Domestic Robot
By Whitedog_yellowcat
1.4K 180 44
သိပ္ပံခေါတ် စက်ရုပ်များကို အိမ်မှူကိစ္စများနှင့် လုံခြုံရေးများအတွက် လူကုန်ထံ အသိုင်းအဝိုင်းများတွင် တွင်တွင်... More
Domestic Robot-2
Domestic Robot-3
Domestic Robot-4
Domestic Robot-5 (Final)
Domestics Robot-1
487 43 6
By Whitedog_yellowcat
Maknaez fic က ရှားပါးလွန်းလို့ရေးမိတာ။ Ni-ki က Dance machine လေးဖြစ်တဲ့အတွက် Robot Ni-ki လေး။ Enjoy ☺️
❤️❤️❤️❤️❤️❤️
Unicode
လူသားတွေရဲ့ သိပ္ပံပညာ အဆမတန် တိုးတက်လာပြီး အိမ်မှူကိစ္စအဝဝအတွက် စက်ရုပ်များကို အသုံးပြုလာကြပြီ။ လုံးလုံးဝိုင်းဝိုင်း နှင့် ပုံပန်းသွင်ပြင်မရှိသော စက်ရုပ်များကို shopping mall နေရာများ public နေရာများတွင် သန့်ရှင်းရေး အမှိုက်ကောက်တို့တွင် အသုံးပြုပြီး အသေးစားစက်ရုပ်လေးများကိုတော့ နေ့စဉ်reminder ပေးသောနေရာများ၊ ပန်းကန်ဆေးသော နေရာများတွင် အသုံးပြုနေသည်သာ ဆင်းရဲသားလူတန်းစား သာမာန်လူတန်းစားများ ငွေကြးနှမြောတွန့်တိုခြင်းမရှိ ဝယ်ယူနိုင်သော အနေအထား။
အဆင့်လတ် စက်ရုပ်များကဲ့သို့ လူ့ဖွဲ့စည်းတည်ဆောက်ပုံရှိပြီး လမ်းလျှောက်တက်၊ စကားပြောတက်၊ လူ့နီးပါ အသိဥာဏ်ရှိသော စက်ရုပ်များကိုတော့ အလယ်အလတ်တန်းအဆင့်ရှိလူများ ဝယ်ယူနိုင်လာကြပြီး အိမ်တိုင်းတွင် စက်ရုပ်များထားရှိလာသည်။
စက်ရုပ်ဆိုသည်မှာ ခံစားချက်ကင်းမဲ့ပြီး ခိုင်းသမျှ လုပ်နိုင်တာအပြင် ကျွေးမွေးခ စားသောက်ခ မကုန်ကျသောကြောင့် အိမ်အစေခံများအဖြစ် လူသားတို့ စတင်အသုံးပြုခဲ့သည်မှာ နှစ်ပေါင်းရာချီနေပြီ ဖြစ်သည်။
လွန်ခဲ့သော နှစ်ပေါင်း 20 ခန့်မှစ၍ လူ့အသားအရေ လူ့အသွင်အပြင် လူ့အသိဥာဏ် လူနှင့် 90% တူညီသော စက်ရုပ်များကို သိပ္ပံပညာရှင် Lee မှ စတင်တီထွင် အောင်မြင်ခဲ့ပြီး လူကုန်ထံအသိုင်းအဝိုင်းများတွင် အပြိုင်အဆိုင် အသုံးပြုနေကြသည်။
အဆင့်မြင့်စက်ရုပ်တစ်ရုပ်ကို ရုတ်တရက်မြင်ရုံနှင့် စက်ရုပ်မှန်းမသိနိုင်။ ထိုစက်ရုပ်၏ မျက်လုံးများနှင့် တည့်တည့်ကြည့်မိမှသာ စက်ရုပ်မှန်းသိနိုင်ပေသည်။ ခံစားမှူမရှိသော မျက်လုံးများ၊ နာကျင်မှူမရှိသော ကိုယ်ခန္ဓာ၊ အမိန့်ကိုသာ နာခံတက်သော ထိုစက်ရုပ်များက အခိုင်းအစေကျွန်ဆိုတာထက် မပိုခဲ့ပါ။ အဆင့်မြင့်စက်ရုပ်များကို လူသားစက်ရုပ်များဟုလည်း ခေါ်ကြသေးသည်။
