Chapter 65 : အကျိုးသက်ရောက်မှု
ရှဲ့စန်းနဲ့ မိုင်နဲ တို့ က လောင်ထန်း ကို အာကာသ ဆိပ်ကမ်းတွင် သွားခေါ်ခဲ့ပြီး မကြာမီ အဆောက်အအုံသို့ ပြန်ခဲ့ကြသည်။ လောင်ထန်း လွန်းပျံယာဉ်ပေါ်မှ ဆင်းလာသည်နှင့် တပြိုင်နက် သူ့ကို မြင်သူတိုင်းရဲ့ မျက်လုံးတွေက ကြည့်လာခဲ့ကြသည်။
"ဒီ တောက်ပြောင်နေတဲ့ တစ်ယောက် က ဘယ်က လာတာလဲ?"
"စစ်ဌာနမှာ ပါတနာ ကုမ္ပဏီ အသစ်ရှိနေပြီလား?"
ဘေးရှိ ဖြတ်သွား ဖြတ်လာတွေက တိုးတိုးပြောပြီး မှန်းဆနေကြသည်။
လောင်ထန်း က သူ ဘယ်လောက် တောက်ပြောင်နေမှန်းမသိဘဲ ရှဲ့စန်း ကို စိတ်လှုပ်ရှားမှု အပြည့်ဖြင့် "နဂါးပျံ သားရဲ ဘယ်မှာလဲ ? ငါ သွားရှာလိုက်မယ်!"
ရှဲ့စန်း က သူ့ကို ဧည့်ခန်းထဲကို ခေါ်သွားသည်။
"မင်း အရင် မစားချင်ဘူးလား? မင်း ဆက်နွယ်ဖို့ ကြိုးစားရမှာ၊ မင်း အကောင်းဆုံးဖြစ်အောင် လုပ်သင့်တယ်"
လောင်ထန်း ပြုံးလိုက်သည်။
"ငါ ယာဉ်ပေါ်မှာ စားခဲ့တယ်။ ငါ အခု အခြေအနေ ကောင်းနေပြီး နဂါးပျံသားရဲကို တွေ့ချင်နေတာ"
ရှဲ့စန်း ရယ်လိုက်သည်။ "ဒါဆို မင်း ငါနဲ့လိုက်ခဲ့။ သူတို့က ကြီးလွန်းတာကြောင့် အပေါ်ထပ်မှာ နေရာ အလုံအလောက် မရှိဘူးလေ။ သူတို့က မြေအောက်ခန်းထဲမှာ"
မြေအောက်ခန်း အဝင်ဝကို စောင့်နေတဲ့ လူထုခေါင်းဆောင် တစ်ယောက်ရှိသည်။ တံခါး နောက်ကွယ်မှ စူးစူးရှရှ နဂါးဟိန်းသံ ရုတ်တရက် ထွက်ပေါ်လာချိန်တွင် ရှဲ့စန်း သူ့ကို နှုတ်ဆက်နေသည်။ အသံက ပြင်းထန်လွန်းသဖြင့် မြေပြင် တုန်ခါသွားသည်။
မိုင်နဲရဲ့ မသိစိတ် က ရှဲ့စန်းရဲ့ နားရွက် ကို ဖုံးအုပ်လိုက်သည်။ ရှဲ့စန်း က သူ့ကို ပြုံးပြပြီး သူ အဆင်ပြေကြောင်း ပြောပြသည်။
(T/N : လန်ကျန့်နဲ့ ဘာတော်လဲ? အဖေ မတူ အမေ ကွဲ ညီအစ်ကိုတွေလား?)
လောင်ထန်းရဲ့ မျက်လုံးများ တောက်ပလာသည်။
"သူ က ငါ့ကို အာရုံခံနေတယ်။ ငါတို့ရဲ့ ဆက်နွယ်မှုနှုန်း က အရမ်း မြင့်တဲ့ပုံပဲ၊ ငါ ခံစားလို့ရတယ်!"
သူ တံခါးသို့ လှမ်းလိုက်သော်လည်း လူထုခေါင်းဆောင်က တားလိုက်သည်။ ရှဲ့စန်း က လူထုခေါင်းဆောင် ကို ခေါင်းညိတ်ပြသည်။
"သူက ငါတို့ သူငယ်ချင်းပါ"
လူထုခေါင်းဆောင် က သွားလို့ရအောင် ဘေးဘက်သို့ ခြေတစ်လှမ်း လှမ်းလိုက်သည်။
တံခါး အနောက်ဘက်ရှိ နဂါးသားရဲ၏ အသံသည် မြင့်သောအသံမှ နိမ့်ရာသို့ ပြောင်းသွားပြီး သတိဖြင့် လေးလံနေသည်။ ဤသည်မှာ သားရဲ၏ သခင်နှင့် အလိုလို ငြင်းပယ်ခြင်းပင် ဖြစ်သည်။ သခင်က ပိုအားကောင်းလေ၊ ငြင်းပယ်တဲ့ တုံ့ပြန်မှု အားကောင်းလေပဲ ဖြစ်သည်။
လောင်ထန်း က စိတ်မပူဘဲ စိတ်လှုပ်ရှားစွာနဲ့ အောက်ထပ် တံခါးကို တွန်းဖွင့်လိုက်ပြီး အတွင်းထဲကို ဝင်သွားလိုက်သည်။
"Wow!!! အနီးကပ် ကြည့်ရတော့ ပိုမိုက်သလိုပဲ!"
ရှဲ့စန်း သူ့နောက်က လိုက်လာသည်။ မြေအောက်ခန်းထဲသို့ ခြေတစ်လှမ်းသာ လှမ်းရသေးတယ်၊ မြေကြီးပေါ်တွင် လဲလျောင်းနေတဲ့ နဂါးနက် က လောင်ထန်းဆီ လျင်မြန်စွာ ပျံသန်းလာနေသည် ကို တွေ့လိုက်ရသည်။
ရှဲ့စန်း က "န-"
'နဂါး' ဟူသော စကားလုံး မခေါ်နိုင်ခင် လောင်ထန်းသည် နဂါးပျံ သားရဲ တစ်ကောင်လုံးနှင့် လုံးထွေးနေသည်။ နဂါးပျံ သားရဲရဲ့ ခေါင်းကြီး က လောင်ထန်းရဲ့ ရင်ဘတ်တွင် နစ်မြုပ်နေခဲ့ပြီး သတိပေးသည့်အသံ က ပိုမို မြန်ဆန် ပေါ့ပါးသော အော်ဟစ်သံ အဖြစ်သို့ ပြောင်းလဲသွားသည်။
လောင်ထန်း က သူ့လက်တွေကို ဖွင့်လိုက်ပြီး ခေါင်း အကြီးကြီး ကို သူ့လက်ထဲမှာ ဖက်ထားလိုက်သည်။ သူက ကျယ်လောင်စွာ ရယ်မောလိုက်ပြီး ရှဲ့စန်း ကို ကြည့်ဖို့ ခေါင်းကို လှည့်လိုက်သည်။
"အားစန်း၊ သူက ငါ့ကို တော်တော် သဘောကျတာပဲ"
ရှဲ့စန်း က သူ့ရဲ့ တောက်ပြောင်နေတဲ့ အဝတ်အစားတွေကို ကြည့်ပြီး တွေးလိုက်သည်။
'မင်းကို သဘောကျတာ မဟုတ်ဘူး၊ မင်းရဲ့ တောက်ပြောင်တဲ့ တောက်ပမှု ကို သဘောကျတာဟ!'
သူ လောင်ထန်း နှင့် နဂါးပျံ သားရဲရဲ့ ရင်သပ်ရှုမောဖွယ် အသွင်အပြင်ကို ခံစားချက်တွေ ရှုပ်ထွေးကာ ကြည့်နေသည်။ တောက်ပြောင်တဲ့ အရာတွေ အပေါ် နဂါးပျံသားရဲရဲ့ စွဲလမ်းမှုမှာ အမှန်တကယ် အားကောင်းလှသည်ဟု သူ လျှို့ဝှက်စွာ တွေးလိုက်မိသည်။
လောင်ထန်း ကို ကြည့်ခြင်းအားဖြင့် စွမ်းအင်ကြောင့် ဖြစ်ပေါ်လာတဲ့ စိတ်ခံစားချက်တွေကို ငြိမ်သက်စေရုံသာမက သားရဲသခင်အပေါ် ငြင်းပယ်တဲ့ ခံစားချက်လည်း ပျောက်သွားသည်။ လောင်ထန်းကို တကယ် ကြိုက်တယ် ဆိုတာ သေချာသည်။
လောင်ထန်း က ထိုကဲ့သို့ ရူးကြောင်ကြောင် ၀တ်စားထားသော်လည်း အကျိုးသက်ရောက်မှု ကလည်း အံ့မခန်း အသုံးဝင်သည်။
လောင်ထန်း နှင့် နဂါးပျံ သားရဲတို့ က ခဏလောက် ဖက်ထားကြသည်။ တစ်ယောက်နဲ့တစ်ယောက် ကြည့်ကာ တခစ်ခစ်ရယ်ရင်း အလုပ်ရှုပ်နေတာကြောင့် ရှဲ့စန်း က သူတို့ကို
"မင်းတို့ အခုပဲ ဆက်နွယ်ကြည့်သင့်တယ်!"
"မှန်တယ်" သူ က နဂါးပျံ သားရဲကို ပြုံးပြလိုက်သည်။ "ငါနဲ့ ဆက်နွယ်လိုက်ပါ။ ငါ က အရမ်း တော်ပါတယ်"
(T/N🤣🤣🤣🤣)
နဂါးပျံသားရဲ က မျက်တောင်ခတ်လိုက်သည်။ အကြည့်တွေက သူ့အဝတ်တွေ အပေါ် က တောက်ပနေတဲ့ ကျောက်တွေကို ကြည့်ပြီး တုံ့ဆိုင်းမနေဘဲ နောက်ပြန်လှည့်ကာ တိုးတိုးလေး အော်ဟစ်လိုက်သည် ။
လောင်ထန်းရဲ့ မျက်လုံးတွေ က အရမ်း တောက်ပနေပြီး သူ့ခန္ဓာကိုယ် တစ်ဝိုက်ရှိ အော်ရာများ ရုတ်တရက် ပြောင်းလဲသွားသည်။ အလွန် ပြင်းထန်စွာနဲ့ အရှေ့သို့ ခုန်တက်သွားသည်။
"ယဉ်ကျေးမနေနဲ့ ၊ငါ့အပေါ် မင်းရဲ့ ဖိအားတွေ အကုန် လွှတ်ပေးလိုက်။ ငါ မင်းကို စိတ်လိုလက်ရ အညံ့ခံအောင် လုပ်ပေးမယ်!"
နဂါးသားရဲ က သူ့ရဲ့ ခန္ဓာကိုယ် အပေါ်ပိုင်း တစ်ဝက်ကို မြှောက်ကာ ခေါင်းကို မြှောက်လိုက်သည်။ မျက်လုံးတွေက စူးရဲလာပြီး မြေအောက်ခန်းရှိ လေထု က ချက်ချင်းပင် ငြိမ်သက်သွားခဲ့သည်။ ရှဲ့စန်း ချက်ချင်းပင် အသက်ရှူ မဝသလို ခံစားလာရသည်။
မိုင်နဲ က သူ့ကို ခါးကနေဆွဲကာ ထောင့်သို့ခေါ်သွားပြီး သူ့လက်နှစ်ဖက် ကို ကိုင်ထားပေးလိုက်သည်။ ရှဲ့စန်း ရုတ်တရက် ပိုနေလို့ကောင်းလာသည်။
ထောင့် က မြေအောက်ခန်းရှိ လောင်ထန်းနှင့် အဝေးဆုံး နေရာဖြစ်သည်။ စပါးအုံးသားရဲနှင့် ဧရာမ သံချပ်ကာသားရဲတို့က ထိုနေရာ၌ ကိုယ်ကို ကျုံ့ထားကြသည်။
သိပ်မကြာခင်မှာပဲ စပါးအုံးမြွေရဲ့ အမြှီး က နံရံကို လျှပ်တစ်ပြက် ရိုက်နေခဲ့ပြီး မကြာခင်မှာ သံချပ်ကာသားရဲက နံရံကို အချွန်နဲ့ ခြစ်ကာ အမှတ်အသားတွေ ပေါ်လာသည်။
ရှဲ့စန်းသည် သူတို့ သက်ရောက်မှု ခံနေရကြောင်း ချက်ချင်း သဘောပေါက်လိုက်သည်။ သူတို့ နှစ်ကောင်စလုံး က မြေကြီးစွမ်းအင်မှ လွှမ်းမိုးခံထားရပြီး သူတို့ရဲ့ စိတ်အခြေအနေ က နဂါးပျံ သားရဲလောက် မထိခိုက်သော်လည်း သူတို့လည်း အဆင်မပြေသည့် အခြေအနေတွင် ရှိနေကြသည်။ အခုတော့ သူတို့ သက်ရောက်မှု ခံရပြီး တုန်လှုပ်နေကြသည်။
ခါးကို ဖက်ထားတဲ့ မိုင်နဲ ကို လက်နဲ့ ရိုက်ပြီး လွှတ်ပေးဖို့ အချက်ပြလိုက်သည်။ မိုင်နဲ က လွှတ်လိုက်ပြီးနောက် သူက ဧရာမ စပါးအုံးမြွေကြီးနှင့် သံချပ်ကာသားရဲကြီးတို့ ကြားမှလျှောက်သွားပြီး တစ်ချိန်တည်းမှာပဲ သူတို့ကို ထိရန် လက်ကို လှမ်းလိုက်သည်။
နှစ်ယောက်သား ထိတွေ့မှု အောက်တွင် လျင်မြန်စွာ ငြိမ်သက်သွားသည်။ စပါးအုံးမြွေ က ဘောလုံး တစ်လုံးလို ကွေးကောက်နေပြီး ကျန်တစ်ကောင်မှာ ပြန့်ကျဲနေသည်။ သံချပ်ကာသားရဲ က သူ့လက်ဖဝါးကို ပွတ်သပ်ပြီး နူးညံ့ညင်သာတဲ့အသံနဲ့
{"တောင်းပန်ပါတယ်၊ ငါ ထိန်းချုပ်လို့ မရဘူး"}
ရှဲ့စန်း က {"အဆင်ပြေပါတယ်"} သားရဲက ခေါင်းငုံ့ကာ ရှက်သွားပြန်သည်။
သူ ဧရာမ သံချပ်ကာသားရဲကို ကြည့်ကာ ပြုံးမပြနိုင်ဘဲ ဖြစ်နေသည်။ ဧရာမ သံချပ်ကာသားရဲ က ရုပ်ပိုင်းဆိုင်ရာ အလုပ်များစွာကို လုပ်ဆောင်ခဲ့သော်လည်း သူ့က ထူးထူးခြားခြား စိတ်ထား ပျော့ပျောင်းပြီး အလွန် ရှက်တတ်သည်။ ဒိုင်နိုဆော အသွင်အပြင်နှင့် ဆင်တူမှု က မလိုက်ဖက်ဘဲ ခြားနားနေကာ ချစ်စရာကောင်းနေသည်။
ရှဲ့စန်း အခြေအနေ အတွက် စိုးရိမ်နေသေးသည်။ ထို့ကြောင့် သူတို့နှစ်ကောင်ရဲ့ စိတ်ခံစားမှုများ ခဏ တည်ငြိမ်သွားသော်လည်း ရှေ့တွင် ဖြစ်နေတဲ့ အဖြစ်အပျက်များကို အာရုံစူးစိုက်ထားရင်း သူတို့အပေါ်တွင် သူ့လက်ကို တင်ထားလိုက်သည်။
လောင်ထန်း နှင့် နဂါးပျံသားရဲတို့ က အရှုံးမပေးဘဲ လူတစ်ယောက်နှင့် သားရဲတစ်ကောင် က မျက်နှာခြင်း ဆိုင်ထားဆဲဖြစ်သည်။
ရှဲ့စန်း သားရဲသခင်များစွာရဲ့ သားရဲကို ရင်ဆိုင်ရန်ကြိုးစားသည် ကို တွေ့မြင်ခဲ့ရသော်လည်း နှစ်ဖက်စလုံးမှ ထွက်ရှိလာသည့် အငွေ့အသက် က ဒီလောက် ပြင်းထန်ခြင်း မရှိသလို လောင်ထန်းလောက် ဘယ်သူမျှ ကြာကြာမခံခဲ့ပေ။
နာရီဝက် ကျော်ကြာတဲ့ အခါ လောင်ထန်းရဲ့ မျက်နှာ က ဖြူစ ပြုလာပြီး နဖူးပေါ်မှ ချွေးများ ဆက်တိုက် ကျဆင်းနေသော်လည်း သူ မတ်တပ် ရပ်နေဆဲ ဖြစ်သည်။ သူ့ခန္ဓာကိုယ်က လှုပ်ရှားမှု မရှိပေ။
နောက်ထပ် ဆယ်မိနစ်လောက် ကြာတော့ လောင်ထန်း က သူ့ကိုယ်သူ မထိန်းနိုင်တော့ဘဲ သူ့ခန္ဓာကိုယ်က လှုပ်ခါသွားသည်။
ရုတ်တရက် လှုပ်လိုက်တော့ သူ့ကိုယ်ရှိ လက်ဝတ် ရတနာများ လင်းလက်သွားသည်။ တောက်ပြောင်ပြီး ရောင်စုံ တောက်ပမှု က လူတွေကို အံ့သြသွားစေသည်။ ရှဲ့စန်း မျက်လုံးမှိတ်လိုက်သည်။
တစ်ချိန်တည်းမှာပဲ နဂါးပျံ သားရဲရဲ့ အော်ရာ က ရုတ်တရက် ပျောက်ကွယ်သွားသည်။ လောင်ထန်းအပေါ် သက်ရောက်သွားသည်။ လမ်းတစ်ဝက် ရောက်မှ ချက်ချင်းဆိုသလို သူ ဘာတွေလုပ်ခဲ့လဲ ဆိုတာ သိလိုက်ရပြီး လှုပ်ရှားမှု က အနည်းငယ် တောင့်တင်းလာသည်။
လောင်ထန်းရဲ့ မျက်လုံးများ တောက်ပလာပြီး သူနဲ့ နီးကပ်အောင် ခြေတစ်လှမ်း တိုးလိုက်သည်။
"ငါ လုပ်နိုင်သွားပြီ!!"
