အပင်စနစ်နဲ့အတူ သားရဲကမ္ဘာသို့...

By Tharaphy97

696K 116K 2.4K

The Interstellar' expert plants tamer Chapter 111(+Extra 3)= 114 ရှဲ့စန်း သည် ကမ္ဘာပျက်ကာလအတွင်း Zombie အကိုက... More

Story Description(Uni and Zawgyi)
ပြန်လည်​မွေးဖွားခြင်း 1.1
ပြန်လည်​မွေးဖွားခြင်း 1.2
2. အပင်များရှားပါးခြင်း
3. အလုပ် ရှာခြင်း
4. အိမ်ကို ​ခေါ်လာခြင်း
5.တသီးတခြား​နေခြင်း
6. လိင် အမျိုးအစား
7. အလုပ်
8. သီးသန့်
9. စတင်ခြင်း
10. ​လေ့ကျင့်ခြင်း
11. သူငယ်ချင်း
12. ပြိုင်ပွဲစင်မြင့်
13. စက္ကန့်ပိုင်းအတွင်း အနိုင်ရခြင်း
14. စာအုပ်
15. မိုင်နဲ
16. ပစ္စည်း ဥစ္စာများ
17. အပင် ဌာန
18. အရှုံး​ပေးခြင်း
19. အိမ်​ပြောင်း ​နေထိုင်ခြင်း
Chapter 20
Chapter 21
Chapter . 22
Chapter 23
Chapter 24
Chapter 25
တနင်္လာနေ့ paid group စပါမယ်နော်
Hey guys!
Please Read !!!
Chapter 26 : တိုက်ခိုက်ခြင်း
Chapter 27 : ဒုတိယမြောက် အပင်ရရှိခြင်း
Chapter 28:ဧရာမခြင်္သေ့သားရဲ
Chapter 29.1 : ပြိုင်ပွဲ
Chapter 29.2 : ပြိုင်ပွဲ
Chapter 29.3 : ပြိုင်ပွဲ
Chapter 30 : ထွက်ခွာခြင်း
Chapter 31:အဖွဲ့လိုက် ပြိုင်ပွဲ အတွင်း...
Chapter 32 : လွှင့်ပစ်ခြင်း
Chapter 33 : အဆိပ်မိခြင်း
Chapter 34.1 : ​ပြောင်းပြန်ဖြစ်သွားတယ်
Chapter 34.2:ပြောင်းပြန်ဖြစ်သွားတယ်
Chapter 35 : ဆက်နွယ်ခြင်း
Chapter 36.1 Network တစ်ခုလုံး ဆဲဆိုကြခြင်း
36.2
Chapter 37 : ​ခဏ​လောက် သတိလွတ်သွားခြင်း
Chapter 38 : အမှီလိုက်ခြင်း
Chapter 39 : ပုံမှန်!!!(Uni)
Chapter 39 : ပုံမွန္ !!! (ZG)
Chapter 40 : အစီအစဥ်
Chapter 41 : တတိယ​မြောက် အပင်
Chapter 42 : ပြင်ဆင်ခြင်း
Chapter 43 : ဖွင့်ပြောခြင်း
Chapter 44: တိုက်ခိုက်ခံရခြင်း
Chapter 45 : ဆင်းသက်ခြင်း
Chapter 46 : ဆက်သွယ်ခြင်း
Chapter 47.1 : စွမ်းအင် ပြန်လည်ရယူခြင်း
Chapter 47.2: စွမ်းအင်ပြန်လည် ရယူခြင်း
Chapter 48 :ထွက်ခွာခြင်း
အခန်း 49- ရောင်းဖို့မဟုတ်ဘူး
Chapter 50: ပူး​ပေါင်း ​ဆောင်ရွက်ခြင်း
Chapter 51: တွယ်ကပ်​နေခြင်း
Chapter 52 : မ​ကောင်းတဲ့ အကြံ
New Story!!! & Game!!!
Chapter 53 : သတိ​ပေးခြင်း
Chapter 54 : Live streaming
Chapter 55 : ​စောင့်ကြည့် စစ်​ဆေးခြင်း
Chapter 56 : ဖြေရှင်းခြင်း
Chapter 57 : သံသယရှိသူ
Chapter 58 : ​တွေ့၍ နှုတ်ဆက်ခြင်း
Chapter 59 : စတုတ္တ အပင်အား အသက်သွင်းခြင်း
Chapter 60 : အကုန်လုံး ရှုံးသွားတယ်
Chapter 61 : ထင်မြင်ချက်​ပေးခြင်း
Chapter 62 : Aဂြိုလ်ရဲ့ သတ္တုတွင်း
Chapter 63 : နဂါးပျံသားရဲ
Chapter 64 : ခရီးက အပြန်
Chapter 65 : အကျိုးသက်​ရောက်မှု
Chapter 66 :ပါတနာ အသစ်များ
Chapter 67 : ဖမ်းဆီးခြင်း
Chapter 68 :အိမ်ရှင်
Chapter 69 : လူစုခြင်း
Chapter 70 : အမ
Chapter 71 : ဖမ်းဆီးခြင်း
Chapter 72: ပြန်တိုက်ခိုက်ခြင်း
Chapter 73 : ရောက်ရှိခြင်း
Chapter 74 : နိုးထလာခြင်း
Chapter 75 : ဆက်နွယ်အပင်
Chapter 76 : ခြင်္သေ့ပျံ သားရဲ
Chapter 77 : ပဉ္စမမြောက် အပင်
Chapter 78 : အပြာရောင်ဂြိုလ်
Chapter 79 : တိုက်ခိုက်ခြင်း!!!
Chapter 80 : လေလံပွဲများ
Chapter 81 : လုပ်ဆောင်ချက်
Chapter 82 : ပူးပေါင်းဆောင်ရွက်ခြင်း
Chapter 84 : ပြန်လည်တွေ့ဆုံခြင်း
Chapter 85 : သဘောတူညီချက်
Chapter 86 : ပင်လယ် သတ္တဝါကြီးများ
Chapter 87 : Coma
Chapter 88 : နှုတ်ဆက်ခြင်း
Chapter 89 : ကောက်ကျစ်တဲ့ အကြံဥာဏ်
Chapter 90 : သတင်းစာ ရှင်းလင်းပွဲ
Chapter 91 : စွမ်းအင်​တွေ အများကြီး ရခြင်း
Chapter 92: ကိုယ်ဝန်
Chapter 93: ဂုဏ်ယူပါတယ်!!!!
Chapter 94: ​မြေဝယ်ခြင်း
Chapter 95: ကျန်​သေးတဲ့ စွမ်းအင်
Chapter 96: ပြန်ယူခြင်း
Chapter 97: စွမ်းရည် မြှင့်တင်ခြင်း
Chapter 98: ဂြိုလ်သား သားရဲ​တွေ
Chapter 99: အ​လောင်း ​ဖျောက်ခြင်း
Chapter 100: ဆုံးဖြတ်ချက်
Chapter 101: ဝန်ထမ်း ခေါ်ယူခြင်း
Chapter 102 : စွမ်းအင်​တွေ ​​လျော့နည်းလာခြင်း
Chapter 103 : လူအများရှေ့ ချက်ပြုတ်ခြင်း
Chapter 104 :​ဖော်ထုတ်ခြင်း
Chapter 105: အ​လျော်​ပေးခြင်း
Chapter 106: ဘွဲ့ နှင်းသဘင်
Chapter 107: လက်ထပ်ခွင့် ​တောင်းခြင်း
Chapter 108: လက်ထပ်ပွဲ ကြိုတင် ပြင်ဆင်မှု
Chapter 109: လက်ထပ်ပွဲ
Chapter 110 :​နေ့တိုင်း
Chapter 111: ဘုရင်ကြီးဆီ က သင်ကြားခြင်း (Final)
Chapter 112: Extra One
Chapter 113: Extra Two
Chapter 114: Extra Three
​ကျေးဇူးတင်လွှာ
Hi👋👋👋
Hello
Attention Please!!!
Hello
Please!!!