Jungwon ဒီနေ့ မေမေနှင့် ဂျပန်သွားရမည်။ မေမေက အဆင့်မြင့်စက်ရုပ်ကို မွေးနေ့လက်ဆောင်အဖြစ်ဝယ်ပေးမည်တဲ့။ Jungwon တို့ကျောင်းက လူတိုင်းလူသားစက်ရုပ် အစေခံများရှိကြသည်။ သွားလေရာ ထိုစက်ရုပ်များက အမှူထမ်းကြပြီး အမြဲတမ်း သခင်ကိုကာကွယ်ရန် အဆင်သင့်ဖြစ်နေကြသည်။ လူသားစက်ရုပ် မရှိတာ Jungwon သာကျန်တော့သည်၊ မေမေက ယမန်နှစ်ကတည်းက ဝယ်ပေးမည်ဆိုသော်လည်း သူလက်မခံခဲ့။ အသက်မရှိ ခံစားချက်မရှိသော ထိုစက်ရုပ်များနှင့် သူအချိန်မကုန်ချင်ပါ။ သူက ခံစားချက်ရှိသော လူသားများနှင့် စနောက် ဆော့ကစားရတာ သဘောကျမိသည်။ သူငယ်ချင်းများက စက်ရုပ်များကို ကျွန်လိုဆက်ဆံသည်ကိုလည်းသူတွေ့နေရသည်၊ လူနှင့်တစ်ပုံစံတည်း တူနေသော ထိုအရာများသည် စက်ရုပ်ဆိုသော်လည်း လူ့အသွင်အပြင်ကြောင့် အစေခံလိုဆက်ဆံချင်စိတ်လည်းမရှိပါ။
"စက်ရုပ်တွေက အကူအညီရသလို တိုက်ရည်ခိုက်ရည်လည်းရတယ်၊ အခုတလော မာဖီးယားတွေ ကိုရီးယားမှာ ခြေရှုပ်နေတယ်တဲ့၊ သားငယ်အတွက်ရော မမအတွက်ရော ဝယ်မှဖြစ်မှာမို့ လက်မခံလို့မရဘူး"
"ဒါဆိုလည်း ကိုရီးယားမှာ ဒီလောက်ပေါနေတာ ဘာလို့ ဂျပန်ထိသွားတာလည်း"
"လူသားစက်ရုပ်တွေကို စတင်တီထွင်ခဲ့တဲ့ professor Lee က ဂျပန်မှာ၊ ဒီမှာလို အရောတွေမဝယ်ချင်လို့"
မမကတော့ စက်ရုပ်အဖော်ရတော့မှာမို့ပျော်နေပေမယ့် သူ့အတွက်တော့ သက်မချရုံမှ လွဲ၍ မတက်နိုင်ခဲ့။
"ငါ တစ်သက်လုံး စက်ရုပ်မလိုပဲ နေသွားမှာ"
သူငယ်ချင်းများကို ငေါ့တော့တော့ပြောခဲ့သည့် စကားများအတွက် သူအရှက်ရတော့မည် မဟုတ်ပါလား။
စက်ရုပ်ထုတ်လုပ်သည့် နေရာရောက်တော့ သူပါးစပ်အဟောင်းသား
များပြားလှသော လူသားစက်ရုပ်များမှာ အရောင်အသွေးမျိုးစုံ ပုံစံ မျိုးစုံ။
Jungwon အမက ခပ်ထွားထွား အနောက်တိုင်းဆန်ဆန် စက်ရုပ်မတစ်ခုကို ရွေးပြီးသော်လည်း Jungwon ကတော့ မရွေးနိုင်သေး။ စက်ရုပ်များမှာ လူသားစစ်စစ်များထက် ကြည့်ကောင်းသော ပုံစံများရှိကြပြီး ထွားကျိုင်းလှသည်။
"ဒီက စက်ရုပ်တွေအားလုံးက လူသားနီးပါး ဥာဏ်ရည်ရှိကြတယ်၊ လူသားတွေကို ကာကွယ်နိုင်အောင် တိုက်ခိုက်နည်းမျိုးစုံ မှတ်ဥာဏ်ထည့်ထားပေးတယ်"
"အရိုးတွေကအစ အကောင်းဆုံး steel ကို သုံးထားတာကြောင့် အပျက်အယွင်းမရှိပဲ သင့်ကိုတစ်သက်လုံး အမှူထမ်းနိုင်ပါလိမ့်မယ်"
