အချစ်တွေအမုန်းတွေရဲ့ အလွန်...

De KaterinaKaterina248

671K 18K 4.7K

ညဘက်မှာပဲ ထွက်တဲ့ကြယ်လေးတွေက နေ့ခင်းဘက်မှာထွန်းလင်းတဲ့နေမင်းကြီးကို သတိရနေတတ်သလိုမျိုး ဘယ်သောအခါမှမဆုံနိုင်ပေ... Mai multe

Disclaimer....
အခန်း (၁)
အခန်း (၂)
အခန်း (၃)
အခန်း (၁) Zawgyi
အခန်း (၂) Zawgyi
အခန်း (၃) Zawgyi
အခန်း (၄)
အခန်း (၄) Zawgyi
အခန်း (၅)
အခန်း (၅) Zawgyi
အခန်း (၆)
အခန်း (၆) Zawgyi
အခန်း (၇)
အခန်း (၇) Zawgyi
အခန်း (၈)
အခန်း (၈) Zawgyi
အခန်း (၉)
အခန်း (၉) Zawgyi
အခန်း (၁၀)
အခန်း (၁၀) Zawgyi
အခန်း (၁၁)
အခန်း (၁၁) Zawgyi
အခန်း (၁၂)
အခန်း (၁၂) Zawgyi
Interlude
အခန်း (၁၃)
အခန်း (၁၃) Zawgyi
အခန်း (၁၄)
အခန်း (၁၄) Zawgyi
အခန်း (၁၅)
အခန်း (၁၅) Zawgyi
အပိုင်း (၁၆)
အခန်း (၁၆) Zawgyi
အခန်း (၁၇)
အခန်း (၁၇) Zawgyi
အခန်း (၁၈)
အခန်း (၁၈) Zawgyi
အခန်း (၁၉)
အခန်း (၁၉) Zawgyi
အခန်း (၂၀)
အခန်း (၂၀) Zawgyi
အခန်း (၂၁)
အခန်း (၂၁) Zawgyi
Breakout Room
အခန်း (၂၂)
အခန်း (၂၂) Zawgyi
အခန်း (၂၃)
အခန်း (၂၃) Zawgyi
အခန်း (၂၄)
အခန်း (၂၄) Zawgyi
အခန်း (၂၅)
အခန်း (၂၅) Zawgyi
အခန်း (၂၆)
အခန်း (၂၆) Zawgyi
အခန်း (၂၇)
အခန်း (၂၇) Zawgyi
အခန်း (၂၈)
အခန်း (၂၈) Zawgyi
အခန်း (၂၉)
အခန်း (၂၉) Zawgyi
အခန်း (၃၀)
အခန်း (၃၀) Zawgyi
အခန်း (၃၁)
အခန်း (၃၁) Zawgyi
အခန်း (၃၂)
အခန်း (၃၂) Zawgyi
အခန်း (၃၃)
အခန်း (၃၃) Zawgyi
အခန်း (၃၄)
အခန်း (၃၄) Zawgyi
အခန်း (၃၅)
အခန်း (၃၆)
အခန်း (၃၆) Zawgyi
အခန်း (၃၇) the END
အခန်း (၃၇) the END Zawgyi
Final Review

အခန်း (၃၅) Zawgyi

3.9K 63 8
De KaterinaKaterina248

"ဟဲ့.....video အသစ် အသစ်တော့ ဟိဟိ"

တာရာ ခပ်လှမ်းလှမ်းစားပွဲက ရုံးသမလေးတွေ စုစု စုစုနဲ့ပြောနေတာကို ကြားပါတယ်။ ကိုယ်လုပ်စရာရှိတာပဲ လုပ်ပီး လူတွေနဲ့ မေးထူးခေါ်ပြောရုံသာရှိတာမလို့ ရုံးထဲက သူတွေနဲ့ သိပ်မခင်တာမဆန်း။ အင်း....ရောက်လာတာ ၁ နှစ်တောင်ရှိနေပီ ရုံးတွင်းမှာ သိရုံသိတဲ့သူတွေချည်းပဲ တိုင်ပင်ဖော် တိုင်ပင်ဖက် သူငယ်ချင်းဟူ၍ မရှိ...မရှိတာထက် ဘယ်သူနဲ့မှ ပတ်ပတ်သတ်သတ်မလုပ်ချင်တော့တဲ့ သူမရဲ့စိတ်ကြောင့်သာဖြစ်သည်။

"တာရာ......ထမင်းစားမယ်လေ"

အဝေးမှာထိုင်ကာ ကိုယ့်အာရုံနဲ့ကိုယ်အလုပ်ပဲလုပ်နေတဲ့သူမ ထမင်းစားချိန်ကိုပင်မေ့နေတော့ လက်ထောက်မန်နေဂျာအမခေါ်မှ file တွေပိတ် လက်စသတ်စရာရှိတာသတ်ပီး ထမင်းချိုင့်လေးယူကာ ထမင်းစားကြမည့်နေရာကို လာခဲ့တော့သည်။ ကျန်တဲ့အချိန်တွေ tea time တွေမှာသာရှောင်လို့ရရင် ရမယ် ထမင်းကတော့ တချိန်ထဲတူတူစားကြတာမလို့ ရှောင်မရ။ အပြင်ထွက်စားကြတာလဲ ယောက်ျားလေးတွေသာ အပြင်ထွက်စားကြတာဆိုတော့ သူမကလဲ ရောထွေးပီးလိုက်မသွားချင်တာနှင့် သူတို့နဲ့တူတူပဲစားရတော့သည်။

".....မားမား ရာရာ....သားသားဆီပြန်လာခဲ့ပါ သားသား မားမားကို လွမ်းတယ် ချစ်တယ်"

ထမင်းစားဝိုင်းထဲမှာ ထမင်းစားရင်း စကားပြောကြသူတွေ ဖုန်းကိုင်ကြသူတွေများတာမလို့ အသံတွေက ဘယ်က ဘယ်လိုတွေ ဘယ်သူ့ဆီကထွက်နေမှန်းမသိ။ သို့သော်.....ထို ရင်းနှီးနဲ့အသံလေးနဲ့ တပိုင်းတစ စကားလေးတွေကိုတော့ ကြားဖြစ်အောင်ကို ကြားလိုက်မိသည်။ ကြားကြားချင်းပဲ ရင်ထဲနင့်သွားကာ ထမင်းခပ်လက်စဇွန်းပင်ရပ်သွားသည်။

"တာရာ.....တာရာ....."

"ဟင်.....မမ"

ဘေးမှ လက်ထောက်မန်နေဂျာ မသူဇာခေါ်နေတာကိုပင် မကြားလောက်တဲ့ထိ သူမ တွေဝေငေးငိုင်သွားမိသည်။ ဒီအသံလေးက သူမ သိပ်ကိုရင်းနှီးတဲ့အသံလေး မကြားရတာ နှစ်ချီရှိပီဖြစ်တဲ့အသံလေးဆိုပေမယ့် သူမမမေ့။ သူမအ​တွေးကတော့ တခြားရောက်နေပေမယ့် မမသူဇာကို ပြန်ဖြေလိုက်သေးသည်။

"တာရာ့ကို မြို့ကရုံးကို transfer လုပ်ပေးမလို့တဲ့"

"ဟင်...."

