'LOTUS KILLER' {Ongoing}

Door Mary_koe552005

145K 11.3K 1.2K

အမှောင် အောက်က ‌ကျားရဲ တစ်ကောင်ရဲ့မျက်ဝန်းလို သွေးဆာ နေတဲ့ မျက်လုံး စိမ်းစိမ်း တောက်တောက်တွေ သွေးညှီနံ့ ဟောင်... Meer

1
2
3
4
5
6
7
8
9
10
11
12
Character solution
13
14
15
16
17
18
19
20
21
23
24
Coe Naung Art
25
26
27
28
29
30
31
32
33
34
35
36
37
38
39
40
41
42
43
44
45
46
Just Memories

22

3.2K 278 61
Door Mary_koe552005

"ဒေါက်တာ ဒေါက်တာ ဒေါက်တာလို့!!
ခေါ်နေတာ ကျွန်မ အသက်ထွက်တော့မယ်. . ."

ခမ်းနော့ဝ် သည် ငိုင်နေရာမှ လှုပ်ရှားလာသည်။

"အင်း အင်း . . . အစ်မ က အကောင်းကြီး
ပါရာစီတာမှုန့်သာ သောက်လိုက် . . . ဘာမှ မဖြစ်ဘူး. . ."

"ဒေါက်တာရယ် သေချာလို့လား. . . ကျွန်မ နှလုံး တွေ ခဏ ခဏ တုန်နေတယ်တော့် . . . "

ခမ်းနော့ဝ် ခေါင်းရမ်းပြသည်။

'ကျွန်တော်လည်း တစ်ယောက်သောသူ ကြောင့် နှလုံးတွေ ခဏ ခဏ တုန်နေတယ်ဗျာ. .အစ်မနဲ့တော့ နည်းနည်းကွဲတာပေါ့' ဟု သာ ရင်တွင်းမှ လေးတွဲ့တွဲ့ ညည်းတွားမိ၏။

သူ မနေ့က အိမ်မပြန်ခဲ့ပေ။
ကိုးနောင် ကို Lotus killer လို့ တွေးလိုက်တိုင်း နှလုံးသွေးကြောများ လှုပ်ခတ်သွားကာ ကြေကွဲဝမ်းနည်းသွားသည်။ထိုအခါတိုင်း ကိုးနောင်ကို သူဘယ်လို တုန့်ပြန်ရမလဲ မသိ။

တစ်ခုခုကို အပြစ်လုပ်မိထားသလို၊ ချောင်ပိတ်မိနေသလို။

ထိုချိန်ကျ ခမ်းနော့ဝ် ထွက်ပြေးချင်လာသည်။ဘယ်သူကိုမှ ရင်မဆိုင် မတွေ့ချင်ဘဲ တစ်ယောက်တည်းသာ နေချင်လာသည်။

ထို့ကြောင့် မနေ့က အိမ်မပြန်ဘဲ နေခဲ့မိသည်။

တစ်ခါတစ်လေ ကိုးနောင် ဘာကြောင့် ဒီလို ဖြစ်နေရတာလဲ လို့ တွေးမိသည်။ဒီလောက် ပြည့်စုံတဲ့ ယောက်ျား တစ်ယောက်က. . .။

နဂိုကတည်းက Psychopath ဖြစ်နေတာလား trauma ရလို့ psycho ဖောက်သွားတာလား မသိ။

သို့သော် စိုင်းဆိုင်ခမ်းနော့ဝ် ကိုးနောင်ကို အပြစ်တော့ မမြင်ပါလေ။

"ဒေါက်တာလို့"

"‌ဗျာ ဗျာ !!"

"ကျွန်မ နှလုံးတွေ တုန် တုန်နေတယ်လို့"

"ဟုတ်တယ် နှလုံးရောဂါ ရှိနေတာ . . . ခွဲမှ ရမှာ တစ်ခါတည်း ခွဲမလား. . လာ. . . လာ ခွဲပေးမယ်. . ."

ခမ်းနော့ဝ် က မျက်နှာရှုံ့မဲ့ကာ ပြောသည်။
အိမ်က ယောက်ျားနဲ့ ဓာတ်မတည့်ရင် အရာရာဟာ မနော မကြည်စရာပင်။

အမှတ်မထင် ဆေးရုံ ပြတင်းပေါက်ပေါ်မှ လှမ်းကြည့်လိုက်သောအခါ . . . ဘုရားရေ ဉာဏ်ကိုးနောင်ကြီးဟ!! ။

ဉာဏ်ကိုးနောင် ‌ဆေးရုံထိ လိုက်လာသည်။

ကိုးနောင်က ဆေးရုံဝင်းထဲက ထိုင်ခုံပေါ်မှာ ခြေတစ်ဖက်ချိတ်ပြီး ထိုင်နေသည်။လည်ပိတ် သိုးမွေးဆွယ်တာ အနက်ရောင်ကို pantအနက်နဲ့ တွဲဖက်ပြီး ဝတ်ထားသည်။အနက်ရောင်ဆွယ်တာထူကြီးကြားထဲ နုနုနယ်နယ်မျက်နှာသွယ်သွယ်လေးက ခံစားချက်မရှိတဲ့ ဗလာကျောက်ရုပ်ကြီးလို။နှုတ်ခမ်းများကို တင်းတင်းစေ့ထားသည်။

ဆယ်တန်းတုံးက ခမ်းနော့ဝ်နဲ့ စတွေ့စဉ် 16နှစ် အရွယ် ကိုးနောင်သည် ပန်းနုရောင် နှင်းဆီဖူးငုံလေးလို နုနုရွရွ လှလေသည်။

30ကျော် အရွယ် ဉာဏ်ကိုးနောင်က မူ ရဲရဲမိုက်မိုက် ပွင့်အာနေတဲ့ နှင်းဆီပွင့်ကားကားကြီး တစ်ပွင့်လို ရက်ရက်စက်စက် ဗို့အားပြင်းပြင်း လှလေသည်။

ကိုးနောင်က တစ်နှစ်နေလို့ တစ်ခေါက်တောင် အိမ်ပြင်ထွက်တဲ့ သူမဟုတ်။သူ့ ဆေးရုံကိုတော့ တစ်ခါတစ်လေ လိုက်လာတတ်သည်။သို့သော် ကြာကြာမနေ ပေ။

ခမ်းနောဝ့်ဆီ ကိုးနောင်က မျက်တောင်ရှည်ကြီးကို ပင့်လိုက်ရင်း နှင်းခဲများလို အေးစက်သော အကြည့်များနဲ့ လှမ်းမျှော်ကြည့်လေသောအခါ ခမ်းနော့ဝ် ကျောတစ်လျှောက် စိမ့်ခနဲ ချမ်းတက်သွားသည်။

ခဏအကြာ ခမ်းနော့ဝ် ဖုန်းထဲ 'Baby Coe sent you massage' ဆိုပြီး noti တက်လာသည်။

'ကိုယ့်ကို စိတ်ဆိုးနေတာလား😔'

ခမ်းနော့ဝ် မှာ အီမိုဂျီ နဲ့ ကိုးနောင် အပြင်လောက က ပုံကို ယှဉ်တွဲ မြင်မိသောအခါ speakless သွားသည်။

*ကိုယ့် ကို ဘာလို့ တစ်ရက်ကြီးတောင် ပစ်ထားရတာလဲ😿. . . မင်းမရှိတဲ့ အိပ်ရာကြီးက ကျယ်လွန်းလို့ သမုဒ္ဒရာကြီး ကျနေတာပဲ. . .အေးစက်လိုက်တာလည်း လွန်ရော😭😭. . .ကိုယ် မပျော်တော့ပါ*

ခမ်းနော့ဝ်မှာ stethoscopeနဲ့ ကိုယ့် နှလုံးကို ပြန်စမ်း လိုက်ရသည်။ပြီး စာရိုက်လိုက်သည်။

*ဘာလာလုပ်တာလဲ ပြန်တော့ . . . လူနာတွေ တအားများနေတယ်. . . မအားဘူး*

*ဒေါက်တာ ကျွန်တော် ဗိုက်တွေ အောင့် အောင့်နေတယ်ရော်. . . ကျွန်တော်လည်း ဒေါက်တာ လူနာလေး လုပ်ချင်တယ်🥺. . .*

ခမ်းနော့ဝ်က ပြတင်းပေါက်ကနေ မသိမသာ လက်ခလယ် ထောင်ပြလိုက်သည်။

*ဒေါက်တာ အိမ်ပြန်မလာရင် ထိုင်ငိုမှာနော် . . . မငိုရဲဘူး မထင်နဲ့. . .*

အေးစက်သော မျက်ဝန်းစိမ်းစိမ်းလေးများက မျက်ရည်တွေ ဝဲလာသည်။နှာခေါင်းချွန်ချွန်လေးက စတော်ဘယ်ရီမှည့်လေးလို ရဲတွတ်လာကာ ပါးပြင်ဆီကိုပါ ကူးစက်သွားသည်။နှုတ်ခမ်းလေးက တဆတ်ဆတ်တုန်လာကာ ပုခုံးတွေက တသိမ့်သိမ့်လှုပ်လာသည်။

ခမ်းနော့ဝ် က ကိုးနောင်ဆီ ဖုန်းခေါ်လိုက်သည်။

"မငိုနဲ့ မငိုနဲ့. . . လာပြီ "

"ဒေါက်တာ ကျွန်မ နှလုံးတွေ အောင့်"

"အောင့်နေရင် ဆက်အောင့်လိုက်ပါ. . .လို့ မပြောပါဘူး. . . ဒေါက်တာ မင်းခန့်ရေ ကြည့်ပေးပါဦးကွာ. . . ငါ အရေးကြီး ကိစ္စ ရှိလို့ . . .သွားလိုက်ဦးမယ်. . . "

ခမ်းနော့ဝ် က ဒေါက်တာ မင်းခန့်ကို အလောတကြီး အကူအညီ လှမ်းတောင်းလိုက်တော့ တစ်ဖက်ခန်းမှ အသားညိုညို နဲ့ မင်းခန့်ရာဇာက ခေါင်းငြိမ့်ပြသည်။

ဓာတ်လှေကား က လူ့ပြည့်နေ၍ ‌ဆေးရုံ အောက်ထပ်ကို လှေကားကနေသာ အမြန်ပြေးဆင်းလာရသည်။

"ဟောဟဲ . . ဟောဟဲ . . မင်း အတော် ဒုက္ခ ပေးတဲ့ကောင်ကွာ. . . "

"ဒါဆို ကိုယ် က စိုင်းဆိုင်ခမ်းနော့ဝ်ရဲ့ ဒုက္ခအိုးလေးပေါ့. . ."

ကိုးနောင် မျက်နှာဘေးက ချက်ချင်း ပြောင်းသွားသည်။ခုန က လူပဲ ထသတ်တော့မလိုလို ၊ ထပဲ ငိုတော့မလိုလိုနဲ့ ခုကျ မိုးရွာပြီး ထွက်လာတဲ့ သက်တံ့လေးလို ရွှင်လန်းနေပြန်သည်။

ကိုးနောင်က မျက်ဆံစိမ်းစိမ်းလေးတွေကို မျက်ဝန်းထောင့်ကပ်လိုက်ပြီး လက်ချောင်း ရှည်ရှည်လေးများကို ထောင်ပြ ချိုးရေ ကာ

"မနေ့က ကိုယ် ခမ်းနော့ဝ် ဆီကို ဖုန်း 96ခါ ဆက်ခဲ့တယ် ပြီး Massagerကနေ massage 116 ‌ဆောင် ပို့ခဲ့တယ် viberကနေ 118ဆောင် telegram ကနေ အမ်း. . . 101ဆောင် . . . Instagram ကနေ 30 . . . အာ့လောက် အများကြီး massage ပို့ထားတာတောင် ကိုယ့်ကို ဘာလို့ seenလေးတောင် မပြရတာလဲ . . ."

"Muteထားတာ. . ."

"ဘာ!! ကိုယ့်ကို mute ထားတယ် . . ."

ကိုးနောင်က မျက်မှောင်ကုတ်လိုက်သည်။

"ကိုယ့်ကို စိတ်ဆိုးနေလဲ ပြော. . . အဲ့လိုကြီး ဘာမှ လည်း မပြောဘဲတော့ မနေနဲ့ကွာ . . . မနေ့ညက ကိုယ့်မှာ အရူးလိုပဲ မင်းကို စိုးရိမ်လိုက်ရတာ. . .မင်း ကိုယ့်ကို ထားသွားပြီ ထင်နေတာ. . . ကိုယ် . . . မင်း မရှိမှာ သိပ် ကြောက်တယ်. . ."

ခမ်းနော့ဝ် ခေါင်းကုတ်မိမတတ်ပင်။

သူက ဒီတိုင်း အေးဆေးနေချင်မိလို့ အိမ်မပြန်ခဲ့ရုံသာ။ဒါကို ဒီယောက်ျား တစ်ဆုံးထိ အကုန်တွေးပစ်နေသည်။

ဒီလိုကျတော့လည်း ကိုးနောင် တစ်ယောက်တည်း ယောင်လည်လည် ဖြစ်နေပုံကို မျက်လုံးထဲ မြင်လာမိ၍ စိတ်မကောင်း။

ကိုးနောင်က ဟင်းခနဲ ပင့်သက်တစ်ချက် ရှိုက်လိုက်သေး၏။မျက်တောင်ဖျားဝယ် မျက်ရည်စလေးတွေ တွဲလွဲခိုနေသည်။

ကိုးနောင်ဆိုသည်မှာ ခမ်းနော့ဝ်နဲ့ ပက်သတ်ရင် မျက်ရည်လွယ်သော ယောက်ျားသာ။

စိုင်းဆိုင်ခမ်းနော့ဝ်က လူ အများနဲ့ ပနံသင့်သည်။ချစ်စရာကောင်းပြီး ဖော်ရွေသည်။ခမ်းနော့ဝ် အနားမှာ ချစ်သူ ခင်သူ ဝိုင်းဝိုင်းလည်နေသလောက် ကိုးနောင်မှာ ခမ်းနော့ဝ်ပဲ ရှိတာ ဖြစ်သည်။
သူ့မှာ ခမ်းနော့ဝ်က လွဲပြီး ဘာမှ မရှိပေ။

ကိုးနောင် ဘဝ က အေးစက်သည်။သွေးညှီနံ့တွေနဲ့ ပြည့်နှက်နေသည်။

လူတစ်ယောက်ကို မျက်လုံးဖောက် ၊ ရင်ကို ခွဲ၊ အူတွေကို အပိုင်းပိုင်း ဖြတ်၊ မသေမရှင်ဖြစ်နေစဉ် ဆားထည့်သိပ်၊ အက်စစ်နဲ့ပက် ၊ ဓားနဲ့ တစ်ကိုယ်လုံးမွှန်း ရတာ ကိုးနောင် သဘောကျဆုံး ဂိမ်းတစ်ခု ဖြစ်သည်။

လူတွေရဲ့ နာကျင်ရှုံမဲ့နေတဲ့ မျက်နှာတွေ၊ ကယ်ပါ ယူပါ တဆာဆာ ငိုကြွေးနေတဲ့ အသံတွေ၊ကြောက်လန့်တကြား အော်ဟစ်သံတွေ က ကိုးနောင်ကို ကျေနပ်အားရ ပျော်ရွှင်စေသည်။

မှန်သည်။ကိုးနောင်က ယုတ်မာ ကြမ်းတမ်းသော နတ်ဆိုးတစ်ကောင်သာ။

သို့သော် ကိုးနောင် အတွေးရိုင်းများသည် ခမ်းနော့ဝ်ရဲ့ ခုနှစ်အိမ်ကြား ရှစ်အိမ်ကြား ရယ်သံကြားဝယ် ကြက်ပျောက် ငှက်ပျောက် ဖြစ်သွားရ၏။

လူသတ်ရတာထက် ခမ်းနော့ဝ် ရယ်သံကို နားထောင်ရတာ ပိုကြိုက်သည်။ပို ပျော်စရာ ကောင်းသည်။

ခမ်းနော့ဝ် ရဲ့အာဗြဲကြီးနဲ့ ပုံပန်းမကျ ရယ်သံ ရယ်၊ သာလိကာနဲ့ ကြက်တူရွေး မျိုးစပ်ထားသလို တတွတ်တွတ် များလွန်းတဲ့ စကားသံလေးတွေရယ်သည် ကိုးနောင်ရဲ့ နောက်တိုး ပျော်ရွှင်မှု ဖြစ်လာသည်။

ကိုးနောင်က စကားပြောရတာ သဘောမကျပေ။ဒီအတိုင်း ငြိမ်ငြိမ်လေးထိုင်ပြီး စာအုပ်ဖတ်တာကိုပဲ နှစ်ခြိုက်သည်။စကားပြောရတာ ပင်ပန်းသည်။

သို့သော် သူ့ ဒေါက်တာကမူ ‌သူ့အနား လာထိုင်ပြီး ပေါက်ပေါက်ဖောက်သည်။ခမ်းနော့ဝ် တစ်ယောက် ရှိတာ လူတစ်ရာ အိမ်ထဲ ရောက်နေသလို။

"ကိုးနောင် သိလား. . . ငါကလေ သူများကြောင်း ပြောရတာ ဝါသနာ မပါ ပါဘူး. . . " က စလိုက်တာ ည အိပ်တဲ့ ထိ မပြီးတော့။ရင်ခွင်ထဲ တိုးအိပ်ကာ ကိုးနောင် လက်မောင်းကို ခေါင်းအုံးပြီး စိမ်ပြေနပြေ ပြောသည်။

ရက်ကွက်ထဲက မိအေး ခေါင်းမလျှော်တဲ့ အကြောင်းကစ fb ပေါ်က ပွဲပေါင်း သောင်း ခြောက်ထောင် အဆုံး ငါးပိချက်လို အကုန် ဝင်ပါသည်။ပွဲ ဆို ထိပ်ဆုံးက။

တစ်ယောက်တည်း အားမရရင် link ကို ကိုးနောင် ဆီ လှမ်းပို့ကာ မရမက ကြည့်ခိုင်းသည်။ပြီး

"တကယ် လုံးဝ လုံးဝ အဲ့လို အဲ့လို ပါဆို . . .အဲ့ဟာမက စနှိုက်ကြော်တာ ဟို ကောင်မလေးက သနားပါတယ်. . .ဟိုနွားကလည်း ဒစ်ရုပ်နဲ့ တအား စွံတာပဲ. . ."

"အင်း အင်း"

"ဘာ အင်း အင်းတုံး ခု ထိ နားမလည်သေးဘူးလား ငါ ရှင်းပြနေတာ လျှာထွက်တော့မယ် ဒီမယ် နားထောင် အစက ပြန်ပြောမယ်. . ."

စသည် စသည်။တစ်နေ့ တစ်နေ့ ခမ်းနော့ဝ်နဲ့ မပျင်းရပေ။

ဇာတ်ကားကြည့်သည့်ခါလည်း သူ ကြိုသိထားရင် ရှေ့ကနေ စပွိုင်းသည်။သူ့ကို ကိုးနောင် ပြန် စပွိုင်းရင်ကျ မကြိုက်။

ပြီး ကြည့်တုံးက သရေတမြားမြား ကြည့်။
ကြည့်ပြီးရင် ဇာတ်ကားကို မှိုချိုးမျှစ်ချိုး ဝေဖန်သည်။

"Lotus killer ကလေ တကယ်တော့ ဆယ်လီရူး ရူးနေတဲ့ကောင် . . ကိုးနောင် သိလား . . .ဘယ်နှယ့် လူသတ်ပြီး ရဲစခန်းတိုင်လိုက် စာရေးလိုက်နဲ့ ဖင်တအားယားတာ. . .ဇာတ်ကားထဲမှာသာ ကြီးကျယ်နေသလို ဖြစ်နေတာ တကယ် အပြင်မှာ သိပ် ကြပ်ပြည့်မှာ မဟုတ်ဘူး. . . ငါသာ ရဲဆို အဲ့ကောင် ကို လက်ရဖမ်းပြီးပြီ. . . ပြီး Lotus killerက စောက်ရုပ်က ဆိုးတယ်ထင်တယ် အမြဲ ခေါင်းစွပ် ကြီးအုပ်ထားတာ . ."

"ချောပါတယ်. . ."

"လျှာမရှည်နဲ့ . . . "

"ဟုတ်"

သုံးဆယ့်တစ်ဘုံမှာ သူ့ကို ဘေးက ထားပြီး ဝေဖန်တာ သူ့ယောက်ျားပဲ ဖြစ်သည်။

ခမ်းနော့ဝ် ရယ် ရင် အလိုလို ရယ်ချင်သည်။
ခမ်းနော့ဝ် ငိုရင် အလိုလို ငိုချင်သည်။

ခမ်းနော့ဝ် မျက်နှာကိုသာ တရိပ်ရိပ် တစိမ့်စိမ့် ကြည့်နေကာ သူ့ လှုပ်ရှားမှု အားလုံးကို ရင်ထဲမှာ တိတ်တိတ်လေး saveထားသည်။

စိုင်းဆိုင်ခမ်းနော့ဝ်တွက်ဆို ကိုးနောင်သည် တစ်ကိုယ်လုံး ပုံပေးနိုင်သည်။

ပြုံးနေသော သူ့ နှုတ်ခမ်းလေးများ အမြဲ ဆက်ပြုံးနေရင်ကို ဒီလူ ကျေနပ်၏။

ကိုးနောင် က အမှန်တိုင်း ပြောရရင် ကိုယ့် ရုပ်ရည်ကို အမြဲ မုန်းတီး ရွံ့ရှာခဲ့သည်။တစ်ခါတစ်ရံမျက်နှာကို ဓားနဲ့ လှီးပစ်လိုက်ချင်ထိ ရှက်ခဲ့သည်။သူ့မှာ ရုပ်ရည်နဲ့ ပတ်သက်ပြီး အရမ်းကြီး ယုံကြည်ချက်မရှိပေ။

တစ်ချိန်တုံးက

"ရုပ် ကြည့်ပါ့လား ကြီး လာရင်း ာ ဖြစ်မဲ့ကောင် . . . ဟား ဟ့"

"အိုး . . . ဒီကောင်သာ ာ လုပ်လို့ ကတော့ နေ့တိုင်း လာ ိုး ပြီး supportပေးမယ် . . ."

