44 - Singing Competition

1.2K 224 11
                                    

Unicode

သီချင်းဆိုပြိုင်ပွဲ

ပွဲကျင်းပသည့်နေ့၌ကျောင်းခန်းမ၏အတွင်းရောအပြင်ရောလူအပြည့်အသိပ်ပင်။

ခန်းမအသေးလေးထဲ၌သာကျင်းပရသည့်စန္ဒယားကလပ်နှင့်နှိုင်းယှဉ်ကြည့်မည်ဆိုပါကပေါ့ပ်ဂီတကလပ်မှပြုလုပ်သည့်ကျောင်းတွင်းသီချင်းဆိုပြိုင်ပွဲကအတော်လေးကြီးမားသည်ဟုပြော၍ရလေသည်။

လွန်ခဲ့သည့်တစ်ပါတ်လောက်ကတည်းကခန်းမ၏အဝင်ဝ၌ပါဝင်ယှဥ်ပြိုင်မည့်အဆိုတော်ဆယ်ယောက်၏ပိုစတာများအားချိတ်ဆွဲပြသ၍ဖြတ်သွားဖြတ်လာကျောင်းသားများ၏အာရုံအားဆွဲဆောင်ထားခဲ့သည်ပင်မဟုတ်လား။

အထူးသဖြင့်ပိုစတာများထဲ၌ချီဖုန်းပါလာသည်အားတွေ့လိုက်ရသောအခါလူတိုင်းကကျောင်းဖိုရမ်သို့သွား၍ချီဖုန်းကဤပြိုင်ပွဲအားသူ့ရုပ်ရည်ကြောင့်ဝင်ပြိုင်သည်လား၊ဒါမှမဟုတ်သူ့အသံကြောင့်ဝင်ပြိုင်သည်လားဟုအတင်းတုပ်ကြတော့သည်။

"ကျောင်းအိုင်ဒေါ" ၏နာမည်ကျော်ကြားမှုကြောင့်ယခုနှစ်သီချင်းဆိုပြိုင်ပွဲကလူအများပို၍အာရုံစိုက်စရာဖြစ်နေခဲ့ခြင်းပင်။

ထို့ကြောင့်ကျောင်းမှကလပ်တော်တော်များများကထိုပြိုင်ပွဲကြောင့်ရှုံးနိမ့်မည်အားစိုးရိမ်ကြသဖြင့်ထိုညနေ၌ပွဲမလုပ်ကြပေ။ယခုချိန်ထိထိုသီချင်းဆိုပြိုင်ပွဲနှင့်အပြိုင်ကြံ့ကြံ့ခံရပ်တည်နေသည့်ကလပ်မှာလင်းခယ်ပါဝင်ထားသည့်စန္ဒယားကလပ်တစ်ခုသာ။

စန္ဒယားကလပ်၏ဥက္ကဌကလည်းအပျော်တမ်း Grade 10 အဆင့်ရှိစီနီယာတစ်ယောက်ဖြစ်ကာသူသည် Chopin နှင့် Liszt တို့၏ဂန္ထဝင်ဂီတများအားစွဲလမ်းနေပီးခေတ်ပေါ်သီချင်းများကိုတော့ကဲ့ရဲလှောင်ပြောင်ချင်သူတစ်ယောက်ဖြစ်သည်။

စန္ဒယားကလပ်၏ဥက္ကဌကလည်းအပျော်တမ်း Grade 10 အဆင့်ရှိစီနီယာတစ်ယောက်ဖြစ်ကာသူသည် Chopin နှင့် Liszt တို့၏ဂန္ထဝင်ဂီတများအားစွဲလမ်းနေပီးခေတ်ပေါ်သီချင်းများကိုတော့ကဲ့ရဲလှောင်ပြောင်ချင်သူတစ်ယောက်ဖြစ်သည်။

Oops! This image does not follow our content guidelines. To continue publishing, please remove it or upload a different image.
The Daily Life Of Being The Campus Idol's Fake Boyfriend (MM Translation)Where stories live. Discover now