အချစ်တွေအမုန်းတွေရဲ့ အလွန်...

By KaterinaKaterina248

664K 17.9K 4.7K

ညဘက်မှာပဲ ထွက်တဲ့ကြယ်လေးတွေက နေ့ခင်းဘက်မှာထွန်းလင်းတဲ့နေမင်းကြီးကို သတိရနေတတ်သလိုမျိုး ဘယ်သောအခါမှမဆုံနိုင်ပေ... More

Disclaimer....
အခန်း (၁)
အခန်း (၂)
အခန်း (၃)
အခန်း (၁) Zawgyi
အခန်း (၂) Zawgyi
အခန်း (၃) Zawgyi
အခန်း (၄)
အခန်း (၄) Zawgyi
အခန်း (၅)
အခန်း (၅) Zawgyi
အခန်း (၆)
အခန်း (၆) Zawgyi
အခန်း (၇)
အခန်း (၇) Zawgyi
အခန်း (၈)
အခန်း (၈) Zawgyi
အခန်း (၉)
အခန်း (၉) Zawgyi
အခန်း (၁၀)
အခန်း (၁၀) Zawgyi
အခန်း (၁၁)
အခန်း (၁၁) Zawgyi
အခန်း (၁၂)
အခန်း (၁၂) Zawgyi
Interlude
အခန်း (၁၃)
အခန်း (၁၃) Zawgyi
အခန်း (၁၄)
အခန်း (၁၄) Zawgyi
အခန်း (၁၅)
အခန်း (၁၅) Zawgyi
အပိုင်း (၁၆)
အခန်း (၁၆) Zawgyi
အခန်း (၁၇)
အခန်း (၁၇) Zawgyi
အခန်း (၁၈)
အခန်း (၁၈) Zawgyi
အခန်း (၁၉)
အခန်း (၁၉) Zawgyi
အခန်း (၂၀)
အခန်း (၂၀) Zawgyi
အခန်း (၂၁)
အခန်း (၂၁) Zawgyi
Breakout Room
အခန်း (၂၂)
အခန်း (၂၂) Zawgyi
အခန်း (၂၃)
အခန်း (၂၃) Zawgyi
အခန်း (၂၄)
အခန်း (၂၄) Zawgyi
အခန်း (၂၅)
အခန်း (၂၅) Zawgyi
အခန်း (၂၆)
အခန်း (၂၆) Zawgyi
အခန်း (၂၇)
အခန်း (၂၇) Zawgyi
အခန်း (၂၈)
အခန်း (၂၈) Zawgyi
အခန်း (၂၉)
အခန်း (၂၉) Zawgyi
အခန်း (၃၀)
အခန်း (၃၀) Zawgyi
အခန်း (၃၁)
အခန်း (၃၁) Zawgyi
အခန်း (၃၂)
အခန်း (၃၂) Zawgyi
အခန်း (၃၃)
အခန်း (၃၃) Zawgyi
အခန်း (၃၄)
အခန်း (၃၄) Zawgyi
အခန်း (၃၅)
အခန်း (၃၅) Zawgyi
အခန်း (၃၆)
အခန်း (၃၆) Zawgyi
အခန်း (၃၇) the END Zawgyi
Final Review

အခန်း (၃၇) the END

23.9K 613 244
By KaterinaKaterina248

"ကိုယ့်ကို လက်ထပ်ခွင့်ပြုပါ တာရာ"

ရုတ်တရက်သူမရှေ့ကို ဒူးတဖက်ထောက်ပီး လက်စွပ်တကွင်းပါတဲ့ ဘူးတဘူးကိုဖွင့်လျက်ကိုင်ကာ လက်ထပ်ခွင့်တောင်းနေတဲ့ ထိုသူ.....သူမကို လက်ထပ်ခွင့်တောင်းနေတာတဲ့လား။ သူမဟိုအိမ်ပြန်ရောက်ပီးထဲက အိမ်ထဲပဲနေပီး ဘယ်သူနဲ့မှလဲမတွေ့ဖြစ် ခြံထဲတောင်မဆင်းခဲ့တာကြာပေါ့.... ဒီနေ့တော့ မမပန်းချီက မကြာခင် ကိုမင်းသိန်းနဲ့ လက်ထပ်တော့မယ့် မမမေဖြူရဲ့ bridal shower ရှိတယ်ဆိုပီး အတင်းလာခေါ်လို့ မကောင်းတတ်လို့လိုက်ခဲ့ရသည်။ ကိုယ်ကသာ ကောင်းမွန်ခမ်းနားတဲ့မင်္ဂလာပွဲမရခဲ့တာ သူများတွေအတွက်တော့ ဂုဏ်ပြုပေး ပျော်ပေးရမည်မလား။ ဒီအိမ်ရောက်ထဲက အကျီအဝတ်စားအတွက်ကတော့ပူရန်မလို.....သူမအရင်နေခဲ့တဲ့အခန်းထဲ အိပ်ရာအသေးလေးတခုထည့်ပေးထားတာကလွဲရင် ကျန်တာ စျေးကြီးပေ့ဆိုတဲ့ branded အထည်တွေ အိတ်တွေ ဖိနပ်တွေ အလှပြင်ပစ္စည်းတွေ အလျှံအပယ်ကို ထည့်ထားပေးသည်။ အကုန်လုံး သူမ size တွေချည်းပဲဟု တခါက သူမအခန်းလာရှင်းပေးဖူးသည့် အိမ်က ဝန်ထမ်းကောင်မလေးတဦးကဆိုသည်။ လွန်ခဲ့တဲ့ နှစ်တွေထဲက အဲ့အခန်းထဲမှာ အဝတ်တွေစထည့်ပီး တစုံတယောက်အတွက်ပြင်ဆင်ပေးနေခဲ့တာတဲ့ သူတို့တောင် ဘယ်သူလဲမသိရဆိုပဲ။