"အသားဆိုင်တွေကို ဆီလီကွန်နဲ့လုပ်ထားပြီး တခြားသော ကိုယ်တွင်းအစိတ်အပိုင်းတွေကိုလည်း အဆင့်မြင့် ဓာတုပစ္စည်းတွေနဲ့ ပြုလုပ်ထားလို့ လူသားစစ်စစ်နဲ့ဆင်တူတယ်"
"ကိုယ်ခန္ဓာပိုင်း ထိခိုက်ပျက်ဆီးရင်လည်း နီးစပ်ရာနေရာတွေမှာ လွယ်လွယ်ကူကူအစားထိုးနိုင်တယ်၊ အိုမင်းမှူမရှိတာကြောင့် သင့်ကိုတသက်လုံး အလုပ်အကျွေးပြုနိုင်တယ်"
"သူတို့ရဲ့ ဦးခေါင်းကိုတော့ ဂရုစိုက်ရမယ်၊ စက်ရုက်တိုင်းမှာ မတူညီတဲ့ ဦးနှောက်သဖွယ် chip လေးတွေရှိပေမယ့် သူတို့က တစ်ရုပ်နဲ့တစ်ရုပ် နေရာမတူကြတာ"
"သာမန်လူသားတွေထက်ပေါ့ပါး လျှင်မြန်ပြီး အကြားအာရုံပိုကောင်းတယ်"
"အားနည်းချက်က သူတို့ဟာလူသားမဟုတ်တဲ့အတွက် ခံစားချက်၊ sense တွေမရှိကြသလို တွေးခေါ်နိုင်စွမ်းလည်း မရှိပါဘူး၊ ဦးခေါင်းထဲက chip လေးတွေက google သဖွယ်ရှာဖွေ အလုပ်လုပ်နိုင်စွမ်းပဲရှိပါတယ်"
"သူတို့ရဲ့ မှတ်ဥာဏ်ဟာ သင့်ကိုသာ သခင်အဖြစ်လက်ခံထားမယ့်အတွက် တခြားဘယ်သူမှ ခိုးယူ ခိုင်းစားလို့မရပါဘူး"
Wow
Jungwon အံ့အားသင့်မိတာအမှန်၊ လူသားစက်ရုက်များကို နေ့စဉ်မြင်တွေ့နေပေမယ့် ဒီလောက်အထိ ဖန်တီးနိုင်စွမ်းရှိတာ သူမသိခဲ့။
သူတို့ နောက်ထပ်ပြခန်းတစ်ခုကို ဖြတ်သွားစဉ် တခြားစက်ရုပ်တွေနှင့် ခြားနားစွာ သီးသန့်ဖန်ပေါင်းချောင်ထဲ ရှိနေသည့် စက်ရုပ်ကို မြင်လိုက်တော့ သူခြေလှမ်းတွေက ထိုစက်ရုပ်ဆီသို့
"အာ ... အဲဒီစက်ရုပ်က ပျက်နေတာထင်တယ်၊ အဲလိုဖြစ်နေတာကြာလှပြီ"
အရောင်းဝန်ထမ်းလူကြီးရဲ့ စကားနားထောင်ရင်း သူထိုအရုပ်ကို သေချာကြည့်မိသည်။ ထိုအရုပ်မှာ တခြားသော စက်ရုပ်များထက် သေးငယ်သည်။ ဆံပင်ရောင်အနက်၊ ထူထဲသော မျက်ခုံးများ ထူသောနှူတ်ခမ်းများ ရှိနေပြီး တခြားစက်ရုပ်များနှင့်မတူ တစ်မျိုးကွဲထွက်နေသည်။
"သူ့နာမည်ဘယ်သူလည်း၊ ဘာလို့သီးသန့်ထားရတာလည်း"
ထိုသူမှာ Jungwon ကိုကြည့်ရင်း တခြားစက်ရုပ်များကိုရွေးရန်သာ အတွင်တွင်ပြောနေသည်။ ကောင်လေးက ဖြူဖြူသေးသေးလေးနှင့် ကြောင်လိုဝိုင်းစက်တဲ့ မျက်ဝန်းလေးများ၊ ကြောင်နှာခေါင်းစင်းစင်းလေးနှင့် ပါးချိုင့်လေးကြောင့် တကယ်ချစ်စရာကောင်းနေတာမို့ အကာအကွာပေးနိုင်မည့် စက်ရုပ်များကို ရွေးချယ်စေချင်မိတာ၊ သို့သော် ထိုကလေးလေးက သူ့လောက်လူကောင်သေးတဲ့စက်ရုပ် ချွင်းချက်ရှိနေတဲ့ စက်ရုပ်ကိုပဲ အားသန်နေတော့ သူလည်းမနေသာတော့
