Chapter 88 : နှုတ်ဆက်ခြင်း
ရှဲ့စန်း မှတ်ချက်တွေ ကို ကြည့်လိုက်သည်။ လူတချို့ က သူ့ကို မသိကြဘဲ ဘယ်သူလဲ လို့ မေးနေကြပြီး လူအုပ်ကြီးက သူ့ကို ဘာမှ ပြန်မပြောဘဲ ချက်ချင်း ကန်ထုတ်ပစ်လိုက်တယ်။
တစ်ယောက် က အံ့သြသွားခဲ့သည်။ [အထီး? ဘရန့်ဒ်ဂြိုလ်ရဲ့ လိင်ပိုင်းဆိုင်ရာ ခွဲခြားချက် က တစ်ခုခု မှားနေတာလား။ ငါးမန်းကြီး အပေါ်မှာ အမ က မတ်တပ်ရပ်ရဲတယ်၊ ဘယ်လိုတောင် သတ္တိရှိတာလဲဟ!!!]
[ဟုတ်ပ၊ တစ်ခုခု မှားနေတာ သေချာတယ်။ သူ့အရပ်ကိုပဲ ကြည့်လိုက်၊ သေချာတယ်... သူက အမပဲ]
ရှဲ့စန်း မျက်မှောင်ကြုတ်လိုက်တယ်။ သူ့အရပ်က အဆင့်အတန်း မှီပါတယ်နော် ဟုတ်ပြီလား?
[လက်ပတ်မှာ ရှိတဲ့ အချက်အလက် မှတ်တမ်းမှာ တင်ဆက်သူ က အထီး ဆိုတဲ့ အကြောင်း ရှင်းရှင်းလင်းလင်းကြီး ဖော်ပြထားတယ်လေ။ အရပ် က *၂.၈ မီတာတောင် ရှိတယ်]
(*၆ပေ ၈လက်မကျော် ရှိပါတယ်)
[ဟုတ်တယ်၊ ဟုတ်တယ်၊ တင်ဆက်သူ၊ တင်ဆက်သူရေ...မင်းကို လာရှာမလို့ ၊ငါ့ကို စောင့်နေပေးနော်၊ အားးးးး ဧရာမ ငါးမန်းကြီးနဲ့ အတူတူ ဓာတ်ပုံရိုက်ရဖို့ ဒူးထောက်နေပါတယ်]
ရှဲ့စန်း က အဲဒါကို မြင်တော့ "သူတို့က သေမင်းတမန် ရေထဲ ကို မသွားဘူးလား" လို့ မေးလိုက်တယ်။
လန်နီ က နှုတ်ခမ်းတွန့်ရုံ ပြုံးသွားသည်။
"သူတို့က အစွန်းကနေ ပြန်လာကြတာ။ မင်းရဲ့ ဗီဒီယိုထဲမှာ အရမ်း ကြီးတဲ့ ပင်လယ်သတ္တဝါကြီး ၃ကောင် ကို ပြခဲ့တယ်လေ၊ ဒါပေမယ့် အပြာရောင် ဝေလငါးကြီးလည်း ရေအစပ်မှာ ရှိနေတယ်"
ရှဲ့စန်း အံ့သြသွားသည်။ အဲ့ဒီမှာ အပြာရောင် ဝေလငါးကြီး ရှိတာက အဓိပ္ပါယ်ရှိပါတယ်။ ဒါပေမယ့် ပင်လယ်ထဲက သတ္တဝါကြီးတွေ က ဘာလို့ အဲဒီမှာ ရှိနေတာလဲ။ ဝေလငါးပြာ က အဲဒီနေရာမှာ စောင့်နေလောက်မယ် ဟု တွေးကာ ချက်ချင်းပဲ ဆုံးဖြတ်ချက်ချလိုက်သည်။
"ဟိုမှာ သွားလိုက်ဦးမယ်။ သူတို့ကို နှုတ်ဆက်ရုံ *သက်သက်ပါ"
(T/N :*ဒီ သက်သက် က စကားလုံးနော်၊ ၊ Line ပေါ်က ပျောက်သွားတဲ့ ဟိုအဖွားကြီး မဟုတ်ဘူး )
သူတို့ လေးယောက် က ပင်လယ်တစ္ဆေ က ထွက်လာပြီး သေမင်းတမန်ရေ ကို တိုက်ရိုက် သွားလိုက်ကြသည်။ အပြာရောင် ဝေလငါးကြီး က သူတို့ကို မြင်တော့ အရမ်း ပျော်ပြီး အမြီးကို လှုပ်ယမ်းလိုက်သည်။
ရှဲ့စန်း က သူ့ခေါင်း ကို ထိလိုက်တာနဲ့ ဝေလငါးပြာရဲ့ အသံက သူ့စိတ်ထဲမှာ ပေါ်လာသည်။ {"ဝူးးးးးးး! အဲဒီလူဆိုးကြီး သုံးယောက် က မင်းအဆိပ်မိပြီး သေသွားပြီလို့ ပြောနေကြတယ်။ လူလိမ်တွေ!!! မင်း ပြန်လာမယ် ဆိုတာ ငါ သိတယ်"}
ရှဲ့စန်း ခဏ ငြိမ်သွားပြီး သေမင်းတမန် ရေထဲသို့ လှမ်းကြည့်လိုက်ရာ ခပ်လှမ်းလှမ်းမှ အနက်ရောင် အရိပ်ကြီးသုံးခု ကို သူ မြင်နေရသည်။
ခြင်္သေ့ပျံ ကို သူတို့အား ခေါ်လာပေးရန် တောင်းဆိုခဲ့သည်။ ရေဘဝဲကြီး က သူ့ပခုံးပေါ်၌ လက်တံတွေ ကို တင်ကာ
{"ဟမ့်... ငါလုပ်တာ မဟုတ်ဘူးလို့ ငါ သူတို့ကို ပြောခဲ့တယ်။ မင်းအပေါ်မှာ ညင်ညင်သာသာလေး တင်ရုံတင်ထားခဲ့တာ၊ အဆိပ်တွေ မထုတ်ခဲ့ဘူးလို့ ပြောတာ ကို ဟိုကင်းမွန်ကြီး က ငါ မင်းကို အဆိပ်ခတ်ခဲ့တာလို့ပဲ ပြောနေတယ်"}
ရှဲ့စန်းရဲ့ ပုခုံးတွေ တောင့်တင်းလာသည်။ တစ်ကယ်ကြီး တစ်ယောက်ယောက် ကို အဆိပ်သင့်စေနိုင်တာလား။
{"ဒါဆို မင်း သတိထားရမယ်နော်!"}
{"စိတ်မပူပါနဲ့၊ အဆိပ်က တခြားသူတွေ ကို ထိခိုက်လိမ့်မယ်၊ ဒါပေမယ့် မင်းကို မထိခိုက်စေရဘူး။ မင်းက ငါတို့နဲ့ စကားပြောနိုင်တဲ့ တစ်ဦးတည်းသော လူဖြစ်ပြီး မင်းနဲ့ ထိတွေ့ရတာ အရမ်း နေလို့ကောင်းတယ်!"}
ရှဲ့စန်း ကတော့ နည်းနည်း ကြောက်ဖို့ကောင်းတယ် လို့ ထင်ခဲ့သည်။ {"ငါတို့ အပြာရောင် ဂြိုလ်ကနေ မကြာခင် ပြန်တော့မှာ၊ မင်းတို့ကို တွေ့ဖို့ လာလည်မှာပါ။ လူတွေကို ထိခိုက်အောင် မလုပ်ဘူး မဟုတ်လား"}
ရေဘဝဲက မျက်လုံးလှိမ့်လိုက်ပြီး {"ငါ က ဘယ်တော့မှ စပြီး မတိုက်ဘူး။ သူတို့က ငါ့ကို အရင် တိုက်ခိုက်တာ"}
ကင်းမွန်ကြီး က {"ဟုတ်တယ်၊ တစ်ယောက်ယောက် ရေထဲပြုတ်ကျတော့ သူတို့ကို ကယ်ဖို့ ငါ သွားခဲ့တယ်၊ ဒါပေမယ့် သူတို့က အမြဲတမ်း ငါ့လက်တံ ကို ဖြတ်ဖို့ ကြိုးစားကြတယ်"}
ရှဲ့စန်း "........."
သူ ထိုမြင်ကွင်း ကို စိတ်ကူးကြည့်လို့ ရနိုင်သည်။ လူတွေက ရေထဲ ကျနေပြီး သူတို့ဆီ လှမ်းလာတဲ့ လက်တံတွေ ကို မြင်ရုံနဲ့ ... လူတွေကို ကယ်တင်ဖို့လို့ ဘယ်သူ က ထင်မိမှာလဲ။
သေမင်းတမန် ရေ က လူသိများတဲ့ တားမြစ်နယ်မြေတစ်ခု ဖြစ်တယ် ဆိုတော့ လူတွေ က ဒီနေရာကို မရောက်ကြပေ။ ဒီကို ရောက်လာတဲ့ လူသား အများစု က ရာဇ၀တ်သားတွေ ဖြစ်သည်။ အပြာရောင်ဂြိုလ် သည် ရှည်လျားတဲ့ သမိုင်းကြောင်း ရှိခဲ့သည်။ သူက အပြင်လူတစ်ယောက်ဖြစ်ပြီး သူ ဝင်ရောက် စွက်ဖက်ပါ က ကောင်းကျိုးထက် ဆိုးကျိုး ပိုမည် ဖြစ်သည်။ သဘာဝတရားကိုသာ လွှတ်ထားလိုက်တာ ကောင်းပေလိမ့်မည်။
သူ ဘာမှ ထပ်မပြောတော့ပေ။ အနားမကပ်ဖို့ သူတို့ သုံးယောက် ကို ပြောလိုက်တော့ သူတို့ က သူပြောချင်တာကို သိပြီး ကျေးဇူးတင်ကြောင်း ပြောလာကြတယ်။ သူတို့ကို အလည်လာဖို့ ပြန်လာမယ်လို့ ပြောပြီး ပင်လယ်အောက်ခြေကို ဖြည်းဖြည်းချင်း နစ်မြုပ်၍ ထွက်သွားတာ ကြည့်နေခဲ့သည်။
ရှဲ့စန်း ဝေလငါး အပြာကြီးဆီ ပြန်လှည့်သွားသည်။ ပထမဦးဆုံး သူက ဧရာမ မိကျောင်းနဲ့ ဝက်ဝံကြီး ကို ဘယ်သွားချင်လဲ ဟု မေးလိုက်သည်။ နှစ်ယောက်သား ဟိုးအရင်ကတည်းက ဆွေးနွေးပြီး သဘောတူခဲ့တာ ရှိတယ်။
{"မင်း က အိမ်ကြီးတစ်လုံး ဆောက်ထားပြီး အဲဒီ့မှာ ဆက်နွယ်သားရဲတွေ အများကြီး ရှိတယ်လို့ တာ့ဟေးဆီ က ငါတို့ ကြားခဲ့တယ်။ ငါတို့ သွားနေလို့ ရမလား?"}
ရှဲ့စန်း ရယ်လိုက်သည်။ {"ရတာပေါ့"} သူတို့ က သက်သာလာသော်လည်း ကုသဖို့ လိုအပ်နေသေးသည်။ တောထဲမှာ နေရတာ မလုံခြုံတော့၊ သူတို့ကို ဒီမှာ နေခွင့်မပြုချင်ဘူး။ သူနဲ့အတူ လိုက်ခဲ့ဖို့ ဆန္ဒရှိခဲ့တာ က အကောင်းဆုံးပဲ။
သူ ဝေလငါးပြာကြီးရဲ့ ခေါင်းကို ထိလိုက်သည်။ ဝေလငါးပြာကြီး က စိတ်ညစ်နေတဲ့ အသံနဲ့ {"ငါ မင်းနဲ့ လိုက်လို့ မရဘူး။ ငါ့အဖေနဲ့ ဖေဖေ က သေမင်းတမန်ရေထဲမှာ။ ငါ သူတို့ဆီ သွားရမယ်"}
ရှဲ့စန်း က {"အဆင်ပြေပါတယ်၊ နောက်မှ မင်းကို လာတွေ့မယ်"}
သူပြောနေတုန်း သူ့မျက်စိ ရှေ့တွင် ရုတ်ချည်း တောက်ပလာပြီး နဂါးပျံသားရဲရဲ့ စိတ်လှုပ်ရှားနေတဲ့ ဟိန်းဟောက်သံ က တစ်ချိန်တည်း ထွက်လာသည်။ သူ ခေါင်းကို လှည့်ကြည့်တော့ သူ့အခွံကို ဖွင့်ထားတဲ့ ရှဗာင်ယင် ကို တွေ့လိုက်ရသည်။
သူက မိုင်နဲဘက် ပြန်လှည့်ပြီး အခွံကို ညွှန်ပြလိုက်သည်။ မိုင်နဲ က သူ့ကို ပွေ့ဖက်ပြီး ခြင်္သေ့ပျံသားရဲ အနောက်ကနေ ခုန်ချကာ အပြာရောင် ဝေလငါးရဲ့ နောက်ကျောပေါ် ကို ဆင်းခဲ့သည်။
ရှဲ့စန်း က လက်ဆန့်ပြီး အခွံကို ပွတ်သပ်လိုက်သည်။ ချက်ချင်းပဲ ရှောင်ယင်ရဲ့ ငိုသံက သူ့စိတ်ထဲတွင် ပေါ်လာသည်။
{"ဝူးးးးးးးးးးးးးးးးးးး တာ့ဝေ၊ ငါ မင်းကို သွားခွင့်မပြုနိုင်ဘူး..........."}
ရှဲ့စန်း က အံ့ဩသွားသည်။ {"မင်း ဒီမှာ မနေခဲ့ဘူးလား"}
ကဏန်းကြီး က သူ့အရှေ့တွင် ကဏန်းလက်မတွေ ကို ဆန့်တန်းပေးလာတော့ သူ ထိပ်ဖျားကို အသေအချာ ထိလိုက်သည်။
ဂဏန်းကြီး က {"ငါတို့ ဆွေးနွေးပြီးပြီ။ ရှောင်ဃင် နဲ့ ငါက သေမင်းတမန် ရေပြင်မှာ နေဖို့ မသင့်တော်ဘူး။ ရှောင်ယင် နဲ့ ငါ က ပိုလုံခြုံတဲ့ရေ ကို သွားမယ်ဆိုရင်တော့ ငါတို့ အတွက် ရှာတွေ့ဖို့ လွယ်ပါတယ်။ ငါတို့ က မင်းနဲ့အတူ ထွက်သွားပြီး ဆက်နွယ်သားရဲတွေ နဲ့ နေဖို့ ဆုံးဖြတ်လိုက်တယ်။ ငါတို့ နေလို့ ရမလား?"}
ရှောင်ယင် က ရှိုက်ပြီး {"ငါ က နည်းနည်းလေး မှ နည်းနည်းလေးပဲ စားတာပါ၊ ငါ ပုလဲမှုန့်နဲ့ ပြန်လဲပေးမယ်လေ။ နေ့တိုင်း နည်းနည်းလေးစီ ထုတ်ပေးမယ်၊ ဒါပေမယ့် အရမ်း ကြီးတော့ ရမှာ မဟုတ်ဘူး။ ငါတို့ နေလို့ ရနိုင်မလား?"}
ရှဲ့စန်းရဲ့ အပြုံး ပျောက်သွားသည်။ သူတို့ တော်တော်လေး ကျယ်ကျယ်ပြန့်ပြန့် သုံးသပ်ထားတာပဲ။ သူက ရယ်ပြီး {"အဆင်ပြေပါတယ်။ ဒီမှာ ဆက်နေဖို့ က တကယ် မလုံခြုံဘူး၊ အဲဒါကြောင့် စိတ်မပူပါနဲ့ ငါ မင်းတို့ကို ခေါ်သွားမှာပါ"}
ရှောင်ယင် က ထပ်ငိုပြီး တာ့ဝေ ရဲ့ အသံက ထွက်လာသည်။
{"ငါ့ကို ပြန်လာတွေ့ဖို့ သတိရနော်၊ ငါ မကြာခင် အရွယ်ရောက်လာတော့မှာပါ"}
ရှဲ့စန်း က {"ကောင်းပြီ၊ မင်းကို တွေ့ဖို့ ငါ သေချာပေါက် သူတို့ကို ပြန်ခေါ်လာခဲ့မယ်၊ သေမင်းတမန် ရေပြင်ထဲမှာ မင်း သတိထားရမယ်နော်"}
အပြာရောင် ဝေလငါးကြီး က {"ငါက အရမ်း သန်မာပါတယ်နော်"} လို့ ပြောလိုက်တယ်။
ပြောပြီးတာနဲ့ မီတာ ၂၀ နီးပါးမြင့်တဲ့ ရေတံတိုင်း ၂ခု က မနီးမဝေး ပင်လယ်ပြင်မှာ ရုတ်တရက် ထိုးတက်လာပြီး ပင်လယ်ရေ က ပြင်းထန်စွာ ပြန်ကျဆင်းသွားသည် ။
"Wow! အရမ်းးးးး ကြီးတာပဲ!" လောင်ထန်း က ပျံသန်းနေတဲ့ နဂါးသားရဲပေါ်တွင် ထိုင်နေပြီး လည်ပင်းကို ဆန့်၍ ကြည့်ကာ အော်လိုက်သည်။
{"အာ... အဖေနဲ့ ဖေဖေ!"} ဝေလငါးပြာကြီး က အမြီးအား တက်ကြွစွာ ဝှေ့ယမ်းရင်း ခေါ်လိုက်တော့ ဒေါသသံဖြင့် ပြောတဲ့ အသံထွက်လာသည်။
{"ဟမ်၊ ငါက တစ်ယောက်တည်း အမဲလိုက်ဖို့ ထွက်လာတာလေ၊ ဟန်းနီးမွန်း အကြောင်း ပြောပြီး ပျောက်ကွယ်သွားတဲ့သူ က အခုတော့ ငါ့ကို ရှာဖို့ သိပြီပေါ့!"}
ဝေလငါးပြာကြီး နှစ်ကောင် က ကူးခတ်လာပြီး မကြာခင် အနားရောက်လာည်။ လှိုင်းလုံးကြီးတွေ လှုပ်ခတ်သွားသော်လည်း အပြာရောင် ဝေလငါးကြီးရဲ့ ခန္ဓာကိုယ် က တည်ငြိမ်လွန်းသဖြင့် ရှဲ့စန်း ဘာမှမခံစားရဘဲ မလှုပ်မယှက် နေလို့ရသည်။ ဝေလငါးပြာကြီး က ရှဲ့စန်း ကို သူ့မိဘနှစ်ပါးနှင့် မိတ်ဆက်ပေးဖို့ မစောင့်နိုင်ပေ၊ ရှဲ့စန်း က သူတို့ရဲ့ ခေါင်းတွေ ကို ဂရုတစိုက်နှင့် ထိကာ နှုတ်ဆက်လိုက်သည်။
liveကို ကြည့်ရှုပြီးနောက် အနီးနားမှ လာရောက်ကြတဲ့ ခရီးသွား အုပ်စုအချို့ က သေမင်းတမန် ရေပြင်အနားသို့ လာရဲလောက်အောင် ရဲရင့်ခဲ့ကြသည်။ အဝေးက ရေတံတိုင်းတွေ ကို မြင်လိုက်ရတော့ လန့်ဖျပ်သွားပြီး သူတို့ရဲ့ ယာဥ် က ချက်ချင်း အမြင့်ကို ပျံတက်သွားကြသည်။
"My god၊ ဟိုကို...ကြည့်စမ်း!!! ဘယ်လောက်တောင် ကြီးမားတဲ့ ပင်လယ်သတ္တဝါကြီးလဲ!"
