အခ်စ္က သူေစစားရာ 🌚🌚 ( ေခါင...

By NabeNabe549

432K 19.8K 791

အမႊာခ်င္း တူေပမယ့္ သူမရဲ႕ ေမြးဖြားမႈမွာ ဒိြလိင္ ပါဝင္ေနတဲ့အတြက္ ဖခင္ ျဖစ္သူရဲ႕ စြန္႔ပစ္ျခင္းကို ခံခဲ့ရတဲ့ လ... More

Review
Part - 1 ( Zg + Uni)
Part - 2 ( Zg + Uni)
Part - 3 ( Zg + Uni)
Part - 4 ( Zg+ Uni)
Part - 5 ( Zg+ Uni)
Part - 6 ( Zg+ Uni)
Part - 7 ( Zg+ Uni)
Part - 8 ( Zg + Uni)
Part - 9 ( Zg + Uni)
Part - 10 ( Zg + Uni)
Part - 11 ( Zg + Uni)
Part - 12 ( Zg + Uni)
Part - 13 ( Zg + Uni)
Part - 15 ( Zg + Uni)
Part - 16 ( Zg + Uni)
Part - 17 ( Zg + Uni)
Part - 18 ( Zg + Uni)
Part - 19 ( Zg + Uni)
Part - 20 ( Zg + Uni)
Part - 21 ( Zg + Uni)
Part - 22 ( Zg + Uni)
Part - 23 ( Zg + Uni)
Part - 24 ( Zg + Uni)
Part - 25 ( Zg + Uni)
Part - 26 ( Zg + Uni)
Part - 27 ( Zg + Uni)
Part - 28 ( Zg + Uni)
Part - 29 ( Zg + Uni)
Part - 30 ( Zg + Uni)
Part - 31 ( Zg + Uni)
Part - 32 ( Zg + Uni )
Part 33 ( Zg + Uni )
Part - 34 ( Zg + Uni)
Part - 35 ( Zg + Uni)
Part - 36 ( Zg + Uni)
Part - 37 ( Zg + Uni)
Part - 38 ( Zg + Uni)
Part - 39 ( Zg + Uni)
Part - 40 ( Zg + Uni )
Part - 41 ( Zg + Uni)
ခြင့္တိုင္ၾကားျခင္း
Part - 42 ( Zg + Uni)
အသိေပးခ်က္
Part - 43 ( Zg + Uni)
Part - 44 ( Zg + Uni)
Part - 45 ( Zg + Uni)
Part - 46 ( Zg + Uni)
Part - 47 ( Zg + Uni)
Part - 48 ( Zg + Uni)
Part - 49 ( Zg + Uni)
Part - 50 ( Zg + Uni)
Part - 51 ( Zg + Uni)
Part - 52 ( Zg + Uni)
Part - 53 ( Zg + Uni)
Part - 54 ( Zg + Uni)
Part - 55 ( Zg + Uni)
Part - 56 ( Zg + Uni)
Part - 57 ( Zg + Uni)
Part - 58 ( Zg + Uni)
Part - 59 ( Zg + Uni)
Part - 60 ( Zg + Uni)
Part - 61 ( Zg + Uni)
Part - 62 ( Zg + Uni)
Part - 63 ( Zg + Uni)
Part - 64 ( Zg + Uni)
Part - 65 ( Zg + Uni)
Part - 66 ( Zg + Uni)
Part - 67 ( Zg + Uni)
Part - 68 ( Zg + Uni)
Part - 69 ( Zg + Uni)
Part - 70 Final Part ( Zg + Uni)

Part - 14 ( Zg + Uni)

5.4K 270 4
By NabeNabe549

☆☆☆☆♡⃛   အခ်စ္က သူေစစားရာ   ♡⃛ ☆☆☆☆
( Part - 14  )

" ခြပ္...!!  "

" မေအေဘး မင္းကမ်ား ငါ့ မ်က္ႏွာကို
ထိုးရဲတယ္ေပါ့ "

ေခါင္ တစ္ေယာက္ ေရွ႕ကလူနဲ႔ နပန္းသတ္ေနတုန္း
ဘာရယ္မဟုတ္ စိတ္က ေဒၚျဖဴျဖဴ ကို
သတိရမိသြား၍ သူ႕ မ်က္ႏွာေပၚ
ထိုးလာတဲ့ လူရဲ႕ လက္ဆက အေတာ္ျပင္းသည္။
ဒါေပမဲ့ သူ႕ အတြက္ကေတာ့ ဒီေလာက္
က မမူပါ။ သို႔ေသာ္ ရင္ထဲမွာ မုန္တိုင္း ထန္ေန၍
ေရွ႕က လူကိုသာ အားကုန္ မဲပစ္လိုက္သည္။

" ေျဖာင္​း....!! "
" ေျဖာင္း.....!! "

" ဘုန္း... !! "

လည္ထြက္သြားတဲ့ မ်က္ႏွာက ေသြးေတြစီးက်လာ
ၿပီး လူကိုလည္း ေအာက္ကို ဘုန္းကနဲ
ပစ္က်သြားေစသည္။

လဲက်တာနဲ႔ ထိုလူအေပၚ ေခါင္ယံမိႈင္း တက္ခြၿပီး
မ်က္ႏွာကို အားရပါးရ ပိတ္ထိုးေနလိုက္သည္။

" ခြပ္... ခြပ္... ခြပ္....!!!  "

လက္စျပင္းတယ္ မျပင္းတယ္ ေခါင္ လက္ခ်က္ေၾကာင့္
ထိုလူမွာ မ်က္လုံးေတာင္ မဖြင့္နိုင္​ဘဲ အ႐ုပ္ႀကိဳး
ျပတ္ျဖစ္ေနေလသည္။

" ေခါင္ႀကီး ေတာ္ေတာ့...!! ေအာက္ကလူ
ေသေတာ့မယ္....!! ငါ ေျပာတာၾကားလား
ေခါင္ႀကီး ေတာ္ေတာ့လို႔.... "

" ေတာ္ပါေတာ့ ေခါင္...!!  သူ ေသေတာ့မယ္
ေတာ္လိုက္ပါေတာ့ ေခါင္...!!  "

ေသြးသစ္ နဲ႔ ျခားနား တားမရတဲ့အဆံုး ေခါင္
ဆီ ​ေျပးသြားကာ ​ေခါင္​လက္ေတြကို
ခ်ဳပ္ပစ္လိုက္ၾကသည္။ ဒါေတာင္ ေခါင္က
႐ုန္းေနေတာ့ ေဘးနားက လူေတြကိုပါ
  ကူဆြဲခိုင္းရသည္။ ေျခာက္ေယာက္ေလာက္
ခ်ဳပ္မွ ေခါင္ ထိုးေနတာက ရပ္တန္႔သြားသည္။

