေျပသြားလို႔ မဂၤလာေဆာင္ရင္လည္း ဖိတ္ဖို႔ျပင္ထား တည္ၾကည္"
"ေသခ်ာတာေပါ့ဗ်ာ ဟားဟား"
တိတ္ဆိတ္ေနတဲ့ စားေသာက္ဆိုင္ထဲမွာ ႏွစ္ေယာက္ရယ္သံတခ်ိဳ႕ ခပ္သဲ့သဲ့လွ်ံက်လာသည္။
ကိုယ္တိုင္လည္း ပိတ္ဆို႔ေနတဲ့အေတြးစေတြ ႐ွင္းလင္းၿပီး လမ္းေပ်ာက္ေနတဲ့သူ လမ္း႐ွာေတြ႕သြားသလိုခံစားလိုက္ရသည္။
သူနဲ႔ေဘဘီ မဂၤလာေဆာင္က်ရင္ေတာ့ ခ်န္႔ကို ေသခ်ာေပါက္အရံလုပ္ခိုင္းရမည္ထင္ပါရဲ႕။
●●●●
ၿငိမ္သက္ေနေသာ ဖုန္းမွန္ျပင္ကိုၾကည့္ရင္း လင္းရိပ္ညိဳ ကိုယ္တိုင္ပင္သတိမထားမိဘဲ သက္ျပင္းေတြ အႀကိမ္ႀကိမ္ခ်မိေနသည္။
မေန႔ညေနကတည္းက စာအဝင္မ႐ွိလာတာဟာ ေန႔ကူး႐ုံမက ညပင္ေရာက္လာၿပီမို႔ ၂၄နာရီေတာင္ ေက်ာ္သြားၿပီျဖစ္သည္။
မပို႔ေတာ့လည္း နားေအးတာပဲ၊အ႐ႈပ္ေတြကင္းတယ္၊အာ႐ုံေတြမေနာက္ရေတာ့ဘူးေပါ့လို႔ ေတြးေပမဲ့ လိမ္ညာမရတဲ့ ကိုယ့္စိတ္က ထိုအေျဖကို အေျဖတစ္ခုႏွယ္မသတ္မွတ္။
ပ်က္ယြင္းၿပီး ေၾကကြဲရိပ္ေတြျပည့္ေနသည့္ မ်က္ႏွာနဲ႔ ေခါင္းငိုက္စိုက္လ်က္ျပန္သြားတဲ့ ေက်ာျပင္ကို ျပန္ျမင္လိုက္တိုင္း အျပစ္မကင္းသည့္စိတ္တို႔ဟာ အလိုလိုဝင္ေရာက္လာရျပန္သည္။
ဝရန္တာမွာ စီးကရက္ခဲရင္း ထိုင္ေနမိသည္မွာလည္း အေတာ္ကိုၾကာပါၿပီ။ကိုေဝႀကီးတို႔က သူတို႔ဆီလာဖို႔ေခၚတာေတာင္ သြားဖို႔စိတ္မပါလို႔ မသြားျဖစ္။မနက္ျဖန္စေနမို႔ မနက္ျဖန္မွသာ ေအးေဆးသြားေတာ့မည္။
"က်စ္ ေသာက္႐ူးလိုပဲ၊ေသာက္က်ိဴးနည္းဘဲႀကီး
လူကို အမ်ိဳးမ်ိဳးအာ႐ုံလာစားေနတယ္ _ီးပဲ ခင္ဗ်ားကို"
တစ္ဝက္နီးပါးက်န္ေသးတဲ့ စီးကရက္ကို ခ်ိဴးေခ်ပစ္ရင္း ထိုဘဲနာႀကီးကို စိတ္႐ွိလက္႐ွိထိုင္ဆဲေနမိသည္။
ဒီေလာက္ေလးေျပာတာကိုေတာင္ မခံႏိုင္ဘူးလား၊မာနထိခိုက္တယ္ခံစားရလို႔ မဆက္သြယ္ေတာ့တာလားလို႔ ေတြးမိေတာ့ ရင္ထဲမွာေဆြးသြားရသည္။
ဘယ္လိုပဲျဖစ္ျဖစ္ ခ်စ္မိတဲ့သူက႐ႈံးတာပဲလား။
အေတြးေတြက လြတ္ရာလြတ္ျငား ေဘးနားခ်ထားသည့္ ဖုန္းကိုယူရင္း ပိတ္ထားသည့္ ဝိုင္ဖိုင္ကို ဖြင့္လိုက္ျခင္းက ပိုၿပီးေသာကေပြေစရမယ္မွန္းသိရင္ သူ ဖြင့္ျဖစ္မည္မဟုတ္။