"ရေတံတိုင်းတွေ က သူတို့ကြောင့် ဖြစ်လာတာ။ ငါတို့ ကျော်သွားလို့ မရနိုင်ဘူး"
"ဟမ်...၊ တစ်ယောက်ယောက် ရှိနေတတာလား၊ သူ့ဘေးမှာ တစ်ယောက်ယောက် ရှိနေပုံရတယ်"
လူတစ်ယောက် က ရှင်းရှင်းလင်းလင်း မြင်အောင် မှန်ပြောင်းကို ယူ၍ ကြည့်ပြီး အံ့သြစွာ ပြောလာသည်။
"အဲဒါက တင်ဆက်သူနဲ့ သူ့သူငယ်ချင်းတွေပဲ။ Oh my god၊ သူ ပင်လယ် သတ္တဝါကြီးရဲ့ ခေါင်းကို တကယ်ထိနေတာလား။ အကောင်ကြီး က ပါးစပ်ဖွင့်ပြီး မျိုချသွားမှာ ကို သူ မကြောက်ဘူးလား"
"ငါ့ကို ပေးကြည့်! မြန်မြန် ဓာတ်ပုံရိုက်လိုက်။ ဒါက အပင်သားရဲသခင်ရဲ့ ဆွဲဆောင်မှုလား။ အောက်ဆင်းပြီး ပင်လယ်သတ္တဝါကြီးနဲ့ ဓာတ်ပုံရိုက်လို့ ရမလားလို့ မေးကြည့်ရအောင်၊ ဟုတ်တယ် မဟုတ်လား"
အပေါင်းအဖော်တွေ က အရမ်း စိတ်လှုပ်ရှားသွားကြပြီး ရှဲ့စန်း ရှိရာသို့ ပျံသန်းသွားကြသည်။ မျက်နှာပြင်မှ မီတာ၂၀ထက် မနည်းတော့တဲ့ နေရာတွင် ဝေလငါးပြာရဲ့ ဖေဖေသည် ရုတ်တရက်ကြီး သူ့အမြီးကို လှုပ်လိုက်ပြီး ရေကို ပြင်းပြင်းထန်ထန် ပုတ်ပစ်လိုက်လေသည်။ ပင်လယ်ရေက ချက်ချင်း ကြွတက်လာပြီး ယာဥ်ပျံကို ဖြန်းပစ်လိုက်သည်။
အပြာရောင် ဝေလငါးကြီး က {"ဖေဖေ အရမ်းတော်တယ်"} ဟု ကြွေးကြော်ခဲ့သည်။
ရှဲ့စန်း လန့်သွားတော့ အပြာရောင် ဝေလငါး ဖေဖေ က ရှင်းပြလာသည်။
{"သူတို့က ငါတို့ ကလေးရဲ့ ဘေးကင်းတဲ့ နေရာနဲ့ အရမ်း နီးလွန်းနေလို့ပါ၊ စိတ်မပူပါနဲ့၊ အဲဒါ က သတိပေးချက် တစ်ခုါပဲ"}
ရှဲ့စန်း အပေါ်ကို မော့ကြည့်လိုက်သည်။ လှိုင်းလုံးကြီးက တုန်ခါသွားသော်လည်း မကြာမီ ငြိမ်သက်သွားသည်။
"အားးးးးးး! ငါ သေမှာ ကြောက်တယ်လို့" ပျံသန်းနေတဲ့ ယာဉ်မောင်းသူရဲ့ လက်တွေ က ချွေးတွေထွက်နေသည်။
"ငါက ငါ သေတော့မယ် ထင်လိုက်တာ!" အဖော် က ကျယ်လောင်စွာ အော်ပြီး အသက် ပြင်းပြင်း ရှူသွင်းလိုက်သည်။
"အထီး နဲ့ အမကြား ကွာခြားချက် က အရမ်းကြီးတယ်။ တင်ဆက်သူ က သူ့ခေါင်းကို ထိနေတယ်။ ငါတို့လည်း အရှေ့ နည်းနည်းလေးဆို ရောက်နေပြီကို အာ... !"
"ငါတို့ အထီးတွေရဲ့ အနံ့ က ပြင်းထန်လွန်းတော့ သူတို့ မသက်မသာ ခံစားရလို့ ဖြစ်နိုင်တယ်"
အပေါင်းအဖော် အချို့က တစ်ယောက်ကို တစ်ယောက်ကြည့်ကာ "ဟုတ်လောက်တယ်၊ အဲဒါပဲ ဖြစ်မှာပေါ့" ဟု လေးနက်စွာ ပြောလိုက်ကြသည်။
ယာဥ်မောင်း၊ "........."၊ 'ဟိုမှာ Sအဆင့် သားရဲသခင် နှစ်ယောက်တောင် ရှိနေတယ်လေ! ' ချွေးတွေသုတ်ပြီး ဘာမှပြန်မပြောဘဲ မြန်မြန် ပြန်ထွက်သွားသည်။
ရှောင်ယင်၊ ကဏန်းကြီးနဲ့ တိရိစ္ဆာန်တွေ အားလုံးကို အိတ်တွေထဲ ထည့်ထားလိုက်တဲ့ ရှဲ့စန်း ကို ဝေလငါး ဖေဖေ က နှုတ်ဆက်လိုက်တော့ မိုင်နဲ က သူ့ကို ခြင်္သေ့ပျံသားရဲရဲ့ နောက်ကျောပေါ် ကို သယ်ဆောင်သွားသည်။
အပြာရောင် ဝေလငါးကြီးရဲ့ နောက်ကျော က ဗလာ ဖြစ်သွားပြီး အခြား အပြာရောင် ဝေလငါးကြီးတွေနဲ့ သေမင်းတမန် ရေပြင်ထဲသို့ လိုက်သွားခဲ့သည်။ ကူးခတ်ရင်း နှုတ်ဆက်စကား အဖြစ် အမြီးကို ဘေးတစ်ဖက်သို့ လှုပ်ယမ်းပြခဲ့သည်။
ရှဲ့စန်း သူ့ကို လက်ပြလိုက်သည်။ သူလည်း အရမ်း ခေါ်သွားချင်သော်လည်း အပြာရောင် ဝေလငါး က အပြာရောင်ဂြိုလ်နဲ့ သက်ဆိုင်ကြောင်း သူ့စိတ်ထဲတွင် သိထားသည်။ တခြားနေရာ က သူ နေထိုင်ဖို့ လုံးဝ မသင့်တော်ပေ။
မိုင်နဲ က သူ့ပခုံးကို ကိုင်လိုက်သည်။ "နောက်မှ မင်းနဲ့အတူ ပြန်လာမယ်လေ"
ရှဲ့စန်းရဲ့ မျက်လုံးတွေ တောက်ပလာပြီး "အင်း၊ အပြာရောင်ဂြိုလ်မှာ ခရီးသွားဖို့ သင့်တော်တဲ့ ပတ်ဝန်းကျင် ကောင်းကောင်း ရှိတယ်။ နောက်ပိုင်း ဖရဲသီး အထွက်နှုန်း ကောင်းလာရင် ပင်လယ်ရေစိမ်ပြီး ဖရဲသီး ဖျော်ရည်သောက်ရရင် အရမ်း ကောင်းမှာ" ဟု ပြောလိုက်သည်။
လောင်ထန်း က "ငါလည်း လိုက်ချင်တယ်!" သူက တောက်ပတဲ့ အပြုံးကို ပြုံးပြလိုက်သည်။
"အခု ရေသူမလှေ စီးဖို့ သွားရအောင် ဟုတ်ပြီလား"
ရှဲ့စန်း လောင်ထန်း အကြောင်း သိတော့ အရမ်း စိတ်ဝင်စားသွားပြီး ချက်ချင်းပဲ "ရတာပေါ့၊ မင်း ဦးဆောင်ပြီး သွားလေ"
လောင်ထန်း က တက်ကြွသွားပြီး နဂါးပျံကြီး က အရှေ့ဘက်ကို ဦးတည်ပျံသန်းသွားပြီး ခြင်္သေ့ပျံသားရဲ က အနောက်ကနေ လိုက်သွားသည်။
နာရီဝက်လောက် ကြာတော့ အပန်းဖြေ ဥယျာဉ် ကို ရောက်သွားသည်။ လောင်ထန်း က သူတို့ကို ရေသူမလှေ စီးဖို့ တိုက်ရိုက် ခေါ်သွားသည်။ ရေသူမလှေတွေ က ရှည်လျားပါးလွှာပြီး ကြီးမားတဲ့ အရွယ်အစားဖြင့် ဆိပ်ကမ်းကို ရောက်လာကြသည်။ ရှေ့ရောနောက်ပါ လူနှစ်ယောက် ဘေးချင်းကပ် ထိုင်လို့ရပြီး ထိုင်ခုံ နှစ်တန်းပါတဲ့ လှေငယ်တစ်စီး ကို မှာလိုက်သည်။
ရှဲ့စန်း သည် ဝန်ထမ်းများနှင့် ဆိပ်ခံတံတားသို့ လိုက်သွားခဲ့သည်။ ရုတ်တရက် သူ့နာမည် ကို ကြားလိုက်ရပြီး မသိစိတ်က ခေါင်းကို လှည့်ကြည့်လိုက်သည်။
"အားးးးးးး! အဲဒါက တကယ်ကြီး တင်ဆက်သူပဲ!"
"တင်ဆက်သူရေ.. ၊ ဒီကို ကြည့်ပါ။ ငါ့ကို သေမင်းတမန် ရေမှာ ရေကစားဖို့ ခေါ်သွားပေးနော်၊ ဟုတ်ပြီလား။ ငါ ပိုက်ဆံပေးလို့ ရပါတယ်!"
"တင်ဆက်သူ ပရိတ်သတ် တွေ့ဆုံပွဲ က ဘယ်တော့လဲ။ ဆက်နွယ် သားရဲတွေ ကို တွေ့ချင်တယ်!"
သူတို့ရဲ့ လှုပ်ရှားမှု က လူအများရဲ့ အာရုံစိုက်မှု ကို ဆွဲဆောင်ခဲ့ပြီး ရှဲ့စန်း ကို လူအများအပြား က တွေ့သွားခဲ့ကြသည်။ သူတို့ အားလုံး က ရှဲ့စန်း ကို လိုက်ပို့ပေးဖို့ တောင်းဆိုနေကြသည်။
မိုင်နဲ က ရှဲ့စန်း ကို သူ့ရင်ခွင်ထဲတွင် ဖက်ထားပြီး အခြားသူတွေရဲ့ မြင်ကွင်းမှ သူ့ကို ပိတ်ဆို့ပေးထားသည်။
လောင်ထန်း က နောက်ပြန် လှည့်ကြည့်ပြီးတော့
"Wow၊ အားစန်း မင်းက အရမ်း နာမည်ကြီးတာပဲ"
ရှဲ့စန်း ကူကယ်ရာ မဲ့သွားသည်။ "ဒါက ကောင်းတဲ့ ကိစ္စတော့ မဟုတ်ဘူး။ အပြင်ထွက်တဲ့ အခါတိုင်း အသိအမှတ် ပြုခံရတာ က အရမ်း ဒုက္ခများတယ်"
ပိုင်ကျောင်း က "မင်းရဲ့ အသားအရေ အရောင် ကို ပြောင်းဖို့ ငါ့မှာ ဆေးတစ်မျိုးရှိတယ်၊ ဒါမှမဟုတ်ရင် မင်း အပြင်ထွက်တဲ့အခါ မိတ်ကပ်လိမ်းပြီး ကိုယ့်ကိုကိုယ် ရုပ်ဖျက်ဖို့ သင်ယူလို့ ရတယ်"
ရှဲ့စန်း သူ့လက်ကို ယမ်းလိုက်သည်။ "မိတ်ကပ် က ငါ့အတွက် အရမ်း ခက်တယ်။ ဒီအကြောင်း ကို နောက်မှပြောကြရအောင်"
"ဒါက လှေပါ" အစောင့်က ရေထဲက လှေကို လက်ညှိုးထိုးပြပြီး ရယ်လိုက်ည်။ သူတို့ လေးယောက်ကို စူးစူးဝါးဝါး ကြည့်သော်လည်း နောက်ထပ် မေးခွန်းမမေးတော့ပေ။
ရှဲ့စန်း က တစ်ချက် ကြည့်လိုက်ပြီး ချက်ချင်းပင် အံ့အားသင့်သွားသည်။ ကမ်းစပ် ကို ကိုင်ထားရင်း လှေဘေးမှာ ရှိတဲ့ ရေသူမ ၄ယောက် ကို သူ အာရုံစူးစိုက်ပြီး စိုက်ကြည့်နေလိုက်သည်။
သူတို့တွင် ပင်လယ် ရေမှော်နဲ့ တူတဲ့ ဆံပင်၊ ဖောက်ထွင်းမြင်ရတဲ့ ပါးဟပ်၊ ကြီးမားတဲ့ အစိမ်းရင့်ရောင် အမြီးတွေ ရှိသည်။ ရင်ဘတ်၊ဝမ်းဗိုက်ရှိ ကြွက်သားတွေ က မသန်မာသော်လည်း ပြည့်စုံတဲ့ ခန္ဓာကိုယ် အနေအထား ရှိသည်။ လေးယောက်လုံး က မတူကြပေမယ့် အားလုံး က အရမ်း ကြည့်ကောင်းကြသည်။
သူတို့ရဲ့ မျက်တောင်နဲ့ ဆံပင်တွေ က အရောင်တူကြောင်း ရှဲ့စန်း သတိပြုမိပြီး လန်နီ အကြောင်းကို ချက်ချင်း စဉ်းစားမိသည်။ ဒါဆို လန်နီ က အပြာရောင် ရေသူမလေး ဖြစ်နိုင်သည်။
(T/N ရေသူမ လို့ပဲ ဘာသာပြန်လိုက်တယ်နော်၊ သူက အထီး၊ အမ မခွဲပေးထားဘူးရယ် ၊ eng tran က ပြောင်းရင် ကိုယ်လည်း လိုက်ပြောင်းပေးမယ်နော်)
ကျန်တဲ့ သုံးယောက်ကတော့ တည်ငြိမ်နေတယ်။ ရေသူမရဲ့ ပုံစံကို သူတို့ မြင်ဖူးတာ ပထမအကြိမ် မဟုတ်ဘူး ဆိုတာ ထင်ရှားသည်။
လောင်ထန်း သည် လှေကားထစ် ကို နှစ်လှမ်း သုံးလှမ်းဖြင့် လှမ်းပြီး လှေပေါ် ခုန်တက်ကာ ရှေ့ခုံတွင်ထိုင်၍ ပိုင်ကျောင်းဆီ ပြန်လှည့်ကာ လက်ကို ဝှေ့ယမ်းလိုက်သည်။
"အားကျောင်း၊ ဒီမှာ လာထိုင်"
ပိုင်ကျောင်း က ပြုံးပြီး သူ့ဘေးက ခုံမှာ ဝင်ထိုင်လိုက်တယ်။
မိုင်နဲ နဲ့ ရှဲ့စန်း က လက်ကို ကိုင်လိုက်ပြီး နောက်ခုံတွင် ဘေးချင်းကပ် ထိုင်လိုက်သည်။
ညာဘက်ခြမ်းရှိ ရေသူမလေးက ရယ်မောလိုက်ပြီး "မင်းအရှေ့က လက်တန်း ကို ကိုင်ထားပေးပါ။ ကြောက်ရင် အသံ ကျယ်ကျယ် အော်လို့ ရတယ်။ အခု သုံးကနေ တစ် အထိ ရေတွက်ပါ။ ငါတို့ စထွက်တော့မယ်။ သုံး၊ နှစ်၊ တစ်"
'တစ်' ဟူသော စကားလုံး ထွက်သွားသည်နှင့် ရေသူမ ၄ယောက် က သူတို့ရဲ့ အမြီးတွေ ကို တစ်ချိန်တည်း လှုပ်ယမ်းလိုက်ကြသည်။ လှေက မြှားတစ်စင်းကဲ့သို့ ဖြစ်သွားပြီး လှေ ထွက်သွားခဲ့သည်။ ရေသူမတွေရဲ့ တွန်းအားနဲ့ လှေက အရှေ့ကို ပြေးထွက်သွားပြီး မတ်စောက်စွာ လည်သွားသည်။ အချိန် အတော်ကြာအောင် သွားပြီးနောက် ရေသူမတွေရဲ့ အမြီးတွေ က ရေပြင်ကို ပုတ်လိုက်တော့၊ လှေက လေထဲ ကို မြောက်တက်သွားပြီး ရေသူမလေးတွေ က အမြီးတွေကို လှန်လိုက်ကြတော့ လှေက ရေထဲ ပြင်းပြင်းထန်ထန် ပြုတ်ကျသွားသည်။
"အားးးးးး..!" အမျိုးမျိုးသော အော်သံများ အနှံ့အပြား ထွက်ပေါ်လာသည်။
ရှဲ့စန်း သူ့မျက်လုံးတွေ မှိတ်သွားပေမယ့် ပတ်ပတ်လည် ကို ကြည့်ဖို့ အတင်းဖွင့်လိုက်သည်။ သူ့ဘေးမှာ အရောင်မျိုးစုံ ရှိတဲ့ လှေငယ် အနည်းငယ်ရှိပြီး လေထဲခုန်ကာ ရေထဲ ပြန်ကျသွားသည်။
သူ ရင်ခုန် စိတ်လှုပ်ရှားစွာနဲ့ ခုန်နေပြီး မိုင်နဲ က သူ့လက်ကို တင်းတင်းကြပ်ကြပ် ဆုပ်ကိုင်ထားသည်။ ခေါင်းကို လှည့်ကာ မိုင်နံ ကို ပြုံးပြလိုက်သည်။ လှေက အပေါ် တက်သွားပြီး ကျလာသဖြင့် ကျယ်လောင်စွာ အော်လိုက်သည်။
လောင်ထန်း က အရှေ့ခုံမှ အားတက်သရော အော်ဟစ်နေပြီး အခြားလှေများစွာ ဖြတ်သွားစဉ် လက်ဝှေ့ယမ်းကာ နှုတ်ဆက်လိုက်သည်။
၁၀မိနစ်လောက် ကြာတော့ လှေက တခြား ဆိပ်ကမ်းမှာ ရပ်သွားသည်။ အဆက်မပြတ် စိတ်လှုပ်ရှားနေရာ ကနေ လွတ်ငြိမ်းချမ်းသာမှု ထွက်ပေါ်လာသည်။ ရှဲ့စန်း သည် သူ့ထိုင်ခုံတွင် ထိုင်ကာ သူ့မျက်နှာပေါ်တွင် အပြုံးတစ်ခုရှိနေသည်။
မိုင်နဲ က သူ့ကို ပြုံးစိစိဖြင့် ကြည့်နေသည်။ "မင်း ကြိုက်လား?"