တာရာ ယူမဝတ်ချင်ပေမယ့်လဲ ဒါသူများမင်္ဂလာယူမယ့်အချိန်မလား ကောင်းမွန်စွာဝတ်စားသွားသင့်တာပေါ့....သို့ပေမယ့် ဝယ်ချိန်ကလဲမရှိတာမလို့ မမပန်းချီဘီရိုတွေထဲက မွှေနှောက်ရှာပီး ထုတ်ပေးတဲ့ တထည်ကိုသာ ဝတ်ခဲ့တော့သည်။ ခေါင်းစခြေအဆုံး မမပန်းချီပြင်ပေးတာသာ ငြိမ်ခံရင်း လိုက်ပါလာခဲ့ရသည်။ သူမကိုရွေးပေးထားတာက အဖြူရောင်ဇာအတွန့်တွန့်လေးတွေ အဖက်လေးတွေအများကြီးပါတဲ့ ဒူးအထက်ဂါဝန်လေး မကျပ်သလို မဝဲတဲ့ဂါဝန်လေးကြောင့် သူမခန္ဓာကိုယ်ကောက်ကြောင်းမပေါ်သော်ငြားလဲ အတော့်ကိုကြည့်ကောင်းသည်။ ဆံပင်လေးကို အဖျားလေးတွေခွေကာ မိတ်ကပ်ပါးပါးပြင်ပေးထားလို့ သူမပုံစံက ရှင်းသန့်ပီး ကြည်လင်နေသည်။

မဟာ သူ့ရှေ့က ငြိမ်ပီး သူ့ကို အပေါ်စီးက ကြည့်နေတဲ့သူမကို ဘာဆက်ပြောရမှန်းမသိ....တကယ်ဆို သူ လက်ထပ်ခွင့်တောင်းနေတာလေ တခုခုတော့ တုံ့ပြန်သင့်တယ်မလား။ တော်သေးသည်ဆိုရမည်....ပန်းချီတို့အတွဲရယ် မင်းသိန်းတို့အတွဲရယ်လောက်ပဲရှိလို့။ အကုန်လုံးကလဲ သူနဲ့တူတူ သူမအဖြေကို စိတ်ဝင်တစား ရင်ခုန်စွာစောင့်မျှော်နေကြသည်။ တကယ်ကို ဘယ်သူမှ မမှန်းဆနိုင်တဲ့သူမပဲမလား။ ရုတ်တရက် သူမ သူ့ရှေ့ကို ဒူးထောက်ထိုင်ချလိုက်တယ်ဆိုရင်ပဲ အားလုံးရဲ့ စိတ်ဝင်စားမှုက ခုနကထက် အော်တိုနှစ်ဆတက်သွားသည်။ ကောင်လေးက လက်ထပ်ခွင့်တောင်းတာကို ဝမ်းသာလို့ ငိုပီးလက်ခံတဲ့သူတွေရှိသည်။ လက်မခံဘဲ လှည့်ထွက်သွားသူတွေလဲရှိသည်။ သူမလိုတော့ သူနဲ့မြေပြင်ပေါ် တစ်ညီထဲ ဒူးထောက်လျက် သူ့ရှေ့ထိုင်ချမယ့်သူတော့ မတွေ့ဖူး။ သူ့ရှေ့ကို ထိုင်လျက် သူ့မျက်ဝန်းတွေထဲ စေ့စေ့ကြည့်ကာ တည်ငြိမ်နေတဲ့အသံနဲ့....

"ကျမ ငြင်းတယ်... ရှင့်ကို မယူနိုင်ဘူး မယူနိုင်တဲ့အပြင် တဆက်ထဲ ကျမကို တရားဝင်ကွာရှင်းပေးဖို့ ထပ်ပီး တောင်းဆိုပါတယ်"

ဘာလား သူလိုချင်တာကို ဒူးထောက်ပီးတောင်းဆိုသလို သူမကလဲ သူမလိုချင်တာကို ဒူးထောက်ပီး ပြန်တောင်းဆိုတာတဲ့လား။ ဒါ....ဒါကြီးကကွာ.....ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ သူတို့နှစ်ဦးရဲ့တောင်းဆိုမှုတွေက တစ်ဦးနဲ့တစ်ဦး ဆန့်ကျင်ဘက်တွေ။ တစ်ဦးက လက်ထပ်ဖို့တောင်းဆိုတာ တစ်ဦးက ကွာရှင်းဖို့တဲ့။ တစ်ဦးက နီးဖို့ကြိုးစားတာကို တစ်ဦးက ဝေးဖို့ကြိုးစားနေတာတဲ့။

ဝေယံတို့လင်မယားကော မင်းသိန်းတို့စုံတွဲရော အံ့သြလွန်းပီး ဘာလုပ်ရမလဲကိုမသိတော့ပေ။

"တာရာ.....မင်းး ပြန်စဥ်းစား"

"အခါတစ်ရာ စဥ်းစားလဲ ဒီအဖြေပဲ"

သူမလေသံနဲ့မျက်နှာထားအရ သူမဆုံးဖြတ်ချက်က သူ့ကို တမင်ရွဲ့ချင်လို့မဟုတ်ဘဲ တကယ့်ကို တိကျသေချာခိုင်မာနေတာကို သိလိုက်ရသည်။ တကယ်ပဲ သူ့ကို ဘယ်လိုနည်းနဲ့မှ ပြန်လက်မခံနိုင်လောက်အောင်ကို မုန်းတီးသွားပီလားကွာ။ သူ မခံစားနိုင်လွန်းလို့ ဒူးထောက်ရာမှ ထရပ်လိုက်ပီး သူမကို ငုံံကြည့်တော့ သူမကတော့ ခုထိ မထသေး။

