အခ်စ္က သူေစစားရာ 🌚🌚 ( ေခါင...

By NabeNabe549

417K 19.5K 790

အမႊာခ်င္း တူေပမယ့္ သူမရဲ႕ ေမြးဖြားမႈမွာ ဒိြလိင္ ပါဝင္ေနတဲ့အတြက္ ဖခင္ ျဖစ္သူရဲ႕ စြန္႔ပစ္ျခင္းကို ခံခဲ့ရတဲ့ လ... More

Review
Part - 1 ( Zg + Uni)
Part - 2 ( Zg + Uni)
Part - 3 ( Zg + Uni)
Part - 4 ( Zg+ Uni)
Part - 5 ( Zg+ Uni)
Part - 6 ( Zg+ Uni)
Part - 7 ( Zg+ Uni)
Part - 8 ( Zg + Uni)
Part - 9 ( Zg + Uni)
Part - 10 ( Zg + Uni)
Part - 11 ( Zg + Uni)
Part - 12 ( Zg + Uni)
Part - 13 ( Zg + Uni)
Part - 14 ( Zg + Uni)
Part - 15 ( Zg + Uni)
Part - 16 ( Zg + Uni)
Part - 17 ( Zg + Uni)
Part - 19 ( Zg + Uni)
Part - 20 ( Zg + Uni)
Part - 21 ( Zg + Uni)
Part - 22 ( Zg + Uni)
Part - 23 ( Zg + Uni)
Part - 24 ( Zg + Uni)
Part - 25 ( Zg + Uni)
Part - 26 ( Zg + Uni)
Part - 27 ( Zg + Uni)
Part - 28 ( Zg + Uni)
Part - 29 ( Zg + Uni)
Part - 30 ( Zg + Uni)
Part - 31 ( Zg + Uni)
Part - 32 ( Zg + Uni )
Part 33 ( Zg + Uni )
Part - 34 ( Zg + Uni)
Part - 35 ( Zg + Uni)
Part - 36 ( Zg + Uni)
Part - 37 ( Zg + Uni)
Part - 38 ( Zg + Uni)
Part - 39 ( Zg + Uni)
Part - 40 ( Zg + Uni )
Part - 41 ( Zg + Uni)
ခြင့္တိုင္ၾကားျခင္း
Part - 42 ( Zg + Uni)
အသိေပးခ်က္
Part - 43 ( Zg + Uni)
Part - 44 ( Zg + Uni)
Part - 45 ( Zg + Uni)
Part - 46 ( Zg + Uni)
Part - 47 ( Zg + Uni)
Part - 48 ( Zg + Uni)
Part - 49 ( Zg + Uni)
Part - 50 ( Zg + Uni)
Part - 51 ( Zg + Uni)
Part - 52 ( Zg + Uni)
Part - 53 ( Zg + Uni)
Part - 54 ( Zg + Uni)
Part - 55 ( Zg + Uni)
Part - 56 ( Zg + Uni)
Part - 57 ( Zg + Uni)
Part - 58 ( Zg + Uni)
Part - 59 ( Zg + Uni)
Part - 60 ( Zg + Uni)
Part - 61 ( Zg + Uni)
Part - 62 ( Zg + Uni)
Part - 63 ( Zg + Uni)
Part - 64 ( Zg + Uni)
Part - 65 ( Zg + Uni)
Part - 66 ( Zg + Uni)
Part - 67 ( Zg + Uni)
Part - 68 ( Zg + Uni)
Part - 69 ( Zg + Uni)
Part - 70 Final Part ( Zg + Uni)

Part - 18 ( Zg + Uni)

5.3K 293 18
By NabeNabe549

☆☆☆☆♡⃛   အခ်စ္က သူေစစားရာ   ♡⃛ ☆☆☆☆
( Part - 18  )

" မနက္ျဖန္ညမွာ ကေလးက ဦး အပိုင္
ျဖစ္ရေတာ့မွာပါလား.... ရင္ေတြခုန္လိုက္တာ
က​ေလးရယ္​ ...မေန႔ကလည္း ဦး အိပ္မရဘူး
ဒီေန႔ေရာ ညေရာက္ရင္ ဦး အိပ္ေပ်ာ္ပါ့မလား
မသိဘူး "

ဖုန္​းထဲက လြန္ႀကိဳးျဖဴျဖဴ ဓာတ္ပံုေလးကို ၾကည္​့ရင္း
႐ံုးခန္းထဲမွာ ဦးႏိုင္ေစမာန္ ပီတိေတြ ျဖာေနခဲ့၏ ။

ဘယ္သူ႕က ယံုမွာလဲ။  ကေလး အေၾကာင္း
သူ တိတ္တိတ္ေလး စံုစမ္းေနတဲ့အခ်ိန္၊
ကေလး ေနရပ္လိပ္စာကို အတိအက်သိသြားတဲ့
အျပင္ ဒါ့အျပင္ သူ သြားေနက် သူ႕မိတ္ေဆြ Zoe ေလာင္းကစား႐ံုက ကေလးတို႔ ေဂဟာကို
သိမ္းဖို့ ျပင္ေနၿပီေလ။

ဒီေတာ့ သူ႕ အတြက္ အေတာ္ျဖစ္သြားခဲ့သည္။
သူ႕ မိတ္ေဆြက တစ္ဆင့္ အကူအညီ
ေတာင္းလိုက္ရာ ကေလး သူ႕ဆီ ပါလာဖို႔က
သူ႕ အတြက္ အရမ္းကို လြယ္ကူသြားခဲ့သည္။

မနက္ျဖန္ညက်ရင္ေတာ့ ကေလးနဲ႔ သူ ေပ်ာ္စရာ
ေတြ တစ္ညလံုး ဖန္တီးပစ္မည္။ ကေလး
တစ္ကိုယ္လံုးကိုလည္း သူ႕ အနမ္းေတြနဲ႔
ေတာက္ေလွ်ာက္ပြတ္ဆြဲၿပီး ေပ်ာ္စရာ နိဗၺာန္​
ဆီ ခ်ီတက္သြားမည္။ ​ေတြးရင္​းနဲ႔ စိတ္​​ေတြက
ထိန္​းမရ​ေတာ့ပါ။ အခုကို က​ေလးနဲ႔ အိပ္​ခ်င္​
​ေနၿပီ​ေလ။

" အာဘြား...မြမြ ဦးရဲ ့ ကေလးေလး
ဦးရဲ႕ ခ်စ္တံုးေလး...."

လြန္ႀကိဳးျဖဴျဖဴ ပံုကို နမ္းရင္း ဦးႏိုင္ေစမာန္
မ်က္ႏွာႀကီးက ေသြးဆာေနတဲ့ လူတစ္ေယာက္
လိုပါ။

*************************

" ေခါင္ယံ  ....!! ငါ ဗိုက္ေတြ ေအာင့္ေနတယ္ "

ေခါင္ ေဒၚျဖဴျဖဴ အတန္းထဲကို သြားမယ္အလုပ္
ခ်စ္သည္း က ေရာက္လာၿပီး ခါးကို ဖက္လိုက္ကာ
ဗိုက္ေအာင့္တယ္ လုပ္ေနေတာ့ သူ သြားလို႔
မျဖစ္ေတာ့ပါ။ 

" နင္ ေဆးမေသာက္ထားဘူးလား ခ်စ္သည္း "

" ဟင့္အင္း ငါ မေသာက္ရေသးဘူး.... "

" နင့္ကေတာ့ တကယ္ေပါ့ဆတာပဲ....
လာ ေဆးသြားေသာက္မယ္ နင္
ေသာက္ေနက်ေဆး ေဆးေပးခန္းထဲမွာ ရိွတယ္ "

ခ်စ္သည္းမာန္ လက္ကို ဆြဲကာ ေခါင္ ဆြဲေခၚ
သြားခဲ့သည္။  ခ်စ္သည္းမာန္မွာ ေတာ့
သူမကို စိတ္ပူေနတဲ့ ေခါင္ယံမိႈင္း မ်က္ႏွာေလးကို
ၾကည့္ကာ သေဘာေတြ က်ေနေလသည္။

လြန္ႀကိဳးျဖဴျဖဴ ဆီ ေခါင္ယံ သြားမွာသိလို႔
ခ်စ္သည္း မသြားေအာင္ ခ်စ္သည္း
ဗိုက္ေအာင့္တာကို အေၾကာင္းျပခဲ့သည္။ 
ခ်စ္သည္း ဗိုက္ေအာင့္တယ္ေျပာရင္ ေခါင္ယံက ပ်ာယာခတ္တတ္သည္။ ဒါ့က ငယ္ငယ္တုန္းက
ခ်စ္သည္းတို႔ အိမ္ေဘးနားက ကေလးေတြနဲ႔
င႐ုတ္သီး စားတာ ၿပိဳင္ၾကသည္။  ေခါင္ယံ က
မစားႏိုင္ေတာ့ ေခါင္ယံ အစား ခ်စ္သည္းက
ပိုစားေပးခဲ့သည္။ ဒီေတာ့ ခ်စ္သည္း အစားလြန္ၿပီး
ေဆး႐ုံ တက္ခဲ့ရသည္။  အဲ့ဒီကတည္းက
ေခါင္ယံ က ခ်စ္သည္း ဗိုက္ေအာင့္ရင္
သူေၾကာင့္ဆိုၿပီး ပ်ာယာေတြ ခတ္ေနေလသည္။

ပံုမွန္ ေခါင္ယံ တျခားမိန္းကေလးေတြနဲ႔ တြဲ ရင္
ခ်စ္သည္း ဝင္မရူွပ္​တတ္ပါ။  သံုးလေက်ာ္မွသာ
ဝင္ရူွပ္ေလ ရိွသည္။ အခုကေတာ့ မ႐ူပ္လို႔
မရ လြန္ႀကိဳးျဖဴျဖဴ ဆိုတဲ့ မိန္းမက အရမ္းကို
လွေနတာေလ။  ေခါင္ယံ ထိုမိန္းမဆီ ပါသြားမွ
ခ်စ္သည္း အရမ္​း ေၾကာက္သည္။

ဟိုတစ္ခါက လြန္ႀကိဳးျဖဴျဖဴ ေျခေထာက္ကို
ခ်စ္သည္း လုပ္တာလားလို႔ေတာင္ ေခါင္ယံ
က ေမးေသးသည္။ အဲ့ဒီကတည္းက
ေခါင္ယံ စိတ္ေတြ လြန္ႀကိဳးျဖဴျဖဴဆီ
ေရာက္ေနတာေပ။ ဒါ့ကို ခ်စ္သည္း
သိပ္ဂ႐ုမျပဳမိဘဲ ဘားသြား ၊ ကလပ္တက္လိုက္နဲ႔
ေပ်ာ္ေနခဲ့သည္။ ဒီေန႔ ခ်စ္သည္း သူငယ္ခ်င္း
သရဖီက ေျပာလာခဲ့သည္။ လြန္ႀကိဳးျဖဴျဖဴ
က ေခါင္ယံ ကို အပိုင္ဖမ္းေနၿပီတဲ့။

ဒီလိုေတာ့ အျဖစ္ခံလို႔ မရ၊  ေခါင္ယံ က
ခ်စ္သည္း အပိုင္။ ေခါင္ယံ ကို လြန္ႀကိဳးျဖဴျဖဴ
ဆီ သြားမရေအာင္ လုပ္ရမယ့္အျပင္
လြန္ႀကိဳးျဖဴျဖဴကိုလည္း ခ်စ္​သည္​း
ပညာေပးရမည္။

********************

" နင့္ကို ငါ့ ေစတနာနဲ႔ သတိေပးတာေနာ္
လြန္ႀကိဳးျဖဴျဖဴ.. ေခါင္ က နင့္ကို အေပ်ာ္တြဲ
​ေနတာ အခ်ိန္တန္ သူ လက္ထပ္ရမယ့္သူက
ခ်စ္သည္းမာန္ပဲ ဒီမွာၾကည့္ ေဆးေပးခန္းက
သူတို႔ ႏွစ္ေယာက္ပံုေတြ...ခ်စ္သည္းမာန္ ကို
ေခါင္ ေဆးတိုက္ေပးေနတဲ့  ပံုေလး
က တကယ့္ အသက္ပဲ "