"ဦးလေးတို့ကို စိတ်မရှိပါနဲ့ကွယ် . . . ဒါ သောက်ရမ်း လှနေတဲ့ မင်းလေးရဲ့ အပြစ်ပဲကွ. . . မင်း ရဲ့ မျက်နှာလေးကို ကြည့်ပါဦး . . . စောက်ရမ်း လှတာပဲ မျက်လုံးလေးတွေ မျက်တောင်လေးတွေ "

သူ့လက်တွေက ကိုးနောင် တစ်ကိုယ်လုံးကို ပွတ်သပ် ပြေးလွှားနေသည်။

"တစ်ကိုယ်လုံး ပဲ . . . မင်း အကုန် လှတယ်ကွာ . . . "

ပြီး ထိုသူက အသံကို နှိမ့်လျှော့လိုက်ကာ

"နောက် အကောင်းဆုံးအပိုင်းကတော့
မင်း -င် ပေါက်က စောက်ရမ်း ကြပ်တစ်နေတာပဲ . . ."

အခန်းကျဉ်းလေးထဲမှာ အော် ရယ်သံတွေ ဆူညံသွားသည်။

အဲ့အသံတွေ နားထဲ ပြန်ကြားယောင်လာတိုင်း ကိုးနောင် နားနှစ်ဖက်ကို တင်းတင်း ပိတ်ခဲ့သည်။သို့သော် အပြင်က အသံတွေ မဟုတ်ဘဲ ရင်မှ လာတဲ့ အသံတွေမို့ ဘယ်လောက် ဆီးတား ဆီးတား ဘယ်တော့မှ ပျောက်ကွယ်မသွားပေ။

ထို့ကြောင့် ကိုယ့် ရုပ်ကို ရွံလွန်း၍ မှန် တောင် မကြည့်ပေ။ကြည့်မိလို့ စိတ်အခန့်မသင့်သော် မှန်ကို ရိုက်ခွဲပစ်ခဲ့မိသည်။

သို့သော်

"ဉာဏ်ကိုးနောင် ဆိုတဲ့ လူသားလေးက ကမ္ဘာပေါ်မှာ အချောဆုံး နဲ့ ချစ်စရာ အကောင်းဆုံးပါဗျ . . ."

ဆိုတဲ့ စကားအောက် ကိုးနောင် ဟာ မှန်ကို ကြည့်ရင်း မှန်ထဲက ပုံရိပ်ကို ပြုံးပြတတ်ခဲ့လေသည်။တစ်သက်လုံး Evil ဆန်ခဲ့တဲ့ နှုတ်ခမ်းတွေက တစ်ယောက်သောသူကြောင့် လှလှလေး ပြုံးတတ်ခဲ့သည်။

"မင်း ကို အရမ်း ချစ်တာပဲ . . . တကယ်ပါပဲ. . ဘယ်လိုလုပ်ရမှန်းမသိဘူး ဗိုက်ထဲ ထည့်လို့ရရင် အကောင်လိုက်လုံး မျိုချပစ်ချင်တယ် ဘယ်သွားသွား သယ်သွားမယ်. . ."

ခမ်းနော့ဝ်ရဲ့စကားလုံးတွေ ကြောင့် ကိုးနောင်က ခြေဖျားလေးတွေကို ဆတ်ကနဲ ကုပ်မိတဲ့ထိ ကြည်နူးရသည်။

ကမ္ဘာပေါ်မှာ ကိုယ့်ကို သိပ်ချစ်တဲ့ လူတစ်ယောက်ရှိနေသေးတယ် ‌ဆိုတဲ့ ခံစားချက်က လေထဲမှာ လွင့်နေသလို သက်တောင့်သက်သာ ရှိလှသည်။

‌ရှေ့က ပုပုသေးသေးကောင်လေးဟာ သွေးအေး Psycho ကောင်ကို ကလေးတစ်ယောက်လိုပဲ မြင်ကာ ယုယနေသည်။ထို Psycho ကျားဖြူကြီးဟာလည်း ချစ်စရာကြောင်အရေခွံခြုံကာ ထိုကောင်လေး‌ရဲ့ ဘေးမှာ ငြိမ်ငြိမ်လေး ယုယ ပွတ်သပ်ခံနေသည်။သူ ဇိမ်ကျနေလို့ ဖြစ်သည်။

တစ်ခုပဲ။

ခမ်းနော့ဝ် ကိုးနောင် အမှောင်ခြမ်းကို သိသွားမှာ ကိုးနောင် မလိုလားပေ။

ကိုးနောင် ဖွင့်လည်း မပြောခဲ့သလို ဝန်လည်း မခံခဲ့ပေ။ခမ်းနော့ဝ် သိသွားလို့ သူ့ ကို ထားခဲ့ရင် . . . သူ ဘယ်လို လုပ်ရမလဲ။

ခမ်းနော့ဝ် အချစ် ကို မယုံချင်လို့ မဟုတ်ဘဲ ပုထုဇဉ်တို့ မရိုးဖြောင့်တဲ့ သဘာဝကို မယုံရဲခဲ့ရုံသာ။

သို့သော် ခမ်းနော့ဝ် ဘက်က မေးလာရင် ငြင်းဖို့ စိတ်ကူးမရှိပါ။

ခမ်းနော့ဝ် သူ့ကို ထောင်ထဲ ထည့်ချင်လည်း သဘောပါလေ။

မငြင်းဆန်လိုပါ။

ကြိုးစင် တက်ရမှာထက် ခမ်းနော့ဝ်နဲ့ ခွဲရမှာ ကလေးတွေနဲ့ ဝေးရမှာသာ ဉာဏ်ကိုးနောင် စိုးထိတ်သည်။

တကယ်တော့ ခမ်းနော့ဝ်က ကိုးနောင်ကို ရလို့ ကံကောင်းတာ မဟုတ်၊ ကိုးနောင်ကသာ ခမ်းနော့ဝ် ကို ရလို့ ကံကောင်းတာ ဖြစ်သည်။

အရမ်း အရမ်း ကို ကံကောင်းသည်။

ဒီ အရပ်ပုပုနဲ့ အာဗြဲစိန် ဒေါက်တာလေးထံဝယ် သုံးဆယ့်တစ်ဘုံလုံးမှာ အကျယ်ဝန်းဆုံး နှလုံးသားတစ်စုံ ရှိသည်။

ကိုးနောင် က သက်ပြင်းရှည်ကြီး ချလိုက်သည်။

သူ စောက်ကျင့်မကောင်းတာ သူပဲ သိသည်။

ခမ်းနော့ဝ်က နေ့လည်စာကို အများကြီး စားနေသည်။သေချာသည်။သူ တစ်ခု ခု ကို စိတ်ညစ်နေရင် ထမင်း အများကြီး စားတတ်သည်။

ကိုးနောင်က ခမ်းနော့ဝ် ပါးစပ်သေးသေးလေး ကို ပုဝါနဲ့ သုတ်ပေးလိုက်တော့

"ငါ မင်းကို ကြည့်မရဘူးနော်"

ကိုးနောင် မျက်လုံးလေးများ ဝိုင်းစက်သွားသည်။

"ကိုယ် ခမ်းနော့ဝ်အပေါ် ဘာလုပ်လို့လဲ"

"ဘာမှ မလုပ်ပါဘူး . . . ငါ့အပေါ်တော့. . . အင်း . . ."

ခမ်းနော့ဝ် ဆက်မပြောဘဲ ထားတဲ့ နောက်ဆက်တွဲ စကားအဓိပ္ပာယ်ကို ကိုးနောင် သိသည်။

ဟိုတစ်နေ့က စိုင်းဆိုင်ခမ်းနော့ဝ် သူ့ လျှို့ဝှက်ခန်းထဲ ဝင်သွားတာ သူ သိသားပဲ။မသိချင်ယောင်ဆောင်နေတာ ဖြစ်သည်။

ကိုးနောင် လက်ပတ်နာရီ အနက်ကို အမြဲတမ်းပတ်ထားတာ လှချင်လို့ အကောင်းပတ်နေတာ မဟုတ်ပေ။အကြောင်းရင်း ရှိသည်။

ထိုနာရီက လျှို့ဝှက်ခန်းအပါအဝင် တစ်အိမ်လုံးရဲ့ system အားလုံးကို ထိန်းချုပ်ထားသည်။

သူစိမ်းတစ်ယောက် ကိုးနောင်ရဲ့ အခန်းကြီးထဲ ဝင်မိသော် ကိုးနောင် နာရီက အနီရောင် မျဉ်းတွေ ပေါ်လာပြီး အချက်ပြသည်။

တကယ်က ထိုအခန်းထဲ လွယ်လွယ်တော့ ဝင်လို့ရတာ မဟုတ်။ဝင်လို့ရရင်လည်း အခန်းတွေက တစ်ခန်းနဲ့ တစ်ခန်း ဝင်္ကပါကြီးလို ချိတ်ဆက်ထားတာမို့ ပြန်မထွက်နိုင်ဘဲ လည်နေမှာပင်။

ထို့ပြင် အဲ့အခန်းမှာ လုံခြုံရေး လက်နက်တွေ အများကြီး ရှိသည်။

ကျူးကျော်သူ ဝင်ရောက် လာရင် ကိုးနောင်က လုံခြုံရေး system ကို ဖွင့်လိုက်သည့်အခါ ထိုသူ သည် အပြင် ကို အသက်ရှင်လျက် ပြန်မထွက်နိုင်တော့ပေ။

ထိုအခန်းထဲ ခမ်းနော့ဝ် ဝင်သွားသောအခါမှာမူ ကိုးနောင်က လုံခြုံရေး system ကို ပိတ်ပစ်လိုက်သည်။

ခမ်းနော့ဝ်က ထမင်း စား လို့ ဝသွားသောအခါ ကိုးနောင်ကို ကြည့်လိုက်သည်။

"မင်း ဘာမှ မစားဘူးလား"

"အင်း. . . ဒီတိုင်း စားချင်စိတ် မရှိလို့ . . ."

" ဟ့ မင်း အစာအိမ်ရှိတယ်နော် . . .မပေါ့နဲ့. . မနေ့က ဘာစားလဲ"

ကိုးနောင်က မျက်တောင်လေးကို ညင်သာစွာ စင်းချလိုက်သည်။မျက်ဝန်းစိမ်းစိမ်းလေးများက အရောင် မှိန်ရီ ညှိုးရော်စွာ။မေးကို လက်နဲ့ ပျင်းတိပျင်းရွဲ ထောက်ပြီး မှီနေသည်။

"ဒီတိုင်း ရေပဲသောက်တာ. . "

"ဘာ! ဘာပြောတယ်!!ဉာဏ်ကိုးနောင်တို့ကတော့ ငါ မရှိတာနဲ့ အကျင့်တွေ ပျက်နေတာ . . . "

"မင်းမရှိရင် မဖြစ်တဲ့ဘဝမလို့ တစ်ယောက်တည်း ဘယ်တော့မှ မထားခဲ့လို့ မရဘူးလား . . ."

"ဝတ္ထုတွေ လျှော့ဖတ်စမ်း"

ခမ်းနော့ဝ် ပြောပြောဆိုဆို ကိုးနောင် ဘေး လှစ်ကနဲ ရောက်လာကာ နဖူးနဲ့ပါးကို အဆင့်ဆင့် စမ်းလိုက်သည်။

ပူနွေးနေသော အထိအတွေ့ကြောင့် ဒီယောက်ျား ဖျားနေပြီ။

"ခု ဘာစားမလဲ . . . ဆန်ပြုတ် သောက်မလား . . . အစာအိမ်ရှိနေတာကို မတရား ပေါ့တီးပေါ့ဆ မနေရဘူးလေကွာ. . . မဖြစ်ပါဘူး မင်း တစ်ယောက်နဲ့ . . . Medical check လုပ်ပေးဦးမှာပါ"

ကိုးနောင်က ပါးပေါ်က ခမ်းနော့ဝ်လက်ကို ပွတ်တိုက်နမ်းရှိုက်သည်။ကိုးနောင် မျက်လုံးအောက်ခြေက အနည်းငယ်ညိုနေသည့် မျက်ကွင်းများကို မြင်လိုက်ရစဉ် စိုင်းဆိုင်ခမ်းနော့ဝ်မှာ ကိုးနောင် ညပါ မအိပ်ထားမှန်း သိသွားသည်။

"ဉာဏ် ရာ . . . "

"ခမ်းနော့ဝ် မရှိဘဲ ကိုယ်မှ မအိပ်တတ်တဲ့ ဟာကို. . ."

"အေးပါ အေးပါ . . .မင်းရော . . မင်းတို့ တစ်ရွာလုံးရော မှန်ပါတယ် ငါပဲ မှားတာပါ နောက်ခါ အပြင်မှာ ထွက်ပြီး ည မအိပ်တော့ပါဘူး. . . muteလည်း မထားတော့ပါဘူး. . ."

ခမ်းနော့ဝ်က ဆန်ပြုတ်တစ်ပွဲ အမြန်မှာလိုက်သည်။

"ခွံ့ကျွေး. . . အာ. . ."

"လက်က ဘယ်ရောက်သွားတာလဲ"

ကိုးနောင်က လက်နှစ်ဖက်ကို နောက်ပစ်လိုက်သည်။

"ရှိတော့ဘူး"

ခမ်းနော့ဝ် က ဆန်ပြုတ်ကို ခတ် ခွံ့ကျွေးရန် ဟန်ပြင်ကာ ရှိသေး ခမ်းနော့ဝ် ဖုန်းက မြည်လာသည်။

"မီဂါလီပါ"

တစ်ဖက်လူရဲ့ အသံက ဝါးတားတား။သေချာအာရုံစိုက် နားထောင်ကာမှ 'မင်္ဂလာပါ' ပြောမှန်း သိသည်။

ကရားရေလွှတ် တောက်လျှောက် ပြောနေသော English စကားကို ခမ်းနော့ဝ် နားမလည်။

"ဘယ်သူလဲ"
ကိုးနောင် မေးသည်။

ခမ်းနော့ဝ် ခေါင်းရမ်းပြသည်။

"မသိဘူး"

ကိုးနောင်က ဖုန်းကို ဆတ်ကနဲ ဆွဲယူသွားသည်။

စက္ကန့် ပိုင်း အကြာ ကိုးနောင်မျက်နှာက တည်သွားပြီး မျက်ခုံးတစ်ဖက် ပင့်လိုက်သည်။

ပြီး ဖုန်းကို ချလိုက်ပြီး အေးစက်စက် ပြောလိုက်သည်ကား

"မက်ရှလေ မြန်မာနိုင်ငံ ရောက်နေတယ်" ဟူ၍။

++++

မက်ရှလေ။

ဆံပင်ဝါဝါ မျက်လုံးပြာပြာနဲ့ ရုရှားကောင်။အရမ်း ကို လက်ရဲဇက်ရဲ နိုင်လွန်းပြီး သူများ မလုပ်နိုင်တာကို ထက်ထက်မြက်မြက် လုပ်နိုင်တဲ့ တကယ့် အာဂ ဂြိုဟ်သားကောင်။

မက်ရှလေဆိုတာ နန်းနွယ်နဲ့ ကိုးနွယ်ရဲ့ ဖန်ဆင်းရှင်။

ကမ္ဘာအနှံ့အမျိုးသား ကိုယ်ဝန်ဆောင်တွေ မတွင်ကျယ်သေးတဲ့ ခေတ်ဝယ် ခမ်းနော့ဝ် ဗိုက်ကို ခွဲ သားအိမ်ထည့် ၊ ကလေးကို မရမက ဆွဲထုတ်ပြီး ခက်ခက်ခဲခဲ စွန့်စွန့်စားစား ခွဲစိတ် မွေးဖွားပေးခဲ့သော သားဖွားလက်သည် ဒေါက်တာ ဟာ
မက်ရှလေ ဖြစ်သည်။

မက်ရှလေကို စသိပုံမှာ ခမ်းနော့ဝ်တို့ မင်္ဂလာဆောင်ပြီး လို့ လက်ဖွဲ့တွေ ဖောက်စဉ် ဖဲပွင့်လေးနဲ့ Box ဗူးလေးတစ်ခုကို ချစ်စရာလေးဆိုပြီး ဖွင့်ကြည့်သောအခါ အထဲက သေနတ်ကြီး ထွက်လာသည်။ဗူးအဖုံးမှာ မက်ရှလေ ဆိုပြီး signကြီးက မမြင်မှာစိုးလို့ အကြီးကြီးထိုးထားသည်။ပြီး 'Happy Wedding' ပါဆိုပြီးလည်း ရေးထားသေးသည်။

သူများ မင်္ဂလာဆောင်မှာ ရူးကြောင်ကြောင်နဲ့ သေနတ်ကြီး လာ လက်ဖွဲ့သည်။

ကိုးနောင်က မဆဲစဖူး 'ဖေ ိုးမ' ဆိုပြီး ပြစ်ပြစ်နှစ်နှစ် ဆဲခဲ့တာ ပြန်တွေးတိုင်း ရယ်ရသည်။

အစက လက်ထပ်ပြီး ကလေး ချက်ချင်း တန်းယူဖို့ အစီစဉ် မရှိ။ကလေး တွေက အရမ်း တာဝန်ကြီးသည်။

ကလေး တစ်ယောက်ကို ယူလိုက်တာသည် လူတစ်ယောက်ရဲ့ ဘဝတစ်ခုကို လက်ထဲ ယူလိုက်တာပဲ ဖြစ်၏။ကောင်းမွန်စွာ ရှင်သန်ကြီးထွားလာအောင် ပျိုးထောင်ပေးရမည်။

တကယ့်ကို ကြီးလေးလွန်းတဲ့ တာဝန်ကြီးမလို့ ခမ်းနော့ဝ် လုပ်မှ လုပ်နိုင်ပါ့မလားဟု တွေးကြောက်မိသည်။

သို့သော် ကိုးနောင်ကမူ ဟိုဖက်အိမ်က မင်းရှင်မာန်လေးကို ချီပြီးကတည်းက ကလေး ရူး ရူးနေသည်။

အဲ့တုံးက ရှင်မာန်က တကယ့်သေးသေးပိစိလေး။တောက် တောက် တောက်နဲ့ လျှောက်သွားနေကာ လူတစ်ကာနောက် လိုက်နေသည်။စကား မပီကလာ ပီကလာနဲ့ 'ပေပေ ပေကြီး' ဆိုပြီး လိုက်ခေါ်တတ် စ ပိစိအရွယ်လေးပင်။

ကိုးနောင် က ဖွင့်မပြောပေသည့်တိုင် သူ့ကို တစ်ချက် ကြည့်တာနဲ့ ခမ်းနော့ဝ် သိပါသည်။ကလေး ပေါက်စတွေကို ငေးကြည့်နေတဲ့ ကိုးနောင် မျက်လုံးတွေက ကျောက်စိမ်းတုံးလို မြစိမ်းရောင် တဖြတ်ဖြတ်လက်နေသည်။

"ဘဝမှာ တစ်ခါလောက်တော့ အဖေ လို့ ခေါ်ခံချင်တယ်. . ."

ကိုးနောင် က သူ့ စာအုပ်ထဲမှာ ရေးထားတဲ့ စာသားဖြစ်သည်။

သူ့ ခင်ပွန်းအသစ်စက်စက်ချောချောလေး ဆန္ဒရှိလျှင် မပြည့် ပြည့်အောင် ခမ်းနော့ဝ် ဖြည့်ဆည်းပေးချင်မိသည်။လောကကြီး ပျက်သွားတောင် ဒီယောက်ျား ပျော်ဖို့က ပို အရေးကြီးသည်။

ကိုးနောင်ကို ခမ်းနော့ဝ် ကလေးကိုယ်တိုင် မွေးမဲ့ ကိစ္စ ပြောတော့ ကိုးနောင်က အန္တရာယ်များတယ် ဆိုပြီး လက်မခံပေ။

သို့သော် အတင်း ပူဆာလွန်း၍ နောက်ဆုံးကျ ဖုန်းတစ်ကောလ် ကို ခေါ်လိုက်သည်။

"ဘာလဲ Motherfucker . . . ဘာ သောက်ပြဿနာ တက်နေပြန်ပြီလဲ. . ."