Chapter 83 : ဖွက်ထားခြင်း

4K 783 6
By Tharaphy97

Chapter 83 : ဖွက်ထားခြင်း

လန်နီက စောင့်ကြည့်ရေး အခန်းထဲတွင် ကြည့်ရဆိုးနေတဲ့ အမူအရာဖြင့် ရပ်နေသည်။ ဆိုင်မွန်ရဲ့ ဆက်သွယ်ရေးစက် အသံမြည်လာတဲ့အခါ တစ်ခုခု ပြောဖို့ပြင်လိုက်သည်။ တစ်ဖက်က အသံ ကျယ်လောင်စွာ ထွက်လာတယ်။ Speaker မဖွင့်ထားပေမယ့် လန်နီ ကြားလိုက်သည်။ 

"ကပ္ပတိန်၊ ကမာကောင်၊ မိကျောင်းကြီးနဲ့ ဝက်ဝံကြီးတွေ အကုန် ပျောက်ကုန်ပြီ!"

"ဘာကို ဆိုလိုတာလဲ ပျောက်သွားပြီ" ဆိုင်မွန် မျက်နှာ တင်းမာသွားသည်။

“ဂိတ်ဝ က လုံခြုံရေး အစောင့်တွေ မူးလဲနေတယ်… နေရာတိုင်း ကို လိုက်ရှာကြည့်ပေမယ့် သူစိမ်း တစ်ယောက်မှ မတွေ့ဘူး”

 လက်အောက်ငယ်သားရဲ့ အသံမှာ ထိတ်လန့်နေသည်။ “အရှေ့ဘက် စင်္ကြံမှာ လုပ်ဖော်ကိုင်ဖက် တစ်ယောက် ရှိတယ်။ သူ့ကို ဘာက မေ့အောင်လုပ်လိုက်တာလဲ မသိဘူး”

အစီရင်ခံတာကို နားထောင်ပြီးနောက်၊ ဆိုင်မွန် က “လုံခြုံရေး ကင်မရာ အားလုံးကို စစ်ဆေးပါ” ဟု အမိန့်ပေးခဲ့သည်။ သူ ပြောပြီးသွားတော့ သူက နေရာတိုင်းကို လူတွေ ထပ်ပို့လိုက်တယ်။

"ကပ္ပတိန်၊ သူတို့က ၈၁ထပ်ကနေ ပထမထပ်ကို သွားကြတယ်” ဟု စောင့်ကြည့် ကင်မရာအားလုံး ကို ကြည့်နေသူ က ပြောသည်။

ဆိုင်မွန် က လန်နီကို ကြည့်လိုက်သည်။ သူက လောင်ထန်းနဲ့ ပိုင်ကျောင်း ကို ပြထားတဲ့ မျက်နှာပြင် ကို စိုက်ကြည့်နေပြီး သူ့နှုတ်ခမ်းထောင့်တွေ ကွေးညွတ်သွားသည်။

 "လောင် မိသားစု က မွဲသွားပြီလား? လေလံပွဲ အတွက် ပေးချေဖို့တောင် မတတ်နိုင်ကြဘူးလား” သူက ပေါ့ပေါ့တန်တန် ညည်းညူလိုက်ပြီးနောက် သူ့အကြည့် က ဆိုင်မွန်ဆီ ဦးတည်သွားသည်။ 

“သူတို့ကို တစ်ယောက်ယောက် နဲ့ တားခိုင်းထားပြီး သူ့အဖော်တွေရဲ့ အထောက်အထား ကို ရှာဖွေပါ”

ပိုင်ကျောင်းနဲ့ လောင်ထန်း တို့ ပထမထပ်သို့ ရောက်ရှိလာပြီးနောက် ဓါတ်လှေကား အပြင်ဘက်တွင် လက်နက်တွေ ကိုင်ဆောင်ထားတဲ့ လုံခြုံရေး အစောင့်၄ယောက် ကို တွေ့လိုက်ရသည်။ လုံခြုံရေးအစောင့်တွေ က မတုံ့ပြန်နိုင်ခင် ဓာတ်လှေကား တံခါးက သူတို့ မျက်စိရှေ့မှာတင် ပိတ်သွားသည်။

ဓာတ်လှေကား က မျက်စိတစ်မှိတ် အတွင်းမှာပဲ ဒုတိယထပ်မှာ ရပ်သွားပြီး ပိုင်ကျောင်း က

“ပြတင်းပေါက် ကို ရှာ။ တာ့ဟေး ကို ခေါ်ပြီး ပြတင်းပေါက် ကနေ ဖြတ်သွားမယ်"

လောင်ထန်းရဲ့ မျက်လုံးတွေ တောက်ပလာသည်။ အရေးပေါ် ခလုတ် ကို နှိပ်ကာ ဓာတ်လှေကားထဲမှ အမြန် ထွက်လိုက်ပြီး အနီးနားမှာ ဖွင့်ထားတဲ့ ပြတင်းပေါက်တစ်ခု ကို တွေ့တော့ ပြတင်းပေါက် အနားတွင်  နဂါးပျံသားရဲကို ခေါ်ယူလိုက်သည်။

လောင်ထန်း ပြတင်းပေါက်ကို တက်လိုက်ကာ ပိုင်ကျောင်း ကို ဆွဲတင်လိုက်တော့ သူတို့ အနောက်ကနေ အော်တဲ့ အသံ ထွက်လာသည်။ 

"ရပ်နေ! မလှုပ်နဲ့!"

လောင်ထန်း တစ်ချက် ကြည့်လိုက်ရာ လုံခြုံရေးအစောင့် အများအပြား က လက်နက်တွေ ကိုင်ဆောင်ကာ ပြေးလာတာ ကို တွေ့လိုက်ရသည်။ သူ တွေးတောင်မတွေးဘဲ ပိုင်ကျောင်း ကို လှမ်းဆွဲလိုက်ပြီး ပျံသန်းနေတဲ့ နဂါးပျံသားရဲပေါ်သို့ တိုက်ရိုက် ခုန်ချလိုက်သည်။

 "ပျံတော့!"

ပျံသန်းနေတဲ့ နဂါးပျံသားရဲ က သူ့ရဲ့ အမြီးကို လှည့်လိုက်သည်။ သေနတ်သံတွေနဲ့ ကွဲနေတဲ့ ပြတင်းပေါက်တွေ ကြားမှ ချက်ချင်း ပျောက်ကွယ်သွားသည်။

ပိုင်ကျောင်း ကို လောင်ထန်း က တင်းတင်းကြပ်ကြပ် ဖက်ထားပြီး သူတို့နှစ်ယောက် က အရမ်း နီးကပ်နေသည်။ မကြာခဏ အတူတူ ထိုင်ကြသော်လည်း ခပ်ခွာခွာ နေလေ့ရှိကြသည်။ အခု နီးကပ်လွန်းသဖြင့် သူ့အား စိတ်မသက်မသာ ဖြစ်စေသည်။