မြို့ကရုံးဆိုမှသူမ အတွေးတွေက မမသူဇာ့ဆီလုံးဝပြန်ရောက်လာသည်။ ဟင့်အင်း.....သူမပြန်မသွားချင်ဘူး။ ဖြစ်နိုင်ရင် ဒီနိုင်ငံတွင်းကနေတောင်ထွက်သွားချင်နေတာ ကိုယ်မတတ်နိုင်သေးတဲ့ကာလမလို့ နယ်ဘက်မှာ အခြေချလာတာ တနှစ်တင်းတင်းပင်ပြည့်နေပီ....အရာရာတည်ငြိမ်နေပီးတော့မှ မြို့ကြီးထဲတော့ ပြန်မသွားချင်။ သူ အိပ်မက်ဆိုးတွေကနေ မနိုးထရလဲနေပါစေတော့။

"ဟုတ်တယ် တာရာ.....အထက်က စာကျလာပီ နောက်တပတ်ထဲသွားရမှာ ပြင်ထားတော့နော်"

"မမသူဇာ ကျမ မသွားလို့မရဘူးလားဟင် ကျမ ဒီမှာပဲ ဆက်လုပ်ချင်ပါတယ်"

သူမ စကားကြောင့် ထမင်းစားဝိုင်းထဲကသူတွေ သူမကို အထူးအဆန်းသဘောနဲ့ ဝိုင်းကြည့်ကြသည်။ အေးလေ ထူးဆန်းနေမှာပေါ့.....မြို့ထဲက ရုံးကိုပြောင်းဖို့က နယ်က ဝန်ထမ်း​တွေတိုင်းရဲ့ အိပ်မက်ပဲမလား.....မြို့ကြီးပြကြီးမှာလဲနေရမယ်... လစာကလဲ တိုးဦးမယ်....နေစရိတ် စားစရိတ်တွေကလဲအသားတင်ရဦးမယ်ဆိုတော့ လူတိုင်းက တနှစ်တခါ မြို့ထဲပြောင်းရမယ့်စာရင်းထဲပါချင်ကြတာမဆန်း။ ခု သူမအလှည့်ကျမှ ဝမ်းမသာတဲ့အပြင် ချက်ချင်းကိုထငြင်းတော့ အကုန်လုံးက ဘာလားဆိုပီးဖြစ်ကုန်တာပေါ့။

"ဘာလို့လဲ တာရာ.....မြို့ထဲကရုံးက ဒီ့ထက်အဆပေါင်းများစွာ တာရာ့အတွက် အခွင့်အလန်းတွေရမှာလေ တာရာ ကျောင်းတက်ဖို့ကိုလဲ စဉ်းစားပေးမှာတဲ့"

" ကျောင်း......"

ကျောင်းဆက်တက်ဖို့ဆိုတဲ့စကားကြားမှ တာရာ မသွားချင်ဘူးဆိုတဲ့အတွေးကို ပြန်တွေဝေမိသွားသည်။

"အင်းလေ တာရာရယ်.....ဒီမှာဆို နယ်မြို့ဆိုတော့ ကျောင်းဆက်တက်ဖို့က ခက်မှာ"

"ကျမ.... ကျမ မတက်တော့ပါဘူး မမသူဇာရယ် ဒီမှာပဲ ဆက်နေတာ အဆင်ပိုပြေပါတယ်"

ဟုတ်တယ်....ကျောင်းဆက်မတက်ရလဲ ကိစ္စမရှိတော့...အရာရာအတွက် သူမလက်လျှော့ အရှုံးပေးထားတာကြာပီမလား။

"ဟာ.....မဟုတ်တာ တာရာရယ်....ရုံးအကူအနေနဲ့ တသက်လုံးလုပ်လို့မှမဖြစ်တာ.....ကျောင်းဆက်တက် ဘွဲ့ယူပီးမှ ရှေ့ဆက်မြင့်မြင့်မားမားနဲ့ လုပ်စရာရှိတာတွေ လုပ်ပေါ့"

မမသူဇာရဲ့ အားမလိုအားမရဖြစ်နေတဲ့စိတ်ကို နားလည်ပါတယ်။ ဒါပေမယ့် သူမမှာလဲ သူမရဲ့ အရှင်းမကျက်သေးတဲ့ ဒဏ်ရာတွေရှိသေးတယ်မလား။ ပျောက်ကင်းဖို့မပြောနဲ့ မပျောက်အောင်ကို တမင်ထားထားကာ သူမကိုယ်သူမ ဒဏ်ခတ်ထားတာမလို့ နှစ်တွေသာကြာသွားတာ သူမအဆင်ပြေလားဆိုလဲ မပြေပါ....အဲ့တော့ သူမဒဏ်ရာတွေ အစပျိုးခဲ့တဲ့ မြို့ကြီးဆိုတာကို ခြေဦးပင်ပြန်မလှည့်ချင်အောင်ကို ကြောက်နေမိသည်။

"ဟင့်အင်း မမသူဇာ ကျမ အမစေတနာကိုနားလည်ပါတယ်.....ကျမ မသွားချင်ဘူးအမ ကျေးဇူးပြုပီး ငြင်းပေးပါနော်"

တာရာ ထိုနေရာမှာ ဆက်နေချင်စိတ်မရှိတော့တာမလို့ မကုန်သေးတဲ့ ထမင်းချိုင့်ကိုပြန်ဆင့်ရင်း ထအထွက် နောက်က ရင်းနှီးနေတဲ့အသံတခုပေါ်လာသည်။

".....ကိုယ့်ဆီကို ပြန်လာခဲ့ဖို့ အနူးအညွတ်တောင်းဆိုပါတယ်....သားသားရော ကိုယ်ရော မင်းပြန်လာမယ့် နေ့ကို အချိန်တိုင်း နေ့ရက်တိုင်း စောင့်ကြိုနေပါတယ်...... ဟုတ်တယ်မလား သားသား.... သားသားလေးမားမားကို ခေါ်လိုက်ဦး"

"မားမား သားသားဆီပြန်ခဲ့"

တာရာ ကြားနေရတဲ့စကားတွေရဲ့အဝေးကိုထွက်ပြေးချင်ပေမယ့် ခြေထောက်တွေက ခြေချုပ်မိထားသလို ရွှေ့မရ။ ရင်ထဲလဲ အားပင်မရှိတော့အောင်ကို လောင်ကျွမ်းပူဆွေး မွန်းကျပ်နေပီ။

"ခလွမ်....."

လက်ထဲက ထမင်းချိုင့်ပင် လွတ်ကျသွားတဲ့ထိ သူမ စိတ်ရော ခန္ဓာရော အားယုတ်သွားသည်။ ယိုင်သွားတဲ့ ကိုယ်ကိုမနည်းထိန်းရင်း ဘေးက စားပွဲကို တုန်ရီနေတဲ့လက်များနဲ့ကိုင်ထားရသေးသည်။

"တာရာ....နေမကောင်းဘူးလား တာရာ"

နောက်က မမသူဇာ့အမေးကို တာရာ လှည့်ပင်မဖြေနိုင်တော့လို့ ကျောပေးထားရင်းပဲ ခေါင်းယမ်းပြမိသည်။ ထိုနေရာကနေထွက်သွားမယ်အလုပ် နောက်က ကောင်မလေးတွေ​ပြောလိုက်တဲ့ စကားထဲမှ နာမည်တခုကြောင့် သူမခြေလှမ်းတွေရပ်သွားသည်။

"ဒါဆို နေမင်းမဟာ့မိန်းမက သူနဲ့ကွဲ​နေတာလား"

"ငါလဲမသိဘူးလေ အရင်က ဧကရီနဲ့တွဲနေတာပဲသိတာ....ရုတ်တရက်ကြီး ဧကရီက မင်္ဂလာထဆောင်သွားပီး မကြာဘူး သူလဲ သူ့ကလေးပါဆိုပီး ကလေးတယောက်နဲ့ပြန်ပေါ်လာတာပဲ"

"ငါက အစက အဲ့ကလေးကို ဧကရီနဲ့ရပီး ဧကရီနဲ့ကွဲသွားတာထင်နေတာ မဟုတ်ဘူးတော့......"