မြန်မာနိုင်ငံမှာ နေခင်းကြီး ဖြစ်သော်လည်း ရုရှားမှာ ညလယ်ကြီးဖြစ်သည်။

မသိရင် မက်ရှလေ အိပ်နေရာမှ အလောတကြီး ထလာရ၍ မကျေနပ်နေတဲ့ လေသံဟု ထင်နိုင်စရာရှိ၏။ ကိုးနောင်ကမူ မက်ရှလေ ညကြီး လူခြေဆိတ်ချိန် မထော်မနန်းတွေ လုပ်နေတုံး ဖုန်းလာ၍ လုပ်လက်စ အရှိန်ပျက်သွားလို့ ဒေါကန်နေတာမှန်း တန်း သိသည်။သို့သော် ကိုးနောင် စောက်ဂရု မစိုက်ပါ။

ကိုးနောင်က မက်ရှလေနဲ့ ခမ်းနော့ဝ်ကို အပြင်မှာ တွေ့ပြီး ‌အေးတိအေးစက် မိတ်ဆက်ပေးသည်။

ပြီး ကိုးနောင်က ခမ်းနော့ဝ် ကို တိုးတိုးလေး ကပ်ပြီး "သူနဲ့ အနီးကပ် အပေါင်းသင်းမလုပ်နဲ့. . . စောက်ကျင့် မကောင်းဘူး. . ." ဟု မှာသည်။

သို့သော် မက်ရှလေ က သဘောကောင်းတယ် လို့ ခမ်းနော့ဝ် ထင်သည်။အမြဲ ပြုံးရွှင်နေကာ တက်ကြွတဲ့ ကြက်ဖလို ဖလန်း ဖလန်း ဖြစ်သည်။ကြည့်လိုက်ရင် အမြဲ လှုပ်ရွနေကာ အငြိမ်ကို မနေပေ။

ခမ်းနော့ဝ် စိတ်ညစ်တာ တစ်ခုကတော့ မက်ရှလေ ဘာတွေ ပြောနေမှန်း နားမလည်‌တာပင်။

ခမ်းနော့ဝ် English လို သာမန်ထမင်းစား ရေသောက်တော့ နားလည်ပါသည်။

အဲ့မက်ရှလေဆိုတဲ့ ဂြိုဟ်သားကောင် ပြောတဲ့ ရုရှားသံကြီး ဝဲနေတဲ့ English စကားကတော့ အတော်လေး နားထောင်ရခက်သည်။

Native ဆို နားလည်လောက်ပေမယ့်
ခမ်းနော့ဝ်က ကိုယ့်တစ်ယောက်တည်းတောင် ဒစ်လည်နေတဲ့ကောင်။

"ဒီလို အမျိုးသားကိုယ်ဝန်ဆောင်တဲ့ကိစ္စ က နည်းနည်း လက်ဝင်ပြီး ခက်ခဲတဲ့ ကိစ္စကြီး ဆိုပေမင့် ကိုယ့် ကို ယုံလိုက်ပါ . . . ကိုယ်က အဲ့လို ထူးထူးဆန်းဆန်း စွန့်စားတဲ့ နေရာမှာ အရမ်းတော်တာ. . .ဒါမဲ့ ကိုယ့်ကြောင့် ခင်ဗျား မတိုင်ခင် ရှေ့က လူတွေ အကုန်လုံးကတော့ သေသွားကြတာချည်းပဲ . . .စိတ်မပူပါနဲ့ ခင်ဗျားကိုတော့ မသေစေရပါဘူး . . .ကိုယ် ပုဆိန် ခုတ်ခံရပြီး မသေချင်ဘူးလေ. . . လှလှလေးပဲ သေချင်တာ. . ."

မက်ရှလေရဲ့အပြာနုရောင် မျက်ဝန်းတွေက ‌ရွှေအိုရောင် ဆံပင်တွေအောက်ဝယ် မြူးထူးစွာ တည်ရှိသည်။

"ကိုယ်က အဲ့လို လူတစ်ယောက်ကို စမ်းသပ်ပြီး တီထွင်ပေးရတာ သဘောကျတယ် . . . ဘုရားသခင် ကနေဦး ဖန်ဆင်းထားတာက ပုံတုံးတုံးကြီးတွေမို့ နည်းနည်း ဆန်းအောင် ပြုပြင်ပေးလိုက်တာလေ. . . ဉပမာ လူတွေကို ကျောကနေ ခွဲစိတ်ပြီး တောင်ပံတပ်ပေးရတာမျိုး ၊ခြေကို ပေါင်ရင်းကဖြတ်ပြီး မျောက်ဝံခြေထောက်တပ်ပြီး မျောက်တစ်ပိုင်း လူတစ်ပိုင်း လုပ်ပေးတာမျိုး ၊ တစ်ကိုယ်လုံး လက်တွေ ခြေတွေဖြတ် တွန့်လိမ်တွန့်လိမ် တီကောင် လုပ်ပေးတာမျိုး ၊ အရှင်လတ်လတ် မြေမြှုပ်ပြီး ဘယ်ချိန် သေလဲ timerချိန်ထားတာမျိုး. . . စိတ်ဝင်စားစရာ ကောင်းတယ်မလား. . .ဟား ဟား"

မက်ရှလေက ခနဲ့တဲ့တဲ့ ရယ်မောကာ စားပွဲပေါ် လက်နဲ့ တဒေါက်ဒေါက် ခေါက်သည်။အခန်းကြီးက တိတ်ဆိတ်နေတာမို့ ခုံခေါက်သံကြီးက ကျယ်လောင်စူးရှစွာ။

ခမ်းနော့ဝ် 'Yes Yes' ဆိုပြီး ဖြီးပြလိုက်ကာ တစ်ဆက်တည်း ကိုးနောင်ကို ကပ်ပြီး

"ဟဲ့. . . အဲ့ ကောင် ဘာဂြိုဟ်သားစကားတွေ ပြောနေတာလဲ ထရန်စလိတ် ပေးပါ . . .ပလိ့စ်"

"သူ ခွဲသမျှ လူနာတွေ အကုန်သေတယ်တဲ့. . ."

"စပ"

ကိုးနောင်က ခမ်းနော့ဝ် ပုခုံးပေါ် မေးတင်ကာ

"စတာ စတာ အဲ့ကောင်ကို ယုံလို့ရတယ် ဒီထက် ခက်တဲ့ ကိစ္စတွေတောင် အဲ့ကောင် လုပ်နိုင်သေးတာ . . . သားဖွား မီးယပ်လောက်ကတော့ အေးဆေး"

"အမလေး မြတ်စွာဘုရား ကယ်ပါ. . .ခုမှ ယောက်ျားရတုံးလေး အစောကြီး မသေချင်ဘူးနော်. . ."

ကိုယ်ဝန် ကိစ္စနဲ့ ပတ်သက်၍ ရုရှားရှိ မက်ရှလေ အိမ်ကို ခဏတိုင်း သွားရသည်။

စိုင်းဆိုင်ခမ်းနော့ဝ် ဘဝ တွင် မက်ရှလေအိမ်လောက် ထူးဆန်းတဲ့ အိမ် မမြင်ဖူးခဲ့ပေ။

အိမ်က ရိုးရိုး တစ်ထပ်တိုက်ပုလေး ဖြစ်သည်။သို့သော် အတွင်းဝင်ကြည့်သောအခါ မယုံနိုင်လောက်အောင် အကျယ်ကြီး ဖြစ်သည်။ထို့ပြင် အတွင်းဝယ် မှန်နဲ့သာ အားလုံး တပ်ဆင်ဆောက်လုပ်ထားသည်။နံရံတွေက အစ မှန်တွေနဲ့ ဖြစ်သည်။မှန်ချပ်တွေကို အုတ်နံရံ ပေါ်မှာ ကပ်ထားတာ ဖြစ်သည်။

"Congratulation ခင်ဗျားမှာ ကိုယ်ဝန် နှစ်ပတ် ရှိနေပြီ. . . ဂရုစိုက်ပါ. . . ဪ. . .ခင်ဗျားရဲ့ ဉာဏ် ရှိတာပဲ သူ့ကို ခိုင်းစား၊ ဒီချိန်က ခိုင်းပြီး နှိပ်စက်လို့ အကောင်းဆုံး အချိန်ပဲ ဗျ. . ."

"အိုကေ အိုကေ"

ဘာတွေ ပြောနေမှန်းမသိရင် အိုကေ လိုက်တာ ခမ်းနော့ဝ် လောဂျစ်။မက်ရှ‌လေ စကားထဲက ရှေ့စကားလုံး ကွန်ကရက်ကျူလေးရှင်းပဲ နားလည်သည်။ကျန်တာ ပလုံစွက်။

ခမ်းနောဝ့်နဲ့ ကွဲပြားစွာ ကိုးနောင်က တော့ ဘာသာ စကားပေါင်းစုံ တတ်နေသလား ထင်ရသည်။English အပြင် ဂျပန်လည်း သူ တတ်သည်၊ ရုရှားလည်း သူတတ်သည် ၊ ပြင်သစ်လည်း သူ တတ်သည် ၊ ခမ်းနော့ဝ် အမျိုးတွေနဲ့ အဆင်ပြေအောင် ရှမ်းစာတောင် သူ အပြေး သွားသင်လိုက်သေးသည်။

အဲ . . . ဒါမဲ့ ကိုးနောင် တရုတ်စာ တော့ ဘယ်လို သင်သင် မတတ်ပေ။
သူ ဘာသာ သူ မတတ်တာကို သူများဘာသာစကားအား ရုံပတေသီး လေသံ ဆိုပြီး ဝေဖန်လိုက်သေးသည်။

ခမ်းနော့ဝ် ကိုယ်ဝန် ငါးလ မြောက်ဝယ် မက်ရှလေ အိမ်ကို ‌ရောက်ခဲ့ပြန်သည်။

မက်ရှလေ က တံခါး မဖွင့်ပေးချင် ဖွင့်ပေးချင် နဲ့ တံခါး လာ ဖွင့်ပေးသည်။

ကိုးနောင်က ကိုယ့် အိမ် ကိုယ့်ယာ လို နောက်ဖေး ဝင်သွားကာ ရေခဲသေတ္တာထဲက ကွက်ကီးထုပ်တွေ ယူလာပြီး ခမ်းနော့ဝ် ကို ကျွေးသည်။

ခမ်းနော့ဝ်က အားနာလို့ တို့ကာ ပင့်ကာ ပဲ စားသော်လည်း နောက်ပိုင်း အရှိန်လွန်သွားကာ မုန့် တွေ အကုန် ပြောင်လက်သွားသည်။မက်ရှလေက မျက်မှောင်ကုတ်လိုက်တော့ ကိုးနောင် က မျက်ခုံးကို တစ်ချက်ပင့် 'အကုန် စားတော့ ဘာဖြစ်ချင်လဲ' ဆိုတဲ့ မထီတရီ မျက်နှာဘေးနဲ့ စိုက်ကြည့်သည်။

မက်ရှလေ အသံတိတ် ဆဲရေးကာ အိမ် အတွင်းဘက်ခန်းထဲ ဝင်သွားသည်။

"ဉာဏ်. . . အချစ်လေး. . . သူများ အိမ်မှာ မျိုစို့နေရတာ အားနာပါတယ် နောက်ထပ်ရှိသေးရင် ထပ်ယူခဲ့ပါလား နော်. . . နော် ဗိုက်ဆာလို့ပါ. . .မင်း ကလေးက အရမ်း စားတာကိုး. . ."

ကိုးနောင်က ခေါင်းငြိမ့်ပြပြီး အားမနာ လျှာမကျိုးစွာ ‌မီးဖိုနောက်ထဲ ဝင်သွားသည်။

ရေခဲသေတ္တာ ထဲတွင် ဖြစ်ကတတ်စမ်း ထိုးသိပ်ထည့်ထားတဲ့ အူခွေကြီးကို မြင်သောအခါ ကိုးနောင် က
ခမ်းနော့ဝ် ကို လှမ်းအော်ပြောသည်။

"ကိုယ့် နောက် မလိုက်ခဲ့နဲ့နော် အဲ့ဒီမှာပဲ ငြိမ်ငြိမ်လေး ထိုင်နေ . . . "

သို့သော် ခမ်းနော့ဝ်မှာမူ မက်ရှလေရဲ့ မသဒ္ဓါရေစာတွေ အစားများပြီး အိမ်သာ တက်ချင်လာတာမို့ ဧည့်ခန်းရဲ့ ဘယ်ဘက်ဆုံးက toilet ထဲ လှုပ်တုတ်တုတ် ဝင်လာခဲ့သည်။

အိမ်သာကလည်း မှန်တွေနဲ့မို့ ခမ်းနော့ဝ် ကိုယ့် အခွက် ကို မြင်ပြီး နှာခေါင်းရှုံ့လိုက်သည်။

ကိုယ်ဝန်ဆောင်မှ ပဲ နင်းကန် စားတာများပြီး ဝလာသလိုပဲ။

ထိုစဉ် မှန်နံရံက ဒုံးကနဲ မြည်လာသည်။ပထမ ညင်သာရာမှ တဖြည်းဖြည်း ကျယ်လာကာမှန်ကြီးတောင် တုန်တက်သွားသောအခါ ခမ်းနော့ဝ်
ပါလက်စ ချီးတောင် ပြန်ဝင်သွားသည်ထိ လန့်သွားသည်။

"ကိုးနောင်!!! ရုရှားမှာ ငလျင် လှုပ်နေတယ် ငလျင် ငလျင်. . ."

ကိုးနောင်က အမြန်ပြေးလာပြီး ခမ်းနော့ဝ်ကို ပွေ့လိုက်သည်။ကိုးနောင် ရောက်လာသောအခါ အားလုံးဟာ တိတ်ဆိတ်စွာ။

နောက်တစ်ခေါက်ကျ မက်ရှလေ ဆီ ညကြီးနေမှ ရောက်လာခဲ့တာ ဖြစ်သည်။

မော်စကိုမြို့က ညမိခင်ရင်ခွင်အောက် တိတ်ဆိတ်စွာ အိပ်စက်နေသည်။

မက်ရှလေ အိမ်ထဲတွင် မှောင်မိုက်ပြီး တိတ်ဆိတ်နေသည်။မှန်ကြီးတွေက လှုပ်နေသလို လို။ဖြတ်ကနဲ မှန်ပေါ် ထင်လာတဲ့ ကိုယ့် အရိပ်က စ ကြောက်စရာ ကောင်းနေသလို။မက်ရှလေ က 'ခဏ' ဆိုပြီး စောင့်ခိုင်းထားပြီး အပြင်ထွက်သွားတာ အတော်ကြာသည်။

ဘေးနား ကိုးနောင် မရှိရင် ခမ်းနော့ဝ် ထွက်ပြေးမိလောက်ပေမည်။

ဘယ်လိုကြီးမှန်းလဲ မသိ။ကျောထဲ စိမ့်စိမ့်အေးလာကာ ခြောက်ခြားလာသည်။

ခမ်းနော့ဝ် ကိုးနောင် ရင်ခွင်ထဲ တိုးဝင်လိုက်သောအခါ နွေးနေသည်။

ကိုးနောင်က ခမ်းနော့ဝ် ခေါင်းကို ဖွဖွလေး ပုတ်ပေးသည်။‌အေးစက်‌နေတဲ့ ခမ်းနော့ဝ် လက်ဖျားတွေကို ဆုပ်ကိုင်ပြီး အာငွေ့ပေးသည်။

ပြီး ဗိုက်ကို ဖိကပ်နမ်းလိုက်သည်။

"ကိုယ့် ကလေးအဖေ ဖြစ်တော့မယ်ကွ. . ."

"ပျော်လား"

"ပျော်တယ်. . ."

ခမ်းနော့ဝ် က မြူးထူးစွာ ကိုးနောင်ကို နမ်းမို့ ရှိသေး ဟိုး နောက်ဆုံးအခန်းက . . . အခန်းထဲက . . သွေးစွန်းနေတဲ့ လက်ကြီးတစ်ဖက်!!!

အား. . .!!!။

++++

"သရဲ သရဲ . . .ကိုးနောင် ကြောက်တယ်. . .အာ့တာ ဘာကြီးလဲ သိဘူး"

ခမ်းနော့ဝ်က ကိုးနောင် လည်တိုင်ကို ဖိကပ်ပြီး ဗလုံးဗထွေး အော်ကြီးဟစ်ကျယ် ပြောသည်။

အီခနဲ ငိုချလိုက်ကာ နှာရည်တွေပင် ထွက်နေသည်။

"ဘာမှ မဖြစ်ပါဘူး မှားမြင်တာ နေမှာ. . . စိတ်လျှော့နော် ကိုယ့်ခမ်းနော့ဝ်လေးက မငိုရဘူးလေ ခမ်းနော့ဝ်ငိုရင် ကလေးပိစိလေးက စိတ်မကောင်းဖြစ်ပြီး လိုက်ငို နေလိမ့်မယ်နော်. . .မငိုပါနဲ့နော်. . . မကြောက်နဲ့ ကိုယ်ရှိတယ် . . . ကျွတ် ကျွတ်"

"အား . . . သရဲ သရဲ ပါဆို ငါတကယ် မြင်လိုက်တာ လုံးဝ မျက်လုံးမမှားဘူး
တစ်ပြန်မနေ့ကမှ ပါဝါချိန်ထားတာ. . ."

ခမ်းနေ့ာဝ်က နှာချေးတွဲလောင်းနဲ့ဘခြေဆောင့်ကာ ပြောတော့ ကိုးနောင် မက်တပ်ရပ်လိုက်ကာ

"နေ . . .ကိုယ် သွားကြည့်ပေးမယ် ဟုတ်ပြီလား"

"ဟင့်. . . အီး. . . အဲ့လိုကြီး တစ်ယောက်တည်း မသွားနဲ့လေ . . . မက်ရှလေကလည်း ပြန်မလာသေးဘူးလား. . . ဟ့ မသွားနဲ့နော် သရဲကား‌ထဲမှာဆို အဲ့လို တစ်ယောက်တည်းသွားရင် သောက်ပြဿနာ တက်တော့တာပဲ. . . ကိုးနောင် မသွားနဲ့လို့. . ."

ခမ်းနော့ဝ်သာဆို ဘာသံ ကြားကြား ဘယ်တော့မှ သွားမကြည့်တတ်တော့တာ အဲ့သရဲကားတွေရဲ့ ကျေးဇူးကြောင့်။

ဇာတ်ကားတွေက သရဲကား ဇာတ်ဝင်ခန်းလို ကိုးနောင်က ထိုအခန်းဆီ လမ်းလျှောက်သွားသည်။

အမှောင်ထုထဲဝယ် အေးခဲနေတဲ့ မျက်လုံးများနဲ့ တစ်လှမ်းချင်း လမ်းလျှောက်နေတဲ့ အမျိုးသားကသာလျှင် ထို သွေးပေနေတဲ့လက်ကြီးတစ်ဖက်ထက် ပို ကြောက်ဖို့ ကောင်းနေကြောင်း ခမ်းနော့ဝ်ဟာ မသိခဲ့ပါလေ။

သရဲတောင် ဉာဏ်ကိုးနောင်ကိုမြင်ရင် လာ လမ်းကို ပြန်ပြေးလောက်သည်။

ကိုးနောင်က အခန်းတံခါးရှေ့ ရပ်လိုက်ပြီး "အိုး" ဆိုပြီး အာမေဍိတ် ပြုလိုက်သည်။

လိုက်လာမယ်လုပ်နေသော ခမ်းနော့ဝ်ကို အမြန်တားလိုက်သည်။

ဒီမြင်ကွင်းကို မြင်ရင် ခမ်းနော့ဝ် သေချာပေါက် တက် သေသွားလောက်သည်။

13 14 နှစ် အရွယ် ကောင်လေးတစ်ယောက်က ကြမ်းပြင် ပေါ်မှာ မှောက်ရက်ကြီး လဲကျနေသည်။

တစ်ကိုယ်လုံး အင်္ကျီလည်း မပါပေ။

သူ့ ခန္ဓာကိုယ် တစ်ခုလုံးက Marking ရာပုံစံလို အညိုကွယ်ကြီးတွေ ပြည့်နှက်နေပြီး ခြေထောက်များက ရိုက်ချိုးခံထားရသည်။

အသားလည်း မရှိ၊ ပိန်လှီ ခြောက်ကပ်နေသည်မှာအရိုးခြောက် ကြီးလို။

ဆံပင်တွေက သွေးတွေနဲ့ ရောယှက်နေကာ နှုတ်ခမ်းက အသံ တစ်သံ ထွက်ဖို့တောင် အားမရှိသည့်ဟန်။လည်ပင်းကို သံလည်ပတ်ကြီးနဲ့ ခတ်ထားခံရပြီး ထိုကောင်လေးသည် အပြင်ကို ရုန်းထွက်ချင်ပေမယ့် ထိုလည်သံကြိုးက လည်ပင်းကို ပြတ်ထွက်သွားမတတ် ဆွဲထားခြင်းခံထားရသည်။

ခြေတွေ ရိုက်ချိုးခံထားရလို့ လမ်းလည်း မလျှောက်နိုင်၍ တစ်ရွတ်တိုက်ကြီး သွားရသည်။သူ့ဘေးနားမှာ သွေးကြောင်းကြီးတွေ အတန်းလိုက် စီးနေသည့်အပြင် မုန့်တွေ နွားနို့ဖြူဖြူတွေက သွေးတွေနဲ့ အတူ ရောယှက်နေသည်။

ထိုကောင်လေးက လူသံကြား၍ သွေးတွေ ပေပွ နေတဲ့ လက်ကြီး တစ်ဖက်ကို အားတင်းကာ ထုတ်ပြီးအချက်ပြတာ ဖြစ်သော်လည်း အင်မတန် သတ္တိ ကောင်းသော သူ့ ယောက်ျားပေါက်စက သရဲထင်ကာ လန့်သွားသည်။

ကောင်လေးရဲ့လက်များက ကိုးနောင်ရဲ့ ရှူးဖိနပ်ကို ထိလာသည်။သို့သော် ကိုးနောင် မျက်နှာကို မော့ကြည့်လိုက်စဉ် သူ့ လက်ကို ပြန်ရုတ်လိုက်သည်။

ဒီလူဟာ သူ့ကို ဘယ်တော့မှ ကယ်ဆယ်မည့် လူ မဟုတ်မှန်း သူ သိသည်။

ဒီလူရဲ့ မျက်လုံးစိမ်းစိမ်းတွေဟာ မက်ရှလေရဲ့ မျက်လုံးပြာပြာတွေနဲ့ မထူးမခြားပင်။

ကြောက်စရာကောင်းသည်။ရက်စက်သည်။အကြင်နာတရား ခေါင်းပါးလွန်းသည်။

Psychopath ဆိုသည်မှာ Satanကို လူသား version ပြောင်းလိုက်ခြင်းသာ။မဟုတ်. . . Satan ထက်ကို Psychopathက ပို ရက်စက်ဆိုးရွားလောက်မည်။

ဒါမဲ့ ရှီဒိုဂယောင်းဟာ ဘယ်သောခါမှ အညံ့မခံသူ မဟုတ်ပါလေ။

"ကိုးနောင် . . . ! ဘာ ဘာ ဘာ တွေ့လဲ. . ."

