Wild Rose(complete)

By LahPhan_85

2.4M 202K 29.3K

"ခင်ဗျားက ဟီရိုးအင်းလိုပဲ မကောင်းမှန်းသိနေပေမဲ့လည်း လူကိုအရူးအမူး စွဲလမ်းစေတယ်" ... More

Intro
part1(Unicode)
part1(Zawgyi)
part 2(Unicode)
part2(zawgyi)
part3(Unicode)
part3(Zawgyi)
part4(Unicode)
part4(Zawgyi)
part5(Unicode)
part5(Zawgyi)
part6(Unicode)
part6(Zawgyi)
part7(Unicode)
part7(Zawgyi)
part8(Unicode)
part8(Zawgyi)
part9(Unicode)
part9(Zawgyi)
part10(Unicode)
part10(Zawgyi)
part11(Unicode)
part11(Zawgyi)
part12(Unicode)
part12(Zawgyi)
part13(Unicode)
part13(Zawgyi)
part14(Unicode)
part14(Zawgyi)
part15(Unicode)
part15(zawgyi)
part16(Unicode)
part16(Zawgyi)
part17(Unicode)
part17(Zawgyi)
part18(Unicode)
part18(Zawgyi)
part19(Unicode)
part19(zawgyi)
part20(Unicode)
part20(Zawgyi)
part21(Unicode)
part21(Zawgyi)
part22(Unicode)
part22(Zawgyi)
part23(Unicode)
Part23(Zawgyi)
part24(Unicode)
Part24(Zawgyi)
part25(Unicode)
Part25(Zawgyi)
part26(Unicode)
part26(Zawgyi)
part27(Unicode)
part27(Zawgyi)
part28(Unicode)
part28(Zawgyi)
part29(Unicode)
part29(Zawgyi)
part30(Unicode)
part30(Zawgyi)
part31(Unicode)
part31(zawgyi)
part32(Unicode)
part32(zawgyi)
part33(Unicode)
part33(zawgyi)
part34(unicode)
part34(zawgyi)
part35(Unicode)
part35(Zawgyi)
part36(Unicode)
Part36(Zawgyi)
Part37(Unicode)
Part37(Zawgyi)
Part38(Unicode)
Part38(Zawgyi)
Part39(Unicode)
Part39(Zawgyi)
Part40(Unicode)
Part40(Zawgyi)
part41(Unicode)
part41(Zawgyi)
part42(Unicode)
part42(Zawgyi)
part43(Unicode)
part44(Unicode)
Part44(Zawgyi)
Part 45(Unicode)
Part45(Zawgyi)
Part 46(Unicode)
Part46(Zawgyi)
❤🌹
part 47(Unicode)
part 47(Zawgyi)
Part 48(Unicode)
Part 48(Zawgyi)
Part 49(Unicode)
Part 49(Zawgyi)
Final(unicode)
Final(zawgyi)
Extra
Extra(Zawgyi)
Announce📍📍📍

Part43(Zawgyi)

8.9K 397 17
By LahPhan_85

"မသွားဘူး မသွားဘူး ကိုကိုနဲ့ပဲသွားမှာ ကိုကိုနဲ့သွားမှာ..."

"ကိုကိုက မရှိဘူးလေ တီတီနဲ့သွားမယ်လေ ဒယ်ဒီလည်းလိုက်မှာ မီးမီးကလိမ်မာပါတယ်..."

"မသွားဘူး မသွားဘူး ကိုကိုနဲ့ပဲသွားမှာ ကိုကို့ကို ခေါ်ပေး အီး ဟီး ဟီး ကိုကို့ကို ခေါ်ပေး..."

"အို...မငိုရဘူးလေ အလှပြင်ထားတွေ ပျက်ကုန်တော့မှာပဲ..."

"ကိုကိုရေ့ အီး ဟီး ဟီး...."

"ဒီကလေးနဲ့တော့ ဒုက္ခပါပဲ...."

အခန်းထဲမှ နိုရာ့၏ငိုရှိုက်သံနှင့်အတူ အမဖြစ်သူ၏ငြီးငြူသံတို့က တစ်ပြိုင်နက်တည်း ထွက်ပေါ်၍လာလေသည်။ဒီနေ့က နိုရာ့၏ကျောင်းဆင်းပွဲနေ့ဖြစ်သည်။ကလေးတွေအတွက် အတီးအမှုတ်အဆိုအကများဖြင့် စီစဉ်ထားသည်။‌နိုရာ အကအဖွဲ့ထဲမှာပါသည်မို့ ဒီကျောင်းဆင်းပွဲကို လွန်ခဲ့သည့်နှစ်လအလိုလောက်ကတည်းက ကြိုတင်စိတ်လှုပ်ရှားနေခဲ့တာဖြစ်သည်။တစ်နေ့ တစ်နေ့ ကျောင်းမှာအကတိုက်လာသမျှ အိမ်မှာပြန်ပြန်ကပြလွန်းလို့ ကကွက်တောင်ထိုင်ကြည့်ရင်း အလွတ်ရနေပြီ။‌ရှင်းခန့်ကလည်း ကျောင်းဆင်းပွဲနေ့ကျ သူပါလိုက်ပါမည်ဟု ကတိပေးထားခဲ့တာဖြစ်သည်။ကလေးဆိုတော့ ဖြစ်ပျက်သွားတဲ့ပြဿနာတွေကို နားမလည်နိုင်ပဲ ပေးထားခဲ့သည့်ကတိကိုသာ ကိုင်စွဲလို့နေသည်။

"ဘာတွေဖြစ်နေကြတာလဲ...."