သူ႕ကို ခ်ဳပ္ထားတဲ့ လူေတြကို လႊတ္ေပးဖို႔
ေခါင္ ခပ္စူးစူးနဲ႔ စိုက္ၾကည့္လိုက္ရာ
ခ်ဳပ္ထားတဲ့ လူေတြက ျခားနား နဲ႔
ေသြးသစ္ ကို စိုက္ၾကည့္လာၿပီး
လႊတ္ေပးရမလားဆိုတဲ့ အၾကည့္နဲ႔။

ျခားနား နဲ႔ ေသြးသစ္ ကို ၾကည့္ျပီး အယူခံဝင္
ေနတဲ့ နပန္းသတ္ကြင္းက လူေတြကို
ေခါင္ အလိုမက် ျဖစ္သြားကာ မ်က္ခံုးတစ္ခ်က္
တြန္႔ရင္း ေရွ႕မွာ သူ ထိုးထားလို႔ လဲက်ေနေသာ
လူလို ျဖစ္ခ်င္လားလို႔ ေမးဆတ္ျပလိုက္ရာ
အကုန္လံုးမွာ ေၾကာက္ၿပီး ခ်က္ခ်င္း လႊတ္ေပး
လာၾကသည္။

" ေရာ့ ျခားနား သူ႕ကို ေဆး႐ုံပို႔ေပးလိုက္...!!
ႏိုင္တဲ့ ငါရဲ႕ ေဝစုကိုေရာ သူ႕ကို ေပးလိုက္ "

ဘဏ္ကဒ္အား အၾကမ္းပတမ္း ပစ္ေပးလိုက္ေတာ့
ျခားနား မွာ အမိအရ ဖမ္းလိုက္ၿပီး ေခါင္မွာ
တစ္ခ်က္ၾကည့္ကာ ေနရာကေန ထြက္လာခဲ့သည္။
ေခါင္ ထြက္လာတာနဲ႔ ေသြးသစ္ ကလည္း
ေခါင္ေနာက္ကို ေျပးလိုက္သြားခဲ့သည္။
ဒီေတာ့ က်န္ခဲ့တဲ့ ျခားနား မွာ ေခါင္ လုပ္သမွ်
ကို အကုန္ေျဖရွင္းေပးရေတာ့မွာေပ။

" အနိုင္​ရတဲ့ ပိုက္ဆံေတြ အမ်ားႀကီးကို
အစ္ကိုေခါင္က ဘာလို႔ မယူတာလဲ မသိဘူး....?? "

" ဟုတ္ပါ့ ငါ့သာဆို ယူမွာ အခုက အ႐ံႉး အႏိုင္
ကစားတာေလ ....အခု လဲက်ေနတဲ့
ေကာင္ကလည္း သူ ႏိုင္ရင္ အကုန္ယူမွာ
အစ္ကိုေခါင္ကို ေပးမွာ မဟုတ္ဘူး ...
ေပးဖို႔ေနေနသာသာ ေဆး႐ုံေတာင္
လိုက္ပို႔ေပးမွာ မဟုတ္ဘူး  "

" ေခါင္ က ပိုက္ဆံလိုခ်င္လို႔ ေဆာ့တာ
မဟုတ္ဘူး ငါ့ ညီတို႔..  သူ႕က အေပ်ာ္ေဆာ့တာ
ဒါေၾကာင့္ အစ္ကို သူငယ္ခ်င္းက
ပိုက္ဆံေတြ မယူတာ..  အရင္က
သူ ႏိုင္တဲ့ ေငြေတြဆို အစ္ကိုတို႔ကို
အကုန္ေပးပစ္တာ "

" ဝါး မိုက္​တာပဲ အစ္​ကို​ေခါင္​က "

" ဟုတ္​ပါ့ သိပ္​ကို မိုက္​တာပဲ "

ျခားနား နပန္းသတ္ကြင္းက ေခါင္ ဖန္ေတြကို
ဝင္ရွင္းျပလိုက္ရာ အကုန္လံုးမွာ
အံ့ဩသြားၿပီး ေခါင့္က မိုက္တာပဲဆိုၿပီး
ထေျပာၾကသည္။ အဲ့ဒီအခါ သူ ၿပံဳးၿပံဳးႀကီးပဲ
ၾကည့္ေနလိုက္သည္။

************************

" မင္းက ရယ္ေတာ့ရယ္ရသား ေခါင္ႀကီး...
မျဖဴျဖဴ ဆီ မသြားရတာနဲ႔ ေကာင္မေလးေတြ
ညတိုင္း ေခၚေနခဲ့တာကိုး...အခုလည္​း
မျဖဴျဖဴ​ေၾကာင္​့ နပန္​းသတ္​တာက ျဖစ္​လိုက္​​ေသး
ဒါနဲ႔  ​ေကာင္​မ​ေလး​ေတြကို မင္း အိပ္ရာေပၚ
အထိေတာ့ မေရာက္ေစနဲ႔ေနာ္
ငါလည္း မေရာက္ဘူး... ငါ့က ႐ႉပ္သာ႐ႉပ္တာ
ငါ့ လူပ်ဳိ ဘဝေလးကိုေတာ့ ငါ တကယ္ခ်စ္တဲ့
သူကိုပဲ ေပးခ်င္တယ္ "

" အဲ့ဒါေတာ့ မင္းထက္ ငါ သာတယ္ ေသြးသစ္...
အရွင္းဆံုး ေျပာမယ္ တြဲသမွ် မိန္းကေလးေတြနဲ့
ငါ့ဘက္က စနမ္းတယ္ဆိုတာ မရိွဘူး
သူတို႔ ဘက္ကသာ စနမ္းၾကတာ "

ႂကြားသလို   စကားႀကီးျဖစ္ေနေတာ့ ေသြးသစ္
မ်က္ႏွာက တစ္ခ်က္မဲ့သြားသည္။ ဒါ့ကို
အထာေပါက္တဲ့ ေခါင္ယံမိႈင္း မွာ ေသြးသစ္
ကို ၾကည့္ကာ မလြယ္ဘူးဆိုၿပီး ေခါင္းယမ္း
လိုက္သည္။