"ဟင့်အင်း....မင်းကြိုက်တာတောင်းဆိုလို့ရတယ် ဒါပေမယ့် မင်းထွက်သွားဖို့ ငါခွင့်မပြုနိုင်ဘူး"

သူကသာ သွေးရူးသွေးတန်းနဲ့ပြောနေတာ ဒူးထောက်ထိုင်လျက်နဲ့သူမကတော့ အေးဆေးပဲ သူပြောတာတွေတောင်ကြားရဲ့လားမသိ။ သူအားမရစွာပဲ ထိုင်နေတဲ့သူမကို ဆွဲထူကာ ပုခုံးကနေ အားနဲ့ ဆွဲယမ်းလိုက်မိသည်။

"ကိုယ်ပြောတာ ကြားရဲ့လား ဟင်.......မင်း ခုလို ကိုယ့်ကို ဆက်ဆံတာနဲ့တင် ကိုယ့်ဘဝက ရှင်လျက်နဲ့သေနေပီးသားပါကွာ"

အော်.....သူက ခုမှ ဒါမျိုးခံစားရတာတဲ့လား သူမကတော့ သူနဲ့ဆုံပီးထဲက ရှင်လျက်နဲ့သေတဲ့အပြင် အရာအားလုံးဆုံးရှုံးခဲ့ရတာ။ လူတွေများ ကိုယ့်ပေါင်ပေါ်ကျတဲ့ မီးကျမှ ပူတတ်နေလိုက်ကြတာ။ သူမ သူ့ကို ခပ်စိမ်းစိမ်းပဲ ကြည့်ရင်း....

"ရှင်နိုးထရတဲ့ မနက်ခင်းတိုင်း နေမင်းမဟာဆိုတဲ့ ရှင်က ကျမဘဝမှာ ဘာမှမဟုတ်ပါလားဆိုတဲ့ စိတ်နဲ့ရှင်နိုးထရမယ်.....ရှင်ကျမကိုမြင်တိုင်း ဘဝမှာ ပြန်ပြင်လို့မရတဲ့အမှားကိုသိသိနဲ့ ကျူးလွန်ခဲ့တဲ့သူတယောက်လို နောင်တကြီးစွာနဲ့ရှင်သန်ရမယ်ဆိုတာ သိထားပါ"

မင်းမပြောခင်ထဲက အဲ့အရာတွေအားလုံး သူခံစားနေရပါပီလို့ သူပြောချင်ပေမယ့် ပြောမထွက်တော့။ သူ့အပြစ်တွေက ခွင့်လွှတ်ဖို့အတိုင်းတာကျော်အောင်ကို များမှန်းသိပေမယ့် ဒီလောက် သူမစိတ်ထဲ စူးစူးနစ်နစ်နဲ့ သူ့ဘဝထဲကထွက်သွားချင်နေလောက်အောင်ထိ ခွင့်လွှတ်ပေးဖို့ကြိုးစားဖို့ စဥ်းစားဖို့ မရလောက်အောင်ထိတော့ အမြစ်တွယ်နေတာကိုတော့ သူတကယ်မမှန်းဆတတ်ခဲ့ဘူး

"ခွင့်လွှတ်ပေးပါလို့ မပြောသင့်ပေမယ့် တကယ်စိတ်ရင်းနဲ့ထပ်ပီးတောင်းပန်ပါတယ်....."

"အများကြီးနောက်ကျသွားပီ....ကျမကို လွှတ်ပေးရင်ပေး မဟုတ်ရင် ခုချိန်ကစပီး ရှင့်စိတ်နဲ့ရှင်အကြိမ်ကြိမ်ပြန်စဥ်းစားပီး နောင်တကြီးစွာရပီး ရှင်သန်တော့"

ပြောပီးသွေးအေးစွာ လှည့်ထွက်သွားတဲ့သူမကို သူ တောင်းပန်တဲ့မျက်လုံးများဖြင့်လှည့်ကြည့်ပေမယ့် အရာမထင်တော့။ အရင်တချိန်က သူနဲ့ အဆင်ပြေချင်ပါသည်ဟုဆိုခဲ့တဲ့ မိန်းကလေးက ခုချိန်သူ့ကို သေသေရှင်ရှင်စိတ်ထဲမရှိတော့တာ သေချာလွန်းနေပီ။ သူလဲမိန်းမကျမ်းကြေပီး အချော့အမော့မတော်ပေမယ့် တော်ရုံမိန်းကလေးဆိုရင်တော့ သေချာရှင်းပြ... မဟုတ်သေးဘူး သေချာတောင်းပန်ကာ အချိန်ပေးချော့ရင် ရလောက်သည်။ ခုတော့ သူမက......။ တကယ်ကို ဘာလုပ်ရမှန်းမသိလောက်အောင်ကိုပဲ ဖြစ်နေမိပီ။ သေချာတာ တခုကတော့ သူကို ဘယ်နည်းနဲ့ပဲဖြစ်ဖြစ် သူ့နားမှာပဲရအောင်ဆွဲထားမည်။ ဘယ်သောအခါမှ ဘာအ​ကြောင်းနဲ့မှ လွှတ်ပေးလိမ့်မယ်မဟုတ်။