ရှဲ့စန်း မျက်လုံး ဖွင့်လိုက်တဲ့ အချိန် နဂါးပျံ သားရဲရဲ့ ခေါင်းကို ဆုပ်ကိုင်ထားတာ တွေ့လိုက်ရသည်၊ ထို့နောက် နဂါးပျံ က သူ့ခေါင်းကို ဖြည်းညှင်းစွာ နှိမ့်ချကာ လောင်ထန်းအား မျက်လုံးကြီးတွေဖြင့် ကြည့်နေသည်။
လောင်ထန်း က ခပ်ကြီးကြီး ပြုံးပြပြီး သူ့အင်္ကျီကို ချွတ်လိုက်သည်။ သူရဲ့ ရင်ဘတ်ပေါ်တွင် အံ့သြဖွယ်ကောင်းသော နဂါးပျံသားရဲ အမှတ်အသား က အတားအဆီးမရှိ ပေါ်လာသည်။ မတွန့်ဆုတ်ဘဲ ဆက်နွယ်ခြင်း အခမ်းအနားကို စတင်ခဲ့သည်။
လောင်ထန်းရဲ့ ကျမ်းသစ္စာ ကျိန်ဆိုသည်နှင့် ဆက်နွယ်ခြင်း အခမ်းအနား ပြီးဆုံးခဲ့သည်။
"အားးးးးးး၊ အရမ်း ကောင်းတာပဲ!"
လောင်ထန်း က ညွတ်လိုက်တဲ့ နဂါးကြီးရဲ့ ခေါင်းကို ပွေ့ဖက်ကာ သူ့လက်တွင် ရစ်ပတ်ထားသော စိန်လက်ကောက်ကို စေ့စေ့ကြည့်နေလိုက်သည်။
ရှဲ့စန်း က မရယ်ဘဲ မနေနိုင်ပေ။ လောင်ထန်း အတွက် ဒီဝတ်စုံက အရမ်း အသုံးဝင်ခဲ့တယ်။ လောင်ထန်း ကျရှုံးလိမ့်မယ် လို့ သူ ထင်ခဲ့ပေမဲ့ ရတနာတွေရဲ့ အလင်းယိုင်မှုကြောင့် နဂါးပျံ သားရဲတစ်ကောင် က အာရုံပြောင်းသွားမယ်ဆိုတာ ဘယ်သူသိမှာလဲ?
သူ စပါးအုံးနှင့် သံချပ်ကာ အကြီးစား သားရဲကို ထိပြီးနောက် လောင်ထန်း ဆီသို့ လျှောက်သွားသည်။
"ဂုဏ်ယူပါတယ်"
လောင်ထန်း က ပိုတောက်ပစွာ ပြုံးလိုက်သည်။
"ကျေးဇူးပဲ စန်း"
နဂါးပျံ သားရဲ က ရှဲ့စန်းကို သူ့ရဲ့ အမြှီးဖြင့် ပုတ်လိုက်သည်။
{"သူက တကယ်ကို သန်မာတယ်"}
ရှဲ့စန်း ပြုံးလိုက်သည်။ {"အင်း၊ မင်း အခု ဘယ်လိုနေလဲ"} လို့ မေးလိုက်သည်။
နဂါးပျံသားရဲ က {"အများကြီး ပိုတည်ငြိမ်လာတယ်။ ပြန်ကောင်းလာဖို့ အချိန် နည်းနည်း ကြာလိမ့်မယ်၊ ဒါပေမယ့် ငါ့သားရဲသခင်နဲ့ ဆိုရင်တော့ ပြဿနာရှိမှာမဟုတ်ဘူး"}
"ဟင်..."
လောင်ထန်း က နဂါးပျံသားရဲရဲ့ ဘေးတွင် ရှိနေခဲ့ပြီး နဂါးပျံသားရဲရဲ့ စကားပြောသံ ကို ကြားလိုက်ရသည်။ သူ တအံ့တသြ မျက်တောင်ခတ်လိုက်သည်။
"သူ ပြောတဲ့ စကားတွေကို ငါ နားလည်နေတယ်!"
ရှဲ့စန်း "အင်း၊ အပြင် လူတွေကို မပြောပြတာ အကောင်းဆုံးပဲ၊ မဟုတ်ရင် တစ်ယောက်ယောက် က နဂါးပျံသားရဲအကြောင်း တခြား အတွေးတွေ ရှိနေမှာ မလွဲမသွေပဲ"
လောင်ထန်း ခေါင်းညိတ်လိုက်သည်။
"အပြင် လူတွေကို ငါ မပြောပါဘူး"
သူ နဂါးပျံ သားရဲရဲ့ အကြေးခွံကို ပွတ်လိုက်သည်။
"ငါတို့ ဆက်သွယ်လို့ ရပြီ... ဟုတ်ပြီ မင်းကို နာမည် အရင် ပေးရဦးမယ်။ အိုး... ရှောင်ဟေး က ဘယ်လိုလဲ"
နဂါးနက် က သူ့ကို သူ့ခေါင်းနဲ့ တိုက်လိုက်သည်။
{"အဲဒါ ဆိုးရွားလွန်းတယ်။ လွှမ်းမိုးချုပ်ကိုင်နိုင်စွမ်း လုံးဝ မရှိဘူး"}
(T/N: ကလေး ပုစိလေး ၂ယောက် စကားပြောနေသလိုပဲ🤣🤣🤣)
လောင်ထန်း က နောက်သို့ ခြေတစ်လှမ်း ဆုတ်လိုက်ပြီး သူ့နဂို အနေအထားသို့ ချက်ချင်း ပြန်သွားကာ လက်နှင့် ထိလိုက်သည်။
{"ဘယ်လို အခေါ်ခံချင်လိုလဲ?"}
နဂါးပျံသားရဲ က မျက်တောင်ခတ်လိုက်ပြီး {"... တာ့ဟေး"} ဟု အသံတစ်ဝက် ထွက်လာသည်။
{"ကောင်းပြီ!"} လောင်ထန်း က ဖြေသည်။
{"မင်း က အရမ်း ကြီးတယ်၊ မင်းကို တာ့ဟေး လို့ ခေါ်ရမယ်။ ဟားဟား! မင်းက အရမ်း ဉာဏ်ကောင်းတာပဲ"}
ရှဲ့စန်းရဲ့ နဖူးတွင် အနက်ရောင်လိုင်းများ ပေါ်လာသည်။
"ဒီနာမည်ကို ပေးမှာ သေချာလား?"
လောင်ထန်း နှင့် နဂါးပျံသားရဲ က တစ်ပြိုင်တည်း ခေါင်းညိတ်ပြတာကြောင့် မကျေမနပ်ပြုံးပြီး သူ့ဆန္ဒနဲ့ ဆန့်ကျင်ကာ ဂုဏ်ပြုစကား ပြောလိုက်သည်။
"နာမည်ကောင်းပဲ"
ရှဲ့စန်းနှင့် မိုင်နဲ တို့သည် မြေအောက်ခန်းမှ ထွက်လာပြီး ညစာစားကာ အိပ်ခန်းသို့ ပြန်သွားခဲ့သည်။
တစ်ဖက်တွင် ဆိုတိုကို က စစ်ကြောရေး အခန်းတွင် ထိုင်နေရသည်။ သူ အဲဒီမှာ နာရီပေါင်းများစွာ ထိုင်နေခဲ့ရပြီး ပင်ပန်းနေပုံ ရသည်။
သူ့ဘေးမှာ ထိုင်နေတဲ့ စစ်ကြောရေးမှူး က
"ကျန်တဲ့ ရွှေသတ္တုရိုင်းတွေကို ဘယ်မှာ ဝှက်ထားတာလဲ" လို့ ထပ်မေးသည်။
ဆိုတိုကို ရူးချင်သွားသည်။ လက်နှစ်ဘက်ဖြင့် စားပွဲပေါ်ရိုက်ကာ
"ငါပြောပြီးပြီ၊ ဘယ်သတ္တုရိုင်းကိုမှ ငါ မဝှက်ထားဘူး" ဟု အားလျော့ကာ ပြောလိုက်သည်။
"ဒါဆို သတ္တုရိုင်းတွေ ဝှက်ထားတဲ့ နေရာကို မင်း ဘာလို့ သွားတာလဲ?"
ဆိုတိုကို၊ "ငါ...ငါ လျှောက်လည်နေတာ"
"ကျေးဇူးပြုပြီး ငါ့မေးခွန်းကို လေးလေးနက်နက် ဖြေပေးပါ။ သတ္တုရိုင်းတွေ ဝှက်ထားတဲ့ နေရာမှာ မင်း ကြုံသလို ပေါ်လာတာ က တိုက်ဆိုင်မှု ဆိုတာ ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ"
ဆိုကိုတို က "မင်းအရင်က စုံစမ်းခဲ့သလိုပဲ ငါ့မှာ သတ္တုရိုင်းတွေ ခိုးယူဖို့ အရည်အချင်းမရှိဘူး၊ ငါ ရောက်ကတည်းက သတ္တုတွင်း ဧရိယာကနေ မထွက်ခဲ့ဘူး"
"မင်းရဲ့ နေရာလွတ် အိတ် ကို ငါတို့ မရှာရသေးတော့ မင်းမှာ အဲလို အရည်အချင်းရှိတယ်၊ အဲဒါကြောင့် မင်းမှာ မရှိဘူးလို့ လုံးလုံး ထုတ်မပြနိုင်ဘူး။ သံသယတွေ ရှင်းဖို့ မင်းရဲ့ နေရာလွတ်အိတ်ကို လွှင့်ပစ်လိုက်တာ ဖြစ်နိုင်တယ်။ အဲဒီနေရာတွေမှာ တောင်တွေရှိတယ်၊ အဲဒါကို ရှာတွေ့ပြီး သက်သေအဖြစ် ပြန်ယူလာဖို့ ခက်တယ်"
စစ်ဆေးမေးမြန်းသူ က ခေတ္တ ရပ်လိုက်ပြီး "အဲဒါအပြင်၊ မင်းက ပြီးပြည့်စုံတဲ့ အလီဘိုင် ကို မပေးနိုင်ဘူး။ ပျံသန်းတဲ့ယာဥ်ကို လူသိရှင် ကြားမခေါ်ခဲ့တဲ့ အတွက်ကြောင့် သီးသန့် ယာဥ်ကို မသုံးခဲ့ဘူးလို့ မဆိုလိုနိုင်ဘူး"
ဆိုတိုကို အရမ်း နောင်တရသွားသည်။ သူ Aဂြိုလ်ကို ရောက်ပြီးနောက် အလွန် စိတ်ဓာတ်ကျနေသည်။ဒီနေရာတွင် သတ္တုတွင်း တစ်ခုတည်းသာ ရှိပြီး အပန်းဖြေစရာ လုပ်ငန်းများ မရှိတဲ့ ဘရန့်ဂြိုလ်ရဲ့ အစွန်အဖျားဆုံး ခရိုင်ထက်ပင် နောက်ကျကျန်ခဲ့သည်။
သူ ရောက်လာပြီးနောက် မိုင်းတွင်း လုပ်သားအချို့ရဲ့ အသေးအမွှား ကိစ္စများကြောင့် စိတ် အနှောင့်အယှက်ဖြစ်ပြီး စိတ်မရှည်တော့ဘဲ အခန်းထဲတွင် အမြဲလိုလို တစ်ယောက်တည်းနေခဲ့ရကာ၊ လုပ်ငန်းကို ဝန်ထမ်းတွေကသာ အမြဲလိုလို ကိုင်တွယ်နေရသည်။ ထို့ကြောင့် အရင် စုံစမ်းစစ်ဆေးမှု က တစ်လခွဲနီးပါး ကြာမြင့်ခဲ့ပြီး သူ က သတ္တုရိုင်းများကို ဝှက်ထားရန် အချိန်များစွာရှိကြောင်း တွေ့ရှိရသည်။
ဆိုတိုကို မျက်နှာကို ပွတ်လိုက်သည်။
"ဒါက မင်းရဲ့ ခန့်မှန်းချက်ပဲလေ။ သတ္တုရိုင်းတွေကို ဖွက်မထားဘူး၊ အဲဒီလိုတောင် မတွေးခဲ့မိဘူး။ ဒီသတ္တုရိုင်းတွေ ကို ငါ မုန်းတယ်၊ အဲဒါတွေကို ငါ ဘာလို့ ဝှက်ထားရမှာလဲ?"
"လူတိုင်းက သူတို့ရဲ့ တန်ဖိုးကို သိတယ်။ မင်းက သံသယကင်းစင်တယ် လို့ ပြောတဲ့အခါမှာ မင်းက မယုံချင်စရာ အကောင်းဆုံးဘဲ... ဒီနေ့ သတ္တုရိုင်းရဲ့ နေရာကို ပြောင်းဖို့ ခိုးပြီး သွားခဲ့တာလား?"
"မဟုတ်ဘူး" ဆိုတိုကို အသက် ပြင်းပြင်း ရှူလိုက်သည်။ "အဲဒီမှာ သတ္တုရိုင်းတွေ ရှိမှန်း မသိခဲ့ဘူး!"
"ဒါဆို မင်း အဲဒီကို ဘာလို့သွားတာလဲ?"
ဆိုတိုကို အံကြိတ်ကာ ရုန်းကန်နေပုံရသည်။ သူ မိုင်နဲ ကို မြင်ပြီးနောက် လှည့်၍ ချက်ချင်း ထွက်သွားခဲ့တာ ကို နောင်တရမိသည်။ မတော်တဆ နှုတ်ဆက်ဖြစ်ရင်တောင်၊ မိုင်နဲ ရှိနေတယ်လို့ ဖြေနိုင်ပြီး အချင်းချင်း မတွေ့တာကြာနေပြီ မလို့ မိုင်နဲ ကို ရည်ရွယ်ပြီး လိုက်ရှာခဲ့တာ လို့ ဖြေလို့ရသေးသည်။
ဒါပေမယ့် သူက ခေါင်းလှည့်ပြီး ထွက်သွားမိသည်။ အခု အဲဒီလို ပြောရင် အတုအယောင် ဖြစ်သွားလိမ့်မယ်။
အခု သူ အကျပ်ရိုက်ခံနေရသည်။ မိုင်နဲကို ဖြေရှင်းဖို့ သူ့ရဲ့ ရည်ရွယ်ချက် အစစ်အမှန်ကို ပြောပြလိုက်ရင် သူ အဲဒီမှာ ရှိနေရတဲ့ အကြောင်းရင်း ကို ရှင်းပြနိုင်သည်။ သို့သော် သူ့ရဲ့ ဂုဏ်သိက္ခာကို ထိခိုက်နိုင်သည်။ နောက်ဆုံး၊ အခြားတစ်ဖက် က အခုမှ အရွယ်ရောက်ပြီးရုံသာ ရှိသေးတဲ့ ကျောင်းသားတစ်ဦး ဖြစ်ပြီး ဘွဲ့တောင် မရသေးပေ။
ဒါပေမယ့် အဲဒီလို မဟုတ်ရင်၊ သူ ဘာကြောင့် မိုင်းတွင်းမှာ ရှိနေရတယ် ဆိုတာ ရှင်းပြဖို့ တခြား ယုံကြည်နိုင်စရာ အကြောင်းပြချက် မရှိချေ။
သူ့လက်ကို လက်သီး ဆုပ်ထားလိုက်ပြီး သူ့မျက်လုံးများတွင် အမုန်းတရားများ ပေါ်လာသည်။ မိုင်နဲ လုပ်ခဲ့တာ ဖြစ်ကြောင်း သူ ခံစားမိသည်။ မဟုတ်ရင် အဲဒီ သတ္တုရိုင်းကို ဘယ်လို ဝှက်ထားနိုင်မှာလဲ။ ဒါပေမယ့် သူ နားမလည်နိုင်ခဲ့ချေ။ မိုင်နဲ သည် Aဂြိုလ်ကို ရောက်တာ တစ်ရက်ပဲ ရှိသေးပြီး ဒီလို အစီအစဉ်တွေ ပြုလုပ်ရန် အချိန်မရှိခဲ့ပေ။
'Aဂြိုလ် မှာ မိုင်နဲရဲ့ လူတွေရှိနေတာလား?'