"ကလေးအမေက ရာရာဆိုလားပဲ ... မားမား ရာရာ မားမားရာရာ ဆိုပီးခေါ်တာတော့ အရင် video တွေမှာလဲ ကြားဖူးတယ်.....ကလေးသနားပါတယ် အမေကို လွမ်းနေရှာတာ သူ့ video လေးတွေကြည့်ရင်သိသာတယ်"

"ဘာပြသနာရှိလဲမှ မသိတာဟယ်.....မင်္ဂလာဆောင်တာ ကြားတောင်မကြားလိုက်ဘူး....ဘာနေနေ အဲ့ကလေးလေးတော့ ချစ်တာဟာ အမေတော့မမြင်ဖူးပေမယ့် အဖေနဲ့တူလို့နေမယ် အသားရည်ကအစလှတာ ရုပ်ကလေးဆို ကော်ပတ်ရုပ်လေးကျလို့.....နေမင်းမဟာ sold out သွားပီဆိုပေမယ့် သူ့သား မဟာကောင်းကင်လေးတော့ မျှော်လို့ရတယ်"

အော်.....သားနာမည်လေးတောင် မဟာကောင်းကင် ဖြစ်သွားပီလား။ အရာရာပြောင်းလဲသွားပီလေသားရယ် မေမေ့ကို ခုထိသတိရနေတုံးလားကွယ်။ သားကို တမင်ထားပစ်ခဲ့တဲ့ မေမေ့ကို သားမမုန်းတောင် တမ်းတမနေသင့်တော့ဘူး။

"အမလေး ဟိုလူက သူ့သားကို အထိမခံဘူးတဲ့ ကြားတာပဲ... ကျောင်းတောင်မနေရသေးဘူးကလေးက ခုမှ ၂ နှစ်တောင်မပြည့်သေးဘူးထင်တယ် အဲ့တာတောင် သူ့သားကျောင်းတက်ဖို့ ကျောင်းတကျောင်းဝယ်ထားပီးပီဆိုလားပဲ... အမလေး တကယ့် daddy daddy type ကြီး"

တာရာ နောက်က အုပ်စုထဲမှ မိန်းကလေးတွေပြောနေတဲ့စကားတွေကို မကြားချင်ပေမယ့် ပြေးထွက်နိုင်စွမ်းမရှိ ဘာရယ်ကြောင့်မှန်းမသိနားထောင်နေမိသည်။ ကြားရတဲ့ စကားတွေအရတော့ သူမသားလေးအကြောင်းဆိုတာ ကျိန်းသေပဲ.....အော် ကလေးရယ် မင်းဖေဖေက မင်းကို ချစ်ပီးဂရုစိုက်တယ်ကြားရတာ ဝမ်းသာပါတယ်။ တာရာ တကယ့်ရင်ထဲက ဝမ်းသာကြည်နူးစိတ်လေးနဲ့ အပြုံးလေးတပွင့်မျက်နှာမှာဖြတ်သန်းသွားသည်။ သို့သော် ရင်ထဲတင်းကျပ်ပီး ခံစားရသည်က သပ်သပ်။ မချိမဆန့်ဝေဒနာကိုခံစားရင်း သူမထမင်းချိုင့်ကို အသာပြန်ကောက်ယူကာ ထိုနေရာကနေ တလှမ်းချင်းထွက်ခဲ့တော့သည်။

......

မဟာ ရုံးခန်းထဲ ခပ်လှမ်းလှမ်းမှာ​ဆော့နေတဲ့ သားကိုကြည့်ပီး တချက်ပြုံးမိသည်။ တကယ်ပါ ဒီကလေးလေးက သူ့ဘဝမှာ တခါမှ မခံစားရဖူးတဲ့ ပီးပြည့်စုံခြင်းဆိုတဲ့ခံစားမှုကိုပေးစွမ်းနိုင်သည်။ ထို ကလေးလေးနဲ့ပတ်သတ်ရင် သူဘာမဆို စွန့်လွတ်ရဲသလို ဘာမဆိုလုပ်ဖို့လဲဝန်မလေးတော့။ သူမ သူနဲ့ကလေးရဲ့ဘဝနှစ်ခုထဲကနေ ထွက်သွားပီးထဲက သူ့ဘဝအခြေနေတွေအားလုံး ပြောင်းလဲကုန်သည်။ ကလေးအတွက်စဉ်းစားရတာတွေ ကလေးကို မိခင်နဲ့ဝေးပေမယ့် အဆင်ပြေအောင်ထားရမှာတွေ ကလေးရှေ့ရေးတွေ အလုပ်တွေကြား ကလေးကို ပစ်ထားသလိုမဖြစ်စေဖို့ အချိန်လုရတာတွေနဲ့ပဲ လုံးပန်းနေရတာ နှစ်ချီနေပီ။ အားလုံးထဲတော့ သူ့ရဲ့ ထိပ်ဆုံးက အရေးပါဆုံးသောအရာက သူမကို ပြန်တွေ့အောင်ရှာဖို့။ သူမထွက်သွားချိန်ထဲက သူ သူမကို ဆွဲထားဖို့ မထွက်သွားဖို့ အကြမ်းနည်းသုံးပီး တားထားလို့ရပေမယ့် သူ့အပေါ် နာကျင်နေတဲ့ သူမကို ထပ်ပီး နာကျင်မှုတွေမပေးချင်တာရော သူမအတွက်အချိန်တခုဆိုတာပေးလိုက်ချင်တာရောကြောင့် သူနားလည်စွာနဲ့ပဲ လွှတ်ပေးလိုက်ခဲ့ရသည်။ ခုတော့ အဲ့အချိန်က သဘောထားကြီးမိခဲ့တဲ့ ကိုယ့်ကိုယ်ကိုယ် အပြစ်တင်လို့မဆုံး။

သူမထွက်သွားပီးထဲက သူ့ဘဝနဲ့သူနေဖို့ကြိုးစားခဲ့သည်ကတော့အမှန်ပင်။ သို့သော် အချိန်ကြာလာတာနဲ့အမျှသိလာတာကတော့ သူ့ဘဝက သူမ မပါဘဲ ဖြတ်သန်းဖို့ကြိုးစားလေလေ သူ့ဘဝက အဓိပ္ပါယ်မဲ့လာလေလေပဲ။ သူမ မရှိတဲ့ သူ့ဘဝက အပြင်ပန်းတော့ အဆင်ပြေပြေနဲ့ပဲ ပုံမှန်လှုပ်ရှားနေပေမယ့် တကယ့်အတွင်းပိုင်းမှာတော့ နားနေဖို့အခွင့်ရေးမရတဲ့သူလို မောပန်းနွမ်းလျနေပီ။ တခါတလေတော့ သူမခံစားရတာတွေကို နားလည်လို့ သူမဘဝလေးနဲ့သူမထားလိုက်ချင်ပေမယ့် သူမ မရှိတဲ့ဘဝက ရှင်လျက်နဲ့သေနေတဲ့သူလိုပါပဲ။ ဘယ်သူ့ရဲ့နှလုံးသားမှ ထပ်အကွဲမခံနိုင်တော့ပါဘူး....ဒါပေမယ့်လဲ သူမ မရှိတဲ့ဘဝက ဘယ်သောအခါမှ မပြည့်စုံတော့တာမလို့ ဒီနေရာလေးတော့ နောက်ဆုံးတခါအနေနဲ့ပဲ ဖြစ်ဖြစ် အတ္တလေးထပ်ကြီးခွင့်ပြုပါ တာရာ.....

