( Unicode )
( အပိုင်းတစ်ဆယ့်ခြောက် )
လွန်ခဲ့ပြီးသောအတိတ်ကာလတစ်ခုတွင်ဖြစ်သည်။
* ကိုယ်တို့နှစ်ယောက်တည်း တွေ့ကြမယ်..
ပတ်ခ်ဂျီမင်မပါဘဲ ကိုယ်တို့နှစ်ယောက်
တည်းပဲ *
ထူးထူးဆန်းဆန်းစာတွေဘာတွေပို့လို့ပါလား
ဂျွန်ဘက်က ဒီလိုတွေချိန်းဆိုတိုင်း ရင်ခုန်ရပါတယ်။ဂျီမင်ကို မခေါ်လာစေချင်ဘူးဆိုတော့လည်း မခေါ်သွားရုံပဲရှိခဲ့သည်။
ချိန်းဆိုရာဆိုင်လေးရဲ့ထောင့်ကျကျစားပွဲလေးမှာ ဂျွန်ကအရင်ကြိုရောက်နှင့်နေပြီး ကျွန်မအတွက်နွားနို့ပူပူလေးတစ်ခွက်တောင် မှာပေးထားသေးရဲ့။
တစ်ခုပဲ ကျွန်မနွားနို့မကြိုက်တာကို ဂျွန်မေ့နေခဲ့တာလား။
* လမ်းခွဲရအောင် *
တကယ်ပဲ ကိုယ်ချင်းမစာတတ်တာပဲ...။
* အကြောင်းပြချက်က *
* ငါမင်းကို မချစ်ခဲ့လို့ပဲ *
* ငါသိတယ်လေဂျွန်...အခုလမ်းခွဲချင်ရတဲ့အကြောင်းပြချက်ကိုပဲ ငါကြားချင်တာ *
* ကိုယ်အဲ့လိုတွေ ဖြေရှင်းချက်မထုတ်တတ်တာ မင်းအသိဆုံးပါ *
ထားခဲ့ခံရခြင်းအတွက် အကြောင်းပြချက်ကောင်းတစ်ခုပဲ ကြားချင်တာ။ဒါလေး တစ်ခုပါပဲ။
* ကောင်းပြီလေ..တစ်ခုပဲမေးမယ် ငါ့ကိုရင်ခုန်ခဲ့ဖူးလား *
* အင်း *
* ငါကတော့ တကယ်ချစ်ခဲ့တယ်ဂျွန် *
ဂျွန့်မှာ ကျွန်မနဲ့ပတ်သတ်ပြီး လေးစားမှုနည်းနည်းလေးတောင်မရှိခဲ့ဘူး။
* မင်းမှာ လက်ထပ်ရမယ့်လူရှိရက်နဲ့ ငါ့ကိုတွဲခဲ့တာဘာကြောင့်လဲ ငါသိတယ်။ဒီတစ်ခေါက် လမ်းခွဲတာကိုလည်း မင်းအရင်အဆက်ဟောင်းတွေနဲ့တုန်းကလိုပဲ ပေါ့ပေါ့ပါးပါးနဲ့ကျော်သွားပေးလိုက်ပါ...ဒါဆိုမင်းနဲ့ငါပြသနာတက်စရာမလိုတော့ဘူးလေကွာ *
ဟောကြည့်...ကျွန်မအကြောင်းတွေ သိနေပြန်တာပဲလား။
* စကားတက်တယ်ဆိုတိုင်း နင့်အပေါ်ထားတဲ့ငါ့အချစ်တွေကို ဘာမဟုတ်တဲ့စကားလုံးတွေနဲ့ တန်ဖိုးမညှိ့စမ်းပါနဲ့ *
* ပတ်ခ်ဂျီမင်ကို သိပ်ချစ်မိသွားလို့ မင်းနဲ့လမ်းခွဲမှဖြစ်တော့မယ်ကင်မင်ဟီ *
* ဘယ်လို!! *
ဒါမှ ကျွန်မကမ္ဘာပြိုရတာ အတည်။
* ဟုတ်တယ် ငါမင်းကို ရင်ခုန်ခဲ့ပါတယ်
ဒါပေမယ့်တစ်ခါလေးတောင်ချစ်ကြည့်လို့မရဘူး။ကင်မင်ဟီ..ငါမင်းမဟုတ်တဲ့ ပတ်ခ်ဂျီမင်ကိုပဲ ချစ်ခဲ့တာ။ *
* နင့်စကားကဘာလဲ ဂျွန်ဂျောင်ကု.!။ *
* ကြားတဲ့အတိုင်းပဲ ငါစကားတစ်ခွန်းကို
နှစ်ခါထပ်မပြောချင်ဘူး *
* ဘာလို့ငါလဲ။နင့်ဓားစာခံက ဘာလို့ငါဖြစ်နေရတာလဲ *
* ဆောရီးကင်မင်ဟီ *
ဖြစ်ပျက်ခဲ့သမျှအားလုံးအတွက် သူ့ဘက်ကဖြေရှင်းချက်က ဆောရီးတစ်လုံးတည်းတဲ့
လား။ပေးခဲ့သမျှအချစ်တွေအတွက် ကျွန်မဘက်ကအငမ်းမရသင်ပုန်းချေပေးရလိုက်ရမှာ တရားရဲ့လား။
* နင့်ကစားကွက်တွေပေါ်မှာ ငါကနယ်ရုပ်လေးဖြစ်ခဲ့ရတာပေါ့!ဂျီမင်ကို ချစ်တာဆိုလည်းသူ့ဆီဝန်ခံခဲ့လိုက်ပါတော့လား ဘာလို့ရှုပ်ထွေးအောင် ကစားခဲ့ရတာလဲ! *
မင်ဟီက နာနာကျင်ကျင်ဖြင့် ရင်နင့်စွာပြောလာသမျှကို ဂျွန်နားထောင်ပေးခဲ့ပါတယ်။
အတော်ကြာပြီးနောက်မှ ဂျွန်ကသူမကိုမျက်လုံးလှန်ကြည့်လာခဲ့ပြီး မျက်ခုံးနက်နက်တွေကိုအလိုမကျစွာတွန့်ချိုးပြသည်။
* ငါနဲ့ ပတ်ခ်ဂျီမင်ရဲ့ပြဿနာကြား မင်းကိုဆွဲထည့်လိုက်ရလို့ ငါစိတ်မကောင်းပါဘူး။အဲ့အတွက် မင်းကိုစိတ်ရင်းနဲ့တောင်းပန်တယ် ကင်မင်ဟီ။ *
* ဟားဂျွန်ရယ် အချစ်တွေကိုစော်ကားလိုက်တာ *
* ပတ်ခ်ဂျီမင်နဲ့ဘယ်ယှဥ္လို့ရမလဲ *
* နင်တို့ကြား ဘာတွေရှိခဲ့တာလဲ *
* မင်းသိစရာမလိုပါဘူး *
ဒီလိုဆိုတော့လည်း နေပေါ့။
* ဂျွန်ဂျောင်ကု..ငါတို့လမ်းခွဲကြတာမယ် *
ဘယ်လောက်ချစ်ချစ် ယောကျာ်းတစ်ယောက်ရဲ့အထားခဲ့ခြင်းကိုခံရဖို့အထိတော့ ကျွန်မမာနကခွင့်မပြု၍ ဒီလမ်းခွဲခြင်းကိုကျွန်မဘက်ကအရင်အဆုံးသတ်မယ်ဂျွန်..။
* ကောင်းပါပြီ...မင်းလည်းဂရုစိုက်ပြီးပြန် *
ရင်ထဲကအချစ်ကိုပဲမျှော်ကိုးတောင့်တခဲ့တာမို့ ဂျွန်..ကျွန်မကို ဘယ်နည်းနဲ့မှမသနားပါနဲ့။
* နောက်ဆုံးအနေနဲ့ တစ်ခါလောက်ဖက်ထားပေးပါဦးလား ဂျွန် *
ကားထဲဝင်တော့မည့်ဆဲဆဲဂျွန့်ခမျာ
သူမကြောင့်နဲ့ နောက်ကြောင်းပြန်လှည့်လာခဲ့ရပြီး သူမကိုအင့်ခနဲနေအောင် ဆွဲဖက်ပေးလာခဲ့သည်။အမှတ်သညှာနည်းတယ်ပဲဆိုဆို
တကယ်ခွဲရတော့မယ့်အခိုက်မှာ ကျွန်မမခံစားနိုင်ခဲ့ဘူး။
* တောင်းပန်ပါတယ်ကင်မင်ဟီ *
ထိုနေ့က တစ်ယောက်သူရဲ့ကမ္ဘာမှာတိမ်ညိုတွေလွှမ်းခဲ့ရသည်လေ။
••••••• လူဆိုးကောင် •••••••
သဝန်တိုတယ်ဆိုတာ ချစ်လို့ပါ...
* မောင့်ဂျီမင် *
မောင့်ရဲ့ရွှတ်နောက်နောက်အပြောကိုကြားတယ်။ လှည့်မကြည့်ချင်လို့လှည့်မကြည့်တာပါဆိုတဲ့အချိုးနဲ့ ဒေါက်တာသည်မောင့်ကို
ဂရုမစိုက်ခဲ့ပေ။
* မောင့်ကလေးလေး *
တစ်နည်းမရရင် တစ်နည်းနဲ့ချော့မယ်လို့
တေးထားသလားမသိ။မောင်ဟာ သွက်လက်နေခဲ့ပြီး ရွှင်ရွှင်ပျပျဟန်ပန်ကလေးနှင့် ဆက်၍ချော့နေဆဲ။
* နှုတ်ခမ်းမစူထားနဲ့။လူတွေရှိနေလည်း
မောင်အသည်းယားလာရင် ဖက်နမ်းပစ်မှာ *
* အရှက်မရှိ!! *
ရွှတ်။
မောင်ဟာ သိပ်ယုတ်မာလွန်းသည်။
* ဂျွန်ဂျောင်ကု!! *
* ဗျာ *
* မင်းသွား...ငါ့ရှေ့မလာနဲ့ *
* ဟော ဘလိုင်းကြီးပါလားဗျ။မောင်ဘာလုပ်မိလုပ်တုန်း *
* သွားဆို သွားတော့ *
ဂျူတီကုတ်လေးနဲ့ဂျီမင်က သိပ်သိပ်ချစ်ဖို့ကောင်းနေ၏။လက်သီးလေးနှစ်ဖက်ကိုကျစ်ခနဲစုတ်ထားရှာပြီး မောင့်လက်မောင်းတွေကို
မှီသလောက်ထုရှာသေးသည်။မောင့်ရဲ့အစလွန်မှုကြောင့်နဲ့ ဂျီမင်မျက်နှာလေးဆိုရဲရဲလေးပင်ဖြစ်နေခဲ့ပြီ။
* မအော်ပါနဲ့ မောင်ဝမ်းနည်းရတာထက်
မောင့်ကလေးလေးရဲ့ အသံအိုးလေးနာသွားမှာစိုးလို့ *
* ပလီပလာတွေမလိုဘူး *
* မောင် မပလီရပါဘူး...မောင့်ဂျီမင်ကထွက်သွားဆို မောင်သွားပါ့မယ်။ဟော့ဒီလို ခေါင်းငိုက်စိုက်ချပြီးတော့ပေါ့..။*
တကယ်သရုပ်ဆောင်စွမ်းရည်ကတော်ရုံစကေးတော့မဟုတ်ဘူး။
* သွားတာတောင် ဒရမ်မာက ချိုးသွားသေးတယ် ...ကြွကြွ အမြင်ကပ်လွန်းလို့ *
ဒီရက်ထဲခြေလှမ်းစိတ်နေတဲ့ မောင်တို့နှစ်ယောက် ပြန်များအဆင်ပြေသွားကြပြီလား?...။မင်ဟီရင်ခွင်ထဲ မောင်ပြန်ခိုဝင်ချင်နေပြီလား?...။ငါ့ကိုထားခဲ့တော့မှာလား...?