ေက်ာင္းဂ႐ုထဲ အေစာပိုင္းေလးက တက္လာခဲ့ေသာ
ဓာတ္ပံုေတြကို ျဖဴျဖဴ ျမင္ၿပီးသားပါ။ ဒါ့ကို
အေနာက္တန္းမွာ ထိုင္တဲ့ ပ်ဳိမဒီ ဆိုေသာ
ေကာင္မေလးက ျဖဴျဖဴ ကို လာျပၿပီး
ေခါင္ယံမိႈင္း နဲ႔ မပတ္သက္ဖို႔ ေျပာေနေလသည္။

" နင္ သိရက္နဲ႔ ဆက္တြဲေနရင္ နင္ပဲ
နာက်င္ရမယ္ေနာ္ လြန္ႀကိဳးျဖဴျဖဴ ....
ေခါင္က ရည္းစားတအား႐ႉပ္တာ
နင့္ကလည္း ေခ်ာတဲ့သူဆိုေတာ့ သူ႕က
အလြတ္ေပးမွာ မဟုတ္ဘူး
ဒါ​ေၾကာင္​့ ငါ့က နင့္ကို ေစတနာနဲ႔ လာသတိေပးတာ "

ေျပာၿပီး အေနာက္တန္း ျပန္ထိုင္သြားေသာ
သူ႕ကို ျဖဴျဖဴ တစ္ခ်က္သာ ၾကည့္ၿပီး
စိတ္ထဲမွာ  ပူေလာင္ေနမိသည္။  ျဖဴျဖဴ
ပူေလာင္တာက မနက္ျဖန္ ညက်ရင္ ျဖဴျဖဴ
ဘဝကို တျခား တစ္ေယာက္ဆီ ေပးရေတာ့မည္။

ခုဏက ေခါင္ယံမိႈင္း ကိစၥနဲ႔ ျဖဴျဖဴ ေယာင္လို႔
ေတာင္ စိတ္ကူးထဲ မရိွပါ။

ျဖဴျဖဴ အတြက္ ေခါင္ယံမိႈင္း က အဲ့ဒီေလာက္ထိ
အေရးမပါပါ။

ျဖဴျဖဴ အတြက္ အခု အေရးႀကီးေနတာက
ပန္းၿမိဳင္ေဂဟာ အတြက္ ျဖဴျဖဴ အိပ္ေပးရ
မယ္ဆိုတဲ့ အေၾကာင္းပင္။

" ျဖဴျဖဴ နင္ ဘာမွ အားမငယ္နဲ႔ေနာ္
ေခါင္ယံမိႈင္းက အခုအေပ်ာ္လာတြဲလည္း
ေျပာမရဘူးေလ တစ္ခ်ိန္ခ်ိန္မွာ
သူ နင့္ကို အတည္ခ်စ္သြားရင္ ဘယ္လို
လုပ္မလဲ....??  "

" ဘယ္လို အတည္ခ်စ္သြားမယ္ ဟုတ္လား
ထက္ထက္. ...မလုပ္ပါနဲ႔ဟာ သူ႕ကို ငါ
ေၾကာက္လြန္းလို႔ပါ "

ျဖဴျဖဴ ညစ္ေနပါတယ္ဆိုမွ ထက္ထက္ ေျပာ
လိုက္တဲ့ စကားေၾကာင့္ ပို၍ ညစ္သြားရသည္။

" ဟမ္​...ျဖဴျဖဴ နင္ မိႈင္ေနတာက သူ႕ နင့္ကို
အေပ်ာ္တြဲမွာ ေၾကာက္ေနလို႔ မဟုတ္ဘူးလား "

အမယ္ေလး ျဖဴျဖဴ မိႈင္ေနတာကို ေခါင္ယံမိႈင္း
ေၾကာင့္လို့ ထင္ေန၍ ညစ္​​ေနရာက​ေန
ျဖဴျဖဴ ၿပံဳးမိသြား​ေသးသည္။

" ဘာလို႔ ၿပံဳးေနတာလဲ ျဖဴျဖဴ ...??
နင္ မိႈင္ေနတာက ေခါင္ယံမိႈင္း ေၾကာင့္
မဟုတ္ဘူးလား....??  ေျဖအံုးေလ
ျဖဴျဖဴ....​ေခါင္​ယံမိူွင္​း ​ေၾကာင္​့ မဟုတ္​ဘူးလားလို႔  "

ဇြတ္ေမးေန၍  ျဖဴျဖဴ ေခါင္းယမ္းျပလိုက္ရသည္။

" မဟုတ္ပါဘူး ထက္ထက္ရာ.... ငါ့က
ေခါင္ယံမိႈင္း ကို ႀကိဳက္စရာလား
အဲ့ဒီလို ခပ္ဆိုးဆိုးေကာင္ေတြဆို ငါ့က
ၾကည့္မရဘူး... ၾကည့္မရေတာ့ ႀကိဳက္ဖို႔
ဆိုတာ ေဝလာေဝး...မႀကိဳက္တဲ့အျပင္
သူ႔ကို ငါ့က ေၾကာက္​ေတာင္​ ေၾကာက္မိေသးတယ္ "

" ဒါလည္း မွန္တာပဲ... .ငါလည္း
ေခါင္ယံမိႈင္း ကို ေၾကာက္တယ္
သူ႕က ေခ်ာသာေခ်ာတာ ေၾကာက္စရာႀကီး..
ဒါ့ကို ဒီေက်ာင္းက မိန္းကေလးေတြကလည္း
သူ႕ကိုဆို ဘာလို႔ တမ္းတမ္းစြဲ ေနၾကတာလဲ
မသိဘူး... ႐ုပ္ကေတာ့ အရမ္းေခ်ာပါတယ္
ဒါေပမဲ့ သူ႕ အက်င့္က ေၾကာက္စရာႀကီး "

" အင္း အရမ္းေၾကာက္စရာေကာင္းတယ္...
တစ္ခါတစ္ေလ သူ ထထေသာင္းက်န္းရင္
ငါေလ  ေၾကာက္တဲ့ စိတ္ကို မနည္းကို
ထိန္းေနရတာ...... "

" ငါ့က နင့္ထက္  ဆိုးတယ္ ျဖဴျဖဴ ရ....
မေန႔က သူ လစ္လိုက္ေတာ့လို႔ ေျပာတာနဲ႔
ငါ့မွာ နင့္ကိုေတာင္ မႏႈတ္ဆက္ရဲဘူး
သူ႕ကုိ ေၾကာက္ခ်က္က.... "

" ဟားဟား.....ဟားဟား "

" ဟားဟား.. .ဟားဟား "

ထက္ထက္ ေျပာတာ ရယ္စရာေကာင္းေန၍
ျဖဴျဖဴ အားရပါးရ ရယ္ခ်ပစ္လိုက္သည္။
ထက္ထက္ကလည္း ျဖဴျဖဴ နည္းတူ
လိုက္ရယ္ေနေလသည္။ ခဏ​ေလာက္​​ေတာ့
ရယ္​​ေနရင္​းနဲ႔ ျဖဴျဖဴ ကို ၾကည္​့လာခဲ့သည္​။

" ဒါေၾကာင့္ ငါ့ကို စိတ္မဆိုးနဲ႔အံုး ျဖဴျဖဴ...
သူ လာလို႔ ငါ ေၾကာက္ၿပီး ထြက္ေျပးရင္ "

" ေအးပါ ငါ စိတ္မဆိုးပါဘူး... "

ထက္ထက္ အမွန္အတိုင္း ေျပာလာေတာ့
ျဖဴျဖဴ စိတ္မဆိုးေတာ့ပါ။  ဒါနဲ႔ ဒီေန႔
မနက္ အရမ္းကို ေအးခ်မ္းေနသည္။
ဘာလို႔ဆို dangerous ​ေကာင္​
မလာလို႔​ေလ။ ခ်စ္သည္းမာန္ က ေခါင္ယံမိႈင္း နဲ႔
အတူတူ ရိွေနေတာ့ ျဖဴျဖဴ အတြက္
သိပ္ကို ေအးခ်မ္းသည္။  ခ်စ္သည္းမာန္ သာ
ေန႔တိုင္း ေခါင္ယံမိႈင္း နဲ႔ အတူတူရိွေနေပးရင္
သိပ္ကို ေကာင္းမွာပဲ။  ဒါဆို ျဖဴျဖဴ
dangerous ေကာင္ရဲ႕ ရန္ကေန
လြတ္မည္။

မေန႔ကေတာင္ သူ စိတ္တိုေနလို့ ျဖဴျဖဴမွာ
ေၾကာက္ၿပီး စကားကို မေျပာရဲ။

>>>>>>>>>>>>>>>>

" ဒါ့က ငါ့ ခ်စ္သူ နန္းခမ္း တဲ့ ..
ဘယ္လိုလဲ ျခားနား ငါ့ ေကာင္မေလးက
လွတယ္မလား...??  "

" ရႊတ္... "

နန္းခမ္း ဆိုတဲ့ ေကာင္မေလးရဲ႕ ပါးကို နမ္း
ၿပီး လွလားေမးေနတဲ့ ေသြးသစ္ ပံုစံက
သူ႕ ရင္ကို ဓားနဲ႔ အေသထိုးေနသလိုေပ။
ခါတိုင္း ေသြးသစ္ က တြဲသမွ် မိန္းကေလး
ေတြနဲ႔ သူ႕ကို မိတ္ဆက္မေပးခဲ့။
ဒီေန႔ေတာ့ ထူးထူးျခားျခား နန္​းခမ္​းဆိုတဲ့
​ေကာင္​မ​ေလးနဲ႔ မိတ္ဆက္ေပးေနေလသည္။
မဟုတ္​မွလြဲ​ေရာ ​ေသြးသစ္​ အတည္​​တြဲ​ေတာ့မယ္​့
​ေကာင္​မ​ေလး မ်ားလား။ ​အတည္​သာ တြဲရင္​
သူ ရင္​ကြဲမည္​။ ဒါ​ေပမဲ့ ​ေျပာမရ​ေသးပါ
​ေသခ်ာ​ေအာင္​ ​ေမးၾကည္​့ရအုံးမည္​။

" လွတယ္ ေသြးသစ္.... ဒါနဲ႔ ဒီေကာင္မေလး
က မင္​း အရင္လို အ​ေပ်ာ္​တြဲ...... "

" ေဟ့..​ေဟ့.... ေဟ့ ျခားနား ရပ္လိုက္ေတာ့
ဒါ့က အရင္  မိန္းကေလးေတြနဲ႔
မတူဘူး.... ဒီတစ္ခါ ငါ့က  အတည္တြဲမွာ
ဟုတ္တယ္ေနာ္ နန္း ...နန္းကို
ကိုယ့္ကအတည္တြဲမွာ အဲ့ဒါကို နန္း
ယံုတယ္မလား..??  "

" ယံုတယ္ ကိုေသြး....ယံုလို႔ ကိုေသြးကို
နန္းက အေျဖျပန္ေပးခဲ့တာပဲ... ေနာက္ၿပီး
ကိုေသြးပဲ ေျပာတယ္ေလ ကိုေသြး တြဲသမွ်
မိန္းကေလး ေတြကို နန္းလို တစ္ခါမွ
မိတ္ဆက္မေပးဖူးဘူးဆို... နန္း တစ္ေယာက္
ကိုပဲ ကိုေသြးက မိတ္ဆက္ေပးတာဆို "

" အား... သိပ္မွန္ နန္းေလးရယ္...
နန္းက ကိုယ္ ေျပာခဲ့သမွ် စကားေတြကို
အသည္းထဲထိ မွတ္ထားတာပဲ ခ်စ္လိုက္တာ
နန္းရယ္  "

