Chapter 103 : လူအများရှေ့ ချက်ပြုတ်ခြင်း
ရှဲ့စန်း မှတ်ချက်တွေ ကို မြင်ပြီး အချိန်ကို မသိစိတ် က လှမ်းကြည့်မိသည်။
'ညနေ ၃ နာရီပဲ ရှိသေးတယ်။မနက်ဖြန် ၁၀နာရီမှာ ငါးပြုတ် တစ်ပိုင်းလောက် စားရဖို့အတွက် တစ်ညလုံး အပြင်မှာ စောင့်နေမယ်'
ဒါက ဘယ်လိုတောင် အစားကြိုက်တဲ့ စိတ်ဓာတ်မျိုးလဲဟ။
ဘရန့်ဒ်ဂြိုလ်ရှိ လူတွေက သနားစရာ ကောင်းလွန်းတယ်လို့ သူထပ်ပြီး ခံစားလိုက်ရသည်။ စားဝတ်နေရေး အရ ပြောရမယ် ဆိုရင် သူတို့ဟာ သနားစရာ ကောင်းသည်။ သူက မိုင်နဲရဲ့ ပခုံးကို ကိုင်လိုက်သည်။
"မင်းတို့ ငယ်ငယ်ကတည်းက ကောင်းကောင်း မစားရဘူးလား? မင်းရော?"
မိုင်နဲ "ကိုယ်က နေသားကျနေပါပြီ"
ရှဲ့စန်း က မျက်နှာ အမူအရာ မပြောင်းဘဲ အာဟာရ ဖျော်ရည် ကို ဘယ်လို သောက်ကြလဲ ဆိုတာကို တွေးလိုက်မိသည်၊ အဲဒါကို တကယ်ကို ကျင့်သားရနေကြတာပဲ၊ သူဆိုရင် ဆိုးတဲ့ တစ်ခုခုကို သောက်လိုက်မိတာနဲ့ ငြိမ်နေန်ုင်မှာ မဟုတ်ဘူး။
သူတို့ ၂ယောက် နောက်တစ်နေ့ အတွက် ပြင်ဆင်မှုတွေ ပြုလုပ်ပြီးနောက် ဆက်နွယ်သားရဲတွေ ကို အတူတကွသွားကြည့်ကြသည်။ လင်းယုန်ငှက် က မပျံနိုင်သေးသော်လည်း လျင်မြန်စွာ သွားလာနေပြီး နေရာတွင် အိပ်ကာ ငှက်တစ်ကောင်နှင့် မကြာခဏ စကားစမြည်ပြောလေ့ရှိသည်။
အနားရှိ အဖော်များစွာကြောင့် သားရဲတွေ က ပြန်လည် ကောင်းမွန်လာခဲ့သည်။ သူတို့ရဲ့ စိတ်လွတ်မှု အခိုက်အတန့်တွေ လျော့ကျသွားသော်လည်း လူတွေကို အရမ်း သတိထားဆဲဖြစ်သည်။
ရှဲ့စန်း မှလွဲ၍ သူတို့ က ကုလျှို၊ ပိုင်ကျောင်း နှင့် ပါးပါးပိုင်တို့ ရှိတဲ့ ဝန်းကျင်၌သာ သက်တောင့်သက်သာ ရှိခဲ့ပြီး မိုင်နဲနဲ့ လောင်ထန်းတို့ က ရှဲ့စန်းရဲ့ ကုမ္ပဏီတွင် အကြိမ်ပေါင်း များစွာ စစ်ဆေးနေခဲ့ကြသည်။ သို့သော် သူစိမ်းတွေနဲ့ တွေ့တဲ့အခါ တုန်လှုပ်နေကြဆဲ ဖြစ်သည်။
ရှဲ့စန်းနဲ့ မိုင်နဲ ဝင်လာတော့ ပါးပါး ပိုင် နဲ့ ပိုင်ကျောင်း က ထိုနေရာတွင် ရှိနေခဲ့သည်။ သူတို့ကို နှုတ်ဆက်ပြီးတော့ ပါးပါး ပိုင် က အပြင်ကို လှမ်းကြည့်ကာ “အပြင်သွားပြီး စကားပြောရအောင်” လို့ ပြောလာသည်။
ရှဲ့စန်း က သူ ဆိုလိုတာ ကို ချက်ချင်း နားလည်လိုက်သည်။ သူ ပြောချင်တဲ့စကား က ဂြိုလ်သား သားရဲတွေ ကြားလို့မရဘူး။ အဲဒါကို ဆက်နွယ်သားရဲတွေလည်း ကြားလို့ မဖြစ်ဘူး ဟု ဆိုလိုသည်။ ဆက်နွယ်သားရဲတွေ ကြားသွားရင် မကြာမီ အားလုံး သိသွားကြလိမ့်မည်။
၄ယောက်သား အိမ်သို့သွားကာ ဆိုဖာပေါ်တွင် ထိုင်လိုက်ကြသည်။ ပါးပါး ပိုင် က
“မင်းရဲ့ အိမ်က ပြောင်းလဲခံထားရတဲ့ သားရဲတွေ ကို ဆေးကုပေးဖို့ မလာခင် အချိန်အထိ သားရဲတွေ က ဉာဏ်ရည် နိမ့်တယ်လို့ ငါ ယုံကြည်ခဲ့ဖူးတယ်။ အခုတော့ သူတို့ရဲ့ ဉာဏ်ရည် ဉာဏ်သွေး ကို ငါ အရမ်း လျှော့တွက်ထားမိတဲ့ အကြောင်း သိလိုက်ရတယ်”
ရှဲ့စန်း က ပြုံးပြီး "ပြောရမယ်ဆိုရင်၊ ဘရန့်ဒ်ဂြိုလ် က လူတွေကလည်း အရင်တုန်း က သားရဲတွေပဲလေ"
“မင်း ပြောတာ မှန်တယ်” ပါးပါး ပိုင် က “တကယ်တော့... ငါက လူတွေရဲ့ သမိုင်း ကို လေ့လာခဲ့တာ၊ မင်း အစာကျွေးနေတဲ့ သားရဲတွေ က အရွယ်ရောက်ပြီး လူအဖြစ် ပြောင်းလဲသွားနိုင်မယ် ဆိုရင်တောင် ငါ အံ့သြနေမှာ မဟုတ်တော့ဘူး”
ေ*ာက်ကျိုးနည်း!!!!!
ရှဲ့စန်း အံ့သြသွားသည်။ အဲဒါကို သူ တကယ် မစဉ်းစားခဲ့မိဘူး။ ကမ္ဘာမြေ က ခေတ်သစ် လူသားတွေ က မျောက်တွေနဲ့ ပတ်သက်ပြီး မျောက်တွေကနေ ဆင့်ကဲပြောင်းလဲတာ လို့ ပြောဖူးတာ ကို သူ သိပေမယ့်လည်း ဉာဏ်ကောင်းတဲ့ မျောက်တွေ ကို မြင်ရင်တောင် သူတို့ က ရုတ်တရက်ကြီး လူသား ဖြစ်လာလိမ့်မည် ဟု သူ မထင်ထားခဲ့ဘူးပေ။
“တကယ် ဖြစ်နိုင်ပါ့မလား” ဟု မေးလိုက်သည်။
ပါးပါး ပိုင် က “ဒါက ဖြစ်နိုင်ချေ အရမ်း များပေမယ့် ဇီဝကမ္မနဲ့ စိတ်ပိုင်းဆိုင်ရာ၊ ပတ်ဝန်းကျင်နဲ့ အများကြီးသက်ဆိုင်တယ်။ သူတို့က သားရဲပုံစံ ကို အသိအမှတ်ပြုပြီး အဲဒါကို ကျင့်သားရနေကြတာ၊ သူတို့ကိုယ် သူတို့ ဆက်နွယ်သားရဲတွေလို့ မတွေးတော့ဘူး ဆိုရင်.....''
ရှဲ့စန်း က တွေးလိုက်ပြီး “မင်းမှာ လူသား တစ်ယောက်ဖြစ်ချင်လာတဲ့ စိတ်ကူးရှိတယ် ဆိုရင် လူသား တစ်ယောက် ဖြစ်လာဖို့ ဖြစ်နိုင်တယ် လို့ ဆိုလိုချင်တာလား?''
ပါးပါး ပိုင် က အကြောင်းအရာကို အသေးစိတ် မပြောတော့ဘဲ တခြား အကြောင်းသို့ လှည့်သွားခဲ့သည်။
“သူတို့ရဲ့ ဉာဏ်ရည် ဉာဏ်သွေး က အရမ်း မြင့်မာႏတယ်ဆိုတာ ငါ သိထားတယ်လေ၊ သူတို့ကို ငါ ပြောမယ့် စကားတွေကနေ တမင် ဖယ်ထုတ်လိုက်တာ”
ရှဲ့စန်း က သူ့အတွေးတွေ ကို စုစည်းလိုက်ပြီး "ကုသမှုနဲ့ ပတ်သက်ပြီး နည်းနည်းတော့ စိုးရိမ်နေမိတယ်"
ပါးပါး ပိုင် က ခေါင်းညိတ်သည်
“ဟုတ်တယ်၊ ဓာတ်ခွဲခန်း က ဆက်နွယ်သားရဲတွေ ပြန်ကောင်းလာပြီ။ ငါ ကျွမ်းကျင်သူတွေ အများကြီးနဲ့ ဆွေးနွေးခဲ့တယ်။ ဆွေးနွေးပွဲမှာ ဥက္ကဌမုလည်း ပါတယ်။ဒီအချိန် က သူတို့ကို ကုသပေးဖို့ အကောင်းဆုံး အချိန်ပဲလို့ ငါတို့ သဘောတူခဲ့ကြတယ်။ နောက်ပိုင်းကျရင် အင်္ဂါ အစိတ်အပိုင်း ပေါင်းစပ်မှုတွေ က အရမ်း နက်ရှိုင်းလာပြီး ခွဲစိတ်ရ ခက်လာလိမ့်မယ်။ အခုအခြေအနေ က ခွဲစိတ်တာ အောင်မြင်နိုင်မှု များတဲ့ အချိန်ပဲ” လို့ ပြောပြီး သက်ပြင်းချလိုက်သည်။
“ဒါပေမယ့် ခွဲစိတ်မှု က အရမ်း ခက်ခဲတဲ့ အရာပဲ။ လူတွေ အများကြီးနဲ့ အချိန်အတော် ကြာလိမ့်မယ်။ အဲဒါအပြင် ခွဲစိတ်မှု ချောမွေ့စေဖို့ အတွက် သူတို့ က မေ့ဆေး သုံးပြီး သတိမေ့နေမှ ရမယ်”
ရှဲ့စန်း သဘောပေါက်သွားသည်။ “ မေ့ဆေး အကြောင်း ကြားတဲ့အခါ သူတို့ရဲ့ စိတ်တွေ တုန်လှုပ်သွားမှာ ကို ကြောက်နေတာပဲ''
“ဟုတ်တယ်” ပါးပါး ပိုင် ကပြောသည်။ “ဒါက ကြိုတင်ခန့်မှန်းနိုင်တဲ့ တုံ့ပြန်မှုတစ်ခုပဲ၊ အဲဒါကြောင့် ငါတို့က သူတို့ ပတ်ဝန်းကျင်ကနေ ရှောင်ပြီး ပြောမှရမယ်။ ခွဲစိတ်မှု ပြီးသွားရင်တော့ ဖြစ်ပျက်ခဲ့တာတွေ ကို သေချာ သိလာမှာပါ။ ဒဏ်ရာတွေရဲ့ နာကျင်မှု က အပြင်းထန်ဆုံးဆိုတော့ သူတို့ စိတ်လွတ်ပြီး ရူးသွားလိမ့်မယ်”
ပါးပါး ပိုင် က လေးလေးနက်နက် ကြည့်လာသည်။ “သူတို့ကို မထိန်းချုပ်နိုင်ခဲ့ရင် သူတို့ကို ပြန်ခေါ်လာတုန်းကထက် ပိုဆိုးတဲ့ ပုံစံတွေ ဖြစ်သွားလိမ့်မယ်”
ရှဲ့စန်း က "ကျွန်တော် လုပ်ပေးနိုင်တာ တစ်ခုခု ရှိမလား"
ပါးပါး ပိုင် က “ရှိတာပေါ့၊ မင်းအကူအညီ လိုလို့ ငါပြောနေတာလေ။ သူတို့အတွက် မင်းရဲ့ ရင်းနှီးမှု က အကောင်းဆုံး စိတ်ငြိမ်ဆေးဖြစ်ပြီး ဘေးထွက်ဆိုးကျိုးမရှိဘူး။ ခွဲစိတ်မှုပြီးလို့ မေ့ဆေး ပြယ်တဲ့အထိ သူတို့နဲ့ အတူ နေပေးစေချင်တယ်။ ခွဲစိတ်ပြီးရင် ဘာဖြစ်မယ်ဆိုတာ မသိနိုင်ပေမယ့် မင်း ဘေးကင်းစေဖို့ အတွက် တစ်ယောက်ယောက် ကို ငါတို့ စီစဉ်ပေးထားမယ်”
ရှဲ့စန်း က တွန့်ဆုတ်မနေပေ။ "ကျွန်တော် ကတိပေးပါတယ်။ ဒီလို ခွဲစိတ်မှုမျိုးက တစ်ကောင်ပြီးမှ တစ်ကောင် ခွဲမှာ မဟုတ်လား”
ပါးပါး ပိုင် က “ဟုတ်တယ်။ နောက် နှစ်ရက်အတွင်း ငါတို့ ဧရာမ ဝက်ဝံသားရဲ ကို စပြီး ခွဲစိတ်တော့မှာ။ မေ့ဆေး အာနိသင်က နေ့ခင်းဘက်မှာ ပြယ်သွားလိမ့်မယ်”
ရှဲ့စန်း ပြက္ခဒိန်ကို ကြည့်လိုက်သည်။ “၂၈ ရက်နေ့ပဲ။ လိပ်စာလေး ပြောခဲ့ပေးပါ၊ ကျွန်တော် အဲဒီနေ့ နေ့လည် အရောက် လာခဲ့မယ်"
“ကောင်းပြီ” ပါးပါး ပိုင်က ပြုံးလိုက်သည်။ "ဒါဆို ငါစီစဉ်ပေးလိုက်တော့မယ်"
ပိုင်ကျောင်း က မက်ဆေ့ချ်ကို ကြည့်လိုက်သည်။ "ပါးပါး၊ ကျွန်တော် နောက်မှ ပြန်လာခဲ့မယ်"
ပါးပါး ပိုင် က ခေါင်းညိတ်သည်။ “ကောင်းတယ်၊ လူငယ်တွေ အချင်းချင်း စကားစမြည်ပြောပြီး အနားယူဖို့ လိုအပ်တယ်။ ဆေးဖက်ဝင် အပင်တွေ ကို အမြဲတမ်း လေ့လာမနေနဲ့"
ပိုင်ကျောင်း က ပြန်ဖြေလိုက်သည်။ ပါးပါးပိုင် ထွက်သွားပြီးနောက် ပိုင်ကျောင်း က "အားထန်း လာမယ်လို့ ပြောတယ်"
နောက် စကာကန့်တွင် နဂါးပျံ သားရဲကြီးရဲ့ ခေါင်း က တံခါးဝတွင် ပေါ်လာသည်
“အားစန်း၊ ငါတို့ မင်းကို တွေ့ဖို့ ရောက်လာပြီ”
လောင်ထန်း က နဂါးပျံရဲ့ နောက်ကျောကနေ ပြုံးပြကာ ခုန်ဆင်းလိုက်ပြီး ရှဲ့စန်းက နဂါးပျံရဲ့ ခေါင်းကို လှမ်းထိလိုက်သည်။ နဂါးပျံ သားရဲ က သူ့ရဲ့ အပေါင်းအသင်းတွေနဲ့ ဆော့ကစားရန် သားရဲတွေ နေရာသို့ ပျံသန်းသွားခဲ့သည်။
လောင်ထန်း က ရှဲ့စန်းဆီသို့ ပြေးသွားပြီး သူ့မျက်လုံးတွေ က တောက်ပ ပြောင်လက်နေကာ ထိုင်ချလိုက်သည်။ သူ ရှဲ့စန်းရဲ့ ပခုံးကို ပုတ်ဖို့ ပြင်လိုက်သော်လည်း မိုင်နဲ က သူ့ကို တားဆီးခဲ့သည်။ လောင်ထန်း က အံ့အားသင့်သွားပြီး မြန်မြန်ဆန်ဆန် တုံ့ပြန်လိုက်သည်။
“ဟာဟား! အားစန်း က ကိုယ်ဝန်ရှိနေပြီ ဆိုတာကို မေ့စွားတယ်။ ညင်ညင်သာသာလေး ပုတ်လိုက်တာပါ "
မိုင်နဲ က သူ့လက်ကို ဖယ်ပေးလိုက်တော့ လောင်ထန်း က ရှဲ့စန်းရဲ့ ပုခုံး ကို ဖက်ထားလိုက်သည်။
"အားစန်း၊ မနက်ဖြန် ကုန်တိုက်မှာ ငါးပြုတ်ချက်မယ့် ကြေငြာချက် ကို ငါ တွေ့လိုက်ရတယ် ဟုတ်တယ် မဟုတ်လား"
ရှဲ့စန်း က ခေါင်းညိတ်ပြတော့ လောင်ထန်း က လောဘတကြီးနဲ့
"ငါ့ကို တန်းစီခွင့်ပေးနော်? ..နော်?"
ရှဲ့စန်း ရယ်လိုက်သည်။ “လူ အတန်းလိုက်ကြီးကို ခုန်တက်ရင်တောင် တစ်လုတ်ပဲ စားလို့ရမှာ။ မင်း စားချင်ရင် ညစာ အတူတူ စားရအောင် ၊ ဒီမှာ လေ့ကျင့်ဖို့ ချက်လိုက်မယ် ”
"တကယ်လား?" လောင်ထန်း ထခုန်လိုက်သည်။ "ကောင်းလိုက်တာ! ငါ စားရတာ ကြိုက်တယ်!"