အဲ့လိုအတွေးတွေက ငါ့ကိုအသက်ရှုပိုကြပ်စေတဲ့မောင်ရဲ့။ပြီးတော့ ငါ့ကိုမချစ်တော့မှာ ငါကြောက်တယ်။
••••••• လူဆိုးကောင် •••••••
စီနီယာနဲ့အတူ ညနေစာထိုင်စားနေပေမယ့်
သူ့စိတ်အလုံးစုံကတော့ မောင့်ထံပါး၌သာ။
စီနီယာကို သူရင်မခုန်တော့တာကြာပြီ။မောင့်ကိုချစ်မိပြီဆိုကတည်းက စီနီယာကိုအတတ်နိုင်ဆုံးရှောင်ရှားဖို့ ဆုံးဖြတ်ချက်ချနှင့်ခဲ့ပြီးသား။မောင်ကလွဲရင် အားလုံးသောလူတွေကိုမေ့ထားနိုင်၍ မောင်လိုတော့ မပြတ်မသားတွေမလုပ်တတ်ဘူး။
အခုလိုညစာအတူစားဖို့ဖြစ်လာတာကလည်း
စီနီယာ ဂျူနီယာဆိုတဲ့ဆက်ဆံရေးအပြင်မပိုဘူး။စီနီယာက ကိုယ့်လေးစားအားကျရတဲ့ဆရာတစ်ယောက်လိုဖြစ်နေတော့ ခါးခါးသီးသီးတွေလည်း ရုပ်ပျက်အောင်မငြင်းချင်တာလည်းပါတယ်။ဒါပေမယ့် စိတ်တွေသည်မကြည်လင်နေခဲ့တာတော့အမှန်ပဲ။
* စားလေ ...ဂျီမင် ကြိုက်ရဲ့လား *
အခုထိအရာမယွင်းသေးတဲ့ အမဲsteakပန်းကန်ကိုကြည့်ရင်း စီနီယာက
နူးညံမှုအပြည့်နဲ့ငေးစိုက်ကြည့်လာသည်။ဂျီမင်ကတော့ခပ်အေးအေးအပြုံးလေးတစ်ခုနဲ့ ခေါင်းညိတ်ပြရုံလေးသာ လုပ်သည်။
* ကြိုက်ပါတယ် *
* ကိုယ်..တစ်ခြားဟင်းပွဲ ထပ်မှာပေးရမလား *
* ဟင်?ဘာလို့လဲ။ကျွန်တော်ကြိုက်ပါတယ် *
* ကလေးလေးအဆင်ပြေရင်ပြီးတာပါပဲ *
ကလေးလေးတဲ့။ထိုနမ်စား ထိုစကားစုကိုစီနီယာဘက်က ဘယ်လိုသဘောမျိုးနဲ့အေးအေးလူလူပြောထွက်နိုင်ရတာလဲ။
ခံစားချက်ကြီးက မသက်သာနေလိုက်တာ။စိတ်အိုက်တယ်။ဒီလိုအခေါ်အဝေါ်တွေနဲ့နေသားမကျချင်တော့ဘူး။
မောင့်နှုတ်ဖျားကနေတဖွဖွခေါ်တတ်တဲ့
"မောင့်ကလေးလေး "ဆိုတဲ့နာမ်စားကိုပိုပြီးသဘောကျသည်။ကိုယ့်ရဲ့အရာရာကမောင့်နဲ့မှ နေသားတကျရှိတော့တာ။
ဒါတွေကို မောင်မသိနိုင်ပါဘူး။ငါ့ရင်ထဲကိုလည်းမောင်မြင်အောင်မကြည့်တတ်ခဲ့ဘူး။မောင်သိတာ အဆက်ဟောင်းတွေနဲ့ဘယ်လိုအကွက်ရွှေ့ရမလဲ?ဘယ်လိုစကားတွေနဲ့
လူဘယ်နှယောက်ရဲ့အသည်းကိုခြွေရမလဲ?မောင်ဒါတွေပဲသိတာမလား...?။
ကိုယ့်ထံကျရောက်လာတတ်တဲ့ စီနီယာ၏
တစ်ချက်တစ်ချက်အကြည့်တွေကြား လူကို တကယ်နေရခက်စေသည်။အဲ့အကြည့်တွေကစိတ်ကျဥ္းကြပ်စေတယ်။ဝိုင်နီလေးကိုအရသာခံကာသောက်လိုက် steakစားလိုက်နဲ့တည်ငြိမ်လွန်းနေသည့်စီနီယာနှင့်ဆန့်ကျင်စွာပဲသူကတော့ ပျင်းရိပျင်းရွဲ့နဲ့သာလက်ကလေးများကလှီးဖြတ်ေနမိသည်။
* မောင်! *
လွှတ်ခနဲ ထွက်သွားမိတဲ့နာမ်စားလေးကြောင့်
စီနီယာကမော့ကြည့်လာခဲ့သည်မို့ ရှက်ဝဲဝဲလေးပြုံးပြမိသွားသည်။သူတို့ထိုင်နေကြတဲ့ဆိုင်ရဲ့လမ်းမတစ်ဖက်ခြမ်းတွင် မောင့်ကားကမြင်လိုက်ရတာကြောင့်ပါ။မောင်ဘယ်ကိုလာတာလဲ။ဘယ်သူနဲ့လာတာလဲ။
* ဟို..ဟို အပြင်မှာတော်တော်လေး မှောင်နေပြီနော်...အချိန်တွေကုန်တာမြန်လိုက်တာ *
* ဟုတ်သား..ဂျီမင်ပြန်ချင်နေပြီထင်တယ် *
* အဲ့လိုမဟုတ်ပါဘူး...စားလို့မှမပြီးကြသေးတာကို စီနီယာဆက်စားပါ *
စီနီယာကသူဘာပဲပြောပြော ခေါင်းညိတ်မယ်လို့ပဲ တွေးထားသလားမပြောတတ်ပေမယ့်...
အခုလည်းစီနီယာကခေါင်းတညိတ်ညိတ်ဖြင့်
နောက်ထပ်စကားတွေထပ်မဆိုလာတော့ဘူးလေ။သူ့မှာသာ မောင့်ကားကိုခိုးခိုးကြည့်နေရတဲ့အဖြစ်။
သိပ်မကြာ..ခပ်သုတ်သုတ်ပြန်ပြေးထွက်လာသောမောင့်ပုံရိပ်ကိုမြင်လိုက်ရုံနှင့်တင် သူ့နှုတ်ခမ်းတွေမှာပြုံးမိသွားသည်။မောင့်လက်ထဲမှာကိုင်ထားတဲ့ ကျူးလစ်တစ်ခက်ကိုကြောင့် ကြိတ်ပျော်ရပြန်သည်။
ကျူးလစ်ဝါဝါတွေနဲ့ မျက်နှာလိုမျက်နှာရလာလုပ်ဦးမယ့်မောင်က လူလည်ပဲ။
မောင်ကားပေါ်မတက်ခင်မှာ ကားခေါင်းခန်း၏မှန်တံခါးဟာလျောခနဲကျဆင်းသွားခဲ့ပြီး ရင်းနှီးလွန်းသည့်မျက်နှာတစ်ခုကို မြင်လိုက်ရပြီးနောက် ဇွန်းတွေကိုင်ထားဆဲသူ့လက်တွေမှာ ပိုတင်းကြပ်သွားရသည်။
မင်ဟီနဲ့မောင်.....။
ဖြူဖြူသွယ်သွယ်လက်ချောင်းလေးများနှင့်လက်ဖဝါးသေးသေးလေးတွေပင် နီရဲရသည်အထိတွေ သူဇွန်းကို အားနဲ့မာန်နဲ့ဖိထားခဲ့မိပုံရ၏။ထွက်သွားရာကားနောက်ကိုပဲ လိုက်ကြည့်နေမိပြီး သူ့ရင်ထဲ ဝမ်းနည်းရသည်။
အနည်းငယ်ပျက်ယွင်းစပြုလာတဲ့မျက်နှာလေးကိုစီနီယာလည်း သတိထားမိမှာပါ။
စီနီယာက သူစားလက်စကိုရပ်တန့်လိုက်ပြီး ဂျီမင်အားတည့်တည့်စိုက်ကြည့်လာကာ ထပ်မံ၍အကဲခတ်နေပြန်သည်။
* ဗိုက်ဝရဲ့လား *
* ဟုတ်ကဲ့ ဗိုက်ကိုတင်းကားသွားတာပဲ ဟီး *
ဒါဟာ အသက်မပါတဲ့အပြုံးတစ်ခုမှန်းရိပ်စားမိခဲ့ပေမယ့် စီနီယာက သူ့ထုံးစံအတိုင်းဘာတစ်ခွန်းမှ ကောင်း၏ဆိုး၏
ပြောခြင်းမပြုဘဲ အိမ်ရှေ့အထိပြန်လိုက်ပို့ပေးခဲ့ပါသည်။
•••••••• လူဆိုးကောင် ••••••••
တိုက်ခန်းကိုပြန်လည်ရောက်ရှိလာခဲ့ပြီး
မီးမှောင်မှောင်မောင့်အခန်းရှေ့မှာ ငြိမ်နေခဲ့မိသေးတယ်။မောင်ပြန်မရောက်သေးဘူးထင်တယ်။ရည်းစားဟောင်းနဲ့အလည်လွန်ပြီး ငါ့ကိုချိုချိုအီအီလာပြောဖို့တောင်မေ့တတ်သွားပြီပေါ့။
စိတ်ဆိုးစရာတွေထပ်တွေးမနေတော့ဘဲ
ကိုယ့်တိုက်ခန်းထဲ ငြိမ်နေလိုက်ဖို့ပဲစိတ်ကူးမိ၍လျှို့ဝှက်နံပါတ်ကိုအမြန်ရိုက်ထည့်လိုက်ရတော့သည်။တိုက်ခန်းလေးထဲပင်မဝင်ရသေး မောင့်ရဲ့ခုနှစ်ချီသံ၊အသံပြဲကြီးကိုကြားလိုက်ရသည့်မို့ တစ်ကိုယ်လုံးတုန်သွားရသည်။
* မောင့်ကလေးလေး!!ပြန်ရောက်လာပြီ *
* လန့်လိုက်တာ!!။ ငါ့အခန်းထဲဘာလုပ်နေတာလဲ *
မောင်က ဝမ်းသာအားရမျက်နှာဖြီးဖြီးကြီးနှင့် ဆိုဖာပေါ်ကနေလွှားခနဲ ခုန်ကျော်လာလေပြီး
အသင့်ဖျော်ထားပုံရသော သံပုရာတစ်ခွက်ကိုပြေးယူလိုက်ကာ သူ့အနားကို အမြန်ဆုံးနှုန်းနဲ့ရောက်လာခဲ့သည်။
* မောင့်ဂျီမင်လေး လန့်သွားတာလား...အမောပြေသောက်လိုက်ဦး *
မောင့်ရဲ့ပြုံးနေတဲ့မျက်နှာကြီးကိုမြင်ရလေ
ပိုအလိုမကျဖြစ်ရလေပဲ။ခက်တယ်
မောင်!မင်းနဲ့တော့ခက်နေပြီ။မျက်နှာရူးဖို့ကလွဲရင် ဘာတစ်ခုမှသိတာလည်းမရှိပြန်ဘူး။
ဒေါက်တာကမှုန်ကုပ်ကုပ်လေးစိုက်ကြည့်သည့်အခါ မောင့်မှာနှုတ်ခမ်းလေးတွေစူရသည်။ဂျီမင်နဲ့အပြိုင် မောင်ကပါ စူပုတ်နေတာတော့မဟုတ်သေးပါဘူး။မောင့်အနေနဲ့
နှုတ်ခမ်းစူရတာက ဂျီမင်မျက်နှာမကောင်းလို့ပါ။
ထို့ကြောင့် ဒေါက်တာဘာလို့မျက်နှာမကောင်းရသလဲတွေးတွေးပြီး မောင်ဟာ
သူကိုယ်သူစိတ်ဆိုးနေခဲ့သည်။
* မသောက်ချင်ဘူး ဝေးဝေးသွား *
* လိမ္မာပါတယ်ကွာ နည်းနည်းတော့သောက်လိုက်နော် ပင်ပန်းလာတဲ့ဟာကို *
* မင်းရုပ်ကြီးကိုမြင်ရတာ ပိုပင်ပန်းတယ် *
ငြိမ်ကျသွားတဲ့မောင့်ကို မျက်လုံးလေးတစ်ချက်သာလှန်ကြည့်ခဲ့ပြီး ဒီငတုံးလိုကောင်မောင့်အားလျစ်လျူရှုပစ်ပြီး ကိုယ့်အိပ်ခန်းထဲဝင်ခဲ့လိုက်တော့သည်။
အခန်းထဲရောက်မှသက်ပြင်းချပါမယ်လို့ ဆုံးဖြတ်ချက်ချခဲ့လို့လားမသိဘူး...စကားနားထောင်လွန်းသူကိုယ့်မောင်ဟာနောက်ကလိုက်ဝင်လာတာကြောင့် သက်ပြင်းချတဲ့ဆီကို မရောက်လိုက်ရတော့ပါဘူး။
အပေါ်ထပ်အနွေးထည်လေးကို ဆွဲချွတ်ပစ်တော့မည့်စဲစဲ ဂျီမင်လက်တွေဟာ မောင့်စကားတစ်ခွန်းကြောင့် လှုပ်ရှားဖို့အနိုင်နိုင်ဖြစ်ရလေပြီး မောင့်ကိုလှည့်ထုပစ်ရန်လက်ရွယ်ရှာသည်။
* မောင် အင်္ကျီကူချွတ်ပေးမယ် *
* ဂျွန်ဂျောင်ကု!! *
* မင်ပင်ပန်းနေတယ်ဆိုလို့ပါ မောင့်မှာတစ်ခြားအတွေးမရှိပါဘူး..။မောင့်စိတ်ကမည်းညစ်နေရင်တောင် မောင်ကတော့ရိုးသားပါတယ် *
လက်လေးနှစ်ဖက်ကိုရှေ့မှာထက်ရက်လေးယှက်ထားပြီး မောင်ကမျက်နှာငယ်လေးနဲ့