မ်က္စိေရွ႕တင္ တစ္ေယာက္နဲ႔ တစ္ေယာက္
နမ္းေနၾကေတာ့ ျခားနား ဆက္မၾကည့္ဝံ့ေတာ့ပါ။
မၾကည့္ရက္တာထက္ သူ ့ ႏွလုံးသားက
မၾကည့္ရဲတာဆိုရင္ ပို၍  မွန္မည္။

ဒီေတာ့ ထလာလိုက္သည္။

သူ ေသြးသစ္ ကို ဆက္ၿပီး ခ်စ္ခြင့္မရိွေတာ့ပါ။
ေသြးသစ္ က အခု အတည္တြဲလိုက္ၿပီေလ။
နာက်င္လိုက္တာ ကိုယ္ ခ်စ္တဲ့သူ
တစ္ျခား တစ္ေယာက္နဲ႔ နမ္းေနတာကို
ျမင္ရတာ။

ေသြးသစ္ နမ္းတဲ့သူက သူ ျဖစ္ရင္ သိပ္ကို
ေကာင္းမွာပဲ။  ေသြးသစ္ ကို ရွစ္တန္းမွာကတည္း
က ႀကိဳက္ေနတယ္ဆိုတာ သူ သိလိုက္ရသည္။
ဒါေၾကာင့္ ေသြးသစ္ နဲ႔ ေခါင္ တို႔ ေကာင္မေလး
ေတြနဲ႔ ႐ႉပ္ေနသေလာက္ သူ ဘယ္ေတာ့မွ
ရည္းစားမထားခဲ့။ ေနာက္ေတာ့မွ ေခါင္နဲ႔
ေသြးသစ္ က သူ ရည္းစားမထားတာကို
​ေမးလာ​ေတာ့ သူ႕မွာ ေဂးထင္မွာစိုးၿပီး ဟန္ေဆာင္
ရည္းစား ႏွစ္ေယာက္ေလာက္ ထားျပရေသးသည္။
ေနာက္ပိုင္းေတာ့ အခ်စ္ကို စိတ္မဝင္စားေသးဘူး
ဆိုတဲ့ အေၾကာင္းျပခ်က္နဲ႔ သူ ဘယ္သူ႕ကိုမွ
မတြဲေတာ့ေပ။  တစ္နည္းအားျဖင့္ ေသြးသစ္
ကို သူ ခိုးခ်စ္ေနခဲ့သည္။

သူ႕ကသာ ခိုးခ်စ္ေနရတာ ေသြးသစ္ဆိုတဲ့
ေကာင္ကေတာ့ သူ ခ်စ္ေနတာကို တစ္စက္ေလးမွ
မသိ။

ကိုယ့္ကို မခ်စ္ႏိုင္တဲ့ လူတစ္ေယာက္ကို
ခ်စ္ရတာ အရမ္းပင္ပန္းသည္။
အထူးသျဖင့္ မိန္းကေလးေတြကိုပဲ
ႀကိဳက္တဲ့ ေသြးသစ္ လို အေျဖာင့္ႀကီး
ကိုေပါ့။  သူလည္း မေကြးပါ။ 
ေယာက်ၤားေလး ခ်င္း ႀကိဳက္မိတာဆိုလို႔
ေသြးသစ္ တစ္ေယာက္တည္းပဲ ရိွသည္။

တျခား ဘယ္ေယာက်္ားေလးကိုမွ သူ
မႀကိဳက္။  ေသြးသစ္ တစ္ေယာက္တည္း
ကိုပဲ သူ ႀကိဳက္သည္။  သူရဲ႕ ေကြးျခင္းက
ေသြးသစ္ တစ္ေယာက္တည္းအတြက္ပါ။

" ဘုန္း.....!!!  "

ဝမ္းနည္းေနတာနဲ႔ ေရွ႕က လူကို ​ေသြးသစ္​
မျမင္လိုက္၊တိုက္မိၿပီး ေအာက္ကို ပစၥည္းေတြ
ျပဳတ္က်မွ တိုက္မိတယ္​ဆိုတာ အသိဝင္သည္။

" အစ္မ ဘာျဖစ္သြားေသးလဲဟင္....??
ရရဲ႕လားမသိဘူး... က်​ေတာ္​ ​ေတာင္​းပန္​ပါတယ္​
​ေနာ္​ "

ေျပာေျပာဆိုဆိုနဲ႔ ပစၥည္းေတြ ကူေကာက္​ေပးရင္း
ၾကည့္လိုက္ေတာ့  လြန္ႀကိဳးျဖဴျဖဴ ကို
ျခားနား ေတြ႕လိုက္ရသည္။
ဟင္​...သူနဲ႔ တိုက္မိတဲ့သူက မျဖဴျဖဴ ပါလား။

" က်ေတာ္ ေတာင္းပန္ပါတယ္​ေနာ္​ မျဖဴျဖဴ...
က်ေတာ္ မျဖဴျဖဴ ကို မျမင္လို႔ တိုက္မိသြား
တာပါ က်ေတာ္ ေတာင္းပန္ပါတယ္ေနာ္ "

ျဖဴျဖဴ ပစၥည္းေတြ ေကာက္​ေပးၿပီး လက္ထဲ
ထည့္ေပးလာရင္းနဲ႔ ေတာင္းပန္လာေသာ
ေခါင္ယံမိႈင္း ရဲ႕ သူငယ္ခ်င္း ထူးျခားနား
ဆိုေသာ ေကာင္ေလး။ အ​ေတာ္​့ကို
ယဥ္​​ေက်းမူွ ရိွတာပဲ။ အမွားလုပ္​ထားရင္​
​ေတာင္​းပန္​တတ္​သည္​။ ​ေခါင္​ယံမိူွင္​းနဲ႔
လုံးဝ မတူပါ။

" ရပါတယ္ ေမာင္ေလးထူးျခားနား.. .
အစ္မလည္း မင္းကို မျမင္လိုက္ဘူး
အစ္မ အေတြးနဲ႔ အစ္မ ဆိုေတာ့ "

" ဟုတ္ မျဖဴျဖဴ. ...ဒါနဲ႔ က်ေတာ့္ ကို
ျခားနားလို႔ပဲ ေခၚပါ... ေခါင္နဲ႔ ပတ္သက္ၿပီး
သိေနၾကတဲ့ သူဆိုေတာ့ ရင္းရင္းႏီွးႏီွးေပါ့
မျဖဴျဖဴ ရာ "

" အင္း ျခားနား "

ဒီေကာင္ေလးကိုေတာ့ ဘာရယ္မဟုတ္
စေတြ႕ကတည္းက အျမင္ၾကည္ေနသူဆိုေတာ့
ျဖဴျဖဴ ေခၚေပးလိုက္သည္။

" ဒါနဲ႔ မျဖဴျဖဴ... မျဖဴျဖဴ မ်က္နွာက
ဘာျဖစ္ေနတာလဲဟင္​ သိပ္မေကာင္းသလိုပဲ "

" ဘာမွ မဟုတ္ပါဘူး ျခားနားရယ္​ .. မျဖဴ က
ဒီတိုင္း ေဂဟာမွာ ဝမ္းနည္းစရာေလး
ရိွလို႔ပါ "

" ေျပာၾကည့္ပါလား မျဖဴျဖဴ... မျဖဴျဖဴ
ဝမ္းနည္းတဲ့ အေၾကာင္းေလး
က်ေတာ္ ကူညီႏိုင္ရင္ ကူညီေပးမယ္ေလ "

" အေရးမႀကီးပါဘူး ျခားနား ရယ္...
မျဖဴက ဒီတိုင္း ေတြးမိၿပီး ဝမ္းနည္း႐ံုပါ
မျဖဴ အတြက္ အေရးမႀကီးဘူး
ဒါနဲ႔ ျခားနား ေရာ မျဖဴ ကို
မျမင္ဘဲ တိုက္မိတာဆိုေတာ့ ျခားနားမွာ
ေရာ ဘာ​ေတြမ်ား ညစ္စရာ ရိွလို႔လဲ
ေနာက္ၿပီး ခုဏက ျခားနား မ်က္ဝန္းမွာ
ဝမ္းနည္းေနတဲ့ အရိပ္အေယာင္ေတြ
မျဖဴ ျမင္လိုက္ရတယ္... မဟုတ္မွလြဲေရာ
ျခားနား အသည္းကြဲလို႔လား... ??"

"  ဟာ.. မျဖဴျဖဴက တကယ္​လူအကဲခတ္ေတာ္တာပဲ
က်ေတာ္ နဲ႔ တအားႀကီး မခင္တာေတာင္
က်ေတာ့္ မ်က္ႏွာၾကည့္ၿပီး ခန္႔မွန္းႏိုင္တယ္ "

" ဒါဆို မျဖဴ မွန္းတာ မွန္တယ္ေပါ့ ျခားနား... "

" အင္း မျဖဴျဖဴ မွန္းတာ မွန္တယ္..
က်ေတာ္ အသဲကြဲေနတာ "

အသဲကြဲေနတယ္ဆိုလိုက္ေတာ့ ျဖဴျဖဴ ပို၍
အံ့ဩမိသြားသည္။ ျခားနားလို ေခ်ာတဲ့
ေကာင္ေလးမွာလည္း ျဖဴျဖဴ မွန္းလိုက္သလို
အသဲကြဲတာပါ ရိွေနပါလား။

" မျဖဴ  ကို ရင္ဖြင့္လို႔ ရတယ္ေနာ္ ျခားနား...
မျဖဴ ကို မင္း အစ္မ တစ္ေယာက္လို
သေဘာထားရင္​ေပါ့... မင္း ရင္ဖြင့္တာကိုလည္း
ဘယ္သူ႕ကိုမွ ျပန္မေျပာဘဲ  မျဖဴ
နားေထာင္ေပးသြားမယ္ "

ဝမ္းနည္းေနခ်ိန္ဆိုေတာ့ မျဖဴျဖဴ စကားေတြ
က ျခားနား အတြက္ အားအင္တစ္ခုလိုပါ။
ဒီေတာ့ အမွန္အတိုင္း ေျပာျပဖို႔သာ
ဆံုးျဖတ္လိုက္သည္။  မျဖဴျဖဴ ကို
သူ ယံုၾကည္သည္။

>>>>>>>>>>>>>>

" က်ေတာ့္ အတြက္ အရမ္းပင္ပန္းတယ္
မျဖဴျဖဴ... မိန္းကေလးေတြကိုပဲ ႀကိဳက္တဲ့
ေသြးသစ္ ကို ခ်စ္ေနရတာ.... မျဖဴျဖဴ သိလား
ကိုယ့္ကို မခ်စ္ႏိုင္တဲ့သူကို ခ်စ္ရတာ
အရမ္းပင္ပန္းတယ္ဆိုတာ "

ေသြးသစ္ၿဖိဳး ကို ခ်စ္ေနတဲ့ အေၾကာင္း
ျခားနား က ေျပာျပလာေတာ့ ျဖဴျဖဴ အနည္းငယ္
အံ့ဩမိသြားသည္။ ဒါေပမဲ့ ေတြးၾကည့္ရင္
သိပ္အံ့ဩစရာမေကာင္းပါ။ အခ်စ္ဆိုတာက
ေယာက်ၤားနဲ႔ မိန္းမပဲ ခ်စ္ႏိုင္ၾကတာမဟုတ္ဘူးေလ။
မိန္းကေလး အခ်င္းခ်င္း၊  ေယာက်ၤားေလး အခ်င္း
ခ်င္း ခ်စ္မိလည္း အဲ့ဒါ အခ်စ္ပဲ။

" အဟက္​.. က်ေတာ့္ ကို တစ္မ်ဳိးထင္သြားၿပီလား
မျဖဴျဖဴ... ေယာက်ၤားေလး အခ်င္းခ်င္း
ခ်စ္ေနတယ္ဆိုေတာ့ "