ရှဲ့စန်း ချက်ချင်း ခေါင်းညိတ်လိုက်သည်။ "စိတ်လှုပ်ရှားစရာကောင်းတယ်"
ဒါက သူတို့ ဘေးကင်းရေး ကို အလေးထားပြီး ပျံသန်းနေတဲ့ ခြင်္သေ့သားရဲနဲ့ လုံးဝ ကွဲပြားပြီး အတက်အဆင်း၊ အရှိန်အဟုန်ဖြင့် ဖြတ်သွားခဲ့သည်။
ရေသူမလှေရဲ့ ဆင်းသက်မှု က လုံးဝ လွတ်လပ်စွာ ပြုတ်ကျခြင်း ဖြစ်သည်။ အမြန်နှုန်း ကို နှေးကွေးရန် ပြင်ပ တွန်းအား မရှိတာကြောင့် ပိုပြီး စိတ်လှုပ်ရှားစရာ ကောင်းသည်။
လောင်ထန်း ပိုင်ကျောင်း ကို ကြည့်လိုက်တော့ ပိုင်ကျောင်းရဲ့ အောက်နှုတ်ခမ်းတွင် သွားရာများ ရှိနေတာ ကို သတိပြုမိသည်။ သူ လက်ကို ဆန့်ပြီး နှုတ်ခမ်းကို လှမ်းထိလိုက်သည်။ မထင်မှတ်ပဲ နှုတ်ခမ်း က နူးညံ့နေတယ်။ "မင်း မကြိုက်ဘူးလား" လို့ စိတ်ပျက်လက်ပျက်နဲ့ ပြောလိုက်တယ်။
ပိုင်ကျောင်း အံ့သြသွားသည်။ သူ့ခေါင်းကို နောက်ပြန်ဆုတ်လိုက်ပြီး နှုတ်ခမ်းလေး နည်းနည်း ကွေးသွားကာ
"မဟုတ်ဘူး၊ အရမ်း ကြိုက်တယ်။"
လေထဲ မြောက်သွားတဲ့ အချိန်တုန်း က လွှင့်ပစ်လိုက်သလိုမျိုး မသက်မသာ ခံစားရလိုက်ပေမယ့် တစ်ချိန်တည်းမှာပဲ ဒါက ပေါ့ပါးပြီး ပျံသန်းနေတဲ့ ခံစားချက်တစ်မျိုး ဖြစ်လာကာ အဆုံးမှာတော့ သူ့စိတ်ခံစားချက် က အရမ်းကို အေးချမ်းသွားတယ်။
လောင်ထန်း က သူ့ကို မယုံဘဲ နှုတ်ခမ်းကို ညွှန်ပြလိုက်တယ်။ "မင်း နှုတ်ခမ်းကို ကိုက်ထားလို့ သွေးထွက်နေတယ်"
ပိုင်ကျောင်း မသိစိတ်က သူ့နှုတ်ခမ်းတွေ ကို လျှာနဲ့ သပ်လိုက်ပြီး ပေါ့ပေါ့ပါးပါး ပြုံးပြလိုက်တယ်။
"ဒါက မအော်မိအောင် ထိန်းထားတာလေ"
လောင်ထန်း က အနည်းငယ် စိုစွတ်နေတဲ့ နှုတ်ခမ်းတွေ ကို စိုက်ကြည့်ရင်း နှလုံးခုန်သံ ရုတ်ချည်း မြန်သွားသည်။ လေထဲမြောက်သွားးတဲ့ အချိန်ကထက်တောင် ပိုမြန်နေတယ်။
ပိုင်ကျောင်း ထိုအကြည့် အောက်တွင် မသက်မသာ ခံစားရပြီး သူ့မျက်လုံး အရှေ့တွင် သူ့လက်ကို ဝှေ့ယမ်းကာ ချောင်းဆိုးလိုက်သည်။
"ဘာမှားနေလို့လဲ?"
လောင်ထန်း က သတိပြန်ဝင်လာပြီး တဟားဟား ရယ်ကာ ခေါင်းအနောက်ကို ပွတ်လိုက်သည်။
"ဘာမှ မဟုတ်ဘူး။ အသံ ကျယ်ကျယ် အော်ရမှာ ကြောက်တာလား။ အားစန်း က အော်နေတာ မဟုတ်ဘူးလား?"
ရှဲ့စန်း က ခေါင်းညိတ်လိုက်ပြီး ပိုင်ကျောင်း အား "အကျယ်ကြီး အော်လိုက်ရတာ အရမ်း ကောင်းတယ်။ နောက်တစ်ကြိမ်ကျရင် အော်ကြည့်ပါ။ အရမ်း ကောင်းတယ်!"
လောင်ထန်း က "ဒါဆို ထပ်စီးရအောင်!"
ပိုင်ကျောင်း က ခေါင်းခါလိုက်ပြီး "ငါ နည်းနည်း အနားယူရမယ်"
ရှဲ့စန်း သူ့ရင်ဘတ်ကိုသူ ပုတ်လိုက်သည်။ "ငါလည်း အနားယူရမှာပေါ့" သူ့နောက်ကျော ကို တိတ်တဆိတ် ပွတ်သပ်လိုက်သည်။ မနေ့ညရဲ့ နောက်ဆက်တွဲ အကျိုးဆက်ကြောင့် သူလက်လျှော့လိုက်သည်။
မိုင်နဲ က ရှဲ့စန်းရဲ့ လှုပ်ရှားမှု ကို သတိပြုမိပြီး ရှဲ့စန်းရဲ့ ခါးပေါ်တွင် သူ့လက်ကို တင်လိုက်သည်။ သူ မျက်မှောင်ကြုတ်ပြီး ဘာတွေဖြစ်နေတာလဲ မေးချင်ပေမယ့် ရှဲ့စန်း က သူ့ကို စိုက်ကြည့်နေသည်။
"မေးဖို့ မစဥ်းစားနဲ့ ငါ အဆင်ပြေတယ်!!!"
မိုင်နဲ က အသာ ရယ်မောလိုက်ပြီး ပိုင်ကျောင်း နဲ့ လောင်ထန်း တို့က လှေပေါ်က ဆင်းလိုက်ကြသည်။ သူတို့ ပျော်ပျော်ပါးပါး နေပြီးနောက် ဟိုတယ် ကို ပြန်လာခဲ့ကြသည်။
လမ်းမှာ သူတို့ လေးယောက် က ဆွေးနွေးပြီး နောက်တစ်နေ့မှာ ပြန်ဖို့ ဆုံးဖြတ်လိုက်သည်။ အပြန် ခရီး က ၅ရက်နီးပါး ကြာမြင့်မည် ဖြစ်ပြီး စောစော ပြန်ပါက၊ ဇူလိုင်လ မတိုင်မီ ဘရန့်ဒ်ဂြိုလ်သို့ ပြန်သွားနိုင်သည်။ ဆုံးဖြတ်ချက် ချပြီးနောက် လောင်ထန်း က လျှူရှန်းထံ ဆက်သွယ်ပြီး ထွက်ခွာမယ့် အချိန်ကို စီစဉ်ပေးခဲ့သည်။
"အားစန်း၊ နေ့လည်စာ အတွက် ဟော့ပေါ့အစပ် စားချင်တယ်၊ အဆင်ပြေလား" ဟိုတယ်ကို ရောက်တဲ့အခါ လောင်ထန်း က ရှဲ့စန်း ကို မျှော်တလင့်တကြီး ကြည့်နေခဲ့သည်။
ရှဲ့စန်း ခေါင်းညိတ်လိုက်ပြီး "ရတယ်လေ" သူတို့ မကြာခင် ထွက်သွားရင် နောက်တစ်ခါ ပင်လယ်စာ စားဖို့ဆိုတာ လွယ်မှာ မဟုတ်ချေ။
သူတို့ ၄ယောက် က ၅၇ထပ်မှာ သီးသန့်အခန်း ကို ကြိုတင် မှာထားပြီး ဟော့ပေါ့ ၂အိုး မှာလိုက်သည်၊ တစ်အိုး က ငရုတ်သီးနဲ့ ဖြစ်ပြီး အချိုနဲ့ တစ်အိုး မှာခိုင်းလိုက်သည်။ စပ်ဖျဉ်းဖျဉ်း အနံ့ က မကြာမီ ပျံ့လွင့်သွားကာ ကျန်တဲ့ လောဘကြီးသော ဧည့်သည်တွေ ကို စွဲဆောင်သွားသည်။
စားဖိုမှူး က အခုအခါ အတွေ့အကြုံ ရှိနေခဲ့ပြီး၊ သူတို့ ထုတ်ကုန် အသစ်တွေ ကို ဖန်တီးနေကြောင်းနှင့် တူညီတဲ့ ဟော့ပေါ့ ကို လိုချင်တဲ့ ဖောက်သည်ကို ပြန်လည်တုံ့ပြန်ခဲ့သည်။ သူတို့ လေးယောက် ပင်လယ်စာ ချက်ပြုတ်ဖို့ စောင့်ရင်း စကားစမြည် ပြောနေတုန်း လန်နီ က အခန်းထဲ ဝင်လာသည်။
လန်နီရဲ့ မျက်လုံးတွေ က ဟော့ပေါ့ပေါ်တွင် ခဏကြာအောင် စိုက်ကြည့်နေခဲ့သည်။
"တိုက်ဆိုင်လိုက်တာ။ မင်း မကြာခင် အပြာရောင်ဂြိုလ် က ပြန်တော့မှာ မဟုတ်လား။ ဒီဟင်း က ငါ့အတွက်ပဲ" ဟု ပြောကာ လွတ်နေတဲ့ နေရာတွင် ထိုင်လိုက်သည်။
ရှဲ့စန်း က ပြုံးပြီး "ကျေးဇူး အများကြီး တင်ပါတယ်"
လန်နီ က မာနကြီးစွာ ခေါင်းညိတ်ပြသော်လည်း သူ့လက်တွေ က မနှေးပေ။ အသားကျက်တာ တွေ့တာနဲ့ မစောင့်တော့ပဲ စ စားတော့တယ်။
လောင်ထန်း က ဟော့ပေါ့ကို စိုက်ကြည့်ရင်း ကျက်သွားတာ ကို တွေ့တော့ ချက်ချင်း မြန်မြန် စားလိုက်တော့တယ်။ စားပြီးတော့ လန်နီ က ပါးစပ်ကို သုတ်လိုက်ပြီး ရေအနည်းငယ် သောက်လိုက်သည်။ သူ့မျက်နှာက နီရဲနေပြီး နှုတ်ခမ်းတွေက သွေးတွေ ရွှဲနေသလို နီရဲနေကာ သူ့မျက်လုံးတွေ က စိုစွတ် နေသည် ။
အစပ်အိုး ကို ကြည့်လိုက်သည်။ "မင်းမှာ ငရုတ်သီးဘယ်လောက်ရှိလဲ။ ငါ့ကို ရောင်းပါ"
ရှဲ့စန်း က ကျန်ရှိတဲ့ စွမ်းအင် ကို ကြည့်လိုက်သည်။ ၃၀၀ ကျော် ရှိနေသေးသည်။ သူ စဉ်းစားလိုက်သည်။
"ရတယ်၊ ဒါပေမယ့် ငါ ပိုက်ဆံမလိုချင်ဘူး၊ အပြာရောင်ဂြိုလ်ရဲ့ အထူး အစားအစာ က ဘာလဲ"
လန်နီ ခေါင်းညိတ်လိုက်သည်။ "နေလှန်းထားတဲ့ ငါးလေးတွေ၊ ပုစွန်၊ ဂုံးကောင်တွေနဲ့ တခြားအစားအစာတွေ ရှိတယ်။ ဒါဆို ရမလား?"
ရှဲ့စန်းရဲ့ မျက်လုံးတွေ တောက်ပလာသည်။ "ရတယ်၊ ငရုတ်သီးမှုန့် ကို တိုက်ရိုက်ပေးမယ်၊ အစပ်ဆုံးပဲ။ အစပ် ဟော့ပေါ့လို အရသာရှိအောင် နည်းနည်း သုံးရုံပဲ။ အဲဒါဆို ဘယ်လိုလဲ?"
"ကောင်းပြီလေ"
နောက်ဆုံးတွင် ရှဲ့စန်း က ငရုတ်သီး အတောင့် နှစ်ဆယ်ကို လဲလှယ်ပြီးနောက် အားလုံးကို ပုံးထဲတွင် အမှုန့်ဖြစ်အောင် လုပ်ခိုင်းထားလိုက်သည်။ အဲဒါကို အပြာရောင်ဂြိုလ်ရဲ့ အခြောက်လှန်းထားတဲ့ ကုန်ပစ္စည်း ပေါင်၂၀ဖြင့် လဲလှယ်ခဲ့သည်။
သူက ပိုပြီး လဲလှယ်ချင်ပေမယ့် ကုန်ခြောက် က နည်းနည်းလေးပဲ ရှိတယ် လို့ လန်နီ က ပြောသည်။ ရေသူမတွေ က လတ်ဆတ်တဲ့ ပင်လယ်စာ စားရတာ နှစ်သက်တာကြောင့် ရေသူမတွေ အတွက် အစားအစာ ထောက်ပံ့မှု သေချာစေဖို့ အပြာရောင်ဂြိုလ်တွင် အများသူငှာ ရောင်းချဖို့အတွက် အမြောက်အမြား ဖမ်းခြင်း ကို တားမြစ်ထားသည်။ ဒီကုန်ခြောက် ပစ္စည်းတွေ ကို အခြားဂြိုလ်ရဲ့ သံတမန်များ အတွက် အထူး ပြင်ဆင်ထားတာ ဖြစ်သည်။
ရှဲ့စန်း က ကုန်ခြောက် အမြောက်အမြား ရှိတဲ့ ကုန်ပစ္စည်းတွေ ကို ကြည့်ကာ အမြတ်ရသည် ဟု ခံစားလိုက်ရသည်။
စားသောက်ပြီးနောက် သူတို့ လေးယောက် လမ်းလျှောက်သွားရင်း လက်မှုပစ္စည်း၊ ခရုခွံနှင့် ပုလဲထွက်ကုန် အချို့ကို ဝယ်ခဲ့ကြသည်။
ရှဲ့စန်း ခေတ်မီလှပတဲ့ ကြော်ငြာတွေ ကို စဉ်းစားပြီး ပိုင်ကျောင်း အား ပြောခဲ့သည်။
"ပုလဲမှုန့် က ခန္ဓာကိုယ်အတွက် ကောင်းပြီး အသားအရေ ကို ဖြူစင်စေတယ်၊ နောက်ထပ် ဝယ်ထားသင့်တယ်"
ပိုင်ကျောင်းရဲ့ မျက်လုံးတွေ တောက်ပလာသည်။
"ပုလဲမှုန့် ကို သောက်ဖို့ ရှေးစာအုပ် တစ်အုပ်မှာ တစ်ခါတွေ့ဖူးပေမယ့် စာမျက်နှာတွေ က စုတ်ပြတ်သွားလို့ တိကျတဲ့ အာနိသင်တွေ ကို မတွေ့ရဘူး။ အဲဒါကို ဘယ်မှာတွေ့တာလဲ။ အချက်အလက်တွေ ငှားလို့ ရနိုင်မလား"
ရှဲ့စန်း က ခြောက်ကပ်စွာ ရယ်မောလိုက်သည်။ "အင်း၊ ငါလည်း မေ့သွားပြီ။ ငါ့မှာ အချက်အလက် တစ်ခုပဲ ရှိပြီး သိပ်ရှင်းရှင်းလင်းလင်း မသိဘူး"
ပိုင်ပကျာင်း က နည်းနည်းတော့ နောင်တရသွားပေမယ့် မကြာခင်မှာပဲ ထပ်ပြီး ရယ်လိုက်တယ်။ "ရပါတယ်၊ သူတို့က ပစ္စည်းတွေပဲ။ ဆေးရဲ့ ဆိုးကျိုးတွေ ကို လေ့လာရတာ လွယ်ပါတယ်"
သူ က ပုလဲမှုန့် ကို တွေ့ရန် လမ်းသို့ တိုက်ရိုက် သွားကာ အားလုံးကို ဝယ်ခဲ့သည်။
သူတို့ လေးယောက် က နေ့ခင်းဘက် ဈေးဝယ်ထွက်ကြပြီး ညစာစားချိန်မှာ ဟိုတယ်ကို ပြန်လာကြသည်။ အတူတူ စားသောက်ကြပြီး အိပ်ခန်းထဲ ပြန်ဝင်ကြသည်။
စက်ရုပ် ပရိုဂရမ် ကို ရေးဆွဲနေတဲ့ မိုင်နဲ က သူ့ဘေးတွင် ထိုင်နေချိန် သူကတော့ ဆိုဖာပေါ်တွင် လှဲနေခဲ့သည်။
ရှဲ့စန်း သူ့စိတ်ထဲတွင် အက်ဒမ် ကို ခေါ်လိုက်သည်။ ဒီတစ်ကြိမ်တွင် အက်ဒမ် က လျင်မြန်စွာ တုံ့ပြန်ခဲ့ပြီး သူရဲ့ အသံမှာ အားနည်းသွားသည်။
( "အားစန်း")
ရှဲ့စန်း က စိုးရိမ်တကြီးမေးခိုက်သည်။ ("မင်းဘာဖြစ်နေတာလဲ။ စွမ်းအင် ပြန်ရပြီး အခြေအနေ ကောင်းသင့်တယ် မဟုတ်ဘူးလား")
အက်ဒမ် က သက်ပြင်းချရင်း ("ဒါပေမယ့် စွမ်းအင်က တကယ် ပြန်မကောင်းလာသေးဘူး။ ရေစွမ်းအင် ကို စုဆောင်းပြီးတော့ စွမ်းအင်ကို ပေါင်းစည်းဖို့ လုပ်တာ၊ ရေစွမ်းအင် က ငါးပုံတစ်ပုံလောက် လိုနေတာ တွေ့လိုက်ရတယ်။ သူ့ရဲ့ နေရာ ရှာဖို့ လက်ကျန်စွမ်းအင်နဲ့ အာရုံခံဖို့ လုပ်ခဲ့ပေမယ့် မရဘူး")
ရှဲ့စန်း အေးခဲသွားပြီး ညာဘက်ပခုံးပေါ်မှ အင်္ကျီကို ဆွဲချလိုက်သည်။ ("ပြန်ကောင်းလာလို့ ပြီးသွားပြီထင်တာ...") သူ့စာကြောင်း တစ်ဝက်လောက်မှာ တောက်ပနေတဲ့ ငါးရောင်စုံ ပျိုးနီပန်း ကို ကြည့်ပြီး ရုတ်တရက် သဘောပေါက်သွားသည်။
စွမ်းအင် ငါးမျိုး ကို ပေါင်းစပ် မထားတဲ့အခါ၊ စွမ်းအင်ပြန်ယူရင် တစ်မျိုးစီအတွက် သက်ဆိုင်ရာ အရောင် က တောက်ပလာလိမ့်မယ်၊ သို့သော် စွမ်းအင် ငါးမျိုးလုံး ကို စုဆောင်းလိုက်တော့၊ ပျိုးနီပန်း အရောင် က သူ့ရဲ့ မူလအရောင် ဖြစ်သင့်တယ်__အနီရောင်လေ ......