ပိုင်ကျောင်း က စပ်စုစွာ မေးလာသည်။ "ဈေးဝယ်စင်တာမှာ ငါးပြုတ်ဟင်းချက်မှာလား?"
ရှဲ့စန်း က ဘာမှ ပြန်မပြောရသေးခင် လောင်ထန်း က ရှဲ့စန်းရဲ့ ကြေငြာချက် ကို အမြန် ပြောပြလိုက်သည်။
“ကြည့်ရှုသူတွေရဲ့ မှတ်ချက်တွေ အများကြီး တွေ့ခဲ့ရတယ်။ ကြမ်းပြင်မှာ ထိုင်စောင့်ပြီး အိပ်တော့မယ်လို့ အားလုံး က ပြောနေကြတယ်။Hahahaha! ကံကောင်းလိုက်တာ။ အားစန်း ကို မသိရင် ငါလည်း ကြမ်းပြင်မှာ အိပ်ပြီး စောင့်ရလိမ့်မယ်!"
ရှဲ့စန်း ၊ "... မင်းက တကယ်ကြီး ကြမ်းပြင်မှာ သွားစောင့်ပြီး အိပ်မလို့လား။ နောက်နေတာ မဟုတ်ဘူးလား?"
လောင်ထန်း က “သေချာပေါက် နောက်နေတာ ဘယ်ဟုတ်မလဲ။ မင်း ကြမ်းပြင်ပေါ်မှာ စောင့်မနေရင် မင်း အရှေ့ ကို မရောက်နိုင်ဘူး၊ မရောက်နိုင်ရင် မင်း စားလည်း မစားရတော့ဘူး!"
ရှဲ့စန်း နည်းနည်း အကူအညီမဲ့သွားသလို ခံစားလိုက်ရသည်။ “ငါ မနက်ကျ ကြေငြာချက်တစ်ခု ထပ်ထုတ်သင့်တယ်၊ ဒါမှမဟုတ် ဝင်ရမယ့်အချိန်ကို ကန့်သတ်ထားရမလား”
ပိုင်ကျောင်း က ရယ်မောလိုက်ပြီး “ဝင်ခွင့်အချိန် ကို ကန့်သတ်တာ က အသုံးမဝင်ဘူး။ သွားချင်တဲ့သူတွေကတော့ ကုန်တိုက်မှာ အိပ်ပြီးစောင့်နေလိမ့်မယ်”
ရှဲ့စန်း သူ့လက်ကို ဖြန့်လိုက်သည်။ "နောက်ပြီးမှ ကြေငြာချက်ကို ပို့ရမယ်လို့ ထင်တယ်"
သူတို့ လေးယောက် ဆိုဖာပေါ်ထိုင်ပြီး စကားစမြည် ပြောနေကြသည်။ ညစာစားချိန်၌ ရှဲ့စန်း က ငါးပြုတ်ကို ကိုယ်တိုင်ကိုယ်ကျ လုပ်ခဲ့ပြီး လေးယောက်သား ညစာ အတူတူ စားကြသည်။ ထမင်းစားပြီးနောက် လူတိုင်း က စပ်နေပုံ ရသည်။ ဆိုဖာပေါ် ထိုင်ကာ ရေအေးသောက်နေရင်း မျက်နှာနဲ့ နှုတ်ခမ်းတွေ က နီရဲနေခဲ့သည်။
လောင်ထန်း က ပါးစပ်ကို ယပ်ခတ်ကာ ပြောလာသည် ။ “ဟစ်စ်…အဲဒါက ကောင်းတယ်!”
ရှဲ့စန်း ပန်းသီးဖျော်ရည် ဖျော်လိုက်သည်။ ညစာ က အရမ်း စားကောင်းပေမယ့် ဝိုင် မရှိပေ။ သူငယ်ချင်းများ အတူတူ စားသောက်ကြတဲ့အခါ အစားအသောက်အပြင် ဝိုင် က မရှိမဖြစ် လိုအပ်သည်။ လေထုက ပိုပြီး သက်ဝင် လှုပ်ရှားလာလိမ့်မည်။
အခု စွမ်းအင် လိုအပ်ချက် အရမ်း များနေတာ သနားစရာ ဖြစ်နေတယ်။ စွမ်းအင်တွေ အများကြီး ကျန်နေသေးပေမယ့် ပေါ့ပေါ့တန်တန် မသုံးရဲပေ၊ မဟုတ်ရင် ဝိုင်အတွက် လိုအပ်တဲ့ အပင်တွေ ကို လဲလှယ်ပြီး ဝိုင် တစ်ချို့ လုပ်ကြည့်ချင်သည်။
နောက်တစ်နေ့ မနက်တွင် ရှဲ့စန်း မနက်စာ စားပြီးသွားတော့ ဆက်နွယ်သားရဲတွေ ကို သွားကြည့်လိုက်သည်။ ဆက်နွယ်သားရဲတွေ ကို တစ်ကောင်ပြီး တစ်ကောင် လိုက်ထိပေးလိုက်ပြီး သူ့ထိုင်ခုံတွင် ထိုင်နေကာ သတင်း ကြည့်လိုက်သည်။
“ရှင်းချန် ကုန်တိုက်မှာ လူတွေ ပြည့်လျှံနေတယ်” ဆိုတဲ့ သတင်း က အပေါ်ဆုံးမှာ ပေါ်နေသည်။ ရှင်းချန် ကုန်တိုက်ရှိ အခြေအနေကို အချိန်နှင့် တပြေးညီ အစီရင်ခံ တင်ပြနေတာ ဖြစ်ပြီး ဆံပင်အရောင် အမျိုးမျိုးရှိတဲ့ ခေါင်းတွေ က ဝေဟင်ဓာတ်ပုံတွေထဲ၌ ပေါ်နေခဲ့သည်။ ထို့နောက် အခြေအနေ အကြောင်းအရင်းကို ရှင်းလင်းပြထားပြီး သူ့ liveက ကြေညာချက် ကို copyယူထားကာ နောက်ဆုံးတွင် အများပြည်သူဘေးကင်းစေဖို့ သတိပေးချက်ဖြင့် အခြေအနေကို အစီရင်ခံစာ တင်ထားခဲ့သည်။
ရှဲ့စန်း ပင်မစာမျက်နှာသို့ ပြန်သွားပြီး တန်းစီတဲ့နေရာရှိ အခြေအနေတွေ ကို အချိန်နှင့်တပြေးညီ အစီရင်ခံဖို့ တစ်စုံတစ်ယောက် က ပို့စ်တစ်ခု တင်ထားသည် ကို တွေ့ရှိခဲ့သည်။ postပိုင်ရှင် တင်ထားတာ ကို အမြန် ကြည့်လိုက်သည်။
မနက် ၅ နာရီကျော်လောက်မှာပဲ၊ မိုင်နဲ နေရာယူထားတဲ့ သီးသန့်နေရာ က လူ အပြည့် ဖြစ်နေပြီ ဖြစ်ပြီး တန်းစီရမယ့်နေရာမှာ လူတွေ အကန့်အသတ်မရှိ ဖြစ်နေသည်။
နောက်ဆုံးဓာတ်ပုံ ကို လွန်ခဲ့တဲ့ မိနစ်ဝက် က တင်ထားခဲ့သည်။ တန်းစီတဲ့ နေရာ က ပြည့်နှက်နေပြီး ကုန်တိုက် အဆောက်အအုံ အနီး နှစ်ဖက်စလုံးတွင် လူအများ စုဝေးနေသည်။ ပုံမှန်အားဖြင့် ဖွင့်ခဲတဲ့ ပြတင်းပေါက်တွေ အားလုံး က ပွင့်နေပြီး ပြတင်းပေါက်တိုင်းတွင် လူတွေ ရပ်နေသည်။
ဒါက အရမ်း များလွန်းတယ်။ ရှဲ့စန်း အံ့သြသွားသည်။ သူက ဖျော်ဖြေပွဲ ကျင်းပတာ မဟုတ်ဘဲ ဟင်းချက်ပြမယ့်သူပါ။
ကြီးမားလွန်းတဲ့ လူအုပ်ကြီးကို ကြည့်လိုက်ပြီး နည်းနည်း ထိတ်လန့်သွားသည် ။ သူ့ဘေးမှာ လှဲနေတဲ့ အစက်လေး ကို ပွတ်လိုက်မိတော့ စိတ်တွေ နည်းနည်း ငြိမ်သွားသည်။ ရှဲ့စန်း က ၉နာရီခွဲ အထိ သားရဲတွေ နေရာ၌ နေခဲ့ပြီးနောက် မိုင်နဲ နှင့်အတူ ရှင်းချန် ကုန်တိုက် သို့ သွားခဲ့သည်။ သူတို့နှစ်ယောက် က VIP လမ်းကြားကို ယူကာ VIP ကားပါကင်တွင် ဆင်းသက်ခဲ့ကြပြီး မြေညီထပ်မှ တဲပြင်ဆင်တဲ့ နေရာကို တိုက်ရိုက်သွားလိုက်ကြသည်။
ပြင်ဆင်တဲ့ နေရာတွင် အရပ်ရှည်တဲ့ အထီး ၃ယောက် ရှိနေပြီး တစ်ယောက် က ငါးမျှားနေသည်။ လတ်ဆတ်တဲ့ ငါးများစွာ က သူ့ဘေးနားရှိ ရေပုံးကြီးတစ်ခုတွင် ရှိနေပြီး စားပွဲပေါ်တွင် အသားလွှာတစ်ခု ရှိနေသည်။ ကျန်နှစ်ယောက် က မီးဖိုချောင်သုံး ပစ္စည်းတွေ ကို ကိုင်ကာ အပြင်သို့ သယ်ဆောင်လာခဲ့သည်။ မိုင်နဲ ကို တွေ့တော့ သူတို့ က ရပ်လိုက်သည်။
"မစ္စတာ”
မိုင်နဲ က ကိရိယာ ကို စစ်ဆေးလိုက်သည်။ “ထွက်လို့ ရပြီလား”
ငါးအသားလွှာနေတဲ့ အထီး က “ဒုတိယ တစ်ကောင်က မကြာခင် အဆင်သင့်ဖြစ်မှာပါ” လို့ ပြောကာ နှုတ်ဆက်လာသည်။
ရှဲ့စန်း က "အလျင်မလိုပါဘူး၊ တစ်ကြိမ်ကို နှစ်ပိုင်းဆို လုံလောက်ပါတယ်။ အရသာကို ထိခိုက်စေလိမ့်မယ်”
ဝန်ထမ်းတွေ က ပစ္စည်းတွေ အမြန် တပ်ဆင်ပေးလိုက်သည်။ ရှဲ့စန်း က အပြင်မှ စိတ်လှုပ်ရှားစွာ အော်သံတွေ ကို ကြားလိုက်ရပြီး အော်ရယ်ချင်လာသည်။ သူ့မှာ ဖျော်ဖြေပွဲတစ်ခု ရှိနေတယ်လို့ ထင်ယောင်ထင်မှား ဖြစ်ခဲ့ပေမယ့် သူ က ဟင်းချက်ရုံသာ လုပ်နေတယ်ဆိုတာ သိသာသည်။
“ဒေါက်, ဒေါက်…” လူနှစ်ယောက် က မိုက်ကို ပုတ်တဲ့အသံကို ကြားလိုက်ကြပြီး မကြာခင်မှာပဲ ဝန်ထမ်းတွေ က ဝင်လာကာ “မစ္စတာ ရှဲ့၊ မစ္စတာ အဆင်သင့် ဖြစ်ပါပြီ"
မိုင်နဲ က စင်ပေါ်တဝိုက် လုံခြုံရေး အခြေအနေ ကို ဂရုတစိုက် စစ်ဆေးနေချိန် အပြင်ဘက် မြင်ကွင်းကိုပြသထားတဲ့ နံရံကပ် မော်နီတာ ကို ကြည့်လိုက်သည်။ သူ ဘာပြဿနာတစ်မှ မတွေ့ရတော့ ရှဲ့စန်း ရဲ့ လက်ကို ဆုပ်ကိုင်လိုက်သည် ။
"မကြောက်ပါနဲ့၊ ကိုယ်တို့ အတူတူ သွားကြမယ်"
ရှဲ့စန်း က အသက် ပြင်းပြင်း ရှူပြီး ပြုံးပြလိုက်သည်။ "ငါ မကြောက်ပါဘူး"
မိုင်နဲ က လက်ကို လွှတ်လိုက်ပြီး ငါးအသားလွှာတွေ ကို ယူကာ သူတို့ နှစ်ယောက် အတူတူ သွားလိုက်ကြသည်။
ပရိသတ်ရှေ့တွင် ရှဲ့စန်း ပေါ်လာသည်နှင့် ချက်ချင်းပဲ စိတ်လှုပ်ရှားစွာနဲ့ အော်ဟစ်လိုက်ကြသည်။ ရှဲ့စန်း လန့်သွားပြီးနောက် တည်ငြိမ်တဲ့ အမူအရာဖြင့် ဆက်လက်လျှောက်လှမ်းခဲ့သည်။ မိုင်နဲ က သူ့နောက်ကနေ အနီးကပ် လိုက်လာခဲ့သည်။ စင်မြင့် အလယ်သို့ ရောက်တဲ့အခါ ရှဲ့စန်း ငုံ့ကြည့်လိုက်သည်။ သူ့မျက်လုံးတွေထဲ၌ လူတွေနဲ့ ပြည့်နေသည်။ အထပ်မြင့် အဆောက်အအုံရဲ့ ပြတင်းပေါက် နှစ်ဖက်တွင်လည်း လူများဖြင့် ပြည့်ကျပ်နေသည်။ သူတို့သည် ရှဲ့စန်း ခံစားနေရတဲ့ ဖိအားကို တိုးမြင့်လာစေအောင် မြင့်မားတဲ့ ပလက်ဖောင်း တစ်ခုပေါ်တွင် ရပ်နေကြသည်။
မိုင်နဲ က စားပွဲပေါ်ရှိ ကြိုးမဲ့ မိုက်ခရိုဖုန်း ကို ကောက်ကိုင်လိုက်ပြီး သူ့နားရွက်ပေါ် ငုံ့ကာ တပ်ပေးလိုက်သည်။ ဒီအချိန်မှာ သူတို့နှစ်ယောက် က အရမ်း နီးကပ်နေပြီး မိုင်နဲ က သူ့ခန္ဓာကိုယ် တစ်ဝက်ကို ပိတ်ဆို့ထားလိုက်သည်။ သူ သက်ပြင်းချကာ နှလုံးခုန် မြန်နေတာကို ဖြေလျှော့လိုက်သည်။
"ဟုတ်ပြီ၊ ဒီခလုတ် က အဖွင့်၊အပိတ် လုပ်တာ " မိုင်နဲ က သူ့လက်ကောက်ဝတ် ကို ကိုင်လိုက်ပြီး နားကြပ်ပေါ် က အဖွင့်/အပိတ် ခလုတ်ကို လက်ဖြင့် ထိပေးလာသည်
ရှဲ့စန်း က တိုးတိုးလေး ပြန်ပြောလိုက်တော့ မိုင်နဲ က အောက်ကို ငုံ့ကြည့်လာသည်။ သူ့မျက်လုံးတွေ သူ့နှုတ်ခမ်းပေါ် ရောက်သွားပေမယ့် ခဏရပ်ပြီးနောက် နဖူးပေါ်ကို ညင်သာစွာ နမ်းလိုက်သည်။
(TN; ဒီအတွဲ က လူအများကြီး အရှေ့ကို ရောက်ပြီ ဆိုရင် အမြဲတမ်း ခွေးစာ ရောင်းတယ်)
"ကိုယ် ဒီမှာ ရှိတယ်။ မကြောက်နဲ့”
ပြောပြီးသည်နှင့် သူ က ဘေးသို့ ဆုတ်ကာ ရှဲ့စန်းကို နေရာ ဖယ်ပေးခဲ့သည်။
မိုင်နဲရဲ့ ကွယ်ထားတာ မရှိတော့တဲ့ အတွက် သူပြောခဲ့တာတွေ ကို ပြန်စဉ်းစားလိုက်သည်။ သူ့နားထဲရှိ ခလုတ်ကို ထိလိုက်သည်။
"အားလုံးပဲ မင်္ဂလာပါ။ ငါက ရှဲ့စန်း ပါ" သူက ပြုံးလိုက်သည်။ “ဒီနေ့ လူအများကြီး လာမယ်လို့ မမျှော်လင့်ထားဘူး။ နည်းနည်းတော့ အံသြသွားတယ်”
သူ အရမ်း မပြောချင်ပေမယ့် ဒီနေ့ လုပ်နေတဲ့ အဖြစ်အပျက်ရဲ့ အကျိုးသက်ရောက်မှု ကို မြှင့်တင်ဖို့အတွက် ဘာမှမပြောတာထက် တစ်ခုခုကို ပြောတာ က ပိုကောင်းသည်။ ရိုးရိုးသားသား ပြောဖို့ ကြိုးစားလိုက်သည်။
“ငရုတ်သီး မိတ်ဆက်တုန်း က ပေါ်လာတဲ့ စာတွေကို ကြည့်လိုက်တော့ လူ တော်တော် များများ က ငရုတ်သီးကို စမ်းစားကြည့်ချင်နေကြတယ်။ ပထမအကြိမ် ချက်တုန်းက အရမ်း အံ့သြခဲ့ရတယ်၊ အဲဒါကြောင့် နောက်ထပ် လူတွေ အများကြီး ကို မြည်းကြည့်စေချင်တယ်။ ဟုတ်ပါတယ်၊ ပရိသတ်ထဲမှာ လူတွေ က တော်တော် များနေတယ်၊ အဲဒါကို တကယ် စားရဖို့ လူက နည်းတယ်။ ငါ အဲဒါကို ကြိုတွေးပြီး အိမ်ထဲမှာ စမ်းချက်ကြည့်ထားတယ်။ ဒါပေမယ့် ငါပြောချင်တာ ကအစားအသောက်ရဲ့ ဆွဲဆောင်မှုဟာ အရသာ အပြင် အနံ့လည်း ပါပါတယ်။ ပရိတ်သတ်တွေ မစားရဘူး ဆိုရင်တောင် ငရုတ်သီးအနံ့ ရဖို့အတွက် နောက်ဆုံးတော့ ဒီမှာပဲ ချက်ပြဖို့ သတ်မှတ်လိုက်ပါတယ်။ လူတွေကို နောက်ထပ် အတွေ့အကြုံ အသစ် ရစေမယ်လို့ မျှော်လင့်ပါတယ်"
ပရိသတ်တွေရဲ့ ထောက်ခံကြောင်း ကြွေးကြော်မှု ကို နားထောင်ရင်း ရှဲ့စန်း ပြုံးလိုက်သည်။ သူက အသုံးအဆောင်တွေနဲ့ ပါဝင်ပစ္စည်းတွေ ကို စစ်ဆေးပြီး စတင် ချက်ပြုတ်လိုက်သည်။ မွှေးကြိုင်နေတဲ့ ငရုတ်သီး အနံ့တွေ စင်ပေါ်ကနေ လွင့်ထွက်လာဖို့ အချိန် သိပ်မကြာလိုက်ပေ။ အရှေ့ဘက် က ပရိသတ်အားလုံး နီးပါး က ဒီအစပ်အရသာ ရနံ့ကို ပထမဆုံးအကြိမ် အနံ့ခံမိကြသည်။ တစ်ချို့က အနံ့မွှန်ကာ ချောင်းဆိုးနေကြပြီး အများစုမှာ တံတွေး ခဏခဏ မျိုချနေကြသည်။
ဒီရနံ့ က တကယ်ကို ထူးထူးဆန်းဆန်းလို့ ထင်နေကြသည်။ အနံ့တစ်ခု က ထိန်းမနိုင် သိမ်းမရ ခဏခဏ တံတွေး မျိုချနေရအောင် ဘယ်လိုတောင် လျှို့ဝှက်ဆန်းကြယ်နိုင်တာလဲ။
ရှဲ့စန်းက ဗိုက်မဆာကာ မစားချင်ပေမယ့် စပ်တဲ့အနံ့ ကို ရှူလိုက်တော့ သူ့ရဲ့တုံ့ပြန်မှု က ပရိသတ်နဲ့ အတူတူပင် ဖြစ်သည်။
အနံ့ ပြင်းလာသည်နှင့် အမျှ ပရိသတ်တွေ က လည်ပင်း ကို ဆန့်ကာ စားနိုင်အောင် အရှေ့သို့ ကိုင်းနေကြသည်။ စင်ရှေ့တွင် အိုးထဲက မြင်ကွင်းကို ဗီဒီယိုဖြင့် ပြထားသည်။ အနီရောင် ဟင်းရည်အောက်မှာ တစ်ဝက်လောက် ပေါ်နေတဲ့ အဖြူရောင် ငါးအသားလွှာ ကို ကြည့်ရတာ ပိုလို့တောင် အရသာရှိမယ့်ပုံ ရသည်။
"အိုး....၊ ဒီဟာက အနံ့ အရမ်းကောင်းတယ်!"
