The Daily Life Of Being The C...

Από rabbitrideslion

81.6K 10.9K 430

Title - The Daily Life Of Being The Campus Idol's Fake Boyfriend (给校草当假男友的日子) Arthor - 羲和清零(Xi He Qing Ling) ... Περισσότερα

1 - Meeting for the first time
2 - Full Diamond Nobility
3 - Talent Show
4 - Perfect Fit
5 - Reborn
6 - Hearsay
7 - A dormitory
8 - Love at first sight
9 - The Same Bowl
10 - Like on a date
11 - Sleep with enough rest
12 - Scratch my back
13 - I feel so good
14 - You are here
39 - Flower Boat Ride
40 - Your Birthday
41 - Mouth to Mouth
42 - Red Sandalwood Wooden Sign
44 - Singing Competition
45 - Wind Chasing Girl
46 - Wait for me to come back
47 - Sudden Joy and Sadness
48 - Not Straight At All
49 - Holding Hands
50 - New Year's Day Invitation
51 - A Little Jealous
52 - If you don't like it, Don't eat it
53 - Come Home With Me?
54 - I Want To Kiss You
55 - Confirm
56 - Be Honest With Each Other
56 - Part 2
57 - Sentimental
58 - This is my brother
59 - It's a Boyfriend
60 - WeChat
61 - Known Him For A Long Time
62 - I Like Him
63 - I Only Like You
64 - Fate
65 - Internal Digestion
Extra 1
Extra 2
Extra 3
Extra 4
Extra 5
Extra 6
Extra 7
Extra 8
Extra 9
Final Extra Part 1
Final Extra

43 - Pop Music Club

1.3K 211 2
Από rabbitrideslion

Unicode

ပေါ့ပ်ဂီတကလပ်

မိန်းကလေးများကလည်းစပ်စုချင်စိတ်ဖြင့်ထိုအရာအားလာရောက်ကြည့်ရှူကြတော့သည်။သစ်သားတံဆိပ်ပြားလေးကလက်မအရွယ်လောက်လေးမျှသာရှိကာထူးထူးခြားခြားပုံစံလေးဖြစ်ပီးအစွန်းနားလေးများကတော့အနည်းငယ်ကြမ်းရှရှပင်။

သူတို့အားလုံးလိုလိုဆွံ့အသွားခဲ့ကြပီး - " ဒါလေးကယွမ်နှစ်ဆယ်တောင်ပေးရတယ်လား "

ချီဖုန်းကတော့အများကြီးမရှင်းပြလိုက်ပေ။သူတို့လမ်းပေါ်သို့ပြန်ရောက်သည့်အချိန်မှလင်းခယ်ကထူးထူးဆန်းပြောလာခဲ့သည်။

" သစ်သားပန်းပုဆိုင်ထဲမှာတုန်းကဒီလိုလုပ်ထားတဲ့ပစ္စည်းမျိုးမတွေ့ခဲ့သလိုပဲ "

ချီဖုန်းကပြုံးလိုက်ပီး - " ဦးလေးကြီးအလုပ်ခုံရဲ့အောက်မှာသစ်သားအတိုအစလေးတွေအပုံလိုက်ရှိနေတာမင်းမှတ်မိလား "

လင်းခယ် - " မင်းကအဲ့ကနေကောက်လာတာလား "

ချီဖုန်းကငြင်းဆန်ခြင်းမရှိဘဲ - " ဟုတ်တယ် ငါကသူအသုံးလိုသေးလားလို့မေးလိုက်တာသူကမလိုတော့ဘူးတဲ့လေ ဒါကြောင့်ငါလည်းတစ်ခုကောက်လိုက်ပီးသူ့ကိုတံဆိပ်ပြားသေးသေးလေးဖြစ်အောင်လုပ်ခိုင်းလိုက်တာ ပထမတော့သူကငါ့ဆီကပိုက်ဆံမတောင်းဘူး ဒါပေမယ့်ပစ္စည်းပေးတဲ့အချိန်ကျ ငါကအတော်ကြည့်တတ်တာပဲလို့ပြောတယ် ဘာလို့လဲဆိုငါကောက်လိုက်တာကနံ့သာနီသားဖြစ်နေလို့တဲ့လေ ဒီသစ်သားစလေးကလွန်ခဲ့တဲ့ရက်အနည်းငယ်သူအရိမေတ္တယျဗုဒ္ဓရုပ်တုထုတုန်းကကျန်ခဲ့တဲ့ဟာလို့လည်းပြောတယ် အရိမေတ္တာယျရုပ်တုကတော့ထုပီးနောက်တစ်နေ့တင်ရောင်းထွက်သွားခဲ့တယ်တဲ့ "

လင်းခယ် - " ... "

ချီဖုန်း - " အစကတော့ငါလက်ခဖိုးဆယ်ယွမ်ပဲပေးချင်ခဲ့တာ ဒါပေမယ့်ဒီဟာလေးကဗုဒ္ဓရုပ်တုကကျန်ခဲ့တယ်ဆိုတဲ့အကြောင်းကြားတော့ငါဘုရားကျောင်းသွားတုန်းကဆရာတော်တစ်ပါးပြောခဲ့တာရုတ်တရက်သတိရသွားခဲ့တယ် ဆရာတော်ပြောခဲ့တာက 'အမြစ်မရှိတဲ့သစ်ပင်တွေအပေါ်ကိုမိုးကရွာသွန်းမှာမဟုတ်ဘူး မှော်ဆန်ပီးအဖိုးတန်တဲ့အရာတွေကရေစက်ရှိတဲ့သူတွေဆီကိုပဲရောက်နိုင်တယ်' တဲ့ ငါတို့တွေဒီနေရာရောက်လာတာကလည်းကံတရားကြောင့်ပဲလို့ငါခံစားလိုက်မိတယ် ငါပိုပီးရိုးသားသင့်တယ်လေ ဒါကြောင့်ငါလည်းယွမ်နှစ်ဆယ်လုံးပေးခဲ့တာပဲ "

ထိုသို့ပြောလိုက်ပီးမှချီဖုန်းလည်းသူ့ကိုယ်သူအနည်းငယ်ရူးကြောင်ကြောင်နိုင်သည်ဟုခံစားလိုက်ရပေသည်။

ယခုလက်ရှိအခြေအနေကပုံမှန်နှင့်မတူပါချေ။သူ့ထံ၌ပိုက်ဆံရှိနေခဲ့ပါကယွမ်နှစ်ရာလောက်ပေးပစ်ရင်တောင်ကိစ္စမရှိပါသော်လည်းယခုကျသူ့လက်ထဲယွမ်နှစ်ဆယ်သာရှိသည်မဟုတ်ပါလား။ထို 'ရိုးသားမှု' အတွက်ရှိသမျှအားလုံးစိတ်မြန်လက်မြန်ပေးပစ်လိုက်ခြင်းကအတော်လေးတုံးအလွန်းသည်ပင်။

လင်းခယ်သည်အနည်းငယ်အံ့သြသွားခဲ့သော်လည်းတစ်ဖက်သူ၏စစ်မှန်သည့်စိတ်ထား‌လေးကတော့ချီးကျူးထိုက်သည်ဟုခံစားလိုက်မိသည်။ပြောရရင်ချီဖုန်းကအပြန်ခရီးစားရိတ်အားလုံးပါပေးခဲ့ခြင်းလည်းမဟုတ်သည့်အတွက်သူ၏စိတ်မြန်လက်မြန်ရှိမှုကဘောင်အတွင်း၌ရှိသေးသည်ဟုဖော်ပြနေခဲ့ပေသည်။

လင်းခယ်လည်းသူ့လက်ထဲရှိတံဆိပ်ပြားသေးသေးလေးအားငုံ့ကြည့်၍ပြောလိုက်မိသည်။

" ငါ့ရဲ့ဂိမ်းထဲကနာမည်လေးပဲလုပ်ခဲ့ရတာတော့စိတ်မကောင်းစရာပဲ ငါဒိုတာ(Dota)ခုတ်တဲ့အချိန်လောက်ပဲ ဗုဒ္ဓရဲ့အစွမ်းကိုထုတ်ပြရမှာပေါ့ "

ချီဖုန်းကရီလိုက်ပီးအကူအညီမဲ့နေခဲ့သလိုလေသံဖြင့်  - " ဒီအချိန်တုန်းကတော့ဒီသစ်သားစလေးကတော်တော်အဓိပ္ပါယ်ရှိနေလိမ့်မယ်လို့ငါမသိခဲ့ဘူးလေ အင်္ဂလိပ်စာလုံးတွေကထွင်းရလွယ်လောက်မယ်လို့ပဲတွေးလိုက်မိတာ ငါစောစောကသာသိခဲ့ရင်ဦးလေးကြီးကိုမင်းနာမည်ရင်းထွင်းခိုင်းလိုက်ပါတယ် "

" ထားလိုက်တော့ နာမည်ဆိုတာအမှတ်သင်္ကေတတစ်ခုပါပဲ ဒါပေမယ့်လက်ဆောင်ကိုတော့ ... ငါတော်တော်လေးကြိုက်ပါတယ် "

