Chapter 73 : ရောက်ရှိခြင်း
အကြံဥာဏ်ကောင်း အတွက် ဧရာမ ကျားသစ်သားရဲ ကို ဝိုင်းကာ ချီးမွမ်းနေသော သားရဲတွေကို ကြည့်ကာ ကောင်းကင်ကို ကြည့်ပြီး စကားမပြောဘဲ နေလိုက်သည်။ဒီဆက်နွယ်သားရဲတွေ က တကယ်ကို စမတ်ကျလွန်းသည်။ ဒီနေရာ က တော၊တောင် မဟုတ်ဘဲ၊ လူတွေရဲ့ မြို့တော်ဖြစ်သည်၊ ထို့ကြောင့် ဘယ်လိုလုပ် ရွေ့ပြောင်းရ လွယ်ကူမှာလဲ။ ဒီဆက်နွယ်သားရဲ အုပ်စု လမ်းပေါ် ရောက်သွားရင် သတင်းခေါင်းစဥ် ဖြစ်သွားစေလိမ့်မည်။
{"ဒါက အလုပ်မဖြစ်ဘူး"} ဟု လေးနက်စွာ ပြောလိုက်သည်။
{"ငါ လမ်းကို မှတ်မိနိုင်တယ် ဆိုတာ မင်း မယုံဘူးလား"}
ဧရာမ ကျားသစ်နက်ကြီး က စိတ်ပျက်လက်ပျက်ဖြင့် သူ့ကို ကြည့်နေသည်။
အစက်ကလေး က သူ့ခေါင်းနားကို ရောက်လာပြီး
{"အစ်ကိုက အရမ်း တော်တယ်။ သူ မှတ်မိမှာ သေချာတယ်!"}
ဧရာမ ကျားသစ်နက်ကြီး က {"မင်းဘာလို့ လိုက်မလာတာလဲ။ ငါတို့ နှစ်ယောက်စလုံးဆို သေချာ မှတ်မိလိမ့်မယ်"}
ရှဲ့စန်း ဆက်နွယ် သားရဲတွေက သူတို့ကိုယ် သူတို့ အမည် စာရင်းတင်သွင်းဖို့ ကြိုးစားတာကို ကြည့်ရင်း ငိုပြီး ရယ်လိုက်ချင်သည်။
{"ကျားသစ်နက်ကြီး ကို ငါ မယုံတာ မဟုတ်ဘူး။ ဆန့်ကျင်ဘက် အနေနဲ့၊ မင်းတို့အတွက် လမ်းမှတ်ရတာ ပြဿနာမရှိဘူး လို့ ငါ ယုံတယ်။ မင်းတို့ က ဆက်နွယ်သားရဲတွေ၊ မင်းတို့ လမ်းပေါ် ပေါ်လာရင် အာရုံစူးစိုက်မှု ကို ခံရလိမ့်မယ်။ အတူတူ သွားမယ်ဆိုရင် ယာဉ်ကြော ပိတ်ဆို့မှု ဖြစ်လိမ့်မယ်"}
ဧရာမ ကျားသစ်နက် သားရဲကြီး က ခေါင်းကို စောင်းလိုက်ပြီး {"ဒါဆို ငါတို့က သူတို့ အဝေးရောက်သွားအောင် ကြောက်ဖို့ကောင်းတဲ့ ဟိန်းဟောက်သံကို သုံးရမလား။ ငါတို့ကို ကြည့်ရမှာ ကြောက်လို့လား"}
{"မဟုတ်ဘူး၊"} ရှဲ့စန်း က သူ့လက်သည်းတွေ ကို ပွတ်သပ်လိုက်သည်။ အဲဒါက ပိုတောင် ဆိုးဝါးတဲ့ အကြံတစ်ခုပဲ။ တကယ်လို့ အဲဒီလို ဖြစ်ခဲ့ရင်၊ ဆက်နွယ်သားရဲတွေ က လူသားတွေကို တိုက်ခိုက်တယ် ဟု လူအများက ထင်ကောင်း ထင်နိုင်ပေလိမ့်မည်။
{"ငါ အကူအညီ တောင်းလိုက်မယ်။ နေရာအသစ် ဆောက်ပြီးချိန်မှာ ငါ ပြန်မရောက်ခဲ့ရင် မင်းတို့ကို တစ်ယောက်ယောက် လာခေါ်ခိုင်းလိုက်မယ်လေ"}
{"သူတို့က အားကိုးရလို့လား။ ဒါမှမဟုတ် မင်း ငါ့ကို အဲဒီကို ခေါ်သွားတာ ပိုကောင်းမလား"} ဧရာမ ကျားသစ်ကြီး က ပြောသည်။
ရှဲ့စန်း က {"လုံးဝ စိတ်ချရတယ်!"}
ရှဲ့စန်း ရှုတာ့ ကို တိုက်ရိုက် ဆက်သွယ်ခဲ့သည်။ စနေနေ့တိုင်း မိုင်နဲ နှင့် လောင်ထန်းတို့ က လောင်ယွီ့ ဗီလာ တွင် လေ့ကျင့်ခန်း လုပ်ရန် အတူရှိကြပြီး ၊ ရှု့တာ့ တစ်ယောက်တည်း ကျန်ခဲ့သည်။ သူက နေ့တိုင်း အရမ်း ပျင်းရိနေပြီး အပင်သုတေသနရဲ့ တိုးတက်မှုကို ကြည့်ရှုရန် ရံဖန်ရံခါသာ အပင်သုတေသနဌာန သို့ အပြေးသွားခဲ့သည်။ ရှဲ့စန်း က အကူအညီ တောင်းဖို့ တစ်စုံတစ်ယောက် ကို တွေးတဲ့အခါ သူ့ရဲ့ ပထမဆုံး အတွေး က သူပဲ။
ရှုတာ့ က သူ့စကားကို နားထောင်ပြီး စိတ်အားထက်သန်စွာနဲ့ ချက်ချင်း သဘောတူလိုက်တယ်။ သူသည် ဆက်နွယ်သားရဲတွေ နှင့် တွေ့ဆုံရန် ဇုန် 4-5 သို့ အမြန် ပြေးလာခဲ့သည်။
"ဟားဟား ဟားဟား၊ ငါ လာကြည့်ချင်နေတာ ကြာပြီ။ အံ့သြစရာကောင်းတယ်။ သူတို့ ကြည့်ရတာ သက်တောင့်သက်သာ ရှိပုံ ရတယ်!" ရှုတာ့ အရမ်း အံ့သြသွားသည်။
ရှဲ့စန်း က ရယ်မောပြီး သူ့ကို မတူညီတဲ့ သားရဲတွေနဲ့ မိတ်ဆက်ပေးလိုက်သည်။ ပြီးတော့ သူက
"အဖိုး ပြောတာကို သူတို့ နားလည်နိုင်တယ်။ သူတို့ကို ရွှေ့တဲ့အခါ ကျင်းကျန်ရဲ့ အကြီးဆုံး လွန်းပျံယာဉ်တွေကို ငှားလိုက်ရုံပါပဲ" ထို့နောက် သူက သားရဲတွေရဲ့ နေရာအသစ် ကြမ်းခင်း အစီအစဉ်ကို ရှုတာ့ထံသို့ ပေးပို့ခဲ့သည်။
"ကျေးဇူးပြုပြီး သူတို့ကို အဲဒီကို ပို့ပေးပါ။ သူတို့ ရောက်ရင် သူတို့ ဘယ်မှာနေတယ် ဆိုတာ သိလိမ့်မယ်"
ရှု့တာ့ အံ့သြသွားပြီး "ဒီလောက်တောင် စမတ်ကျလား?"