"ဟို ခနစောင့်ပါကလေး" ဟုပြောကာထွက်သွားပြီး သိပ်မကြာခင်မှာပင် ဥပတိရုပ်ခန့်ချောချော လူတစ်ယောက်နှင့်အတူပြန်ရောက်လာသည်။
ထိူသူက လက်ဆွဲနှူတ်ဆက်ရင်း
"ဦးက Park Jay ပါ၊ ဒီ company ပိုင်ရှင်၊ ဘာလို့ ဒီစက်ရုပ်ကိုစိတ်ဝင်စားတာလည်း"
"သူက ဘာလို့ တခြားစက်ရုပ်တွေနဲ့ မတူရတာလည်း ဘာလို့သီးသန့်ထားရတာလည်း၊ ဘာလို့သေးနေတာလည်း"
"တူလေး စိတ်ဝင်စားရင်တော့ ရှင်းပြပေးပါမယ်၊ ဒီစက်ရုပ်ကို Nishimura Riki လို့ခေါ်တယ် သူ့ကို လွန်ခဲ့တဲ့ အနှစ် 18 နှစ်က Professor Lee တီထွင်ခဲ့တာ၊ Professor Lee ရဲ့ ဒုတိယ တီထွင်ခြင်းပေါ့ ဒါပေမယ့် တီထွင်မှူက မအောင်မြင်ခဲ့တာမို့ တခြားစက်ရုပ်တွေကြည့်ပါ့လား တူငယ်"
သူစက်ရုပ်အကြောင်းထပ်ပြောရန်ပြောတော့
"စက်ရုပ်တွေတိုင်းက တီထွင်မှူ မျိုးရိုးစတဲ့ ဖြစ်တည်ပုံတွေရှိတယ်ကလေး၊ စက်ရုပ်ကိုသဘောကျ အဝယ်စာချုပ်ဖြစ်မှ အဲဒီစက်ရုပ်ရဲ့ ဖြစ်တည်မှူတွေ ပြောပြလို့ရတာ၊ စက်ရုပ်တိုင်းမှာ လျို့ဝှက်ချက် privacy ရှိတယ်၊ ပြီးတော့ ဦး ပြောခဲ့တဲ့အတိုင်း ဒီစက်ရုပ်က မအောင်မြင်လို့ ဝယ်ပြီးမှ ပြန်ရောက်လာတာ တခြားစက်ရုပ်ပဲ ရှာပါကလေး"
"သားဒီစက်ရုပ်ကိုမှ လိုချင်ရင်လည်း သိပ်မစဉ်းစားနဲ့ ယူလိုက်သား၊ ပျက်သွားရင်လည်း မေမေနောက်တစ်ရုပ် ဝယ်ပေးမယ်"
မိခင်ကတော့ Jungwon ကို အရမ်းအလိုလိုက်သူမို့ သားငယ်စိတ်အလိုမကျတာ မလိုချင်။ Jungwon အနေနဲ့ကလည်း ထိုစက်ရုပ်ကိုသာ စိတ်ဝင်စားနေမိသည်။ လွန်ခဲ့တဲ့ 18 နှစ်က တီထွင်ခဲ့တာဆိုတော့ သူ့တသက်ရှိနေပြီ၊ တခြားစက်ရုပ်တွေလို အရမ်းကြည့်ကောင်းနေတာမဟုတ်သလို မျက်နှာက ဘယ်သူနဲ့မှဆင်မနေပဲ သီးသန့်ကွဲထွက်နေတာ။ လူကောင်ကလည်း နည်းနည်းသေးနေတာ သူ့ထက် နဲနဲလေးပဲ အရပ်ရှည်သည်လေ။ သူပိုပြီး စိတ်ဝင်စားသည်က မှိတ်ထားသော ထိုမျက်လုံးများ၊ ထိုမျက်လုံးများကို ပုံဖော်ကြည့်နေမိသည်။
"ကျတော် ဒီစက်ရုပ်ကိုဝယ်မယ်၊ သူ့အကြောင်းပြောပေးပါ"
"စာချုပ်ပြီး ငွေရှင်းပြီးရင် သူ့ရဲ့သမိုင်းကို ပြောပေးပါမယ်"
သူ့ခုတင်ဘေးမှာ ရပ်နေသော စက်ရုပ်ကိုကြည့်ရင်း Jungwon အတွေးနယ်ချဲ့နေမိသည်။
သူဠေး Park Jay စကားများ နားထဲပြန်ကြားနေမိတာ