" ဟင့္အင္း ျခားနား... အခ်စ္မွာ အဲ့ဒီလို
မရိွဘူး....လူ တစ္ေယာက္ နဲ႔ တစ္ေယာက္
ခ်စ္ၾကရင္ အဲ့ဒါ အခ်စ္ပဲ... မျဖဴ
လူတိုင္းကို အထင္လည္း မႀကီးတတ္သလို
အထင္လည္း မေသးတတ္ဘူး...
အခ်စ္ဆိုတဲ့ အရာက အျပစ္ကင္းစင္ပါတယ္
ခ်စ္ၾကတာနဲ႔ လက္ထပ္ထိမ္းျမားခ်င္းဆိုတာက
ေနာက္ကေန ကပ္ပါလာတယ္...
လက္ထပ္တယ္ဆိုတာကလည္း လူႏွစ္ေယာက္
လက္ထပ္တာပဲေလ... အထီးနဲ႔ အမနဲ႔မွ
လက္ထပ္ရမယ္လို႔ ဘယ္သူမွ
အမိန္႔ မထုတ္ထားဘူး...လက္ထပ္တဲ့
အခ်ိန္ ခ်စ္ေနတဲ့ လူႏွစ္ေယာက္ ရိွေနဖို႔ပဲ
လိုတယ္​လို႔ မျဖဴ ထင္တယ္ "

" ဟုတ္ မျဖဴ... အခုလို က်ေတာ့္ ကို
အားေပးလို႔ ေက်းဇူးပါေနာ္..ရင္းႏီွးသြားေအာင္
လို႔ မျဖဴလို႔ပဲ က်ေတာ္ ေခၚေတာ့မယ္...
မျဖဴေရာ က်ေတာ့္ လို မခ်စ္ႏိုင္တဲ့
လူတစ္ေယာက္  ကို ခ်စ္မိလား....??  "

" ဟင့္အင္း ျခားနား.... မျဖဴ မခ်စ္ဖူးဘူး
အခ်စ္ဆိုတာကို မျဖဴ ဘဝထဲကေန ထုတ္ပယ္
ထားတယ္... ."

" ဟင္... ဘာလို႔လဲ မျဖဴ...?? မျဖဴက
ဘာလို႔ ထုတ္ပယ္ထားတာလဲ...??  "

ျခားနား ေမးလာေတာ့ ျဖဴျဖဴ အမွန္အတိုင္းပဲ
ေျဖလိုက္ခ်င္သည္။  သူ႕ေတာင္ သူ႕ ဘဝ
အမွန္ကို ျဖဴျဖဴ ကို ေျပာျပေသးတာပဲ။
ျဖဴျဖဴ လည္း သူ႕ကို ျဖဴျဖဴက ဒိြလိင္ ဆိုတာ
ေျပာျပခ်င္သည္။ ဒါေပမဲ့ လူအမ်ဳိးမ်ဳိး
စိတ္အေထြေထြ မဟုတ္လား။  ေျပာျပလိုက္လို႔
ျဖဴျဖဴ ကို အထင္ေသးလာမွာလည္​း
ေၾကာက္သည္။

မာသာကလည္း ျဖဴျဖဴ ကို ဒိြလိင္ ဆိုတာ
ဘယ္သူ႕ကိုမွ ရင္မဖြင့္နဲ႔ မွာထားေတာ့
ျဖဴျဖဴ ေျပာခ်င္လည္း ေျပာလို႔မရပါ။
ဒါေပမဲ့ ျဖဴျဖဴ ဘယ္သူ႕ကိုမွ မလိမ္ခ်င္ပါ။
တစ္ခ်ိန္ခ်ိန္မွာ ဒါေတြက လူေတြ သိကို
သိရမယ္​့ ကိစၥပဲ​ေလ။ ေစာတာနဲ႔ ေနာက္က်တာပဲ
ကြာမည္။

"   မာသာ နဲ႔ ပန္းၿမိဳင္ေဂဟာေၾကာင့္
မျဖဴ အခ်စ္ကို မျဖဴ ဘဝထဲကေန
ထုတ္ပယ္ထားခဲ့တာ ျခားနား....
မျဖဴ အတြက္ ဘဝမွာ  အေရးအႀကီးဆံုးက
  မာသာနဲ႔ ပန္းၿမိဳင္ေဂဟာပဲ ရိွတယ္ ...
မျဖဴ အတြက္ အခ်စ္ မလိုဘူး
မာသာ နဲ႔ ပန္းၿမိဳင္ေဂဟာပဲ မျဖဴ အနား         ရိွဖို႔လိုတယ္....ေမြးကတည္းက
မျဖဴကို မလိုခ်င္လို႔ မိဘေတြက
စြန္႔ပစ္သြားတာေလ...ပန္းၿမိဳင္ေဂဟာက
မာသာ သာ မကယ္ရင္  မျဖဴက
ဒီအခ်ိန္​ဆို ေသေနေလာက္ၿပီ.... အခုလို
ျခားနား ေရွ႕မွာ မျဖဴက အေကာင္းပတိ
ရိွေနမယ္မထင္ဘူး "

မျဖဴ ေျပာမွ အခ်စ္က ဘဝႀကီးလည္း
မဟုတ္ပါဘူး ဆိုတာကို ျခားနား သိလိုက္ရသည္။
သူ႕ ကိုယ္သူ သနားစရာေကာင္းတယ္
ထင္ေနခဲ့တာ မျဖဴက သူ႕ထက္ေတာင္
ပိုသနားစရာေကာင္းေနပါလား။ ဒါေတာင္
မျဖဴ သူ႕ ဘဝအေၾကာင္းေျပာေနတဲ့
အခ်ိန္မွာ မျဖဴ မ်က္ဝန္းမွာဝမ္းနည္းေနတဲ့
အရိပ္အေယာင္ေတြ  တစ္ခ်က္ကေလးေတာင္
မျမင္ရ။ မျဖဴက မိန္းကေလး မတန္မဲ့
သူ႕ထက္ေတာင္ ႀကံ့ခိုင္ေနတာပဲ။

" မျဖဴက အရမ္းႀကံ႕ခိုင္တာပဲ မိန္းကေလး
မတန္မဲ့.....က်ေတာ္ ေတာင္ မျဖဴေလာက္
မႀကံ႕ခိုင္ဘူး ...အကယ္၍ က်ေတာ္သာ
စြန္႔ပစ္ခံရရင္ ဝမ္းနည္းေနမွာ ေသခ်ာေပါက္ပဲ.. .
ဒါတင္မကေသးဘူး က်ေတာ့္ ကို
ဘာေၾကာင့္ စြန္႔ပစ္တာလဲဆိုၿပီး စြန္႔ပစ္ခဲ့တဲ့
မိဘေတြကို ရေအာင္ျပန္ရွာၿပီး က်​ေတာ္​့က
ေမးအံုးမွာ... မျဖဴေရာ က်ေတာ့္ လို
မေမးခ်င္ဘူးလား...?? "

အမွန္အတိုင္း ေျပာရရင္ ျဖဴျဖဴ ေမးခ်င္သည္။
ဒါေပမဲ့ ျဖဴျဖဴ မွာ ေမးခြင့္မွ မရိွတာ။
ျဖဴျဖဴ က ဒိြလိင္ေလ။  ျဖဴျဖဴ အဂၤါထဲမွာ
မိန္းမအဂၤါ အျပင္ ေယာက်ၤားအဂၤါႀကီးကပါ
တြဲရက္ပါေနတာ။ ဒါေၾကာင့္ ျဖဴျဖဴ အစြန္႔
ပစ္ခံလိုက္ရတာေပ။

တကယ္လို႔ ျဖဴျဖဴ သာ ဒိြလိင္ မဟုတ္ဘဲ
ပံုမွန္အတိုင္း ေမြးဖြားလာသူဆိုရင္
သြားၿပီး ေမးအံုးမွာ ျဖဴျဖဴ ကို ဘာလို႔
စြန္႔ပစ္တာလဲဆိုၿပီး။
အခုေတာ့ ျဖဴျဖဴ ဘဝက ဒိြလိင္ ဆိုတာႀကီး
ေၾကာင့္ ေမးခြင့္ပင္ မရိွေတာ့ေပ။
မေမးခင္ကတည္းက အေျဖက တစ္ခါတည္း
သိနွင္​့​ေနၿပီးသားေလ။

" မျဖဴ  မေမးခ်င္ေတာ့ပါဘူး ျခားနား ...
သူတို႔မွ မျဖဴကို မလိုခ်င္လို႔ စြန္႔ပစ္သြားတာေလ
မျဖဴ က အရွက္မရိွစြာနဲ႔ သူတို႔ေရွ႕
သြားၿပီး ဘာလို႔ စြန္႔ပစ္တာလဲလို႔ ထပ္ေမးေနရင္
မျဖဴပဲ ပိုၿပီး အရွက္မရိွ ျဖစ္ေနလိမ့္မယ္...
သူတို႔သာ မျဖဴကို လိုခ်င္ရင္ အခုလို
ပစ္သြားမယ္မထင္ဘူး "

" ဒါလည္း မွန္တာပဲ မျဖဴ.... ဒါနဲ႔ မျဖဴ
စိတ္မဆိုးနဲ႔ေနာ္ က်ေတာ္ တစ္ခုေလာက္
ေမးခ်င္လို႔..."

" ေမးေလ ျခားနား...မျဖဴ ဘာမွမျဖစ္ပါဘူး
အဆင္ေျပပါတယ္...."

" ဟိုေလ... မျဖဴေလ အေဖနဲ႔ အေမဆိုတဲ့
အေခၚအေဝၚေလးကို တစ္ခါတစ္ေလ ေခၚခ်င္စိတ္
ျဖစ္မိလား....??  "

"   အမွန္အတိုင္း ေျဖရင္ေတာ့
တျခားကေလးေတြ သူတို႔ မိဘေတြနဲ႔
ေပ်ာ္ရြင္ေနတာ ျမင္ရင္ မျဖဴ အရမ္​းအားက်တယ္...
ေနာက္ၿပီး ျခားနား ေျပာသလို မျဖဴ ေခၚလည္း
ေခၚခ်င္တယ္... ဒါေပမဲ့ ေခၚခ်င္ေပမဲ့လည္း
သူတို႔က မျဖဴ ကို စြန္႔ပစ္သြားခဲ့တာေလ.. ..
အဲ့ဒါကို မျဖဴက ဘယ္ကို လိုက္ရွာၿပီး
အရွက္မရိွစြာနဲ႔ သြားေခၚေနရမွာလဲ.. .??
အကယ္၍ မျဖဴ ေခၚခ်င္ရင္ေတာင္မွ
မိဘေတြက ဘယ္သူမွန္း မသိလို႔ ဘယ္သူ႕ကို
အေဖနဲ႔ အေမလို႔ သြားေခၚရမွန္း မသိတဲ့ ဘဝ...
ဒါ့အျပင္ အေဖနဲ႔ အေမဆိုတဲ့ စကားလံုးေလးက
မျဖဴနဲ႔ အရမ္းကို စိမ္းသက္ေနတယ္...
အခု မျဖဴ​ေလ  အေဖနဲ႔ အေမလို႔ သံုးေနတာကိုက
မျဖဴ အတြက္ ​ေျပာ​ေနရတာက တမ်ိဳးႀကီး....
တစိမ္းေတြ အလားပဲ "

" ဟင္​.. ျခားနား မင္း မ်က္ဝန္းက
မ်က္ရည္ၾကည္ေတြ ဝဲေနၿပီ.....ဘာလို႔လဲ
ဟင္​ မျဖဴ အတြက္ စိတ္မေကာင္း
ျဖစ္သြားတာလား... ?? "

" ဟုတ္တယ္ မျဖဴ.. .မျဖဴ ကို က်ေတာ္
သနားလို႔ ငိုေတာင္ ငိုခ်င္မိသြားတယ္ "