" မဲ့မေနနဲ႔ ေသြးစုပ္ဖုတ္ေကာင္....!!
ငါ ေျပာတာ မမွန္လို႔လား တြဲသမွ်
ရည္းစားေတြထဲ ငါ့ ဘက္က စနမ္းတာ
မင္း ျမင္ဖူးလို႔လား...??  ေနာက္ၿပီး
မင္းလည္း မိန္းကေလးေတြကို တြဲခ်င္ရင္
အရင္ခ်ဥ္းကပ္ရတယ္ မဟုတ္လား
ငါ့ကေတာ့ မလိုဘူး သူတို႔ကသာ
ငါ့ဆီ လာကပ္ၾကတာ ဒါ့ကို မင္း
သိပါတယ္ "

" ေအးပါ သိပါတယ္ ဒါေပမဲ့ မျဖဴျဖဴ ေတာ့
မင္းဘက္က အရင္စကပ္ရတာ မဟုတ္လား
ဟိုက မင္းကပ္ေတာ့ ေျပးလိုက္တာ
တေစၧသရဲအလားပဲ....မင္းကိုေတာင္
သူ႔က ဝဋ္​​ေႂကြးလို႔ ေျပာလိုက္​​ေသး.. ဒါတင္မကဘူး
မင္းရဲ႕ ပါးကိုလည္း မျဖဴျဖဴ က ဦးဆံုး႐ိုက္ဖူးတဲ့
သူပဲ။ "

"  ေတာ္ေတာ့ ေသြးသစ္ၿဖိဳး.. !! ငါ့ကို
အဲ့ဒီ မိန္းမအေၾကာင္း မေျပာနဲ႔
ကိုယ့္ကို မပတ္သက္ခ်င္တဲ့ မိန္းမ
တစ္ေယာက္ကို ငါ့ ဘက္က ခခယယ
မပတ္သက္တတ္ဘူး ငါ့ အတြက္ မိန္းမ
မရွားဘူး..  ဒါ့အျပင္ အဲ့ဒီမိန္းမ အခုလိုေတြ
လုပ္ေနတာက ငါ့ဆီက စိတ္ဝင္စားမႈ
ရေအာင္ လုပ္ေနတာ "

ပါးစပ္ကသာ အကန္​ေတြ ေျပာေနေပမဲ့
တကယ့္ လက္ေတြ႕မွာ လြန္ႀကိဳးျဖဴျဖဴ က
သူ ့ကို မပတ္သက္​ခ်င္တဲ့အတြက္ ေခါင္ယံမိႈင္း
တင္းလို႔ ေန၏ ။

ကားေမာင္းရင္း ေမး႐ိုးေၾကာေတြ တင္းေထာင္
သြားတဲ့ ေခါင္ယံမိႈင္း ကို ၾကည့္ကာ
ေသြးသစ္မွာ ထပ္မေျပာရဲေတာ့ဘဲ တိတ္ဆိတ္
လို႔ သြားခဲ့သည္။

***************************

"  သမီးျဖဴျဖဴ....!! "

" ဟင္.... အန္တီ "

ဒီေန႔ ေက်ာင္းလာေတာ့ ျဖဴျဖဴ နာမည္ကို ေအာ္ေခၚ
လိုက္ေသာ အသံေလးေၾကာင့္ ၾကည့္လိုက္မိရာ
ဟိုတစ္ခါက ျဖဴျဖဴ ကယ္ေပးခဲ့ေသာ အန္တီႀကီး။

"  ျဖဴျဖဴ နဲ႔ တူပါတယ္ဆိုၿပီး အန္တီက
ၾကည့္ေနခဲ့တာ.. ..တကယ္တမ္း သမီးျဖဴျဖဴ
ျဖစ္ေနခဲ့တာပဲ "

" ဟုတ္ အန္တီ.. .ဒါနဲ႔ အန္တီက ဒီကို
ဘယ္လိုလုပ္... "

" ဪ ဒါလား... အန္တီက အန္​တီ သမီးကို
ေက်ာင္းလိုက္ပို႔ေပးတာေလ... သူလည္း
ဒီေက်ာင္းမွာပဲ တက္ေနတာ "

" ဪ.. ဟုတ္ အန္တီ "

" ဒါနဲ႔ ဆံုတုန္းေလး အန္တီတို႔ တစ္ခုခုသြား
စားရေအာင္လား ျဖဴျဖဴ "

" ျဖဴျဖဴ မစားေတာ့ဘူး အန္တီ....
အခုပဲ ေဂဟာကေန စားလာခဲ့ၿပီ "

" လာပါ သမီးျဖဴျဖဴ ရယ္ အန္တီတို႔
သြားစားရေအာင္.....ဟိုတစ္ခါ ကိစၥ
ကိုလည္း အန္တီ သမီးကို ေတာင္းပန္ခ်င္ေသးတယ္ "

အန္တီက အတင္းေခၚေနေတာ့ ျဖဴျဖဴ မျငင္း
ခ်င္ေတာ့ပါ။  ျဖဴျဖဴ စက္ဘီးေလးကို
ဟိုနား ခဏထားမယ္ေျပာၿပီး အန္တီ ေနာက္
ျဖဴျဖဴ လိုက္ခဲ့လိုက္ရသည္။

***********************

ျဖဴျဖဴတို႔ ကန္တင္းက လူရွင္းတဲ့ ေနရာမွာ
ဝင္ထိုင္လိုက္ၾကသည္။  စားစရာေတြလည္း
မွာၿပီးလာေတာ့ အန္တီက ျဖဴျဖဴ ကို
ေတာင္းပန္လာခဲ့သည္။

အန္တီနာမည္က ေဒၚၾကည္ျဖဴခင္ ျဖစ္ၿပီး
သူ႕ကို အန္တီၾကည္ျဖဴလို႔ ေခၚခိုင္းတာ
ေၾကာင့္ ျဖဴျဖဴ နာခံစြာနဲ႔ ေခၚေပးလိုက္သည္။

အန္တီၾကည္ျဖဴ  က သိပ္ကို လွတဲ့ အမ်ဳိးသမီးပါ။
ဒီေက်ာင္းမွာ ရိွေနတဲ့ အန္တီၾကည္ျဖဴ သမီးက
သိပ္ကို ကံေကာင္းသည္။  ဘာလို႔ဆို
စားပြဲထိုးေလးက ေထာပတ္​သီး​ေဖ်ာ္ရည္
ခ်ေပးလာေတာ့ ဒီေဖ်ာ္ရည္က သူ႕ သမီး
ႀကိဳက္တဲ့ဟာေလးဆိုၿပီး အန္တီၾကည္ျဖဴ က
ေျပာလာခဲ့သည္။