လင်းခယ်ကထိုတံဆိပ်ပြားလေးအားသူ၏ဘောင်းဘီအိပ်ကပ်ထဲသို့သေချာဂရုတစိုက်ထည့်လိုက်ပီးတစ်ဖက်သူအားပြုံး၍ပြောလိုက်ပေသည်။

" ကျေးဇူးနော် "

ချီဖုန်းကလက်မြှောက်၍သူ၏လည်ပင်းအားထိလိုက်ပီးသူ၏နှုတ်ခမ်းထောင့်လေးများကလည်းထိန်းချုပ်ရခက်စွာကွေးတက်သွားခဲ့လေသည်။

နှစ်ယောက်သားအချိန်ကောင်းလေးများရခဲ့ကြပီးနေ့လည်စာစားချိန်ရောက်မှအရူးဖြစ်ကြတော့သည်။

မိန်းကလေးများကတော့ချီဖုန်းတစ်ယောက်သူ၏ပိုက်ဆံအားလုံးသုံးလိုက်ပီးဖြစ်ကြောင်းမသိကြဘဲအဆင်သင့်စာများရသည့်စားသောက်ဆိုင်တစ်ဆိုင်အားရွေးချယ်ကာယွမ်နှစ်ဆယ်တန်စားစရာတစ် Set စီမှာလိုက်ကြပီးသူတို့နှစ်ယောက်အတွက်ပင်ထိုင်ခုံနေရာကြိုဦးပေးထားကြပေသည်။

စားစရာများရောက်လာသည့်အချိန်မှချီဖုန်းနှင့်လင်းခယ်တို့ကသူတို့နှစ်ယောက်အတွက်တစ်ပွဲသာမှာထားကြောင်းသတိပြုလိုက်မိကာမှာထားသည့်စားစရာကလည်းအားလုံးထဲဈေးအသက်သာဆုံးပင်။

" ဘာဖြစ်လို့လဲ "

ကျန်းဝိန်ချင်ကထူးဆန်းသည့်ဟန်ဖြင့်မေးလာခဲ့သည်။

" နင်တို့နှစ်ယောက်ကအတူစားဖို့လား "

လင်းခယ်လည်းတူထည့်ထားသည့်ကြုပ်ထဲမှတူတစ်စုံယူ၍ချီဖုန်းအားကမ်းပေးလိုက်သည်။ထို့နောက်သူကတစ်ဖက်သူအားကူညီ၍မဖုံးကွယ်ထားပေးဘဲတိုက်ရိုက်ပင်ပြောထုတ်လိုက်တော့သည်။

" သူ့မှာစားဖို့ပိုက်ဆံမရှိတော့ဘူးလေ "

မိန်းကလေးအုပ်စု  - " ... "

ကျန်းဝိန်ချင် - " နင်တို့ဘာလို့အစောနကတည်းကမပြောတာလဲ "

ချီဖုန်းကပြုံးလိုက်ပီး - " ရတယ် ပြဿနာမရှိဘူး စားမှာသာစား ငါတို့ကိုစိုးရိမ်မနေနဲ့ "

ထို့နောက်သူနှင့်လင်းခယ်လည်းသူတို့ပန်းကန်လုံးထဲမှစားစရာအားတစ်ယောက်တစ်လှည့်တစ်ကိုက်စီကိုက်ကာစားကြလေသည် ...

မိန်းကလေးများလည်းသူတို့အရှေ့ရှိစားစရာများအားကြည့်ရင်းထိုအရာများမှာစားစရာများမဟုတ်ဘဲထိုအစားခွေးစာများဟုခံစားလိုက်ရတော့သည် ... အကယ်၍သူတို့သာပိုက်ဆံအားလုံးမသုံးပစ်ခဲ့ပါကထိုသူနှစ်ယောက်အားတစ်ယောက်ဆယ်ယွမ်စီပေး၍နောက်တစ်ပွဲထပ်မှာစားဖို့တောင်းပန်လိုက်မည်ပင်!

နေ့လည်စာစားလိုက်ပီးနောက်ခြောက်ယောက်သားရထားစီး၍ကျောင်းသို့ပြန်လာခဲ့ကြပေသည်။ပြန်ရောက်သည့်ည၌ပင်ချီဖုန်းတစ်ယောက်လင်းခယ််အားကျောင်းအပြင်မှစားသောက်ဆိုင်တစ်ဆိုင်သို့ဆွဲခေါ်လာခဲ့ကာစားပွဲခုနှစ်ပွဲရှစ်ပွဲလောက်မှာ၍တစ်ရက်နှင့်နေ့တစ်ဝက်ဆာလောင်ခဲ့ရမှုအတွက်အတိုးချပြန်ကျွေးမွေးတော့သည်။

လူတိုင်းကစည်းမျဉ်းစည်းကမ်းများအားလိုက်နာရပီးရန်ပုံငွေကလည်းကန့်သတ်ထားသောကြောင့်လူတော်တော်များများကလည်းဤခရီးစဉ်အား'အထင်ကြီး'နေခဲ့ကြပေသည် ...

သူတို့ပြန်ရောက်လာခဲ့ကြပီးနောက်အချို့မိန်းကလေးများကအဆောင်သို့လာရောက်၍အခန်း 207 မှအခန်းဖော်တို့အားကျောင်းရဲ့အိုင်ဒေါနှင့်ဌာနရဲ့အိုင်ဒေါတို့နှင့်အတူခရီးထွက်ရခြင်းကမည်ကဲ့သို့ခံစားရသနည်းဟုမေးမြန်းကြကာတစ်ချိန်တည်းလိုလိုချောမောသည့်ကောင်လေးနှစ်ယောက်ဆီမှ 'မျက်နှာ‌သာပေးခံရခြင်း' ကမမိုက်ဘူးလားဟုစနောက်ကြတော့သည်။

ထိုကိစ္စနှင့်ပါတ်သက်၍ခွေးစာများနင်းကန်စားခဲ့ရသည့်အခန်း 207 မှမိန်းကလေးလေး‌ယောက်လည်းမထူးခြားနားမျက်နှာအမူအရာများပြသလာခဲ့ကြကာ‌ခွေးစာကျွေးသည့်ထိုလူနှစ်ယောက်နှင့်နောက်ထပ်လုံးဝခရီးမထွက်တော့ပါဟုကြေညာလိုက်‌ခြင်းပင်။

နောက်ရက်တစ်သတ္တပါတ်လုံးလူတော်တော်များများလည်းအင်တာဗျူးစာမူများပြီးစီးအောင်ဖုတ်ပူမီးတိုက်အလုပ်လုပ်ခဲ့ကြကာနောက်ဆုံးတော့စာမူအားအောင်မြင်စွာအဆုံးသတ်နိုင်ခဲ့‌ကြပေသည်။

________________

ရာသီဥတုကတဖြည်းဖြည်းဖြင့်အေးလာပီဖြစ်သောကြောင့်ချီဖုန်းနှင့်လင်းခယ်တို့လည်းဆောင်းရာသီအဝတ်အထည်များယူရန်ကျောင်းပိတ်ရက်၌အိမ်ပြန်သွားခဲ့ကြသည်။

ရှဲ့ချီပေါင်ကတော့ပြန်ချင်တဲ့အချိန်တိုင်းအိမ်ပြန်နိုင်သည့်မြို့နေကျောင်းသားများအားမနာလိုဖြစ်လျက်ရှိပီးညပိုင်းသူ့အမေအားဖုန်းဆက်၍မနေနိုင်ဘဲညည်းညူပြမိတော့သည်။

ရလဒ်အနေဖြင့်ရက်အနည်းငယ်ကြာပီးနောက်မာမားရှဲ့ကအနွေးဘောင်းဘီရှည်ငါးထည်နှင့်စားစရာအများအပြားပို့ပေးလာခဲ့ပေသည်။

ရှဲ့ချီပေါင်လည်းစိတ်အားထက်သန်စွာဖြင့်စားစရာများအားအခန်းဖော်များထံဝေမျှပေးလိုက်ကာလေးယောက်သားခရစ်စမတ်အစီအစဉ်များအကြောင်းပြောဆိုရင်းစားသောက်နေခဲ့ကြသည်။

ခရစ်စမတ်ကအနောက်တိုင်းအားလပ်ရက်ဖြစ်သော်လည်းမကြာသေးခင်နှစ်များအတွင်းတရုတ်ပြည်၌အတော်လေးကျော်ကြားလာခဲ့ပေသည်။

ဘာသာရေးအယူအဆများနှင့်ရိုးရာပွဲတော်များ၏တာဝန်များအားဖြည့်စည်းရန်မလိုအပ်သည့်အတွက်ထိုပွဲတော်ကလူငယ်များအတွက်ညစာစားပွဲများနှင့်ပါတီပွဲများကျင်းပရန်အချိန်အခါကောင်းပင်။

ဒီဇင်ဘာလကုန်ရန်နီးကပ်လာသည်နှင့် F တက္ကသိုလ်မှကလပ်များကလည်းဂီတဖျော်ဖြေမှုများ၊ရုပ်ပြသရုပ်ဖော်ပွဲများ၊ကျောင်းတွင်း Cosplay ပြပွဲများကဲ့သို့ခရစ်စမတ်/နှစ်သစ်ကူးအစီအစဉ်များကျင်းပရန်စတင်၍စုစည်းကြတော့သည်။

