Chapter 114: Extra Three
ဟောင်ဖန်း သူရဲ့ ဆက်နွယ်သားရဲ ကို ဆက်နွယ်ပြီးတဲ့ နောက်မှာတော့ သူ့အိမ်ကြီး ကို ပြင်ဆင်ဖို့ တစ်ယောက်ယောက် ကို အထူး တောင်းဆိုကာ ပြုပြင်ခဲ့သည်။ ပထမထပ်တွင် မီးဖိုချောင်၊ ထမင်းစားခန်းနှင့် ဧည့်ခန်းမှလွဲ၍ ကျန်အခန်းအားလုံး ကို ဖွင့်ထားပြီး ဧရာမဝံ ပုလွေသားရဲ အတွက် သီးသန့် အိပ်ခန်းအဖြစ် ပြန်လည် ပြင်ဆင်ပေးထားသည်။ အိပ်ခန်း က ကျယ်ဝန်းပြီး ဗဟို လေအေးပေးစက် တပ်ဆင်ထားတာကြောင့် အချိန်တိုင်း အသင့်တော်ဆုံး အပူချိန်တွင် ရှိနေသည်။ ဧရာမ ဝံပုလွေသားရဲရဲ့ အိပ်ရာချထားသည့် နံရံတွင် နှင်းဖြူရောင် ကူရှင်တစ်ခုကို ချိတ်ထားခဲ့သည်။
ကုတင်ရဲ့ ညာဘက်ထောင့်တွင် ဗီလာရဲ့ နောက်ဖေးသို့ သွားနိုင်သည့် တံခါးမကြီး တစ်ခု ရှိပြီး ကျယ်ဝန်းတဲ့ ရေကူးကန် တည်ရှိတဲ့ နေရာဖြစ်သည်။ ဟောင်ဖန်း က ရေကန် ကို နှစ်ပိုင်းခွဲထားပြီး တစ်ဖက်က သူ့အတွက်ဖြစ်ကာ တစ်ဖက်ကတော့ ဧရာမ ဝံပုလွေသားရဲ အတွက် ဖြစ်သည်။
ရွှယ်ယွဲ့ က ပျော့ပျောင်းတဲ့ ကူရှင်ပေါ်မှ ထကာ သူ့ရဲ့ ရှည်လျားပြီး လှပတဲ့ အမွှေးတွေ ကို လှုပ်ယမ်းကာ နံရံတစ်ဖက်သို့ ပြေး၍ နံရံတွင် ချိတ်ထားတဲ့ မှန်တစ်ချပ် ကို လှမ်းကြည့်လိုက်သည်။
သူ့ကိုယ်ကို အလယ်မှာ ထားကာ သူ့ကိုယ်သူ သေသေချာချာ စူးစမ်း လေ့လာသည်။ သူ့ရဲ့ အမွှေးတွေ က ချောမွေ့နေသည်၊ သူ့ရဲ့ မျက်လုံးတွေ က အရမ်းလှပတဲ့ စိမ်းပြာရောင်၊ ဖြစ်ပြီး အရမ်း တက်ကြွနေတဲ့ အကြည့် ရှိသည်။ သူ့ရဲ့ ကျေနပ်မှုကို ဖော်ပြခဲ့သည်။
ဧည့်ခန်းမှ သေးငယ်တဲ့ လှုပ်ရှားမှုတစ်ခု ထွက်ပေါ်လာသည်။ သူ့ရဲ့ အမွှေးတွေ ကို ချွန်ထွက်နေတဲ့ နားရွက်တွေကို လှုပ်ယမ်းကာ လွင့်ထွက်သွားစေသည်။
ဟောင်ဖန်း က ဖိနပ်စင်မှ ချည်ဖိနပ်တစ်ရံ ကို ယူလိုက်သော်လည်း ဖိနပ်တစ်ဖက်ကိုသာ ပြောင်းစီးရသေးသည်။ ရွှယ်ယွဲ့ က ကြမ်းပြင်ပေါ်တွင် ကျွမ်းကျင်စွာ လူးလှိမ်းနေကာ ခေါင်းနဲ့ သူ့ကို ပွတ်သပ်နေကာ နံရံဆီ တွန်းထုတ်လိုက်သည်။
ဟောင်ဖန်း က သူ့ရဲ့ လေးနက်တဲ့ မျက်နှာပေါ်တွင် အပြုံးတစ်ခု ပေါ်လာပြီး
"ရွှယ်ယွဲ့၊ ပြဿနာ မရှာနဲ့"
ရွှယ်ယွဲ့ က မကျေမနပ်ဖြင့် ဆက်၍ ပွတ်သပ်သည်။
{"မင်း ထွက်သွားတုန်း က မင်း ငါ့ကို မခေါ်သွားဘူး!"}
ဟောင်ဖန်း က သူ့မျက်နှာကို ပွတ်သပ်ပေးလိုက်သည်။
"ဒါက စီးပွားရေး ကိစ္စ သက်သက်ပါ။ အန္တရာယ်မရှိပါဘူး။ မင်းက အခုမှ ရေချိုးပြီးတာလေ၊ မင်းရဲ့ အမွှေးတွေ မခြောက်ပဲ မပြသ် မထွက်သင့်ဘူး။ အိမ်မှာနေတာ ဘယ်လောက် ကောင်းလဲ"
"ဟမ့်" ရွှယ်ယွဲ့ က အော်လိုက်သည်။ "ငါ မင်းနောက် ကို လိုက်ချင်တယ်။ မင်း ငါ့ကို ကတိပေး။ နောက်တစ်ခါ မင်း အပြင်ထွက်တော့မယ်ဆို ငါ အိပ်ပျော်နေရင်တောင် မင်း ငါ့ကို နှိုးရမယ်!"
ဟောင်ဖန်း က ကူကယ်ရာမဲ့သွားသည်။
"ကောင်းပြီ၊ ငါ မင်းကို ကတိပေးတယ်။ အရှေ့က ဖယ်ပေးပါ"
ရွှယ်ယွဲ့ ကျေနပ်သွားသည်။ ထပြီး အနောက်ဘက်သို့ ဆုတ်သွားသည်။ ဟောင်ဖန်း က သူ့ဖိနပ်ကို ပြောင်းစီးလိုက်ပြီး သူ့လည်ပင်းတစ်ဖက် ကို ပွတ်ပေးလိုက်သည်။ သူက သူ့ဝတ်စုံ ကို ပေါ့ပေါ့တန်တန် ချွတ်လိုက်ပြီး ဆိုဖာပေါ် ပစ်ချလိုက်သည်။ ရှပ်အင်္ကျီအဖြူရဲ့ အပေါ်ဆုံး ကြယ်သီးကို ဖြုတ်ကာ လည်စည်း ကို ဆွဲချွတ်လိုက်သည်။ ရေတစ်ခွက် လောင်းထည့်လိုက်ပြီး ဆိုဖာပေါ်ထိုင်ကာ တစ်ငုံသောက်၍ အသက်ရှုလိုက်သည်။
ရွှယ်ယွဲ့ က ဆိုဖာ အနောက်တွင် လှဲလိုက်သည်။ ဟောင်ဖန်း ပခုံးဘေးရှိ ဆိုဖာအစွန်းတွင် ခေါင်း တင်ထားကာ စိမ်းပြာရောင် မျက်လုံးတွေ ကို မျက်တောင်ခတ်လိုက်သည်။
"အားဖန်း၊ မင်း မပျော်ဘူးလား?"
ဟောင်ဖန်း က ရွှယ်ယွဲ့ရဲ့ ခေါင်းကြီးကို တိတ်တဆိတ် ပွတ်သပ်လိုက်သည်။
"မဟုတ်ပါဘူး"
ရွှယ်ယွဲ့ က ဒေါသတကြီး ခေါင်းကို လှည့်လိုက်သည်။
"လူလိမ်။ မင်းက ငါ့အသိဥာဏ် ကို စော်ကားနေတယ်လို့ ငါ ခံစားရတယ်။ ငါ က ဉာဏ်ကောင်းတယ်လို့ မင်းကို ပြောခဲ့တယ်လေ"
ဟောင်ဖန်း အနည်းငယ် ရယ်မောလိုက်သည်။ သူက ရယ်ခဲသည်။ သူ့ရဲ့ အပြုံး က ခဏတာမျှသာ ဖြစ်သော်လည်း သံလိုက်ဓာတ် ရှိနေသလို သူ့အသံက နိမ့်ကျပြီး မည်းမှောင်နေသည်။
"ဘာမှ မဟုတ်ပါဘူး။ နည်းနည်းတော့ ပင်ပန်းနေတယ်"
ဟောင် မိသားစု က ကြီးမားပြီး ဝန်ထမ်းတွေ ရှိကာ ရှုပ်ထွေးတဲ့ စီးပွားရေး မိသားစု ဖြစ်သည်။ သူ့မိဘ နှစ်ပါးစလုံး က စောစောစီးစီး သေဆုံးသွားကြပြီး လူ အများက ကုမ္ပဏီကို လုယူဖို့ စိတ်ဆန္ဒ ရှိခဲ့ကြသည်။ သို့သော် သူက သူ့အဘိုးတွေရဲ့ အကူအညီဖြင့် ငယ်ရွယ်စဉ်ကပင် ဟောင် မိသားစုကို သိမ်းပိုက်ခဲ့သည်။
ဒါပေမယ့် ဟောင် မိသားစုကို သိမ်းပိုက်ပြီး မကြာခင်မှာပဲ သူ့အဘိုးမှာ သားတစ်ယောက် ရှိလာမယ် လို့ ဘယ်သူက ထင်မှာလဲ။ သူ့ဦးလေး က အခုနှစ်တွင် ရှစ်နှစ်သာ ရှိသေးသည်။
ဦးလေးငယ်ရဲ့ အဖေ က လွန်ခဲ့တဲ့ နှစ်အနည်းငယ်ကတည်းက သူ့အဖိုးရဲ့ သူနာပြု ဖြစ်သည်။ အဲဒါကြောင့် သူ့အဖိုး က သူ့သားအငယ် ကို မျက်နှာသာ ပေးပေမယ့် ကြီးမားတဲ့အရာတွေ ကို ဖျောက်ဖျက်ပစ်ချင်တာ ထင်ရှားသည်။ ပြီးခဲ့သည့် နှစ်နှစ်အတွင်း သူတို့ ၂ယောက်စလုံး ကျန်းမာရေး မကောင်းသဖြင့် သူနာပြု တစ်ယောက် လိုအပ်ခဲ့ပြီး အိမ်ခန်းတစ်ခုတည်းသို့ ပြောင်းရွှေ့ နေထိုင်ရန် အတင်းအကြပ် ခိုင်းစေခဲ့သည်။ အဘိုးကြီး က ပြတ်ပြတ်သားသား သဘောမတူခဲ့ပေ။မိသားစု က နေ့တိုင်း ရှုပ်ပွနေတယ်။
သူ အိမ် က ထွက်သွားပြီး သူ့လုပ်ငန်းကို အမြန် ညှိနှိုင်းခဲ့သည်။ နောက်ကျရတဲ့ အကြောင်းရင်းမှာ အဘိုးဖြစ်သူထံမှ ခေါ်ယူခြင်း ခံရတာကြောင့်ဖြစ်သည်။ အဘိုး က ရှားရှားပါးပါး သန်မာတဲ့ အမတစ်ယောက် ဖြစ်ပြီး သူ့အဘိုး က သူ့ကို ရည်ရွယ်ချက် တစ်ခုတည်းနဲ့ ရှာခဲ့တာ ဖြစ်သည်။ သူရဲ့ ဦးလေးငယ်ကို ဟောင် မိသားစုထံမှ အကျိုးအမြတ်နဲ့ ရှယ်ယာတွေ ကို မရယူရန် အမိန့်ထုတ်ခဲ့သည်။
"မင်းအဘိုး က သူ့ကို အရမ်း ချစ်တာ၊ မင်းအဘိုးကို သူ့ရဲ့ ကိုယ်ပိုင်ပိုင်ဆိုင်မှု ကို ပေးခိုင်းလိုက်ပါ"
ဟောင်ဖန်း မျက်လုံး မှိတ်လိုက်သည်။ သူ့အဘိုးရဲ့ နီရဲနေတဲ့ မျက်လုံး၊ ပြောပြီး မကျေမနပ် ဖြစ်နေတဲ့ အကြည့် ကို သူ မြင်နေရဆဲ ဖြစ်သည်။
သူ့အဖိုးနှင့် အဘိုးတို့ က သူ ဆယ်ကျော်သက်အရွယ် က ထောက်တိုင်များ ဖြစ်ကြပြီး၊ သူ့ရဲ့ အဖိုးအတန်ဆုံး လူ၂ယောက် ဖြစ်သည်။ အခု အခြေအနေ က တိုးတက်လာသော်လည်း ပင်ပန်းနွမ်းနယ်မှု ကို သူ ပြင်းပြင်း ထန်ထန် ခံစားနေရသည်။
မည်သည့် အကြောင်းကြောင့်ပင် ဖြစ်စေ သက်ကြီးရွယ်အို နှစ်ဦး က ချက်ချင်း ဆိုသလို သူ့အား အောင်သွယ်ပေးဖို့ တက်ကြွစွာ ကြိုးစားနေကြသည်။
ကြိမ်ဖန်များစွာ ငြင်းပယ်ခဲ့သော်လည်း သူတို့က သူ့ကို လက်ထပ်ပေးဖို့ အမြဲ ကြိုးစားနေခဲ့သည်။ သူ့ရဲ့ အိမ်ထောင်ရေး က သူတို့အတွက် နောက်ထပ် စစ်မြေပြင် တစ်ခု ဖြစ်လာသလို အချင်းချင်း ရန်ဖြစ်နေကြသည်။ သူတို့ မိတ်ဆက်ပေးတဲ့လူနဲ့ လက်ထပ်ဖို့ သဘောတူလိုက်ရင် တစ်ဖက် က အနိုင်ယူသွားလိမ့်မယ်။
သူ့ကလေးဘဝရဲ့ နွေးထွေးတဲ့ အမှတ်တရတွေဟာ အတုအယောင် ဖြစ်သွားပုံရသည်။ သူ့မိဘတွေ သေဆုံးပြီး ကတည်းက အရာအားလုံး ပြောင်းလဲသွားတာ ကို ရယ်စရာကောင်းစွာ သူ ရှာတွေ့ခဲ့သည်။ ဒီဗီလာကသာ သူ့နှလုံးသားထဲရှိ ကျောက်တုံးတွေ ကို ပြေလျော့သွားစေတာ ခံစားလို့ ရနိုင်သည်၊ ထို့ကြောင့် သူက ဘာမှ မစဉ်းစားဘဲ အေးအေးဆေးဆေး အနားယူ နေနိုင်သည် ။
ရွှယ်ယွဲ့ရဲ့ နားရွက်တွေ လှုပ်ယမ်းသွားသည်။ ဟောင်ဖန်းရဲ့ အသက်ရှုသံ ပြောင်းလဲမှုအပေါ် အာရုံခံမိသည်။
သူ အိပ်ပျော်သွားတယ်!
ခေါင်းကို ဂရုတစိုက် ရွှေ့ကာ ဟောင်ဖန်းရဲ့ အရှေ့မှာ ရပ်ဖို့ ညင်သာစွာ ရွှေ့လိုက်သည်။ ဟောင်ဖန်းရဲ့ ထူထဲတဲ့ ဓားလို မျက်ခုံးနားရှိ အရေးအကြောင်းတွေ ကို ကြည့်ပြီး အရမ်း စိတ်မချမ်းသာသလို ခံစားလိုက်ရသည် ။ သူက အရာအားလုံး ကို တခဏမျှ တွေးတောနေရင်း ဟောင်ဖန်း ကို ခြုံပေးဖို့ စောင်တစ်ထည်ယူရန် ဆုံးဖြတ်လိုက်သည်။ ဒရာမာမျိုးစုံတွင် ကြည့်ဖူးသည်။ စောင်မပါဘဲ အိပ်ပျော်သွားတဲ့ လူတွေ က အအေးမိလွယ်သည်။
သို့သော် မကြာမီမှာပဲ ဒီအရာ က ရိုးရှင်းတဲ့ ကိစ္စမဟုတ်ကြောင်း သဘောပေါက်လာသည်။ သူက ဧည့်ခန်းအလယ်တွင် ရှိပြီး သူ့ရဲ့ခေါင်း က ဒုတိယထပ် စင်္ကြံနှင့် မျက်နှာချင်းဆိုင်နေသည်။ အရင်တုန်းကတော့ တော်တော် ပျော်သည်။ ဟောင်ဖန်း အိပ်ယာမှ နိုးလာတိုင်း အောက်ထပ်သို့ မဆင်းမီ ပွတ်သပ်နိုင်ခဲ့သည်။
အခုတော့ အရမ်း စိတ်ဓာတ်ကျနေပါသည်။ ဒုတိယထပ်ကို သွားဖို့ က အရမ်း မြင့်တာကြောင့် ဟောင်ဖန်းရဲ့ စောင်ကို ယူပြီး လာလို့ မရပေ။ သူက သူ့အိပ်ခန်းဆီသို့ ပြေးသွား၍ ကြည့်လိုက်ရာ ဟောင်ဖန်း ကို ခြုံပေးဖို့ သင့်လျော်တဲ့ အရာကို တွေ့ရှိခဲ့သည်။ ဧည့်ခန်းဆီသို့ တစ်ဖန်ပြေးသွားကာ အင်္ကျီ!
အင်္ကျီ အပေါ်မှ ဟောင်ဖန်းကို တွေးမိတော့ အတွေးကို အမြန် ပယ်ချလိုက်သည်။ ဟောင်ဖန်း က ဝတ်စုံ အပေါ်တွင် လဲလျောင်းနေသည်။ သူ့အောက် က ဝတ်စုံကို ဆွဲထုတ်လိုက်ရင် ဟောင်ဖန်း က ချက်ချင်း နိုးလာမှာ သေချာသည်။
သူက အရမ်း အအိပ်ဆက်ပြီး သူ့ရဲ့ အာရုံငါးပါး က အရမ်း ထိခိုက်လွယ်သည်။ မကြာသေးမီက ဟောင်ဖန်းရဲ့ အိပ်စက်မှု က အရမ်း ဆိုးရွားခဲ့ပြီး သူက နံနက်စောစောမှသာ အမြဲ အိပ်လေ့ရှိပြီး တစ်ခါတစ်ရံ လေပြင်းတိုက်တဲ့ လသာဆောင်တွင်ပင် အိပ်လေ့ရှိသည်။
ဟောင်ဖန်း အတွက် အခုလို အိပ်ရဖို့ ဆိုတာ အရမ်းခက်ခဲနေတော့ သူ့ကို နှိုးလို့ မဖြစ်ဘူးဟု တွေးလိုက်သည်။
မြေကြီးပေါ်မှာ လှဲနေသည်။ ဟောင်ဖန်း ကို စိုက်ကြည့်ရင်း သူ့ခေါင်းကြီးကို သူ့အရှေ့ခြေထောက်ပေါ်တွင် မှီနေလိုက်သည်။ လူသား ဖြစ်ရင် အပေါ်ထပ်သို့ တက်ကာ စောင်တစ်ထည် ယူနိုင်သည် ဒါမှမဟုတ် အားဖန်း ကို အပေါ်ထပ်မှ အိပ်ခန်းသို့ သယ်သွားပေးနိုင်မယ် ဆိုရင် သူ ပိုပြီး သက်တောင့်သက်သာ အိပ်ပျော်နိုင်မည်ဖြစ်သည်။ လူမဟုတ်တဲ့ အတွက် ရုတ်တရက် စိတ်ပျက်သွားမိသည်။ လူမဟုတ်တာကြောင့် ဖြစ်ကောင်း ဖြစ်မည်၊ ဟောင်ဖန်း အရင်က အဆင်ပြေတယ်လို့ ပြောခဲ့ပေမယ့် အခုတော့ ပင်ပန်းတယ်လို့ ပြောလာသည်။
တွေးရင်းနဲ့ သူ့အမြီးကို မသိစိတ်က လှုပ်နေသည်။ခေါင်းကို မြှောက်ကာ၊ကျောဘက်သို့ လှည့်၍ အနောက်သို့ လှည့်လိုက်ရာ ရုတ်တရက် အကြံကောင်းတစ်ခု ရလာသည်။
ဟောင်ဖန်း က အပူဒဏ်ကြောင့် နိုးလာသည်။ အိပ်လေ ပိုပူလေလို့ ပိုခံစားရပြီး စိတ်မရှည်စွာ လှုပ်ရှားလိုက်မိသည်။ နောက်ဆုံး သူ မခံနိုင်တော့ပဲ မျက်လုံးကို ဖွင့်ကြည့်လိုက်သည်။ သူ့ရှေ့တွင် နှင်းဖြူရောင် အမွှေး ဖွေးဖွေးကြီးကို ကြည့်ကာ အသက်ပြင်းပြင်း ရှူရင်း အံ့အားသင့်သွားသည်။ ရှည်လျားတဲ့ အမွှေးအချို့ က သူ့နှာခေါင်းကို ထိသွားသည်။ ရုတ်တရက် ခေါင်းငုံ့ပြီး ချောင်းဆိုးလိုက်သည်။
ရွှယ်ယွဲ့ မျက်လုံးဖွင့်ပြီး ခေါင်းကို ငုံ့ကြည့်လိုက်သည်။
"အားဖန်း နိုးပြီလား"
ဟောင်ဖန်း က သူ့ရဲ့ အမြီးကြီးအား ဖမ်းကိုင်လိုက်ပြီး ထထိုင်လိုက်သည်။
"မင်း လား?"
