Chapter 82 : ပူးပေါင်းဆောင်ရွက်ခြင်း
ရှဲ့စန်း နဲ့ မိုင်နဲ ၈၁ ထပ်ကို ခဏလောက် သွားခဲ့ကြသော်လည်း ဝင်ပေါက်နဲ့ ထွက်ပေါက် ကို ရှာမတွေ့သဖြင့် ရှဲ့စန်း ကွာခြားချက် ကို မပြောနိုင်ပေ။ မိုင်နဲ ခြေလှမ်းများ ရပ်တန့်သွားပြီး ရှဲ့စန်း အား နံရံဆီ ဆွဲကပ်လိုက်သည်။
“ကျွန်တော်တို့ ထွက်သွားဖို့ နည်းလမ်း ရှာရမယ်။ ဆက်နွယ်သားရဲ က ရူးသွပ်သွားပြီး ဆေးဝါးတွေ ပိုလိုအပ်လာရင် ဘယ်လို လုပ်မလဲ။ သေသွားသလိုမျိုး လဲနေတာ သေချာတယ်။ ဆေးပမာဏ ကို တိုးပေးလိုက်ရင် ညဘက်မှာ လေလံတင်တာ ရပ်ပစ်ဖို့ မလိုအပ်ဘူး!”
“နားလည်မှု လွဲနေတာ ရှိကောင်း ရှိနိုင်တယ်” နောက်ထပ် အသံ က "ကပ္ပတိန် ဆိုင်မွန် က နောက်ပြောင်တတ်တဲ့ လူ မဟုတ်ဘူး"
"အင်း၊ ဘယ်သူသိမှာလဲ! သွားကြရအောင်" ခြေသံတွေ ပျောက်သွားတယ်။
ရှဲ့စန်း သူ့ရဲ့ နားရွက်မှိုတွေ ကို အနီးနားရှိ ကင်မရာများကို ဖုံးအုပ်ထားခိုင်းကာ ရှဲ့စန်း ရဲ့ ညာဘက် အလယ်တွင် ဓာတ်လှေကား တံခါးတစ်ခု ရှိသည် ကို တွေ့တော့ ခေါင်းညိတ်လိုက်သည်။ ထိုနေရာမှ လူနှစ်ယောက် ထွက်လာခဲ့သည်။ သူတို့ထဲက တစ်ယောက်က အဖြူရောင် ဆရာဝန်ရဲ့ ယူနီဖောင်း ကို ၀တ်ထားပြီး သူတို့ နဲ့ မလှမ်းမကမ်း သူ့ရဲ့ ဘယ်ဘက် က တခြားတစ်ဖက် ကို သွားကြသည်။
ခေါင်းကို ဆုတ်လိုက်ပြီး မှိုနားရွက် ကို ဖုံးထားခိုင်းလိုက်သည်။ ဒီလုပ်ဆောင်ချက်ကို အရမ်း ကျွမ်းကျင်လာခဲ့သည်။ သူကို မထိတွေ့မီ၊ သူ က မှန်ဘီလူး ကို ဖုံးအုပ်ထားပြီး၊ သူ လွတ်သွားတာနဲ့ ကင်မရာ ကို ဆက်လက်ပိတ်ဆို့ထားမည် မဟုတ်ပေ။
သူ မိုင်နဲဘက်သို့ ရွေ့သွားလိုက်သည်။ “သူတို့ က ၈၂ ထပ် ကို သွားတာ" သူ မျက်တောင်ခတ်လိုက်ပြီး “ငါ သူ့ကို ဒီနေရာမှာ ခေါ်လိုက်ရင် ချက်ချင်း မေ့သွားအောင် လုပ်ပေးနိုင်မလား” လို့ မေးလိုက်တယ်။
မိုင်နဲ က ခေါင်းညိတ်ပြီး “ရတယ်”
ရှဲ့စန်း အနီးနားရှိ ကင်မရာတွေ ကို ဖုံးအုပ်ဖို့ မှိုနားရွက်တွေ ကို ထပ်အမိန့်ပေးခဲ့ပြီး ဖရဲသီးနွယ် နဲ့ အာလူး ကို ဆင့်ခေါ်ကာ အမိန့်ပေးခဲ့သည်။ နောက်စက္ကန့် တွင် လူဖြူရဲ့ ခါး ကို ဖရဲသီးနွယ်တွေ က ရုတ်တရက် ရစ်ပတ်သွားပြီး ပြင်းထန်တဲ့ တွန်းအားတစ်ခု က သူ့အား အနောက်ကို ဆွဲလိုက်သည်။ အော်ဖို့ ပါးစပ်ကို ဖွင့်လိုက်ပေမယ့် အသံ မထွက်ခင်မှာပဲ အာလူးကို ပါးစပ်ထဲ ထည့်ကာ ပါးစပ်ကို ပိတ်ပစ်လိုက်တယ်။
ဖရဲသီးနွယ်တွေ က သူ့ကို မိုင်နဲဆီသို့ လေပြင်းတိုက်သကဲ့သို့ လျင်မြန်စွာ ဆွဲသွားသည်။ မိုင်နဲရဲ့ လက် က မြင့်တက်သွားကာ ထိုလူ က ရှင်းရှင်းလင်းလင်း မမြင်ရဘဲ ပျောက်သွားကာ ရှဲ့စန်း က မှိုနက်ကို ကွယ်ထားခဲ့သည်။
"ဒေါက်တာ?!!!" သူနဲ့အတူ လိုက်ပါလာတဲ့ သူက ထိတ်လန့်တဲ့ အမူအရာဖြင့် အော်လိုက်သည်။
မိုင်နဲ က ချက်ချင်း ဆုံးဖြတ်ချက် ချလိုက်သည်။ “သူ့ကိုလည်း ဒီကိုခေါ်လိုက်”
ရှဲ့စန်း က အမိန့်ကို ထပ်ခါတလဲလဲ ပေးပြီး မကြာခင်မှာ ကြောက်လန့်နေတဲ့ ဆရာဝန်နဲ့ သူနဲ့လိုက်လာတဲ့သူ၊ နှစ်ယောက်စလုံး ကြမ်းပြင်ပေါ်မှာ လဲလျောင်းနေခဲ့တယ်။
မိုင်နဲ က ဆရာဝန်ကို ကြိုးတုပ်ပြီး ဓာတ်လှေကားဆီ သွားးကာ ဆရာဝန်ရဲ့ လက်ပတ် ကို ပွတ်ဆွဲလိုက်တော့ ဓာတ်လှေကားတံခါး ချက်ချင်း ပွင့်သွားတယ်။
မျက်စိတစ်မှိတ် အတွင်းမှာ ဓာတ်လှေကား က ၈၂ ထပ်မှာ ရပ်သွားတယ်။ ရှဲ့စန်း က ကင်မရာတွေ ကို ပိတ်ဆို့ရန် မှိုနားရွက်တွေ ကို ကျွမ်းကျင်စွာ အမိန့်ပေးခဲ့ပြီး မိုင်နဲ က သူ့ကို ဖက်၍ သူနဲ့အတူ အမြန် ထွက်လာခဲ့သည်။
နှစ်ယောက်သား ဓာတ်လှေကား ရှိရာမှ ဆင်းလာပြီးနောက် ညာဘက်သို့ လှည့်သွားလိုက်သည်။ သူတို့ လမ်းလျှောက်နေတုန်း အော်ဟစ်ဆဲဆိုသံနဲ့ အတူ ကြမ်းပြင်ပေါ်သို့ တစ်စုံတစ်ရာ ပြုတ်ကျသည့် အသံ က ရုတ်တရက် သူတို့နောက်မှ ထွက်လာခဲ့သည်။ ရှဲ့စန်း ခေါင်းကို အမြန် လှည့်လိုက်ပြီး လုံခြုံရေး အစောင့်တစ်ယောက်ရဲ့ နဖူးပေါ်တွင် ရှည်လျားတဲ့ တြိဂံ အမှတ်အသားဖြင့် ကြမ်းပြင်ပေါ်တွင် သတိလစ်လျက် လဲလျောင်းနေတာ ကို တွေ့လိုက်ရသည်။
နေကြာ က သူ့ဆီ ရောက်လာပြီး ဖြောင့်စင်းတဲ့ အကိုင်းအခက်တွေေ က ဒေါင်လိုက်လိုင်းများ အဖြစ်သို့ ပြောင်းသွားကာ တစ်ချိန်တည်းမှာပဲ ရှဲ့စန်း က ပျော်ရွှင်မှုနှင့် မှုန်မှိုင်းနေတဲ့ ခံစားချက်တွေ ကို ခံစားခဲ့ရသည်။
သူ သူ့ပွင့်ချပ်တွေ ကို ညင်သာစွာ ထိလိုက်ပြီး ("ကောင်းလိုက်တာ၊ ကျေးဇူးပဲနော်") ဟု စိတ်ထဲတွင် ပြောလိုက်သည်။ ပျော်ရွှင်နေတဲ့ ခံစားချက် က နက်ရှိုင်းလာပြီး နေကြာ က သူ့လက်ချောင်း အရွယ်သို့ ချက်ချင်း ပြန်ကျုံ့သွားသည်။ သူ့ဘယ်ဘက် ပခုံးပေါ်တွင် ရပ်နေကာ ပန်းပွင့် က သူ့နောက်ကျောဘက် ကို မျက်နှာမူလိုက်သည်။
ရှဲ့စန်း က ချက်ချင်းပဲ ထူးထူးခြားခြား စိတ်သက်သာရာရသွားကာ သူ့နောက်မှာ ပေါ်လာမယ့် ဘယ်သူ့ကိုမျှ စိတ်ပူစရာမလိုတော့ဘူး လို့ ခံစားလိုက်ရသည်။