ဆိုတိုကိုရဲ့ အမူအရာ ပြောင်းသွားသည်။ နောက်ဆုံးတွင် သူ ရွေးချယ်စရာနှစ်ခုကို ချိန်ဆပြီး ရှက်ရွံ့တဲ့ အမူအရာဖြင့်
"တောင်းပန်ပါတယ်။ အဲဒါကို ဖုံးကွယ်ထားဖို့ မရည်ရွယ်ပါဘူး၊ ဒါပေမယ့် ငါ့ခရီးစဉ်ရဲ့ ရည်ရွယ်ချက် က ရှင်းပြဖို့ နည်းနည်းခက်တယ်"
"အစ်ကို့ဆီ က ဖုန်းရတဲ့ အချိန် စစ်ကြောရေး ခန်းက ထွက်လာခဲ့တယ်။ မိုင်နဲ က သူ့သား ဂျူလော့စ်ကို သတ်ခဲ့တယ် လို့ ငါ့ကို ပြောခဲ့တယ်။ ဘုရားသခင် သိတယ်၊ ငါ့မှာ ဒီတူလေး တစ်ယောက်ပဲ ရှိတာ။ ငါ အရမ်း မုန်းတီးနေချိန် Aဂြိုလ်မှာ မိုင်နဲ ရောက်နေပြီလို့ ကြားလိုက်ရတော့ သူ့တည်နေရာ ကို ချက်ချင်း ရှာဖို့ ကိုယ်ပိုင်ယာဉ်နဲ့ သွားရှာခဲ့တယ်။ ဂျူလော့စ် အတွက် လက်စားချေဖို့ သူ့ကို သတ်ပစ်ချင်ခဲ့တယ်။ နဂါးပျံသားရဲနဲ့ အတူရှိနေမယ် လို့ မမျှော်လင့်ခဲ့ဘူး။ နဂါးပျံ သားရဲကို မြင်တဲ့အခါ ငါ မတတ်နိုင်မှန်း သိလိုက်ရတယ်လေ။ အဲဒါနဲ့ အသိတရား ဝင်လာတယ်။ မိုင်နဲ က ဒီကို ရောက်နိုင်မှတော့ သူ့ကို သံသယ ဝင်စရာ မရှိဘူး။ ငါ့အစ်ကိုက သူ့ကို မှားပြီး အပြစ်တင်နေတာ ဖြစ်ရမယ်''
သူက ခါးသီးစွာ ရယ်မောရင်း "ငါက စိတ်အားထက်သန်စွာ လှုပ်ရှားမိတာပဲ။ မိုင်နဲ က ရွှေသတ္တုရိုင်းတွင်းမှာ ရှိနေမှန်း မသိဘူး.."
စစ်ဆေးမေးမြန်းသူ က စစ်တမ်းကောက်ယူပြီး "မင်း ပြောခဲ့တာတွေ က မှန်လား ဆိုတာ ငါတို့ စုံစမ်း စစ်ဆေးသွားမှာပါ။ လောလောဆယ် စစ်ဆေးမေးမြန်းဖို့ အတွက် ဆက်နေပေးဖို့ လိုပါတယ်"
ဆိုကိုတို က "ငါ မင်းနဲ့ ပူးပေါင်းပါ့မယ်"
စစ်ဆေးမေးမြန်းသူ ထွက်သွားတော့ ခေါင်းငုံ့ကာ မျက်နှာ မှာ အလွန် ကြည့်ရဆိုးလာသည်။ တကယ်လို့ ဗိုလ်ချုပ်ကြီး ကော့စ် သာ စကား နည်းနည်း ပြောပေးခဲ့ရင် ဒီလိုမျိုး စစ်ဆေး မေးမြန်းခံရမှာ မဟုတ်ပေ။ သူက ပြီးပြည့်စုံတဲ့ ရုပ်ပုံတစ်ပုံ ဖန်တီးရန် အမြဲ သန္နိဋ္ဌာန်ချထားခဲ့ပြီး အခုတော့ သူရဲ့ ပုံရိပ် က ပျက်စီးသွားခဲ့ပြီဖြစ်သည်။
သူ့ရဲ့ ကိုယ်ပိုင် ခံစားချက်ကြောင့် ပုဂ္ဂလိက နိုင်ငံသားတစ်ဦးကို သတ်ပစ်ချင်နေတဲ့ ဗိုလ်မှူးတစ်ယောက်။ အဲဒီ စကား ထွက်လာတဲ့ အချိန် သူ အပြစ်တင်ခံရမည်ကို မဆိုင်းမတွ သိလိုက်သည်။ ပျက်စီးဆုံးရှုံးမှုကို လျှော့ချရန် တစ်ခုတည်းသော နည်းလမ်းမှာ အများသူငှာ ထင်မြင်ယူဆချက် ကို ထိန်းချုပ်ဖို့ နည်းလမ်းရှာရန်ဖြစ်ပြီး ဇာတ်လမ်း ထွက်လာသည်နှင့် တူဖြစ်သူအတွက် ချစ်ခြင်းမေတ္တာနှင့် ဂရုစိုက်မှုတို့ဖြင့် အာရုံပြောင်းရန် ဆုံးဖြတ်ခဲ့သည်။
မည်သို့ပင် ဆိုစေကာမူ အစိုးရကို ထိခိုက်နစ်နာစေမည့် ပုဂ္ဂလိကသတ္တုများ ပိုင်ဆိုင်ကြောင်း ပြစ်ဒဏ်ချမှတ်ခြင်းရဲ့ အကျိုးဆက်များထက် များစွာ သာလွန်ကောင်းမွန်သည့် ရလဒ် ဖြစ်လိမ့်မည်။ မိုင်နဲ ကို ထိခိုက်စေရန် သူ လုပ်ဆောင်ခဲ့ခြင်း မရှိပေ။
ရှဲ့စန်း ရေချိုးပြီး ကုတင်ပေါ်ထိုင်ကာ liveသို့ ဝင်ရောက်ခဲ့သည်။ သားရဲတွေ က ပတ်ပတ်လည်တွင် ပြန့်ကျဲနေပြီး တစ်ခုခု အကြောင်း ပြောနေပုံရသည်။ ရေပန်းစားမှုကို ကြည့်လိုက်တော့ သန်း၅၀ နီးပါးရှိခဲ့သည်။
[မင်းတို့ သတင်းတွေ့လား။ တင်ဆက်သူ က Aဂြိုလ်ကို သွားပြီး နဂါးပျံသားရဲ၊ စပါးအုံးမြွေနဲ့ သံချပ်ကာ အကြီးစား သားရဲတွေ တွေ့ခဲ့တယ်။ live roomမှာ အဖွဲ့ဝင်အသစ်တွေ တိုးလာမလား။ အရမ်း စိတ်လှုပ်ရှားနေတယ်]
[တွေ့တယ်။ အဲဒီပုံက တကယ်မိုက်တယ်။ နဂါးပျံသားရဲက ငါ့ကိုလည်း စီးခွင့်ပေးစေချင်တယ်]
[အားးးး! တင်ဆက်သူ က ဘယ်တော့ မဲနှိုက်မှာလဲ။သားရဲတွေနဲ့ ကစားချင်ပါတယ်။ ပြီးခဲ့တဲ့ အကြိမ်က ကံကောင်းတဲ့ ကြည့်ရှုသူတွေ ကို အရမ်း မနာလိုဖြစ်တယ်]
[အတူတူပဲ၊ မနာလိုဘူး!]
[တင်ဆက်သူ က ဘရန့်ဂြိုလ်မှာ မရှိဘူး၊ အဲဒါကြောင့် သူရဲ့ liveကို အဝေးကနေ ထိန်းချုပ်ထားတာလား။ ဒါမှမဟုတ် သားရဲတွေ ကိုယ်တိုင် ဖွင့်ခဲ့တာလား]
[လွန်ခဲ့တဲ့ နှစ်ရက်က လေ့လာတွေ့ရှိချက်အရ ဆိုရင် ဖွင့်တဲ့သူ က ဧရာမ ကျားသစ်နက်ကြီး ဖြစ်လိန့်မယ်။ liveလွှင့်တဲ့ အချိန်တိုင်း၊ သူက နံရံမှာ ရှိနေတာ။ liveကို မပိတ်ခင် သူက နံရံဆီ သွားပြီး ဟိန်းဟောက်ပြလိမ့်မယ်။ liveကို အဖွင့်၊အပိတ် လုပ်နေတယ် ဆိုပြီး လက္ခဏာအားလုံး က ညွှန်ပြနေတယ်]
[အပေါ် က တစ်ယောက် ပြောတာ အမှန်တရား လို့ ငါ ထင်တယ်]
[ဒီနေ့လည်း သံပုရာသီး ဖြစ်ပြန်ပြီ။ ဒီလို စမတ်ကျတဲ့ ဆက်နွယ်သားရဲ တစ်ကောင်လောက် လိုချင်ပါတယ် အားးး!]
ရှဲ့စန်း စာတွေကို ကြည့်ကာ သက်ပြင်းသာ ချနိုင်တော့သည်။ ပရိသတ်တွေက စုံထောက်တွေလိုပဲ။ သူတို့ရဲ့ မျက်လုံးထဲကနေ ဘယ်အရာကမှ လွတ်ကင်းနိုင်မှာ မဟုတ်ဘူး။
မိုင်နဲ က သူ့ဘေးမှာ ဝင်ထိုင်လိုက်သည်။ သူက ခေါင်းကို လှည့်ကာ မိုင်နဲ ကို ဖက်လိုက်ပြီး သူနဲ့အတူ liveကို ကြည့်လိုက်သည်။ ဧရာမ ကျားသစ်နက်သားရဲ က liveကို ပိတ်ရန် အချိန်အကြာကြီး မစောင့်လိုက်ရပေ။ ရှဲ့စန်း က သတင်း ကို ပိတ်လိုက်သည်။
"Starnet မှာ နဂါးပျံ သားရဲအကြောင်း သတင်းတွေ ထွက်နေပုံ ရတယ်"
မိုင်နဲ က မအံ့သြပေ။ "အဆင့်မြင့် ဆက်နွယ်သားရဲတွေ က အမြဲတမ်း စောင့်ကြည့်ခံရတယ်လေ။ Aဂြိုလ် က လူတွေ က အဲဒါကို မြင်တော့ ဓာတ်ပုံရိုက်ပြီး အွန်လိုင်းပေါ် တင်ခဲ့ကြတယ်။ မကြာခင် ခေါင်းစဉ်မှာ ပွထလာလိမ့်မယ်"
ရှဲ့စန်း နဂါးပျံ သားရဲအကြောင်း ထိပ်ဆုံး သတင်းကို နှိပ်လိုက်သည်။ သူ ဝင်လိုက်သည်နှင့် နဂါးနက်ရဲ့ ကျောပေါ်တွင် ထိုင်နေသည့် မိုင်နဲ နှင့် သူ့ရဲ့ ပုံကို မြင်လိုက်ရသည်။
[ဘယ်လောက် မိုက်လိုက်သလဲ! နဂါးပျံသားရဲ ဆိုတာ မယုံနိုင်စရာပဲ]
[အဲဒီ လူနှစ်ယောက်ကို ငါ သိတယ်။ ရှဲ့စန်း နဲ့ မိုင်နဲ ပဲ!]
[ရှဲ့စန်း က 'ဆက်နွယ်သားရဲများ' ရဲ့ တင်ဆက်သူ မဟုတ်ဘူးလား။ အခု ငါ စဉ်းစားကြည့်တော့ မကြာသေးခင်က ပေါ်လာတဲ့ အဆင့်မြင့် ဆက်နွယ်သားရဲတွေ အကုန်လုံး နီးပါးက သူနဲ့ သက်ဆိုင်နေတယ်။ ဆက်နွယ်သားရဲတွေ ကို ရှာတွေ့နိုင်တဲ့ သူ့ရဲ့စွမ်းရည် က ပြင်းထန်လွန်းတယ် မဟုတ်ဘူးလား]
[အဆင့်မြင့် ဆက်နွယ်သားရဲတွေ အားလုံးက သူ့ရှေ့မှာ သိမ်မွေ့နေတာ မဟုတ်ဘူးလား။ သာမာန် လူတွေဆို၊ နဂါးပျံသားရဲနဲ့ တွေ့ရင်တောင်၊ ဘယ်သူက သူ့ကျောပေါ်ထိုင်နိုင်မှာလဲ]
[ အပင် သားရဲသခင် က အစွမ်း ထက်လွန်းတယ်!]
[ငါ သိချင်တာက နဂါးပျံ သားရဲနဲ့ ဆက်နွယ်တာ အောင်မြင်သွားတဲ့ လူ! အဲဒါ ဘယ်သူ ဖြစ်မလဲ? ]
[တွေးနေစရာ မလိုဘူး၊ လောင်ထန်း ဆိုတာ သေချာတယ်။ သူနဲ့ ရှဲ့စန်း က သူငယ်ချင်းတွေ ဖြစ်ပြီး ယုံကြည် စိတ်ချရတဲ့ အချက်အလက်တွေ အရ လောင်ထန်း က Aဂြိုလ် ကို အမြန် ပြေးသွားပြီတဲ့]
[အဲဒါက မမှန်လောက်ပါဘူး။ နဂါးပျံသားရဲ က သန်မာတယ်။ လောင်ထန်း က အရွယ်မရောက်သေးတဲ့ ပုံပဲ၊ သူ ဆက်နွယ်တာ မအောင်မြင်လောက်ဘူး]
[သူက ငယ်ရွယ်ပေမယ့် တက္ကသိုလ်ဌာနမှာတော့ ကျော်ကြားတဲ့ 'တိုက်ခိုက်ရေး နတ်ဆိုး' တစ်ယောက်လေ။ သူ က တိုက်ပွဲ တိုက်ရတာကို အရမ်း ဝါသနာပါတယ်၊ တက္ကသိုလ်မှာ တိုက်ပွဲတွေ အများကြီး တိုက်ထားခဲ့ပြီး ရှုံးနိမ့်တာ မရှိသေးဘူး]
[ရန်ဖြစ်နေစရာ မလိုပါဘူး။ ဆက်နွယ်တာ အောင်မြင်သွားရင် အငယ်ဆုံး Sအဆင့် သားရဲသခင် ဆိုတာ ပြောင်းသွားမှာ ဖြစ်ပြီး သေချာပေါက် ခေါင်းကြီးပိုင်း သတင်း ဖြစ်လာလိမ့်မယ်]
ရှဲ့စန်း က ပြုံးလိုက်သည်။ တကယ်လည်း ပြောင်းတော့မယ်။ လောင်ထန်းရဲ့ မွေးနေ့ က ဇွန်လ ၁ ရက်နေ့ ဖြစ်တာ ကို ရှင်းရှင်းလင်းလင်း မှတ်မိနေသည်။ လောင်ထန်းရဲ့ ကာရိုက်တာနဲ့ လိုက်လျော ညီထွေဖြစ်ဖို့အတွက် စာရေးသူ က လောင်ထန်းကို ကလေးများနေ့မှာ မွေးဖို့ တမင် စီစဉ်ထားခဲ့သည်။ အခု မေလထဲမှာ ဆိုတော့ လောင်ထန်း က အသက် ၁၈နှစ် မပြည့်သေးပေ။
သတင်းကို ကြည့်ပြီးနောက် ရှဲ့စန်းနှင့် မိုင်နဲ တို့က အနီးကပ် လေ့ကျင့်ခန်းများ ပြုလုပ်ခဲ့ကာ ဗိုက်ပြည့်ပြီး အိပ်ရာဝင်ခဲ့ကြသည်။
နောက်တစ်နေ့ မနက်တွင် ရှဲ့စန်း နှင့် မိုင်နဲတို့ က မနက်စာ စားရန် အောက်ထပ်သို့ ဆင်းလာပြီး ထမင်းစားနေသော ဟောင်ဖန်း ကို နှုတ်ဆက်လိုက်သည်။ အပြင်မှ လောင်ထန်းရဲ့ ကျယ်လောင်စွာ ရယ်မောသံကို ကြားရပြီး သူနှင့်အတူ ရယ်မောလိုက်သည်။
စားပြီးနောက် ရှဲ့စန်း တံခါးဝသို့ လျှောက်သွားတော့ တံခါးအပေါ်တွင် ပျံနေတဲ့ နဂါးသားရဲနှင့် နောက်ကျောတွင် ထိုင်နေသည့် လောင်ထန်း ကို တွေ့လိုက်ရသည်။
တံခါး တစ်ဝိုက်တွင် ရပ်နေသူ များစွာရှိ အားလုံးက အံ့သြတကြီးဖြစ်ကာ မော့ကြည့်နေကြသည်။
ဟောင်ဖန်း က "အငယ်ဆုံး Sအဆင့် သားရဲသခင်။ အခုခေတ် လူငယ်တွေက ပိုပိုပြီး အားကောင်းလာတယ်"
ရှဲ့စန်း ရယ်လိုက်သည်။ "မစ္စတာ ဟောင် ၊ မင်းလည်း ငယ်ပါသေးတယ်"
ဟောင်ဖန်း ပြုံးလိုက်သည်။
"မင်းတို့ ဘယ်တော့ ထွက်သွားဖို့ စီစဉ်ထားလဲ?"