သူအခန်းရှေ့၌ ငိုင်၍ရပ်နေမိဆဲ အနောက်မှအနူးကရောက်လာ၏။သူနှင့်ကတောက်ကဆ ဖြစ်ပြီးသည့်နေ့ကတည်းက အနူးစိတ်ထိခိုက်သွားသည်ထင် ဖျားသွားပြီးအိပ်ရာထဲမှ မထနိုင်။သူလည်းစိတ်တွေညစ်လွန်းလှတာမို့ သတင်းတောင်ဝင်မမေးမိပေ။အခုတော့ နိုရာ့ငိုသံကြောင့် ထလာပုံရ၏။အနူးက သူ့ကိုလည်းမေးရင်းဖြင့် အဖြေကိုမစောင့်တော့ပဲ အခန်းထဲသို့တန်းဝင်၍သွားလေသည်။

"အလှတွေ ပျက်ကုန်ပါပြီမြေးရယ် ဘာလို့ငိုနေရတာလဲ..."

"ကိုကို ကိုကို အီး ဟီး ဟီး ဟီး!"

"ဒယ်ဒီလိုက်မယ်လေ ‌မီးမီးရဲ့..."

"အီး ဟီး ဒယ် အစ် ဒီနဲ့ ကိုကို အီး ဟီး ဟီး...."

နိုရာက ရှိုက်ကြီးတငင်ဖြင့် သူမဖြစ်ချင်တာကို ဗလုံးဗထွေး အရေးဆို၍နေလေသည်။

"ဒီကောင်မလေးနဲ့တော့ ဇွတ်ပါလား ငါစိတ်ဆင်းရဲတယ် နိုရာရယ်..."

အနူး၏စိတ်ညစ်ညူးစွာ ငြီးငြူနေသံနှင့်အတူ နိုရာ၏ငိုရှိုက်သံတို့က လုံးထွေးဆူညံ၍နေလေသည်။သူ အခန်းရှေ့၌ ရပ်မနေနိုင်တော့ပဲ အထဲသို့ဝင်လိုက်ရခြင်းသို့ရောက်၏။

"နိုရာ..."

နိုရာက ရှိုက်ကြီးတငင်ဖြစ်နေရာမှ ဖအေအသံကြားလိုက်ရတော့ ရှိုက်သံတို့တိုးတိတ်သွားရသည်။လုံးဝအငိုတိတ်သွားတာမျိုးမဟုတ်ပါပဲ အသံတိတ်တော့ ရှိုက်နေသေးသည်။မျက်ရည်တွေပေပွနေသော မျက်ဝန်း‌ဝိုင်းလေးတွေက ဖအေကိုကြောက်စိတ်တို့နှင့်အတူ မကျေနပ်ရိပ်တို့ပါရောယှက်ပြေးနေသည်။ငိုထားသောကြောင့် မျက်နှာလေးကရဲတွက်နေ၏။အသံမထွက်ပဲ ကြိတ်ရှိုက်နေသောကြောင့် ပခုံးလေးတွေပါ တလှုပ်လှုပ်ဖြစ်လို့နေသည်။သမီးဖြစ်သူ၏ပုံစံကြောင့် သူဆူပူဖို့စကားတွေ လည်ချောင်းဝ၌တစ်ဆို့သွားရသည်။ရှင်းခန့်အပေါ်မှာ နိုရာဘယ်လောက်အထိ သံယောဇဉ်ကြီးတာ သူအသိဆုံးဖြစ်သည်။သူ သက်ပြင်းအားအသာရှိုက်ပြီးမှ....

"အချိန်နီးနေပြီ ဂျစ်တိုက်မနေနဲ့တော့ ဒယ်ဒီလိုက်ပို့မှာ မြန်မြန်လုပ် ဒယ်ဒီအချိန်မရဘူးနော်..."

သူဝင်ပါလိုက်တော့မှ နိုရာကငြိမ်သက်သွားသည်။မကျေနပ်ကြောင်းကိုတော့ နှုတ်ခမ်းလေးစူကာ ထုတ်ဖော်ပြနေသေးလေသည်။

                ******

ပြင်ဆင်ပြီး ကားပေါ်လိုက်ပါလာသည့်အထိ နိုရာက စူပွပွဖြင့် ငြိမ်သက်နေကာ မကျေနပ်ကြောင်းပြနေသေးသည်။သူကတော့ ကားကိုဖြေး‌ဖြေးမှန်မှန်သာ မောင်းလာခဲ့ပြီး မ
သိကျိုးကျွံပြုထားလိုက်ပေမဲ့ ဂျူလီယာကတော့ တူမဖြစ်သူစိတ်ပြေစေရန် မျိုးစုံချော့မော့၍နေသည်။ကျောင်းရောက်တော့ ပွဲစဖို့ပင်အချိန်နီးကပ်နေပြီ ဖြစ်သည်။ဂျူလီယာကတော့ နိုရာနှင့်အတူ ဖျော်ဖြေရေးအတွက် ပြင်ဆင်နေကြသော အခန်းထဲသို့ဝင်သွားလေသည်။သူကတော့ မိဘတချို့နှင့်အတူ ခုံတန်းတွေဆီမှာပဲ နေရာယူလိုက်တော့သည်။ခဏကြာတော့ အခန်းအနားစတင်ကြောင်း ကြေငြာပြီး ကျောင်းအုပ်ကြီးက အဖွင့်အမှာစကားပြောသည်။ပြီးတော့ တာဝန်ရှိသူတချို့ အမှာစကားအနည်းအကျဉ်းပြောကြားပြီး ဖျော်‌ဖြေရေးအစီအစဉ်က စတင်တော့သည်။ခုနကအထိ စူပွပွဖြင့်မကျေမချမ်းဖြစ်နေသော နိုရာက စင်ပေါ်ရောက်သွားတော့ မျက်နှာတစ်ခုလုံးပြုံးရွှင်‌လို့နေသည်။ခုနကအော်ဟစ် သောင်းကျန်းငိုယိုခဲ့တာ သူမဟုတ်သည့်အတိုင်း။