ရှဲ့စန်း ပြုံးလိုက်သည်။ "အင်း၊ သူတို့ အားလုံး IQ မြင့်တယ်"
ရှု့တာ့ ရယ်လိုက်သည်။ "လွယ်ပါတယ်။ ငါ ဂရုစိုက်လိုက်ပါ့မယ်"
ရှဲ့စန်း သည် ရှုတာ့ အစီအစဉ်များ ကို နားထောင်ရန် သားရဲတွေကို ညွှန်ကြားခဲ့ပြီး သားရဲတွေ က ရွှေ့ဆိုင်းစရာ မလိုတော့ကြောင်း သိလိုက်ရတော့ အခုအချိန်တွင် ဝမ်းသာအားရ သဘောတူလိုက်ကြသည်။
အစီအစဉ်တွေ ပြုလုပ်ပြီးနောက် ရှဲ့စန်း နှင့် ရှုတာ့ သည် ဇုန် 4-5 မှ ထွက်သွားခဲ့သည်။ ရှုတာ့ သည် သူ့နေရာသို့ ပြန်သွားခဲ့ပြီး ရှဲ့စန်း က မိုင်နဲ ကို ဆက်သွယ်ခဲ့သည်။ ရက်၂၀ အကြာတွင် ဆကနွယ်သားရဲတွေ အချိန်မီ ရွေ့မည်ဟု ပြောပြီး အစာကျွေးတဲ့ စက်ရုပ်တွေအကြောင်း မေးလိုက်သည်။
မိုင်နဲ က "ဒီဇိုင်းက ဟောင်ဖန်း ကို လွှဲပေးလိုက်ပြီ၊ စက်ရုပ် က ရက်၂၀ မတိုင်ခင် ပြီးမှာပါ"
ရှဲ့စန်း က "အဲဒါ ကောင်းတယ်"
မိုင်နဲ က "မင်းကို လာခေါ်ဖို့ ကိုယ် ဒီမှာ ရှိနေမယ်။ အချိန် နီးနေပြီ"
ရှဲ့စန်း အချိန်ကို ကြည့်လိုက်သည်။ အချိန်က ငါးနာရီထိုးခါ နီးနေပြီ၊ သူတို့ရဲ့ မထွက်ခွာမီ လောင်ယွီ့ ဗီလာ မှာ ၅နာရီခွဲ အစည်းအဝေး လုပ်ဖို့ စီစဉ်ထားသည်။
သူက "ကောင်းပြီ၊ ငါ ဂရုစိုက်လိုက်မယ်"
နှစ်ယောက်သား လောင်ယွီ့ ဗီလာကို ၅း၃၀ မတိုင်ခင် ရောက်သွားကြသည်။ လောင်ထန်း က ထိုနေရာတွင် တည်းခိုနေခဲ့ပြီး ပိုင်ကျောင်း နဲ့ လျှူရှန်း တို့က ကပ္ပတိန် လောင်ထန်း ကို တွေ့ပြီး ခဏအကြာတွင် ရောက်ရှိလာခဲ့သည်။ ဂြိုလ်ငယ်လေး ကို အတူတူ သွားမယ့် လူ ၅ယောက်က ဆိုဖာတွင် ဝိုင်းထိုင်နေကြသည်။
လျှူရှန်း သည် အရပ်ရှည်ပြီး ပိန်ပိန်ပါးပါး အသားအရေ ညိုမဲကာ သပ်ရပ်၍ စကားပြော နည်းတတ်သူ ဖြစ်သည်။ သူက လူတိုင်းရဲ့ လက်ပတ်ဆီသို့ လမ်းကြောင်းကို ပို့ပေးပြီး သူတို့ ယူဆောင်လာရမည့် ရိက္ခာမျိုးစုံ အတွက် နောက်ဆုံးတစ်ကြိမ် သတိပေးခဲ့သည်။ အမှားအယွင်း မရှိကြောင်း သေချာ စစ်ဆေးပြီးနောက် ခရီးစဉ် တစ်ခုလုံး ကို အတည်ပြုပြီး
"မနက်ဖြန် မနက် ၈နာရီ အာကာသယာဉ်မှာ တွေ့မယ်" လို့ ပြောလာသည်။
နောက်တစ်နေ့ ၈နာရီတွင် လူတိုင်း အာကာသဆိပ်ကမ်း ကိုယ်ပိုင် သင်္ဘော ဆိုက်ကပ်ရာ နေရာ၌ စုရုံးကြသည်။ သူတို့ အနောက် ဘေးတစ်ဖက် တစ်ချက်တွင် အနက်ရောင် နဂါးပျံ ပုံစံ ခြယ်သထားတဲ့ ယာဥ်လေး တစ်စင်းရှိသည်။
လျှုရှန်း က ဦးဆောင်ပြီး စစ်ဆင်ရေး ဧရိယာ၊ အနားယူရန် နေရာ၊ ကြံ့ခိုင်ရေး ဧရိယာနှင့် ထမင်းစားခန်း ဆိုပြီး ပိုင်းခြားထားတဲ့ သင်္ဘောထဲသို့ လျှောက်သွားခဲ့သည်။ လျှူရှန်း က "အားထန်း နဲ့ ငါ လေယာဉ်ခန်း ကို သွားမယ်။ ကျန်တဲ့သူတွေ က စိတ်ကြိုက် နေလို့ရတယ်။ အစားအသောက်တွေ စားလို့ရတယ်။ မိုင်နဲ နဲ့ အားထန်း က မနက်ဖြန် နေရာ လဲမယ်"
ဤသည်မှာ ကာလရှည်ကြာ ဆွေးနွေးထားသော အစီအစဉ် ဖြစ်သည်။ လျှူရှန်း က လေယာဉ်မှူးခန်း ထဲမှာပဲ နေချင်ပေမယ့် အနားယူဖို့တော့ လိုသေးသည်။ လောင်ထန်း နဲ့ မိုင်နဲ တို့ က သူတို့ရဲ့ ဘေးကင်းရေး အတွက် နေရာလဲကြမည် ဖြစ်သည်။
လျှူရှန်း နဲ့ လောင်ထန်း တို့က လေယာဉ်မှူးခန်းကို သွားခဲ့ကြပြီး ပိုင်ကျောင်း က "ငါ ဆေးပင်တွေ လေ့လာဖို့ နားနေခန်းကို ပြန်သွားတော့မယ်။ တစ်ခုခုဖြစ်ရင် ငါ့ကိုခေါ်ပါ"
ရှဲ့စန်း က ခေါင်းညိတ်ပြလိုက်ပြီး သူ့အပင်တွေကို လေ့ကျင့်နေရင်း ဆော့ဖ်ဝဲလ် ဒီဇိုင်းဆွဲဖို့ ဆိုဖာပေါ်မှာ ထိုင်နေတဲ့ မိုင်နဲ နဲ့ ကျန်တဲ့နေရာတွေကို သွားခဲ့သည်။ အပင် အားလုံးကို ဆင့်ခေါ်၍ အမျိုးမျိုးသော အမိန့်တွေ ပေးလိုက်သည်။
အာလူးတွေကို စပါးဖြင့် ညှပ်ထားကာ ငရုတ်သီးများကို ဖရဲသီးနွယ်ပင်များဖြင့် ချည်နှောင်ထားသဖြင့် အာလုံး ရှုပ်ပွနေသည်... အခြေအနေအမျိုးမျိုးနှင့် နှစ်နာရီကြာပြီးနောက် အပြန်အလှန် ပံ့ပိုးကူညီမှုဖြင့် အချင်းချင်း အနှောင့်အယှက် မဖြစ်စေဘဲ အတူတကွ တိုက်ခိုက်နိုင်ခဲ့ကြသည်။