လင်းခယ်ပါဝင်ထားသည့်စန္ဒယားကလပ်သည်လည်းခရစ်စမတ်အကြိုညတွင်ကျောင်းခန်းမအသေးလေး၌ဖျော်ဖြေပွဲတစ်ခုကျင်းပမည်ဖြစ်ကာထိုအချိန်ကျလင်းခယ်လည်းစင်ပေါ်တက်၍ခရစ်စမတ်တေးတစ်ပုဒ်အားတီးခတ်ဖျော်ဖြေပေးရမည်ဖြစ်သည်။

ခန်းမအသေးလေးကလူအယောက်နှစ်ရာပင်မဆန့်သောကြောင့်ဖျော်ဖြေပွဲကလည်းမကြီးမားလှချေ။ပုံမှန်အားဖြင့်ကလပ်လှုပ်ရှားမှုများကရန်ပုံငွေရှာသည့်အနေနှင့်ဝင်ကြေးပမာဏအနည်းငယ်ကောက်ယူကြသည်ပင်။သူတို့ဖျော်ဖြေပွဲအားကြော်ငြာစဉ်အချိန်က "လင်းခယ်" ၏အမည်အားအသုံးပြုခဲ့သောကြောင့်လူသစ်ကြိုဆိုပွဲပါတီ၌သိခဲ့ကြသူတော်တော်များများကသူတို့ပွဲအားလာရောက်ကြည့်ရှူရန်ဆုံးဖြတ်ခဲ့ကြလေသည်။

ဖျော်ဖြေသူတစ်ယောက်အနေဖြင့်လင်းခယ်သည်သူငယ်ချင်းများနှင့်အတန်းဖော်များအားပေးရန်လက်မှတ်အနည်းငယ်ဖရီးရခဲ့ပေသည်။ရှဲ့ချီပေါင်ကမေးလာသည့်အချိန်လင်းခယ််လည်းသူနှင့်ကောင်းကျွင်းဖေတို့အားနှစ်စောင်ပေးလိုက်တော့သည်။

" ဟမ် ချီကောကသွားပီးနားမထောင်တော့ဘူးလား "

ရှဲ့ချီပေါင်ကနားမလည်နိုင်သည့်ပုံဖြင့်မေးလာခဲ့သည်။

" ငါတို့ရဲ့ပေါ့ပ်ဂီတကလပ်ကလည်းအဲ့ညမှာပဲအစီီအစဥ်‌တွေလုပ်ထားတယ်လေ "

ချီဖုန်းကြည့်ရသည်မှာနောင်တရနေခဲ့သလိုပုံစံမျိုးပင်။

ရှဲ့ချီပေါင် - " ပေါ့ပ်ဂီတကလပ်! ဘယ်နေရာမှာလဲဟ "

ချီဖုန်း - " ငါဝင်ထားတဲ့ကလပ်လေ အစကတော့အဲ့ကလပ်ကို 'ပေါ့ပ်ဂီတသုတေသနကလပ်' လို့ခေါ်တော့ငါကသုတေသနလုပ်ရမယ်ထင်ခဲ့တာ ဝင်လိုက်ပီးမှပဲလူတိုင်းကသီချင်းတွေတူတူဆိုရပီးအသံသွင်းတာတွေလုပ်ရမှန်းသိသွားခဲ့တော့တယ် အချို့ကိုယ်တိုင်သီချင်းရေးတဲ့လူတွေကျသုတေသနလုပ်တယ်ဆိုပီးပြောလို့ရတာပေါ့ ... ငါကြားရသလောက်အားလုံးကအပျော်တမ်းတွေပါပဲ "

ကောင်းကျွင်းဖေကရီလိုက်ရင်း - " သာမာန်တက္ကသိုလ်ကလပ်တစ်ခုကဘယ်လိုသုတေသနမျိုးလုပ်နိုင်မှာမို့လဲ မင်းမဝင်ခင်ကငါ့ကိုအရင်မေးကြည့်လိုက်တာမဟုတ်ဘူး မင်းကသီချင်းဆိုရတာကြိုက်လို့ဝင်တယ်ထင်နေတာ "

ရှဲ့ချီပေါင်ကလည်းစပ်စုချင်သည့်ဟန်ဖြင့် - " ဒါဆိုမင်းရဲ့သီချင်းကလပ်ကခရစ်စမတ်အတွက်ဘာအစီအစဉ်တွေလုပ်ထားတာလဲ "

ကောင်းကျွင်းဖေကသူ့အစားဝင်ဖြေပေးလာခဲ့သည။

" F တက္ကသိုလ်ရဲ့နှစ်တိုင်းကျင်းပတဲ့ထိပ်သီးအဆိုတော်ဆယ်ယောက်ပြိုင်ပွဲကသူတို့ကလပ်နဲ့ကျောင်းသားသမဂ္ဂကပေါင်းလုပ်တယ်ဆိုတာမင်းမသိဘူးလား "

ရှဲ့ချီပေါင်ကအလွန်စိတ်လှုပ်ရှားသွားခဲ့ပီး - " သေစမ်း! ထိပ်သီးအဆိုတော်ဆယ်ယောက်! "

ကောင်းကျွင်းဖေကပြောလိုက်ပြန်သည်။

" ငါမှတ်မိသေးတယ် ငါ့အကိုဒီကျောင်းမှာရှိ‌ခဲ့တဲ့ရှေ့နှစ်နှစ်တုန်းကလျန်ရွှေ့ရှီးလည်းဝင်ပြိုင်တာ သူတတိယရသွားခဲ့တယ်လေ "

ချီဖုန်းကခေါင်းညိမ့်ပြလိုက်ပေသည်။ဤအကြောင်းအားသူသိပီးသားပင်။ကြိုဆိုပွဲပါတီပီးကတည်းကလျန်ရွှေ့ရှီး၏ WeChat အားသူ Add ခဲ့ခြင်းကြောင့်သူတို့နှစ်ယောက်အဆက်အသွယ်ရှိနေခဲ့ပီးသားဖြစ်သည်။

" ခရစ်စမတ်နေ့မှာကနောက်ဆုံးပြိုင်ပွဲကျင်းပမှာလား ဟုတ်တယ်မလား "

ကောင်းကျွင်းဖေကချီဖုန်းအားကြည့်လာပီးမေးလိုက်ပေသည်။

" မင်းအရွေးခံထားရလား "

" အင်း "

ချီဖုန်းကသူ့ခေါင်းအားကုတ်လိုက်ရင်း - " ဒါပေမယ့်ငါဆိုမယ့်သီချင်းကိုခုထိမဆုံးဖြတ်ရသေးဘူး ... "

ရှဲ့ချီပေါင်ကချက်ချင်းစိတ်လှုပ်ရှားသွားခဲ့ကာ - " ငါနားထောင်ချင်တယ်လေ! "

သို့သော်လည်းသူသည်လင်းခယ်ပေးထားသည့်လက်မှတ်အားကိုင်ထားဆဲဖြစ်သဖြင့်ခုနလောက်ကြာအောင်ဝေခွဲမရဖြစ်နေခဲ့မိသည်။

လင်းခယ်ကရီလိုက်ပီး - " ချီဖုန်းသီချင်းဆိုတာနားထောင်ချင်တယ်ဆိုလည်းသွားလေ ငါတို့ဖျော်ဖြေပွဲကိုစိုးရိမ်မနေနဲ့ မင်းနဲ့ကောင်းကျွင်းဖေကလွှဲပီးငါ့မှာလက်မှတ်ပေးဖို့အခြားသူမှမရှိတာ "

ရှဲ့ချီပေါင်လည်းစိတ်သက်သာရာရသွားခဲ့ပီးပြောလာခဲ့သည်။

" အိုခေ ငါမလာဖြစ်ရင်လည်းအခြားအတန်းဖော်တွေကိုပေးလိုက်လို့ရတာပဲ မဟုတ်ရင်လက်မှတ်ဆုံးသွားလိမ့်မယ် "

လင်းခယ် - " မင်းသဘော "

သို့သော်လည်းရှဲ့ချီပေါင်ကသူ့ကိုယ်သူဆက်တွေးနေခဲ့မိသည် : လင်းခယ်နဲ့ချီဖုန်းကဒီလောက်ဆက်ဆံရေးကောင်းတာကိုခုတော့ကိုယ့်ပွဲနဲ့ကိုယ်ဖြစ်သွားပီပေါ့ လင်းခယ်စန္ဒယားတီးတာကိုချီဖုန်းနားထောင်လို့တော့သလိုချီဖုန်းသီချင်းဆိုတာကိုလည်းလင်းခယ်မကြားရတော့ဘူး သနားစရာမကောင်းလွန်းဘူးလား