မိုင်နဲ က တစ်ချက်ကြည့်လိုက်ပြီး ဘာတွေဖြစ်နေလဲ ဆိုတာ သိပေမယ့် အတိအကျ နေရာ ကို ပေးလာတော့ သူက ဘာမှ မပြောဘဲ ရှဲ့စန်းရဲ့ လက်ကို ညှစ်လိုက်သည်။ ရှဲ့စန်း က ရှေ့ကို ညွှန်ပြလိုက်သည်။ သူ့ပခုံးပေါ်ရှိ နွေးထွေးမှု က ပိုပိုပြီး ပူလာသည်၊ သူတို့ က လမ်းကြောင်းမှန် ကို ဦးတည်နေပြီး ရှောင်ယင်ဆီ ချဉ်းကပ်နေကြောင်း သူ့ကို သိသာစေသည်။
မိုင်နဲ က ဆက်လျှောက်လာရင်း သူ့ကို နံရံဘေးမှာ ကပ်ကာ သတိထားပြီး ရပ်လိုက်သည်။ သူတို့ လမ်းလျှောက်လာရင်း ကျယ်လောင်တဲ့ အချက်ပေးသံ က ရုတ်တရက် ထွက်ပေါ်လာပြီး နံရံပေါ်ရှိ စပီကာများမှ ဒေါသဖြစ်နေတဲ့ အသံထွက်လာသည်။
“Sအဆင့် အရေးပေါ်! တစ်စုံတစ်ယောက် ခိုးဝင်လာတယ်။ နေရာတိုင်း ကို သတိထားကြပါ”
လုံခြုံရေးအဖွဲ့ရဲ့ မော်နီတာရှေ့တွင် ရပ်နေတုန်း အနောက်ကနေ “အရှေ့ဘက် ဧရိယာ ၁ ရဲ့ စင်္ကြံ” လို့ ပြောလာတော့ လုံခြုံရေးအဖွဲ့ ကပ္ပတိန် ဆိုင်မွန်ရဲ့ နှုတ်ခမ်းတွေ က မျဉ်းဖြောင့်လို ဖိထားသည်။
သူ ခေါင်းကို လှည့်ကြည့်လိုက်တော့ စူးစူးရဲရဲ စူးစူးရှရှ မျက်လုံးလေးတွေနဲ့ ချောမောလှပတဲ့ မျက်နှာကို တွေ့လိုက်ရပြီး အရမ်း ဆွဲဆောင်မှုရှိလှသည်။ သို့သော် သူ့ခန္ဓာကိုယ် က တောင့်တင်းသွားသည်။
"မင်းသားလေး"
ရေသူမ မျိုးနွယ်ရဲ့ မင်းသားလေး၊ ပင်လယ်တစ္ဆေရဲ့ ေဘာ့စ် လန်နီ
သူ့တွင် နက်ပြာရောင် ဆံပင် ကောက်ကောက်၊ ကော့စင်းနေတဲ့ အပြာရောင် မျက်တောင်တွေနဲ့ ကျဉ်းမြောင်းတဲ့ မျက်လုံးတွေ ရှိသည်။ သူ က မော်နီတာမျက်နှာပြင် ကို ကြည့်နေပြီး သူ့ကို လှမ်းကြည့်လာသည်။ သူ့ကို စကား ပြန်မပြောပေ။
ကပ္ပတိန် ဆိုင်မွန် က အလျင်အမြန် အာရုံ ပြန်စိုက်လိုက်ပြီး “အရှေ့ဘက် ဧရိယာ ၁ ရဲ့ စင်္ကြံတွေ ကို သေချာ ဂရုတစိုက်စစ်ဆေး” ဟု သူရဲ့ လက်ပတ်မှတစ်ဆင့် သူ့လူတွေအား ညွှန်ကြားခဲ့သည်။
ရှဲ့စန်း အချက်ပေးသံ ကို ကြားပြီး မသိစိတ်က မိုင်နဲရဲ့ လက်ကို ဆုပ်ကိုင်လိုက်သည်။ ခဏကြာတော့ ခြေသံတွေ တဝုန်းဝုန်း မြည်လာပြီး သူတို့နဲ့ ပိုနီးကပ်လာတယ်။
မိုင်နဲ က "ဒီဧရိယာ က ကင်မရာ အကုန်လုံး ဖုံထားလိုက်တော့"
ရှဲ့စန်း ချက်ချင်း နားလည်သွားသည်။ သူတို့ ကို ရှာတွေ့သွားပြီ။ ဗီဒီယိုဖိုင် ကို ခဏပိတ်ထားရုံနဲ့ သတိပြုမိသွားမှာ ဖြစ်ပြီး သူတို့ရဲ့ နေရာကိုပင် ရှာတွေ့သွားနိုင်သည်။နားရွက်မှို ဆယ်ခု ကို လဲလှယ်ရန် သူ တွန့်ဆုတ်မနေခဲ့ပေ။ အနက်ရောင် မှိုတစ်ခုစီ၌ အဖက်လေးခု ရှိတာကြောင့် ကင်မရာ ၄၀နီးပါး ကို ဖုံးအုပ်ထားနိုင်သည်။
လန်နီ က မော်နီတာရှေ့တွင် ရပ်နေပြီး မည်းမှောင်သွားတဲ့ ဧရိယာကြီး ကို ကြည့်လိုက်သည်။ အနောက်ဘက် ဧရိယာ အနည်းငယ်သာ လင်းနေကာ အဲဒါ က တိတ်ဆိတ် ငြိမ်သက်နေတဲ့ လမ်းတွေသာရှိပြီး လူအရိပ်အယောင် လုံးဝ မတွေ့ရပေ။ ညာဘက်အစွန်ရှိ စောင့်ကြည့်ရေး အခန်းတွင် အနက်ရောင် ယူနီဖောင်းဝတ် အမျိုးသားတစ်ဦး ထိုင်နေပြီး ထိုအချိန်တွင် ချွေးတွေပျံနေသည်။
"ကပ္ပတိန် စက်ပစ္စည်း က အရင်အတိုင်းပါပဲ၊ ပြဿနာမရှိပါဘူး”
လန်နီ က မျက်နှာပြင် ကို စိုက်ကြည့်ကာ စားပွဲပေါ်ကို လက်ညှိုးဖြင့် ခေါက်လိုက်သည်။ “၈၁ ထပ် နဲ့ ၈၂ ထပ် ဓာတ်လှေကား က စောင့်ကြည့်မှတ်တမ်း အားလုံး လိုချင်တယ်” ဟု သူက ဆိုသည်။ ထို့နောက် “ဆယ်မိနစ်အတွင်း” ဟု ထပ်ပြောသည်။
ရှဲ့စန်း က ကင်မရာကို ဖုံးအုပ်ထားပြီးနောက် မိုင်နဲ ကို ခေါင်းညိတ်ပြလိုက်သည်။ သူ့အိတ်ထဲ က ထောက်လှမ်းရေး ကိရိယာ ၃ ခုကို ထုတ်ယူကာ လမ်းကြောင်း ၃ခုဆီ ဦးတည်ခိုင်းလိုက်သည်။ သူ သူ့လက်ပတ် ကို နှိပ်လိုက်ပြီး ရှောင်ယင် ရှိနိုင်တဲ့ နေရာသို့ လိုက်ရှာနေတဲ့သူတွေ ကို ရှောင်တိမ်းကာ လမ်းကြောင်းအတိုင်း လိုက်သွားခဲ့သည်။
နှစ်ယောက်သား စင်္ကြံတစ်ခုရဲ့ အဆုံးဆီ လျှောက်သွားကြသည်။ ရှဲ့စန်း ညာဘက်ပခုံးပေါ်ရှိ အပူချိန် က အရမ်း မြင့်တက်လာသည်။ မိုင်နဲ လက်ပတ်ပေါ် က ဖန်သားပြင် ကို ကြည့်လိုက်သည်။ လက်ယာဘက်တွင် တံခါးတစ်ခုရှိပြီး ဝင်ပေါက်ကို အစောင့်၄ယောက် က လက်နက်တွေဖြင့် အကာအကွယ် ပေးထားသည်။
ရှောင်ယင် က အဲဒီမှာ ရှိနေတော့ သူတံခါးကို ညွှန်ပြလိုက်သည်။ မိုင်နဲ က သူ ဘာကိုဆိုလိုသည် ကို ချက်ချင်း သဘောပေါက်ပြီး စာရိုက်ပြလိုက်သည်၊
[ဒီမှာ ခဏစောင့်၊ ကိုယ် သူတို့ကို သွားရှင်းလိုက်ဦးမယ်]
ရှဲ့စန်း ခေါင်းကို အမြန် ယမ်းပြလိုက်သည်။ အစောင့် ၄ယောက်ရဲ့ လက်က လက်နက်တွေ က အရမ်း ကောင်းနေတော့ မိုင်နဲ တိုက်နိုင်တယ် ဆိုရင်တောင် ဒဏ်ရာရသွားလိမ့်မယ်။ သူက မိုင်နဲရဲ့ လက်ကို ကုတ်လိုက်ပြီး "ငါ လုပ်လိုက်မယ်"
မိုင်နဲ အမူအရာ ချက်ချင်း တင်းမာလာသည်။ သူ ရှဲ့စန်း လက်ကို ဆုပ်ကိုင်ထားပြီး မျက်လုံးတွေ က မည်းမှောင်လာသည်။ ရှဲ့စန်း က သူ့ကို စိုက်ကြည့်တော့ မိုင်နဲ ရွေးချယ်စရာ မရှိဘဲ လွှတ်ပေးလိုက်ရသည်။
ရှဲ့စန်း သည် ငရုတ်သီး နှစ်တောင့် ကို ဆင့်ခေါ်ပြီး အစောင့်တွေကို ဘယ်ညာ တစ်ဖက်စီကနေ ငရုတ်သီးမှုန့်တွေ ကို ထုတ်လွှတ်လိုက်သည်။
“အဟွတ် အဟွတ်! ဘာတွေလဲကွာ! အားးးးး..!"