ကိုးနောင်က ထိုအလောင်းကြီး တစ်ခုလို ဖြူဖပ်ဖြူလျော် ဖြစ်နေသော ကောင်လေးကို မျက်တောင်တွေ မှေးစင်းပြီး အေးစက်စွာ စိုက်ကြည့်ပြီးနောက် တံခါးကို ခြိမ်းကနဲ ပိတ်ပစ်လိုက်သည်။

"ဝါး. . . သရဲကြီး ခမ်းနော့ဝ်ကို ကိုက်စားဖို့ လာပြီကွ. . ."

ကိုးနောင် လက်နှစ်ဖက်ကို ပါးမှာ ကပ် လက်ချောင်းလေးများကို ကွေးကာ ကျားပေါက် သဏ္ဍာန် လုပ်ပြပြီး ချစ်စဖွယ် ရယ်မောလိုက်ရင်း

"ဟင့်အင်း. . . ဘာမှ တွေ့ပါဘူးဗျာ. . ."

ထိုစဉ် "ချလပ်"ဆိုပြီး တံခါး ဖွင့်သံနဲ့အတူ မက်ရှလေ ဝင်လာသည်။

မက်ရှလေက Supermarket တစ်ခုက ပြန်လာဟန် တူသည်။အသီးအနှံတွေ၊ဟင်းခတ် အမွှေးအကြိုင်တွေ၊ရက်ရှည်ခံ ခေါက်ဆွဲခြောက်တွေ၊ကွတ်ကီးတွေ‌၊ဆေးဗူးတွေကို လက်ဆွဲကာ သယ်လာသည်။

"Oh God . . 9နာရီတောင် ထိုးတော့မယ် . . . ငါ အစာကျွေးရဦးမယ် . . . ငါ ခွေးတစ်ကောင် မွေးထားတာ. . ကျစ်. . . ဒါမဲ့ ငါ ဘာကျွေးကျွေး သူ မစားဘူးကွာ. . .စိတ်ပျက်စရာပဲ. . ."

"အဲ့ကောင်လေးက အရမ်း ငယ်သေးတယ်. . .မုဒိန်းတကာ့ မုဒိန်းထဲ မှာ သက်ငယ် မုဒိန်းက အဆိုးဆုံးနော်. . .လူသတ်တာ ထက် မုဒိန်းကျင့်တာ ပို စိတ်ပျက်စရာကောင်းတယ်. . ."

ကိုးနောင်က အိပ်ပျော်သွားတဲ့ ခမ်းနော့ဝ်ကို ရင်ခွင်ထဲ ပွေ့တင်လိုက်ပြီး ခမ်းနော့ဝ် အိပ်ရတာ သက်တောင့်သက်သာ ဖြစ်စေမယ့် ကိုယ်နေဟန်ထား ပြောင်းလိုက်သည်။

"ဉာဏ်. . . မင်းဟာလေ ဘူ ဘူ ချင်းကို မတရား တစ် မှုတ်ချင်တဲ့ ကောင်ပဲ. . . "

မက်ရှလေက ကိုးနောင်ပုံစံကို ကဲ့ရဲ့ သလို ကြည့်လိုက်ပြီး

"ငါ့ဘဝ မှာ ရည်းစားကို ဘုရားလို ကိုးကွယ်တဲ့ Psychopath ကို ပထမဆုံး တွေ့ဖူးတာပဲ . . . Sign လေး တစ်ချက်လောက် ဘရို. . . Idolကြီး ဖြစ်သွားတာမို့ နေ့တိုင်း ထိုင်ရှိခိုးချင်လို့. . . "

"ကွာတယ်လေ မင်းနဲ့ငါ. . ငါ့ကို ငါ့အမျိုးသားလေးက အရမ်း ချစ်တာ . . . ငါ့ကို Baby လို့တောင် ခေါ်သေးတယ်ကွ. . ."

ကိုးနောင်က ဂုဏ်ယူစွာနဲ့ အင်္ကျီကော်လံကို တောင် တစ်ချက် ပင့်ထောင်လိုက်သေးသည်။ထိုအခါ ခမ်းနော့ဝ်က အင်းခနဲ တစ်ချက် ငြီးငြူပြီး လှုပ်သွားသည်။

ထိုအခါ ကိုးနောင်က "အိုး အေ့ အေ့ ပြန်အိပ်နော် ကိုယ့်ကလေးလေး. . ." လို့ တိုးတိတ်စွာ နှစ်ကိုယ်ကြား ပြန်ချော့သိပ်သည်။

"Baby တဲ့ ရွံ့စရာကြီး . . . တစ်လလောက် မသဂြိုဟ်ဘဲ ပစ်ထားတဲ့ အလောင်းထက်တောင် အဲ့ Babyကြီးက ရွံစရာကောင်းသေးတယ်. . ."

"မနာလိုနေတာမလား. . . "

မက်ရှလေက ခေါင်းတခါခါနဲ့ မီးဖိုထဲ ဝင်သွားပြီးမှ သတိတရနဲ့

"ခဏ ငါ့ မေးခွန်းကို ဖြေဦး သူ အစားစားအောင် ငါ ဘယ်လို ကျွေးရမလဲ. . ."

"ကျွေးပုံ ကျွေးနည်း ကွာတယ်လေ. . . သူ့ကို ပြန်ပေးဆွဲထားပြီး နှိပ်စက်နေတဲ့ မင်း ကျွေးတဲ့ ထမင်းကို သူက ကောင်းကောင်းစားမယ်များ ထင်နေလား . . စကားမစပ် ငါ့ယောက်ျားဆို ငါ့ကို ထမင်းတောင် ခွံ့ကျွေးတာ . . .မက်ရှလေ!! ဟေ့ကောင်. . ကြားလား. . . နားထောင်ဦးလို့ . . .ငါ့ကို ထမင်း ခွံ့ကျွေးတာလို့ . . ."

"သိတယ် မင်းကို ထမင်း ခွံ့ကျွေးတာတဲ့ . . . အာ့တော့ ငါက ဘာလုပ်ရမှာလဲ. . .လင်ယူပြီး ဇိမ်ကျနေတာ မင်းပဲ ရှိတယ်. . . "

"ဒါပေါ့ ငါက အချစ်ခံလေးလေ . . .ငါ့ကို သူက အိပ်ရင်တောင် ဖက်အိပ်တာ. . . "

"မင်းရဲ့ ဗန်းမော့ ကို ငါ နားမလည်ဘူး"

"ခမ်းနော့ဝ် ပါကွာ. . .ပီအောင် ခေါ်စမ်းပါ. . ."

"အေး အဲ့ ဗန်းနော့ . . . ငါသာ သူ့နေရာမှ ဆို ညတောင် ကောင်းကောင်း အိပ်ပျော်မှာ မဟုတ်ဘူး တော်ကြာ ငါ့ကို ညလယ်ကြီး ပုဆိန်နဲ့ ထခုတ်ရင် ဘယ်လို လုပ်ရပါ့. . ."

"နိုး. . . ငါ့ ယောက်ျားက ငါ့ကို အမြဲ နမ်း . . . "

"တော့်တော့. . . Motherfukerရဲ့ နားညီးလာပြီ တစ်လောကလုံးမှာ မင်းပဲ လင်ရှိတာ ကျလို့ . . .ခုမှ ရည်းစားထားဖူးတော့ မျောက် အုန်းသီးရသလိုပဲ ယွစိခတ်နေတာ. . ."

မက်ရှလေ က ဟင်းချက်ပြီး ဟိုအခန်းထဲ ဝင်သွားသည်။အုံး ဒိုင်း ဂွမ်း ခရောင်း သံတွေ ဆက်တိုက် ပေါ်လာတာမို့ ကိုးနောင်က ခမ်းနော့ဝ် နားကို ပိတ်လိုက်သည်။

ပြီး မက်ရှလေ ပြန်ထွက်လာသောအခါ မျက်နှာပေါ်မှာ လက်သည်းကုတ် အစင်းရာကြီးတွေ အချောင်းလိုက် ပါလာသည်။

"အိုး သနားလိုက်တာ . . . သူများ သားသမီးကို ပြန်ပေးဆွဲထားတာ ခံပေါ့. . ."

"စောက်ပါးစပ် ပိတ်ထား. . . ထပ်ပြောရင် မင်းကို ငါ သတ်. . . မဟုတ်ဘူး မင်း ကို သတ်ရင် ငါ လက်နာတာပဲ ရှိတယ် . . . မင်းကလေးကို သတ်မှာ. . ."

ကိုးနောင် မျက်မှောင်ကုတ်သွားသည်။

"ငါ့ကလေးကို ထိရဲ ထိကြည့်. . ."

မက်ရှလေက ထမင်းပန်းကန်ပြားကို ခုံပေါ်ပစ်တင်လိုက်ကာ ဆံပင်တွေကို ဆွဲဖွလိုက်သည်။

"အဲ့ကလေး မွေးပေးပြီးတဲ့ခါ မင်းရော မင်းလင်ကော ငါ့အိမ်ရိပ်ကို ခြေတောင် လာမနင်းနဲ့ . . . နှစ်ကောင်လုံးကို မမြင်ချင်ဘူး. . .ကျက်သရေတုံးတယ်"

ကိုးနောင်က ဝါးခနဲ သန်းဝေလိုက်ပြီး

"လာမှာပဲ ငါက ကလေး သုံးယောက် လိုချင်တာ. . ."

မက်ရှလေက လက်ခလယ် ထောင်ပြသည်။

"ခွန်အား တော်တော် ရှိတာပဲ . . .နောက်ဆုံးတော့ Lotus killer ကြီးက သူ့ရဲ့ ခွန်အားတွေကို လူသတ်တဲ့ နေရာမှာ အသုံးချနေတဲ့အစား အကျိုးရှိတဲ့ လူသားထုတ်လုပ်ရေးမှာ ပြောင်း အသုံးချနေပြီ. . ."

ကိုးနောင် က ခမ်းနော့ဝ် ဆံပင်တွေကို ပွတ်သပ်ဆော့ကစားရင်း

"သူနဲ့ တူတဲ့ သမီးလေး သုံးယောက်. . .စကားများပြီး ပါးဖောင်းဖောင်းလေး‌တွေနဲ့ . . .အရမ်း ချစ်ဖို့ကောင်းတယ်. . .ရအောင် လုပ်ပေး"

"အာ့တာ မင်းနဲ့ မင်းလင် စောက်ကြောင်းလေ ငါနဲ့ မှ မဆိုင်တာ. . ."

"မင်း အကုန်လျှောက်လုပ်နေတာပဲ. . . "

"အာတာ့ ဗိုက်ထဲက ကလေးကို ဘယ်လို ပုံစံ ဖြစ်အောင်၊ရအောင် လုပ်တာ မပါဘူးလေ. . . ပြီး ဗန်းမော့နဲ့ မတူဘဲ"

"ခမ်းနော့ဝ်လို့ !! ငါ့ ‌အချစ်ကို နာမည် မဖျက်နဲ့ . . ."

"အေး အဲ့ဗန်းနော့. . .နဲ့ မတူဘဲ မင်းလို ဒစ်ရုပ်နဲ့ psycho ကောင်ကြီး မွေးချင်လည်း မွေးလာမှာပဲ. . .မတတ်နိုင်ဘူး"

ကိုးနောင်က အေးစက်စွာ ရယ်မောလိုက်သည်။

"ငါ့ကို ငါ့ယောက်ျားက အရမ်း ချောတာပဲတဲ့ ကမ္ဘာပေါ်မှာ အချောဆုံးပဲတဲ့ . . . အရမ်းလှလွန်းလို့ နေ့တိုင်း ထိုင်ကြည့်လို့တောင် မဝဘူးတဲ့. . .အာ့တာကို မင်းမို့လို့ ငါ့ကို ဒစ်ရုပ်လို့ ပြောတယ်"

"ဟား ဟား ဟား . . . မင်း ထပ်ပြောရင် ငါ အန်မိတော့မယ် . . . အသက် ကိုးဆယ် အဘွားကြီး ပါတဲ့ ချီးတောင် မင်းတို့လောက် ရွံစရာ မကောင်းဘူး. . .မင်းတို့ဟာက next level ရောက်သွားပြီ. . ."

ဉာဏ်ကိုးနောင်ကို မက်ရှလေ တကယ် နားမလည်ပေ။ Psychopath အင်္ဂါရပ်များတွင် ရည်းစားပွေပြီး sex partner များခြင်း လည်းပါသည်။သို့သော် ကိုးနောင်ကမူ ချောလိုက်တာ မှုန်နေသော်လည်း ရည်းစားမထား၊sexဆို ဝေလာဝေး။

သူကို ထိရင်တောင် လုံးဝ မကြိုက်ပေ။

သူ့ကို ရည်းစားစကား လာပြောတဲ့ ကောင်တွေကို အကုန် ငြင်းပစ်တတ်သည်။

ဝန်ခံသည်။မက်ရှလေ ကိုယ်တိုင်တောင် တစ်ခါတစ်လေ ကိုးနောင်ကို သတိလက်လွတ် ငေးမိတဲ့ထိ ဉာဏ်ကိုးနောင်က အရမ်းကို ချောလွန်းသည်။သို့သော် ကိုးနောင်ကို အလကား ပေးတောင် မက်ရှလေ မယူချင်ပေ။

ဇာတ်တူသား ဘယ်တော့မှ မစား။

[A/N Psycho ချင်းမို့ မကြိုက်ဘူးလို့ ဆိုလိုတာပါ]

သို့သော် ကိုးနောင်က ရုတ်တရက်ကြီး မင်္ဂလာတောင် ကောက်ဆောင်သွား၏။ဒါ အံ့ဩစရာ ကိစ္စ မဟုတ် ဒီထက် ပို အံ့ဩစရာ ကောင်းတာက သူယူတဲ့ သူက သာမန် ရုပ်ရည်နဲ့ ဒေါက်တာလေး ဖြစ်ပြီး ကိုးနောင် က အဲ့ကောင်လေးကို အရမ်းကို သဲသဲလှုပ် ဂရုစိုက်နေတာ ဖြစ်သည်။

မင်းဘာမင်း လူတစ်ယောက်ကို ခေါင်းဖြတ်သတ်နေတာလည်း အံ့ဩစရာ မကောင်းဘူး ဘရို. . .။
အူတွေကို ကတ်ကြေးနဲ့ ညှပ်နေလည်း အံ့ဩစရာ မကောင်းဘူး ဘရို. . .။
လူသားတွေ ချက်နေလည်း အံ့ဩစရာ မကောင်းဘူး ဘရို. . .။

ဒီယောက်ချိုဖြစ်နေတဲ့ ကိစ္စကတော့ အတော် လေးနက်သွားပြီ။

မက်ရှလေမှာ အံ့ဩပြီး သုံးရက်လောက် ထမင်းစား ပျက်သွားခဲ့ရသည်။

ဉာဏ်ကိုးနောင် ကြပ်မပြည့်တာ next level ရောက်သွားလေပြီ. . .။ကုရာ နတ္ထိ ဆေးမရှိ။

______________________________________

10.03p.m
23.12.2022(Friday)
Mary_Koe
7126

Pls give me feedback 😉😚

Update နောက်ကျနေတာ ဆောရီးပါ ဟိ ဟိ ဒီအပိုင်း နည်းနည်း ရှည်လို့ပါ🌟

Vote ထက် comment လေးတွေ ရေးပေးရင် ပိုပျော်မှာပဲ ဘေဘီလေးတို့ရေ. . .🤒😿

Zawgyi

"ေဒါက္တာ ေဒါက္တာ ေဒါက္တာလို႔!!
ေခၚေနတာ ကြၽန္မ အသက္ထြက္ေတာ့မယ္. . ."

ခမ္းေနာ့ဝ္ သည္ ငိုင္ေနရာမွ လႈပ္ရွားလာသည္။

"အင္း အင္း . . . အစ္မ က အေကာင္းႀကီး
ပါရာစီတာမႈန႔္သာ ေသာက္လိုက္ . . . ဘာမွ မျဖစ္ဘူး. . ."

"ေဒါက္တာရယ္ ေသခ်ာလို႔လား. . . ကြၽန္မ ႏွလုံး ေတြ ခဏ ခဏ တုန္ေနတယ္ေတာ့္ . . . "

ခမ္းေနာ့ဝ္ ေခါင္းရမ္းျပသည္။

'ကြၽန္ေတာ္လည္း တစ္ေယာက္ေသာသူ ေၾကာင့္ ႏွလုံးေတြ ခဏ ခဏ တုန္ေနတယ္ဗ်ာ. .အစ္မနဲ႕ေတာ့ နည္းနည္းကြဲတာေပါ့' ဟု သာ ရင္တြင္းမွ ေလးတြဲ႕တြဲ႕ ညည္းတြားမိ၏။

သူ မေန႕က အိမ္မျပန္ခဲ့ေပ။
ကိုးေနာင္ ကို Lotus killer လို႔ ေတြးလိုက္တိုင္း ႏွလုံးေသြးေၾကာမ်ား လႈပ္ခတ္သြားကာ ေၾကကြဲဝမ္းနည္းသြားသည္။ထိုအခါတိုင္း ကိုးေနာင္ကို သူဘယ္လို တုန႔္ျပန္ရမလဲ မသိ။

တစ္ခုခုကို အျပစ္လုပ္မိထားသလို၊ ေခ်ာင္ပိတ္မိေနသလို။

ထိုခ်ိန္က် ခမ္းေနာ့ဝ္ ထြက္ေျပးခ်င္လာသည္။ဘယ္သူကိုမွ ရင္မဆိုင္ မေတြ႕ခ်င္ဘဲ တစ္ေယာက္တည္းသာ ေနခ်င္လာသည္။

ထို႔ေၾကာင့္ မေန႕က အိမ္မျပန္ဘဲ ေနခဲ့မိသည္။

တစ္ခါတစ္ေလ ကိုးေနာင္ ဘာေၾကာင့္ ဒီလို ျဖစ္ေနရတာလဲ လို႔ ေတြးမိသည္။ဒီေလာက္ ျပည့္စုံတဲ့ ေယာက္်ား တစ္ေယာက္က. . .။

နဂိုကတည္းက Psychopath ျဖစ္ေနတာလား trauma ရလို႔ psycho ေဖာက္သြားတာလား မသိ။

သို႔ေသာ္ စိုင္းဆိုင္ခမ္းေနာ့ဝ္ ကိုးေနာင္ကို အျပစ္ေတာ့ မျမင္ပါေလ။

"ေဒါက္တာလို႔"

"‌ဗ်ာ ဗ်ာ !!"

"ကြၽန္မ ႏွလုံးေတြ တုန္ တုန္ေနတယ္လို႔"

"ဟုတ္တယ္ ႏွလုံးေရာဂါ ရွိေနတာ . . . ခြဲမွ ရမွာ တစ္ခါတည္း ခြဲမလား. . လာ. . . လာ ခြဲေပးမယ္. . ."