တကယ်တော့သနားစရာမ‌ဟုတ်ပါချေ။

အကြောင်းမှာလင်းခယ်သည်ချီဖုန်းထိုကလပ်သို့ဝင်ခဲ့ကြောင်းသိခဲ့သည်မှာကြာလှနေပီဖြစ်သည်။ထို့အပြင်သူအားလပ်ချိန်များ၌ချီဖုန်းနှင့်အတူတီးခတ်လေ့ရှိသည့်အတွက်ချီဖုန်းသီချင်းဆိုသည်ကိုလည်းတစ်ကြိမ်ထက်မကကြားခဲ့ဖူးပီးသားပင်။

ခရစ်စမတ်အတွက်ထိပ်သီးအဆိုတော်ဆယ်ယောက်ပြိုင်ပွဲမတိုင်ခင်ကတည်းကပေါ့ပ်ကလပ်သည်‌ကျောင်းအတွင်းရွေးချယ်မှုအမျိုးမျိုးပြုလုပ်၍လက်ရွေးစင်ပြိုင်ပွဲဝင်ဆယ်ယောက်အားရွေးချယ်ထားခဲ့ပီးသားပင်ဖြစ်သည်။

အရင်ကသူတို့နှစ်ယောက်အတူရှိချိန်များ၌ချီဖုန်းကအမြဲလိုလိုတိုးတိုးလေးသီချင်း‌ညည်းနေတတ်ပီးရံဖန်ရံခါဆိုသူသည်စိတ်လှုပ်ရှားစွာဖြင့်လင်းခယ််အားဆွဲခေါ်၍သူသီချင်းဆိုသည်ကိုအာရုံစိုက်နားထောင်ခိုင်းလေ့ရှိသည်။

တခါကဆိုသူတို့နှစ်ယောက်ညစာစားပီးအားကစားကွင်းအတွင်းလမ်းလျှောက်နေချိန်အရူးကောင်ချီဖုန်းကရုတ်တရက်ပရိသတ်ထိုင်သည့်စင်ပေါ်သို့ခုန်တက်သွားကာလင်းခယ််အားသီချင်းဆိုပြလာခဲ့ဖူးသည်။လင်းခယ််ခမြာအောက်၌ရပ်ရင်းကြောင်တက်တက်ဖြစ်နေခဲ့ရပေသည် ...

ချီဖုန်းဆိုသည့်သီချင်းများက "ကြီးမားသည့်လှိုင်းလုံးကြီးများနှင့်မြစ်ပြင်ကျယ်ကြီး"(ငါတို့အမိမြေ) သို့မဟုတ် "လေနှင်ရာကြွကြွရွရွလွှင့်မြောနေသည့်ကြယ်ငါးပွင့်အလံနီ" တို့လိုနိုင်ငံတော်သီချင်းများမဟုတ်သော်လည်းအချစ်သီချင်းများဖြစ်နေခဲ့သည်လေ။

"ငါမင်းကိုပိုပီးပိုပီးချစ်မိနေပီ မင်းရဲ့အကြည့်လေးတွေတိုင်းကငါ့နှလုံးသားကိုထိတွေ့နေတယ်" တို့၊ "တကယ်ကို တကယ်ကို ငါမင်းနဲ့တူတူရှိ‌ချင်နေပီ" တို့၊ "မနက်ဖြန်ကျငါမင်းနဲ့လက်ထပ်ချင်တယ် မနက်ဖြန်မှာလက်ထပ်ကြမယ် လက်ထပ်မယ်" တို့လိုမျိုးပင် ... ။

ပထမဆုံးအကြိမ်ကြားခဲ့ချိန်ကလင်းခယ်၏နှလုံးသားတစ်ခုလုံးရင်ဘတ်ထဲကခုန်ထွက်တော့မလိုပင်ဖြစ်သွားခဲ့ပီးဒုတိယအကြိမ်၌သူ၏ဦးရေပြားများထုံထိုင်းသွားခဲ့ကာတစ်ကိုယ်လုံးကြက်သီးမွှေးညှင်းများထသွားခဲ့ရပေသည်။ထို့နောက်တတိယအကြိမ်၊စတုတ္ထအကြိမ် ... ခုချိန်တွင်တော့သူ၏နားကအသားမာတက်သွားခဲ့ပီဖြစ်ကာလုံးဝထုံကျဥ်သွားခဲ့ပီဖြစ်သည်။

တစ်ဖက်သူ၏လိင်စိတ်ခံယူမှုအားသံသယဝင်ရသည်အထိချီဖုန်းကအချစ်သီချင်းများအားခံစားချက်ပါပါသီဆိုပြနေခဲ့ရင်တောင်လင်းခယ််ကတော့မည်သည့်အရာကိုမျှအတည်ယူမည်မဟုတ်ပါချေ။ပြောရရင်ချီဖုန်းသီဆိုနေတတ်သည့်ထိုအချစ်သီချင်းလေးများကသူ့အတွက်မှမဟုတ်တာ။ထိုအရာကဂိမ်းတစ်ခုသာသာပင်။

ချီဖုန်းကတော့သူ၏အမှတ်တမဲ့လုပ်ရပ်လေးများကတိတ်တိတ်လေးကြိတ်ချစ်နေမိသည့်လင်းခယ််အားသေမတတ်နှိပ်စက်ညှင်းပမ်းနေသလိုပင်ဖြစ်နေခဲ့ကြောင်းမသိခဲ့ပေ ... ။

ကံကောင်းစွာဖြင့်ခရစ်စမတ်အကြိုနေ့၏သီချင်းဆိုပြိုင်ပွဲအားလင်းခယ််သွားရန်မလိုအပ်ခဲ့ချေ။မဟုတ်ပါကချီဖုန်းကသူ့တစ်ယောက်တည်းတင်မဟုတ်ဘဲပရိသတ်ပေါင်းများစွာရှေ့ထိုအချစ်သီချင်းများသီဆိုနေသည်ကိုသူရပ်ကြည့်နိုင်လိမ့်မည်မဟုတ်သောကြောင့်ပင်။

________________

[အချပ်ပို]

ချီဖုန်း - " ငါမင်းကိုပိုပီးပိုပီးချစ်မိနေပီ မင်းရဲ့အကြည့်လေးတွေတိုင်းကငါ့နှလုံးသားကိုထိတွေ့နေတယ် ... " [<< Forever Love By Wang LeeHom>>]

ချီဖုန်း - " တကယ်ကို တကယ်ကို တကယ်ကို တကယ်ကို ငါမင်းနဲ့တူတူရှိ‌ချင်နေပီ ... " [<< I want to , I want to By Gu Juji >>]

ချီဖုန်း - " မနက်ဖြန်ကျငါမင်းနဲ့လက်ထပ်ချင်တယ် မနက်ဖြန်မှာလက်ထပ်ကြမယ် ... " [<< Tomorrow I Want To Marry You By Zhou Huajian >>]

ချီဖုန်း - (ခယ်ခယ်ရေ! ငါ့ကိုကြည့်ပါဦး!ငါ့ရဲ့အသံကိုကြားရဲ့လား!)

လင်းခယ် - " ... " မကြားဘူး! အရူးတစ်ယောက်ကျမ်းဂန်ရွတ်ဖတ်‌နေတဲ့အသံ‌ကိုနားမထောင်ချင်ဘူး ....

___________________

3120 words
21/12/2022(Wed)

🐰

ပါ့ပ္ဂီတကလပ္

မိန္းကေလးမ်ားကလည္းစပ္စုခ်င္စိတ္ျဖင့္ထိုအရာအားလာေရာက္ၾကည့္႐ွဴၾကေတာ့သည္။သစ္သားတံဆိပ္ျပားေလးကလက္မအ႐ြယ္ေလာက္ေလးမွ်သာ႐ွိကာထူးထူးျခားျခားပုံစံေလးျဖစ္ပီးအစြန္းနားေလးမ်ားကေတာ့အနည္းငယ္ၾကမ္း႐ွ႐ွပင္။

သူတို႔အားလုံးလိုလိုဆြံ႕အသြားခဲ့ၾကပီး - " ဒါေလးကယြမ္ႏွစ္ဆယ္ေတာင္ေပးရတယ္လား "

ခ်ီဖုန္းကေတာ့အမ်ားႀကီးမ႐ွင္းျပလိုက္ေပ။သူတို႔လမ္းေပၚသို႔ျပန္ေရာက္သည့္အခ်ိန္မွလင္းခယ္ကထူးထူးဆန္းေျပာလာခဲ့သည္။

" သစ္သားပန္းပုဆိုင္ထဲမွာတုန္းကဒီလိုလုပ္ထားတဲ့ပစၥည္းမ်ိဳးမေတြ႕ခဲ့သလိုပဲ "

ခ်ီဖုန္းကျပဳံးလိုက္ပီး - " ဦးေလးႀကီးအလုပ္ခုံရဲ႕ေအာက္မွာသစ္သားအတိုအစေလးေတြအပုံလိုက္႐ွိေနတာမင္းမွတ္မိလား "

လင္းခယ္ - " မင္းကအဲ့ကေနေကာက္လာတာလား "