"လွှတ်တော့" သူ ခေါင်းငုံ့ပြီး စကားပြောလိုက်သည်။

လောင်ထန်း ကြည့်လိုက်တော့ ပိုင်ကျောင်းရဲ့ ကျောက်စိမ်းလို ဖြူနေတဲ့ လည်ပင်း က အနည်းငယ် နီနေပြီး အေးခဲနေတဲ့ အမူအရာတွေ ကို မြင်လိုက်ရတော့ သူ့လက် ကို မသိစိတ်ကနေ လွှတ်ပေးလိုက်သည်။ သူ လွှတ်လိုက်တဲ့ အချိန်မှာ ပိုင်ကျောင်း က ရှေ့ကို တိုးဖို့ ကြိုးစားပေမယ့် နဂါးပျံရဲ့ မြန်လွန်းတဲ့ အရှိန်ကြောင့် သူ့ကို နောက်ပြန် လန်ကျသွားစေပြီး လောင်ထန်းရဲ့ လက်နှစ်ဖက်ဆီ တည့်တည့် တိုးဝင်သွားသည်။

လောင်ထန်း က ပိုင်ကျောင်း ထက် အရပ် ရှည်တာကြောင့် သူတို့ နှစ်ယောက် နီးနေတဲ့အချိန် ငုံ့ကြည့်လိုက်တော့ ပိုင်ကျောင်းရဲ့ လည်ပင်း နဲ့ ညှပ်ရိုးတွေ ကို တွေ့လိုက်ရသည်။ ပိုင်ကျောင်း က သူ့လက် ကို လှုပ်လိုက်တော့ လောင်ထန်းက သူ့ကို လှမ်းဆွဲလိုက်တယ်။ လောင်ထန်း ပြောလိုက်သည်။

“ငါ…ငါ ၊မင်း ကို ဖက်ပြီး ငြိမ်ငြိမ်လေး ထိုင်နေမယ်"

ပိုင်ကျောင်းရဲ့ နှုတ်ခမ်းတွေ လှုပ်သွားပေမယ့် နောက်ဆုံးတော့ သူ ဘာမှ မပြောဖြစ်လိုက်ချေ။ သူ့လက်ပတ် ကို ဖွင့်ပြီး ရှဲ့စန်း ကို ဆက်သွယ်လိုက်တာနဲ့ ရှဲ့စန်း က

"အဆင်ပြေရဲ့လား? မင်းတို့ အန္တရာယ်ရှိနေတာလား"

ပိုင်ကျောင်း က “အင်း ပြေတယ်၊ ဒါပေမယ့် ပင်လယ်တစ္ဆေ က ငါတို့မှာ ပြဿနာ ရှိတယ်ဆိုတာ သိသွားပြီ။ ငါတို့ ထွက်လာတော့ သူတို့က ငါတို့ကို ဖမ်းဖို့ ပြင်နေတယ်။ ငါတို့ အခု အာကာသ ဆိပ်ကမ်း ကို သွားရင် ငါတို့ အဖမ်းခံရနိုင်တယ်”

ရှဲ့စန်း က "ဒါဆို နေရာ ပြောင်းကြရအောင်။ ဆက်နွယ် သားရဲတွေရဲ့ အခြေအနေ က ဆိုးရွားနေတယ်၊ နေရာလွတ်ထဲမှာပဲ အမြဲတမ်း ရှိနေရင် သူတို့ အခြေအနေ ပိုဆိုးသွားလိမ့်မယ်၊ သူတို့ကို ကုသလို့ ရမယ့် နေရာရှာဖို့ လိုတယ်”

ပိုင်ကျောင်း က "ဟုတ်ပြီလေ၊ မင်းနဲ့ငါ နေရာ share လိုက်မယ်၊ မင်းရဲ့ နေရာဆီ တာ့ဟေးကို ပျံခိုင်းလိုက်မယ်"

ဒါ မနေ့ညက သူတို့ စဉ်းစားတဲ့ အခြေအနေ ဖြစ်သည်။သူတို့ ကံကောင်းရင် အာကာသယာဉ်ပေါ် တိုက်ရိုက်တက်ပြီး ထွက်ခွာသွားနိုင်လိမ့်မယ်။ အကယ်၍ သူတို့ကံဆိုးပြီး သံသယဝင်ခံရပါက၊ ရှောင်ယင်နဲ့ ဆက်နွယ်သားရဲတွေကို ဖွက်ထားပြီး အခြားနေရာတစ်ခု ကို ရှာဖွေပြီးနောက် စုံစမ်းစစ်ဆေးမှု ကို ဆက်လက် လုပ်ဆောင်သွားမည် ဖြစ်သည်။

ပင်လယ်တစ္ဆေ တွင် သက်သေ အထောက်အထား မရှိသဖြင့် ဖမ်းမိရင်တောင် မှန်ကန်တဲ့ စုံစမ်း စစ်ဆေးရေး လုပ်ထုံးလုပ်နည်းတွေ ကိုသာ လိုက်နာနိုင်မည်ဖြစ်သည်။ အကယ်၍ သူတို့ လက်ထဲတွင် ရှောင်ယင်နဲ့ ဆက်နွယ်သားရဲတွေ ကို ရှာမတွေ့ခဲ့ပါက သံသယကင်းရှင်းသွားမည် ဖြစ်သည်။

သူတို့ကို သံသယဖြစ်နေတဲ့ အတွက် အဆင်သင့် ဖြစ်နေအောင် ရှဲ့စန်း က ဆက်သွယ်မှု ကို အဆုံးသတ်ပြီးတာနဲ့ မိုင်နဲ က ပျံသန်းနေတဲ့ ခြင်္သေ့ပျံသားရဲအား

“အနောက်ကို သွား” ဟု ချက်ချင်း ပြောလိုက်သည်။ အတောင်ပံ ခတ်လျက် ပျံသန်းနေတဲ့ ခြင်္သေ့ပျံသားရဲ က အနောက်ဘက်သို့ လှည့်ကာ ပျံသွားသည်။

ရှဲ့စန်း က လျှူရှန်း ကို ဆက်သွယ်ဖို့ ပြင်လိုက်ပေမယ့်  မဆက်သွယ်ခဲ့ပေ။ လျှူရှန်း ဘာကိုမှ မသိတာ အကောင်းဆုံးပဲ။ ဒီလိုနည်းနဲ့ တစ်စုံတစ်ယောက် က သူ့ကို မေးလာရင် သူက သဘာဝအတိုင်း ပြုမူလို့ ရတယ်။

ရှဲ့စန်း က မိုင်နဲ နဲ့ ရှိနေတော့ စိတ်လျှော့ထားဖို့ ဆုံးဖြတ်လိုက်သည်။ သူ ပတ်ဝန်းကျင် ရှုခင်းကို ကြည့်လိုက်သည်။ အနောက်ဘက်သို့ ပျံသန်းလာတော့ အဆောက်အအုံတွေနဲ့ ခရီးသွားတွေ နည်းပါးလာကာ ပင်လယ်ပြင်ပဲ ရှိနေပြီး နောက်ဆုံးတွင် တဖြည်းဖြည်းနဲ့ ဘယ်သူ့ကိုမှ မတွေ့ရတော့ပေ။

သူက အဝေးကို လှမ်းကြည့်လိုက်သည်။ အဝေးရှိ စိမ်းပြာရောင် ရေတွေဟာ မိုးကုပ် စက်ဝိုင်းနားမှာ မှင်နဲ့တူလာတဲ့ အထိ တဖြည်းဖြည်း အရောင် ရင့်လာသည်။

 "ဒါက သေမင်းတမန် ရေတွေလား"

အပြာရောင်ဂြိုလ် ပေါ်တွင် ကမ္ဘာလှည့် ခရီးသည်များ က နေရာတိုင်းတွင် ရှိသော်လည်း ဘယ်သူမှ မသွားနိုင်တဲ့ နေရာ က တစ်ခုသာ ရှိပြီး အဲဒါ က သေမင်းတမန် ရေတွေ  ဖြစ်သည်။ မနေ့က အချိန်အတော်ကြာ ဆွေးနွေးခဲ့ပြီး ဒီနေရာက အလုံခြုံဆုံး လို့ ခံစားလိုက်ရသည်။