တာရာ ထိုနေရာမှ ဆက်ပီးကြာကြာမနေချင်တာမလို့ လှည့်ထွက်လာခဲ့သည်။ ထိုသူ့မျက်နှာလဲမမြင်ချင် အသံလဲမကြားချင်....သူ့မျက်နှာမြင်ရင် သူ့အသံကြားရင် အရင်က အကြောင်းတွေ ကိစ္စတွေ သူ့အလိုလိုပေါ်လာပီး သူမရင်ထဲကနေ တဆစ်ဆစ်နဲ့နာကျင်ရသည်။ သူမကို စိတ်ရော လူရော တမင်သတ်သတ်နာကျင်အောင်လုပ်ခဲ့တာတွေ သူ့အမုန်းတွေကြားမှာ ဘာမှရှင်းပြခွင့်မရခဲ့တာတွေကို သူမ စိတ်နာခဲ့သည်။ သူမကို သီးခံခွင့်လွှတ်ပေးဖို့မပြောနဲ့ အမြင်ကြည်လာအောင်ပင် မကြိုးစားဘဲ တဖက်သတ်အတွေးတွေနဲ့ သူမကို ရက်ရက်စက်စက်ပြုမူခဲ့တာတွေကို ရွံခဲ့သည်။ သူနဲ့ယှဥ်ရင် သူမက အတော့်ကိုငယ်လွန်းခဲ့ပါတယ် ဒါကိုတောင် သူမကို ငဲ့ညှာဖို့မကြိုးစားဘဲ သူမနဲ့မထိုက်တန်တဲ့ သူ့ရဲ့အမုန်းတွေပေးပီး ခုလို သူ့ကို အဆုံးစွန်ထိမုန်းတတ်အောင် သူပဲတွန်းပို့ခဲ့တာ။ ခုတော့ သူမက သူ့အတွက် ခံစားနိုင်တဲ့ ခံစားချက်တွေရဲ့အလွန်ကိုရောက်သွားခဲ့ပီ.....သူမရင်ထဲမှာ သူ့အတွက်အချစ်ဆိုတာလဲ မရှိတော့သလို အမုန်းဆိုတာလဲ မရှိတော့ပေ။ နေမင်းမဟာဆိုတဲ့သူဟာ သူမဘဝမှာ သေလွန်သွားပီဖြစ်တဲ့ မြူမှုန်ရယ်သာသာလောက်ပဲ သူမရင်ထဲရှိတော့သည်။

ဒါပေမယ့်.......ဒါပေမယ့်

ရှင်က နေ့ဘက်မှာပဲထွန်းလင်းတဲ့ နေကိုကိုယ်စားပြုတဲ့သူ ကျမက ညဘက်မှာပဲထွက်ပေါ်လာတဲ့ ကြယ်တွေကိုကိုယ်စားပြုတဲ့သူဆိုတော့ ကောင်းကင်ကြီးတခုထဲအောက်မှာပဲ အစဥ်အမြဲတည်ရှိနေရမှာတော့ အမှန်ပဲ။ သို့သော် ဘယ်သောအခါမှာမှတော့ ဆုံစည်းနိုင်မှာမဟုတ်ဘူး.....

ကျမရင်ထဲအနက်ရှိုင်းဆုံးတနေရာမှာတော့ နေ့ဘက်ထွက်တဲ့နေမင်းကြီးကို ညဘက်ထွက်တဲ့ကြယ်လေးတွေက တမ်းတသတိရတတ်သလို ကျမလဲရှင့်ကို လွမ်းမိမယ်ထင်ပါရဲ့......

ကျမအတွက်တော့ ရှင်က ကျမရဲ့ အချစ်တွေ အမုန်းတွေရဲ့အလွန်မှာရှိတဲ့လူတစ်ဦးအဖြစ် အမြဲရှိနေမှာပါ။

.........

၂ နှစ်ခန့်ကြာသော်.....

မဟာနဲ့ဝေယံ ခပ်လှမ်းလှမ်းကစားပွဲဝိုင်းမှာ တစ်ဦးထဲထိုင်နေတဲ့ အမျိုးသမီးတစ်ဦးကို လှမ်းကြည့်ပီး သက်ပြင်းကိုယ်စီချလိုက်ကြသည်။ ရှေ့က ကန်ရေပြင်ကိုသာ ကြည့်ရင်း ဘာတွေတွေးနေလဲမသိ....သူမအတွေးကိုလဲ ပြောပြမယ့်သူမဟုတ်တာကြောင့် မမေးဖြစ်ခဲ့။ ခနအကြာတော့ သူတို့ကြည့်နေရင်းကပင်....လေးနှစ်အရွယ်ကလေးလေး နှစ်ဦးသူမအနားသွားကာ ဘာတွေပြောနေလဲတော့မသိ ရီမောနေသည်။ သူမကတော့ ရီမောမနေပေမယ့် ခုနက တစ်ဦးတည်းတုံးကလို မျက်နှာတော့မဟုတ်...အနည်းငယ်ပြုံးနေသည်ကို သေသေချာချာတွေ့ရသည်။

"နေ.....ဝေယံ မတွေ့တာကြာပီနော်"

အဝေးမှာထိုင်နေတဲ့ တာရာ့ဆီကိုပဲအာရုံရောက်နေတာနဲ့ အနီးက ကပ်ပီးခေါ်လိုက်တဲ့အသံတခုကြားမှ အသိစိတ်က ပြန်ဝင်လာတော့သည်။ ဟုတ်ပါရဲ့....ဧကရီ။ သူမရဲ့ သိပ်မပူသေးတဲ့ ဗိုက်ကလေးကို လက်ချောင်းလေးများနဲ့ အသာပိုက်ထားတဲ့ ဧကရီ...အရင်တုံးကလိုပဲ လှမြဲလှဆဲဆိုတာတော့ ဝန်ခံရပေမည်။ သို့သော် သူ့စိတ်ထဲ သူမနဲ့ပတ်သတ်ပီး ဘာအတွေးမှမရှိတော့ ကိုယ့်ညီမလေးလို သူငယ်ချင်းတစ်ဦးလိုပဲ စိတ်သန့်သန့်နှင့်ဆက်ဆံနိုင်သည်။

"ဧကရီ မတွေ့တာကြာပီ နေကောင်းတယ်နော်"

"အင်း ကောင်းတယ်နေ.....မာမီတို့က ဒီမှာဆိုတော့ ကလေးကို ဒီပြန်လာမွေးတာ"

"ဟာ....မဟာရေ...တို့သားတွေနဲ့ဆော့စရာ ကလေးလေးတယောက်ထပ်ရပီကွ....ပန်းချီကော ပန်းချီသိရင် သိပ်ပျော်မှာ"

ပြောရင်းဆိုရင်း ဝေယံ ပန်းချီ့ကိုရှာဖို့ အလောသုံးဆယ်ထွက်သွားလေသည်။ ခုတော့ သူနဲ့ ဧကရီသာကျန်ခဲ့သည်။ သူ တာရာ့ကို လှမ်းကြည့်နေတာကို သေချာပေါက်မြင်တဲ့ ဧကရီကပဲစကားစလို့....