ဘာရယ္မဟုတ္ အန္တီၾကည္ျဖဴ က ေျပာလိုက္ေပမဲ့
ျဖဴျဖဴ မွာ ထိုအျခင္းအရာကို ၾကည့္ၿပီး
အားက်မိသြားသည္။  ျဖဴျဖဴ သာ အန္တီၾကည္ျဖဴ
သမီး ျဖစ္ရင္ သိပ္ကိုေကာင္းမွာပဲ။
ဒါဆို အန္တီၾကည္ျဖဴ က ျဖဴျဖဴ ကို
အခုလို ဂ႐ုစိုက္ေပးမွာေပ။

ဒါေပမဲ့ ဘာျဖစ္ျဖစ္ ျဖဴျဖဴ အားက်တာေလးပဲ
ရိွပါသည္။ ပန္းၿမိဳင္ေဂဟာက မာသာကလည္း
ျဖဴျဖဴ အေပၚ အရမ္းကို ေကာင္းသည္။

မာသာ သာ ျဖဴျဖဴ ကို မေမြးစားခဲ့ရင္ ျဖဴျဖဴ
ဘဝက အခုဆို ကမာၻပ်က္ေနေလာက္ၿပီ။

" စားေလ  သမီးျဖဴျဖဴ... အန္တီၾကည္ျဖဴ
မွာထားတာေတြ ေအးကုန္ေတာ့မယ္ "

" ဟုတ္ အန္တီၾကည္ျဖဴ....ျဖဴျဖဴ စားမယ္ေနာ္
ဒါေပမဲ့ ခဏေနာ္ အန္​တီၾကည္​ျဖဴ
ျဖဴျဖဴ မစားခင္ ေမတၱာ​ေလးပို႔ေပးလိုက္အံုးမယ္ "

အေျပာနဲ႔အတူ လက္အုပ္ေလးခ်ီကာ
ထံုးစံအတိုင္း လြန္ႀကိဳးျဖဴျဖဴ က
ထမင္းရွင္ေတြကို ေမတၱာပို႔ေလသည္။

"............"

လက္အုပ္ေလး ခ်ီကာ လြန္ႀကိဳးျဖဴျဖဴ ေမတၱာပို႔တာ
ကို ေဒၚၾကည္ျဖဴခင္ ၾကည့္ရင္း ပို၍ ေလးစားသထက္
လြန္ႀကိဳးျဖဴျဖဴ ကို ေလးစားသြားေလသည္။
ဒါ့ကိုေတာ့ လြန္ႀကိဳးျဖဴျဖဴ က မသိခဲ့ပါ။

>>>>>>>>>>>>>>>>>

" သမီးျဖဴျဖဴ က အရမ္းေတာ္တာပဲ
scholarship နဲ႔ ဒီကို လာတက္ႏိုင္တာ
အရမ္းမိုက္တာပဲ ဒီေက်ာင္းက ေတာ္႐ံုလူေတြ မတတ္ႏိုင္ဘူးေလ ..အန္တီၾကည္ျဖဴ ေတာ့
သမီးကို သိပ္ကို ေလးစားသြားၿပီ "

" ဒါတင္မကေသးဘူးေနာ္ အန္တီၾကည္ျဖဴ
သမီး သူငယ္ခ်င္း ျဖဴျဖဴ က ျမန္မာစာစီစာကံုး
ၿပိဳင္တာ ပထမဆု ရထားေသးတယ္ "

" ဝိုး....ဒါဆို ျဖဴျဖဴ က အရမ္းေတာ္တာပါလား
ထက္ထက္ "

" ဟုတ္တာေပါ့ အန္တီၾကည္ျဖဴ. ..အခုေတာင္
စာစီစာကံုးကို ခ႐ိုင္တက္ၿပိဳင္ရအံုးမွာ
ဒါလည္း သမီး သူငယ္ခ်င္း ျဖဴျဖဴ က
ႏိုင္အံုးမွာ "

ျဖဴျဖဴ ကို လိုက္ရွာေနတဲ့ ထက္ထက္က
အန္တီၾကည္ျဖဴ နဲ႔ ျဖဴျဖဴ ကန္တင္းထိုင္
ေနတာျမင္တာနဲ႔ သူပါ ဝင္ထိုင္လာခဲ့သည္။

ဒါတင္မကေသး  ျဖဴျဖဴ အေၾကာင္းေတြကိုလည္း
အန္တီၾကည္ျဖဴ ကို ႂကြားလိုက္ေသးသည္။
အခုလည္း အန္တီၾကည္ျဖဴ နဲ႔ ထက္ထက္က
အေပးယူတည့္ၿပီး ျဖဴျဖဴ ကို ဇြတ္ေတြ
ခ်ီးမြမ္းေနၾကသည္။ ျဖဴျဖဴ မွာ သူတို႔
ခ်ီးမြမ္းစကားဆိုတာနဲ႔ မေနတတ္ေတာ့ေပ။

" သမီးျဖဴျဖဴ... သမီးက အန္တီၾကည္ျဖဴ သမီး
ျဖစ္ရင္ သိပ္ကို ေကာင္းမွာပဲ...
အိမ္က အန္တီ သမီးကေတာ့ ပထမႏွစ္ကို
2ႏွစ္ ၊  ဒုတိယႏွစ္ကို 2ႏွစ္နဲ႔ ရွယ္ေတြက်ေနခဲ့တာ
အခု အန္တီ သမီးက တတိယႏွစ္ေလ.. .
သူ႕ ေကာင္ေလးေၾကာင့္ တတိယႏွစ္ကို
ေအာင္ေအာင္ လုပ္ေတာ့မယ္တဲ့
အသက္ကေတာ့ ႏွစ္ဆယ့္တစ္ႏွစ္ ရိွၿပီ "

" သမီးသူငယ္ခ်င္း ျဖဴျဖဴ လည္း ႏွစ္ဆယ့္တစ္ပါ အန္တီၾကည္ျဖဴ.. .ေနမေကာင္းတာနဲ႔ ကိုးႏွစ္မွ
သူငယ္တန္း စတက္ရတာ "

" ဒါဆို အန္တီၾကည္ျဖဴ သမီးနဲ႔ သမီးျဖဴျဖဴ
က အသက္ပါတူေနပါလား.. ..?? "

ႏွစ္ေယာက္သား စကားေကာင္းေနေတာ့
ျဖဴျဖဴ ၾကားမဝင္ခ်င္ပါ။ သူတို႔ ေကာင္းတာ
ကလည္း ျဖဴျဖဴ အေၾကာင္းေျပာလို႔
ေကာင္းေနတာေလ။

ဒီလိုနဲ႔ အတန္းစဖို႔ မိနစ္အနည္းငယ္လိုမွ
ျဖဴျဖဴတို့ စကားဝိုင္းေလးက အဆံုးသတ္သြား
ခဲ့သည္။