“ဒါက စိတ်အနှောင့်အယှက် ဖြစ်လွန်းအောင် ငါ အဲဒါကို အရမ်း တောင့်တနေတယ်!”
“ဒီအနံ့ကို ရပြီး၊ ငါ့ရဲ့ အရသာမရှိတဲ့ အစားအစာတွေ က အရသာရှိလာတယ်” လူငယ်တစ်ဦ က သူမျက်လုံးတွေ ကို ရှေ့တည့်တည့်တွင် ကြည့်နေပြီး လက်ထဲတွင် လက်ဖဝါးအရွယ်ရှိ အသားခြောက် တစ်ခုကို ဝါးစားလိုက်သည်။
“ကောင်လေး၊ ငါ့ကို နည်းနည်းလောက် ပေးပါ။ ငါ စားချင်လွန်းနေပြီ" သူ့နောက် က အသက်ကြီးကြီး လူတစ်ယောက် က သူ့ပုခုံးကို ပုတ်လိုက်သည်။
အနီးနားရှိ ပရိသတ်တွေကလည်း “ငါ့ကို ပေးပါဦး။ သေလိုက်စမ်း၊ ငါ ဘယ်လိုတောင် မေ့ရတာလဲ၊အစားအသောက် ပြင်ဆင်ဖို့ သိထားခဲ့သင့်တယ်။ ငါ ဗိုက်ဆာတာ မဟုတ်ပေမယ့် ဒီအနံ့ က ငါ့ကို ဗိုက်ဆာစေတယ်"
“ဒါက ထိုက်တန်ပါတယ်။ ရှေ့ဆုံ အတန်းကို မရောက်ခဲ့ရင်တောင် အနံ့ကို ခံစားရလို့ ထိုက်တန်တယ်!”
"ဟုတ်တယ်၊ ငါ ဒီလောက်ကောင်းတဲ့ အနံ့ကို တစ်ခါမှ မရဖူးဘူး။ တင်ဆက်သူ က တကယ်ကောင်းတဲ့လူပဲ!”
ရှဲ့စန်း က အဆက်မပြတ် တိုးလာနေတဲ့ စွမ်းအင်တွေ ကို ကြည့်ပြီး သူ့နှုတ်ခမ်းထောင့်များ ပိုပို၍ ကွေးတက်လာသည်။ အစားအသောက် က တကယ် ကောင်းတယ်။
ငါးပြုတ် က အဆင်သင့် ဖြစ်ပြီး မိုင်နဲကလည်း အကူအညီ ပေးဖို့ ရောက်လာသည်။ စင်မြင့်ပေါ်သို့ ပရိသတ်အား တက်ခွင့်ပြုရန် ဝန်ထမ်းတွေအား အချက်ပြခဲ့သည်။ ပထမဦးဆုံး ပရိသတ်အဖွဲ့ဝင် လူငယ်လေး က မိုင်နဲဆီက ငါးအသားလွှာ ကို စားခဲ့သည်။ သူ့မျက်နှာ က နီရဲလာပြီး လက်တစ်ဖက် က ပါးစပ်ကို ယပ်ခတ်ကာ အသက်ရှူသွင်းလိုက်သည်။
"ကောင်းလိုက်တာ!" သူက မျှော်လင့်တကြီး ပြောလိုက်သည်။ "နောက်ထပ် တစ်ခုလောက် ရနိုင်မလား"
မိုင်နဲ က ပြတ်ပြတ်သားသား ငြင်းဆိုလိုက်သည်။
ကောင်လေး က စိတ်ပျက်သွားသည်။ ဝန်ထမ်းတွေ က တစ်ဖက်ကနေ သူ့ကို စင်ပေါ်ကနေ ထွက်သွားဖို့ သတိပေးခဲ့ပေမယ့် သူဟာ စင်ပေါ်က ဆင်းဖို့ ဝန်လေးနေခဲ့သည်။ စင်ပေါ် က မဆင်းမီ သူက ရှဲ့စန်း အား
"တင်ဆက်သူ၊ အခု live time က အရမ်း တိုလွန်းတယ်။ liveလွှင့်ချိန် ကို တိုးပေးပါ ah!"
ကုန်တိုက်ရှိ လုံခြုံရေး က ကောင်းသည်။ ပရိသတ်တွေ ကို စနစ်တကျ တန်းစီခိုင်းထားပြီး နမူနာ မြည်းတဲ့ လုပ်ငန်းစဉ်တစ်ခုလုံး က အလွန် ချောမွေ့ခဲ့နေသည်။
ပထမအိုး ကုန်သွားတော့ ရှေ့တန်းမှ ကြည့်ရှုတွေ က မျက်လုံးတွေထဲမှ မျက်ရည် ကျလုနီးပါး ဖြစ်သွားခဲ့သည်။
“နောက်တစ်ခုလောက်ပဲလေ။ ငါ ဒီလောက်တောင် ကံမကောင်းနိုင်ဘူးလား!"
သူ့နောက်က လူတွေကလည်း ဒီလိုပဲ ခံစားနေရသည်။ "အားးးးးးးး ငါ အရမ်း စားချင်နေတယ်!"
ရှဲ့စန်း က ဝန်ထမ်းတွေ စားပွဲကို သန့်ရှင်းရေးလုပ်တာ စောင့်ဆိုင်းနေစဉ် ဘေးတွင် ရပ်နေသည်။ သူ က ရှေ့ဆုံးတန်းရှိ ပရိသတ်နှင့် အရမ်း နီးကပ်နေပြီး သူတို့ရဲ့ စကားတွေ ကို ကြားနေရသည်။ သူ မရယ်ပဲ မနေနိုင်ပေ။ 'ဒါက နည်းနည်း ချဲ့ကားနေတာ မဟုတ်ဘူးလား? သူက အဲဒီဘက် ကို ပြုံးပြီး ပြောလိုက်သည်။
“နောက်ထပ် တစ်အိုး ရှိပါသေးတယ်။ ခဏလေးစောင့်နော်"
"တကယ်လား?!"
ရှေ့တန်းမှ ပရိသတ် က ထခုန်လာကာ လက်နှစ်ဖက် ကို မြှောက်ပြီး တစ်ဖက်မှ တခြားတစ်ဖက်သို့ စိတ်လှုပ်ရှားမှုဖြင့် တွန်းလိုက်သည်။
"အားးးးးးးးး! ကောင်းလိုက်တာ! နတ်ဘုရား ရှဲ့၊ ငါ မင်းကို ချစ်တယ်နော်။ မင်းက သိပ်သဘောကောင်းတာပဲ!"
မိုင်နဲ က ရှဲ့စန်းခါးကို ဆွဲဖက်ကာ အေးစက်စက် အကြည့်နဲ့ ကြည့်ပေးလိုက်သည်။
အကြည့်ခံရပြီးနောက် ကြည့်ရှုသူရဲ့ ခန္ဓာကိုယ် က တောင့်တင်းလာကာ အရူးအမူး လက်ခါပြရန် သူ့ခန္ဓာကိုယ်ရှေ့တွင် သူ့လက်တွေကို မြှောက်လိုက်သည်။
"ငါ့ကို အထင်မလွဲနဲ့နော်၊ ငါ့မှာ တင်ဆက်သူ အတွက် တခြား ရည်ရွယ်ချက် လုံဝ မရှိဘူး!"
ကျယ်လောင်တဲ့ ရယ်မောသံ က ပတ်ပတ်လည်မှ ထွက်ပေါ်လာသည်။ ရှဲ့စန်း ရှက်ရွံ့သွားပြီး မိုင်နဲရဲ့ နောက်ကျော ကို လက်ဖြင့် ပုတ်ကာ တိုးတိုးလေး ပြောလိုက်သည်။
“မင်းက အရမ်း အလေးအနက် ဖြစ်လွန်းတယ်။ သူတို့ရဲ့ ခံစားချက်တွေ ကို ဖော်ပြနေကြရုံပါ”
မိုင်နဲ က သူ့ကို ငုံ့ကြည့်သည်။ "မင်းကို သော့ခတ်ပြီး သီမ်းထားချင်တယ် အဲဒါဆို ကိုယ်တစ်ယောက်တည်းပဲ ကြည့်လို့ရမှာ"
ရှဲ့စန်းရဲ့ စိတ်ထဲတွင် ရုပ်ပုံ တစ်ချို့ ရုတ်တရက် ပေါ်လာပြီး သူ့မျက်နှာကို လက်ညှိုးနဲ့ ထိုးလိုက်သည်။
“စဉ်းတောင် မစဉ်းစားနဲ့” စင်မြင့်ပေါ်ကနေ ခေါင်းညိတ်ပြလိုက်သည်။ “သဝန်တိုတာ ကို လျှော့ပါ။ အပြင်မှာ လူတော်တော် များများ က မင်းရဲ့ နာမည်ကို အော်ဟစ်နေကြတယ်။ မင်း ဝတ်ထားတာ အရမ်း မိုက်တာပဲ!"
မိုင်နဲဟာ All black ဝတ်ထားသည်။ သူက ခပ်မိုက်မိုက်နဲ့ ချောမောနေပြီး သူ့မျက်နှာကြောင့် လူအများ ကို အော်ဟစ်ဖို့ တွန်းအား ဖြစ်စေမည်မှာ သေချာသည်။
“အဲဒါကို မကြားမိဘူး” မိုင်နဲ က သူ့ဝတ်စုံ ကို သူ ကြည့်လိုက်သည်။ "ဒါက တိုက်ရတာ ပိုလွယ်စေတယ်"
ရှဲ့စန်း "... ငါ ဒီမှာ ဟင်းချက်ဖို့ ရောက်နေတာနော်"
“တစ်ယောက်ယောက် က တစ်ခုခု လုပ်လာမှာ ကို ကိုယ် စိတ်ပူတယ်” လို့ မိုင်နဲ က ပြောသည်။
ထိုအချိန်တွင် ဝန်ထမ်း က အဆင်သင့် ဖြစ်နေပြီ ဟု ပြောလာတာကြောင့် မိုင်နဲ က ရှဲ့စန်း ကို လွှတ်ပေးလိုက်သည်။ ရှဲ့စန်း စင်မြင့်အလယ်သို့ လျှောက်သွားတော့ ဝန်ထမ်း က ငါးအသားလွှာတွေ ကို စားပွဲပေါ်တင်ကာ ချထားပေးလိုက်သည်။ ရှဲ့စန်း က ပါဝင်ပစ္စည်းတွေ ကို စစ်ဆေးပြီး ငါးပြုတ် ကို ထပ်မံ ပြင်ဆင်လိုက်သည်။
ဒုတိယအိုး ကို မြည်းစမ်းနေပြီး တစ်ဝက်လောက် ရောက်တော့ ဝေဟင်ကို ရိုက်တဲ့ ကင်မရာ က ရှဲ့စန်း ဆီ ရုတ်တရက် အရှိန်ပြင်းပြင်းနဲ့ ပျံသန်းသွားသည်။
ဘယ်သူမှ မတုံ့ပြန်ကြတဲ့ အခါ၊ ရှဲ့စန်း ဘယ်ဘက်ပခုံးပေါ်ရှိ နေကြာပန်း က ချက်ချင်း ကြီးမားလာပြီး လက်မောင်းအရွယ် အစေ့ က တည့်တည့် ထိသွားအောင် ပစ်ထုတ်လိုက်သည်။ အစေ့ရဲ့ ရွေ့လျားမှု က လေထဲတွင် အနက်ရောင် မျဉ်းကြောင်းကို ဆွဲသလို ဖြစ်သွားရာ မျက်စိတစ်မှိတ် အတွင်းမှာပဲ ကြီးမားတဲ့ ပေါက်ကွဲသံတစ်ခု ထွက်ပေါ်လာသည်။
ထို့နောက် ချက်ချင်းဆိုသလိုပဲ ဝေဟင်မှ ကင်မရာသည် ရွှေရောင် မီးတောက်များ တောက်လောင်ကာ ပေါက်ကွဲသွားသဖြင့် လေထုထဲမှ အပျက်အစီးအပိုင်းအစများ ကွဲထွက်သွားပြီး ချက်ချင်းပဲ နောက်ထပ် 'ပေါက်ကွဲသံ' တစ်ခု ထပ်မံ ပေါ်ထွက်လာသည်။
ရှဲ့စန်း နှလုံးခုန်သံ မြန်သွားသည်။ ပေါက်ကွဲမှု က သိပ်မကြီးပေမယ့် သူ့ကို ထိမိရင် အနည်းဆုံး ဒဏ်ရာအပြင်းအထန် ရသွားလိမ့်မည်။ သူ့ကို မထိမိပေမယ့် အောက်က ပရိသတ်တွေ အတွက် စိတ်ပူနေခဲ့သည်။ အပျက်အစီးတွေ က အရမ်း ပူနေပြီး လူတွေပေါ် ကျသွားရင် မီးလောင်ခံရမှာ သေချာသည်။
သူ က တခဏချင်း တုံ့ပြန်လိုက်သည်။ သူ က ဂေါ်ဖီထုပ်ကြီး ကို ဆင့်ခေါ်၍ သူ့ရဲ့ အကြီးဆုံးအရွယ်အစား အထိ ချဲ့ထွင်ရန် အမိန့်ပေးပြီးနောက် အဲဒါ ကို အပြားလိုက် ဖွင့်ခိုင်းလိုက်သည်။ ကြီးမားတဲ့ ဂေါ်ဖီထုပ်ကြီး က သူ့ရဲ့ အရွက်တွေ ကို ပန်းပွင့်ကဲ့သို့ ပွင့်လာကာ ကျယ်ပြန့်တဲ့ စက်ဝိုင်းတစ်ခု ဖြစ်ပေါ်လာသည်။
အကြွင်းအကျန်တွေ က အရွက်တွေပေါ်သို့ ပြုတ်ကျပြီး အဆုံးအထိ လောင်ကျွမ်းသွားကာ အရွက်ရဲ့ အပေါ်ဆုံးအလွှာ ပြုတ်ကျသွားသည်။ ထို့နောက် နောက်တစ်လွှာ ပြုတ်ကျသွားသော်လည်း ပြုတ်ကျထားသည့် အရွက်အလွှာ တစ်ခုစီတွင် အပျက်အစီးတွေရဲ့ အပူချိန် ပါသွားသဖြင့် အပူချိန် က သိသိသာသာ ကျဆင်းသွားကာ တတိယအလွှာမှ အရွက်တွေရောက်တော့ ရပ်သွားသည်။
အားလုံး က အရမ်း လျင်မြန်စွာနဲ့ ဖြစ်ပျက်သွားခဲ့သည်။ ပရိသတ်တွေ က ပြေးထွက်လာတဲ့ ဝေဟင် ကင်မရာကိုသာ မြင်လိုက်ရပြီး နေကြာပန်းကြီး ကို တွေ့လိုက်ရသည်၊ ရိုက်ခတ်မှုနှင့် ပေါက်ကွဲသံများကို ကြားလိုက်ရသည်၊ ထို့နောက် သူတို့ မျက်လုံးတွေ အရှေ့တွင် အရာအားလုံး မဲမှောင်သွားခဲ့သည်။ အစိမ်းရောင် အစွန်းတစ်ခု ပါတဲ့ အဖြူရောင် နှလုံးပုံသဏ္ဍာန် အရာ က အပေါ်ရှိ အရာအားလုံး ကို ပိတ်ဆို့ထားသည်။ မျက်စိတစ်မှိတ်အတွင်းမှာ အရာခပ်သိမ်း ပျောက်ကွယ်သွားပြီး အရာအားလုံး သဲလွန်စမရှိဘဲ ငြိမ်သက်သွားခဲ့တယ်။ လွင့်ပျံနေခဲ့တဲ့ ဝေဟင်ကင်မရာတောင် ပျောက်သွားသည်။ အားလုံးက မျက်စိတစ်မှိတ် မျက်တောင်တစ်ခတ် အတွင်းမှာပဲ ဖြစ်ပျက်သွားခဲ့သည်။