ခ်ီဖုန္းကျငင္းဆန္ျခင္းမ႐ွိဘဲ - " ဟုတ္တယ္ ငါကသူအသုံးလိုေသးလားလို႔ေမးလိုက္တာသူကမလိုေတာ့ဘူးတဲ့ေလ ဒါေၾကာင့္ငါလည္းတစ္ခုေကာက္လိုက္ပီးသူ႕ကိုတံဆိပ္ျပားေသးေသးေလးျဖစ္ေအာင္လုပ္ခိုင္းလိုက္တာ ပထမေတာ့သူကငါ့ဆီကပိုက္ဆံမေတာင္းဘူး ဒါေပမယ့္ပစၥည္းေပးတဲ့အခ်ိန္က် ငါကအေတာ္ၾကည့္တတ္တာပဲလို႔ေျပာတယ္ ဘာလို႔လဲဆိုငါေကာက္လိုက္တာကနံ႔သာနီသားျဖစ္ေနလို႔တဲ့ေလ ဒီသစ္သားစေလးကလြန္ခဲ့တဲ့ရက္အနည္းငယ္သူအရိေမတၱယ်ဗုဒၶ႐ုပ္တုထုတုန္းကက်န္ခဲ့တဲ့ဟာလို႔လည္းေျပာတယ္ အရိေမတၱာယ်႐ုပ္တုကေတာ့ထုပီးေနာက္တစ္ေန႔တင္ေရာင္းထြက္သြားခဲ့တယ္တဲ့ "

လင္းခယ္ - " ... "

ခ်ီဖုန္း - " အစကေတာ့ငါလက္ခဖိုးဆယ္ယြမ္ပဲေပးခ်င္ခဲ့တာ ဒါေပမယ့္ဒီဟာေလးကဗုဒၶ႐ုပ္တုကက်န္ခဲ့တယ္ဆိုတဲ့အေၾကာင္းၾကားေတာ့ငါဘုရားေက်ာင္းသြားတုန္းကဆရာေတာ္တစ္ပါးေျပာခဲ့တာ႐ုတ္တရက္သတိရသြားခဲ့တယ္ ဆရာေတာ္ေျပာခဲ့တာက 'အျမစ္မ႐ွိတဲ့သစ္ပင္ေတြအေပၚကိုမိုးက႐ြာသြန္းမွာမဟုတ္ဘူး ေမွာ္ဆန္ပီးအဖိုးတန္တဲ့အရာေတြကေရစက္႐ွိတဲ့သူေတြဆီကိုပဲေရာက္ႏိုင္တယ္' တဲ့ ငါတို႔ေတြဒီေနရာေရာက္လာတာကလည္းကံတရားေၾကာင့္ပဲလို႔ငါခံစားလိုက္မိတယ္ ငါပိုပီး႐ိုးသားသင့္တယ္ေလ ဒါေၾကာင့္ငါလည္းယြမ္ႏွစ္ဆယ္လုံးေပးခဲ့တာပဲ "

ထိုသို႔ေျပာလိုက္ပီးမွခ်ီဖုန္းလည္းသူ႕ကိုယ္သူအနည္းငယ္႐ူးေၾကာင္ေၾကာင္ႏိုင္သည္ဟုခံစားလိုက္ရေပသည္။

ယခုလက္႐ွိအေျခအေနကပုံမွန္ႏွင့္မတူပါေခ်။သူ႕ထံ၌ပိုက္ဆံ႐ွိေနခဲ့ပါကယြမ္ႏွစ္ရာေလာက္ေပးပစ္ရင္ေတာင္ကိစၥမ႐ွိပါေသာ္လည္းယခုက်သူ႕လက္ထဲယြမ္ႏွစ္ဆယ္သာ႐ွိသည္မဟုတ္ပါလား။ထို '႐ိုးသားမႈ' အတြက္႐ွိသမွ်အားလုံးစိတ္ျမန္လက္ျမန္ေပးပစ္လိုက္ျခင္းကအေတာ္ေလးတုံးအလြန္းသည္ပင္။

လင္းခယ္သည္အနည္းငယ္အံ့ၾသသြားခဲ့ေသာ္လည္းတစ္ဖက္သူ၏စစ္မွန္သည့္စိတ္ထား‌ေလးကေတာ့ခ်ီးက်ဴးထိုက္သည္ဟုခံစားလိုက္မိသည္။ေျပာရရင္ခ်ီဖုန္းကအျပန္ခရီးစားရိတ္အားလုံးပါေပးခဲ့ျခင္းလည္းမဟုတ္သည့္အတြက္သူ၏စိတ္ျမန္လက္ျမန္႐ွိမႈကေဘာင္အတြင္း၌႐ွိေသးသည္ဟုေဖာ္ျပေနခဲ့ေပသည္။

လင္းခယ္လည္းသူ႕လက္ထဲ႐ွိတံဆိပ္ျပားေသးေသးေလးအားငုံ႔ၾကည့္၍ေျပာလိုက္မိသည္။

" ငါ့ရဲ႕ဂိမ္းထဲကနာမည္ေလးပဲလုပ္ခဲ့ရတာေတာ့စိတ္မေကာင္းစရာပဲ ငါဒိုတာ(Dota)ခုတ္တဲ့အခ်ိန္ေလာက္ပဲ ဗုဒၶရဲ႕အစြမ္းကိုထုတ္ျပရမွာေပါ့ "

ခ်ီဖုန္းကရီလိုက္ပီးအကူအညီမဲ့ေနခဲ့သလိုေလသံျဖင့္  - " ဒီအခ်ိန္တုန္းကေတာ့ဒီသစ္သားစေလးကေတာ္ေတာ္အဓိပၸါယ္႐ွိေနလိမ့္မယ္လို႔ငါမသိခဲ့ဘူးေလ အဂၤလိပ္စာလုံးေတြကထြင္းရလြယ္ေလာက္မယ္လို႔ပဲေတြးလိုက္မိတာ ငါေစာေစာကသာသိခဲ့ရင္ဦးေလးႀကီးကိုမင္းနာမည္ရင္းထြင္းခိုင္းလိုက္ပါတယ္ "

" ထားလိုက္ေတာ့ နာမည္ဆိုတာအမွတ္သေကၤတတစ္ခုပါပဲ ဒါေပမယ့္လက္ေဆာင္ကိုေတာ့ ... ငါေတာ္ေတာ္ေလးႀကိဳက္ပါတယ္ "

လင္းခယ္ကထိုတံဆိပ္ျပားေလးအားသူ၏ေဘာင္းဘီအိပ္ကပ္ထဲသို႔ေသခ်ာဂ႐ုတစိုက္ထည့္လိုက္ပီးတစ္ဖက္သူအားျပဳံး၍ေျပာလိုက္ေပသည္။

" ေက်းဇူးေနာ္ "

ခ်ီဖုန္းကလက္ေျမႇာက္၍သူ၏လည္ပင္းအားထိလိုက္ပီးသူ၏ႏႈတ္ခမ္းေထာင့္ေလးမ်ားကလည္းထိန္းခ်ဳပ္ရခက္စြာေကြးတက္သြားခဲ့ေလသည္။

ႏွစ္ေယာက္သားအခ်ိန္ေကာင္းေလးမ်ားရခဲ့ၾကပီးေန႔လည္စာစားခ်ိန္ေရာက္မွအ႐ူးျဖစ္ၾကေတာ့သည္။

မိန္းကေလးမ်ားကေတာ့ခ်ီဖုန္းတစ္ေယာက္သူ၏ပိုက္ဆံအားလုံးသုံးလိုက္ပီးျဖစ္ေၾကာင္းမသိၾကဘဲအဆင္သင့္စာမ်ားရသည့္စားေသာက္ဆိုင္တစ္ဆိုင္အားေ႐ြးခ်ယ္ကာယြမ္ႏွစ္ဆယ္တန္စားစရာတစ္ Set စီမွာလိုက္ၾကပီးသူတို႔ႏွစ္ေယာက္အတြက္ပင္ထိုင္ခုံေနရာႀကိဳဦးေပးထားၾကေပသည္။

စားစရာမ်ားေရာက္လာသည့္အခ်ိန္မွခ်ီဖုန္းႏွင့္လင္းခယ္တို႔ကသူတို႔ႏွစ္ေယာက္အတြက္တစ္ပြဲသာမွာထားေၾကာင္းသတိျပဳလိုက္မိကာမွာထားသည့္စားစရာကလည္းအားလုံးထဲေဈးအသက္သာဆုံးပင္။

" ဘာျဖစ္လို႔လဲ "

က်န္းဝိန္ခ်င္ကထူးဆန္းသည့္ဟန္ျဖင့္ေမးလာခဲ့သည္။

" နင္တို႔ႏွစ္ေယာက္ကအတူစားဖို႔လား "

လင္းခယ္လည္းတူထည့္ထားသည့္ၾကဳပ္ထဲမွတူတစ္စုံယူ၍ခ်ီဖုန္းအားကမ္းေပးလိုက္သည္။ထို႔ေနာက္သူကတစ္ဖက္သူအားကူညီ၍မဖုံးကြယ္ထားေပးဘဲတိုက္႐ိုက္ပင္ေျပာထုတ္လိုက္ေတာ့သည္။

" သူ႕မွာစားဖို႔ပိုက္ဆံမ႐ွိေတာ့ဘူးေလ "

မိန္းကေလးအုပ္စု  - " ... "

က်န္းဝိန္ခ်င္ - " နင္တို႔ဘာလို႔အေစာနကတည္းကမေျပာတာလဲ "

ခ်ီဖုန္းကျပဳံးလိုက္ပီး - " ရတယ္ ျပႆနာမ႐ွိဘူး စားမွာသာစား ငါတို႔ကိုစိုးရိမ္မေနနဲ႔ "

ထို႔ေနာက္သူႏွင့္လင္းခယ္လည္းသူတို႔ပန္းကန္လုံးထဲမွစားစရာအားတစ္ေယာက္တစ္လွည့္တစ္ကိုက္စီကိုက္ကာစားၾကေလသည္ ...