ရှဲ့စန်း က ခဏလောက် စဉ်းစားလိုက်တယ်။
"နေ့လည်စာ စားပြီးရင်ပေါ့၊ အနားယူလို့ ရအောင် ဘရန့်ဂြိုလ်ကို အချိန်မှီ ပြန်သင့်တယ်။ ခဏနေရင် တောင်ပေါ်ကို သွားပြီး အပင်တွေ ခူးချင်တယ်"
ဟောင်ဖန်း က "အပင်တွေလား?"
ရှဲ့စန်း က ခေါင်းညိတ်လိုက်သည်။
"ကျွန်တော့်မှာ ဆေးကျောင်းသား တစ်ယောက်ဖြစ်ပြီး ဆေးဖက်ဝင် အပင်တွေ စိုက်ပျိုးရတာကို နှစ်သက်တဲ့ သူငယ်ချင်း တစ်ယောက်လည်း ရှိသေးတယ်၊ စားလို့ ရနိုင်လောက်တဲ့ အပင်တွေကို တွေ့ရင် သုတေသနပြုဖို့နဲ့ စိုက်ပျိုးဖို့ အပင်ရှာဖွေရေး ဌာနကို ပြန်သယ်သွားချင်တယ်"
ဟောင်ဖန်း က "စားလို့ကောင်းတဲ့ အပင်တစ်ပင် ရှိရင် ရှာတွေ့ပြီးသား ဖြစ်မှာပေါ့"
ရှဲ့စန်း က ပြုံးပြီး ဘာမှပြန်မပြောပေ။ အများအားဖြင့် စားသုံးနိုင်တဲ့ အပင်များတွေ က ပတ်ဝန်းကျင်ကို ထိခိုက်ပြီး မကြီးထွားပေမယ့် မြေကြီးစွမ်းအင် သက်ရောက်မှုကြောင့် စားသုံးနိုင်တဲ့ အပင်တွေရဲ့ အစေ့တွေ ကျန်ရှိနေသရွေ့ သူတို့ က အပင်ပေါက်နိုင်ပြီး ကြီးထွားဖို့ အလားအလာ ရှိသည်။
နဂါးပျံသားရဲ က ရှဲ့စန်း အရှေ့သို့ ဆင်းသက်ပြီးနောက် ရှဲ့စန်း ကို နှုတ်ခမ်းမွှေးများဖြင့် ညင်သာစွာ ထိလိုက်သည်။
လောင်ထန်း က နဂါးပျံသားရဲရဲ့ နောက်ကျောမှ ခုန်ဆင်းလိုက်သည်။ သူ့အဝတ်အစားတွေ ပြောင်းသွားပေမယ့် ရွှေဆွဲကြိုးနဲ့ စိန်လက်ကောက်တွေ ၀တ်ထားတုန်းပဲ ဖြစ်သည်။ ပြုံးပြပြီး နှုတ်ဆက်လိုက်သည်။
"အားစန်း၊ မိုင်နဲ မင်္ဂလာနံနက်ခင်းပါ"
ရှဲ့စန်း က "မနက်စာ စားပြီးပြီလား"
လောင်ထန်း ခေါင်းညိတ်လိုက်သည်။
ရှဲ့စန်း က "ငါ အပင်တွေ သွားခူးမလို့။ မင်းရော သွားမလား?"
"သွားမယ်"
လောင်ထန်း က ပြုံးလိုက်သည်။
"ပြီးရင် အားကျောင်း ကို ပြန်ပို့ပေးရမယ်။ သူ အရမ်း ပျော်သွားလိမ့်မယ်"
ဆွေးနွေးပြီးနောက် ရှဲ့စန်း က ဧရာမ စပါးအုံးမြွေကြီးနှင့် သံချပ်ကာ သားရဲကြီး ကို မေးမြန်းဖို့ သွားခဲ့သည်။ နှစ်ယောက်စလုံး က တောင်ပေါ် တက်ရတာကို ကြိုက်ပြီး ပျော်ပျော်ကြီး လိုက်သွားချင်နေကြသည်။
ရှဲ့စန်းတို့ ၃ယောက်နဲ့ အဆင့်မြင့် ဆက်နွယ်သားရဲတွေရဲ့ အရေအတွက်က များပြားလွန်းနေသည်။ သူတို့ ထွက်ခါနီးမှာ စုံစမ်းစစ်ဆေးရေးအဖွဲ့ ရောက်လာပြီး ရွှေသတ္တုရိုင်း မိုင်းတွင်းအကြောင်း မိုင်နဲ ကို မေးခဲ့သည်။ မိုင်နဲ က မတော်တဆ တွေ့ခဲ့တာ လို့ ပြန်ဖြေလိုက်သည်။
စုံစမ်း စစ်ဆေးရေးမှူး က
"မင်း ဒီကို မလာခင် Aဂြိုလ် က ဘယ်သူ့ကိုမှ မဆက်သွယ်မိကြောင်း သေချာစေဖို့အတွက် မင်းရဲ့ ဆက်သွယ်ရေး မှတ်တမ်းတွေ ကို ကြည့်ခွင့်ပေးဖို့ တောင်းဆိုရလိမ့်မယ်။ သတ္တုတွင်းကို ရွှေ့ဖို့ သတ္တုတူးဖော်ရေး နေရာကို သွားတယ် ဆိုတဲ့ သံသယကို ရှင်းဖို့ပါ"
မိုင်နဲ က လက်ဆန့်ပြီး သူ့ ကိုယ်ရေးကိုယ်တာ လက်ပတ်ကို ထုတ်ပေးလိုက်သည်။ သူ စိတ်မနာသလို ကြည့်သည်။
"ငါတို့က ဆက်နွယ်သားရဲ ကို ရှာနေတာ။ မင်း ငါ့ရဲ့ ဆက်သွယ်မှု မှတ်တမ်းတွေကို အခု ချက်ချင်း စစ်ကြည့်လို့ရတယ်"
စုံစမ်း စစ်ဆေးရေး အဖွဲ့ အကြီးအကဲက မိုင်နဲရဲ့ ဘဝကို သိသည်။ သူ့စိတ်ထဲမှာတော့ မိုင်နဲ က လွတ်ကင်းတဲ့ လူတစ်ယောက်။ အောင်မြင်စွာ ကြီးပြင်းလာဖို့ ဆိုတာ လုံလောက်သည်။ ဒီလို ရှုပ်ထွေးတဲ့ အစီအစဥ် တစ်ခုနဲ့ ဆိုကိုတို ကို ဆန့်ကျင်ဖို့ ကြံစည်နိုင်စွမ်း မရှိသင့်ဘူး။
သို့သော် သူတို့က စုံစမ်းစစ်ဆေးရေး လုပ်ငန်းစဉ်တွေ ကို လိုက်နာရုံသာ ဖြစ်သည်။ ဆိုတိုကိုရဲ့ စကားတွေကို တွေးမိလိုက်တဲ့ အချိန် သူ မိုင်နဲ ကို စာနာစိတ်ဖြင့် မကြည့်ဘဲ မနေနိုင်ပေ။
"အလုပ်မှာ ပူးပေါင်းပေးလို့ ကျေးဇူးတင်ပါတယ်"
စုံစမ်း စစ်ဆေးရေး အဖွဲ့ ထွက်ခွာပြီးနောက် ရှဲ့စန်းတို့ သုံးယောက်သည် စီစဉ်ထားသည့်အတိုင်း တောင်ပေါ်သို့ တက်ခဲ့ကြသည်။ သူတို့က နဂါးနက်ရဲ့ ဂူသစ်သို့ ဦးစွာသွားခဲ့ကြပြီး နဂါးနက်ရဲ့ နှလုံးသားအတွက် ရွှေသတ္တုရိုင်း အချို့ကို ယူ၍ အလယ်ဗဟို အဖြစ် ထားကာ အပင်တွေကို လှည့်ပတ်ရှာဖွေခဲ့ကြသည်။
ဧရာမ စပါးအုံးမြွေကြီးနှင့် သံချပ်ကာ သားရဲကြီးတို့ က မြေအနေအထားနှင့် အရမ်း ရင်းနှီးကြပြီး အပင်များစွာကို ရှာတွေ့စေခဲ့သည်။ သူတို့သုံးယောက် က တောင်ပေါ်တွင် ၂နာရီကျော် ကြာအောင် နေခဲ့ကြပြီး ကြွယ်ဝတဲ့ ကောက်ပဲသီးနှံများ ကို ရှာဖွေတွေ့ရှိခဲ့သည်။ ထို့နောက် အပင်အားလုံး ကို သူတို့ရဲ့ နေရာလွတ်အိတ်တွင် ထည့်ကာ ပြန်သွားကြသည်။
သူတို့ တည်းခိုနေတဲ့ အဆောက်အဦးကို ပြန်ရောက်တော့ နေလည်စာ စားချိန်ရောက်နေပြီး ဟောင်ဖန်း နဲ့အတူ နေ့လည်စာ စားလိုက်ကြသည်။
ရှဲ့စန်း က "ဆိုကိုတို ကို အခုပဲ ပြောင်းခိုင်းလိုက်တာ?"
ဟောင်ဖန်း ခေါင်းညိတ်လိုက်သည်။ "သူက သတ္တုရိုင်းတွေ ပိုင်တယ် ဆိုတဲ့ သံသယနဲ့ ကင်းရှင်းခဲ့ပြီး အခု စုံစမ်း စစ်ဆေးရေးအဖွဲ့ က သတ္တုရိုင်းတွေ လျော့ကျတဲ့ အမှုကို ပြန်လည် စုံစမ်းစစ်ဆေးနေတယ်"
ရှဲ့စန်း က "သတ္တုရိုင်း ရှိတဲ့နေရာကို သူဘယ်လိုရှင်းပြလိုက်တာလဲ?"
"သူ အမှန်အတိုင်း ပြောတယ်" ဟောင်ဖန်းက မိုင်နဲ ကို ကြည့်လိုက်သည်။
"သူ့အစ်ကိုဆီ က အဆက်အသွယ် ရတယ်လို့ ပြောတယ်။ ဂျူလော့စ် အတွက် လက်စားချေဖို့ စိတ်အားထက်သန်စွာနဲ့ မိုင်နဲ အနောက် လိုက်ပြီး မိုင်နဲ ကို သတ်ပစ်ဖို့ ကြံစည်ခဲ့တယ်တဲ့။ ဒါပေမဲ့ မိုင်နဲမှာ နဂါးပျံ တစ်ကောင် ရှိနေတာတွေ့တော့ အနိုင်ယူဖို့ အခွင့်မသာဘူးလို့ ခံစားရတယ် အဲဒါနဲ့ လန့်ပြီး ထွက်သွားလိုက်တယ် တဲ့"
မိုင်နဲရဲ့ မျက်လုံးများတွင် ရွံရှာမှု အပြည့်ဖြင့် ဟစ်အော်လိုက်သည်။
"ကြောင်သူတော်"
ရှဲ့စန်း က တံတွေးထွေးပြီး "အနိုင်ရဖို့ အခွင့်အလမ်း မရှိတာကတော့ အမှန်ပဲ၊ ဒါပေမယ့် သူ့မြင်ကွင်းထဲ ရောက်လာတာ ကတော့ မဟုတ်ဘူး"
ဟောင်ဖန်း က "စစ်တပ်ဌာနက အရမ်း စည်းကမ်းရှိပြီး တားမြစ်ချက် အများဆုံးက သီးသန့် လက်စားချေခြင်းပဲ။ ဒီအဖြစ်အပျက် က သူ့အပေါ် သက်ရောက်မှု တော်တော်ကြီးတယ်။ ဖြစ်နိုင်တာကတော့ ရာထူးက ဆင်းရပြီး နိုင်ငံရေးအရ တရားရင်ဆိုင်မှုမှာ ဒဏ်ကြေး ပေးဆောင်ရလိမ့်မယ်"
မိုင်နဲက ရယ်မောနေပေမယ့် သူ့မျက်လုံးတွေ က အေးစက် တောက်ပနေသည်။
"ဒါက မှန်တယ် ဆိုရုံပါပဲ။ အမြင့်ကို တက်ဖို့ ကော့စ်မိသားစု ကို ကျေနပ်စေခဲ့တယ်။ ဒီကျရှုံးမှု က သူ့အတွက် မြည်းစမ်းရမယ့် အရသာတစ်ခုပါပဲ"
သူတို့က စွမ်းအင် ပြန်လည်ရယူရန် Aဂြိုလ်ကို ရောက်ရှိလာခဲ့ကြသည်။ အဆင့်မြင့် ဆက်နွယ်သားရဲ သုံးကောင်နှင့် ဆိုကိုတို က တွေ့ဖို့ မျှော်လင့်မထားသော်လည်း၊ ခြုံငုံကြည့်ရင် ဒီခရီး က အရမ်း တန်ဖိုးရှိသည်။ ခဏလောက် စကားစမြည် ပြောပြီးနောက် သူတို့နှစ်ယောက်အာကာသစခန်းသို့ သွားကာ ဘရန့်ဒ်ဂြိုလ်သို့ ပြန်သွားဖို့ ပြင်ဆင်ကြသည်။
____________________________________________________
အစ၊အဆုံး PDF File ရပါပြီ။ ဖတ်ပေးတဲ့ အတွက် ကျေးဇူးတင်ပါတယ်ရှင့် 🤎🤎🤎
Zawgyi version
Chapter 65 : အက်ိဳးသက္ေရာက္မႈ
႐ွဲ႕စန္းနဲ႔ မိုင္နဲ တို႔ က ေလာင္ထန္း ကို အာကာသ ဆိပ္ကမ္းတြင္ သြားေခၚခဲ့ၿပီး မၾကာမီ အေဆာက္အအုံသို႔ ျပန္ခဲ့ၾကသည္။ ေလာင္ထန္း လြန္းပ်ံယာဥ္ေပၚမွ ဆင္းလာသည္ႏွင့္ တၿပိဳင္နက္ သူ႕ကို ျမင္သူတိုင္းရဲ႕ မ်က္လုံးေတြက ၾကည့္လာခဲ့ၾကသည္။
"ဒီ ေတာက္ေျပာင္ေနတဲ့ တစ္ေယာက္ က ဘယ္က လာတာလဲ?"
"စစ္ဌာနမွာ ပါတနာ ကုမၸဏီ အသစ္႐ွိေနၿပီလား?"
ေဘး႐ွိ ျဖတ္သြား ျဖတ္လာေတြက တိုးတိုးေျပာၿပီး မွန္းဆေနၾကသည္။
ေလာင္ထန္း က သူ ဘယ္ေလာက္ ေတာက္ေျပာင္ေနမွန္းမသိဘဲ ႐ွဲ႕စန္း ကို စိတ္လႈပ္႐ွားမႈ အျပည့္ျဖင့္ "နဂါးပ်ံ သားရဲ ဘယ္မွာလဲ ? ငါ သြား႐ွာလိုက္မယ္!"
႐ွဲ႕စန္း က သူ႕ကို ဧည့္ခန္းထဲကို ေခၚသြားသည္။
"မင္း အရင္ မစားခ်င္ဘူးလား? မင္း ဆက္ႏြယ္ဖို႔ ႀကိဳးစားရမွာ၊ မင္း အေကာင္းဆုံးျဖစ္ေအာင္ လုပ္သင့္တယ္"
ေလာင္ထန္း ျပဳံးလိုက္သည္။
"ငါ ယာဥ္ေပၚမွာ စားခဲ့တယ္။ ငါ အခု အေျခအေန ေကာင္းေနၿပီး နဂါးပ်ံသားရဲကို ေတြ႕ခ်င္ေနတာ"
႐ွဲ႕စန္း ရယ္လိုက္သည္။ "ဒါဆို မင္း ငါနဲ႔လိုက္ခဲ့။ သူတို႔က ႀကီးလြန္းတာေၾကာင့္ အေပၚထပ္မွာ ေနရာ အလုံအေလာက္ မ႐ွိဘူးေလ။ သူတို႔က ေျမေအာက္ခန္းထဲမွာ"
ေျမေအာက္ခန္း အဝင္ဝကို ေစာင့္ေနတဲ့ လူထုေခါင္းေဆာင္ တစ္ေယာက္႐ွိသည္။ တံခါး ေနာက္ကြယ္မွ စူးစူး႐ွ႐ွ နဂါးဟိန္းသံ ႐ုတ္တရက္ ထြက္ေပၚလာခ်ိန္တြင္ ႐ွဲ႕စန္း သူ႕ကို ႏႈတ္ဆက္ေနသည္။ အသံက ျပင္းထန္လြန္းသျဖင့္ ေျမျပင္ တုန္ခါသြားသည္။
မိုင္နဲရဲ႕ မသိစိတ္ က ႐ွဲ႕စန္းရဲ႕ နား႐ြက္ ကို ဖုံးအုပ္လိုက္သည္။ ႐ွဲ႕စန္း က သူ႕ကို ျပဳံးျပၿပီး သူ အဆင္ေျပေၾကာင္း ေျပာျပသည္။
(T/N : လန္က်န္႔နဲ႔ ဘာေတာ္လဲ? အေဖ မတူ အေမ ကြဲ ညီအစ္ကိုေတြလား?)