အစောင့် ၄ယောက် က ငရုတ်သီး အနံ့တွေကြောင့် ပူထူလျက် နှာချေနေကြသည်။ သူတို့ မျက်လုံးတွေ က မသက်မသာ ဖြစ်ပြီး ယားယံလာကာ ပွတ်သပ်ရန် မသိစိတ်က လက်လှမ်းမိလိုက်သည်။ ပွတ်လေ ပိုပူလေဖြစ်ပြီး သူတို့ရဲ့ မျက်နှာတွေ က နာကျင်မှုများဖြင့် ပြည့်နှက်နေသည်။
ရှဲ့စန်း နဲ့ မိုင်နဲ က ထောက်လှမ်းရေး ကိရိယာ မှ တုံ့ပြန်မှုကို ကြည့်နေလိုက်သည်။ လူလေးယောက် က လှုံ့ဆော်မှုအား မသိစိတ်ဖြင့် ကိုင်တွယ် ဖြေရှင်းရင်း အလုပ်များနေပြီး အခုအချိန်တွင် နေရာကွဲသွားကြသည်။ မိုင်နဲ က ရှဲ့စန်းရဲ့ ပခုံးကို ပုတ်ပြီး အနီးဆုံးကို ညွှန်ပြလိုက်သည်။
အစောင့် အနောက်က တံခါးက ပိတ်ထားသည်။ ဝင်ဖို့ အစောင့်ရဲ့ ခွင့်ပြုချက် ကို အသုံးပြုရမည်၊ မဟုတ်ရင် အနည်းဆုံး တယောက်ကို မေ့သွားအောင် လုပ်ရမည်။
ရှဲ့စန်း က သူ့ကို အနားဆွဲခေါ်လိုက်ပြီး ပိုင်ကျောင်း သူ့ကိုယ်သူ ကာကွယ်ဖို့ အတွက် ပေးခဲ့တဲ့ စပရေး ပုလင်းကို ထုတ်ယူလိုက်သည်။ ဒီလူတွေ က အရပ်ရှည်ပြီး လက်တစ်ဖက် က ဓားကြောင့် ရင်ဆိုင်ဖို့ မလွယ်ချေ။ ဆေးက ပိုအဆင်ပြေလိမ့်မယ်၊ သူ ပိုင်ကျောင်းရဲ့ ဆေးကို ယုံတယ်။
မိုင်နဲ က ယူလိုက်ပြီး တိတ်တိတ်လေး ထွက်လာတယ်။ ငရုတ်သီးမှုန့်ကြောင့် လူ၄ယောက်ရဲ့ အမြင်အာရုံနဲ့ အနံ့အာရုံတွေ က သိသိသာသာ လျော့ကျသွားလိမ့်မယ် လို့ ရှဲ့စန်း တွေးမိပြီး စောင့်ကြည့်ဖို့ တိတ်တိတ်လေး ချောင်းကြည့်လိုက်တယ်။
မိုင်နဲ က အရမ်း မြန်ပြီး အနီးဆုံး လူဆီသို့ အပြေးအလွှား သွားကာ ဖြန်းဆေး ကို ပြင်းပြင်းထန်ထန် ဖိနှိပ်လိုက်၍ ဒုတိယလူ၊ တတိယလူ…
ရှဲ့စန်း က သန်မာတဲ့ လူတွေ ကြမ်းပြင်ပေါ် လဲကျသွားတာ ကို ကြည့်ပြီး ပိုင်ကျောင်းက်ု စိတ်ထဲကနေ အသံတိတ် လက်မ ထောင်ပြလိုက်သည်။
မိုင်နဲ က အစောင့်တစ်ယောက် ကို ရှောင်တခင် ဖမ်းကာ လက်ကောက်ဝတ်ကို ယူ၍ တံခါးဖွင့်ရန် အသုံးပြုခဲ့သည်။ ရှဲ့စန်း အမြန်ထွက်လာပြီး နှစ်ယောက်သား အတူတူ ဝင်သွားကြသည်။
"ရှောင်ယင်!" အထဲကို ရောက်တာနဲ့ ငွေရောင် တောက်နေတဲ့ ကမာ အခွံကို သူ တွေ့လိုက်ရပြီး၊ သူ့ဘေးမှာ သံလှောင်အိမ်ကြီး နှစ်ခုရှိပြီး အထဲမှာ အကောင် အကြီးကြီး နှစ်ကောင် က မေ့မြောနေသလိုမျိုး မြေပြင်ပေါ်မှာ လဲလျောင်းနေတယ်။ ကျန်တဲ့ နေရာတွေမှာ တခြားအရာတွေ ရှိနေပေမယ့် အနီးကပ်ကြည့်ဖို့ စိတ်မ၀င်စားပေ။
“ ဧရာမ မိကျောင်းကြီး၊ ဧရာမ ဝက်ဝံသားရဲ” လှောင်အိမ်ထဲက သားရဲတွေ ကို မိုင်နဲ က ချက်ချင်း မှတ်မိလိုက်တယ်။
"ဝူးးးးးး... မင်း ဒီကို တကယ် ရောက်လာတယ်" ရှောင်ယင် အံ့သြသွားပြီး ငိုလာပြန်သည်။
{“ဒီမှာ နေရတာ မုန်းတယ်! ဝူးးးးးးးးးးးးးး! ဒါပေမယ့် မင်းငါ့ကို ဘယ်လိုခေါ်သွားမှာလဲ။ ငါ က အရမ်း ကြီးနေတယ်"}
ရှဲ့စန်းက လည်ဆွဲကို သူ့ကော်လာ အောက်ကနေ ဆွဲထုတ်လိုက်တယ်။ ရိုးရိုး ငွေရောင် လက်စွပ် သုံးကွင်း ချိတ်ဆွဲထားပြီး အသေးဆုံး ကို ညှစ်လိုက်သည်။
{“ငါတို့ မင်းကို သားရဲ နေရာလွတ်ထဲ ထည့်ထားပေးမယ်။ မငြင်းနဲ့နော်၊ ငါတို့ ထွက်သွားလို့ ရတာနဲ့ မင်းကို လွှတ်ပေးမယ်"}
သူနဲ့ မိုင်နဲ က နေရာလွတ်ထဲ ထည့်လိုက်တာနဲ့ သူ ပျောက်ကွယ်သွားခဲ့တယ်။ နိမ့်ကျပြီး သေစေနိုင်တဲ့ အသံ က သူတို့ အနားရှိ သားရဲကြီးနှစ်ကောင်ဆီ က ထွက်လာသည်။ ရှဲ့စန်း ကြည့်လိုက်တော့ သားရဲကြီး နှစ်ကောင် က သူတို့ကို ရက်စက်တဲ့ မျက်လုံးတွေဖြင့် စိုက်ကြည့်နေသည် ကို တွေ့လိုက်ရသည်။
ရှဲ့စန်းရဲ့ နှလုံးသား တင်းကြပ်လာသည်။ အဲဒီလို အကြည့်တွေ ကို တုံ့ပြန်ဖို့ ဆိုတာ သူ့အတွက် ခက်ခဲတယ်။ သူက
“ငါက ရှောင်ယင်ရဲ့ သူငယ်ချင်းပါ။ ငါက မင်းတို့ကို ရှုပ်ရှုပ်ယှက်ယှက် ဖြစ်အောင် လုပ်ခိုင်းခဲ့တဲ့သူပါ။ မင်းတို့ ကောင်းကောင်း လုပ်ခဲ့တယ်"