ကမ္ဘာပျက်ကပ် မတိုင်ခင်က ပျိုးနီပန်းလို အနီရင့်ရင့်လေးလေ။
စွမ်းအင် ပြန်ယူတဲ့ ကာလမှာ ပျိုးနီပန်း ပြောင်းလဲမှုတွေ ရှိပေမယ့် သူ့အတွေးတွေ က ရှုပ်ယှက်ခတ်နေတယ်လေ၊ အဲဒါကြောင့် အရောင်မှိန်နေတဲ့ ပွင့်ချပ် က အလင်းတန်းကို မြင်တော့ ရေစွမ်းအင် စုဆောင်းမှု ပြီးသွားပြီလို့ ထင်ခဲ့တာ။ အဲဒါကြောင့် သူ နိုးလာပြီး ပျိုးနီပန်း ပွင့်ချပ်တွေ အားလုံး လင်းနေတာ မြင်ရတော့ ပြဿနာရှိနေမှန်း လုံးဝ မသိလိုက်တာ။
ဘယ်လောက်တောင် ရူးရတာလဲ၊ သူ့ကိုယ်သူ ကျိန်ဆဲလိုက်တယ်။
အဲဒါကို သူစဉ်းစားပြီး အက်ဒမ်ကို နှစ်သိမ့်လိုက်သည်။
("အဆင်ပြေပါတယ်၊ စိတ်မပူပါနဲ့။ ငါတို့ ပြီးပြည့်စုံတဲ့ စွမ်းအင် လေးခုတောင် ပြန်ရပြီးပြီလေ၊ အချိန် ၃နှစ်ကျော် ကျန်သေးတယ်။ ငါတို့ သေချာပေါက် နည်းလမ်းရှာတွေ့လိမ့်မယ်")
အက်ဒမ် လန့်သွားသည်။ ("ဟုတ်တယ် မင်းပြောတာ မှန်တယ်။ ရေစွမ်းအင်က ငါးပုံတစ်ပုံပဲ ရှိတော့ အရမ်း အားနည်းပြီး အခု အာရုံခံလို့ မရပေမယ့် ငါ့ရဲ့ကိုယ်ပိုင်စွမ်းအင် က လုံလောက်နေသရွေ့ ငါ အာရုံခံနိုင်မှာပါ"
ရှဲ့စန်း က ချက်ချင်း မေးလိုက်တယ် ("မင်းရဲ့ စွမ်းအင်တွေ က အသက်သွင်းထားတဲ့ အပင်တွေ များလေ ပိုအားကောင်းလေလား")
("ဟုတ်တယ် အားစန်း က အရမ်း စမတ်ကျတယ်") အက်ဒမ် က ရှဲ့စန်း ကို ချီးကျူးပြီး အားပေးလိုက်တယ်။
("အားစန်း က အကောင်းဆုံးပဲ။ ကြည့်လေ...၊ သုံးလကျော် အတွင်းမှာ မင်း အပင်အမျိုးအစား ၅ခုပို စပြီး အသုံးပြုနိုင်နေပြီ။ အပင်တွေ အများကြီး ကို မြန်မြန်ဆန်ဆန် အသက်သွင်းနိုင်မှာ သေချာတယ်။ငါလည်း အနားယူပြီး အားအင်တွေ စုဆောင်းမိအောင် အစွမ်းကုန် ကြိုးစားသွားမှာ"
ရှဲ့စန်း က ("မင်း ကောင်းကောင်း အနားယူပါ၊ ငါလည်း အကောင်းဆုံး လုပ်မှာပါ")
("အားစန်း က အရမ်း မိုက်တယ်") အက်ဒမ်က ထပ်ချီးမွမ်းပြီး ဘာမှ ထပ်မပြောတော့ပေ။
ရှဲ့စန်း စနစ် ကို ဖွင့်ပြီး စာမျက်နှာ၆ သို့ တည့်တည့် လှန်လိုက်သည်။ သူ စွမ်းအင်ကို ကြည့်ပြီးနောက် အပေါင်း လက္ခဏာ ကို ကြည့်လိုက်တော့ (' အပင်ကို အသက်သွင်းဖို့ စွမ်းအင် ၁၀ခု ကို သုံးချင်လား') ဆိုတဲ့ စကားလုံးက ချက်ချင်းပဲ သူ့စိတ်ထဲမှာ ပေါ်လာသည်။
ရှဲ့စန်း က 'Yes' ကိုရွေးချယ်ခဲ့ပြီးနောက် ရင်းနှီးတဲ့ အသံတစ်ခု သူ့ခေါင်းထဲတွင် ပေါ်လာသည်။
("နဂါးမောက်သီး ကို အသက်သွင်းခြင်း အတွက် ဂုဏ်ယူပါတယ်၊ အသီးထိပ်ရှိ သစ်ရွက်ရဲ့ မာကျောမှု က မင်းအတွက်ပါပဲ၊ နဂါးမောက်သီး တစ်လုံးအတွက် စွမ်းအင်တစ်ခု ကျသင့်ပါတယ်")
တစ်ချိန်တည်းမှာပဲ ဆဋ္ဌမစာမျက်နှာ အလွတ်တွင် အနီရောင် ဘဲဥပုံ နဂါးမောက်သီးတစ်လုံး ထွက်ပေါ်လာသည်။ အသီးထိပ်တွင် အနီရောင်နှင့် အစိမ်းရင့်ရောင် ရောနှောထားတဲ့ သစ်ရွက်များ ရှိနေသည်။
ရှဲ့စန်း ဓါးတစ်ချောင်းလို ပါးလွှာပြီး ကျဉ်းမြောင်းတဲ့ သစ်ရွက်ထိပ် ကို စိုက်ကြည့်ကာ အတွေးဖြင့် မေးစေ့ကို ပွတ်လိုက်သည်။ နဂါးမောက်သီး ကို ကိုင်ပြီး လူတွေကို သစ်ရွက် ထိပ်ဖျားနဲ့ ထိုးဖို့ စိတ်ကူးကြည့်လိုက်သည်။ သူ့နှုတ်ခမ်းလေး တွန့်ကွေးသွားကာ သူငယ်တန်း ကလေးတွေ ကစားနေတဲ့ ခံစားချက် ကို ခံစားလိုက်ရသည်။
ဒါပေမယ့် အရင် အပင်တွေ အကြောင်း 'ထူးခြားချက်များ' ကို တွေးကြည့်တော့ ထိုအယူအဆကို အမြန် ပယ်ချလိုက်သည်။ စနစ်ရဲ့ မာကျောမှု ဆိုတာ က လုံးဝ ထူးထူးခြားခြား ဖြစ်နေလိမ့်မည်။ သူသာ လူတွေကို တကယ် ထိုးမိလိုက်ရင် ဓားမြှောင်နဲ့ အတူတူပဲ ဖြစ်လိမ့်မယ်။
စနစ် ရှိ ပုံတွေ က အရမ်း လက်တွေ့ကျသည်။ ကြည့်လိုက်ရုံဖြင့် နဂါးမောက်သီးရဲ့ ပေါ့ပါးပြီး နည်းနည်း ချိုတဲ့ အရသာကို စိတ်ကူးယဉ်နေမိပြီ ဖြစ်သည်။
"ဗိုက်ဆာလို့လား?" မိုင်နဲ က ခေါင်းငုံ့ကာ မေးလိုက်သည်။
ရှဲ့စန်း က ခေါင်းခါလိုက်ပြီး "မဟုတ်ဘူး၊ ငါ အခုမှ ညစာ ပြီးသွားတာလေ!"
မိုင်နဲ က သူ့ကို ကြည့်လိုက်သည်။ "ဘာတွေ တွေးနေတာလဲ။ မင်း ခဏလောက် တစ်နေရာတည်းကို စိုက်ကြည့်နေတာ"
ရှဲ့စန်း ရှုံ့မဲ့သွားသည်။ မိုင်နဲ သူ့ကို ကြည့်နေတာတောင် သတိမထားမိလိုက်ဘူး။ သူ အနည်းငယ် ဟန့်လိုက်သည်။
"ငါ တွေးနေတာ မင်း ဘယ်လိုသိလဲ။ မင်း အလုပ်ကို မင်း အလေးအနက် မထားဘူးနော်!"
မိုင်နဲ က သူ့မေးစေ့ကို ဆွဲကာ နှုတ်ခမ်းကို နမ်းလိုက်သည်။ သူ့မျက်လုံးတွေ က စူးရှနေပြီး
"မင်း အကြောင်းအရာ ကို ပြောင်းနေတယ်"
ရှဲ့စန်း က ပိုရှောင်လေ၊ သူ့ကို အံ့ဩစေတဲ့ အလားအလာ များလေပဲ ၊ အဲဒါကြောင့် စနစ်အကြောင်း မတွေးတော့ဘဲ
"အပင်အသစ် ရတယ်လေ၊ အသီးတစ်ခု ရှိလာတော့ စားရမလား လို့ တွေးနေမိတာ "
အစ က သူ စွမ်းအင် ပြန်ရတာနဲ့ တပြိုင်နက် မိုင်နဲအား စနစ် အကြောင်း ပြောပြဖို့ စီစဉ်ထားပေမယ့် ရေစွမ်းအင် က တစ်စိတ်တစ်ပိုင်း ပျောက်ဆုံးသွားတာ တွေ့လိုက်ရတယ်။ မိုင်နဲ စိတ်ပူရမှာ ကို ရှောင်ဖို့အတွက် အခုအချိန်မှာ သူ့ကို ပြောပြမှာ မဟုတ်ဘူး။
မိုင်နဲ က သူ့လက်ကို သူ့ညာဖက် ပခုံးပေါ် တင်လိုက်ပြီး "မင်းရဲ့ ဆက်နွယ် အပင်နဲ့ မတူတဲ့အပင်တွေ ဘာလို့ ထွက်လာတာလဲ" လို့ မေးပြီး အံ့သြစွာ ကြည့်နေလိုက်သည်။
ရှဲ့စန်း မေးခွန်းကို ကြားပြီး အမှန်တရားနဲ့ နီးစပ်စေဖို့ အစွမ်းကုန် ကြိုးစားဖြေခဲ့သည်။
"ပွင့်ချပ်တွေရဲ့ အရောင် က မတူတဲ့အတွက်ကြောင့် ဖြစ်ကောင်း ဖြစ်နိုင်တယ်၊အဲဒါကြောင့် အရောင်စုံတဲ့ အပင်တွေ ထွက်လာနိုင်လောက်တယ်"
မိုင်နဲ က သူ့ကို အနီးကပ် ဆွဲခေါ်လိုက်သည်။ "ကိုယ်တို့ တခြားသူတွေ သိဖို့ ခွင့်မပြုနိုင်ဘူး။ ဒီအပင်က ဂြိုလ်တွေ အတွက် အရမ်း အရေးကြီးတယ်"
ရှဲ့စန်း ခေါင်းညိတ်လိုက်သည်။ "ငါသိတယ်၊ အပင်ရှာဖွေရေး အဖွဲ့အစည်း နဲ့ အလုပ် တွဲလုပ်တဲ့ ငါ့ရဲ့ ရွေးချယ်မှု က အဲဒါနဲ့ သက်ဆိုင်တယ်။ ငါတို့ က နေရာအနည်းငယ် ရောက်ဖူးတယ်၊ အဲဒါကြောင့် အဲဒီမျိုးစေ့တွေကို အဲဒီမှာ တွေ့တယ် ဆိုပြီး ပြောလိုက်မယ်လေ၊ တခြားသူတွေ ကို အဲဒီလို ပြောတာ ကောင်းမယ်၊ အဲဒါတွေ ကို အဖွဲ့အစည်း က တီထွင်ခဲ့တာပဲ"
သူက မိုင်နဲရဲ့ လက်ကို ပုတ်လိုက်သည်။ "စိတ်မပူပါနဲ့။ ငါ့မှာ အပင်တွေ များလေ ငါ့လုပ်နိုင်စွမ်း ပိုများလေလေပဲ။ ငါ့ကိုယ်ငါ ကာကွယ်နိုင်စွမ်းရှိတယ်"
မိုင်နဲ က နမ်းလိုက်သည်။ "ကိုယ် မင်းကို ကာကွယ်ပေးမယ်"
နောက်တစ်နေ့ ၇နာရီခွဲ တွင် အာကာသယာဥ်က အပြာရောင်ဂြိုလ်ရဲ့ အာကာသစခန်း မှ အချိန်မှန် ထွက်ခွာခဲ့သည်။ ငါးရက်အကြာ နေ့လည်သုံးနာရီ တွင် အာကာသယာဥ်သည် ဘရန့်ဒ်ဂြိုလ်ရဲ့ အာကာသစခန်းသို့ ဆိုက်ရောက်ခဲ့သည်။ သူတို့ ၄ယောက် က လျှူရှန်း အား ကျေးဇူးတင်စကား ပြောခဲ့ကြပြီး ဆက်နွယ်သားရဲတွေ နေထိုင်သည့် နေရာအသစ် သို့ တိုက်ရိုက် သွားလိုက်ကြသည်။
ရှဲ့စန်း အိမ်အသစ်ကို ရောက်သွားတဲ့အခါ၊ ဆက်နွယ်သားရဲတွေ က သူတို့ရဲ့ ကိုယ်ပိုင်ဂိမ်းတွေ ကို ကစားနေကြသည်။ သို့သော် တံခါးဖွင့်သံ ကြားတဲ့အခါ အားလုံးက ခေါင်းလှည့် ကြည့်လာကြပြီး သူ့ကိုမြင်တော့ နေရာတိုင်းမှ ချက်ချင်း ပြေးလာကြသည်။
Liveရှိ ကြည့်ရှုသူတွေ က [Wow၊ တင်ဆက်သူ ပြန်ရောက်လာပြီ!]
[ဟားဟားးး၊ တင်ဆက်သူ ကို ဝိုင်းဆွဲထားဖို့ အပြာရောင်ဂြိုလ် ကို သွားခဲ့ကြတဲ့သူတွေ၊ အခု အိမ်သာထဲမှာ ငိုနေကြပြီလား]
[တင်ဆက်သူ ပြန်လာတော့ တွေးမိတာ တစ်ခုရှိတယ် ၊ဒီတစ်ခါ ယူလာတဲ့ ဆက်နွယ်သားရဲ အသစ်က ဘာလဲ!]
ရှဲ့စန်း ပြေးလွှားနေတဲ့ ဆက်နွယ်သားရဲတွေ ကို ကြည့်ပြီး
"အဲဒီမှာတင် ရပ်လိုက်!"
တကယ်လို့ သူ သူတို့ကို မတားနိုင်ရင် ချက်ချင်း ဆေးရုံ ရောက်သွားလိမ့်မယ်။
_____________________________________________________
၂ပုဒ်စလုံး Pdf file ရပါပြီနော် 😊😊😊🤎🤎🤎
Zawgyi version
Chapter 88 : ႏႈတ္ဆက္ျခင္း
႐ွဲ႕စန္း မွတ္ခ်က္ေတြ ကို ၾကည့္လိုက္သည္။ လူတခ်ိဳ႕ က သူ႕ကို မသိၾကဘဲ ဘယ္သူလဲ လို႔ ေမးေနၾကၿပီး လူအုပ္ႀကီးက သူ႕ကို ဘာမွ ျပန္မေျပာဘဲ ခ်က္ခ်င္း ကန္ထုတ္ပစ္လိုက္တယ္။
တစ္ေယာက္ က အံ့ၾသသြားခဲ့သည္။ [အထီး? ဘရန္႔ဒ္ၿဂိဳလ္ရဲ႕ လိင္ပိုင္းဆိုင္ရာ ခြဲျခားခ်က္ က တစ္ခုခု မွားေနတာလား။ ငါးမန္းႀကီး အေပၚမွာ အမ က မတ္တပ္ရပ္ရဲတယ္၊ ဘယ္လိုေတာင္ သတၱိ႐ွိတာလဲဟ!!!]
[ဟုတ္ပ၊ တစ္ခုခု မွားေနတာ ေသခ်ာတယ္။ သူ႕အရပ္ကိုပဲ ၾကည့္လိုက္၊ ေသခ်ာတယ္... သူက အမပဲ]
႐ွဲ႕စန္း မ်က္ေမွာင္ၾကဳတ္လိုက္တယ္။ သူ႕အရပ္က အဆင့္အတန္း မွီပါတယ္ေနာ္ ဟုတ္ၿပီလား?