မိန္းကေလးမ်ားလည္းသူတို႔အေ႐ွ႕႐ွိစားစရာမ်ားအားၾကည့္ရင္းထိုအရာမ်ားမွာစားစရာမ်ားမဟုတ္ဘဲထိုအစားေခြးစာမ်ားဟုခံစားလိုက္ရေတာ့သည္ ... အကယ္၍သူတို႔သာပိုက္ဆံအားလုံးမသုံးပစ္ခဲ့ပါကထိုသူႏွစ္ေယာက္အားတစ္ေယာက္ဆယ္ယြမ္စီေပး၍ေနာက္တစ္ပြဲထပ္မွာစားဖို႔ေတာင္းပန္လိုက္မည္ပင္!

ေန႔လည္စာစားလိုက္ပီးေနာက္ေျခာက္ေယာက္သားရထားစီး၍ေက်ာင္းသို႔ျပန္လာခဲ့ၾကေပသည္။ျပန္ေရာက္သည့္ည၌ပင္ခ်ီဖုန္းတစ္ေယာက္လင္းခယ္္အားေက်ာင္းအျပင္မွစားေသာက္ဆိုင္တစ္ဆိုင္သို႔ဆြဲေခၚလာခဲ့ကာစားပြဲခုႏွစ္ပြဲ႐ွစ္ပြဲေလာက္မွာ၍တစ္ရက္ႏွင့္ေန႔တစ္ဝက္ဆာေလာင္ခဲ့ရမႈအတြက္အတိုးခ်ျပန္ေကြၽးေမြးေတာ့သည္။

လူတိုင္းကစည္းမ်ဥ္းစည္းကမ္းမ်ားအားလိုက္နာရပီးရန္ပုံေငြကလည္းကန္႔သတ္ထားေသာေၾကာင့္လူေတာ္ေတာ္မ်ားမ်ားကလည္းဤခရီးစဥ္အား'အထင္ႀကီး'ေနခဲ့ၾကေပသည္ ...

သူတို႔ျပန္ေရာက္လာခဲ့ၾကပီးေနာက္အခ်ိဳ႕မိန္းကေလးမ်ားကအေဆာင္သို႔လာေရာက္၍အခန္း 207 မွအခန္းေဖာ္တို႔အားေက်ာင္းရဲ႕အိုင္ေဒါႏွင့္ဌာနရဲ႕အိုင္ေဒါတို႔ႏွင့္အတူခရီးထြက္ရျခင္းကမည္ကဲ့သို႔ခံစားရသနည္းဟုေမးျမန္းၾကကာတစ္ခ်ိန္တည္းလိုလိုေခ်ာေမာသည့္ေကာင္ေလးႏွစ္ေယာက္ဆီမွ 'မ်က္ႏွာ‌သာေပးခံရျခင္း' ကမမိုက္ဘူးလားဟုစေနာက္ၾကေတာ့သည္။

ထိုကိစၥႏွင့္ပါတ္သက္၍ေခြးစာမ်ားနင္းကန္စားခဲ့ရသည့္အခန္း 207 မွမိန္းကေလးေလး‌ေယာက္လည္းမထူးျခားနားမ်က္ႏွာအမူအရာမ်ားျပသလာခဲ့ၾကကာ‌ေခြးစာေကြၽးသည့္ထိုလူႏွစ္ေယာက္ႏွင့္ေနာက္ထပ္လုံးဝခရီးမထြက္ေတာ့ပါဟုေၾကညာလိုက္‌ျခင္းပင္။

ေနာက္ရက္တစ္သတၱပါတ္လုံးလူေတာ္ေတာ္မ်ားမ်ားလည္းအင္တာဗ်ဴးစာမူမ်ားၿပီးစီးေအာင္ဖုတ္ပူမီးတိုက္အလုပ္လုပ္ခဲ့ၾကကာေနာက္ဆုံးေတာ့စာမူအားေအာင္ျမင္စြာအဆုံးသတ္ႏိုင္ခဲ့‌ၾကေပသည္။

________________

ရာသီဥတုကတျဖည္းျဖည္းျဖင့္ေအးလာပီျဖစ္ေသာေၾကာင့္ခ်ီဖုန္းႏွင့္လင္းခယ္တို႔လည္းေဆာင္းရာသီအဝတ္အထည္မ်ားယူရန္ေက်ာင္းပိတ္ရက္၌အိမ္ျပန္သြားခဲ့ၾကသည္။

႐ွဲ႕ခ်ီေပါင္ကေတာ့ျပန္ခ်င္တဲ့အခ်ိန္တိုင္းအိမ္ျပန္ႏိုင္သည့္ၿမိဳ႕ေနေက်ာင္းသားမ်ားအားမနာလိုျဖစ္လ်က္႐ွိပီးညပိုင္းသူ႕အေမအားဖုန္းဆက္၍မေနႏိုင္ဘဲညည္းညဴျပမိေတာ့သည္။

ရလဒ္အေနျဖင့္ရက္အနည္းငယ္ၾကာပီးေနာက္မာမား႐ွဲ႕ကအေႏြးေဘာင္းဘီ႐ွည္ငါးထည္ႏွင့္စားစရာအမ်ားအျပားပို႔ေပးလာခဲ့ေပသည္။

႐ွဲ႕ခ်ီေပါင္လည္းစိတ္အားထက္သန္စြာျဖင့္စားစရာမ်ားအားအခန္းေဖာ္မ်ားထံေဝမွ်ေပးလိုက္ကာေလးေယာက္သားခရစ္စမတ္အစီအစဥ္မ်ားအေၾကာင္းေျပာဆိုရင္းစားေသာက္ေနခဲ့ၾကသည္။

ခရစ္စမတ္ကအေနာက္တိုင္းအားလပ္ရက္ျဖစ္ေသာ္လည္းမၾကာေသးခင္ႏွစ္မ်ားအတြင္းတ႐ုတ္ျပည္၌အေတာ္ေလးေက်ာ္ၾကားလာခဲ့ေပသည္။

ဘာသာေရးအယူအဆမ်ားႏွင့္႐ိုးရာပြဲေတာ္မ်ား၏တာဝန္မ်ားအားျဖည့္စည္းရန္မလိုအပ္သည့္အတြက္ထိုပြဲေတာ္ကလူငယ္မ်ားအတြက္ညစာစားပြဲမ်ားႏွင့္ပါတီပြဲမ်ားက်င္းပရန္အခ်ိန္အခါေကာင္းပင္။

ဒီဇင္ဘာလကုန္ရန္နီးကပ္လာသည္ႏွင့္ F တကၠသိုလ္မွကလပ္မ်ားကလည္းဂီတေဖ်ာ္ေျဖမႈမ်ား၊႐ုပ္ျပသ႐ုပ္ေဖာ္ပြဲမ်ား၊ေက်ာင္းတြင္း Cosplay ျပပြဲမ်ားကဲ့သို႔ခရစ္စမတ္/ႏွစ္သစ္ကူးအစီအစဥ္မ်ားက်င္းပရန္စတင္၍စုစည္းၾကေတာ့သည္။

လင္းခယ္ပါဝင္ထားသည့္စႏၵယားကလပ္သည္လည္းခရစ္စမတ္အႀကိဳညတြင္ေက်ာင္းခန္းမအေသးေလး၌ေဖ်ာ္ေျဖပြဲတစ္ခုက်င္းပမည္ျဖစ္ကာထိုအခ်ိန္က်လင္းခယ္လည္းစင္ေပၚတက္၍ခရစ္စမတ္ေတးတစ္ပုဒ္အားတီးခတ္ေဖ်ာ္ေျဖေပးရမည္ျဖစ္သည္။

ခန္းမအေသးေလးကလူအေယာက္ႏွစ္ရာပင္မဆန္႔ေသာေၾကာင့္ေဖ်ာ္ေျဖပြဲကလည္းမႀကီးမားလွေခ်။ပုံမွန္အားျဖင့္ကလပ္လႈပ္႐ွားမႈမ်ားကရန္ပုံေငြ႐ွာသည့္အေနႏွင့္ဝင္ေၾကးပမာဏအနည္းငယ္ေကာက္ယူၾကသည္ပင္။သူတို႔ေဖ်ာ္ေျဖပြဲအားေၾကာ္ျငာစဥ္အခ်ိန္က "လင္းခယ္" ၏အမည္အားအသုံးျပဳခဲ့ေသာေၾကာင့္လူသစ္ႀကိဳဆိုပြဲပါတီ၌သိခဲ့ၾကသူေတာ္ေတာ္မ်ားမ်ားကသူတို႔ပြဲအားလာေရာက္ၾကည့္႐ွဴရန္ဆုံးျဖတ္ခဲ့ၾကေလသည္။