ရှဲ့စန်း က ဂေါ်ဖီထုပ်ကို ပြန်ဆင့်ခေါ်လိုက်တဲ့ အချိန်မှာတော့ မိုင်နဲရဲ့ ကာကွယ်ပြီး ဖက်ထားတာ ခံလိုက်ရသည်။
မိုင်နဲ က “အားလုံး အဆင်ပြေရဲ့လား” လို့ စိတ်လှုပ်ရှားစွာ မေးလာသည်။
ရှဲ့စန်း က ခေါင်းညိတ်လိုက်ပြီး နေကြာပွင့်လေး ကို ပွတ်လိုက်သည်။ “အဆင်ပြေပါတယ်။ နေကြာလေး က မြန်တယ်"
နေကြာပန်းလေးသည် သူ့ရဲ့ အကိုင်းအခက် ကို လိမ်၍ သူ့ဘာသာသူ အလွန် ဂုဏ်ယူနေသည်။
မိုင်နဲ က သက်ပြင်းချကာ ကုန်တိုက်ရဲ့ အကြီးအကဲထံ ဆက်သွယ်လိုက်သည်။ သူ့အသံ က အေးစက်နေပြီး “တိုက်ခိုက်သူ က ညာဘက်က အဆောက်အအုံထဲမှာ ရှိနေတယ်။ ပဉ္စမထပ် က ပြတင်းပေါက်နားမှာ။ တစ်ယောက်ယောက်နဲ့ သူ့ကို သွားခေါ်ခိုင်းလိုက်!" သူက ဆက်သွယ်ရေးကို အဆုံးသတ်လိုက်ပြီး ရှဲ့စန်း ကို အနောက်ဘက်သို့ တွန်းလိုက်သည်။
"အရင် ပြန်သွားလိုက်"
ရှဲ့စန်း က ညည်းညူနေတဲ့ ပရိသတ်တွေ ကို ကြည့်ကာ ဘေးနှစ်ဖက်ရှိ အဆောက်အဦများ ကို ကြည့်လိုက်ပြီး
“အဆင်ပြေမယ် လို့ ငါ ထင်တယ်။ ကြံရာပါ ရှိတယ် ဆိုရင် အခုချိန် က တိုက်ခိုက်ဖို့ အကောင်းဆုံး အခွင့်အရေးပဲလလေ။ အရသာ မြည်းတာ အဆုံးအထိ ပြီးမှ ပြန်ကြရအောင်"
မိုင်နဲ၊ "မင်း နံရံနားမှာ ရပ်နေ။ ကိုယ် လုပ်လိုက်မယ်။"
ရှဲ့စန်း က နံရံမှာ ရပ်နေခိုင်းတာ ဒါ အပြစ်ဒဏ် ပေးနေတာလား။ သူနဲ့ မိုင်နဲ က တယောက်နဲ့ တယောက် အရမ်း ရင်းနှီးတော့ မိုင်နဲရဲ့ ခန္ဓာကိုယ် က တင်းမာနေပြီ၊ အထိတ်တလန့် ဖြစ်နေပြီးပြီး၊ တိုက်ပွဲဝင်ဖို့ အဆင်သင့် ဖြစ်နေပြီ ဆိုတာ ကို သူ ခံစားလို့ ရနေသည်။ မိုင်နဲရဲ့ စိတ်ကို မြင်ရတော့ သူ ဘာမှ ပြန်မပြောတော့ဘဲ မိုင်နဲ အနောက်မှာရပ်ပြီး ပရိသတ်ကို ပြုံးပြလိုက်သည်။
“ကဲ ဆက်ကြရအောသ်”
မိုင်နဲ က သိသိသာသာ အရှိန်မြန်လာသည်။ သူက ပရိသတ် ကို စကားပြောခွင့် မပေးဘဲ ငါး စားပြီးတာနဲ့ လူတွေ ကို ထွက်သွားခိုင်းဖို့ ဝန်ထမ်းတွေ ကို အချက်ပြလိုက်သည်။
မကြာခင် ဒုတိယအိုးလည်း ပြီးသွားသည်။ ရှဲ့စန်း က လူတိုင်း ကို ကျေးဇူးတင်ကြောင်း ပြောပြီး ပွဲပြီးဆုံးကြောင်း ကြေညာ၍ နားကြပ် ကို ချွတ်ကာ မိုင်နဲနဲ့ ထွက်ခွာသွားခဲ့သည်။ သူတို့ ၂ယောက် က ကုန်တိုက်ရဲ့ ဒါရိုက်တာ ရုံးခန်းသို့ တန်းတန်းမတ်မတ် သွားကြသည်။
ကုန်တိုက်ရဲ့ ဒါရိုက်တာ အပြင် လုံခြုံရေးအရာရှိ နှစ်ဦးနှင့်အတူ အရပ်မြင့်မြင့် ဝတုတ်နေတဲ့ အမျိုးသားတစ်ဦး က ကြမ်းပြင်ပေါ်တွင် လဲနေသည်။ တာဝန်ခံ က ဝတုတ်နေတဲ့ အမျိုးသားကို ကန်လိုက်သည်။
“ဝေဟင်ကင်မရာ က သူ့ဟာ”
မိုင်နဲ က အရှေ့သို့ လျှောက်သွားကာ ဝတုတ်နေတဲ့ ခြေသလုံး ကြွက်သား ကို နင်းလိုက်သည်။ သူ နင်းလိုက်တဲ့ အချိန် အရိုးရဲ့ ကွဲအက်သံ ကို ကြားလိုက်ရသည်။ နောက်စက္ကန့်တွင် ဆူဖြိုးသူသည် လည်ပင်းကို ကိုင်ကာ အော်လာသည်။ သူ့အသံ က အရမ်း ကြမ်းတမ်းပြီး အသံ ကို နားထောင်ရုံနဲ့ သူ နာကျင်နေမှန်း မင်း သိနိုင်သည်။
ဒါရိုက်တာ က “ကျွန်တော် သူ့ကို မေးခွန်းမေးပြီးပြီ။ ဆက်နွယ်သားရဲ ရောင်းဝယ်ရေး ဂိုဏ်းကနေ ထွက်ပြေးလာတဲ့ လူတွေ၊ အရင်တစ်ခေါက် စစ်တပ် က ဝင်ရောက်စီးနင်းခဲ့တဲ့ အုပ်စုနဲ့ အတူတူပဲ”
မိုင်နဲ က ပင့်သက်ရှိုက်နေတဲ့ ဝတုတ်ကြီးကို နောက်စက္ကန့်မှာပဲ တစ်စဆီ ဆွဲစုတ်ပစ်ချင်သလို အေးစက်စွာ စိုက်ကြည့်လိုက်သည်သည်။ “မင်းရဲ့ ကြံရာပါတွေ ဘယ်မှာလဲ” ဟု ပြင်းထန်တဲ့ အသံဖြင့် မေးလိုက်သည်။
လူထွားကြီး က အံထိတ်တလန့်နဲ့ ခေါင်းခါလိုက်သည်။ "မရှ်ဘူး။ မရှိဘူး"
ဒါရိုက်တာ က “ကျွန်တော် စောင့်ကြည့် မှတ်တမ်းကို ကြည့်လိုက်တယ်။ သူ တစ်ယောက်တည်း လာပြီး ပွဲတစ်လျှောက်မှာ ဘယ်သူ့ကိုမှ မဆက်သွယ်ဘူး။ ကြံရာပါ မရှိဘူး ထင်ရပေမယ့် တိကျသေချာတဲ့ စုံစမ်းစစ်ဆေးမှုလုပ်ဖို့ လိုအပ်ပါတယ်။ ရဲစခန်းကို အကြောင်း ကြားပြီးပါပြီ”
မိုင်နဲ က သူ့ကို မျက်နှာ အမူအရာ မပြောင်းဘဲ ကြည့်လိုက်သည်။
" လုံခြုံရေး အတင်းကျပ်ဆုံး တဲ မဟုတ်ဘူးလား?”
ဒါရိုက်တာ က “တောင်းပန်ပါတယ်။ ဒါက ကျွန်တော်တို့ရဲ့ ပေါ့ဆမှုပါ။ ကုန်တိုက်မှာ စစ်ဆေးတဲ့စက် အများကြီး ရှိတာကြောင့် အန္တရာယ်ရှိတဲ့ ကုန်ပစ္စည်းတွေ ကို ယူဆောင်လို့ မရနိုင်ပါဘူး။ ဝေဟင် ကင်မရာအတွင်း က ဖောက်ခွဲရေး ပစ္စည်းတွေ ကို သူကိုယ်တိုင် ပြုလုပ်ထားတာ ဖြစ်ပါတယ်။ အတွင်းထဲမှာ ပစ္စည်းတွေ ကို အဆင့်ဆင့် ခံပြီး စစ်ဆေးတာ ကို ရှောင်ခဲ့တာပါ"
ရှဲ့စန်း က လျှို့ဝှက်စွာ တွေးခဲ့သည်၊ ဒါက အရမ်း ပြင်းထန်လှတာ မဟုတ်ဘူး။ ကံကောင်းလို့ပဲ!
ဒါရိုက်တာ က ရှဲ့စန်း ကို ကြည့်ပြီး “ကျေးဇူးတင်ပါတယ်။ အဲဒီလို မလုပ်လိုက်ရင် လူ တော်တော် များများ ဒဏ်ရာ ရသွားလိမ့်မယ်။ လူတွေ အရမ်း များနေတဲ့ အတွက် ဒဏ်ရာတွေ ရရင် ပရမ်းပတာနဲ့ တွေးလို့မရတဲ့ အကျိုးဆက်တွေ ဖြစ်လာလိမ့်မယ်”
ရှဲ့စန်း က ခေါင်းခါလိုက်ပြီး “ရပါတယ်။ ဒါက ကျွန်တော့်ရဲ့ ပရိသတ်ပါပဲ”
ဒါရိုက်တာ က "ငါတို့ရဲ့ ပေါ့ဆမှုကို ပြင်ဆင်ဖို့အတွက် ဒီနေရာ ကို မင်းကို အလကား ငှားပေးမယ်" ဟု ပြောသည်။
စကားစမြည် ပြောပြီးနောက် ဒါရိုက်တာ က သူ့သက်တော်စောင့်နဲ့ ကားပါကင်ဆီ ခေါ်သွားခိုင်းလိုက်သညွ။ လွန်းပျံယာဉ်ပေါ်တွင် ရှဲ့စန်း က ပိုင်ကျောင်းနဲ့ လောင်ထန်းထံမှ ဆက်သွယ်မှု ရရှိခဲ့သည်။ သူက ပြုံးပြီး “ငါတို့ အားလုံး အဆင်ပြေပါတယ်။ ငါတို့ မကြာခင် အိမ်ပြန်တော့မယ်"
သူ့ ဆက်သွယ်ရေး ကို အဆုံးသတ် ပြီးနောက် ရှဲ့စန်း သူ့ရဲ့ စွမ်းအင် ကို စစ်ဆေးခဲ့သည်။ ၉၅၀၀ ကျော်။ ဒီနေ့ စုစုပေါင်း ၁၀၀၀ကျော် တိုးလာသည်။
သူ အိမ်ပြန်ရောက်တော့ ပိုင်ကျောင်း နဲ့ လောင်ထန်း နှစ်ယောက်စလုံး တံခါးနားမှာ ရှိနေသည်။ လောင်ထန်း က သူ့ကို မြင်တာနဲ့ စပ်စုပြီး မေးလာသည်။
"အားစန်း အဲဒီပန်း က ဘာပန်းလဲ?"
လောင်ထန်းရဲ့ မေးခွန်းကို ကြားတဲ့ အချိန် ပိုင်ကျောင်း သည် ဖန်သားပြင်ကို စိုက်ကြည့်နေသည်။ သူက ရှဲ့စန်း ကို ကြည့်ပြီး ချီတုံချတုံနဲ့
"အဲဒါက ဂေါ်ဖီထုပ်လား?"
ရှဲ့စန်း ပိုင်ကျောင်း ကြည့်နေတဲ့ ဖန်သားပြင်ကို လှမ်းကြည့်လိုက်တော့ ဝေဟင်ကင်မရာ က ထိန်းချုပ်မှုမှ လွတ်သွားကာ ပျောက်ကွယ်သွားသည့် ဗီဒီယို ကို ပြသနေသည်။ အချိန် ကို ကြည့်လိုက်သည်။ တစ်မိနစ် ကို ခြောက်ဆလောက် ပိုနှေးနေသည်။
ပိုင်ကျောင်း က "မူရင်းဗီဒီယို က အသေးစိတ်တော့ ရှင်းရှင်းလင်းလင်း မရှိဘူး"
ရှဲ့စန်း က မအံ့သြဘဲ မနေနိုင်ချေ။
"ဒီဗီဒီယို က ဒီလောက်တောင် မြန်မြန် ထွက်လာတာလား"
လောင်ထန်း က “ဟုတ်တယ်။ အားကျောင်း ကြည့်ပြီးတဲ့ ဗီဒီယိုမှာ နေကြာလေး က ပိုကြီးသွားတယ်။ Starnet မှာ ရူးသွပ်နေကြပြီ။ ဖြစ်ပျက်နေတာတွေ ကို အားလုံး က ပြောနေကြတယ်။ အရမ်း မိုက်တယ်!”
___________________________________________________
Zawgyi version
Chapter 103 : လူအမ်ားေ႐ွ႕ ခ်က္ျပဳတ္ျခင္း
႐ွဲ႕စန္း မွတ္ခ်က္ေတြ ကို ျမင္ၿပီး အခ်ိန္ကို မသိစိတ္ က လွမ္းၾကည့္မိသည္။
'ညေန ၃ နာရီပဲ ႐ွိေသးတယ္။မနက္ျဖန္ ၁၀နာရီမွာ ငါးျပဳတ္ တစ္ပိုင္းေလာက္ စားရဖို႔အတြက္ တစ္ညလုံး အျပင္မွာ ေစာင့္ေနမယ္'
ဒါက ဘယ္လိုေတာင္ အစားႀကိဳက္တဲ့ စိတ္ဓာတ္မ်ိဳးလဲဟ။
ဘရန္႔ဒ္ၿဂိဳလ္႐ွိ လူေတြက သနားစရာ ေကာင္းလြန္းတယ္လို႔ သူထပ္ၿပီး ခံစားလိုက္ရသည္။ စားဝတ္ေနေရး အရ ေျပာရမယ္ ဆိုရင္ သူတို႔ဟာ သနားစရာ ေကာင္းသည္။ သူက မိုင္နဲရဲ႕ ပခုံးကို ကိုင္လိုက္သည္။
"မင္းတို႔ ငယ္ငယ္ကတည္းက ေကာင္းေကာင္း မစားရဘူးလား? မင္းေရာ?"