ရွှယ်ယွဲ့ က "မင်း အအေးမိမှာ ကြောက်လို့ မင်းကို တမင်သက်သက် အမြီးနဲ့ ဖုံးခဲ့တာ" ဒေါသဖြင့် ခေါင်းညိတ်လိုက်သည်။ "ဟမ့်။ ငါ က ဒုတိယထပ် ကို မတက်နိုင်ဘူး၊ မင်းက မင်းရဲ့ အင်္ကျီကို ဖိချထားတယ်"
ဟောင်ဖန်း အံ့အားသင့်သွားသည်။ သူက ရွှယ်ယွဲ့ရဲ့ ဉာဏ်ရည် မြင့်မားမှုကို နေ့တိုင်း အံ့ဩနေခဲ့သည်။ သူ့အမြီး ကို ပွတ်ရင်း သူ့နှလုံးသားက နွေးထွေးသွားသည်။
"ကျေးဇူးတင်ပါတယ်"
ရွှယ်ယွဲ့ က သူ့ရဲ့ အမြီးကို ဝှေ့ယမ်းကာ ဟောင်ဖန်းရဲ့ မျက်နှာအနှံ့ ပုတ်လိုက်သည်။ ဟောင်ဖန်း က ပြုံးပြီး ရှောင်လိုက်သည်။ သူက တခြားဘာကိုမှ စဉ်းစားဖို့ စိတ်မ၀င်စားတော့ပဲ ရွှယ်ယွဲ့ အတွက် စားစရာတွေ ယူခဲ့သည်။
ရက်အနည်းငယ် ကြာတော့ ဟောင်ဖန်း က အရေးကြီးတဲ့ ပွဲတစ်ခု တက်ဖို့ ရှိသည်။ ပွဲက မနက်ကနေ ညအထိ ဖြစ်သည်။သူက ရွှယ်ယွဲ့ကို နေရာလွတ်တွင် ထည့်ထားဖို့ တုံ့ဆိုင်းနေကာ ရွှယ်ယွဲ့ကို ခေါ်မသွားဖို့ ဆုံးဖြတ်လိုက်သည်။
ရွှယ်ယွဲ့ က မပျော်သော်လည်း ဟောင်ဖန်း က "ဒီပွဲက liveလွှင့်မှာ။ မင်း နေရာလွတ်ထဲမှာ ရောက်နေရင် ဘာမှ မမြင်ရပေမယ့် အိမ်မှာဆိုရင် ငါ့ကို မြင်နေရတုန်းပဲလေ"
ရွှယ်ယွဲ့ တွေးပြီး သဘောတူလိုက်သည်။
ဟောင်ဖန်း က ပထမနေ့တွင် ပြန်လာမယ်ဟု ပြောသည်။သူက စစ်သားမဟုတ်ဘဲ စီးပွားရေးသမားဟု လည်း ပြောသည်။ သူက တိုက်ခိုက်စရာ မလိုပေ၊ သူ့ကို သစ္စာမဖောက်မယ့် တစ်ယောက်ပဲ လိုအပ်သည်။ အန္တရာယ်မရှိတာကြောင့် တစ်ချိန်လုံး သူ့အနောက်သို့ လိုက်နေရန် မလိုပေ။
ရွှယ်ယွဲ့ တစ်ယောက်တည်း ဗီဒီယိုတွေ အများကြီး ကြည့်ခဲ့ပြီး ရှိုးတွေ အများကြီး ကြည့်ခဲ့သည်။ လူ့စိတ်ခံစားချက်တွေ ကို နားလည်ခဲ့ပြီး နောက်ဆုံးတွင် ဟောင်ဖန်း က သူနဲ့ ဘာကြောင့် ဆက်နွယ်ချင်ကြောင်း နားလည်ခဲ့သည်။ သူ တစ်ယောက်တည်း မနေချင်လို့။
ဟောင်ဖန်း က သူ့အတွက် တစ်နေ့တာ အစားအသောက် ကို ပြင်ဆင်ပေးခဲ့သည်။ နံရံပေါ်တွင် ကြီးမားတဲ့ မျက်နှာပြင်ကိုလည်း ဖွင့်ထားသောကြောင့် တစ်ခုခု ဖြစ်ခဲ့ပါက ရွှယ်ယွဲ့ က ဖန်သားပြင်ပေါ်ရှိ ခလုတ်တစ်ခု ကို နှိပ်လိုက်လျှင် သူ့ကို ဒါမှမဟုတ် ရှဲ့စန်းဆီသို့ ဆက်သွယ်နိုင်မည် ဖြစ်သည်။
ဟောင်ဖန်း ထွက်သွားပြီးနောက် ရွှယ်ယွဲ့ က ကြမ်းပြင်ပေါ်တွင် လဲလျောင်းနေပြီး ပွဲကို တိုက်ရိုက်ကြည့်ရှုခဲ့သည်။ မစသေးတဲ့ အတွက် အရိုးပုံစံ အရုပ်ကို ဖိပြီး သူ့အပျော် ကိုက်နေသည်။ ခဏကြာတော့ သူ ပျင်းလာသည်။ သူက ဒီကိစ္စ ကို အရမ်း စိတ်ဝင်စားခဲ့ဖူးသော်လည်း တွေးတောပြီးနောက် သူ ပိုမို ထက်မြက်လာကြောင်း ကောက်ချက်ချခဲ့သည်။
အဲဒါကို စိတ်ထဲမှာ ထားပြီး သူ့အခန်းထဲ ကို ပြေးသွားကာ မှန်ထဲမှ သူ့ရဲ့ လှပတဲ့ မျက်နှာလေးကို ခဏတာ ကြည့်ကာ သဘောကျသွားသည်။ နေရာတိုင်း ကို ကြည့်လို့ကောင်းတယ် လို့ ခံစားလိုက်ရပြီး ဧည့်ခန်းထဲကို ပြန်ရောက်သွားသည်။ ဖန်သားပြင်ပေါ် က လူတွေကို ကြည့်လိုက်တော့ ပိုသေးနေပြီး နေရာလွတ်ထဲမှာ နေစရာမလိုဘဲ ဟောင်ဖန်းနဲ့ အမြဲတမ်း ရှိနေနိုင်တယ်လို့ တွေးလို့မရပေ။ အကယ်၍ သူက လူသား တစ်ဦး ဖြစ်ခဲ့ပါက၊ အားဖန်း က သူ့ကို သွားလေရာရာ၌ ခေါ်သွားကာ သူ့အနောက် လိုက်နိုင်သည်၊ သူလည်း ကူညီပေးနိုင်သည်။ နောက်ဆုံးတော့ သူက စမတ်ကျပြီး လှတယ်လေ။ ရှိုးပွဲတွေမှာ လှပပြီး ထက်မြက်သူတွေ က အရမ်း တော်သည်။
ဟောင်ဖန်း က သိပ္ပံနဲ့ နည်းပညာဆိုင်ရာ ထိပ်သီးဆွေးနွေးပွဲ ကို တက်ရောက်ခဲ့သည်။ ရွှယ်ယွဲ့ က သိပ်နားမလည်သလို ဂရုမစိုက်ဘဲ ဟောင်ဖန်းကိုသာ စိုက်ကြည့်နေသည်။ ရံဖန်ရံခါ သူက လမ်းသွားလမ်းလာတွေ ကို ငုံ့ကြည့်ပြီးနောက် သူ့ရဲ့ အမြီးကို ဝှေ့ယမ်းကာ သက်သာရာ ရသွားသည်ဟု တွေးလိုက်သည်။ တကယ်ပဲ ဟောင်ဖန်း က ကြည့်လို့ အကောင်းဆုံး ဖြစ်နေဆဲပင် ဖြစ်သည်။
သို့သော် သတင်း ထုတ်လွှင့်နေသူ က အမျိုးသမီးနဲ့ ဟောင်ဖန်းတို့နှစ်ယောက် က လိုက်ဖက်ညီကြောင်း ပြောဆိုနေကြပြီး အမျိုးသမီးတစ်ဦးနှင့် ဟောင်ဖန်း တွဲရပ်နေတာ ကို မြင်တွေ့ပြီးနောက် သူ့ရဲ့ သာယာနေတဲ့ ခံစားချက် က လေထဲတွင် ပျောက်ကွယ်သွားခဲ့သည်။ ကောင်မလေးကို ခဏလောက် စိုက်ကြည့်ရင်း သက်ပြင်းရှည်ကြီး ချကာ ခေါင်းကို ရှေ့ခြေထောက်ပေါ် တင်၍ ဝမ်းနည်းနေမိသည်။
ဟောင်ဖန်းရဲ့ အမြင်အာရုံ က ဆိုးရွားလွန်းလှသည်။ဒီလောက် ချောမောတဲ့ ဆက်နွယ်သားရဲ ကို သူ ရွေးချယ်နိုင်ခဲ့ပေမယ့် ရုပ်ဆိုးတဲ့ လူကို ဘာကြောင့် ရွေးချယ်ရတာလဲ။
အွန်လိုင်းမှာ ပြောတာ မမှန်ပေ။
ရွှယ်ယွဲ့ ကြမ်းပြင်ကို လက်သည်းများဖြင့် ကုတ်လိုက်ပြီး စိတ်ထဲတွင် ရှုပ်ယှက်ခတ်နေသည်။ အားဖန်း က အဖော်ရှာချင်နေတာလား။ အဲဒီလို တွေးကြည့်မိတော့ နာကျင်ခံစားရသည်။ သားရဲသခင် က သူ့အိမ်ထောင်ဖက်ရှိတဲ့ အခါ ပျော်ရွှင်ပေးတာ က မှန်သည်။
ဒါပေမယ့် သူက ဒေါသတကြီး အော်ဟစ်နေချင်ခဲ့သည်။
ဟမ့်၊ အရမ်း လွန်တယ်။ အားဖန်းမှာ သူ ရှိပြီးသားလေ၊ ဘာဖြစ်လို့ အိမ်ထောင်ဖက် အကြောင်း ဘာလို့ တွေးချင်နေတာလဲ။ သူက ချောမောလှပပြီး စမတ်ကျသည်။ လူ မဟုတ်လို့လား။
ကြမ်းပြင်ကို ခြစ်ပြီး တိုးတိုးလေး အော်လိုက်သည်။ လူတွေကလည်း သားရဲကနေ ပြောင်းသွားတာ မဟုတ်ဘူးလား၊ သားရဲတွေ ကို ဘာဖြစ်လို့ နှိမ့်ချနေကြတာလဲ။
ဟောင်ဖန်း ပြန်ရောက်လာပြီး အရက်နံ့ ရလာသည်။ ရွှယ်ယွဲ့ ဒီအနံ့ ကို သိသည်။ အားစန်း အိမ်မှာ အနံ့ရပြီး တိတ်တဆိတ် မြည်းကြည့်ဖူးသည်။ အရမ်း ပြင်းပြီး အရသာ မကောင်းပေ။
ရွှယ်ယွဲ့ကတော့ သိပ်မပျော်တော့ သူ့အပေါ် ခုန်တက်ပြီး မနှုတ်ဆက်သော်လည်း ဟောင်ဖန်း က ကြိုးကို ဆွဲကာ မျက်မှောင်ကြုတ်တာ မြင်တော့ ရှောင်မပြေးနိုင်ဘဲ လက်သည်းတွေ ကို မြှောက်လိုက်သည်။ ဟောင်ဖန်း မကြာခဏ ဝတ်တတ်တဲ့ ချည်ဖိနပ်တစ်ရံ ကို မြေကြီးပေါ်သို့ ဆွဲချလိုက်ရသည်။
ဟောင်ဖန်း က ဖိနပ် ကို ကြည့်ကာ ပြုံးပြီး ရွှယ်ယွဲ့ရဲ့ လည်ပင်းကို ပွတ်သပ်လိုက်သည်။
"အရမ်း တော်တယ်"
သူက ဖိနပ်ကိူ ပြောင်းစီးရန် ရွှယ်ယွဲ့ အပေါ်တွင် သူ့ကိုယ်ကို မှီထားလိုက်သည်။ ကြိုးကို ဆွဲကာ နဖူးကို ပွတ်၍ ဆိုဖာပေါ်တွင် ထိုင်လိုက်သည်။ သူ့လက် က ရွှယ်ယွဲ့ရဲ့ ခြေဖဝါး ကို ဆတ်ခနဲ ထိသွားသည်။ အရမ်း နူးညံ့ပြီး အရမ်း နွေးထွေးသည်။
သူ့ တစ်ကိုယ်လုံး ပြေလျော့သွားပြီး အိပ်ပျော်ဖို့ အချိန်သိပ်မကြာလိုက်ပေ။
သို့သော် သူ ကောင်းကောင်း မအိပ်ခဲ့ရပေ။ နေ့ခင်းဘက် နေမကောင်းဖြစ်နေတုန်း အစည်းအဝေးတက်နေတဲ့ သူ့အဖိုးရဲ့ မြင်ကွင်းနဲ့ လူတော်တော် များများ အရှေ့မှာ သူ့ကို အမတွေနဲ့ မိတ်ဆက်ပေးတဲ့ မြင်ကွင်းကို ကြည့်ကာ ထိန်းမနိုင် သိမ်းမရ မျက်မှောင်ကြုတ်သွားသည်။မကြာလင်မှာပဲ မြင်ကွင်း က ပြောင်းသွားသည်။ သူ့အဖိုး က တခြားအမ ကို သူ့ဗီလာဆီ ခေါ်သွားခိုင်းတဲ့အခါ ဒေါသထွက်ကာ ငြင်းခဲ့သည်။
နောက်ဆုံး မြင်ကွင်း က သူ့အဖိုးနဲ့ အဘိုးက သူ့ကို အတုအယောင် အပြုံးတွေနဲ့ နှုတ်ဆက်ကာ ဂရုစိုက်ပေးခဲ့ကြသည်။ သူ့ပတ်ပတ်လည်တွင် အမများ ဝန်းရံနေပြီး သူ့ကို ချစ်ခင်သလို၊ ဂရုစိုက်သလို၊ ရည်းစားတွေလို ပြုမူနေကြသည်။
သူက အရိပ်ကဲ့သို့ ယားယံမှု ကို ခံနိုင်ရည်ရှိအောင် ကြိုးစားခဲ့သည်။ အကယ်၍ သူတို့သည် အခြားလူများဆိုလျှင် သူ့လက်ကို မြှောက်ကာ ထွက်ခွာသွားတာ ဒါမှမဟုတ် တစ်စုံတစ်ယောက်အား မောင်းထုတ်ရန် တောင်းဆိုမိလိမ့်မည်။
ဆိုဖာဘေးမှာ လှဲနေတဲ့ ရွှယ်ယွဲ့ က ဟောင်ဖန်း ကို စိုက်ကြည့်နေသည်။ ဟောင်ဖန်းရဲ့ မျက်နှာပေါ် က စိတ်ဖိစီးမှုမှာ သိသာထင်ရှားသည်။ သူ သူ့လျှာကို ထုတ်ကာ ဟောင်ဖန်းရဲ့ နဖူးအပူချိန် ကို စမ်းကြည့်ချင်သော်လည်း သူ့ကို နှိုးမိမှာ ကြောက်ရွံ့ခဲ့သည်။ သူ့လျှာကို ပြန်ဆုတ်လိုက်ပြီး စိမ်းပြာရောင် မျက်လုံးလှလှလေးတွေနဲ့ ဒေါသတကြီး စိုက်ကြည့်ရင်း ခေါင်းကို ငုံ့ထားလိုက်သည်။
ဘာမှ မလုပ်နိုင်ခဲ့ပေ။ ဟောင်ဖန်း က တိုက်ခိုက်ရေးသမား ဖြစ်ပြီး တိုက်ခိုက်ဖို့ လိုအပ်ပါက၊ သူသည် တိုက်ခိုက်ရန် ကူညီပေးနိုင်သော်လည်း အားဖန်း လိုအပ်တဲ့ အရာမှာ တိုက်ခိုက်ရေးသမား လုံးဝ မဟုတ်ပေ။ သူနဲ့ အတူရှိပေးပြီး ပင်ပန်းနွမ်းနယ်မှု ကို သက်သာစေမယ့် လက်တွဲဖော် တစ်ယောက် လိုတာ ဖြစ်သည်။
ဒေါသထွက်နေသည်။ သူ့ဘာသာသူ စိတ်ဆိုးနေသည်။သူ လူဖြစ်ခဲ့ရင် ပိုကောင်းလိမ့်မယ်။
စိတ်မချမ်းသာစွာဖြင့် မျက်လုံးတွေ ကို မှိတ်ထားလိုက်သည်။ သူ့တစ်ကိုယ်လုံး ပူလောင်နေတာ ကို ခံစားလိုက်ရသည်။ အပူက ဖြတ်သန်းသွားသည်။ ဘယ်နေရာ က လာတယ် ဆိုတာ မခံစားနိုင်ဘဲ နေရာတိုင်း က ပူနေသည်။ ခြေ၊လက်တွေ ပူပြီး နာကျင် ကိုက်ခဲနေသည်။ လှုပ်ရှားချင်သော်လည်း သူ့ရဲ့ ခွန်အားကို အသုံးမချနိုင်ပုံ ရသည်။
အချိန်တွေ က တုနှိုင်းမရအောင် ရှည်လျားလာပုံရသည်။ မီးဖိုထဲသို့ ခုန်ဆင်းသွားရသလိုမျိုး တစ်ကိုယ်လုံး ပူလောင်ကာ နာကျင်နေသည်။ သူ ဘယ်အချိန် သတိလစ်သွားမှန်း မသိပေ။
ဟောင်ဖန်းရဲ့ ကြိမ်းမောင်းသံကြောင့် ရွှယ်ယွဲ့ နိုးလာသည်။
"မင်း က ဘယ်သူလဲ?"
ဟောင်ဖန်းရဲ့ အသံ က ကြမ်းတမ်းပြီး အရက်နာကျနေတဲ့ အသံနဲ့ တူသည်။
ရွှယ်ယွဲ့ရဲ့ မျက်ခွံများ လှုပ်သွားပြီး အံ့သြသွားသည်။ မနေ့ညက မနှစ်မြို့ဖွယ် နာကျင်မှု အကြွင်းအကျန်တွေ မရှိတော့ဘဲ သူ့ရဲ့ ခန္ဓာကိုယ် က အရမ်း ပေါ့ပါးသွားသည်ကို တွေ့လိုက်ရသည်။
ဟောင်ဖန်း ကို မကျေမနပ် စိုက်ကြည့်လိုက်သည်။
"ငါ က ရွှယ်ယွဲ့လေ။ မင်းကိုယ်မင်း အသောက်လွန်ပြီး ရူးသွားတာလား"
စကားလုံးတွေ ထွက်ကျလာသည်နှင့် တပြိုင်နက် သူ ထိတ်လန့်သွားသည်။ ဒါက သူ့အသံ မဟုတ်ဘူးလေ။ မဟုတ်သေးဘူး၊ အသံနေ အသံထား က အတူတူပဲလို့ ပြောသင့်တယ်၊ ဒါပေမယ့် ဒါက လူတွေရဲ့ ဘာသာစကားပဲ။ သူ့ ခေါင်းကို ငုံ့ထားကာ သူ့အရှေ့တွင် အဖြူရောင် တစ်ခု ရှိနေသော်လည်း သူရဲ့ သားမွှေးတွေ အစား အဲဒါက လူ့အရေပြား ဖြစ်နေသည်။
မတ်တပ်ရပ်လိုက်တော့၊ မြေပြင်ပေါ် သွားတဲ့ ခြေသည်းတွေ မဟုတ်တော့ဘဲ လူရဲ့ လက်ဖဝါး ဖြစ်နေကာ အမြင်အာရုံတွေကလည်း ပိုတိုလာတာ ကို သိလိုက်ရသည်။
"မင်း..." ဟောင်ဖန်း သူ့ရှေ့တွင် အဝတ် မပါဘဲ ထိုင်နေတဲ့ လှပသော ဆယ်ကျော်သက်လေး ကို ထိတ်လန့်စွာ ကြည့်လိုက်သည်။ ဆယ်ကျော်သက်တွင် ရွှယ်ယွဲ့ရဲ့ သားမွှေးနဲ့ တူတဲ့ အဖြူရောင် ဆံပင်ရှည်၊ ကြည်လင်တဲ့ စိမ်းပြာရောင် မျက်လုံးတွေနဲ့ နူးညံ့သိမ်မွေ့တဲ့ အသွင်အပြင်များ ရှိသည်။ သူက ဖြူစင်ပြီး ချစ်စရာကောင်းနေသည်။
ဆယ်ကျော်သက်ရဲ့ လှုပ်ရှားမှုတွေ ကို သူ သတိထားမိသည်။ သူက လူသား တစ်ယောက်လို မတ်တပ်ရက်နေတာ မဟုတ်ဘဲ ရွှယ်ယွဲ့လို လေးဘက် ထောက်နေသည်။ ဆယ်ကျော်သက်လေး ပြောခဲ့တာကို နည်းနည်းတော့ ယုံကြည်စ ပြုလာသည်။
ရွှယ်ယွဲ့ အံ့သြသွားပြီးနောက် သူ စပ်စပ်စုစု မော့ကြည့်လိုက်သည်။
"ငါ က အရွယ် ရောက်လာပြီလား?"
ဖြစ်နိုင်တော့ သူ အရမ်း အံ့သြသွားသည်။ သူ့ရဲ့ ဆံပင်ဖြူမှာ ဖုံးကွယ်ထားတဲ့ နားရွက် ဖြူဖြူလေးတွေ က ရုတ်တရက် လှုပ်ယမ်းသွားသည်။
ဟောင်ဖန်းရဲ့ အသက်ရှုသံတွေ ခဏ ရပ်တန့်သွားသည်။ သူ့မှာ ဆိုးရွားတဲ့ အကျင့်တစ်ခု ရှိတာ ကို သူဘယ်တုန်းကမှ မသိခဲ့သော်လည်း သူ့ရှေ့က မြင်ကွင်းက လွန်လွန်းသည်။
ရွှယ်ယွဲ့ အေးခဲသွားပြီးနောက် သူ ရယ်လိုက်ပြန်သည်။ သူ့ခြေဖဝါး ကို ဆုန့်ထုတ်လိုက်သည်။ သူက ဆိုဖာပေါ်သို့ ပြေးတက်ကာ ဟောင်ဖန်းရဲ့ ရင်ခွင်ထဲသို့ တန်းတန်းမတ်မတ် တိုးကာ ပွေ့ဖက်လိုက်ပြီး
"အားးးးး၊ ကောင်းလိုက်တာ! အားဖန်း၊ ငါ မင်းကို နောက်ဆုံးတော့ ဖက်လို့ရပြီ။
ဟောင်ဖန်း မသိစိတ်က သူ့အား လက်နှစ်ဖက်ဖြင့် ဖက်ထားပြီးနောက် သူ့လက်နှင့် ထိလိုက်တဲ့ ချောမွေ့သော အသားအရေရဲ့ ခံစားမှု က သူ့လက်မှ ချက်ချင်း ထွက်ပေါ်လာသည်။ သူ့နှလုံးခုန်သံ မြန်သွားပြီး ဆယ်ကျော်သက် ကို မထိမိစေရန် လက်ဖဝါးကို ချက်ချင်း မြှောက်လိုက်သည်။ သူ လည်ပင်းကို စောင်းထားပြီး သူတို့ နှစ်ယောက်ကြား အကွာအဝေးကို တတ်နိုင်သမျှ ခြားအောင် ကြိုးစားခဲ့သည်။
"မင်း အရင် ဖယ်ဦး။ ငါ မင်းအတွက် အဝတ်အစားတစ်ထည် သွားရှာလိုက်မယ်"
ရွှယ်ယွဲ့ သူ့ခြေထောက်တွေ ကို လိမ်လိုက်သည်။ ဟောင်ဖန်း က ဆယ်ကျော်သက်သည် ခေါင်းမာလွန်းသည် ဟု အံကြိတ်ကာ စိတ်ထဲ က အော်လိုက်သည်။ ရွှယ်ယွဲ့ က
"အဝတ်မဝတ်ဘူး။ နေရတာ အဆင်မပြေဘူး"
ဟောင်ဖန်းရဲ့ ခိုင်မာတဲ့ သဘောထား အောက်တွင် ရွှယ်ယွဲ့သည် ဟောင်ဖန်းရဲ့ အနက်ရောင် အင်္ကျီကို ဝတ်လိုက်ရသည်။ ဟောင်ဖန်းသည် ဆယ်ကျော်သက် ကို ကြည့်ပြီး နောင်တ ရသွားသည်။ ဆယ်ကျော်သက်ရဲ့ ဆံပင် အဖြူနှင့် နှင်းကဲ့သို့ ဖြူစင်နေတဲ့ အသားအရည်ကြောင့် သူ့ ကို အနက်ရောင် ဝတ်ခိုင်းတာ က မိုက်မဲလွန်းလှသည်။
ရွှယ်ယွဲ့ က ငုံ့ပြီး လေးဘက် ထောက်ချင်နေတာ တွေ့တော့ သူ့လက် ကို အမြန် ဆွဲလိုက်သည်။
"ခြေထောက်နဲ့ လမ်းလျှောက်ပါ။ ငါ အားစန်း ကို ဆက်သွယ်ပြီး နောက်မှ သူ့အိမ်ကို လိုက်သွားမယ်"
ရွှယ်ယွဲ့ က သူ့ကိုယ်သူ လက်နှစ်ဖက် ကို မြှောက်ကာ ခြေလှမ်း နှစ်လှမ်း လှမ်းပြီး စိတ်မချမ်းသာစွာ လျှောက်လာသည်။
"ငါ အဲဒါကို အသားမကျဘူး၊ ငါ ဒုက္ခိတ တစ်ယောက်လို ခံစားရတယ်"
ဟောင်ဖန်း က အရမ်း အားကိုးရာမဲ့နေခဲ့သည်။ "လူတွေ က ခြေထောက်နဲ့ လမ်းလျှောက်ကြတာ"
ရွှယ်ယွဲ့ သူ့လက်ကို ခါလိုက်ပြီး ခြေဖဝါးနဲ့ လမ်းလျှောက်ဖို့ ကြိုးစားသည်။ သူ့ခန္ဓာကိုယ် ရှေ့သို့ ပြုတ်ကျမသွားမီ ခြေတစ်လှမ်းသာ လှမ်းလိုကရပြီး သူ့ရှေ့ခြေသည်းတွေနဲ့ အလိုအလျောက် လှမ်းဖို့ ကြိုးစားလိုက်သည်။
ဟောင်ဖန်း က သူ့ကို အချိန်မီ ဖမ်းပေးခဲ့ပြီး သူ့ရဲ့ ဒေါသထွက်ကာ ဖောင်းကားနေတဲ့ မျက်နှာကို ကြည့်ပြီး ရယ်မော၍ အားကိုးရာမဲ့သလို ခံစားလိုက်ရတယ်။ လူကို သူ့လက်ထဲတွင်သာ ဖက်ထားခဲ့ရသည်။
"ငါ မင်းကို အားစန်းဆီ အရင် ခေါ်သွားပြီး ဘာဖြစ်တာလဲ မေးပေးမယ်"
ရွှယ်ယွဲ့ က ပျော်ရွှင်စွာ သူ့လည်ပင်းကို လက်နှစ်ဖက်ဖြင့် ဖက်ကာ ခြေထောက် ကို ကန်ထုတ်လိုက်သည်။
"လူ ဖြစ်ရတာ ကောင်းတယ်။ မဟုတ်ရင် အားဖန်း က ငါ့တစ်ကိုယ်လုံး ကို လုံးဝ မထိန်းနိုင်ဘူး"
ဟောင်ဖန်း သည် ဧရာမ ဝံပုလွေသားရဲကြီးရဲ့ အရွယ်အစား ကို ပြန်တွေးကာ ပြုံးလိုက်သည်။ သူတကယ် မထိန်းနိုင်ပေ။
ဟောင်ဖန်း က လှပတဲ့ ဆယ်ကျော်သက် တစ်ယောက် ကို ဧည့်ခန်းထဲသို့ သယ်ဆောင်လာတာ ကို ကြည့်ရင်း ရှဲ့စန်း အံ့အားသင့်သွားသည်။
"မင်းရဲ့ ကောင်လေးလား?၊ ခြေထောက် ဒဏ်ရာ ရထားတာလား?"