"ပြောခဲ့သလိုပဲ သူ့နာမည်က Riki သန်မာခြင်း ခွန်အားကြီးခြင်း လို့ရပြီ Nishimura ကတော့ သူ့ရဲ့ Surname လို့သတ်မှတ်ထားတာ၊ အဓိပ္ပါယ်ကတော့ အနောက်ဒေသပေါ့၊ Nishimura Riki အနောက်မြေမှခွန်အားကြီးသူပေါ့၊ သူ့ရဲ့ ပုံပန်းသွင်ပြင်ကို ဂျာမန်နဲ့ဂျပန်ကပြားတစ်ယောက်ပုံစံဖန်တီးထားတာကြောင့် လိုက်ဖက်တဲ့ဒီနာမည်ပေးထားတာ"
"သူ့ကို တီထွင်တုန်းက 16 နှစ်သားပုံစံပေါ့၊ အခုပုံထဲကအတိုင်းပဲ၊ သူ့ကို ဂျပန်မှာပဲ လူတစ်ဦးလက်ထဲရောင်းလိုက်ပေမယ့် ဖန်တီးစဉ်က ချို့ယွင်းချက်ရှိတာကြောင့် သခင်စကားနားမထောင်ပဲ သခင်ကိုမကာကွယ်ခဲ့လို့ ပြန်ပို့ခံထားရတာ"
"စက်ရုပ်တွေဟာ ဘယ်လောက်ပဲ လူနဲ့တူပါစေ ခံစားချက်မရှိဘူး သခင်အပေါ်သစ္စာရှိရတယ်၊ Riki မှာလည်း ခံစားချက်မရှိဘူး၊ သူသခင်စကားနားမထောင်တာ ချို့ယွင်းချက်ရှိလို့"
"အဲဒီအရင်သခင်က incident ဖြစ်ပြီး သူ့ကိုမကူညီခဲ့လို့ 6 လလောက်ပဲ ထားပြီးပြန်ပို့ထားတာ၊ အချက်အလက်တွေ စစ်ဆေးတော့လည်း ချို့ယွင်းချက်က ရှာမတွေ့ဘူး၊ အဲဒီကတည်းက သူ့ကိုသီးသန့်ခွဲထားတာ အခုဆို 17 နှစ်ကျော်ပြီ အခုထိသူ့ကိုထပ်ဝယ်တဲ့သူ မရှိသေးဘူး"
"ဒီလောက် နှစ်တွေကြာတာ ဘာလို့ပြန်ပြုပြင်တာမျိုး ဖျက်ဆီးပစ်တာမျိုး မလုပ်တာလည်း" Jungwon အတွက် ထူးဆန်းနေတာကြောင့်မေးလိုက်တော့
"Riki က professor Lee ရဲ့ ဒုတိယအကြိမ်တီထွင်မှူ၊ အားနည်းချက်ဖြစ်ပေမယ့် မဖျက်ဆီးပစ်ရက်ခဲ့ဘူး၊ ထပ်ပြင်ဖို့ကလည်း ချို့ယွင်းချက်က ရှာမရတော့ နောက်ထပ်ပဲ တခြားစက်ရုပ်တွေ တီထွင်ခဲ့တာ"
"သခင် Jungwon"
"ငါ့ကို သခင်လို့ မခေါ်စမ်းပါနဲ့ ငါကဖိုးကြီး မဖြစ်သေးဘူး Jungwon လို့ပဲခေါ် ၊ Ni-ki"
"Ni-ki?" သူ့ကိုယ်သူ လက်ညှိုးထိုးမေးနေသော စက်ရုပ်ပေါက်စ
"ဟုတ်တယ် ၊ မင်းနာမည်ခေါ်ရတာ အရှည်ကြီး၊ ပြီးတော့ စက်ရုပ်က powerful နာမည်၊ ငါ့မှာတော့ garden တဲ့ Sur name ကျတော့လည်း မင်းနာမည်က မြင့်မြတ်လိုက်တာ ငါ့နာမည်ကျတော့ သိုးကလေးတဲ့၊ အဲဒီတော့ မင်းနာမည်ကြီး မတင်စီးနေအောင် Ni-ki ဒါပဲ"
မျက်မှောင်ကြုတ်ပြီး ပြောနေတာ နာမည်ကအစ လိုက်အထအနကောက်နေသော သခင်ကို စက်ရုပ်ကလေး Riki နားမလည်၊ နားလည်ရန်လည်း မကြိုးစား၊ သူဟာ ခံစားချက်မဲ့တဲ့စက်ရုပ်တစ်ခုသာ
"ငါမနက်ဖြန်ကျောင်းပြန်တက်မှာ မင်းရောလိုက်ခဲ့ရမယ်၊ ဘယ်သူမေးမေး မင်းဘာမှပြန်မဖြေနဲ့နော်၊ မင်းအကြောင်း ငါရယ် မေမေရယ်ပဲ သိပါစေ"
"အိုကေ"