ေလာင္ထန္းရဲ႕ မ်က္လုံးမ်ား ေတာက္ပလာသည္။
"သူ က ငါ့ကို အာ႐ုံခံေနတယ္။ ငါတို႔ရဲ႕ ဆက္ႏြယ္မႈႏႈန္း က အရမ္း ျမင့္တဲ့ပုံပဲ၊ ငါ ခံစားလို႔ရတယ္!"
သူ တံခါးသို႔ လွမ္းလိုက္ေသာ္လည္း လူထုေခါင္းေဆာင္က တားလိုက္သည္။ ႐ွဲ႕စန္း က လူထုေခါင္းေဆာင္ ကို ေခါင္းညိတ္ျပသည္။
"သူက ငါတို႔ သူငယ္ခ်င္းပါ"
လူထုေခါင္းေဆာင္ က သြားလို႔ရေအာင္ ေဘးဘက္သို႔ ေျခတစ္လွမ္း လွမ္းလိုက္သည္။
တံခါး အေနာက္ဘက္႐ွိ နဂါးသားရဲ၏ အသံသည္ ျမင့္ေသာအသံမွ နိမ့္ရာသို႔ ေျပာင္းသြားၿပီး သတိျဖင့္ ေလးလံေနသည္။ ဤသည္မွာ သားရဲ၏ သခင္ႏွင့္ အလိုလို ျငင္းပယ္ျခင္းပင္ ျဖစ္သည္။ သခင္က ပိုအားေကာင္းေလ၊ ျငင္းပယ္တဲ့ တုံ႔ျပန္မႈ အားေကာင္းေလပဲ ျဖစ္သည္။
ေလာင္ထန္း က စိတ္မပူဘဲ စိတ္လႈပ္႐ွားစြာနဲ႔ ေအာက္ထပ္ တံခါးကို တြန္းဖြင့္လိုက္ၿပီး အတြင္းထဲကို ဝင္သြားလိုက္သည္။
"Wow!!! အနီးကပ္ ၾကည့္ရေတာ့ ပိုမိုက္သလိုပဲ!"
႐ွဲ႕စန္း သူ႕ေနာက္က လိုက္လာသည္။ ေျမေအာက္ခန္းထဲသို႔ ေျခတစ္လွမ္းသာ လွမ္းရေသးတယ္၊ ေျမႀကီးေပၚတြင္ လဲေလ်ာင္းေနတဲ့ နဂါးနက္ က ေလာင္ထန္းဆီ လ်င္ျမန္စြာ ပ်ံသန္းလာေနသည္ ကို ေတြ႕လိုက္ရသည္။
႐ွဲ႕စန္း က "န-"
'နဂါး' ဟူေသာ စကားလုံး မေခၚႏိုင္ခင္ ေလာင္ထန္းသည္ နဂါးပ်ံ သားရဲ တစ္ေကာင္လုံးႏွင့္ လုံးေထြးေနသည္။ နဂါးပ်ံ သားရဲရဲ႕ ေခါင္းႀကီး က ေလာင္ထန္းရဲ႕ ရင္ဘတ္တြင္ နစ္ျမဳပ္ေနခဲ့ၿပီး သတိေပးသည့္အသံ က ပိုမို ျမန္ဆန္ ေပါ့ပါးေသာ ေအာ္ဟစ္သံ အျဖစ္သို႔ ေျပာင္းလဲသြားသည္။
ေလာင္ထန္း က သူ႕လက္ေတြကို ဖြင့္လိုက္ၿပီး ေခါင္း အႀကီးႀကီး ကို သူ႕လက္ထဲမွာ ဖက္ထားလိုက္သည္။ သူက က်ယ္ေလာင္စြာ ရယ္ေမာလိုက္ၿပီး ႐ွဲ႕စန္း ကို ၾကည့္ဖို႔ ေခါင္းကို လွည့္လိုက္သည္။
"အားစန္း၊ သူက ငါ့ကို ေတာ္ေတာ္ သေဘာက်တာပဲ"
႐ွဲ႕စန္း က သူ႕ရဲ႕ ေတာက္ေျပာင္ေနတဲ့ အဝတ္အစားေတြကို ၾကည့္ၿပီး ေတြးလိုက္သည္။
'မင္းကို သေဘာက်တာ မဟုတ္ဘူး၊ မင္းရဲ႕ ေတာက္ေျပာင္တဲ့ ေတာက္ပမႈ ကို သေဘာက်တာဟ!'
သူ ေလာင္ထန္း ႏွင့္ နဂါးပ်ံ သားရဲရဲ႕ ရင္သပ္႐ႈေမာဖြယ္ အသြင္အျပင္ကို ခံစားခ်က္ေတြ ႐ႈပ္ေထြးကာ ၾကည့္ေနသည္။ ေတာက္ေျပာင္တဲ့ အရာေတြ အေပၚ နဂါးပ်ံသားရဲရဲ႕ စြဲလမ္းမႈမွာ အမွန္တကယ္ အားေကာင္းလွသည္ဟု သူ လွ်ိဳ႕ဝွက္စြာ ေတြးလိုက္မိသည္။
ေလာင္ထန္း ကို ၾကည့္ျခင္းအားျဖင့္ စြမ္းအင္ေၾကာင့္ ျဖစ္ေပၚလာတဲ့ စိတ္ခံစားခ်က္ေတြကို ၿငိမ္သက္ေစ႐ုံသာမက သားရဲသခင္အေပၚ ျငင္းပယ္တဲ့ ခံစားခ်က္လည္း ေပ်ာက္သြားသည္။ ေလာင္ထန္းကို တကယ္ ႀကိဳက္တယ္ ဆိုတာ ေသခ်ာသည္။
ေလာင္ထန္း က ထိုကဲ့သို႔ ႐ူးေၾကာင္ေၾကာင္ ၀တ္စားထားေသာ္လည္း အက်ိဳးသက္ေရာက္မႈ ကလည္း အံ့မခန္း အသုံးဝင္သည္။
ေလာင္ထန္း ႏွင့္ နဂါးပ်ံ သားရဲတို႔ က ခဏေလာက္ ဖက္ထားၾကသည္။ တစ္ေယာက္နဲ႔တစ္ေယာက္ ၾကည့္ကာ တခစ္ခစ္ရယ္ရင္း အလုပ္႐ႈပ္ေနတာေၾကာင့္ ႐ွဲ႕စန္း က သူတို႔ကို
"မင္းတို႔ အခုပဲ ဆက္ႏြယ္ၾကည့္သင့္တယ္!"
"မွန္တယ္" သူ က နဂါးပ်ံ သားရဲကို ျပဳံးျပလိုက္သည္။ "ငါနဲ႔ ဆက္ႏြယ္လိုက္ပါ။ ငါ က အရမ္း ေတာ္ပါတယ္"
(T/N🤣🤣🤣🤣)
နဂါးပ်ံသားရဲ က မ်က္ေတာင္ခတ္လိုက္သည္။ အၾကည့္ေတြက သူ႕အဝတ္ေတြ အေပၚ က ေတာက္ပေနတဲ့ ေက်ာက္ေတြကို ၾကည့္ၿပီး တုံ႔ဆိုင္းမေနဘဲ ေနာက္ျပန္လွည့္ကာ တိုးတိုးေလး ေအာ္ဟစ္လိုက္သည္ ။
ေလာင္ထန္းရဲ႕ မ်က္လုံးေတြ က အရမ္း ေတာက္ပေနၿပီး သူ႕ခႏၶာကိုယ္ တစ္ဝိုက္႐ွိ ေအာ္ရာမ်ား ႐ုတ္တရက္ ေျပာင္းလဲသြားသည္။ အလြန္ ျပင္းထန္စြာနဲ႔ အေ႐ွ႕သို႔ ခုန္တက္သြားသည္။
"ယဥ္ေက်းမေနနဲ႔ ၊ငါ့အေပၚ မင္းရဲ႕ ဖိအားေတြ အကုန္ လႊတ္ေပးလိုက္။ ငါ မင္းကို စိတ္လိုလက္ရ အညံ့ခံေအာင္ လုပ္ေပးမယ္!"
နဂါးသားရဲ က သူ႕ရဲ႕ ခႏၶာကိုယ္ အေပၚပိုင္း တစ္ဝက္ကို ေျမႇာက္ကာ ေခါင္းကို ေျမႇာက္လိုက္သည္။ မ်က္လုံးေတြက စူးရဲလာၿပီး ေျမေအာက္ခန္း႐ွိ ေလထု က ခ်က္ခ်င္းပင္ ၿငိမ္သက္သြားခဲ့သည္။ ႐ွဲ႕စန္း ခ်က္ခ်င္းပင္ အသက္႐ွဴ မဝသလို ခံစားလာရသည္။
မိုင္နဲ က သူ႕ကို ခါးကေနဆြဲကာ ေထာင့္သို႔ေခၚသြားၿပီး သူ႕လက္ႏွစ္ဖက္ ကို ကိုင္ထားေပးလိုက္သည္။ ႐ွဲ႕စန္း ႐ုတ္တရက္ ပိုေနလို႔ေကာင္းလာသည္။
ေထာင့္ က ေျမေအာက္ခန္း႐ွိ ေလာင္ထန္းႏွင့္ အေဝးဆုံး ေနရာျဖစ္သည္။ စပါးအုံးသားရဲႏွင့္ ဧရာမ သံခ်ပ္ကာသားရဲတို႔က ထိုေနရာ၌ ကိုယ္ကို က်ံဳ႕ထားၾကသည္။
သိပ္မၾကာခင္မွာပဲ စပါးအုံးေႁမြရဲ႕ အၿမႇီး က နံရံကို လွ်ပ္တစ္ျပက္ ႐ိုက္ေနခဲ့ၿပီး မၾကာခင္မွာ သံခ်ပ္ကာသားရဲက နံရံကို အခြၽန္နဲ႔ ျခစ္ကာ အမွတ္အသားေတြ ေပၚလာသည္။
႐ွဲ႕စန္းသည္ သူတို႔ သက္ေရာက္မႈ ခံေနရေၾကာင္း ခ်က္ခ်င္း သေဘာေပါက္လိုက္သည္။ သူတို႔ ႏွစ္ေကာင္စလုံး က ေျမႀကီးစြမ္းအင္မွ လႊမ္းမိုးခံထားရၿပီး သူတို႔ရဲ႕ စိတ္အေျခအေန က နဂါးပ်ံ သားရဲေလာက္ မထိခိုက္ေသာ္လည္း သူတို႔လည္း အဆင္မေျပသည့္ အေျခအေနတြင္ ႐ွိေနၾကသည္။ အခုေတာ့ သူတို႔ သက္ေရာက္မႈ ခံရၿပီး တုန္လႈပ္ေနၾကသည္။
ခါးကို ဖက္ထားတဲ့ မိုင္နဲ ကို လက္နဲ႔ ႐ိုက္ၿပီး လႊတ္ေပးဖို႔ အခ်က္ျပလိုက္သည္။ မိုင္နဲ က လႊတ္လိုက္ၿပီးေနာက္ သူက ဧရာမ စပါးအုံးေႁမြႀကီးႏွင့္ သံခ်ပ္ကာသားရဲႀကီးတို႔ ၾကားမွေလွ်ာက္သြားၿပီး တစ္ခ်ိန္တည္းမွာပဲ သူတို႔ကို ထိရန္ လက္ကို လွမ္းလိုက္သည္။
ႏွစ္ေယာက္သား ထိေတြ႕မႈ ေအာက္တြင္ လ်င္ျမန္စြာ ၿငိမ္သက္သြားသည္။ စပါးအုံးေႁမြ က ေဘာလုံး တစ္လုံးလို ေကြးေကာက္ေနၿပီး က်န္တစ္ေကာင္မွာ ျပန္႔က်ဲေနသည္။ သံခ်ပ္ကာသားရဲ က သူ႕လက္ဖဝါးကို ပြတ္သပ္ၿပီး ႏူးညံ့ညင္သာတဲ့အသံနဲ႔
{"ေတာင္းပန္ပါတယ္၊ ငါ ထိန္းခ်ဳပ္လို႔ မရဘူး"}
႐ွဲ႕စန္း က {"အဆင္ေျပပါတယ္"} သားရဲက ေခါင္းငုံ႔ကာ ႐ွက္သြားျပန္သည္။
သူ ဧရာမ သံခ်ပ္ကာသားရဲကို ၾကည့္ကာ ျပဳံးမျပႏိုင္ဘဲ ျဖစ္ေနသည္။ ဧရာမ သံခ်ပ္ကာသားရဲ က ႐ုပ္ပိုင္းဆိုင္ရာ အလုပ္မ်ားစြာကို လုပ္ေဆာင္ခဲ့ေသာ္လည္း သူ႕က ထူးထူးျခားျခား စိတ္ထား ေပ်ာ့ေပ်ာင္းၿပီး အလြန္ ႐ွက္တတ္သည္။ ဒိုင္ႏိုေဆာ အသြင္အျပင္ႏွင့္ ဆင္တူမႈ က မလိုက္ဖက္ဘဲ ျခားနားေနကာ ခ်စ္စရာေကာင္းေနသည္။
႐ွဲ႕စန္း အေျခအေန အတြက္ စိုးရိမ္ေနေသးသည္။ ထို႔ေၾကာင့္ သူတို႔ႏွစ္ေကာင္ရဲ႕ စိတ္ခံစားမႈမ်ား ခဏ တည္ၿငိမ္သြားေသာ္လည္း ေ႐ွ႕တြင္ ျဖစ္ေနတဲ့ အျဖစ္အပ်က္မ်ားကို အာ႐ုံစူးစိုက္ထားရင္း သူတို႔အေပၚတြင္ သူ႕လက္ကို တင္ထားလိုက္သည္။
ေလာင္ထန္း ႏွင့္ နဂါးပ်ံသားရဲတို႔ က အ႐ႈံးမေပးဘဲ လူတစ္ေယာက္ႏွင့္ သားရဲတစ္ေကာင္ က မ်က္ႏွာျခင္း ဆိုင္ထားဆဲျဖစ္သည္။
႐ွဲ႕စန္း သားရဲသခင္မ်ားစြာရဲ႕ သားရဲကို ရင္ဆိုင္ရန္ႀကိဳးစားသည္ ကို ေတြ႕ျမင္ခဲ့ရေသာ္လည္း ႏွစ္ဖက္စလုံးမွ ထြက္႐ွိလာသည့္ အေငြ႕အသက္ က ဒီေလာက္ ျပင္းထန္ျခင္း မ႐ွိသလို ေလာင္ထန္းေလာက္ ဘယ္သူမွ် ၾကာၾကာမခံခဲ့ေပ။
နာရီဝက္ ေက်ာ္ၾကာတဲ့ အခါ ေလာင္ထန္းရဲ႕ မ်က္ႏွာ က ျဖဴစ ျပဳလာၿပီး နဖူးေပၚမွ ေခြၽးမ်ား ဆက္တိုက္ က်ဆင္းေနေသာ္လည္း သူ မတ္တပ္ ရပ္ေနဆဲ ျဖစ္သည္။ သူ႕ခႏၶာကိုယ္က လႈပ္႐ွားမႈ မ႐ွိေပ။
ေနာက္ထပ္ ဆယ္မိနစ္ေလာက္ ၾကာေတာ့ ေလာင္ထန္း က သူ႕ကိုယ္သူ မထိန္းႏိုင္ေတာ့ဘဲ သူ႕ခႏၶာကိုယ္က လႈပ္ခါသြားသည္။
႐ုတ္တရက္ လႈပ္လိုက္ေတာ့ သူ႕ကိုယ္႐ွိ လက္ဝတ္ ရတနာမ်ား လင္းလက္သြားသည္။ ေတာက္ေျပာင္ၿပီး ေရာင္စုံ ေတာက္ပမႈ က လူေတြကို အံ့ၾသသြားေစသည္။ ႐ွဲ႕စန္း မ်က္လုံးမွိတ္လိုက္သည္။
တစ္ခ်ိန္တည္းမွာပဲ နဂါးပ်ံ သားရဲရဲ႕ ေအာ္ရာ က ႐ုတ္တရက္ ေပ်ာက္ကြယ္သြားသည္။ ေလာင္ထန္းအေပၚ သက္ေရာက္သြားသည္။ လမ္းတစ္ဝက္ ေရာက္မွ ခ်က္ခ်င္းဆိုသလို သူ ဘာေတြလုပ္ခဲ့လဲ ဆိုတာ သိလိုက္ရၿပီး လႈပ္႐ွားမႈ က အနည္းငယ္ ေတာင့္တင္းလာသည္။
ေလာင္ထန္းရဲ႕ မ်က္လုံးမ်ား ေတာက္ပလာၿပီး သူနဲ႔ နီးကပ္ေအာင္ ေျခတစ္လွမ္း တိုးလိုက္သည္။
"ငါ လုပ္ႏိုင္သြားၿပီ!!"