ဟောင်ဖန်း က ရွှယ်ယွဲ့ ကို ဆိုဖာပေါ် တင်လိုက်သည်။ သူ ဘာမှ ပြန်မပြောခင် ရွှယ်ယွဲ့ က ရှဲ့စန်း ကို လေပြင်းတစ်ချက်လို ဝင်တိုက်ပြီး ရှဲ့စန်းရဲ့ လည်ပင်းနားမှာ ခေါင်းကို ပွတ်ရင်း
"အားစန်း...!"
မိုင်နဲ က အေးစက်တဲ့ မျက်နှာဖြင့် ရွှယ်ယွဲ့ရဲ့ ကော်လာကို ဖမ်းကိုင်လိုက်ပြီး လူကို ဟောင်ဖန်း အပေါ်သို့ ပစ်ချလိုက်သည်။
"သူ့ကို စောင့်ကြည့်ထားပါ။ သူ ဒီလို ထပ်လုပ်ရဲရင် ရိုင်းရိုင်းစိုင်းစိုင်း လုပ်လို့ ငါ့ကို အပြစ်မတင်နဲ့"
နှစ်နှစ်နီးပါးအရွယ် ပေါင်ပေ့ က သခွားမွှေးသီး ကို ကိုင်ကာ ရွှယ်ယွဲ့ ကို ကြည့်ပြီး မိုင်နဲ ကို ကြည့်လိုက်သည်။
"အဖေ၊ ပါးပါး ကို ခိုးဖို့ ကြိုးစားနေတာလား"
ရှဲ့စန်း က ပါးစပ်ထောင့်ကို သုတ်လိုက်သည်။ "မဟုတ်ဘူး၊ မင်းရဲ့ သခွားမွှေးသီး ကို ဆက်စားနေပါ"
"အိုး..." ပေါင်ပေ့ က ခေါင်းငုံ့ကာ သခွားမွှေးသီး ကို ဆက်၍ ကိုက်လိုက်သည်။
ဟောင်ဖန်း က လျှောက်မသွားအောင် ရွှယ်ယွဲ့ရဲ့ ခါးကို ဖက်ထားသည်။ ရွှယ်ယွဲ့ က သူ့ရင်ခွင်ထဲတွင် တွယ်ကပ်နေပြီး ချက်ချင်းပဲ နေလို့ ထိုင်လို့ ကောင်းသွားသည်။ ဟောင်ဖန်း က သူတို့ကို ပြောပြပြီးနောက် ရှဲ့စန်း က ရွှယ်ယွဲ့ ကို အံ့အားသင့်စွာ ကြည့်နေလေသည်။ သူ မျက်တောင်ခတ်လိုက်ပြီး သူ့ရဲ့ ချွန်နေတဲ့ နားရွက်တွေ ကို ထုတ်ဖော်လိုက်သည်။
"အားစန်း၊ နားရွက်တွေ ရှိနေတုန်းပဲ"
ရှဲ့စန်း က အက်ဒမ်နဲ့ စိတ်ထဲတွင် ဆက်သွယ်ပြောဆိုခဲ့ပြီး "အကြောင်းရင်း အတိအကျ ကိုတော့ ငါလည်း မသိပါ။ အရင်ကတော့ လက်ရှိ လူသားတွေ က တစ်ချိန်က သားရဲတွေ က ပြောင်းလဲသွားခဲ့ကြောင်း ရေးသားထာ တွေ့ဖူးတယ်၊ အဲဒါကြောင့် ဆက်နွယ်သားရဲတွေ က လူသားတွေ ဖြစ်လာနိုင်တယ် လို့ အရင်က ဒေါက်တာပိုင် က ပြောခဲ့တယ်။ အထူးသဖြင့် စွမ်းအင်ဒဏ်ကို ခံစားခဲ့ရသူတွေပဲ။ ဒါပေမယ့်လည်း ဒေါက်တာ ပိုင် က လက်ရှိ လှုံ့ဆော်မှု အခြေအနေတွေနဲ့ ကိုက်ညီဖိူ့ ခက်ခဲပြီး အခွင့်အလမ်း လိုအပ်ကြောင်းလည်း ပြောခဲ့တယ်။ အနည်းဆုံး၊ ဆက်နွယ်သားရဲ ကိုယ်တိုင်က လူသားဖြစ်ဖို့ စိတ်အားထက်သန်နေရမယ်"
ဟောင်ဖန်းက ခေါင်းညိတ်ပြနေတဲ့ ရွှယ်ယွဲ့.ကို ကြည့်လိုက်သည်။
"ကျွန်တော်.က လူသား ဖြစ်ချင်ခဲ့တာ။ အားဖန်း ကို ဖက်ချင်တယ်၊ အားဖန်းနဲ့ နေရာတိုင်း လိုက်ချင်တယ်၊ အားဖန်း ကို ဂရုစိုက်ချင်တယ်"
ဟောင်ဖန်း အံ့အားသင့်သွားပြီး သူ့နားရွက်ကို ပွတ်လိုက်သည်။ "ငါ့ကို ဂရုစိုက်ချင်တာလား"
"အင်း" ရွှယ်ယွဲ့ က တိုးညှင်းစွာ အော်ဟစ်လိုက်သည်။ "ကိုယ့်ကိုကိုယ် ဘယ်လို ဂရုစိုက်ရမှန်း မသိဘူးလေ!"
ရှဲ့စန်း မျက်လုံးတွေ က စုံတွဲတစ်တွဲ အပေါ် ကြည့်ကာ မှိတ်တုတ်မှိတ်တုတ် ဖြစ်နေသည်။
"ဆက်နွယ်သားရဲ တော်တော် များများ က စွမ်းအင်ရဲ့ သက်ရောက်မှု ကို တစ်ကြိမ်ပဲ ခံခဲ့ရပေမယ့် ရွှယ်ယွဲ့ ကတော့ နှစ်ကြိမ် ခံရဖူးတယ်။ အစပိုင်းမှာ အနီရောင်စွမ်းအင်၊၊ ပြီးတော့ သူက မြေကြီးစွမ်းအင်နှင့် ထိတွေ့ခဲ့တယ်လေ။ သူကလည်း လူသားဖြစ်ချင်တယ်၊ ဒါကြောင့် သူလည်း လူသားဖြစ်လာနိုင်တာ"
သူက ပြုံးလိုက်ပြီး "ဒေါက်တာပိုင် ကို မေးကြည့်ပါ၊ သူက ကျွမ်းကျင်တယ်" သူ စနစ်မှ နောက်ထပ် သစ်သီးများနှင့် ဟင်းသီးဟင်းရွက် အချို့ကို လဲလှယ်ခဲ့သည်။
"ဒါတွေကို ကျွေးပါ။ အဲဒါ က ရွှယ်ယွဲ့ ကို ကူညီပေးလိမ့်မယ်"
ဟောင်ဖန်း က ကျေးဇူးတင်စကား ပြောပြီး ထွက်သွားပြီး ဒေါက်တာပိုင်ထံ တိုက်ရိုက်သွားလိုကွသည်။
"IQ မြင့်တဲ့ သားရဲတွေ ကို တွေ့ပြီးတော့ ရည်ရွယ်ချက်ရှိရှိ သုတေသနတွေ ထပ်လုပ်ခဲ့တယ်။ ဒီနေရာ လက်ရှိ ပတ်ဝန်းကျင် က အရင်ကနဲ့ အရမ်း ကွာခြားသွားပြီ၊ အခု လူသားအဖြစ် ပြောင်းလဲဖို့ အရမ်း ခက်ခဲနေပြီ၊ဒါပေမယ့် အားစန်း က စွမ်းအင် အချို့ကို ဖော်ပြခဲ့တယ်။ ငါ့ရဲ့ သုတေသနပြုချက် အရ စွမ်းအင် ဒဏ်ခံရတဲ့ သားရဲတွေ ပ စွမ်းအင်ဒဏ် မခံရတဲ့ သားရဲတွေထက် လူသားတွေနဲ့ ဆင်တူနှုန်း ပိုများတာ တွေ့ခဲ့တယ်" နောက်ဆုံးတွင် သူက "အားစန်းရဲ့ ပြောကြားချက် ကို သဘောတူတယ်။ သူက စွမ်းအင်နှစ်ခုလုံးရဲ့ သက်ရောက်မှု ကို ခံခဲ့ရပြီး လူသားဖြစ်လိုတဲ့ ဆန္ဒပြင်းပြတဲ့ အချက်နဲ့ ဆက်စပ်နေလောက်တယ်"
ဟောင်ဖန်း က "ဒါဆို သူ ပြန်ပြောင်းသွားမှာလား"
"မပြောင်းလောက်ဘူး၊ ပြောင်းလဲမှု က အရိုး အပေါ် ဖိအားများစွာ သက်ရောက်စေပြီး သီအိုရီအရတော့ မဖြစ်နိုင်ဘူး"
ဟောင်ဖန်း က "သူ့နားရွက်တွေ က ဘယ်လိုလဲ" ဟု ထပ်မေးသည်။
ဒေါက်တာပိုင် က စိတ်မကောင်းစွာနဲ့ "တောင်းပန်ပါတယ်။ အခုအခြေအနေ အရတော့ သူ့မှာ ပြင်းထန်တဲ့ ဆန္ဒရှိရင် ပုံမှန် နားရွက် ကို ပြောင်းသွားလိမ့်မယ်လို့ပဲ ကောက်ချက်ချနိုင်တယ်"
ဟောင်ဖန်း က ကျေးဇူးတင်စကား ပြောပြီး ရွှယ်ယွဲ့ ကို ဗီလာသို့ ပြန်ခေါ်သွားခဲ့သည်။ ဟောင်ဖန်း သူ့ကို လွှတ်ပေးလိုက်တာနဲ့ သူ့ရဲ့ အိပ်ခန်းဆီကို လေးဘက်ထောက် ပြေးလာပြီး လှဲချလိုက်သည်။ ဟောင်ဖန်း ထိတ်လန့်သွားပြီး သူ့နောက်ကို အလျင်အမြန် လိုက်လာခဲ့သည်။
"မင်း ဘာလိုချင်လို့လဲ? ဖြည်းဖြည်း သွားပါ"
သူက တံခါးဆီသို့ ပြေးသွားကာ အထဲ ကို ငုံ့ကြည့်ပြီး ချက်ချင်းပဲ သူ့အကြည့်ကို ဖယ်လိုက်သည်။
ဆယ်ကျော်သက် က အဝတ်အစားတွေ ကို ချွတ်ထားပြီး မှန်ရှေ့မှာ ဘယ်၊ညာကြည့်နေသည်။ သူ့ခန္ဓာကိုယ်က ပုံပြင် စာအုပ်ထဲက မှင်စာလို ဖြစ်နေကာ မှန်ရှေ့မှာ ရပ်နေသည်။
ရွှယ်ယွဲ့ က သူ့ပုံစံကို ကျေနပ်သွားသည်။ သူ့မျက်လုံးထဲမှာတော့ သူ့အသွင်အပြင် က လုံးဝ ပြောင်းမသွားပေ။ သူက သူ့ရဲ့ သားရဲပုံစံအတိုင်းပင် လှပ ချောမောနေသေးသည်။ သူက ခေါင်းကို လှည့်ကြည့်လိုက်တော့ ဟောင်ဖန်း က သူ့ကို မကြည့်တာ ကို တွေ့လိုက်ရပြီး ကျေမနပ် ဖြစ်သွားသည်။
"ငါက ကြည့်မကောင်းဘူးလား?"
ဟောင်ဖန်း က အရမ်း အားကိုးရာမဲ့နေခဲ့သည်။ "အရင်ဆုံး မင်းရဲ့ အဝတ်အစားတွေ ကို ဝတ်လိုက်ပါ။ မင်းက အခုမှစပြီး လူသား တစ်ယောက် ဖြစ်နေလို့ မင်း လူ့ဘဝနဲ့ လိုက်လျော ညီထွေဖြစ်အောင် နေရမယ်"
"ဒါဆို ငါ ကြည့်ကောင်းလား၊ မကောင်းဘူးလား" ရွှယ်ယွဲ့ က ဇွတ်မေးသည်။
ဟောင်ဖန်း ငိုချင်ပြီး ရယ်ပစ်လိုက်သည်။ ရွှယ်ယွဲ့ က အလှအပကို နှစ်သက်တာ အသားကျနေသည်။ အခု လူသား ဖြစ်လာသော်လည်း သူက အတူတူပဲ ဖြစ်ပုံရသည်။ သူက မြန်မြန် ပြောလိုက်သည်။
"ကြည့်ကောင်းတယ်။ အခု မင်းရဲ့ အဝတ်အစားတွေ ဝတ်လိုက်တော့"
ရွှယ်ယွဲ့ က အော်ဟစ်လိုက်သည်။ "မင်း ငါ့ကို လိမ်နေတာလား။ မင်း ငါ့ကိုတောင် မကြည့်တာ၊ ငါ ကြည့်ကောင်းတယ်ဆိုတာ ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ"
ဟောင်ဖန်း သည် သူ့အား ကျိုးနွံအောင် ဘယ်လို ပြောပေးရမလဲ ဆိုတာ ကို တွေးနေသည်၊ လျင်မြန်စွာ ရွေ့လျားလိုက်တဲ့ ရွှယ်ယွဲ့ရဲ့ ပွေ့ဖက်မှုကြောင့် သူ ရှောင်ရန် အချိန်မရှိပေ။
ရွှယ်ယွဲ့ က သူ့မျက်နှာကို အုပ်ကိုင်လိုက်ပြီး မျက်နှာချင်း ဆိုင်ရန် ခြေဖဝါးပေါ်တွင် ခြေထောက် တင်ထားသည်။
"ငါ့ ကို ကြည့်ပါ။ ငါ ကြည့်ကောင်းလား?"
ဟောင်ဖန်း က သူ့ရဲ့ စိမ်းပြာရောင် မျက်လုံးတွေ ကို ကြည့်လိုက်သည်။
"ကြည့်ကောင်းတယ်"
ရွှယ်ယွဲ့ က သူ့အနား ကပ်လိုက်ပြီး ဂုဏ်ယူစွာ ပြုံးပြကာ "ဒါဆို မင်း ကြိုက်လား?"
ဟောင်ဖန်းရဲ့ လည်ချောင်းတွေ လှုပ်သွားကာ တိတ်တဆိတ် သက်ပြင်းချရင်း အကျီကို ခြုံပေးရန် ချွတ်လိုက်သည်။
"အင်း"
ရွှယ်ယွဲ့ က သူ့ကို ပွေ့ဖက်လိုက်ပြီး မျက်နှာ ကို နမ်းလိုက်သည်။
"ဒါဆို အဲဒီ အမနဲ့ လက်မထပ်နဲ့။ သူက ငါ့လောက် ရုပ်ချောတာမဟုတ်ဘူး"
"ဘယ်တစ်ယောက်လဲ?" ဟောင်ဖန်း အေးခဲသွားသည်။
ရွှယ်ယွဲ့ က နှာခေါင်းရှုံ့လိုက်သည်။ "မင်းနဲ့ အတူ ရပ်နေတဲ့ အစိမ်းရင့်ရောင် ၀တ်စုံနဲ့ တစ်ယောက်"
ဟောင်ဖန်း က သူ့ဆံပင်တွေ ကို ပွတ်လိုက်ပြီး ဆိုဖာပေါ်ခေါ်သွားကာ သူ့ကို ဖက်လိုက်သည်။
"အင်း၊ ငါ သူနဲ့ လက်ထပ်ဖို့ အဆင်သင့် မဖြစ်သေးဘူး"
ကျေနပ်စွာဖြင့် ရွှယ်ယွဲ့ က သူ့ဗိုက်သူ ထိလိုက်သည်။
"အရမ်း ဗိုက်ဆာနေပြီ"
သူ စားပြီးတာနဲ့ ရွှယ်ယွဲ့ က ဟောင်ဖန်းရဲ့ အိပ်ခန်းထဲသို့ သွားကာ လှည့်ပတ်နေခဲ့သည်။ မောပန်း နွမ်းနယ်လာတော့မှ ရပ်တန့်ရန် စောင့်နေခဲ့ပြီး နောက်ဆုံးတွင် ဟောင်ဖန်းရဲ့ ပခုံးပေါ်၌ မှီနေခဲ့သည်။
"ဟွန်း၊ မင်း နောက်ဆုံးအကြိမ် အိပ်ပျော်သွားတဲ့အချိန် က ငါ လူသားတစ်ယောက် ဖြစ်ပြီး မင်းရဲ့ အိပ်ခန်းထဲကို သွားနိုင်ပါစေလို့ ဆုတောင်းခဲ့တာ"
ဟောင်ဖန်း က ရွှယ်ယွဲ့ ကို စိုက်ကြည့်နေသည်။
"ဘာဖြစ်လို့ လူဖြစ်ချင်တာလဲ" ဟု တိုးတိုးလေး မေးလိုက်ကာ လက်တွေ့ မကျတဲ့ ခံစားချက်မျိုး ရှိနေသည်။
မေးခွန်း ကို ပထမ တစ်ကြိမ် မေးခဲ့စဉ် က ထပ်မေးချင်နေတာ ထင်ရှားသည်။ ရွှယ်ယွဲ့ မျက်လုံးမှိတ်ပြီး မျက်မှောင်ကြုတ်လိုက်သည်။ သူ့ပခုံးကို ပွတ်သပ်လိုက်သည်။
"ငါ အားဖန်းနဲ့ အတူတူ နေပေးချင်တယ်၊ အဲဒါကြောင့် အားဖန်း က တစ်ယောက်တည်း မဟုတ်ပါဘူး"
ဟောင်ဖန်း အိပ်ပျော်နေတဲ့ ရွှယ်ယွဲ့ ကို အချိန်အတော်ကြာ စိုက်ကြည့်ပြီးနောက် ရှားရှားပါးပါး ကောင်းကောင်း မွန်မွန် အိပ်ပျော်သွားခဲ့သည်။
နောက်ရက်အနည်းငယ်တွင် ဟောင်ဖန်း က အရမ်း တက်ကြွနေသည်။ မိသားစုအရေး ကို ဂရုစိုက်ဖို့ သူ့မှာ အချိန်မရှိပေ။ သူ့အလုပ် ကို သေသေချာချာ စေ့စေ့စပ်စပ် လုပ်ရင်း ဟောင် ရဲ့ လုပ်ငန်းတွေ ကို အခိုင်အမာ ဆုပ်ကိုင်ထားလိုက်ပြီး ဗီလာကို ပြန်သွားလိုက်သည်။ အလုပ်ရှင်က ရုတ်တရက် အလုပ်မှ အလုပ် မဖြစ်တော့တာ ကို ကုမ္ပဏီ ဝန်ထမ်းတွေ က အံ့အားသင့်သွားသည်။
ဟောင်ဖန်း အိမ်သို့ ပြန်လာတာနဲ့ ရွှယ်ယွဲ့ က ချက်ချင်း ပွေ့ဖက်လိုက်သည်။
"အားဖန်း မင်း ပြန်လာပြီ!"
ဟောင်ဖန်း က သူ့ဖိနပ်ကို ပြောင်းစီးလိုက်တော့ ရွှယ်ယွဲ့ က သူ့ကို ဆိုဖာပေါ် ထိုင်ခိုင်းပြီး လှည့်ပတ်ပြကာ
"ကြည့်ဦး၊ ငါ ကြည့်ကောင်းလား?"
သူက ဘောင်းဘီတို တစ်ထည်၊ အဖြူရောင် Vပုံသဏ္ဌာန် လည်ပင်းနဲ့ တီရှပ်ကို ၀တ်ထားသည်။ သူ့ရဲ့ သွယ်လျတဲ့ ခန္ဓာကိုယ်နဲ့ နူးညံ့သိမ်မွေ့တဲ့ ညှပ်ရိုးတွေ ကို မြင်တွေ့နေရသည်။ ဟောင်ဖန်း ခေါင်းညိတ်လိုက်သည်။
"ကြည့်ကောင်းတယ်"
အဝတ်အစားမျိုးစုံ ကို စမ်းဝတ် ကြည့်ချင်တာ ရွှယ်ယွဲ့ရဲ့ ဝါသနာ အသစ်ဖြစ်ပြီး ဒါက အဝတ်အစားဝတ်ဖို့ တွန်းအားဖြစ်စေခဲ့သည်။
ရွှယ်ယွဲ့ တောက်ပစွာ ပြုံးလိုက်သည်။ သူက မျက်စိ တစ်မှိတ်အတွင်း နံရံသို့ ပြေးသွားပြီး နောက်တစ်ခုသို့ ပြန်သွားသည်။ သူက ဟောင်ဖန်း ကို လှမ်းဖက်လိုက်သည်။
"ကြည့်လေ၊ ငါ လမ်း ကောင်းကောင်း လျှောက်နိုင်တယ် မဟုတ်ဘူးလား"
ဟောင်ဖန်း က ပြုံးပြီး ခေါင်းကို လှုပ်လိုက်သည်။
"အင်း"
ရွှယ်ယွဲ့ရဲ့ ခြေ လက်တွေ က အရမ်း လိုက်လျော ညီထွေ ဖြစ်ကြောင်း သူ ဝန်ခံခဲ့သည်။ ရက်အနည်းငယ်ကြာအောင် လေ့ကျင့်ပြီးနောက် ခြေထောက် နှစ်ချောင်းဖြင့် လမ်းလျှောက်လေ့ရှိသည်။
ရွှယ်ယွဲ့ က ပြုံးပြီး "ဒါဆို မင်း ငါ့ကို အပြင် ခေါ်သွားလို့ ရပြီ မဟုတ်လား"
ဟောင်ဖန်း ၊ "မင်း က အပြင် ထွက်ချင်နေတာလား"
"ငါ မင်းနောက် ကို အချိန်တိုင်း လိုက်နေဖို့ လူဖြစ်လာခဲ့တာ" ရွှယ်ယွဲ့ က သူ့လည်ပင်း ကို လက်နှစ်ဖက်ဖြင့် ဖက်ထားသည်။ "ခြေထောက်.နှစ်ချောင်းနဲ့ လမ်းလျှောက်နိုင်ရင် အပြင် ထွက်ခွင့် ပေးမယ်လို့ မင်း ပြောခဲ့တယ်လေ"
ဟောင်ဖန်း က သူ့နားရွက်ကို ပွတ်လိုက်သည်။ ဆံပင်တွေကို ဖယ်ပြီး စိမ်းပြာရောင် မျက်လုံးတွေကို စိုက်ကြည့်ရင်း စိုက်ကြည့်လိုက်သည်။
"ဒီလိုဆို မင်း မမြင်ရတော့ဘူး!"