ေဖ်ာ္ေျဖသူတစ္ေယာက္အေနျဖင့္လင္းခယ္သည္သူငယ္ခ်င္းမ်ားႏွင့္အတန္းေဖာ္မ်ားအားေပးရန္လက္မွတ္အနည္းငယ္ဖရီးရခဲ့ေပသည္။႐ွဲ႕ခ်ီေပါင္ကေမးလာသည့္အခ်ိန္လင္းခယ္္လည္းသူႏွင့္ေကာင္းကြၽင္းေဖတို႔အားႏွစ္ေစာင္ေပးလိုက္ေတာ့သည္။

" ဟမ္ ခ်ီေကာကသြားပီးနားမေထာင္ေတာ့ဘူးလား "

႐ွဲ႕ခ်ီေပါင္ကနားမလည္ႏိုင္သည့္ပုံျဖင့္ေမးလာခဲ့သည္။

" ငါတို႔ရဲ႕ေပါ့ပ္ဂီတကလပ္ကလည္းအဲ့ညမွာပဲအစီီအစဥ္‌ေတြလုပ္ထားတယ္ေလ "

ခ်ီဖုန္းၾကည့္ရသည္မွာေနာင္တရေနခဲ့သလိုပုံစံမ်ိဳးပင္။

႐ွဲ႕ခ်ီေပါင္ - " ေပါ့ပ္ဂီတကလပ္! ဘယ္ေနရာမွာလဲဟ "

ခ်ီဖုန္း - " ငါဝင္ထားတဲ့ကလပ္ေလ အစကေတာ့အဲ့ကလပ္ကို 'ေပါ့ပ္ဂီတသုေတသနကလပ္' လို႔ေခၚေတာ့ငါကသုေတသနလုပ္ရမယ္ထင္ခဲ့တာ ဝင္လိုက္ပီးမွပဲလူတိုင္းကသီခ်င္းေတြတူတူဆိုရပီးအသံသြင္းတာေတြလုပ္ရမွန္းသိသြားခဲ့ေတာ့တယ္ အခ်ိဳ႕ကိုယ္တိုင္သီခ်င္းေရးတဲ့လူေတြက်သုေတသနလုပ္တယ္ဆိုပီးေျပာလို႔ရတာေပါ့ ... ငါၾကားရသေလာက္အားလုံးကအေပ်ာ္တမ္းေတြပါပဲ "

ေကာင္းကြၽင္းေဖကရီလိုက္ရင္း - " သာမာန္တကၠသိုလ္ကလပ္တစ္ခုကဘယ္လိုသုေတသနမ်ိဳးလုပ္ႏိုင္မွာမို႔လဲ မင္းမဝင္ခင္ကငါ့ကိုအရင္ေမးၾကည့္လိုက္တာမဟုတ္ဘူး မင္းကသီခ်င္းဆိုရတာႀကိဳက္လို႔ဝင္တယ္ထင္ေနတာ "

႐ွဲ႕ခ်ီေပါင္ကလည္းစပ္စုခ်င္သည့္ဟန္ျဖင့္ - " ဒါဆိုမင္းရဲ႕သီခ်င္းကလပ္ကခရစ္စမတ္အတြက္ဘာအစီအစဥ္ေတြလုပ္ထားတာလဲ "

ေကာင္းကြၽင္းေဖကသူ႕အစားဝင္ေျဖေပးလာခဲ့သည။

" F တကၠသိုလ္ရဲ႕ႏွစ္တိုင္းက်င္းပတဲ့ထိပ္သီးအဆိုေတာ္ဆယ္ေယာက္ၿပိဳင္ပြဲကသူတို႔ကလပ္နဲ႔ေက်ာင္းသားသမဂၢကေပါင္းလုပ္တယ္ဆိုတာမင္းမသိဘူးလား "

႐ွဲ႕ခ်ီေပါင္ကအလြန္စိတ္လႈပ္႐ွားသြားခဲ့ပီး - " ေသစမ္း! ထိပ္သီးအဆိုေတာ္ဆယ္ေယာက္! "

ေကာင္းကြၽင္းေဖကေျပာလိုက္ျပန္သည္။

" ငါမွတ္မိေသးတယ္ ငါ့အကိုဒီေက်ာင္းမွာ႐ွိ‌ခဲ့တဲ့ေ႐ွ႕ႏွစ္ႏွစ္တုန္းကလ်န္ေ႐ႊ႕႐ွီးလည္းဝင္ၿပိဳင္တာ သူတတိယရသြားခဲ့တယ္ေလ "

ခ်ီဖုန္းကေခါင္းညိမ့္ျပလိုက္ေပသည္။ဤအေၾကာင္းအားသူသိပီးသားပင္။ႀကိဳဆိုပြဲပါတီပီးကတည္းကလ်န္ေ႐ႊ႕႐ွီး၏ WeChat အားသူ Add ခဲ့ျခင္းေၾကာင့္သူတို႔ႏွစ္ေယာက္အဆက္အသြယ္႐ွိေနခဲ့ပီးသားျဖစ္သည္။

" ခရစ္စမတ္ေန႔မွာကေနာက္ဆုံးၿပိဳင္ပြဲက်င္းပမွာလား ဟုတ္တယ္မလား "

ေကာင္းကြၽင္းေဖကခ်ီဖုန္းအားၾကည့္လာပီးေမးလိုက္ေပသည္။

" မင္းအေ႐ြးခံထားရလား "

" အင္း "

ခ်ီဖုန္းကသူ႕ေခါင္းအားကုတ္လိုက္ရင္း - " ဒါေပမယ့္ငါဆိုမယ့္သီခ်င္းကိုခုထိမဆုံးျဖတ္ရေသးဘူး ... "

႐ွဲ႕ခ်ီေပါင္ကခ်က္ခ်င္းစိတ္လႈပ္႐ွားသြားခဲ့ကာ - " ငါနားေထာင္ခ်င္တယ္ေလ! "

သို႔ေသာ္လည္းသူသည္လင္းခယ္ေပးထားသည့္လက္မွတ္အားကိုင္ထားဆဲျဖစ္သျဖင့္ခုနေလာက္ၾကာေအာင္ေဝခြဲမရျဖစ္ေနခဲ့မိသည္။

လင္းခယ္ကရီလိုက္ပီး - " ခ်ီဖုန္းသီခ်င္းဆိုတာနားေထာင္ခ်င္တယ္ဆိုလည္းသြားေလ ငါတို႔ေဖ်ာ္ေျဖပြဲကိုစိုးရိမ္မေနနဲ႔ မင္းနဲ႔ေကာင္းကြၽင္းေဖကလႊဲပီးငါ့မွာလက္မွတ္ေပးဖို႔အျခားသူမွမ႐ွိတာ "

႐ွဲ႕ခ်ီေပါင္လည္းစိတ္သက္သာရာရသြားခဲ့ပီးေျပာလာခဲ့သည္။

" အိုေခ ငါမလာျဖစ္ရင္လည္းအျခားအတန္းေဖာ္ေတြကိုေပးလိုက္လို႔ရတာပဲ မဟုတ္ရင္လက္မွတ္ဆုံးသြားလိမ့္မယ္ "

လင္းခယ္ - " မင္းသေဘာ "

သို႔ေသာ္လည္း႐ွဲ႕ခ်ီေပါင္ကသူ႕ကိုယ္သူဆက္ေတြးေနခဲ့မိသည္ : လင္းခယ္နဲ႔ခ်ီဖုန္းကဒီေလာက္ဆက္ဆံေရးေကာင္းတာကိုခုေတာ့ကိုယ့္ပြဲနဲ႔ကိုယ္ျဖစ္သြားပီေပါ့ လင္းခယ္စႏၵယားတီးတာကိုခ်ီဖုန္းနားေထာင္လို႔ေတာ့သလိုခ်ီဖုန္းသီခ်င္းဆိုတာကိုလည္းလင္းခယ္မၾကားရေတာ့ဘူး သနားစရာမေကာင္းလြန္းဘူးလား

တကယ္ေတာ့သနားစရာမ‌ဟုတ္ပါေခ်။

အေၾကာင္းမွာလင္းခယ္သည္ခ်ီဖုန္းထိုကလပ္သို႔ဝင္ခဲ့ေၾကာင္းသိခဲ့သည္မွာၾကာလွေနပီျဖစ္သည္။ထို႔အျပင္သူအားလပ္ခ်ိန္မ်ား၌ခ်ီဖုန္းႏွင့္အတူတီးခတ္ေလ့႐ွိသည့္အတြက္ခ်ီဖုန္းသီခ်င္းဆိုသည္ကိုလည္းတစ္ႀကိမ္ထက္မကၾကားခဲ့ဖူးပီးသားပင္။