႐ွဲ႕စန္း မ်က္လုံး ဖြင့္လိုက္တဲ့ အခ်ိန္ နဂါးပ်ံ သားရဲရဲ႕ ေခါင္းကို ဆုပ္ကိုင္ထားတာ ေတြ႕လိုက္ရသည္၊ ထို႔ေနာက္ နဂါးပ်ံ က သူ႕ေခါင္းကို ျဖည္းညႇင္းစြာ ႏွိမ့္ခ်ကာ ေလာင္ထန္းအား မ်က္လုံးႀကီးေတြျဖင့္ ၾကည့္ေနသည္။
ေလာင္ထန္း က ခပ္ႀကီးႀကီး ျပဳံးျပၿပီး သူ႕အက်ႌကို ခြၽတ္လိုက္သည္။ သူရဲ႕ ရင္ဘတ္ေပၚတြင္ အံ့ၾသဖြယ္ေကာင္းေသာ နဂါးပ်ံသားရဲ အမွတ္အသား က အတားအဆီးမ႐ွိ ေပၚလာသည္။ မတြန္႔ဆုတ္ဘဲ ဆက္ႏြယ္ျခင္း အခမ္းအနားကို စတင္ခဲ့သည္။
ေလာင္ထန္းရဲ႕ က်မ္းသစၥာ က်ိန္ဆိုသည္ႏွင့္ ဆက္ႏြယ္ျခင္း အခမ္းအနား ၿပီးဆုံးခဲ့သည္။
"အားးးးးးး၊ အရမ္း ေကာင္းတာပဲ!"
ေလာင္ထန္း က ၫြတ္လိုက္တဲ့ နဂါးႀကီးရဲ႕ ေခါင္းကို ေပြ႕ဖက္ကာ သူ႕လက္တြင္ ရစ္ပတ္ထားေသာ စိန္လက္ေကာက္ကို ေစ့ေစ့ၾကည့္ေနလိုက္သည္။
႐ွဲ႕စန္း က မရယ္ဘဲ မေနႏိုင္ေပ။ ေလာင္ထန္း အတြက္ ဒီဝတ္စုံက အရမ္း အသုံးဝင္ခဲ့တယ္။ ေလာင္ထန္း က်႐ႈံးလိမ့္မယ္ လို႔ သူ ထင္ခဲ့ေပမဲ့ ရတနာေတြရဲ႕ အလင္းယိုင္မႈေၾကာင့္ နဂါးပ်ံ သားရဲတစ္ေကာင္ က အာ႐ုံေျပာင္းသြားမယ္ဆိုတာ ဘယ္သူသိမွာလဲ?
သူ စပါးအုံးႏွင့္ သံခ်ပ္ကာ အႀကီးစား သားရဲကို ထိၿပီးေနာက္ ေလာင္ထန္း ဆီသို႔ ေလွ်ာက္သြားသည္။
"ဂုဏ္ယူပါတယ္"
ေလာင္ထန္း က ပိုေတာက္ပစြာ ျပဳံးလိုက္သည္။
"ေက်းဇူးပဲ စန္း"
နဂါးပ်ံ သားရဲ က ႐ွဲ႕စန္းကို သူ႕ရဲ႕ အၿမႇီးျဖင့္ ပုတ္လိုက္သည္။
{"သူက တကယ္ကို သန္မာတယ္"}
႐ွဲ႕စန္း ျပဳံးလိုက္သည္။ {"အင္း၊ မင္း အခု ဘယ္လိုေနလဲ"} လို႔ ေမးလိုက္သည္။
နဂါးပ်ံသားရဲ က {"အမ်ားႀကီး ပိုတည္ၿငိမ္လာတယ္။ ျပန္ေကာင္းလာဖို႔ အခ်ိန္ နည္းနည္း ၾကာလိမ့္မယ္၊ ဒါေပမယ့္ ငါ့သားရဲသခင္နဲ႔ ဆိုရင္ေတာ့ ျပႆနာ႐ွိမွာမဟုတ္ဘူး"}
"ဟင္..."
ေလာင္ထန္း က နဂါးပ်ံသားရဲရဲ႕ ေဘးတြင္ ႐ွိေနခဲ့ၿပီး နဂါးပ်ံသားရဲရဲ႕ စကားေျပာသံ ကို ၾကားလိုက္ရသည္။ သူ တအံ့တၾသ မ်က္ေတာင္ခတ္လိုက္သည္။
"သူ ေျပာတဲ့ စကားေတြကို ငါ နားလည္ေနတယ္!"
႐ွဲ႕စန္း "အင္း၊ အျပင္ လူေတြကို မေျပာျပတာ အေကာင္းဆုံးပဲ၊ မဟုတ္ရင္ တစ္ေယာက္ေယာက္ က နဂါးပ်ံသားရဲအေၾကာင္း တျခား အေတြးေတြ ႐ွိေနမွာ မလြဲမေသြပဲ"
ေလာင္ထန္း ေခါင္းညိတ္လိုက္သည္။
"အျပင္ လူေတြကို ငါ မေျပာပါဘူး"
သူ နဂါးပ်ံ သားရဲရဲ႕ အေၾကးခြံကို ပြတ္လိုက္သည္။
"ငါတို႔ ဆက္သြယ္လို႔ ရၿပီ... ဟုတ္ၿပီ မင္းကို နာမည္ အရင္ ေပးရဦးမယ္။ အိုး... ေ႐ွာင္ေဟး က ဘယ္လိုလဲ"
နဂါးနက္ က သူ႕ကို သူ႕ေခါင္းနဲ႔ တိုက္လိုက္သည္။
{"အဲဒါ ဆိုး႐ြားလြန္းတယ္။ လႊမ္းမိုးခ်ဳပ္ကိုင္ႏိုင္စြမ္း လုံးဝ မ႐ွိဘူး"}
(T/N: ကေလး ပုစိေလး ၂ေယာက္ စကားေျပာေနသလိုပဲ🤣🤣🤣)
ေလာင္ထန္း က ေနာက္သို႔ ေျခတစ္လွမ္း ဆုတ္လိုက္ၿပီး သူ႕နဂို အေနအထားသို႔ ခ်က္ခ်င္း ျပန္သြားကာ လက္ႏွင့္ ထိလိုက္သည္။
{"ဘယ္လို အေခၚခံခ်င္လိုလဲ?"}
နဂါးပ်ံသားရဲ က မ်က္ေတာင္ခတ္လိုက္ၿပီး {"... တာ့ေဟး"} ဟု အသံတစ္ဝက္ ထြက္လာသည္။
{"ေကာင္းၿပီ!"} ေလာင္ထန္း က ေျဖသည္။
{"မင္း က အရမ္း ႀကီးတယ္၊ မင္းကို တာ့ေဟး လို႔ ေခၚရမယ္။ ဟားဟား! မင္းက အရမ္း ဉာဏ္ေကာင္းတာပဲ"}
႐ွဲ႕စန္းရဲ႕ နဖူးတြင္ အနက္ေရာင္လိုင္းမ်ား ေပၚလာသည္။
"ဒီနာမည္ကို ေပးမွာ ေသခ်ာလား?"
ေလာင္ထန္း ႏွင့္ နဂါးပ်ံသားရဲ က တစ္ၿပိဳင္တည္း ေခါင္းညိတ္ျပတာေၾကာင့္ မေက်မနပ္ျပဳံးၿပီး သူ႕ဆႏၵနဲ႔ ဆန္႔က်င္ကာ ဂုဏ္ျပဳစကား ေျပာလိုက္သည္။
"နာမည္ေကာင္းပဲ"
႐ွဲ႕စန္းႏွင့္ မိုင္နဲ တို႔သည္ ေျမေအာက္ခန္းမွ ထြက္လာၿပီး ညစာစားကာ အိပ္ခန္းသို႔ ျပန္သြားခဲ့သည္။
တစ္ဖက္တြင္ ဆိုတိုကို က စစ္ေၾကာေရး အခန္းတြင္ ထိုင္ေနရသည္။ သူ အဲဒီမွာ နာရီေပါင္းမ်ားစြာ ထိုင္ေနခဲ့ရၿပီး ပင္ပန္းေနပုံ ရသည္။
သူ႕ေဘးမွာ ထိုင္ေနတဲ့ စစ္ေၾကာေရးမႉး က
"က်န္တဲ့ ေ႐ႊသတၱဳ႐ိုင္းေတြကို ဘယ္မွာ ဝွက္ထားတာလဲ" လို႔ ထပ္ေမးသည္။
ဆိုတိုကို ႐ူးခ်င္သြားသည္။ လက္ႏွစ္ဘက္ျဖင့္ စားပြဲေပၚ႐ိုက္ကာ
"ငါေျပာၿပီးၿပီ၊ ဘယ္သတၱဳ႐ိုင္းကိုမွ ငါ မဝွက္ထားဘူး" ဟု အားေလ်ာ့ကာ ေျပာလိုက္သည္။
"ဒါဆို သတၱဳ႐ိုင္းေတြ ဝွက္ထားတဲ့ ေနရာကို မင္း ဘာလို႔ သြားတာလဲ?"
ဆိုတိုကို၊ "ငါ...ငါ ေလွ်ာက္လည္ေနတာ"
"ေက်းဇူးျပဳၿပီး ငါ့ေမးခြန္းကို ေလးေလးနက္နက္ ေျဖေပးပါ။ သတၱဳ႐ိုင္းေတြ ဝွက္ထားတဲ့ ေနရာမွာ မင္း ၾကဳံသလို ေပၚလာတာ က တိုက္ဆိုင္မႈ ဆိုတာ ဘယ္လိုလုပ္ျဖစ္ႏိုင္မွာလဲ"
ဆိုကိုတို က "မင္းအရင္က စုံစမ္းခဲ့သလိုပဲ ငါ့မွာ သတၱဳ႐ိုင္းေတြ ခိုးယူဖို႔ အရည္အခ်င္းမ႐ွိဘူး၊ ငါ ေရာက္ကတည္းက သတၱဳတြင္း ဧရိယာကေန မထြက္ခဲ့ဘူး"
"မင္းရဲ႕ ေနရာလြတ္ အိတ္ ကို ငါတို႔ မ႐ွာရေသးေတာ့ မင္းမွာ အဲလို အရည္အခ်င္း႐ွိတယ္၊ အဲဒါေၾကာင့္ မင္းမွာ မ႐ွိဘူးလို႔ လုံးလုံး ထုတ္မျပႏိုင္ဘူး။ သံသယေတြ ႐ွင္းဖို႔ မင္းရဲ႕ ေနရာလြတ္အိတ္ကို လႊင့္ပစ္လိုက္တာ ျဖစ္ႏိုင္တယ္။ အဲဒီေနရာေတြမွာ ေတာင္ေတြ႐ွိတယ္၊ အဲဒါကို ႐ွာေတြ႕ၿပီး သက္ေသအျဖစ္ ျပန္ယူလာဖို႔ ခက္တယ္"
စစ္ေဆးေမးျမန္းသူ က ေခတၱ ရပ္လိုက္ၿပီး "အဲဒါအျပင္၊ မင္းက ၿပီးျပည့္စုံတဲ့ အလီဘိုင္ ကို မေပးႏိုင္ဘူး။ ပ်ံသန္းတဲ့ယာဥ္ကို လူသိ႐ွင္ ၾကားမေခၚခဲ့တဲ့ အတြက္ေၾကာင့္ သီးသန္႔ ယာဥ္ကို မသုံးခဲ့ဘူးလို႔ မဆိုလိုႏိုင္ဘူး"
ဆိုတိုကို အရမ္း ေနာင္တရသြားသည္။ သူ Aၿဂိဳလ္ကို ေရာက္ၿပီးေနာက္ အလြန္ စိတ္ဓာတ္က်ေနသည္။ဒီေနရာတြင္ သတၱဳတြင္း တစ္ခုတည္းသာ ႐ွိၿပီး အပန္းေျဖစရာ လုပ္ငန္းမ်ား မ႐ွိတဲ့ ဘရန္႔ၿဂိဳလ္ရဲ႕ အစြန္အဖ်ားဆုံး ခ႐ိုင္ထက္ပင္ ေနာက္က်က်န္ခဲ့သည္။
သူ ေရာက္လာၿပီးေနာက္ မိုင္းတြင္း လုပ္သားအခ်ိဳ႕ရဲ႕ အေသးအမႊား ကိစၥမ်ားေၾကာင့္ စိတ္ အေႏွာင့္အယွက္ျဖစ္ၿပီး စိတ္မ႐ွည္ေတာ့ဘဲ အခန္းထဲတြင္ အၿမဲလိုလို တစ္ေယာက္တည္းေနခဲ့ရကာ၊ လုပ္ငန္းကို ဝန္ထမ္းေတြကသာ အၿမဲလိုလို ကိုင္တြယ္ေနရသည္။ ထို႔ေၾကာင့္ အရင္ စုံစမ္းစစ္ေဆးမႈ က တစ္လခြဲနီးပါး ၾကာျမင့္ခဲ့ၿပီး သူ က သတၱဳ႐ိုင္းမ်ားကို ဝွက္ထားရန္ အခ်ိန္မ်ားစြာ႐ွိေၾကာင္း ေတြ႕႐ွိရသည္။
ဆိုတိုကို မ်က္ႏွာကို ပြတ္လိုက္သည္။
"ဒါက မင္းရဲ႕ ခန္႔မွန္းခ်က္ပဲေလ။ သတၱဳ႐ိုင္းေတြကို ဖြက္မထားဘူး၊ အဲဒီလိုေတာင္ မေတြးခဲ့မိဘူး။ ဒီသတၱဳ႐ိုင္းေတြ ကို ငါ မုန္းတယ္၊ အဲဒါေတြကို ငါ ဘာလို႔ ဝွက္ထားရမွာလဲ?"
"လူတိုင္းက သူတို႔ရဲ႕ တန္ဖိုးကို သိတယ္။ မင္းက သံသယကင္းစင္တယ္ လို႔ ေျပာတဲ့အခါမွာ မင္းက မယုံခ်င္စရာ အေကာင္းဆုံးဘဲ... ဒီေန႔ သတၱဳ႐ိုင္းရဲ႕ ေနရာကို ေျပာင္းဖို႔ ခိုးၿပီး သြားခဲ့တာလား?"
"မဟုတ္ဘူး" ဆိုတိုကို အသက္ ျပင္းျပင္း ႐ွဴလိုက္သည္။ "အဲဒီမွာ သတၱဳ႐ိုင္းေတြ ႐ွိမွန္း မသိခဲ့ဘူး!"
"ဒါဆို မင္း အဲဒီကို ဘာလို႔သြားတာလဲ?"
ဆိုတိုကို အံႀကိတ္ကာ ႐ုန္းကန္ေနပုံရသည္။ သူ မိုင္နဲ ကို ျမင္ၿပီးေနာက္ လွည့္၍ ခ်က္ခ်င္း ထြက္သြားခဲ့တာ ကို ေနာင္တရမိသည္။ မေတာ္တဆ ႏႈတ္ဆက္ျဖစ္ရင္ေတာင္၊ မိုင္နဲ ႐ွိေနတယ္လို႔ ေျဖႏိုင္ၿပီး အခ်င္းခ်င္း မေတြ႕တာၾကာေနၿပီ မလို႔ မိုင္နဲ ကို ရည္႐ြယ္ၿပီး လိုက္႐ွာခဲ့တာ လို႔ ေျဖလို႔ရေသးသည္။
ဒါေပမယ့္ သူက ေခါင္းလွည့္ၿပီး ထြက္သြားမိသည္။ အခု အဲဒီလို ေျပာရင္ အတုအေယာင္ ျဖစ္သြားလိမ့္မယ္။
အခု သူ အက်ပ္႐ိုက္ခံေနရသည္။ မိုင္နဲကို ေျဖ႐ွင္းဖို႔ သူ႕ရဲ႕ ရည္႐ြယ္ခ်က္ အစစ္အမွန္ကို ေျပာျပလိုက္ရင္ သူ အဲဒီမွာ ႐ွိေနရတဲ့ အေၾကာင္းရင္း ကို ႐ွင္းျပႏိုင္သည္။ သို႔ေသာ္ သူ႕ရဲ႕ ဂုဏ္သိကၡာကို ထိခိုက္ႏိုင္သည္။ ေနာက္ဆုံး၊ အျခားတစ္ဖက္ က အခုမွ အ႐ြယ္ေရာက္ၿပီး႐ုံသာ ႐ွိေသးတဲ့ ေက်ာင္းသားတစ္ဦး ျဖစ္ၿပီး ဘြဲ႕ေတာင္ မရေသးေပ။
ဒါေပမယ့္ အဲဒီလို မဟုတ္ရင္၊ သူ ဘာေၾကာင့္ မိုင္းတြင္းမွာ ႐ွိေနရတယ္ ဆိုတာ ႐ွင္းျပဖို႔ တျခား ယုံၾကည္ႏိုင္စရာ အေၾကာင္းျပခ်က္ မ႐ွိေခ်။
သူ႕လက္ကို လက္သီး ဆုပ္ထားလိုက္ၿပီး သူ႕မ်က္လုံးမ်ားတြင္ အမုန္းတရားမ်ား ေပၚလာသည္။ မိုင္နဲ လုပ္ခဲ့တာ ျဖစ္ေၾကာင္း သူ ခံစားမိသည္။ မဟုတ္ရင္ အဲဒီ သတၱဳ႐ိုင္းကို ဘယ္လို ဝွက္ထားႏိုင္မွာလဲ။ ဒါေပမယ့္ သူ နားမလည္ႏိုင္ခဲ့ေခ်။ မိုင္နဲ သည္ Aၿဂိဳလ္ကို ေရာက္တာ တစ္ရက္ပဲ ႐ွိေသးၿပီး ဒီလို အစီအစဥ္ေတြ ျပဳလုပ္ရန္ အခ်ိန္မ႐ွိခဲ့ေပ။
'Aၿဂိဳလ္ မွာ မိုင္နဲရဲ႕ လူေတြ႐ွိေနတာလား?'