ကလေးများ၏ ဖျော်ဖြေတင်ဆက်မှုအား ကြည့်နေရင်းဖြင့် သူ့စိတ်တွေကတော့ လွင့်ချင်တိုင်းလွင့်နေခဲ့သည်။စိတ်နဲ့ခန္ဓာဟာ ဘယ်လိုမှအံဝင်ခွင်ကျ မဖြစ်တော့တာ အဲ့ဒီအမျိုးသား ခွဲခွာသွားပြီးကတည်းကဖြစ်သည်။ဘဝဟာ အဓိပ္ပာယ်မဲ့နေခဲ့လိုက်ပုံများ။ရှင်လျှက်နှင့် သေသည်ဆိုတာဘယ်လိုမှန်း မသိပေမဲ့ သူ့အဖြစ်ကတော့ သေချင်နေလျှက်နှင့် ရှင်သန်နေရလေသည်။

ဖျော်ဖြေရေးအစီအစဉ်က ခဏတွင်းချင်းပြီးဆုံးသွားခဲ့သည်။နိုရာက ပြုံးပြုံးရွှင်ရွှင်ဖြင့်ပင် စင်ပေါ်မှဆင်းလာလေသည်။အမဖြစ်သူက နေရာမှထရပ်လိုက်သည်မို့ သူလည်း အလိုက်သင့်ထရပ်ကာ နောက်မှလိုက်ခဲ့ရသည်။နိုရာက လက်ထဲမှာ ဘယ်သူပေးလိုက်မှန်းမသိတဲ့ ပန်းစည်းကြီးနှင့်အတူ ဝက်ဝံရုပ်ကြီးကိုပိုက်လျှက် ပျော်မြူးနေသော မျက်နှာထားဖြင့်ရောက်လို့လာသည်။

"ကိုကို ဆုချတာတဲ့ အရုပ်ကြီး...."

အနားရောက်တာနှင့် အရုပ်အားမြှောက်ကာမြှောက်ကာဖြင့် နိုရာကပြောသည်။ဂျူလီယာ အံ့သြစွာဖြင့် ပန်းစည်းနှင့်အရုပ်အား ဆီးယူပြီးမှ...

"ကိုကို! ဘယ်ကကိုကိုလဲ မီးမီးရဲ့...."

"ကိုကိုလေ ဟိုသုံးထပ်တိုက်က ကိုကိုပေါ့..."

နိုရာ့၏စကားကြောင့် ဂျူလီယာ‌ကအံ့သြသွားရသလို ဆိုင်းလော့ဒ်သည်လည်း လှုပ်လှုပ်ရှားရှားဖြစ်သွားရသည်။ရှင်းခန့် တကယ်ကိုရောက်လာခဲ့တာလား။ကလေးတစ်ယောက်ကိုပေးခဲ့တဲ့ ကတိသေးသေးလေးကို အလေးထားပြီးရောက်လာတာတဲ့လား။

"ဘယ်မှာလဲ သူ ဘယ်မှာလဲ!..."

သူစိတ်လှုပ်ရှားစွာ မေးမိသည်။သူတို့ဆက်ဆံရေးကို ရပ်တန့်လိုက်ပြီဟု စတင်ကြေငြာပြီးကတည်းက ရှင်းခန့်ဟာ သူ့မျက်စိရှေ့မှာ လုံးဝကိုထပ်ပေါ်မလာတော့တာဖြစ်သည်။
သူ့၏ဆက်သွယ်မှုမှန်သမျှကိုလည်း မတုံ့ပြန်သလို၊ဆိုင်မှာသွားရှာ‌တာတောင်မှ တွေ့ခွင့်မရခဲ့ပေ။

"ဟိုမှာလေ!..."

နိုရာညွှန်ပြရာဆီသို့ သူလိုက်ကြည့်မိတော့ အဖြူရောင်ကျောပြင်ကျယ်လေးအား တွေ့လိုက်ရသည်။နဂိုပါးလျသော ကိုယ်လေးဟာ မတွေ့ရတဲ့တစ်လအတွင်း ပို၍ပိန်သွယ်သွားသလိုပင်။အဖြူရောင်အရိပ်လေးအား သူကြည့်ရင်းဖြင့် ရင်တွေတဒိန်းဒိန်းခုန်လာခဲ့သည်။ထိုအရိပ်လေးဆီသို့သာ အကြည့်တို့စူးစိုက်‌နေခဲ့ရင်း သူ့ကမ္ဘာကြီးတစ်ခုလုံးဟာ ထိုသူ့ဆီ၌သာ ဗဟိုပြုလည်ပတ်တော့သည်။ခြေလှမ်းတွေဟာလည်း အလိုအလျောက်ပင် ထိုအရိပ်လေး၏ဆွဲငင်မှုနောက်သို့ ‌လိုက်ပါတော့သည်။သူ့အာရုံထဲမှာ နိုရာလည်းမရှိတော့သလို ကျောင်းကပွဲဆိုတာလည်းမရှိတော့။သူ့ရှေ့မှ တရွေ့ရွေ့ထွက်ခွာနေပါသော ထိုလူတစ်ယောက်သာရှိလေတော့သည်။ပြေးလိုက်ဖို့ကိုလည်း သတိလက်လွတ်ဖြစ်နေတော့ ခြေလှမ်းကျယ်တို့က တလွှားလွှားဖြစ်နေတော့သည်။

ရှင်းခန့်နောက်သို့ တလွှားလွှားပြေးလိုက်ခဲ့ရင်း ကျောင်းဝင်းပြင်ပရှိ ကားရပ်နားရာသို့ ရောက်လာခဲ့သည်။

"ရှင်းခန့်မောင်!"