ဟောင်ဖန်း က ရယ်မောပြီး တွေးကြည့်လိုက်သည်။
"ကောင်းပြီ။ အနာဂတ်မှာ မင်း ငါ့အနောက် ကို လိုက်ခွင့် ရလိမ့်မယ်၊ ဒါပေမယ့် မင်းရဲ့ နားရွက်တွေ မပေါ်အောင် မင်း ဦးထုပ် ဆောင်းသင့်တယ်!"
"ကောင်းပြီ!" ရွှယ်ယွဲ့ က အရမ်း စိတ်လှုပ်ရှားသွားသည်။
နောက်တစ်နေ့ ဟောင်ဖန်း နိုးလာတော့၊ ရွှယ်ယွဲ့ က အခန်းထဲတွင် မရှိတော့ပေ။ ဒါပေမယ့် သူ အောက်ထပ်ကို ဆင်းသွားချိန်မှာတော့ ရွှယ်ယွဲ့ က အဖြူရောင် ဘောင်းဘီ၊ အဖြူရောင် သားရေဖိနပ်၊ အပြာရောင် ရှပ်အင်္ကျီ.ကို ၀တ်ထားပြီး ဆံပင်အဖြူတွေ.က သူ့နောက်မှာ ကျနေတာ ကို တွေ့လိုက်ရသည်။ ဆွဲဆောင်မှုရှိတဲ့ ထိပ်တန်း မော်ဒယ်တစ်ယောက်လိုပဲ။
"ကြည့်ကောင်းလား?" ရွှယ်ယွဲ့ က သူ့ကို ကြည့်လိုက်တာနဲ့ မေးလိုက်သည်။
ဟောင်ဖန်း "ကြည့်ကောင်းတယ်"
ရွှယ်ယွဲ့ က ပြုံးပြပြီး အကွက်ပုံစံ ဦးထုပ်လေး ကို ၀တ်ဆင်လိုက်သည်။
"ဒါက ကြည့်ရဆိုးသွားလား"
ဟောင်ဖန်း က သူ့ကို ကြည့်ကာ သက်ပြင်းချလိုက်သည်။
"မင်းက ဘယ်လိုလုပ် ရုပ်ဆိုးနိုင်မှာလဲ"
ဦးထုပ်ကို ဆောင်းထားတုန်းက ရှုပ်ပွေတတ်တဲ့ ပုံစံရှိသည်။ ရွှယ်ယွဲ့ရဲ့ ရုပ်ရည်နဲ့ဆိုရင် စုတ်ပြဲနေတဲ့ အင်္ကျီတစ်ထည် ဝတ်ထားရင်တောင် တစ်မျိုး ကြည့်ကောင်းနေမည် ဖြစ်သည်။
ရွှယ်ယွဲ့ က သူ့ကို ပွေ့ဖက်ပြီး မေးစေ့ကို နမ်းလိုက်သည်။
"အားဖန်း က အရမ်း တော်တာပဲ"
ဟောင် ကုမ္ပဏီမှ ဝန်ထမ်းတွေ က သူတို့ရဲ့ မက်မောတဲ့ သူဌေးက အံ့မခန်း လှပတဲ့ ဆယ်ကျော်သက် တစ်ယောက် ကို အလုပ်သို့ ရုတ်တရက် ခေါ်ဆောင်လာတော့ အတင်း ပြောကြသည်။ တစ်ပတ်လောက် ခေါ်လာပြီးတာနဲ့ အဲဒီလို စကားတွေပြောပြီး အကျင့်ပါလာတဲ့အခါ သူဌေး က ဇနီးလောင်း ခေါ်လာတာ ဖြစ်ကြောင်း ဝန်ထမ်းတွေ က ချက်ချင်း သဘောပေါက်သွားသည်။
ရွှယ်ယွဲ့ က ဟောင်ဖန်း အနောက် ကို တစ်ပတ်လောက် ကြာအောင် စိတ်အားထက်သန်စွာ နောက်လိုက်ခဲ့ပြီး သူ့သူငယ်ချင်းတွေနဲ့ မျှဝေဖို့ စကားတစ်ခွန်း ရှိနေသည်။ ပိတ်ရက်ရောက်လာတော့ မနကစောစော ထလိုက်သည်။ သူနဲ့ ဟောင်ဖန်းတို့က ဒီနေ့ ရှဲ့စန်းရဲ့ အိမ်သို့ သွားရန် သဘောတူခဲ့ကြသည်။ ဒါပေမယ့် သူတို့အိမ် ကမထွက်ခင်မှာ ဟောင်ဖန်းရဲ့ အဖိုးနဲ့ အဘိုး က အမတစ်ယောက် ကို တံခါးဝဆီ ခေါ်လာပေးသည်။
ရွှယ်ယွဲ့ရဲ့ မျက်လုံးတွေ က ရုတ်တရက် တောက်ပလာသည်။ ဟောင်ဖန်း က မပြုံးနိုင်ဘဲ အံ့အားသင့်သွားသည်။ သက်ကြီးရွယ်အို နှစ်ယောက်ကို မတွေ့ရတာ မကြာသေးပေမယ့် အခု တကယ် ပြုံးပြနိုင်နေပြီ ဖြစ်သည် ။ သူက ရွှယ်ယွဲ့ ကို ကြည့်ပြီး အသံ တိုးတိုးလေးနဲ့ မေးလိုက်သည်။
"ဘာတွေတွေးနေတာလဲ?"
ရွှယ်ယွဲ့ က မေးစေ့ကို မြှောက်လိုက်ပြီး ရွှတ်နောက်နောက် ပြုံးလိုက်သည်။ "ကျွန်တော့် ကို ကြည့်နေပါ"
ထို့နောက် ဟောင်ဖန်းသည် ရွှယ်ယွဲ့ရဲ့ ကျက်သရေရှိရှိ တစ်ကိုယ်တော် ပြခန်း ကို ကြည့်ရှုခဲ့ပြီး သူက အမနှစ်ယောက် ကို နှိုင်းယှဉ်ကြည့်ရှုခဲ့သည်။
ရွှယ်ယွဲ့ က ဟောင်ဖန်းရဲ့ လက်မောင်းကို ကိုင်ကာ ပျော်ရွှင်နေတဲ့ မျက်နှာဖြင့် ပြုံးလိုက်သည်။
"အားဖန်း က အရမ်း ကြည့်ကောင်းတာပဲ၊ ငါက လွဲရင် ဘယ်သူမှ သူ့ကို လိုက်ဖက်မှာ မဟုတ်ဘူး"
ရွှယ်ယွဲ့ရဲ့ မိသားစု ရာဇဝင် ကို မေးမြန်းနေကြပြီး သူ့အဘိုးနှင့် အဘိုး က ကြည့်ရဆိုးနေသည်။ ဟောင်ဖန်း က ရွှယ်ယွဲ့ ကို ဖက်ထားသည်။
"သူ့မိသားစု ရာဇဝင် က အရေးမကြီးပါဘူး၊ ကျွန်တော်က သူ့ကို သဘောကျတယ်။ တောင်းပန်ပါတယ်၊ ကျွန်တော်တို့ တစ်ခုခုအတွက် အပြင်ထွက်မှရမယ်။ ဒီမှာ ထိုင်နေလို့ရတယ်နော်"
ရွှယ်ယွဲ့ က လွန်းပျံယာဉ် အပေါ်တွင် ထိုင်နေပြီး မျက်လုံးတွေ က တောက်ပနေကာ ရွှင်လန်းစွာ ပြုံးနေလေသည်။
"ငါ မင်းပြောတာ ကို ကြားတယ်။ မင်း ငါ့ကို ကြိုက်တယ်လို့ ပြောတယ်"
ဟောင်ဖန်း က သူ့လက်ကို မြှောက်လိုက်ပြီး ဆံပင်ထိပ်ကို ပွတ်လိုက်သည်။ "အခုမှ သိတာလား"
ရွှယ်ယွဲ့ က မေးစေ့ကို မြှောက်လိုက်သည်။ "ငါက ရုပ်ရည် ချောမောတော့ မင်း ငါ့ကို သဘောကျနေတာကြာပြီ ဟုတ်တယ်မလား"
ဟောင်ဖန်း က ပြုံးလိုက်သည်။ သူက သူ့ကိုကြည့်ကာ နှေးကွေးတဲ့ လေသံဖြင့် "မင်း က ရုပ်မချောတော့ဘူး ဆိုရင်တောင် ငါ ကြိုက်နေသေးတယ်"
ရွှယ်ယွဲ့ က ပထမဆုံးအကြိမ် အံ့အားသင့်သွားပြီး ရှက်သွားသည်။ နှလုံးခုန် မြန်သွားသော်လည်း ဘာကြောင့်မှန်းမသိပေ။ ဟောင်ဖန်း က နောက်မဆုတ်လိုက်ပေ။ ငုံ့၍ နမ်းလိုက်သည်။ ရွှယ်ယွဲ့ က ဟောင်ဖန်း ကို ဖက်ထားပြီး အချိန်အတန်ကြာ နမ်းလိုက်တော့ သူ အရမ်း နှစ်သက်တဲ့ လှုပ်ရှားမှုတွေ ရှိနေတာ ကို ပထမဆုံးအကြိမ် တွေ့ရှိခဲ့သည်။
ရှဲ့စန်းရဲ့ အိမ်သို့ ရောက်တဲ့အခါ ရှဲ့စန်း ကို ပွေ့ချီကာ ပြေးနေတဲ့ မိုင်နဲ ကို တွေ့ရပြီး ပေါင်ပေ့ က ကလေးထိန်း စက်တွင် ထိုင်ကာ အနောက်မှ လိုက်သွားခဲ့သည်။
"ဘာမှားလို့လဲ?" ဟောင်ဖန်း က မေးသည်။
ရှဲ့စန်း နည်းနည်း ရှက်သွားသည်။ "ရွှယ်ယွဲ့ နဲ့ ကျားကြီးတို့ကို ကစားခွင့်ပေးလိုက်ပါ။ ငါက ဆေးရုံကို သွားရမယ်"
မိုင်နဲ က ပေါင်ပေ့ ကို ကြည့်လိုက်သည်။ "ကျေးဇူးပြုပြီး ပေါင်ပေ့ ကို စောင့်ကြည့်ပေးပါ။ ထွမ်းထွမ်းလည်း သူ့ကို စောင့်ကြည့်ပေးနေလိမ့်မယ်"
ဟောင်ဖန်း ခေါင်းညိတ်လိုက်သည်။ သူတို့ ထွက်သွားပြီးနောက် ပေါင်ပေ့ ကို ကောက်ချီလိုက်သည်။
"စိတ်မပူပါနဲ့ မင်းရဲ့ ပါးပါး အဆင်ပြေမှာပါ"
ပေါင်ပေ့ ခေါင်းညိတ်လိုက်သည်။
"ဟုတ်ကဲ့၊ ပါးပါး ပြောတာ က ကလေးလေး ရှိကောင်း၊ရှိနိုင်တယ်" သူ့မျက်လုံးတွေက တောက်ပလာသည်။
"သားက အစ်ကိုကြီး ဖြစ်တော့မယ်!"
မိုင်နဲ နဲ့ ရှဲ့စန်း ပြန်လာဖို့ အချိန် သိပ်မကြာပေ။ ရှဲ့စန်းမှာ တကယ် ကိုယ်ဝန်ရှိနေတယ်။
ပေါင်ပေ့ က ရှဲ့စန်း ကို ပွေ့ဖက်လိုက်ပြီး "သား ညီလေး ကို ဘယ်အချိန် တွေ့ရမှာလဲ" ရှဲ့စန်း က ပြုံးပြီး ကိုယ်ဝန်ရဲ့ အချိန်တွေ အကြောင်း သင်ပေးလိုက်သည်။
ဟောင်ဖန်းနဲ့ ရွှယ်ယွဲ့တို့က နေ့လည် ၃နာရီအထိ နေခဲ့ကြသည်။ သူတို့ ပြန်ရောက်လာတော့ ဟောင်ဖန်း က အလုပ်ကိစ္စ အတွက် စာကြည့်ခန်း ကို သွားခဲ့ပြီး ရွှယ်ယွဲ့ က ရှုခင်း ကြည့်ရန် လသာဆောင်သို့ သွားခဲ့သည်။ သူကြည့်လိုက်တော့ သူ့မျက်လုံးတွေ က ရုတ်တရက် တောက်ပလာပြီး လေထဲကို ဝှေ့ယမ်းပြလိုက်သည်။ အနက်ရောင် အရိပ်ကြီးတစ်ခု က အဝေးမှ ချဉ်းကပ်လာပြီး လသာဆောင် လက်ရန်းပေါ်တွင် နားလိုက်သည်။ အရမ်း ကြီးမားခဲ့သည်။ တစ်ကိုယ်လုံး အနက်ရောင်ဖြစ်ပြီး ဦးခေါင်းထိပ် က အဖြူရောင် ဖြစ်သည်။
"ထွမ်းထွမ်း မင်း ဒီကို ဘယ်လိုလုပ် ရောက်လာတာလဲ" ရွှယ်ယွဲ့ က ဝမ်းသာအားရ မေးသည်။
ထွမ်းထွမ်း "ငါ မင်းကို ရှာဖို့ လာခဲ့တာ"
"ဟားဟားဟားဟား! ငါက အရမ်း စိတ်ဝင်စားဖို့ ကောင်းတယ် ထင်လို့ မင်း လာလေ့လာတာလား" ရွှယ်ယွဲ့ က သူ့လက်သည်း ကို ပွတ်ပေးရင်း မေးလိုက်သည်။
ထွမ်းထွမ်း က ခေါင်းခါလိုက်ပြီး "မဟုတ်ဘူး၊ ငါ မင်းကို ဘယ်လိုလုပ်ပြီး လူသား ဖြစ်လာတာလဲ လို့ မေးချင်တာ"
ရွှယ်ယွဲ့ ရှင်းပြပြီးနောက် ထွမ်းထွမ်း က နောက်ထပ်အသေးစိတ် အချက်အလက် များစွာ ကို မေးမြန်းခဲ့သည်။ အားလုံးကို ရှင်းရှင်းလင်းလင်း သိပြီးမှသာ အတောင်ပံတွေကို ခတ်ပြီး ပျံသန်းသွားခဲ့သည်။
ဟောင်ဖန်း စာကြည့်ခန်းမှ ထွက်လာပြီး လသာဆောင်သို့ သွားကာ ရွှယ်ယွဲ့ ကို အနောက်ကနေ ပွေ့ဖက်လိုက်သည်။ "ထွမ်းထွမ်း?"
"အင်း" ရွှယ်ယွဲ့ နည်းနည်း သိချင်လာသည်။
"သူလည်း လူသား ဖြစ်ချင်နေတာလား"
ဟောင်ဖန်း က အဝေးသို့ ပျံသန်းနေတဲ့ အနက်ရောင် အရိပ်ကို ကြည့်ကာ
"ဖြစ်နိုင်တယ်"
အကယ်၍ လူသားအဖြစ်သို့ ပြောင်းလဲနိုင်ခြေ အရှိဆုံး က ရွှယ်ယွဲ့ ကလွဲ၍ အခြား တစ်စုံတစ်ယောက် ဆိုလျှင် ထွမ်းထွမ်း ဖြစ်လိမ့်မည်။ သူက ရှဲ့စန်းရဲ့ အနောက်သို့ လိုက်ကာ စွမ်းအင် အမျိုးအစား များစွာ ကို စုဆောင်းခဲ့သည်။
ဟောင်ဖန်းရဲ့ အိမ်မှ ထွက်လာပြီးနောက် ထွမ်းထွမ်းသည် ရှဲ့စန်းရဲ့ အိမ်သို့ ပြန်လာခဲ့သည်။ ပြတင်းပေါက်မှ လှမ်းကြည့်လိုက်တော့ ပေါင်ပေ့ က ရှဲ့စန်းရဲ့ ရင်ခွင်ထဲတွင် နေကာ စကားပြောနေတာ တွေ့လိုက်ရတော့ ပျံထွက်လာခဲ့သည်။
ပေါင်ပေ့ ကြီးပြင်းလာခဲ့သည်။ ပေါင်ပေ့ အလယ်တန်းကျောင်းတက်ပြီးသည် အထိ ထွမ်းထွမ်းက သူနှင့်အတူ အမြဲ ရှိနေခဲ့သည်။ ထို့နောက် ထွမ်းထွမ်း ရုတ်တရက် ပျောက်သွားသည်။
ထိုအချိန် ပေါင်ပေ့ရဲ့ အတန်းထဲတွင် ကျောင်းသားအသစ် တစ်ယောက် ရုတ်တရက် ပေါ်လာသည်။ ကျောင်းသား အသစ် က အနက်ရောင် ဆံပင် အတိုတွင် အဖြူရောင် highlight ဖောက်ထားသည်။ သူ့အသွင်အပြင် က အရမ်း ချောမောနေပေမယ့် သူ့မျက်ခုံးမွှေးတွေ က တင်းမာပြီး သူ့ကို ဘယ်သူကမှ စကားမပြောရဲကြပေ။
အတန်းထဲရှိ စိုးရိမ်နေတဲ့ အကြည့်တွေ အောက်တွင် ကျောင်းသားသစ် က နုပျိုဖြူစင်တဲ့ ကလေးလေးဆီသို့ လှမ်းလာပြီး ရုတ်တရက် ပြုံးလိုက်သည်။ သူ့မျက်ခုံးကြား က ကြမ်းတမ်းမှုတွေ ပြန့်ကျဲသွားပြီး အားလုံး မှင်တက်သွားသည်။
"မင်္ဂလာပါ၊ ငါ့နာမည် က ထွမ်းထွမ်း ပါ။ ငါတို့ သူငယ်ချင်း လုပ်လို့ ရမလား?"
(T/N: အိမ် က မုန်လာထုပ် ကို တူးသွားမယ့် ဝက် ကို ငယ်ငယ်လေးကတည်းက အိမ်ပေါ် ခေါ်တင်ထားတဲ့ ရှဲ့စန်းကို ဂုဏ်ပြုပေးလိုက်ကြပါဦး 👏👏🤣🤣🤣)
ပေါင်ပေ့ မျက်ခုံး ပင့်သွားသည်။
"တိုက်ဆိုင်လိုက်တာ၊ ငါ့မှာလည်း ထွမ်းထွမ်း ဆိုတဲ့ သူငယ်ချင်း တစ်ယောက်ရှိတယ်"
ပြတင်းပေါက်မှ နေရောင် ဖြာကျလာပြီး ထွမ်းထွမ်း က ပိုမို လေးနက်စွာ ပြုံးလိုက်သည်။
____________________________________________________________________________________
ဘာသာပြန်သူမှာ ပြောစရာ ရှိပါတယ်။ ။ အားလုံး ပြီးသွားပါပြီရှင့်🤎🤎🤎
ပေါင်ပေ့ကို Ocလို့ မရခဲ့ပေမယ့် နောက်မွေးလာမယ့် ပေါင်ပေါင် ကိုတော့ Ocလို့ ရမယ်ထင်တယ်🤭🤭🤭
Zawgyi version
Chapter 114: Extra Three
ေဟာင္ဖန္း သူရဲ႕ ဆက္ႏြယ္သားရဲ ကို ဆက္ႏြယ္ၿပီးတဲ့ ေနာက္မွာေတာ့ သူ႕အိမ္ႀကီး ကို ျပင္ဆင္ဖို႔ တစ္ေယာက္ေယာက္ ကို အထူး ေတာင္းဆိုကာ ျပဳျပင္ခဲ့သည္။ ပထမထပ္တြင္ မီးဖိုေခ်ာင္၊ ထမင္းစားခန္းႏွင့္ ဧည့္ခန္းမွလြဲ၍ က်န္အခန္းအားလုံး ကို ဖြင့္ထားၿပီး ဧရာမဝံ ပုေလြသားရဲ အတြက္ သီးသန္႔ အိပ္ခန္းအျဖစ္ ျပန္လည္ ျပင္ဆင္ေပးထားသည္။ အိပ္ခန္း က က်ယ္ဝန္းၿပီး ဗဟို ေလေအးေပးစက္ တပ္ဆင္ထားတာေၾကာင့္ အခ်ိန္တိုင္း အသင့္ေတာ္ဆုံး အပူခ်ိန္တြင္ ႐ွိေနသည္။ ဧရာမ ဝံပုေလြသားရဲရဲ႕ အိပ္ရာခ်ထားသည့္ နံရံတြင္ ႏွင္းျဖဴေရာင္ ကူ႐ွင္တစ္ခုကို ခ်ိတ္ထားခဲ့သည္။
ကုတင္ရဲ႕ ညာဘက္ေထာင့္တြင္ ဗီလာရဲ႕ ေနာက္ေဖးသို႔ သြားႏိုင္သည့္ တံခါးမႀကီး တစ္ခု ႐ွိၿပီး က်ယ္ဝန္းတဲ့ ေရကူးကန္ တည္႐ွိတဲ့ ေနရာျဖစ္သည္။ ေဟာင္ဖန္း က ေရကန္ ကို ႏွစ္ပိုင္းခြဲထားၿပီး တစ္ဖက္က သူ႕အတြက္ျဖစ္ကာ တစ္ဖက္ကေတာ့ ဧရာမ ဝံပုေလြသားရဲ အတြက္ ျဖစ္သည္။
႐ႊယ္ယြဲ႕ က ေပ်ာ့ေပ်ာင္းတဲ့ ကူ႐ွင္ေပၚမွ ထကာ သူ႕ရဲ႕ ႐ွည္လ်ားၿပီး လွပတဲ့ အေမႊးေတြ ကို လႈပ္ယမ္းကာ နံရံတစ္ဖက္သို႔ ေျပး၍ နံရံတြင္ ခ်ိတ္ထားတဲ့ မွန္တစ္ခ်ပ္ ကို လွမ္းၾကည့္လိုက္သည္။
သူ႕ကိုယ္ကို အလယ္မွာ ထားကာ သူ႕ကိုယ္သူ ေသေသခ်ာခ်ာ စူးစမ္း ေလ့လာသည္။ သူ႕ရဲ႕ အေမႊးေတြ က ေခ်ာေမြ႕ေနသည္၊ သူ႕ရဲ႕ မ်က္လုံးေတြ က အရမ္းလွပတဲ့ စိမ္းျပာေရာင္၊ ျဖစ္ၿပီး အရမ္း တက္ႂကြေနတဲ့ အၾကည့္ ႐ွိသည္။ သူ႕ရဲ႕ ေက်နပ္မႈကို ေဖာ္ျပခဲ့သည္။
ဧည့္ခန္းမွ ေသးငယ္တဲ့ လႈပ္႐ွားမႈတစ္ခု ထြက္ေပၚလာသည္။ သူ႕ရဲ႕ အေမႊးေတြ ကို ခြၽန္ထြက္ေနတဲ့ နား႐ြက္ေတြကို လႈပ္ယမ္းကာ လြင့္ထြက္သြားေစသည္။
ေဟာင္ဖန္း က ဖိနပ္စင္မွ ခ်ည္ဖိနပ္တစ္ရံ ကို ယူလိုက္ေသာ္လည္း ဖိနပ္တစ္ဖက္ကိုသာ ေျပာင္းစီးရေသးသည္။ ႐ႊယ္ယြဲ႕ က ၾကမ္းျပင္ေပၚတြင္ ကြၽမ္းက်င္စြာ လူးလွိမ္းေနကာ ေခါင္းနဲ႔ သူ႕ကို ပြတ္သပ္ေနကာ နံရံဆီ တြန္းထုတ္လိုက္သည္။
ေဟာင္ဖန္း က သူ႕ရဲ႕ ေလးနက္တဲ့ မ်က္ႏွာေပၚတြင္ အျပဳံးတစ္ခု ေပၚလာၿပီး
"႐ႊယ္ယြဲ႕၊ ျပႆနာ မ႐ွာနဲ႔"
႐ႊယ္ယြဲ႕ က မေက်မနပ္ျဖင့္ ဆက္၍ ပြတ္သပ္သည္။
{"မင္း ထြက္သြားတုန္း က မင္း ငါ့ကို မေခၚသြားဘူး!"}
ေဟာင္ဖန္း က သူ႕မ်က္ႏွာကို ပြတ္သပ္ေပးလိုက္သည္။
"ဒါက စီးပြားေရး ကိစၥ သက္သက္ပါ။ အႏၲရာယ္မ႐ွိပါဘူး။ မင္းက အခုမွ ေရခ်ိဳးၿပီးတာေလ၊ မင္းရဲ႕ အေမႊးေတြ မေျခာက္ပဲ မျပသ္ မထြက္သင့္ဘူး။ အိမ္မွာေနတာ ဘယ္ေလာက္ ေကာင္းလဲ"
"ဟမ့္" ႐ႊယ္ယြဲ႕ က ေအာ္လိုက္သည္။ "ငါ မင္းေနာက္ ကို လိုက္ခ်င္တယ္။ မင္း ငါ့ကို ကတိေပး။ ေနာက္တစ္ခါ မင္း အျပင္ထြက္ေတာ့မယ္ဆို ငါ အိပ္ေပ်ာ္ေနရင္ေတာင္ မင္း ငါ့ကို ႏိႈးရမယ္!"