ဆိုတိုကိုရဲ႕ အမူအရာ ေျပာင္းသြားသည္။ ေနာက္ဆုံးတြင္ သူ ေ႐ြးခ်ယ္စရာႏွစ္ခုကို ခ်ိန္ဆၿပီး ႐ွက္႐ြံ႕တဲ့ အမူအရာျဖင့္
"ေတာင္းပန္ပါတယ္။ အဲဒါကို ဖုံးကြယ္ထားဖို႔ မရည္႐ြယ္ပါဘူး၊ ဒါေပမယ့္ ငါ့ခရီးစဥ္ရဲ႕ ရည္႐ြယ္ခ်က္ က ႐ွင္းျပဖို႔ နည္းနည္းခက္တယ္"
"အစ္ကို႔ဆီ က ဖုန္းရတဲ့ အခ်ိန္ စစ္ေၾကာေရး ခန္းက ထြက္လာခဲ့တယ္။ မိုင္နဲ က သူ႕သား ဂ်ဴေလာ့စ္ကို သတ္ခဲ့တယ္ လို႔ ငါ့ကို ေျပာခဲ့တယ္။ ဘုရားသခင္ သိတယ္၊ ငါ့မွာ ဒီတူေလး တစ္ေယာက္ပဲ ႐ွိတာ။ ငါ အရမ္း မုန္းတီးေနခ်ိန္ Aၿဂိဳလ္မွာ မိုင္နဲ ေရာက္ေနၿပီလို႔ ၾကားလိုက္ရေတာ့ သူ႕တည္ေနရာ ကို ခ်က္ခ်င္း ႐ွာဖို႔ ကိုယ္ပိုင္ယာဥ္နဲ႔ သြား႐ွာခဲ့တယ္။ ဂ်ဴေလာ့စ္ အတြက္ လက္စားေခ်ဖို႔ သူ႕ကို သတ္ပစ္ခ်င္ခဲ့တယ္။ နဂါးပ်ံသားရဲနဲ႔ အတူ႐ွိေနမယ္ လို႔ မေမွ်ာ္လင့္ခဲ့ဘူး။ နဂါးပ်ံ သားရဲကို ျမင္တဲ့အခါ ငါ မတတ္ႏိုင္မွန္း သိလိုက္ရတယ္ေလ။ အဲဒါနဲ႔ အသိတရား ဝင္လာတယ္။ မိုင္နဲ က ဒီကို ေရာက္ႏိုင္မွေတာ့ သူ႕ကို သံသယ ဝင္စရာ မ႐ွိဘူး။ ငါ့အစ္ကိုက သူ႕ကို မွားၿပီး အျပစ္တင္ေနတာ ျဖစ္ရမယ္''
သူက ခါးသီးစြာ ရယ္ေမာရင္း "ငါက စိတ္အားထက္သန္စြာ လႈပ္႐ွားမိတာပဲ။ မိုင္နဲ က ေ႐ႊသတၱဳ႐ိုင္းတြင္းမွာ ႐ွိေနမွန္း မသိဘူး.."
စစ္ေဆးေမးျမန္းသူ က စစ္တမ္းေကာက္ယူၿပီး "မင္း ေျပာခဲ့တာေတြ က မွန္လား ဆိုတာ ငါတို႔ စုံစမ္း စစ္ေဆးသြားမွာပါ။ ေလာေလာဆယ္ စစ္ေဆးေမးျမန္းဖို႔ အတြက္ ဆက္ေနေပးဖို႔ လိုပါတယ္"
ဆိုကိုတို က "ငါ မင္းနဲ႔ ပူးေပါင္းပါ့မယ္"
စစ္ေဆးေမးျမန္းသူ ထြက္သြားေတာ့ ေခါင္းငုံ႔ကာ မ်က္ႏွာ မွာ အလြန္ ၾကည့္ရဆိုးလာသည္။ တကယ္လို႔ ဗိုလ္ခ်ဳပ္ႀကီး ေကာ့စ္ သာ စကား နည္းနည္း ေျပာေပးခဲ့ရင္ ဒီလိုမ်ိဳး စစ္ေဆး ေမးျမန္းခံရမွာ မဟုတ္ေပ။ သူက ၿပီးျပည့္စုံတဲ့ ႐ုပ္ပုံတစ္ပုံ ဖန္တီးရန္ အၿမဲ သႏၷိ႒ာန္ခ်ထားခဲ့ၿပီး အခုေတာ့ သူရဲ႕ ပုံရိပ္ က ပ်က္စီးသြားခဲ့ၿပီျဖစ္သည္။
သူ႕ရဲ႕ ကိုယ္ပိုင္ ခံစားခ်က္ေၾကာင့္ ပုဂၢလိက ႏိုင္ငံသားတစ္ဦးကို သတ္ပစ္ခ်င္ေနတဲ့ ဗိုလ္မႉးတစ္ေယာက္။ အဲဒီ စကား ထြက္လာတဲ့ အခ်ိန္ သူ အျပစ္တင္ခံရမည္ကို မဆိုင္းမတြ သိလိုက္သည္။ ပ်က္စီးဆုံး႐ႈံးမႈကို ေလွ်ာ့ခ်ရန္ တစ္ခုတည္းေသာ နည္းလမ္းမွာ အမ်ားသူငွာ ထင္ျမင္ယူဆခ်က္ ကို ထိန္းခ်ဳပ္ဖို႔ နည္းလမ္း႐ွာရန္ျဖစ္ၿပီး ဇာတ္လမ္း ထြက္လာသည္ႏွင့္ တူျဖစ္သူအတြက္ ခ်စ္ျခင္းေမတၱာႏွင့္ ဂ႐ုစိုက္မႈတို႔ျဖင့္ အာ႐ုံေျပာင္းရန္ ဆုံးျဖတ္ခဲ့သည္။
မည္သို႔ပင္ ဆိုေစကာမူ အစိုးရကို ထိခိုက္နစ္နာေစမည့္ ပုဂၢလိကသတၱဳမ်ား ပိုင္ဆိုင္ေၾကာင္း ျပစ္ဒဏ္ခ်မွတ္ျခင္းရဲ႕ အက်ိဳးဆက္မ်ားထက္ မ်ားစြာ သာလြန္ေကာင္းမြန္သည့္ ရလဒ္ ျဖစ္လိမ့္မည္။ မိုင္နဲ ကို ထိခိုက္ေစရန္ သူ လုပ္ေဆာင္ခဲ့ျခင္း မ႐ွိေပ။
႐ွဲ႕စန္း ေရခ်ိဳးၿပီး ကုတင္ေပၚထိုင္ကာ liveသို႔ ဝင္ေရာက္ခဲ့သည္။ သားရဲေတြ က ပတ္ပတ္လည္တြင္ ျပန္႔က်ဲေနၿပီး တစ္ခုခု အေၾကာင္း ေျပာေနပုံရသည္။ ေရပန္းစားမႈကို ၾကည့္လိုက္ေတာ့ သန္း၅၀ နီးပါး႐ွိခဲ့သည္။
[မင္းတို႔ သတင္းေတြ႕လား။ တင္ဆက္သူ က Aၿဂိဳလ္ကို သြားၿပီး နဂါးပ်ံသားရဲ၊ စပါးအုံးေႁမြနဲ႔ သံခ်ပ္ကာ အႀကီးစား သားရဲေတြ ေတြ႕ခဲ့တယ္။ live roomမွာ အဖြဲ႕ဝင္အသစ္ေတြ တိုးလာမလား။ အရမ္း စိတ္လႈပ္႐ွားေနတယ္]
[ေတြ႕တယ္။ အဲဒီပုံက တကယ္မိုက္တယ္။ နဂါးပ်ံသားရဲက ငါ့ကိုလည္း စီးခြင့္ေပးေစခ်င္တယ္]
[အားးးး! တင္ဆက္သူ က ဘယ္ေတာ့ မဲႏိႈက္မွာလဲ။သားရဲေတြနဲ႔ ကစားခ်င္ပါတယ္။ ၿပီးခဲ့တဲ့ အႀကိမ္က ကံေကာင္းတဲ့ ၾကည့္႐ႈသူေတြ ကို အရမ္း မနာလိုျဖစ္တယ္]
[အတူတူပဲ၊ မနာလိုဘူး!]
[တင္ဆက္သူ က ဘရန္႔ၿဂိဳလ္မွာ မ႐ွိဘူး၊ အဲဒါေၾကာင့္ သူရဲ႕ liveကို အေဝးကေန ထိန္းခ်ဳပ္ထားတာလား။ ဒါမွမဟုတ္ သားရဲေတြ ကိုယ္တိုင္ ဖြင့္ခဲ့တာလား]
[လြန္ခဲ့တဲ့ ႏွစ္ရက္က ေလ့လာေတြ႕႐ွိခ်က္အရ ဆိုရင္ ဖြင့္တဲ့သူ က ဧရာမ က်ားသစ္နက္ႀကီး ျဖစ္လိန္႔မယ္။ liveလႊင့္တဲ့ အခ်ိန္တိုင္း၊ သူက နံရံမွာ ႐ွိေနတာ။ liveကို မပိတ္ခင္ သူက နံရံဆီ သြားၿပီး ဟိန္းေဟာက္ျပလိမ့္မယ္။ liveကို အဖြင့္၊အပိတ္ လုပ္ေနတယ္ ဆိုၿပီး လကၡဏာအားလုံး က ၫႊန္ျပေနတယ္]
[အေပၚ က တစ္ေယာက္ ေျပာတာ အမွန္တရား လို႔ ငါ ထင္တယ္]
[ဒီေန႔လည္း သံပုရာသီး ျဖစ္ျပန္ၿပီ။ ဒီလို စမတ္က်တဲ့ ဆက္ႏြယ္သားရဲ တစ္ေကာင္ေလာက္ လိုခ်င္ပါတယ္ အားးး!]
႐ွဲ႕စန္း စာေတြကို ၾကည့္ကာ သက္ျပင္းသာ ခ်ႏိုင္ေတာ့သည္။ ပရိသတ္ေတြက စုံေထာက္ေတြလိုပဲ။ သူတို႔ရဲ႕ မ်က္လုံးထဲကေန ဘယ္အရာကမွ လြတ္ကင္းႏိုင္မွာ မဟုတ္ဘူး။
မိုင္နဲ က သူ႕ေဘးမွာ ဝင္ထိုင္လိုက္သည္။ သူက ေခါင္းကို လွည့္ကာ မိုင္နဲ ကို ဖက္လိုက္ၿပီး သူနဲ႔အတူ liveကို ၾကည့္လိုက္သည္။ ဧရာမ က်ားသစ္နက္သားရဲ က liveကို ပိတ္ရန္ အခ်ိန္အၾကာႀကီး မေစာင့္လိုက္ရေပ။ ႐ွဲ႕စန္း က သတင္း ကို ပိတ္လိုက္သည္။
"Starnet မွာ နဂါးပ်ံ သားရဲအေၾကာင္း သတင္းေတြ ထြက္ေနပုံ ရတယ္"
မိုင္နဲ က မအံ့ၾသေပ။ "အဆင့္ျမင့္ ဆက္ႏြယ္သားရဲေတြ က အၿမဲတမ္း ေစာင့္ၾကည့္ခံရတယ္ေလ။ Aၿဂိဳလ္ က လူေတြ က အဲဒါကို ျမင္ေတာ့ ဓာတ္ပုံ႐ိုက္ၿပီး အြန္လိုင္းေပၚ တင္ခဲ့ၾကတယ္။ မၾကာခင္ ေခါင္းစဥ္မွာ ပြထလာလိမ့္မယ္"
႐ွဲ႕စန္း နဂါးပ်ံ သားရဲအေၾကာင္း ထိပ္ဆုံး သတင္းကို ႏွိပ္လိုက္သည္။ သူ ဝင္လိုက္သည္ႏွင့္ နဂါးနက္ရဲ႕ ေက်ာေပၚတြင္ ထိုင္ေနသည့္ မိုင္နဲ ႏွင့္ သူ႕ရဲ႕ ပုံကို ျမင္လိုက္ရသည္။
[ဘယ္ေလာက္ မိုက္လိုက္သလဲ! နဂါးပ်ံသားရဲ ဆိုတာ မယုံႏိုင္စရာပဲ]
[အဲဒီ လူႏွစ္ေယာက္ကို ငါ သိတယ္။ ႐ွဲ႕စန္း နဲ႔ မိုင္နဲ ပဲ!]
[႐ွဲ႕စန္း က 'ဆက္ႏြယ္သားရဲမ်ား' ရဲ႕ တင္ဆက္သူ မဟုတ္ဘူးလား။ အခု ငါ စဥ္းစားၾကည့္ေတာ့ မၾကာေသးခင္က ေပၚလာတဲ့ အဆင့္ျမင့္ ဆက္ႏြယ္သားရဲေတြ အကုန္လုံး နီးပါးက သူနဲ႔ သက္ဆိုင္ေနတယ္။ ဆက္ႏြယ္သားရဲေတြ ကို ႐ွာေတြ႕ႏိုင္တဲ့ သူ႕ရဲ႕စြမ္းရည္ က ျပင္းထန္လြန္းတယ္ မဟုတ္ဘူးလား]
[အဆင့္ျမင့္ ဆက္ႏြယ္သားရဲေတြ အားလုံးက သူ႕ေ႐ွ႕မွာ သိမ္ေမြ႕ေနတာ မဟုတ္ဘူးလား။ သာမာန္ လူေတြဆို၊ နဂါးပ်ံသားရဲနဲ႔ ေတြ႕ရင္ေတာင္၊ ဘယ္သူက သူ႕ေက်ာေပၚထိုင္ႏိုင္မွာလဲ]
[ အပင္ သားရဲသခင္ က အစြမ္း ထက္လြန္းတယ္!]
[ငါ သိခ်င္တာက နဂါးပ်ံ သားရဲနဲ႔ ဆက္ႏြယ္တာ ေအာင္ျမင္သြားတဲ့ လူ! အဲဒါ ဘယ္သူ ျဖစ္မလဲ? ]
[ေတြးေနစရာ မလိုဘူး၊ ေလာင္ထန္း ဆိုတာ ေသခ်ာတယ္။ သူနဲ႔ ႐ွဲ႕စန္း က သူငယ္ခ်င္းေတြ ျဖစ္ၿပီး ယုံၾကည္ စိတ္ခ်ရတဲ့ အခ်က္အလက္ေတြ အရ ေလာင္ထန္း က Aၿဂိဳလ္ ကို အျမန္ ေျပးသြားၿပီတဲ့]
[အဲဒါက မမွန္ေလာက္ပါဘူး။ နဂါးပ်ံသားရဲ က သန္မာတယ္။ ေလာင္ထန္း က အ႐ြယ္မေရာက္ေသးတဲ့ ပုံပဲ၊ သူ ဆက္ႏြယ္တာ မေအာင္ျမင္ေလာက္ဘူး]
[သူက ငယ္႐ြယ္ေပမယ့္ တကၠသိုလ္ဌာနမွာေတာ့ ေက်ာ္ၾကားတဲ့ 'တိုက္ခိုက္ေရး နတ္ဆိုး' တစ္ေယာက္ေလ။ သူ က တိုက္ပြဲ တိုက္ရတာကို အရမ္း ဝါသနာပါတယ္၊ တကၠသိုလ္မွာ တိုက္ပြဲေတြ အမ်ားႀကီး တိုက္ထားခဲ့ၿပီး ႐ႈံးနိမ့္တာ မ႐ွိေသးဘူး]
[ရန္ျဖစ္ေနစရာ မလိုပါဘူး။ ဆက္ႏြယ္တာ ေအာင္ျမင္သြားရင္ အငယ္ဆုံး Sအဆင့္ သားရဲသခင္ ဆိုတာ ေျပာင္းသြားမွာ ျဖစ္ၿပီး ေသခ်ာေပါက္ ေခါင္းႀကီးပိုင္း သတင္း ျဖစ္လာလိမ့္မယ္]
႐ွဲ႕စန္း က ျပဳံးလိုက္သည္။ တကယ္လည္း ေျပာင္းေတာ့မယ္။ ေလာင္ထန္းရဲ႕ ေမြးေန႔ က ဇြန္လ ၁ ရက္ေန႔ ျဖစ္တာ ကို ႐ွင္း႐ွင္းလင္းလင္း မွတ္မိေနသည္။ ေလာင္ထန္းရဲ႕ ကာ႐ိုက္တာနဲ႔ လိုက္ေလ်ာ ညီေထြျဖစ္ဖို႔အတြက္ စာေရးသူ က ေလာင္ထန္းကို ကေလးမ်ားေန႔မွာ ေမြးဖို႔ တမင္ စီစဥ္ထားခဲ့သည္။ အခု ေမလထဲမွာ ဆိုေတာ့ ေလာင္ထန္း က အသက္ ၁၈ႏွစ္ မျပည့္ေသးေပ။
သတင္းကို ၾကည့္ၿပီးေနာက္ ႐ွဲ႕စန္းႏွင့္ မိုင္နဲ တို႔က အနီးကပ္ ေလ့က်င့္ခန္းမ်ား ျပဳလုပ္ခဲ့ကာ ဗိုက္ျပည့္ၿပီး အိပ္ရာဝင္ခဲ့ၾကသည္။
ေနာက္တစ္ေန႔ မနက္တြင္ ႐ွဲ႕စန္း ႏွင့္ မိုင္နဲတို႔ က မနက္စာ စားရန္ ေအာက္ထပ္သို႔ ဆင္းလာၿပီး ထမင္းစားေနေသာ ေဟာင္ဖန္း ကို ႏႈတ္ဆက္လိုက္သည္။ အျပင္မွ ေလာင္ထန္းရဲ႕ က်ယ္ေလာင္စြာ ရယ္ေမာသံကို ၾကားရၿပီး သူႏွင့္အတူ ရယ္ေမာလိုက္သည္။
စားၿပီးေနာက္ ႐ွဲ႕စန္း တံခါးဝသို႔ ေလွ်ာက္သြားေတာ့ တံခါးအေပၚတြင္ ပ်ံေနတဲ့ နဂါးသားရဲႏွင့္ ေနာက္ေက်ာတြင္ ထိုင္ေနသည့္ ေလာင္ထန္း ကို ေတြ႕လိုက္ရသည္။
တံခါး တစ္ဝိုက္တြင္ ရပ္ေနသူ မ်ားစြာ႐ွိ အားလုံးက အံ့ၾသတႀကီးျဖစ္ကာ ေမာ့ၾကည့္ေနၾကသည္။
ေဟာင္ဖန္း က "အငယ္ဆုံး Sအဆင့္ သားရဲသခင္။ အခုေခတ္ လူငယ္ေတြက ပိုပိုၿပီး အားေကာင္းလာတယ္"
႐ွဲ႕စန္း ရယ္လိုက္သည္။ "မစၥတာ ေဟာင္ ၊ မင္းလည္း ငယ္ပါေသးတယ္"
ေဟာင္ဖန္း ျပဳံးလိုက္သည္။
"မင္းတို႔ ဘယ္ေတာ့ ထြက္သြားဖို႔ စီစဥ္ထားလဲ?"