အနောက်မှအသံပြုလိုက်တော့ လှုပ်ရှားနေသောကျောပြင်လေးက ခတ္တခဏတန့်လို့သွားသည်။ရှင်းခန့်ခြေလှမ်း ရပ်သွားတာတွေ့တော့ သူအားတက်သရောဖြစ်သွားရကာ ခြေလှမ်းအား ပိုအရှိန်တင်ပစ်သည်။သို့သော် ရှင်းခန့်ကလည်း ချက်ချင်းပဲခြေလှမ်းကို အရှိန်တင်ပစ်သည်။သူ အနောက်မှနေ၍ ကသောကမျော ပြေးလိုက်ရင်း.... 

"ခင်ဗျား နေဦး!..."

ထွက်ပြေးသွားမှာစိုးသော စိတ်ဖြင့် သူသွေးရူးသွေးတန်းအော်ဟစ်မိပေမဲ့လည်း ရှင်းခန့်ကတော့ တချက်ပင်ငဲ့စောင်းကြည့်မလာပဲ ကားပေါ်သို့‌တက်ရောက်သွားပြီဖြစ်သည်။အရှိန်ဖြင့်မောင်းထွက်သွားသော ကားအားမမှီနိုင်မှန်းသိလျှက်ဖြင့် ကားနောက်မှီလေးပျောက်ကွယ်သည့်အထိ သူ သွေးရူးသွေးတန်းပြေးလိုက်မိသည်။ကားက လမ်းမကြီးပေါ်သို့ ချိုးကွေ့ပျောက်ကွယ်သွားတော့မှ သူလမ်းဘေးမှာ ခြေကုန်လက်ပမ်းကျစွာထိုင်ချမိသည်။

တကယ်ဆို ဒီလူ့နောက်ကို ဘာကြောင့်ပြေးလိုက်လာမိမှန်းလည်း မသိတော့ချေ။သူ ဘာကြောင့် ရှင်းခန့်၏အရိပ်ကို လိုက်ရှာနေမိမှန်းလည်းမသိ။တကယ်ဆို ရှင်းခန့်သာ ရပ်နေခဲ့ရင်တောင် သူတက်နိုင်တာ တကယ်ကိုဘာမှမရှိပေ။ဒီလူကို သူ့လက်ထဲမှာဆုပ်ကိုင်ထားဖို့၊သူ့ဘေးနားမှာ စိတ်ရောကိုယ်ပါ လုံခြုံနွေးထွေးစေဖို့ သူတက်နိုင်ပါ့မလားလဲမသေချာ။အတူတူဆက်ရှိကြဖို့အကြောင်းပြချက်တွေထက် အဆုံးသတ်ကြဖို့ အကြောင်းပြချက်ကသာ ပို၍ခိုင်လုံနေခဲ့လေသည်။

ကျိန်းစပ်စပ်ဖြစ်လာသော မျက်ဝန်းတို့အား ယောင်ယမ်းမှိတ်ချမိတော့ မငိုပါပဲ ပူးနွေးသောမျက်ရည်တို့က စီးကျသည်။

!ဆုပ်လည်းစူး စားလည်းရူးနဲ့ ကျွန်တော် တကယ်ကို ချောင်ပိတ်မိနေပြီ ခင်ဗျားရယ်...!

                 ~~~~~~~

အပြာရောင်မီးတွေ မှိန်ပြပြဖြင့် တီးလုံးသံတိုးတိုးငြိမ့်ငြိမ့်လေး လွင့်ပျံ့နေသော ဟိုတယ်ခန်းမထဲမှာ လူအားလုံးသူ့အစုနှင့်သူ ရှိနေကြသည်။ယောက်ျားမိန်းမ မြင်လိုက်ရသမျှ ဝတ်ကောင်းစားလှတို့ဖြင့် တလက်လက်တောက်ပနေကြသည်။သူ့စိတ်အတိုင်းသာဆို ဒီလိုပွဲလမ်းသဘင်တွေကို ‌ရှောင်ရှားမိမှာဖြစ်သည်။သို့ပေမဲ့ ပွဲရှင်ဟာ ကိုယ့်၏နှစ်သက်ကြာရှည်နေသော ဝန်ထမ်းဖြစ်နေတာကြောင့် ဒီနေရာသို့ ရောက်လာခဲ့ရတာဖြစ်သည်။သုံးဆယ်ကျော်မှ ကံပေါ်ဆိုသလိုပဲ မမွန်တစ်ယောက်ဟာ အသက်၃၆ကျော်ကာမှ အိမ်ထောင်ကျဖို့ အကြောင်းဖန်လာလေသည်။သတို့သားကလည်း အသက်၄၀နီးပါးလူပျိုကြီးပဲမို့ ဧည့်ခံပွဲဘာညာ တခမ်းတနားလုပ်မနေကြတော့ပဲ မနက်ပိုင်းရုံးတက်လက်မှတ်ထိုးကာ ညပိုင်းကိုဟိုတယ်မှာပဲ ပေါ့ပေါ့ပါးပါး ဒင်နာလေးကျင်းပတာမျိုးဖြစ်လေသည်။

ကိုယ့်လက်အောက်ငယ်သား ဝန်ထမ်းလည်းဖြစ်၊မိသားစုသဖွယ်ရင်းနှီးကာ သစ္စာရှိလူယုံလည်း ဖြစ်နေတာမို့ ဒီပွဲကိုတော့ သူရှောင်လွဲမရနိုင်ပေ။ထို့ကြောင့်ပဲ ရုံးတက်လက်မှတ်ထိုးရာမှစ၍ ဒင်နာပွဲအထိ သူတက်ရောက်ရလေတော့သည်။

"ကိုရှင်း!..."