ရှဲ့စန်း ဆိုဖာပေါ်တွင် ပြန်ထိုင်ပြီး စနစ် ကို ဖွင့်လိုက်သည်။ လောလောဆယ် သူ့မှာ စွမ်းအင် ၆၇၈/၈၀၀ ရှိသည်။ ပဉ္စမအပင် ကို အသက်သွင်းရန် ၁၀၀ ကျော်လိုအပ်သည်။ သူ အခု အလျင်လိုနေတာ မဟုတ်ပေ။ စွမ်းအင် ၈၀၀ သို့ ရောက်ပါက အပင် က အလိုအလျောက် အသက်သွင်းလာမည် ဖြစ်ပြီး၊ စွမ်းအင် က ချက်ချင်း ကုန်ဆုံးသွားမည် ဖြစ်၍ သူ ရရှိထားတဲ့ စွမ်းအင် က သုည သို့ ပြန်ရောက်သွားမည်ဖြစ်ကြောင်း သူသဘောပေါက်ခဲ့သည်။
သူ့အတွက် အရမ်း အန္တရာယ်များတဲ့ အပင်တွေကို တိုက်ခိုက်ရန် စွမ်းအင်မရှိတော့ ဟု ဆိုလိုခြင်းဖြစ်သည်။ အခုအချိန် သူရဲ့ ခန္ဓာကိုယ် က ကျန်းမာ သန်စွမ်းနေပြီး သစ်သား စွမ်းအင်ကို ရှာဖွေရန် လမ်းစတွင် ရှိနေခဲ့သည်။ လောလောဆယ်တော့ ပဉ္စမအပင်ကို အသက်သွင်းဖို့ပဲ ဖြစ်ဖြစ်၊ သူ့အတွက် လုံးဝ အရေးမကြီးပေ။
ဆန့်ကျင်ဘက် အနေနဲ့၊ အပင်ကို အသက်သွင်းဖို့ မလုပ်တာ က သူ့အတွက် အလုံခြုံဆုံး ဖြစ်သည်။ သူ့မှာ လုံလောက်တဲ့ စွမ်းအင်တွေ ရှိပြီး အစာတောင် စားနိုင်သည်။
ဟုတ်တယ်၊ သူက လွယ်လွယ် ဖြုန်းတီးပစ်မှာ မဟုတ်ပေ။ သူရဲ့ အရင် အတွေ့အကြုံအရ၊ အက်ဒမ်ရဲ့ နောက်ထပ် စွမ်းအင် အနေအထားကို ခံစားနိုင်ရန် ပဉ္စမအပင်ကို အသက်သွင်းဖို့ လိုအပ်ပေလိမ့်မည်။ သူ စွမ်းအင် ပိုကျန်လေလေ၊ ဒါကို စတင် အသုံးပြုလိုတဲ့အခါတွင် ပိုမို လွယ်ကူလာမည် ဖြစ်သည်။
ဂြိုလ်ငယ်လေးဆီသို့ ခရီးက ရှည်လျားသော်လည်း လုံးဝမခက်ခဲပေ။ ဆန့်ကျင်ဘက် အနေတဲ့ အရမ်း သာယာခဲ့သည်။ လောင်ထန်းကတော့ အားလုံးထဲမှာ အပျော်ဆုံးဖြစ်သည်။ သင်္ဘောပေါ်မှာ နေ့တိုင်း ဒီလောက် ကောင်းတဲ့ အစားအစာတွေ စားနိုင်မယ် လို့ သူ မထင်ထားခဲ့ပေ။
မနက်စာ အတွက်၊ အရသာရှိတဲ့ အာလူးပါးပါး လှီးထားသော အသားကြော်နှင့် အရသာရှိတဲ့ အဖြူရောင် ယာဂု ရှိသည်။ နေ့လယ်စာနှင့် ညစာအတွက် အာလူးစွပ်ပြုတ်၊ ငရုတ်သီးကြော်၊ ထမင်းဖြူနှင့် အာလူးကြော်၊ အစပ်နှပ်ထားသော အသားခြောက်နှင့် အာလူးချောင်းများ ပါရှိသည်။ ဖရဲသီးလည်း တစ်နေ့ တစ်ကြိမ် စားရသည်။
နေ့ခင်းဘက် သူ ယာဥ် မ မောင်းရတဲ့အချိန် အနံ့နောက် လိုက်၍ တစ်ခုခုစားရန် စိတ်အားထက်သန်စွာနဲ့ မီးဖိုချောင်ထဲ ရောက်လာသော်လည်း ထွမ်းထွမ်း က အနီးကပ် စောင့်ကြည့်ပြီး ခိုးယူခွင့် မပေးပေ။
သူ ယာဥ်မောင်းရတဲ့ အချိန်ရောက်ရင် ထမင်းစားချိန် အထိ ထိုင်မစောင့်နိုင်ဘဲ စားရမယ့် အချိန်မေးဖို့ ရှဲ့စန်း ကို မကြာခဏ ဆက်သွယ်လေ့ရှိတယ်။ တခါတရံ အရမ်း အမေးခံရလွန်းသဖြင့် ပိုင်ကျောင်း က သူ့အား ထမင်း အရင် ပို့ပေးခိုင်းသည်။ ထို့နောက် လျှူရှန်း ထမင်းစားချိန် ပန်းကန်တစ်လုံး ပျောက်နေတာ ကို တွေ့ရှိခဲ့ပြီး နောက်ထပ် ရုန်းရင်းဆန်ခတ် ဖြစ်ခဲ့ရသည်။
သင်္ဘောပေါ်ရှိ လေထု က အေးချမ်းသာယာပြီး ၄ရက်မြောက်ညတွင် နောက်ဆုံး သူတို့ လိုရာခရီး ကို ရောက်ရှိခဲ့သည်။ အားလုံးက လေယာဉ်ခန်းထဲမှာ စုနေကြသည်။ ရှဲ့စန်း သူ့ရှေ့ရှိ ဖန်သားပြင်ကို ကြည့်လိုက်တော့ ဂြိုလသုံးလုံး ရှိသည်။ သူက အက်ဒမ်ကို ("အခု ဘယ်ဟာလဲ ဆိုတာ မင်း ဆုံးဖြတ်နိုင်လား")
("ခဏလေး...") ရှဲ့စန်း ညာဘက်ပခုံး နည်းနည်း ပူသွားပြီး မကြာမီ အက်ဒမ်က ("အနီးဆုံး တစ်ခု") ဟု ပြောခဲ့သည်။
ရှဲ့စန်း ရယ်လိုက်သည်။ "ဟုတ်တယ်၊ အနီးဆုံး က အစိမ်းရောင်ဂြိုလ်ပဲ"
လျှူရှန်း က "မင်း ထိုင်လိုက်၊ ငါတို့ ဆင်းတော့မယ်"
ဆင်းသက်ခြင်း လုပ်ငန်းစဉ် က ရှုပ်ထွေးပြီး အချိန်ကြာမြင့်ခဲ့သည်။ တဖြည်းဖြည်းနဲ့ ပြတင်းပေါက် အပြင်ဘက်ရှိ တခြားအရောင်ရှိတဲ့ ဂြိုလ်တွေ က ရွေ့သွားပြီး အနက်ရောင် ကန့်လန့်ကာထက်မှာ ချိတ်ထားတဲ့ ကြယ်တွေ ဖြစ်သွားသည်။ စက် က အသံမြည်လာသည်။
"သင်္ဘောရဲ့ ပြင်ပ အချက်အလက် တိုင်းတာမှုရလဒ်များ- အောက်ဆီဂျင် ပါဝင်မှု 20%, အချိန်နဲ့ တစ်ပြေးညီ အပူချိန် 24°၊ စိုထိုင်းဆ 42%။ ဆင်းမှာလား"
လျှူရှန်း က "ဆင်းမယ်"
ပိုင်ကျောင်း က ရယ်မောလိုက်ပြီး "ဇီဝရှင်သန်မှုအတွက် လိုအပ်တဲ့ ပတ်ဝန်းကျင်နဲ့ ကိုက်ညီတယ်။ ဒီဂြိုလ်မှာ ဉာဏ်ရည်မြင့်တဲ့ သတ္တဝါတွေ ရှိနိုင်တယ်"
သင်္ဘော က လျင်မြန်စွာ ဆင်းသက်ပြီး မူးဝေလာသည်။ သိပ်မကြာခင်မှာပဲ သင်္ဘော က အသံမြည်လာသည်။
"အတားအဆီး ရှိနေတယ်။ အခု လမ်းကြောင်း ပြောင်းလိုက်ပြီ"