ျဖဴျဖဴ က မငိုရဘဲ သူ႕ မ်က္ဝန္းမွာ
မ်က္ရည္ၾကည္ေတြ ဝဲေနေတာ့ ျဖဴျဖဴ
အံ့ဩမိသြားသည္။ သူလည္း ျဖဴျဖဴ သူငယ္ခ်င္း
ထက္ထက္လို နွလုံးသား ႏူးည့ံသည္​။

" တိတ္တိတ္ ျခားနား. ..!! မင္းက
ကေလးေလး က်ေနတာပဲ ကာယကံရွင္
ျဖစ္တဲ့ မျဖဴ ေတာင္ မငိုဘူး...
မင္းက ငိုေနတာ တကယ့္ ကေလးေလး
အလားပဲ "

ေျပာကာဆိုကာ ျဖဴျဖဴ မ်က္ရည္ေတြ သုတ္ေပး
လိုက္ေတာ့ သူ႕က ျဖဴျဖဴ သုတ္ေပးတာကို
ၿပံဳးၿပီး ၾကည့္လို႔။ ထိုအခ်ိန္မွာ ျခားနား
ျပဳံးလိုက္​တာက  ျဖဴျဖဴ အတြက္ ေမာင္ေလး
တစ္ေယာက္ ေကာက္ရလိုက္သလိုေပ။

ႏွစ္ေယာက္သား တစ္ေယာက္ နဲ႔ တစ္ေယာက္
ၿပံဳးၿပီးၾကည့္ေနၾကတာကို အကြယ္ကေန
လူတစ္​​ေယာက္​က ဓာတ္ပံု ႐ိုက္လိုက္တာကိုေတာ့
သူတို႔ႏွစ္ေယာက္စလံုး မသိခဲ့ပါေခ်။

Part  19 ေမွ်ာ္.................................
( ျဖဴျဖဴ နဲ႔ အိပ္ခ်င္ေနတဲ့ လူႀကီးက ဦးေစပါ
ဒါနဲ႔ ဒါဒါေလးေတြ​ေတာ္​​ေတာ္​မ်ားက
ဦးႀကိဳက္ၾကတာ မ်ားၾကေတာ့
ဦးႏိုင္ေစမာန္ႀကီးကို ႀကိဳက္လိုက္​ၾကပါလား 🤣🤣🤣
သူ႕က ဦးအရြယ္ပဲေလ 😆😆😆😆
ေလယူရာယိမ္းကေတာ့  အစကတည္းက ဦးဆို
မႀကိဳက္လို႔ ေမာင္ေလးေခါင္ကိုပဲ
ယူပါ့မယ္ 😆😆😆😆😆 ဦးဆို
အေသရရ အရွင္ရရ ႀကိဳက္ၾကသူမ်ား
ဦးႏိုင္ေစမာန္ႀကီးကို ယူၾကပါ က်မေလယူရာယိမ္းက
ဒါဒါေလးေတြကို ခ်စ္လို႔ ဖရီးေပးပါ့မယ္ 🤣🤣🤣🤣)

ခ်စ္​တယ္​​ေနာ္​ မင္​မင္​ရဲ႕ ဒါဒါ​ေလး​ေတြ.......😍😍😘😘
ဒီအပိုင္းေလးနဲ႔ ပတ္သက္ၿပီး ဒါဒါေလးေတြရဲ႕ မန္႔ကို
မင္မင္ေလယူရာယိမ္း ေစာင့္ေမွ်ာ္လ်က္.. ......😍😍😘😘

#​ေလယူရာယိမ္​း

☆☆☆☆♡⃛   အချစ်က သူစေစားရာ   ♡⃛ ☆☆☆☆
( Part - 18  )

" မနက်ဖြန်ညမှာ ကလေးက ဦး အပိုင်
ဖြစ်ရတော့မှာပါလား.... ရင်တွေခုန်လိုက်တာ
က​လေးရယ်​...မနေ့ကလည်း ဦး အိပ်မရဘူး
ဒီနေ့ရော ညရောက်ရင် ဦး အိပ်ပျော်ပါ့မလား
မသိဘူး "

ဖုန်းထဲက လွန်ကြိုးဖြူဖြူ ဓာတ်ပုံလေးကို ကြည့်​ရင်း
ရုံးခန်းထဲမှာ ဦးနိုင်စေမာန် ပီတိတွေ ဖြာနေခဲ့၏ ။

ဘယ်သူ့က ယုံမှာလဲ။  ကလေး အကြောင်း
သူ တိတ်တိတ်လေး စုံစမ်းနေတဲ့အချိန်၊
ကလေး နေရပ်လိပ်စာကို အတိအကျသိသွားတဲ့
အပြင် ဒါ့အပြင် သူ သွားနေကျ သူ့မိတ်ဆွေ Zoe လောင်းကစားရုံက ကလေးတို့ ဂေဟာကို
သိမ်းဖို့ ပြင်နေပြီလေ။

ဒီတော့ သူ့ အတွက် အတော်ဖြစ်သွားခဲ့သည်။
သူ့ မိတ်ဆွေက တစ်ဆင့် အကူအညီ
တောင်းလိုက်ရာ ကလေး သူ့ဆီ ပါလာဖို့က
သူ့ အတွက် အရမ်းကို လွယ်ကူသွားခဲ့သည်။

မနက်ဖြန်ညကျရင်တော့ ကလေးနဲ့ သူ ပျော်စရာ
တွေ တစ်ညလုံး ဖန်တီးပစ်မည်။ ကလေး
တစ်ကိုယ်လုံးကိုလည်း သူ့ အနမ်းတွေနဲ့
တောက်လျှောက်ပွတ်ဆွဲပြီး ပျော်စရာ နိဗ္ဗာန်​
ဆီ ချီတက်သွားမည်။​တွေးရင်းနဲ့ စိတ်​တွေက
ထိန်းမရ​တော့ပါ။ အခုကို က​လေးနဲ့ အိပ်​ချင်​
​နေပြီ​လေ။

" အာဘွား...မွမွ ဦးရဲ့  ကလေးလေး
ဦးရဲ့ ချစ်တုံးလေး...."

လွန်ကြိုးဖြူဖြူ ပုံကို နမ်းရင်း ဦးနိုင်စေမာန်
မျက်နှာကြီးက သွေးဆာနေတဲ့ လူတစ်ယောက်
လိုပါ။

*************************

" ခေါင်ယံ  ....!! ငါ ဗိုက်တွေ အောင့်နေတယ် "

ခေါင် ဒေါ်ဖြူဖြူ အတန်းထဲကို သွားမယ်အလုပ်
ချစ်သည်း က ရောက်လာပြီး ခါးကို ဖက်လိုက်ကာ
ဗိုက်အောင့်တယ် လုပ်နေတော့ သူ သွားလို့
မဖြစ်တော့ပါ။ 

" နင် ဆေးမသောက်ထားဘူးလား ချစ်သည်း "

" ဟင့်အင်း ငါ မသောက်ရသေးဘူး.... "

" နင့်ကတော့ တကယ်ပေါ့ဆတာပဲ....
လာ ဆေးသွားသောက်မယ် နင်
သောက်နေကျဆေး ဆေးပေးခန်းထဲမှာ ရှိတယ် "

ချစ်သည်းမာန် လက်ကို ဆွဲကာ ခေါင် ဆွဲခေါ်
သွားခဲ့သည်။  ချစ်သည်းမာန်မှာ တော့
သူမကို စိတ်ပူနေတဲ့ ခေါင်ယံမှိုင်း မျက်နှာလေးကို
ကြည့်ကာ သဘောတွေ ကျနေလေသည်။

လွန်ကြိုးဖြူဖြူ ဆီ ခေါင်ယံ သွားမှာသိလို့
ချစ်သည်း မသွားအောင် ချစ်သည်း
ဗိုက်အောင့်တာကို အကြောင်းပြခဲ့သည်။ 
ချစ်သည်း ဗိုက်အောင့်တယ်ပြောရင် ခေါင်ယံက ပျာယာခတ်တတ်သည်။ ဒါ့က ငယ်ငယ်တုန်းက
ချစ်သည်းတို့ အိမ်ဘေးနားက ကလေးတွေနဲ့
ငရုတ်သီး စားတာ ပြိုင်ကြသည်။  ခေါင်ယံ က
မစားနိုင်တော့ ခေါင်ယံ အစား ချစ်သည်းက
ပိုစားပေးခဲ့သည်။ ဒီတော့ ချစ်သည်း အစားလွန်ပြီး
ဆေးရုံ တက်ခဲ့ရသည်။  အဲ့ဒီကတည်းက
ခေါင်ယံ က ချစ်သည်း ဗိုက်အောင့်ရင်
သူကြောင့်ဆိုပြီး ပျာယာတွေ ခတ်နေလေသည်။

ပုံမှန် ခေါင်ယံ တခြားမိန်းကလေးတွေနဲ့ တွဲ ရင်
ချစ်သည်း ဝင်မရှူပ်​တတ်ပါ။  သုံးလကျော်မှသာ
ဝင်ရှူပ်လေ ရှိသည်။ အခုကတော့ မရူပ်လို့
မရ လွန်ကြိုးဖြူဖြူ ဆိုတဲ့ မိန်းမက အရမ်းကို
လှနေတာလေ။  ခေါင်ယံ ထိုမိန်းမဆီ ပါသွားမှ
ချစ်သည်း အရမ်း ကြောက်သည်။

ဟိုတစ်ခါက လွန်ကြိုးဖြူဖြူ ခြေထောက်ကို
ချစ်သည်း လုပ်တာလားလို့တောင် ခေါင်ယံ
က မေးသေးသည်။ အဲ့ဒီကတည်းက
ခေါင်ယံ စိတ်တွေ လွန်ကြိုးဖြူဖြူဆီ
ရောက်နေတာပေ။ ဒါ့ကို ချစ်သည်း
သိပ်ဂရုမပြုမိဘဲ ဘားသွား ၊ ကလပ်တက်လိုက်နဲ့
ပျော်နေခဲ့သည်။ ဒီနေ့ ချစ်သည်း သူငယ်ချင်း
သရဖီက ပြောလာခဲ့သည်။ လွန်ကြိုးဖြူဖြူ
က ခေါင်ယံ ကို အပိုင်ဖမ်းနေပြီတဲ့။

ဒီလိုတော့ အဖြစ်ခံလို့ မရ၊  ခေါင်ယံ က
ချစ်သည်း အပိုင်။ ခေါင်ယံ ကို လွန်ကြိုးဖြူဖြူ
ဆီ သွားမရအောင် လုပ်ရမယ့်အပြင်
လွန်ကြိုးဖြူဖြူကိုလည်း ချစ်​သည်း
ပညာပေးရမည်။

********************

" နင့်ကို ငါ့ စေတနာနဲ့ သတိပေးတာနော်
လွန်ကြိုးဖြူဖြူ.. ခေါင် က နင့်ကို အပျော်တွဲ
​နေတာ အချိန်တန် သူ လက်ထပ်ရမယ့်သူက
ချစ်သည်းမာန်ပဲ ဒီမှာကြည့် ဆေးပေးခန်းက
သူတို့ နှစ်ယောက်ပုံတွေ...ချစ်သည်းမာန် ကို
ခေါင် ဆေးတိုက်ပေးနေတဲ့  ပုံလေး
က တကယ့် အသက်ပဲ "

ကျောင်းဂရုထဲ အစောပိုင်းလေးက တက်လာခဲ့သော
ဓာတ်ပုံတွေကို ဖြူဖြူ မြင်ပြီးသားပါ။ ဒါ့ကို
အနောက်တန်းမှာ ထိုင်တဲ့ ပျိုမဒီ ဆိုသော
ကောင်မလေးက ဖြူဖြူ ကို လာပြပြီး
ခေါင်ယံမှိုင်း နဲ့ မပတ်သက်ဖို့ ပြောနေလေသည်။