အခုေတာ့ Facebook app ဖြင့္ဖြင့္ခ်င္းမွာ ေပၚလာတဲ့ ဓါတ္ပုံကိုၾကည့္ရင္း သူမ်က္ေတာင္ခတ္ဖို႔ေရာ။အသက္႐ွဴဖို႔ပါ ေမ့ေနမိသည္။
'We discuss about love topic'ဆိုသည့္ ေခါင္းစဥ္နဲ႔အတူ Adrina Chénဆိုသည့္ accက ဟိုလူ႕ကို tagၿပီး တင္ထားေသာပုံသည္ သူ႕ကို႐ုတ္တရက္ေၾကာင္အသြားေစသည္။
မ႐ွင္းတ႐ွင္းေခါင္းစဥ္နဲ႔ တင္ထားေသာပုံမွာ တ႐ုတ္မ်က္ႏွာေပါက္နဲ႔ ထိုလူက selfie႐ိုက္ေနတာျဖစ္ၿပီး ဟိုလူကေတာ့ steakကိုလွီးရင္း မ်က္လုံးလွန္ၾကည့္ၿပီး ျပဳံးေနသည့္ပုံျဖစ္သည္။
မေန႔ကထိ ကိုယ့္အနား႐ွိေနသည့္သူက အခုက ဘယ္ကိုေရာက္သြားရတာလဲ၊ဘယ္သူနဲ႔သြားၿပီး အခ်စ္အေၾကာင္း ေဆြးေႏြးေနတာလဲဆိုသည့္ အေတြးက သူ႕အတြက္ေတာ့ မႏွစ္ၿမိဳ႕ဖြယ္ ခ်ဥ္စူးစူးခံစားခ်က္ကို ေပးစြမ္းသည္။
တစ္ခါမွမလုပ္ဖူးသည့္အလုပ္ျဖစ္သည့္ တျခားသူတစ္ေယာက္ရဲ႕ accကိုဝင္ၾကည့္တဲ့ကိစၥကို သူပထမဆုံးလုပ္မိသည္။
စီးပြားေရးအေၾကာင္းေတြသာ အမ်ားစုေတြ႕ရၿပီး က်န္တာဘာမွမေတြ႕ရ။
Biographyက အေၾကာင္းအရာအရ စကၤာပူက ဟိုတယ္အဖြဲ႕အစည္းႀကီးတစ္ခုက ဒါ႐ိုက္တာတစ္ေယာက္ျဖစ္မွန္းေတာ့ သူသိလိုက္သည္။
ဒါဆို ဟိုလူက စကၤာပူေရာက္ေနတာပါ့၊အလုပ္ကိစၥနဲ႔ သြားတဲ့သူက အခ်စ္အေၾကာင္းေဆြးေႏြးစရာ မလိုလို႔ေတာ့ သူထင္မိပါသည္။
႐ုတ္တရက္ပူေလာင္လာတဲ့စိတ္က မႏွစ္ၿမိဳ႕ျခင္းမ်ားစြာႏွင့္ျဖစ္ၿပီး သူတစ္ခါမွ ဒီလိုခံစားခ်က္မ်ိဳး မရဖူးခဲ့။တစ္ခါမွ မေတြ႕ဖူး၊မျမင္ဖူးသည့္ လူတစ္ေယာက္ကို အလိုလိုေနရင္း မၾကည္မလင္ျဖစ္ေစသည့္ ခံစားခ်က္ကို အမည္ေပးရင္ သဝန္တိုတယ္ဆိုတာကလြဲလို႔ တျခားမ႐ွိ။
ဒါဆို သူက သဝန္တိုေနတာလားဆိုၿပီး ေတြးမိေတာ့လည္း လက္မခံခ်င္ဘဲ ေခါင္းကိုသာ နာနာရမ္းမိေတာ့သည္။သူက ဘယ္တုန္းက သဝန္တိုဖူးလို႔လဲေလ၊
Messengerမွာ တေတာင္ေတာင္ျမည္ေနတဲ့စာတိုေတြမွာ ဟိုလူရဲ႕ accမပါလာတဲ့အခါ စိတ္ကတင္းခနဲျဖစ္သြားရသည္။
မသိစိတ္ရဲ႕ ခိုင္းေစခ်က္အရ fbကေနထြက္ၿပီး igထဲကို သူဝင္မိျပန္သည္။
Storyေတြရဲ႕ ေ႐ွ႕ဆုံးမွာ ေနရာယူထားသူက ဟိုလူျဖစ္ေနတာမို႔ သူဝင္ၾကည့္ရႏိုး၊မၾကည့္ရႏိုးနဲ႔ ခ်ီတုံခ်တုံျဖစ္ေနမိသည္။
ထို႔ေနာက္တြင္ေတာ့