ခမ္းေနာ့ဝ္ က မ်က္ႏွာရႈံ႕မဲ့ကာ ေျပာသည္။
အိမ္က ေယာက္်ားနဲ႕ ဓာတ္မတည့္ရင္ အရာရာဟာ မေနာ မၾကည္စရာပင္။

အမွတ္မထင္ ေဆး႐ုံ ျပတင္းေပါက္ေပၚမွ လွမ္းၾကည့္လိုက္ေသာအခါ . . . ဘုရားေရ ဉာဏ္ကိုးေနာင္ႀကီးဟ!! ။

ဉာဏ္ကိုးေနာင္ ‌ေဆး႐ုံထိ လိုက္လာသည္။

ကိုးေနာင္က ေဆး႐ုံဝင္းထဲက ထိုင္ခုံေပၚမွာ ေျခတစ္ဖက္ခ်ိတ္ၿပီး ထိုင္ေနသည္။လည္ပိတ္ သိုးေမြးဆြယ္တာ အနက္ေရာင္ကို pantအနက္နဲ႕ တြဲဖက္ၿပီး ဝတ္ထားသည္။အနက္ေရာင္ဆြယ္တာထူႀကီးၾကားထဲ ႏုႏုနယ္နယ္မ်က္ႏွာသြယ္သြယ္ေလးက ခံစားခ်က္မရွိတဲ့ ဗလာေက်ာက္႐ုပ္ႀကီးလို။ႏႈတ္ခမ္းမ်ားကို တင္းတင္းေစ့ထားသည္။

ဆယ္တန္းတုံးက ခမ္းေနာ့ဝ္နဲ႕ စေတြ႕စဥ္ 16ႏွစ္ အ႐ြယ္ ကိုးေနာင္သည္ ပန္းႏုေရာင္ ႏွင္းဆီဖူးငုံေလးလို ႏုႏု႐ြ႐ြ လွေလသည္။

30ေက်ာ္ အ႐ြယ္ ဉာဏ္ကိုးေနာင္က မူ ရဲရဲမိုက္မိုက္ ပြင့္အာေနတဲ့ ႏွင္းဆီပြင့္ကားကားႀကီး တစ္ပြင့္လို ရက္ရက္စက္စက္ ဗို႔အားျပင္းျပင္း လွေလသည္။

ကိုးေနာင္က တစ္ႏွစ္ေနလို႔ တစ္ေခါက္ေတာင္ အိမ္ျပင္ထြက္တဲ့ သူမဟုတ္။သူ႕ ေဆး႐ုံကိုေတာ့ တစ္ခါတစ္ေလ လိုက္လာတတ္သည္။သို႔ေသာ္ ၾကာၾကာမေန ေပ။

ခမ္းေနာဝ့္ဆီ ကိုးေနာင္က မ်က္ေတာင္ရွည္ႀကီးကို ပင့္လိုက္ရင္း ႏွင္းခဲမ်ားလို ေအးစက္ေသာ အၾကည့္မ်ားနဲ႕ လွမ္းေမွ်ာ္ၾကည့္ေလေသာအခါ ခမ္းေနာ့ဝ္ ေက်ာတစ္ေလွ်ာက္ စိမ့္ခနဲ ခ်မ္းတက္သြားသည္။

ခဏအၾကာ ခမ္းေနာ့ဝ္ ဖုန္းထဲ 'Baby Coe sent you massage' ဆိုၿပီး noti တက္လာသည္။

'ကိုယ့္ကို စိတ္ဆိုးေနတာလား😔'

ခမ္းေနာ့ဝ္ မွာ အီမိုဂ်ီ နဲ႕ ကိုးေနာင္ အျပင္ေလာက က ပုံကို ယွဥ္တြဲ ျမင္မိေသာအခါ speakless သြားသည္။

*ကိုယ့္ ကို ဘာလို႔ တစ္ရက္ႀကီးေတာင္ ပစ္ထားရတာလဲ😿. . . မင္းမရွိတဲ့ အိပ္ရာႀကီးက က်ယ္လြန္းလို႔ သမုဒၵရာႀကီး က်ေနတာပဲ. . .ေအးစက္လိုက္တာလည္း လြန္ေရာ😭😭. . .ကိုယ္ မေပ်ာ္ေတာ့ပါ*

ခမ္းေနာ့ဝ္မွာ stethoscopeနဲ႕ ကိုယ့္ ႏွလုံးကို ျပန္စမ္း လိုက္ရသည္။ၿပီး စာရိုက္လိုက္သည္။

*ဘာလာလုပ္တာလဲ ျပန္ေတာ့ . . . လူနာေတြ တအားမ်ားေနတယ္. . . မအားဘူး*

*ေဒါက္တာ ကြၽန္ေတာ္ ဗိုက္ေတြ ေအာင့္ ေအာင့္ေနတယ္ေရာ္. . . ကြၽန္ေတာ္လည္း ေဒါက္တာ လူနာေလး လုပ္ခ်င္တယ္🥺. . .*

ခမ္းေနာ့ဝ္က ျပတင္းေပါက္ကေန မသိမသာ လက္ခလယ္ ေထာင္ျပလိုက္သည္။

*ေဒါက္တာ အိမ္ျပန္မလာရင္ ထိုင္ငိုမွာေနာ္ . . . မငိုရဲဘူး မထင္နဲ႕. . .*

ေအးစက္ေသာ မ်က္ဝန္းစိမ္းစိမ္းေလးမ်ားက မ်က္ရည္ေတြ ဝဲလာသည္။ႏွာေခါင္းခြၽန္ခြၽန္ေလးက စေတာ္ဘယ္ရီမွည့္ေလးလို ရဲတြတ္လာကာ ပါးျပင္ဆီကိုပါ ကူးစက္သြားသည္။ႏႈတ္ခမ္းေလးက တဆတ္ဆတ္တုန္လာကာ ပုခုံးေတြက တသိမ့္သိမ့္လႈပ္လာသည္။

ခမ္းေနာ့ဝ္ က ကိုးေနာင္ဆီ ဖုန္းေခၚလိုက္သည္။

"မငိုနဲ႕ မငိုနဲ႕. . . လာၿပီ "

"ေဒါက္တာ ကြၽန္မ ႏွလုံးေတြ ေအာင့္"

"ေအာင့္ေနရင္ ဆက္ေအာင့္လိုက္ပါ. . .လို႔ မေျပာပါဘူး. . . ေဒါက္တာ မင္းခန႔္ေရ ၾကည့္ေပးပါဦးကြာ. . . ငါ အေရးႀကီး ကိစၥ ရွိလို႔ . . .သြားလိုက္ဦးမယ္. . . "

ခမ္းေနာ့ဝ္ က ေဒါက္တာ မင္းခန႔္ကို အေလာတႀကီး အကူအညီ လွမ္းေတာင္းလိုက္ေတာ့ တစ္ဖက္ခန္းမွ အသားညိုညို နဲ႕ မင္းခန႔္ရာဇာက ေခါင္းၿငိမ့္ျပသည္။

ဓာတ္ေလွကား က လူ႕ျပည့္ေန၍ ‌ေဆး႐ုံ ေအာက္ထပ္ကို ေလွကားကေနသာ အျမန္ေျပးဆင္းလာရသည္။

"ေဟာဟဲ . . ေဟာဟဲ . . မင္း အေတာ္ ဒုကၡ ေပးတဲ့ေကာင္ကြာ. . . "

"ဒါဆို ကိုယ္ က စိုင္းဆိုင္ခမ္းေနာ့ဝ္ရဲ႕ ဒုကၡအိုးေလးေပါ့. . ."

ကိုးေနာင္ မ်က္ႏွာေဘးက ခ်က္ခ်င္း ေျပာင္းသြားသည္။ခုန က လူပဲ ထသတ္ေတာ့မလိုလို ၊ ထပဲ ငိုေတာ့မလိုလိုနဲ႕ ခုက် မိုး႐ြာၿပီး ထြက္လာတဲ့ သက္တံ့ေလးလို ႐ႊင္လန္းေနျပန္သည္။

ကိုးေနာင္က မ်က္ဆံစိမ္းစိမ္းေလးေတြကို မ်က္ဝန္းေထာင့္ကပ္လိုက္ၿပီး လက္ေခ်ာင္း ရွည္ရွည္ေလးမ်ားကို ေထာင္ျပ ခ်ိဳးေရ ကာ

"မေန႕က ကိုယ္ ခမ္းေနာ့ဝ္ ဆီကို ဖုန္း 96ခါ ဆက္ခဲ့တယ္ ၿပီး Massagerကေန massage 116 ‌ေဆာင္ ပို႔ခဲ့တယ္ viberကေန 118ေဆာင္ telegram ကေန အမ္း. . . 101ေဆာင္ . . . Instagram ကေန 30 . . . အာ့ေလာက္ အမ်ားႀကီး massage ပို႔ထားတာေတာင္ ကိုယ့္ကို ဘာလို႔ seenေလးေတာင္ မျပရတာလဲ . . ."

"Muteထားတာ. . ."

"ဘာ!! ကိုယ့္ကို mute ထားတယ္ . . ."

ကိုးေနာင္က မ်က္ေမွာင္ကုတ္လိုက္သည္။

"ကိုယ့္ကို စိတ္ဆိုးေနလဲ ေျပာ. . . အဲ့လိုႀကီး ဘာမွ လည္း မေျပာဘဲေတာ့ မေနနဲ႕ကြာ . . . မေန႕ညက ကိုယ့္မွာ အ႐ူးလိုပဲ မင္းကို စိုးရိမ္လိုက္ရတာ. . .မင္း ကိုယ့္ကို ထားသြားၿပီ ထင္ေနတာ. . . ကိုယ္ . . . မင္း မရွိမွာ သိပ္ ေၾကာက္တယ္. . ."

ခမ္းေနာ့ဝ္ ေခါင္းကုတ္မိမတတ္ပင္။

သူက ဒီတိုင္း ေအးေဆးေနခ်င္မိလို႔ အိမ္မျပန္ခဲ့႐ုံသာ။ဒါကို ဒီေယာက္်ား တစ္ဆုံးထိ အကုန္ေတြးပစ္ေနသည္။

ဒီလိုက်ေတာ့လည္း ကိုးေနာင္ တစ္ေယာက္တည္း ေယာင္လည္လည္ ျဖစ္ေနပုံကို မ်က္လုံးထဲ ျမင္လာမိ၍ စိတ္မေကာင္း။

ကိုးေနာင္က ဟင္းခနဲ ပင့္သက္တစ္ခ်က္ ရွိုက္လိုက္ေသး၏။မ်က္ေတာင္ဖ်ားဝယ္ မ်က္ရည္စေလးေတြ တြဲလြဲခိုေနသည္။

ကိုးေနာင္ဆိုသည္မွာ ခမ္းေနာ့ဝ္နဲ႕ ပက္သတ္ရင္ မ်က္ရည္လြယ္ေသာ ေယာက္်ားသာ။

စိုင္းဆိုင္ခမ္းေနာ့ဝ္က လူ အမ်ားနဲ႕ ပနံသင့္သည္။ခ်စ္စရာေကာင္းၿပီး ေဖာ္ေ႐ြသည္။ခမ္းေနာ့ဝ္ အနားမွာ ခ်စ္သူ ခင္သူ ဝိုင္းဝိုင္းလည္ေနသေလာက္ ကိုးေနာင္မွာ ခမ္းေနာ့ဝ္ပဲ ရွိတာ ျဖစ္သည္။
သူ႕မွာ ခမ္းေနာ့ဝ္က လြဲၿပီး ဘာမွ မရွိေပ။

ကိုးေနာင္ ဘဝ က ေအးစက္သည္။ေသြးညွီနံ႕ေတြနဲ႕ ျပည့္ႏွက္ေနသည္။

လူတစ္ေယာက္ကို မ်က္လုံးေဖာက္ ၊ ရင္ကို ခြဲ၊ အူေတြကို အပိုင္းပိုင္း ျဖတ္၊ မေသမရွင္ျဖစ္ေနစဥ္ ဆားထည့္သိပ္၊ အက္စစ္နဲ႕ပက္ ၊ ဓားနဲ႕ တစ္ကိုယ္လုံးမႊန္း ရတာ ကိုးေနာင္ သေဘာက်ဆဳံး ဂိမ္းတစ္ခု ျဖစ္သည္။

လူေတြရဲ႕ နာက်င္ရႈံမဲ့ေနတဲ့ မ်က္ႏွာေတြ၊ ကယ္ပါ ယူပါ တဆာဆာ ငိုေႂကြးေနတဲ့ အသံေတြ၊ေၾကာက္လန႔္တၾကား ေအာ္ဟစ္သံေတြ က ကိုးေနာင္ကို ေက်နပ္အားရ ေပ်ာ္႐ႊင္ေစသည္။

မွန္သည္။ကိုးေနာင္က ယုတ္မာ ၾကမ္းတမ္းေသာ နတ္ဆိုးတစ္ေကာင္သာ။

သို႔ေသာ္ ကိုးေနာင္ အေတြးရိုင္းမ်ားသည္ ခမ္းေနာ့ဝ္ရဲ႕ ခုႏွစ္အိမ္ၾကား ရွစ္အိမ္ၾကား ရယ္သံၾကားဝယ္ ၾကက္ေပ်ာက္ ငွက္ေပ်ာက္ ျဖစ္သြားရ၏။

လူသတ္ရတာထက္ ခမ္းေနာ့ဝ္ ရယ္သံကို နားေထာင္ရတာ ပိုႀကိဳက္သည္။ပို ေပ်ာ္စရာ ေကာင္းသည္။

ခမ္းေနာ့ဝ္ ရဲ႕အာၿဗဲႀကီးနဲ႕ ပုံပန္းမက် ရယ္သံ ရယ္၊ သာလိကာနဲ႕ ၾကက္တူေ႐ြး မ်ိဳးစပ္ထားသလို တတြတ္တြတ္ မ်ားလြန္းတဲ့ စကားသံေလးေတြရယ္သည္ ကိုးေနာင္ရဲ႕ ေနာက္တိုး ေပ်ာ္႐ႊင္မႈ ျဖစ္လာသည္။

ကိုးေနာင္က စကားေျပာရတာ သေဘာမက်ေပ။ဒီအတိုင္း ၿငိမ္ၿငိမ္ေလးထိုင္ၿပီး စာအုပ္ဖတ္တာကိုပဲ ႏွစ္ၿခိဳက္သည္။စကားေျပာရတာ ပင္ပန္းသည္။

သို႔ေသာ္ သူ႕ ေဒါက္တာကမူ ‌သူ႕အနား လာထိုင္ၿပီး ေပါက္ေပါက္ေဖာက္သည္။ခမ္းေနာ့ဝ္ တစ္ေယာက္ ရွိတာ လူတစ္ရာ အိမ္ထဲ ေရာက္ေနသလို။

"ကိုးေနာင္ သိလား. . . ငါကေလ သူမ်ားေၾကာင္း ေျပာရတာ ဝါသနာ မပါ ပါဘူး. . . " က စလိုက္တာ ည အိပ္တဲ့ ထိ မၿပီးေတာ့။ရင္ခြင္ထဲ တိုးအိပ္ကာ ကိုးေနာင္ လက္ေမာင္းကို ေခါင္းအုံးၿပီး စိမ္ေျပနေျပ ေျပာသည္။

ရက္ကြက္ထဲက မိေအး ေခါင္းမေလွ်ာ္တဲ့ အေၾကာင္းကစ fb ေပၚက ပြဲေပါင္း ေသာင္း ေျခာက္ေထာင္ အဆုံး ငါးပိခ်က္လို အကုန္ ဝင္ပါသည္။ပြဲ ဆို ထိပ္ဆုံးက။

တစ္ေယာက္တည္း အားမရရင္ link ကို ကိုးေနာင္ ဆီ လွမ္းပို႔ကာ မရမက ၾကည့္ခိုင္းသည္။ၿပီး

"တကယ္ လုံးဝ လုံးဝ အဲ့လို အဲ့လို ပါဆို . . .အဲ့ဟာမက စႏွိုက္ေၾကာ္တာ ဟို ေကာင္မေလးက သနားပါတယ္. . .ဟိုႏြားကလည္း ဒစ္႐ုပ္နဲ႕ တအား စြံတာပဲ. . ."

"အင္း အင္း"

"ဘာ အင္း အင္းတုံး ခု ထိ နားမလည္ေသးဘူးလား ငါ ရွင္းျပေနတာ လွ်ာထြက္ေတာ့မယ္ ဒီမယ္ နားေထာင္ အစက ျပန္ေျပာမယ္. . ."

စသည္ စသည္။တစ္ေန႕ တစ္ေန႕ ခမ္းေနာ့ဝ္နဲ႕ မပ်င္းရေပ။

ဇာတ္ကားၾကည့္သည့္ခါလည္း သူ ႀကိဳသိထားရင္ ေရွ႕ကေန စပြိုင္းသည္။သူ႕ကို ကိုးေနာင္ ျပန္ စပြိုင္းရင္က် မႀကိဳက္။

ၿပီး ၾကည့္တုံးက သေရတျမားျမား ၾကည့္။
ၾကည့္ၿပီးရင္ ဇာတ္ကားကို မွိုခ်ိဳးမွ်စ္ခ်ိဳး ေဝဖန္သည္။

"Lotus killer ကေလ တကယ္ေတာ့ ဆယ္လီ႐ူး ႐ူးေနတဲ့ေကာင္ . . ကိုးေနာင္ သိလား . . .ဘယ္ႏွယ့္ လူသတ္ၿပီး ရဲစခန္းတိုင္လိုက္ စာေရးလိုက္နဲ႕ ဖင္တအားယားတာ. . .ဇာတ္ကားထဲမွာသာ ႀကီးက်ယ္ေနသလို ျဖစ္ေနတာ တကယ္ အျပင္မွာ သိပ္ ၾကပ္ျပည့္မွာ မဟုတ္ဘူး. . . ငါသာ ရဲဆို အဲ့ေကာင္ ကို လက္ရဖမ္းၿပီးၿပီ. . . ၿပီး Lotus killerက ေစာက္႐ုပ္က ဆိုးတယ္ထင္တယ္ အၿမဲ ေခါင္းစြပ္ ႀကီးအုပ္ထားတာ . ."

"ေခ်ာပါတယ္. . ."

"လွ်ာမရွည္နဲ႕ . . . "

"ဟုတ္"

သုံးဆယ့္တစ္ဘုံမွာ သူ႕ကို ေဘးက ထားၿပီး ေဝဖန္တာ သူ႕ေယာက္်ားပဲ ျဖစ္သည္။

ခမ္းေနာ့ဝ္ ရယ္ ရင္ အလိုလို ရယ္ခ်င္သည္။
ခမ္းေနာ့ဝ္ ငိုရင္ အလိုလို ငိုခ်င္သည္။

ခမ္းေနာ့ဝ္ မ်က္ႏွာကိုသာ တရိပ္ရိပ္ တစိမ့္စိမ့္ ၾကည့္ေနကာ သူ႕ လႈပ္ရွားမႈ အားလုံးကို ရင္ထဲမွာ တိတ္တိတ္ေလး saveထားသည္။

စိုင္းဆိုင္ခမ္းေနာ့ဝ္တြက္ဆို ကိုးေနာင္သည္ တစ္ကိုယ္လုံး ပုံေပးနိုင္သည္။

ၿပဳံးေနေသာ သူ႕ ႏႈတ္ခမ္းေလးမ်ား အၿမဲ ဆက္ၿပဳံးေနရင္ကို ဒီလူ ေက်နပ္၏။

ကိုးေနာင္ က အမွန္တိုင္း ေျပာရရင္ ကိုယ့္ ႐ုပ္ရည္ကို အၿမဲ မုန္းတီး ႐ြံ႕ရွာခဲ့သည္။တစ္ခါတစ္ရံမ်က္ႏွာကို ဓားနဲ႕ လွီးပစ္လိုက္ခ်င္ထိ ရွက္ခဲ့သည္။သူ႕မွာ ႐ုပ္ရည္နဲ႕ ပတ္သက္ၿပီး အရမ္းႀကီး ယုံၾကည္ခ်က္မရွိေပ။

တစ္ခ်ိန္တုံးက

"႐ုပ္ ၾကည့္ပါ့လား ႀကီး လာရင္း ာ ျဖစ္မဲ့ေကာင္ . . . ဟား ဟ့"

"အိုး . . . ဒီေကာင္သာ ာ လုပ္လို႔ ကေတာ့ ေန႕တိုင္း လာ ိုး ၿပီး supportေပးမယ္ . . ."

"ဦးေလးတို႔ကို စိတ္မရွိပါနဲ႕ကြယ္ . . . ဒါ ေသာက္ရမ္း လွေနတဲ့ မင္းေလးရဲ႕ အျပစ္ပဲကြ. . . မင္း ရဲ႕ မ်က္ႏွာေလးကို ၾကည့္ပါဦး . . . ေစာက္ရမ္း လွတာပဲ မ်က္လုံးေလးေတြ မ်က္ေတာင္ေလးေတြ "

သူ႕လက္ေတြက ကိုးေနာင္ တစ္ကိုယ္လုံးကို ပြတ္သပ္ ေျပးလႊားေနသည္။

"တစ္ကိုယ္လုံး ပဲ . . . မင္း အကုန္ လွတယ္ကြာ . . . "

ၿပီး ထိုသူက အသံကို ႏွိမ့္ေလွ်ာ့လိုက္ကာ

"ေနာက္ အေကာင္းဆုံးအပိုင္းကေတာ့
မင္း -င္ ေပါက္က ေစာက္ရမ္း ၾကပ္တစ္ေနတာပဲ . . ."

အခန္းက်ဥ္းေလးထဲမွာ ေအာ္ ရယ္သံေတြ ဆူညံသြားသည္။

အဲ့အသံေတြ နားထဲ ျပန္ၾကားေယာင္လာတိုင္း ကိုးေနာင္ နားႏွစ္ဖက္ကို တင္းတင္း ပိတ္ခဲ့သည္။သို႔ေသာ္ အျပင္က အသံေတြ မဟုတ္ဘဲ ရင္မွ လာတဲ့ အသံေတြမို႔ ဘယ္ေလာက္ ဆီးတား ဆီးတား ဘယ္ေတာ့မွ ေပ်ာက္ကြယ္မသြားေပ။

ထို႔ေၾကာင့္ ကိုယ့္ ႐ုပ္ကို ႐ြံလြန္း၍ မွန္ ေတာင္ မၾကည့္ေပ။ၾကည့္မိလို႔ စိတ္အခန႔္မသင့္ေသာ္ မွန္ကို ရိုက္ခြဲပစ္ခဲ့မိသည္။

သို႔ေသာ္

"ဉာဏ္ကိုးေနာင္ ဆိုတဲ့ လူသားေလးက ကမၻာေပၚမွာ အေခ်ာဆုံး နဲ႕ ခ်စ္စရာ အေကာင္းဆုံးပါဗ် . . ."