မိုင္နဲ "ကိုယ္က ေနသားက်ေနပါၿပီ"
႐ွဲ႕စန္း က မ်က္ႏွာ အမူအရာ မေျပာင္းဘဲ အာဟာရေဖ်ာ္ရည္ ကို ဘယ္လို ေသာက္ၾကလဲ ဆိုတာကို ေတြးလိုက္မိသည္၊ အဲဒါကို တကယ္ကို က်င့္သားရေနၾကတာပဲ၊ သူဆိုရင္ ဆိုးတဲ့ တစ္ခုခုကို ေသာက္လိုက္မိတာနဲ႔ ၿငိမ္ေနႏ္ုင္မွာ မဟုတ္ဘူး။
သူတို႔ ၂ေယာက္ ေနာက္တစ္ေန႔ အတြက္ ျပင္ဆင္မႈေတြ ျပဳလုပ္ၿပီးေနာက္ ဆက္ႏြယ္သားရဲေတြ ကို အတူတကြသြားၾကည့္ၾကသည္။ လင္းယုန္ငွက္ က မပ်ံႏိုင္ေသးေသာ္လည္း လ်င္ျမန္စြာ သြားလာေနၿပီး ေနရာတြင္ အိပ္ကာ ငွက္တစ္ေကာင္ႏွင့္ မၾကာခဏ စကားစျမည္ေျပာေလ့႐ွိသည္။
အနား႐ွိ အေဖာ္မ်ားစြာေၾကာင့္ သားရဲေတြ က ျပန္လည္ ေကာင္းမြန္လာခဲ့သည္။ သူတို႔ရဲ႕ စိတ္လြတ္မႈ အခိုက္အတန္႔ေတြ ေလ်ာ့က်သြားေသာ္လည္း လူေတြကို အရမ္း သတိထားဆဲျဖစ္သည္။
႐ွဲ႕စန္း မွလြဲ၍ သူတို႔ က ကုလွ်ိဳ၊ ပိုင္ေက်ာင္း ႏွင့္ ပါးပါးပိုင္တို႔ ႐ွိတဲ့ ဝန္းက်င္၌သာ သက္ေတာင့္သက္သာ ႐ွိခဲ့ၿပီး မိုင္နဲနဲ႔ ေလာင္ထန္းတို႔ က ႐ွဲ႕စန္းရဲ႕ ကုမၸဏီတြင္ အႀကိမ္ေပါင္း မ်ားစြာ စစ္ေဆးေနခဲ့ၾကသည္။ သို႔ေသာ္ သူစိမ္းေတြနဲ႔ ေတြ႕တဲ့အခါ တုန္လႈပ္ေနၾကဆဲ ျဖစ္သည္။
႐ွဲ႕စန္းနဲ႔ မိုင္နဲ ဝင္လာေတာ့ ပါးပါး ပိုင္ နဲ႔ ပိုင္ေက်ာင္း က ထိုေနရာတြင္ ႐ွိေနခဲ့သည္။ သူတို႔ကို ႏႈတ္ဆက္ၿပီးေတာ့ ပါးပါး ပိုင္ က အျပင္ကို လွမ္းၾကည့္ကာ “အျပင္သြားၿပီး စကားေျပာရေအာင္” လို႔ ေျပာလာသည္။
႐ွဲ႕စန္း က သူ ဆိုလိုတာ ကို ခ်က္ခ်င္း နားလည္လိုက္သည္။ သူ ေျပာခ်င္တဲ့စကား က ၿဂိဳလ္သား သားရဲေတြ ၾကားလို႔မရဘူး။ အဲဒါကို ဆက္ႏြယ္သားရဲေတြလည္း ၾကားလို႔ မျဖစ္ဘူး ဟု ဆိုလိုသည္။ ဆက္ႏြယ္သားရဲေတြ ၾကားသြားရင္ မၾကာမီ အားလုံး သိသြားၾကလိမ့္မည္။
၄ေယာက္သား အိမ္သို႔သြားကာ ဆိုဖာေပၚတြင္ ထိုင္လိုက္ၾကသည္။ ပါးပါး ပိုင္ က
“မင္းရဲ႕ အိမ္က ေျပာင္းလဲခံထားရတဲ့ သားရဲေတြ ကို ေဆးကုေပးဖို႔ မလာခင္ အခ်ိန္အထိ သားရဲေတြ က ဉာဏ္ရည္ နိမ့္တယ္လို႔ ငါ ယုံၾကည္ခဲ့ဖူးတယ္။ အခုေတာ့ သူတို႔ရဲ႕ ဉာဏ္ရည္ ဉာဏ္ေသြး ကို ငါ အရမ္း ေလွ်ာ့တြက္ထားမိတဲ့ အေၾကာင္း သိလိုက္ရတယ္”
႐ွဲ႕စန္း က ျပဳံးၿပီး "ေျပာရမယ္ဆိုရင္၊ ဘရန္႔ဒ္ၿဂိဳလ္ က လူေတြကလည္း အရင္တုန္း က သားရဲေတြပဲေလ"
“မင္း ေျပာတာ မွန္တယ္” ပါးပါး ပိုင္ က “တကယ္ေတာ့... ငါက လူေတြရဲ႕ သမိုင္း ကို ေလ့လာခဲ့တာ၊ မင္း အစာေကြၽးေနတဲ့ သားရဲေတြ က အ႐ြယ္ေရာက္ၿပီး လူအျဖစ္ ေျပာင္းလဲသြားႏိုင္မယ္ ဆိုရင္ေတာင္ ငါ အံ့ၾသေနမွာ မဟုတ္ေတာ့ဘူး”
ေ*ာက္က်ိဳးနည္း!!!!!
႐ွဲ႕စန္း အံ့ၾသသြားသည္။ အဲဒါကို သူ တကယ္ မစဥ္းစားခဲ့မိဘူး။ ကမ႓ာေျမ က ေခတ္သစ္ လူသားေတြ က ေမ်ာက္ေတြနဲ႔ ပတ္သက္ၿပီး ေမ်ာက္ေတြကေန ဆင့္ကဲေျပာင္းလဲတာ လို႔ ေျပာဖူးတာ ကို သူ သိေပမယ့္လည္း ဉာဏ္ေကာင္းတဲ့ ေမ်ာက္ေတြ ကို ျမင္ရင္ေတာင္ သူတို႔ က ႐ုတ္တရက္ႀကီး လူသား ျဖစ္လာလိမ့္မည္ ဟု သူ မထင္ထားခဲ့ဘူးေပ။
“တကယ္ ျဖစ္ႏိုင္ပါ့မလား” ဟု ေမးလိုက္သည္။
ပါးပါး ပိုင္ က “ဒါက ျဖစ္ႏိုင္ေခ် အရမ္း မ်ားေပမယ့္ ဇီဝကမၼနဲ႔ စိတ္ပိုင္းဆိုင္ရာ၊ ပတ္ဝန္းက်င္နဲ႔ အမ်ားႀကီးသက္ဆိုင္တယ္။ သူတို႔က သားရဲပုံစံ ကို အသိအမွတ္ျပဳၿပီး အဲဒါကို က်င့္သားရေနၾကတာ၊ သူတို႔ကိုယ္ သူတို႔ ဆက္ႏြယ္သားရဲေတြလို႔ မေတြးေတာ့ဘူး ဆိုရင္.....''
႐ွဲ႕စန္း က ေတြးလိုက္ၿပီး “မင္းမွာ လူသား တစ္ေယာက္ျဖစ္ခ်င္လာတဲ့ စိတ္ကူး႐ွိတယ္ ဆိုရင္ လူသား တစ္ေယာက္ ျဖစ္လာဖို႔ ျဖစ္ႏိုင္တယ္ လို႔ ဆိုလိုခ်င္တာလား?''
ပါးပါး ပိုင္ က အေၾကာင္းအရာကို အေသးစိတ္ မေျပာေတာ့ဘဲ တျခား အေၾကာင္းသို႔ လွည့္သြားခဲ့သည္။
“သူတို႔ရဲ႕ ဉာဏ္ရည္ ဉာဏ္ေသြး က အရမ္း ျမင့္မာႏတယ္ဆိုတာ ငါ သိထားတယ္ေလ၊ သူတို႔ကို ငါ ေျပာမယ့္ စကားေတြကေန တမင္ ဖယ္ထုတ္လိုက္တာ”
႐ွဲ႕စန္း က သူ႕အေတြးေတြ ကို စုစည္းလိုက္ၿပီး "ကုသမႈနဲ႔ ပတ္သက္ၿပီး နည္းနည္းေတာ့ စိုးရိမ္ေနမိတယ္"
ပါးပါး ပိုင္ က ေခါင္းညိတ္သည္
“ဟုတ္တယ္၊ ဓာတ္ခြဲခန္း က ဆက္ႏြယ္သားရဲေတြ ျပန္ေကာင္းလာၿပီ။ ငါ ကြၽမ္းက်င္သူေတြ အမ်ားႀကီးနဲ႔ ေဆြးေႏြးခဲ့တယ္။ ေဆြးေႏြးပြဲမွာ ဥကၠဌမုလည္း ပါတယ္။ဒီအခ်ိန္ က သူတို႔ကို ကုသေပးဖို႔ အေကာင္းဆုံး အခ်ိန္ပဲလို႔ ငါတို႔ သေဘာတူခဲ့ၾကတယ္။ ေနာက္ပိုင္းက်ရင္ အဂၤါ အစိတ္အပိုင္း ေပါင္းစပ္မႈေတြ က အရမ္း နက္႐ိႈင္းလာၿပီး ခြဲစိတ္ရ ခက္လာလိမ့္မယ္။ အခုအေျခအေန က ခြဲစိတ္တာ ေအာင္ျမင္ႏိုင္မႈ မ်ားတဲ့ အခ်ိန္ပဲ” လို႔ ေျပာၿပီး သက္ျပင္းခ်လိုက္သည္။
“ဒါေပမယ့္ ခြဲစိတ္မႈ က အရမ္း ခက္ခဲတဲ့ အရာပဲ။ လူေတြ အမ်ားႀကီးနဲ႔ အခ်ိန္အေတာ္ ၾကာလိမ့္မယ္။ အဲဒါအျပင္ ခြဲစိတ္မႈ ေခ်ာေမြ႕ေစဖို႔ အတြက္ သူတို႔ က ေမ့ေဆး သုံးၿပီး သတိေမ့ေနမွ ရမယ္”
႐ွဲ႕စန္း သေဘာေပါက္သြားသည္။ “ ေမ့ေဆး အေၾကာင္း ၾကားတဲ့အခါ သူတို႔ရဲ႕ စိတ္ေတြ တုန္လႈပ္သြားမွာ ကို ေၾကာက္ေနတာပဲ''
“ဟုတ္တယ္” ပါးပါး ပိုင္ ကေျပာသည္။ “ဒါက ႀကိဳတင္ခန္႔မွန္းႏိုင္တဲ့ တုံ႔ျပန္မႈတစ္ခုပဲ၊ အဲဒါေၾကာင့္ ငါတို႔က သူတို႔ ပတ္ဝန္းက်င္ကေန ေ႐ွာင္ၿပီး ေျပာမွရမယ္။ ခြဲစိတ္မႈ ၿပီးသြားရင္ေတာ့ ျဖစ္ပ်က္ခဲ့တာေတြ ကို ေသခ်ာ သိလာမွာပါ။ ဒဏ္ရာေတြရဲ႕ နာက်င္မႈ က အျပင္းထန္ဆုံးဆိုေတာ့ သူတို႔ စိတ္လြတ္ၿပီး ႐ူးသြားလိမ့္မယ္”
ပါးပါး ပိုင္ က ေလးေလးနက္နက္ ၾကည့္လာသည္။ “သူတို႔ကို မထိန္းခ်ဳပ္ႏိုင္ခဲ့ရင္ သူတို႔ကို ျပန္ေခၚလာတုန္းကထက္ ပိုဆိုးတဲ့ ပုံစံေတြ ျဖစ္သြားလိမ့္မယ္”
႐ွဲ႕စန္း က "ကြၽန္ေတာ္ လုပ္ေပးႏိုင္တာ တစ္ခုခု ႐ွိမလား"
ပါးပါး ပိုင္ က “႐ွိတာေပါ့၊ မင္းအကူအညီ လိုလို႔ ငါေျပာေနတာေလ။ သူတို႔အတြက္ မင္းရဲ႕ ရင္းႏွီးမႈ က အေကာင္းဆုံး စိတ္ၿငိမ္ေဆးျဖစ္ၿပီး ေဘးထြက္ဆိုးက်ိဳးမ႐ွိဘူး။ ခြဲစိတ္မႈၿပီးလို႔ ေမ့ေဆး ျပယ္တဲ့အထိ သူတို႔နဲ႔ အတူ ေနေပးေစခ်င္တယ္။ ခြဲစိတ္ၿပီးရင္ ဘာျဖစ္မယ္ဆိုတာ မသိႏိုင္ေပမယ့္ မင္း ေဘးကင္းေစဖို႔ အတြက္ တစ္ေယာက္ေယာက္ ကို ငါတို႔ စီစဥ္ေပးထားမယ္”
႐ွဲ႕စန္း က တြန္႔ဆုတ္မေနေပ။ "ကြၽန္ေတာ္ ကတိေပးပါတယ္။ ဒီလို ခြဲစိတ္မႈမ်ိဳးက တစ္ေကာင္ၿပီးမွ တစ္ေကာင္ ခြဲမွာ မဟုတ္လား”
ပါးပါး ပိုင္ က “ဟုတ္တယ္။ ေနာက္ ႏွစ္ရက္အတြင္း ငါတို႔ ဧရာမ ဝက္ဝံသားရဲ ကို စၿပီး ခြဲစိတ္ေတာ့မွာ။ ေမ့ေဆး အာနိသင္က ေန႔ခင္းဘက္မွာ ျပယ္သြားလိမ့္မယ္”
႐ွဲ႕စန္း ျပကၡဒိန္ကို ၾကည့္လိုက္သည္။ “၂၈ ရက္ေန႔ပဲ။ လိပ္စာေလး ေျပာခဲ့ေပးပါ၊ ကြၽန္ေတာ္ အဲဒီေန႔ ေန႔လည္ အေရာက္ လာခဲ့မယ္"
“ေကာင္းၿပီ” ပါးပါး ပိုင္က ျပဳံးလိုက္သည္။ "ဒါဆို ငါစီစဥ္ေပးလိုက္ေတာ့မယ္"
ပိုင္ေက်ာင္း က မက္ေဆ့ခ်္ကို ၾကည့္လိုက္သည္။ "ပါးပါး၊ ကြၽန္ေတာ္ ေနာက္မွ ျပန္လာခဲ့မယ္"
ပါးပါး ပိုင္ က ေခါင္းညိတ္သည္။ “ေကာင္းတယ္၊ လူငယ္ေတြ အခ်င္းခ်င္း စကားစျမည္ေျပာၿပီး အနားယူဖို႔ လိုအပ္တယ္။ ေဆးဖက္ဝင္ အပင္ေတြ ကို အၿမဲတမ္း ေလ့လာမေနနဲ႔"
ပိုင္ေက်ာင္း က ျပန္ေျဖလိုက္သည္။ ပါးပါးပိုင္ ထြက္သြားၿပီးေနာက္ ပိုင္ေက်ာင္း က "အားထန္း လာမယ္လို႔ ေျပာတယ္"
ေနာက္ စကာကန္႔တြင္ နဂါးပ်ံ သားရဲႀကီးရဲ႕ ေခါင္း က တံခါးဝတြင္ ေပၚလာသည္
“အားစန္း၊ ငါတို႔ မင္းကို ေတြ႕ဖို႔ ေရာက္လာၿပီ”
ေလာင္ထန္း က နဂါးပ်ံရဲ႕ ေနာက္ေက်ာကေန ျပဳံးျပကာ ခုန္ဆင္းလိုက္ၿပီး ႐ွဲ႕စန္းက နဂါးပ်ံရဲ႕ ေခါင္းကို လွမ္းထိလိုက္သည္။ နဂါးပ်ံ သားရဲ က သူ႕ရဲ႕ အေပါင္းအသင္းေတြနဲ႔ ေဆာ့ကစားရန္ သားရဲေတြ ေနရာသို႔ ပ်ံသန္းသြားခဲ့သည္။
ေလာင္ထန္း က ႐ွဲ႕စန္းဆီသို႔ ေျပးသြားၿပီး သူ႕မ်က္လုံးေတြ က ေတာက္ပ ေျပာင္လက္ေနကာ ထိုင္ခ်လိုက္သည္။ သူ ႐ွဲ႕စန္းရဲ႕ ပခုံးကို ပုတ္ဖို႔ ျပင္လိုက္ေသာ္လည္း မိုင္နဲ က သူ႕ကို တားဆီးခဲ့သည္။ ေလာင္ထန္း က အံ့အားသင့္သြားၿပီး ျမန္ျမန္ဆန္ဆန္ တုံ႔ျပန္လိုက္သည္။
“ဟာဟား! အားစန္း က ကိုယ္ဝန္႐ွိေနၿပီ ဆိုတာကို ေမ့စြားတယ္။ ညင္ညင္သာသာေလး ပုတ္လိုက္တာပါ "
မိုင္နဲ က သူ႕လက္ကို ဖယ္ေပးလိုက္ေတာ့ ေလာင္ထန္း က ႐ွဲ႕စန္းရဲ႕ ပုခုံး ကို ဖက္ထားလိုက္သည္။
"အားစန္း၊ မနက္ျဖန္ ကုန္တိုက္မွာ ငါးျပဳတ္ခ်က္မယ့္ ေၾကျငာခ်က္ ကို ငါ ေတြ႕လိုက္ရတယ္ ဟုတ္တယ္ မဟုတ္လား"
႐ွဲ႕စန္း က ေခါင္းညိတ္ျပေတာ့ ေလာင္ထန္း က ေလာဘတႀကီးနဲ႔
"ငါ့ကို တန္းစီခြင့္ေပးေနာ္? ..ေနာ္?"
႐ွဲ႕စန္း ရယ္လိုက္သည္။ “လူ အတန္းလိုက္ႀကီးကို ခုန္တက္ရင္ေတာင္ တစ္လုတ္ပဲ စားလို႔ရမွာ။ မင္း စားခ်င္ရင္ ညစာ အတူတူ စားရေအာင္ ၊ ဒီမွာ ေလ့က်င့္ဖို႔ ခ်က္လိုက္မယ္ ”
"တကယ္လား?" ေလာင္ထန္း ထခုန္လိုက္သည္။ "ေကာင္းလိုက္တာ! ငါ စားရတာ ႀကိဳက္တယ္!"
ပိုင္ေက်ာင္း က စပ္စုစြာ ေမးလာသည္။ "ေဈးဝယ္စင္တာမွာ ငါးျပဳတ္ဟင္းခ်က္မွာလား?"
႐ွဲ႕စန္း က ဘာမွ ျပန္မေျပာရေသးခင္ ေလာင္ထန္း က ႐ွဲ႕စန္းရဲ႕ ေၾကျငာခ်က္ ကို အျမန္ ေျပာျပလိုက္သည္။
“ၾကည့္႐ႈသူေတြရဲ႕ မွတ္ခ်က္ေတြ အမ်ားႀကီး ေတြ႕ခဲ့ရတယ္။ ၾကမ္းျပင္မွာ ထိုင္ေစာင့္ၿပီး အိပ္ေတာ့မယ္လို႔ အားလုံး က ေျပာေနၾကတယ္။Hahahaha! ကံေကာင္းလိုက္တာ။ အားစန္း ကို မသိရင္ ငါလည္း ၾကမ္းျပင္မွာ အိပ္ၿပီး ေစာင့္ရလိမ့္မယ္!"
႐ွဲ႕စန္း ၊ "... မင္းက တကယ္ႀကီး ၾကမ္းျပင္မွာ သြားေစာင့္ၿပီး အိပ္မလို႔လား။ ေနာက္ေနတာ မဟုတ္ဘူးလား?"
ေလာင္ထန္း က “ေသခ်ာေပါက္ ေနာက္ေနတာ ဘယ္ဟုတ္မလဲ။ မင္း ၾကမ္းျပင္ေပၚမွာ ေစာင့္မေနရင္ မင္း အေ႐ွ႕ ကို မေရာက္ႏိုင္ဘူး၊ မေရာက္ႏိုင္ရင္ မင္း စားလည္း မစားရေတာ့ဘူး!"