ဒါေတာင္ အန္တီၾကည္ျဖဴက ျဖဴျဖဴ ဖုန္း
နံပါတ္ ေတာင္းထားလို႔ ေပးလိုက္ရေသးသည္။

ထက္ထက္ ကလည္း အန္တီၾကည္ျဖဴ နဲ႔
စကားေကာင္းေနေတာ့ အတန္းခ်ိန္ ပ်က္ရ
ေအာင္ လုပ္ေနေသးသည္။  ျဖဴျဖဴ မွာ
ပ်က္လို႔မရဘူးလို႔ ေငါက္လိုက္မွ ထက္ထက္မ
က ၿငိမ္က်သြားေတာ့သည္။

*************************

" ခစ္ခစ္... ကိုကိုက အရမ္းဆိုးတာပဲ ေမဘယ္
ေနရခက္ေနၿပီေနာ္ "

" အဟက္..!!  "

စာၾကည့္တိုက္မွာ စာလာလုပ္ရင္း အသံက
ရင္းႏီွးသလို ရိွေန၍  ျဖဴျဖဴ ေနာက္လွည့္
ၾကည့္လိုက္ေတာ့ ေခါင္ယံမိႈင္း ဆိုေသာ
ေကာင္ေလး။ဒါ့အျပင္ သူ ့ ေဘးမွာလည္း
စႏိုး မဟုတ္ေသာ အျခားေကာင္မေလး တစ္ေယာက္။

အက်ၤ ီကလည္း V shape ပံုစံကိုမွ
ရင္ၫြန္႔ထိ ခြဲခ်ထားေတာ့ သူရဲ႕ ေတာင့္တင္း
က်စ္လစ္တဲ့ six pack ေတြကို ျဖဴျဖဴ
အထင္းသား ျမင္ေနရသည္။

" အား.... ကိုကို six pack ေတြက
အရမ္းမိုက္တာပဲ ေမဘယ္ ကိုင္ရတာ
ေကာင္းလိုက္တာ "

" မင္း ႀကိဳက္ရင္ ၿပီးတာပဲ "

ေမဘယ္လို႔ သူကိုယ္သူ သံုးတဲ့ ေကာင္မေလး
က အေျပာနဲ႔အတူ ေခါင္ယံမိႈင္း six pack
ေတြကို သူမ လက္နဲ႔ အားရပါးရ ပြတ္သပ္ေန
ေလသည္။  ျဖဴျဖဴ မွာ ဒါ့ကို ၾကည့္ၿပီး
ၾကက္သီးထလိုက္တာ။  အားလပ္ခ်ိန္က
တစ္နာရီခြဲေလာက္ ရေနလို႔ စာၾကည့္တိုက္
စာလာလုပ္တာ မွားၿပီထင္ပါရဲ႕။

စာၾကည့္တိုက္ထဲ လာတဲ့ တစ္ခ်ဳိ႕လူေတြကလည္း
စာမလုပ္ဘဲ ေခါင္ယံမိႈင္းတို႔ အတြဲကိုပဲ
ၾကည့္ေနေလသည္။ 

စာၾကည့္တိုက္မွဴးကလည္း ေခါင္ယံမိႈင္းတို႔
အတြဲကို မသိခ်င္ေယာင္ေဆာင္လို႔ ေန၏ ။

ဒီေတာ့ ျဖဴျဖဴ မွာ အျမင္မေတာ္လည္း
စာကိုသာ ဆက္ၾကည့္ဖို႔ ဆံုးျဖတ္လိုက္ရသည္။

ေခါင္ ေဒၚျဖဴျဖဴ ကို ေတြ႕လို႔ ရည္းစားနဲ႔
တမင္စာၾကည့္တိုက္ထဲ လာလိုက္သည္။ ဒါ့ကို
ေဒၚျဖဴျဖဴက တစ္ခ်က္သာ ၾကည့္ၿပီး
အၾကည့္ျပန္လႊဲကာ စာဆက္လုပ္ေနေတာ့
သူ႕မွာ ခံျပင္းရတာ ေအာင့္သက္သက္ေပ။

ေဒၚျဖဴျဖဴ ဆီက အာ႐ံုစိုက္မႈမရလည္း
ဘာျဖစ္လဲ။  သူ႕ကို လာေရာခ်င္တဲ့
မိန္းမေတြမွ ေပါမွေပါ။

ေခါင္ တစ္ေယာက္ သူ႕ကို ဂ႐ုမစိုက္ဘဲ
စာဆက္လုပ္ေနေသာ လြန္ႀကိဳးျဖဴျဖဴ
ကို ၾကည့္ကာ ေဒါသေတြထြက္ေနခဲ့သည္။
ဒါေပမဲ့ သူ ေဒါသထြက္တာကို ေဖာ္မျပဘဲ
လြန္ႀကိဳးျဖဴျဖဴ က သူ႕ အတြက္ အေရးမပါ
သလို  လုပ္ေန​ေလသည္။

ဘာဆိုဘာမွ မသိတဲ့ ေခါင္ရဲ႕ ရည္းစားအသစ္
စက္စက္ ေမဘယ္ ကလည္း ေခါင္
six pack ေတြကို ကိုင္ေကာင္းေနျပန္သည္။

***********************

" အား.....!!!  "

ျဖဴျဖဴ စာၾကည့္ၿပီးေတာ့ အျပန္ စိတ္ထဲ
စာၾကည့္တိုက္မွာ တစ္ခုခုမ်ား က်န္ေသးလား
ဆိုၿပီး အေတြးနဲ႔ ေနာက္ကိုအလွည့္
တစ္ေယာက္ေယာက္ကို တိုက္မိသြားခဲ့သည္။

ကံက ဆိုးပါတယ္  ျဖဴျဖဴ တိုက္မိတဲ့ ေကာင္မေလး
က ေခါင္ယံမိႈင္း ရဲ႕ ေကာင္မေလးေပ။
အခုလည္း သူ႕ ေကာင္မေလးကို ျဖဴျဖဴ တိုက္မိလို႔
သူ႕က မ်က္ေထာက္နီႀကီးနဲ႔ ျဖဴျဖဴကို
ၾကည့္ေနတယ္ေလ။ ေသစမ္းဟဲ့ ျဖဴျဖဴ... !!
နင့္က တကယ့္ လူကိုမွ တိုက္မိတာပဲ...!!