ဆိုတဲ့ စကားေအာက္ ကိုးေနာင္ ဟာ မွန္ကို ၾကည့္ရင္း မွန္ထဲက ပုံရိပ္ကို ၿပဳံးျပတတ္ခဲ့ေလသည္။တစ္သက္လုံး Evil ဆန္ခဲ့တဲ့ ႏႈတ္ခမ္းေတြက တစ္ေယာက္ေသာသူေၾကာင့္ လွလွေလး ၿပဳံးတတ္ခဲ့သည္။

"မင္း ကို အရမ္း ခ်စ္တာပဲ . . . တကယ္ပါပဲ. . ဘယ္လိုလုပ္ရမွန္းမသိဘူး ဗိုက္ထဲ ထည့္လို႔ရရင္ အေကာင္လိုက္လုံး မ်ိဳခ်ပစ္ခ်င္တယ္ ဘယ္သြားသြား သယ္သြားမယ္. . ."

ခမ္းေနာ့ဝ္ရဲ႕စကားလုံးေတြ ေၾကာင့္ ကိုးေနာင္က ေျခဖ်ားေလးေတြကို ဆတ္ကနဲ ကုပ္မိတဲ့ထိ ၾကည္ႏူးရသည္။

ကမၻာေပၚမွာ ကိုယ့္ကို သိပ္ခ်စ္တဲ့ လူတစ္ေယာက္ရွိေနေသးတယ္ ‌ဆိုတဲ့ ခံစားခ်က္က ေလထဲမွာ လြင့္ေနသလို သက္ေတာင့္သက္သာ ရွိလွသည္။

‌ေရွ႕က ပုပုေသးေသးေကာင္ေလးဟာ ေသြးေအး Psycho ေကာင္ကို ကေလးတစ္ေယာက္လိုပဲ ျမင္ကာ ယုယေနသည္။ထို Psycho က်ားျဖဴႀကီးဟာလည္း ခ်စ္စရာေၾကာင္အေရခြံၿခဳံကာ ထိုေကာင္ေလး‌ရဲ႕ ေဘးမွာ ၿငိမ္ၿငိမ္ေလး ယုယ ပြတ္သပ္ခံေနသည္။သူ ဇိမ္က်ေနလို႔ ျဖစ္သည္။

တစ္ခုပဲ။

ခမ္းေနာ့ဝ္ ကိုးေနာင္ အေမွာင္ျခမ္းကို သိသြားမွာ ကိုးေနာင္ မလိုလားေပ။

ကိုးေနာင္ ဖြင့္လည္း မေျပာခဲ့သလို ဝန္လည္း မခံခဲ့ေပ။ခမ္းေနာ့ဝ္ သိသြားလို႔ သူ႕ ကို ထားခဲ့ရင္ . . . သူ ဘယ္လို လုပ္ရမလဲ။

ခမ္းေနာ့ဝ္ အခ်စ္ ကို မယုံခ်င္လို႔ မဟုတ္ဘဲ ပုထုဇဥ္တို႔ မရိုးေျဖာင့္တဲ့ သဘာဝကို မယုံရဲခဲ့႐ုံသာ။

သို႔ေသာ္ ခမ္းေနာ့ဝ္ ဘက္က ေမးလာရင္ ျငင္းဖို႔ စိတ္ကူးမရွိပါ။

ခမ္းေနာ့ဝ္ သူ႕ကို ေထာင္ထဲ ထည့္ခ်င္လည္း သေဘာပါေလ။

မျငင္းဆန္လိုပါ။

ႀကိဳးစင္ တက္ရမွာထက္ ခမ္းေနာ့ဝ္နဲ႕ ခြဲရမွာ ကေလးေတြနဲ႕ ေဝးရမွာသာ ဉာဏ္ကိုးေနာင္ စိုးထိတ္သည္။

တကယ္ေတာ့ ခမ္းေနာ့ဝ္က ကိုးေနာင္ကို ရလို႔ ကံေကာင္းတာ မဟုတ္၊ ကိုးေနာင္ကသာ ခမ္းေနာ့ဝ္ ကို ရလို႔ ကံေကာင္းတာ ျဖစ္သည္။

အရမ္း အရမ္း ကို ကံေကာင္းသည္။

ဒီ အရပ္ပုပုနဲ႕ အာၿဗဲစိန္ ေဒါက္တာေလးထံဝယ္ သုံးဆယ့္တစ္ဘုံလုံးမွာ အက်ယ္ဝန္းဆုံး ႏွလုံးသားတစ္စုံ ရွိသည္။

ကိုးေနာင္ က သက္ျပင္းရွည္ႀကီး ခ်လိဳက္သည္။

သူ ေစာက္က်င့္မေကာင္းတာ သူပဲ သိသည္။

ခမ္းေနာ့ဝ္က ေန႕လည္စာကို အမ်ားႀကီး စားေနသည္။ေသခ်ာသည္။သူ တစ္ခု ခု ကို စိတ္ညစ္ေနရင္ ထမင္း အမ်ားႀကီး စားတတ္သည္။

ကိုးေနာင္က ခမ္းေနာ့ဝ္ ပါးစပ္ေသးေသးေလး ကို ပုဝါနဲ႕ သုတ္ေပးလိုက္ေတာ့

"ငါ မင္းကို ၾကည့္မရဘူးေနာ္"

ကိုးေနာင္ မ်က္လုံးေလးမ်ား ဝိုင္းစက္သြားသည္။

"ကိုယ္ ခမ္းေနာ့ဝ္အေပၚ ဘာလုပ္လို႔လဲ"

"ဘာမွ မလုပ္ပါဘူး . . . ငါ့အေပၚေတာ့. . . အင္း . . ."

ခမ္းေနာ့ဝ္ ဆက္မေျပာဘဲ ထားတဲ့ ေနာက္ဆက္တြဲ စကားအဓိပၸာယ္ကို ကိုးေနာင္ သိသည္။

ဟိုတစ္ေန႕က စိုင္းဆိုင္ခမ္းေနာ့ဝ္ သူ႕ လွ်ို႔ဝွက္ခန္းထဲ ဝင္သြားတာ သူ သိသားပဲ။မသိခ်င္ေယာင္ေဆာင္ေနတာ ျဖစ္သည္။

ကိုးေနာင္ လက္ပတ္နာရီ အနက္ကို အၿမဲတမ္းပတ္ထားတာ လွခ်င္လို႔ အေကာင္းပတ္ေနတာ မဟုတ္ေပ။အေၾကာင္းရင္း ရွိသည္။

ထိုနာရီက လွ်ို႔ဝွက္ခန္းအပါအဝင္ တစ္အိမ္လုံးရဲ႕ system အားလုံးကို ထိန္းခ်ဳပ္ထားသည္။

သူစိမ္းတစ္ေယာက္ ကိုးေနာင္ရဲ႕ အခန္းႀကီးထဲ ဝင္မိေသာ္ ကိုးေနာင္ နာရီက အနီေရာင္ မ်ဥ္းေတြ ေပၚလာၿပီး အခ်က္ျပသည္။

တကယ္က ထိုအခန္းထဲ လြယ္လြယ္ေတာ့ ဝင္လို႔ရတာ မဟုတ္။ဝင္လို႔ရရင္လည္း အခန္းေတြက တစ္ခန္းနဲ႕ တစ္ခန္း ဝကၤပါႀကီးလို ခ်ိတ္ဆက္ထားတာမို႔ ျပန္မထြက္နိုင္ဘဲ လည္ေနမွာပင္။

ထို႔ျပင္ အဲ့အခန္းမွာ လုံၿခဳံေရး လက္နက္ေတြ အမ်ားႀကီး ရွိသည္။

က်ဴးေက်ာ္သူ ဝင္ေရာက္ လာရင္ ကိုးေနာင္က လုံၿခဳံေရး system ကို ဖြင့္လိုက္သည့္အခါ ထိုသူ သည္ အျပင္ ကို အသက္ရွင္လ်က္ ျပန္မထြက္နိုင္ေတာ့ေပ။

ထိုအခန္းထဲ ခမ္းေနာ့ဝ္ ဝင္သြားေသာအခါမွာမူ ကိုးေနာင္က လုံၿခဳံေရး system ကို ပိတ္ပစ္လိုက္သည္။

ခမ္းေနာ့ဝ္က ထမင္း စား လို႔ ဝသြားေသာအခါ ကိုးေနာင္ကို ၾကည့္လိုက္သည္။

"မင္း ဘာမွ မစားဘူးလား"

"အင္း. . . ဒီတိုင္း စားခ်င္စိတ္ မရွိလို႔ . . ."

" ဟ့ မင္း အစာအိမ္ရွိတယ္ေနာ္ . . .မေပါ့နဲ႕. . မေန႕က ဘာစားလဲ"

ကိုးေနာင္က မ်က္ေတာင္ေလးကို ညင္သာစြာ စင္းခ်လိဳက္သည္။မ်က္ဝန္းစိမ္းစိမ္းေလးမ်ားက အေရာင္ မွိန္ရီ ညွိုးေရာ္စြာ။ေမးကို လက္နဲ႕ ပ်င္းတိပ်င္း႐ြဲ ေထာက္ၿပီး မွီေနသည္။

"ဒီတိုင္း ေရပဲေသာက္တာ. . "

"ဘာ! ဘာေျပာတယ္!!ဉာဏ္ကိုးေနာင္တို႔ကေတာ့ ငါ မရွိတာနဲ႕ အက်င့္ေတြ ပ်က္ေနတာ . . . "

"မင္းမရွိရင္ မျဖစ္တဲ့ဘဝမလို႔ တစ္ေယာက္တည္း ဘယ္ေတာ့မွ မထားခဲ့လို႔ မရဘူးလား . . ."

"ဝတၳဳေတြ ေလွ်ာ့ဖတ္စမ္း"

ခမ္းေနာ့ဝ္ ေျပာေျပာဆိုဆို ကိုးေနာင္ ေဘး လွစ္ကနဲ ေရာက္လာကာ နဖူးနဲ႕ပါးကို အဆင့္ဆင့္ စမ္းလိုက္သည္။

ပူႏြေးေနေသာ အထိအေတြ႕ေၾကာင့္ ဒီေယာက္်ား ဖ်ားေနၿပီ။

"ခု ဘာစားမလဲ . . . ဆန္ျပဳတ္ ေသာက္မလား . . . အစာအိမ္ရွိေနတာကို မတရား ေပါ့တီးေပါ့ဆ မေနရဘူးေလကြာ. . . မျဖစ္ပါဘူး မင္း တစ္ေယာက္နဲ႕ . . . Medical check လုပ္ေပးဦးမွာပါ"

ကိုးေနာင္က ပါးေပၚက ခမ္းေနာ့ဝ္လက္ကို ပြတ္တိုက္နမ္းရွိုက္သည္။ကိုးေနာင္ မ်က္လုံးေအာက္ေျခက အနည္းငယ္ညိုေနသည့္ မ်က္ကြင္းမ်ားကို ျမင္လိုက္ရစဥ္ စိုင္းဆိုင္ခမ္းေနာ့ဝ္မွာ ကိုးေနာင္ ညပါ မအိပ္ထားမွန္း သိသြားသည္။

"ဉာဏ္ ရာ . . . "

"ခမ္းေနာ့ဝ္ မရွိဘဲ ကိုယ္မွ မအိပ္တတ္တဲ့ ဟာကို. . ."

"ေအးပါ ေအးပါ . . .မင္းေရာ . . မင္းတို႔ တစ္႐ြာလုံးေရာ မွန္ပါတယ္ ငါပဲ မွားတာပါ ေနာက္ခါ အျပင္မွာ ထြက္ၿပီး ည မအိပ္ေတာ့ပါဘူး. . . muteလည္း မထားေတာ့ပါဘူး. . ."

ခမ္းေနာ့ဝ္က ဆန္ျပဳတ္တစ္ပြဲ အျမန္မွာလိုက္သည္။

"ခြံ႕ေကြၽး. . . အာ. . ."

"လက္က ဘယ္ေရာက္သြားတာလဲ"

ကိုးေနာင္က လက္ႏွစ္ဖက္ကို ေနာက္ပစ္လိုက္သည္။

"ရွိေတာ့ဘူး"

ခမ္းေနာ့ဝ္ က ဆန္ျပဳတ္ကို ခတ္ ခြံ႕ေကြၽးရန္ ဟန္ျပင္ကာ ရွိေသး ခမ္းေနာ့ဝ္ ဖုန္းက ျမည္လာသည္။

"မီဂါလီပါ"

တစ္ဖက္လူရဲ႕ အသံက ဝါးတားတား။ေသခ်ာအာ႐ုံစိုက္ နားေထာင္ကာမွ 'မဂၤလာပါ' ေျပာမွန္း သိသည္။

ကရားေရလႊတ္ ေတာက္ေလွ်ာက္ ေျပာေနေသာ English စကားကို ခမ္းေနာ့ဝ္ နားမလည္။

"ဘယ္သူလဲ"
ကိုးေနာင္ ေမးသည္။

ခမ္းေနာ့ဝ္ ေခါင္းရမ္းျပသည္။

"မသိဘူး"

ကိုးေနာင္က ဖုန္းကို ဆတ္ကနဲ ဆြဲယူသြားသည္။

စကၠန႔္ ပိုင္း အၾကာ ကိုးေနာင္မ်က္ႏွာက တည္သြားၿပီး မ်က္ခုံးတစ္ဖက္ ပင့္လိုက္သည္။

ၿပီး ဖုန္းကို ခ်လိဳက္ၿပီး ေအးစက္စက္ ေျပာလိုက္သည္ကား

"မက္ရွေလ ျမန္မာနိုင္ငံ ေရာက္ေနတယ္" ဟူ၍။

++++

မက္ရွေလ။

ဆံပင္ဝါဝါ မ်က္လုံးျပာျပာနဲ႕ ႐ုရွားေကာင္။အရမ္း ကို လက္ရဲဇက္ရဲ နိုင္လြန္းၿပီး သူမ်ား မလုပ္နိုင္တာကို ထက္ထက္ျမက္ျမက္ လုပ္နိုင္တဲ့ တကယ့္ အာဂ ၿဂိဳဟ္သားေကာင္။

မက္ရွေလဆိုတာ နန္းႏြယ္နဲ႕ ကိုးႏြယ္ရဲ႕ ဖန္ဆင္းရွင္။

ကမၻာအႏွံ႕အမ်ိဳးသား ကိုယ္ဝန္ေဆာင္ေတြ မတြင္က်ယ္ေသးတဲ့ ေခတ္ဝယ္ ခမ္းေနာ့ဝ္ ဗိုက္ကို ခြဲ သားအိမ္ထည့္ ၊ ကေလးကို မရမက ဆြဲထုတ္ၿပီး ခက္ခက္ခဲခဲ စြန႔္စြန႔္စားစား ခြဲစိတ္ ေမြးဖြားေပးခဲ့ေသာ သားဖြားလက္သည္ ေဒါက္တာ ဟာ
မက္ရွေလ ျဖစ္သည္။

မက္ရွေလကို စသိပုံမွာ ခမ္းေနာ့ဝ္တို႔ မဂၤလာေဆာင္ၿပီး လို႔ လက္ဖြဲ႕ေတြ ေဖာက္စဥ္ ဖဲပြင့္ေလးနဲ႕ Box ဗူးေလးတစ္ခုကို ခ်စ္စရာေလးဆိုၿပီး ဖြင့္ၾကည့္ေသာအခါ အထဲက ေသနတ္ႀကီး ထြက္လာသည္။ဗူးအဖုံးမွာ မက္ရွေလ ဆိုၿပီး signႀကီးက မျမင္မွာစိုးလို႔ အႀကီးႀကီးထိုးထားသည္။ၿပီး 'Happy Wedding' ပါဆိုၿပီးလည္း ေရးထားေသးသည္။

သူမ်ား မဂၤလာေဆာင္မွာ ႐ူးေၾကာင္ေၾကာင္နဲ႕ ေသနတ္ႀကီး လာ လက္ဖြဲ႕သည္။

ကိုးေနာင္က မဆဲစဖူး 'ေဖ ိုးမ' ဆိုၿပီး ျပစ္ျပစ္ႏွစ္ႏွစ္ ဆဲခဲ့တာ ျပန္ေတြးတိုင္း ရယ္ရသည္။

အစက လက္ထပ္ၿပီး ကေလး ခ်က္ခ်င္း တန္းယူဖို႔ အစီစဥ္ မရွိ။ကေလး ေတြက အရမ္း တာဝန္ႀကီးသည္။

ကေလး တစ္ေယာက္ကို ယူလိုက္တာသည္ လူတစ္ေယာက္ရဲ႕ ဘဝတစ္ခုကို လက္ထဲ ယူလိုက္တာပဲ ျဖစ္၏။ေကာင္းမြန္စြာ ရွင္သန္ႀကီးထြားလာေအာင္ ပ်ိဳးေထာင္ေပးရမည္။

တကယ့္ကို ႀကီးေလးလြန္းတဲ့ တာဝန္ႀကီးမလို႔ ခမ္းေနာ့ဝ္ လုပ္မွ လုပ္နိုင္ပါ့မလားဟု ေတြးေၾကာက္မိသည္။

သို႔ေသာ္ ကိုးေနာင္ကမူ ဟိုဖက္အိမ္က မင္းရွင္မာန္ေလးကို ခ်ီၿပီးကတည္းက ကေလး ႐ူး ႐ူးေနသည္။

အဲ့တုံးက ရွင္မာန္က တကယ့္ေသးေသးပိစိေလး။ေတာက္ ေတာက္ ေတာက္နဲ႕ ေလွ်ာက္သြားေနကာ လူတစ္ကာေနာက္ လိုက္ေနသည္။စကား မပီကလာ ပီကလာနဲ႕ 'ေပေပ ေပႀကီး' ဆိုၿပီး လိုက္ေခၚတတ္ စ ပိစိအ႐ြယ္ေလးပင္။

ကိုးေနာင္ က ဖြင့္မေျပာေပသည့္တိုင္ သူ႕ကို တစ္ခ်က္ ၾကည့္တာနဲ႕ ခမ္းေနာ့ဝ္ သိပါသည္။ကေလး ေပါက္စေတြကို ေငးၾကည့္ေနတဲ့ ကိုးေနာင္ မ်က္လုံးေတြက ေက်ာက္စိမ္းတုံးလို ျမစိမ္းေရာင္ တျဖတ္ျဖတ္လက္ေနသည္။

"ဘဝမွာ တစ္ခါေလာက္ေတာ့ အေဖ လို႔ ေခၚခံခ်င္တယ္. . ."

ကိုးေနာင္ က သူ႕ စာအုပ္ထဲမွာ ေရးထားတဲ့ စာသားျဖစ္သည္။

သူ႕ ခင္ပြန္းအသစ္စက္စက္ေခ်ာေခ်ာေလး ဆႏၵရွိလွ်င္ မျပည့္ ျပည့္ေအာင္ ခမ္းေနာ့ဝ္ ျဖည့္ဆည္းေပးခ်င္မိသည္။ေလာကႀကီး ပ်က္သြားေတာင္ ဒီေယာက္်ား ေပ်ာ္ဖို႔က ပို အေရးႀကီးသည္။

ကိုးေနာင္ကို ခမ္းေနာ့ဝ္ ကေလးကိုယ္တိုင္ ေမြးမဲ့ ကိစၥ ေျပာေတာ့ ကိုးေနာင္က အႏၱရာယ္မ်ားတယ္ ဆိုၿပီး လက္မခံေပ။

သို႔ေသာ္ အတင္း ပူဆာလြန္း၍ ေနာက္ဆုံးက် ဖုန္းတစ္ေကာလ္ ကို ေခၚလိုက္သည္။

"ဘာလဲ Motherfucker . . . ဘာ ေသာက္ျပႆနာ တက္ေနျပန္ၿပီလဲ. . ."