ေဟာင္ဖန္း က ကူကယ္ရာမဲ့သြားသည္။
"ေကာင္းၿပီ၊ ငါ မင္းကို ကတိေပးတယ္။ အေ႐ွ႕က ဖယ္ေပးပါ"
႐ႊယ္ယြဲ႕ ေက်နပ္သြားသည္။ ထၿပီး အေနာက္ဘက္သို႔ ဆုတ္သြားသည္။ ေဟာင္ဖန္း က သူ႕ဖိနပ္ကို ေျပာင္းစီးလိုက္ၿပီး သူ႕လည္ပင္းတစ္ဖက္ ကို ပြတ္ေပးလိုက္သည္။ သူက သူ႕ဝတ္စုံ ကို ေပါ့ေပါ့တန္တန္ ခြၽတ္လိုက္ၿပီး ဆိုဖာေပၚ ပစ္ခ်လိုက္သည္။ ႐ွပ္အက်ႌအျဖဴရဲ႕ အေပၚဆုံး ၾကယ္သီးကို ျဖဳတ္ကာ လည္စည္း ကို ဆြဲခြၽတ္လိုက္သည္။ ေရတစ္ခြက္ ေလာင္းထည့္လိုက္ၿပီး ဆိုဖာေပၚထိုင္ကာ တစ္ငုံေသာက္၍ အသက္႐ႈလိုက္သည္။
႐ႊယ္ယြဲ႕ က ဆိုဖာ အေနာက္တြင္ လွဲလိုက္သည္။ ေဟာင္ဖန္း ပခုံးေဘး႐ွိ ဆိုဖာအစြန္းတြင္ ေခါင္း တင္ထားကာ စိမ္းျပာေရာင္ မ်က္လုံးေတြ ကို မ်က္ေတာင္ခတ္လိုက္သည္။
"အားဖန္း၊ မင္း မေပ်ာ္ဘူးလား?"
ေဟာင္ဖန္း က ႐ႊယ္ယြဲ႕ရဲ႕ ေခါင္းႀကီးကို တိတ္တဆိတ္ ပြတ္သပ္လိုက္သည္။
"မဟုတ္ပါဘူး"
႐ႊယ္ယြဲ႕ က ေဒါသတႀကီး ေခါင္းကို လွည့္လိုက္သည္။
"လူလိမ္။ မင္းက ငါ့အသိဥာဏ္ ကို ေစာ္ကားေနတယ္လို႔ ငါ ခံစားရတယ္။ ငါ က ဉာဏ္ေကာင္းတယ္လို႔ မင္းကို ေျပာခဲ့တယ္ေလ"
ေဟာင္ဖန္း အနည္းငယ္ ရယ္ေမာလိုက္သည္။ သူက ရယ္ခဲသည္။ သူ႕ရဲ႕ အျပဳံး က ခဏတာမွ်သာ ျဖစ္ေသာ္လည္း သံလိုက္ဓာတ္ ႐ွိေနသလို သူ႕အသံက နိမ့္က်ၿပီး မည္းေမွာင္ေနသည္။
"ဘာမွ မဟုတ္ပါဘူး။ နည္းနည္းေတာ့ ပင္ပန္းေနတယ္"
ေဟာင္ မိသားစု က ႀကီးမားၿပီး ဝန္ထမ္းေတြ ႐ွိကာ ႐ႈပ္ေထြးတဲ့ စီးပြားေရး မိသားစု ျဖစ္သည္။ သူ႕မိဘ ႏွစ္ပါးစလုံး က ေစာေစာစီးစီး ေသဆုံးသြားၾကၿပီး လူ အမ်ားက ကုမၸဏီကို လုယူဖို႔ စိတ္ဆႏၵ ႐ွိခဲ့ၾကသည္။ သို႔ေသာ္ သူက သူ႕အဘိုးေတြရဲ႕ အကူအညီျဖင့္ ငယ္႐ြယ္စဥ္ကပင္ ေဟာင္ မိသားစုကို သိမ္းပိုက္ခဲ့သည္။
ဒါေပမယ့္ ေဟာင္ မိသားစုကို သိမ္းပိုက္ၿပီး မၾကာခင္မွာပဲ သူ႕အဘိုးမွာ သားတစ္ေယာက္ ႐ွိလာမယ္ လို႔ ဘယ္သူက ထင္မွာလဲ။ သူ႕ဦးေလး က အခုႏွစ္တြင္ ႐ွစ္ႏွစ္သာ ႐ွိေသးသည္။
ဦးေလးငယ္ရဲ႕ အေဖ က လြန္ခဲ့တဲ့ ႏွစ္အနည္းငယ္ကတည္းက သူ႕အဖိုးရဲ႕ သူနာျပဳ ျဖစ္သည္။ အဲဒါေၾကာင့္ သူ႕အဖိုး က သူ႕သားအငယ္ ကို မ်က္ႏွာသာ ေပးေပမယ့္ ႀကီးမားတဲ့အရာေတြ ကို ေဖ်ာက္ဖ်က္ပစ္ခ်င္တာ ထင္႐ွားသည္။ ၿပီးခဲ့သည့္ ႏွစ္ႏွစ္အတြင္း သူတို႔ ၂ေယာက္စလုံး က်န္းမာေရး မေကာင္းသျဖင့္ သူနာျပဳ တစ္ေယာက္ လိုအပ္ခဲ့ၿပီး အိမ္ခန္းတစ္ခုတည္းသို႔ ေျပာင္းေ႐ႊ႕ ေနထိုင္ရန္ အတင္းအၾကပ္ ခိုင္းေစခဲ့သည္။ အဘိုးႀကီး က ျပတ္ျပတ္သားသား သေဘာမတူခဲ့ေပ။မိသားစု က ေန႔တိုင္း ႐ႈပ္ပြေနတယ္။
သူ အိမ္ က ထြက္သြားၿပီး သူ႕လုပ္ငန္းကို အျမန္ ညႇိႏိႈင္းခဲ့သည္။ ေနာက္က်ရတဲ့ အေၾကာင္းရင္းမွာ အဘိုးျဖစ္သူထံမွ ေခၚယူျခင္း ခံရတာေၾကာင့္ျဖစ္သည္။ အဘိုး က ႐ွား႐ွားပါးပါး သန္မာတဲ့ အမတစ္ေယာက္ ျဖစ္ၿပီး သူ႕အဘိုး က သူ႕ကို ရည္႐ြယ္ခ်က္ တစ္ခုတည္းနဲ႔ ႐ွာခဲ့တာ ျဖစ္သည္။ သူရဲ႕ ဦးေလးငယ္ကို ေဟာင္ မိသားစုထံမွ အက်ိဳးအျမတ္နဲ႔ ႐ွယ္ယာေတြ ကို မရယူရန္ အမိန္႔ထုတ္ခဲ့သည္။
"မင္းအဘိုး က သူ႕ကို အရမ္း ခ်စ္တာ၊ မင္းအဘိုးကို သူ႕ရဲ႕ ကိုယ္ပိုင္ပိုင္ဆိုင္မႈ ကို ေပးခိုင္းလိုက္ပါ"
ေဟာင္ဖန္း မ်က္လုံး မွိတ္လိုက္သည္။ သူ႕အဘိုးရဲ႕ နီရဲေနတဲ့ မ်က္လုံး၊ ေျပာၿပီး မေက်မနပ္ ျဖစ္ေနတဲ့ အၾကည့္ ကို သူ ျမင္ေနရဆဲ ျဖစ္သည္။
သူ႕အဖိုးႏွင့္ အဘိုးတို႔ က သူ ဆယ္ေက်ာ္သက္အ႐ြယ္ က ေထာက္တိုင္မ်ား ျဖစ္ၾကၿပီး၊ သူ႕ရဲ႕ အဖိုးအတန္ဆုံး လူ၂ေယာက္ ျဖစ္သည္။ အခု အေျခအေန က တိုးတက္လာေသာ္လည္း ပင္ပန္းႏြမ္းနယ္မႈ ကို သူ ျပင္းျပင္း ထန္ထန္ ခံစားေနရသည္။
မည္သည့္ အေၾကာင္းေၾကာင့္ပင္ ျဖစ္ေစ သက္ႀကီး႐ြယ္အို ႏွစ္ဦး က ခ်က္ခ်င္း ဆိုသလို သူ႕အား ေအာင္သြယ္ေပးဖို႔ တက္ႂကြစြာ ႀကိဳးစားေနၾကသည္။
ႀကိမ္ဖန္မ်ားစြာ ျငင္းပယ္ခဲ့ေသာ္လည္း သူတို႔က သူ႕ကို လက္ထပ္ေပးဖို႔ အၿမဲ ႀကိဳးစားေနခဲ့သည္။ သူ႕ရဲ႕ အိမ္ေထာင္ေရး က သူတို႔အတြက္ ေနာက္ထပ္ စစ္ေျမျပင္ တစ္ခု ျဖစ္လာသလို အခ်င္းခ်င္း ရန္ျဖစ္ေနၾကသည္။ သူတို႔ မိတ္ဆက္ေပးတဲ့လူနဲ႔ လက္ထပ္ဖို႔ သေဘာတူလိုက္ရင္ တစ္ဖက္ က အႏိုင္ယူသြားလိမ့္မယ္။
သူ႕ကေလးဘဝရဲ႕ ေႏြးေထြးတဲ့ အမွတ္တရေတြဟာ အတုအေယာင္ ျဖစ္သြားပုံရသည္။ သူ႕မိဘေတြ ေသဆုံးၿပီး ကတည္းက အရာအားလုံး ေျပာင္းလဲသြားတာ ကို ရယ္စရာေကာင္းစြာ သူ ႐ွာေတြ႕ခဲ့သည္။ ဒီဗီလာကသာ သူ႕ႏွလုံးသားထဲ႐ွိ ေက်ာက္တုံးေတြ ကို ေျပေလ်ာ့သြားေစတာ ခံစားလို႔ ရႏိုင္သည္၊ ထို႔ေၾကာင့္ သူက ဘာမွ မစဥ္းစားဘဲ ေအးေအးေဆးေဆး အနားယူ ေနႏိုင္သည္ ။
႐ႊယ္ယြဲ႕ရဲ႕ နား႐ြက္ေတြ လႈပ္ယမ္းသြားသည္။ ေဟာင္ဖန္းရဲ႕ အသက္႐ႈသံ ေျပာင္းလဲမႈအေပၚ အာ႐ုံခံမိသည္။
သူ အိပ္ေပ်ာ္သြားတယ္!
ေခါင္းကို ဂ႐ုတစိုက္ ေ႐ႊ႕ကာ ေဟာင္ဖန္းရဲ႕ အေ႐ွ႕မွာ ရပ္ဖို႔ ညင္သာစြာ ေ႐ႊ႕လိုက္သည္။ ေဟာင္ဖန္းရဲ႕ ထူထဲတဲ့ ဓားလို မ်က္ခုံးနား႐ွိ အေရးအေၾကာင္းေတြ ကို ၾကည့္ၿပီး အရမ္း စိတ္မခ်မ္းသာသလို ခံစားလိုက္ရသည္ ။ သူက အရာအားလုံး ကို တခဏမွ် ေတြးေတာေနရင္း ေဟာင္ဖန္း ကို ျခဳံေပးဖို႔ ေစာင္တစ္ထည္ယူရန္ ဆုံးျဖတ္လိုက္သည္။ ဒရာမာမ်ိဳးစုံတြင္ ၾကည့္ဖူးသည္။ ေစာင္မပါဘဲ အိပ္ေပ်ာ္သြားတဲ့ လူေတြ က အေအးမိလြယ္သည္။
သို႔ေသာ္ မၾကာမီမွာပဲ ဒီအရာ က ႐ိုး႐ွင္းတဲ့ ကိစၥမဟုတ္ေၾကာင္း သေဘာေပါက္လာသည္။ သူက ဧည့္ခန္းအလယ္တြင္ ႐ွိၿပီး သူ႕ရဲ႕ေခါင္း က ဒုတိယထပ္ စႀကႍႏွင့္ မ်က္ႏွာခ်င္းဆိုင္ေနသည္။ အရင္တုန္းကေတာ့ ေတာ္ေတာ္ ေပ်ာ္သည္။ ေဟာင္ဖန္း အိပ္ယာမွ ႏိုးလာတိုင္း ေအာက္ထပ္သို႔ မဆင္းမီ ပြတ္သပ္ႏိုင္ခဲ့သည္။
အခုေတာ့ အရမ္း စိတ္ဓာတ္က်ေနပါသည္။ ဒုတိယထပ္ကို သြားဖို႔ က အရမ္း ျမင့္တာေၾကာင့္ ေဟာင္ဖန္းရဲ႕ ေစာင္ကို ယူၿပီး လာလို႔ မရေပ။ သူက သူ႕အိပ္ခန္းဆီသို႔ ေျပးသြား၍ ၾကည့္လိုက္ရာ ေဟာင္ဖန္း ကို ျခဳံေပးဖို႔ သင့္ေလ်ာ္တဲ့ အရာကို ေတြ႕႐ွိခဲ့သည္။ ဧည့္ခန္းဆီသို႔ တစ္ဖန္ေျပးသြားကာ အက်ႌ!
အက်ႌ အေပၚမွ ေဟာင္ဖန္းကို ေတြးမိေတာ့ အေတြးကို အျမန္ ပယ္ခ်လိုက္သည္။ ေဟာင္ဖန္း က ဝတ္စုံ အေပၚတြင္ လဲေလ်ာင္းေနသည္။ သူ႕ေအာက္ က ဝတ္စုံကို ဆြဲထုတ္လိုက္ရင္ ေဟာင္ဖန္း က ခ်က္ခ်င္း ႏိုးလာမွာ ေသခ်ာသည္။
သူက အရမ္း အအိပ္ဆက္ၿပီး သူ႕ရဲ႕ အာ႐ုံငါးပါး က အရမ္း ထိခိုက္လြယ္သည္။ မၾကာေသးမီက ေဟာင္ဖန္းရဲ႕ အိပ္စက္မႈ က အရမ္း ဆိုး႐ြားခဲ့ၿပီး သူက နံနက္ေစာေစာမွသာ အၿမဲ အိပ္ေလ့႐ွိၿပီး တစ္ခါတစ္ရံ ေလျပင္းတိုက္တဲ့ လသာေဆာင္တြင္ပင္ အိပ္ေလ့႐ွိသည္။
ေဟာင္ဖန္း အတြက္ အခုလို အိပ္ရဖို႔ ဆိုတာ အရမ္းခက္ခဲေနေတာ့ သူ႕ကို ႏိႈးလို႔ မျဖစ္ဘူးဟု ေတြးလိုက္သည္။
ေျမႀကီးေပၚမွာ လွဲေနသည္။ ေဟာင္ဖန္း ကို စိုက္ၾကည့္ရင္း သူ႕ေခါင္းႀကီးကို သူ႕အေ႐ွ႕ေျခေထာက္ေပၚတြင္ မွီေနလိုက္သည္။ လူသား ျဖစ္ရင္ အေပၚထပ္သို႔ တက္ကာ ေစာင္တစ္ထည္ ယူႏိုင္သည္ ဒါမွမဟုတ္ အားဖန္း ကို အေပၚထပ္မွ အိပ္ခန္းသို႔ သယ္သြားေပးႏိုင္မယ္ ဆိုရင္ သူ ပိုၿပီး သက္ေတာင့္သက္သာ အိပ္ေပ်ာ္ႏိုင္မည္ျဖစ္သည္။ လူမဟုတ္တဲ့ အတြက္ ႐ုတ္တရက္ စိတ္ပ်က္သြားမိသည္။ လူမဟုတ္တာေၾကာင့္ ျဖစ္ေကာင္း ျဖစ္မည္၊ ေဟာင္ဖန္း အရင္က အဆင္ေျပတယ္လို႔ ေျပာခဲ့ေပမယ့္ အခုေတာ့ ပင္ပန္းတယ္လို႔ ေျပာလာသည္။
ေတြးရင္းနဲ႔ သူ႕အၿမီးကို မသိစိတ္က လႈပ္ေနသည္။ေခါင္းကို ေျမႇာက္ကာ၊ေက်ာဘက္သို႔ လွည့္၍ အေနာက္သို႔ လွည့္လိုက္ရာ ႐ုတ္တရက္ အၾကံေကာင္းတစ္ခု ရလာသည္။
ေဟာင္ဖန္း က အပူဒဏ္ေၾကာင့္ ႏိုးလာသည္။ အိပ္ေလ ပိုပူေလလို႔ ပိုခံစားရၿပီး စိတ္မ႐ွည္စြာ လႈပ္႐ွားလိုက္မိသည္။ ေနာက္ဆုံး သူ မခံႏိုင္ေတာ့ပဲ မ်က္လုံးကို ဖြင့္ၾကည့္လိုက္သည္။ သူ႕ေ႐ွ႕တြင္ ႏွင္းျဖဴေရာင္ အေမႊး ေဖြးေဖြးႀကီးကို ၾကည့္ကာ အသက္ျပင္းျပင္း ႐ွဴရင္း အံ့အားသင့္သြားသည္။ ႐ွည္လ်ားတဲ့ အေမႊးအခ်ိဳ႕ က သူ႕ႏွာေခါင္းကို ထိသြားသည္။ ႐ုတ္တရက္ ေခါင္းငုံ႔ၿပီး ေခ်ာင္းဆိုးလိုက္သည္။
႐ႊယ္ယြဲ႕ မ်က္လုံးဖြင့္ၿပီး ေခါင္းကို ငုံ႔ၾကည့္လိုက္သည္။
"အားဖန္း ႏိုးၿပီလား"
ေဟာင္ဖန္း က သူ႕ရဲ႕ အၿမီးႀကီးအား ဖမ္းကိုင္လိုက္ၿပီး ထထိုင္လိုက္သည္။
"မင္း လား?"