ခရစ္စမတ္အတြက္ထိပ္သီးအဆိုေတာ္ဆယ္ေယာက္ၿပိဳင္ပြဲမတိုင္ခင္ကတည္းကေပါ့ပ္ကလပ္သည္‌ေက်ာင္းအတြင္းေ႐ြးခ်ယ္မႈအမ်ိဳးမ်ိဳးျပဳလုပ္၍လက္ေ႐ြးစင္ၿပိဳင္ပြဲဝင္ဆယ္ေယာက္အားေ႐ြးခ်ယ္ထားခဲ့ပီးသားပင္ျဖစ္သည္။

အရင္ကသူတို႔ႏွစ္ေယာက္အတူ႐ွိခ်ိန္မ်ား၌ခ်ီဖုန္းကအၿမဲလိုလိုတိုးတိုးေလးသီခ်င္း‌ညည္းေနတတ္ပီးရံဖန္ရံခါဆိုသူသည္စိတ္လႈပ္႐ွားစြာျဖင့္လင္းခယ္္အားဆြဲေခၚ၍သူသီခ်င္းဆိုသည္ကိုအာ႐ုံစိုက္နားေထာင္ခိုင္းေလ့႐ွိသည္။

တခါကဆိုသူတို႔ႏွစ္ေယာက္ညစာစားပီးအားကစားကြင္းအတြင္းလမ္းေလွ်ာက္ေနခ်ိန္အ႐ူးေကာင္ခ်ီဖုန္းက႐ုတ္တရက္ပရိသတ္ထိုင္သည့္စင္ေပၚသို႔ခုန္တက္သြားကာလင္းခယ္္အားသီခ်င္းဆိုျပလာခဲ့ဖူးသည္။လင္းခယ္္ချမာေအာက္၌ရပ္ရင္းေၾကာင္တက္တက္ျဖစ္ေနခဲ့ရေပသည္ ...

ခ်ီဖုန္းဆိုသည့္သီခ်င္းမ်ားက "ႀကီးမားသည့္လိႈင္းလုံးႀကီးမ်ားႏွင့္ျမစ္ျပင္က်ယ္ႀကီး"(ငါတို႔အမိေျမ) သို႔မဟုတ္ "ေလႏွင္ရာႂကြႂကြ႐ြ႐ြလႊင့္ေျမာေနသည့္ၾကယ္ငါးပြင့္အလံနီ" တို႔လိုႏိုင္ငံေတာ္သီခ်င္းမ်ားမဟုတ္ေသာ္လည္းအခ်စ္သီခ်င္းမ်ားျဖစ္ေနခဲ့သည္ေလ။

"ငါမင္းကိုပိုပီးပိုပီးခ်စ္မိေနပီ မင္းရဲ႕အၾကည့္ေလးေတြတိုင္းကငါ့ႏွလုံးသားကိုထိေတြ႕ေနတယ္" တို႔၊ "တကယ္ကို တကယ္ကို ငါမင္းနဲ႔တူတူ႐ွိ‌ခ်င္ေနပီ" တို႔၊ "မနက္ျဖန္က်ငါမင္းနဲ႔လက္ထပ္ခ်င္တယ္ မနက္ျဖန္မွာလက္ထပ္ၾကမယ္ လက္ထပ္မယ္" တို႔လိုမ်ိဳးပင္ ... ။

ပထမဆုံးအႀကိမ္ၾကားခဲ့ခ်ိန္ကလင္းခယ္၏ႏွလုံးသားတစ္ခုလုံးရင္ဘတ္ထဲကခုန္ထြက္ေတာ့မလိုပင္ျဖစ္သြားခဲ့ပီးဒုတိယအႀကိမ္၌သူ၏ဦးေရျပားမ်ားထုံထိုင္းသြားခဲ့ကာတစ္ကိုယ္လုံးၾကက္သီးေမႊးညႇင္းမ်ားထသြားခဲ့ရေပသည္။ထို႔ေနာက္တတိယအႀကိမ္၊စတုတၳအႀကိမ္ ... ခုခ်ိန္တြင္ေတာ့သူ၏နားကအသားမာတက္သြားခဲ့ပီျဖစ္ကာလုံးဝထုံက်ဥ္သြားခဲ့ပီျဖစ္သည္။

တစ္ဖက္သူ၏လိင္စိတ္ခံယူမႈအားသံသယဝင္ရသည္အထိခ်ီဖုန္းကအခ်စ္သီခ်င္းမ်ားအားခံစားခ်က္ပါပါသီဆိုျပေနခဲ့ရင္ေတာင္လင္းခယ္္ကေတာ့မည္သည့္အရာကိုမွ်အတည္ယူမည္မဟုတ္ပါေခ်။ေျပာရရင္ခ်ီဖုန္းသီဆိုေနတတ္သည့္ထိုအခ်စ္သီခ်င္းေလးမ်ားကသူ႕အတြက္မွမဟုတ္တာ။ထိုအရာကဂိမ္းတစ္ခုသာသာပင္။

ခ်ီဖုန္းကေတာ့သူ၏အမွတ္တမဲ့လုပ္ရပ္ေလးမ်ားကတိတ္တိတ္ေလးႀကိတ္ခ်စ္ေနမိသည့္လင္းခယ္္အားေသမတတ္ႏွိပ္စက္ညႇင္းပမ္းေနသလိုပင္ျဖစ္ေနခဲ့ေၾကာင္းမသိခဲ့ေပ ... ။

ကံေကာင္းစြာျဖင့္ခရစ္စမတ္အႀကိဳေန႔၏သီခ်င္းဆိုၿပိဳင္ပြဲအားလင္းခယ္္သြားရန္မလိုအပ္ခဲ့ေခ်။မဟုတ္ပါကခ်ီဖုန္းကသူ႕တစ္ေယာက္တည္းတင္မဟုတ္ဘဲပရိသတ္ေပါင္းမ်ားစြာေ႐ွ႕ထိုအခ်စ္သီခ်င္းမ်ားသီဆိုေနသည္ကိုသူရပ္ၾကည့္ႏိုင္လိမ့္မည္မဟုတ္ေသာေၾကာင့္ပင္။

________________

[အခ်ပ္ပို]

ခ်ီဖုန္း - " ငါမင္းကိုပိုပီးပိုပီးခ်စ္မိေနပီ မင္းရဲ႕အၾကည့္ေလးေတြတိုင္းကငါ့ႏွလုံးသားကိုထိေတြ႕ေနတယ္ ... " [<< Forever Love By Wang LeeHom>>]

ခ်ီဖုန္း - " တကယ္ကို တကယ္ကို တကယ္ကို တကယ္ကို ငါမင္းနဲ႔တူတူ႐ွိ‌ခ်င္ေနပီ ... " [<< I want to , I want to By Gu Juji >>]

ခ်ီဖုန္း - " မနက္ျဖန္က်ငါမင္းနဲ႔လက္ထပ္ခ်င္တယ္ မနက္ျဖန္မွာလက္ထပ္ၾကမယ္ ... " [<< Tomorrow I Want To Marry You By Zhou Huajian >>]

ခ်ီဖုန္း - (ခယ္ခယ္ေရ! ငါ့ကိုၾကည့္ပါဦး!ငါ့ရဲ႕အသံကိုၾကားရဲ႕လား!)

လင္းခယ္ - " ... " မၾကားဘူး! အ႐ူးတစ္ေယာက္က်မ္းဂန္႐ြတ္ဖတ္‌ေနတဲ့အသံ‌ကိုနားမေထာင္ခ်င္ဘူး ....

___________________

3120 words
21/12/2022(Wed)

🐰

Συνέχεια Ανάγνωσης

Θα σας αρέσει επίσης

437K 10.5K 51
တစ်နေ့တစ်နေ့ခေါင်းထဲမှာကလဲ့စားချေမှုသာအပြည့်ရှိနေသော ခပ်အေးအေးနေတတ်သော မာဖီးယားနှင့်.... ဘာပဲလုပ်လုပ် တလွဲတွေလုပ်တတ်နေသော ကောင်မလေးတို့ နှစ်‌ယောက်ဟာ...
294K 16.9K 76
မင်းအာဏာမောင်၏နှလုံးသားထဲတွင် ရှင်းခနောင်ဟူသည့်ကောင်လေးတစ်ယောက်သာ ခိုအောင်းခွင့်ရှိလေသည်။ မင္းအာဏာေမာင္၏ႏွလုံးသားထဲတြင္ ရွင္းခေနာင္ဟူသည့္ေကာင္ေလးတစ္ေ...
1.7M 70.7K 79
ငါလား.... စိတ်ချ...... နိဗ္ဗာန်ရောက်ရင်လည်း မင်းကိုပဲ ချစ်နေအုံးမှာ.......... သုနေတင်ထွဋ် ကမ္ဘာပျက်သလို လေပြင်းမိုးသံတွေထ...
295K 12.5K 39
"မင်း ကိုယ့်အခြေအနေကိုယ် သိရက်သားနဲ့ ဘာကိစ္စ ဒီအခြေအနေထိ ရောက်အောင်နေရတာလဲ" . "ဟမ်... ဖြေစမ်း ငွေလွာ " . "အဲ့စောက်ပါးစပ်က ဘာလို့ပိတ်နေတာလဲ ဘာလဲ ကလေ...