ျမန္မာနိုင္ငံမွာ ေနခင္းႀကီး ျဖစ္ေသာ္လည္း ႐ုရွားမွာ ညလယ္ႀကီးျဖစ္သည္။

မသိရင္ မက္ရွေလ အိပ္ေနရာမွ အေလာတႀကီး ထလာရ၍ မေက်နပ္ေနတဲ့ ေလသံဟု ထင္နိုင္စရာရွိ၏။ ကိုးေနာင္ကမူ မက္ရွေလ ညႀကီး လူေျခဆိတ္ခ်ိန္ မေထာ္မနန္းေတြ လုပ္ေနတုံး ဖုန္းလာ၍ လုပ္လက္စ အရွိန္ပ်က္သြားလို႔ ေဒါကန္ေနတာမွန္း တန္း သိသည္။သို႔ေသာ္ ကိုးေနာင္ ေစာက္ဂ႐ု မစိုက္ပါ။

ကိုးေနာင္က မက္ရွေလနဲ႕ ခမ္းေနာ့ဝ္ကို အျပင္မွာ ေတြ႕ၿပီး ‌ေအးတိေအးစက္ မိတ္ဆက္ေပးသည္။

ၿပီး ကိုးေနာင္က ခမ္းေနာ့ဝ္ ကို တိုးတိုးေလး ကပ္ၿပီး "သူနဲ႕ အနီးကပ္ အေပါင္းသင္းမလုပ္နဲ႕. . . ေစာက္က်င့္ မေကာင္းဘူး. . ." ဟု မွာသည္။

သို႔ေသာ္ မက္ရွေလ က သေဘာေကာင္းတယ္ လို႔ ခမ္းေနာ့ဝ္ ထင္သည္။အၿမဲ ၿပဳံး႐ႊင္ေနကာ တက္ႂကြတဲ့ ၾကက္ဖလို ဖလန္း ဖလန္း ျဖစ္သည္။ၾကည့္လိုက္ရင္ အၿမဲ လႈပ္႐ြေနကာ အၿငိမ္ကို မေနေပ။

ခမ္းေနာ့ဝ္ စိတ္ညစ္တာ တစ္ခုကေတာ့ မက္ရွေလ ဘာေတြ ေျပာေနမွန္း နားမလည္‌တာပင္။

ခမ္းေနာ့ဝ္ English လို သာမန္ထမင္းစား ေရေသာက္ေတာ့ နားလည္ပါသည္။

အဲ့မက္ရွေလဆိုတဲ့ ၿဂိဳဟ္သားေကာင္ ေျပာတဲ့ ႐ုရွားသံႀကီး ဝဲေနတဲ့ English စကားကေတာ့ အေတာ္ေလး နားေထာင္ရခက္သည္။

Native ဆို နားလည္ေလာက္ေပမယ့္
ခမ္းေနာ့ဝ္က ကိုယ့္တစ္ေယာက္တည္းေတာင္ ဒစ္လည္ေနတဲ့ေကာင္။

"ဒီလို အမ်ိဳးသားကိုယ္ဝန္ေဆာင္တဲ့ကိစၥ က နည္းနည္း လက္ဝင္ၿပီး ခက္ခဲတဲ့ ကိစၥႀကီး ဆိုေပမင့္ ကိုယ့္ ကို ယုံလိုက္ပါ . . . ကိုယ္က အဲ့လို ထူးထူးဆန္းဆန္း စြန႔္စားတဲ့ ေနရာမွာ အရမ္းေတာ္တာ. . .ဒါမဲ့ ကိုယ့္ေၾကာင့္ ခင္ဗ်ား မတိုင္ခင္ ေရွ႕က လူေတြ အကုန္လုံးကေတာ့ ေသသြားၾကတာခ်ည္းပဲ . . .စိတ္မပူပါနဲ႕ ခင္ဗ်ားကိုေတာ့ မေသေစရပါဘူး . . .ကိုယ္ ပုဆိန္ ခုတ္ခံရၿပီး မေသခ်င္ဘူးေလ. . . လွလွေလးပဲ ေသခ်င္တာ. . ."

မက္ရွေလရဲ႕အျပာႏုေရာင္ မ်က္ဝန္းေတြက ‌ေ႐ႊအိုေရာင္ ဆံပင္ေတြေအာက္ဝယ္ ျမဴးထူးစြာ တည္ရွိသည္။

"ကိုယ္က အဲ့လို လူတစ္ေယာက္ကို စမ္းသပ္ၿပီး တီထြင္ေပးရတာ သေဘာက်တယ္ . . . ဘုရားသခင္ ကေနဦး ဖန္ဆင္းထားတာက ပုံတုံးတုံးႀကီးေတြမို႔ နည္းနည္း ဆန္းေအာင္ ျပဳျပင္ေပးလိုက္တာေလ. . . ဉပမာ လူေတြကို ေက်ာကေန ခြဲစိတ္ၿပီး ေတာင္ပံတပ္ေပးရတာမ်ိဳး ၊ေျခကို ေပါင္ရင္းကျဖတ္ၿပီး ေမ်ာက္ဝံေျခေထာက္တပ္ၿပီး ေမ်ာက္တစ္ပိုင္း လူတစ္ပိုင္း လုပ္ေပးတာမ်ိဳး ၊ တစ္ကိုယ္လုံး လက္ေတြ ေျခေတြျဖတ္ တြန႔္လိမ္တြန႔္လိမ္ တီေကာင္ လုပ္ေပးတာမ်ိဳး ၊ အရွင္လတ္လတ္ ေျမျမႇုပ္ၿပီး ဘယ္ခ်ိန္ ေသလဲ timerခ်ိန္ထားတာမ်ိဳး. . . စိတ္ဝင္စားစရာ ေကာင္းတယ္မလား. . .ဟား ဟား"

မက္ရွေလက ခနဲ႕တဲ့တဲ့ ရယ္ေမာကာ စားပြဲေပၚ လက္နဲ႕ တေဒါက္ေဒါက္ ေခါက္သည္။အခန္းႀကီးက တိတ္ဆိတ္ေနတာမို႔ ခုံေခါက္သံႀကီးက က်ယ္ေလာင္စူးရွစြာ။

ခမ္းေနာ့ဝ္ 'Yes Yes' ဆိုၿပီး ၿဖီးျပလိုက္ကာ တစ္ဆက္တည္း ကိုးေနာင္ကို ကပ္ၿပီး

"ဟဲ့. . . အဲ့ ေကာင္ ဘာၿဂိဳဟ္သားစကားေတြ ေျပာေနတာလဲ ထရန္စလိတ္ ေပးပါ . . .ပလိ့စ္"

"သူ ခြဲသမွ် လူနာေတြ အကုန္ေသတယ္တဲ့. . ."

"စပ"

ကိုးေနာင္က ခမ္းေနာ့ဝ္ ပုခုံးေပၚ ေမးတင္ကာ

"စတာ စတာ အဲ့ေကာင္ကို ယုံလို႔ရတယ္ ဒီထက္ ခက္တဲ့ ကိစၥေတြေတာင္ အဲ့ေကာင္ လုပ္နိုင္ေသးတာ . . . သားဖြား မီးယပ္ေလာက္ကေတာ့ ေအးေဆး"

"အမေလး ျမတ္စြာဘုရား ကယ္ပါ. . .ခုမွ ေယာက္်ားရတုံးေလး အေစာႀကီး မေသခ်င္ဘူးေနာ္. . ."

ကိုယ္ဝန္ ကိစၥနဲ႕ ပတ္သက္၍ ႐ုရွားရွိ မက္ရွေလ အိမ္ကို ခဏတိုင္း သြားရသည္။

စိုင္းဆိုင္ခမ္းေနာ့ဝ္ ဘဝ တြင္ မက္ရွေလအိမ္ေလာက္ ထူးဆန္းတဲ့ အိမ္ မျမင္ဖူးခဲ့ေပ။

အိမ္က ရိုးရိုး တစ္ထပ္တိုက္ပုေလး ျဖစ္သည္။သို႔ေသာ္ အတြင္းဝင္ၾကည့္ေသာအခါ မယုံနိုင္ေလာက္ေအာင္ အက်ယ္ႀကီး ျဖစ္သည္။ထို႔ျပင္ အတြင္းဝယ္ မွန္နဲ႕သာ အားလုံး တပ္ဆင္ေဆာက္လုပ္ထားသည္။နံရံေတြက အစ မွန္ေတြနဲ႕ ျဖစ္သည္။မွန္ခ်ပ္ေတြကို အုတ္နံရံ ေပၚမွာ ကပ္ထားတာ ျဖစ္သည္။

"Congratulation ခင္ဗ်ားမွာ ကိုယ္ဝန္ ႏွစ္ပတ္ ရွိေနၿပီ. . . ဂ႐ုစိုက္ပါ. . . ဪ. . .ခင္ဗ်ားရဲ႕ ဉာဏ္ ရွိတာပဲ သူ႕ကို ခိုင္းစား၊ ဒီခ်ိန္က ခိုင္းၿပီး ႏွိပ္စက္လို႔ အေကာင္းဆုံး အခ်ိန္ပဲ ဗ်. . ."

"အိုေက အိုေက"

ဘာေတြ ေျပာေနမွန္းမသိရင္ အိုေက လိုက္တာ ခမ္းေနာ့ဝ္ ေလာဂ်စ္။မက္ရွ‌ေလ စကားထဲက ေရွ႕စကားလုံး ကြန္ကရက္က်ဴေလးရွင္းပဲ နားလည္သည္။က်န္တာ ပလုံစြက္။

ခမ္းေနာဝ့္နဲ႕ ကြဲျပားစြာ ကိုးေနာင္က ေတာ့ ဘာသာ စကားေပါင္းစုံ တတ္ေနသလား ထင္ရသည္။English အျပင္ ဂ်ပန္လည္း သူ တတ္သည္၊ ႐ုရွားလည္း သူတတ္သည္ ၊ ျပင္သစ္လည္း သူ တတ္သည္ ၊ ခမ္းေနာ့ဝ္ အမ်ိဳးေတြနဲ႕ အဆင္ေျပေအာင္ ရွမ္းစာေတာင္ သူ အေျပး သြားသင္လိုက္ေသးသည္။

အဲ . . . ဒါမဲ့ ကိုးေနာင္ တ႐ုတ္စာ ေတာ့ ဘယ္လို သင္သင္ မတတ္ေပ။
သူ ဘာသာ သူ မတတ္တာကို သူမ်ားဘာသာစကားအား ႐ုံပေတသီး ေလသံ ဆိုၿပီး ေဝဖန္လိုက္ေသးသည္။

ခမ္းေနာ့ဝ္ ကိုယ္ဝန္ ငါးလ ေျမာက္ဝယ္ မက္ရွေလ အိမ္ကို ‌ေရာက္ခဲ့ျပန္သည္။

မက္ရွေလ က တံခါး မဖြင့္ေပးခ်င္ ဖြင့္ေပးခ်င္ နဲ႕ တံခါး လာ ဖြင့္ေပးသည္။

ကိုးေနာင္က ကိုယ့္ အိမ္ ကိုယ့္ယာ လို ေနာက္ေဖး ဝင္သြားကာ ေရခဲေသတၱာထဲက ကြက္ကီးထုပ္ေတြ ယူလာၿပီး ခမ္းေနာ့ဝ္ ကို ေကြၽးသည္။

ခမ္းေနာ့ဝ္က အားနာလို႔ တို႔ကာ ပင့္ကာ ပဲ စားေသာ္လည္း ေနာက္ပိုင္း အရွိန္လြန္သြားကာ မုန႔္ ေတြ အကုန္ ေျပာင္လက္သြားသည္။မက္ရွေလက မ်က္ေမွာင္ကုတ္လိုက္ေတာ့ ကိုးေနာင္ က မ်က္ခုံးကို တစ္ခ်က္ပင့္ 'အကုန္ စားေတာ့ ဘာျဖစ္ခ်င္လဲ' ဆိုတဲ့ မထီတရီ မ်က္ႏွာေဘးနဲ႕ စိုက္ၾကည့္သည္။

မက္ရွေလ အသံတိတ္ ဆဲေရးကာ အိမ္ အတြင္းဘက္ခန္းထဲ ဝင္သြားသည္။

"ဉာဏ္. . . အခ်စ္ေလး. . . သူမ်ား အိမ္မွာ မ်ိဳစို႔ေနရတာ အားနာပါတယ္ ေနာက္ထပ္ရွိေသးရင္ ထပ္ယူခဲ့ပါလား ေနာ္. . . ေနာ္ ဗိုက္ဆာလို႔ပါ. . .မင္း ကေလးက အရမ္း စားတာကိုး. . ."

ကိုးေနာင္က ေခါင္းၿငိမ့္ျပၿပီး အားမနာ လွ်ာမက်ိဳးစြာ ‌မီးဖိုေနာက္ထဲ ဝင္သြားသည္။

ေရခဲေသတၱာ ထဲတြင္ ျဖစ္ကတတ္စမ္း ထိုးသိပ္ထည့္ထားတဲ့ အူေခြႀကီးကို ျမင္ေသာအခါ ကိုးေနာင္ က
ခမ္းေနာ့ဝ္ ကို လွမ္းေအာ္ေျပာသည္။

"ကိုယ့္ ေနာက္ မလိုက္ခဲ့နဲ႕ေနာ္ အဲ့ဒီမွာပဲ ၿငိမ္ၿငိမ္ေလး ထိုင္ေန . . . "

သို႔ေသာ္ ခမ္းေနာ့ဝ္မွာမူ မက္ရွေလရဲ႕ မသဒၶါေရစာေတြ အစားမ်ားၿပီး အိမ္သာ တက္ခ်င္လာတာမို႔ ဧည့္ခန္းရဲ႕ ဘယ္ဘက္ဆုံးက toilet ထဲ လႈပ္တုတ္တုတ္ ဝင္လာခဲ့သည္။

အိမ္သာကလည္း မွန္ေတြနဲ႕မို႔ ခမ္းေနာ့ဝ္ ကိုယ့္ အခြက္ ကို ျမင္ၿပီး ႏွာေခါင္းရႈံ႕လိုက္သည္။

ကိုယ္ဝန္ေဆာင္မွ ပဲ နင္းကန္ စားတာမ်ားၿပီး ဝလာသလိုပဲ။

ထိုစဥ္ မွန္နံရံက ဒုံးကနဲ ျမည္လာသည္။ပထမ ညင္သာရာမွ တျဖည္းျဖည္း က်ယ္လာကာမွန္ႀကီးေတာင္ တုန္တက္သြားေသာအခါ ခမ္းေနာ့ဝ္
ပါလက္စ ခ်ီးေတာင္ ျပန္ဝင္သြားသည္ထိ လန႔္သြားသည္။

"ကိုးေနာင္!!! ႐ုရွားမွာ ငလ်င္ လႈပ္ေနတယ္ ငလ်င္ ငလ်င္. . ."

ကိုးေနာင္က အျမန္ေျပးလာၿပီး ခမ္းေနာ့ဝ္ကို ေပြ႕လိုက္သည္။ကိုးေနာင္ ေရာက္လာေသာအခါ အားလုံးဟာ တိတ္ဆိတ္စြာ။

ေနာက္တစ္ေခါက္က် မက္ရွေလ ဆီ ညႀကီးေနမွ ေရာက္လာခဲ့တာ ျဖစ္သည္။

ေမာ္စကိုၿမိဳ႕က ညမိခင္ရင္ခြင္ေအာက္ တိတ္ဆိတ္စြာ အိပ္စက္ေနသည္။

မက္ရွေလ အိမ္ထဲတြင္ ေမွာင္မိုက္ၿပီး တိတ္ဆိတ္ေနသည္။မွန္ႀကီးေတြက လႈပ္ေနသလို လို။ျဖတ္ကနဲ မွန္ေပၚ ထင္လာတဲ့ ကိုယ့္ အရိပ္က စ ေၾကာက္စရာ ေကာင္းေနသလို။မက္ရွေလ က 'ခဏ' ဆိုၿပီး ေစာင့္ခိုင္းထားၿပီး အျပင္ထြက္သြားတာ အေတာ္ၾကာသည္။

ေဘးနား ကိုးေနာင္ မရွိရင္ ခမ္းေနာ့ဝ္ ထြက္ေျပးမိေလာက္ေပမည္။

ဘယ္လိုႀကီးမွန္းလဲ မသိ။ေက်ာထဲ စိမ့္စိမ့္ေအးလာကာ ေျခာက္ျခားလာသည္။

ခမ္းေနာ့ဝ္ ကိုးေနာင္ ရင္ခြင္ထဲ တိုးဝင္လိုက္ေသာအခါ ႏြေးေနသည္။

ကိုးေနာင္က ခမ္းေနာ့ဝ္ ေခါင္းကို ဖြဖြေလး ပုတ္ေပးသည္။‌ေအးစက္‌ေနတဲ့ ခမ္းေနာ့ဝ္ လက္ဖ်ားေတြကို ဆုပ္ကိုင္ၿပီး အာေငြ႕ေပးသည္။

ၿပီး ဗိုက္ကို ဖိကပ္နမ္းလိုက္သည္။

"ကိုယ့္ ကေလးအေဖ ျဖစ္ေတာ့မယ္ကြ. . ."

"ေပ်ာ္လား"

"ေပ်ာ္တယ္. . ."

ခမ္းေနာ့ဝ္ က ျမဴးထူးစြာ ကိုးေနာင္ကို နမ္းမို႔ ရွိေသး ဟိုး ေနာက္ဆုံးအခန္းက . . . အခန္းထဲက . . ေသြးစြန္းေနတဲ့ လက္ႀကီးတစ္ဖက္!!!

အား. . .!!!။

++++

"သရဲ သရဲ . . .ကိုးေနာင္ ေၾကာက္တယ္. . .အာ့တာ ဘာႀကီးလဲ သိဘူး"

ခမ္းေနာ့ဝ္က ကိုးေနာင္ လည္တိုင္ကို ဖိကပ္ၿပီး ဗလုံးဗေထြး ေအာ္ႀကီးဟစ္က်ယ္ ေျပာသည္။

အီခနဲ ငိုခ်လိဳက္ကာ ႏွာရည္ေတြပင္ ထြက္ေနသည္။

"ဘာမွ မျဖစ္ပါဘူး မွားျမင္တာ ေနမွာ. . . စိတ္ေလွ်ာ့ေနာ္ ကိုယ့္ခမ္းေနာ့ဝ္ေလးက မငိုရဘူးေလ ခမ္းေနာ့ဝ္ငိုရင္ ကေလးပိစိေလးက စိတ္မေကာင္းျဖစ္ၿပီး လိုက္ငို ေနလိမ့္မယ္ေနာ္. . .မငိုပါနဲ႕ေနာ္. . . မေၾကာက္နဲ႕ ကိုယ္ရွိတယ္ . . . ကြၽတ္ ကြၽတ္"

"အား . . . သရဲ သရဲ ပါဆို ငါတကယ္ ျမင္လိုက္တာ လုံးဝ မ်က္လုံးမမွားဘူး
တစ္ျပန္မေန႕ကမွ ပါဝါခ်ိန္ထားတာ. . ."

ခမ္းေန႕ာဝ္က ႏွာေခ်းတြဲေလာင္းနဲ႕ဘေျခေဆာင့္ကာ ေျပာေတာ့ ကိုးေနာင္ မက္တပ္ရပ္လိုက္ကာ

"ေန . . .ကိုယ္ သြားၾကည့္ေပးမယ္ ဟုတ္ၿပီလား"

"ဟင့္. . . အီး. . . အဲ့လိုႀကီး တစ္ေယာက္တည္း မသြားနဲ႕ေလ . . . မက္ရွေလကလည္း ျပန္မလာေသးဘူးလား. . . ဟ့ မသြားနဲ႕ေနာ္ သရဲကား‌ထဲမွာဆို အဲ့လို တစ္ေယာက္တည္းသြားရင္ ေသာက္ျပႆနာ တက္ေတာ့တာပဲ. . . ကိုးေနာင္ မသြားနဲ႕လို႔. . ."