"Boss.....စီစဉ်ထားတာတွေ အဆင်ပြေသလောက်နီးပါးပါပဲ"

ရုံးခန်းထဲဝင်လာတဲ့ မောင်စိုးရဲ့ အသံကြောင့် သူ့အတွေးစရုတ်တရက်ပြတ်သွားကာ တခုခုကို စဉ်းစားဟန်ပြုပီး ခေါင်းငြိမ့်ပြလိုက်သည်။

" ထွေထွေထူးထူးရှိသေးလား"

"မရှိတော့ပါဘူး boss....မနက်ဖြန် ကိုဝေယံရဲ့သားလေး နှစ်နှစ်ပြည့်မွေးနေ့ရှိပါတယ်"

"အာ....ဟုတ်ပ မေ့တော့မလို့ အေးကွာ လက်ဆောင်တွေဘာတွေစီစဉ်ထား ငါ့သားအတွက်လဲ အကုန်ပြင်ထား အဝတ်စားတွေ လက်ဆောင်တွေရော"

မွေးနေ့က သူများကလေး မွေးနေ့ဥစ္စာကို သူ့သားအတွက် လက်ဆောင်တွေပါပြင်ခိုင်းနေတဲ့ boss ကို သူများတွေတော့ နားလည်နိုင်မည်မထင်ပေမယ့် အကြောင်းစုံသိတဲ့မောင်စိုးကတော့ သေချာကိုနားလည်သည်မလား။ ကလေး boss ဆီရောက်လာပီးထဲက ကလေးကို မျက်စိအောက်က အပျောက်မခံ....အိပ်လဲသူနဲ့ စားလဲသူနဲ့ ခုတောင် သူ့ရုံးခန်းဘေးက အခန်းကို ကလေးအတွက် ကစားဖို့နေရာ နားဖို့နေရာလုပ်ပေးပီး အလုပ်လာတိုင်းခေါ်လာတတ်သည်။ ကလေးတခုခုကြောင့် အပြင်မထွက်နိုင်လျှင် ဘယ်လောက်အလုပ်အရေးကြီးနေသည်ဖြစ်စေ လုံးဝအလုပ်ကိုမလာတော့ပေ။ ကလေးအတွက် အရာရာကို အလျှံအပယ်တွေလုပ်ပေးထားတာများ သာမန်လူတွေပင် မှန်းဆမရအောင်ဖြစ်သည်။ ခုလဲ ကလေးက နောက် ၆ လလောက်ဆို မူကြိုစတက်ရတော့မှာမလို့ဆိုပီး မူကြိုကနေ အထက်တန်းအထိ သူနေခဲ့တဲ့ကျောင်းကို အကုန်ပြန်ဝယ်လိုက်သည်တဲ့.....ကြားကြားချင်းမောင်စိုးပင် မျက်လုံးပြူးသွားသည်။ ခုလဲ မူကြိုတောင်မတက်ရသေးတဲ့ကလေးအတွက်လားတော့မသိ တက္ကသိုလ်တွေမှာပါ ရင်းနှီးမြှုပ်နှံဖို့ လေ့လာနေပီ။ သူ့ကလေးကို သူများတွေနဲ့ယှဉ်ရင် အားမငယ်စေဖို့ပဲနေမယ်....ကလေးက အမေနဲ့မနေရတော့လေ။

"ဒါနဲ့ ဟိုတယောက် အကြောင်းဘာထူးလဲ"

"ဟုတ်.....ဘာမှမကြားသေးပါဘူး"

မေးလိုက်တိုင်း ဘာမှချည်းမထူးနေတာ ဒီလောက် သူတို့လို လက်တံရှည်တဲ့သူတွေမတွေ့တဲ့ထိ ဘယ်နေရာမှာများ သွားပုန်းနေလဲကွာ။ သူသက်ပြင်းရှည်တခု မသိမသာချရင်း ကလေးကိုလှမ်းကြည့်မိသည်။ သူနဲ့ကလေးနဲ့အတူတူ နေ့ထူးနေ့မြတ်လေးတွေ ဥပမာ သူမမွေးနေ့ ကလေးမွေးနေ့ စသဖြင့် နေ့ရက်လေးတွေ တခါတလေတော့ ဘာရယ် မဟုတ် သူမကိုသတိရလာရင်ကို video အတိုလေးတွေရိုက်ပီး သူမကို လွမ်းကြောင်း သတိရကြောင်း ပြန်လာစေချင်ကြောင်း တင်ထားတတ်သည်။ သူဆိုတာ social media ပေါ်မှာ လူသိများတာမလို့ သူ့အားသာချက်တခုလိုဖြစ်နေတဲ့ နေရာမှာ အခွင့်အရေးကိုသုံးပီး ပုန်းနေတဲ့သူမကို လိုက်ရှာရသည်။ တချိန်ကျ သူမထို video လေးတွေ မြင်ရင်.....မြင်ပီးပီဆိုလဲ သူမ စိတ်ပြောင်းတဲ့အချိန်ကျ သူတို့ဆီပြန်လာဖို့ သူတို့က သူမကို စောင့်နေကြောင်း နွေးထွေးစွာကြိုဆိုနေကြောင်းသိစေချင်သည်။ တခြား သူပြောချင်တဲ့ များစွာသော အကြောင်းရာတွေကတော့ သူမနဲ့တွေ့မှသာပြောမည်။ သူမ မျက်လုံးလေးတွေထဲကို သေချာစိုက်ကြည့်ရင်း သူမလက်ကလေးတွေကို ဆုတ်ကိုင်ကာပြောမည်။

........

"ဟာ......မဟာကောင်းကင်လေးပါလားးးးး ကိုရေ သားကိုခေါ်ခဲ့ဦး သူ့သူငယ်ချင်းရောက်နေပီ"

ကလေးကိုချီလျှက် ဝင်လာတဲ့ မဟာ့ကိုမြင်တော့ ပန်းချီက ဧည့်သည်တွေကို ဧည့်ခံရင်း မလှမ်းမကမ်းက သူ့လိုပဲ ကလေးကိုချီထားတဲ့ ဝေယံ့ကို လှမ်းကာ ခေါ်တော့သည်။ ပွဲထဲရှိတဲ့ ဧည့်သည်တွေရဲ့ အာရုံကတော့ ဆင်တူဝတ်စုံနဲ့ မဟာတို့သားအဖဆီမှာသာ။ ရုတ်တရက်ကြီးသူ့သားပါလို့ ထုတ်ပြပီး မိတ်ဆက်ထဲက ပြောထဲက စိတ်ဝင်စားကြတာ ကလေးအမေကို....ခုထိမတွေ့ဖူး​ကြသေး။ အင်တာဗျူးတွေမှာလဲ အဲ့အကြောင်းမဖြေဖူးတာမလို့ စပ်စုတဲ့လူအုပ်ကြီးကြားထဲ ဒီကိစ္စက ပဟေဍိတခုနှယ်ဖြစ်နေသည်။ ကလေးက ဘယ်တုံးကရသွားတာလဲ....ဘယ်သူနဲ့လဲ စသည်ဖြင့်ပေါ့။ သူတင်တဲ့ video လေးတွေအရတော့ ကလေးအမေနဲ့ကွဲနေပုံရသည်။ မဟာ တခြားသူတွေရဲ့အကြည့်ကိုနားလည်ပေမယ့် မသိကျိုးနွံပြုကာ ဝေယံ့ကို လှမ်းကြည့်နေလိုက်သည်။  လာပါပီ.....ကလေးအဖေသာ ဖြစ်လာတာ ဆယ့်နှစ်ရာသ်ီဖြီးနေတဲ့ မျက်နှာကတော့ပြောင်းလဲမသွား

"ဝါးးးးး သားအဖနှစ်ယောက် ဆင်တူနဲ့ပါလား.....ငါတောင် ငါ့သားနဲ့ ဆင်တူမဝတ်လိုက်ရဘူး နာတယ်ကွာ"