သူကတော့ ဘီလူးရုပ်နဲ့ပေါ့။ဒေါက်တာက
ခါးပေါ်လက်ထောက်ထားမိပြီး မောင့်ကိုကြည့်လိုက်၊အံတခဲခဲဖြစ်ရလိုက်နဲ့ မျက်စောင်းထိုးလည်းမပျက်စေခဲ့ရဘူး။
* အခန်းထဲကထွက်သွား *
* မောင်ဘာတွေမှားနေလဲမသိပေမယ့် ဂျီမင်ကျေနပ်အောင် မောင်ချော့ချင်တယ် *
* ဟန်ဆောင်တာတွေမလိုအပ်ဘူးဆို...အင်္ကျီလဲချင်လို့ ထွက်သွားပေး *
မောင့်မျက်နှာကို မကြည့်ချင်တော့၍ ခါးခါးသီးသီးနှင်ပစ်လိုက်တယ်။အဲ့လိုဆိုတော့လည်း စိတ်ကမကောင်းပြန်ဘူး။သူ့စိတ်ကဘာတွေဖြစ်ချင်နေတာလဲ?ဘာလို့အရမ်းတွေ အကဲဆတ်မိနေသလဲ?ဝေခွဲမရတော့ဘူး။
သူအခန်းထဲကပြန်ထွက်လာတော့ ဆိုဖာပေါ်မှာခေါင်းငိုက်စိုက်ချပြီး မထုံတတ်ထေးမျက်နှာလေးနဲ့ ငြိမ်ငြိမ်လေးထိုင်နေရှာတဲ့
မောင့်ကြောင့် ခုဏကလုပ်ရပ်အပေါ်အားနာမိသွား၏။အမှားတွေချည်း ထပ်ပြောမိမှာစိုးလို့စကားတွေလည်းအများကြီးမပြောချင်သေးဘူး။
ထို့ကြောင့် မောင့်အားကွေကွင်းခဲ့လိုက်ပြီး
ထမင်းစားပွဲပေါ်မှာ မောင်တင်ထားခဲ့တဲ့
သံပုရည်ခွက်ကို တစ်လျိုးတည်းယူသောက်ပစ်လိုက်ပြီး ခွက်အလွတ်ကိုဘေစင်မှာဝင်ဆေးနေလိုက်သည်။ခွက်ဆေးနေရင်းနဲ့မှ
သူ့နောက်ကျောဘက်မှာနေရာဝင်ယူလာတဲ့
မောင့်ကို လှည့်ကြည့်လိုက်မိပြီး ခပ်မြန်မြန်ပဲ
အကြည့်တွေကိုလွှဲလိုက်ရသည်။
ဘာလို့လာဖက်နေရတာလဲ။
မောင့်မျက်နှာကြီးက ဘာလို့အရမ်းကပ်ထားရတာလဲ။ငါတို့နမ်းမိကြတော့မလို့။
ပခုံးပေါ် ထိတွေ့လာတဲ့ အထိအတွေ့နွေးနွေးနဲ့ခါးပေါ်ကိုရောက်ရှိလာတဲ့ မောင့်ရဲ့အထိအတွေ့တွေဟာလည်း စိမ်းသက်မနေပြန်ပါဘူး။သူ့ခါးကို မောင့်လက်တွေကပွေ့ဖက်လာသလို၊မောင့်မေးချွန်ချွန်ဟာလည်း သူ့ပခုံးထက်မှာနေရာယူလာသည်။
* လာမထိနဲ့ *
* ခဏလေးပဲ။မောင်ဖက်ထားချင်လို့ *
* ငါရိုက်မှာနော် *
လည်ပင်းတစ်ဝှိုက်အား မထိခလုတ်ထိခလုတ်နဲ့လာရောက်ကျီစယ်နေတဲ့မောင့်အသက်ရှုသံလေနွေးမျှမျှလေးက သူ့ခန္ဓာရှိကြက်သီးဖုလေးတွေကိုပါ နိုးကြားစေသည်။
မောင့်လက်တွေကြားကနေ ရုန်းထွက်ပစ်လိုက်ပြီး မောင့်ရင်ဘက်ကိုခပ်ဖွဖွတွန်းထားမိရင်း မောင့်မျက်ဝန်းတွေကြား ရူးရူးမူးမူးလမ်းပျောက်ရပြန်သည်။
* မောင်မှားခဲ့ရင် ဂျီမင်ကျေနပ်အောင် တောင်းပန်ပါ့မယ်...ဒူးထောက်ပြီးတော့ပဲဖြစ်ဖြစ် *
* အပေါ်ယံတွေမပေးနဲ့ ငါမလိုချင်ဘူး *
* မောင့်စိတ်ရင်းပါ..။*
* စိတ်ကုန်ရင်လည်းပြော ဝမ်းနည်းမယ့်ထဲ
ငါမပါဘူးမောင်...အဲ့ဒီအစား ဟန်ဆောင်ပန်ဆောင်တွေတော့လာမလုပ်နဲ့ ငါအရွံဆုံးပဲမို့ *
* ချစ်ဖြင့်တောင်မချစ်ရသေးဘူး မောင်စိတ်ကုန်တာဖြစ်ပါ့မလားဗျာ။မောင့်ကိုဆို
မင်းမယုံဘူး။မောင်မှာတော့ချစ်လိုက်ရတာမှ ဂျီမင်ကို မောင်တကယ်ချစ်တာပါ *
ချိုချိုအီအီမောင့်အပြောတွေကြောင့် သူ့နှုတ်ခမ်းလေးမှာတည်လို့မရအောင်ပင် အပြုံးမြစ်လေးဖြစ်ထွန်းခဲ့ရသည်။မောင့်အထိအတွေ့ကြားကနေ ရုန်းမထွက်ချင်ပါဘူး။မောင့်အငွေ့အသက်တွေကိုဘယ်လောက်ထိ ငံလင့်ခဲ့ရတာမို့လို့လဲ။
ဂျီမင်မျက်နှာထက် အပြုံးနုနုလေးတွေဟာခညောင်းလျက်။မောင်ကလည်း မြတ်နိုးမဝစွာငုံကြည့်နေခဲ့ပြီး ပုရွတ်ဆိတ်တက်စေမယ့်စကားတွေချည်းသာ ရွေးဆိုသည်။မောင်သိပ်လည်လွန်းတယ်။
* ဘယ်လိုတွေလုပ်နေတာလဲ ဖယ်စမ်းပါ *
* မောင်ချော့ဦးမှာ..ဒီတစ်ညလုံးမအိပ်ဘူး
မောင်အတည်ချော့မှာ *
* မဟုတ်လို့ကတော့ မင်းကို ကတုံးတုံးပစ်မယ် *
* အသေပါသတ်ပစ်လိုက်ကွာ *
တိုက်ခန်းလေးထဲမှာ ရယ်သံသဲ့သဲ့လေးနှစ်ခုဟာ မတိုးမကျယ်ထွက်ပေါ်လာခဲ့၏။ဂျီမင်သွားရာနောက်က မောင်ကခါးဖက်ထားရက်နဲ့ ထပ်ကြပ်မကွာလျှောက်လိုက်ပြန်သည်။တစ်ချက်တစ်ချက်ဆိုလည်း ပခုံးသားနုနုလေးကို တဖွဖွနမ်းရင်းမောင်က ခွေးပေါက်လေးလိုချွဲပြန်သေးတာပါ။
* အရင်လူတွေ ရည်းစားဟောင်းတွေကိုမပြတ်နိုင်လည်းပြောဦး။ငါက ဆွဲထားမယ့်ကောင်မဟုတ်လို့ သွားလို့ရတယ်နော် *
* အဲ့လိုတွေမရှိပါဘူးဆို မောင့်ဂျီမင်ကလည်း *
မောင့်နှုတ်ခမ်းဟာ စူခနဲထွက်လာပြီမို့ ဘေးတိုက်အနေအထားနဲ့တောင် အဲ့ဒီဘဲနှုတ်ခမ်းထော်ထော်ကို အတိုင်းသားမြင်နေရသည်လေ။မောင်ကတကယ်ပါပဲ။မောင်ကလေးဆန်လွန်းပါသည်။
* ကြိုပြောထားတာမောင်..!ဘာဖြစ်ဖြစ်
ပွင့်ပွင့်လင်းလင်းပေါ့ ငါ့ကိုမဖုံးကွယ်ထားနဲ့နော် ငါမိလို့ကတော့ ဇာတ်လမ်းအပြတ်ပဲ *
* ဘာဇာတ်လမ်းမှလည်းမရှိဘူး။ဘယ်ရည်းစားဟောင်းမှလည်း မလွမ်းဘူး။ဘယ်သူ့ကိုမှလည်းမချစ်ဘူး။မောင့်တစ်သက်လုံး
ချစ်နေခဲ့ရတာ မင်းပါပဲ ဂျီမင်ရယ်။မောင်ချစ်တာ မင်းတစ်ယောက်တည်းပဲရှိတယ် *
ရင်ခွင်ထဲရောက်နေတဲ့ကိုယ်လုံးလေးကို မောင်က တိုးညှစ်ကာပိုဖက်တွယ်ပစ်လိုက်ပြီး
ပါးလေးတစ်ဖက်ကို တရှုံ့ရှုံ့နမ်းရှိုက်လာပြန်ကာ ဂျီမင်ကို ရင်ခွင်ထဲမှ တယုတယပြန်ထုတ်ပေးပြီးနောက်မှာတော့ မောင်ကသူ့ရင်ဘက်ကိုတဖြန်းဖြန်းပုတ်ပြလေပြီး သိပ်ချစ်ကြောင်းတွေပြောပြလာသည်။
* မယုံဘူး။အဲ့လိုတွေလုပ်နေလို့ပိုပြီးမယုံတာ *
ဒါ ပတ်ခ်ဂျီမင်တို့မူတာကွ။
ခပ်ပြုံးပြုံးမျက်နှာလေးနဲ့ ဂျီမင်ကို မောင်ကမီးဖိုခန်းလေးထဲမှာထားပစ်ခဲ့ပြီး ခဏဟုဆိုကာ အိမ်ရှေ့ဆီလှစ်ခနဲပြန်ပြေးသွားခဲ့သည်။မောင်ဘာတွေလုပ်မလဲမသိပေမယ့် ဂျီမင်ကတော့အူတူတူလေးနဲ့ကျန်နေခဲ့ရပြီး ပျာယာခတ်နေသူမောင့်ကိုသာလိုက်ကြည့်နေခဲ့ရသည်။
မျက်နှာထက် အပြုံးကြီးဆင်မြန်းထားလျက်ရှိသောမောင်က သူ့အနားပြန်ရောက်လာတာနဲ့ တစ်စုံတစ်ခုကို ကမ်းပေးလာသည်မို့ဂျီမင်ခမျာ မျက်လုံးလေးတွေဝိုင်းစက်သွားရပြီး
အရည်ကြည်လေးတွေပင်စို့လည်နေခဲ့ရပါပြီ။
* မောင့်ကလေးလေးအတွက်...မောင်ချော့ဖို့တစ်ခါလေးတောင်မမေ့ခဲ့ရပါဘူး။မောင့်ခေါင်းထဲရော မောင့်အသည်းထဲရော မောင့်မှတ်ဉာဏ်ထဲမှာရော မင်းကပဲစိုးမိုးထားခဲ့တာပါမောင်ဂျီမင်... မင်းကပဲ မောင့်ကိုလွှမ်းမိုးထားခဲ့တာ။မောင့်အရာရာက မင်းမှမင်းပါပဲ။မောင့်အသက်ထက်တောင်ပိုချစ်ရသေးတယ်ဗျ *
* မောင်...! *
ဂျီမင်သည် မျက်ဝန်းထဲကကျလာတော့မည့်စဲစဲမျက်ရည်စလေးတွေကို မျက်တောင်ရှည်အကူတွေဖြင့် အသာအယာဖုံးကွယ်ပစ်လိုက်ပြီး မောင့်လက်ထဲက ကျူးလစ်ဝါဝါတစ်ခက်ကို မဝံမရဲဖြစ်စိတ်နဲ့လက်ခံယူလိုက်ရင်း အင့်ခနဲမြည်အောင်ရှိုက်ခါသည်။
မောင့်ကိုအထင်လွှဲမိသွားခဲ့တာ။မောင့်မေတ္တာတွေကိုရော အထင်လွဲခဲ့မိတယ်။
ဂျီမင်က ခြေဖျားလေးကိုအသာထောက်လှည့်ပြီး မောင့်ရဲ့ပခုံးကျယ်တွေမနေ မောင့်ကိုဆွဲဖက်ပစ်လိုက်သည်နှင့် မောင့်လက်ဝါးကြီးကြီးတွေဟာ သူ့ခါးပေါ်ကိုပြန်သက်ရောက်လာခဲ့ပြီး စွေ့ခနဲပွေ့ချီပစ်လိုက်သည်လေ။
အရပ်ကွာဟမှုကြောင့် သူ့ခြေထောက်လေးတွေက လေထဲမှာဝဲပျံသွားရသလို၊မောင်ကသူ့ခါးလေးကနေပွေ့ချီထားရင်း တစ်ပတ်လည်တောင်လှည့်ပစ်ပြီးယိမ်းထိုးပစ်လိုက်သေးတာ။ဒီနေ့ကျမှ မောင်တော်တော်ကဲနေတာ..။
မောင်က ရင်းခေါင်းသံကြီးနဲ့တဟားဟားအော်ရယ်လာခဲ့ပြီး နားရွက်ရဲရဲလေးနားကို
နှုတ်ခမ်းပါးဖြင့်မထိတထိလေးထိကပ်လာခဲ့ပြီး ထိုသို့ရိသဲ့သဲ့စပြန်၏။
* မောင့်ကို ပြန်ချစ်ပြီလား...ပြုံးနေပုံထောက် ရင် မောင်ဒီလိုပဲယူဆလိုက်ရတော့မှာနော် *
* မောင်က ငတုံးကောင်ပဲ*
x x x x x x x x x x x x x x x x x x x x x x
( ဖတ်ပေးကြသူအားလုံးကို ကျေးဇူးတင်ပါသည်။)
x x x x x x x x x x x x x x x x x x x x x
.