႐ႊယ္ယြဲ႕ က "မင္း အေအးမိမွာ ေၾကာက္လို႔ မင္းကို တမင္သက္သက္ အၿမီးနဲ႔ ဖုံးခဲ့တာ" ေဒါသျဖင့္ ေခါင္းညိတ္လိုက္သည္။ "ဟမ့္။ ငါ က ဒုတိယထပ္ ကို မတက္ႏိုင္ဘူး၊ မင္းက မင္းရဲ႕ အက်ႌကို ဖိခ်ထားတယ္"
ေဟာင္ဖန္း အံ့အားသင့္သြားသည္။ သူက ႐ႊယ္ယြဲ႕ရဲ႕ ဉာဏ္ရည္ ျမင့္မားမႈကို ေန႔တိုင္း အံ့ဩေနခဲ့သည္။ သူ႕အၿမီး ကို ပြတ္ရင္း သူ႕ႏွလုံးသားက ေႏြးေထြးသြားသည္။
"ေက်းဇူးတင္ပါတယ္"
႐ႊယ္ယြဲ႕ က သူ႕ရဲ႕ အၿမီးကို ေဝွ႔ယမ္းကာ ေဟာင္ဖန္းရဲ႕ မ်က္ႏွာအႏွံ႔ ပုတ္လိုက္သည္။ ေဟာင္ဖန္း က ျပဳံးၿပီး ေ႐ွာင္လိုက္သည္။ သူက တျခားဘာကိုမွ စဥ္းစားဖို႔ စိတ္မ၀င္စားေတာ့ပဲ ႐ႊယ္ယြဲ႕ အတြက္ စားစရာေတြ ယူခဲ့သည္။
ရက္အနည္းငယ္ ၾကာေတာ့ ေဟာင္ဖန္း က အေရးႀကီးတဲ့ ပြဲတစ္ခု တက္ဖို႔ ႐ွိသည္။ ပြဲက မနက္ကေန ညအထိ ျဖစ္သည္။သူက ႐ႊယ္ယြဲ႕ကို ေနရာလြတ္တြင္ ထည့္ထားဖို႔ တုံ႔ဆိုင္းေနကာ ႐ႊယ္ယြဲ႕ကို ေခၚမသြားဖို႔ ဆုံးျဖတ္လိုက္သည္။
႐ႊယ္ယြဲ႕ က မေပ်ာ္ေသာ္လည္း ေဟာင္ဖန္း က "ဒီပြဲက liveလႊင့္မွာ။ မင္း ေနရာလြတ္ထဲမွာ ေရာက္ေနရင္ ဘာမွ မျမင္ရေပမယ့္ အိမ္မွာဆိုရင္ ငါ့ကို ျမင္ေနရတုန္းပဲေလ"
႐ႊယ္ယြဲ႕ ေတြးၿပီး သေဘာတူလိုက္သည္။
ေဟာင္ဖန္း က ပထမေန႔တြင္ ျပန္လာမယ္ဟု ေျပာသည္။သူက စစ္သားမဟုတ္ဘဲ စီးပြားေရးသမားဟု လည္း ေျပာသည္။ သူက တိုက္ခိုက္စရာ မလိုေပ၊ သူ႕ကို သစၥာမေဖာက္မယ့္ တစ္ေယာက္ပဲ လိုအပ္သည္။ အႏၲရာယ္မ႐ွိတာေၾကာင့္ တစ္ခ်ိန္လုံး သူ႕အေနာက္သို႔ လိုက္ေနရန္ မလိုေပ။
႐ႊယ္ယြဲ႕ တစ္ေယာက္တည္း ဗီဒီယိုေတြ အမ်ားႀကီး ၾကည့္ခဲ့ၿပီး ႐ိႈးေတြ အမ်ားႀကီး ၾကည့္ခဲ့သည္။ လူ႕စိတ္ခံစားခ်က္ေတြ ကို နားလည္ခဲ့ၿပီး ေနာက္ဆုံးတြင္ ေဟာင္ဖန္း က သူနဲ႔ ဘာေၾကာင့္ ဆက္ႏြယ္ခ်င္ေၾကာင္း နားလည္ခဲ့သည္။ သူ တစ္ေယာက္တည္း မေနခ်င္လို႔။
ေဟာင္ဖန္း က သူ႕အတြက္ တစ္ေန႔တာ အစားအေသာက္ ကို ျပင္ဆင္ေပးခဲ့သည္။ နံရံေပၚတြင္ ႀကီးမားတဲ့ မ်က္ႏွာျပင္ကိုလည္း ဖြင့္ထားေသာေၾကာင့္ တစ္ခုခု ျဖစ္ခဲ့ပါက ႐ႊယ္ယြဲ႕ က ဖန္သားျပင္ေပၚ႐ွိ ခလုတ္တစ္ခု ကို ႏွိပ္လိုက္လွ်င္ သူ႕ကို ဒါမွမဟုတ္ ႐ွဲ႕စန္းဆီသို႔ ဆက္သြယ္ႏိုင္မည္ ျဖစ္သည္။
ေဟာင္ဖန္း ထြက္သြားၿပီးေနာက္ ႐ႊယ္ယြဲ႕ က ၾကမ္းျပင္ေပၚတြင္ လဲေလ်ာင္းေနၿပီး ပြဲကို တိုက္႐ိုက္ၾကည့္႐ႈခဲ့သည္။ မစေသးတဲ့ အတြက္ အ႐ိုးပုံစံ အ႐ုပ္ကို ဖိၿပီး သူ႕အေပ်ာ္ ကိုက္ေနသည္။ ခဏၾကာေတာ့ သူ ပ်င္းလာသည္။ သူက ဒီကိစၥ ကို အရမ္း စိတ္ဝင္စားခဲ့ဖူးေသာ္လည္း ေတြးေတာၿပီးေနာက္ သူ ပိုမို ထက္ျမက္လာေၾကာင္း ေကာက္ခ်က္ခ်ခဲ့သည္။
အဲဒါကို စိတ္ထဲမွာ ထားၿပီး သူ႕အခန္းထဲ ကို ေျပးသြားကာ မွန္ထဲမွ သူ႕ရဲ႕ လွပတဲ့ မ်က္ႏွာေလးကို ခဏတာ ၾကည့္ကာ သေဘာက်သြားသည္။ ေနရာတိုင္း ကို ၾကည့္လို႔ေကာင္းတယ္ လို႔ ခံစားလိုက္ရၿပီး ဧည့္ခန္းထဲကို ျပန္ေရာက္သြားသည္။ ဖန္သားျပင္ေပၚ က လူေတြကို ၾကည့္လိုက္ေတာ့ ပိုေသးေနၿပီး ေနရာလြတ္ထဲမွာ ေနစရာမလိုဘဲ ေဟာင္ဖန္းနဲ႔ အၿမဲတမ္း ႐ွိေနႏိုင္တယ္လို႔ ေတြးလို႔မရေပ။ အကယ္၍ သူက လူသား တစ္ဦး ျဖစ္ခဲ့ပါက၊ အားဖန္း က သူ႕ကို သြားေလရာရာ၌ ေခၚသြားကာ သူ႕အေနာက္ လိုက္ႏိုင္သည္၊ သူလည္း ကူညီေပးႏိုင္သည္။ ေနာက္ဆုံးေတာ့ သူက စမတ္က်ၿပီး လွတယ္ေလ။ ႐ိႈးပြဲေတြမွာ လွပၿပီး ထက္ျမက္သူေတြ က အရမ္း ေတာ္သည္။
ေဟာင္ဖန္း က သိပၸံနဲ႔ နည္းပညာဆိုင္ရာ ထိပ္သီးေဆြးေႏြးပြဲ ကို တက္ေရာက္ခဲ့သည္။ ႐ႊယ္ယြဲ႕ က သိပ္နားမလည္သလို ဂ႐ုမစိုက္ဘဲ ေဟာင္ဖန္းကိုသာ စိုက္ၾကည့္ေနသည္။ ရံဖန္ရံခါ သူက လမ္းသြားလမ္းလာေတြ ကို ငုံ႔ၾကည့္ၿပီးေနာက္ သူ႕ရဲ႕ အၿမီးကို ေဝွ႔ယမ္းကာ သက္သာရာ ရသြားသည္ဟု ေတြးလိုက္သည္။ တကယ္ပဲ ေဟာင္ဖန္း က ၾကည့္လို႔ အေကာင္းဆုံး ျဖစ္ေနဆဲပင္ ျဖစ္သည္။
သို႔ေသာ္ သတင္း ထုတ္လႊင့္ေနသူ က အမ်ိဳးသမီးနဲ႔ ေဟာင္ဖန္းတို႔ႏွစ္ေယာက္ က လိုက္ဖက္ညီေၾကာင္း ေျပာဆိုေနၾကၿပီး အမ်ိဳးသမီးတစ္ဦးႏွင့္ ေဟာင္ဖန္း တြဲရပ္ေနတာ ကို ျမင္ေတြ႕ၿပီးေနာက္ သူ႕ရဲ႕ သာယာေနတဲ့ ခံစားခ်က္ က ေလထဲတြင္ ေပ်ာက္ကြယ္သြားခဲ့သည္။ ေကာင္မေလးကို ခဏေလာက္ စိုက္ၾကည့္ရင္း သက္ျပင္း႐ွည္ႀကီး ခ်ကာ ေခါင္းကို ေ႐ွ႕ေျခေထာက္ေပၚ တင္၍ ဝမ္းနည္းေနမိသည္။
ေဟာင္ဖန္းရဲ႕ အျမင္အာ႐ုံ က ဆိုး႐ြားလြန္းလွသည္။ဒီေလာက္ ေခ်ာေမာတဲ့ ဆက္ႏြယ္သားရဲ ကို သူ ေ႐ြးခ်ယ္ႏိုင္ခဲ့ေပမယ့္ ႐ုပ္ဆိုးတဲ့ လူကို ဘာေၾကာင့္ ေ႐ြးခ်ယ္ရတာလဲ။
အြန္လိုင္းမွာ ေျပာတာ မမွန္ေပ။
႐ႊယ္ယြဲ႕ ၾကမ္းျပင္ကို လက္သည္းမ်ားျဖင့္ ကုတ္လိုက္ၿပီး စိတ္ထဲတြင္ ႐ႈပ္ယွက္ခတ္ေနသည္။ အားဖန္း က အေဖာ္႐ွာခ်င္ေနတာလား။ အဲဒီလို ေတြးၾကည့္မိေတာ့ နာက်င္ခံစားရသည္။ သားရဲသခင္ က သူ႕အိမ္ေထာင္ဖက္႐ွိတဲ့ အခါ ေပ်ာ္႐ႊင္ေပးတာ က မွန္သည္။
ဒါေပမယ့္ သူက ေဒါသတႀကီး ေအာ္ဟစ္ေနခ်င္ခဲ့သည္။
ဟမ့္၊ အရမ္း လြန္တယ္။ အားဖန္းမွာ သူ ႐ွိၿပီးသားေလ၊ ဘာျဖစ္လို႔ အိမ္ေထာင္ဖက္ အေၾကာင္း ဘာလို႔ ေတြးခ်င္ေနတာလဲ။ သူက ေခ်ာေမာလွပၿပီး စမတ္က်သည္။ လူ မဟုတ္လို႔လား။
ၾကမ္းျပင္ကို ျခစ္ၿပီး တိုးတိုးေလး ေအာ္လိုက္သည္။ လူေတြကလည္း သားရဲကေန ေျပာင္းသြားတာ မဟုတ္ဘူးလား၊ သားရဲေတြ ကို ဘာျဖစ္လို႔ ႏွိမ့္ခ်ေနၾကတာလဲ။
ေဟာင္ဖန္း ျပန္ေရာက္လာၿပီး အရက္နံ႔ ရလာသည္။ ႐ႊယ္ယြဲ႕ ဒီအနံ႔ ကို သိသည္။ အားစန္း အိမ္မွာ အနံ႔ရၿပီး တိတ္တဆိတ္ ျမည္းၾကည့္ဖူးသည္။ အရမ္း ျပင္းၿပီး အရသာ မေကာင္းေပ။
႐ႊယ္ယြဲ႕ကေတာ့ သိပ္မေပ်ာ္ေတာ့ သူ႕အေပၚ ခုန္တက္ၿပီး မႏႈတ္ဆက္ေသာ္လည္း ေဟာင္ဖန္း က ႀကိဳးကို ဆြဲကာ မ်က္ေမွာင္ၾကဳတ္တာ ျမင္ေတာ့ ေ႐ွာင္မေျပးႏိုင္ဘဲ လက္သည္းေတြ ကို ေျမႇာက္လိုက္သည္။ ေဟာင္ဖန္း မၾကာခဏ ဝတ္တတ္တဲ့ ခ်ည္ဖိနပ္တစ္ရံ ကို ေျမႀကီးေပၚသို႔ ဆြဲခ်လိုက္ရသည္။
ေဟာင္ဖန္း က ဖိနပ္ ကို ၾကည့္ကာ ျပဳံးၿပီး ႐ႊယ္ယြဲ႕ရဲ႕ လည္ပင္းကို ပြတ္သပ္လိုက္သည္။
"အရမ္း ေတာ္တယ္"
သူက ဖိနပ္ကိူ ေျပာင္းစီးရန္ ႐ႊယ္ယြဲ႕ အေပၚတြင္ သူ႕ကိုယ္ကို မွီထားလိုက္သည္။ ႀကိဳးကို ဆြဲကာ နဖူးကို ပြတ္၍ ဆိုဖာေပၚတြင္ ထိုင္လိုက္သည္။ သူ႕လက္ က ႐ႊယ္ယြဲ႕ရဲ႕ ေျခဖဝါး ကို ဆတ္ခနဲ ထိသြားသည္။ အရမ္း ႏူးညံ့ၿပီး အရမ္း ေႏြးေထြးသည္။
သူ႕ တစ္ကိုယ္လုံး ေျပေလ်ာ့သြားၿပီး အိပ္ေပ်ာ္ဖို႔ အခ်ိန္သိပ္မၾကာလိုက္ေပ။
သို႔ေသာ္ သူ ေကာင္းေကာင္း မအိပ္ခဲ့ရေပ။ ေန႔ခင္းဘက္ ေနမေကာင္းျဖစ္ေနတုန္း အစည္းအေဝးတက္ေနတဲ့ သူ႕အဖိုးရဲ႕ ျမင္ကြင္းနဲ႔ လူေတာ္ေတာ္ မ်ားမ်ား အေ႐ွ႕မွာ သူ႕ကို အမေတြနဲ႔ မိတ္ဆက္ေပးတဲ့ ျမင္ကြင္းကို ၾကည့္ကာ ထိန္းမႏိုင္ သိမ္းမရ မ်က္ေမွာင္ၾကဳတ္သြားသည္။မၾကာလင္မွာပဲ ျမင္ကြင္း က ေျပာင္းသြားသည္။ သူ႕အဖိုး က တျခားအမ ကို သူ႕ဗီလာဆီ ေခၚသြားခိုင္းတဲ့အခါ ေဒါသထြက္ကာ ျငင္းခဲ့သည္။
ေနာက္ဆုံး ျမင္ကြင္း က သူ႕အဖိုးနဲ႔ အဘိုးက သူ႕ကို အတုအေယာင္ အျပဳံးေတြနဲ႔ ႏႈတ္ဆက္ကာ ဂ႐ုစိုက္ေပးခဲ့ၾကသည္။ သူ႕ပတ္ပတ္လည္တြင္ အမမ်ား ဝန္းရံေနၿပီး သူ႕ကို ခ်စ္ခင္သလို၊ ဂ႐ုစိုက္သလို၊ ရည္းစားေတြလို ျပဳမူေနၾကသည္။
သူက အရိပ္ကဲ့သို႔ ယားယံမႈ ကို ခံႏိုင္ရည္႐ွိေအာင္ ႀကိဳးစားခဲ့သည္။ အကယ္၍ သူတို႔သည္ အျခားလူမ်ားဆိုလွ်င္ သူ႕လက္ကို ေျမႇာက္ကာ ထြက္ခြာသြားတာ ဒါမွမဟုတ္ တစ္စုံတစ္ေယာက္အား ေမာင္းထုတ္ရန္ ေတာင္းဆိုမိလိမ့္မည္။
ဆိုဖာေဘးမွာ လွဲေနတဲ့ ႐ႊယ္ယြဲ႕ က ေဟာင္ဖန္း ကို စိုက္ၾကည့္ေနသည္။ ေဟာင္ဖန္းရဲ႕ မ်က္ႏွာေပၚ က စိတ္ဖိစီးမႈမွာ သိသာထင္႐ွားသည္။ သူ သူ႕လွ်ာကို ထုတ္ကာ ေဟာင္ဖန္းရဲ႕ နဖူးအပူခ်ိန္ ကို စမ္းၾကည့္ခ်င္ေသာ္လည္း သူ႕ကို ႏိႈးမိမွာ ေၾကာက္႐ြံ႕ခဲ့သည္။ သူ႕လွ်ာကို ျပန္ဆုတ္လိုက္ၿပီး စိမ္းျပာေရာင္ မ်က္လုံးလွလွေလးေတြနဲ႔ ေဒါသတႀကီး စိုက္ၾကည့္ရင္း ေခါင္းကို ငုံ႔ထားလိုက္သည္။
ဘာမွ မလုပ္ႏိုင္ခဲ့ေပ။ ေဟာင္ဖန္း က တိုက္ခိုက္ေရးသမား ျဖစ္ၿပီး တိုက္ခိုက္ဖို႔ လိုအပ္ပါက၊ သူသည္ တိုက္ခိုက္ရန္ ကူညီေပးႏိုင္ေသာ္လည္း အားဖန္း လိုအပ္တဲ့ အရာမွာ တိုက္ခိုက္ေရးသမား လုံးဝ မဟုတ္ေပ။ သူနဲ႔ အတူ႐ွိေပးၿပီး ပင္ပန္းႏြမ္းနယ္မႈ ကို သက္သာေစမယ့္ လက္တြဲေဖာ္ တစ္ေယာက္ လိုတာ ျဖစ္သည္။
ေဒါသထြက္ေနသည္။ သူ႕ဘာသာသူ စိတ္ဆိုးေနသည္။သူ လူျဖစ္ခဲ့ရင္ ပိုေကာင္းလိမ့္မယ္။
စိတ္မခ်မ္းသာစြာျဖင့္ မ်က္လုံးေတြ ကို မွိတ္ထားလိုက္သည္။ သူ႕တစ္ကိုယ္လုံး ပူေလာင္ေနတာ ကို ခံစားလိုက္ရသည္။ အပူက ျဖတ္သန္းသြားသည္။ ဘယ္ေနရာ က လာတယ္ ဆိုတာ မခံစားႏိုင္ဘဲ ေနရာတိုင္း က ပူေနသည္။ ေျခ၊လက္ေတြ ပူၿပီး နာက်င္ ကိုက္ခဲေနသည္။ လႈပ္႐ွားခ်င္ေသာ္လည္း သူ႕ရဲ႕ ခြန္အားကို အသုံးမခ်ႏိုင္ပုံ ရသည္။
အခ်ိန္ေတြ က တုႏိႈင္းမရေအာင္ ႐ွည္လ်ားလာပုံရသည္။ မီးဖိုထဲသို႔ ခုန္ဆင္းသြားရသလိုမ်ိဳး တစ္ကိုယ္လုံး ပူေလာင္ကာ နာက်င္ေနသည္။ သူ ဘယ္အခ်ိန္ သတိလစ္သြားမွန္း မသိေပ။
ေဟာင္ဖန္းရဲ႕ ႀကိမ္းေမာင္းသံေၾကာင့္ ႐ႊယ္ယြဲ႕ ႏိုးလာသည္။
"မင္း က ဘယ္သူလဲ?"
ေဟာင္ဖန္းရဲ႕ အသံ က ၾကမ္းတမ္းၿပီး အရက္နာက်ေနတဲ့ အသံနဲ႔ တူသည္။
႐ႊယ္ယြဲ႕ရဲ႕ မ်က္ခြံမ်ား လႈပ္သြားၿပီး အံ့ၾသသြားသည္။ မေန႔ညက မႏွစ္ၿမိဳ႕ဖြယ္ နာက်င္မႈ အႂကြင္းအက်န္ေတြ မ႐ွိေတာ့ဘဲ သူ႕ရဲ႕ ခႏၶာကိုယ္ က အရမ္း ေပါ့ပါးသြားသည္ကို ေတြ႕လိုက္ရသည္။
ေဟာင္ဖန္း ကို မေက်မနပ္ စိုက္ၾကည့္လိုက္သည္။
"ငါ က ႐ႊယ္ယြဲ႕ေလ။ မင္းကိုယ္မင္း အေသာက္လြန္ၿပီး ႐ူးသြားတာလား"
စကားလုံးေတြ ထြက္က်လာသည္ႏွင့္ တၿပိဳင္နက္ သူ ထိတ္လန္႔သြားသည္။ ဒါက သူ႕အသံ မဟုတ္ဘူးေလ။ မဟုတ္ေသးဘူး၊ အသံေန အသံထား က အတူတူပဲလို႔ ေျပာသင့္တယ္၊ ဒါေပမယ့္ ဒါက လူေတြရဲ႕ ဘာသာစကားပဲ။ သူ႕ ေခါင္းကို ငုံ႔ထားကာ သူ႕အေ႐ွ႕တြင္ အျဖဴေရာင္ တစ္ခု ႐ွိေနေသာ္လည္း သူရဲ႕ သားေမႊးေတြ အစား အဲဒါက လူ႕အေရျပား ျဖစ္ေနသည္။
မတ္တပ္ရပ္လိုက္ေတာ့၊ ေျမျပင္ေပၚ သြားတဲ့ ေျခသည္းေတြ မဟုတ္ေတာ့ဘဲ လူရဲ႕ လက္ဖဝါး ျဖစ္ေနကာ အျမင္အာ႐ုံေတြကလည္း ပိုတိုလာတာ ကို သိလိုက္ရသည္။
"မင္း..." ေဟာင္ဖန္း သူ႕ေ႐ွ႕တြင္ အဝတ္ မပါဘဲ ထိုင္ေနတဲ့ လွပေသာ ဆယ္ေက်ာ္သက္ေလး ကို ထိတ္လန္႔စြာ ၾကည့္လိုက္သည္။ ဆယ္ေက်ာ္သက္တြင္ ႐ႊယ္ယြဲ႕ရဲ႕ သားေမႊးနဲ႔ တူတဲ့ အျဖဴေရာင္ ဆံပင္႐ွည္၊ ၾကည္လင္တဲ့ စိမ္းျပာေရာင္ မ်က္လုံးေတြနဲ႔ ႏူးညံ့သိမ္ေမြ႕တဲ့ အသြင္အျပင္မ်ား ႐ွိသည္။ သူက ျဖဴစင္ၿပီး ခ်စ္စရာေကာင္းေနသည္။
ဆယ္ေက်ာ္သက္ရဲ႕ လႈပ္႐ွားမႈေတြ ကို သူ သတိထားမိသည္။ သူက လူသား တစ္ေယာက္လို မတ္တပ္ရက္ေနတာ မဟုတ္ဘဲ ႐ႊယ္ယြဲ႕လို ေလးဘက္ ေထာက္ေနသည္။ ဆယ္ေက်ာ္သက္ေလး ေျပာခဲ့တာကို နည္းနည္းေတာ့ ယုံၾကည္စ ျပဳလာသည္။
႐ႊယ္ယြဲ႕ အံ့ၾသသြားၿပီးေနာက္ သူ စပ္စပ္စုစု ေမာ့ၾကည့္လိုက္သည္။
"ငါ က အ႐ြယ္ ေရာက္လာၿပီလား?"
ျဖစ္ႏိုင္ေတာ့ သူ အရမ္း အံ့ၾသသြားသည္။ သူ႕ရဲ႕ ဆံပင္ျဖဴမွာ ဖုံးကြယ္ထားတဲ့ နား႐ြက္ ျဖဴျဖဴေလးေတြ က ႐ုတ္တရက္ လႈပ္ယမ္းသြားသည္။
ေဟာင္ဖန္းရဲ႕ အသက္႐ႈသံေတြ ခဏ ရပ္တန္႔သြားသည္။ သူ႕မွာ ဆိုး႐ြားတဲ့ အက်င့္တစ္ခု ႐ွိတာ ကို သူဘယ္တုန္းကမွ မသိခဲ့ေသာ္လည္း သူ႕ေ႐ွ႕က ျမင္ကြင္းက လြန္လြန္းသည္။
႐ႊယ္ယြဲ႕ ေအးခဲသြားၿပီးေနာက္ သူ ရယ္လိုက္ျပန္သည္။ သူ႕ေျခဖဝါး ကို ဆုန္႔ထုတ္လိုက္သည္။ သူက ဆိုဖာေပၚသို႔ ေျပးတက္ကာ ေဟာင္ဖန္းရဲ႕ ရင္ခြင္ထဲသို႔ တန္းတန္းမတ္မတ္ တိုးကာ ေပြ႕ဖက္လိုက္ၿပီး
"အားးးးး၊ ေကာင္းလိုက္တာ! အားဖန္း၊ ငါ မင္းကို ေနာက္ဆုံးေတာ့ ဖက္လို႔ရၿပီ။
ေဟာင္ဖန္း မသိစိတ္က သူ႕အား လက္ႏွစ္ဖက္ျဖင့္ ဖက္ထားၿပီးေနာက္ သူ႕လက္ႏွင့္ ထိလိုက္တဲ့ ေခ်ာေမြ႕ေသာ အသားအေရရဲ႕ ခံစားမႈ က သူ႕လက္မွ ခ်က္ခ်င္း ထြက္ေပၚလာသည္။ သူ႕ႏွလုံးခုန္သံ ျမန္သြားၿပီး ဆယ္ေက်ာ္သက္ ကို မထိမိေစရန္ လက္ဖဝါးကို ခ်က္ခ်င္း ေျမႇာက္လိုက္သည္။ သူ လည္ပင္းကို ေစာင္းထားၿပီး သူတို႔ ႏွစ္ေယာက္ၾကား အကြာအေဝးကို တတ္ႏိုင္သမွ် ျခားေအာင္ ႀကိဳးစားခဲ့သည္။
"မင္း အရင္ ဖယ္ဦး။ ငါ မင္းအတြက္ အဝတ္အစားတစ္ထည္ သြား႐ွာလိုက္မယ္"
႐ႊယ္ယြဲ႕ သူ႕ေျခေထာက္ေတြ ကို လိမ္လိုက္သည္။ ေဟာင္ဖန္း က ဆယ္ေက်ာ္သက္သည္ ေခါင္းမာလြန္းသည္ ဟု အံႀကိတ္ကာ စိတ္ထဲ က ေအာ္လိုက္သည္။ ႐ႊယ္ယြဲ႕ က
"အဝတ္မဝတ္ဘူး။ ေနရတာ အဆင္မေျပဘူး"
ေဟာင္ဖန္းရဲ႕ ခိုင္မာတဲ့ သေဘာထား ေအာက္တြင္ ႐ႊယ္ယြဲ႕သည္ ေဟာင္ဖန္းရဲ႕ အနက္ေရာင္ အက်ႌကို ဝတ္လိုက္ရသည္။ ေဟာင္ဖန္းသည္ ဆယ္ေက်ာ္သက္ ကို ၾကည့္ၿပီး ေနာင္တ ရသြားသည္။ ဆယ္ေက်ာ္သက္ရဲ႕ ဆံပင္ အျဖဴႏွင့္ ႏွင္းကဲ့သို႔ ျဖဴစင္ေနတဲ့ အသားအရည္ေၾကာင့္ သူ႕ ကို အနက္ေရာင္ ဝတ္ခိုင္းတာ က မိုက္မဲလြန္းလွသည္။
႐ႊယ္ယြဲ႕ က ငုံ႔ၿပီး ေလးဘက္ ေထာက္ခ်င္ေနတာ ေတြ႕ေတာ့ သူ႕လက္ ကို အျမန္ ဆြဲလိုက္သည္။
"ေျခေထာက္နဲ႔ လမ္းေလွ်ာက္ပါ။ ငါ အားစန္း ကို ဆက္သြယ္ၿပီး ေနာက္မွ သူ႕အိမ္ကို လိုက္သြားမယ္"
႐ႊယ္ယြဲ႕ က သူ႕ကိုယ္သူ လက္ႏွစ္ဖက္ ကို ေျမႇာက္ကာ ေျခလွမ္း ႏွစ္လွမ္း လွမ္းၿပီး စိတ္မခ်မ္းသာစြာ ေလွ်ာက္လာသည္။
"ငါ အဲဒါကို အသားမက်ဘူး၊ ငါ ဒုကၡိတ တစ္ေယာက္လို ခံစားရတယ္"
ေဟာင္ဖန္း က အရမ္း အားကိုးရာမဲ့ေနခဲ့သည္။ "လူေတြ က ေျခေထာက္နဲ႔ လမ္းေလွ်ာက္ၾကတာ"
႐ႊယ္ယြဲ႕ သူ႕လက္ကို ခါလိုက္ၿပီး ေျခဖဝါးနဲ႔ လမ္းေလွ်ာက္ဖို႔ ႀကိဳးစားသည္။ သူ႕ခႏၶာကိုယ္ ေ႐ွ႕သို႔ ျပဳတ္က်မသြားမီ ေျခတစ္လွမ္းသာ လွမ္းလိုကရၿပီး သူ႕ေ႐ွ႕ေျခသည္းေတြနဲ႔ အလိုအေလ်ာက္ လွမ္းဖို႔ ႀကိဳးစားလိုက္သည္။
ေဟာင္ဖန္း က သူ႕ကို အခ်ိန္မီ ဖမ္းေပးခဲ့ၿပီး သူ႕ရဲ႕ ေဒါသထြက္ကာ ေဖာင္းကားေနတဲ့ မ်က္ႏွာကို ၾကည့္ၿပီး ရယ္ေမာ၍ အားကိုးရာမဲ့သလို ခံစားလိုက္ရတယ္။ လူကို သူ႕လက္ထဲတြင္သာ ဖက္ထားခဲ့ရသည္။
"ငါ မင္းကို အားစန္းဆီ အရင္ ေခၚသြားၿပီး ဘာျဖစ္တာလဲ ေမးေပးမယ္"
႐ႊယ္ယြဲ႕ က ေပ်ာ္႐ႊင္စြာ သူ႕လည္ပင္းကို လက္ႏွစ္ဖက္ျဖင့္ ဖက္ကာ ေျခေထာက္ ကို ကန္ထုတ္လိုက္သည္။
"လူ ျဖစ္ရတာ ေကာင္းတယ္။ မဟုတ္ရင္ အားဖန္း က ငါ့တစ္ကိုယ္လုံး ကို လုံးဝ မထိန္းႏိုင္ဘူး"
ေဟာင္ဖန္း သည္ ဧရာမ ဝံပုေလြသားရဲႀကီးရဲ႕ အ႐ြယ္အစား ကို ျပန္ေတြးကာ ျပဳံးလိုက္သည္။ သူတကယ္ မထိန္းႏိုင္ေပ။
ေဟာင္ဖန္း က လွပတဲ့ ဆယ္ေက်ာ္သက္ တစ္ေယာက္ ကို ဧည့္ခန္းထဲသို႔ သယ္ေဆာင္လာတာ ကို ၾကည့္ရင္း ႐ွဲ႕စန္း အံ့အားသင့္သြားသည္။
"မင္းရဲ႕ ေကာင္ေလးလား?၊ ေျခေထာက္ ဒဏ္ရာ ရထားတာလား?"