မဟော်ဂနီရောင်အနောက်တိုင်း suit ဝမ်းဆက်နဲ့ သူတို့ သားအဖနှစ်ယောက်ကိုကြည့်ရင်း ဝေယံပြောတော့ သူသိပ်သဘောကျသွားသည်။ ဒါကလဲပြောမယ့်သာပြောရတာ ထူးခြားတာတော့မဟုတ်.....ဘယ်ပွဲတက်တက် သူနဲ့သူ့သား တစ်ရောင်ထဲသာဝတ်သည်။ စချုပ်ထဲက အီတလီက သူချုပ်နေကျ ဒီဇိုင်နာဆီမှာပဲ သူ့အတွက်ချုပ်တဲ့ ပိတ်စ တစ်စထဲကပင် သားအတွက်ချုပ်စေပီး ပုံစံတူဆိုဒ်သေးလေးပဲ သားကိုဝတ်စေသည်။ သူ့ကိုမြင်ရင် သားအဖေမှန်းသိစေချင်သလို သားကိုမြင်ရင်လဲ သူ့သားမှန်းတန်းသိစေချင်သည်။ အဲ့လောက်လေးတွေကအစ လိုလိုမလိုလို ကလေးဆန်မိသည်။

"မောင်စိုး ကလေးတွေကိုကြည့်ထားလိုက်...."

"ဟုတ်"

သားက ကလေးပီပီ မွေးနေ့ပွဲမှ ကလေးတွေအတွက်ပြင်ထားတဲ့ ကစားကွင်းလေးထဲ သွားဆော့ချင်နေတာမလို့ နောက်က မောင်စိုးကို အသာကြည့်စေပီး လွှတ်လိုက်ရသည်။ သူ့ကလေးကို မည်သူနှင့်မျှစိတ်မချတာမလို့ ကလေးထိန်းပင်မထားခဲ့။ စိတ်မချတာလဲပါသလို....လွတ်သွားခဲ့တဲ့ သားရဲ့အချိန်တွေအတွက် သူအစားပြန်ဖြည့်ဆည်းပေးချင်သည်။ ကုန်သွားတဲ့အချိန်တွေကိုပြန်မရတော့ပေမယ့် နောက်နောင်မှာတော့ ဘာအတွက်ကြောင့်ရယ်မှ သူ့သားအတွက် အချိန်မလျော့စေရ။ ဒါကြောင့် အရာအားလုံး သူကိုယ်တိုင်ကိုယ်ကျ လုပ်ပေးသလို လုံးဝမအားရင်တော့ သူ့လူယုံဖြစ်တဲ့ မောင်စိုးသာလျှင် လုပ်ပေးစေသည်။ မေမေတို့ကတော့ ညနေတိုင်း ညတိုင်းနီးပါး လာကြည့်တတ်ကြသည်။ အစပိုင်းမေမေက သူက အလုပ်များသူမလို့ ကလေးကို စိတ်မချဟုဆိုကာ သူမအိမ်တွင်ခေါ်ထားချင်ကြောင်းခနခနပြောသော်လည်း သူက လုံးဝယတိ​ပြတ် ငြင်းဆိုထားတာမလို့ မရတဲ့အဆုံးလက်လျှော့သွားကာ ညနေတိုင်းပဲ သူ့ဆီထမင်းလာစားရင်း ကလေးကိုအချိန်ပေးကြသည်။ ခုတော့ သူ့အိမ်မှာ ကလေးရောက်ပီးထဲက ဧည့်သည်ပြတ်တယ်ရယ်လို့မရှိ....ဝေယံတို့လင်မယားကလဲ သူတို့ကလေးခေါ်ပီး ကလေးအထီးမကျန်ဖို့ လာလာဆော့ပေး အဖော်ပြုပေးကြသည်။ မင်းသိန်းတို့စုံတွဲကလဲ သူတို့ခရီးသွားရင်တောင် ထည့်ပေးဖို့ပြောနေတာ ထပ်ပြောရင် ထိုးမယ်လို့ပြောထားလို့ ငြိမ်သွားတာ မကြာသေး....အဲ့လောက်ကို ကလေးကို ချစ်ပေး ဂရုစိုက်ပေးကြသည်။

"ဘယ်လိုလဲ တာရာ့သတင်း မကြားဘူးလား"

မဟာ့ရဲ့ လေးပင်တဲ့ ခေါင်းခါပုံကိုကြည့်ရတာ ဘာမှထူးသေးပုံမပေါ်။ ကောင်မလေး ဘယ်များပျောက်နေလဲ.....ဝေယံ ဘေးက ထိုင်နေတဲ့မဟာ့ကိုကြည့်ရင်း စိတ်လဲမကောင်း....စိတ်မကောင်းပေမယ့် ဒါတွေက သူ့အပြစ်​တွေပဲမလား။ ခုတော့ သူ့အပြစ်သူသိပီး ခံစားနေရတဲ့ သူငယ်ချင်းကိုကြည့်ပီး သူတဖက်က စိတ်မကောင်းသလို တဖက်ကလဲ ဝမ်းသာမိသည်။ စိတ်မကောင်းတာတော့ ဒီကောင်ဘယ်လိုခံစားနေရလဲ အပူရုပ်ကိုဖုံးကွယ်ရင်း ဘယ်လိုတွေ အဆင်ပြေချင်ယောင်ဆောင်နေရလဲ သိတာမလို့ စိတ်မကောင်း.....ဝမ်းသာမိတာတော့ သူ့အမှားသူသိပီး ပြန်လည်ပြင်ဆင်ဖို့ကြိုးစားနေတာကိုပဲ။ ဟိုကလေးမလေးကိုတွေ့ရဖို့ ဘယ်လိုလိုက်ရှာနေရလဲဆိုတာ သူအသိဆုံးပဲလေ။

"ကိုမဟာရေ.....တာရာ့ကို မြန်မြန် ပြန်ခေါ်ပါတော့"

ပြောပြောဆိုဆိုနဲ့ ဘေးမှာဝင်ထိုင်တဲ့ ပန်းချီ့ကြောင့် ဝေယံပင် အလည်ကနေ မျက်နှာပူသွားသည်။ ဒီစကားက ခုမှတော့ ပြောသည်မဟုတ်....အရင်ထဲက တွေ့တိုင်းပြောနေကျ။ ပြောတိုင်းလဲ ဝေယံမျက်နှာပူနေမိတာ ခုထက်ထိတိုင်ပင်။ သူကသာကြားထဲက နေရခက်နေတာ မဟာကတော့ ဘာမှမဖြစ် စိတ်ဆိုးတာလဲမရှိ။ အမြဲ ပြန်ဖြေတာကတော့

"အားလုံးထက်ပိုပီး သူမကိုတွေ့ချင်တာက ငါပါကွာ"

ဆိုပီးပဲ ဆွေးဆွေးမြေ့မြေ့ပြောတတ်သည်။

.......