လျှူရှန်း က အာကာသယာဉ် ကို မောင်းနှင်ခဲ့သည်။ သူ က သင်္ဘောရဲ့ အပြင်ဘက် မီးတွေကို ဖွင့်လိုက်ပြီး အောက်က မြေပြင်ကို ကြည့်ကာ မျက်မှောင်ကြုတ်လိုက်သည် အချိန်အတော်ကြာ ပျံသန်းပြီးနောက် နောက်ဆုံး မြေပြန့် ကို တွေ့ရှိခဲ့သည်။ သူက မီးတွေကိုပိတ်ကာ ဆင်းသက်ရန် လမ်းညွှန်ခဲ့သည်။
သူ ဆင်းသက်စဉ် အာကာသယာဉ်ရှေ့ရှိ ဖန်သားပြင် က ရုတ်တရက် အလင်းရောင်နဲ့ တောက်ပလာပြီး နောက်တွင် ပိုမို တောက်ပသော အလင်းတန်းတွေ ပေါ်လာသည်။ အဖွဲ့က အပြင်ဘက် က အခြေအနေ ကို ရှင်းရှင်းလင်းလင်း မြင်နေရသည်။
ရှဲ့စန်း က အံ့အားသင့်သွားပြီး မီတုတ်တွေ ကိုင်ထားတဲ့ အရပ် မြင့်မြင့်နဲ့ လူတွေကို ကြည့်လိုက်သည်။ တစ်ချက် ကြည့်လိုက်တော့ သူတို့ က အနည်းဆုံး တစ်ဒါဇင်လောက်ရှိသည်။ ကြွက်သားတွေ သန်မာပြီး ကြံ့ခိုင်မှု အပြည့်ရှိတဲ့ ထိပ်တန်းမော်ဒယ် တစ်ယောက်နဲ့ ယှဉ်လို့ရနိုင်သည်။
ဒါပေမယ့်... သူတို့အားလုံး က ဘာကြောင့် တိရိစ္ဆာန်အရေခွံနဲ့ ထုပ်ပိုးထားရတာလဲ။
"Wow! အရမ်း မိုက်တယ်!" လောင်ထန်း က စိတ်လှုပ်ရှားစွာ အော်လိုက်သည်။
သို့သော် အပြင်မှ လူတွေ က စိတ်လှုပ်ရှားခြင်း မရှိကြပေ။ သူတို့ရဲ့ မျက်နှာတွေ က ဒေါသတွေ၊ ကြောက်ရွံ့မှုတွေနဲ့ ပြည့်နှက်နေသည်။ မီးတုတ် ကို ဝှေ့ယမ်းကာ အာကာသယာဉ်ကို အော်ဟစ်နေခဲ့ကြသည်။ တချို့က မီးတိုင်ကို ပစ်ဖို့ ကြိုးစားပေမယ့် တခြား တစ်ယောက်က တားလိုက်သည်။
ပိုင်ကျောင်း အံ့သြသွားသည် ။ "သူတို့ရဲ့ ဝတ်စားဆင်ယင်မှုကို ကြည့်ရတာ သူတို့ က ရှေးဦးကာလမှာပဲ ရှိနေပုံ ရတယ်"
ရှဲ့စန်း က "ငါလည်း ဒီလိုပဲထင်တယ်" မီးတုတ်တွေ နဲ့ တိရစ္ဆာန် အရေခွံတွေ။ အဲဒီ့ အကြောင်း ပြောရရင် ရှေးဦးကာလထက် ပိုမိုကောင်းမွန်တဲ့ ရှင်းပြချက်မရှိပေ။
မိုင်နဲ က "ငါတို့ ဆင်းရမှာလား။ သူတို့က လှုပ်ရှားလာနိုင်တယ"
လျှူရှန်း က "၄ရက်ဆက်တိုက် သွားခဲ့တော့၊ ယာဥ် ကို စစ်ဆေးဖို့ နေရာ ရှာရမှာပေါ့။ ဒီိနေရာ က အဆင်ပြေတယ်၊ တခြား ဆင်းမယ့် နေရာရှာဖို့ မလွယ်ဘူး။ စွမ်းအင် ချွေတာဖို့ အကြံပေးချင်တယ်"
အက်ဒမ် က ရှဲ့စန်းရဲ့ စိတ်ထဲမှာ
("သစ်သား စွမ်းအင် ကို ခံစားလို့ ရတယ်၊ အရှေ့ဘက် ကီလိုမီတာ ၂၈၀လောက် ရှိတယ်!")
ရှဲ့စန်း အရှေ့ကို လှမ်းကြည့်ပေမယ့် မှောင်လွန်းသဖြင့် ဘာမှမမြင်ရပေ။
ခဏလောက် ဆွေးနွေးပြီး သူတို့ က ဌာနေတိုင်းရင်းသားတွေ ထံမှ ဒီဂြိုဟ်အကြောင်း လေ့လာနိုင်ဖို့ သင်္ဘောပေါ်မှ အမြန် ဆင်းရန် ဆုံးဖြတ်ချက် ချခဲ့ကြသည်။
ရှေ့က လူရဲ့ ရင်ဘတ်မှာ ပါးစပ်ကြီး ဟပြီး ဟိန်းဟောက်နေတဲ့ ရွှေရောင် ခြင်္သေ့ကြီး တစ်ကောင် ရှိသည်။ သူက ကျယ်လောင်စွာ မေးလာသည်။
"မင်းတို့ က?"
ရှဲ့စန်း မျက်လုံးတွေ က ပျော်ရွှင်မှုဖြင့် တောက်ပလာသည်။ ပြောဆိုဆက်ဆံရတာ ကောင်းတယ်။
လောင်ထန်း က သူတို့ကို သေချာ စိုက်ကြည့်ကာ ပြုံးပြလိုက်သည်။
"ငါတို့က မင်းတို့နဲ့ ကစားဖို့ ဒီကို ရောက်လာတဲ့ ဘရန့်ဂြိုလ် က ဂြိုလ်သားတွေပါ"
"မရဘူး" ရွှေဖြူရောင် ဆံပင် ခပ်တိုတိုနဲ့ လူက အော်လိုက်သည်။ "ဒါက ကစားဖို့ နေရာ မဟုတ်ဘူး။ မင်းတို့ ဒီကနေ ထွက်သွား!"
"ဒါက ဘယ်လိုဖြစ်ရတာလဲ?" လောင်ထန်း က ခေါင်းအနောက် ကို ကုတ်လိုက်သည်။
"ငါတို့ ဒီကို အခုမှ ရောက်တာ။ ငါတို့ ဘာမှ မကြည့်ရသေးဘူးလေ"
"အကြီးအကဲ" ထိုအချိန်တွင် လူတစ်ယောက် က ရွှေဖြူရောင်နဲ့ လူအနား ပြေးလာသည်။ သူ့အသံက စိုးရိမ်တကြီး ဖြစ်နေပြီး
"ကာဘူရဲ့ တစ်ကိုယ်လုံး အဖျားတက်နေတယ်။ သားရဲနတ်ဘုရား က သူ့ကို ခေါ်သွားလိမ့်မယ်"
"ကာဘူ!" အကြီးအကဲရဲ့ မျက်နှာ က ရုတ်တရက် ပြောင်းလဲသွားသည်။ သူ့နှုတ်ခမ်းတွေ တဆတ်ဆတ် တုန်လာပြီး ရှဲ့စန်းနဲ့ တခြားသူတွေ ကို သတိပေးလာသည်။
"မြန်မြန် ထွက်သွား။ မင်းတို့ မထွက်သွားရင် မင်းတို့ အကုန် သေလိမ့်မယ်။ သားရဲနတ်ဘုရား ဒေါသထွက်နေပြီ!"
ပြောပြီးတာနဲ့ သူ လှည့်ပြီး ပြန်ပြေးသွားသည်။ သူနဲ့အတူ ပါလာတဲ့ လူကလည်း စိုးရိမ်နေပုံ ရပေမယ့် မထွက်သွားပေ။ သူ က တစ်နေရာတည်းတွင် ရပ်နေလိုက်ပြီး ရှဲ့စန်း အခြားလူတွေ ကို သတိထားပြီး ကြည့်နေသည်။