ထောင့်ကျကျစားပွဲ၌ သူထိုင်နေစဉ်မှာပဲ ဆိုင်မှဝန်ထမ်းကောင်မလေးနှစ်ယောက်က အနားသို့ရောက်လာကြလေသည်။

"တစ်ယောက်တည်း ထိုင်နေတာလား သမီးတို့လည်းဒီမှာပဲထိုင်လိုက်မယ်နော်..."

"အေး ထိုင်ကြလေ..."

သူခေါင်းငြိမ့်ပြတော့ ကောင်မလေးတွေက ဟီးကနဲရယ်ပြီးတော့မှ ခုံဆွဲ၍ဝင်ထိုင်ကြလေသည်။မကြာခင်မှာပဲ သတို့သားသတို့သမီးက ပွဲထွက်လာကာ ရှန်ပိန်ဖောက်ပြီး ဒင်နာပါတီအား စတင်လိုက်တော့သည်။သက်လတ်ပိုင်းအရွယ် လူငယ်တွေချည်းပဲမို့ သီချင်းသံမြိုင်မြိုင်ဆိုင်ဆိုင်ဖြင့် ပါတီကပေါ့ပေါ့ပါးပါး ရှိလှလေသည်။

"မမွန်က လှလိုက်တာမှ..."

"ဟုတ်ပါ့နော် သတို့သားကလည်း ခန့်ချောကြီး အမလေး နေနဲ့လရွှေနဲ့မြပဲ..."

"ဟဲ့ အခုမိတ်ကပ်က ဘယ်သူပြင်တာလည်းသိလား ငါ့အလှည့်ကျ သူနဲ့ပြင်ရမယ်..."

"အမလေးဟယ် ရည်းစားပဲဖြစ်‌ဖြစ်မြောက်မြောက်ထားပါဦး ဘာကိုမိတ်ကပ်ပြင်ဖို့ ကျော်တွေးနေလဲ..."

"ဟယ် ကောင်မ! ဒီလိုပဲကြိုစဉ်းစားထားရတာပေါ့ ဘာဖြစ်လဲ စိတ်ကူးယဉ်တာပဲ အဟီး ငါ့အလှည့်ကျရင်လည်း မမွန်လိုပဲ ဒင်နာလေးပဲလုပ်မယ် ပြီးရော အလုပ်ရှုပ်သက်သာတယ်...."

"အေး ဘဲရှိပြီလား...."

"ဟယ် ကောင်မ! သူများစိတ်ကူးယဉ်နေတာကို..."

နှစ်ယောက်သား သတို့သားသတို့သမီးအားကြည့်ကာ တီးတိုးတီးတိုးပြောလိုက် လက်မောင်းကို ခပ်ကျိတ်ကျိတ်ရိုက်လိုက်ဖြင့် အလုပ်များနေကြသည်။နံဘေးရှိ သူ့ကိုတောင်မေ့လျော့နေကြပုံရသည်။မိန်းမတွေဟာ ဒီလိုပဲတခါတလေ ရူးတက်ကြသည်ထင်။

သူခပ်ဖွဖွပြုံး၍ ခေါင်းခါယမ်းမိပြီးမှ ရှန်ပိန်အား တစ်ကျိုက်မော့သောက်မိသည်။

"ဟဲ့ ဟဲ့ ဟိုမှာ ကိုကချင်မှတ်လား..."

"ဘယ်မှာလဲ..."

"ဟိုမှာလေ ထိပ်ဆုံးကဝိုင်းမှာ...."

နံဘေးမှနှစ်ယောက်၏ တီးတိုးပြောဆိုသံကြောင့် သူ့ရင်ထဲဒိန်းကနဲဖြစ်သွားရသည်။မမွန်နှင့်ဆိုင်းလော့ဒ်တို့က မိသားစုလိုနှစ်အိမ့်တစ်အိမ်နေကြတာမို့ ဒီနေ့ပွဲကိုတက်လျှင် ဆိုင်းလော့ဒ်နှင့်ဆုံနိုင်တာကို သူကြိုတင်တွက်ဆထားပြီးသားဖြစ်သည်။မျက်နှာချင်းဆိုင်မခံပဲ ရှောင်ထွက်ဖို့ကိုလည်း သူပြင်ဆင်ခဲ့ပြီးသားဖြစ်သည်။မျက်နှာချင်းဆိုင်ဖို့တောင် မသင့်ကြတော့တဲ့လူတွေမဟုတ်လား။

"ဟဲ့ ဘေးကသူ့မိန်းမလား..."

"ဟယ် ပေါက်တက်ကရ..."

"ဟုတ်တယ်ဟ ဟိုမှာလေ နိုရာ့ကိုချီထားတာ သူ့အခန်းပြန်အပ်သွားတယ်မှတ်လား မိန်းမယူလိုက်လို့လား..."

"မဖြစ်နိုင်ပါဘူးဟာ သူ့အစ်မမဟုတ်ဘူးလား..."

"သူ့အမက ဟိုအနီနဲ့တစ်ယောက်လေ ငါပြောတာကနိုရာ့ကိုချီထားတဲ့ အဖြူနဲ့တစ်ယောက်..."

"မဖြစ်နိုင်ပါဘူးဟာ..."