မျက်လုံးနှစ်စုံ က သူ့စကား မှန်လား ဆိုတာ ကို အဆုံးအဖြတ် ပေးနေသလိုပဲ သူ့ကို စိုက်ကြည့်နေကြသည်။ ရှဲ့စန်း ရှောင်ယင် ကို လွှတ်ပေးလိုက်ပြီး သူတို့ကို သူနဲ့ စကားပြောခွင့် ပေးလိုက်တယ်၊ သူပြောပြီးသွားတဲ့အခါ သူ့ကို ပြန်ထည့်ထားလိုက်တယ်။
မိုင်နဲ က လှောင်အိမ်တွေ ကို စစ်ဆေးပြီး ခေါင်းယမ်းလိုက်တယ်။ "သော့ကို အခုချက်ချင်း သော့ဖွင့်လို့ မရလောက်ဘူး"
ရှဲ့စန်း ဆွဲကြိုးပေါ်မှ အခြား လက်စွပ်တွေ ကို ထိလိုက်သည်။ "ဒါဆို သူတို့ကို အထဲ ထည့်ပြီး ငါတို့ ထွက်သွားလိုက်မယ်"
ဆက်နွယ်သားရဲ နှစ်ကောင်ရဲ့ ပူးပေါင်း ဆောင်ရွက်မှုဖြင့် ရှဲ့စန်း က သူတို့အား နေရာလွတ်ထဲသို့ ပို့ဆောင်ခဲ့ပြီး သူတို့ရဲ့ ရည်ရွယ်ချက် အောင်မြင်ခဲ့သည်။ ရှဲ့စန်း က သက်ပြင်းချကာ လည်ဆွဲ ကို သူ့အဝတ်အစားအောက် ပြန်ထည့်ကာ မိုင်နဲ နောက်ကို လိုက်သွားခဲ့သည်။
ဓာတ်လှေကားထဲ ရောက်တော့ ရှဲ့စန်း က ပိုင်ကျောင်း ဆီကို စာတစ်စောင် ပို့လိုက်တယ်။
[ငါ နေလို့ မကောင်းဘူး။ ငါတို့ အခန်းကို ပြန်တော့မယ်]
ပိုင်ကျောင်း က သတင်းစကား ကို ကြည့်လိုက်ပြီး သူ့နှုတ်ခမ်းထောင့် က ကွေးသွားခဲ့တယ်။ ထိုအချိန်တွင် မျက်လုံးတွေ တောက်ပနေတဲ့ လေလံပွဲ မန်နေဂျာ က “ဘာတွေ ရှိသေးလဲ” လို့ တိုက်တွန်းလာသည်။
ပိုင်ကျောင်း က စာချုပ်ကို လက်မှတ် ရေးထိုးဖို့ ပြင်ဆင်နေပြီး ဖရဲသီး ဈေးကောင်း မရတော့မည် ကို စိုးရိမ်နေပုံ ရသဖြင့် ဖရဲသီး အကြောင်း ကို အသေးစိတ် ရှင်းပြလိုက်သည်။ ပုံပန်းသဏ္ဍာန်မှ အစ အရသာ အထိ၊ အစားအသောက် တန်ဖိုး၊ ဆေးဖက်ဝင် တန်ဖိုးအထိ၊ အစေ့မှ အောက်ခြေ အသားထိ အစ၊ အလယ်၊ အဆုံးး ရှင်းပြလိုက်သည်။ ဖရဲသီး တစ်လုံးတွင် အစေ့ပေါင်း ရာနှင့်ချီ၍ ရှိခဲ့သည်။
ဒါက ဘာကို ဆိုလိုတာပါလဲ? သုတေသန မအောင်မြင်ရင်တောင် အချိန်အကြာကြီး ဆက်လက် လုပ်ဆောင်နိုင်မည် ဖြစ်ကာ သူတို့သည် ယခင် အတွေ့အကြုံများမှ ဖြည်းညှင်းစွာ သင်ယူနိုင်ပြီး အောင်မြင်မှု အခွင့်အလမ်းများ တိုးတက်လာစေသည် ဟု ဆိုလိုခြင်းဖြစ်သည်။
ပိုင်ကျောင်း ရယ်လိုက်တယ်။ "ဒါက မလုံလောက်ဘူးလား? ဈေးကောင်း ရလိမ့်မယ်လို့ မျှော်လင့်ပါတယ်”
"စိတ်မပူပါနဲ့၊ အဲဒါ က ဈေးကောင်း ရဖို့ ဖြစ်နိုင်ပါတယ်!" မန်နေဂျာက ပြောသည်။
ပိုင်ကျောင်း က နှုတ်ဆက်ဖို့ ထလိုက်တယ်။ မန်နေဂျာက သူ့ကို တံခါးဆီ လိုက်ပို့တော့ လောင်ထန်း တစ်ယောက်တည်း ရှိတာကို တွေ့ပြီး “ကျန်တဲ့ လူနှစ်ယောက် ဘယ်မှာလဲ” လို့ အံ့သြတကြီးနဲ့ မေးလိုက်တယ်။
ပိုင်ကျောင်း က စာကို ပြလိုက်ပြီး "ငါ့သူငယ်ချင်း က ပင်လယ်စာနဲ့ ဓါတ်မတည့်လို့ နေမကောင်းဘူး"
“အိုး၊ ဒါက ရှက်စရာပဲ” ဟု မန်နေဂျာက ပြောသည်။
ပိုင်ကျောင်း က ပြုံးပြပြီး ၈၁ထပ်ကနေ လောင်ထန်း နဲ့ ထွက်လာခဲ့သည်။
သူတို့ရဲ့ ဓာတ်လှေကား ပိတ်သွားတာနဲ့ မန်နေဂျာ က ဆက်သွယ်မှု ရပြီး နောက်တစ်စက္ကန့်မှာ သူ့အမူအရာ က ချက်ချင်း ပြောင်းသွားတယ်။
"သူတို့ ထွက်သွားပြီ!"
_______________________________________________________________
Zawgyi version
Chapter 82 : ပူးေပါင္းေဆာင္႐ြက္ျခင္း
႐ွဲ႕စန္း နဲ႔ မိုင္နဲ ၈၁ ထပ္ကို ခဏေလာက္ သြားခဲ့ၾကေသာ္လည္း ဝင္ေပါက္နဲ႔ ထြက္ေပါက္ ကို ႐ွာမေတြ႕သျဖင့္ ႐ွဲ႕စန္း ကြာျခားခ်က္ ကို မေျပာႏိုင္ေပ။ မိုင္နဲ ေျခလွမ္းမ်ား ရပ္တန္႔သြားၿပီး ႐ွဲ႕စန္း အား နံရံဆီ ဆြဲကပ္လိုက္သည္။
“ကြၽန္ေတာ္တို႔ ထြက္သြားဖို႔ နည္းလမ္း ႐ွာရမယ္။ ဆက္ႏြယ္သားရဲ က ႐ူးသြပ္သြားၿပီး ေဆးဝါးေတြ ပိုလိုအပ္လာရင္ ဘယ္လို လုပ္မလဲ။ ေသသြားသလိုမ်ိဳး လဲေနတာ ေသခ်ာတယ္။ ေဆးပမာဏ ကို တိုးေပးလိုက္ရင္ ညဘက္မွာ ေလလံတင္တာ ရပ္ပစ္ဖို႔ မလိုအပ္ဘူး!”