"နေ.....တာရာ့ကို အချိန်ပေးလိုက်ပါဦး....သူ့ရင်ထဲ ဘယ်လောက်ထိ ထိခိုက်ခံစားခဲ့ရမလဲ တို့မှ မသိနိုင်တာ"

အဝေးက တာရာ့ကို ကြည့်ရင်းပြောလိုက်တဲ့ ဧကရီ့စကားကြောင့် သူမအရာအားလုံးကို သိနှင့်ပီးသားဆိုတာ သိလိုက်သည်။ အေးလေ ပန်းချီတို့မေဖြူတို့နဲ့အဆက်သွယ်ရှိနေတဲ့သူပဲလေ ဒါတွေသိနေတာ မဆန်းတော့။

"အင်း ပေးပါတယ်.....လိုအပ်ရင် တဘဝလုံးပါပေးနိုင်ပါတယ် ဒါပေမယ့်ကွာ....."

"သူ့အပေါ်မှာထားတဲ့ နေ့ ရဲ့အချစ်တွေကို သူမြင်အောင်ပြဖို့တော့လိုတယ်လေ သူစိတ်ပြေမှ နေ့ ရဲ့အချစ်ကိုဝန်ခံမယ် ချစ်ပြမယ်လို့တွေးရင်တော့ သိပ်နောက်ကျသွားလိမ့်မယ်"

ဟင်.....ဧကရီက ခုထိသူ့ကို သေချာကို သိနေတာပါလား။ တာရာ့ကိုသူချစ်တယ်ဆိုတာ တာရာ့ကိုပင် သူ မပြောရသေး ဝန်မခံရသေး။ မပြောရဲသေး ဝန်မခံရဲသေးတာဆိုပိုမှန်လိမ့်မည်။ အံ့သြတကြီးနဲ့ ဧကရီ့ကိုကြည့်လိုက်တော့ ဧကရီက သူ့ကို သဘောကျစွာ ရီပီး.....

"နေ....ဒါကို ဧကရီတစ်ဦးထဲသိနေတယ် ထင်ရင်တော့ မှားသွားမယ်နော်....အကုန်သိတယ် အကုန် အကုန်"

သူမက သူမ လက်တဖက်ရဲ့ လက်ညှိုးလေးကို ဝေ့ပြပီးပြောတော့ သူ ဘာဆက်ပြောရမလဲမသိ။ ထိုစဥ် ဗိုက်ကြီးသည်တဦး ထပ်ရောက်လာပြန်သည်။ ထိုသူကား တခြားသူမဟုတ်....ဝေယံ့မိန်းမ ပန်းချီပင်။ ခု ဒါ ဒုတိယဗိုက်....ခုလဲ သူ့ဗိုက်က ယောက်ျားလေးလား မိန်းကလေးလားပြောမယ့်ပွဲမှာ ရောက်နေကြခြင်းဖြစ်သည်။

"မမဧကရီရယ်.....ပန်းချီတို့က လွမ်းနေတာ ပြန်မလာဘူး တော်တော်နဲ့"

"ဟုတ်ပ ပန်းချီရယ် အမလဲ ကိစ္စလေးတွေရှိနေတာကော အမျိုးသားအလုပ်က ဒီကိုပြန်လာဖို့ထိ မအားနေတာနဲ့လေ"

တည်ငြိမ်အေးဆေးစွာပြောတဲ့ ဧကရီက အရင်ကလဲ တည်ငြိမ်ပေမယ့် ခုက အေးချမ်းနေမှုကတော့ပိုသည်။

"ခုကော အကြာကြီးနေမှာလား"

"အင်း.....မမခု ကလေးလာပြန်မွေးတာ"

စပ်စုဖို့သာသိပီး ဗိုက်ကိုပင်မမြင်နိုင်တဲ့ ပန်းချီ ဧကရီပြောမှ ထူးဆန်းပီး ဧကရီ့ဗိုက်ကိုကိုင်ကြည့်လေသည်။ ထူးဆန်းမယ့်သာထူးဆန်းတာပါ သူ့ဗိုက်ကဖြင့် ဧကရီ့ထက်ပိုပူနေသေးသည်မလား။

"မမ အမျိုးသားကောဟင်"

"ပါတယ်....ခုနကတောင် ကလေးနှစ်ယောက်နဲ့ဆော့နေသေးတယ် သူက ကလေးချစ်တော့လေ"

"ဟုတ်လား ခနနေ ခေါ်ခဲ့နော် တူတူ ဓာတ်ပုံရိုက်ရအောင် တာရာ့ကိုလဲ သွားခေါ်လိုက်ပါဦး ကိုမဟာ"

ပန်းချီလှည့်ပြောမှ အားလုံးက မဟာ့ဘက်ကိုလှည့်ကြည့်မိကြသည်။ သူသွားခေါ်လို့ မလိုက်ရင် ဒုက္ခပဲလို့လဲတွေးမိသေးသည်။ ထိုစဥ် ဧကရီက ထပီး

"ဧကရီ သွားခေါ်လိုက်မယ် ရတယ်မလား"

အားလုံးက ဧကရီ့ကိုကြည့်နေစဥ်မှာပဲ ဧကရီကတော့ တာရာရှိတဲ့နားထွက်သွားပီ

.......