စက်ရုပ်ကလည်း အကျောမာလိုက်တာ ဟုတ်ကဲ့ပြောတော့ ဘာဖြစ်မှာလည်း
Jungwon မနေမနပ်နှင့်
"မင်း ငါ့ကို Hyung လို့ခေါ်ပါ"
"အိုကေ"
"ဘာလို့လည်း မမေးဘူးလား?" Jungwon အောက်နှူတ်ခမ်းကို ဖိကိုက်ထားမိသည် ဘယ်လိုစက်ရုပ်လည်းဟ
"ဘာလို့လည်း Hyung"
ထိုအခါမှ သူစပ်ဖြဲဖြဲနှင့်
"မင်းက 16 နှစ်အဖြစ်စတင်ပြီးတော့ အသက်မရှိပဲ 17 နှစ်ကျော် နေနေရတာ၊ ငါက 17 ကျော်ပြီဆိုတော့ မင်းထက်အသက်ကြီးတယ် မင်းက 16၊ ငါက 17 အဲဒီတော့ Hyung လို့ခေါ်ရမယ်"
စက်ရုပ်ကို အသက်တွေလာပြောနေတာ၊ သူဟာအခုလည်းအသက်မရှိဘူးလေ၊ Ni-ki ထိုကလေးဆန်လွန်းသော သခင်ကြောင့် တခြားသခင်တွေရော အဲလိုပဲလားတွေးမိသည်၊ သူဟာခံစားချက်မရှိပေမယ့် ဦးနှောက်ပါတာမို့ အရာအားလုံးကို မှတ်ထားသင်ယူနေ တွေးတောနေခြင်းသာ
"ဟုတ်ကဲ့ Hyung"
Jungwon မျက်ဝန်းဝိုင်းဝိုင်းလေးတွေ တလက်လက်တောက်ပနေပြီး သူ့ခုတင်ဘေးနားက နေရာလွတ်ကို ပုတ်ပြကာ
"ဒီနေ့တော့ ညည့်နက်နေပြီ ငါ့ဘေးလာအိပ်လှည့်၊ မနက်ဖြန်ကျရင် ခုတင်တစ်လုံးထည့်ပေးမယ်၊ မင်းက စက်ရုပ်ဆိုပေမယ့် လူမျက်နှာဆိုတော့ ကြမ်းပြင်ပေါ်အိပ်ခိုင်းဖို့ မဖြစ်နိုင်ဘူး"
ဟုတ်တယ်လေ Yang Jungwon ဆိုတာ အကျင့်ပုတ်သူ ကြီးနိုင်ငယ်ညှင်း လုပ်သူဖြစ်လို့မရပေ၊ Yang မျိုးနွယ်ဆိုတာ အေးချမ်းသူကိုယ်ချင်းစာတရားရှိသူတွေအဖြစ် လူတိုင်းကချစ်ခင်ကြတာမို့လား
ထိုနေ့ညက နိုင်ငံပြောင်းလာသော စက်ရုပ်ကလေးမှာ လူသားတစ်ယောက်၏ခြေတင်ခုံဘဝ ရောက်ရရှာသည်။ ဘေးမှာအိပ်ခိုင်းပြီး Jungwon ကန့်လန့်အိပ်တာမို့ ခြေထောက်တွေက Riki ဗိုက်ပေါ်လာတင်ပြီး ကောင်းကောင်းမအိပ်ပဲ ကန်ချင်တဲ့အခါထကန်သည် အိပ်ပျော်နေရင်း ဟောက်ကဟောက်လိုက်သေးသည်၊၊ Riki ဆိုတာ လည်းခံစားချက်မရှိ နာကျင်မှူမရှိတဲ့ စက်ရုပ်မို့ တညလုံး မလှုပ်မယှက်နေနေသည်၊ အမှန်တော့ စက်ရုပ်ဆိုတာ အိပ်ဖို့လည်း မလိုဘူးမဟုတ်လား
ထွန်းကားလှသော သိပ္ပံပညာရပ်များကြောင့် မိုးမျှော်တိုက်ကြီးများပြည့်နေသော်လည်း စိုက်ပျိုးရေးလုပ်ကိုင်ကြသော ကိုရီးယားနိုင်ငံရဲ့နယ်မြို့လေးတစ်နေရာတွင်
သစ်ပင်ပန်းမန်များနှင့် စိမ်းလန်းလှပနေသည့် ခြံကျယ်ကြီးထဲတွင် လှပသော တထပ်အိမ်လေးတစ်လုံး
ဧည့်ခန်းတစ်နေရာတွင် လူ 2 ဦး မျက်နှာချင်းဆိုင်ထိုင်နေသည်။
"နံပါတ် 2 ရောင်းထွက်သွားပြီဆိုတာ လာအသိပေးတာပါ Professor"