"ပြောလို့ရမလား ပုံစံက မိသားစုလိုပဲကို တော်တော်လှတယ်နော် လိုက်တယ်ဟ.."

နံဘေးမှ အိစံတို့နှစ်ယောက်၏ တီးတိုးစကားသံတို့က သူ့အား ထိုစားပွဲရှိရာသို့ မကြည့်မိပဲမနေနိုင်ဖြစ်စေတော့သည်။မျက်မှောင်တွေတွန့်ချိုးထားပြီး မှုန်ကုတ်နေသော မျက်နှာထားဖြင့် ထီးထီးကြီးရှိနေသော ဆိုင်းလော့ဒ်အား တွေ့လိုက်ရတော့သည်။ရှပ်အင်္ကျီအနက်ရောင်ကြောင့် ဖြူဝင်းသောမျက်နှာက မီးရောင်အောက်မှာ ထင်ထင်ရှားရှားဖြစ်လို့နေသည်။မတွေ့ရတဲ့တစ်လကျော်အတွင်း ဆံပင်တွေပိုရှည်လာသလို ရိတ်သင်ထားခြင်းမရှိတဲ့ မုတ်ဆိတ်ပါးသိုင်းတို့ဟာလည်း ပါးပြင်ပေါ်မှာနေရာယူလျှက်ရှိသည်။
ဆံပင်တွေကိုဖြစ်သလိုစုစည်းထားတာတောင်မှ ဒီအမျိုးသား၏ ခန့်ညားမှုကတော့ နည်းနည်းလေးတောင် ယုတ်လျှော့မသွားပေ။

ညာဖက်ဘေးခုံ၌ ဂျုလီယာရှိနေပြီး ဘယ်ဖက်မှာက သံသာညိုက နိုရာလေးအားပေါင်ပေါ်သို့တင်ထားလေသည်။အနေအထားက ရုတ်တရက်လှမ်းကြည့်လိုက်လျှင် မသိတဲ့သူသာဆို မိသားစုလိုက်ပွဲတက်လာတယ်ဟု ထင်ကြမှာပဲဖြစ်သည်။‌‌ဆိုင်းလော့ဒ်က ရှုတည်တည်မှုန်ကုပ်ကုပ်ဖြင့် ရှိနေသလောက် သံသာညိုကတော့ အချိုဆုံးသောအပြုံးတို့ဖြင့် နိုရာ့အား မုန့်တို့အား စိတ်ရှည်လက်ရှည်ခွံ့လို့နေလေသည်။

ထိုမြင်ကွင်းအား ခပ်ငေးငေးကြည့်နေမိရင်း သူ့ရင်တွေနာကျင်လာရတော့သည်။ဒီအမျိုးသားရဲ့ နံဘေးမှာ သူသာဆိုလျှင် ဒီလိုမျိုးပွဲလယ်တင့်နိုင်မည်မဟုတ်ပေ။ရင်ခုန်သံ‌တွေတူညီခဲ့ကြပေမဲ့ သူတို့ရဲ့ဖြစ်တည်မှုတွေကျ မှားယွင်းခဲ့ကြသည်။ငဲ့ညှာစရာထောက်ထားစရာတွေဖြင့် သူတို့ရဲ့ကံကြမ္မာဟာ အစကတည်းကသတ်မှတ်ထားခဲ့ပြီးသားပင်။

နာကျင်ရတယ်ဆိုပေမဲ့လည်း တစ်ခဏစာ အခိုက်အတန့်တစ်ခုစီတိုင်းဟာ တစ်ခုတ်တရသိမ်းထားချင်စရာ...။

သူငေးကြည့်နေစဉ်မှာ ဆိုင်းလော့ဒ်မျက်ဝန်းညိုတွေက ရွေ့လျား၍လာလေသည်။အကြည့်ချင်းကူးလူးမိကြတဲ့ စက္ကန့်ပိုင်းစာ အခိုက်အတန့်လေးဟာ ဝင်သက်ထွက်သက်တိုင်းကို ပြည့်စုံသွားစေခဲ့သည်။လွမ်းဆွတ်နေရသော မျက်ဝန်းနှစ်စုံဟာ အတန်ကြာစူးစိုက်နေခဲ့ပြီးမှ ဆိုင်းလော့ဒ်က လှုပ်လှုပ်ရှားရှားဖြစ်လို့လာသည်။နေရာမှထလာတော့မလိုမျိုး ဟန်ပြင်လာတာမို့ သူချက်ချင်းထထွက်ဖို့ ပြင်ဆင်ရတော့သည်။ကားသော့အား ဆွဲယူကာ သူနေရာမှ ရုတ်တရက်ကြီးထထွက်‌တော့ အိစံတို့က အံ့သြစွာဖြင့်....

"ဟင်!..."

"ကိုရှင်း ပြန်တော့မလို့လား အစောကြီးပဲ..."

"အင်း! ခေါင်းမကြည်လို့ မမွန်ကိုတချက်ပြောပေးနော် ပြန်သွားပြီလို့..."

"ဟုတ်  ဟုတ်..."

ကောင်မလေးနှစ်ယောက်အား အလောတကြီးပြောရင်းဖြင့် နေရာမှမပြေးရုံတမယ် ထွက်ခဲ့မိတော့သည်။

                 ~~~~~~

"ဘယ်လဲ အားလော့ဒ်..."