႐ွဲ႕စန္း နည္းနည္း အကူအညီမဲ့သြားသလို ခံစားလိုက္ရသည္။ “ငါ မနက္က် ေၾကျငာခ်က္တစ္ခု ထပ္ထုတ္သင့္တယ္၊ ဒါမွမဟုတ္ ဝင္ရမယ့္အခ်ိန္ကို ကန္႔သတ္ထားရမလား”
ပိုင္ေက်ာင္း က ရယ္ေမာလိုက္ၿပီး “ဝင္ခြင့္အခ်ိန္ ကို ကန္႔သတ္တာ က အသုံးမဝင္ဘူး။ သြားခ်င္တဲ့သူေတြကေတာ့ ကုန္တိုက္မွာ အိပ္ၿပီးေစာင့္ေနလိမ့္မယ္”
႐ွဲ႕စန္း သူ႕လက္ကို ျဖန္႔လိုက္သည္။ "ေနာက္ၿပီးမွ ေၾကျငာခ်က္ကို ပို႔ရမယ္လို႔ ထင္တယ္"
သူတို႔ ေလးေယာက္ ဆိုဖာေပၚထိုင္ၿပီး စကားစျမည္ ေျပာေနၾကသည္။ ညစာစားခ်ိန္၌ ႐ွဲ႕စန္း က ငါးျပဳတ္ကို ကိုယ္တိုင္ကိုယ္က် လုပ္ခဲ့ၿပီး ေလးေယာက္သား ညစာ အတူတူ စားၾကသည္။ ထမင္းစားၿပီးေနာက္ လူတိုင္း က စပ္ေနပုံ ရသည္။ ဆိုဖာေပၚ ထိုင္ကာ ေရေအးေသာက္ေနရင္း မ်က္ႏွာနဲ႔ ႏႈတ္ခမ္းေတြ က နီရဲေနခဲ့သည္။
ေလာင္ထန္း က ပါးစပ္ကို ယပ္ခတ္ကာ ေျပာလာသည္ ။ “ဟစ္စ္…အဲဒါက ေကာင္းတယ္!”
႐ွဲ႕စန္း ပန္းသီးေဖ်ာ္ရည္ ေဖ်ာ္လိုက္သည္။ ညစာ က အရမ္း စားေကာင္းေပမယ့္ ဝိုင္ မ႐ွိေပ။ သူငယ္ခ်င္းမ်ား အတူတူ စားေသာက္ၾကတဲ့အခါ အစားအေသာက္အျပင္ ဝိုင္ က မ႐ွိမျဖစ္ လိုအပ္သည္။ ေလထုက ပိုၿပီး သက္ဝင္ လႈပ္႐ွားလာလိမ့္မည္။
အခု စြမ္းအင္ လိုအပ္ခ်က္ အရမ္း မ်ားေနတာ သနားစရာ ျဖစ္ေနတယ္။ စြမ္းအင္ေတြ အမ်ားႀကီး က်န္ေနေသးေပမယ့္ ေပါ့ေပါ့တန္တန္ မသုံးရဲေပ၊ မဟုတ္ရင္ ဝိုင္အတြက္ လိုအပ္တဲ့ အပင္ေတြ ကို လဲလွယ္ၿပီး ဝိုင္ တစ္ခ်ိဳ႕ လုပ္ၾကည့္ခ်င္သည္။
ေနာက္တစ္ေန႔ မနက္တြင္ ႐ွဲ႕စန္း မနက္စာ စားၿပီးသြားေတာ့ ဆက္ႏြယ္သားရဲေတြ ကို သြားၾကည့္လိုက္သည္။ ဆက္ႏြယ္သားရဲေတြ ကို တစ္ေကာင္ၿပီး တစ္ေကာင္ လိုက္ထိေပးလိုက္ၿပီး သူ႕ထိုင္ခုံတြင္ ထိုင္ေနကာ သတင္း ၾကည့္လိုက္သည္။
“႐ွင္းခ်န္ ကုန္တိုက္မွာ လူေတြ ျပည့္လွ်ံေနတယ္” ဆိုတဲ့ သတင္း က အေပၚဆုံးမွာ ေပၚေနသည္။ ႐ွင္းခ်န္ ကုန္တိုက္႐ွိ အေျခအေနကို အခ်ိန္ႏွင့္ တေျပးညီ အစီရင္ခံ တင္ျပေနတာ ျဖစ္ၿပီး ဆံပင္အေရာင္ အမ်ိဳးမ်ိဳး႐ွိတဲ့ ေခါင္းေတြ က ေဝဟင္ဓာတ္ပုံေတြထဲ၌ ေပၚေနခဲ့သည္။ ထို႔ေနာက္ အေျခအေန အေၾကာင္းအရင္းကို ႐ွင္းလင္းျပထားၿပီး သူ႕ liveက ေၾကညာခ်က္ ကို copyယူထားကာ ေနာက္ဆုံးတြင္ အမ်ားျပည္သူေဘးကင္းေစဖို႔ သတိေပးခ်က္ျဖင့္ အေျခအေနကို အစီရင္ခံစာ တင္ထားခဲ့သည္။
႐ွဲ႕စန္း ပင္မစာမ်က္ႏွာသို႔ ျပန္သြားၿပီး တန္းစီတဲ့ေနရာ႐ွိ အေျခအေနေတြ ကို အခ်ိန္ႏွင့္တေျပးညီ အစီရင္ခံဖို႔ တစ္စုံတစ္ေယာက္ က ပို႔စ္တစ္ခု တင္ထားသည္ ကို ေတြ႕႐ွိခဲ့သည္။ postပိုင္႐ွင္ တင္ထားတာ ကို အျမန္ ၾကည့္လိုက္သည္။
မနက္ ၅ နာရီေက်ာ္ေလာက္မွာပဲ၊ မိုင္နဲ ေနရာယူထားတဲ့ သီးသန္႔ေနရာ က လူ အျပည့္ ျဖစ္ေနၿပီ ျဖစ္ၿပီး တန္းစီရမယ့္ေနရာမွာ လူေတြ အကန္႔အသတ္မ႐ွိ ျဖစ္ေနသည္။
ေနာက္ဆုံးဓာတ္ပုံ ကို လြန္ခဲ့တဲ့ မိနစ္ဝက္ က တင္ထားခဲ့သည္။ တန္းစီတဲ့ ေနရာ က ျပည့္ႏွက္ေနၿပီး ကုန္တိုက္ အေဆာက္အအုံ အနီး ႏွစ္ဖက္စလုံးတြင္ လူအမ်ား စုေဝးေနသည္။ ပုံမွန္အားျဖင့္ ဖြင့္ခဲတဲ့ ျပတင္းေပါက္ေတြ အားလုံး က ပြင့္ေနၿပီး ျပတင္းေပါက္တိုင္းတြင္ လူေတြ ရပ္ေနသည္။
ဒါက အရမ္း မ်ားလြန္းတယ္။ ႐ွဲ႕စန္း အံ့ၾသသြားသည္။ သူက ေဖ်ာ္ေျဖပြဲ က်င္းပတာ မဟုတ္ဘဲ ဟင္းခ်က္ျပမယ့္သူပါ။
ႀကီးမားလြန္းတဲ့ လူအုပ္ႀကီးကို ၾကည့္လိုက္ၿပီး နည္းနည္း ထိတ္လန္႔သြားသည္ ။ သူ႕ေဘးမွာ လွဲေနတဲ့ အစက္ေလး ကို ပြတ္လိုက္မိေတာ့ စိတ္ေတြ နည္းနည္း ၿငိမ္သြားသည္။ ႐ွဲ႕စန္း က ၉နာရီခြဲ အထိ သားရဲေတြ ေနရာ၌ ေနခဲ့ၿပီးေနာက္ မိုင္နဲ ႏွင့္အတူ ႐ွင္းခ်န္ ကုန္တိုက္ သို႔ သြားခဲ့သည္။ သူတို႔ႏွစ္ေယာက္ က VIP လမ္းၾကားကို ယူကာ VIP ကားပါကင္တြင္ ဆင္းသက္ခဲ့ၾကၿပီး ေျမညီထပ္မွ တဲျပင္ဆင္တဲ့ ေနရာကို တိုက္႐ိုက္သြားလိုက္ၾကသည္။
ျပင္ဆင္တဲ့ ေနရာတြင္ အရပ္႐ွည္တဲ့ အထီး ၃ေယာက္ ႐ွိေနၿပီး တစ္ေယာက္ က ငါးမွ်ားေနသည္။ လတ္ဆတ္တဲ့ ငါးမ်ားစြာ က သူ႕ေဘးနား႐ွိ ေရပုံးႀကီးတစ္ခုတြင္ ႐ွိေနၿပီး စားပြဲေပၚတြင္ အသားလႊာတစ္ခု ႐ွိေနသည္။ က်န္ႏွစ္ေယာက္ က မီးဖိုေခ်ာင္သုံး ပစၥည္းေတြ ကို ကိုင္ကာ အျပင္သို႔ သယ္ေဆာင္လာခဲ့သည္။ မိုင္နဲ ကို ေတြ႕ေတာ့ သူတို႔ က ရပ္လိုက္သည္။
"မစၥတာ”
မိုင္နဲ က ကိရိယာ ကို စစ္ေဆးလိုက္သည္။ “ထြက္လို႔ ရၿပီလား”
ငါးအသားလႊာေနတဲ့ အထီး က “ဒုတိယ တစ္ေကာင္က မၾကာခင္ အဆင္သင့္ျဖစ္မွာပါ” လို႔ ေျပာကာ ႏႈတ္ဆက္လာသည္။
႐ွဲ႕စန္း က "အလ်င္မလိုပါဘူး၊ တစ္ႀကိမ္ကို ႏွစ္ပိုင္းဆို လုံေလာက္ပါတယ္။ အရသာကို ထိခိုက္ေစလိမ့္မယ္”
ဝန္ထမ္းေတြ က ပစၥည္းေတြ အျမန္ တပ္ဆင္ေပးလိုက္သည္။ ႐ွဲ႕စန္း က အျပင္မွ စိတ္လႈပ္႐ွားစြာ ေအာ္သံေတြ ကို ၾကားလိုက္ရၿပီး ေအာ္ရယ္ခ်င္လာသည္။ သူ႕မွာ ေဖ်ာ္ေျဖပြဲတစ္ခု ႐ွိေနတယ္လို႔ ထင္ေယာင္ထင္မွား ျဖစ္ခဲ့ေပမယ့္ သူ က ဟင္းခ်က္႐ုံသာ လုပ္ေနတယ္ဆိုတာ သိသာသည္။
“ေဒါက္, ေဒါက္…” လူႏွစ္ေယာက္ က မိုက္ကို ပုတ္တဲ့အသံကို ၾကားလိုက္ၾကၿပီး မၾကာခင္မွာပဲ ဝန္ထမ္းေတြ က ဝင္လာကာ “မစၥတာ ႐ွဲ႕၊ မစၥတာ အဆင္သင့္ ျဖစ္ပါၿပီ"
မိုင္နဲ က စင္ေပၚတဝိုက္ လုံျခဳံေရး အေျခအေန ကို ဂ႐ုတစိုက္ စစ္ေဆးေနခ်ိန္ အျပင္ဘက္ ျမင္ကြင္းကိုျပသထားတဲ့ နံရံကပ္ ေမာ္နီတာ ကို ၾကည့္လိုက္သည္။ သူ ဘာျပႆနာတစ္မွ မေတြ႕ရေတာ့ ႐ွဲ႕စန္း ရဲ႕ လက္ကို ဆုပ္ကိုင္လိုက္သည္ ။
"မေၾကာက္ပါနဲ႔၊ ကိုယ္တို႔ အတူတူ သြားၾကမယ္"
႐ွဲ႕စန္း က အသက္ ျပင္းျပင္း ႐ွဴၿပီး ျပဳံးျပလိုက္သည္။ "ငါ မေၾကာက္ပါဘူး"
မိုင္နဲ က လက္ကို လႊတ္လိုက္ၿပီး ငါးအသားလႊာေတြ ကို ယူကာ သူတို႔ ႏွစ္ေယာက္ အတူတူ သြားလိုက္ၾကသည္။
ပရိသတ္ေ႐ွ႕တြင္ ႐ွဲ႕စန္း ေပၚလာသည္ႏွင့္ ခ်က္ခ်င္းပဲ စိတ္လႈပ္႐ွားစြာနဲ႔ ေအာ္ဟစ္လိုက္ၾကသည္။ ႐ွဲ႕စန္း လန္႔သြားၿပီးေနာက္ တည္ၿငိမ္တဲ့ အမူအရာျဖင့္ ဆက္လက္ေလွ်ာက္လွမ္းခဲ့သည္။ မိုင္နဲ က သူ႕ေနာက္ကေန အနီးကပ္ လိုက္လာခဲ့သည္။ စင္ျမင့္ အလယ္သို႔ ေရာက္တဲ့အခါ ႐ွဲ႕စန္း ငုံ႔ၾကည့္လိုက္သည္။ သူ႕မ်က္လုံးေတြထဲ၌ လူေတြနဲ႔ ျပည့္ေနသည္။ အထပ္ျမင့္ အေဆာက္အအုံရဲ႕ ျပတင္းေပါက္ ႏွစ္ဖက္တြင္လည္း လူမ်ားျဖင့္ ျပည့္က်ပ္ေနသည္။ သူတို႔သည္ ႐ွဲ႕စန္း ခံစားေနရတဲ့ ဖိအားကို တိုးျမင့္လာေစေအာင္ ျမင့္မားတဲ့ ပလက္ေဖာင္း တစ္ခုေပၚတြင္ ရပ္ေနၾကသည္။
မိုင္နဲ က စားပြဲေပၚ႐ွိ ႀကိဳးမဲ့ မိုက္ခ႐ိုဖုန္း ကို ေကာက္ကိုင္လိုက္ၿပီး သူ႕နား႐ြက္ေပၚ ငုံ႔ကာ တပ္ေပးလိုက္သည္။ ဒီအခ်ိန္မွာ သူတို႔ႏွစ္ေယာက္ က အရမ္း နီးကပ္ေနၿပီး မိုင္နဲ က သူ႕ခႏၶာကိုယ္ တစ္ဝက္ကို ပိတ္ဆို႔ထားလိုက္သည္။ သူ သက္ျပင္းခ်ကာ ႏွလုံးခုန္ ျမန္ေနတာကို ေျဖေလွ်ာ့လိုက္သည္။
"ဟုတ္ၿပီ၊ ဒီခလုတ္ က အဖြင့္၊အပိတ္ လုပ္တာ " မိုင္နဲ က သူ႕လက္ေကာက္ဝတ္ ကို ကိုင္လိုက္ၿပီး နားၾကပ္ေပၚ က အဖြင့္/အပိတ္ ခလုတ္ကို လက္ျဖင့္ ထိေပးလာသည္
႐ွဲ႕စန္း က တိုးတိုးေလး ျပန္ေျပာလိုက္ေတာ့ မိုင္နဲ က ေအာက္ကို ငုံ႔ၾကည့္လာသည္။ သူ႕မ်က္လုံးေတြ သူ႕ႏႈတ္ခမ္းေပၚ ေရာက္သြားေပမယ့္ ခဏရပ္ၿပီးေနာက္ နဖူးေပၚကို ညင္သာစြာ နမ္းလိုက္သည္။
(TN; ဒီအတြဲ က လူအမ်ားႀကီး အေ႐ွ႕ကို ေရာက္ၿပီ ဆိုရင္ အၿမဲတမ္း ေခြးစာ ေရာင္းတယ္)
"ကိုယ္ ဒီမွာ ႐ွိတယ္။ မေၾကာက္နဲ႔”
ေျပာၿပီးသည္ႏွင့္ သူ က ေဘးသို႔ ဆုတ္ကာ ႐ွဲ႕စန္းကို ေနရာ ဖယ္ေပးခဲ့သည္။
မိုင္နဲရဲ႕ ကြယ္ထားတာ မ႐ွိေတာ့တဲ့ အတြက္ သူေျပာခဲ့တာေတြ ကို ျပန္စဥ္းစားလိုက္သည္။ သူ႕နားထဲ႐ွိ ခလုတ္ကို ထိလိုက္သည္။
"အားလုံးပဲ မဂၤလာပါ။ ငါက ႐ွဲ႕စန္း ပါ" သူက ျပဳံးလိုက္သည္။ “ဒီေန႔ လူအမ်ားႀကီး လာမယ္လို႔ မေမွ်ာ္လင့္ထားဘူး။ နည္းနည္းေတာ့ အံၾသသြားတယ္”
သူ အရမ္း မေျပာခ်င္ေပမယ့္ ဒီေန႔ လုပ္ေနတဲ့ အျဖစ္အပ်က္ရဲ႕ အက်ိဳးသက္ေရာက္မႈ ကို ျမႇင့္တင္ဖို႔အတြက္ ဘာမွမေျပာတာထက္ တစ္ခုခုကို ေျပာတာ က ပိုေကာင္းသည္။ ႐ိုး႐ိုးသားသား ေျပာဖို႔ ႀကိဳးစားလိုက္သည္။
“င႐ုတ္သီး မိတ္ဆက္တုန္း က ေပၚလာတဲ့ စာေတြကို ၾကည့္လိုက္ေတာ့ လူ ေတာ္ေတာ္ မ်ားမ်ား က င႐ုတ္သီးကို စမ္းစားၾကည့္ခ်င္ေနၾကတယ္။ ပထမအႀကိမ္ ခ်က္တုန္းက အရမ္း အံ့ၾသခဲ့ရတယ္၊ အဲဒါေၾကာင့္ ေနာက္ထပ္ လူေတြ အမ်ားႀကီး ကို ျမည္းၾကည့္ေစခ်င္တယ္။ ဟုတ္ပါတယ္၊ ပရိသတ္ထဲမွာ လူေတြ က ေတာ္ေတာ္ မ်ားေနတယ္၊ အဲဒါကို တကယ္ စားရဖို႔ လူက နည္းတယ္။ ငါ အဲဒါကို ႀကိဳေတြးၿပီး အိမ္ထဲမွာ စမ္းခ်က္ၾကည့္ထားတယ္။ ဒါေပမယ့္ ငါေျပာခ်င္တာ ကအစားအေသာက္ရဲ႕ ဆြဲေဆာင္မႈဟာ အရသာ အျပင္ အနံ႔လည္း ပါပါတယ္။ ပရိတ္သတ္ေတြ မစားရဘူး ဆိုရင္ေတာင္ င႐ုတ္သီးအနံ႔ ရဖို႔အတြက္ ေနာက္ဆုံးေတာ့ ဒီမွာပဲ ခ်က္ျပဖို႔ သတ္မွတ္လိုက္ပါတယ္။ လူေတြကို ေနာက္ထပ္ အေတြ႕အၾကဳံ အသစ္ ရေစမယ္လို႔ ေမွ်ာ္လင့္ပါတယ္"
ပရိသတ္ေတြရဲ႕ ေထာက္ခံေၾကာင္း ေႂကြးေၾကာ္မႈ ကို နားေထာင္ရင္း ႐ွဲ႕စန္း ျပဳံးလိုက္သည္။ သူက အသုံးအေဆာင္ေတြနဲ႔ ပါဝင္ပစၥည္းေတြ ကို စစ္ေဆးၿပီး စတင္ ခ်က္ျပဳတ္လိုက္သည္။ ေမႊးႀကိဳင္ေနတဲ့ င႐ုတ္သီး အနံ႔ေတြ စင္ေပၚကေန လြင့္ထြက္လာဖို႔ အခ်ိန္ သိပ္မၾကာလိုက္ေပ။ အေ႐ွ႕ဘက္ က ပရိသတ္အားလုံး နီးပါး က ဒီအစပ္အရသာ ရနံ႔ကို ပထမဆုံးအႀကိမ္ အနံ႔ခံမိၾကသည္။ တစ္ခ်ိဳ႕က အနံ႔မႊန္ကာ ေခ်ာင္းဆိုးေနၾကၿပီး အမ်ားစုမွာ တံေတြး ခဏခဏ မ်ိဳခ်ေနၾကသည္။
ဒီရနံ႔ က တကယ္ကို ထူးထူးဆန္းဆန္းလို႔ ထင္ေနၾကသည္။ အနံ႔တစ္ခု က ထိန္းမႏိုင္ သိမ္းမရ ခဏခဏ တံေတြး မ်ိဳခ်ေနရေအာင္ ဘယ္လိုေတာင္ လွ်ိဳ႕ဝွက္ဆန္းၾကယ္ႏိုင္တာလဲ။
႐ွဲ႕စန္းက ဗိုက္မဆာကာ မစားခ်င္ေပမယ့္ စပ္တဲ့အနံ႔ ကို ႐ွဴလိုက္ေတာ့ သူ႕ရဲ႕တုံ႔ျပန္မႈ က ပရိသတ္နဲ႔ အတူတူပင္ ျဖစ္သည္။
အနံ႔ ျပင္းလာသည္ႏွင့္ အမွ် ပရိသတ္ေတြ က လည္ပင္း ကို ဆန္႔ကာ စားႏိုင္ေအာင္ အေ႐ွ႕သို႔ ကိုင္းေနၾကသည္။ စင္ေ႐ွ႕တြင္ အိုးထဲက ျမင္ကြင္းကို ဗီဒီယိုျဖင့္ ျပထားသည္။ အနီေရာင္ ဟင္းရည္ေအာက္မွာ တစ္ဝက္ေလာက္ ေပၚေနတဲ့ အျဖဴေရာင္ ငါးအသားလႊာ ကို ၾကည့္ရတာ ပိုလို႔ေတာင္ အရသာ႐ွိမယ့္ပုံ ရသည္။
"အိုး....၊ ဒီဟာက အနံ႔ အရမ္းေကာင္းတယ္!"