_________________________________________________________
အစ၊အဆုံး PDF File ရပါတယ်ရှင့်
ဖတ်ပေးတဲ့ အတွက် ကျေးဇူးတင်ပါတယ်ရှင့်🤎🤎🤎
Zawgyi version
Chapter 73 : ေရာက္႐ွိျခင္း
အၾကံဥာဏ္ေကာင္း အတြက္ ဧရာမ က်ားသစ္သားရဲ ကို ဝိုင္းကာ ခ်ီးမြမ္းေနေသာ သားရဲေတြကို ၾကည့္ကာ ေကာင္းကင္ကို ၾကည့္ၿပီး စကားမေျပာဘဲ ေနလိုက္သည္။ဒီဆက္ႏြယ္သားရဲေတြ က တကယ္ကို စမတ္က်လြန္းသည္။ ဒီေနရာ က ေတာ၊ေတာင္ မဟုတ္ဘဲ၊ လူေတြရဲ႕ ၿမိဳ႕ေတာ္ျဖစ္သည္၊ ထို႔ေၾကာင့္ ဘယ္လိုလုပ္ ေ႐ြ႕ေျပာင္းရ လြယ္ကူမွာလဲ။ ဒီဆက္ႏြယ္သားရဲ အုပ္စု လမ္းေပၚ ေရာက္သြားရင္ သတင္းေခါင္းစဥ္ ျဖစ္သြားေစလိမ့္မည္။
{"ဒါက အလုပ္မျဖစ္ဘူး"} ဟု ေလးနက္စြာ ေျပာလိုက္သည္။
{"ငါ လမ္းကို မွတ္မိႏိုင္တယ္ ဆိုတာ မင္း မယုံဘူးလား"}
ဧရာမ က်ားသစ္နက္ႀကီး က စိတ္ပ်က္လက္ပ်က္ျဖင့္ သူ႕ကို ၾကည့္ေနသည္။
အစက္ကေလး က သူ႕ေခါင္းနားကို ေရာက္လာၿပီး
{"အစ္ကိုက အရမ္း ေတာ္တယ္။ သူ မွတ္မိမွာ ေသခ်ာတယ္!"}
ဧရာမ က်ားသစ္နက္ႀကီး က {"မင္းဘာလို႔ လိုက္မလာတာလဲ။ ငါတို႔ ႏွစ္ေယာက္စလုံးဆို ေသခ်ာ မွတ္မိလိမ့္မယ္"}
႐ွဲ႕စန္း ဆက္ႏြယ္ သားရဲေတြက သူတို႔ကိုယ္ သူတို႔ အမည္ စာရင္းတင္သြင္းဖို႔ ႀကိဳးစားတာကို ၾကည့္ရင္း ငိုၿပီး ရယ္လိုက္ခ်င္သည္။
{"က်ားသစ္နက္ႀကီး ကို ငါ မယုံတာ မဟုတ္ဘူး။ ဆန္႔က်င္ဘက္ အေနနဲ႔၊ မင္းတို႔အတြက္ လမ္းမွတ္ရတာ ျပႆနာမ႐ွိဘူး လို႔ ငါ ယုံတယ္။ မင္းတို႔ က ဆက္ႏြယ္သားရဲေတြ၊ မင္းတို႔ လမ္းေပၚ ေပၚလာရင္ အာ႐ုံစူးစိုက္မႈ ကို ခံရလိမ့္မယ္။ အတူတူ သြားမယ္ဆိုရင္ ယာဥ္ေၾကာ ပိတ္ဆို႔မႈ ျဖစ္လိမ့္မယ္"}
ဧရာမ က်ားသစ္နက္ သားရဲႀကီး က ေခါင္းကို ေစာင္းလိုက္ၿပီး {"ဒါဆို ငါတို႔က သူတို႔ အေဝးေရာက္သြားေအာင္ ေၾကာက္ဖို႔ေကာင္းတဲ့ ဟိန္းေဟာက္သံကို သုံးရမလား။ ငါတို႔ကို ၾကည့္ရမွာ ေၾကာက္လို႔လား"}
{"မဟုတ္ဘူး၊"} ႐ွဲ႕စန္း က သူ႕လက္သည္းေတြ ကို ပြတ္သပ္လိုက္သည္။ အဲဒါက ပိုေတာင္ ဆိုးဝါးတဲ့ အၾကံတစ္ခုပဲ။ တကယ္လို႔ အဲဒီလို ျဖစ္ခဲ့ရင္၊ ဆက္ႏြယ္သားရဲေတြ က လူသားေတြကို တိုက္ခိုက္တယ္ ဟု လူအမ်ားက ထင္ေကာင္း ထင္ႏိုင္ေပလိမ့္မည္။
{"ငါ အကူအညီ ေတာင္းလိုက္မယ္။ ေနရာအသစ္ ေဆာက္ၿပီးခ်ိန္မွာ ငါ ျပန္မေရာက္ခဲ့ရင္ မင္းတို႔ကို တစ္ေယာက္ေယာက္ လာေခၚခိုင္းလိုက္မယ္ေလ"}
{"သူတို႔က အားကိုးရလို႔လား။ ဒါမွမဟုတ္ မင္း ငါ့ကို အဲဒီကို ေခၚသြားတာ ပိုေကာင္းမလား"} ဧရာမ က်ားသစ္ႀကီး က ေျပာသည္။
႐ွဲ႕စန္း က {"လုံးဝ စိတ္ခ်ရတယ္!"}
႐ွဲ႕စန္း ႐ႈတာ့ ကို တိုက္႐ိုက္ ဆက္သြယ္ခဲ့သည္။ စေနေန႔တိုင္း မိုင္နဲ ႏွင့္ ေလာင္ထန္းတို႔ က ေလာင္ယြီ႕ ဗီလာ တြင္ ေလ့က်င့္ခန္း လုပ္ရန္ အတူ႐ွိၾကၿပီး ၊ ႐ႈ႕တာ့ တစ္ေယာက္တည္း က်န္ခဲ့သည္။ သူက ေန႔တိုင္း အရမ္း ပ်င္းရိေနၿပီး အပင္သုေတသနရဲ႕ တိုးတက္မႈကို ၾကည့္႐ႈရန္ ရံဖန္ရံခါသာ အပင္သုေတသနဌာန သို႔ အေျပးသြားခဲ့သည္။ ႐ွဲ႕စန္း က အကူအညီ ေတာင္းဖို႔ တစ္စုံတစ္ေယာက္ ကို ေတြးတဲ့အခါ သူ႕ရဲ႕ ပထမဆုံး အေတြး က သူပဲ။
႐ႈတာ့ က သူ႕စကားကို နားေထာင္ၿပီး စိတ္အားထက္သန္စြာနဲ႔ ခ်က္ခ်င္း သေဘာတူလိုက္တယ္။ သူသည္ ဆက္ႏြယ္သားရဲေတြ ႏွင့္ ေတြ႕ဆုံရန္ ဇုန္ 4-5 သို႔ အျမန္ ေျပးလာခဲ့သည္။
"ဟားဟား ဟားဟား၊ ငါ လာၾကည့္ခ်င္ေနတာ ၾကာၿပီ။ အံ့ၾသစရာေကာင္းတယ္။ သူတို႔ ၾကည့္ရတာ သက္ေတာင့္သက္သာ ႐ွိပုံ ရတယ္!" ႐ႈတာ့ အရမ္း အံ့ၾသသြားသည္။
႐ွဲ႕စန္း က ရယ္ေမာၿပီး သူ႕ကို မတူညီတဲ့ သားရဲေတြနဲ႔ မိတ္ဆက္ေပးလိုက္သည္။ ၿပီးေတာ့ သူက
"အဖိုး ေျပာတာကို သူတို႔ နားလည္ႏိုင္တယ္။ သူတို႔ကို ေ႐ႊ႕တဲ့အခါ က်င္းက်န္ရဲ႕ အႀကီးဆုံး လြန္းပ်ံယာဥ္ေတြကို ငွားလိုက္႐ုံပါပဲ" ထို႔ေနာက္ သူက သားရဲေတြရဲ႕ ေနရာအသစ္ ၾကမ္းခင္း အစီအစဥ္ကို ႐ႈတာ့ထံသို႔ ေပးပို႔ခဲ့သည္။
"ေက်းဇူးျပဳၿပီး သူတို႔ကို အဲဒီကို ပို႔ေပးပါ။ သူတို႔ ေရာက္ရင္ သူတို႔ ဘယ္မွာေနတယ္ ဆိုတာ သိလိမ့္မယ္"
႐ႈ႕တာ့ အံ့ၾသသြားၿပီး "ဒီေလာက္ေတာင္ စမတ္က်လား?"