" ေတာင္း..... ေတာင္းပန္ပါတယ္ "

" တိုက္ၿပီးမွ ေတာင္းပန္ရလား အစ္မ...
လူတစ္ေယာက္လံုး လာေနတာကို
အစ္မ မျမင္ဘူးလား....??
ဒါမွမဟုတ္ အစ္မ မ်က္လုံးက ကန္းေနတာလား "

ျဖဴျဖဴ ေတာင္းပန္လိုက္ေတာ့ ေကာင္မေလးက
ျဖဴျဖဴ ကို ေျပာလာခဲ့သည္။ ကိုယ့္က မွားေနေတာ့
ျဖဴျဖဴ ၿငိမ္ခံ​ေနလိုက္သည္။  တကယ္၍ မမွားရင္
ေတာင္မွ ျဖဴျဖဴ က ၿငိမ္ခံေနရမည္။ ဘာလို႔ဆို
ကိုယ့္က scholarship ေက်ာင္းသူေလ။
ဒီေတာ့ ရန္မျဖစ္ေအာင္ ေနရမည္။

" ေတာင္းပန္ပါတယ္ ညီမေလးရယ္...
အစ္မ တကယ့္ကို ေတာင္းပန္ပါတယ္
ညီမေလး လာတာကို အစ္မ
မျမင္လိုက္လို႔ပါ "

" ဒီမွာ အစ္မ ေတာင္းပန္တာနဲ႔ ၿပီးမသြားဘူး
အစ္မ တိုက္လိုက္လို႔ ညီမ လဲတဲ့အျပင္
ညီမ ဖိနပ္ကလည္း ပ်က္သြားၿပီ... အဲ့ဒါ
အစ္မ ဘယ္လိုလုပ္ေပးမွာလဲ. ....?? "

ဟုတ္ပါရဲ႕ သူ႕ ဖိနပ္ေလးက ျဖဴျဖဴ ေၾကာင့္
ပ်က္သြားခဲ့ၿပီ။  အေလ်ာ္ေပးရေအာင္လည္း
ျဖဴျဖဴ မွာ ပိုက္ဆံနဲ႔ တူတာဆိုလို႔
ငါးေထာင္တန္ တစ္ရြက္ပဲ ရိွသည္။
ဒါေတာင္ ျဖဴျဖဴ ေက်ာင္းစတက္ပါၿပီဆိုကတည္း
က မာသာ ေပးတဲ့ မုန္႔ဖိုးေတြကို စုထားလို႔
ရတာေပ။

" ကိုကို ၾကည့္ပါအံုး ေမဘယ္ ဖိနပ္ျပတ္
သြားၿပီ... ဒီမိန္းမက ေမဘယ္ကို
ဝင္တိုက္တဲ့အျပင္ ေမဘယ္ ဖိနပ္ကို
ျပတ္ေအာင္ လုပ္တယ္.... အခုလည္း
ေမဘယ္ အေလ်ာ္ေတာင္းေနတာကို
ေၾကာင္ေတာင္ေတာင္ လုပ္ေနတယ္
ကိုကို ကူညီပါအံုး "

ျဖဴျဖဴ မေလ်ာ္ေပးဘူးလို႔ မေျပာရေသး
အေတြးလြန္ေနတုန္း ရိွေသး ေမဘယ္
ဆိုတဲ့ ေကာင္မေလးက ေခါင္ယံမိႈင္း ကို
တိုင္လာခဲ့သည္။ ေခါင္ယံမိႈင္း ကလည္း
သူ႕ ေကာင္မေလး တိုင္လာတာနဲ႔ ျဖဴျဖဴ
ကို အလိုမက်သလို ၾကည့္လာခဲ့သည္။

" က်စ္ခ္....!! ​ေxာက္​ ဇယားေတြ
လာ႐ႉပ္ေနတယ္ အာ႐ံု ေနာက္တာ
မခံႏိုင္ပါဘူးဆိုမွ "

စုတ္တစ္ခ်က္သပ္ရင္း ေခါင္ယံမိႈင္း လြန္ႀကိဳးျဖဴျဖဴ
ကို စူးစူးစိုက္စိုက္ ၾကည့္လိုက္သည္။

" ၾကားတယ္ေနာ္ အစ္မ. ..ကိုကို က
အာ႐ံုေနာက္တာ မခံႏိုင္ဘူးတဲ့
ညီမ ဖိနပ္ကို အစ္မ ဘယ္လိုျပန္လုပ္ေပးမွာလဲ...!! "

" အစ္မ အ​ေလ်ာ္​​ေပးပါ့မယ္ ညီမေလးရယ္​...
ဒါနဲ႔ ညီမေလး ဖိနပ္က ဘယ္ေလာက္လဲဟင္..? "

" တစ္သိန္း ႏွစ္ေသာင္း... "

" ဘာ...!! တစ္သိန္းႏွစ္ေသာင္း ဟုတ္လား..? ?"

အံ့ဩသြားေသာ လြန္ႀကိဳးျဖဴျဖဴ ကို ေမဘယ္
အထင္ေသးစြာ ၾကည့္ရင္း... ..

" ဒီေလာက္ အံ့ဩေနပံုေထာက္ေတာ့
ပိုက္ဆံ မရိွဘူးလို႔ေတာ့  မေျပာနဲ႔ေနာ္
အစ္မ ပံုစံလည္း အစ္မ ျပန္ၾကည့္လိုက္အံုး
ဒီေလာက္ လွပေက်ာ့ေမာ့ေနတာ
ပိုက္ဆံ မရိွတာ မျဖစ္ႏိုင္ဘူး "

ျဖဴျဖဴ လွတာနဲ႔ပဲ အထင္ေတြ ႀကီးေနေတာ့
ဘာဆက္လုပ္ရမွန္း မသိေတာ့ပါ။
ျဖဴျဖဴ ပိုက္ဆံ မရိွတာ ျဖဴျဖဴ ပဲ သိသည္။

ပံုမွန္ဆို ဒီကိစၥကို ေမဘယ္ ေက်ာ္ေပး
သြားမိမွာပါ။ ဒါေပမဲ့ ေမဘယ္ ေရွ႕က အစ္မက
အရမ္းေတြ လွေနသည္။  ဒီေတာ့ မနာလိုၿပီး
ေမဘယ္ ပိုလို႔ေတာင္ ေက်ာ္ေပးမသြားႏိုင္ပါ။
ဒါ့အျပင္ ကိုကို နဲ႔ ဒီမိန္းမက သတင္းထြက္ဖူး
ေတာ့ ေမဘယ္ ပို၍  အျမင္ကပ္မိသည္။
ဒီမိန္းမ ရဲ႕ ျဖဴေဖြးႏုဖပ္ေနေသာ ပါးကို
ေမဘယ္ ႐ိုက္ရမွာသာ စိတ္က အေနေခ်ာင္မည္။
အခုလည္း ေမဘယ္ ဖိနပ္ကို ေလ်ာ္မေပးႏိုင္တဲ့
ပံုေပါက္ေနေတာ့ ေမဘယ္ အတြက္ အေတာ္ပါ။