“ဒါက စိတ္အေႏွာင့္အယွက္ ျဖစ္လြန္းေအာင္ ငါ အဲဒါကို အရမ္း ေတာင့္တေနတယ္!”
“ဒီအနံ႔ကို ရၿပီး၊ ငါ့ရဲ႕ အရသာမ႐ွိတဲ့ အစားအစာေတြ က အရသာ႐ွိလာတယ္” လူငယ္တစ္ဦ က သူမ်က္လုံးေတြ ကို ေ႐ွ႕တည့္တည့္တြင္ ၾကည့္ေနၿပီး လက္ထဲတြင္ လက္ဖဝါးအ႐ြယ္႐ွိ အသားေျခာက္ တစ္ခုကို ဝါးစားလိုက္သည္။
“ေကာင္ေလး၊ ငါ့ကို နည္းနည္းေလာက္ ေပးပါ။ ငါ စားခ်င္လြန္းေနၿပီ" သူ႕ေနာက္ က အသက္ႀကီးႀကီး လူတစ္ေယာက္ က သူ႕ပုခုံးကို ပုတ္လိုက္သည္။
အနီးနား႐ွိ ပရိသတ္ေတြကလည္း “ငါ့ကို ေပးပါဦး။ ေသလိုက္စမ္း၊ ငါ ဘယ္လိုေတာင္ ေမ့ရတာလဲ၊အစားအေသာက္ ျပင္ဆင္ဖို႔ သိထားခဲ့သင့္တယ္။ ငါ ဗိုက္ဆာတာ မဟုတ္ေပမယ့္ ဒီအနံ႔ က ငါ့ကို ဗိုက္ဆာေစတယ္"
“ဒါက ထိုက္တန္ပါတယ္။ ေ႐ွ႕ဆုံ အတန္းကို မေရာက္ခဲ့ရင္ေတာင္ အနံ႔ကို ခံစားရလို႔ ထိုက္တန္တယ္!”
"ဟုတ္တယ္၊ ငါ ဒီေလာက္ေကာင္းတဲ့ အနံ႔ကို တစ္ခါမွ မရဖူးဘူး။ တင္ဆက္သူ က တကယ္ေကာင္းတဲ့လူပဲ!”
႐ွဲ႕စန္း က အဆက္မျပတ္ တိုးလာေနတဲ့ စြမ္းအင္ေတြ ကို ၾကည့္ၿပီး သူ႕ႏႈတ္ခမ္းေထာင့္မ်ား ပိုပို၍ ေကြးတက္လာသည္။ အစားအေသာက္ က တကယ္ ေကာင္းတယ္။
ငါးျပဳတ္ က အဆင္သင့္ ျဖစ္ၿပီး မိုင္နဲကလည္း အကူအညီ ေပးဖို႔ ေရာက္လာသည္။ စင္ျမင့္ေပၚသို႔ ပရိသတ္အား တက္ခြင့္ျပဳရန္ ဝန္ထမ္းေတြအား အခ်က္ျပခဲ့သည္။ ပထမဦးဆုံး ပရိသတ္အဖြဲ႕ဝင္ လူငယ္ေလး က မိုင္နဲဆီက ငါးအသားလႊာ ကို စားခဲ့သည္။ သူ႕မ်က္ႏွာ က နီရဲလာၿပီး လက္တစ္ဖက္ က ပါးစပ္ကို ယပ္ခတ္ကာ အသက္႐ွဴသြင္းလိုက္သည္။
"ေကာင္းလိုက္တာ!" သူက ေမွ်ာ္လင့္တႀကီး ေျပာလိုက္သည္။ "ေနာက္ထပ္ တစ္ခုေလာက္ ရႏိုင္မလား"
မိုင္နဲ က ျပတ္ျပတ္သားသား ျငင္းဆိုလိုက္သည္။
ေကာင္ေလး က စိတ္ပ်က္သြားသည္။ ဝန္ထမ္းေတြ က တစ္ဖက္ကေန သူ႕ကို စင္ေပၚကေန ထြက္သြားဖို႔ သတိေပးခဲ့ေပမယ့္ သူဟာ စင္ေပၚက ဆင္းဖို႔ ဝန္ေလးေနခဲ့သည္။ စင္ေပၚ က မဆင္းမီ သူက ႐ွဲ႕စန္း အား
"တင္ဆက္သူ၊ အခု live time က အရမ္း တိုလြန္းတယ္။ liveလႊင့္ခ်ိန္ ကို တိုးေပးပါ ah!"
ကုန္တိုက္႐ွိ လုံျခဳံေရး က ေကာင္းသည္။ ပရိသတ္ေတြ ကို စနစ္တက် တန္းစီခိုင္းထားၿပီး နမူနာ ျမည္းတဲ့ လုပ္ငန္းစဥ္တစ္ခုလုံး က အလြန္ ေခ်ာေမြ႕ခဲ့ေနသည္။
ပထမအိုး ကုန္သြားေတာ့ ေ႐ွ႕တန္းမွ ၾကည့္႐ႈေတြ က မ်က္လုံးေတြထဲမွ မ်က္ရည္ က်လုနီးပါး ျဖစ္သြားခဲ့သည္။
“ေနာက္တစ္ခုေလာက္ပဲေလ။ ငါ ဒီေလာက္ေတာင္ ကံမေကာင္းႏိုင္ဘူးလား!"
သူ႕ေနာက္က လူေတြကလည္း ဒီလိုပဲ ခံစားေနရသည္။ "အားးးးးးးး ငါ အရမ္း စားခ်င္ေနတယ္!"
႐ွဲ႕စန္း က ဝန္ထမ္းေတြ စားပြဲကို သန္႔႐ွင္းေရးလုပ္တာ ေစာင့္ဆိုင္းေနစဥ္ ေဘးတြင္ ရပ္ေနသည္။ သူ က ေ႐ွ႕ဆုံးတန္း႐ွိ ပရိသတ္ႏွင့္ အရမ္း နီးကပ္ေနၿပီး သူတို႔ရဲ႕ စကားေတြ ကို ၾကားေနရသည္။ သူ မရယ္ပဲ မေနႏိုင္ေပ။ 'ဒါက နည္းနည္း ခ်ဲ႕ကားေနတာ မဟုတ္ဘူးလား? သူက အဲဒီဘက္ ကို ျပဳံးၿပီး ေျပာလိုက္သည္။
“ေနာက္ထပ္ တစ္အိုး ႐ွိပါေသးတယ္။ ခဏေလးေစာင့္ေနာ္"
"တကယ္လား?!"
ေ႐ွ႕တန္းမွ ပရိသတ္ က ထခုန္လာကာ လက္ႏွစ္ဖက္ ကို ေျမႇာက္ၿပီး တစ္ဖက္မွ တျခားတစ္ဖက္သို႔ စိတ္လႈပ္႐ွားမႈျဖင့္ တြန္းလိုက္သည္။
"အားးးးးးးးး! ေကာင္းလိုက္တာ! နတ္ဘုရား ႐ွဲ႕၊ ငါ မင္းကို ခ်စ္တယ္ေနာ္။ မင္းက သိပ္သေဘာေကာင္းတာပဲ!"
မိုင္နဲ က ႐ွဲ႕စန္းခါးကို ဆြဲဖက္ကာ ေအးစက္စက္ အၾကည့္နဲ႔ ၾကည့္ေပးလိုက္သည္။
အၾကည့္ခံရၿပီးေနာက္ ၾကည့္႐ႈသူရဲ႕ ခႏၶာကိုယ္ က ေတာင့္တင္းလာကာ အ႐ူးအမူး လက္ခါျပရန္ သူ႕ခႏၶာကိုယ္ေ႐ွ႕တြင္ သူ႕လက္ေတြကို ေျမႇာက္လိုက္သည္။
"ငါ့ကို အထင္မလြဲနဲ႔ေနာ္၊ ငါ့မွာ တင္ဆက္သူ အတြက္ တျခား ရည္႐ြယ္ခ်က္ လုံဝ မ႐ွိဘူး!"
က်ယ္ေလာင္တဲ့ ရယ္ေမာသံ က ပတ္ပတ္လည္မွ ထြက္ေပၚလာသည္။ ႐ွဲ႕စန္း ႐ွက္႐ြံ႕သြားၿပီး မိုင္နဲရဲ႕ ေနာက္ေက်ာ ကို လက္ျဖင့္ ပုတ္ကာ တိုးတိုးေလး ေျပာလိုက္သည္။
“မင္းက အရမ္း အေလးအနက္ ျဖစ္လြန္းတယ္။ သူတို႔ရဲ႕ ခံစားခ်က္ေတြ ကို ေဖာ္ျပေနၾက႐ုံပါ”
မိုင္နဲ က သူ႕ကို ငုံ႔ၾကည့္သည္။ "မင္းကို ေသာ့ခတ္ၿပီး သီမ္းထားခ်င္တယ္ အဲဒါဆို ကိုယ္တစ္ေယာက္တည္းပဲ ၾကည့္လို႔ရမွာ"
႐ွဲ႕စန္းရဲ႕ စိတ္ထဲတြင္ ႐ုပ္ပုံ တစ္ခ်ိဳ႕ ႐ုတ္တရက္ ေပၚလာၿပီး သူ႕မ်က္ႏွာကို လက္ညိႇဳးနဲ႔ ထိုးလိုက္သည္။
“စဥ္းေတာင္ မစဥ္းစားနဲ႔” စင္ျမင့္ေပၚကေန ေခါင္းညိတ္ျပလိုက္သည္။ “သဝန္တိုတာ ကို ေလွ်ာ့ပါ။ အျပင္မွာ လူေတာ္ေတာ္ မ်ားမ်ား က မင္းရဲ႕ နာမည္ကို ေအာ္ဟစ္ေနၾကတယ္။ မင္း ဝတ္ထားတာ အရမ္း မိုက္တာပဲ!"