.
.
.
.
( Zawgyi )
မင်ဟီသည် ခေါင်းလျှော်ပြီးခါစမို့ မခြောက်သေးတဲ့ဆံနွယ်ရှည်တွေအား သပတ်တစ်ထည်အကူဖြင့် ထိုင်သုတ်နေခဲ့သည်မှာမီနစ်ပိုင်းအချို့ပင်ရှိလေပြီ။သူမ၏နှုတ်ခမ်းသားလေးထက်ရှိ အပြုံးလေးတွေမှာနူးနူးညံညံပါပဲ။
သီချင်းလေးညဉ်းလိုက် လေလေးချွန်လိုက်နှင့်ကာရံညီနေတဲ့သူမဟာ ဘယ်တစ်နေရာမှာမှ မိန်းမသားဆန်မနေပါဘူး။မိန်းကလေးမပီသမှန်းလည်းသိတယ်။ဒါပေမယ့် သဘောကျတဲ့လူတွေကတော့ သဘောကျနေဦးမှာပဲလေ။ကိုယ့်ရှိပြီးသားပုံစံကို အတင်းလုပ်ယူနေစရာမလိုပါဘူး။
ဂျွန်သဘောကျဖို့ပဲလိုတာပါ...ကျန်တာအရေးမပါဘူး အေးဆေးပဲမလို့ လျှော်ထားလိုက်ပြီ။
ဒီရက်ထဲ ဂျွန်နဲ့ပိုရင်းနှီးလာတယ်နော်။ညတိုင်းလည်း ဖုန်းတွေခေါ်တတ်သေးတဲ့အပြင်အိမ်ရှေ့ထိရောက်ရောက်လာတတ်တာတွေကဘာကြောင့်များလဲ?ကျွန်မကို လွမ်းလို့များလားလို့..မချင့်မရဲအတွေးတွေဖြင့် ဗြာများနေရတယ်ကွယ်။အရင်ကထက်လည်း ဂရုတစိုက်ရှိပေးလာတာဘာကြောင့်များလဲ?မဟုတ်မှ...ဂျွန် ကျွန်မအပေါ်ခံစားချက်တွေရှိနေပြီမလားဟင်။
ဒီအခြေအနေလေးကို အပျက်အစီးမခံနိုင်ဘူးဂျွန်ရယ်။ဂျီမင်ပြောသလို ကျွန်မလူရွေးမမှားခဲ့ကြောင်း ဂျွန့်ဘက်ကသက်သေပြပေးရင် အရမ်းကောင်းမှာပဲ။ဂျွန်မျက်နှာမငယ်ရအောင် ကျွန်မ ဂျွန့်ကိုလုံလုံလောက်လောက်ချစ်ပေးပါ့မယ်။
တစ်ကိုယ်တော်အတွေးတွေကြား ကျွန်မသည်သာဇာတ်ညွှန်းရေးသူဖြစ်ခဲ့ပြီး ကျွန်မသည်သာ ဇာတ်လိုက်အဖြစ် ကချင်ခဲ့တယ်
ဂျွန်..။အတ္တတွေကြီးသွားခဲ့ရင် ဂျွန်ကပဲနားလည်ပေးပါ။ကျွန်မဗီလိန်တစ်ယောက်
မဖြစ်ပါစေနဲ့ ။
သူမ၏မီးလင်းသွားတဲ့ဖုန်းကို မှန်မျက်နှာပြင်မှတစ်ဆင့်မြင်တွေ့လိုက်ရပြီးနောက် ခုတင်ပေါ်က ဖုန်းလေးကိုလက်လှမ်းလိုက်ရင်း ရေသီးတစ်ချို့သီးနေဆဲဆံနွယ်တွေကို လက်ချောင်းများနှင့်ထိုးဖွပစ်သည်။
တည်းပဲ *
ဂျီမင်မသိအောင် အိမ်ကနေ လစ်ထွက်ခဲ့ပြီး
ဂျွန်ချိန်းဆိုရာနေရာဆီ ကျွန်မ မရရအောင်သွားခဲ့တယ်။အဲ့ဒါကတော့ ထုံးစံအတိုင်း သွားနေကျ ကော်ဖီဆိုင်လေးကိုပါပဲ။ဂျွန်ဘက်က ဘယ်တော့မဆိုလူမမြင်ကွယ်ရာမှာတွေ့ဖို့မချိန်းတတ်ဘူးလေ။
ရုပ်ရှင်ရုံမဟုတ်လည်း ကော်ဖီဆိုင်တစ်ဆိုင်ဆိုင်ပေါ့..။ချစ်သူဖြစ်ပြီးကြကတည်းက ဂျွန်နဲ့ကျွန်မရဲ့ ဒိတ်လုပ်မှုတိုင်းသည် လူမမြင်ကွယ်ရာမှာတစ်ခါလေးတောင်မတွေ့ခဲကြဖူးပါ။အဲ့လိုတွေ စည်းစောင့်တတ်တဲ့ဂျွန်ကိုမှ ကျွန်မပိုပိုချစ်လာမိတာမှားသလားဟင်...။
ဂျွန်တကယ်ပဲမေ့နေခဲ့တာလား။ဟူး...!
ဗလာဆန်ဆန်အတွေးတွေကြား ရင်မောရပြန်ပြီဂျွန်ရယ်။
ဒါပေမယ့်...ဒီနေ့ကျမှ အရင်နေတွေတုန်းကထက် ပိုချောပိုသန့်နေတဲ့ဂျွန်ကြောင့် စိတ်ကွက်ရမယ့်အစား အရူးတစ်ယောက်လိုရင်ခုန်နေခဲ့တယ်လေ...ဂျွန်မှဂျွန်နှင့်ရင်ခုန်နေလိုက်တာများ တကယ်အရူးမတစ်ယောက်လိုပေါ့။
မင်ဟီက သူမ၏ရှံ့ခနဲ မဲ့ကျသွားတဲ့မျက်နှာလှလှလေးကို အချိန်မှီလေးပြန်ထိန်းနိုင်လိုက်ပြီးဂျွန့်ကိုသာ ခပ်ငေးငေးလေးထိုင်ကြည့်နေခဲ့သည်။စားပွဲပေါ်လက်ထောက်မေးတင်ရင်း
ကိတ်မုန့်လှလှလေးကိုလည်း ဇွန်းဖြင့်တစ်ဖဲ့
ဖဲ့ပစ်လိုက်သည်။
နွားနို့ခွက်ကိုတစ်ချက်မတို့ခဲ့သလို ဂျွန့်မျက်နှာချောချောကိုလည်း ထိုင်ငေးဖို့မမေ့မလျော့ခဲ့ပါဘူး။သူမနဲ့ဆန့်ကျင်စွာပဲ ဂျွန်ကတော့ ဘလဲ့က်ကော်ဖီခါးခါးတစ်ခွက်ကို
သောက်လျက်ရှိနေခဲ့ပြီး သူမထံအာရုံစိုက်လာခြင်းတစ်စိုးတစ်စိမျှမရှိခဲ့။
ဂျွန့်ရင်ထဲ ကျွန်မအတွက်သီးသန့်ဖြစ်တည်ခြင်းတွေနဲ့နေရာမှပေးထားရဲ့လားဟင်။ဒီနေ့ဒီနေရာမှာရော ကျွန်မနဲ့အတူရှိနေတာကိုသတိလေးမှရပါသေးရဲ့လားလို့ ထုတ်မေးလိုက်ချင်ပြီ...။
အနားမှာအတူရှိနေပါလျက်နဲ့ ဖယ်ကျဉ္ထားခံရတဲ့ခံစားချက်ကို ကိုယ်တိုင်ကြုံဖူးမှကိုယ်ချင်းစာနိုင်လိမ့်မယ့်ဂျွန်...ဂျွန်ကိုယ်တိုင်ဝမ်းနည်းဖူးမှ ကိုယ်ချင်းစာတတ်မှာလား?။
ကော်ဖီကိုအရသာခံမပျက်ဘဲ ဂျွန်ပြောလာတဲ့စကားတစ်ခွန်းကြောင့် ကျွန်မကမ္ဘာကြီးတစ်ခဏတော့ငြိမ်သက်သွားခဲ့ရတယ်။
* လမ်းခွဲရအောင် *
ဒီလိုစကားကို ကြိမ်းသေပေါက်ကြားရဦးမယ်ဆိုတာကို ကျွန်မကြိုသိနှင့်ခဲ့ပြီးသားပါဂျွန်။
မင်ဟီက မတုန်မလှုပ်မျက်နှာပေးလေးဖြင့်
ဂျောင်ကုမျက်နှာအား စေ့စေ့စိုက်ကြည့်လာလေသောအခါ မျက်နှာအရင်လွှဲပစ်သူက သူမရဲ့ဂျွန်ပဲပေါ့။
* အကြောင်းပြချက်က *
အားနာခြင်းအလျဉ်းမရှိ၊စာနာခြင်းအလျဉ်း
ဂျွန့်ပါးစပ်က အပြတ်သားဆုံးသောစကားကိုဆိုလာခဲ့ပြီမို့ မင်ဟီကမျက်ဝန်းလေးတွေကိုမှိတ်ချပစ်လိုက်ပြီးနောက် ခပ်ထေ့ထေ့လေးပြုံးလိုက်သည်။
ဂျွန်စကားတွေက "ငါဖြစ်သွားလိုက် ကိုယ်ဖြစ်သွားလိုက်နှင့်" ဒီပတ်သတ်မှုကိုတကယ်ပဲရပ်တန့်ခြင်နေခဲ့ပြီပေါ့။ကင်မင်ဟီမပီသစွာ ပေါက်ကွဲတာမျိုးတွေ ရန်ရှာတာမျိုးတွေလုပ်မှာမဟုတ်ပါဘူး။ကင်မင်ဟီတို့က ပြသနာရှာရတာကို မခုံမင်ဘူးဂျွန်။
ဒီတော့မှပဲ ဂျွန်ရဲ့အာရုံအလုံးစုံက သူမရှိရာဆီ သတိပြန်ကပ်လာတော့တယ်။မျက်လုံးတွေချင်း အတန်ကြာအောင်ဆုံကြခိုက်ပြီးနောက် ဂျွန်က ခပ်အေးအေးပဲခေါင်းညိတ်ပြလာခဲ့သည်။
* အင်း *
ထပ်မံပြီး မျက်ဝန်းဝိုင်းတွေနဲ့စိုက်ကြည့်ခံရပြန်ပြီး ဂျွန်က ခေါင်းညိတ်နေခဲ့ပြန်တယ်လေ။ဒီလို အပြုအမူကဘာများလဲ။ဂျွန့်မှာ ကျွန်မနဲ့ပတ်သတ်ပြီး လေးစားမှုနည်းနည်းလေးတောင်မရှိနေလိုက်တာ။
လျော့မတွက်သင့်ခဲ့တာလည်းပါပါတယ်။
* စကားတက်တယ်ဆိုတိုင်း နင့်အပေါ်ထားတဲ့ငါ့အချစ်တွေကို ဘာမဟုတ်တဲ့စကားလုံးတွေနဲ့ တန်ဖိုးမညှိ့စမ်းပါနဲ့လားဂျွန် *
* ဘယ်လို!! *
ဒီလောက်ထိမျက်နှာပြောင်တိုက်မှ ဖြစ်မှာလား။ဂျွန့်မျက်နှာကို ပေါက်ထွက်တော့မတတ် စူးစူးဝါးဝါးစိုက်ကြည့်နေခဲ့မိပြီး
သူမကိုယ်တိုင်သတိမထားမိလိုက်ပဲ နှုတ်ကနေလွှတ်ခနဲအော်မိသွားသည်။ဂျွန်ကတော့မျက်နှာပြောင်တိုက်လို့ကောင်းနေဆဲ..။
ရက်ရက်စက်စက်တွေပြောထွက်ရက်တဲ့
ဂျွန့်ကိုလည်း အတော်လေးအံဩမိပါတယ်။
မခံချိမခံသာဖြစ်ရလွန်းလို့ ရင်တွေတနုတ်နုတ်ကွဲကြေရတဲ့အထိပေါ့ဂျွန်ရယ်...။