" ေတာင္းပန္ပါတယ္ ညီမေလးရယ္....
အစ္မမွာ ပိုက္ဆံနဲ႔ တူတာဆိုလို႔
ငါးေထာင္တန္ တစ္ရြက္ပဲ
ရိွပါတယ္..  "

" က်စ္ခ္... ေတာက္စ္..!!  "

ျဖဴျဖဴ  ေတာင္းပန္ေနတဲ့အခ်ိန္ ေခါင္ယံမိႈင္း က
ေတာက္စ္ ေခါက္လိုက္တာေၾကာင့္
စိတ္ထဲ တစ္မ်ဳိးေလး ျဖစ္သြားရသည္။

ဟုတ္မွာပါ သူ႕ ေကာင္မေလး ကို ဝင္တိုက္တဲ့
အျပင္ ဖိနပ္ကိုပါ ျပတ္ေအာင္ လုပ္ထားေတာ့
သူ႕က ျဖဴျဖဴ ကို တင္းေနေလာက္ၿပီ။
ဒါေပမဲ့ မတတ္ႏိုင္ပါ။  တိုက္ၿပီးမွေတာ့
ဘာမွ လုပ္ေပးလို႔ မရပါ။

"  အဟင္​း...အစ္မမွာ ပိုက္ဆံက
ငါးေထာင္ပဲ ရိွေတာ့ ညီမက
ဘာဆက္လုပ္ရမွာလဲ...??
အစ္မ ပါးကို ႐ိုက္ရမွာလား.. .!!
ဒါမွမဟုတ္ ညီမ ေျခေထာက္ကို ဖက္ၿပီး
အစ္မ ေတာင္းပန္မလား... .?? "

ျဖဴျဖဴ မွားတာ မွန္​​ေပမဲ့ ​ေျခသလုံးဖက္​ၿပီး​ေတာ့
ျဖဴျဖဴ မ​ေတာင္​းပန္​နိုင္​ပါ။

"  စကားနဲ႔ေတာ့ အစ္မ ေတာင္းပန္ၿပီးသြားၿပီ
ညီမေလး...ညီမေလး ေျခေထာက္ကို ဖက္ၿပီးေတာ့
အစ္မ မေတာင္းပန္ႏိုင္ဘူး "

" ဒါဆို ပါး႐ိုက္႐ံုပဲ ရိွေတာ့တာေပါ့.. .."

အေျပာနဲ႔အတူ ေမဘယ္ လြန္ႀကိဳးျဖဴျဖဴ ပါးကို
႐ိုက္ခ်ပစ္လိုက္သည္။

" ျဖန္း.....!!! "

Part  15 ေမွ်ာ္...................................
( အား.... ႐ိုက္ခံလိုက္ရၿပီ 😞😞😞😞
ျဖဴျဖဴ ေရ သန္မာေပးပါ ႀကံ႕ခိုင္ေပးပါ
ဆက္ေပ်ာညံ့ေနရင္ ငါ့ ျဖဴျဖဴေလး
ပိုၿပီး ေစာ္ကားခံရလိမ့္မယ္ 😞😞😞😞)

ခ်စ္​တယ္​​ေနာ္​ မင္​မင္​ရဲ႕ ဒါဒါ​ေလး​ေတြ.......😍😍😘😘
ဒီအပိုင္းေလးနဲ႔ ပတ္သက္ၿပီး ဒါဒါေလးေတြရဲ႕ မန္႔ကို
မင္မင္ေလယူရာယိမ္း ေစာင့္ေမွ်ာ္လ်က္.. ......😍😍😘😘

#​ေလယူရာယိမ္​း

☆☆☆☆♡⃛   အချစ်က သူစေစားရာ   ♡⃛ ☆☆☆☆
( Part - 14  )

" ခွပ်...!!  "

" မအေဘေး မင်းကများ ငါ့ မျက်နှာကို
ထိုးရဲတယ်ပေါ့ "

ခေါင် တစ်ယောက် ရှေ့ကလူနဲ့ နပန်းသတ်နေတုန်း
ဘာရယ်မဟုတ် စိတ်က ဒေါ်ဖြူဖြူ ကို
သတိရမိသွား၍ သူ့ မျက်နှာပေါ်
ထိုးလာတဲ့ လူရဲ့ လက်ဆက အတော်ပြင်းသည်။
ဒါပေမဲ့ သူ့ အတွက်ကတော့ ဒီလောက်
က မမူပါ။ သို့သော် ရင်ထဲမှာ မုန်တိုင်း ထန်နေ၍
ရှေ့က လူကိုသာ အားကုန် မဲပစ်လိုက်သည်။

" ဖြောင်း....!! "
" ဖြောင်း.....!! "

" ဘုန်း... !! "

လည်ထွက်သွားတဲ့ မျက်နှာက သွေးတွေစီးကျလာ
ပြီး လူကိုလည်း အောက်ကို ဘုန်းကနဲ
ပစ်ကျသွားစေသည်။

လဲကျတာနဲ့ ထိုလူအပေါ် ခေါင်ယံမှိုင်း တက်ခွပြီး
မျက်နှာကို အားရပါးရ ပိတ်ထိုးနေလိုက်သည်။

" ခွပ်... ခွပ်... ခွပ်....!!!  "

လက်စပြင်းတယ် မပြင်းတယ် ခေါင် လက်ချက်ကြောင့်
ထိုလူမှာ မျက်လုံးတောင် မဖွင့်နိုင်​ဘဲ အရုပ်ကြိုး
ပြတ်ဖြစ်နေလေသည်။

" ခေါင်ကြီး တော်တော့...!! အောက်ကလူ
သေတော့မယ်....!! ငါ ပြောတာကြားလား
ခေါင်ကြီး တော်တော့လို့.... "

" တော်ပါတော့ ခေါင်...!!  သူ သေတော့မယ်
တော်လိုက်ပါတော့ ခေါင်...!!  "

သွေးသစ် နဲ့ ခြားနား တားမရတဲ့အဆုံး ခေါင်
ဆီ​ပြေးသွားကာ​ခေါင်​လက်တွေကို
ချုပ်ပစ်လိုက်ကြသည်။ ဒါတောင် ခေါင်က
ရုန်းနေတော့ ဘေးနားက လူတွေကိုပါ
  ကူဆွဲခိုင်းရသည်။ ခြောက်ယောက်လောက်
ချုပ်မှ ခေါင် ထိုးနေတာက ရပ်တန့်သွားသည်။