႐ွဲ႕စန္း ျပဳံးလိုက္သည္။ "အင္း၊ သူတို႔ အားလုံး IQ ျမင့္တယ္"
႐ႈ႕တာ့ ရယ္လိုက္သည္။ "လြယ္ပါတယ္။ ငါ ဂ႐ုစိုက္လိုက္ပါ့မယ္"
႐ွဲ႕စန္း သည္ ႐ႈတာ့ အစီအစဥ္မ်ား ကို နားေထာင္ရန္ သားရဲေတြကို ၫႊန္ၾကားခဲ့ၿပီး သားရဲေတြ က ေ႐ႊ႕ဆိုင္းစရာ မလိုေတာ့ေၾကာင္း သိလိုက္ရေတာ့ အခုအခ်ိန္တြင္ ဝမ္းသာအားရ သေဘာတူလိုက္ၾကသည္။
အစီအစဥ္ေတြ ျပဳလုပ္ၿပီးေနာက္ ႐ွဲ႕စန္း ႏွင့္ ႐ႈတာ့ သည္ ဇုန္ 4-5 မွ ထြက္သြားခဲ့သည္။ ႐ႈတာ့ သည္ သူ႕ေနရာသို႔ ျပန္သြားခဲ့ၿပီး ႐ွဲ႕စန္း က မိုင္နဲ ကို ဆက္သြယ္ခဲ့သည္။ ရက္၂၀ အၾကာတြင္ ဆကႏြယ္သားရဲေတြ အခ်ိန္မီ ေ႐ြ႕မည္ဟု ေျပာၿပီး အစာေကြၽးတဲ့ စက္႐ုပ္ေတြအေၾကာင္း ေမးလိုက္သည္။
မိုင္နဲ က "ဒီဇိုင္းက ေဟာင္ဖန္း ကို လႊဲေပးလိုက္ၿပီ၊ စက္႐ုပ္ က ရက္၂၀ မတိုင္ခင္ ၿပီးမွာပါ"
႐ွဲ႕စန္း က "အဲဒါ ေကာင္းတယ္"
မိုင္နဲ က "မင္းကို လာေခၚဖို႔ ကိုယ္ ဒီမွာ ႐ွိေနမယ္။ အခ်ိန္ နီးေနၿပီ"
႐ွဲ႕စန္း အခ်ိန္ကို ၾကည့္လိုက္သည္။ အခ်ိန္က ငါးနာရီထိုးခါ နီးေနၿပီ၊ သူတို႔ရဲ႕ မထြက္ခြာမီ ေလာင္ယြီ႕ ဗီလာ မွာ ၅နာရီခြဲ အစည္းအေဝး လုပ္ဖို႔ စီစဥ္ထားသည္။
သူက "ေကာင္းၿပီ၊ ငါ ဂ႐ုစိုက္လိုက္မယ္"
ႏွစ္ေယာက္သား ေလာင္ယြီ႕ ဗီလာကို ၅း၃၀ မတိုင္ခင္ ေရာက္သြားၾကသည္။ ေလာင္ထန္း က ထိုေနရာတြင္ တည္းခိုေနခဲ့ၿပီး ပိုင္ေက်ာင္း နဲ႔ လွ်ဴ႐ွန္း တို႔က ကပၸတိန္ ေလာင္ထန္း ကို ေတြ႕ၿပီး ခဏအၾကာတြင္ ေရာက္႐ွိလာခဲ့သည္။ ၿဂိဳလ္ငယ္ေလး ကို အတူတူ သြားမယ့္ လူ ၅ေယာက္က ဆိုဖာတြင္ ဝိုင္းထိုင္ေနၾကသည္။
လွ်ဴ႐ွန္း သည္ အရပ္႐ွည္ၿပီး ပိန္ပိန္ပါးပါး အသားအေရ ညိဳမဲကာ သပ္ရပ္၍ စကားေျပာ နည္းတတ္သူ ျဖစ္သည္။ သူက လူတိုင္းရဲ႕ လက္ပတ္ဆီသို႔ လမ္းေၾကာင္းကို ပို႔ေပးၿပီး သူတို႔ ယူေဆာင္လာရမည့္ ရိကၡာမ်ိဳးစုံ အတြက္ ေနာက္ဆုံးတစ္ႀကိမ္ သတိေပးခဲ့သည္။ အမွားအယြင္း မ႐ွိေၾကာင္း ေသခ်ာ စစ္ေဆးၿပီးေနာက္ ခရီးစဥ္ တစ္ခုလုံး ကို အတည္ျပဳၿပီး
"မနက္ျဖန္ မနက္ ၈နာရီ အာကာသယာဥ္မွာ ေတြ႕မယ္" လို႔ ေျပာလာသည္။
ေနာက္တစ္ေန႔ ၈နာရီတြင္ လူတိုင္း အာကာသဆိပ္ကမ္း ကိုယ္ပိုင္ သေဘၤာ ဆိုက္ကပ္ရာ ေနရာ၌ စု႐ုံးၾကသည္။ သူတို႔ အေနာက္ ေဘးတစ္ဖက္ တစ္ခ်က္တြင္ အနက္ေရာင္ နဂါးပ်ံ ပုံစံ ျခယ္သထားတဲ့ ယာဥ္ေလး တစ္စင္း႐ွိသည္။
လွ်ဳ႐ွန္း က ဦးေဆာင္ၿပီး စစ္ဆင္ေရး ဧရိယာ၊ အနားယူရန္ ေနရာ၊ ၾကံ့ခိုင္ေရး ဧရိယာႏွင့္ ထမင္းစားခန္း ဆိုၿပီး ပိုင္းျခားထားတဲ့ သေဘၤာထဲသို႔ ေလွ်ာက္သြားခဲ့သည္။ လွ်ဴ႐ွန္း က "အားထန္း နဲ႔ ငါ ေလယာဥ္ခန္း ကို သြားမယ္။ က်န္တဲ့သူေတြ က စိတ္ႀကိဳက္ ေနလို႔ရတယ္။ အစားအေသာက္ေတြ စားလို႔ရတယ္။ မိုင္နဲ နဲ႔ အားထန္း က မနက္ျဖန္ ေနရာ လဲမယ္"
ဤသည္မွာ ကာလ႐ွည္ၾကာ ေဆြးေႏြးထားေသာ အစီအစဥ္ ျဖစ္သည္။ လွ်ဴ႐ွန္း က ေလယာဥ္မႉးခန္း ထဲမွာပဲ ေနခ်င္ေပမယ့္ အနားယူဖို႔ေတာ့ လိုေသးသည္။ ေလာင္ထန္း နဲ႔ မိုင္နဲ တို႔ က သူတို႔ရဲ႕ ေဘးကင္းေရး အတြက္ ေနရာလဲၾကမည္ ျဖစ္သည္။
လွ်ဴ႐ွန္း နဲ႔ ေလာင္ထန္း တို႔က ေလယာဥ္မႉးခန္းကို သြားခဲ့ၾကၿပီး ပိုင္ေက်ာင္း က "ငါ ေဆးပင္ေတြ ေလ့လာဖို႔ နားေနခန္းကို ျပန္သြားေတာ့မယ္။ တစ္ခုခုျဖစ္ရင္ ငါ့ကိုေခၚပါ"
႐ွဲ႕စန္း က ေခါင္းညိတ္ျပလိုက္ၿပီး သူ႕အပင္ေတြကို ေလ့က်င့္ေနရင္း ေဆာ့ဖ္ဝဲလ္ ဒီဇိုင္းဆြဲဖို႔ ဆိုဖာေပၚမွာ ထိုင္ေနတဲ့ မိုင္နဲ နဲ႔ က်န္တဲ့ေနရာေတြကို သြားခဲ့သည္။ အပင္ အားလုံးကို ဆင့္ေခၚ၍ အမ်ိဳးမ်ိဳးေသာ အမိန္႔ေတြ ေပးလိုက္သည္။
အာလူးေတြကို စပါးျဖင့္ ညႇပ္ထားကာ င႐ုတ္သီးမ်ားကို ဖရဲသီးႏြယ္ပင္မ်ားျဖင့္ ခ်ည္ေႏွာင္ထားသျဖင့္ အာလုံး ႐ႈပ္ပြေနသည္... အေျခအေနအမ်ိဳးမ်ိဳးႏွင့္ ႏွစ္နာရီၾကာၿပီးေနာက္ အျပန္အလွန္ ပံ့ပိုးကူညီမႈျဖင့္ အခ်င္းခ်င္း အေႏွာင့္အယွက္ မျဖစ္ေစဘဲ အတူတကြ တိုက္ခိုက္ႏိုင္ခဲ့ၾကသည္။
႐ွဲ႕စန္း ဆိုဖာေပၚတြင္ ျပန္ထိုင္ၿပီး စနစ္ ကို ဖြင့္လိုက္သည္။ ေလာေလာဆယ္ သူ႕မွာ စြမ္းအင္ ၆၇၈/၈၀၀ ႐ွိသည္။ ပၪၥမအပင္ ကို အသက္သြင္းရန္ ၁၀၀ ေက်ာ္လိုအပ္သည္။ သူ အခု အလ်င္လိုေနတာ မဟုတ္ေပ။ စြမ္းအင္ ၈၀၀ သို႔ ေရာက္ပါက အပင္ က အလိုအေလ်ာက္ အသက္သြင္းလာမည္ ျဖစ္ၿပီး၊ စြမ္းအင္ က ခ်က္ခ်င္း ကုန္ဆုံးသြားမည္ ျဖစ္၍ သူ ရ႐ွိထားတဲ့ စြမ္းအင္ က သုည သို႔ ျပန္ေရာက္သြားမည္ျဖစ္ေၾကာင္း သူသေဘာေပါက္ခဲ့သည္။