[လက္ပတ္မွာ ႐ွိတဲ့ အခ်က္အလက္ မွတ္တမ္းမွာ တင္ဆက္သူ က အထီး ဆိုတဲ့ အေၾကာင္း ႐ွင္း႐ွင္းလင္းလင္းႀကီး ေဖာ္ျပထားတယ္ေလ။ အရပ္ က *၂.၈ မီတာေတာင္ ႐ွိတယ္]
(*၆ေပ ၈လက္မေက်ာ္ ႐ွိပါတယ္)
[ဟုတ္တယ္၊ ဟုတ္တယ္၊ တင္ဆက္သူ၊ တင္ဆက္သူေရ...မင္းကို လာ႐ွာမလို႔ ၊ငါ့ကို ေစာင့္ေနေပးေနာ္၊ အားးးးး ဧရာမ ငါးမန္းႀကီးနဲ႔ အတူတူ ဓာတ္ပုံ႐ိုက္ရဖို႔ ဒူးေထာက္ေနပါတယ္]
႐ွဲ႕စန္း က အဲဒါကို ျမင္ေတာ့ "သူတို႔က ေသမင္းတမန္ ေရထဲ ကို မသြားဘူးလား" လို႔ ေမးလိုက္တယ္။
လန္နီ က ႏႈတ္ခမ္းတြန္႔႐ုံ ျပဳံးသြားသည္။
"သူတို႔က အစြန္းကေန ျပန္လာၾကတာ။ မင္းရဲ႕ ဗီဒီယိုထဲမွာ အရမ္း ႀကီးတဲ့ ပင္လယ္သတၱဝါႀကီး ၃ေကာင္ ကို ျပခဲ့တယ္ေလ၊ ဒါေပမယ့္ အျပာေရာင္ ေဝလငါးႀကီးလည္း ေရအစပ္မွာ ႐ွိေနတယ္"
႐ွဲ႕စန္း အံ့ၾသသြားသည္။ အဲ့ဒီမွာ အျပာေရာင္ ေဝလငါးႀကီး ႐ွိတာက အဓိပၸါယ္႐ွိပါတယ္။ ဒါေပမယ့္ ပင္လယ္ထဲက သတၱဝါႀကီးေတြ က ဘာလို႔ အဲဒီမွာ ႐ွိေနတာလဲ။ ေဝလငါးျပာ က အဲဒီေနရာမွာ ေစာင့္ေနေလာက္မယ္ ဟု ေတြးကာ ခ်က္ခ်င္းပဲ ဆုံးျဖတ္ခ်က္ခ်လိုက္သည္။
"ဟိုမွာ သြားလိုက္ဦးမယ္။ သူတို႔ကို ႏႈတ္ဆက္႐ုံ *သက္သက္ပါ"
(T/N :*ဒီ သက္သက္ က စကားလုံးေနာ္၊ ၊ Line ေပၚက ေပ်ာက္သြားတဲ့ ဟိုအဖြားႀကီး မဟုတ္ဘူး )
သူတို႔ ေလးေယာက္ က ပင္လယ္တေစၧ က ထြက္လာၿပီး ေသမင္းတမန္ေရ ကို တိုက္႐ိုက္ သြားလိုက္ၾကသည္။ အျပာေရာင္ ေဝလငါးႀကီး က သူတို႔ကို ျမင္ေတာ့ အရမ္း ေပ်ာ္ၿပီး အၿမီးကို လႈပ္ယမ္းလိုက္သည္။
႐ွဲ႕စန္း က သူ႕ေခါင္း ကို ထိလိုက္တာနဲ႔ ေဝလငါးျပာရဲ႕ အသံက သူ႕စိတ္ထဲမွာ ေပၚလာသည္။ {"ဝူးးးးးးး! အဲဒီလူဆိုးႀကီး သုံးေယာက္ က မင္းအဆိပ္မိၿပီး ေသသြားၿပီလို႔ ေျပာေနၾကတယ္။ လူလိမ္ေတြ!!! မင္း ျပန္လာမယ္ ဆိုတာ ငါ သိတယ္"}
႐ွဲ႕စန္း ခဏ ၿငိမ္သြားၿပီး ေသမင္းတမန္ ေရထဲသို႔ လွမ္းၾကည့္လိုက္ရာ ခပ္လွမ္းလွမ္းမွ အနက္ေရာင္ အရိပ္ႀကီးသုံးခု ကို သူ ျမင္ေနရသည္။
ျခေသၤ့ပ်ံ ကို သူတို႔အား ေခၚလာေပးရန္ ေတာင္းဆိုခဲ့သည္။ ေရဘဝဲႀကီး က သူ႕ပခုံးေပၚ၌ လက္တံေတြ ကို တင္ကာ
{"ဟမ့္... ငါလုပ္တာ မဟုတ္ဘူးလို႔ ငါ သူတို႔ကို ေျပာခဲ့တယ္။ မင္းအေပၚမွာ ညင္ညင္သာသာေလး တင္႐ုံတင္ထားခဲ့တာ၊ အဆိပ္ေတြ မထုတ္ခဲ့ဘူးလို႔ ေျပာတာ ကို ဟိုကင္းမြန္ႀကီး က ငါ မင္းကို အဆိပ္ခတ္ခဲ့တာလို႔ပဲ ေျပာေနတယ္"}
႐ွဲ႕စန္းရဲ႕ ပုခုံးေတြ ေတာင့္တင္းလာသည္။ တစ္ကယ္ႀကီး တစ္ေယာက္ေယာက္ ကို အဆိပ္သင့္ေစႏိုင္တာလား။
{"ဒါဆို မင္း သတိထားရမယ္ေနာ္!"}
{"စိတ္မပူပါနဲ႔၊ အဆိပ္က တျခားသူေတြ ကို ထိခိုက္လိမ့္မယ္၊ ဒါေပမယ့္ မင္းကို မထိခိုက္ေစရဘူး။ မင္းက ငါတို႔နဲ႔ စကားေျပာႏိုင္တဲ့ တစ္ဦးတည္းေသာ လူျဖစ္ၿပီး မင္းနဲ႔ ထိေတြ႕ရတာ အရမ္း ေနလို႔ေကာင္းတယ္!"}
႐ွဲ႕စန္း ကေတာ့ နည္းနည္း ေၾကာက္ဖို႔ေကာင္းတယ္ လို႔ ထင္ခဲ့သည္။ {"ငါတို႔ အျပာေရာင္ ၿဂိဳလ္ကေန မၾကာခင္ ျပန္ေတာ့မွာ၊ မင္းတို႔ကို ေတြ႕ဖို႔ လာလည္မွာပါ။ လူေတြကို ထိခိုက္ေအာင္ မလုပ္ဘူး မဟုတ္လား"}
ေရဘဝဲက မ်က္လုံးလွိမ့္လိုက္ၿပီး {"ငါ က ဘယ္ေတာ့မွ စၿပီး မတိုက္ဘူး။ သူတို႔က ငါ့ကို အရင္ တိုက္ခိုက္တာ"}
ကင္းမြန္ႀကီး က {"ဟုတ္တယ္၊ တစ္ေယာက္ေယာက္ ေရထဲျပဳတ္က်ေတာ့ သူတို႔ကို ကယ္ဖို႔ ငါ သြားခဲ့တယ္၊ ဒါေပမယ့္ သူတို႔က အၿမဲတမ္း ငါ့လက္တံ ကို ျဖတ္ဖို႔ ႀကိဳးစားၾကတယ္"}
႐ွဲ႕စန္း "........."
သူ ထိုျမင္ကြင္း ကို စိတ္ကူးၾကည့္လို႔ ရႏိုင္သည္။ လူေတြက ေရထဲ က်ေနၿပီး သူတို႔ဆီ လွမ္းလာတဲ့ လက္တံေတြ ကို ျမင္႐ုံနဲ႔ ... လူေတြကို ကယ္တင္ဖို႔လို႔ ဘယ္သူ က ထင္မိမွာလဲ။
ေသမင္းတမန္ ေရ က လူသိမ်ားတဲ့ တားျမစ္နယ္ေျမတစ္ခု ျဖစ္တယ္ ဆိုေတာ့ လူေတြ က ဒီေနရာကို မေရာက္ၾကေပ။ ဒီကို ေရာက္လာတဲ့ လူသား အမ်ားစု က ရာဇ၀တ္သားေတြ ျဖစ္သည္။ အျပာေရာင္ၿဂိဳလ္ သည္ ႐ွည္လ်ားတဲ့ သမိုင္းေၾကာင္း ႐ွိခဲ့သည္။ သူက အျပင္လူတစ္ေယာက္ျဖစ္ၿပီး သူ ဝင္ေရာက္ စြက္ဖက္ပါ က ေကာင္းက်ိဳးထက္ ဆိုးက်ိဳး ပိုမည္ ျဖစ္သည္။ သဘာဝတရားကိုသာ လႊတ္ထားလိုက္တာ ေကာင္းေပလိမ့္မည္။
သူ ဘာမွ ထပ္မေျပာေတာ့ေပ။ အနားမကပ္ဖို႔ သူတို႔ သုံးေယာက္ ကို ေျပာလိုက္ေတာ့ သူတို႔ က သူေျပာခ်င္တာကို သိၿပီး ေက်းဇူးတင္ေၾကာင္း ေျပာလာၾကတယ္။ သူတို႔ကို အလည္လာဖို႔ ျပန္လာမယ္လို႔ ေျပာၿပီး ပင္လယ္ေအာက္ေျခကို ျဖည္းျဖည္းခ်င္း နစ္ျမဳပ္၍ ထြက္သြားတာ ၾကည့္ေနခဲ့သည္။
႐ွဲ႕စန္း ေဝလငါး အျပာႀကီးဆီ ျပန္လွည့္သြားသည္။ ပထမဦးဆုံး သူက ဧရာမ မိေက်ာင္းနဲ႔ ဝက္ဝံႀကီး ကို ဘယ္သြားခ်င္လဲ ဟု ေမးလိုက္သည္။ ႏွစ္ေယာက္သား ဟိုးအရင္ကတည္းက ေဆြးေႏြးၿပီး သေဘာတူခဲ့တာ ႐ွိတယ္။
{"မင္း က အိမ္ႀကီးတစ္လုံး ေဆာက္ထားၿပီး အဲဒီ့မွာ ဆက္ႏြယ္သားရဲေတြ အမ်ားႀကီး ႐ွိတယ္လို႔ တာ့ေဟးဆီ က ငါတို႔ ၾကားခဲ့တယ္။ ငါတို႔ သြားေနလို႔ ရမလား?"}
႐ွဲ႕စန္း ရယ္လိုက္သည္။ {"ရတာေပါ့"} သူတို႔ က သက္သာလာေသာ္လည္း ကုသဖို႔ လိုအပ္ေနေသးသည္။ ေတာထဲမွာ ေနရတာ မလုံျခဳံေတာ့၊ သူတို႔ကို ဒီမွာ ေနခြင့္မျပဳခ်င္ဘူး။ သူနဲ႔အတူ လိုက္ခဲ့ဖို႔ ဆႏၵ႐ွိခဲ့တာ က အေကာင္းဆုံးပဲ။
သူ ေဝလငါးျပာႀကီးရဲ႕ ေခါင္းကို ထိလိုက္သည္။ ေဝလငါးျပာႀကီး က စိတ္ညစ္ေနတဲ့ အသံနဲ႔ {"ငါ မင္းနဲ႔ လိုက္လို႔ မရဘူး။ ငါ့အေဖနဲ႔ ေဖေဖ က ေသမင္းတမန္ေရထဲမွာ။ ငါ သူတို႔ဆီ သြားရမယ္"}
႐ွဲ႕စန္း က {"အဆင္ေျပပါတယ္၊ ေနာက္မွ မင္းကို လာေတြ႕မယ္"}
သူေျပာေနတုန္း သူ႕မ်က္စိ ေ႐ွ႕တြင္ ႐ုတ္ခ်ည္း ေတာက္ပလာၿပီး နဂါးပ်ံသားရဲရဲ႕ စိတ္လႈပ္႐ွားေနတဲ့ ဟိန္းေဟာက္သံ က တစ္ခ်ိန္တည္း ထြက္လာသည္။ သူ ေခါင္းကို လွည့္ၾကည့္ေတာ့ သူ႕အခြံကို ဖြင့္ထားတဲ့ ႐ွဗာင္ယင္ ကို ေတြ႕လိုက္ရသည္။
သူက မိုင္နဲဘက္ ျပန္လွည့္ၿပီး အခြံကို ၫႊန္ျပလိုက္သည္။ မိုင္နဲ က သူ႕ကို ေပြ႕ဖက္ၿပီး ျခေသၤ့ပ်ံသားရဲ အေနာက္ကေန ခုန္ခ်ကာ အျပာေရာင္ ေဝလငါးရဲ႕ ေနာက္ေက်ာေပၚ ကို ဆင္းခဲ့သည္။
႐ွဲ႕စန္း က လက္ဆန္႔ၿပီး အခြံကို ပြတ္သပ္လိုက္သည္။ ခ်က္ခ်င္းပဲ ေ႐ွာင္ယင္ရဲ႕ ငိုသံက သူ႕စိတ္ထဲတြင္ ေပၚလာသည္။
{"ဝူးးးးးးးးးးးးးးးးးးး တာ့ေဝ၊ ငါ မင္းကို သြားခြင့္မျပဳႏိုင္ဘူး..........."}
႐ွဲ႕စန္း က အံ့ဩသြားသည္။ {"မင္း ဒီမွာ မေနခဲ့ဘူးလား"}
ကဏန္းႀကီး က သူ႕အေ႐ွ႕တြင္ ကဏန္းလက္မေတြ ကို ဆန္႔တန္းေပးလာေတာ့ သူ ထိပ္ဖ်ားကို အေသအခ်ာ ထိလိုက္သည္။
ဂဏန္းႀကီး က {"ငါတို႔ ေဆြးေႏြးၿပီးၿပီ။ ေ႐ွာင္ဃင္ နဲ႔ ငါက ေသမင္းတမန္ ေရျပင္မွာ ေနဖို႔ မသင့္ေတာ္ဘူး။ ေ႐ွာင္ယင္ နဲ႔ ငါ က ပိုလုံျခဳံတဲ့ေရ ကို သြားမယ္ဆိုရင္ေတာ့ ငါတို႔ အတြက္ ႐ွာေတြ႕ဖို႔ လြယ္ပါတယ္။ ငါတို႔ က မင္းနဲ႔အတူ ထြက္သြားၿပီး ဆက္ႏြယ္သားရဲေတြ နဲ႔ ေနဖို႔ ဆုံးျဖတ္လိုက္တယ္။ ငါတို႔ ေနလို႔ ရမလား?"}
ေ႐ွာင္ယင္ က ႐ိႈက္ၿပီး {"ငါ က နည္းနည္းေလး မွ နည္းနည္းေလးပဲ စားတာပါ၊ ငါ ပုလဲမႈန္႔နဲ႔ ျပန္လဲေပးမယ္ေလ။ ေန႔တိုင္း နည္းနည္းေလးစီ ထုတ္ေပးမယ္၊ ဒါေပမယ့္ အရမ္း ႀကီးေတာ့ ရမွာ မဟုတ္ဘူး။ ငါတို႔ ေနလို႔ ရႏိုင္မလား?"}
႐ွဲ႕စန္းရဲ႕ အျပဳံး ေပ်ာက္သြားသည္။ သူတို႔ ေတာ္ေတာ္ေလး က်ယ္က်ယ္ျပန္႔ျပန္႔ သုံးသပ္ထားတာပဲ။ သူက ရယ္ၿပီး {"အဆင္ေျပပါတယ္။ ဒီမွာ ဆက္ေနဖို႔ က တကယ္ မလုံျခဳံဘူး၊ အဲဒါေၾကာင့္ စိတ္မပူပါနဲ႔ ငါ မင္းတို႔ကို ေခၚသြားမွာပါ"}
ေ႐ွာင္ယင္ က ထပ္ငိုၿပီး တာ့ေဝ ရဲ႕ အသံက ထြက္လာသည္။
{"ငါ့ကို ျပန္လာေတြ႕ဖို႔ သတိရေနာ္၊ ငါ မၾကာခင္ အ႐ြယ္ေရာက္လာေတာ့မွာပါ"}
႐ွဲ႕စန္း က {"ေကာင္းၿပီ၊ မင္းကို ေတြ႕ဖို႔ ငါ ေသခ်ာေပါက္ သူတို႔ကို ျပန္ေခၚလာခဲ့မယ္၊ ေသမင္းတမန္ ေရျပင္ထဲမွာ မင္း သတိထားရမယ္ေနာ္"}
အျပာေရာင္ ေဝလငါးႀကီး က {"ငါက အရမ္း သန္မာပါတယ္ေနာ္"} လို႔ ေျပာလိုက္တယ္။
ေျပာၿပီးတာနဲ႔ မီတာ ၂၀ နီးပါးျမင့္တဲ့ ေရတံတိုင္း ၂ခု က မနီးမေဝး ပင္လယ္ျပင္မွာ ႐ုတ္တရက္ ထိုးတက္လာၿပီး ပင္လယ္ေရ က ျပင္းထန္စြာ ျပန္က်ဆင္းသြားသည္ ။
"Wow! အရမ္းးးးး ႀကီးတာပဲ!" ေလာင္ထန္း က ပ်ံသန္းေနတဲ့ နဂါးသားရဲေပၚတြင္ ထိုင္ေနၿပီး လည္ပင္းကို ဆန္႔၍ ၾကည့္ကာ ေအာ္လိုက္သည္။
{"အာ... အေဖနဲ႔ ေဖေဖ!"} ေဝလငါးျပာႀကီး က အၿမီးအား တက္ႂကြစြာ ေဝွ႔ယမ္းရင္း ေခၚလိုက္ေတာ့ ေဒါသသံျဖင့္ ေျပာတဲ့ အသံထြက္လာသည္။
{"ဟမ္၊ ငါက တစ္ေယာက္တည္း အမဲလိုက္ဖို႔ ထြက္လာတာေလ၊ ဟန္းနီးမြန္း အေၾကာင္း ေျပာၿပီး ေပ်ာက္ကြယ္သြားတဲ့သူ က အခုေတာ့ ငါ့ကို ႐ွာဖို႔ သိၿပီေပါ့!"}
ေဝလငါးျပာႀကီး ႏွစ္ေကာင္ က ကူးခတ္လာၿပီး မၾကာခင္ အနားေရာက္လာည္။ လိႈင္းလုံးႀကီးေတြ လႈပ္ခတ္သြားေသာ္လည္း အျပာေရာင္ ေဝလငါးႀကီးရဲ႕ ခႏၶာကိုယ္ က တည္ၿငိမ္လြန္းသျဖင့္ ႐ွဲ႕စန္း ဘာမွမခံစားရဘဲ မလႈပ္မယွက္ ေနလို႔ရသည္။ ေဝလငါးျပာႀကီး က ႐ွဲ႕စန္း ကို သူ႕မိဘႏွစ္ပါးႏွင့္ မိတ္ဆက္ေပးဖို႔ မေစာင့္ႏိုင္ေပ၊ ႐ွဲ႕စန္း က သူတို႔ရဲ႕ ေခါင္းေတြ ကို ဂ႐ုတစိုက္ႏွင့္ ထိကာ ႏႈတ္ဆက္လိုက္သည္။
liveကို ၾကည့္႐ႈၿပီးေနာက္ အနီးနားမွ လာေရာက္ၾကတဲ့ ခရီးသြား အုပ္စုအခ်ိဳ႕ က ေသမင္းတမန္ ေရျပင္အနားသို႔ လာရဲေလာက္ေအာင္ ရဲရင့္ခဲ့ၾကသည္။ အေဝးက ေရတံတိုင္းေတြ ကို ျမင္လိုက္ရေတာ့ လန္႔ဖ်ပ္သြားၿပီး သူတို႔ရဲ႕ ယာဥ္ က ခ်က္ခ်င္း အျမင့္ကို ပ်ံတက္သြားၾကသည္။
"My god၊ ဟိုကို...ၾကည့္စမ္း!!! ဘယ္ေလာက္ေတာင္ ႀကီးမားတဲ့ ပင္လယ္သတၱဝါႀကီးလဲ!"