သို့သော်လည်း သူတို့ အခွင့်အရေးယူရန် အဆင်သင့် မဖြစ်သေးပေ။ လောင်ထန်း က အန္တရာယ်ရှိတာ ကို ကြားရတော့ စိတ်လှုပ်ရှားသွားသော်လည်း အခြား ၃ယောက် က တူညီတဲ့ အမြင်ကို မျှဝေလာတော့ သူ မကန့်ကွက်နိုင်ပေ။ နောက်ဆုံးတွင် သေမင်းတမန်ရေရဲ့ အစွန်းအပြင်ဘက် တစ်နေရာတွင် အခြေချ နေခဲ့ကြသည်။

နောက်ထပ် နာရီဝက်လောက် ကြာတော့ အဆောက်အအုံတွေ မရှိ၊ လူတွေလည်း မရှိတော့ဘဲ ပင်လယ်ရေ က လှိုင်းလုံးကြီးတွေနဲ့ ပြာလဲ့သွားခဲ့ခဲ့ပြီး အနက်ရောင်တောင် သန်းနေခဲ့သည်။

မိုင်နံ က ရှဲ့စန်း ကို သယ်ပြီး ခြင်္သေ့ပျံ သားရဲရဲ့  နောက်ကျောမှ သန္တာကျောက်တန်း ပေါ်သို့ ခုန်ချလိုက်သည်။ ရှဲ့စန်း က ရှောင်ယင်နဲ့ နေရာလွတ်မှ ဆက်နွယ်သားရဲတွေ ကို အရင်ဆုံး လွှတ်ပေးလိုက်သည်။

ရှောင်ယင် ထွက်လာတာနဲ့ တပြိုင်နက် သူ့ရဲ့ နူးညံ့တဲ့ အသံက သူ့စိတ်ထဲတွင် ပေါ်လာသည်။

{ “အန္တရာယ် ကင်းရဲ့လား? အခု ငါ့ပါးစပ် ကို ဖွင့်လို့ရမလား"}

{“ရပြီ”} ရှဲ့စန်းက ပြောလိုက်သည်။

ငွေရောင် အဖွေးသားနဲ့ အခွံ အတွင်းမှ ငါးရောင်တောက်နေတဲ့ ပုလဲရဲ့ အရောင် က အလင်းထဲတွင် ထင်ဟပ်နေသဖြင့် ရှဲ့စန်း အနီးနား ပတ်ဝန်းကျင် က ပို၍တောက်ပလာသည် ဟု ရုတ်တရက် ခံစားလိုက်ရသည်။

{“အရင်က ပါးစပ်ဖွင့်ရတာ မကြိုက်ပေမယ့် အခုတော့ မတတ်နိုင်တော့ဘူး”} ရှောင်ယင် နည်းနည်း ရှက်သွားသည်။

ရှဲ့စန်း က အဲဒါသည် ဆက်နွယ်သားရဲတွေရဲ့ စိတ်အခြေအနေ ကို ထိခိုက်စေသည့် ရွှေစွမ်းအင်နှင့် ဆက်စပ်နေသည်ဟု မှန်းဆခဲ့သည်။ ရှောင်ယင် ကဆက်နွယ်သားရဲ မဟုတ်သော်လည်း သူ့ကိုလည်း သက်ရောက်စေခဲ့ပြီး ပုံမှန်ထက် ပို၍ တုန်လှုပ်သွားဖွယ်ရှိသည်။

မိုင်နဲ က လှောင်အိမ်တွေရှိ လျှပ်စစ်သော့ ကို အနီးကပ်ကြည့်ကာ သူ့လက်ပတ် ကို ဖွင့်၍ အမြန် လုပ်လိုက်သည်။ ရှဲ့စန်း က အဲဒါကို ခဏလောက် ကြည့်ပြီးတော့ “ဖွင့်လို့ရမလား” လို့ မေးလိုက်တယ်။

မိုင်နဲ က ခေါင်းညိတ်ပြသည်။ "အချိန်တစ်ခုတော့ ကြာလိမ့်မယ်"

ရှဲ့စန်း သည် ရှောင်ယင်ရဲ့ ဘေးတွင်ရပ်နေကာ ထိလုနီးပါး ဖြစ်နေတဲ့ ဧရာမ နဂါးပျံသားရဲ ကို လောင်ထန်း က အချိန်မီ ထိန်းချုပ်နိုင်ခဲ့ပြီး လေထဲပျံခိုင်းလိုက်သည်။ ရှောင်ယင်လေး ကို ကြည့်နေတဲ့ သူ့မျက်လုံးကြီးတွေ က တလက်လက် တောက်ပနေသည်။ 

ရှောင်ယင် က အခွံကို ပိတ်ကာ {"ဝူးးးးးးး...! အရမ်း ကြောက်စရာ ကောင်းတာပဲ၊ ငါ့ကို စားချင်နေတာလား၊ ငါ က အရသာ မကောင်းဘူးနော်”}

ပျံသန်းနေတဲ့ နဂါးပျံသားရဲ က မျက်လုံးကြီးတွေ ကို မျက်တောင်ခတ်လိုက်ပြီး {“မင်းကို ဘယ်သူ က စားရဲမှာလဲ။ ငါ မင်းကို တိုက်လို့ရအောင် ကူညီပေးမယ်!"}

ရှဲ့စန်း သူ့နဖူးကိုသူ ကိုင်ထားလိုက်သည်။ “အဲဒါ မင်းပြောချင်တာလား။ မင်း သူ့ကို ကြောက်အောင် လုပ်နေတာပဲ" သူ အခွံကို ထိလိုက်သည် ။ စွမ်းအင်တွေ ထွက်လာမှာ စိုးလို့ အမြန် ထိလိုက်ရုံသာ ဖြစ်သည်။ 

“မကြောက်ပါနဲ့။တာ့ဟေး က တောက်ပြောင်ပြီး တောက်ပနေတဲ့ အရာတွေ ကို ကြိုက်တာ၊ ထိခိုက်အောင် မလုပ်ပါဘူး”

ရှောင်ယင် "မင်း ငါ့ကို ထိလိုက်တာ ငါ ပါးစပ်တောင် မဖွင့်ချင်တော့ဘူး"

ပျံသန်းနေတဲ့ နဂါးပျံသားရဲ က သူ့ကို လောဘကြီးစွာ စိုက်ကြည့်နေလိုက်သည်။ "ဖွင့်ကြည့်လိုက်တော့၊ ငါ့ကိုကြည့်ခွင့်ပေးပါ"

ပတ်ဝန်းကျင် က မကြားချင်ယောင် ဆောင်ကာ တိတ်ဆိတ်နေခဲ့သည်။

လောင်ထန်း က ပျံသန်းနေတဲ့ နဂါးပျံသား ရဲကို ပုတ်လိုက်သည်။ ရေနား ကို ပျံသန်းပြီး ဆင်းသက်ခဲ့သည်။ ပိုင်ကျောင်း က မလှုပ်ရသေးခင် လောင်ထန်း က သူ့ကို ဖက်ကာ ခုန်ဆင်းလိုက်သည်။ သူ တစ်ခုခု ပြောတော့မယ့် အချိန်မှာ လောင်ထန်း က သူ့ကို ပြုံးပြုံးကြီး ကြည့်ပြီး “အဆင်ပြေတယ်”

ခဏကြာတော့ ရှောင်ယင် သည် သူ့ပါးစပ်ကို ပြန်ဖွင့်ချင်လာတာကြောင့် ရှဲ့စန်း အား "စွမ်းအင် ပြန်ယူတော့၊ တစ်ချိန်လုံး ကိုယ့်ကိုကိုယ် ထိန်းချုပ်မှု မဆုံးရှုံးနေချင်ဘူး။ ငါ တာ့ချန်နဲ့ တာ့ဝေ ကို ရှာဖို့လိုတယ်!”