"ဘာမွမျဖစ္ဘူး လင္းရိပ္ညိဳ၊ဝင္ၾကည့္ခ်င္ၾကည့္လိုက္
မင္း တမင္ဝင္ၾကည့္တာမဟုတ္ဘူး၊လက္နဲ႔မေတာ္တဆထိမိသြားတာ အိုေခ"
ထိုသို႔ထိုပုံ ကိုယ့္ကိုယ္ကို ျပန္ညာရင္းပဲ ပ႐ိုဖိုင္အဝိုင္းေလးကို ႏွိပ္လိုက္မိတဲ့ေနာက္ သူေတြ႕လိုက္ရတာက ႏွစ္ေယာက္ပုံေတြပဲျဖစ္သည္။
ဟိုလူတင္တာေတာ့မဟုတ္ဘဲ ခုနကလူပဲ အားအားယားယား tagၿပီး တင္ထားတာျဖစ္သည္။
ဒီေလာက္နဲ႔ မေက်နပ္ႏိုင္ေသးဘဲ ထိုလူရဲ႕ ig accထဲကိုပါ သူထပ္ၿပီး ဝင္ၾကည့္မိသည္။
ခုတကပို႔စ္ကိုပဲ igမွာလည္း တင္ထားေသးသည္။
"ေပါေတာေတာနဲ႔ ေတာ္ေတာ္အားေနတယ္ထင္တယ္ ဟိုတင္၊ဒီတင္နဲ႔"
မေက်မလည္ျဖင့္ ေရ႐ြတ္ရင္းပဲ ေအာက္ကပို႔စ္ေတြဆက္ၾကည့္မိေတာ့ သူ႕ရဲ႕တစ္ေန႔တာ ထမင္းစား၊ေရေသာက္ကအစ ပုံေတြတင္ထားသည္ကို ေတြ႕ရသည္။
ေတာ္ေတာ္႐ူးတဲ့သတၱဝါလို႔ ေတြးရင္းကပဲ ထိုတစ္ေန႔တာေတြထဲမွာ အခုဟိုလူပါ ပါေနတာလားလို႔ ေတြးမိေတာ့ ျပဳံးတုံ႔တုံ႔မ်က္ႏွာႀကီးဆီကို လက္သီးေတြသာ ပစ္သြင္းမိခ်င္ေတာ့သည္။
"ေတာက္! ငါ_ိဳးေကာင္ႀကီး၊ တစ္ခုခုဆိုရင္ ခင္ဗ်ားထက္အရင္ မိန္းမယူျပမယ္၊ေတြ႕မယ္ ခင္ဗ်ား" ဟုေရ႐ြတ္ရင္းပဲ ရင္ထဲမွ ေနရထိုင္ရခက္လွသည္။
ဘယ္လိုက်ပ္မျပည့္တဲ့ ေသာက္႐ူးမို႔ captionကို ဒီလိုေပါေတာေတာေရးၿပီး စိတ္အေႏွာက္အယွက္ျဖစ္ေစရတာလဲ။
အခုေတာ့ ဘာမွန္းညာမွန္းမသိဘဲ လူက ပူေလာင္ေနရသည္။
မိုင္ေဒးကို ေနာက္တစ္ႀကိမ္ဝင္ၾကည့္ရင္း အ႐ြဲ႕တိုက္ၿပီး အသည္းပုံအီမိုဂ်ီေတြကို သူ ထပ္ခါထပ္ခါႏွိပ္လိုက္မိသည္။
"မွတ္ထား ဦးတည္ၾကည္နႏၵ၊ လင္းရိပ္ညိဳဆိုတဲ့ေကာင္က ခင္ဗ်ားလို အလကားေန သဝန္တိုတတ္တဲ့ေကာင္ မဟုတ္ဘူး
သေဘာထားႀကီးႀကီးနဲ႔ အသည္းပါေပးလိုက္တယ္ဆိုတာ ခင္ဗ်ားမွတ္ထား"
အသည္းပုံေတြကို ထပ္ခါထပ္ခါႏွိပ္ရင္း သဝန္မတိုတတ္ဘူးေအာ္ေနသည့္သူ တကယ္သဝန္မတိုတတ္ဘူးလားဆိုတာေတာ့ သူသာလွ်င္ အသိဆုံးျဖစ္ပလိမ့္မည္။
A/N
ဒီညပဲၿပီးလို႔ တင္ေပးလိုက္ပါၿပီ႐ွန္။
ေနာက္updateကိုေတာ့ စေနညမွာတင္ေပးႏိုင္ဖို႔ ႀကိဳးစားပါမယ္႐ွင့္။
အားလုံးပဲ လင္းရိပ္ညိဳလို သေဘာထားႀကီးႀကီးေနၾကပါေနာ္:333
Love u all
Rachel
28Dec,2022