ဧကရီ အိပ်ရာပေါ်က စောင်ခြုံထဲမှာကွေးရင်း ဖုန်းမျက်နှာပြင်ပေါ်က ပုံလေးတွေကိုသေချာကြည့်ကာ ပြုံးလိုက် အူယားလိုက်နဲ့ အသဲတွေပေးနေမိတော့သည်။ ကြည့်ပါဦး suit ပေါက်စကွေးလေးတွေနဲ့ကလေးသေးသေးလေးတွေ ချစ်စရာကောင်းလိုက်တာ။ ရုပ်လေးတွေသန့်ပြန့်နေတာများ မကြာခင် ဖအေတွေကိုပင်ကျော်တက်တော့မည်။ ကလေးပုံလေးတွေကို သေချာကြည့်ရင်း နောက်တပုံကို အရွှေ့မှာတော့ မြင်လိုက်ရတဲ့ပုံလေးတပုံကြောင့် ရင်ထဲမှာ မကောင်းဖြစ်သွားသည်။ မဟောဂနီရောင် အနောက်တိုင်း suit အပြည့်ဝတ်ထားတဲ့ အမျိုးသားက လက်ထဲမှာ သူနဲ့အရောင်ဆင်တူပုံစံတူ ဝတ်စုံသေးသေးလေးကို ဝတ်ထားတဲ့ ကလေးသေးသေးလေးကိုချီထားကာနဖူးလေးကိုနမ်းရှိုက်နေသည့် လျှပ်တပြက်ပုံလေးဖြစ်သည်။ နောက်တပုံကိုရွှေ့တော့ ပြုံးပျော်နေတဲ့ ဝေယံတို့မိသားစုလေး နေနဲ့သူ့သားလိုဆင်တူမဟုတ်ပေမယ့် လင်မယားနှစ်ယောက်ကတော့ မိုးပြာရောင် ဆင်တူဝတ်ထားပီး ကလေးလေးကတော့ နေဗီပြာရောင် suit လေးနဲ့ ပြုံးလို့ရွှင်လို့ မြင်သူတိုင်း သူတို့ဘယ်လောက်ပျော်နေမလဲ မှန်းဆနိုင်သည်။ ရှေ့က နေတို့ပုံနဲ့ နောက်က ဝေယံတို့မိသားစုပုံကို ယှဉ်ကြည့်မိတိုင်း ဧကရီ စိတ်မကောင်းကြီးစွာဖြစ်ရသည်။ သူမကြောင့်သာမဟုတ်ရင် ခုချိန် နေ့ကလေးလေးလဲ သူ့မေမေနဲ့တူတူ ပျော်နေမှာမလား။ သူမကြောင့်ဆိုတဲ့စိတ်က ခုထက်ထိတိုင် သူမကို အကြိမ်ကြိမ်သတ်နေတုံး.....ကလေးပုံလေးတွေမြင်တိုင်း သူမလိပ်ပြာမလုံသလိုခံစားနေရတုံး။ နေ့ရဲ့သတင်းကိုကြားထဲက သူမလဲ တတ်နိုင်သမျှ တာရာ့ကို ဘယ်သူမှ မသိအောင်လှမ်းကူရှာပေးနေခဲ့တာ ခုချိန်ထိပင်။

"ဘာတွေကြည့်နေတာလဲအချစ်...."

ရုတ်တရက် သူမရှိရာ အိပ်ခန်းထဲ ဝင်လာကာ သူမအနားဝင်ထိုင်လျက် သူမပါးတဖက်ကို သူ့လက်ကလေးနဲ့ ကြင်ကြင်နာနာအုပ်မိုးကာ မေးလိုက်တဲ့ Ric. သူမပြန်မဖြေခင်ထဲက သူမလက်ထဲက ဖုန်းကိုကြည့်ပီး ဘာလဲဆိုတာသိပီးသား

"ကိုယ်လဲ ကိုယ်နဲ့တူတာဖြစ်ဖြစ် အချစ်နဲ့တူတာပဲဖြစ်ဖြစ် ကလေးလေးတွေလိုချင်တယ် မိန်းကလေးလဲရတယ် ယောက်ျားလေးလဲရတယ်"

"Ric...."

သူမဆက်ပြောမယ့် စကားကို သိပီးတဲ့ပုံနဲ့ Ric က သူမမျက်ဝန်းတွေထဲကို သေချာကြည့်လျက် သူမကို ဘာမှမပြောနဲ့ဆိုတဲ့သဘောနှင့် သူမနှုတ်ခမ်းထက်မှာ သူ့ လက်ညှိုးလေးကိုတင်ကာ နွေးထွေးစွာ ပြုံးပြပ်ီး

"ရတယ် အချစ် ကြုံခဲ့ရတာတွေ ကိုယ်သိပီးသားမလို့ အကုန်နားလည်တယ်....ကိုယ်စောင့်နိုင်ပါတယ် ဒါတွေပီးရင်သာ ကိုယ့်ကို ကလေးလေးတွေမွေးပေးပါနော်.... ခုချိန်မှာ အချစ်ကို ဘာမှထပ်ပီး ဝန်မပိစေချင်တာမလို့ အဲ့အ​ကြောင်းခေါင်းထဲမထည့်ထားလဲရသေးတယ်နော်"

သူမကို အဆုံးစွန်ထိ နားလည်မှုပေးနေတဲ့ မျက်စိရှေ့က သူမခင်ပွန်းကို ဧကရီ ရုတ်တရက်ထဖက်ကာ ငိုမိတော့သည်။ သူမကြောင့် တာရာနဲ့ကလေးလေးကွဲရတာဆိုပီး သူမကိုယ်တိုင် မိသားစုမလိုချင်သေး.....သူများအိမ်ထောင်ကြားနှောင့်ယှက်မိသလိုဖြစ်ခဲ့တဲ့သူတယောက်အတွက် ကာယကံရှင်တွေက မပေးပေမယ့် သူ့အလိုလိုရလာတဲ့ အပြစ်ဒဏ် ဒါမှမဟုတ် ကျိန်စာတခုပေါ့။ သူမအပြစ်တွေအတွက် တာရာ့ကို သူမကိုယ်တိုင်ကိုယ်ကျတောင်းပန်မည်.....တာရာခွင့်မလွှတ်ရင်တောင် သေသေချာချာကောင်းကောင်းမွန်မွန်တောင်းပန်ရမည်က သူမ တာဝန်ပဲမလား။ သူတပါးကို တောင်းပန်ရမှာမလို့ အောက်ကျသည် ဂုဏ်ငယ်သည်ဆိုတဲ့ စိတ်လဲမရှိတော့.....မိမိအပြစ်တွေကို ရှောင်မပြေးဘဲ ကိုယ့်အပြစ်အတွက်ကိုယ်တာဝန်ယူကာ ဝန်ချတောင်းပန်ချင်တော့သည်။ တာရာရယ် အမြန်ပြန်လာပါတော့ကွယ်......ဒါမှ ဒီဝဋ်ကြွေးကနေလွတ်ပီး သူမလဲ သူမဘဝနဲ့သူမရှေ့ဆက်လို့ရမှာ။

"မငိုနဲ့လေ အချစ်ရယ် အချစ်စိတ်တိုင်းကျ လုပ်ပေးမှာမလို့ မငိုပါနဲ့ကွာ"