‌နေရာမှထထွက်ဟန်ပြင်နေသော မောင်ဖြစ်သူအား ဂျူလီယာတိုးတိုးကျိတ်ကျိတ်မေးမိသည်။ကျောင်းကပွဲနေ့ကလည်း ရှင်းခန့်၏အရိပ်မြင်တာနှင့် ပြေးလိုက်သွားလိုက်တာ အနောက်မှလိုက်ခေါ်လို့တောင်မရ။အခုလည်း ပွဲထဲမှာရှင်းခန့်အား မြင်လိုက်တာနှင့် ကျောက်ရုပ်ကြီးလို လိုက်ထိုင်နေရာမှ သံပတ်ပေးလိုက်သလိုမျိုး လှုပ်လှုပ်ရှားရှားဖြစ်လာတော့သည်။

"သူများပွဲထဲမှာနော် အားလော့ဒ်..."

အမဖြစ်သူ၏ သတိပေးသံအား လစ်လျှူရှုကာဖြင့် ရှင်းခန့်မောင်၏ နောက်သို့သာ အမှီလိုက်ခဲ့တော့သည်။‌ရှင်းခန့်ကလည်း သူအနောက်က လိုက်ပါလာတာကိုသိတာမို့ ကားရှိရာသို့ အလျှင်အမြန်သွားနေလေသည်။သူခြေလှမ်းအား အရှိန်ထပ်မြှင့်ကာ ပိတ်နေပြီ‌ဖြစ်သော ကားတံခါးအား အသဲအသန်ဆွဲထားရခြင်းသို့ရောက်လေသည်။

"နေဦး..."

ကားတံခါးအား အားထည့်၍အတင်းဆွဲထားပြီးမှ ကိုယ်လုံးဖြင့်တိုးဝင်ကာတားလိုက်တော့ ရှင်းခန့်တံခါးပိတ်ဖို့ ကြိုးစားတာက မအောင်မြင်တော့ပေ။

"ဘာလို့ထွက်ပြေးတာလဲ..."

ခန္ဓာကိုယ်ကြီးအားငုံ့မိုးထားကာ မျက်နှာနားငုံ့၍ ‌ပြောနေတာမို့ ဆိုင်းလော့ဒ်ဆီမှ ဝင်သက်ထွက်သက်တို့က မျက်နှာပြင်အား ရိုက်ခတ်ကျီစယ်လို့နေသည်။ရင်းနှီးနေသော ကိုယ်သင်းရနံ့ကလည်းသူ့အား အနေခက်စေသည်။

"မပြေးဘူး ခေါင်းမကြည်လို့ စောပြန်မလို့..."

မပွင့်တပွင့်စကားသံနှင့်အတူ ရှန်ပိန်ရနံ့က လှိုက်တက်လာတာကြောင့် ဆိုင်းလော့ဒ်၏ မျက်ခုံးတန်းတို့စုကျုံ့သွားရသည်။

"သောက်ထားတာလား...."

"....."

"ဖယ်! ပြန်ပို့ပေးမယ်..."

"ရတယ် ကိုယ်မောင်းနိုင်တယ်...."

ဆိုင်းလော့ဒ်က သူ့ဘာပြောပြော နားထောင်ချင်ပုံမရတော့ပါပဲ ကားထဲသို့အတင်းတိုးဝင်လာတာမို့ မတက်နိုင်စွာပဲနေရာရွေ့ပေးလိုက်ရခြင်းသို့ရောက်လေတော့သည်။

နှစ်ယောက်သား တိတ်တဆိတ်သာကားမောင်းပြန်ခဲ့ကြရင်း  ဘာစကားမှလည်းမဆိုဖြစ်ကြပေ။ရှင်းခန့်ကိုယ်တိုင်ကလည်း စကားမဆိုချင်သလိုမျိုး ကားပြတင်းအပြင်ဖက်သို့သာ မျက်နှာအားလှည့်လို့ထားလေသည်။ကိုယ်တိုင်လည်း ဘာစကားကို ဘယ်လိုစပြောရမှန်းမသိပေ။သူတို့ကြားထဲမှာ အစပြုစရာစကားခေါင်းစဉ်တို့သည်လည်း ပျောက်ဆုံးနေခဲ့လေသည်။ထိုပုံစံအတိုင်း ကားမောင်းပြန်ခဲ့ကြရင်း ရှင်းခန့်၏ခြံရှေ့မှာပဲ ကားအားအသာအယာရပ်ပေးလိုက်တော့သည်။

"ကျေးဇူး!..."

ရှင်းခန့်က မျက်လုံးချင်းမဆုံစေပါပဲ မျက်လွှာချ၍ ခပ်တိုးတိုးပြောသည်။ပြီးတာနှင့်ကားတံခါးဖွင့်ကာ ဆင်းဟန်ပြင်တာမို့....

"နေဦး!...."

သူ လက်ဖျားလေးအား ခပ်တင်းတင်းဆွဲကိုင်ကာ ပြန်ဆွဲချတော့ ပိန်သွယ်သောကိုယ်လေးက ရင်ခွင်တစ်ခြမ်းသို့ပြိုကျလာလေတော့သည်။နီးကပ်နေသော အနေအထားမှာ တစ်ယောက်၏အသက်ရှုသံအား တစ်ယောက်ပြန်‌ကြားနေရသည်။ရှင်းခန့်က ဆုပ်ကိုင်ခံထားရသော လက်တို့အားပြန်လည်ရုန်းဖယ်၍...

"ဘာပြောစရာရှိလို့လဲ...."

"....."

သူ ဘာများပြောစရာရှိရမှာလဲ။တကယ်ကို ဘာစကားမှပြောစရာရှိမနေခဲ့ချေ။သူ့ဆီမှတိတ်ဆိတ်နေတော့ ရှင်းခန့်၏မျက်ဝန်းတို့က ဝင့်တက်လာခဲ့လေသည်။အကြည်ရောင်မျက်ဝန်းတို့ဟာ နာကျင်ရိပ်တို့ဖြင့် ဖျော့တော့၍နေခဲ့သည်။အနည်းငယ်လှုပ်ခတ်တုန်ယင်နေ‌ပါသော နှုတ်ခမ်းလွှာလေးအား သူပွတ်သပ်ကိုင်တွယ်မိပြီးမှ....