"တာရာ....နေကောင်းလား"

တာရာ တခြားတဖက်ကိုငေးနေတုံး ဘေးနားမှ သူမနာမည်ခေါ်သံကြားလို့ လှည့်ကြည့်တော့ မဧကရီ.....မမြင်တာကြာပေမယ့် ကျက်သရေရှိလှသည်ကတော့ ငြင်းမရ။ တာရာ သေချာကြည့်မှ သူမရဲ့ သိပ်မပူသေးတဲ့ ဗိုက်ကလေးကိုမြင်တော့သောအခါမှ သူမကိုနေရာပေးဖို့ သတိဝင်လာတော့သည်။

"လာလေ မဧကရီ ထိုင်ပါဦး"

"ရတယ် တာရာ....တာရာနဲ့ စကားအေးဆေးမပြောဖူးလို့ရယ် သေချာလဲ မိတ်မဆက်ရသေးလို့လေ"

"ဟုတ် အရင်ဆုံး ထိုင်ပါဦး အမ မပေါ့မပါးကြီးနဲ့"

ဧကရီထိုင်လိုက်ပီး သူမကိုသေချာကြည့်မိသည်။ ကောင်မလေးက သူတို့ထက်ဆိုရင် ၁၀ နှစ်ကျော်လောက်ကိုငယ်သည်။ ရုပ်လေးကလဲ နုနုလေး အသားလေးကလဲ ဖြူဝင်းလို့ မှုန်နေအောင်မချောပေမယ့် အတော့်ကို ကြည့်ကောင်းပီး ချစ်စရာမျက်နှာပိုင်ရှင်လေးပါ။ သနားစရာတခုက ဘဝက ကြမ်းတမ်းရတဲ့ထဲ အရွယ်နဲ့မလိုက်အောင် ခံစားရတာတွေများခဲ့တော့ တအားကို တည်ငြိမ်နေတဲ့ပုံလေးတော့ဖြစ်နေသည်။ အရာရာကို ကြောက်နေပီး ထိုကြောက်စိတ်ကို အတင်းဖုံးကွယ်ထားသလိုမျိုးပေါ့။ ရှေ့မှာရှိတဲ့ ကလေးမလေးရဲ့ လက်ကလေးကို ဧကရီ ကြင်ကြင်နာနာလေးဆုတ်ကိုင်မိလိုက်သည်။

"တာရာ....မမတောင်းပန်ပါတယ် အရာအားလုံးအတွက်"

တာရာ သူမကို လက်ဆွဲလို့တောင်းပန်နေတဲ့ မမဧကရီကိုကြည့်ပီး ရုတ်တရက်ဘာပြောရမှန်းမသိ။ သူမအပြစ်မဟုတ်ဘဲ ဘာလို့လာတောင်းပန်နေတာလဲ တကယ်ဆို တာရာကသာ တောင်းပန်ရမယ့်သူမလား။ ခု မမဧကရီကိုကြည့်တော့လဲ စိတ်ရင်းနဲ့ကိုပြောနေပုံရသည်။

"ပီးခဲ့တာတွေက ပီးခဲ့ပါပီ အကုန်လုံးလဲ အပြစ်မကင်းခဲ့သလို အကုန်လုံးကလဲ အပြစ်ရှိသူတွေမဟုတ်ကြပါဘူးအမရယ်"

"မဟုတ်ဘူး တာရာ.....အမက တကယ်ကို တောင်းပန်ရမယ့်သူပါ.....ပီးတော့ နေ....သူလဲ ခုဆို သူ့အမှားသူသိပီး တာရာနဲ့အေးချမ်းတဲ့ ဘဝကို သားလေးနဲ့အတူတည်ထောင်ချင်နေပါပီ"

"ညီမ မလိုချင်တော့ဘူး အမ....ညီမ အားလုံးနဲ့အဝေးမှာပဲနေချင်တော့တယ်"

ဧကရီ သူမကိုပြောပီး တဖက်ကိုလှည့်သွားတဲ့ တာရာ့ရဲ့မျက်ဝန်းတွေမှာ မျက်ရည်တွေဝဲနေတာကိုတော့ မြင်ဖြစ်အောင်မြင်လိုက်သေးသည်။ တကယ်ကိုစိတ်မကောင်းဘူး သူမကြောင့်... သူမတို့ကြောင့် လူတစ်ယောက်က အနာဂတ်တွေ ယုံကြည်မှုတွေ ပျက်စီးပြိုလဲသွားရတဲ့ထိဖြစ်သွားခဲ့တယ်ဆိုတာ သူမတို့ မျက်မြင်တွေ့လိုက်ရပီ။

"တာရာရယ်....အမလေ ဘာပြောရမှန်းကိုမသိတော့ပါဘူး"

"မမဧကရီ ကျန်းမာအောင်နေပါ ကလေးလေးကို ကျန်းကျန်းမာမာနဲ့ မွေးပါ ကိုယ့်ကိုယ်ကို ဂရုစိုက်ပါ။ အတိတ်က အရာတွေကို စိတ်ထဲကနေထုတ်ပစ်လိုက်ပါတော့"

တာရာရယ် ကိုယ်တိုင်တောင် အတိတ်ကို စိတ်ထဲကနေ မထုတ်ပစ်နိုင်ဘဲ သူများတွေကိုတော့ အတိတ်ကနေရုန်းထွက်ပီး အေးအေးချမ်းချမ်းနေစေချင်တယ်တဲ့လား။ သူမကျတော့ သူတို့တွေ ဝိုင်းပေးခဲ့တဲ့ ဒဏ်ရာတွေကြောင့် တသက်လုံး ခံစားရင်း ရှင်သန်နေရမှာလား။