သူမို့လို့ ပြောထွက်ရက်ရတယ်လို့..! ဒီရင်ထဲဘယ်လိုဖြစ်သွားမလဲ ဝင်ကြည့်စမ်းလှည့်ပါလားလို့ အော်မေးလိုက်ချင်စိတ်ကိုမနည်းချိုးနှိမ်ခဲ့ရတာ အဲ့ဒီအခိုက်အတန့်ဟာ ကျွန်မအတွက်တော့ ရှက်ရက်နဲ့သေဆုံးရသလိုပါပဲ။
ဒါပေမယ့်တစ်ခါလေးတောင်မချစ်ခဲ့ဖူးဘူး ကင်မင်ဟီ...ငါသိပ်ချစ်ခဲ့တာ ပတ်ခ်ဂျီမင်ကိုပဲ *
* ဘာ...နင်ဘာပြောလိုက်တယ်ဂျွန် နင်ချစ်နေတာဂျီမင်ကိုဟုတ်လား *
* နင်မို့လုပ်ရက်တယ်ဂျွန်...!နင်မို့လို့ဟာ ဘာလို့ငါလဲ နင့်ဓားစာခံက ဘာလို့ငါဖြစ်နေရတာလဲ နင်ဖြေလေ *
တုန်ရီလျက်ရှိသော သူမအသံတိမ်တိမ်တွေနှင့် သူမကြေကွဲနေရခြင်းတွေကို အဆုံးထိမျက်ကွယ်ပြုထားရက်တယ်။ဂျွန့် အသည်းက မာလိုက်တာ။အချစ်ဆိုတာလည်းသူမသိ
မေတ္တာတွေကိုလည်း စော်ကားခဲ့ပြန်တယ်။
လမ်းခွဲဖို့အဆင်သင့်ဖြစ်နေသူကို ရူးရူးမိုက်မိုက်ဆွဲထားမယ့်ထဲ ကင်မင်ဟီတို့
မပါပါဘူး။ဒါပေမယ့် လမ်းခွဲခံရတဲ့သူတစ်ယောက်အနေနဲ့တော့ ကျွန်မမေးချင်တာတွေမေးမယ်...ဂျွန်လည်း ဖြေနိုင်သလောက်ဖြေပေးပေါ့။
ချောင်ပိတ်တဲ့မေးခွန်းတွေဖြစ်ခဲ့ရင်တောင် ကျွန်မဘက်က စမမှားခဲ့ဘူး ဒီတော့ ကျွန်မတရားပါတယ်နော်။
မထုံတတ်ထေးလုပ်လွန်းတဲ့ဂျွ့န်ကြောင့် မျက်နှာပြောင်တိုက်ရဲလွန်းတဲ့ဂျွန့်ကြောင့်အခဲမကျေရလွန်းလို့ ဒီတစ်နေ့ကိုနောက်ဆုံးသောတွေ့ဆုံခြင်းအထိမ်းအမှတ်အနေနဲ့အပြီးအပြတ်စကားတွေချည်း ကျွန်မရွေးဆိုမည်။
* ဆောရီးကင်မင်ဟီ *
လား။ပေးခဲ့သမျှအချစ်တွေအတွက် ကျွန်မဘက်ကအငမ်းမရသင်ပုန်းချေပေးရလိုက်ရမှာလား။ကျွန်မဒဏ်ရာတွေကို ဘာနဲ့များကုစားပေးမှာလဲဟင်။ကျွန်မအတွက်တရားသလား!။
* ဒါတောင်းပန်တာပေါ့လေ မပေါ့ပျက်လွန်းနေဘူးလား *
စိတ်ပျက်စွာပဲ စိတ်ကြည့်နေရုံကလွဲလို့ ဂျွန်နာကျင်ရအောင် ဘာတစ်ခုမှမတုံ့ပြန်နိုင်တဲ့ကျွန်မစိတ်ကိုအရွံရှာဆုံးပဲ။အဲ့လိုပဲ ဂျွန်ကလည်း ဘာစကားမှထပ်မဆိုလာပါ။ခပ်တင်း
တင်းမျက်နှာထားတစ်ခုက လိုတာထက်ပိုပြီး
စကားမများချင်တော့ဘူးလို့ ကျွန်မဘာသာပဲအဓိပ္ပာယ်ကောက်လိုက်သင့်လား။
ထိုင်ခုံပေါ်ခပ်လျောလျောမှီထိုင်ပြီးမှ ဆံပင်တိုတိုတွေကို မလိုလားစွာနဲ့အကြမ်းပတမ်းသပ်တင်ပစ်လေပြီး လက်တစ်ဖက်ကလည်း
စားပွဲခုံကိုတတောက်တောက်ခေါက်နေခဲ့ပြီး
မထိတထိရယ်ပြပြန်သည်။ဒီလိုတွေလုပ်ပြလေ ပိုနာကျင်ရလေပဲမို့ စိတ်ပျက်တာထက်ပိုနေပြီကွယ်။
ခပ်ရွဲ့ရွဲ့အပြုံးတွေ ခပ်ရွဲ့ရွဲ့အမူအရာတွေ
ခပ်ထေ့ထေ့မျက်ဝန်းတွေနဲ့ ဒီယောကျာ်းကိုစိတ်ပျက်နေတဲ့ကြားက ရုန်းမထွက်နိုင်ပြန်ဘူးတဲ့လေ။ဂျွန့်ဘက်က အပြုံးတစ်ပွင့်လောက် စွန့်ကြဲပေးလိုက်ရုံနဲ့တင် ရူးခဲ့ရသူကဘယ်သူများလဲ?။
* မကျေနပ်လို့!!ပတ်ခ်ဂျီမင်ကို နာကျဉ်းလို့ သူအချစ်ဆုံးလူကို သူ့ဆီကနေခဏတာဆွဲထုတ်လိုက်ရတဲ့အတွက်တော့ ငါမင်းကိုစိတ်ရင်းနဲ့တောင်းပန်ချင်တယ် ကင်မင်ဟီ...ငါနဲ့ပတ်ခ်ဂျီမင်ကြား မင်းကိုဆွဲထည့်လိုက်ရလို့ စိတ်မကောင်းပါဘူး *
* ဒါဆို ဟိုးအရင်ကတည်းက ပတ်ခ်ဂျီမင်ကိုချစ်နေခဲ့တာလား.. ဂျွန်။ နင်ငါ့ကိုဖြေပေးပါ *
ခပ်ထေ့ထေ့မျက်ဝန်းတစ်စုံကို ခပ်ချဉ္ချဉ္ပဲစိုက်ကြည့်ပေးလေသောအခါ သူ့ဘက်က တစ်ပြန်တစ်စီးနဲ့မျက်ခုံးသွယ်သွယ်တို့ကိုပင့်ပြလာတာကြောင့် ကွယ်သျှိုးထားရတဲ့ကျွန်မစိတ်တွေကို မိုင်ကုန်ပေါက်ကွက်ပစ်ပလိုက်ချင်ပါပြီ။
* မသေချာဘူး ဟုတ်ချင်လည်းဟုတ်ခဲ့လိမ့်မယ်။ငါသူကိုမုန်းလို့ မင်းကိုရအောင်တွဲခဲ့တာမှန်တယ်...ဒါပေမယ့်ကွာ ငါသိလိုက်တဲ့အချိန်မှာ သူ့ကိုသိပ်ချစ်နေမိပြီတဲ့ အဟွန်း...!ရယ်ရသားပဲ။လက်စားချေဖို့ကြိုးစားကာမှ
သူ့ရှေ့ဒူးထောက်ပေးချင်သွားရတယ်လို့
ပတ်ခ်ဂျီမင်က တကယ်မုန်းလိုက်ချင်စရာကောင်းပေမယ့် အဆုံးရှုံးလည်းမခံနိုင်ပြန်ဘူး တဲ့ကွာ..!ငါလိုကောင်က အချစ်တစ်ခုအတွက်နဲ့ ရူးနေမိပြီကင်မင်ဟီ ရူးနေမိပြီ *
ဒီလိုတွေကြားရပြန်တော့လည်း ကျွန်မဖြင့် အသည်းနာနေတဲ့ကြားကနေ ဒီလိုခပ်ဆိုးဆိုးယောကျာ်းသားအတွက် စိတ်မကောင်းဖြစ်ရပြန်တယ်။မခံတင်ကဲ ရေရွတ်မိလေတော့ ဂျွန်ကနာနာကျင်ကျင်ပြုံးသွားခဲ့ရင်း နှုတ်ခမ်းပါးတွေကိုတစ်ခါအလုပ်ပေးပြန်၏။
* ပတ်ခ်ဂျီမင်နဲ့ဘယ်ယှဉ္လို့ရမလဲ *
မချိ့မဆန့်ခံစားနေရတဲ့ ရင်နာသံကြီးနဲ့ပြောချလာခဲ့ပြီး မျက်ဝန်းတွေကလည်း ခပ်မှိန်မှိန်နဲ့ တစ်စက်လေးတောင်မြင်ရက်စရာမရှိခဲ့ပါ။
* နင်တို့ကြား ဘာတွေရှိခဲ့တာလဲဂျွန် *
* မင်းသိစရာမလိုပါဘူး *
အဲ့ဒီနောက် မင်ဟီက သူမခေါင်းလေးကိုဖွဖွယမ်းလိုက်ရင်း ဂျောင်ကုအား မျက်လုံးလေးဝေ့ကြည့်လာကာ ထိုသို့စကားဆိုခဲ့၏။
* ငါတို့လမ်းခွဲကြတာပေါ့ *
ဒီလိုအဆုံးသတ်ခန်းဆို ဂျွန်ကပိုလို့တောင်ကြိုက်သေးတာပေါ့။နှုတ်ခမ်းပါးလေးတွေ ယောင်ယောင်လေးတွန့်သွားရုံမျှသာ မထိတထိလေးပြုံးပြသွားရှာပြီး မျက်ခုံးတစ်ဖက်ကိုလည်းညစ်ကျယ်ကျယ်စတိုင်လ်နဲ့ပင့်မြှောက်သွားသေးတာ။
မင်ဟီကိုပင်မစောင့်ခဲ့ ဂျွန်ကထိုင်နေရာမှနေ
တုံ့ဆိုင်းခြင်းတစ်ချက်မပြုဘဲ ထွက်သွားနှင့်ခဲ့ပြီလေ။မင်ဟီမှာသာ မပြတ်လပ်သေးတဲ့သံယောဇဉ်အမျှင်အတန်းတွေနဲ့ ကြွင်းကျန်ရစ်နေသေးတဲ့ရင်ခုန်သံတစ်ပိုင်းတစ်စတွေကြောင့် စို့နစ်စွာပဲမျက်ရည်ဝဲနေရတဲ့အဖြစ်!!။
ထားရစ်ခဲ့ကာထွက်သွားပြီဖြစ်သော ထိုရည်းစားဟောင်း၏ကျောပြင်ကျယ်ကိုသာ
မျက်တောင်မခတ်တမ်းလိုက်ကြည့်နေမိပြီး
ရှိုက်သံငယ်လေးများ ပလုံစီနေအောင်ထွက်ကျရတဲ့အထိ ခပ်ပြင်းပြင်းရှိုက်သက်လိုက်ရင်းမျက်တောင်ကြော့ကြော့တွေကိုအသာခတ်ပစ်သည်။
ဒီလိုဝမ်းနည်းနေရခြင်းကို ဒီပတ်သတ်မှုရဲ့ကာယံကံရှင်ဖြစ်တဲ့ ဂျွန်ကိုယ်တိုင်လည်းမသိစေရဘူး...ဘေးလူတွေရော ပတ်ဝန်းကျင်ရော ဘယ်သူဆို ဘယ်သူမှမရိပ်မိစေရဘူး။
သို့သော်...သို့သော် မာနတွေသည် ဘယ်ကမ်းဆီကပ်သွားသလဲမသိတော့။သူမရဲ့အသိစိတ်နဲ့မသိစိတ်တို့လွန်ဆွဲရာနောက်ခြေထောက်တွေဟာ အရှက်မရှိစွာဘဲ ပြေးနေခဲ့မိပြီ။