ရှဲ့စန်း က ခဏလောက် စဉ်းစားလိုက်တယ်။ “ကောင်းပြီလေ” ပုလဲ၌ စွမ်းအင် ပိုကြာလေ၊ ရှောင်ယင် ကို ပို၍ ထိခိုက်နိုင်လေ ဖြစ်ပြီး ဆဆဆက်နွယ်သားရဲတွေ ကိုပါ ထိခိုက်စေမည် ဖြစ်သည်။ 

အထူးသဖြင့် သူတို့ နှစ်ယောက် က အခြေအနေ မကောင်းတဲ့ အတွက် သူတို့ စိတ်အခြေအနေ ထပ်ပြီး ထိခိုက်မိရင် ပိုပြီး အခြေအနေ ဆိုးသွားနိုင်သည်။

သူ့လက်ကို အခွံပေါ် တင်လိုက်တော့ ငါးရောင်ခြယ် ပျိုးနီပန်းကြောင့် သူ့ပခုံးထဲ ကို စွမ်းအင်တွေ စီးဝင်လာသည်။ စွမ်းအင် ပြန်လည်ရယူမှု ပြီးသွားတော့ သူ ပေါ့ပေါ့ပါးပါး အသက် ရှူသွင်းလိုက်သည်။ သို့သော် နောက်ပိုင်း သူ အံ့အားသင့်သွားသည်။

'ပျိုးနီပန်းရဲ့ အပူချိန် က ကျဆင်းမသွားဘူး'

_______________________________________________________________

အစ၊အဆုံး PDF File ရပါတယ်ရှင့်၊ ရှဲ့စန်းတို့ရဲ့ Pdf fileက ​ငွေလွှဲဆို ၂၀၀၀ ph billနဲ့ဆို ၃၀၀၀ပါရှင့်

Zawgyi version

Chapter 83 : ဖြက္ထားျခင္း

လန္နီက ေစာင့္ၾကည့္ေရး အခန္းထဲတြင္ ၾကည့္ရဆိုးေနတဲ့ အမူအရာျဖင့္ ရပ္ေနသည္။ ဆိုင္မြန္ရဲ႕ ဆက္သြယ္ေရးစက္ အသံျမည္လာတဲ့အခါ တစ္ခုခု ေျပာဖို႔ျပင္လိုက္သည္။ တစ္ဖက္က အသံ က်ယ္ေလာင္စြာ ထြက္လာတယ္။ Speaker မဖြင့္ထားေပမယ့္ လန္နီ ၾကားလိုက္သည္။ 

"ကပၸတိန္၊ ကမာေကာင္၊ မိေက်ာင္းႀကီးနဲ႔ ဝက္ဝံႀကီးေတြ အကုန္ ေပ်ာက္ကုန္ၿပီ!"

"ဘာကို ဆိုလိုတာလဲ ေပ်ာက္သြားၿပီ" ဆိုင္မြန္ မ်က္ႏွာ တင္းမာသြားသည္။

“ဂိတ္ဝ က လုံျခဳံေရး အေစာင့္ေတြ မူးလဲေနတယ္… ေနရာတိုင္း ကို လိုက္႐ွာၾကည့္ေပမယ့္ သူစိမ္း တစ္ေယာက္မွ မေတြ႕ဘူး”

 လက္ေအာက္ငယ္သားရဲ႕ အသံမွာ ထိတ္လန္႔ေနသည္။ “အေ႐ွ႕ဘက္ စႀကႍမွာ လုပ္ေဖာ္ကိုင္ဖက္ တစ္ေယာက္ ႐ွိတယ္။ သူ႕ကို ဘာက ေမ့ေအာင္လုပ္လိုက္တာလဲ မသိဘူး”

အစီရင္ခံတာကို နားေထာင္ၿပီးေနာက္၊ ဆိုင္မြန္ က “လုံျခဳံေရး ကင္မရာ အားလုံးကို စစ္ေဆးပါ” ဟု အမိန္႔ေပးခဲ့သည္။ သူ ေျပာၿပီးသြားေတာ့ သူက ေနရာတိုင္းကို လူေတြ ထပ္ပို႔လိုက္တယ္။

"ကပၸတိန္၊ သူတို႔က ၈၁ထပ္ကေန ပထမထပ္ကို သြားၾကတယ္” ဟု ေစာင့္ၾကည့္ ကင္မရာအားလုံး ကို ၾကည့္ေနသူ က ေျပာသည္။

ဆိုင္မြန္ က လန္နီကို ၾကည့္လိုက္သည္။ သူက ေလာင္ထန္းနဲ႔ ပိုင္ေက်ာင္း ကို ျပထားတဲ့ မ်က္ႏွာျပင္ ကို စိုက္ၾကည့္ေနၿပီး သူ႕ႏႈတ္ခမ္းေထာင့္ေတြ ေကြးၫြတ္သြားသည္။

 "ေလာင္ မိသားစု က မြဲသြားၿပီလား? ေလလံပြဲ အတြက္ ေပးေခ်ဖို႔ေတာင္ မတတ္ႏိုင္ၾကဘူးလား” သူက ေပါ့ေပါ့တန္တန္ ညည္းညဴလိုက္ၿပီးေနာက္ သူ႕အၾကည့္ က ဆိုင္မြန္ဆီ ဦးတည္သြားသည္။ 

“သူတို႔ကို တစ္ေယာက္ေယာက္ နဲ႔ တားခိုင္းထားၿပီး သူ႕အေဖာ္ေတြရဲ႕ အေထာက္အထား ကို ႐ွာေဖြပါ”

ပိုင္ေက်ာင္းနဲ႔ ေလာင္ထန္း တို႔ ပထမထပ္သို႔ ေရာက္႐ွိလာၿပီးေနာက္ ဓါတ္ေလွကား အျပင္ဘက္တြင္ လက္နက္ေတြ ကိုင္ေဆာင္ထားတဲ့ လုံျခဳံေရး အေစာင့္၄ေယာက္ ကို ေတြ႕လိုက္ရသည္။ လုံျခဳံေရးအေစာင့္ေတြ က မတုံ႔ျပန္ႏိုင္ခင္ ဓာတ္ေလွကား တံခါးက သူတို႔ မ်က္စိေ႐ွ႕မွာတင္ ပိတ္သြားသည္။

ဓာတ္ေလွကား က မ်က္စိတစ္မွိတ္ အတြင္းမွာပဲ ဒုတိယထပ္မွာ ရပ္သြားၿပီး ပိုင္ေက်ာင္း က

“ျပတင္းေပါက္ ကို ႐ွာ။ တာ့ေဟး ကို ေခၚၿပီး ျပတင္းေပါက္ ကေန ျဖတ္သြားမယ္"

ေလာင္ထန္းရဲ႕ မ်က္လုံးေတြ ေတာက္ပလာသည္။ အေရးေပၚ ခလုတ္ ကို ႏွိပ္ကာ ဓာတ္ေလွကားထဲမွ အျမန္ ထြက္လိုက္ၿပီး အနီးနားမွာ ဖြင့္ထားတဲ့ ျပတင္းေပါက္တစ္ခု ကို ေတြ႕ေတာ့ ျပတင္းေပါက္ အနားတြင္  နဂါးပ်ံသားရဲကို ေခၚယူလိုက္သည္။

ေလာင္ထန္း ျပတင္းေပါက္ကို တက္လိုက္ကာ ပိုင္ေက်ာင္း ကို ဆြဲတင္လိုက္ေတာ့ သူတို႔ အေနာက္ကေန ေအာ္တဲ့ အသံ ထြက္လာသည္။ 

"ရပ္ေန! မလႈပ္နဲ႔!"