သူမစကားဆုံးတော့ မမဧကရီ ဘာမှမပြောဘဲ သူမကိုသာ တွေတွေကြီးငေးကြည့်နေသည်။ ခနကြာတော့ သူမရဲ့အမျိုးသားဖြစ်ဟန်တူသည့်လူရောက်လာကာ စကားတချို့ပြောပီး သူမကိုခေါ်နေပုံရသည်။

"တာရာ ဓာတ်ပုံတူတူစုရိုက်ကြတော့မလို့တဲ့ လိုက်ခဲ့နော်"

တာရာ ခေါင်းပဲ ငြိမ့်ပြလိုက်ပီး ရှေ့က ထွက်သွားတဲ့သူတို့နောက်ကနေ ခပ်လှမ်းလှမ်းမှ လိုက်လာခဲ့သည်။ ဟုတ်သည်။ သူမ ဘာတွေပဲ ခံစားနေရပါစေ သားအတွက်တော့ သူမ မရခဲ့တဲ့ မိစုံဖစုံဆိုတဲ့ ဘဝကို ရစေချင်သည်။ ဟိုလူနဲ့ ဘယ်လောက်ပဲ မျက်နှာချင်းမဆိုင်ချင်ပါစေ ကလေးအတွက် မိစုံဖစုံရှိစေရမည့်ပွဲတွေ နေရာတွေမှာတော့ ပျက်ကွက်မှုမရှိစေရ။ ဒါကတော့ သူမသားအတွက် နောက်ဆုံးဖြည့်ဆည်းပေးနိုင်တဲ့ သူမရဲ့တာဝန်ပဲ။ ဒီ့ထက်ပိုပီးတော့တော့ ဘာမှထပ်မလုပ်ပေးနိုင်တော့ပေ။ တချိန်ကျ သားလေးအရွယ်ရောက်လို့ အရာအားလုံး အလုံးစုံသဘောပေါက်သွားနိုင်တဲ့အချိန်ကျရင် သူမကို နားလည်ပေးနိုင်ပါစေလို့ပဲ သူမဆုတောင်းနေရင်း အဆုံးအစမရှိတဲ့ နေ့ရက်တွေကို ဖြတ်သန်းနေရဦးမည်။

သူမဘဝက အမြဲအမှောင်ဘက်ခြမ်းမှာ နေရမယ့် ကံကိုပါလာတယ် ထင်ပါရဲ့.....အလင်းဆိုတာလဲရောက်ရော သူမက ပျောက်ကွယ်ပေးရတော့တာပါပဲ...

.....

မဟာ တလမ်းလုံး သူ့ ဘေးကနေ ငြိမ်ပီးထိုင်လိုက်လာတဲ့သူမကို တချက် စောင်းငဲ့ကြည့်ရင်း နောက်ခန်းထဲက ကလေးခုံလေးမှာအိပ်လျက်လိုက်ပါလာတဲ့ သားကိုလဲ တချက်ကြည့်လိုက်သေးသည်။ သူမကတော့ နှစ်နှစ်လောက်ရှိပီ သူ့ကို ဘာစကားမှမပြော သားကိစ္စတချို့တလေသာ သူပြောရင်.. အင်း အဲ လောက်ပြောသည်။ မဟာပြောရရင် တကယ်ပင်ပန်းနေပီ.....သူတို့သွားရမယ့် ဘဝခရီးကြီးက အရှည်ကြီးကျန်သေးသည်။ သူက အိမ်​ထောင်ဦးစီးပေမလို့ မောင်းသူနေရာ တာဝန်ယူထားရတယ်ဆိုလျှင် သူမကတော့ သူ့ဘေးမှာ ကြောက်ခမန်းလိလိကိုတိတ်ဆိတ်စွာလိုက်ပါလာတဲ့သူတဦးပင်။ သူ့ကိုပင်ပန်းစေပေမယ့် လွတ်မြောက်အောင်ကြိုးစားမလားဆိုလဲ ဟင့်အင်းဆိုတဲ့အဖြေကတော့ ထာဝရအတွက်ပင်....ကူရာကယ်ရာမဲ့ ဆုတောင်းတွေလဲထပ်နေပါပီ။ အသွေးထဲ အသားထဲကနေလဲ သူမနဲ့ပတ်သတ်ပီး စိတ်မကောင်းကြီးစွာဖြစ်ရသလို တဖက်မှာလဲ သူမရဲ့ ဥပေက္ခာကို ကြောက်လန့်နေမိပီ။ ဒါပေမယ့် သူမ သူ့ဘဝထဲ လိုလိုလားလားဝင်လာချင်ခဲ့တုံးက ဝင်လာဖို့လိုအပ်နေတုံးက သူကိုယ်တိုင်ပဲ ရက်ရက်စက်စက်တွန်းထုတ်ပစ်ခဲ့တာမလား ဘယ်လိုဖြေဆည်လို့ရနိုင်ပါ့မလဲ။ ခုချိန်ကျမှ သူ့နှလုံးသားထဲ သူမကို ဆွဲခေါ်ဖို့ရာလဲ သူတို့က လူချင်းနီးပီး စိတ်ချင်းကတော့ ဝေးကွာသွားခဲ့ပီ။ သက်ပြင်းရှည်တခုကို သိသိသာသာချရင်းးးး ကားကိုပဲ ဂရုတစိုက်ဆက်မောင်းနေမိတော့သည်။ သူ့မှာပြောစရာတွေကလဲကုန်ပီ...ထပ်နေပီ။ သူကတော့ အကြိမ် တစ်ထောင် တစ်သောင်းမက ပြောနိုင်ပေမယ့် သူမစိတ်ညစ်ညူးသွားမှာလဲစိုးသည်။

