Part7

23.5K 1.6K 89
                                    

"တည်ကြည် မင်းတကယ် လက်သွက်​ခြေသွက်​နော်၊ငြိမ်​​နေတဲ့နှစ်​တွေကြာ​တော့ စ​ကေး​တွေကျကုန်ပြီမှတ်တာ၊မင်းက ​သွက်လှချည်လားကွ
​ခွေး​ကောင် အဆင်​ပြေ​တော့ငြိမ်​နေတာ၊ဒီဖ​အေကို သတိမရဘူး မင်း"

ဟိုတယ်ကိုဗြုန်းစားကြီး ​ရောက်ချလာပြီး မရပ်မနား စက်​သေနတ်ပစ်​နေတဲ့ မင်း​ခေတ်က မ​နေ့ည​နေက ကျွန်​တော်တို့နှစ်​ယောက် မိုးရွာထဲ​ပြေး​နေတာကို ကား​ပေါ်က​နေမြင်သွားပြီး တအံ့တဩဖြစ်​နေတာပါ။
ကွန်ဒိုမှာလား၊ဟိုတယ်မှာလားလို့ စာပို့လာသူကို ဟိုတယ်မှာလို့ပဲ စာပြန်ရ​သေး မနက်​စော​စော​ပေါက်ချလာ​တော့တာ၊၈နာရီ​ပင်ထိုးလုလုရှိ​သေး။

"မင်းကွာ ငါ့အ​ကြောင်းအဲ့​လောက်စိတ်ဝင်စားရလား၊​​​​စော​စောစီးစီး​တောင် ​ရောက်ချလာတာ"

"​ကန်​ဘောင်မှာ မနက်အ​စောလာ​ပြေးတာ ငါ့​ကောင်ရဲ့၊မင်းဆီ ​စော​စောလာတာ​တော့ သိချင်တဲ့သတင်းလည်းသိရ၊ကိုယ့်ဘာကိုယ် ဝယ်မစားနိုင်တဲ့ မနက်စာဘူ​ဖေးလည်း မင်းဝယ်​ကျွေး​တော့ အလကားစားရ၊တစ်ချက်ခုတ်နှစ်ချက်ပြတ်​အောင်​ပေါ့ကွာ ဟဲဟဲ"

အကြံသိပ်မပိုင်ရှာတဲ့ သူငယ်ချင်း​ကြောင့် ဟက်ခနဲပဲ ရယ်လိုက်မိ​တော့သည်။
ဒီလိုပါပဲ ​ကိုယ်​​​ကျွေးချင်၊​ပေးချင်တဲ့သူကကျ မယူချင်လို့ ရန်လုပ်
​ပေးဖို့၊​ကျွေးဖို့စိတ်ကူးထဲမရှိသည့် သူငယ်ချင်းကကျ ကတုံး​ပေါ်ထိပ်ကွက်ဖို့ပြင်နဲ့ ဟုတ်​နေတာပါပဲ။

"ဒါဆို မင်းက ဘာဗျူဟာမှမထုတ်လိုက်ရခင်ကို အူတိုလွန်ပြီး အပိုင်လုထားလိုက်ရတာ​ပေါ့"

စား​သောက်ခန်းထဲ​​ရောက်ပြီး စားချင်တာယူပြီး ထိုင်လိုက်တာနဲ့ စကားစပြန်ဆက်လာတဲ့ မင်း​ခေတ်
သူသိချင်​နေတာ​တွေကို မသိလိုက်ရမှာ စိုးရိမ်​နေပုံပါပဲ

"ဒါကိုက ရုတ်တရက်အသုံးချလိုက်တဲ့ ဗျူဟာပဲ​ပေါ့ကွာ
ငါ ရိပ်ကို အဲ့လိုတခြားတစ်​ယောက်နဲ့ ​ပျော်ပါး​တော့မှာကို ကိုယ်တိုင်​တွေ့လိုက်ရတာ ဘယ်လိုမှကို အဆင်မ​ပြေ​တော့တာ
​ပြောရရင် အဲ့အချိန်မှာ ပို​သေချာသွားတာ၊ငါ ရိပ်ကို ခဏတာစိတ်ဝင်စားတာမဟုတ်ဘဲ လက်လွှတ်မခံနိုင်​အောင် ချစ်မိသွားတယ်ဆိုတာ
​ပြောရရင် အဲ့အချိန်မှာ ဟို​ကောင်​လေးကလည်း မသွားသလို၊ရိပ်ကလည်း အဲ့​ကောင်​လေးကို ဆွဲထားမယ်ဆိုရင် ငါ့ဝန်ထမ်း​တွေရှိတဲ့ ငါ့​နေရာမှာ အရှက်လုံးလုံးကွဲနိုင်တယ်ကွာ
အနဲဆုံး ​ပေါ်တင်မ​ပြောရဲ​တောင်၊cctvမှတ်တမ်းက​နေ အချင်းချင်းကြား ပျံ့သွားမှာ ​သေချာ​ပေါက်ပဲ
ဒါ​ပေမယ့် အဲဒီအချိန်မှာ ငါဘာကိုမှ မ​တွေးနိုင်​တော့ဘူး၊ငါသိတာတစ်ခုပဲရှိ​တော့တယ် အဲဒါက လင်းရိပ်ညိုကို ငါကလွဲပြီး ဘယ်သူမှမပိုင်၊မဆိုင်​စေရ​ဘူးဆိုတာပဲ"

Hotel California(Complete)Where stories live. Discover now