သူမရှေ့မှာ သူမကို အသည်းအသန် ချော့နေတဲ့ သူမ ခင်ပွန်းကိုကြည့်ပီး ဧကရီ ဘဝမှာ လုပ်ခဲ့တဲ့ရွေးချယ်မှုတွေထဲမှာ ဒါအမှန်ဆုံးဆိုတာ သိလာခဲ့သည်။ သူမရှေ့မှာရှိနေတာ သူမနဲ့ လက်ထပ်ထားတာ ၆ လကျော်ပဲရှိသေးတဲ့ သူမခင်ပွန်း။ ပွင့်ပွင့်လင်းလင်းပြောရရင် လူမျိုးခြား။ လွန်ခဲ့တဲ့အချိန်တွေက သူမ စိတ်တွေလေနေတုံး ခြေဦးတည့်ရာ လျှောက်သွားရင်း နှင်းတောင်ကိုပတ်သွားတဲ့ ရထားတစီးပေါ်မှာ Alaric(အလားရစ်) ဆိုတဲ့ ကောင်လေးနဲ့ဆုံခဲ့သည်။ ဖြစ်ချင်တော့ နှင်းတွေက ရထားလမ်းကိုပိတ်နေတာမလို့ ဆက်သွားမရတော့ဘဲ ခရီးသည်တွေ အကုန်ဆင်းကာ ရထားလမ်းကိုဖုံးနေတဲ့ နှင်းတွေကို ဖယ်ကြရင်း ပိုပီးရင်းနှီးမှုရလာသည်ပေါ့။ နောက်တော့ တဦးနဲ့တဦးသာမန်မိတ်ဆွေအနေနဲ့ အဆက်သွယ်မပြတ်ရှိခဲ့ရင်း ရုတ်တရက် သူမကို လက်ထပ်ခွင့်တောင်းတဲ့သူ့ကို ဧကရီ မဆိုင်းမတွပဲလက်ခံလိုက်သည်။ မင်္ဂလာဆောင်တောင် အလောသုံးဆယ်လုပ်ရလို့ ကိုယ့်မိဘနဲ့ ဒီမှာကျောင်းတက်တုံးက သူငယ်ချင်းတွေကလွဲရင် သူငယ်ချင်းအရင်းတွေကိုတောင်မဖိတ်ဖြစ်ခဲ့။ မင်္ဂလာဆောင်ကျမှ သိလိုက်တာ Alaric တို့က တော်တော့်ကို ချမ်းသာပီး ရိုးရှင်းတဲ့မိသားစုဖြစ်သည်။ သူမကိုလဲ ချစ်ပေး ကြိုဆိုပေးကြသည်။  Ric ဆိုလဲ သူမကိုနားလည်နိုင်တာများ သူကိုယ်၌က ကလေးအရမ်းလိုချင်တာတောင် သူမစိတ်ကို ကောင်းစွာနားလည်သည်မလို့ ကလေးမရစေအောင် သူကိုယ်တိုင် သူမကိုဂရုစိုက်ပေးသည်အထိပင်။ ဆရာဝန်တယောက်မလို့ ထိခိုက်ခံစားနေရတဲ့ သူမကို နားလည်မှုအပြည့်ပေးပီး စိတ်ရော လူရော ကုသပေးနေသည်ကို သူမကျိန်းသေခံစားရသည်။ ဧကရီ ဘဝမှာ ဒီ့ထက်ပိုပီး မတောင်းဆိုချင်တော့ပါ.....ခုချိန်က သူမဘဝအတွက်အကောင်းဆုံးအချိန်ဖြစ်ပီး အမှန်ဆုံးသူနဲ့တူတူရှိနေရပီလေ။

(Alaric က British လူမျိုးမလို့ သူတို့စကားပြောတာက English လိုပဲပြောတာပါနော်....ဒါက စာကြွင်း)

........

တာရာ ထိုမြို့ကိုပြန်မသွားချင်ပေမယ့် ဟုတ်သည် မမသူဇာပြောတာကလဲ ဟုတ်သည်။ ကုမ္ပဏီရဲ့လိုအပ်ချက်အရဆိုပေမယ့် သူမအတွက်လဲအကျိုးအမြတ်က ရစေမှာအမှန်ပဲပေမလို့....နောက်ဆုံး စိတ်ကိုလျှော့ပီး လွန်ခဲ့တဲ့တနှစ်ကျော်က စွန့်ခွာခဲ့တဲ့မြို့ကြီးကို သူမပြန်လာရတော့သည်။ ကားဂိတ်ကဆင်းဆင်းချင်း သူမခြေချလိုက်သည်နှင့် သူမ မကြိုက်တဲ့အငွေ့အသက်တခုကိုတန်းရလိုက်သည်။ သူမရဲ့ရှုံးနိမ့်ခြင်းတွေ  ငိုကြွေးခြင်းတွေပါတဲ့ ခြောက်ချားဖွယ်ရာအငွေ့အသက်တခု......

...

တာရာ.....ဌာနအသစ်မှာ အလုပ်လုပ်နေတာ ၂ ပတ်လောက်ရှိပီ။ မလာခင်က သူမ ကြောင်တောင်တောင်တွေတွေးပီးစိုးရိမ်ခဲ့သလို သူမကို လိုက်ရှာနေလောက်မလားဆိုတဲ့ လူတစုကိုလဲမတွေ့ရပါ။ အရာအားလုံးက အေးဆေးပင် သူမဘာသာ အတွေးများခဲ့တာပါလားဟုပင် ကိုယ့်ကိုယ်ကိုအပြစ်တင်မိသေးသည်။

"တာရာရေ.....boss က ရုံးခန်းလာခဲ့ပါတဲ့ ခုချက်ချင်းတဲ့"

"ဟင်....boss ကလား မဇင်မာ"

"ဟုတ်တယ် တာရာ ခုသွားလိုက်နော်"

ရုံးရောက်ရောက်ချင်းကြားလိုက်ရတဲ့ မဇင်မာ့စကားကြောင့် တာရာ အတွေးများသွားသည်။ သူမလို သာမန်ရုံးဝန်ထမ်းက ပိုင်ရှင်သူဌေးနဲ့ ဘာကိစ္စရှိလို့ တွေ့ရမှာလဲ.....တွေ့ရမှာလဲဆိုတာထက် သူက ကိုယ့်ကို ဘာလို့ခေါ်တွေ့ရမှာလဲ။ ဟိုးအရင်ထဲက ပြောစရာရှိရင် သက်ဆိုင်ရာ ဌာနမှူးတွေ မန်နေဂျာတွေကတဆင့်ပဲ ပြောခိုင်းနေကြ.....မီတင်တွေတောင် သူမတို့လို ဝန်ထမ်းငယ်တွေ တက်ဖို့မလို အကြီးပိုင်းတွေတက်ပီး သက်ဆိုင်ရာ လူအသီးသီးက သူမတို့ကိုပြန်ပြောရုံပဲ။ ခုတော့.....ဘာလို့ခေါ်လဲမသိ သူမကျောင်းတက်ဖို့ကိစ္စများ ပြောမလို့လား ငြင်းမလို့လား....မဟုတ်ပါစေနဲ့ ကျောင်းတက်ဖို့ဆွေးနွေးပေးမယ်ဆိုလို့ သူမ ဒီမြို့ကိုပြောင်းဖို့လက်ခံခဲ့တာလေ။ အတွေးများနဲ့ သူဌေးရုံးခန်းဆိုတဲ့ အထပ်ကို ဓာတ်လှေခါးစီးပီးတက်လာရင်း....သူက တခုခု သူမလက်မခံနိုင်တာ ပြောရင်ကော ဘာပြန်ပြောရမလဲဆိုပီးစဉ်းစားနေမိသေးသည်။

"အမ....သူဌေးက ခေါ်ခိုင်းလိုက်လို့"

"အော် ဟုတ် ဝင်သွားလိုက်ပါနော် စောင့်နေပါတယ်"

"ဟုတ်...."

သူဌေးမပြောနဲ့ သူတို့လိုအကြီးပိုင်းတွေနဲ့ ပတ်သတ်စရာမရှိတာမှ သူဌေးရဲ့ PA ဆိုတဲ့ အမကိုတောင် ခုမှမြင်ဖူးတာ။ သူမတို့အထပ်နဲ့လဲမတူတော့ အကြောင်းမရှိဘဲလဲ ဘယ်သူကလာမှာလဲ။  အလုပ်ကလဲ လုပ်လာတာသာနှစ်ပေါက်နေတာ သူဌေးဆိုတာ ဖြူသလားမဲသလားလဲမသိ။ သူဌေးပုံကိုခန့်မှန်းရင်း လာရင်းအတွေးတောင်ပျောက်သည်အထိပင်။ အခန်းထဲရောက်တော့ သူမကိုကျောပေးကာ ထိုင်နေသည့် လူတယောက်ကိုတွေ့လိုက်ရသည်။ ခုံကကြီးသည်မလို့ ခန္ဓာကိုယ်ကိုတော့ မမြင်ရ။ ထွက်နေတဲ့ခေါင်းကိုတော့ အနည်းငယ်မြင်ရသည်။ ဆံပင်ကို သပ်ရပ်စွာဖြီးထားပုံရပီး အသက်လဲ အရမ်းကြီးပုံမပေါ် ဒါကလဲ သူမအ​တွေးသပ်သပ်ရယ်ပါ သူမလဲ မြင်ဖူးတာမဟုတ်တော့လေ။ သူဌေးရဲ့စားပွဲနဲ့ မလှမ်းမကမ်းမှာရပ်ပီး သူမ အသံအနည်းငယ်ပြုလိုက်ရသည်။ မဟုတ်ရင် ဘယ်အချိန်မှ လှည့်လာမယ်ဆိုတာမသိ.....