သူမလိုချင်ခဲ့တဲ့ သူမချစ်တဲ့ သူမကိုချစ်တဲ့သူရှိတဲ့ အိမ်ဆိုတာကို ပေးနိုင်တဲ့အချိန်ကျ သူမရဲ့ ချစ်တတ်တဲ့ နှလုံးသားက သေဆုံးသွားခဲ့လေပီ။ နောင်တတွေက ဆိုးပါသည်။ ဒါပေမယ့် တခုတော့ကျေးဇူးတင်သည်။ သားအတွက်ဆိုပီး သူမ မိခင်နေရာ သူ့ဇနီးနေရာမှာတော့ ယခုထိတိုင်ရှိနေပေးသည်။ အနည်းဆုံးတော့ ကလေးက မိတကွဲ ဖတကွဲမဖြစ်တော့ဘူးပေါ့။

သူ တိတ်ဆိတ်နေတဲ့ ညကိုဖြိုခွင်းရန်.....သီချင်းတလေးတပုဒ်ကို ဖွင့်လိုက်သည်။ သူမနဲ့ သွားတောင့်သွားခဲ တနေရာတူတူသွားရင် အမြဲ အပြန်ပြန်အလှန်လှန် ဒီတပုဒ်ထဲ ဖွင့်နေကျ။ တကယ်တော့ ဒီသီချင်းကြားထဲက သူမကိုမြင်ယောင်ပီး သူမအတွက်ဆိုပီး သူအမြဲနားထောင်ခဲ့တာ။ သူ့ရင်ထဲကို သူမကိုမြင်အောင်မပြနိုင်သေးပေမယ့် တနေ့နေ့တချိန်ချိန်မှာတော့ဖြင့် သူမမြင်ကောင်းမြင်လာနိုင်တယ်ဆိုတဲ့ မျှော်လင့်ချက်လေးနဲ့ပေါ့။

*ကိုယ်နဲ့တူတူ အိမ်ကို စိတ်ရော လူပါ ပြန်လိုက်လာခဲ့ပါတော့ တာရာရယ်*

သီချင်းလေးအဓိပ္ပါယ်က အရင်က လူတစ်ယောက်ကို ရူးရူးမိုက်မိုက်ချစ်ခဲ့ဖူးတဲ့ ကောင်မလေးတယောက်က အဲ့ဒီ့အချစ်တွေကြောင့် သူမနာကျင်ခဲ့ရလို့ နောက်ထပ်တခါဘဝမှာ ထပ်မချစ်မိအောင် ကြိုးစားနေတယ်တဲ့။ သူမချစ်ခဲ့စဥ်က လောကရဲ့အရာအားလုံးကို အကောင်းဆုံးတွေပဲဖြစ်စေချင်ခဲ့ မြင်ချင်ခဲ့တာမလို့ တချိန်မှာ သူမစိတ်ကူးအိပ်မက်တွေ လွှင့်ပျောက်ပျက်စီးသွားတဲ့အခါ တော်တော့်ကို နာကျင်ခံစားရတော့တာပေါ့.....ဒါပေမယ့်လဲ မိန်းကလေးရယ် ပီးခဲ့တာတွေအတွက်တော့ ကျိန်းသေပါတယ် ပြန်ပီးပြင်လို့မရတော့ဘူးပေါ့..... သို့ပေမယ့်လဲ ထိခိုက်ခံစားနေရတာတွေကိုတော့ သက်သာအောင် ကူညီပေးပါရစေ....ထပ်ပီးတော့လဲ မထိခိုက်မနာကျင်အောင် ထားပါ့မယ်ဆိုတဲ့ ကတိတော့ ထပ်မပေးနိုင်ပေမယ့် (အနာဂတ်ဆိုတာ မမြင်ရတဲ့အပြင် ဘယ်သူတွေက ထပ်ပီး ထိခိုက်အောင်လုပ်ဦးမလဲမသိနိုင်တာမလို့) တခုခုကြောင့်ထပ်ပီး နာကျင်ခံစားရရင် ဘေးကနေပီး နာကျင်မှုတွေကို မျှဝေခံစားပေဖို့ မျက်ရည်တွေသုတ်ပေးဖို့ တူတူဖြတ်ကျော်ဖို့တော့ အသင့်ရှိနေပေးပါရစေ...
ကမ္ဘာလောကကြီး ပျက်စီး ဆိတ်သုန်းသွားရင်တောင်မှပေါ့.....

ချစ်တယ် တာရာ ဆိုတဲ့မိန်းကလေး...

*ပြီးပါပြီ*

Continue Reading

You'll Also Like

1M 182K 118
Type - Web Novel Author - 冰块儿 (Little Ice Cube) Genre - Comedy, Drama, Romance, School life, Yaoi Chapter status - 114 chapters + 14 extras (complete...
5.2M 710K 199
Main Story ( Completed ) ~~~~~~~°°°°°~~~~~~~ Title - Transmigrated into the film empreor's death-seeking finance (穿成影帝作死未婚夫) Author - Lin Ang Si (林盎...
83.5K 9.3K 98
💥New BL ဒါဒါတို့ရေ... ရှေးခတ်ကျေးလက်တောရွာကို ကူးပြောင်းမှ ကြိုက်ပါတယ်ဆိုတဲ့ဒါဒါလေးတို့အတွက် အသစ်လေးလာပါပြီ .... ရှားပါးတဲ့ MC Gong ပါနော် Gp လေးက...
250K 13.6K 52
A Love Story ( Own Characters ) ဘုဏ်းဇေယျာကျော်xရှင်းသန့်တည်ကြည် " မင်းသားလေး...မင်း ငါ့အပေါ် သိပ်သဘောကောင်းတာပဲ၊ ငါ့မေမေကပြောတယ်၊ အသက်ကြီးလို့ လက်ထ...