ေဟာင္ဖန္း က ႐ႊယ္ယြဲ႕ ကို ဆိုဖာေပၚ တင္လိုက္သည္။ သူ ဘာမွ ျပန္မေျပာခင္ ႐ႊယ္ယြဲ႕ က ႐ွဲ႕စန္း ကို ေလျပင္းတစ္ခ်က္လို ဝင္တိုက္ၿပီး ႐ွဲ႕စန္းရဲ႕ လည္ပင္းနားမွာ ေခါင္းကို ပြတ္ရင္း
"အားစန္း...!"
မိုင္နဲ က ေအးစက္တဲ့ မ်က္ႏွာျဖင့္ ႐ႊယ္ယြဲ႕ရဲ႕ ေကာ္လာကို ဖမ္းကိုင္လိုက္ၿပီး လူကို ေဟာင္ဖန္း အေပၚသို႔ ပစ္ခ်လိုက္သည္။
"သူ႕ကို ေစာင့္ၾကည့္ထားပါ။ သူ ဒီလို ထပ္လုပ္ရဲရင္ ႐ိုင္း႐ိုင္းစိုင္းစိုင္း လုပ္လို႔ ငါ့ကို အျပစ္မတင္နဲ႔"
ႏွစ္ႏွစ္နီးပါးအ႐ြယ္ ေပါင္ေပ့ က သခြားေမႊးသီး ကို ကိုင္ကာ ႐ႊယ္ယြဲ႕ ကို ၾကည့္ၿပီး မိုင္နဲ ကို ၾကည့္လိုက္သည္။
"အေဖ၊ ပါးပါး ကို ခိုးဖို႔ ႀကိဳးစားေနတာလား"
႐ွဲ႕စန္း က ပါးစပ္ေထာင့္ကို သုတ္လိုက္သည္။ "မဟုတ္ဘူး၊ မင္းရဲ႕ သခြားေမႊးသီး ကို ဆက္စားေနပါ"
"အိုး..." ေပါင္ေပ့ က ေခါင္းငုံ႔ကာ သခြားေမႊးသီး ကို ဆက္၍ ကိုက္လိုက္သည္။
ေဟာင္ဖန္း က ေလွ်ာက္မသြားေအာင္ ႐ႊယ္ယြဲ႕ရဲ႕ ခါးကို ဖက္ထားသည္။ ႐ႊယ္ယြဲ႕ က သူ႕ရင္ခြင္ထဲတြင္ တြယ္ကပ္ေနၿပီး ခ်က္ခ်င္းပဲ ေနလို႔ ထိုင္လို႔ ေကာင္းသြားသည္။ ေဟာင္ဖန္း က သူတို႔ကို ေျပာျပၿပီးေနာက္ ႐ွဲ႕စန္း က ႐ႊယ္ယြဲ႕ ကို အံ့အားသင့္စြာ ၾကည့္ေနေလသည္။ သူ မ်က္ေတာင္ခတ္လိုက္ၿပီး သူ႕ရဲ႕ ခြၽန္ေနတဲ့ နား႐ြက္ေတြ ကို ထုတ္ေဖာ္လိုက္သည္။
"အားစန္း၊ နား႐ြက္ေတြ ႐ွိေနတုန္းပဲ"
႐ွဲ႕စန္း က အက္ဒမ္နဲ႔ စိတ္ထဲတြင္ ဆက္သြယ္ေျပာဆိုခဲ့ၿပီး "အေၾကာင္းရင္း အတိအက် ကိုေတာ့ ငါလည္း မသိပါ။ အရင္ကေတာ့ လက္႐ွိ လူသားေတြ က တစ္ခ်ိန္က သားရဲေတြ က ေျပာင္းလဲသြားခဲ့ေၾကာင္း ေရးသားထာ ေတြ႕ဖူးတယ္၊ အဲဒါေၾကာင့္ ဆက္ႏြယ္သားရဲေတြ က လူသားေတြ ျဖစ္လာႏိုင္တယ္ လို႔ အရင္က ေဒါက္တာပိုင္ က ေျပာခဲ့တယ္။ အထူးသျဖင့္ စြမ္းအင္ဒဏ္ကို ခံစားခဲ့ရသူေတြပဲ။ ဒါေပမယ့္လည္း ေဒါက္တာ ပိုင္ က လက္႐ွိ လႈံ႕ေဆာ္မႈ အေျခအေနေတြနဲ႔ ကိုက္ညီဖိူ႕ ခက္ခဲၿပီး အခြင့္အလမ္း လိုအပ္ေၾကာင္းလည္း ေျပာခဲ့တယ္။ အနည္းဆုံး၊ ဆက္ႏြယ္သားရဲ ကိုယ္တိုင္က လူသားျဖစ္ဖို႔ စိတ္အားထက္သန္ေနရမယ္"
ေဟာင္ဖန္းက ေခါင္းညိတ္ျပေနတဲ့ ႐ႊယ္ယြဲ႕.ကို ၾကည့္လိုက္သည္။
"ကြၽန္ေတာ္.က လူသား ျဖစ္ခ်င္ခဲ့တာ။ အားဖန္း ကို ဖက္ခ်င္တယ္၊ အားဖန္းနဲ႔ ေနရာတိုင္း လိုက္ခ်င္တယ္၊ အားဖန္း ကို ဂ႐ုစိုက္ခ်င္တယ္"
ေဟာင္ဖန္း အံ့အားသင့္သြားၿပီး သူ႕နား႐ြက္ကို ပြတ္လိုက္သည္။ "ငါ့ကို ဂ႐ုစိုက္ခ်င္တာလား"
"အင္း" ႐ႊယ္ယြဲ႕ က တိုးညႇင္းစြာ ေအာ္ဟစ္လိုက္သည္။ "ကိုယ့္ကိုကိုယ္ ဘယ္လို ဂ႐ုစိုက္ရမွန္း မသိဘူးေလ!"
႐ွဲ႕စန္း မ်က္လုံးေတြ က စုံတြဲတစ္တြဲ အေပၚ ၾကည့္ကာ မွိတ္တုတ္မွိတ္တုတ္ ျဖစ္ေနသည္။
"ဆက္ႏြယ္သားရဲ ေတာ္ေတာ္ မ်ားမ်ား က စြမ္းအင္ရဲ႕ သက္ေရာက္မႈ ကို တစ္ႀကိမ္ပဲ ခံခဲ့ရေပမယ့္ ႐ႊယ္ယြဲ႕ ကေတာ့ ႏွစ္ႀကိမ္ ခံရဖူးတယ္။ အစပိုင္းမွာ အနီေရာင္စြမ္းအင္၊၊ ၿပီးေတာ့ သူက ေျမႀကီးစြမ္းအင္ႏွင့္ ထိေတြ႕ခဲ့တယ္ေလ။ သူကလည္း လူသားျဖစ္ခ်င္တယ္၊ ဒါေၾကာင့္ သူလည္း လူသားျဖစ္လာႏိုင္တာ"
သူက ျပဳံးလိုက္ၿပီး "ေဒါက္တာပိုင္ ကို ေမးၾကည့္ပါ၊ သူက ကြၽမ္းက်င္တယ္" သူ စနစ္မွ ေနာက္ထပ္ သစ္သီးမ်ားႏွင့္ ဟင္းသီးဟင္း႐ြက္ အခ်ိဳ႕ကို လဲလွယ္ခဲ့သည္။
"ဒါေတြကို ေကြၽးပါ။ အဲဒါ က ႐ႊယ္ယြဲ႕ ကို ကူညီေပးလိမ့္မယ္"
ေဟာင္ဖန္း က ေက်းဇူးတင္စကား ေျပာၿပီး ထြက္သြားၿပီး ေဒါက္တာပိုင္ထံ တိုက္႐ိုက္သြားလိုကြသည္။
"IQ ျမင့္တဲ့ သားရဲေတြ ကို ေတြ႕ၿပီးေတာ့ ရည္႐ြယ္ခ်က္႐ွိ႐ွိ သုေတသနေတြ ထပ္လုပ္ခဲ့တယ္။ ဒီေနရာ လက္႐ွိ ပတ္ဝန္းက်င္ က အရင္ကနဲ႔ အရမ္း ကြာျခားသြားၿပီ၊ အခု လူသားအျဖစ္ ေျပာင္းလဲဖို႔ အရမ္း ခက္ခဲေနၿပီ၊ဒါေပမယ့္ အားစန္း က စြမ္းအင္ အခ်ိဳ႕ကို ေဖာ္ျပခဲ့တယ္။ ငါ့ရဲ႕ သုေတသနျပဳခ်က္ အရ စြမ္းအင္ ဒဏ္ခံရတဲ့ သားရဲေတြ ပ စြမ္းအင္ဒဏ္ မခံရတဲ့ သားရဲေတြထက္ လူသားေတြနဲ႔ ဆင္တူႏႈန္း ပိုမ်ားတာ ေတြ႕ခဲ့တယ္" ေနာက္ဆုံးတြင္ သူက "အားစန္းရဲ႕ ေျပာၾကားခ်က္ ကို သေဘာတူတယ္။ သူက စြမ္းအင္ႏွစ္ခုလုံးရဲ႕ သက္ေရာက္မႈ ကို ခံခဲ့ရၿပီး လူသားျဖစ္လိုတဲ့ ဆႏၵျပင္းျပတဲ့ အခ်က္နဲ႔ ဆက္စပ္ေနေလာက္တယ္"
ေဟာင္ဖန္း က "ဒါဆို သူ ျပန္ေျပာင္းသြားမွာလား"
"မေျပာင္းေလာက္ဘူး၊ ေျပာင္းလဲမႈ က အ႐ိုး အေပၚ ဖိအားမ်ားစြာ သက္ေရာက္ေစၿပီး သီအိုရီအရေတာ့ မျဖစ္ႏိုင္ဘူး"
ေဟာင္ဖန္း က "သူ႕နား႐ြက္ေတြ က ဘယ္လိုလဲ" ဟု ထပ္ေမးသည္။
ေဒါက္တာပိုင္ က စိတ္မေကာင္းစြာနဲ႔ "ေတာင္းပန္ပါတယ္။ အခုအေျခအေန အရေတာ့ သူ႕မွာ ျပင္းထန္တဲ့ ဆႏၵ႐ွိရင္ ပုံမွန္ နား႐ြက္ ကို ေျပာင္းသြားလိမ့္မယ္လို႔ပဲ ေကာက္ခ်က္ခ်ႏိုင္တယ္"
ေဟာင္ဖန္း က ေက်းဇူးတင္စကား ေျပာၿပီး ႐ႊယ္ယြဲ႕ ကို ဗီလာသို႔ ျပန္ေခၚသြားခဲ့သည္။ ေဟာင္ဖန္း သူ႕ကို လႊတ္ေပးလိုက္တာနဲ႔ သူ႕ရဲ႕ အိပ္ခန္းဆီကို ေလးဘက္ေထာက္ ေျပးလာၿပီး လွဲခ်လိုက္သည္။ ေဟာင္ဖန္း ထိတ္လန္႔သြားၿပီး သူ႕ေနာက္ကို အလ်င္အျမန္ လိုက္လာခဲ့သည္။
"မင္း ဘာလိုခ်င္လို႔လဲ? ျဖည္းျဖည္း သြားပါ"
သူက တံခါးဆီသို႔ ေျပးသြားကာ အထဲ ကို ငုံ႔ၾကည့္ၿပီး ခ်က္ခ်င္းပဲ သူ႕အၾကည့္ကို ဖယ္လိုက္သည္။
ဆယ္ေက်ာ္သက္ က အဝတ္အစားေတြ ကို ခြၽတ္ထားၿပီး မွန္ေ႐ွ႕မွာ ဘယ္၊ညာၾကည့္ေနသည္။ သူ႕ခႏၶာကိုယ္က ပုံျပင္ စာအုပ္ထဲက မွင္စာလို ျဖစ္ေနကာ မွန္ေ႐ွ႕မွာ ရပ္ေနသည္။
႐ႊယ္ယြဲ႕ က သူ႕ပုံစံကို ေက်နပ္သြားသည္။ သူ႕မ်က္လုံးထဲမွာေတာ့ သူ႕အသြင္အျပင္ က လုံးဝ ေျပာင္းမသြားေပ။ သူက သူ႕ရဲ႕ သားရဲပုံစံအတိုင္းပင္ လွပ ေခ်ာေမာေနေသးသည္။ သူက ေခါင္းကို လွည့္ၾကည့္လိုက္ေတာ့ ေဟာင္ဖန္း က သူ႕ကို မၾကည့္တာ ကို ေတြ႕လိုက္ရၿပီး ေက်မနပ္ ျဖစ္သြားသည္။
"ငါက ၾကည့္မေကာင္းဘူးလား?"
ေဟာင္ဖန္း က အရမ္း အားကိုးရာမဲ့ေနခဲ့သည္။ "အရင္ဆုံး မင္းရဲ႕ အဝတ္အစားေတြ ကို ဝတ္လိုက္ပါ။ မင္းက အခုမွစၿပီး လူသား တစ္ေယာက္ ျဖစ္ေနလို႔ မင္း လူ႕ဘဝနဲ႔ လိုက္ေလ်ာ ညီေထြျဖစ္ေအာင္ ေနရမယ္"
"ဒါဆို ငါ ၾကည့္ေကာင္းလား၊ မေကာင္းဘူးလား" ႐ႊယ္ယြဲ႕ က ဇြတ္ေမးသည္။
ေဟာင္ဖန္း ငိုခ်င္ၿပီး ရယ္ပစ္လိုက္သည္။ ႐ႊယ္ယြဲ႕ က အလွအပကို ႏွစ္သက္တာ အသားက်ေနသည္။ အခု လူသား ျဖစ္လာေသာ္လည္း သူက အတူတူပဲ ျဖစ္ပုံရသည္။ သူက ျမန္ျမန္ ေျပာလိုက္သည္။
"ၾကည့္ေကာင္းတယ္။ အခု မင္းရဲ႕ အဝတ္အစားေတြ ဝတ္လိုက္ေတာ့"
႐ႊယ္ယြဲ႕ က ေအာ္ဟစ္လိုက္သည္။ "မင္း ငါ့ကို လိမ္ေနတာလား။ မင္း ငါ့ကိုေတာင္ မၾကည့္တာ၊ ငါ ၾကည့္ေကာင္းတယ္ဆိုတာ ဘယ္လိုလုပ္ ျဖစ္ႏိုင္မွာလဲ"
ေဟာင္ဖန္း သည္ သူ႕အား က်ိဳးႏြံေအာင္ ဘယ္လို ေျပာေပးရမလဲ ဆိုတာ ကို ေတြးေနသည္၊ လ်င္ျမန္စြာ ေ႐ြ႕လ်ားလိုက္တဲ့ ႐ႊယ္ယြဲ႕ရဲ႕ ေပြ႕ဖက္မႈေၾကာင့္ သူ ေ႐ွာင္ရန္ အခ်ိန္မ႐ွိေပ။
႐ႊယ္ယြဲ႕ က သူ႕မ်က္ႏွာကို အုပ္ကိုင္လိုက္ၿပီး မ်က္ႏွာခ်င္း ဆိုင္ရန္ ေျခဖဝါးေပၚတြင္ ေျခေထာက္ တင္ထားသည္။
"ငါ့ ကို ၾကည့္ပါ။ ငါ ၾကည့္ေကာင္းလား?"
ေဟာင္ဖန္း က သူ႕ရဲ႕ စိမ္းျပာေရာင္ မ်က္လုံးေတြ ကို ၾကည့္လိုက္သည္။
"ၾကည့္ေကာင္းတယ္"
႐ႊယ္ယြဲ႕ က သူ႕အနား ကပ္လိုက္ၿပီး ဂုဏ္ယူစြာ ျပဳံးျပကာ "ဒါဆို မင္း ႀကိဳက္လား?"
ေဟာင္ဖန္းရဲ႕ လည္ေခ်ာင္းေတြ လႈပ္သြားကာ တိတ္တဆိတ္ သက္ျပင္းခ်ရင္း အက်ီကို ျခဳံေပးရန္ ခြၽတ္လိုက္သည္။
"အင္း"
႐ႊယ္ယြဲ႕ က သူ႕ကို ေပြ႕ဖက္လိုက္ၿပီး မ်က္ႏွာ ကို နမ္းလိုက္သည္။
"ဒါဆို အဲဒီ အမနဲ႔ လက္မထပ္နဲ႔။ သူက ငါ့ေလာက္ ႐ုပ္ေခ်ာတာမဟုတ္ဘူး"
"ဘယ္တစ္ေယာက္လဲ?" ေဟာင္ဖန္း ေအးခဲသြားသည္။
႐ႊယ္ယြဲ႕ က ႏွာေခါင္း႐ႈံ႕လိုက္သည္။ "မင္းနဲ႔ အတူ ရပ္ေနတဲ့ အစိမ္းရင့္ေရာင္ ၀တ္စုံနဲ႔ တစ္ေယာက္"
ေဟာင္ဖန္း က သူ႕ဆံပင္ေတြ ကို ပြတ္လိုက္ၿပီး ဆိုဖာေပၚေခၚသြားကာ သူ႕ကို ဖက္လိုက္သည္။
"အင္း၊ ငါ သူနဲ႔ လက္ထပ္ဖို႔ အဆင္သင့္ မျဖစ္ေသးဘူး"
ေက်နပ္စြာျဖင့္ ႐ႊယ္ယြဲ႕ က သူ႕ဗိုက္သူ ထိလိုက္သည္။
"အရမ္း ဗိုက္ဆာေနၿပီ"
သူ စားၿပီးတာနဲ႔ ႐ႊယ္ယြဲ႕ က ေဟာင္ဖန္းရဲ႕ အိပ္ခန္းထဲသို႔ သြားကာ လွည့္ပတ္ေနခဲ့သည္။ ေမာပန္း ႏြမ္းနယ္လာေတာ့မွ ရပ္တန္႔ရန္ ေစာင့္ေနခဲ့ၿပီး ေနာက္ဆုံးတြင္ ေဟာင္ဖန္းရဲ႕ ပခုံးေပၚ၌ မွီေနခဲ့သည္။
"ဟြန္း၊ မင္း ေနာက္ဆုံးအႀကိမ္ အိပ္ေပ်ာ္သြားတဲ့အခ်ိန္ က ငါ လူသားတစ္ေယာက္ ျဖစ္ၿပီး မင္းရဲ႕ အိပ္ခန္းထဲကို သြားႏိုင္ပါေစလို႔ ဆုေတာင္းခဲ့တာ"
ေဟာင္ဖန္း က ႐ႊယ္ယြဲ႕ ကို စိုက္ၾကည့္ေနသည္။
"ဘာျဖစ္လို႔ လူျဖစ္ခ်င္တာလဲ" ဟု တိုးတိုးေလး ေမးလိုက္ကာ လက္ေတြ႕ မက်တဲ့ ခံစားခ်က္မ်ိဳး ႐ွိေနသည္။
ေမးခြန္း ကို ပထမ တစ္ႀကိမ္ ေမးခဲ့စဥ္ က ထပ္ေမးခ်င္ေနတာ ထင္႐ွားသည္။ ႐ႊယ္ယြဲ႕ မ်က္လုံးမွိတ္ၿပီး မ်က္ေမွာင္ၾကဳတ္လိုက္သည္။ သူ႕ပခုံးကို ပြတ္သပ္လိုက္သည္။
"ငါ အားဖန္းနဲ႔ အတူတူ ေနေပးခ်င္တယ္၊ အဲဒါေၾကာင့္ အားဖန္း က တစ္ေယာက္တည္း မဟုတ္ပါဘူး"
ေဟာင္ဖန္း အိပ္ေပ်ာ္ေနတဲ့ ႐ႊယ္ယြဲ႕ ကို အခ်ိန္အေတာ္ၾကာ စိုက္ၾကည့္ၿပီးေနာက္ ႐ွား႐ွားပါးပါး ေကာင္းေကာင္း မြန္မြန္ အိပ္ေပ်ာ္သြားခဲ့သည္။
ေနာက္ရက္အနည္းငယ္တြင္ ေဟာင္ဖန္း က အရမ္း တက္ႂကြေနသည္။ မိသားစုအေရး ကို ဂ႐ုစိုက္ဖို႔ သူ႕မွာ အခ်ိန္မ႐ွိေပ။ သူ႕အလုပ္ ကို ေသေသခ်ာခ်ာ ေစ့ေစ့စပ္စပ္ လုပ္ရင္း ေဟာင္ ရဲ႕ လုပ္ငန္းေတြ ကို အခိုင္အမာ ဆုပ္ကိုင္ထားလိုက္ၿပီး ဗီလာကို ျပန္သြားလိုက္သည္။ အလုပ္႐ွင္က ႐ုတ္တရက္ အလုပ္မွ အလုပ္ မျဖစ္ေတာ့တာ ကို ကုမၸဏီ ဝန္ထမ္းေတြ က အံ့အားသင့္သြားသည္။
ေဟာင္ဖန္း အိမ္သို႔ ျပန္လာတာနဲ႔ ႐ႊယ္ယြဲ႕ က ခ်က္ခ်င္း ေပြ႕ဖက္လိုက္သည္။
"အားဖန္း မင္း ျပန္လာၿပီ!"
ေဟာင္ဖန္း က သူ႕ဖိနပ္ကို ေျပာင္းစီးလိုက္ေတာ့ ႐ႊယ္ယြဲ႕ က သူ႕ကို ဆိုဖာေပၚ ထိုင္ခိုင္းၿပီး လွည့္ပတ္ျပကာ
"ၾကည့္ဦး၊ ငါ ၾကည့္ေကာင္းလား?"