“နားလည္မႈ လြဲေနတာ ႐ွိေကာင္း ႐ွိႏိုင္တယ္” ေနာက္ထပ္ အသံ က "ကပၸတိန္ ဆိုင္မြန္ က ေနာက္ေျပာင္တတ္တဲ့ လူ မဟုတ္ဘူး"
"အင္း၊ ဘယ္သူသိမွာလဲ! သြားၾကရေအာင္" ေျခသံေတြ ေပ်ာက္သြားတယ္။
႐ွဲ႕စန္း သူ႕ရဲ႕ နား႐ြက္မိႈေတြ ကို အနီးနား႐ွိ ကင္မရာမ်ားကို ဖုံးအုပ္ထားခိုင္းကာ ႐ွဲ႕စန္း ရဲ႕ ညာဘက္ အလယ္တြင္ ဓာတ္ေလွကား တံခါးတစ္ခု ႐ွိသည္ ကို ေတြ႕ေတာ့ ေခါင္းညိတ္လိုက္သည္။ ထိုေနရာမွ လူႏွစ္ေယာက္ ထြက္လာခဲ့သည္။ သူတို႔ထဲက တစ္ေယာက္က အျဖဴေရာင္ ဆရာဝန္ရဲ႕ ယူနီေဖာင္း ကို ၀တ္ထားၿပီး သူတို႔ နဲ႔ မလွမ္းမကမ္း သူ႕ရဲ႕ ဘယ္ဘက္ က တျခားတစ္ဖက္ ကို သြားၾကသည္။
ေခါင္းကို ဆုတ္လိုက္ၿပီး မိႈနား႐ြက္ ကို ဖုံးထားခိုင္းလိုက္သည္။ ဒီလုပ္ေဆာင္ခ်က္ကို အရမ္း ကြၽမ္းက်င္လာခဲ့သည္။ သူကို မထိေတြ႕မီ၊ သူ က မွန္ဘီလူး ကို ဖုံးအုပ္ထားၿပီး၊ သူ လြတ္သြားတာနဲ႔ ကင္မရာ ကို ဆက္လက္ပိတ္ဆို႔ထားမည္ မဟုတ္ေပ။
သူ မိုင္နဲဘက္သို႔ ေ႐ြ႕သြားလိုက္သည္။ “သူတို႔ က ၈၂ ထပ္ ကို သြားတာ" သူ မ်က္ေတာင္ခတ္လိုက္ၿပီး “ငါ သူ႕ကို ဒီေနရာမွာ ေခၚလိုက္ရင္ ခ်က္ခ်င္း ေမ့သြားေအာင္ လုပ္ေပးႏိုင္မလား” လို႔ ေမးလိုက္တယ္။
မိုင္နဲ က ေခါင္းညိတ္ၿပီး “ရတယ္”
႐ွဲ႕စန္း အနီးနား႐ွိ ကင္မရာေတြ ကို ဖုံးအုပ္ဖို႔ မိႈနား႐ြက္ေတြ ကို ထပ္အမိန္႔ေပးခဲ့ၿပီး ဖရဲသီးႏြယ္ နဲ႔ အာလူး ကို ဆင့္ေခၚကာ အမိန္႔ေပးခဲ့သည္။ ေနာက္စကၠန္႔ တြင္ လူျဖဴရဲ႕ ခါး ကို ဖရဲသီးႏြယ္ေတြ က ႐ုတ္တရက္ ရစ္ပတ္သြားၿပီး ျပင္းထန္တဲ့ တြန္းအားတစ္ခု က သူ႕အား အေနာက္ကို ဆြဲလိုက္သည္။ ေအာ္ဖို႔ ပါးစပ္ကို ဖြင့္လိုက္ေပမယ့္ အသံ မထြက္ခင္မွာပဲ အာလူးကို ပါးစပ္ထဲ ထည့္ကာ ပါးစပ္ကို ပိတ္ပစ္လိုက္တယ္။
ဖရဲသီးႏြယ္ေတြ က သူ႕ကို မိုင္နဲဆီသို႔ ေလျပင္းတိုက္သကဲ့သို႔ လ်င္ျမန္စြာ ဆြဲသြားသည္။ မိုင္နဲရဲ႕ လက္ က ျမင့္တက္သြားကာ ထိုလူ က ႐ွင္း႐ွင္းလင္းလင္း မျမင္ရဘဲ ေပ်ာက္သြားကာ ႐ွဲ႕စန္း က မိႈနက္ကို ကြယ္ထားခဲ့သည္။
"ေဒါက္တာ?!!!" သူနဲ႔အတူ လိုက္ပါလာတဲ့ သူက ထိတ္လန္႔တဲ့ အမူအရာျဖင့္ ေအာ္လိုက္သည္။
မိုင္နဲ က ခ်က္ခ်င္း ဆုံးျဖတ္ခ်က္ ခ်လိုက္သည္။ “သူ႕ကိုလည္း ဒီကိုေခၚလိုက္”
႐ွဲ႕စန္း က အမိန္႔ကို ထပ္ခါတလဲလဲ ေပးၿပီး မၾကာခင္မွာ ေၾကာက္လန္႔ေနတဲ့ ဆရာဝန္နဲ႔ သူနဲ႔လိုက္လာတဲ့သူ၊ ႏွစ္ေယာက္စလုံး ၾကမ္းျပင္ေပၚမွာ လဲေလ်ာင္းေနခဲ့တယ္။
မိုင္နဲ က ဆရာဝန္ကို ႀကိဳးတုပ္ၿပီး ဓာတ္ေလွကားဆီ သြားးကာ ဆရာဝန္ရဲ႕ လက္ပတ္ ကို ပြတ္ဆြဲလိုက္ေတာ့ ဓာတ္ေလွကားတံခါး ခ်က္ခ်င္း ပြင့္သြားတယ္။
မ်က္စိတစ္မွိတ္ အတြင္းမွာ ဓာတ္ေလွကား က ၈၂ ထပ္မွာ ရပ္သြားတယ္။ ႐ွဲ႕စန္း က ကင္မရာေတြ ကို ပိတ္ဆို႔ရန္ မိႈနား႐ြက္ေတြ ကို ကြၽမ္းက်င္စြာ အမိန္႔ေပးခဲ့ၿပီး မိုင္နဲ က သူ႕ကို ဖက္၍ သူနဲ႔အတူ အျမန္ ထြက္လာခဲ့သည္။
ႏွစ္ေယာက္သား ဓာတ္ေလွကား ႐ွိရာမွ ဆင္းလာၿပီးေနာက္ ညာဘက္သို႔ လွည့္သြားလိုက္သည္။ သူတို႔ လမ္းေလွ်ာက္ေနတုန္း ေအာ္ဟစ္ဆဲဆိုသံနဲ႔ အတူ ၾကမ္းျပင္ေပၚသို႔ တစ္စုံတစ္ရာ ျပဳတ္က်သည့္ အသံ က ႐ုတ္တရက္ သူတို႔ေနာက္မွ ထြက္လာခဲ့သည္။ ႐ွဲ႕စန္း ေခါင္းကို အျမန္ လွည့္လိုက္ၿပီး လုံျခဳံေရး အေစာင့္တစ္ေယာက္ရဲ႕ နဖူးေပၚတြင္ ႐ွည္လ်ားတဲ့ ႀတိဂံ အမွတ္အသားျဖင့္ ၾကမ္းျပင္ေပၚတြင္ သတိလစ္လ်က္ လဲေလ်ာင္းေနတာ ကို ေတြ႕လိုက္ရသည္။
ေနၾကာ က သူ႕ဆီ ေရာက္လာၿပီး ေျဖာင့္စင္းတဲ့ အကိုင္းအခက္ေတြေ က ေဒါင္လိုက္လိုင္းမ်ား အျဖစ္သို႔ ေျပာင္းသြားကာ တစ္ခ်ိန္တည္းမွာပဲ ႐ွဲ႕စန္း က ေပ်ာ္႐ႊင္မႈႏွင့္ မႈန္မိႈင္းေနတဲ့ ခံစားခ်က္ေတြ ကို ခံစားခဲ့ရသည္။
သူ သူ႕ပြင့္ခ်ပ္ေတြ ကို ညင္သာစြာ ထိလိုက္ၿပီး ("ေကာင္းလိုက္တာ၊ ေက်းဇူးပဲေနာ္") ဟု စိတ္ထဲတြင္ ေျပာလိုက္သည္။ ေပ်ာ္႐ႊင္ေနတဲ့ ခံစားခ်က္ က နက္႐ိႈင္းလာၿပီး ေနၾကာ က သူ႕လက္ေခ်ာင္း အ႐ြယ္သို႔ ခ်က္ခ်င္း ျပန္က်ံဳ႕သြားသည္။ သူ႕ဘယ္ဘက္ ပခုံးေပၚတြင္ ရပ္ေနကာ ပန္းပြင့္ က သူ႕ေနာက္ေက်ာဘက္ ကို မ်က္ႏွာမူလိုက္သည္။
႐ွဲ႕စန္း က ခ်က္ခ်င္းပဲ ထူးထူးျခားျခား စိတ္သက္သာရာရသြားကာ သူ႕ေနာက္မွာ ေပၚလာမယ့္ ဘယ္သူ႕ကိုမွ် စိတ္ပူစရာမလိုေတာ့ဘူး လို႔ ခံစားလိုက္ရသည္။
မိုင္နဲ က တစ္ခ်က္ၾကည့္လိုက္ၿပီး ဘာေတြျဖစ္ေနလဲ ဆိုတာ သိေပမယ့္ အတိအက် ေနရာ ကို ေပးလာေတာ့ သူက ဘာမွ မေျပာဘဲ ႐ွဲ႕စန္းရဲ႕ လက္ကို ညႇစ္လိုက္သည္။ ႐ွဲ႕စန္း က ေ႐ွ႕ကို ၫႊန္ျပလိုက္သည္။ သူ႕ပခုံးေပၚ႐ွိ ေႏြးေထြးမႈ က ပိုပိုၿပီး ပူလာသည္၊ သူတို႔ က လမ္းေၾကာင္းမွန္ ကို ဦးတည္ေနၿပီး ေ႐ွာင္ယင္ဆီ ခ်ဥ္းကပ္ေနေၾကာင္း သူ႕ကို သိသာေစသည္။