ေလာင္ထန္း တစ္ခ်က္ ၾကည့္လိုက္ရာ လုံျခဳံေရးအေစာင့္ အမ်ားအျပား က လက္နက္ေတြ ကိုင္ေဆာင္ကာ ေျပးလာတာ ကို ေတြ႕လိုက္ရသည္။ သူ ေတြးေတာင္မေတြးဘဲ ပိုင္ေက်ာင္း ကို လွမ္းဆြဲလိုက္ၿပီး ပ်ံသန္းေနတဲ့ နဂါးပ်ံသားရဲေပၚသို႔ တိုက္႐ိုက္ ခုန္ခ်လိုက္သည္။

 "ပ်ံေတာ့!"

ပ်ံသန္းေနတဲ့ နဂါးပ်ံသားရဲ က သူ႕ရဲ႕ အၿမီးကို လွည့္လိုက္သည္။ ေသနတ္သံေတြနဲ႔ ကြဲေနတဲ့ ျပတင္းေပါက္ေတြ ၾကားမွ ခ်က္ခ်င္း ေပ်ာက္ကြယ္သြားသည္။

ပိုင္ေက်ာင္း ကို ေလာင္ထန္း က တင္းတင္းၾကပ္ၾကပ္ ဖက္ထားၿပီး သူတို႔ႏွစ္ေယာက္ က အရမ္း နီးကပ္ေနသည္။ မၾကာခဏ အတူတူ ထိုင္ၾကေသာ္လည္း ခပ္ခြာခြာ ေနေလ့႐ွိၾကသည္။ အခု နီးကပ္လြန္းသျဖင့္ သူ႕အား စိတ္မသက္မသာ ျဖစ္ေစသည္။

"လႊတ္ေတာ့" သူ ေခါင္းငုံ႔ၿပီး စကားေျပာလိုက္သည္။

ေလာင္ထန္း ၾကည့္လိုက္ေတာ့ ပိုင္ေက်ာင္းရဲ႕ ေက်ာက္စိမ္းလို ျဖဴေနတဲ့ လည္ပင္း က အနည္းငယ္ နီေနၿပီး ေအးခဲေနတဲ့ အမူအရာေတြ ကို ျမင္လိုက္ရေတာ့ သူ႕လက္ ကို မသိစိတ္ကေန လႊတ္ေပးလိုက္သည္။ သူ လႊတ္လိုက္တဲ့ အခ်ိန္မွာ ပိုင္ေက်ာင္း က ေ႐ွ႕ကို တိုးဖို႔ ႀကိဳးစားေပမယ့္ နဂါးပ်ံရဲ႕ ျမန္လြန္းတဲ့ အ႐ွိန္ေၾကာင့္ သူ႕ကို ေနာက္ျပန္ လန္က်သြားေစၿပီး ေလာင္ထန္းရဲ႕ လက္ႏွစ္ဖက္ဆီ တည့္တည့္ တိုးဝင္သြားသည္။

ေလာင္ထန္း က ပိုင္ေက်ာင္း ထက္ အရပ္ ႐ွည္တာေၾကာင့္ သူတို႔ ႏွစ္ေယာက္ နီးေနတဲ့အခ်ိန္ ငုံ႔ၾကည့္လိုက္ေတာ့ ပိုင္ေက်ာင္းရဲ႕ လည္ပင္း နဲ႔ ညႇပ္႐ိုးေတြ ကို ေတြ႕လိုက္ရသည္။ ပိုင္ေက်ာင္း က သူ႕လက္ ကို လႈပ္လိုက္ေတာ့ ေလာင္ထန္းက သူ႕ကို လွမ္းဆြဲလိုက္တယ္။ ေလာင္ထန္း ေျပာလိုက္သည္။

“ငါ…ငါ ၊မင္း ကို ဖက္ၿပီး ၿငိမ္ၿငိမ္ေလး ထိုင္ေနမယ္"

ပိုင္ေက်ာင္းရဲ႕ ႏႈတ္ခမ္းေတြ လႈပ္သြားေပမယ့္ ေနာက္ဆုံးေတာ့ သူ ဘာမွ မေျပာျဖစ္လိုက္ေခ်။ သူ႕လက္ပတ္ ကို ဖြင့္ၿပီး ႐ွဲ႕စန္း ကို ဆက္သြယ္လိုက္တာနဲ႔ ႐ွဲ႕စန္း က

"အဆင္ေျပရဲ႕လား? မင္းတို႔ အႏၲရာယ္႐ွိေနတာလား"

ပိုင္ေက်ာင္း က “အင္း ေျပတယ္၊ ဒါေပမယ့္ ပင္လယ္တေစၧ က ငါတို႔မွာ ျပႆနာ ႐ွိတယ္ဆိုတာ သိသြားၿပီ။ ငါတို႔ ထြက္လာေတာ့ သူတို႔က ငါတို႔ကို ဖမ္းဖို႔ ျပင္ေနတယ္။ ငါတို႔ အခု အာကာသ ဆိပ္ကမ္း ကို သြားရင္ ငါတို႔ အဖမ္းခံရႏိုင္တယ္”

႐ွဲ႕စန္း က "ဒါဆို ေနရာ ေျပာင္းၾကရေအာင္။ ဆက္ႏြယ္ သားရဲေတြရဲ႕ အေျခအေန က ဆိုး႐ြားေနတယ္၊ ေနရာလြတ္ထဲမွာပဲ အၿမဲတမ္း ႐ွိေနရင္ သူတို႔ အေျခအေန ပိုဆိုးသြားလိမ့္မယ္၊ သူတို႔ကို ကုသလို႔ ရမယ့္ ေနရာ႐ွာဖို႔ လိုတယ္”

ပိုင္ေက်ာင္း က "ဟုတ္ၿပီေလ၊ မင္းနဲ႔ငါ ေနရာ share လိုက္မယ္၊ မင္းရဲ႕ ေနရာဆီ တာ့ေဟးကို ပ်ံခိုင္းလိုက္မယ္"

ဒါ မေန႔ညက သူတို႔ စဥ္းစားတဲ့ အေျခအေန ျဖစ္သည္။သူတို႔ ကံေကာင္းရင္ အာကာသယာဥ္ေပၚ တိုက္႐ိုက္တက္ၿပီး ထြက္ခြာသြားႏိုင္လိမ့္မယ္။ အကယ္၍ သူတို႔ကံဆိုးၿပီး သံသယဝင္ခံရပါက၊ ေ႐ွာင္ယင္နဲ႔ ဆက္ႏြယ္သားရဲေတြကို ဖြက္ထားၿပီး အျခားေနရာတစ္ခု ကို ႐ွာေဖြၿပီးေနာက္ စုံစမ္းစစ္ေဆးမႈ ကို ဆက္လက္ လုပ္ေဆာင္သြားမည္ ျဖစ္သည္။

ပင္လယ္တေစၧ တြင္ သက္ေသ အေထာက္အထား မ႐ွိသျဖင့္ ဖမ္းမိရင္ေတာင္ မွန္ကန္တဲ့ စုံစမ္း စစ္ေဆးေရး လုပ္ထုံးလုပ္နည္းေတြ ကိုသာ လိုက္နာႏိုင္မည္ျဖစ္သည္။ အကယ္၍ သူတို႔ လက္ထဲတြင္ ေ႐ွာင္ယင္နဲ႔ ဆက္ႏြယ္သားရဲေတြ ကို ႐ွာမေတြ႕ခဲ့ပါက သံသယကင္း႐ွင္းသြားမည္ ျဖစ္သည္။