"လွမ်းတယ်...."

မှိုင်းညို့ရီဝေနေတဲ့အကြည့်ရယ်၊အက်ရှဆွေးမြေ့နေတဲ့စကားသံရယ်ကာ သူမာန်တင်းအေးခဲထားရသမျှ ခံစားချက်အလုံးစုံကို အရည်ပျော်ကျစေလေသည်။

"ခင်ဗျားကို အရူးလိုပဲ လွမ်းနေခဲ့တာ...."

နှစ်ကိုယ်ကြားရုံတိုးဖွအက်ရှစွာပြောရင်း နီးကပ်စွာငုံ့ကျလာပါသော ဆိုင်းလော့ဒ်၏ နှုတ်ခမ်းလွှာတို့အား သူရှောင်ဖယ်နိုင်စွမ်းမရှိတော့။ကိုယ်တိုင်လည်း ဒီအမျိုးသားလေးကို ရူးမတက်လွမ်းနေခဲ့တာမဟုတ်ပါလား။

တမ်းတလွမ်းဆွတ်ခဲ့ရတဲ့ အနမ်းတို့ဟာ မွတ်သိပ်ပြင်းပြနေခဲ့သည်။အနမ်းတို့၏ ဖျားယောင်းသွေးဆောင်မှုအောက်မှာ ဦးနှောက်ဟာလည်း ဆင်ခြင်နိုင်ခြင်းကင်းမဲ့စွာ ဗလာသက်သက်သာ။ငဲ့ညှာခြင်း ထိန်းချုပ်ခြင်း စောင့်စည်းခြင်းတို့ကင်းမဲ့စွာ သူတို့ရဲ့ကမ္ဘာမှာ သူတို့သာရှိနေစေသည်။

မွတ်သိပ်ပြင်းပြစွာ နမ်းရှိုက်နေရင်းဖြင့် မတင်းတိမ်နိုင်တော့ပဲ ရှင်းခန့်၏ ကိုယ်လေးအား မျက်နှာချင်းဆိုင်အနေအထားဖြင့် ပေါင်ပေါ်သို့ဆွဲတင်ပစ်သည်။လွမ်းဆွတ်တမ်းတ‌နေခဲ့ရသော လည်တိုင်လေး၌ မျက်နှာအပ်မိတော့ ရှင်းခန့်၏ အသံရှုသံလေးတွေ ပို၍ပြင်းထန်လို့လာသည်။လည်တိုင်လေးအား စုပ်ယူနမ်းရှုက်နေရင်းဖြင့် ခန္ဓာကိုယ်အနှံ့ပွတ်သပ်ရင်း ချော့မြှူလိုက်တော့ ရှင်းခန့်ဆီမှ ငြီးငြူသံသေးသေးလေး ထွက်ပေါ်လာလေတော့သည်။

မျက်နှာရဲရဲလေးဖြင့် နှုတ်ခမ်းလေးတွေဟကာ အသက်ရှုသံတွေပြင်းထန်နေပါသော ရှင်းခန့်၏ပုံစံလေးကြောင့် သူ့စိတ်ဆန္ဒတွေဟာ အမြင့်ဆုံးအထိ ပေါက်ကွဲကုန်လေသည်။
ရှပ်အင်္ကျီအဖြူလေးအား ခပ်ကြမ်းကြမ်း ဆွဲချွတ်ပစ်တော့လည်း မျက်စိရှေ့မှ အမျိုးသားလေးက ငြင်းဆန်ခြင်းမပြုတော့ပေ။

‌"ချောက်"

မပီဝိုးတဝါး အသံလေးတစ်ခုနှင့်အတူ ကားမီးရောင်ဝါကျင်ကျင်က မှောင်ကျသွား၏။ကားလေးထဲမှာတော့ က
ရင်ခုန်သံပြင်းပြင်းတို့သာ လွှမ်းခြုံနေလျှက်
တစ်ယောက်က ပုံဖော်သီကျူးနေသော ကမ္ဘာဦး၏အချစ်သံစဉ်တို့နှင့်အတူ တစ်ယောက်က အတူတကွလိုက်ပါကခုန်ဖို့ အဆင်သင့်ဖြစ်လို့နေလေတော့သည်။

                 ~~~~~~

AN.အကြာကြီးစောင့်ပေးလို့ ‌ကျေးဇူးပါ။love you all

Continue Reading

You'll Also Like

655K 43.3K 91
ဒဏ်ရာတွေပေးလည်း ပေးသူ အပြစ်လို့ ကျွန်တော် မမြင်သလို ကျေနပ်စွာ ခံယူသူရဲ့ အပြစ်ဟုသာ ကျွန်တော်ယူဆသည် ဒဏ်ရာတွေပေးလည်း ပေးသူ အပြစ်လို့ ကျွန်တော် မမြင်သ...
883K 57.5K 54
Title : APo Hsu Genre : Own Creation / BL Tags : Romance Cover Artist : Moon U Author : Ya...
107K 11.9K 107
💥New BL ဒါဒါတို့ရေ... ရှေးခတ်ကျေးလက်တောရွာကို ကူးပြောင်းမှ ကြိုက်ပါတယ်ဆိုတဲ့ဒါဒါလေးတို့အတွက် အသစ်လေးလာပါပြီ .... ရှားပါးတဲ့ MC Gong ပါနော် Gp လေးက...
1.5M 86.4K 87
This is a work of fiction. Any names, characters or events are fictional.