မိုင္နဲ က ဆက္ေလွ်ာက္လာရင္း သူ႕ကို နံရံေဘးမွာ ကပ္ကာ သတိထားၿပီး ရပ္လိုက္သည္။ သူတို႔ လမ္းေလွ်ာက္လာရင္း က်ယ္ေလာင္တဲ့ အခ်က္ေပးသံ က ႐ုတ္တရက္ ထြက္ေပၚလာၿပီး နံရံေပၚ႐ွိ စပီကာမ်ားမွ ေဒါသျဖစ္ေနတဲ့ အသံထြက္လာသည္။
“Sအဆင့္ အေရးေပၚ! တစ္စုံတစ္ေယာက္ ခိုးဝင္လာတယ္။ ေနရာတိုင္း ကို သတိထားၾကပါ”
လုံျခဳံေရးအဖြဲ႕ရဲ႕ ေမာ္နီတာေ႐ွ႕တြင္ ရပ္ေနတုန္း အေနာက္ကေန “အေ႐ွ႕ဘက္ ဧရိယာ ၁ ရဲ႕ စႀကႍ” လို႔ ေျပာလာေတာ့ လုံျခဳံေရးအဖြဲ႕ ကပၸတိန္ ဆိုင္မြန္ရဲ႕ ႏႈတ္ခမ္းေတြ က မ်ဥ္းေျဖာင့္လို ဖိထားသည္။
သူ ေခါင္းကို လွည့္ၾကည့္လိုက္ေတာ့ စူးစူးရဲရဲ စူးစူး႐ွ႐ွ မ်က္လုံးေလးေတြနဲ႔ ေခ်ာေမာလွပတဲ့ မ်က္ႏွာကို ေတြ႕လိုက္ရၿပီး အရမ္း ဆြဲေဆာင္မႈ႐ွိလွသည္။ သို႔ေသာ္ သူ႕ခႏၶာကိုယ္ က ေတာင့္တင္းသြားသည္။
"မင္းသားေလး"
ေရသူမ မ်ိဳးႏြယ္ရဲ႕ မင္းသားေလး၊ ပင္လယ္တေစၧရဲ႕ ေဘာ့စ္ လန္နီ
သူ႕တြင္ နက္ျပာေရာင္ ဆံပင္ ေကာက္ေကာက္၊ ေကာ့စင္းေနတဲ့ အျပာေရာင္ မ်က္ေတာင္ေတြနဲ႔ က်ဥ္းေျမာင္းတဲ့ မ်က္လုံးေတြ ႐ွိသည္။ သူ က ေမာ္နီတာမ်က္ႏွာျပင္ ကို ၾကည့္ေနၿပီး သူ႕ကို လွမ္းၾကည့္လာသည္။ သူ႕ကို စကား ျပန္မေျပာေပ။
ကပၸတိန္ ဆိုင္မြန္ က အလ်င္အျမန္ အာ႐ုံ ျပန္စိုက္လိုက္ၿပီး “အေ႐ွ႕ဘက္ ဧရိယာ ၁ ရဲ႕ စႀကႍေတြ ကို ေသခ်ာ ဂ႐ုတစိုက္စစ္ေဆး” ဟု သူရဲ႕ လက္ပတ္မွတစ္ဆင့္ သူ႕လူေတြအား ၫႊန္ၾကားခဲ့သည္။
႐ွဲ႕စန္း အခ်က္ေပးသံ ကို ၾကားၿပီး မသိစိတ္က မိုင္နဲရဲ႕ လက္ကို ဆုပ္ကိုင္လိုက္သည္။ ခဏၾကာေတာ့ ေျခသံေတြ တဝုန္းဝုန္း ျမည္လာၿပီး သူတို႔နဲ႔ ပိုနီးကပ္လာတယ္။
မိုင္နဲ က "ဒီဧရိယာ က ကင္မရာ အကုန္လုံး ဖုံထားလိုက္ေတာ့"
႐ွဲ႕စန္း ခ်က္ခ်င္း နားလည္သြားသည္။ သူတို႔ ကို ႐ွာေတြ႕သြားၿပီ။ ဗီဒီယိုဖိုင္ ကို ခဏပိတ္ထား႐ုံနဲ႔ သတိျပဳမိသြားမွာ ျဖစ္ၿပီး သူတို႔ရဲ႕ ေနရာကိုပင္ ႐ွာေတြ႕သြားႏိုင္သည္။နား႐ြက္မိႈ ဆယ္ခု ကို လဲလွယ္ရန္ သူ တြန္႔ဆုတ္မေနခဲ့ေပ။ အနက္ေရာင္ မိႈတစ္ခုစီ၌ အဖက္ေလးခု ႐ွိတာေၾကာင့္ ကင္မရာ ၄၀နီးပါး ကို ဖုံးအုပ္ထားႏိုင္သည္။
လန္နီ က ေမာ္နီတာေ႐ွ႕တြင္ ရပ္ေနၿပီး မည္းေမွာင္သြားတဲ့ ဧရိယာႀကီး ကို ၾကည့္လိုက္သည္။ အေနာက္ဘက္ ဧရိယာ အနည္းငယ္သာ လင္းေနကာ အဲဒါ က တိတ္ဆိတ္ ၿငိမ္သက္ေနတဲ့ လမ္းေတြသာ႐ွိၿပီး လူအရိပ္အေယာင္ လုံးဝ မေတြ႕ရေပ။ ညာဘက္အစြန္႐ွိ ေစာင့္ၾကည့္ေရး အခန္းတြင္ အနက္ေရာင္ ယူနီေဖာင္းဝတ္ အမ်ိဳးသားတစ္ဦး ထိုင္ေနၿပီး ထိုအခ်ိန္တြင္ ေခြၽးေတြပ်ံေနသည္။
"ကပၸတိန္ စက္ပစၥည္း က အရင္အတိုင္းပါပဲ၊ ျပႆနာမ႐ွိပါဘူး”
လန္နီ က မ်က္ႏွာျပင္ ကို စိုက္ၾကည့္ကာ စားပြဲေပၚကို လက္ညိႇဳးျဖင့္ ေခါက္လိုက္သည္။ “၈၁ ထပ္ နဲ႔ ၈၂ ထပ္ ဓာတ္ေလွကား က ေစာင့္ၾကည့္မွတ္တမ္း အားလုံး လိုခ်င္တယ္” ဟု သူက ဆိုသည္။ ထို႔ေနာက္ “ဆယ္မိနစ္အတြင္း” ဟု ထပ္ေျပာသည္။
႐ွဲ႕စန္း က ကင္မရာကို ဖုံးအုပ္ထားၿပီးေနာက္ မိုင္နဲ ကို ေခါင္းညိတ္ျပလိုက္သည္။ သူ႕အိတ္ထဲ က ေထာက္လွမ္းေရး ကိရိယာ ၃ ခုကို ထုတ္ယူကာ လမ္းေၾကာင္း ၃ခုဆီ ဦးတည္ခိုင္းလိုက္သည္။ သူ သူ႕လက္ပတ္ ကို ႏွိပ္လိုက္ၿပီး ေ႐ွာင္ယင္ ႐ွိႏိုင္တဲ့ ေနရာသို႔ လိုက္႐ွာေနတဲ့သူေတြ ကို ေ႐ွာင္တိမ္းကာ လမ္းေၾကာင္းအတိုင္း လိုက္သြားခဲ့သည္။
ႏွစ္ေယာက္သား စႀကႍတစ္ခုရဲ႕ အဆုံးဆီ ေလွ်ာက္သြားၾကသည္။ ႐ွဲ႕စန္း ညာဘက္ပခုံးေပၚ႐ွိ အပူခ်ိန္ က အရမ္း ျမင့္တက္လာသည္။ မိုင္နဲ လက္ပတ္ေပၚ က ဖန္သားျပင္ ကို ၾကည့္လိုက္သည္။ လက္ယာဘက္တြင္ တံခါးတစ္ခု႐ွိၿပီး ဝင္ေပါက္ကို အေစာင့္၄ေယာက္ က လက္နက္ေတြျဖင့္ အကာအကြယ္ ေပးထားသည္။
ေ႐ွာင္ယင္ က အဲဒီမွာ ႐ွိေနေတာ့ သူတံခါးကို ၫႊန္ျပလိုက္သည္။ မိုင္နဲ က သူ ဘာကိုဆိုလိုသည္ ကို ခ်က္ခ်င္း သေဘာေပါက္ၿပီး စာ႐ိုက္ျပလိုက္သည္၊
[ဒီမွာ ခဏေစာင့္၊ ကိုယ္ သူတို႔ကို သြား႐ွင္းလိုက္ဦးမယ္]
႐ွဲ႕စန္း ေခါင္းကို အျမန္ ယမ္းျပလိုက္သည္။ အေစာင့္ ၄ေယာက္ရဲ႕ လက္က လက္နက္ေတြ က အရမ္း ေကာင္းေနေတာ့ မိုင္နဲ တိုက္ႏိုင္တယ္ ဆိုရင္ေတာင္ ဒဏ္ရာရသြားလိမ့္မယ္။ သူက မိုင္နဲရဲ႕ လက္ကို ကုတ္လိုက္ၿပီး "ငါ လုပ္လိုက္မယ္"
မိုင္နဲ အမူအရာ ခ်က္ခ်င္း တင္းမာလာသည္။ သူ ႐ွဲ႕စန္း လက္ကို ဆုပ္ကိုင္ထားၿပီး မ်က္လုံးေတြ က မည္းေမွာင္လာသည္။ ႐ွဲ႕စန္း က သူ႕ကို စိုက္ၾကည့္ေတာ့ မိုင္နဲ ေ႐ြးခ်ယ္စရာ မ႐ွိဘဲ လႊတ္ေပးလိုက္ရသည္။
႐ွဲ႕စန္း သည္ င႐ုတ္သီး ႏွစ္ေတာင့္ ကို ဆင့္ေခၚၿပီး အေစာင့္ေတြကို ဘယ္ညာ တစ္ဖက္စီကေန င႐ုတ္သီးမႈန္႔ေတြ ကို ထုတ္လႊတ္လိုက္သည္။
“အဟြတ္ အဟြတ္! ဘာေတြလဲကြာ! အားးးးး..!"