ခယစွာတောင်းလင့်ရမှုကြောင် ကျွန်မကိုယ်ကျွန်မ ပထမဆုံးအကြိမ်အနေနဲ့နဲ့ရှက်ခဲ့မိတယ်လို့ပြောရင်ယုံကြပါ့မလားပဲ။ရှက်ပေမယ့် နောက်ဆုံးသောနွေးထွေးမှုလေးကို မျှော်လင့်နေမိတုန်းဂျွန်ရဲ့။ဘာလိုဆို ကင်မင်ဟီက
သိပ်ချစ်မိသွားခဲတာကိုး...ကျွန်မ သိပ်ချစ်ခဲ့တယ်လေ။
ငိုခဲ့မိလားမမှတ်မိတော့ပေမယ့် ရင်တစ်ခုလုံးကြေမွခဲ့ရတာကိုတော့ မှတ်မှတ်ရရရှိနေဆဲပါ။လမ်းခွဲခြင်းက ပူလောင်လွန်းတယ်ဆိုတာသိပ်မှန်တာပဲ။ဂျွန်အတွက်တော့ အေးချမ်းနေခဲ့မလားမပြောတတ်ပေမယ့် ကျွန်မဖြင့်ခံစားခဲ့ရတာတွေကရူးမလိုနှမ်းမလိုပေါ့။
လမ်းခွဲပြီးနောက်ပိုင်း ဂျီမင်နဲ့မဆုံရအောင် ရှောင်ခဲ့ရင်း အခန်းလေးထဲမှာပဲ တိတ်တိတ်လေးအသည်းကွဲဒဏ်ကို အလူးအလှိမ့်ခံစားခဲ့ရတာတွေကို အခုနေ ပြန်မတွေးချင်တော့ဘူး။ဂျီမင်ကို စိတ်နာလို့လည်းမဟုတ်ဘူး။
မနာလိုလို့လည်းမဟုတ်ဘူး။
ဒီအတိုင်းမျက်နှာမျက်နှာမပြရဲခဲ့လို့ ကျွန်မအဖြစ်ကိုကျွန်မရှက်ခဲ့မိလို့ ရှောင်ပုန်းခဲ့ရခြင်းနေ့ရက်ဆက်တွေသာပေါ့။အသည်ခွဲတဲ့လူကိုမမုန်းနိုင်တဲ့အပြင် အရူးလိုရှေ့ဆက်တိုးချင်နေတဲ့ ခပ်မိုက်မိုက်စိတ်တွေကို ကျွန်မကိုယ်တိုင်ရိုက်ချိုးပစ်ခဲ့ပေါင်း မနည်းပါဘူး။
အရာအားလုံး ဒီ့ထက်ပိုပြီးမလွဲချော်ရလေအောင် ဆုံးဖြတ်တစ်ခုကိုအရဲစွန့်ချခဲ့ရပြီး
ကျွန်မနဲ့စေ့စပ်ထားတဲ့ ကိုကိုရှိရာပြင်သစ်ကို
ကျွန်မအလည်အပတ်သွားခဲ့ရတော့တယ်။
တစ်နှစ်ပတ်လုံး ပြင်သစ်ကကိုကို့အိမ်မှာပဲ
ကျွန်မတည်းပြီး အဲ့မှာစိတ်တွေကိုငြိမ်းအေးအောင် တစ်ဖန်ပြန်ကုစားခဲ့ရတာပေါ့။
အနေကြာတာလာနဲ့အမျှ ကိုကိုနဲ့အနေနီးခဲ့ကြရင်း အချစ်ကိုတစ်ဖန်ထိတွေ့ကြည့်မိပြန်တယ်။ရည်းစားဟောင်းနဲ့ကွဲလာခဲ့ရသမျှအသည်းယဲ့ယဲ့လေးသည် ကိုကို့ကြောင့်နဲ့
ပျိုမျှစ်ခဲ့ရပြန်တယ်။ကွဲလျက်ရှိသောအသည်းသည် အချစ်အတွက်တစ်ဖန်မွေးဖွားလာသောအခါ ကျွန်မကမ္ဘာကြီးနေပျော်ခဲ့ရပြန်၏။
••••••• လူဆိုးကောင် •••••••
မင်ဟီနဲ့မောင့်ကို ငါသဝန်တိုမိတယ်။
မောင့်စိတ်ထဲရိုးသားပေမယ့် ရည်းစားဟောင်းက ရည်းစားဟောင်းပဲမို့ ငါဝန်တိုရတယ်လို့...မောင်ကလေ တစ်စက်လေးမှ
အလိုက်မသိပြန်ဘူး။ဒီနေရာမှာတော့
မောင်တကယ်တုံးလွန်းတယ်ကွာ ငတုံးမောင်။
* မောင့်ဂျီမင် *
* မောင့်ကလေးလေး *
* ဟောဗျာ ဘာတွေစိတ်ဆိုးနေတာလဲ မောင့်အသက်ရဲ့ *
ကျောခိုင်းကာ မောင့်ကိုနောက်မှာချန်ထားရစ်ခဲ့တာတောင် မောင်ကခြေလှမ်းအသာကြီးတွေနဲ့မမှီ မှီအောင်လိုက်လာခဲ့ပြီး ပြီတီတီအပြောတွေနဲ့ရအောင်ကို အီစကလီလုပ်ရှာပါသည်။ဘေးတစ်စောင်းမြင်နေရတဲ့မျက်နှာဖူးဖူးလေးကို တစ်ဝကြီးငေးပစ်မယ်ဆိုတဲ့မောင့်ဆုံးချက်ဟာ ပြတ်သားတာထက်ပိုပါမည်။
ပန်းနုရောင်လွင်ပြင်လေးတွေခမျာ နီနီစွေးစွေးပင်သန်းလုလို့...!ဒီပါးအို့မို့မို့လေးတွေကို
ငုံခဲပစ်လိုက်ရ မောင်တော့ ထမင်းလွတ်ဟင်းလွတ်ရူးရလို့ ဆေးမမှီနိုင်မယ်မထင်တော့ပါဘူး။တွေ့လား အဲ့နှုတ်ခမ်းစူစူလေးက မောင့်ကိုမြူစွယ်နေကြတာ။
မောင် ဓားပြတိုက်သလိုအကြမ်းဖက်ပြီးမနမ်းချင်ပါဘူး..သူတို့ကိုက နမ်းလှည့်ပါ နမ်းလှည့်ပါနဲ့မောင့်ကိုသွေးတိုးစမ်းနေကြတာဗျ။မောင်မှမထိတွေ့ရင် သူတို့ခမျာငိုနေရော့မှာစိုးလို့ မောင်ကမနမ်းချင်ပေမယ့်လည်းနမ်းရှိုက်နေရတာပါ မောင့်ဂျီမင်ရယ်။
ဒီလောက်လေး ပိစိလေးနမ်းမိတာလောက်နဲ့တော့ မောင့်ကိုနှာဘူးလို့မခေါ်နဲ့ပေါ့...မောင့်ရင်ဘက်ထဲကအကောင် နာကျင်ရလို့လေ။
စက်ပျက်နေတဲ့ဒီကောင့်ရင်ထဲမှာ အတောမသတ်နိုင်တဲ့အချစ်တွေအပြည့်ပါမောင့်ဂျီမင်ရယ်...။
ဖူးဖူးစိုစိုနှုတ်ခမ်းသားနှစ်လွှာကိုကြည့်ရင်း
မောင့်မှာ ကြိတ်မနိုင်ခဲမရတွေဖြစ်ရလျက် အံကြိတ်နေရပြီ။စိတ်ထိန်းတဲ့အနေဖြင့်လက်သီးလေးနှစ်ဖက်ကိုကျစ်နေအောင် မောင်ကစုတ်ထားရှာသေးတာ။ချစ်ဖို့ကောင်းအောင်လို့ တမင်တကာကြီးမာယာပြနေရော့သလားပါပဲ။
အရမ်းတွေထိတွေ့ချင်နေ အသားယူချင်နေတဲ့ဒီမောင်နဲ့ ဒေါသကြီးတတ်တဲ့ဒီဒေါက်တာတို့ရှေ့လျှောက် ကာရံမှညီကြပါ့မလားပဲ...
တကယ့်ကို ရင်မောရချည်ရဲ့ကွယ်။
* အရှက်မရှိ!! *
မောင်ဟာ သိပ်ယုတ်မာလွန်းတယ်။စပ်ဖြီးဖြီးမျက်နှာကြီးနဲ့တရွေ့ရွေ့ချင်းတိုးကပ်လာတဲ့
မောင့်ရန်ကနေ မနည်းလွတ်အောင်ရှောင်ရှား
၍ခြေနှစ်လှမ်းလောက်နောက်ဆုတ်လိုက်မိပြီးနောက် မောင့်ရင်ဘတ်အား ဘုန်းခနဲပိတ်ထုပစ်သည်။မောင်ကတော့အမြင်ကပ်စရာကောင်းအောင်ကို ပြုံးပြနေဆဲတဲ့လေ။
* ဂျွန်ဂျောင်ကု!! *
* ဗျာ *
* သွားဆို သွားတော့လေ *
ရှက်နေတာလား?...မောင်က ချစ်လို့စနေတာကို။အဲ့လိုရှက်ပြနေတော့ မောင်ကပိုရူးရတာပေါ့လို့။အော်သံစူးစူးလေးကြောင့် မောင့်မျက်နှာငယ်ငယ်ဟာမဲ့ခနဲဖြစ်ရရှာပြီး အရည်ကလယ်ကလယ်မျက်ဝန်းဝိုင်းလေးတစ်စုံနဲ့
မူပိုပြပြန်ပြီလေ။မောင်ဟာ မောင်ပါပဲ...။
* ပလီပလာတွေမလိုဘူး *
သိပ်စကားတက်လွန်းတဲ့မောင့်ကို ငါဘာလုပ်လိုက်ရမလဲ။တကယ်သရုပ်ဆောင်စွမ်းရည်ကတော့ အံမခန်းပဲဟေ့။ငုံချလိုက်တဲ့ခေါင်းလေးက ငိုက်ခနဲစိုက်ချသွားရင်း မျက်ဝန်းအိမ်ထဲမှာဆိုလည်းအရည်ကြည်ကြည်တစ်ချို့ကတွဲခိုထားရင်းနှင့်ပေါ့။
ကိုယ့်ရဲ့မောင်ကဒရမ်မာကင်းပဲနော်။အကွက်တွေ အကွက်တွေကိုလျော့မတွတ်ကြပါနဲ့။
ကိုယ်လုံးထွားထွားကြီးမှအားမနာ လာပြီးတီတီတာတာချွဲပစ်ချင်နေရတယ်လို့။ခေါင်းလေးငုံ ဖင်လေးခါကာလှည့်ထွက်သွားပြီဖြစ်တဲ့ မောင့်ကို မျက်ဝန်းတစ်ဆုံးပျောက်ကွယ်သွားတဲ့အထိလိုက်ကြည့်ခဲ့မိတဲ့ ငါ့အဖြစ်ကိုတော့မောင်ဘယ်လိုလုပ်ပြီးများသိပါတော့မလဲ။
လူတွေအမြင်မှာ ငါကပဲမပြတ်သားတဲ့ကောင်ဖြစ်ရဦးမယ်။နှစ်ဖက်ခွချင်နေတဲ့ကောင်ပေါ့။တကယ်တော့ ငါရင်ပူနေရတာကိုငါသာလျှင်အသိဆုံးပဲမောင်။ဒီရက်ထဲခြေလှမ်းစိတ်နေတဲ့ မင်နဲ့မင်ဟီကို ငါစိတ်မချဖြစ်တာအမှန်ပဲ။
ဘာလို့ အတွေ့များနေကြတာလဲ?ပုန်းသျှိုးကွယ်သျှိုးတွေ့ကြတာမဟုတ်ဘူးဆိုပေမယ့်
မောင့်ကားပေါ် မင်ဟီပါသွားတာမြင်တိုင်း
ငါအသက်ရှုတွေကြပ်ရတယ်မောင်ရယ်!