"ေရတံတိုင္းေတြ က သူတို႔ေၾကာင့္ ျဖစ္လာတာ။ ငါတို႔ ေက်ာ္သြားလို႔ မရႏိုင္ဘူး"
"ဟမ္...၊ တစ္ေယာက္ေယာက္ ႐ွိေနတတာလား၊ သူ႕ေဘးမွာ တစ္ေယာက္ေယာက္ ႐ွိေနပုံရတယ္"
လူတစ္ေယာက္ က ႐ွင္း႐ွင္းလင္းလင္း ျမင္ေအာင္ မွန္ေျပာင္းကို ယူ၍ ၾကည့္ၿပီး အံ့ၾသစြာ ေျပာလာသည္။
"အဲဒါက တင္ဆက္သူနဲ႔ သူ႕သူငယ္ခ်င္းေတြပဲ။ Oh my god၊ သူ ပင္လယ္ သတၱဝါႀကီးရဲ႕ ေခါင္းကို တကယ္ထိေနတာလား။ အေကာင္ႀကီး က ပါးစပ္ဖြင့္ၿပီး မ်ိဳခ်သြားမွာ ကို သူ မေၾကာက္ဘူးလား"
"ငါ့ကို ေပးၾကည့္! ျမန္ျမန္ ဓာတ္ပုံ႐ိုက္လိုက္။ ဒါက အပင္သားရဲသခင္ရဲ႕ ဆြဲေဆာင္မႈလား။ ေအာက္ဆင္းၿပီး ပင္လယ္သတၱဝါႀကီးနဲ႔ ဓာတ္ပုံ႐ိုက္လို႔ ရမလားလို႔ ေမးၾကည့္ရေအာင္၊ ဟုတ္တယ္ မဟုတ္လား"
အေပါင္းအေဖာ္ေတြ က အရမ္း စိတ္လႈပ္႐ွားသြားၾကၿပီး ႐ွဲ႕စန္း ႐ွိရာသို႔ ပ်ံသန္းသြားၾကသည္။ မ်က္ႏွာျပင္မွ မီတာ၂၀ထက္ မနည္းေတာ့တဲ့ ေနရာတြင္ ေဝလငါးျပာရဲ႕ ေဖေဖသည္ ႐ုတ္တရက္ႀကီး သူ႕အၿမီးကို လႈပ္လိုက္ၿပီး ေရကို ျပင္းျပင္းထန္ထန္ ပုတ္ပစ္လိုက္ေလသည္။ ပင္လယ္ေရက ခ်က္ခ်င္း ႂကြတက္လာၿပီး ယာဥ္ပ်ံကို ျဖန္းပစ္လိုက္သည္။
အျပာေရာင္ ေဝလငါးႀကီး က {"ေဖေဖ အရမ္းေတာ္တယ္"} ဟု ေႂကြးေၾကာ္ခဲ့သည္။
႐ွဲ႕စန္း လန္႔သြားေတာ့ အျပာေရာင္ ေဝလငါး ေဖေဖ က ႐ွင္းျပလာသည္။
{"သူတို႔က ငါတို႔ ကေလးရဲ႕ ေဘးကင္းတဲ့ ေနရာနဲ႔ အရမ္း နီးလြန္းေနလို႔ပါ၊ စိတ္မပူပါနဲ႔၊ အဲဒါ က သတိေပးခ်က္ တစ္ခုါပဲ"}
႐ွဲ႕စန္း အေပၚကို ေမာ့ၾကည့္လိုက္သည္။ လိႈင္းလုံးႀကီးက တုန္ခါသြားေသာ္လည္း မၾကာမီ ၿငိမ္သက္သြားသည္။
"အားးးးးးး! ငါ ေသမွာ ေၾကာက္တယ္လို႔" ပ်ံသန္းေနတဲ့ ယာဥ္ေမာင္းသူရဲ႕ လက္ေတြ က ေခြၽးေတြထြက္ေနသည္။
"ငါက ငါ ေသေတာ့မယ္ ထင္လိုက္တာ!" အေဖာ္ က က်ယ္ေလာင္စြာ ေအာ္ၿပီး အသက္ ျပင္းျပင္း ႐ွဴသြင္းလိုက္သည္။
"အထီး နဲ႔ အမၾကား ကြာျခားခ်က္ က အရမ္းႀကီးတယ္။ တင္ဆက္သူ က သူ႕ေခါင္းကို ထိေနတယ္။ ငါတို႔လည္း အေ႐ွ႕ နည္းနည္းေလးဆို ေရာက္ေနၿပီကို အာ... !"
"ငါတို႔ အထီးေတြရဲ႕ အနံ႔ က ျပင္းထန္လြန္းေတာ့ သူတို႔ မသက္မသာ ခံစားရလို႔ ျဖစ္ႏိုင္တယ္"
အေပါင္းအေဖာ္ အခ်ိဳ႕က တစ္ေယာက္ကို တစ္ေယာက္ၾကည့္ကာ "ဟုတ္ေလာက္တယ္၊ အဲဒါပဲ ျဖစ္မွာေပါ့" ဟု ေလးနက္စြာ ေျပာလိုက္ၾကသည္။
ယာဥ္ေမာင္း၊ "........."၊ 'ဟိုမွာ Sအဆင့္ သားရဲသခင္ ႏွစ္ေယာက္ေတာင္ ႐ွိေနတယ္ေလ! ' ေခြၽးေတြသုတ္ၿပီး ဘာမွျပန္မေျပာဘဲ ျမန္ျမန္ ျပန္ထြက္သြားသည္။
ေ႐ွာင္ယင္၊ ကဏန္းႀကီးနဲ႔ တိရိစၧာန္ေတြ အားလုံးကို အိတ္ေတြထဲ ထည့္ထားလိုက္တဲ့ ႐ွဲ႕စန္း ကို ေဝလငါး ေဖေဖ က ႏႈတ္ဆက္လိုက္ေတာ့ မိုင္နဲ က သူ႕ကို ျခေသၤ့ပ်ံသားရဲရဲ႕ ေနာက္ေက်ာေပၚ ကို သယ္ေဆာင္သြားသည္။
အျပာေရာင္ ေဝလငါးႀကီးရဲ႕ ေနာက္ေက်ာ က ဗလာ ျဖစ္သြားၿပီး အျခား အျပာေရာင္ ေဝလငါးႀကီးေတြနဲ႔ ေသမင္းတမန္ ေရျပင္ထဲသို႔ လိုက္သြားခဲ့သည္။ ကူးခတ္ရင္း ႏႈတ္ဆက္စကား အျဖစ္ အၿမီးကို ေဘးတစ္ဖက္သို႔ လႈပ္ယမ္းျပခဲ့သည္။
႐ွဲ႕စန္း သူ႕ကို လက္ျပလိုက္သည္။ သူလည္း အရမ္း ေခၚသြားခ်င္ေသာ္လည္း အျပာေရာင္ ေဝလငါး က အျပာေရာင္ၿဂိဳလ္နဲ႔ သက္ဆိုင္ေၾကာင္း သူ႕စိတ္ထဲတြင္ သိထားသည္။ တျခားေနရာ က သူ ေနထိုင္ဖို႔ လုံးဝ မသင့္ေတာ္ေပ။
မိုင္နဲ က သူ႕ပခုံးကို ကိုင္လိုက္သည္။ "ေနာက္မွ မင္းနဲ႔အတူ ျပန္လာမယ္ေလ"
႐ွဲ႕စန္းရဲ႕ မ်က္လုံးေတြ ေတာက္ပလာၿပီး "အင္း၊ အျပာေရာင္ၿဂိဳလ္မွာ ခရီးသြားဖို႔ သင့္ေတာ္တဲ့ ပတ္ဝန္းက်င္ ေကာင္းေကာင္း ႐ွိတယ္။ ေနာက္ပိုင္း ဖရဲသီး အထြက္ႏႈန္း ေကာင္းလာရင္ ပင္လယ္ေရစိမ္ၿပီး ဖရဲသီး ေဖ်ာ္ရည္ေသာက္ရရင္ အရမ္း ေကာင္းမွာ" ဟု ေျပာလိုက္သည္။
ေလာင္ထန္း က "ငါလည္း လိုက္ခ်င္တယ္!" သူက ေတာက္ပတဲ့ အျပဳံးကို ျပဳံးျပလိုက္သည္။
"အခု ေရသူမေလွ စီးဖို႔ သြားရေအာင္ ဟုတ္ၿပီလား"
႐ွဲ႕စန္း ေလာင္ထန္း အေၾကာင္း သိေတာ့ အရမ္း စိတ္ဝင္စားသြားၿပီး ခ်က္ခ်င္းပဲ "ရတာေပါ့၊ မင္း ဦးေဆာင္ၿပီး သြားေလ"
ေလာင္ထန္း က တက္ႂကြသြားၿပီး နဂါးပ်ံႀကီး က အေ႐ွ႕ဘက္ကို ဦးတည္ပ်ံသန္းသြားၿပီး ျခေသၤ့ပ်ံသားရဲ က အေနာက္ကေန လိုက္သြားသည္။
နာရီဝက္ေလာက္ ၾကာေတာ့ အပန္းေျဖ ဥယ်ာဥ္ ကို ေရာက္သြားသည္။ ေလာင္ထန္း က သူတို႔ကို ေရသူမေလွ စီးဖို႔ တိုက္႐ိုက္ ေခၚသြားသည္။ ေရသူမေလွေတြ က ႐ွည္လ်ားပါးလႊာၿပီး ႀကီးမားတဲ့ အ႐ြယ္အစားျဖင့္ ဆိပ္ကမ္းကို ေရာက္လာၾကသည္။ ေ႐ွ႕ေရာေနာက္ပါ လူႏွစ္ေယာက္ ေဘးခ်င္းကပ္ ထိုင္လို႔ရၿပီး ထိုင္ခုံ ႏွစ္တန္းပါတဲ့ ေလွငယ္တစ္စီး ကို မွာလိုက္သည္။
႐ွဲ႕စန္း သည္ ဝန္ထမ္းမ်ားႏွင့္ ဆိပ္ခံတံတားသို႔ လိုက္သြားခဲ့သည္။ ႐ုတ္တရက္ သူ႕နာမည္ ကို ၾကားလိုက္ရၿပီး မသိစိတ္က ေခါင္းကို လွည့္ၾကည့္လိုက္သည္။
"အားးးးးးး! အဲဒါက တကယ္ႀကီး တင္ဆက္သူပဲ!"
"တင္ဆက္သူေရ.. ၊ ဒီကို ၾကည့္ပါ။ ငါ့ကို ေသမင္းတမန္ ေရမွာ ေရကစားဖို႔ ေခၚသြားေပးေနာ္၊ ဟုတ္ၿပီလား။ ငါ ပိုက္ဆံေပးလို႔ ရပါတယ္!"
"တင္ဆက္သူ ပရိတ္သတ္ ေတြ႕ဆုံပြဲ က ဘယ္ေတာ့လဲ။ ဆက္ႏြယ္ သားရဲေတြ ကို ေတြ႕ခ်င္တယ္!"
သူတို႔ရဲ႕ လႈပ္႐ွားမႈ က လူအမ်ားရဲ႕ အာ႐ုံစိုက္မႈ ကို ဆြဲေဆာင္ခဲ့ၿပီး ႐ွဲ႕စန္း ကို လူအမ်ားအျပား က ေတြ႕သြားခဲ့ၾကသည္။ သူတို႔ အားလုံး က ႐ွဲ႕စန္း ကို လိုက္ပို႔ေပးဖို႔ ေတာင္းဆိုေနၾကသည္။
မိုင္နဲ က ႐ွဲ႕စန္း ကို သူ႕ရင္ခြင္ထဲတြင္ ဖက္ထားၿပီး အျခားသူေတြရဲ႕ ျမင္ကြင္းမွ သူ႕ကို ပိတ္ဆို႔ေပးထားသည္။
ေလာင္ထန္း က ေနာက္ျပန္ လွည့္ၾကည့္ၿပီးေတာ့
"Wow၊ အားစန္း မင္းက အရမ္း နာမည္ႀကီးတာပဲ"
႐ွဲ႕စန္း ကူကယ္ရာ မဲ့သြားသည္။ "ဒါက ေကာင္းတဲ့ ကိစၥေတာ့ မဟုတ္ဘူး။ အျပင္ထြက္တဲ့ အခါတိုင္း အသိအမွတ္ ျပဳခံရတာ က အရမ္း ဒုကၡမ်ားတယ္"
ပိုင္ေက်ာင္း က "မင္းရဲ႕ အသားအေရ အေရာင္ ကို ေျပာင္းဖို႔ ငါ့မွာ ေဆးတစ္မ်ိဳး႐ွိတယ္၊ ဒါမွမဟုတ္ရင္ မင္း အျပင္ထြက္တဲ့အခါ မိတ္ကပ္လိမ္းၿပီး ကိုယ့္ကိုကိုယ္ ႐ုပ္ဖ်က္ဖို႔ သင္ယူလို႔ ရတယ္"
႐ွဲ႕စန္း သူ႕လက္ကို ယမ္းလိုက္သည္။ "မိတ္ကပ္ က ငါ့အတြက္ အရမ္း ခက္တယ္။ ဒီအေၾကာင္း ကို ေနာက္မွေျပာၾကရေအာင္"
"ဒါက ေလွပါ" အေစာင့္က ေရထဲက ေလွကို လက္ညိႇဳးထိုးျပၿပီး ရယ္လိုက္ည္။ သူတို႔ ေလးေယာက္ကို စူးစူးဝါးဝါး ၾကည့္ေသာ္လည္း ေနာက္ထပ္ ေမးခြန္းမေမးေတာ့ေပ။
႐ွဲ႕စန္း က တစ္ခ်က္ ၾကည့္လိုက္ၿပီး ခ်က္ခ်င္းပင္ အံ့အားသင့္သြားသည္။ ကမ္းစပ္ ကို ကိုင္ထားရင္း ေလွေဘးမွာ ႐ွိတဲ့ ေရသူမ ၄ေယာက္ ကို သူ အာ႐ုံစူးစိုက္ၿပီး စိုက္ၾကည့္ေနလိုက္သည္။
သူတို႔တြင္ ပင္လယ္ ေရေမွာ္နဲ႔ တူတဲ့ ဆံပင္၊ ေဖာက္ထြင္းျမင္ရတဲ့ ပါးဟပ္၊ ႀကီးမားတဲ့ အစိမ္းရင့္ေရာင္ အၿမီးေတြ ႐ွိသည္။ ရင္ဘတ္၊ဝမ္းဗိုက္႐ွိ ႂကြက္သားေတြ က မသန္မာေသာ္လည္း ျပည့္စုံတဲ့ ခႏၶာကိုယ္ အေနအထား ႐ွိသည္။ ေလးေယာက္လုံး က မတူၾကေပမယ့္ အားလုံး က အရမ္း ၾကည့္ေကာင္းၾကသည္။
သူတို႔ရဲ႕ မ်က္ေတာင္နဲ႔ ဆံပင္ေတြ က အေရာင္တူေၾကာင္း ႐ွဲ႕စန္း သတိျပဳမိၿပီး လန္နီ အေၾကာင္းကို ခ်က္ခ်င္း စဥ္းစားမိသည္။ ဒါဆို လန္နီ က အျပာေရာင္ ေရသူမေလး ျဖစ္ႏိုင္သည္။
(T/N ေရသူမ လို႔ပဲ ဘာသာျပန္လိုက္တယ္ေနာ္၊ သူက အထီး၊ အမ မခြဲေပးထားဘူးရယ္ ၊ eng tran က ေျပာင္းရင္ ကိုယ္လည္း လိုက္ေျပာင္းေပးမယ္ေနာ္)
က်န္တဲ့ သုံးေယာက္ကေတာ့ တည္ၿငိမ္ေနတယ္။ ေရသူမရဲ႕ ပုံစံကို သူတို႔ ျမင္ဖူးတာ ပထမအႀကိမ္ မဟုတ္ဘူး ဆိုတာ ထင္႐ွားသည္။
ေလာင္ထန္း သည္ ေလွကားထစ္ ကို ႏွစ္လွမ္း သုံးလွမ္းျဖင့္ လွမ္းၿပီး ေလွေပၚ ခုန္တက္ကာ ေ႐ွ႕ခုံတြင္ထိုင္၍ ပိုင္ေက်ာင္းဆီ ျပန္လွည့္ကာ လက္ကို ေဝွ႔ယမ္းလိုက္သည္။
"အားေက်ာင္း၊ ဒီမွာ လာထိုင္"
ပိုင္ေက်ာင္း က ျပဳံးၿပီး သူ႕ေဘးက ခုံမွာ ဝင္ထိုင္လိုက္တယ္။
မိုင္နဲ နဲ႔ ႐ွဲ႕စန္း က လက္ကို ကိုင္လိုက္ၿပီး ေနာက္ခုံတြင္ ေဘးခ်င္းကပ္ ထိုင္လိုက္သည္။
ညာဘက္ျခမ္း႐ွိ ေရသူမေလးက ရယ္ေမာလိုက္ၿပီး "မင္းအေ႐ွ႕က လက္တန္း ကို ကိုင္ထားေပးပါ။ ေၾကာက္ရင္ အသံ က်ယ္က်ယ္ ေအာ္လို႔ ရတယ္။ အခု သုံးကေန တစ္ အထိ ေရတြက္ပါ။ ငါတို႔ စထြက္ေတာ့မယ္။ သုံး၊ ႏွစ္၊ တစ္"
'တစ္' ဟူေသာ စကားလုံး ထြက္သြားသည္ႏွင့္ ေရသူမ ၄ေယာက္ က သူတို႔ရဲ႕ အၿမီးေတြ ကို တစ္ခ်ိန္တည္း လႈပ္ယမ္းလိုက္ၾကသည္။ ေလွက ျမႇားတစ္စင္းကဲ့သို႔ ျဖစ္သြားၿပီး ေလွ ထြက္သြားခဲ့သည္။ ေရသူမေတြရဲ႕ တြန္းအားနဲ႔ ေလွက အေ႐ွ႕ကို ေျပးထြက္သြားၿပီး မတ္ေစာက္စြာ လည္သြားသည္။ အခ်ိန္ အေတာ္ၾကာေအာင္ သြားၿပီးေနာက္ ေရသူမေတြရဲ႕ အၿမီးေတြ က ေရျပင္ကို ပုတ္လိုက္ေတာ့၊ ေလွက ေလထဲ ကို ေျမာက္တက္သြားၿပီး ေရသူမေလးေတြ က အၿမီးေတြကို လွန္လိုက္ၾကေတာ့ ေလွက ေရထဲ ျပင္းျပင္းထန္ထန္ ျပဳတ္က်သြားသည္။
"အားးးးးး..!" အမ်ိဳးမ်ိဳးေသာ ေအာ္သံမ်ား အႏွံ႔အျပား ထြက္ေပၚလာသည္။
႐ွဲ႕စန္း သူ႕မ်က္လုံးေတြ မွိတ္သြားေပမယ့္ ပတ္ပတ္လည္ ကို ၾကည့္ဖို႔ အတင္းဖြင့္လိုက္သည္။ သူ႕ေဘးမွာ အေရာင္မ်ိဳးစုံ ႐ွိတဲ့ ေလွငယ္ အနည္းငယ္႐ွိၿပီး ေလထဲခုန္ကာ ေရထဲ ျပန္က်သြားသည္။
သူ ရင္ခုန္ စိတ္လႈပ္႐ွားစြာနဲ႔ ခုန္ေနၿပီး မိုင္နဲ က သူ႕လက္ကို တင္းတင္းၾကပ္ၾကပ္ ဆုပ္ကိုင္ထားသည္။ ေခါင္းကို လွည့္ကာ မိုင္နံ ကို ျပဳံးျပလိုက္သည္။ ေလွက အေပၚ တက္သြားၿပီး က်လာသျဖင့္ က်ယ္ေလာင္စြာ ေအာ္လိုက္သည္။
ေလာင္ထန္း က အေ႐ွ႕ခုံမွ အားတက္သေရာ ေအာ္ဟစ္ေနၿပီး အျခားေလွမ်ားစြာ ျဖတ္သြားစဥ္ လက္ေဝွ႔ယမ္းကာ ႏႈတ္ဆက္လိုက္သည္။
၁၀မိနစ္ေလာက္ ၾကာေတာ့ ေလွက တျခား ဆိပ္ကမ္းမွာ ရပ္သြားသည္။ အဆက္မျပတ္ စိတ္လႈပ္႐ွားေနရာ ကေန လြတ္ၿငိမ္းခ်မ္းသာမႈ ထြက္ေပၚလာသည္။ ႐ွဲ႕စန္း သည္ သူ႕ထိုင္ခုံတြင္ ထိုင္ကာ သူ႕မ်က္ႏွာေပၚတြင္ အျပဳံးတစ္ခု႐ွိေနသည္။
မိုင္နဲ က သူ႕ကို ျပဳံးစိစိျဖင့္ ၾကည့္ေနသည္။ "မင္း ႀကိဳက္လား?"