သူတို႔ကို သံသယျဖစ္ေနတဲ့ အတြက္ အဆင္သင့္ ျဖစ္ေနေအာင္ ႐ွဲ႕စန္း က ဆက္သြယ္မႈ ကို အဆုံးသတ္ၿပီးတာနဲ႔ မိုင္နဲ က ပ်ံသန္းေနတဲ့ ျခေသၤ့ပ်ံသားရဲအား

“အေနာက္ကို သြား” ဟု ခ်က္ခ်င္း ေျပာလိုက္သည္။ အေတာင္ပံ ခတ္လ်က္ ပ်ံသန္းေနတဲ့ ျခေသၤ့ပ်ံသားရဲ က အေနာက္ဘက္သို႔ လွည့္ကာ ပ်ံသြားသည္။

႐ွဲ႕စန္း က လွ်ဴ႐ွန္း ကို ဆက္သြယ္ဖို႔ ျပင္လိုက္ေပမယ့္  မဆက္သြယ္ခဲ့ေပ။ လွ်ဴ႐ွန္း ဘာကိုမွ မသိတာ အေကာင္းဆုံးပဲ။ ဒီလိုနည္းနဲ႔ တစ္စုံတစ္ေယာက္ က သူ႕ကို ေမးလာရင္ သူက သဘာဝအတိုင္း ျပဳမူလို႔ ရတယ္။

႐ွဲ႕စန္း က မိုင္နဲ နဲ႔ ႐ွိေနေတာ့ စိတ္ေလွ်ာ့ထားဖို႔ ဆုံးျဖတ္လိုက္သည္။ သူ ပတ္ဝန္းက်င္ ႐ႈခင္းကို ၾကည့္လိုက္သည္။ အေနာက္ဘက္သို႔ ပ်ံသန္းလာေတာ့ အေဆာက္အအုံေတြနဲ႔ ခရီးသြားေတြ နည္းပါးလာကာ ပင္လယ္ျပင္ပဲ ႐ွိေနၿပီး ေနာက္ဆုံးတြင္ တျဖည္းျဖည္းနဲ႔ ဘယ္သူ႕ကိုမွ မေတြ႕ရေတာ့ေပ။

သူက အေဝးကို လွမ္းၾကည့္လိုက္သည္။ အေဝး႐ွိ စိမ္းျပာေရာင္ ေရေတြဟာ မိုးကုပ္ စက္ဝိုင္းနားမွာ မွင္နဲ႔တူလာတဲ့ အထိ တျဖည္းျဖည္း အေရာင္ ရင့္လာသည္။

 "ဒါက ေသမင္းတမန္ ေရေတြလား"

အျပာေရာင္ၿဂိဳလ္ ေပၚတြင္ ကမ႓ာလွည့္ ခရီးသည္မ်ား က ေနရာတိုင္းတြင္ ႐ွိေသာ္လည္း ဘယ္သူမွ မသြားႏိုင္တဲ့ ေနရာ က တစ္ခုသာ ႐ွိၿပီး အဲဒါ က ေသမင္းတမန္ ေရေတြ  ျဖစ္သည္။ မေန႔က အခ်ိန္အေတာ္ၾကာ ေဆြးေႏြးခဲ့ၿပီး ဒီေနရာက အလုံျခဳံဆုံး လို႔ ခံစားလိုက္ရသည္။

သို႔ေသာ္လည္း သူတို႔ အခြင့္အေရးယူရန္ အဆင္သင့္ မျဖစ္ေသးေပ။ ေလာင္ထန္း က အႏၲရာယ္႐ွိတာ ကို ၾကားရေတာ့ စိတ္လႈပ္႐ွားသြားေသာ္လည္း အျခား ၃ေယာက္ က တူညီတဲ့ အျမင္ကို မွ်ေဝလာေတာ့ သူ မကန္႔ကြက္ႏိုင္ေပ။ ေနာက္ဆုံးတြင္ ေသမင္းတမန္ေရရဲ႕ အစြန္းအျပင္ဘက္ တစ္ေနရာတြင္ အေျခခ် ေနခဲ့ၾကသည္။

ေနာက္ထပ္ နာရီဝက္ေလာက္ ၾကာေတာ့ အေဆာက္အအုံေတြ မ႐ွိ၊ လူေတြလည္း မ႐ွိေတာ့ဘဲ ပင္လယ္ေရ က လိႈင္းလုံးႀကီးေတြနဲ႔ ျပာလဲ့သြားခဲ့ခဲ့ၿပီး အနက္ေရာင္ေတာင္ သန္းေနခဲ့သည္။

မိုင္နံ က ႐ွဲ႕စန္း ကို သယ္ၿပီး ျခေသၤ့ပ်ံ သားရဲရဲ႕  ေနာက္ေက်ာမွ သႏၲာေက်ာက္တန္း ေပၚသို႔ ခုန္ခ်လိုက္သည္။ ႐ွဲ႕စန္း က ေ႐ွာင္ယင္နဲ႔ ေနရာလြတ္မွ ဆက္ႏြယ္သားရဲေတြ ကို အရင္ဆုံး လႊတ္ေပးလိုက္သည္။

ေ႐ွာင္ယင္ ထြက္လာတာနဲ႔ တၿပိဳင္နက္ သူ႕ရဲ႕ ႏူးညံ့တဲ့ အသံက သူ႕စိတ္ထဲတြင္ ေပၚလာသည္။

{ “အႏၲရာယ္ ကင္းရဲ႕လား? အခု ငါ့ပါးစပ္ ကို ဖြင့္လို႔ရမလား"}

{“ရၿပီ”} ႐ွဲ႕စန္းက ေျပာလိုက္သည္။

ေငြေရာင္ အေဖြးသားနဲ႔ အခြံ အတြင္းမွ ငါးေရာင္ေတာက္ေနတဲ့ ပုလဲရဲ႕ အေရာင္ က အလင္းထဲတြင္ ထင္ဟပ္ေနသျဖင့္ ႐ွဲ႕စန္း အနီးနား ပတ္ဝန္းက်င္ က ပို၍ေတာက္ပလာသည္ ဟု ႐ုတ္တရက္ ခံစားလိုက္ရသည္။

{“အရင္က ပါးစပ္ဖြင့္ရတာ မႀကိဳက္ေပမယ့္ အခုေတာ့ မတတ္ႏိုင္ေတာ့ဘူး”} ေ႐ွာင္ယင္ နည္းနည္း ႐ွက္သြားသည္။

႐ွဲ႕စန္း က အဲဒါသည္ ဆက္ႏြယ္သားရဲေတြရဲ႕ စိတ္အေျခအေန ကို ထိခိုက္ေစသည့္ ေ႐ႊစြမ္းအင္ႏွင့္ ဆက္စပ္ေနသည္ဟု မွန္းဆခဲ့သည္။ ေ႐ွာင္ယင္ ကဆက္ႏြယ္သားရဲ မဟုတ္ေသာ္လည္း သူ႕ကိုလည္း သက္ေရာက္ေစခဲ့ၿပီး ပုံမွန္ထက္ ပို၍ တုန္လႈပ္သြားဖြယ္႐ွိသည္။

မိုင္နဲ က ေလွာင္အိမ္ေတြ႐ွိ လွ်ပ္စစ္ေသာ့ ကို အနီးကပ္ၾကည့္ကာ သူ႕လက္ပတ္ ကို ဖြင့္၍ အျမန္ လုပ္လိုက္သည္။ ႐ွဲ႕စန္း က အဲဒါကို ခဏေလာက္ ၾကည့္ၿပီးေတာ့ “ဖြင့္လို႔ရမလား” လို႔ ေမးလိုက္တယ္။