အဲ့လိုမြင်ကွင်းတွေ...အဲ့လိုမြင်ကွင်းတွေကို ဘယ်လိုမှမြင်နိုင်စွမ်းမရှိတော့တဲ့အထိပဲ။
ငါ့ကိုမချစ်တော့မှာ ငါကြောက်နေတယ်...။
••••••• လူဆိုးကောင် •••••••
အခုကလည်း စီနီယာကကိုယ့်ကိုတလေးတစားတွေဖိတ်ပြီး မျှော်လင့်ချက်အပြည့်နဲ့စကားစလာတော့ မငြင်းရက်နိုင်တာနဲ့ပဲ ခေါင်းညိတ်ပေးလိုက်မိတာ။ဘာခံစားချက်မှမပါဘူး။မောင်ကလွဲရင် တစ်ခြားသောအားလုံးကိုMove onထားပြီးသား...။
စီနီယာ ဂျူနီယာဆိုတဲ့အမှတ်ကညှာတွေနဲ့ပါ။
အခုထိအရာမယွင်းသေးတဲ့ အမဲစတိတ်ပန်းကန်ကိုကြည့်ရင်း စီနီယာက နူးညံမှုအပြည့်နဲ့ငေးစိုက်ကြည့်လာသည်။ဂျီမင်ကတော့
ခပ်အေးအေးအပြုံးလေးတစ်ခုကို အဓိပ္ပာယ်ကင်းမဲ့စွာချိတ်ဆွဲထားလိုက်ရင်း မထုံတတ်ထေးဟန်ပန်လေးနဲ့ ခေါင်းညိတ်ပြလာသည်။
* ကြိုက်ပါတယ် *
စကားနည်းရန်စဲ တိုတိုပြတ်ပြတ်ပဲပြန်ဖြေမိတယ်။စိတ်တွေက မကြည်လင်နေတော့စကားတွေအများကြီးလည်း ပြောမနေချင်တော့ပါဘူး။ရင်ထဲ ဝမ်းနည်းလွန်းရတယ်။
ငါစိတ်ဆိုးနေမှန်းသိရက်နဲ့ လာမချော့တဲ့မောင့်ကိုပဲအပြစ်တင်ရမှာလား ငါမသိတော့ဘူး။
အရင်ဆို ငါနဲ့မှအတူပြန်နေကျမောင်က ငါ့ကိုထားခဲ့ပြီး ပြန်သွားနှင့်တယ်တဲ့။ခြေလှမ်းတွေ
ယိုယွင်းနေပြီမောင်...ငါသိတာပေါ့။ဥပေက္ခာတွေကို ငါမလိုချင်ဆုံးပဲ။ငါမတောင်းတဲ့ အကြင်နာတွေကိုမောင်ပဲ ဇွတ်ပေးလာခဲ့ပြီး
ငါ့ဘက်ကပြန်ပြီး ဂရုစိုက်တတ်တော့မှဒီလိုနည်းနဲ့ရှောင်ထွက်လို့ရကြေးလား။
အသားတုံးလေးကို ဓားနဲ့အသာဖြတ်တောက်ရင်းခရင်းလေးနဲ့ထိုးကာ မထိတထိလေး
စားနေရှာတဲ့ သူ့ရှေ့ရှိထိုလူသားလေးမှာ
ဒီဟင်းလျာကိုမကြိုလို့ဘဲလားတော့မသိ တို့ကနန်းဆိတ်ကနန်းနဲ့စားနေရှာတာပါ။
အရိပ်တကြည့်ကြည့်ငေးကြည့်နေရပေမယ့်ထိုကလေးကတော့မျက်နှာလည်းသိပ်မရွှင်ပျလှဘူးလေ။နေမကောင်းလို့များလား...?။
စီနီယာကင်နမ်ဂျွန်းသည် အသားတစ်တုံးကိုအာခံတွင်းထဲထည့်ဝါးလိုက်ရင်း ဂျီမင်ကိုပဲ
ခပ်ဆိတ်ဆိတ်စူးစမ်းနေပုံလည်းရသည်။
ဟင်းပွဲလဲပေးရမလားလို့မေးလိုက်တာက
ကိုယ့်စိတ်ရင်းအမှန်နဲ့ပါကောင်လေးရယ်။
မကြိုက်ဘူးဆိုလည်း မင်းပီသစွာနဲ့ပွင့်ပွင့်လင်းလင်းပြောရောပေါ့။ကိုယ့်ကြောင့် အားနာရတာမျိုးနဲ့ကြိတ်မှိတ်သည်းခံပေးစရာဘာလိုမလဲကွာ။
ကိုယ်ကသိပ်မြတ်နိုးနေရတဲ့လူကို... ကောင်လေးမျက်နှာမလန်းတာကကိုယ့်ကိုအတွေးများစေတယ်။ညနေစာလေးတစ်နပ်လောက်အတူတူစားချင်ရုံပါကောင်လေးရယ်။
ဘာကများ မျက်နှာလေးညိုးစေရတာလဲကိုယ်မသိဘူး။အများကြီးတွေးယူရတာမျိုးလည်း ကိုယ်မကြိုက်ဘူး။
အသားတုံးလေးအား လှီးဖြတ်နေသည့်ဂျီမင်လက်ကလေးတွေမှာတန့်သွားခဲ့ရပြီး နားမလည်သလိုလေးမော့ကြည့်လာခဲ့သည်။မြတ်နိုးချင်စရာကောင်းအောင်ကို မျက်ဝန်းလေးတွေက ထုံပေပေလေးကို စိုက်ကြည့်လာခဲ့တာပဲ။
* ဟင်?ဘာလို့လဲ~~ အလုပ်ပိုရအောင် မမှာပါနဲ့တော့ *
ကလေးလေးတဲ့။ထိုနမ်စား ထိုစကားစုကိုစီနီယာဘက်က ဘယ်လိုသဘောမျိုးနဲ့အေးအေးလူလူပြောထွက်ခဲ့ရတာလဲ ကျွန်တော်မသိချင်တော့ဘူး။ရင်လည်းမခုန်ဘူးလေ..အဲ့ဒီတော့သိစရာဘာလိုဦးမလဲ။
ဒါပေမယ့် အစားအသောက်တစ်ချက်မပျက်ဘဲ ဆက်၍စားနေသောစီနီယာကိုကြည့်ပြီး
ဘာလို့ဆို မောင့်နှုတ်ဖျားကနေတဖွဖွခေါ်တတ်တဲ့ "မောင့်ကလေးလေး "ဆိုတဲ့နာမ်စားကိုပိုသဘောကျသွားမိလို့ပဲ။ကိုယ့်ရဲ့အရာရာကမောင့်နဲ့မှ နေသားတကျရှိနေခဲ့တာလေ။မောင့်လို လိုက်ခေါ်လည်း မောင်ဖြစ်လာမှာမဟုတ်ဘူး။အခေါ်အဝေါ်ခြင်းတူကောင်းတူနိုင်ပေမယ့် မေတ္တာပေးပုံခြင်းတော့မတူခဲ့ကြဘူးမဟုတ်လား။
လူဘယ်နှယောက်ရဲ့အသည်းကိုခြွေရမလဲ?မောင်ဒါတွေပဲသိတာမလား...?မောင့်ဦးနှောက်လေးနဲ့ နှလုံးသားလေးထဲငါဝင်ကြည့်ချင်လိုက်တာ။
သူကတော့ ပျင်းရိပျင်းရွဲ့နဲ့သာလက်ကလေးများကလှီးဖြတ်နေမိသည်။
* မောင့်ကိုသတိရတယ် *လို့ပဲ အော်ပစ်လိုက်ချင်တဲ့စိတ်ကိုမနည်း ချိုးနှိမ်ထားရတယ်။မောင်ကိုယ်တိုင် လှီးဖြတ်ပေးထားတာမဟုတ်တဲ့ဒီညနေစာစတိတ်က သူ့ဘဝတစ်လျှောက်လုံး စားခဲ့ဖူးသမျှစတိတ်တွေထဲအရသာမရှိဆုံးပဲ။
ပတ်ခ်ဂျီမင်ရေ ဒါလေးတောင် မလုပ်တတ်ဘူးလားလို့မေးချင်လည်းမေးကြတော့ မောင်ကလွဲရင် ဘယ်သူ့ကိုမှဂရုစိုက်မတော့နေဘူး။ဒါမောင်ကိုယ်တိုင်လုပ်ပေးခဲ့တဲ့အကျင့်ဆိုးတွေ။စတိတ်စားကျမယ်ဆိုတိုင်း ငါလက်နဲ့ထိစရာမလိုခဲ့ဘူး။
"မောင့်ကလေးလေး စားနော်"လို့ တယုတယစကားတွေနဲ့အဖော်ပြုပေးတတ်တဲ့မောင်က
ငါ့အတွက်တော့ အနှိုင်းမဲ့လေးထက်ပိုတယ်။
မောင့်ရှေ့မှာငါက ထိုင်နေရုံပဲထိုင်နေရပြီးမောင်ကတော့ ငါစားဖို့အတွက်အဆင်သင့်လှီးဖြတ်ပေးနေကျလေ။ဝိုင်ကိုလည်းဂရုတစိုက်ထည့်ပေးတတ်တဲ့မောင့်ကို အခုနေငါသိပ်လွမ်းတာပဲသိတယ်။
အကျင့်တွေကဖြေဖျောက်ဖို့ခက်တယ်မောင့်ရဲ့။မောင်နဲ့မှ ငါ့ဘဝကြီးအဆင်ပြေမယ်ထင်တယ်။
စိုက်ကြည့်နေဆဲ မျက်ဝန်းတွေအောက်ကနေ
မသက်မသာဖြစ်ရစွာနဲ့ ဘယ်လိုတွေတောင်ရှောင်လွှဲရပါ့မည်နည်း။ဂျီမင်ကမပွင့်တပွင့်အပြုံးလေးတစ်ပွင့်ကို ဖူးပွင့်စေလိုက်ရင်း
သူ့အကြည့်တွေကို ဆိုင်အပြင်ဘက်တစ်ခဏပို့လိုက်မိတဲ့အခိုက်မှာ မျက်ဝန်းလေးတွေခမျာဝိုင်းစက်သွားခဲ့ရသည်။
* မောင်! *
စီနီယာကမော့ကြည့်လာခဲ့တယ်လေ။သူလည်း သွားလေးအသာစိကာ အရှက်ပြေရယ်ပြလိုက်ရပြီး ရူးချင်ယောင်ဆောင်ရတော့သည်ပေါ့။
နောက်ထပ်စကားတွေထပ်မဆိုလာတော့ဘူးလမ်းမရဲ့တစ်ဖက်ခြမ်းမှာထိုးရပ်ထားသည့် မောင့်ကားဖြစ်ပုံရသောကားကိုလည်း မျက်ခြေမပျက်တမ်းခိုးခိုးကြည့်ရသေးတယ်။
ခပ်သုတ်သုတ်ပြန်ပြေးထွက်လာသောမောင့်ပုံရိပ်ကိုမြင်လိုက်ရုံနှင့်တင် သူ့နှုတ်ခမ်းတွေမှာပြုံးချင်နေခဲ့ပြီ။မောင့်လက်ထဲမှာကိုင်ထားတဲ့ ကျူလစ်တစ်ခက်ကိုကြောင့် ကြိတ်ပျော်ရပြန်ပြီပေါ့။ဒါ ငါ့အတွက်ပဲမဟုတ်လား။
ငါ့ကိုချော့ဖို့အတွက် ငါသဘောကျရတဲ့ကျူလစ်ဝါဝါတွေနဲ့ မျက်နှာလိုမျက်နှာရလာဆက်သဦးမယ်ပေါ့လေ။မောင်က သိပ်လည်လိုက်တာ..ငလည်ကောင်ကြီး။ဘာလဲ?ငါက ကျူလစ်တစ်ခက်လောက်နဲ့ချော့ရင်ပျော့သွားမယ် ပန်းတစ်ခက်လောက်ပဲတန်ဖိုးရှိတယ်လို့
မောင်ပုံပမာနှိုင်းထားသလား...။
မောင်ကအဲ့လိုချည်းပဲ။ငါစိတ်ဆိုးအောင်
လုပ်ခဲ့တာလည်းမင်းကိုယ်တိုင်ပဲ။ပြီးတော့
နေနိုင်တာလည်းမဟုတ်ဘဲနဲ့ ချော့မယ့်အရေးကို ညနေကတည်းကတစ်ခါတည်းမချော့သွားဘူး...ဟူး!မောင်ဟာလေ လူကိုစိတ်ဆင်းရဲရအောင်သိပ်လုပ်လွန်းပါတယ်။