႐ွဲ႕စန္း ခ်က္ခ်င္း ေခါင္းညိတ္လိုက္သည္။ "စိတ္လႈပ္႐ွားစရာေကာင္းတယ္"
ဒါက သူတို႔ ေဘးကင္းေရး ကို အေလးထားၿပီး ပ်ံသန္းေနတဲ့ ျခေသၤ့သားရဲနဲ႔ လုံးဝ ကြဲျပားၿပီး အတက္အဆင္း၊ အ႐ွိန္အဟုန္ျဖင့္ ျဖတ္သြားခဲ့သည္။
ေရသူမေလွရဲ႕ ဆင္းသက္မႈ က လုံးဝ လြတ္လပ္စြာ ျပဳတ္က်ျခင္း ျဖစ္သည္။ အျမန္ႏႈန္း ကို ေႏွးေကြးရန္ ျပင္ပ တြန္းအား မ႐ွိတာေၾကာင့္ ပိုၿပီး စိတ္လႈပ္႐ွားစရာ ေကာင္းသည္။
ေလာင္ထန္း ပိုင္ေက်ာင္း ကို ၾကည့္လိုက္ေတာ့ ပိုင္ေက်ာင္းရဲ႕ ေအာက္ႏႈတ္ခမ္းတြင္ သြားရာမ်ား ႐ွိေနတာ ကို သတိျပဳမိသည္။ သူ လက္ကို ဆန္႔ၿပီး ႏႈတ္ခမ္းကို လွမ္းထိလိုက္သည္။ မထင္မွတ္ပဲ ႏႈတ္ခမ္း က ႏူးညံ့ေနတယ္။ "မင္း မႀကိဳက္ဘူးလား" လို႔ စိတ္ပ်က္လက္ပ်က္နဲ႔ ေျပာလိုက္တယ္။
ပိုင္ေက်ာင္း အံ့ၾသသြားသည္။ သူ႕ေခါင္းကို ေနာက္ျပန္ဆုတ္လိုက္ၿပီး ႏႈတ္ခမ္းေလး နည္းနည္း ေကြးသြားကာ
"မဟုတ္ဘူး၊ အရမ္း ႀကိဳက္တယ္။"
ေလထဲ ေျမာက္သြားတဲ့ အခ်ိန္တုန္း က လႊင့္ပစ္လိုက္သလိုမ်ိဳး မသက္မသာ ခံစားရလိုက္ေပမယ့္ တစ္ခ်ိန္တည္းမွာပဲ ဒါက ေပါ့ပါးၿပီး ပ်ံသန္းေနတဲ့ ခံစားခ်က္တစ္မ်ိဳး ျဖစ္လာကာ အဆုံးမွာေတာ့ သူ႕စိတ္ခံစားခ်က္ က အရမ္းကို ေအးခ်မ္းသြားတယ္။
ေလာင္ထန္း က သူ႕ကို မယုံဘဲ ႏႈတ္ခမ္းကို ၫႊန္ျပလိုက္တယ္။ "မင္း ႏႈတ္ခမ္းကို ကိုက္ထားလို႔ ေသြးထြက္ေနတယ္"
ပိုင္ေက်ာင္း မသိစိတ္က သူ႕ႏႈတ္ခမ္းေတြ ကို လွ်ာနဲ႔ သပ္လိုက္ၿပီး ေပါ့ေပါ့ပါးပါး ျပဳံးျပလိုက္တယ္။
"ဒါက မေအာ္မိေအာင္ ထိန္းထားတာေလ"
ေလာင္ထန္း က အနည္းငယ္ စိုစြတ္ေနတဲ့ ႏႈတ္ခမ္းေတြ ကို စိုက္ၾကည့္ရင္း ႏွလုံးခုန္သံ ႐ုတ္ခ်ည္း ျမန္သြားသည္။ ေလထဲေျမာက္သြားးတဲ့ အခ်ိန္ကထက္ေတာင္ ပိုျမန္ေနတယ္။
ပိုင္ေက်ာင္း ထိုအၾကည့္ ေအာက္တြင္ မသက္မသာ ခံစားရၿပီး သူ႕မ်က္လုံး အေ႐ွ႕တြင္ သူ႕လက္ကို ေဝွ႔ယမ္းကာ ေခ်ာင္းဆိုးလိုက္သည္။
"ဘာမွားေနလို႔လဲ?"
ေလာင္ထန္း က သတိျပန္ဝင္လာၿပီး တဟားဟား ရယ္ကာ ေခါင္းအေနာက္ကို ပြတ္လိုက္သည္။
"ဘာမွ မဟုတ္ဘူး။ အသံ က်ယ္က်ယ္ ေအာ္ရမွာ ေၾကာက္တာလား။ အားစန္း က ေအာ္ေနတာ မဟုတ္ဘူးလား?"
႐ွဲ႕စန္း က ေခါင္းညိတ္လိုက္ၿပီး ပိုင္ေက်ာင္း အား "အက်ယ္ႀကီး ေအာ္လိုက္ရတာ အရမ္း ေကာင္းတယ္။ ေနာက္တစ္ႀကိမ္က်ရင္ ေအာ္ၾကည့္ပါ။ အရမ္း ေကာင္းတယ္!"
ေလာင္ထန္း က "ဒါဆို ထပ္စီးရေအာင္!"
ပိုင္ေက်ာင္း က ေခါင္းခါလိုက္ၿပီး "ငါ နည္းနည္း အနားယူရမယ္"
႐ွဲ႕စန္း သူ႕ရင္ဘတ္ကိုသူ ပုတ္လိုက္သည္။ "ငါလည္း အနားယူရမွာေပါ့" သူ႕ေနာက္ေက်ာ ကို တိတ္တဆိတ္ ပြတ္သပ္လိုက္သည္။ မေန႔ညရဲ႕ ေနာက္ဆက္တြဲ အက်ိဳးဆက္ေၾကာင့္ သူလက္ေလွ်ာ့လိုက္သည္။
မိုင္နဲ က ႐ွဲ႕စန္းရဲ႕ လႈပ္႐ွားမႈ ကို သတိျပဳမိၿပီး ႐ွဲ႕စန္းရဲ႕ ခါးေပၚတြင္ သူ႕လက္ကို တင္လိုက္သည္။ သူ မ်က္ေမွာင္ၾကဳတ္ၿပီး ဘာေတြျဖစ္ေနတာလဲ ေမးခ်င္ေပမယ့္ ႐ွဲ႕စန္း က သူ႕ကို စိုက္ၾကည့္ေနသည္။
"ေမးဖို႔ မစဥ္းစားနဲ႔ ငါ အဆင္ေျပတယ္!!!"
မိုင္နဲ က အသာ ရယ္ေမာလိုက္ၿပီး ပိုင္ေက်ာင္း နဲ႔ ေလာင္ထန္း တို႔က ေလွေပၚက ဆင္းလိုက္ၾကသည္။ သူတို႔ ေပ်ာ္ေပ်ာ္ပါးပါး ေနၿပီးေနာက္ ဟိုတယ္ ကို ျပန္လာခဲ့ၾကသည္။
လမ္းမွာ သူတို႔ ေလးေယာက္ က ေဆြးေႏြးၿပီး ေနာက္တစ္ေန႔မွာ ျပန္ဖို႔ ဆုံးျဖတ္လိုက္သည္။ အျပန္ ခရီး က ၅ရက္နီးပါး ၾကာျမင့္မည္ ျဖစ္ၿပီး ေစာေစာ ျပန္ပါက၊ ဇူလိုင္လ မတိုင္မီ ဘရန္႔ဒ္ၿဂိဳလ္သို႔ ျပန္သြားႏိုင္သည္။ ဆုံးျဖတ္ခ်က္ ခ်ၿပီးေနာက္ ေလာင္ထန္း က လွ်ဴ႐ွန္းထံ ဆက္သြယ္ၿပီး ထြက္ခြာမယ့္ အခ်ိန္ကို စီစဥ္ေပးခဲ့သည္။
"အားစန္း၊ ေန႔လည္စာ အတြက္ ေဟာ့ေပါ့အစပ္ စားခ်င္တယ္၊ အဆင္ေျပလား" ဟိုတယ္ကို ေရာက္တဲ့အခါ ေလာင္ထန္း က ႐ွဲ႕စန္း ကို ေမွ်ာ္တလင့္တႀကီး ၾကည့္ေနခဲ့သည္။
႐ွဲ႕စန္း ေခါင္းညိတ္လိုက္ၿပီး "ရတယ္ေလ" သူတို႔ မၾကာခင္ ထြက္သြားရင္ ေနာက္တစ္ခါ ပင္လယ္စာ စားဖို႔ဆိုတာ လြယ္မွာ မဟုတ္ေခ်။
သူတို႔ ၄ေယာက္ က ၅၇ထပ္မွာ သီးသန္႔အခန္း ကို ႀကိဳတင္ မွာထားၿပီး ေဟာ့ေပါ့ ၂အိုး မွာလိုက္သည္၊ တစ္အိုး က င႐ုတ္သီးနဲ႔ ျဖစ္ၿပီး အခ်ိဳနဲ႔ တစ္အိုး မွာခိုင္းလိုက္သည္။ စပ္ဖ်ဥ္းဖ်ဥ္း အနံ႔ က မၾကာမီ ပ်ံ႕လြင့္သြားကာ က်န္တဲ့ ေလာဘႀကီးေသာ ဧည့္သည္ေတြ ကို စြဲေဆာင္သြားသည္။
စားဖိုမႉး က အခုအခါ အေတြ႕အၾကဳံ ႐ွိေနခဲ့ၿပီး၊ သူတို႔ ထုတ္ကုန္ အသစ္ေတြ ကို ဖန္တီးေနေၾကာင္းႏွင့္ တူညီတဲ့ ေဟာ့ေပါ့ ကို လိုခ်င္တဲ့ ေဖာက္သည္ကို ျပန္လည္တုံ႔ျပန္ခဲ့သည္။ သူတို႔ ေလးေယာက္ ပင္လယ္စာ ခ်က္ျပဳတ္ဖို႔ ေစာင့္ရင္း စကားစျမည္ ေျပာေနတုန္း လန္နီ က အခန္းထဲ ဝင္လာသည္။
လန္နီရဲ႕ မ်က္လုံးေတြ က ေဟာ့ေပါ့ေပၚတြင္ ခဏၾကာေအာင္ စိုက္ၾကည့္ေနခဲ့သည္။
"တိုက္ဆိုင္လိုက္တာ။ မင္း မၾကာခင္ အျပာေရာင္ၿဂိဳလ္ က ျပန္ေတာ့မွာ မဟုတ္လား။ ဒီဟင္း က ငါ့အတြက္ပဲ" ဟု ေျပာကာ လြတ္ေနတဲ့ ေနရာတြင္ ထိုင္လိုက္သည္။
႐ွဲ႕စန္း က ျပဳံးၿပီး "ေက်းဇူး အမ်ားႀကီး တင္ပါတယ္"
လန္နီ က မာနႀကီးစြာ ေခါင္းညိတ္ျပေသာ္လည္း သူ႕လက္ေတြ က မေႏွးေပ။ အသားက်က္တာ ေတြ႕တာနဲ႔ မေစာင့္ေတာ့ပဲ စ စားေတာ့တယ္။
ေလာင္ထန္း က ေဟာ့ေပါ့ကို စိုက္ၾကည့္ရင္း က်က္သြားတာ ကို ေတြ႕ေတာ့ ခ်က္ခ်င္း ျမန္ျမန္ စားလိုက္ေတာ့တယ္။ စားၿပီးေတာ့ လန္နီ က ပါးစပ္ကို သုတ္လိုက္ၿပီး ေရအနည္းငယ္ ေသာက္လိုက္သည္။ သူ႕မ်က္ႏွာက နီရဲေနၿပီး ႏႈတ္ခမ္းေတြက ေသြးေတြ ႐ႊဲေနသလို နီရဲေနကာ သူ႕မ်က္လုံးေတြ က စိုစြတ္ ေနသည္ ။
အစပ္အိုး ကို ၾကည့္လိုက္သည္။ "မင္းမွာ င႐ုတ္သီးဘယ္ေလာက္႐ွိလဲ။ ငါ့ကို ေရာင္းပါ"
႐ွဲ႕စန္း က က်န္႐ွိတဲ့ စြမ္းအင္ ကို ၾကည့္လိုက္သည္။ ၃၀၀ ေက်ာ္ ႐ွိေနေသးသည္။ သူ စဥ္းစားလိုက္သည္။
"ရတယ္၊ ဒါေပမယ့္ ငါ ပိုက္ဆံမလိုခ်င္ဘူး၊ အျပာေရာင္ၿဂိဳလ္ရဲ႕ အထူး အစားအစာ က ဘာလဲ"
လန္နီ ေခါင္းညိတ္လိုက္သည္။ "ေနလွန္းထားတဲ့ ငါးေလးေတြ၊ ပုစြန္၊ ဂုံးေကာင္ေတြနဲ႔ တျခားအစားအစာေတြ ႐ွိတယ္။ ဒါဆို ရမလား?"
႐ွဲ႕စန္းရဲ႕ မ်က္လုံးေတြ ေတာက္ပလာသည္။ "ရတယ္၊ င႐ုတ္သီးမႈန္႔ ကို တိုက္႐ိုက္ေပးမယ္၊ အစပ္ဆုံးပဲ။ အစပ္ ေဟာ့ေပါ့လို အရသာ႐ွိေအာင္ နည္းနည္း သုံး႐ုံပဲ။ အဲဒါဆို ဘယ္လိုလဲ?"
"ေကာင္းၿပီေလ"
ေနာက္ဆုံးတြင္ ႐ွဲ႕စန္း က င႐ုတ္သီး အေတာင့္ ႏွစ္ဆယ္ကို လဲလွယ္ၿပီးေနာက္ အားလုံးကို ပုံးထဲတြင္ အမႈန္႔ျဖစ္ေအာင္ လုပ္ခိုင္းထားလိုက္သည္။ အဲဒါကို အျပာေရာင္ၿဂိဳလ္ရဲ႕ အေျခာက္လွန္းထားတဲ့ ကုန္ပစၥည္း ေပါင္၂၀ျဖင့္ လဲလွယ္ခဲ့သည္။
သူက ပိုၿပီး လဲလွယ္ခ်င္ေပမယ့္ ကုန္ေျခာက္ က နည္းနည္းေလးပဲ ႐ွိတယ္ လို႔ လန္နီ က ေျပာသည္။ ေရသူမေတြ က လတ္ဆတ္တဲ့ ပင္လယ္စာ စားရတာ ႏွစ္သက္တာေၾကာင့္ ေရသူမေတြ အတြက္ အစားအစာ ေထာက္ပံ့မႈ ေသခ်ာေစဖို႔ အျပာေရာင္ၿဂိဳလ္တြင္ အမ်ားသူငွာ ေရာင္းခ်ဖို႔အတြက္ အေျမာက္အျမား ဖမ္းျခင္း ကို တားျမစ္ထားသည္။ ဒီကုန္ေျခာက္ ပစၥည္းေတြ ကို အျခားၿဂိဳလ္ရဲ႕ သံတမန္မ်ား အတြက္ အထူး ျပင္ဆင္ထားတာ ျဖစ္သည္။
႐ွဲ႕စန္း က ကုန္ေျခာက္ အေျမာက္အျမား ႐ွိတဲ့ ကုန္ပစၥည္းေတြ ကို ၾကည့္ကာ အျမတ္ရသည္ ဟု ခံစားလိုက္ရသည္။
စားေသာက္ၿပီးေနာက္ သူတို႔ ေလးေယာက္ လမ္းေလွ်ာက္သြားရင္း လက္မႈပစၥည္း၊ ခ႐ုခြံႏွင့္ ပုလဲထြက္ကုန္ အခ်ိဳ႕ကို ဝယ္ခဲ့ၾကသည္။
႐ွဲ႕စန္း ေခတ္မီလွပတဲ့ ေၾကာ္ျငာေတြ ကို စဥ္းစားၿပီး ပိုင္ေက်ာင္း အား ေျပာခဲ့သည္။
"ပုလဲမႈန္႔ က ခႏၶာကိုယ္အတြက္ ေကာင္းၿပီး အသားအေရ ကို ျဖဴစင္ေစတယ္၊ ေနာက္ထပ္ ဝယ္ထားသင့္တယ္"
ပိုင္ေက်ာင္းရဲ႕ မ်က္လုံးေတြ ေတာက္ပလာသည္။
"ပုလဲမႈန္႔ ကို ေသာက္ဖို႔ ေ႐ွးစာအုပ္ တစ္အုပ္မွာ တစ္ခါေတြ႕ဖူးေပမယ့္ စာမ်က္ႏွာေတြ က စုတ္ျပတ္သြားလို႔ တိက်တဲ့ အာနိသင္ေတြ ကို မေတြ႕ရဘူး။ အဲဒါကို ဘယ္မွာေတြ႕တာလဲ။ အခ်က္အလက္ေတြ ငွားလို႔ ရႏိုင္မလား"
႐ွဲ႕စန္း က ေျခာက္ကပ္စြာ ရယ္ေမာလိုက္သည္။ "အင္း၊ ငါလည္း ေမ့သြားၿပီ။ ငါ့မွာ အခ်က္အလက္ တစ္ခုပဲ ႐ွိၿပီး သိပ္႐ွင္း႐ွင္းလင္းလင္း မသိဘူး"
ပိုင္ပက်ာင္း က နည္းနည္းေတာ့ ေနာင္တရသြားေပမယ့္ မၾကာခင္မွာပဲ ထပ္ၿပီး ရယ္လိုက္တယ္။ "ရပါတယ္၊ သူတို႔က ပစၥည္းေတြပဲ။ ေဆးရဲ႕ ဆိုးက်ိဳးေတြ ကို ေလ့လာရတာ လြယ္ပါတယ္"
သူ က ပုလဲမႈန္႔ ကို ေတြ႕ရန္ လမ္းသို႔ တိုက္႐ိုက္ သြားကာ အားလုံးကို ဝယ္ခဲ့သည္။
သူတို႔ ေလးေယာက္ က ေန႔ခင္းဘက္ ေဈးဝယ္ထြက္ၾကၿပီး ညစာစားခ်ိန္မွာ ဟိုတယ္ကို ျပန္လာၾကသည္။ အတူတူ စားေသာက္ၾကၿပီး အိပ္ခန္းထဲ ျပန္ဝင္ၾကသည္။
စက္႐ုပ္ ပ႐ိုဂရမ္ ကို ေရးဆြဲေနတဲ့ မိုင္နဲ က သူ႕ေဘးတြင္ ထိုင္ေနခ်ိန္ သူကေတာ့ ဆိုဖာေပၚတြင္ လွဲေနခဲ့သည္။
႐ွဲ႕စန္း သူ႕စိတ္ထဲတြင္ အက္ဒမ္ ကို ေခၚလိုက္သည္။ ဒီတစ္ႀကိမ္တြင္ အက္ဒမ္ က လ်င္ျမန္စြာ တုံ႔ျပန္ခဲ့ၿပီး သူရဲ႕ အသံမွာ အားနည္းသြားသည္။
( "အားစန္း")
႐ွဲ႕စန္း က စိုးရိမ္တႀကီးေမးခိုက္သည္။ ("မင္းဘာျဖစ္ေနတာလဲ။ စြမ္းအင္ ျပန္ရၿပီး အေျခအေန ေကာင္းသင့္တယ္ မဟုတ္ဘူးလား")
အက္ဒမ္ က သက္ျပင္းခ်ရင္း ("ဒါေပမယ့္ စြမ္းအင္က တကယ္ ျပန္မေကာင္းလာေသးဘူး။ ေရစြမ္းအင္ ကို စုေဆာင္းၿပီးေတာ့ စြမ္းအင္ကို ေပါင္းစည္းဖို႔ လုပ္တာ၊ ေရစြမ္းအင္ က ငါးပုံတစ္ပုံေလာက္ လိုေနတာ ေတြ႕လိုက္ရတယ္။ သူ႕ရဲ႕ ေနရာ ႐ွာဖို႔ လက္က်န္စြမ္းအင္နဲ႔ အာ႐ုံခံဖို႔ လုပ္ခဲ့ေပမယ့္ မရဘူး")
႐ွဲ႕စန္း ေအးခဲသြားၿပီး ညာဘက္ပခုံးေပၚမွ အက်ႌကို ဆြဲခ်လိုက္သည္။ ("ျပန္ေကာင္းလာလို႔ ၿပီးသြားၿပီထင္တာ...") သူ႕စာေၾကာင္း တစ္ဝက္ေလာက္မွာ ေတာက္ပေနတဲ့ ငါးေရာင္စုံ ပ်ိဳးနီပန္း ကို ၾကည့္ၿပီး ႐ုတ္တရက္ သေဘာေပါက္သြားသည္။
စြမ္းအင္ ငါးမ်ိဳး ကို ေပါင္းစပ္ မထားတဲ့အခါ၊ စြမ္းအင္ျပန္ယူရင္ တစ္မ်ိဳးစီအတြက္ သက္ဆိုင္ရာ အေရာင္ က ေတာက္ပလာလိမ့္မယ္၊ သို႔ေသာ္ စြမ္းအင္ ငါးမ်ိဳးလုံး ကို စုေဆာင္းလိုက္ေတာ့၊ ပ်ိဳးနီပန္း အေရာင္ က သူ႕ရဲ႕ မူလအေရာင္ ျဖစ္သင့္တယ္__အနီေရာင္ေလ ......