" နင် သိရက်နဲ့ ဆက်တွဲနေရင် နင်ပဲ
နာကျင်ရမယ်နော် လွန်ကြိုးဖြူဖြူ ....
ခေါင်က ရည်းစားတအားရှူပ်တာ
နင့်ကလည်း ချောတဲ့သူဆိုတော့ သူ့က
အလွတ်ပေးမှာ မဟုတ်ဘူး
ဒါ​ကြောင့်​ငါ့က နင့်ကို စေတနာနဲ့ လာသတိပေးတာ "

ပြောပြီး အနောက်တန်း ပြန်ထိုင်သွားသော
သူ့ကို ဖြူဖြူ တစ်ချက်သာ ကြည့်ပြီး
စိတ်ထဲမှာ  ပူလောင်နေမိသည်။  ဖြူဖြူ
ပူလောင်တာက မနက်ဖြန် ညကျရင် ဖြူဖြူ
ဘဝကို တခြား တစ်ယောက်ဆီ ပေးရတော့မည်။

ခုဏက ခေါင်ယံမှိုင်း ကိစ္စနဲ့ ဖြူဖြူ ယောင်လို့
တောင် စိတ်ကူးထဲ မရှိပါ။

ဖြူဖြူ အတွက် ခေါင်ယံမှိုင်း က အဲ့ဒီလောက်ထိ
အရေးမပါပါ။

ဖြူဖြူ အတွက် အခု အရေးကြီးနေတာက
ပန်းမြိုင်ဂေဟာ အတွက် ဖြူဖြူ အိပ်ပေးရ
မယ်ဆိုတဲ့ အကြောင်းပင်။

" ဖြူဖြူ နင် ဘာမှ အားမငယ်နဲ့နော်
ခေါင်ယံမှိုင်းက အခုအပျော်လာတွဲလည်း
ပြောမရဘူးလေ တစ်ချိန်ချိန်မှာ
သူ နင့်ကို အတည်ချစ်သွားရင် ဘယ်လို
လုပ်မလဲ....??  "

" ဘယ်လို အတည်ချစ်သွားမယ် ဟုတ်လား
ထက်ထက်. ...မလုပ်ပါနဲ့ဟာ သူ့ကို ငါ
ကြောက်လွန်းလို့ပါ "

ဖြူဖြူ ညစ်နေပါတယ်ဆိုမှ ထက်ထက် ပြော
လိုက်တဲ့ စကားကြောင့် ပို၍ ညစ်သွားရသည်။

" ဟမ်​...ဖြူဖြူ နင် မှိုင်နေတာက သူ့ နင့်ကို
အပျော်တွဲမှာ ကြောက်နေလို့ မဟုတ်ဘူးလား "

အမယ်လေး ဖြူဖြူ မှိုင်နေတာကို ခေါင်ယံမှိုင်း
ကြောင့်လို့ ထင်နေ၍ ညစ်​နေရာက​နေ
ဖြူဖြူ ပြုံးမိသွား​သေးသည်။

" ဘာလို့ ပြုံးနေတာလဲ ဖြူဖြူ ...??
နင် မှိုင်နေတာက ခေါင်ယံမှိုင်း ကြောင့်
မဟုတ်ဘူးလား....??  ဖြေအုံးလေ
ဖြူဖြူ....​ခေါင်​ယံမှိူင်း​ကြောင့်​မဟုတ်​ဘူးလားလို့  "

ဇွတ်မေးနေ၍  ဖြူဖြူ ခေါင်းယမ်းပြလိုက်ရသည်။

" မဟုတ်ပါဘူး ထက်ထက်ရာ.... ငါ့က
ခေါင်ယံမှိုင်း ကို ကြိုက်စရာလား
အဲ့ဒီလို ခပ်ဆိုးဆိုးကောင်တွေဆို ငါ့က
ကြည့်မရဘူး... ကြည့်မရတော့ ကြိုက်ဖို့
ဆိုတာ ဝေလာဝေး...မကြိုက်တဲ့အပြင်
သူ့ကို ငါ့က ကြောက်​တောင်​ကြောက်မိသေးတယ် "

" ဒါလည်း မှန်တာပဲ... .ငါလည်း
ခေါင်ယံမှိုင်း ကို ကြောက်တယ်
သူ့က ချောသာချောတာ ကြောက်စရာကြီး..
ဒါ့ကို ဒီကျောင်းက မိန်းကလေးတွေကလည်း
သူ့ကိုဆို ဘာလို့ တမ်းတမ်းစွဲ နေကြတာလဲ
မသိဘူး... ရုပ်ကတော့ အရမ်းချောပါတယ်
ဒါပေမဲ့ သူ့ အကျင့်က ကြောက်စရာကြီး "

" အင်း အရမ်းကြောက်စရာကောင်းတယ်...
တစ်ခါတစ်လေ သူ ထထသောင်းကျန်းရင်
ငါလေ  ကြောက်တဲ့ စိတ်ကို မနည်းကို
ထိန်းနေရတာ...... "

" ငါ့က နင့်ထက်  ဆိုးတယ် ဖြူဖြူ ရ....
မနေ့က သူ လစ်လိုက်တော့လို့ ပြောတာနဲ့
ငါ့မှာ နင့်ကိုတောင် မနှုတ်ဆက်ရဲဘူး
သူ့ကို ကြောက်ချက်က.... "

" ဟားဟား.....ဟားဟား "

" ဟားဟား.. .ဟားဟား "

ထက်ထက် ပြောတာ ရယ်စရာကောင်းနေ၍
ဖြူဖြူ အားရပါးရ ရယ်ချပစ်လိုက်သည်။
ထက်ထက်ကလည်း ဖြူဖြူ နည်းတူ
လိုက်ရယ်နေလေသည်။ ခဏ​လောက်​တော့
ရယ်​နေရင်းနဲ့ ဖြူဖြူ ကို ကြည့်​လာခဲ့သည်​။

" ဒါကြောင့် ငါ့ကို စိတ်မဆိုးနဲ့အုံး ဖြူဖြူ...
သူ လာလို့ ငါ ကြောက်ပြီး ထွက်ပြေးရင် "

" အေးပါ ငါ စိတ်မဆိုးပါဘူး... "

ထက်ထက် အမှန်အတိုင်း ပြောလာတော့
ဖြူဖြူ စိတ်မဆိုးတော့ပါ။  ဒါနဲ့ ဒီနေ့
မနက် အရမ်းကို အေးချမ်းနေသည်။
ဘာလို့ဆို dangerous​ကောင်​
မလာလို့​လေ။ ချစ်သည်းမာန် က ခေါင်ယံမှိုင်း နဲ့
အတူတူ ရှိနေတော့ ဖြူဖြူ အတွက်
သိပ်ကို အေးချမ်းသည်။  ချစ်သည်းမာန် သာ
နေ့တိုင်း ခေါင်ယံမှိုင်း နဲ့ အတူတူရှိနေပေးရင်
သိပ်ကို ကောင်းမှာပဲ။  ဒါဆို ဖြူဖြူ
dangerous ကောင်ရဲ့ ရန်ကနေ
လွတ်မည်။

မနေ့ကတောင် သူ စိတ်တိုနေလို့ ဖြူဖြူမှာ
ကြောက်ပြီး စကားကို မပြောရဲ။

>>>>>>>>>>>>>>>>

" ဒါ့က ငါ့ ချစ်သူ နန်းခမ်း တဲ့ ..
ဘယ်လိုလဲ ခြားနား ငါ့ ကောင်မလေးက
လှတယ်မလား...??  "

" ရွှတ်... "

နန်းခမ်း ဆိုတဲ့ ကောင်မလေးရဲ့ ပါးကို နမ်း
ပြီး လှလားမေးနေတဲ့ သွေးသစ် ပုံစံက
သူ့ ရင်ကို ဓားနဲ့ အသေထိုးနေသလိုပေ။
ခါတိုင်း သွေးသစ် က တွဲသမျှ မိန်းကလေး
တွေနဲ့ သူ့ကို မိတ်ဆက်မပေးခဲ့။
ဒီနေ့တော့ ထူးထူးခြားခြား နန်းခမ်းဆိုတဲ့
​ကောင်​မ​လေးနဲ့ မိတ်ဆက်ပေးနေလေသည်။
မဟုတ်​မှလွဲ​ရော​သွေးသစ်​အတည်​တွဲ​တော့မယ့်​
​ကောင်​မ​လေး များလား။​အတည်​သာ တွဲရင်​
သူ ရင်​ကွဲမည်​။ ဒါ​ပေမဲ့​ပြောမရ​သေးပါ
​သေချာ​အောင်​မေးကြည့်​ရအုံးမည်​။

" လှတယ် သွေးသစ်.... ဒါနဲ့ ဒီကောင်မလေး
က မင်း အရင်လို အ​ပျော်​တွဲ...... "

" ဟေ့..​ဟေ့.... ဟေ့ ခြားနား ရပ်လိုက်တော့
ဒါ့က အရင်  မိန်းကလေးတွေနဲ့
မတူဘူး.... ဒီတစ်ခါ ငါ့က  အတည်တွဲမှာ
ဟုတ်တယ်နော် နန်း ...နန်းကို
ကိုယ့်ကအတည်တွဲမှာ အဲ့ဒါကို နန်း
ယုံတယ်မလား..??  "

" ယုံတယ် ကိုသွေး....ယုံလို့ ကိုသွေးကို
နန်းက အဖြေပြန်ပေးခဲ့တာပဲ... နောက်ပြီး
ကိုသွေးပဲ ပြောတယ်လေ ကိုသွေး တွဲသမျှ
မိန်းကလေး တွေကို နန်းလို တစ်ခါမှ
မိတ်ဆက်မပေးဖူးဘူးဆို... နန်း တစ်ယောက်
ကိုပဲ ကိုသွေးက မိတ်ဆက်ပေးတာဆို "

" အား... သိပ်မှန် နန်းလေးရယ်...
နန်းက ကိုယ် ပြောခဲ့သမျှ စကားတွေကို
အသည်းထဲထိ မှတ်ထားတာပဲ ချစ်လိုက်တာ
နန်းရယ်  "

မျက်စိရှေ့တင် တစ်ယောက်နဲ့ တစ်ယောက်
နမ်းနေကြတော့ ခြားနား ဆက်မကြည့်ဝံ့တော့ပါ။
မကြည့်ရက်တာထက် သူ့  နှလုံးသားက
မကြည့်ရဲတာဆိုရင် ပို၍  မှန်မည်။

ဒီတော့ ထလာလိုက်သည်။

သူ သွေးသစ် ကို ဆက်ပြီး ချစ်ခွင့်မရှိတော့ပါ။
သွေးသစ် က အခု အတည်တွဲလိုက်ပြီလေ။
နာကျင်လိုက်တာ ကိုယ် ချစ်တဲ့သူ
တစ်ခြား တစ်ယောက်နဲ့ နမ်းနေတာကို
မြင်ရတာ။

သွေးသစ် နမ်းတဲ့သူက သူ ဖြစ်ရင် သိပ်ကို
ကောင်းမှာပဲ။  သွေးသစ် ကို ရှစ်တန်းမှာကတည်း
က ကြိုက်နေတယ်ဆိုတာ သူ သိလိုက်ရသည်။
ဒါကြောင့် သွေးသစ် နဲ့ ခေါင် တို့ ကောင်မလေး
တွေနဲ့ ရှူပ်နေသလောက် သူ ဘယ်တော့မှ
ရည်းစားမထားခဲ့။ နောက်တော့မှ ခေါင်နဲ့
သွေးသစ် က သူ ရည်းစားမထားတာကို
​မေးလာ​တော့ သူ့မှာ ဂေးထင်မှာစိုးပြီး ဟန်ဆောင်
ရည်းစား နှစ်ယောက်လောက် ထားပြရသေးသည်။
နောက်ပိုင်းတော့ အချစ်ကို စိတ်မဝင်စားသေးဘူး
ဆိုတဲ့ အကြောင်းပြချက်နဲ့ သူ ဘယ်သူ့ကိုမှ
မတွဲတော့ပေ။  တစ်နည်းအားဖြင့် သွေးသစ်
ကို သူ ခိုးချစ်နေခဲ့သည်။