အေစာင့္ ၄ေယာက္ က င႐ုတ္သီး အနံ႔ေတြေၾကာင့္ ပူထူလ်က္ ႏွာေခ်ေနၾကသည္။ သူတို႔ မ်က္လုံးေတြ က မသက္မသာ ျဖစ္ၿပီး ယားယံလာကာ ပြတ္သပ္ရန္ မသိစိတ္က လက္လွမ္းမိလိုက္သည္။ ပြတ္ေလ ပိုပူေလျဖစ္ၿပီး သူတို႔ရဲ႕ မ်က္ႏွာေတြ က နာက်င္မႈမ်ားျဖင့္ ျပည့္ႏွက္ေနသည္။
႐ွဲ႕စန္း နဲ႔ မိုင္နဲ က ေထာက္လွမ္းေရး ကိရိယာ မွ တုံ႔ျပန္မႈကို ၾကည့္ေနလိုက္သည္။ လူေလးေယာက္ က လႈံ႕ေဆာ္မႈအား မသိစိတ္ျဖင့္ ကိုင္တြယ္ ေျဖ႐ွင္းရင္း အလုပ္မ်ားေနၿပီး အခုအခ်ိန္တြင္ ေနရာကြဲသြားၾကသည္။ မိုင္နဲ က ႐ွဲ႕စန္းရဲ႕ ပခုံးကို ပုတ္ၿပီး အနီးဆုံးကို ၫႊန္ျပလိုက္သည္။
အေစာင့္ အေနာက္က တံခါးက ပိတ္ထားသည္။ ဝင္ဖို႔ အေစာင့္ရဲ႕ ခြင့္ျပဳခ်က္ ကို အသုံးျပဳရမည္၊ မဟုတ္ရင္ အနည္းဆုံး တေယာက္ကို ေမ့သြားေအာင္ လုပ္ရမည္။
႐ွဲ႕စန္း က သူ႕ကို အနားဆြဲေခၚလိုက္ၿပီး ပိုင္ေက်ာင္း သူ႕ကိုယ္သူ ကာကြယ္ဖို႔ အတြက္ ေပးခဲ့တဲ့ စပေရး ပုလင္းကို ထုတ္ယူလိုက္သည္။ ဒီလူေတြ က အရပ္႐ွည္ၿပီး လက္တစ္ဖက္ က ဓားေၾကာင့္ ရင္ဆိုင္ဖို႔ မလြယ္ေခ်။ ေဆးက ပိုအဆင္ေျပလိမ့္မယ္၊ သူ ပိုင္ေက်ာင္းရဲ႕ ေဆးကို ယုံတယ္။
မိုင္နဲ က ယူလိုက္ၿပီး တိတ္တိတ္ေလး ထြက္လာတယ္။ င႐ုတ္သီးမႈန္႔ေၾကာင့္ လူ၄ေယာက္ရဲ႕ အျမင္အာ႐ုံနဲ႔ အနံ႔အာ႐ုံေတြ က သိသိသာသာ ေလ်ာ့က်သြားလိမ့္မယ္ လို႔ ႐ွဲ႕စန္း ေတြးမိၿပီး ေစာင့္ၾကည့္ဖို႔ တိတ္တိတ္ေလး ေခ်ာင္းၾကည့္လိုက္တယ္။
မိုင္နဲ က အရမ္း ျမန္ၿပီး အနီးဆုံး လူဆီသို႔ အေျပးအလႊား သြားကာ ျဖန္းေဆး ကို ျပင္းျပင္းထန္ထန္ ဖိႏွိပ္လိုက္၍ ဒုတိယလူ၊ တတိယလူ…
႐ွဲ႕စန္း က သန္မာတဲ့ လူေတြ ၾကမ္းျပင္ေပၚ လဲက်သြားတာ ကို ၾကည့္ၿပီး ပိုင္ေက်ာင္းက္ု စိတ္ထဲကေန အသံတိတ္ လက္မ ေထာင္ျပလိုက္သည္။
မိုင္နဲ က အေစာင့္တစ္ေယာက္ ကို ေ႐ွာင္တခင္ ဖမ္းကာ လက္ေကာက္ဝတ္ကို ယူ၍ တံခါးဖြင့္ရန္ အသုံးျပဳခဲ့သည္။ ႐ွဲ႕စန္း အျမန္ထြက္လာၿပီး ႏွစ္ေယာက္သား အတူတူ ဝင္သြားၾကသည္။
"ေ႐ွာင္ယင္!" အထဲကို ေရာက္တာနဲ႔ ေငြေရာင္ ေတာက္ေနတဲ့ ကမာ အခြံကို သူ ေတြ႕လိုက္ရၿပီး၊ သူ႕ေဘးမွာ သံေလွာင္အိမ္ႀကီး ႏွစ္ခု႐ွိၿပီး အထဲမွာ အေကာင္ အႀကီးႀကီး ႏွစ္ေကာင္ က ေမ့ေျမာေနသလိုမ်ိဳး ေျမျပင္ေပၚမွာ လဲေလ်ာင္းေနတယ္။ က်န္တဲ့ ေနရာေတြမွာ တျခားအရာေတြ ႐ွိေနေပမယ့္ အနီးကပ္ၾကည့္ဖို႔ စိတ္မ၀င္စားေပ။
“ ဧရာမ မိေက်ာင္းႀကီး၊ ဧရာမ ဝက္ဝံသားရဲ” ေလွာင္အိမ္ထဲက သားရဲေတြ ကို မိုင္နဲ က ခ်က္ခ်င္း မွတ္မိလိုက္တယ္။
"ဝူးးးးးး... မင္း ဒီကို တကယ္ ေရာက္လာတယ္" ေ႐ွာင္ယင္ အံ့ၾသသြားၿပီး ငိုလာျပန္သည္။
{“ဒီမွာ ေနရတာ မုန္းတယ္! ဝူးးးးးးးးးးးးးး! ဒါေပမယ့္ မင္းငါ့ကို ဘယ္လိုေခၚသြားမွာလဲ။ ငါ က အရမ္း ႀကီးေနတယ္"}
႐ွဲ႕စန္းက လည္ဆြဲကို သူ႕ေကာ္လာ ေအာက္ကေန ဆြဲထုတ္လိုက္တယ္။ ႐ိုး႐ိုး ေငြေရာင္ လက္စြပ္ သုံးကြင္း ခ်ိတ္ဆြဲထားၿပီး အေသးဆုံး ကို ညႇစ္လိုက္သည္။
{“ငါတို႔ မင္းကို သားရဲ ေနရာလြတ္ထဲ ထည့္ထားေပးမယ္။ မျငင္းနဲ႔ေနာ္၊ ငါတို႔ ထြက္သြားလို႔ ရတာနဲ႔ မင္းကို လႊတ္ေပးမယ္"}
သူနဲ႔ မိုင္နဲ က ေနရာလြတ္ထဲ ထည့္လိုက္တာနဲ႔ သူ ေပ်ာက္ကြယ္သြားခဲ့တယ္။ နိမ့္က်ၿပီး ေသေစႏိုင္တဲ့ အသံ က သူတို႔ အနား႐ွိ သားရဲႀကီးႏွစ္ေကာင္ဆီ က ထြက္လာသည္။ ႐ွဲ႕စန္း ၾကည့္လိုက္ေတာ့ သားရဲႀကီး ႏွစ္ေကာင္ က သူတို႔ကို ရက္စက္တဲ့ မ်က္လုံးေတြျဖင့္ စိုက္ၾကည့္ေနသည္ ကို ေတြ႕လိုက္ရသည္။