Professor ဆိုသူတိတ်ဆိတ်သွားပြီးနောက် မကြာခင် နောက်ထပ်လူ1ဦး ဂျပန်ရေနွေးကြမ်းခရားကိုင်လာပြီး 2 ခွက်ငှဲ့ကာ
"Jay အခုမှရောက်တာ ပင်ပန်းနေမှာပေါ့၊ ရေနွေးကြမ်းလေးသုံးဆောင်ပါအုံး"
ထိုသူက သူတို့ 2 ယောက်ကို တစ်ခွက်စီငှဲ့ပေးပြီး လွတ်နေသော နေရာတွင်ဝင်ထိုင်လိုက်သည်။ Professor ဆိုသူမှ စကားဆက်သည်
"ဘယ်သူဝယ်သွားတာလည်း ဘယ်ကလည်း"
"ကိုရီးယားက Yang ခရီးသွားလုပ်ငန်းရဲ့ သားငယ်လေးပါ"
လွန်ခဲ့သော 2 ရက်က
စက်ရုပ်ကို ဖန်ပေါင်းချောင်ထဲကထုတ်ပြီးပြီးချင်း Jungwon ထိုစက်ရုပ်မျက်လုံးများကို ဆွဲဖွင့်တော့
"ကလေးငယ် ခနနေအုံး activate မလုပ်ရသေးဘူး"
စက်ရုပ်ဦးခေါင်းအလယ်တည့်တည့်ကို 15 မိနစ်ကြာနှိပ်ထားပြီးမှ
"Nishimura Riki သင်တာဝန်ထမ်းဆောင်ရမည့်သူရောက်ရှိပါပြီ မျက်လုံးဖွင့်ပါ"
ထင်ခနဲ အသံနှင့်အတူ ထိုစက်ရုပ်၏မျက်လုံးများပွင့်လာတော့ Jungwon မျက်လုံးလေးများ တလက်လက်နှင့်
လူသားစက်ရုပ်၏မျက်လုံးများက အနည်းငယ်ကျဉ်းမြောင်းပြီး မျက်သားကဖြူဖွေးနေသည်မှာ မဲနက်သော မျက်လုံးများနှင့်ဆန့်ကျင်ဘက်ဖြစ်ကာ ထိုစက်ရုပ်၏မျက်နှာနှင့် လိုက်ဖက်လွန်းသည်။ ထိုစူးရှလှပသော်လည်း ခံစားချက်ကင်းမဲ့သော မျက်ဝန်းများက အေးစက်လွန်းသည်။
"ကျတော် Nishimura Riki သည် Yang Jungwon ကို သခင်အဖြစ် အသိအမှတ်ပြုပါသည်၊ Yang Jungwon အသက်ထက်ဆုံး တာဝန်ကျေပွန်ပါမည်။ 3 ခါပြောပါ"
ထိုစကားပြောနေသော Park Jay မျက်နှာမှာ စိုးရိမ်မှူအထင်းသား
"ကျတော် Nishimura Riki သည် Yang Jungwon ကို သခင်အဖြစ် အသိအမှတ်ပြုပါသည်၊ Yang Jungwon အသက်ထက်ဆုံး တာဝန်ကျေပွန်ပါမည်။
"ကျတော်Nishimura Riki သည် Yang Jungwon ကို သခင်အဖြစ် အသိအမှတ်ပြုပါသည်၊ Yang Jungwon အသက်ထက်ဆုံး တာဝန်ကျေပွန်ပါမည်။
"ကျတော်Nishimura Riki သည် Yang Jungwon ကို သခင်အဖြစ် အသိအမှတ်ပြုပါသည်၊ Yang Jungwon အသက်ထက်ဆုံး တာဝန်ကျေပွန်ပါမည်။"
လက်ရှိ
Professor Lee က
"ဒီအတိုင်းလက်ခံလိုက်တယ် ဆိုပါတော့၊ 17 နှစ်လောက်ထားလိုက်လို့ အပိုးကျိုးသွားတာများလား"
"နံပါတ် 2 ကိုရော အဲဒီ ကလေးကို ရော စောင့်ကြည့်ဖို့ Mr Kang ကို အကြောင်းကြား၊ ပြီးတော့ Doctor Park ကိုရော နံပါတ် 2 နိုးပြီမို့ လိုအပ်တာတွေရှာထားဖို့ အကြောင်းကြား"