သူ့ကသာ ခိုးချစ်နေရတာ သွေးသစ်ဆိုတဲ့
ကောင်ကတော့ သူ ချစ်နေတာကို တစ်စက်လေးမှ
မသိ။

ကိုယ့်ကို မချစ်နိုင်တဲ့ လူတစ်ယောက်ကို
ချစ်ရတာ အရမ်းပင်ပန်းသည်။
အထူးသဖြင့် မိန်းကလေးတွေကိုပဲ
ကြိုက်တဲ့ သွေးသစ် လို အဖြောင့်ကြီး
ကိုပေါ့။  သူလည်း မကွေးပါ။ 
ယောင်္ကျားလေး ချင်း ကြိုက်မိတာဆိုလို့
သွေးသစ် တစ်ယောက်တည်းပဲ ရှိသည်။

တခြား ဘယ်ယောက်ျားလေးကိုမှ သူ
မကြိုက်။  သွေးသစ် တစ်ယောက်တည်း
ကိုပဲ သူ ကြိုက်သည်။  သူရဲ့ ကွေးခြင်းက
သွေးသစ် တစ်ယောက်တည်းအတွက်ပါ။

" ဘုန်း.....!!!  "

ဝမ်းနည်းနေတာနဲ့ ရှေ့က လူကို​သွေးသစ်​
မမြင်လိုက်၊တိုက်မိပြီး အောက်ကို ပစ္စည်းတွေ
ပြုတ်ကျမှ တိုက်မိတယ်​ဆိုတာ အသိဝင်သည်။

" အစ်မ ဘာဖြစ်သွားသေးလဲဟင်....??
ရရဲ့လားမသိဘူး... ကျ​တော်​တောင်းပန်​ပါတယ်​
​နော်​"

ပြောပြောဆိုဆိုနဲ့ ပစ္စည်းတွေ ကူကောက်​ပေးရင်း
ကြည့်လိုက်တော့  လွန်ကြိုးဖြူဖြူ ကို
ခြားနား တွေ့လိုက်ရသည်။
ဟင်​...သူနဲ့ တိုက်မိတဲ့သူက မဖြူဖြူ ပါလား။

" ကျတော် တောင်းပန်ပါတယ်​နော်​မဖြူဖြူ...
ကျတော် မဖြူဖြူ ကို မမြင်လို့ တိုက်မိသွား
တာပါ ကျတော် တောင်းပန်ပါတယ်နော် "

ဖြူဖြူ ပစ္စည်းတွေ ကောက်​ပေးပြီး လက်ထဲ
ထည့်ပေးလာရင်းနဲ့ တောင်းပန်လာသော
ခေါင်ယံမှိုင်း ရဲ့ သူငယ်ချင်း ထူးခြားနား
ဆိုသော ကောင်လေး။ အ​တော့်​ကို
ယဉ်​ကျေးမှူ ရှိတာပဲ။ အမှားလုပ်​ထားရင်​
​တောင်းပန်​တတ်​သည်​။​ခေါင်​ယံမှိူင်းနဲ့
လုံးဝ မတူပါ။

" ရပါတယ် မောင်လေးထူးခြားနား.. .
အစ်မလည်း မင်းကို မမြင်လိုက်ဘူး
အစ်မ အတွေးနဲ့ အစ်မ ဆိုတော့ "

" ဟုတ် မဖြူဖြူ. ...ဒါနဲ့ ကျတော့် ကို
ခြားနားလို့ပဲ ခေါ်ပါ... ခေါင်နဲ့ ပတ်သက်ပြီး
သိနေကြတဲ့ သူဆိုတော့ ရင်းရင်းနှီးနှီးပေါ့
မဖြူဖြူ ရာ "

" အင်း ခြားနား "

ဒီကောင်လေးကိုတော့ ဘာရယ်မဟုတ်
စတွေ့ကတည်းက အမြင်ကြည်နေသူဆိုတော့
ဖြူဖြူ ခေါ်ပေးလိုက်သည်။

" ဒါနဲ့ မဖြူဖြူ... မဖြူဖြူ မျက်နှာက
ဘာဖြစ်နေတာလဲဟင်​သိပ်မကောင်းသလိုပဲ "

" ဘာမှ မဟုတ်ပါဘူး ခြားနားရယ်​.. မဖြူ က
ဒီတိုင်း ဂေဟာမှာ ဝမ်းနည်းစရာလေး
ရှိလို့ပါ "

" ပြောကြည့်ပါလား မဖြူဖြူ... မဖြူဖြူ
ဝမ်းနည်းတဲ့ အကြောင်းလေး
ကျတော် ကူညီနိုင်ရင် ကူညီပေးမယ်လေ "

" အရေးမကြီးပါဘူး ခြားနား ရယ်...
မဖြူက ဒီတိုင်း တွေးမိပြီး ဝမ်းနည်းရုံပါ
မဖြူ အတွက် အရေးမကြီးဘူး
ဒါနဲ့ ခြားနား ရော မဖြူ ကို
မမြင်ဘဲ တိုက်မိတာဆိုတော့ ခြားနားမှာ
ရော ဘာ​တွေများ ညစ်စရာ ရှိလို့လဲ
နောက်ပြီး ခုဏက ခြားနား မျက်ဝန်းမှာ
ဝမ်းနည်းနေတဲ့ အရိပ်အယောင်တွေ
မဖြူ မြင်လိုက်ရတယ်... မဟုတ်မှလွဲရော
ခြားနား အသည်းကွဲလို့လား... ??"

"  ဟာ.. မဖြူဖြူက တကယ်​လူအကဲခတ်တော်တာပဲ
ကျတော် နဲ့ တအားကြီး မခင်တာတောင်
ကျတော့် မျက်နှာကြည့်ပြီး ခန့်မှန်းနိုင်တယ် "

" ဒါဆို မဖြူ မှန်းတာ မှန်တယ်ပေါ့ ခြားနား... "

" အင်း မဖြူဖြူ မှန်းတာ မှန်တယ်..
ကျတော် အသဲကွဲနေတာ "

အသဲကွဲနေတယ်ဆိုလိုက်တော့ ဖြူဖြူ ပို၍
အံ့ဩမိသွားသည်။ ခြားနားလို ချောတဲ့
ကောင်လေးမှာလည်း ဖြူဖြူ မှန်းလိုက်သလို
အသဲကွဲတာပါ ရှိနေပါလား။

" မဖြူ  ကို ရင်ဖွင့်လို့ ရတယ်နော် ခြားနား...
မဖြူ ကို မင်း အစ်မ တစ်ယောက်လို
သဘောထားရင်​ပေါ့... မင်း ရင်ဖွင့်တာကိုလည်း
ဘယ်သူ့ကိုမှ ပြန်မပြောဘဲ  မဖြူ
နားထောင်ပေးသွားမယ် "

ဝမ်းနည်းနေချိန်ဆိုတော့ မဖြူဖြူ စကားတွေ
က ခြားနား အတွက် အားအင်တစ်ခုလိုပါ။
ဒီတော့ အမှန်အတိုင်း ပြောပြဖို့သာ
ဆုံးဖြတ်လိုက်သည်။  မဖြူဖြူ ကို
သူ ယုံကြည်သည်။

>>>>>>>>>>>>>>

" ကျတော့် အတွက် အရမ်းပင်ပန်းတယ်
မဖြူဖြူ... မိန်းကလေးတွေကိုပဲ ကြိုက်တဲ့
သွေးသစ် ကို ချစ်နေရတာ.... မဖြူဖြူ သိလား
ကိုယ့်ကို မချစ်နိုင်တဲ့သူကို ချစ်ရတာ
အရမ်းပင်ပန်းတယ်ဆိုတာ "

သွေးသစ်ဖြိုး ကို ချစ်နေတဲ့ အကြောင်း
ခြားနား က ပြောပြလာတော့ ဖြူဖြူ အနည်းငယ်
အံ့ဩမိသွားသည်။ ဒါပေမဲ့ တွေးကြည့်ရင်
သိပ်အံ့ဩစရာမကောင်းပါ။ အချစ်ဆိုတာက
ယောင်္ကျားနဲ့ မိန်းမပဲ ချစ်နိုင်ကြတာမဟုတ်ဘူးလေ။
မိန်းကလေး အချင်းချင်း၊  ယောင်္ကျားလေး အချင်း
ချင်း ချစ်မိလည်း အဲ့ဒါ အချစ်ပဲ။

" အဟက်​.. ကျတော့် ကို တစ်မျိုးထင်သွားပြီလား
မဖြူဖြူ... ယောင်္ကျားလေး အချင်းချင်း
ချစ်နေတယ်ဆိုတော့ "

" ဟင့်အင်း ခြားနား... အချစ်မှာ အဲ့ဒီလို
မရှိဘူး....လူ တစ်ယောက် နဲ့ တစ်ယောက်
ချစ်ကြရင် အဲ့ဒါ အချစ်ပဲ... မဖြူ
လူတိုင်းကို အထင်လည်း မကြီးတတ်သလို
အထင်လည်း မသေးတတ်ဘူး...
အချစ်ဆိုတဲ့ အရာက အပြစ်ကင်းစင်ပါတယ်
ချစ်ကြတာနဲ့ လက်ထပ်ထိမ်းမြားချင်းဆိုတာက
နောက်ကနေ ကပ်ပါလာတယ်...
လက်ထပ်တယ်ဆိုတာကလည်း လူနှစ်ယောက်
လက်ထပ်တာပဲလေ... အထီးနဲ့ အမနဲ့မှ
လက်ထပ်ရမယ်လို့ ဘယ်သူမှ
အမိန့် မထုတ်ထားဘူး...လက်ထပ်တဲ့
အချိန် ချစ်နေတဲ့ လူနှစ်ယောက် ရှိနေဖို့ပဲ
လိုတယ်​လို့ မဖြူ ထင်တယ် "

" ဟုတ် မဖြူ... အခုလို ကျတော့် ကို
အားပေးလို့ ကျေးဇူးပါနော်..ရင်းနှီးသွားအောင်
လို့ မဖြူလို့ပဲ ကျတော် ခေါ်တော့မယ်...
မဖြူရော ကျတော့် လို မချစ်နိုင်တဲ့
လူတစ်ယောက်  ကို ချစ်မိလား....??  "

" ဟင့်အင်း ခြားနား.... မဖြူ မချစ်ဖူးဘူး
အချစ်ဆိုတာကို မဖြူ ဘဝထဲကနေ ထုတ်ပယ်
ထားတယ်... ."