သူက ေဘာင္းဘီတို တစ္ထည္၊ အျဖဴေရာင္ Vပုံသဏၭာန္ လည္ပင္းနဲ႔ တီ႐ွပ္ကို ၀တ္ထားသည္။ သူ႕ရဲ႕ သြယ္လ်တဲ့ ခႏၶာကိုယ္နဲ႔ ႏူးညံ့သိမ္ေမြ႕တဲ့ ညႇပ္႐ိုးေတြ ကို ျမင္ေတြ႕ေနရသည္။ ေဟာင္ဖန္း ေခါင္းညိတ္လိုက္သည္။
"ၾကည့္ေကာင္းတယ္"
အဝတ္အစားမ်ိဳးစုံ ကို စမ္းဝတ္ ၾကည့္ခ်င္တာ ႐ႊယ္ယြဲ႕ရဲ႕ ဝါသနာ အသစ္ျဖစ္ၿပီး ဒါက အဝတ္အစားဝတ္ဖို႔ တြန္းအားျဖစ္ေစခဲ့သည္။
႐ႊယ္ယြဲ႕ ေတာက္ပစြာ ျပဳံးလိုက္သည္။ သူက မ်က္စိ တစ္မွိတ္အတြင္း နံရံသို႔ ေျပးသြားၿပီး ေနာက္တစ္ခုသို႔ ျပန္သြားသည္။ သူက ေဟာင္ဖန္း ကို လွမ္းဖက္လိုက္သည္။
"ၾကည့္ေလ၊ ငါ လမ္း ေကာင္းေကာင္း ေလွ်ာက္ႏိုင္တယ္ မဟုတ္ဘူးလား"
ေဟာင္ဖန္း က ျပဳံးၿပီး ေခါင္းကို လႈပ္လိုက္သည္။
"အင္း"
႐ႊယ္ယြဲ႕ရဲ႕ ေျခ လက္ေတြ က အရမ္း လိုက္ေလ်ာ ညီေထြ ျဖစ္ေၾကာင္း သူ ဝန္ခံခဲ့သည္။ ရက္အနည္းငယ္ၾကာေအာင္ ေလ့က်င့္ၿပီးေနာက္ ေျခေထာက္ ႏွစ္ေခ်ာင္းျဖင့္ လမ္းေလွ်ာက္ေလ့႐ွိသည္။
႐ႊယ္ယြဲ႕ က ျပဳံးၿပီး "ဒါဆို မင္း ငါ့ကို အျပင္ ေခၚသြားလို႔ ရၿပီ မဟုတ္လား"
ေဟာင္ဖန္း ၊ "မင္း က အျပင္ ထြက္ခ်င္ေနတာလား"
"ငါ မင္းေနာက္ ကို အခ်ိန္တိုင္း လိုက္ေနဖို႔ လူျဖစ္လာခဲ့တာ" ႐ႊယ္ယြဲ႕ က သူ႕လည္ပင္း ကို လက္ႏွစ္ဖက္ျဖင့္ ဖက္ထားသည္။ "ေျခေထာက္.ႏွစ္ေခ်ာင္းနဲ႔ လမ္းေလွ်ာက္ႏိုင္ရင္ အျပင္ ထြက္ခြင့္ ေပးမယ္လို႔ မင္း ေျပာခဲ့တယ္ေလ"
ေဟာင္ဖန္း က သူ႕နား႐ြက္ကို ပြတ္လိုက္သည္။ ဆံပင္ေတြကို ဖယ္ၿပီး စိမ္းျပာေရာင္ မ်က္လုံးေတြကို စိုက္ၾကည့္ရင္း စိုက္ၾကည့္လိုက္သည္။
"ဒီလိုဆို မင္း မျမင္ရေတာ့ဘူး!"
ေဟာင္ဖန္း က ရယ္ေမာၿပီး ေတြးၾကည့္လိုက္သည္။
"ေကာင္းၿပီ။ အနာဂတ္မွာ မင္း ငါ့အေနာက္ ကို လိုက္ခြင့္ ရလိမ့္မယ္၊ ဒါေပမယ့္ မင္းရဲ႕ နား႐ြက္ေတြ မေပၚေအာင္ မင္း ဦးထုပ္ ေဆာင္းသင့္တယ္!"
"ေကာင္းၿပီ!" ႐ႊယ္ယြဲ႕ က အရမ္း စိတ္လႈပ္႐ွားသြားသည္။
ေနာက္တစ္ေန႔ ေဟာင္ဖန္း ႏိုးလာေတာ့၊ ႐ႊယ္ယြဲ႕ က အခန္းထဲတြင္ မ႐ွိေတာ့ေပ။ ဒါေပမယ့္ သူ ေအာက္ထပ္ကို ဆင္းသြားခ်ိန္မွာေတာ့ ႐ႊယ္ယြဲ႕ က အျဖဴေရာင္ ေဘာင္းဘီ၊ အျဖဴေရာင္ သားေရဖိနပ္၊ အျပာေရာင္ ႐ွပ္အက်ႌ.ကို ၀တ္ထားၿပီး ဆံပင္အျဖဴေတြ.က သူ႕ေနာက္မွာ က်ေနတာ ကို ေတြ႕လိုက္ရသည္။ ဆြဲေဆာင္မႈ႐ွိတဲ့ ထိပ္တန္း ေမာ္ဒယ္တစ္ေယာက္လိုပဲ။
"ၾကည့္ေကာင္းလား?" ႐ႊယ္ယြဲ႕ က သူ႕ကို ၾကည့္လိုက္တာနဲ႔ ေမးလိုက္သည္။
ေဟာင္ဖန္း "ၾကည့္ေကာင္းတယ္"
႐ႊယ္ယြဲ႕ က ျပဳံးျပၿပီး အကြက္ပုံစံ ဦးထုပ္ေလး ကို ၀တ္ဆင္လိုက္သည္။
"ဒါက ၾကည့္ရဆိုးသြားလား"
ေဟာင္ဖန္း က သူ႕ကို ၾကည့္ကာ သက္ျပင္းခ်လိုက္သည္။
"မင္းက ဘယ္လိုလုပ္ ႐ုပ္ဆိုးႏိုင္မွာလဲ"
ဦးထုပ္ကို ေဆာင္းထားတုန္းက ႐ႈပ္ေပြတတ္တဲ့ ပုံစံ႐ွိသည္။ ႐ႊယ္ယြဲ႕ရဲ႕ ႐ုပ္ရည္နဲ႔ဆိုရင္ စုတ္ၿပဲေနတဲ့ အက်ႌတစ္ထည္ ဝတ္ထားရင္ေတာင္ တစ္မ်ိဳး ၾကည့္ေကာင္းေနမည္ ျဖစ္သည္။
႐ႊယ္ယြဲ႕ က သူ႕ကို ေပြ႕ဖက္ၿပီး ေမးေစ့ကို နမ္းလိုက္သည္။
"အားဖန္း က အရမ္း ေတာ္တာပဲ"
ေဟာင္ ကုမၸဏီမွ ဝန္ထမ္းေတြ က သူတို႔ရဲ႕ မက္ေမာတဲ့ သူေဌးက အံ့မခန္း လွပတဲ့ ဆယ္ေက်ာ္သက္ တစ္ေယာက္ ကို အလုပ္သို႔ ႐ုတ္တရက္ ေခၚေဆာင္လာေတာ့ အတင္း ေျပာၾကသည္။ တစ္ပတ္ေလာက္ ေခၚလာၿပီးတာနဲ႔ အဲဒီလို စကားေတြေျပာၿပီး အက်င့္ပါလာတဲ့အခါ သူေဌး က ဇနီးေလာင္း ေခၚလာတာ ျဖစ္ေၾကာင္း ဝန္ထမ္းေတြ က ခ်က္ခ်င္း သေဘာေပါက္သြားသည္။
႐ႊယ္ယြဲ႕ က ေဟာင္ဖန္း အေနာက္ ကို တစ္ပတ္ေလာက္ ၾကာေအာင္ စိတ္အားထက္သန္စြာ ေနာက္လိုက္ခဲ့ၿပီး သူ႕သူငယ္ခ်င္းေတြနဲ႔ မွ်ေဝဖို႔ စကားတစ္ခြန္း ႐ွိေနသည္။ ပိတ္ရက္ေရာက္လာေတာ့ မနကေစာေစာ ထလိုက္သည္။ သူနဲ႔ ေဟာင္ဖန္းတို႔က ဒီေန႔ ႐ွဲ႕စန္းရဲ႕ အိမ္သို႔ သြားရန္ သေဘာတူခဲ့ၾကသည္။ ဒါေပမယ့္ သူတို႔အိမ္ ကမထြက္ခင္မွာ ေဟာင္ဖန္းရဲ႕ အဖိုးနဲ႔ အဘိုး က အမတစ္ေယာက္ ကို တံခါးဝဆီ ေခၚလာေပးသည္။
႐ႊယ္ယြဲ႕ရဲ႕ မ်က္လုံးေတြ က ႐ုတ္တရက္ ေတာက္ပလာသည္။ ေဟာင္ဖန္း က မျပဳံးႏိုင္ဘဲ အံ့အားသင့္သြားသည္။ သက္ႀကီး႐ြယ္အို ႏွစ္ေယာက္ကို မေတြ႕ရတာ မၾကာေသးေပမယ့္ အခု တကယ္ ျပဳံးျပႏိုင္ေနၿပီ ျဖစ္သည္ ။ သူက ႐ႊယ္ယြဲ႕ ကို ၾကည့္ၿပီး အသံ တိုးတိုးေလးနဲ႔ ေမးလိုက္သည္။
"ဘာေတြေတြးေနတာလဲ?"
႐ႊယ္ယြဲ႕ က ေမးေစ့ကို ေျမႇာက္လိုက္ၿပီး ႐ႊတ္ေနာက္ေနာက္ ျပဳံးလိုက္သည္။ "ကြၽန္ေတာ္႕ ကို ၾကည့္ေနပါ"
ထို႔ေနာက္ ေဟာင္ဖန္းသည္ ႐ႊယ္ယြဲ႕ရဲ႕ က်က္သေရ႐ွိ႐ွိ တစ္ကိုယ္ေတာ္ ျပခန္း ကို ၾကည့္႐ႈခဲ့ၿပီး သူက အမႏွစ္ေယာက္ ကို ႏိႈင္းယွဥ္ၾကည့္႐ႈခဲ့သည္။
႐ႊယ္ယြဲ႕ က ေဟာင္ဖန္းရဲ႕ လက္ေမာင္းကို ကိုင္ကာ ေပ်ာ္႐ႊင္ေနတဲ့ မ်က္ႏွာျဖင့္ ျပဳံးလိုက္သည္။
"အားဖန္း က အရမ္း ၾကည့္ေကာင္းတာပဲ၊ ငါက လြဲရင္ ဘယ္သူမွ သူ႕ကို လိုက္ဖက္မွာ မဟုတ္ဘူး"
႐ႊယ္ယြဲ႕ရဲ႕ မိသားစု ရာဇဝင္ ကို ေမးျမန္းေနၾကၿပီး သူ႕အဘိုးႏွင့္ အဘိုး က ၾကည့္ရဆိုးေနသည္။ ေဟာင္ဖန္း က ႐ႊယ္ယြဲ႕ ကို ဖက္ထားသည္။
"သူ႕မိသားစု ရာဇဝင္ က အေရးမႀကီးပါဘူး၊ ကြၽန္ေတာ္က သူ႕ကို သေဘာက်တယ္။ ေတာင္းပန္ပါတယ္၊ ကြၽန္ေတာ္တို႔ တစ္ခုခုအတြက္ အျပင္ထြက္မွရမယ္။ ဒီမွာ ထိုင္ေနလို႔ရတယ္ေနာ္"
႐ႊယ္ယြဲ႕ က လြန္းပ်ံယာဥ္ အေပၚတြင္ ထိုင္ေနၿပီး မ်က္လုံးေတြ က ေတာက္ပေနကာ ႐ႊင္လန္းစြာ ျပဳံးေနေလသည္။
"ငါ မင္းေျပာတာ ကို ၾကားတယ္။ မင္း ငါ့ကို ႀကိဳက္တယ္လို႔ ေျပာတယ္"
ေဟာင္ဖန္း က သူ႕လက္ကို ေျမႇာက္လိုက္ၿပီး ဆံပင္ထိပ္ကို ပြတ္လိုက္သည္။ "အခုမွ သိတာလား"
႐ႊယ္ယြဲ႕ က ေမးေစ့ကို ေျမႇာက္လိုက္သည္။ "ငါက ႐ုပ္ရည္ ေခ်ာေမာေတာ့ မင္း ငါ့ကို သေဘာက်ေနတာၾကာၿပီ ဟုတ္တယ္မလား"
ေဟာင္ဖန္း က ျပဳံးလိုက္သည္။ သူက သူ႕ကိုၾကည့္ကာ ေႏွးေကြးတဲ့ ေလသံျဖင့္ "မင္း က ႐ုပ္မေခ်ာေတာ့ဘူး ဆိုရင္ေတာင္ ငါ ႀကိဳက္ေနေသးတယ္"
႐ႊယ္ယြဲ႕ က ပထမဆုံးအႀကိမ္ အံ့အားသင့္သြားၿပီး ႐ွက္သြားသည္။ ႏွလုံးခုန္ ျမန္သြားေသာ္လည္း ဘာေၾကာင့္မွန္းမသိေပ။ ေဟာင္ဖန္း က ေနာက္မဆုတ္လိုက္ေပ။ ငုံ႔၍ နမ္းလိုက္သည္။ ႐ႊယ္ယြဲ႕ က ေဟာင္ဖန္း ကို ဖက္ထားၿပီး အခ်ိန္အတန္ၾကာ နမ္းလိုက္ေတာ့ သူ အရမ္း ႏွစ္သက္တဲ့ လႈပ္႐ွားမႈေတြ ႐ွိေနတာ ကို ပထမဆုံးအႀကိမ္ ေတြ႕႐ွိခဲ့သည္။
႐ွဲ႕စန္းရဲ႕ အိမ္သို႔ ေရာက္တဲ့အခါ ႐ွဲ႕စန္း ကို ေပြ႕ခ်ီကာ ေျပးေနတဲ့ မိုင္နဲ ကို ေတြ႕ရၿပီး ေပါင္ေပ့ က ကေလးထိန္း စက္တြင္ ထိုင္ကာ အေနာက္မွ လိုက္သြားခဲ့သည္။
"ဘာမွားလို႔လဲ?" ေဟာင္ဖန္း က ေမးသည္။
႐ွဲ႕စန္း နည္းနည္း ႐ွက္သြားသည္။ "႐ႊယ္ယြဲ႕ နဲ႔ က်ားႀကီးတို႔ကို ကစားခြင့္ေပးလိုက္ပါ။ ငါက ေဆး႐ုံကို သြားရမယ္"
မိုင္နဲ က ေပါင္ေပ့ ကို ၾကည့္လိုက္သည္။ "ေက်းဇူးျပဳၿပီး ေပါင္ေပ့ ကို ေစာင့္ၾကည့္ေပးပါ။ ထြမ္းထြမ္းလည္း သူ႕ကို ေစာင့္ၾကည့္ေပးေနလိမ့္မယ္"
ေဟာင္ဖန္း ေခါင္းညိတ္လိုက္သည္။ သူတို႔ ထြက္သြားၿပီးေနာက္ ေပါင္ေပ့ ကို ေကာက္ခ်ီလိုက္သည္။
"စိတ္မပူပါနဲ႔ မင္းရဲ႕ ပါးပါး အဆင္ေျပမွာပါ"
ေပါင္ေပ့ ေခါင္းညိတ္လိုက္သည္။
"ဟုတ္ကဲ့၊ ပါးပါး ေျပာတာ က ကေလးေလး ႐ွိေကာင္း၊႐ွိႏိုင္တယ္" သူ႕မ်က္လုံးေတြက ေတာက္ပလာသည္။
"သားက အစ္ကိုႀကီး ျဖစ္ေတာ့မယ္!"
မိုင္နဲ နဲ႔ ႐ွဲ႕စန္း ျပန္လာဖို႔ အခ်ိန္ သိပ္မၾကာေပ။ ႐ွဲ႕စန္းမွာ တကယ္ ကိုယ္ဝန္႐ွိေနတယ္။
ေပါင္ေပ့ က ႐ွဲ႕စန္း ကို ေပြ႕ဖက္လိုက္ၿပီး "သား ညီေလး ကို ဘယ္အခ်ိန္ ေတြ႕ရမွာလဲ" ႐ွဲ႕စန္း က ျပဳံးၿပီး ကိုယ္ဝန္ရဲ႕ အခ်ိန္ေတြ အေၾကာင္း သင္ေပးလိုက္သည္။
ေဟာင္ဖန္းနဲ႔ ႐ႊယ္ယြဲ႕တို႔က ေန႔လည္ ၃နာရီအထိ ေနခဲ့ၾကသည္။ သူတို႔ ျပန္ေရာက္လာေတာ့ ေဟာင္ဖန္း က အလုပ္ကိစၥ အတြက္ စာၾကည့္ခန္း ကို သြားခဲ့ၿပီး ႐ႊယ္ယြဲ႕ က ႐ႈခင္း ၾကည့္ရန္ လသာေဆာင္သို႔ သြားခဲ့သည္။ သူၾကည့္လိုက္ေတာ့ သူ႕မ်က္လုံးေတြ က ႐ုတ္တရက္ ေတာက္ပလာၿပီး ေလထဲကို ေဝွ႔ယမ္းျပလိုက္သည္။ အနက္ေရာင္ အရိပ္ႀကီးတစ္ခု က အေဝးမွ ခ်ဥ္းကပ္လာၿပီး လသာေဆာင္ လက္ရန္းေပၚတြင္ နားလိုက္သည္။ အရမ္း ႀကီးမားခဲ့သည္။ တစ္ကိုယ္လုံး အနက္ေရာင္ျဖစ္ၿပီး ဦးေခါင္းထိပ္ က အျဖဴေရာင္ ျဖစ္သည္။
"ထြမ္းထြမ္း မင္း ဒီကို ဘယ္လိုလုပ္ ေရာက္လာတာလဲ" ႐ႊယ္ယြဲ႕ က ဝမ္းသာအားရ ေမးသည္။
ထြမ္းထြမ္း "ငါ မင္းကို ႐ွာဖို႔ လာခဲ့တာ"
"ဟားဟားဟားဟား! ငါက အရမ္း စိတ္ဝင္စားဖို႔ ေကာင္းတယ္ ထင္လို႔ မင္း လာေလ့လာတာလား" ႐ႊယ္ယြဲ႕ က သူ႕လက္သည္း ကို ပြတ္ေပးရင္း ေမးလိုက္သည္။
ထြမ္းထြမ္း က ေခါင္းခါလိုက္ၿပီး "မဟုတ္ဘူး၊ ငါ မင္းကို ဘယ္လိုလုပ္ၿပီး လူသား ျဖစ္လာတာလဲ လို႔ ေမးခ်င္တာ"
႐ႊယ္ယြဲ႕ ႐ွင္းျပၿပီးေနာက္ ထြမ္းထြမ္း က ေနာက္ထပ္အေသးစိတ္ အခ်က္အလက္ မ်ားစြာ ကို ေမးျမန္းခဲ့သည္။ အားလုံးကို ႐ွင္း႐ွင္းလင္းလင္း သိၿပီးမွသာ အေတာင္ပံေတြကို ခတ္ၿပီး ပ်ံသန္းသြားခဲ့သည္။
ေဟာင္ဖန္း စာၾကည့္ခန္းမွ ထြက္လာၿပီး လသာေဆာင္သို႔ သြားကာ ႐ႊယ္ယြဲ႕ ကို အေနာက္ကေန ေပြ႕ဖက္လိုက္သည္။ "ထြမ္းထြမ္း?"
"အင္း" ႐ႊယ္ယြဲ႕ နည္းနည္း သိခ်င္လာသည္။
"သူလည္း လူသား ျဖစ္ခ်င္ေနတာလား"
ေဟာင္ဖန္း က အေဝးသို႔ ပ်ံသန္းေနတဲ့ အနက္ေရာင္ အရိပ္ကို ၾကည့္ကာ
"ျဖစ္ႏိုင္တယ္"
အကယ္၍ လူသားအျဖစ္သို႔ ေျပာင္းလဲႏိုင္ေျခ အ႐ွိဆုံး က ႐ႊယ္ယြဲ႕ ကလြဲ၍ အျခား တစ္စုံတစ္ေယာက္ ဆိုလွ်င္ ထြမ္းထြမ္း ျဖစ္လိမ့္မည္။ သူက ႐ွဲ႕စန္းရဲ႕ အေနာက္သို႔ လိုက္ကာ စြမ္းအင္ အမ်ိဳးအစား မ်ားစြာ ကို စုေဆာင္းခဲ့သည္။
ေဟာင္ဖန္းရဲ႕ အိမ္မွ ထြက္လာၿပီးေနာက္ ထြမ္းထြမ္းသည္ ႐ွဲ႕စန္းရဲ႕ အိမ္သို႔ ျပန္လာခဲ့သည္။ ျပတင္းေပါက္မွ လွမ္းၾကည့္လိုက္ေတာ့ ေပါင္ေပ့ က ႐ွဲ႕စန္းရဲ႕ ရင္ခြင္ထဲတြင္ ေနကာ စကားေျပာေနတာ ေတြ႕လိုက္ရေတာ့ ပ်ံထြက္လာခဲ့သည္။
ေပါင္ေပ့ ႀကီးျပင္းလာခဲ့သည္။ ေပါင္ေပ့ အလယ္တန္းေက်ာင္းတက္ၿပီးသည္ အထိ ထြမ္းထြမ္းက သူႏွင့္အတူ အၿမဲ ႐ွိေနခဲ့သည္။ ထို႔ေနာက္ ထြမ္းထြမ္း ႐ုတ္တရက္ ေပ်ာက္သြားသည္။
ထိုအခ်ိန္ ေပါင္ေပ့ရဲ႕ အတန္းထဲတြင္ ေက်ာင္းသားအသစ္ တစ္ေယာက္ ႐ုတ္တရက္ ေပၚလာသည္။ ေက်ာင္းသား အသစ္ က အနက္ေရာင္ ဆံပင္ အတိုတြင္ အျဖဴေရာင္ highlight ေဖာက္ထားသည္။ သူ႕အသြင္အျပင္ က အရမ္း ေခ်ာေမာေနေပမယ့္ သူ႕မ်က္ခုံးေမႊးေတြ က တင္းမာၿပီး သူ႕ကို ဘယ္သူကမွ စကားမေျပာရဲၾကေပ။
အတန္းထဲ႐ွိ စိုးရိမ္ေနတဲ့ အၾကည့္ေတြ ေအာက္တြင္ ေက်ာင္းသားသစ္ က ႏုပ်ိဳျဖဴစင္တဲ့ ကေလးေလးဆီသို႔ လွမ္းလာၿပီး ႐ုတ္တရက္ ျပဳံးလိုက္သည္။ သူ႕မ်က္ခုံးၾကား က ၾကမ္းတမ္းမႈေတြ ျပန္႔က်ဲသြားၿပီး အားလုံး မွင္တက္သြားသည္။
"မဂၤလာပါ၊ ငါ့နာမည္ က ထြမ္းထြမ္း ပါ။ ငါတို႔ သူငယ္ခ်င္း လုပ္လို႔ ရမလား?"
(T/N: အိမ္ က မုန္လာထုပ္ ကို တူးသြားမယ့္ ဝက္ ကို ငယ္ငယ္ေလးကတည္းက အိမ္ေပၚ ေခၚတင္ထားတဲ့ ႐ွဲ႕စန္းကို ဂုဏ္ျပဳေပးလိုက္ၾကပါဦး 👏👏🤣🤣🤣)
ေပါင္ေပ့ မ်က္ခုံး ပင့္သြားသည္။
"တိုက္ဆိုင္လိုက္တာ၊ ငါ့မွာလည္း ထြမ္းထြမ္း ဆိုတဲ့ သူငယ္ခ်င္း တစ္ေယာက္႐ွိတယ္"
ျပတင္းေပါက္မွ ေနေရာင္ ျဖာက်လာၿပီး ထြမ္းထြမ္း က ပိုမို ေလးနက္စြာ ျပဳံးလိုက္သည္။
____________________________________________________________________________________
ဘာသာျပန္သူမွာ ေျပာစရာ ႐ွိပါတယ္။ ။ အားလုံး ၿပီးသြားပါၿပီ႐ွင့္🤎🤎🤎
ေပါင္ေပ့ကို Ocလို႔ မရခဲ့ေပမယ့္ ေနာက္ေမြးလာမယ့္ ေပါင္ေပါင္ ကိုေတာ့ Ocလို႔ ရမယ္ထင္တယ္🤭🤭🤭