႐ွဲ႕စန္းရဲ႕ ႏွလုံးသား တင္းၾကပ္လာသည္။ အဲဒီလို အၾကည့္ေတြ ကို တုံ႔ျပန္ဖို႔ ဆိုတာ သူ႕အတြက္ ခက္ခဲတယ္။ သူက
“ငါက ေ႐ွာင္ယင္ရဲ႕ သူငယ္ခ်င္းပါ။ ငါက မင္းတို႔ကို ႐ႈပ္႐ႈပ္ယွက္ယွက္ ျဖစ္ေအာင္ လုပ္ခိုင္းခဲ့တဲ့သူပါ။ မင္းတို႔ ေကာင္းေကာင္း လုပ္ခဲ့တယ္"
မ်က္လုံးႏွစ္စုံ က သူ႕စကား မွန္လား ဆိုတာ ကို အဆုံးအျဖတ္ ေပးေနသလိုပဲ သူ႕ကို စိုက္ၾကည့္ေနၾကသည္။ ႐ွဲ႕စန္း ေ႐ွာင္ယင္ ကို လႊတ္ေပးလိုက္ၿပီး သူတို႔ကို သူနဲ႔ စကားေျပာခြင့္ ေပးလိုက္တယ္၊ သူေျပာၿပီးသြားတဲ့အခါ သူ႕ကို ျပန္ထည့္ထားလိုက္တယ္။
မိုင္နဲ က ေလွာင္အိမ္ေတြ ကို စစ္ေဆးၿပီး ေခါင္းယမ္းလိုက္တယ္။ "ေသာ့ကို အခုခ်က္ခ်င္း ေသာ့ဖြင့္လို႔ မရေလာက္ဘူး"
႐ွဲ႕စန္း ဆြဲႀကိဳးေပၚမွ အျခား လက္စြပ္ေတြ ကို ထိလိုက္သည္။ "ဒါဆို သူတို႔ကို အထဲ ထည့္ၿပီး ငါတို႔ ထြက္သြားလိုက္မယ္"
ဆက္ႏြယ္သားရဲ ႏွစ္ေကာင္ရဲ႕ ပူးေပါင္း ေဆာင္႐ြက္မႈျဖင့္ ႐ွဲ႕စန္း က သူတို႔အား ေနရာလြတ္ထဲသို႔ ပို႔ေဆာင္ခဲ့ၿပီး သူတို႔ရဲ႕ ရည္႐ြယ္ခ်က္ ေအာင္ျမင္ခဲ့သည္။ ႐ွဲ႕စန္း က သက္ျပင္းခ်ကာ လည္ဆြဲ ကို သူ႕အဝတ္အစားေအာက္ ျပန္ထည့္ကာ မိုင္နဲ ေနာက္ကို လိုက္သြားခဲ့သည္။
ဓာတ္ေလွကားထဲ ေရာက္ေတာ့ ႐ွဲ႕စန္း က ပိုင္ေက်ာင္း ဆီကို စာတစ္ေစာင္ ပို႔လိုက္တယ္။
[ငါ ေနလို႔ မေကာင္းဘူး။ ငါတို႔ အခန္းကို ျပန္ေတာ့မယ္]
ပိုင္ေက်ာင္း က သတင္းစကား ကို ၾကည့္လိုက္ၿပီး သူ႕ႏႈတ္ခမ္းေထာင့္ က ေကြးသြားခဲ့တယ္။ ထိုအခ်ိန္တြင္ မ်က္လုံးေတြ ေတာက္ပေနတဲ့ ေလလံပြဲ မန္ေနဂ်ာ က “ဘာေတြ ႐ွိေသးလဲ” လို႔ တိုက္တြန္းလာသည္။
ပိုင္ေက်ာင္း က စာခ်ဳပ္ကို လက္မွတ္ ေရးထိုးဖို႔ ျပင္ဆင္ေနၿပီး ဖရဲသီး ေဈးေကာင္း မရေတာ့မည္ ကို စိုးရိမ္ေနပုံ ရသျဖင့္ ဖရဲသီး အေၾကာင္း ကို အေသးစိတ္ ႐ွင္းျပလိုက္သည္။ ပုံပန္းသ႑ာန္မွ အစ အရသာ အထိ၊ အစားအေသာက္ တန္ဖိုး၊ ေဆးဖက္ဝင္ တန္ဖိုးအထိ၊ အေစ့မွ ေအာက္ေျခ အသားထိ အစ၊ အလယ္၊ အဆုံးး ႐ွင္းျပလိုက္သည္။ ဖရဲသီး တစ္လုံးတြင္ အေစ့ေပါင္း ရာႏွင့္ခ်ီ၍ ႐ွိခဲ့သည္။
ဒါက ဘာကို ဆိုလိုတာပါလဲ? သုေတသန မေအာင္ျမင္ရင္ေတာင္ အခ်ိန္အၾကာႀကီး ဆက္လက္ လုပ္ေဆာင္ႏိုင္မည္ ျဖစ္ကာ သူတို႔သည္ ယခင္ အေတြ႕အၾကဳံမ်ားမွ ျဖည္းညႇင္းစြာ သင္ယူႏိုင္ၿပီး ေအာင္ျမင္မႈ အခြင့္အလမ္းမ်ား တိုးတက္လာေစသည္ ဟု ဆိုလိုျခင္းျဖစ္သည္။
ပိုင္ေက်ာင္း ရယ္လိုက္တယ္။ "ဒါက မလုံေလာက္ဘူးလား? ေဈးေကာင္း ရလိမ့္မယ္လို႔ ေမွ်ာ္လင့္ပါတယ္”
"စိတ္မပူပါနဲ႔၊ အဲဒါ က ေဈးေကာင္း ရဖို႔ ျဖစ္ႏိုင္ပါတယ္!" မန္ေနဂ်ာက ေျပာသည္။
ပိုင္ေက်ာင္း က ႏႈတ္ဆက္ဖို႔ ထလိုက္တယ္။ မန္ေနဂ်ာက သူ႕ကို တံခါးဆီ လိုက္ပို႔ေတာ့ ေလာင္ထန္း တစ္ေယာက္တည္း ႐ွိတာကို ေတြ႕ၿပီး “က်န္တဲ့ လူႏွစ္ေယာက္ ဘယ္မွာလဲ” လို႔ အံ့ၾသတႀကီးနဲ႔ ေမးလိုက္တယ္။
ပိုင္ေက်ာင္း က စာကို ျပလိုက္ၿပီး "ငါ့သူငယ္ခ်င္း က ပင္လယ္စာနဲ႔ ဓါတ္မတည့္လို႔ ေနမေကာင္းဘူး"
“အိုး၊ ဒါက ႐ွက္စရာပဲ” ဟု မန္ေနဂ်ာက ေျပာသည္။
ပိုင္ေက်ာင္း က ျပဳံးျပၿပီး ၈၁ထပ္ကေန ေလာင္ထန္း နဲ႔ ထြက္လာခဲ့သည္။
သူတို႔ရဲ႕ ဓာတ္ေလွကား ပိတ္သြားတာနဲ႔ မန္ေနဂ်ာ က ဆက္သြယ္မႈ ရၿပီး ေနာက္တစ္စကၠန္႔မွာ သူ႕အမူအရာ က ခ်က္ခ်င္း ေျပာင္းသြားတယ္။
"သူတို႔ ထြက္သြားၿပီ!"
_______________________________________________________________