သူ႕အတြက္ အရမ္း အႏၲရာယ္မ်ားတဲ့ အပင္ေတြကို တိုက္ခိုက္ရန္ စြမ္းအင္မ႐ွိေတာ့ ဟု ဆိုလိုျခင္းျဖစ္သည္။ အခုအခ်ိန္ သူရဲ႕ ခႏၶာကိုယ္ က က်န္းမာ သန္စြမ္းေနၿပီး သစ္သား စြမ္းအင္ကို ႐ွာေဖြရန္ လမ္းစတြင္ ႐ွိေနခဲ့သည္။ ေလာေလာဆယ္ေတာ့ ပၪၥမအပင္ကို အသက္သြင္းဖို႔ပဲ ျဖစ္ျဖစ္၊ သူ႕အတြက္ လုံးဝ အေရးမႀကီးေပ။
ဆန္႔က်င္ဘက္ အေနနဲ႔၊ အပင္ကို အသက္သြင္းဖို႔ မလုပ္တာ က သူ႕အတြက္ အလုံျခဳံဆုံး ျဖစ္သည္။ သူ႕မွာ လုံေလာက္တဲ့ စြမ္းအင္ေတြ ႐ွိၿပီး အစာေတာင္ စားႏိုင္သည္။
ဟုတ္တယ္၊ သူက လြယ္လြယ္ ျဖဳန္းတီးပစ္မွာ မဟုတ္ေပ။ သူရဲ႕ အရင္ အေတြ႕အၾကဳံအရ၊ အက္ဒမ္ရဲ႕ ေနာက္ထပ္ စြမ္းအင္ အေနအထားကို ခံစားႏိုင္ရန္ ပၪၥမအပင္ကို အသက္သြင္းဖို႔ လိုအပ္ေပလိမ့္မည္။ သူ စြမ္းအင္ ပိုက်န္ေလေလ၊ ဒါကို စတင္ အသုံးျပဳလိုတဲ့အခါတြင္ ပိုမို လြယ္ကူလာမည္ ျဖစ္သည္။
ၿဂိဳလ္ငယ္ေလးဆီသို႔ ခရီးက ႐ွည္လ်ားေသာ္လည္း လုံးဝမခက္ခဲေပ။ ဆန္႔က်င္ဘက္ အေနတဲ့ အရမ္း သာယာခဲ့သည္။ ေလာင္ထန္းကေတာ့ အားလုံးထဲမွာ အေပ်ာ္ဆုံးျဖစ္သည္။ သေဘၤာေပၚမွာ ေန႔တိုင္း ဒီေလာက္ ေကာင္းတဲ့ အစားအစာေတြ စားႏိုင္မယ္ လို႔ သူ မထင္ထားခဲ့ေပ။
မနက္စာ အတြက္၊ အရသာ႐ွိတဲ့ အာလူးပါးပါး လွီးထားေသာ အသားေၾကာ္ႏွင့္ အရသာ႐ွိတဲ့ အျဖဴေရာင္ ယာဂု ႐ွိသည္။ ေန႔လယ္စာႏွင့္ ညစာအတြက္ အာလူးစြပ္ျပဳတ္၊ င႐ုတ္သီးေၾကာ္၊ ထမင္းျဖဴႏွင့္ အာလူးေၾကာ္၊ အစပ္ႏွပ္ထားေသာ အသားေျခာက္ႏွင့္ အာလူးေခ်ာင္းမ်ား ပါ႐ွိသည္။ ဖရဲသီးလည္း တစ္ေန႔ တစ္ႀကိမ္ စားရသည္။
ေန႔ခင္းဘက္ သူ ယာဥ္ မ ေမာင္းရတဲ့အခ်ိန္ အနံ႔ေနာက္ လိုက္၍ တစ္ခုခုစားရန္ စိတ္အားထက္သန္စြာနဲ႔ မီးဖိုေခ်ာင္ထဲ ေရာက္လာေသာ္လည္း ထြမ္းထြမ္း က အနီးကပ္ ေစာင့္ၾကည့္ၿပီး ခိုးယူခြင့္ မေပးေပ။
သူ ယာဥ္ေမာင္းရတဲ့ အခ်ိန္ေရာက္ရင္ ထမင္းစားခ်ိန္ အထိ ထိုင္မေစာင့္ႏိုင္ဘဲ စားရမယ့္ အခ်ိန္ေမးဖို႔ ႐ွဲ႕စန္း ကို မၾကာခဏ ဆက္သြယ္ေလ့႐ွိတယ္။ တခါတရံ အရမ္း အေမးခံရလြန္းသျဖင့္ ပိုင္ေက်ာင္း က သူ႕အား ထမင္း အရင္ ပို႔ေပးခိုင္းသည္။ ထို႔ေနာက္ လွ်ဴ႐ွန္း ထမင္းစားခ်ိန္ ပန္းကန္တစ္လုံး ေပ်ာက္ေနတာ ကို ေတြ႕႐ွိခဲ့ၿပီး ေနာက္ထပ္ ႐ုန္းရင္းဆန္ခတ္ ျဖစ္ခဲ့ရသည္။
သေဘၤာေပၚ႐ွိ ေလထု က ေအးခ်မ္းသာယာၿပီး ၄ရက္ေျမာက္ညတြင္ ေနာက္ဆုံး သူတို႔ လိုရာခရီး ကို ေရာက္႐ွိခဲ့သည္။ အားလုံးက ေလယာဥ္ခန္းထဲမွာ စုေနၾကသည္။ ႐ွဲ႕စန္း သူ႕ေ႐ွ႕႐ွိ ဖန္သားျပင္ကို ၾကည့္လိုက္ေတာ့ ၿဂိဳလသုံးလုံး ႐ွိသည္။ သူက အက္ဒမ္ကို ("အခု ဘယ္ဟာလဲ ဆိုတာ မင္း ဆုံးျဖတ္ႏိုင္လား")
("ခဏေလး...") ႐ွဲ႕စန္း ညာဘက္ပခုံး နည္းနည္း ပူသြားၿပီး မၾကာမီ အက္ဒမ္က ("အနီးဆုံး တစ္ခု") ဟု ေျပာခဲ့သည္။
႐ွဲ႕စန္း ရယ္လိုက္သည္။ "ဟုတ္တယ္၊ အနီးဆုံး က အစိမ္းေရာင္ၿဂိဳလ္ပဲ"
လွ်ဴ႐ွန္း က "မင္း ထိုင္လိုက္၊ ငါတို႔ ဆင္းေတာ့မယ္"
ဆင္းသက္ျခင္း လုပ္ငန္းစဥ္ က ႐ႈပ္ေထြးၿပီး အခ်ိန္ၾကာျမင့္ခဲ့သည္။ တျဖည္းျဖည္းနဲ႔ ျပတင္းေပါက္ အျပင္ဘက္႐ွိ တျခားအေရာင္႐ွိတဲ့ ၿဂိဳလ္ေတြ က ေ႐ြ႕သြားၿပီး အနက္ေရာင္ ကန္႔လန္႔ကာထက္မွာ ခ်ိတ္ထားတဲ့ ၾကယ္ေတြ ျဖစ္သြားသည္။ စက္ က အသံျမည္လာသည္။
"သေဘၤာရဲ႕ ျပင္ပ အခ်က္အလက္ တိုင္းတာမႈရလဒ္မ်ား- ေအာက္ဆီဂ်င္ ပါဝင္မႈ 20%, အခ်ိန္နဲ႔ တစ္ေျပးညီ အပူခ်ိန္ 24°၊ စိုထိုင္းဆ 42%။ ဆင္းမွာလား"
လွ်ဴ႐ွန္း က "ဆင္းမယ္"
ပိုင္ေက်ာင္း က ရယ္ေမာလိုက္ၿပီး "ဇီဝ႐ွင္သန္မႈအတြက္ လိုအပ္တဲ့ ပတ္ဝန္းက်င္နဲ႔ ကိုက္ညီတယ္။ ဒီၿဂိဳလ္မွာ ဉာဏ္ရည္ျမင့္တဲ့ သတၱဝါေတြ ႐ွိႏိုင္တယ္"
သေဘၤာ က လ်င္ျမန္စြာ ဆင္းသက္ၿပီး မူးေဝလာသည္။ သိပ္မၾကာခင္မွာပဲ သေဘၤာ က အသံျမည္လာသည္။
"အတားအဆီး ႐ွိေနတယ္။ အခု လမ္းေၾကာင္း ေျပာင္းလိုက္ၿပီ"