"ဟို....ကျမက ရုံးပိုင်းဆိုင်ရာကဝန်ထမ်းပါ.. ကျမကို ခေါ်ခိုင်းတယ်ဆိုလို့ပါ ဘာကိစ္စများလဲမသိဘူး"

သူမစကားဆုံးပီး ခနအကြာ ရုတ်တရက် သူမဘက်ကိုကျောပေးထိုင်နေရာမှ လှည့်လာတဲ့လူတယောက်......တာရာ မျက်လုံးတွေပင် ဝိုင်းစက်ပြူးကျယ်သွားသည်။ လည်ချောင်းတွေလဲ ခြောက်သွေ့လာပီး ဘာမှကိုဆက်မပြောနိုင်တော့ပေ။

မဟာ...သူမထွက်သွားပီးထဲက မြို့ထဲမှာပိုက်စိတ်တိုက်ပီး ရှာခဲ့တာ....သူမနဲ့အရင်းနှီးဆုံးလို့ဆိုရမယ့် အရင်ခင်မင်ခဲ့တဲ့သူတွေတောင် သူမ ဘယ်မှာမှန်းမသိကြဘူးတဲ့။ နောက်ဆုံးမြို့ထဲကိုလက်လျှော့ပီး တနှစ်ပတ်လုံး ကားဂိတ်တွေ မြို့ဝင်ဂိတ်တွေကိုစစ်ဆေးလာတာ လွန်ခဲ့တဲ့ ၂ပတ်လောက်က သူမနာမည်နဲ့ ခရီးသည်တဦးမြို့ထဲ ပြန်ဝင်လာတဲ့ မှတ်တမ်းကိုရခဲ့သည်။ ရရချင်း ထပ်မံပီးပိုက်စိတ်တိုက်ရှာလိုက်တော့ သူ့ခြေသူ့လက်အရာပေါက်တဲ့ မြို့မလို့ သိပ်မရှာလိုက်ရ....သူမအကြောင်းတန်းသိရသည်။ သူမက ပြန်ရောက်ထဲက သူလိုက်ရှာမှာစိုးလို့ထင်သည်....အရင်မိတ်ဆွေတွေဆီပင်ပြန်မသွား တခြားသူမအကြောင်းသူမလဲရှိမှာပေါ့။ မဟာ သူမအကြောင်းသိသိချင်း ကြားကြားချင်းပဲ စိတ်တွေလှုပ်ရှားလွန်းလို့ ချက်ချင်းပင်ပြေးတွေ့လိုက်ချင်သော်လည်း ထပ်ပီးထွက်ပြေးသွားမှာစိုးသည်မလို့ အဝေးကပဲ သူမအကြောင်းထပ်စုံစမ်းခဲ့သည်။ အေးဆေးပါပဲ အပြင်အဆင်လေးတွေ ပြောင်းလဲသွားရုံကလွဲရင်အရင်တိုင်းလေးပဲ။ မဟာ သူ့ကို တအံ့တသြနဲ့ကြည့်ပီးချက်ချင်းပဲ မျက်နှာလွှဲသွားတဲ့သူမကို ခေါင်းစခြေအဆုံးသေချာကြည့်မိသည်။ သူနောက်ဆုံးတွေ့ခဲ့တုံးက ရှိခဲ့တဲ့ ခါးလောက်ရှိတဲ့ ဆံနွယ်တွေကတော့ ကျောလယ်လောက်ပဲရှိတာကလွဲရင် အရင်လို ရိုးရိုးလေး ထဘီလေးနဲ့အစား ဒူးမရောက်တရောက်တကဒ်လေးကို အပေါ်က လက်ရှည်အကျီလေးနဲ့တွဲဝတ်ထားပီး သိပ်မမြင့်လှတဲ့ ရှူးဖိနပ်ကလေးစီးထားတာကလွဲရင် အရင်လိုလေးပဲ..... အရင်လိုထဲမှာမှ လုံးဝမပြောင်းလဲတာတခုကတော့ သူ့ကိုမြင်တာနဲ့ အံ့သြရင်သြ မအံ့သြရင် မကြည်ဖြူတဲ့မျက်နှာဖြစ်သွားတာပဲ.....ဒါလေးတော့ ခုထိမပြောင်းလဲဘူး မင်းဒဏ်ရာတွေ ခုထိမကျက်သေးဘူးလားကွာ။

*ဒီတခါတော့ မင်းကိုယ်တို့လက်က ပြေးလို့မလွတ်စေရဘူး.....အရင်တခါက ကိုယ့်ရဲ့လက်တစုံနဲ့ပဲမလို့ မင်းမာနတွေကိုကျော်အောင်ဆွဲထားလို့မတတ်နိုင်ခဲ့ဘူး.....ခုတခါတော့ ကိုယ့်ဘက်ကနေ ကူဆွဲပေးမယ့် သိပ်ကိုအားကြီးတဲ့ လက်တစ်စုံကိုယ့်ဘက်မှာရှိနေပီမလို့ ဒီတခါတော မင်းကိုယ်တို့ဆီက ထွက်သွားလို့မရတော့ဘူး*

မဟာ သူ့မျက်နှာမှာ နွေးထွေးမှု ပျော်ရွှင်မှုတွေ ရောယှက်နေတဲ့ အပြုံးတခုနဲ့ သူမကို ဆီးကြိုလိုက်သည်။ တခါမှ သူမကို ခုလိုအပြုံးပြုံးမပြခဲ့ဖူးတာ မိမိကိုယ်ကိုယ်သိသည်........

အကုန်လုံးကို အကြောင်းကြားချင်တာက မကြာမီရက်ပိုင်းမှာ ဇာတ်သိမ်းပါတော့မည်။ ဇာတ်သိမ်းမှာ အလှည့်အပြောင်းတခုပါမှာပါ။ ညားစေချင်သူတွေရော မညားစေချင်သူတွေရော ကျေနပ်စေရပါမယ်။ ဒီချိန်အထိ လိုက်ပါစီးမျောပေးတာ ကျေးဇူးတင်ပါတယ် ❤

Continuă lectura

O să-ți placă și

71.6K 3.4K 18
နိုင်​ငံခြားမှာ​အောင်​မြင်​​ကျော်​ကြား​နေတဲ့ designer တစ်​​ယောက်​ဖြစ်​တဲ့ Baekhyun ကိုယ့်​အမိ​မြေမှာပဲအလုပ်​ကိုကြိုးစားစွားလုပ်​ကိုင်​​နေတဲ့ Chanyeol...
174K 5.3K 70
တောင်ပေါ်ဒေသကအုပ်ချုပ်သူလူတန်းစား‌ေတာင်ပိုင်းအကြီးအကဲရဲ့သား ဖြစ်သူမျိုးရိုးမြင့်သခင်လေး..ဆောင်းဦးခိုက်..... ‌မြောက်ပိုင်းသူ‌‌ေလးမိန်းမပျိုလေးခဂါဦး ...
Spring De BD

Ficțiune generală

150K 5.3K 53
Request (One Shots)