မိုင္နဲဟာ All black ဝတ္ထားသည္။ သူက ခပ္မိုက္မိုက္နဲ႔ ေခ်ာေမာေနၿပီး သူ႕မ်က္ႏွာေၾကာင့္ လူအမ်ား ကို ေအာ္ဟစ္ဖို႔ တြန္းအား ျဖစ္ေစမည္မွာ ေသခ်ာသည္။
“အဲဒါကို မၾကားမိဘူး” မိုင္နဲ က သူ႕ဝတ္စုံ ကို သူ ၾကည့္လိုက္သည္။ "ဒါက တိုက္ရတာ ပိုလြယ္ေစတယ္"
႐ွဲ႕စန္း "... ငါ ဒီမွာ ဟင္းခ်က္ဖို႔ ေရာက္ေနတာေနာ္"
“တစ္ေယာက္ေယာက္ က တစ္ခုခု လုပ္လာမွာ ကို ကိုယ္ စိတ္ပူတယ္” လို႔ မိုင္နဲ က ေျပာသည္။
ထိုအခ်ိန္တြင္ ဝန္ထမ္း က အဆင္သင့္ ျဖစ္ေနၿပီ ဟု ေျပာလာတာေၾကာင့္ မိုင္နဲ က ႐ွဲ႕စန္း ကို လႊတ္ေပးလိုက္သည္။ ႐ွဲ႕စန္း စင္ျမင့္အလယ္သို႔ ေလွ်ာက္သြားေတာ့ ဝန္ထမ္း က ငါးအသားလႊာေတြ ကို စားပြဲေပၚတင္ကာ ခ်ထားေပးလိုက္သည္။ ႐ွဲ႕စန္း က ပါဝင္ပစၥည္းေတြ ကို စစ္ေဆးၿပီး ငါးျပဳတ္ ကို ထပ္မံ ျပင္ဆင္လိုက္သည္။
ဒုတိယအိုး ကို ျမည္းစမ္းေနၿပီး တစ္ဝက္ေလာက္ ေရာက္ေတာ့ ေဝဟင္ကို ႐ိုက္တဲ့ ကင္မရာ က ႐ွဲ႕စန္း ဆီ ႐ုတ္တရက္ အ႐ွိန္ျပင္းျပင္းနဲ႔ ပ်ံသန္းသြားသည္။
ဘယ္သူမွ မတုံ႔ျပန္ၾကတဲ့ အခါ၊ ႐ွဲ႕စန္း ဘယ္ဘက္ပခုံးေပၚ႐ွိ ေနၾကာပန္း က ခ်က္ခ်င္း ႀကီးမားလာၿပီး လက္ေမာင္းအ႐ြယ္ အေစ့ က တည့္တည့္ ထိသြားေအာင္ ပစ္ထုတ္လိုက္သည္။ အေစ့ရဲ႕ ေ႐ြ႕လ်ားမႈ က ေလထဲတြင္ အနက္ေရာင္ မ်ဥ္းေၾကာင္းကို ဆြဲသလို ျဖစ္သြားရာ မ်က္စိတစ္မွိတ္ အတြင္းမွာပဲ ႀကီးမားတဲ့ ေပါက္ကြဲသံတစ္ခု ထြက္ေပၚလာသည္။
ထို႔ေနာက္ ခ်က္ခ်င္းဆိုသလိုပဲ ေဝဟင္မွ ကင္မရာသည္ ေ႐ႊေရာင္ မီးေတာက္မ်ား ေတာက္ေလာင္ကာ ေပါက္ကြဲသြားသျဖင့္ ေလထုထဲမွ အပ်က္အစီးအပိုင္းအစမ်ား ကြဲထြက္သြားၿပီး ခ်က္ခ်င္းပဲ ေနာက္ထပ္ 'ေပါက္ကြဲသံ' တစ္ခု ထပ္မံ ေပၚထြက္လာသည္။
႐ွဲ႕စန္း ႏွလုံးခုန္သံ ျမန္သြားသည္။ ေပါက္ကြဲမႈ က သိပ္မႀကီးေပမယ့္ သူ႕ကို ထိမိရင္ အနည္းဆုံး ဒဏ္ရာအျပင္းအထန္ ရသြားလိမ့္မည္။ သူ႕ကို မထိမိေပမယ့္ ေအာက္က ပရိသတ္ေတြ အတြက္ စိတ္ပူေနခဲ့သည္။ အပ်က္အစီးေတြ က အရမ္း ပူေနၿပီး လူေတြေပၚ က်သြားရင္ မီးေလာင္ခံရမွာ ေသခ်ာသည္။
သူ က တခဏခ်င္း တုံ႔ျပန္လိုက္သည္။ သူ က ေဂၚဖီထုပ္ႀကီး ကို ဆင့္ေခၚ၍ သူ႕ရဲ႕ အႀကီးဆုံးအ႐ြယ္အစား အထိ ခ်ဲ႕ထြင္ရန္ အမိန္႔ေပးၿပီးေနာက္ အဲဒါ ကို အျပားလိုက္ ဖြင့္ခိုင္းလိုက္သည္။ ႀကီးမားတဲ့ ေဂၚဖီထုပ္ႀကီး က သူ႕ရဲ႕ အ႐ြက္ေတြ ကို ပန္းပြင့္ကဲ့သို႔ ပြင့္လာကာ က်ယ္ျပန္႔တဲ့ စက္ဝိုင္းတစ္ခု ျဖစ္ေပၚလာသည္။
အႂကြင္းအက်န္ေတြ က အ႐ြက္ေတြေပၚသို႔ ျပဳတ္က်ၿပီး အဆုံးအထိ ေလာင္ကြၽမ္းသြားကာ အ႐ြက္ရဲ႕ အေပၚဆုံးအလႊာ ျပဳတ္က်သြားသည္။ ထို႔ေနာက္ ေနာက္တစ္လႊာ ျပဳတ္က်သြားေသာ္လည္း ျပဳတ္က်ထားသည့္ အ႐ြက္အလႊာ တစ္ခုစီတြင္ အပ်က္အစီးေတြရဲ႕ အပူခ်ိန္ ပါသြားသျဖင့္ အပူခ်ိန္ က သိသိသာသာ က်ဆင္းသြားကာ တတိယအလႊာမွ အ႐ြက္ေတြေရာက္ေတာ့ ရပ္သြားသည္။
အားလုံး က အရမ္း လ်င္ျမန္စြာနဲ႔ ျဖစ္ပ်က္သြားခဲ့သည္။ ပရိသတ္ေတြ က ေျပးထြက္လာတဲ့ ေဝဟင္ ကင္မရာကိုသာ ျမင္လိုက္ရၿပီး ေနၾကာပန္းႀကီး ကို ေတြ႕လိုက္ရသည္၊ ႐ိုက္ခတ္မႈႏွင့္ ေပါက္ကြဲသံမ်ားကို ၾကားလိုက္ရသည္၊ ထို႔ေနာက္ သူတို႔ မ်က္လုံးေတြ အေ႐ွ႕တြင္ အရာအားလုံး မဲေမွာင္သြားခဲ့သည္။ အစိမ္းေရာင္ အစြန္းတစ္ခု ပါတဲ့ အျဖဴေရာင္ ႏွလုံးပုံသ႑ာန္ အရာ က အေပၚ႐ွိ အရာအားလုံး ကို ပိတ္ဆို႔ထားသည္။ မ်က္စိတစ္မွိတ္အတြင္းမွာ အရာခပ္သိမ္း ေပ်ာက္ကြယ္သြားၿပီး အရာအားလုံး သဲလြန္စမ႐ွိဘဲ ၿငိမ္သက္သြားခဲ့တယ္။ လြင့္ပ်ံေနခဲ့တဲ့ ေဝဟင္ကင္မရာေတာင္ ေပ်ာက္သြားသည္။ အားလုံးက မ်က္စိတစ္မွိတ္ မ်က္ေတာင္တစ္ခတ္ အတြင္းမွာပဲ ျဖစ္ပ်က္သြားခဲ့သည္။
႐ွဲ႕စန္း က ေဂၚဖီထုပ္ကို ျပန္ဆင့္ေခၚလိုက္တဲ့ အခ်ိန္မွာေတာ့ မိုင္နဲရဲ႕ ကာကြယ္ၿပီး ဖက္ထားတာ ခံလိုက္ရသည္။
မိုင္နဲ က “အားလုံး အဆင္ေျပရဲ႕လား” လို႔ စိတ္လႈပ္႐ွားစြာ ေမးလာသည္။
႐ွဲ႕စန္း က ေခါင္းညိတ္လိုက္ၿပီး ေနၾကာပြင့္ေလး ကို ပြတ္လိုက္သည္။ “အဆင္ေျပပါတယ္။ ေနၾကာေလး က ျမန္တယ္"
ေနၾကာပန္းေလးသည္ သူ႕ရဲ႕ အကိုင္းအခက္ ကို လိမ္၍ သူ႕ဘာသာသူ အလြန္ ဂုဏ္ယူေနသည္။
မိုင္နဲ က သက္ျပင္းခ်ကာ ကုန္တိုက္ရဲ႕ အႀကီးအကဲထံ ဆက္သြယ္လိုက္သည္။ သူ႕အသံ က ေအးစက္ေနၿပီး “တိုက္ခိုက္သူ က ညာဘက္က အေဆာက္အအုံထဲမွာ ႐ွိေနတယ္။ ပၪၥမထပ္ က ျပတင္းေပါက္နားမွာ။ တစ္ေယာက္ေယာက္နဲ႔ သူ႕ကို သြားေခၚခိုင္းလိုက္!" သူက ဆက္သြယ္ေရးကို အဆုံးသတ္လိုက္ၿပီး ႐ွဲ႕စန္း ကို အေနာက္ဘက္သို႔ တြန္းလိုက္သည္။
"အရင္ ျပန္သြားလိုက္"
႐ွဲ႕စန္း က ညည္းညဴေနတဲ့ ပရိသတ္ေတြ ကို ၾကည့္ကာ ေဘးႏွစ္ဖက္႐ွိ အေဆာက္အဦမ်ား ကို ၾကည့္လိုက္ၿပီး
“အဆင္ေျပမယ္ လို႔ ငါ ထင္တယ္။ ၾကံရာပါ ႐ွိတယ္ ဆိုရင္ အခုခ်ိန္ က တိုက္ခိုက္ဖို႔ အေကာင္းဆုံး အခြင့္အေရးပဲလေလ။ အရသာ ျမည္းတာ အဆုံးအထိ ၿပီးမွ ျပန္ၾကရေအာင္"
မိုင္နဲ၊ "မင္း နံရံနားမွာ ရပ္ေန။ ကိုယ္ လုပ္လိုက္မယ္။"
႐ွဲ႕စန္း က နံရံမွာ ရပ္ေနခိုင္းတာ ဒါ အျပစ္ဒဏ္ ေပးေနတာလား။ သူနဲ႔ မိုင္နဲ က တေယာက္နဲ႔ တေယာက္ အရမ္း ရင္းႏွီးေတာ့ မိုင္နဲရဲ႕ ခႏၶာကိုယ္ က တင္းမာေနၿပီ၊ အထိတ္တလန္႔ ျဖစ္ေနၿပီးၿပီး၊ တိုက္ပြဲဝင္ဖို႔ အဆင္သင့္ ျဖစ္ေနၿပီ ဆိုတာ ကို သူ ခံစားလို႔ ရေနသည္။ မိုင္နဲရဲ႕ စိတ္ကို ျမင္ရေတာ့ သူ ဘာမွ ျပန္မေျပာေတာ့ဘဲ မိုင္နဲ အေနာက္မွာရပ္ၿပီး ပရိသတ္ကို ျပဳံးျပလိုက္သည္။
“ကဲ ဆက္ၾကရေအာသ္”
မိုင္နဲ က သိသိသာသာ အ႐ွိန္ျမန္လာသည္။ သူက ပရိသတ္ ကို စကားေျပာခြင့္ မေပးဘဲ ငါး စားၿပီးတာနဲ႔ လူေတြ ကို ထြက္သြားခိုင္းဖို႔ ဝန္ထမ္းေတြ ကို အခ်က္ျပလိုက္သည္။
မၾကာခင္ ဒုတိယအိုးလည္း ၿပီးသြားသည္။ ႐ွဲ႕စန္း က လူတိုင္း ကို ေက်းဇူးတင္ေၾကာင္း ေျပာၿပီး ပြဲၿပီးဆုံးေၾကာင္း ေၾကညာ၍ နားၾကပ္ ကို ခြၽတ္ကာ မိုင္နဲနဲ႔ ထြက္ခြာသြားခဲ့သည္။ သူတို႔ ၂ေယာက္ က ကုန္တိုက္ရဲ႕ ဒါ႐ိုက္တာ ႐ုံးခန္းသို႔ တန္းတန္းမတ္မတ္ သြားၾကသည္။
ကုန္တိုက္ရဲ႕ ဒါ႐ိုက္တာ အျပင္ လုံျခဳံေရးအရာ႐ွိ ႏွစ္ဦးႏွင့္အတူ အရပ္ျမင့္ျမင့္ ဝတုတ္ေနတဲ့ အမ်ိဳးသားတစ္ဦး က ၾကမ္းျပင္ေပၚတြင္ လဲေနသည္။ တာဝန္ခံ က ဝတုတ္ေနတဲ့ အမ်ိဳးသားကို ကန္လိုက္သည္။
“ေဝဟင္ကင္မရာ က သူ႕ဟာ”
မိုင္နဲ က အေ႐ွ႕သို႔ ေလွ်ာက္သြားကာ ဝတုတ္ေနတဲ့ ေျခသလုံး ႂကြက္သား ကို နင္းလိုက္သည္။ သူ နင္းလိုက္တဲ့ အခ်ိန္ အ႐ိုးရဲ႕ ကြဲအက္သံ ကို ၾကားလိုက္ရသည္။ ေနာက္စကၠန္႔တြင္ ဆူၿဖိဳးသူသည္ လည္ပင္းကို ကိုင္ကာ ေအာ္လာသည္။ သူ႕အသံ က အရမ္း ၾကမ္းတမ္းၿပီး အသံ ကို နားေထာင္႐ုံနဲ႔ သူ နာက်င္ေနမွန္း မင္း သိႏိုင္သည္။
ဒါ႐ိုက္တာ က “ကြၽန္ေတာ္ သူ႕ကို ေမးခြန္းေမးၿပီးၿပီ။ ဆက္ႏြယ္သားရဲ ေရာင္းဝယ္ေရး ဂိုဏ္းကေန ထြက္ေျပးလာတဲ့ လူေတြ၊ အရင္တစ္ေခါက္ စစ္တပ္ က ဝင္ေရာက္စီးနင္းခဲ့တဲ့ အုပ္စုနဲ႔ အတူတူပဲ”
မိုင္နဲ က ပင့္သက္႐ိႈက္ေနတဲ့ ဝတုတ္ႀကီးကို ေနာက္စကၠန္႔မွာပဲ တစ္စဆီ ဆြဲစုတ္ပစ္ခ်င္သလို ေအးစက္စြာ စိုက္ၾကည့္လိုက္သည္သည္။ “မင္းရဲ႕ ၾကံရာပါေတြ ဘယ္မွာလဲ” ဟု ျပင္းထန္တဲ့ အသံျဖင့္ ေမးလိုက္သည္။
လူထြားႀကီး က အံထိတ္တလန္႔နဲ႔ ေခါင္းခါလိုက္သည္။ "မ႐ွ္ဘူး။ မ႐ွိဘူး"
ဒါ႐ိုက္တာ က “ကြၽန္ေတာ္ ေစာင့္ၾကည့္ မွတ္တမ္းကို ၾကည့္လိုက္တယ္။ သူ တစ္ေယာက္တည္း လာၿပီး ပြဲတစ္ေလွ်ာက္မွာ ဘယ္သူ႕ကိုမွ မဆက္သြယ္ဘူး။ ၾကံရာပါ မ႐ွိဘူး ထင္ရေပမယ့္ တိက်ေသခ်ာတဲ့ စုံစမ္းစစ္ေဆးမႈလုပ္ဖို႔ လိုအပ္ပါတယ္။ ရဲစခန္းကို အေၾကာင္း ၾကားၿပီးပါၿပီ”
မိုင္နဲ က သူ႕ကို မ်က္ႏွာ အမူအရာ မေျပာင္းဘဲ ၾကည့္လိုက္သည္။
" လုံျခဳံေရး အတင္းက်ပ္ဆုံး တဲ မဟုတ္ဘူးလား”
ဒါ႐ိုက္တာ က “ေတာင္းပန္ပါတယ္။ ဒါက ကြၽန္ေတာ္တို႔ရဲ႕ ေပါ့ဆမႈပါ။ ကုန္တိုက္မွာ စစ္ေဆးတဲ့စက္ အမ်ားႀကီး ႐ွိတာေၾကာင့္ အႏၲရာယ္႐ွိတဲ့ ကုန္ပစၥည္းေတြ ကို ယူေဆာင္လို႔ မရႏိုင္ပါဘူး။ ေဝဟင္ ကင္မရာအတြင္း က ေဖာက္ခြဲေရး ပစၥည္းေတြ ကို သူကိုယ္တိုင္ ျပဳလုပ္ထားတာ ျဖစ္ပါတယ္။ အတြင္းထဲမွာ ပစၥည္းေတြ ကို အဆင့္ဆင့္ ခံၿပီး စစ္ေဆးတာ ကို ေ႐ွာင္ခဲ့တာပါ"
႐ွဲ႕စန္း က လွ်ိဳ႕ဝွက္စြာ ေတြးခဲ့သည္၊ ဒါက အရမ္း ျပင္းထန္လွတာ မဟုတ္ဘူး။ ကံေကာင္းလို႔ပဲ!
ဒါ႐ိုက္တာ က ႐ွဲ႕စန္း ကို ၾကည့္ၿပီး “ေက်းဇူးတင္ပါတယ္။ အဲဒီလို မလုပ္လိုက္ရင္ လူ ေတာ္ေတာ္ မ်ားမ်ား ဒဏ္ရာ ရသြားလိမ့္မယ္။ လူေတြ အရမ္း မ်ားေနတဲ့ အတြက္ ဒဏ္ရာေတြ ရရင္ ပရမ္းပတာနဲ႔ ေတြးလို႔မရတဲ့ အက်ိဳးဆက္ေတြ ျဖစ္လာလိမ့္မယ္”
႐ွဲ႕စန္း က ေခါင္းခါလိုက္ၿပီး “ရပါတယ္။ ဒါက ကြၽန္ေတာ့္ရဲ႕ ပရိသတ္ပါပဲ”
ဒါ႐ိုက္တာ က "ငါတို႔ရဲ႕ ေပါ့ဆမႈကို ျပင္ဆင္ဖို႔အတြက္ ဒီေနရာ ကို မင္းကို အလကား ငွားေပးမယ္" ဟု ေျပာသည္။
စကားစျမည္ ေျပာၿပီးေနာက္ ဒါ႐ိုက္တာ က သူ႕သက္ေတာ္ေစာင့္နဲ႔ ကားပါကင္ဆီ ေခၚသြားခိုင္းလိုက္သၫြ။ လြန္းပ်ံယာဥ္ေပၚတြင္ ႐ွဲ႕စန္း က ပိုင္ေက်ာင္းနဲ႔ ေလာင္ထန္းထံမွ ဆက္သြယ္မႈ ရ႐ွိခဲ့သည္။ သူက ျပဳံးၿပီး “ငါတို႔ အားလုံး အဆင္ေျပပါတယ္။ ငါတို႔ မၾကာခင္ အိမ္ျပန္ေတာ့မယ္"
သူ႕ ဆက္သြယ္ေရး ကို အဆုံးသတ္ ၿပီးေနာက္ ႐ွဲ႕စန္း သူ႕ရဲ႕ စြမ္းအင္ ကို စစ္ေဆးခဲ့သည္။ ၉၅၀၀ ေက်ာ္။ ဒီေန႔ စုစုေပါင္း ၁၀၀၀ေက်ာ္ တိုးလာသည္။
သူ အိမ္ျပန္ေရာက္ေတာ့ ပိုင္ေက်ာင္း နဲ႔ ေလာင္ထန္း ႏွစ္ေယာက္စလုံး တံခါးနားမွာ ႐ွိေနသည္။ ေလာင္ထန္း က သူ႕ကို ျမင္တာနဲ႔ စပ္စုၿပီး ေမးလာသည္။
"အားစန္း အဲဒီပန္း က ဘာပန္းလဲ?"
ေလာင္ထန္းရဲ႕ ေမးခြန္းကို ၾကားတဲ့ အခ်ိန္ ပိုင္ေက်ာင္း သည္ ဖန္သားျပင္ကို စိုက္ၾကည့္ေနသည္။ သူက ႐ွဲ႕စန္း ကို ၾကည့္ၿပီး ခ်ီတုံခ်တုံနဲ႔ "အဲဒါက ေဂၚဖီထုပ္လား?"
႐ွဲ႕စန္း ပိုင္ေက်ာင္း ၾကည့္ေနတဲ့ ဖန္သားျပင္ကို လွမ္းၾကည့္လိုက္ေတာ့ ေဝဟင္ကင္မရာ က ထိန္းခ်ဳပ္မႈမွ လြတ္သြားကာ ေပ်ာက္ကြယ္သြားသည့္ ဗီဒီယို ကို ျပသေနသည္။ အခ်ိန္ ကို ၾကည့္လိုက္သည္။ တစ္မိနစ္ ကို ေျခာက္ဆေလာက္ ပိုေႏွးေနသည္။
ပိုင္ေက်ာင္း က "မူရင္းဗီဒီယို က အေသးစိတ္ေတာ့ ႐ွင္း႐ွင္းလင္းလင္း မ႐ွိဘူး"
႐ွဲ႕စန္း က မအံ့ၾသဘဲ မေနႏိုင္ေခ်။ "ဒီဗီဒီယို က ဒီေလာက္ေတာင္ ျမန္ျမန္ ထြက္လာတာလား"
ေလာင္ထန္း က “ဟုတ္တယ္။ အားေက်ာင္း ၾကည့္ၿပီးတဲ့ ဗီဒီယိုမွာ ေနၾကာေလး က ပိုႀကီးသြားတယ္။ Starnet မွာ ႐ူးသြပ္ေနၾကၿပီ။ ျဖစ္ပ်က္ေနတာေတြ ကို အားလုံး က ေျပာေနၾကတယ္။ အရမ္း မိုက္တယ္!”