လွ်ဴ႐ွန္း က အာကာသယာဥ္ ကို ေမာင္းႏွင္ခဲ့သည္။ သူ က သေဘၤာရဲ႕ အျပင္ဘက္ မီးေတြကို ဖြင့္လိုက္ၿပီး ေအာက္က ေျမျပင္ကို ၾကည့္ကာ မ်က္ေမွာင္ၾကဳတ္လိုက္သည္ အခ်ိန္အေတာ္ၾကာ ပ်ံသန္းၿပီးေနာက္ ေနာက္ဆုံး ေျမျပန္႔ ကို ေတြ႕႐ွိခဲ့သည္။ သူက မီးေတြကိုပိတ္ကာ ဆင္းသက္ရန္ လမ္းၫႊန္ခဲ့သည္။
သူ ဆင္းသက္စဥ္ အာကာသယာဥ္ေ႐ွ႕႐ွိ ဖန္သားျပင္ က ႐ုတ္တရက္ အလင္းေရာင္နဲ႔ ေတာက္ပလာၿပီး ေနာက္တြင္ ပိုမို ေတာက္ပေသာ အလင္းတန္းေတြ ေပၚလာသည္။ အဖြဲ႕က အျပင္ဘက္ က အေျခအေန ကို ႐ွင္း႐ွင္းလင္းလင္း ျမင္ေနရသည္။
႐ွဲ႕စန္း က အံ့အားသင့္သြားၿပီး မီတုတ္ေတြ ကိုင္ထားတဲ့ အရပ္ ျမင့္ျမင့္နဲ႔ လူေတြကို ၾကည့္လိုက္သည္။ တစ္ခ်က္ ၾကည့္လိုက္ေတာ့ သူတို႔ က အနည္းဆုံး တစ္ဒါဇင္ေလာက္႐ွိသည္။ ႂကြက္သားေတြ သန္မာၿပီး ၾကံ့ခိုင္မႈ အျပည့္႐ွိတဲ့ ထိပ္တန္းေမာ္ဒယ္ တစ္ေယာက္နဲ႔ ယွဥ္လို႔ရႏိုင္သည္။
ဒါေပမယ့္... သူတို႔အားလုံး က ဘာေၾကာင့္ တိရိစၧာန္အေရခြံနဲ႔ ထုပ္ပိုးထားရတာလဲ။
"Wow! အရမ္း မိုက္တယ္!" ေလာင္ထန္း က စိတ္လႈပ္႐ွားစြာ ေအာ္လိုက္သည္။
သို႔ေသာ္ အျပင္မွ လူေတြ က စိတ္လႈပ္႐ွားျခင္း မ႐ွိၾကေပ။ သူတို႔ရဲ႕ မ်က္ႏွာေတြ က ေဒါသေတြ၊ ေၾကာက္႐ြံ႕မႈေတြနဲ႔ ျပည့္ႏွက္ေနသည္။ မီးတုတ္ ကို ေဝွ႔ယမ္းကာ အာကာသယာဥ္ကို ေအာ္ဟစ္ေနခဲ့ၾကသည္။ တခ်ိဳ႕က မီးတိုင္ကို ပစ္ဖို႔ ႀကိဳးစားေပမယ့္ တျခား တစ္ေယာက္က တားလိုက္သည္။
ပိုင္ေက်ာင္း အံ့ၾသသြားသည္ ။ "သူတို႔ရဲ႕ ဝတ္စားဆင္ယင္မႈကို ၾကည့္ရတာ သူတို႔ က ေ႐ွးဦးကာလမွာပဲ ႐ွိေနပုံ ရတယ္"
႐ွဲ႕စန္း က "ငါလည္း ဒီလိုပဲထင္တယ္" မီးတုတ္ေတြ နဲ႔ တိရစၧာန္ အေရခြံေတြ။ အဲဒီ့ အေၾကာင္း ေျပာရရင္ ေ႐ွးဦးကာလထက္ ပိုမိုေကာင္းမြန္တဲ့ ႐ွင္းျပခ်က္မ႐ွိေပ။
မိုင္နဲ က "ငါတို႔ ဆင္းရမွာလား။ သူတို႔က လႈပ္႐ွားလာႏိုင္တယ"
လွ်ဴ႐ွန္း က "၄ရက္ဆက္တိုက္ သြားခဲ့ေတာ့၊ ယာဥ္ ကို စစ္ေဆးဖို႔ ေနရာ ႐ွာရမွာေပါ့။ ဒီိေနရာ က အဆင္ေျပတယ္၊ တျခား ဆင္းမယ့္ ေနရာ႐ွာဖို႔ မလြယ္ဘူး။ စြမ္းအင္ ေခြၽတာဖို႔ အၾကံေပးခ်င္တယ္"
အက္ဒမ္ က ႐ွဲ႕စန္းရဲ႕ စိတ္ထဲမွာ
("သစ္သား စြမ္းအင္ ကို ခံစားလို႔ ရတယ္၊ အေ႐ွ႕ဘက္ ကီလိုမီတာ ၂၈၀ေလာက္ ႐ွိတယ္!")
႐ွဲ႕စန္း အေ႐ွ႕ကို လွမ္းၾကည့္ေပမယ့္ ေမွာင္လြန္းသျဖင့္ ဘာမွမျမင္ရေပ။
ခဏေလာက္ ေဆြးေႏြးၿပီး သူတို႔ က ဌာေနတိုင္းရင္းသားေတြ ထံမွ ဒီၿဂိဳဟ္အေၾကာင္း ေလ့လာႏိုင္ဖို႔ သေဘၤာေပၚမွ အျမန္ ဆင္းရန္ ဆုံးျဖတ္ခ်က္ ခ်ခဲ့ၾကသည္။
ေ႐ွ႕က လူရဲ႕ ရင္ဘတ္မွာ ပါးစပ္ႀကီး ဟၿပီး ဟိန္းေဟာက္ေနတဲ့ ေ႐ႊေရာင္ ျခေသၤ့ႀကီး တစ္ေကာင္ ႐ွိသည္။ သူက က်ယ္ေလာင္စြာ ေမးလာသည္။
"မင္းတို႔ က?"
႐ွဲ႕စန္း မ်က္လုံးေတြ က ေပ်ာ္႐ႊင္မႈျဖင့္ ေတာက္ပလာသည္။ ေျပာဆိုဆက္ဆံရတာ ေကာင္းတယ္။
ေလာင္ထန္း က သူတို႔ကို ေသခ်ာ စိုက္ၾကည့္ကာ ျပဳံးျပလိုက္သည္။
"ငါတို႔က မင္းတို႔နဲ႔ ကစားဖို႔ ဒီကို ေရာက္လာတဲ့ ဘရန္႔ၿဂိဳလ္ က ၿဂိဳလ္သားေတြပါ"
"မရဘူး" ေ႐ႊျဖဴေရာင္ ဆံပင္ ခပ္တိုတိုနဲ႔ လူက ေအာ္လိုက္သည္။ "ဒါက ကစားဖို႔ ေနရာ မဟုတ္ဘူး။ မင္းတို႔ ဒီကေန ထြက္သြား!"
"ဒါက ဘယ္လိုျဖစ္ရတာလဲ?" ေလာင္ထန္း က ေခါင္းအေနာက္ ကို ကုတ္လိုက္သည္။
"ငါတို႔ ဒီကို အခုမွ ေရာက္တာ။ ငါတို႔ ဘာမွ မၾကည့္ရေသးဘူးေလ"
"အႀကီးအကဲ" ထိုအခ်ိန္တြင္ လူတစ္ေယာက္ က ေ႐ႊျဖဴေရာင္နဲ႔ လူအနား ေျပးလာသည္။ သူ႕အသံက စိုးရိမ္တႀကီး ျဖစ္ေနၿပီး
"ကာဘူရဲ႕ တစ္ကိုယ္လုံး အဖ်ားတက္ေနတယ္။ သားရဲနတ္ဘုရား က သူ႕ကို ေခၚသြားလိမ့္မယ္"
"ကာဘူ!" အႀကီးအကဲရဲ႕ မ်က္ႏွာ က ႐ုတ္တရက္ ေျပာင္းလဲသြားသည္။ သူ႕ႏႈတ္ခမ္းေတြ တဆတ္ဆတ္ တုန္လာၿပီး ႐ွဲ႕စန္းနဲ႔ တျခားသူေတြ ကို သတိေပးလာသည္။
"ျမန္ျမန္ ထြက္သြား။ မင္းတို႔ မထြက္သြားရင္ မင္းတို႔ အကုန္ ေသလိမ့္မယ္။ သားရဲနတ္ဘုရား ေဒါသထြက္ေနၿပီ!"
ေျပာၿပီးတာနဲ႔ သူ လွည့္ၿပီး ျပန္ေျပးသြားသည္။ သူနဲ႔အတူ ပါလာတဲ့ လူကလည္း စိုးရိမ္ေနပုံ ရေပမယ့္ မထြက္သြားေပ။ သူ က တစ္ေနရာတည္းတြင္ ရပ္ေနလိုက္ၿပီး ႐ွဲ႕စန္း အျခားလူေတြ ကို သတိထားၿပီး ၾကည့္ေနသည္။
_________________________________________________________
အစ၊အဆုံး PDF File ရပါတယ္႐ွင့္
ဖတ္ေပးတဲ့ အတြက္ ေက်းဇူးတင္ပါတယ္႐ွင့္🤎🤎🤎