ခမ္းေနာ့ဝ္သာဆို ဘာသံ ၾကားၾကား ဘယ္ေတာ့မွ သြားမၾကည့္တတ္ေတာ့တာ အဲ့သရဲကားေတြရဲ႕ ေက်းဇူးေၾကာင့္။

ဇာတ္ကားေတြက သရဲကား ဇာတ္ဝင္ခန္းလို ကိုးေနာင္က ထိုအခန္းဆီ လမ္းေလွ်ာက္သြားသည္။

အေမွာင္ထုထဲဝယ္ ေအးခဲေနတဲ့ မ်က္လုံးမ်ားနဲ႕ တစ္လွမ္းခ်င္း လမ္းေလွ်ာက္ေနတဲ့ အမ်ိဳးသားကသာလွ်င္ ထို ေသြးေပေနတဲ့လက္ႀကီးတစ္ဖက္ထက္ ပို ေၾကာက္ဖို႔ ေကာင္းေနေၾကာင္း ခမ္းေနာ့ဝ္ဟာ မသိခဲ့ပါေလ။

သရဲေတာင္ ဉာဏ္ကိုးေနာင္ကိုျမင္ရင္ လာ လမ္းကို ျပန္ေျပးေလာက္သည္။

ကိုးေနာင္က အခန္းတံခါးေရွ႕ ရပ္လိုက္ၿပီး "အိုး" ဆိုၿပီး အာေမဍိတ္ ျပဳလိုက္သည္။

လိုက္လာမယ္လုပ္ေနေသာ ခမ္းေနာ့ဝ္ကို အျမန္တားလိုက္သည္။

ဒီျမင္ကြင္းကို ျမင္ရင္ ခမ္းေနာ့ဝ္ ေသခ်ာေပါက္ တက္ ေသသြားေလာက္သည္။

13 14 ႏွစ္ အ႐ြယ္ ေကာင္ေလးတစ္ေယာက္က ၾကမ္းျပင္ ေပၚမွာ ေမွာက္ရက္ႀကီး လဲက်ေနသည္။

တစ္ကိုယ္လုံး အကၤ်ီလည္း မပါေပ။

သူ႕ ခႏၶာကိုယ္ တစ္ခုလုံးက Marking ရာပုံစံလို အညိုကြယ္ႀကီးေတြ ျပည့္ႏွက္ေနၿပီး ေျခေထာက္မ်ားက ရိုက္ခ်ိဳးခံထားရသည္။

အသားလည္း မရွိ၊ ပိန္လွီ ေျခာက္ကပ္ေနသည္မွာအရိုးေျခာက္ ႀကီးလို။

ဆံပင္ေတြက ေသြးေတြနဲ႕ ေရာယွက္ေနကာ ႏႈတ္ခမ္းက အသံ တစ္သံ ထြက္ဖို႔ေတာင္ အားမရွိသည့္ဟန္။လည္ပင္းကို သံလည္ပတ္ႀကီးနဲ႕ ခတ္ထားခံရၿပီး ထိုေကာင္ေလးသည္ အျပင္ကို ႐ုန္းထြက္ခ်င္ေပမယ့္ ထိုလည္သံႀကိဳးက လည္ပင္းကို ျပတ္ထြက္သြားမတတ္ ဆြဲထားျခင္းခံထားရသည္။

ေျခေတြ ရိုက္ခ်ိဳးခံထားရလို႔ လမ္းလည္း မေလွ်ာက္နိုင္၍ တစ္႐ြတ္တိုက္ႀကီး သြားရသည္။သူ႕ေဘးနားမွာ ေသြးေၾကာင္းႀကီးေတြ အတန္းလိုက္ စီးေနသည့္အျပင္ မုန႔္ေတြ ႏြားနို႔ျဖဴျဖဴေတြက ေသြးေတြနဲ႕ အတူ ေရာယွက္ေနသည္။

ထိုေကာင္ေလးက လူသံၾကား၍ ေသြးေတြ ေပပြ ေနတဲ့ လက္ႀကီး တစ္ဖက္ကို အားတင္းကာ ထုတ္ၿပီးအခ်က္ျပတာ ျဖစ္ေသာ္လည္း အင္မတန္ သတၱိ ေကာင္းေသာ သူ႕ ေယာက္်ားေပါက္စက သရဲထင္ကာ လန႔္သြားသည္။

ေကာင္ေလးရဲ႕လက္မ်ားက ကိုးေနာင္ရဲ႕ ရႉးဖိနပ္ကို ထိလာသည္။သို႔ေသာ္ ကိုးေနာင္ မ်က္ႏွာကို ေမာ့ၾကည့္လိုက္စဥ္ သူ႕ လက္ကို ျပန္႐ုတ္လိုက္သည္။

ဒီလူဟာ သူ႕ကို ဘယ္ေတာ့မွ ကယ္ဆယ္မည့္ လူ မဟုတ္မွန္း သူ သိသည္။

ဒီလူရဲ႕ မ်က္လုံးစိမ္းစိမ္းေတြဟာ မက္ရွေလရဲ႕ မ်က္လုံးျပာျပာေတြနဲ႕ မထူးမျခားပင္။

ေၾကာက္စရာေကာင္းသည္။ရက္စက္သည္။အၾကင္နာတရား ေခါင္းပါးလြန္းသည္။

Psychopath ဆိုသည္မွာ Satanကို လူသား version ေျပာင္းလိုက္ျခင္းသာ။မဟုတ္. . . Satan ထက္ကို Psychopathက ပို ရက္စက္ဆိုး႐ြားေလာက္မည္။

ဒါမဲ့ ရွီဒိုဂေယာင္းဟာ ဘယ္ေသာခါမွ အညံ့မခံသူ မဟုတ္ပါေလ။

"ကိုးေနာင္ . . . ! ဘာ ဘာ ဘာ ေတြ႕လဲ. . ."

ကိုးေနာင္က ထိုအေလာင္းႀကီး တစ္ခုလို ျဖဴဖပ္ျဖဴေလ်ာ္ ျဖစ္ေနေသာ ေကာင္ေလးကို မ်က္ေတာင္ေတြ ေမွးစင္းၿပီး ေအးစက္စြာ စိုက္ၾကည့္ၿပီးေနာက္ တံခါးကို ၿခိမ္းကနဲ ပိတ္ပစ္လိုက္သည္။

"ဝါး. . . သရဲႀကီး ခမ္းေနာ့ဝ္ကို ကိုက္စားဖို႔ လာၿပီကြ. . ."

ကိုးေနာင္ လက္ႏွစ္ဖက္ကို ပါးမွာ ကပ္ လက္ေခ်ာင္းေလးမ်ားကို ေကြးကာ က်ားေပါက္ သ႑ာန္ လုပ္ျပၿပီး ခ်စ္စဖြယ္ ရယ္ေမာလိုက္ရင္း

"ဟင့္အင္း. . . ဘာမွ ေတြ႕ပါဘူးဗ်ာ. . ."

ထိုစဥ္ "ခ်လပ္"ဆိုၿပီး တံခါး ဖြင့္သံနဲ႕အတူ မက္ရွေလ ဝင္လာသည္။

မက္ရွေလက Supermarket တစ္ခုက ျပန္လာဟန္ တူသည္။အသီးအႏွံေတြ၊ဟင္းခတ္ အေမႊးအႀကိဳင္ေတြ၊ရက္ရွည္ခံ ေခါက္ဆြဲေျခာက္ေတြ၊ကြတ္ကီးေတြ‌၊ေဆးဗူးေတြကို လက္ဆြဲကာ သယ္လာသည္။

"Oh God . . 9နာရီေတာင္ ထိုးေတာ့မယ္ . . . ငါ အစာေကြၽးရဦးမယ္ . . . ငါ ေခြးတစ္ေကာင္ ေမြးထားတာ. . က်စ္. . . ဒါမဲ့ ငါ ဘာေကြၽးေကြၽး သူ မစားဘူးကြာ. . .စိတ္ပ်က္စရာပဲ. . ."

"အဲ့ေကာင္ေလးက အရမ္း ငယ္ေသးတယ္. . .မုဒိန္းတကာ့ မုဒိန္းထဲ မွာ သက္ငယ္ မုဒိန္းက အဆိုးဆုံးေနာ္. . .လူသတ္တာ ထက္ မုဒိန္းက်င့္တာ ပို စိတ္ပ်က္စရာေကာင္းတယ္. . ."

ကိုးေနာင္က အိပ္ေပ်ာ္သြားတဲ့ ခမ္းေနာ့ဝ္ကို ရင္ခြင္ထဲ ေပြ႕တင္လိုက္ၿပီး ခမ္းေနာ့ဝ္ အိပ္ရတာ သက္ေတာင့္သက္သာ ျဖစ္ေစမယ့္ ကိုယ္ေနဟန္ထား ေျပာင္းလိုက္သည္။

"ဉာဏ္. . . မင္းဟာေလ ဘူ ဘူ ခ်င္းကို မတရား တစ္ မႈတ္ခ်င္တဲ့ ေကာင္ပဲ. . . "

မက္ရွေလက ကိုးေနာင္ပုံစံကို ကဲ့ရဲ႕ သလို ၾကည့္လိုက္ၿပီး

"ငါ့ဘဝ မွာ ရည္းစားကို ဘုရားလို ကိုးကြယ္တဲ့ Psychopath ကို ပထမဆုံး ေတြ႕ဖူးတာပဲ . . . Sign ေလး တစ္ခ်က္ေလာက္ ဘရို. . . Idolႀကီး ျဖစ္သြားတာမို႔ ေန႕တိုင္း ထိုင္ရွိခိုးခ်င္လို႔. . . "

"ကြာတယ္ေလ မင္းနဲ႕ငါ. . ငါ့ကို ငါ့အမ်ိဳးသားေလးက အရမ္း ခ်စ္တာ . . . ငါ့ကို Baby လို႔ေတာင္ ေခၚေသးတယ္ကြ. . ."

ကိုးေနာင္က ဂုဏ္ယူစြာနဲ႕ အကၤ်ီေကာ္လံကို ေတာင္ တစ္ခ်က္ ပင့္ေထာင္လိုက္ေသးသည္။ထိုအခါ ခမ္းေနာ့ဝ္က အင္းခနဲ တစ္ခ်က္ ၿငီးျငဴၿပီး လႈပ္သြားသည္။

ထိုအခါ ကိုးေနာင္က "အိုး ေအ့ ေအ့ ျပန္အိပ္ေနာ္ ကိုယ့္ကေလးေလး. . ." လို႔ တိုးတိတ္စြာ ႏွစ္ကိုယ္ၾကား ျပန္ေခ်ာ့သိပ္သည္။

"Baby တဲ့ ႐ြံ႕စရာႀကီး . . . တစ္လေလာက္
မသၿဂိဳဟ္ဘဲ ပစ္ထားတဲ့ အေလာင္းထက္ေတာင္ အဲ့ Babyႀကီးက ႐ြံစရာေကာင္းေသးတယ္. . ."

"မနာလိုေနတာမလား. . . "

မက္ရွေလက ေခါင္းတခါခါနဲ႕ မီးဖိုထဲ ဝင္သြားၿပီးမွ သတိတရနဲ႕

"ခဏ ငါ့ ေမးခြန္းကို ေျဖဦး သူ အစားစားေအာင္ ငါ ဘယ္လို ေကြၽးရမလဲ. . ."

"ေကြၽးပုံ ေကြၽးနည္း ကြာတယ္ေလ. . . သူ႕ကို ျပန္ေပးဆြဲထားၿပီး ႏွိပ္စက္ေနတဲ့ မင္း ေကြၽးတဲ့ ထမင္းကို သူက ေကာင္းေကာင္းစားမယ္မ်ား ထင္ေနလား . . စကားမစပ္ ငါ့ေယာက္်ားဆို ငါ့ကို ထမင္းေတာင္ ခြံ႕ေကြၽးတာ . . .မက္ရွေလ!! ေဟ့ေကာင္. . ၾကားလား. . . နားေထာင္ဦးလို႔ . . .ငါ့ကို ထမင္း ခြံ႕ေကြၽးတာလို႔ . . ."

"သိတယ္ မင္းကို ထမင္း ခြံ႕ေကြၽးတာတဲ့ . . . အာ့ေတာ့ ငါက ဘာလုပ္ရမွာလဲ. . .လင္ယူၿပီး ဇိမ္က်ေနတာ မင္းပဲ ရွိတယ္. . . "

"ဒါေပါ့ ငါက အခ်စ္ခံေလးေလ . . .ငါ့ကို သူက အိပ္ရင္ေတာင္ ဖက္အိပ္တာ. . . "

"မင္းရဲ႕ ဗန္းေမာ့ ကို ငါ နားမလည္ဘူး"

"ခမ္းေနာ့ဝ္ ပါကြာ. . .ပီေအာင္ ေခၚစမ္းပါ. . ."

"ေအး အဲ့ ဗန္းေနာ့ . . . ငါသာ သူ႕ေနရာမွ ဆို ညေတာင္ ေကာင္းေကာင္း အိပ္ေပ်ာ္မွာ မဟုတ္ဘူး ေတာ္ၾကာ ငါ့ကို ညလယ္ႀကီး ပုဆိန္နဲ႕ ထခုတ္ရင္ ဘယ္လို လုပ္ရပါ့. . ."

"နိုး. . . ငါ့ ေယာက္်ားက ငါ့ကို အၿမဲ နမ္း . . . "

"ေတာ့္ေတာ့. . . Motherfukerရဲ႕ နားညီးလာၿပီ တစ္ေလာကလုံးမွာ မင္းပဲ လင္ရွိတာ က်လိဳ႕ . . .ခုမွ ရည္းစားထားဖူးေတာ့ ေမ်ာက္ အုန္းသီးရသလိုပဲ ယြစိခတ္ေနတာ. . ."

မက္ရွေလ က ဟင္းခ်က္ၿပီး ဟိုအခန္းထဲ ဝင္သြားသည္။အုံး ဒိုင္း ဂြမ္း ခေရာင္း သံေတြ ဆက္တိုက္ ေပၚလာတာမို႔ ကိုးေနာင္က ခမ္းေနာ့ဝ္ နားကို ပိတ္လိုက္သည္။

ၿပီး မက္ရွေလ ျပန္ထြက္လာေသာအခါ မ်က္ႏွာေပၚမွာ လက္သည္းကုတ္ အစင္းရာႀကီးေတြ အေခ်ာင္းလိုက္ ပါလာသည္။

"အိုး သနားလိုက္တာ . . . သူမ်ား သားသမီးကို ျပန္ေပးဆြဲထားတာ ခံေပါ့. . ."

"ေစာက္ပါးစပ္ ပိတ္ထား. . . ထပ္ေျပာရင္ မင္းကို ငါ သတ္. . . မဟုတ္ဘူး မင္း ကို သတ္ရင္ ငါ လက္နာတာပဲ ရွိတယ္ . . . မင္းကေလးကို သတ္မွာ. . ."

ကိုးေနာင္ မ်က္ေမွာင္ကုတ္သြားသည္။

"ငါ့ကေလးကို ထိရဲ ထိၾကည့္. . ."

မက္ရွေလက ထမင္းပန္းကန္ျပားကို ခုံေပၚပစ္တင္လိုက္ကာ ဆံပင္ေတြကို ဆြဲဖြလိုက္သည္။

"အဲ့ကေလး ေမြးေပးၿပီးတဲ့ခါ မင္းေရာ မင္းလင္ေကာ ငါ့အိမ္ရိပ္ကို ေျခေတာင္ လာမနင္းနဲ႕ . . . ႏွစ္ေကာင္လုံးကို မျမင္ခ်င္ဘူး. . .က်က္သေရတုံးတယ္"

ကိုးေနာင္က ဝါးခနဲ သန္းေဝလိုက္ၿပီး

"လာမွာပဲ ငါက ကေလး သုံးေယာက္ လိုခ်င္တာ. . ."

မက္ရွေလက လက္ခလယ္ ေထာင္ျပသည္။

"ခြန္အား ေတာ္ေတာ္ ရွိတာပဲ . . .ေနာက္ဆုံးေတာ့ Lotus killer ႀကီးက သူ႕ရဲ႕ ခြန္အားေတြကို လူသတ္တဲ့ ေနရာမွာ အသုံးခ်ေနတဲ့အစား အက်ိဳးရွိတဲ့ လူသားထုတ္လုပ္ေရးမွာ ေျပာင္း အသုံးခ်ေနၿပီ. . ."

ကိုးေနာင္ က ခမ္းေနာ့ဝ္ ဆံပင္ေတြကို ပြတ္သပ္ေဆာ့ကစားရင္း

"သူနဲ႕ တူတဲ့ သမီးေလး သုံးေယာက္. . .စကားမ်ားၿပီး ပါးေဖာင္းေဖာင္းေလး‌ေတြနဲ႕ . . .အရမ္း ခ်စ္ဖို႔ေကာင္းတယ္. . .ရေအာင္ လုပ္ေပး"

"အာ့တာ မင္းနဲ႕ မင္းလင္ ေစာက္ေၾကာင္းေလ ငါနဲ႕ မွ မဆိုင္တာ. . ."

"မင္း အကုန္ေလွ်ာက္လုပ္ေနတာပဲ. . . "

"အာတာ့ ဗိုက္ထဲက ကေလးကို ဘယ္လို ပုံစံ ျဖစ္ေအာင္၊ရေအာင္ လုပ္တာ မပါဘူးေလ. . . ၿပီး ဗန္းေမာ့နဲ႕ မတူဘဲ"

"ခမ္းေနာ့ဝ္လို႔ !! ငါ့ ‌အခ်စ္ကို နာမည္ မဖ်က္နဲ႕ . . ."

"ေအး အဲ့ဗန္းေနာ့. . .နဲ႕ မတူဘဲ မင္းလို ဒစ္႐ုပ္နဲ႕ psycho ေကာင္ႀကီး ေမြးခ်င္လည္း ေမြးလာမွာပဲ. . .မတတ္နိုင္ဘူး"

ကိုးေနာင္က ေအးစက္စြာ ရယ္ေမာလိုက္သည္။

"ငါ့ကို ငါ့ေယာက္်ားက အရမ္း ေခ်ာတာပဲတဲ့ ကမၻာေပၚမွာ အေခ်ာဆုံးပဲတဲ့ . . . အရမ္းလွလြန္းလို႔ ေန႕တိုင္း ထိုင္ၾကည့္လို႔ေတာင္ မဝဘူးတဲ့. . .အာ့တာကို မင္းမို႔လို႔ ငါ့ကို ဒစ္႐ုပ္လို႔ ေျပာတယ္"

"ဟား ဟား ဟား . . . မင္း ထပ္ေျပာရင္ ငါ အန္မိေတာ့မယ္ . . . အသက္ ကိုးဆယ္ အဘြားႀကီး ပါတဲ့ ခ်ီးေတာင္ မင္းတို႔ေလာက္ ႐ြံစရာ မေကာင္းဘူး. . .မင္းတို႔ဟာက next level ေရာက္သြားၿပီ. . ."

ဉာဏ္ကိုးေနာင္ကို မက္ရွေလ တကယ္ နားမလည္ေပ။ Psychopath အဂၤါရပ္မ်ားတြင္ ရည္းစားေပြၿပီး sex partner မ်ားျခင္း လည္းပါသည္။သို႔ေသာ္ ကိုးေနာင္ကမူ ေခ်ာလိုက္တာ မႈန္ေနေသာ္လည္း ရည္းစားမထား၊sexဆို ေဝလာေဝး။

သူကို ထိရင္ေတာင္ လုံးဝ မႀကိဳက္ေပ။

သူ႕ကို ရည္းစားစကား လာေျပာတဲ့ ေကာင္ေတြကို အကုန္ ျငင္းပစ္တတ္သည္။

ဝန္ခံသည္။မက္ရွေလ ကိုယ္တိုင္ေတာင္ တစ္ခါတစ္ေလ ကိုးေနာင္ကို သတိလက္လြတ္ ေငးမိတဲ့ထိ ဉာဏ္ကိုးေနာင္က အရမ္းကို ေခ်ာလြန္းသည္။သို႔ေသာ္ ကိုးေနာင္ကို အလကား ေပးေတာင္ မက္ရွေလ မယူခ်င္ေပ။

ဇာတ္တူသား ဘယ္ေတာ့မွ မစား။

[A/N Psycho ခ်င္းမို႔ မႀကိဳက္ဘူးလို႔ ဆိုလိုတာပါ]

သို႔ေသာ္ ကိုးေနာင္က ႐ုတ္တရက္ႀကီး မဂၤလာေတာင္ ေကာက္ေဆာင္သြား၏။ဒါ အံ့ဩစရာ ကိစၥ မဟုတ္ ဒီထက္ ပို အံ့ဩစရာ ေကာင္းတာက သူယူတဲ့ သူက သာမန္ ႐ုပ္ရည္နဲ႕ ေဒါက္တာေလး ျဖစ္ၿပီး ကိုးေနာင္ က အဲ့ေကာင္ေလးကို အရမ္းကို သဲသဲလႈပ္ ဂ႐ုစိုက္ေနတာ ျဖစ္သည္။

မင္းဘာမင္း လူတစ္ေယာက္ကို ေခါင္းျဖတ္သတ္ေနတာလည္း အံ့ဩစရာ မေကာင္းဘူး ဘရို. . .။
အူေတြကို ကတ္ေၾကးနဲ႕ ညွပ္ေနလည္း အံ့ဩစရာ မေကာင္းဘူး ဘရို. . .။
လူသားေတြ ခ်က္ေနလည္း အံ့ဩစရာ မေကာင္းဘူး ဘရို. . .။

ဒီေယာက္ခ်ိဳျဖစ္ေနတဲ့ ကိစၥကေတာ့ အေတာ္ ေလးနက္သြားၿပီ။

မက္ရွေလမွာ အံ့ဩၿပီး သုံးရက္ေလာက္ ထမင္းစား ပ်က္သြားခဲ့ရသည္။

ဉာဏ္ကိုးေနာင္ ၾကပ္မျပည့္တာ next level ေရာက္သြားေလၿပီ. . .။ကုရာ နတၳိ ေဆးမရွိ။

______________________________________

10.03p.m
23.12.2022(Friday)
Mary_Koe
7126

Pls give me feedback 😉😚

Update ေနာက္က်ေနတာ ေဆာရီးပါ ဟိ ဟိ ဒီအပိုင္း နည္းနည္း ရွည္လို႔ပါ🌟

Vote ထက္ comment ေလးေတြ ေရးေပးရင္ ပိုေပ်ာ္မွာပဲ ေဘဘီေလးတို႔ေရ. . .🤒😿

Ga verder met lezen

Dit interesseert je vast

3.1K 441 29
Cover by Gust တိုမယ်၊ ရိုမယ်၊ ချိုမယ် အပျော်သဘောနဲ့ရေးတာဆိုတော့ ဖတ်ရှုရင်း အနည်းငယ် ပြုံးပျော်နိုင်ရင်ကို ရေးရကျိုးနပ်ပြီ #Thethirdschoollifefiction...
48.7K 3.8K 42
Accident ဖြစ်ပြီးနောက် အရာအားလုံးကို မေ့သွားတဲ့ဝိညာဥ်လေး...။ ကိုယ်ချစ်ရသူဟာ မသမာစွာ လုပ်ကြံခံရတယ်လို့ ခံစားရတယ်အထင်နဲ့ စုံစမ်းနေတဲ့ လူတစ်ယောက်...။ ပြ...
5.7K 737 1
ပေါ့ပေါ့ပါးပါး ( one shot)
394K 27.7K 33
ခန္​႔ခန္​႔ဆိုတဲ့​ေၾကာင္​​ေတာင္​​ေတာင္​ ma ma boy​ေလးရယ္​ ႐ွိန္​းဆက္​ဆိုတဲ့ ခပ္​​ေခ်​ေခ်​ေကာင္​​ေလးရယ္​... မ​ေတာ္​တဆမႈကတစ္​ဆင္​့ ခန္​႔ခန္​႔နဲ႔႐ွိန္​း ...