"ပြသနာတစ်စုံတစ်ခု မဖြစ်ခင် သူအခြေအနေပြောင်းလာတာနဲ့ ချက်ချင်းအကြောင်းပြန်"
"တခြားလူသားစက်ရုပ်တွေ ထုတ်နိုင်သမျှများအောင်ထုတ်ထားပြီး ရောင်းလိုအားကို ထိမ်းထား"
"ကောင်းပါပြီ professor"
ထို့နောက် Professor ဆိုသူမှ ရေနွမ်းကြမ်းငှဲ့ပေးဘက်လှည့်ပြီး
"Jake, Jay ပြန်ဖို့အတွက် private jet စီစဉ်ပေးလိုက်"
❤️❤️❤️❤️❤️❤️❤️❤️❤️
ဒီ fic လေးက အတိုလေးပဲ လာမှာ။
Happy new year 2023 everyone ❤️
❤️❤️❤️❤️❤️❤️
ZawGyi
အဆင့်လတ် စက်ရုပ်များကဲ့သို့ လူ့ဖွဲ့စည်းတည်ဆောက်ပုံရှိပြီး လမ်းလျှောက်တက်၊ စကားပြောတက်၊ လူ့နီးပါ အသိဉာဏ်ရှိသော စက်ရုပ်များကိုတော့ အလယ်အလတ်တန်းအဆင့်ရှိလူများ ဝယ်ယူနိုင်လာကြပြီး အိမ်တိုင်းတွင် စက်ရုပ်များထားရှိလာသည်။
လွန်ခဲ့သော နှစ်ပေါင်း 20 ခန့်မှစ၍ လူ့အသားအရေ လူ့အသွင်အပြင် လူ့အသိဉာဏ် လူနှင့် 90% တူညီသော စက်ရုပ်များကို သိပ္ပံပညာရှင် Lee မှ စတင်တီထွင် အောင်မြင်ခဲ့ပြီး လူကုန်ထံအသိုင်းအဝိုင်းများတွင် အပြိုင်အဆိုင် အသုံးပြုနေကြသည်။
"ဒီက စက်ရုပ်တွေအားလုံးက လူသားနီးပါး ဉာဏ်ရည်ရှိကြတယ်၊ လူသားတွေကို ကာကွယ်နိုင်အောင် တိုက်ခိုက်နည်းမျိုးစုံ မှတ်ဉာဏ်ထည့်ထားပေးတယ်"
"သူတို့ရဲ့ မှတ်ဉာဏ်ဟာ သင့်ကိုသာ သခင်အဖြစ်လက်ခံထားမယ့်အတွက် တခြားဘယ်သူမှ ခိုးယူ ခိုင်းစားလို့မရပါဘူး"
Wow
ထိုသူက လက်ဆွဲနှူတ်ဆက်ရင်း
"သခင် Jungwon"
"အိုကေ"
Jungwon မနေမနပ်နှင့်
"အိုကေ"
"ဘာလို့လည်း Hyung"
"ဟုတ်ကဲ့ Hyung"
လွန်ခဲ့သော 2 ရက်က
လက်ရှိ
Professor Lee က
❤️❤️❤️❤️❤️❤️❤️❤️❤️
Continue Reading
You'll Also Like
84.1K 3.9K 22
Yizhan shipperလေးပါမရေးတတ်ပဲသူတို့နှစ်ယောက်ကိုအရမ်းချစ်လို့အရဲစွန့်ပီးရေးတာ‌ပါနော် +လေးတွေလဲပါမှာဖြစ်လို့အ‌‌ေမှာင်‌‌ေကြာက်သူများမဖတ်သင့်ပါ၊၊ Japan Bl...
73.8K 3.6K 20
They were only dating in secret. It was fun, relieving, exciting. Nobody was supposed to find out... started: february 8, 2019 ended: february 12, 20...
1.1K 135 1
ဤပင်လယ် ကျဥ်းပါစေ၊ သမုဒ္ဒရာတို့လည်း ခမ်းပါလေ။ ramyeonz1shot gift for @_bambibaby 💜💝 cover artist @uyuthecatto_ 🖍
44.6K 6.3K 30
- C o m p l e t e d - ချစ်ခြင်းတွေရှိတယ် မင်းရယ် ကိုယ်ရယ် သူရယ် ‌