" ဟင်... ဘာလို့လဲ မဖြူ...?? မဖြူက
ဘာလို့ ထုတ်ပယ်ထားတာလဲ...??  "

ခြားနား မေးလာတော့ ဖြူဖြူ အမှန်အတိုင်းပဲ
ဖြေလိုက်ချင်သည်။  သူ့တောင် သူ့ ဘဝ
အမှန်ကို ဖြူဖြူ ကို ပြောပြသေးတာပဲ။
ဖြူဖြူ လည်း သူ့ကို ဖြူဖြူက ဒွိလိင် ဆိုတာ
ပြောပြချင်သည်။ ဒါပေမဲ့ လူအမျိုးမျိုး
စိတ်အထွေထွေ မဟုတ်လား။  ပြောပြလိုက်လို့
ဖြူဖြူ ကို အထင်သေးလာမှာလည်း
ကြောက်သည်။

မာသာကလည်း ဖြူဖြူ ကို ဒွိလိင် ဆိုတာ
ဘယ်သူ့ကိုမှ ရင်မဖွင့်နဲ့ မှာထားတော့
ဖြူဖြူ ပြောချင်လည်း ပြောလို့မရပါ။
ဒါပေမဲ့ ဖြူဖြူ ဘယ်သူ့ကိုမှ မလိမ်ချင်ပါ။
တစ်ချိန်ချိန်မှာ ဒါတွေက လူတွေ သိကို
သိရမယ့်​ကိစ္စပဲ​လေ။ စောတာနဲ့ နောက်ကျတာပဲ
ကွာမည်။

"   မာသာ နဲ့ ပန်းမြိုင်ဂေဟာကြောင့်
မဖြူ အချစ်ကို မဖြူ ဘဝထဲကနေ
ထုတ်ပယ်ထားခဲ့တာ ခြားနား....
မဖြူ အတွက် ဘဝမှာ  အရေးအကြီးဆုံးက
  မာသာနဲ့ ပန်းမြိုင်ဂေဟာပဲ ရှိတယ် ...
မဖြူ အတွက် အချစ် မလိုဘူး
မာသာ နဲ့ ပန်းမြိုင်ဂေဟာပဲ မဖြူ အနား         ရှိဖို့လိုတယ်....မွေးကတည်းက
မဖြူကို မလိုချင်လို့ မိဘတွေက
စွန့်ပစ်သွားတာလေ...ပန်းမြိုင်ဂေဟာက
မာသာ သာ မကယ်ရင်  မဖြူက
ဒီအချိန်​ဆို သေနေလောက်ပြီ.... အခုလို
ခြားနား ရှေ့မှာ မဖြူက အကောင်းပတိ
ရှိနေမယ်မထင်ဘူး "

မဖြူ ပြောမှ အချစ်က ဘဝကြီးလည်း
မဟုတ်ပါဘူး ဆိုတာကို ခြားနား သိလိုက်ရသည်။
သူ့ ကိုယ်သူ သနားစရာကောင်းတယ်
ထင်နေခဲ့တာ မဖြူက သူ့ထက်တောင်
ပိုသနားစရာကောင်းနေပါလား။ ဒါတောင်
မဖြူ သူ့ ဘဝအကြောင်းပြောနေတဲ့
အချိန်မှာ မဖြူ မျက်ဝန်းမှာဝမ်းနည်းနေတဲ့
အရိပ်အယောင်တွေ  တစ်ချက်ကလေးတောင်
မမြင်ရ။ မဖြူက မိန်းကလေး မတန်မဲ့
သူ့ထက်တောင် ကြံ့ခိုင်နေတာပဲ။

" မဖြူက အရမ်းကြံ့ခိုင်တာပဲ မိန်းကလေး
မတန်မဲ့.....ကျတော် တောင် မဖြူလောက်
မကြံ့ခိုင်ဘူး ...အကယ်၍ ကျတော်သာ
စွန့်ပစ်ခံရရင် ဝမ်းနည်းနေမှာ သေချာပေါက်ပဲ.. .
ဒါတင်မကသေးဘူး ကျတော့် ကို
ဘာကြောင့် စွန့်ပစ်တာလဲဆိုပြီး စွန့်ပစ်ခဲ့တဲ့
မိဘတွေကို ရအောင်ပြန်ရှာပြီး ကျ​တော့်​က
မေးအုံးမှာ... မဖြူရော ကျတော့် လို
မမေးချင်ဘူးလား...?? "

အမှန်အတိုင်း ပြောရရင် ဖြူဖြူ မေးချင်သည်။
ဒါပေမဲ့ ဖြူဖြူ မှာ မေးခွင့်မှ မရှိတာ။
ဖြူဖြူ က ဒွိလိင်လေ။  ဖြူဖြူ အင်္ဂါထဲမှာ
မိန်းမအင်္ဂါ အပြင် ယောင်္ကျားအင်္ဂါကြီးကပါ
တွဲရက်ပါနေတာ။ ဒါကြောင့် ဖြူဖြူ အစွန့်
ပစ်ခံလိုက်ရတာပေ။

တကယ်လို့ ဖြူဖြူ သာ ဒွိလိင် မဟုတ်ဘဲ
ပုံမှန်အတိုင်း မွေးဖွားလာသူဆိုရင်
သွားပြီး မေးအုံးမှာ ဖြူဖြူ ကို ဘာလို့
စွန့်ပစ်တာလဲဆိုပြီး။
အခုတော့ ဖြူဖြူ ဘဝက ဒွိလိင် ဆိုတာကြီး
ကြောင့် မေးခွင့်ပင် မရှိတော့ပေ။
မမေးခင်ကတည်းက အဖြေက တစ်ခါတည်း
သိနှင့်​နေပြီးသားလေ။

" မဖြူ  မမေးချင်တော့ပါဘူး ခြားနား ...
သူတို့မှ မဖြူကို မလိုချင်လို့ စွန့်ပစ်သွားတာလေ
မဖြူ က အရှက်မရှိစွာနဲ့ သူတို့ရှေ့
သွားပြီး ဘာလို့ စွန့်ပစ်တာလဲလို့ ထပ်မေးနေရင်
မဖြူပဲ ပိုပြီး အရှက်မရှိ ဖြစ်နေလိမ့်မယ်...
သူတို့သာ မဖြူကို လိုချင်ရင် အခုလို
ပစ်သွားမယ်မထင်ဘူး "

" ဒါလည်း မှန်တာပဲ မဖြူ.... ဒါနဲ့ မဖြူ
စိတ်မဆိုးနဲ့နော် ကျတော် တစ်ခုလောက်
မေးချင်လို့..."

" မေးလေ ခြားနား...မဖြူ ဘာမှမဖြစ်ပါဘူး
အဆင်ပြေပါတယ်...."

" ဟိုလေ... မဖြူလေ အဖေနဲ့ အမေဆိုတဲ့
အခေါ်အဝေါ်လေးကို တစ်ခါတစ်လေ ခေါ်ချင်စိတ်
ဖြစ်မိလား....??  "

"   အမှန်အတိုင်း ဖြေရင်တော့
တခြားကလေးတွေ သူတို့ မိဘတွေနဲ့
ပျော်ရွင်နေတာ မြင်ရင် မဖြူ အရမ်းအားကျတယ်...
နောက်ပြီး ခြားနား ပြောသလို မဖြူ ခေါ်လည်း
ခေါ်ချင်တယ်... ဒါပေမဲ့ ခေါ်ချင်ပေမဲ့လည်း
သူတို့က မဖြူ ကို စွန့်ပစ်သွားခဲ့တာလေ.. ..
အဲ့ဒါကို မဖြူက ဘယ်ကို လိုက်ရှာပြီး
အရှက်မရှိစွာနဲ့ သွားခေါ်နေရမှာလဲ.. .??
အကယ်၍ မဖြူ ခေါ်ချင်ရင်တောင်မှ
မိဘတွေက ဘယ်သူမှန်း မသိလို့ ဘယ်သူ့ကို
အဖေနဲ့ အမေလို့ သွားခေါ်ရမှန်း မသိတဲ့ ဘဝ...
ဒါ့အပြင် အဖေနဲ့ အမေဆိုတဲ့ စကားလုံးလေးက
မဖြူနဲ့ အရမ်းကို စိမ်းသက်နေတယ်...
အခု မဖြူ​လေ  အဖေနဲ့ အမေလို့ သုံးနေတာကိုက
မဖြူ အတွက်​ပြော​နေရတာက တမျိုးကြီး....
တစိမ်းတွေ အလားပဲ "

" ဟင်​.. ခြားနား မင်း မျက်ဝန်းက
မျက်ရည်ကြည်တွေ ဝဲနေပြီ.....ဘာလို့လဲ
ဟင်​မဖြူ အတွက် စိတ်မကောင်း
ဖြစ်သွားတာလား... ?? "

" ဟုတ်တယ် မဖြူ.. .မဖြူ ကို ကျတော်
သနားလို့ ငိုတောင် ငိုချင်မိသွားတယ် "

ဖြူဖြူ က မငိုရဘဲ သူ့ မျက်ဝန်းမှာ
မျက်ရည်ကြည်တွေ ဝဲနေတော့ ဖြူဖြူ
အံ့ဩမိသွားသည်။ သူလည်း ဖြူဖြူ သူငယ်ချင်း
ထက်ထက်လို နှလုံးသား နူးညံ့သည်​။

" တိတ်တိတ် ခြားနား. ..!! မင်းက
ကလေးလေး ကျနေတာပဲ ကာယကံရှင်
ဖြစ်တဲ့ မဖြူ တောင် မငိုဘူး...
မင်းက ငိုနေတာ တကယ့် ကလေးလေး
အလားပဲ "

ပြောကာဆိုကာ ဖြူဖြူ မျက်ရည်တွေ သုတ်ပေး
လိုက်တော့ သူ့က ဖြူဖြူ သုတ်ပေးတာကို
ပြုံးပြီး ကြည့်လို့။ ထိုအချိန်မှာ ခြားနား
ပြုံးလိုက်​တာက  ဖြူဖြူ အတွက် မောင်လေး
တစ်ယောက် ကောက်ရလိုက်သလိုပေ။

နှစ်ယောက်သား တစ်ယောက် နဲ့ တစ်ယောက်
ပြုံးပြီးကြည့်နေကြတာကို အကွယ်ကနေ
လူတစ်​ယောက်​က ဓာတ်ပုံ ရိုက်လိုက်တာကိုတော့
သူတို့နှစ်ယောက်စလုံး မသိခဲ့ပါချေ။

Part  19 မျှော်.................................
( ဖြူဖြူ နဲ့ အိပ်ချင်နေတဲ့ လူကြီးက ဦးစေပါ
ဒါနဲ့ ဒါဒါလေးတွေ​တော်​တော်​များက
ဦးကြိုက်ကြတာ များကြတော့
ဦးနိုင်စေမာန်ကြီးကို ကြိုက်လိုက်​ကြပါလား 🤣🤣🤣
သူ့က ဦးအရွယ်ပဲလေ 😆😆😆😆
လေယူရာယိမ်းကတော့  အစကတည်းက ဦးဆို
မကြိုက်လို့ မောင်လေးခေါင်ကိုပဲ
ယူပါ့မယ် 😆😆😆😆😆 ဦးဆို
အသေရရ အရှင်ရရ ကြိုက်ကြသူများ
ဦးနိုင်စေမာန်ကြီးကို ယူကြပါ ကျမလေယူရာယိမ်းက
ဒါဒါလေးတွေကို ချစ်လို့ ဖရီးပေးပါ့မယ် 🤣🤣🤣🤣)

ချစ်​တယ်​နော်​မင်​မင်​ရဲ့ ဒါဒါ​လေး​တွေ.......😍😍😘😘
ဒီအပိုင်းလေးနဲ့ ပတ်သက်ပြီး ဒါဒါလေးတွေရဲ့ မန့်ကို
မင်မင်လေယူရာယိမ်း စောင့်မျှော်လျက်.. ......😍😍😘😘

#​လေယူရာယိမ်း

Continue Reading

You'll Also Like

639K 6.7K 96
ထိုနေ့ည က မှားသွားတယ့် အမှားတစ်ခုက ကျွန်မဘဝ တစ်ခုလုံးနဲ့ ပတ်သက်မိသွားလိမ့်မယ်လို့ မထင်ခဲ့မိဘူး....... ပြီးတော့ ပတ်သတ်မိသွားတယ့်သူက ဘာလို့ သူဖြစ်န...
265K 11K 37
ကိုယ်ဟာ ကြိုးဝိုင်းထဲမှာ ကိုယ့်ကိုစိန်ခေါ်လာသမျှကောင်တွေအကုန် ထိုးရဲတယ် သတ်ရဲတယ် ကိုယ်နိုင်မယ်ဆိုတဲ့ယုံကြည်မှုရှိတယ် ကိုယ်မလုပ်ရဲတာဘာမှမရှိဘူးလို့ထင...
199K 7.5K 35
ဖီးနစ်ငှက်တစ်ကောင်ရဲ့ ရင်ကွဲမတတ်အော်ဟစ်သံဟာ လောင်ကျွမ်းအံ့ဆဲဆဲ အတောင်ပံတွေနဲ့အတူ ပျောက်ကွယ်ပျက်စီးသွားတော့မယ့်အချိန်မှာ ငါဟာ မင်းနဲ့နောက်တစ်ကြိမ်...
4M 414K 41
Myanmar BL