ကမ႓ာပ်က္ကပ္ မတိုင္ခင္က ပ်ိဳးနီပန္းလို အနီရင့္ရင့္ေလးေလ။
စြမ္းအင္ ျပန္ယူတဲ့ ကာလမွာ ပ်ိဳးနီပန္း ေျပာင္းလဲမႈေတြ ႐ွိေပမယ့္ သူ႕အေတြးေတြ က ႐ႈပ္ယွက္ခတ္ေနတယ္ေလ၊ အဲဒါေၾကာင့္ အေရာင္မွိန္ေနတဲ့ ပြင့္ခ်ပ္ က အလင္းတန္းကို ျမင္ေတာ့ ေရစြမ္းအင္ စုေဆာင္းမႈ ၿပီးသြားၿပီလို႔ ထင္ခဲ့တာ။ အဲဒါေၾကာင့္ သူ ႏိုးလာၿပီး ပ်ိဳးနီပန္း ပြင့္ခ်ပ္ေတြ အားလုံး လင္းေနတာ ျမင္ရေတာ့ ျပႆနာ႐ွိေနမွန္း လုံးဝ မသိလိုက္တာ။
ဘယ္ေလာက္ေတာင္ ႐ူးရတာလဲ၊ သူ႕ကိုယ္သူ က်ိန္ဆဲလိုက္တယ္။
အဲဒါကို သူစဥ္းစားၿပီး အက္ဒမ္ကို ႏွစ္သိမ့္လိုက္သည္။
("အဆင္ေျပပါတယ္၊ စိတ္မပူပါနဲ႔။ ငါတို႔ ၿပီးျပည့္စုံတဲ့ စြမ္းအင္ ေလးခုေတာင္ ျပန္ရၿပီးၿပီေလ၊ အခ်ိန္ ၃ႏွစ္ေက်ာ္ က်န္ေသးတယ္။ ငါတို႔ ေသခ်ာေပါက္ နည္းလမ္း႐ွာေတြ႕လိမ့္မယ္")
အက္ဒမ္ လန္႔သြားသည္။ ("ဟုတ္တယ္ မင္းေျပာတာ မွန္တယ္။ ေရစြမ္းအင္က ငါးပုံတစ္ပုံပဲ ႐ွိေတာ့ အရမ္း အားနည္းၿပီး အခု အာ႐ုံခံလို႔ မရေပမယ့္ ငါ့ရဲ႕ကိုယ္ပိုင္စြမ္းအင္ က လုံေလာက္ေနသေ႐ြ႕ ငါ အာ႐ုံခံႏိုင္မွာပါ"
႐ွဲ႕စန္း က ခ်က္ခ်င္း ေမးလိုက္တယ္ ("မင္းရဲ႕ စြမ္းအင္ေတြ က အသက္သြင္းထားတဲ့ အပင္ေတြ မ်ားေလ ပိုအားေကာင္းေလလား")
("ဟုတ္တယ္ အားစန္း က အရမ္း စမတ္က်တယ္") အက္ဒမ္ က ႐ွဲ႕စန္း ကို ခ်ီးက်ဴးၿပီး အားေပးလိုက္တယ္။
("အားစန္း က အေကာင္းဆုံးပဲ။ ၾကည့္ေလ...၊ သုံးလေက်ာ္ အတြင္းမွာ မင္း အပင္အမ်ိဳးအစား ၅ခုပို စၿပီး အသုံးျပဳႏိုင္ေနၿပီ။ အပင္ေတြ အမ်ားႀကီး ကို ျမန္ျမန္ဆန္ဆန္ အသက္သြင္းႏိုင္မွာ ေသခ်ာတယ္။ငါလည္း အနားယူၿပီး အားအင္ေတြ စုေဆာင္းမိေအာင္ အစြမ္းကုန္ ႀကိဳးစားသြားမွာ"
႐ွဲ႕စန္း က ("မင္း ေကာင္းေကာင္း အနားယူပါ၊ ငါလည္း အေကာင္းဆုံး လုပ္မွာပါ")
("အားစန္း က အရမ္း မိုက္တယ္") အက္ဒမ္က ထပ္ခ်ီးမြမ္းၿပီး ဘာမွ ထပ္မေျပာေတာ့ေပ။
႐ွဲ႕စန္း စနစ္ ကို ဖြင့္ၿပီး စာမ်က္ႏွာ၆ သို႔ တည့္တည့္ လွန္လိုက္သည္။ သူ စြမ္းအင္ကို ၾကည့္ၿပီးေနာက္ အေပါင္း လကၡဏာ ကို ၾကည့္လိုက္ေတာ့ (' အပင္ကို အသက္သြင္းဖို႔ စြမ္းအင္ ၁၀ခု ကို သုံးခ်င္လား') ဆိုတဲ့ စကားလုံးက ခ်က္ခ်င္းပဲ သူ႕စိတ္ထဲမွာ ေပၚလာသည္။
႐ွဲ႕စန္း က 'Yes' ကိုေ႐ြးခ်ယ္ခဲ့ၿပီးေနာက္ ရင္းႏွီးတဲ့ အသံတစ္ခု သူ႕ေခါင္းထဲတြင္ ေပၚလာသည္။
("နဂါးေမာက္သီး ကို အသက္သြင္းျခင္း အတြက္ ဂုဏ္ယူပါတယ္၊ အသီးထိပ္႐ွိ သစ္႐ြက္ရဲ႕ မာေက်ာမႈ က မင္းအတြက္ပါပဲ၊ နဂါးေမာက္သီး တစ္လုံးအတြက္ စြမ္းအင္တစ္ခု က်သင့္ပါတယ္")
တစ္ခ်ိန္တည္းမွာပဲ ဆ႒မစာမ်က္ႏွာ အလြတ္တြင္ အနီေရာင္ ဘဲဥပုံ နဂါးေမာက္သီးတစ္လုံး ထြက္ေပၚလာသည္။ အသီးထိပ္တြင္ အနီေရာင္ႏွင့္ အစိမ္းရင့္ေရာင္ ေရာေႏွာထားတဲ့ သစ္႐ြက္မ်ား ႐ွိေနသည္။
႐ွဲ႕စန္း ဓါးတစ္ေခ်ာင္းလို ပါးလႊာၿပီး က်ဥ္းေျမာင္းတဲ့ သစ္႐ြက္ထိပ္ ကို စိုက္ၾကည့္ကာ အေတြးျဖင့္ ေမးေစ့ကို ပြတ္လိုက္သည္။ နဂါးေမာက္သီး ကို ကိုင္ၿပီး လူေတြကို သစ္႐ြက္ ထိပ္ဖ်ားနဲ႔ ထိုးဖို႔ စိတ္ကူးၾကည့္လိုက္သည္။ သူ႕ႏႈတ္ခမ္းေလး တြန္႔ေကြးသြားကာ သူငယ္တန္း ကေလးေတြ ကစားေနတဲ့ ခံစားခ်က္ ကို ခံစားလိုက္ရသည္။
ဒါေပမယ့္ အရင္ အပင္ေတြ အေၾကာင္း 'ထူးျခားခ်က္မ်ား' ကို ေတြးၾကည့္ေတာ့ ထိုအယူအဆကို အျမန္ ပယ္ခ်လိုက္သည္။ စနစ္ရဲ႕ မာေက်ာမႈ ဆိုတာ က လုံးဝ ထူးထူးျခားျခား ျဖစ္ေနလိမ့္မည္။ သူသာ လူေတြကို တကယ္ ထိုးမိလိုက္ရင္ ဓားေျမႇာင္နဲ႔ အတူတူပဲ ျဖစ္လိမ့္မယ္။
စနစ္ ႐ွိ ပုံေတြ က အရမ္း လက္ေတြ႕က်သည္။ ၾကည့္လိုက္႐ုံျဖင့္ နဂါးေမာက္သီးရဲ႕ ေပါ့ပါးၿပီး နည္းနည္း ခ်ိဳတဲ့ အရသာကို စိတ္ကူးယဥ္ေနမိၿပီ ျဖစ္သည္။
"ဗိုက္ဆာလို႔လား?" မိုင္နဲ က ေခါင္းငုံ႔ကာ ေမးလိုက္သည္။
႐ွဲ႕စန္း က ေခါင္းခါလိုက္ၿပီး "မဟုတ္ဘူး၊ ငါ အခုမွ ညစာ ၿပီးသြားတာေလ!"
မိုင္နဲ က သူ႕ကို ၾကည့္လိုက္သည္။ "ဘာေတြ ေတြးေနတာလဲ။ မင္း ခဏေလာက္ တစ္ေနရာတည္းကို စိုက္ၾကည့္ေနတာ"
႐ွဲ႕စန္း ႐ႈံ႕မဲ့သြားသည္။ မိုင္နဲ သူ႕ကို ၾကည့္ေနတာေတာင္ သတိမထားမိလိုက္ဘူး။ သူ အနည္းငယ္ ဟန္႔လိုက္သည္။
"ငါ ေတြးေနတာ မင္း ဘယ္လိုသိလဲ။ မင္း အလုပ္ကို မင္း အေလးအနက္ မထားဘူးေနာ္!"
မိုင္နဲ က သူ႕ေမးေစ့ကို ဆြဲကာ ႏႈတ္ခမ္းကို နမ္းလိုက္သည္။ သူ႕မ်က္လုံးေတြ က စူး႐ွေနၿပီး
"မင္း အေၾကာင္းအရာ ကို ေျပာင္းေနတယ္"
႐ွဲ႕စန္း က ပိုေ႐ွာင္ေလ၊ သူ႕ကို အံ့ဩေစတဲ့ အလားအလာ မ်ားေလပဲ ၊ အဲဒါေၾကာင့္ စနစ္အေၾကာင္း မေတြးေတာ့ဘဲ
"အပင္အသစ္ ရတယ္ေလ၊ အသီးတစ္ခု ႐ွိလာေတာ့ စားရမလား လို႔ ေတြးေနမိတာ "
အစ က သူ စြမ္းအင္ ျပန္ရတာနဲ႔ တၿပိဳင္နက္ မိုင္နဲအား စနစ္ အေၾကာင္း ေျပာျပဖို႔ စီစဥ္ထားေပမယ့္ ေရစြမ္းအင္ က တစ္စိတ္တစ္ပိုင္း ေပ်ာက္ဆုံးသြားတာ ေတြ႕လိုက္ရတယ္။ မိုင္နဲ စိတ္ပူရမွာ ကို ေ႐ွာင္ဖို႔အတြက္ အခုအခ်ိန္မွာ သူ႕ကို ေျပာျပမွာ မဟုတ္ဘူး။
မိုင္နဲ က သူ႕လက္ကို သူ႕ညာဖက္ ပခုံးေပၚ တင္လိုက္ၿပီး "မင္းရဲ႕ ဆက္ႏြယ္ အပင္နဲ႔ မတူတဲ့အပင္ေတြ ဘာလို႔ ထြက္လာတာလဲ" လို႔ ေမးၿပီး အံ့ၾသစြာ ၾကည့္ေနလိုက္သည္။
႐ွဲ႕စန္း ေမးခြန္းကို ၾကားၿပီး အမွန္တရားနဲ႔ နီးစပ္ေစဖို႔ အစြမ္းကုန္ ႀကိဳးစားေျဖခဲ့သည္။
"ပြင့္ခ်ပ္ေတြရဲ႕ အေရာင္ က မတူတဲ့အတြက္ေၾကာင့္ ျဖစ္ေကာင္း ျဖစ္ႏိုင္တယ္၊အဲဒါေၾကာင့္ အေရာင္စုံတဲ့ အပင္ေတြ ထြက္လာႏိုင္ေလာက္တယ္"
မိုင္နဲ က သူ႕ကို အနီးကပ္ ဆြဲေခၚလိုက္သည္။ "ကိုယ္တို႔ တျခားသူေတြ သိဖို႔ ခြင့္မျပဳႏိုင္ဘူး။ ဒီအပင္က ၿဂိဳလ္ေတြ အတြက္ အရမ္း အေရးႀကီးတယ္"
႐ွဲ႕စန္း ေခါင္းညိတ္လိုက္သည္။ "ငါသိတယ္၊ အပင္႐ွာေဖြေရး အဖြဲ႕အစည္း နဲ႔ အလုပ္ တြဲလုပ္တဲ့ ငါ့ရဲ႕ ေ႐ြးခ်ယ္မႈ က အဲဒါနဲ႔ သက္ဆိုင္တယ္။ ငါတို႔ က ေနရာအနည္းငယ္ ေရာက္ဖူးတယ္၊ အဲဒါေၾကာင့္ အဲဒီမ်ိဳးေစ့ေတြကို အဲဒီမွာ ေတြ႕တယ္ ဆိုၿပီး ေျပာလိုက္မယ္ေလ၊ တျခားသူေတြ ကို အဲဒီလို ေျပာတာ ေကာင္းမယ္၊ အဲဒါေတြ ကို အဖြဲ႕အစည္း က တီထြင္ခဲ့တာပဲ"
သူက မိုင္နဲရဲ႕ လက္ကို ပုတ္လိုက္သည္။ "စိတ္မပူပါနဲ႔။ ငါ့မွာ အပင္ေတြ မ်ားေလ ငါ့လုပ္ႏိုင္စြမ္း ပိုမ်ားေလေလပဲ။ ငါ့ကိုယ္ငါ ကာကြယ္ႏိုင္စြမ္း႐ွိတယ္"
မိုင္နဲ က နမ္းလိုက္သည္။ "ကိုယ္ မင္းကို ကာကြယ္ေပးမယ္"
ေနာက္တစ္ေန႔ ၇နာရီခြဲ တြင္ အာကာသယာဥ္က အျပာေရာင္ၿဂိဳလ္ရဲ႕ အာကာသစခန္း မွ အခ်ိန္မွန္ ထြက္ခြာခဲ့သည္။ ငါးရက္အၾကာ ေန႔လည္သုံးနာရီ တြင္ အာကာသယာဥ္သည္ ဘရန္႔ဒ္ၿဂိဳလ္ရဲ႕ အာကာသစခန္းသို႔ ဆိုက္ေရာက္ခဲ့သည္။ သူတို႔ ၄ေယာက္ က လွ်ဴ႐ွန္း အား ေက်းဇူးတင္စကား ေျပာခဲ့ၾကၿပီး ဆက္ႏြယ္သားရဲေတြ ေနထိုင္သည့္ ေနရာအသစ္ သို႔ တိုက္႐ိုက္ သြားလိုက္ၾကသည္။
႐ွဲ႕စန္း အိမ္အသစ္ကို ေရာက္သြားတဲ့အခါ၊ ဆက္ႏြယ္သားရဲေတြ က သူတို႔ရဲ႕ ကိုယ္ပိုင္ဂိမ္းေတြ ကို ကစားေနၾကသည္။ သို႔ေသာ္ တံခါးဖြင့္သံ ၾကားတဲ့အခါ အားလုံးက ေခါင္းလွည့္ ၾကည့္လာၾကၿပီး သူ႕ကိုျမင္ေတာ့ ေနရာတိုင္းမွ ခ်က္ခ်င္း ေျပးလာၾကသည္။
Live႐ွိ ၾကည့္႐ႈသူေတြ က [Wow၊ တင္ဆက္သူ ျပန္ေရာက္လာၿပီ!]
[ဟားဟားးး၊ တင္ဆက္သူ ကို ဝိုင္းဆြဲထားဖို႔ အျပာေရာင္ၿဂိဳလ္ ကို သြားခဲ့ၾကတဲ့သူေတြ၊ အခု အိမ္သာထဲမွာ ငိုေနၾကၿပီလား]
[တင္ဆက္သူ ျပန္လာေတာ့ ေတြးမိတာ တစ္ခု႐ွိတယ္ ၊ဒီတစ္ခါ ယူလာတဲ့ ဆက္ႏြယ္သားရဲ အသစ္က ဘာလဲ!]
႐ွဲ႕စန္း ေျပးလႊားေနတဲ့ ဆက္ႏြယ္သားရဲေတြ ကို ၾကည့္ၿပီး
"အဲဒီမွာတင္ ရပ္လိုက္!"
တကယ္လို႔ သူ သူတို႔ကို မတားႏိုင္ရင္ ခ်က္ခ်င္း ေဆး႐ုံ ေရာက္သြားလိမ့္မယ္။
_____________________________________________________
၂ပုဒ္စလုံး Pdf file ရပါၿပီေနာ္ 😊😊😊🤎🤎🤎