႐ွဲ႕စန္း က ခဏေလာက္ စဥ္းစားလိုက္တယ္။
"ေန႔လည္စာ စားၿပီးရင္ေပါ့၊ အနားယူလို႔ ရေအာင္ ဘရန္႔ၿဂိဳလ္ကို အခ်ိန္မွီ ျပန္သင့္တယ္။ ခဏေနရင္ ေတာင္ေပၚကို သြားၿပီး အပင္ေတြ ခူးခ်င္တယ္"
ေဟာင္ဖန္း က "အပင္ေတြလား?"
႐ွဲ႕စန္း က ေခါင္းညိတ္လိုက္သည္။
"ကြၽန္ေတာ့္မွာ ေဆးေက်ာင္းသား တစ္ေယာက္ျဖစ္ၿပီး ေဆးဖက္ဝင္ အပင္ေတြ စိုက္ပ်ိဳးရတာကို ႏွစ္သက္တဲ့ သူငယ္ခ်င္း တစ္ေယာက္လည္း ႐ွိေသးတယ္၊ စားလို႔ ရႏိုင္ေလာက္တဲ့ အပင္ေတြကို ေတြ႕ရင္ သုေတသနျပဳဖို႔နဲ႔ စိုက္ပ်ိဳးဖို႔ အပင္႐ွာေဖြေရး ဌာနကို ျပန္သယ္သြားခ်င္တယ္"
ေဟာင္ဖန္း က "စားလို႔ေကာင္းတဲ့ အပင္တစ္ပင္ ႐ွိရင္ ႐ွာေတြ႕ၿပီးသား ျဖစ္မွာေပါ့"
႐ွဲ႕စန္း က ျပဳံးၿပီး ဘာမွျပန္မေျပာေပ။ အမ်ားအားျဖင့္ စားသုံးႏိုင္တဲ့ အပင္မ်ားေတြ က ပတ္ဝန္းက်င္ကို ထိခိုက္ၿပီး မႀကီးထြားေပမယ့္ ေျမႀကီးစြမ္းအင္ သက္ေရာက္မႈေၾကာင့္ စားသုံးႏိုင္တဲ့ အပင္ေတြရဲ႕ အေစ့ေတြ က်န္႐ွိေနသေ႐ြ႕ သူတို႔ က အပင္ေပါက္ႏိုင္ၿပီး ႀကီးထြားဖို႔ အလားအလာ ႐ွိသည္။
နဂါးပ်ံသားရဲ က ႐ွဲ႕စန္း အေ႐ွ႕သို႔ ဆင္းသက္ၿပီးေနာက္ ႐ွဲ႕စန္း ကို ႏႈတ္ခမ္းေမႊးမ်ားျဖင့္ ညင္သာစြာ ထိလိုက္သည္။
ေလာင္ထန္း က နဂါးပ်ံသားရဲရဲ႕ ေနာက္ေက်ာမွ ခုန္ဆင္းလိုက္သည္။ သူ႕အဝတ္အစားေတြ ေျပာင္းသြားေပမယ့္ ေ႐ႊဆြဲႀကိဳးနဲ႔ စိန္လက္ေကာက္ေတြ ၀တ္ထားတုန္းပဲ ျဖစ္သည္။ ျပဳံးျပၿပီး ႏႈတ္ဆက္လိုက္သည္။
"အားစန္း၊ မိုင္နဲ မဂၤလာနံနက္ခင္းပါ"
႐ွဲ႕စန္း က "မနက္စာ စားၿပီးၿပီလား"
ေလာင္ထန္း ေခါင္းညိတ္လိုက္သည္။
႐ွဲ႕စန္း က "ငါ အပင္ေတြ သြားခူးမလို႔။ မင္းေရာ သြားမလား?"
"သြားမယ္"
ေလာင္ထန္း က ျပဳံးလိုက္သည္။
"ၿပီးရင္ အားေက်ာင္း ကို ျပန္ပို႔ေပးရမယ္။ သူ အရမ္း ေပ်ာ္သြားလိမ့္မယ္"
ေဆြးေႏြးၿပီးေနာက္ ႐ွဲ႕စန္း က ဧရာမ စပါးအုံးေႁမြႀကီးႏွင့္ သံခ်ပ္ကာ သားရဲႀကီး ကို ေမးျမန္းဖို႔ သြားခဲ့သည္။ ႏွစ္ေယာက္စလုံး က ေတာင္ေပၚ တက္ရတာကို ႀကိဳက္ၿပီး ေပ်ာ္ေပ်ာ္ႀကီး လိုက္သြားခ်င္ေနၾကသည္။
႐ွဲ႕စန္းတို႔ ၃ေယာက္နဲ႔ အဆင့္ျမင့္ ဆက္ႏြယ္သားရဲေတြရဲ႕ အေရအတြက္က မ်ားျပားလြန္းေနသည္။ သူတို႔ ထြက္ခါနီးမွာ စုံစမ္းစစ္ေဆးေရးအဖြဲ႕ ေရာက္လာၿပီး ေ႐ႊသတၱဳ႐ိုင္း မိုင္းတြင္းအေၾကာင္း မိုင္နဲ ကို ေမးခဲ့သည္။ မိုင္နဲ က မေတာ္တဆ ေတြ႕ခဲ့တာ လို႔ ျပန္ေျဖလိုက္သည္။
စုံစမ္း စစ္ေဆးေရးမႉး က
"မင္း ဒီကို မလာခင္ Aၿဂိဳလ္ က ဘယ္သူ႕ကိုမွ မဆက္သြယ္မိေၾကာင္း ေသခ်ာေစဖို႔အတြက္ မင္းရဲ႕ ဆက္သြယ္ေရး မွတ္တမ္းေတြ ကို ၾကည့္ခြင့္ေပးဖို႔ ေတာင္းဆိုရလိမ့္မယ္။ သတၱဳတြင္းကို ေ႐ႊ႕ဖို႔ သတၱဳတူးေဖာ္ေရး ေနရာကို သြားတယ္ ဆိုတဲ့ သံသယကို ႐ွင္းဖို႔ပါ"
မိုင္နဲ က လက္ဆန္႔ၿပီး သူ႕ ကိုယ္ေရးကိုယ္တာ လက္ပတ္ကို ထုတ္ေပးလိုက္သည္။ သူ စိတ္မနာသလို ၾကည့္သည္။
"ငါတို႔က ဆက္ႏြယ္သားရဲ ကို ႐ွာေနတာ။ မင္း ငါ့ရဲ႕ ဆက္သြယ္မႈ မွတ္တမ္းေတြကို အခု ခ်က္ခ်င္း စစ္ၾကည့္လို႔ရတယ္"
စုံစမ္း စစ္ေဆးေရး အဖြဲ႕ အႀကီးအကဲက မိုင္နဲရဲ႕ ဘဝကို သိသည္။ သူ႕စိတ္ထဲမွာေတာ့ မိုင္နဲ က လြတ္ကင္းတဲ့ လူတစ္ေယာက္။ ေအာင္ျမင္စြာ ႀကီးျပင္းလာဖို႔ ဆိုတာ လုံေလာက္သည္။ ဒီလို ႐ႈပ္ေထြးတဲ့ အစီအစဥ္ တစ္ခုနဲ႔ ဆိုကိုတို ကို ဆန္႔က်င္ဖို႔ ၾကံစည္ႏိုင္စြမ္း မ႐ွိသင့္ဘူး။
သို႔ေသာ္ သူတို႔က စုံစမ္းစစ္ေဆးေရး လုပ္ငန္းစဥ္ေတြ ကို လိုက္နာ႐ုံသာ ျဖစ္သည္။ ဆိုတိုကိုရဲ႕ စကားေတြကို ေတြးမိလိုက္တဲ့ အခ်ိန္ သူ မိုင္နဲ ကို စာနာစိတ္ျဖင့္ မၾကည့္ဘဲ မေနႏိုင္ေပ။
"အလုပ္မွာ ပူးေပါင္းေပးလို႔ ေက်းဇူးတင္ပါတယ္"
စုံစမ္း စစ္ေဆးေရး အဖြဲ႕ ထြက္ခြာၿပီးေနာက္ ႐ွဲ႕စန္းတို႔ သုံးေယာက္သည္ စီစဥ္ထားသည့္အတိုင္း ေတာင္ေပၚသို႔ တက္ခဲ့ၾကသည္။ သူတို႔က နဂါးနက္ရဲ႕ ဂူသစ္သို႔ ဦးစြာသြားခဲ့ၾကၿပီး နဂါးနက္ရဲ႕ ႏွလုံးသားအတြက္ ေ႐ႊသတၱဳ႐ိုင္း အခ်ိဳ႕ကို ယူ၍ အလယ္ဗဟို အျဖစ္ ထားကာ အပင္ေတြကို လွည့္ပတ္႐ွာေဖြခဲ့ၾကသည္။
ဧရာမ စပါးအုံးေႁမြႀကီးႏွင့္ သံခ်ပ္ကာ သားရဲႀကီးတို႔ က ေျမအေနအထားႏွင့္ အရမ္း ရင္းႏွီးၾကၿပီး အပင္မ်ားစြာကို ႐ွာေတြ႕ေစခဲ့သည္။ သူတို႔သုံးေယာက္ က ေတာင္ေပၚတြင္ ၂နာရီေက်ာ္ ၾကာေအာင္ ေနခဲ့ၾကၿပီး ႂကြယ္ဝတဲ့ ေကာက္ပဲသီးႏွံမ်ား ကို ႐ွာေဖြေတြ႕႐ွိခဲ့သည္။ ထို႔ေနာက္ အပင္အားလုံး ကို သူတို႔ရဲ႕ ေနရာလြတ္အိတ္တြင္ ထည့္ကာ ျပန္သြားၾကသည္။
သူတို႔ တည္းခိုေနတဲ့ အေဆာက္အဦးကို ျပန္ေရာက္ေတာ့ ေနလည္စာ စားခ်ိန္ေရာက္ေနၿပီး ေဟာင္ဖန္း နဲ႔အတူ ေန႔လည္စာ စားလိုက္ၾကသည္။
႐ွဲ႕စန္း က "ဆိုကိုတို ကို အခုပဲ ေျပာင္းခိုင္းလိုက္တာ?"
ေဟာင္ဖန္း ေခါင္းညိတ္လိုက္သည္။ "သူက သတၱဳ႐ိုင္းေတြ ပိုင္တယ္ ဆိုတဲ့ သံသယနဲ႔ ကင္း႐ွင္းခဲ့ၿပီး အခု စုံစမ္း စစ္ေဆးေရးအဖြဲ႕ က သတၱဳ႐ိုင္းေတြ ေလ်ာ့က်တဲ့ အမႈကို ျပန္လည္ စုံစမ္းစစ္ေဆးေနတယ္"
႐ွဲ႕စန္း က "သတၱဳ႐ိုင္း ႐ွိတဲ့ေနရာကို သူဘယ္လို႐ွင္းျပလိုက္တာလဲ?"
"သူ အမွန္အတိုင္း ေျပာတယ္" ေဟာင္ဖန္းက မိုင္နဲ ကို ၾကည့္လိုက္သည္။
"သူ႕အစ္ကိုဆီ က အဆက္အသြယ္ ရတယ္လို႔ ေျပာတယ္။ ဂ်ဴေလာ့စ္ အတြက္ လက္စားေခ်ဖို႔ စိတ္အားထက္သန္စြာနဲ႔ မိုင္နဲ အေနာက္ လိုက္ၿပီး မိုင္နဲ ကို သတ္ပစ္ဖို႔ ၾကံစည္ခဲ့တယ္တဲ့။ ဒါေပမဲ့ မိုင္နဲမွာ နဂါးပ်ံ တစ္ေကာင္ ႐ွိေနတာေတြ႕ေတာ့ အႏိုင္ယူဖို႔ အခြင့္မသာဘူးလို႔ ခံစားရတယ္ အဲဒါနဲ႔ လန္႔ၿပီး ထြက္သြားလိုက္တယ္ တဲ့"
မိုင္နဲရဲ႕ မ်က္လုံးမ်ားတြင္ ႐ြံ႐ွာမႈ အျပည့္ျဖင့္ ဟစ္ေအာ္လိုက္သည္။
"ေၾကာင္သူေတာ္"
႐ွဲ႕စန္း က တံေတြးေထြးၿပီး "အႏိုင္ရဖို႔ အခြင့္အလမ္း မ႐ွိတာကေတာ့ အမွန္ပဲ၊ ဒါေပမယ့္ သူ႕ျမင္ကြင္းထဲ ေရာက္လာတာ ကေတာ့ မဟုတ္ဘူး"
ေဟာင္ဖန္း က "စစ္တပ္ဌာနက အရမ္း စည္းကမ္း႐ွိၿပီး တားျမစ္ခ်က္ အမ်ားဆုံးက သီးသန္႔ လက္စားေခ်ျခင္းပဲ။ ဒီအျဖစ္အပ်က္ က သူ႕အေပၚ သက္ေရာက္မႈ ေတာ္ေတာ္ႀကီးတယ္။ ျဖစ္ႏိုင္တာကေတာ့ ရာထူးက ဆင္းရၿပီး ႏိုင္ငံေရးအရ တရားရင္ဆိုင္မႈမွာ ဒဏ္ေၾကး ေပးေဆာင္ရလိမ့္မယ္"
မိုင္နဲက ရယ္ေမာေနေပမယ့္ သူ႕မ်က္လုံးေတြ က ေအးစက္ ေတာက္ပေနသည္။
"ဒါက မွန္တယ္ ဆို႐ုံပါပဲ။ အျမင့္ကို တက္ဖို႔ ေကာ့စ္မိသားစု ကို ေက်နပ္ေစခဲ့တယ္။ ဒီက်႐ႈံးမႈ က သူ႕အတြက္ ျမည္းစမ္းရမယ့္ အရသာတစ္ခုပါပဲ"
သူတို႔က စြမ္းအင္ ျပန္လည္ရယူရန္ Aၿဂိဳလ္ကို ေရာက္႐ွိလာခဲ့ၾကသည္။ အဆင့္ျမင့္ ဆက္ႏြယ္သားရဲ သုံးေကာင္ႏွင့္ ဆိုကိုတို က ေတြ႕ဖို႔ ေမွ်ာ္လင့္မထားေသာ္လည္း၊ ျခဳံငုံၾကည့္ရင္ ဒီခရီး က အရမ္း တန္ဖိုး႐ွိသည္။ ခဏေလာက္ စကားစျမည္ ေျပာၿပီးေနာက္ သူတို႔ႏွစ္ေယာက္အာကာသစခန္းသို႔ သြားကာ ဘရန္႔ဒ္ၿဂိဳလ္သို႔ ျပန္သြားဖို႔ ျပင္ဆင္ၾကသည္။
____________________________________________________
အစ၊အဆုံး PDF File ရပါၿပီ။ ဖတ္ေပးတဲ့ အတြက္ ေက်းဇူးတင္ပါတယ္႐ွင့္ 🤎🤎🤎