မောင့်ကိုမြင်လိုက်သည်နှင့် ဂျီမင်ခမျာ
မောင့်ဆီပြေးသွားချင်လွန်းလို့ တင်ပါးလေးတကြွကြွဖြစ်နေရှာပြီ။ဘယ်လိုမှပင်ဂဏာမငြိမ်နေခဲ့၍ စီနီယာပင်သူ့ကိုကြည့်ပြီးတစ်မျိုးထင်သွားမလားလည်း စိတ်ပူရသေးတယ်။
မျက်မှောင်ခပ်ကျုံ့ကျုံ့နဲ့ကြည့်လာခဲ့ပေမယ့်လည်း သူကတော့မောင့်ကိုအကြည့်မပျက်ခဲ့ပါဘူး။လက်ရှိဂျီမင်ရဲ့ဖြစ်ပျက်နေပုံအဝဝဟာ မသိရင် မူကြိုကိုဖခင်လာကြိုမှာ စောင့်နေရှာတဲ့ သားငယ်လေးလိုလိုပုံစံနှင့် ချစ်စရာတော့အတော်ကောင်းလှ၏။
မောင်ကားပေါ်မတက်ခင်မှာ ကားခေါင်းခန်း၏မှန်တံခါးဟာလျောခနဲကျဆင်းသွားခဲ့ပြီး ဝါးခနဲပေါ်လာခဲ့သောမျက်နှာတစ်ခုကို မြင်လိုက်ရပြီးနောက် သူ့မျက်လုံးတွေမှာပြူးကျယ်သွားရတော့သည်။ဇွန်းတွေကိုင်ထားဆဲသူ့လက်တွေမှာ ပိုတင်းကြပ်သွားရပြီး
ဇွန်းတွေပင် ကွေးတော့မတတ်!ကျိုးတော့မတတ်။
သူ့ဘဝအတွက်အလွန်တရာမှကိုရင်းနှီးနေသောမျက်နှာတစ်ခုကို မျက်ဝါးထင်ထင်မြင်လိုက်ရတာကို မလန့်ဘဲဘယ်မှာရှိပါ့မလဲ။
မနာလိုနေတာလားလို့မေးရင် ဟုတ်တယ်လို့ပဲငါဖြေပေးမိလိမ့်မယ်။မနာလိုဘူး။ငါကလွဲပြီး
ဘယ်သူကမှ မောင့်အကြင်နာတွေမခံယူရပါဘူး။မောင်ပေးအပ်မယ့် ပန်းခက်တွေလည်း လက်မခံရပါဘူး ငါမကြိုက်လို့!..။
* ဟင်!မင်ဟီက ဘာလို့မောင့်ကားပေါ်ရောက်နေရတာလဲ။ဒီတစ်ညနေလုံး အတူတူရှိနေခဲ့ကြတဲ့သဘောပေါ့လေ။ဒါဆိုပန်းစစည်းကလည်း ငါ့အတွက်မဟုတ်ဘူးပေါ့ *
ဖြစ်နိုင်လျှင် ဒီနေရာမှာတစ်စက်လေးမှ ထိုင်မနေချင်တော့ဘူး။အခုချက်ချင်းပဲ နောက်ကနေလိုက်သွားလိုက်ချင်တာ။မောင်ဘာလုပ်တာလဲ?လို့လည်း အော်ဟစ်မေးပစ်လိုက်ချင်သေးတာ။အဲ့လိုလုပ်လိုက်ရင် ငါ့ဘက်ကစည်းကျော်သွားမလားမပြောတတ်ပေမယ့်
မောင်ကတော့ စိတ်ဆိုးမယ်မထင်ပါဘူး။
အနည်းငယ်ပျက်ယွင်းစပြုလာတဲ့မျက်နှာလေးကအခြေအနေမဟန်တော့ကြောင်းကို အသံတိတ်ပြောပြနေသလိုပဲ။ဒါကိုစီနီယာလည်း သတိထားမိမှာပါ။စီနီယာက သူစားလတ်စကိုရပ်လိုက်ပြီး ဂျီမင်အားတည့်တည့်စိုက်ကြည့်လာကာ ထပ်မံ၍အကဲခတ်နေပြန်သည်။
* ဗိုက်ဝရဲ့လား *
ဒါဟာ အသက်မပါတဲ့အပြုံးတစ်ခုမှန်းရိပ်စားမိလောက်ပါတယ်။စီနီယာ့ ထုံးစံအတိုင်းဘာတစ်ခွန်းမှ ကောင်း၏ဆိုး၏
ပြောင်ခြင်းမပြုဘဲ အိမ်ရှေ့အထိလိုက်ပို့ပေးဖို့သာရှေးရှု့ခဲ့သည်လေ။ရင်ထဲမှာဒေါသလှိုင်းကလေး ထန်နေခဲ့ပြီမို့စီနီယာကိုပင်
အေးအေးလူလူစကားပြန်မပြောနိုင်ခဲ့ပါဘူး။
အဲ့လောက်ထိကို မောင်ကသိပ်အစွမ်းထက်တာ...။
•••••••• လူဆိုးကောင် ••••••••
ကိုယ့်အခန်းထဲကဆိုဖာပေါ်မှာ နေရာအကျအနယူထားပြီးလှဲအိပ်နေသူသည်
အာပြဲကြီးနဲ့အသံပေးလိုက်တာကြောင့် ခန္ဓာတစ်ခုလုံးပင်တုန်တက်သွားရတဲ့အထိ။
ဘယ်သူရှိဦးမလဲ?မောင်ပဲပေါ့။
* အာ!!လန့်လိုက်တာ ငါ့အခန်းထဲဘာလာလုပ်ပြန်ပြီလဲ! *
အသင့်ဖျော်ထားပုံရသော သံပုရာတစ်ခွက်ကိုပြေးယူလိုက်ကာ သူ့အနားကို အမြန်ဆုံးနှုန်းနဲ့ပန်းကန်လုံးစီးပြီး ရောက်နေခဲ့ပြီးပြီ။
* မောင့်ဂျီမင်လေး လန့်သွားတာလား...အမောပြေသောက်လိုက်ပါဦး *
ပိုအလိုမကျဖြစ်ရလေပဲ။ဒါတွေကို မောင်တကယ်မသိလေရော့သလားဟမ်။ခက်တယ်
ဘာလို့မျက်နှာမကောင်းရသလဲတွေးတွေးပြီး မောင်ဟာ သူကိုယ်သူအလိုမကျချင်တော့တာလေ။ဂျီမင်ရဲ့မျက်နှာလေးကို စိုးရိမ်ကြီးစွာနဲ့ပဲခပ်တွေတွေလေးငေးနေခဲ့ပြီး မောင့်မှာပျာယာခတ်ရပြန်သည်။
လက်ထဲကသံပုရာရည်ခွက်လေးကို လက်လေးတွေထဲအတင်းထိုးပေးပြန်တော့ ဟိုကဆောင့်ရုန်းပစ်ကာ မောင့်ကိုပြာကျတော့မတတ်တွေ ခပ်ချဉ္ချဉ်အကြည့်မျိုးနဲ့စိုက်ကြည့်လာခဲ့သည်။
* ဘာတွေလာလုပ်နေတာလဲလို့..မသောက်ပါဘူး ဝေးဝေးသွား *
မောင့်လက်တွေမှာ ရပ်တန့်သွားရလေပြီး
ပါပီအိုင်းလေးတွေနဲ့ငုံ့ကြည့်လာပုံမှာ ဖျစ်ညှစ်ပစ်ချင်စရာ အရမ်းအရမ်းပဲ။ဒါပေမယ့် နည်းနည်းတော့တင်းခံထားမှဖြစ်လိမ့်မယ်။ဒီပလီတတ်တဲ့ကောင်က ရင်ထဲကမပါဘဲနဲ့ လူကိုလာလာပလီနေတာများနေပြီလေ။
* ဂျွန်ဂျောင်ကု!! *
* မင်ပင်ပန်းနေတယ်ဆိုလို့ပါ မောင့်မှာတစ်ခြားအတွေးမရှိပါဘူး..မောင့်စိတ်ကမည်းညစ်နေရတောင် မောင်ကတော့ရိုးသားပါတယ် *
သေဟ..သေဟ ဂျီမင်ရယ်လို့ပဲ ငါ့ကိုယ်ငါပြန်ထူချင်လိုက်တော့တယ်။
* အခန်းထဲကထွက်သွား *
* ဟန်ဆောင်တာတွေမလိုအပ်ဘူးဆို...အင်္ကျီလဲချင်လို့ ထွက်သွားပေးတော့လေ *
မောင့်ကို လှည့်ကြည့်လိုက်မိ၍ခပ်မြန်မြန်ပဲ
မောင့်မေးချွန်ချွန်ဟာလည်း သူ့ပခုံးထက်မှာနေရာယူထားခဲ့ရင်းပေါ့။
* မောင့်စိတ်ရင်းပါ..မောင်ဘယ်တုန်းကမှ
အပေါ်ယံတွေမလုပ်ပြခဲ့ဘူးမောင့်ဂျီမင် *
မင်းမယုံပေးဘူးနော် မောင်မှာတော့ချစ်လိုက်ရတာမှ ရူးမလိုနှမ်းမလိုတွေကို မောင်တကယ်ချစ်ရတာပါ *
* ဘာလိုတွေလုပ်နေတာလဲ ဖယ်စမ်းပါ *
မောင်အတည်ချော့တော့မှာ *
* အသေပါသတ်ပစ်လိုက်ကွာ *
* အဲ့လိုတွေမရှိပါဘူးဆို မောင့်ဂျီမင်ကလည်း အရမ်းတွေဗျာ *
မောင့်နှုတ်ခမ်းဟာ စူခနဲထွက်လာပြီမို့ ဘေးတိုက်အနေအထားနဲ့တောင် အဲ့ဒီဘဲနှုတ်ခမ်းထော်ထော်ကို အတိုင်းသားမြင်နေရတယ်လေ။မောင်ကတကယ်ပါပဲ ကလေးဆန်လွန်းလိုက်တာ။
* မယုံဘူး။အဲ့လိုတွေလုပ်ပြရင်ပိုလို့တောင်
မယုံရသေးတယ် *
မျက်နှာထက် အပြုံးကြီးဆင်မြန်းထားလျက်ရှိသောမောင်က သူ့အနားပြန်ရောက်လာတာနဲ့ တစ်စုံတစ်ခုကို ကမ်းပေးလာသည်မို့ဂျီမင်ခမျာ မျက်လုံးလေးတွေဝိုင်းစက်တွေရပြီး
အတော်လေးလည်း အံဩသွားပုံလည်းရ၏။
* မောင်...! *
ဂျီမင်က ခြေဖျားလေးကိုအသာထောက်လှည့်ပြီး မောင့်ရဲ့ပခုံးကျယ်တွေမှနေ သိပ်ချစ်ရတဲ့မောင်ကိုဆွဲဖက်ပစ်လိုက်သည်နှင့် မောင့်လက်ဝါးကြီးကြီးတွေဟာ သူ့ခါးပေါ်ပြန်သက်ရောက်လာခဲ့ပြီး စွေ့ခနဲပွေ့ချီပစ်လိုက်သည်လေ။
အရပ်ကွာဟမှုကြောင့် သူ့ခြေထောက်လေးတွေက လေထဲမှာဝဲပျံသွားရသည်ပေါ့။
မောင်ကသူ့ခါးလေးကပွေ့ချီထားရင်း တစ်ပတ်လည်တောင်လှည့်ပစ်ပြီးယိမ်းထိုးပစ်လိုက်သေးတာ။ဒီနေ့ကျမှ မောင်တော်တော်ကဲနေပါလားဟမ်။ဒါပေမယ့်ပြုတ်ကျမှာတော့မပူပါဘူး။ဘာလို့ဆို မောင့်ကိုယုံကြည်လို့ ...။
* မောင့်ကို ပြန်ချစ်ပြီလား...ပြုံးနေပုံထောင်ရင် မောင်ဒီလိုပဲယူဆလိုက်ရတော့မှာနော် မောင့်အသည်းရဲ့ *
* ငတုံးမောင် *
ပြန်စစ်ထားခြင်းမရှိတဲ့အတွက် နားလည်ပေးကြပါဦး။ဒီကြားထဲပေါ်မလာနိုင်ခဲ့ရင် ထက်ပြီးနားလည်ပေးကြမယ်မလားဟင်။)