မိုင္နဲ က ေခါင္းညိတ္ျပသည္။ "အခ်ိန္တစ္ခုေတာ့ ၾကာလိမ့္မယ္"

႐ွဲ႕စန္း သည္ ေ႐ွာင္ယင္ရဲ႕ ေဘးတြင္ရပ္ေနကာ ထိလုနီးပါး ျဖစ္ေနတဲ့ ဧရာမ နဂါးပ်ံသားရဲ ကို ေလာင္ထန္း က အခ်ိန္မီ ထိန္းခ်ဳပ္ႏိုင္ခဲ့ၿပီး ေလထဲပ်ံခိုင္းလိုက္သည္။ ေ႐ွာင္ယင္ေလး ကို ၾကည့္ေနတဲ့ သူ႕မ်က္လုံးႀကီးေတြ က တလက္လက္ ေတာက္ပေနသည္။ 

ေ႐ွာင္ယင္ က အခြံကို ပိတ္ကာ {"ဝူးးးးးးး...! အရမ္း ေၾကာက္စရာ ေကာင္းတာပဲ၊ ငါ့ကို စားခ်င္ေနတာလား၊ ငါ က အရသာ မေကာင္းဘူးေနာ္”}

ပ်ံသန္းေနတဲ့ နဂါးပ်ံသားရဲ က မ်က္လုံးႀကီးေတြ ကို မ်က္ေတာင္ခတ္လိုက္ၿပီး {“မင္းကို ဘယ္သူ က စားရဲမွာလဲ။ ငါ မင္းကို တိုက္လို႔ရေအာင္ ကူညီေပးမယ္!"}

႐ွဲ႕စန္း သူ႕နဖူးကိုသူ ကိုင္ထားလိုက္သည္။ “အဲဒါ မင္းေျပာခ်င္တာလား။ မင္း သူ႕ကို ေၾကာက္ေအာင္ လုပ္ေနတာပဲ" သူ အခြံကို ထိလိုက္သည္ ။ စြမ္းအင္ေတြ ထြက္လာမွာ စိုးလို႔ အျမန္ ထိလိုက္႐ုံသာ ျဖစ္သည္။ 

“မေၾကာက္ပါနဲ႔။တာ့ေဟး က ေတာက္ေျပာင္ၿပီး ေတာက္ပေနတဲ့ အရာေတြ ကို ႀကိဳက္တာ၊ ထိခိုက္ေအာင္ မလုပ္ပါဘူး”

ေ႐ွာင္ယင္ "မင္း ငါ့ကို ထိလိုက္တာ ငါ ပါးစပ္ေတာင္ မဖြင့္ခ်င္ေတာ့ဘူး"

ပ်ံသန္းေနတဲ့ နဂါးပ်ံသားရဲ က သူ႕ကို ေလာဘႀကီးစြာ စိုက္ၾကည့္ေနလိုက္သည္။ "ဖြင့္ၾကည့္လိုက္ေတာ့၊ ငါ့ကိုၾကည့္ခြင့္ေပးပါ"

ပတ္ဝန္းက်င္ က မၾကားခ်င္ေယာင္ ေဆာင္ကာ တိတ္ဆိတ္ေနခဲ့သည္။

ေလာင္ထန္း က ပ်ံသန္းေနတဲ့ နဂါးပ်ံသား ရဲကို ပုတ္လိုက္သည္။ ေရနား ကို ပ်ံသန္းၿပီး ဆင္းသက္ခဲ့သည္။ ပိုင္ေက်ာင္း က မလႈပ္ရေသးခင္ ေလာင္ထန္း က သူ႕ကို ဖက္ကာ ခုန္ဆင္းလိုက္သည္။ သူ တစ္ခုခု ေျပာေတာ့မယ့္ အခ်ိန္မွာ ေလာင္ထန္း က သူ႕ကို ျပဳံးျပဳံးႀကီး ၾကည့္ၿပီး “အဆင္ေျပတယ္”

ခဏၾကာေတာ့ ေ႐ွာင္ယင္ သည္ သူ႕ပါးစပ္ကို ျပန္ဖြင့္ခ်င္လာတာေၾကာင့္ ႐ွဲ႕စန္း အား "စြမ္းအင္ ျပန္ယူေတာ့၊ တစ္ခ်ိန္လုံး ကိုယ့္ကိုကိုယ္ ထိန္းခ်ဳပ္မႈ မဆုံး႐ႈံးေနခ်င္ဘူး။ ငါ တာ့ခ်န္နဲ႔ တာ့ေဝ ကို ႐ွာဖို႔လိုတယ္!”

႐ွဲ႕စန္း က ခဏေလာက္ စဥ္းစားလိုက္တယ္။ “ေကာင္းၿပီေလ” ပုလဲ၌ စြမ္းအင္ ပိုၾကာေလ၊ ေ႐ွာင္ယင္ ကို ပို၍ ထိခိုက္ႏိုင္ေလ ျဖစ္ၿပီး ဆဆဆက္ႏြယ္သားရဲေတြ ကိုပါ ထိခိုက္ေစမည္ ျဖစ္သည္။ 

အထူးသျဖင့္ သူတို႔ ႏွစ္ေယာက္ က အေျခအေန မေကာင္းတဲ့ အတြက္ သူတို႔ စိတ္အေျခအေန ထပ္ၿပီး ထိခိုက္မိရင္ ပိုၿပီး အေျခအေန ဆိုးသြားႏိုင္သည္။

သူ႕လက္ကို အခြံေပၚ တင္လိုက္ေတာ့ ငါးေရာင္ျခယ္ ပ်ိဳးနီပန္းေၾကာင့္ သူ႕ပခုံးထဲ ကို စြမ္းအင္ေတြ စီးဝင္လာသည္။ စြမ္းအင္ ျပန္လည္ရယူမႈ ၿပီးသြားေတာ့ သူ ေပါ့ေပါ့ပါးပါး အသက္ ႐ွဴသြင္းလိုက္သည္။ သို႔ေသာ္ ေနာက္ပိုင္း သူ အံ့အားသင့္သြားသည္။

'ပ်ိဳးနီပန္းရဲ႕ အပူခ်ိန္ က က်ဆင္းမသြားဘူး'

_______________________________________________________________

အစ၊အဆုံး PDF File ရပါတယ္႐ွင့္၊ ႐ွဲ႕စန္းတို႔ရဲ႕ Pdf fileက ​ေငြလႊဲဆို ၂၀၀၀ ph billနဲ႔ဆို ၃၀၀၀ပါ႐ွင့္

Continue Reading

You'll Also Like

220K 5.4K 72
တောင်ပေါ်သားနဲ့ မြေပြန့်သူ ဇာတ်လမ်းလေးပါရှင့်
572K 56.9K 86
ရုန်းမထွက်ချင်မိတဲ့ မျက်ဝန်းသေတွေ၊ လှုပ်ရုံမျှပြောသည့် နီဆွေးဆွေးနှုတ်ခမ်းလေးနှင့်အတူ ထွက်ပေါ်လာသော နွေးထွေးနူးညံ့သံ။ မမလွမ်းကို တွယ်တာမိတဲ့ခဏတာမှာ ဖ...
6.4K 734 9
Title - 被迫嫁给敌对的王子( Forced to Marry the Enemy Prince ) Original Author - 乔柚/QiaoYou Type - Webnovel Total Chapters - 108 Chapters ☆I don't own this n...
319K 49.4K 197
Title - Beloved Husband ( Quick Transmigration ) Alternate Title - 宠夫( 快穿 ) Author - Jué Jué Genre - Adventure, Comedy, Fantasy, Romance, Slice of li...