သူ့ကို ချုပ်ထားတဲ့ လူတွေကို လွှတ်ပေးဖို့
ခေါင် ခပ်စူးစူးနဲ့ စိုက်ကြည့်လိုက်ရာ
ချုပ်ထားတဲ့ လူတွေက ခြားနား နဲ့
သွေးသစ် ကို စိုက်ကြည့်လာပြီး
လွှတ်ပေးရမလားဆိုတဲ့ အကြည့်နဲ့။

ခြားနား နဲ့ သွေးသစ် ကို ကြည့်ပြီး အယူခံဝင်
နေတဲ့ နပန်းသတ်ကွင်းက လူတွေကို
ခေါင် အလိုမကျ ဖြစ်သွားကာ မျက်ခုံးတစ်ချက်
တွန့်ရင်း ရှေ့မှာ သူ ထိုးထားလို့ လဲကျနေသော
လူလို ဖြစ်ချင်လားလို့ မေးဆတ်ပြလိုက်ရာ
အကုန်လုံးမှာ ကြောက်ပြီး ချက်ချင်း လွှတ်ပေး
လာကြသည်။

" ရော့ ခြားနား သူ့ကို ဆေးရုံပို့ပေးလိုက်...!!
နိုင်တဲ့ ငါရဲ့ ဝေစုကိုရော သူ့ကို ပေးလိုက် "

ဘဏ်ကဒ်အား အကြမ်းပတမ်း ပစ်ပေးလိုက်တော့
ခြားနား မှာ အမိအရ ဖမ်းလိုက်ပြီး ခေါင်မှာ
တစ်ချက်ကြည့်ကာ နေရာကနေ ထွက်လာခဲ့သည်။
ခေါင် ထွက်လာတာနဲ့ သွေးသစ် ကလည်း
ခေါင်နောက်ကို ပြေးလိုက်သွားခဲ့သည်။
ဒီတော့ ကျန်ခဲ့တဲ့ ခြားနား မှာ ခေါင် လုပ်သမျှ
ကို အကုန်ဖြေရှင်းပေးရတော့မှာပေ။

" အနိုင်​ရတဲ့ ပိုက်ဆံတွေ အများကြီးကို
အစ်ကိုခေါင်က ဘာလို့ မယူတာလဲ မသိဘူး....?? "

" ဟုတ်ပါ့ ငါ့သာဆို ယူမှာ အခုက အရှူံး အနိုင်
ကစားတာလေ ....အခု လဲကျနေတဲ့
ကောင်ကလည်း သူ နိုင်ရင် အကုန်ယူမှာ
အစ်ကိုခေါင်ကို ပေးမှာ မဟုတ်ဘူး ...
ပေးဖို့နေနေသာသာ ဆေးရုံတောင်
လိုက်ပို့ပေးမှာ မဟုတ်ဘူး  "

" ခေါင် က ပိုက်ဆံလိုချင်လို့ ဆော့တာ
မဟုတ်ဘူး ငါ့ ညီတို့..  သူ့က အပျော်ဆော့တာ
ဒါကြောင့် အစ်ကို သူငယ်ချင်းက
ပိုက်ဆံတွေ မယူတာ..  အရင်က
သူ နိုင်တဲ့ ငွေတွေဆို အစ်ကိုတို့ကို
အကုန်ပေးပစ်တာ "

" ဝါး မိုက်​တာပဲ အစ်​ကို​ခေါင်​က "

" ဟုတ်​ပါ့ သိပ်​ကို မိုက်​တာပဲ "

ခြားနား နပန်းသတ်ကွင်းက ခေါင် ဖန်တွေကို
ဝင်ရှင်းပြလိုက်ရာ အကုန်လုံးမှာ
အံ့ဩသွားပြီး ခေါင့်က မိုက်တာပဲဆိုပြီး
ထပြောကြသည်။ အဲ့ဒီအခါ သူ ပြုံးပြုံးကြီးပဲ
ကြည့်နေလိုက်သည်။

************************

" မင်းက ရယ်တော့ရယ်ရသား ခေါင်ကြီး...
မဖြူဖြူ ဆီ မသွားရတာနဲ့ ကောင်မလေးတွေ
ညတိုင်း ခေါ်နေခဲ့တာကိုး...အခုလည်း
မဖြူဖြူ​ကြောင့်​နပန်းသတ်​တာက ဖြစ်​လိုက်​သေး
ဒါနဲ့​ကောင်​မ​လေး​တွေကို မင်း အိပ်ရာပေါ်
အထိတော့ မရောက်စေနဲ့နော်
ငါလည်း မရောက်ဘူး... ငါ့က ရှူပ်သာရှူပ်တာ
ငါ့ လူပျို ဘဝလေးကိုတော့ ငါ တကယ်ချစ်တဲ့
သူကိုပဲ ပေးချင်တယ် "

" အဲ့ဒါတော့ မင်းထက် ငါ သာတယ် သွေးသစ်...
အရှင်းဆုံး ပြောမယ် တွဲသမျှ မိန်းကလေးတွေနဲ့
ငါ့ဘက်က စနမ်းတယ်ဆိုတာ မရှိဘူး
သူတို့ ဘက်ကသာ စနမ်းကြတာ "

ကြွားသလို   စကားကြီးဖြစ်နေတော့ သွေးသစ်
မျက်နှာက တစ်ချက်မဲ့သွားသည်။ ဒါ့ကို
အထာပေါက်တဲ့ ခေါင်ယံမှိုင်း မှာ သွေးသစ်
ကို ကြည့်ကာ မလွယ်ဘူးဆိုပြီး ခေါင်းယမ်း
လိုက်သည်။

" မဲ့မနေနဲ့ သွေးစုပ်ဖုတ်ကောင်....!!
ငါ ပြောတာ မမှန်လို့လား တွဲသမျှ
ရည်းစားတွေထဲ ငါ့ ဘက်က စနမ်းတာ
မင်း မြင်ဖူးလို့လား...??  နောက်ပြီး
မင်းလည်း မိန်းကလေးတွေကို တွဲချင်ရင်
အရင်ချဉ်းကပ်ရတယ် မဟုတ်လား
ငါ့ကတော့ မလိုဘူး သူတို့ကသာ
ငါ့ဆီ လာကပ်ကြတာ ဒါ့ကို မင်း
သိပါတယ် "

" အေးပါ သိပါတယ် ဒါပေမဲ့ မဖြူဖြူ တော့
မင်းဘက်က အရင်စကပ်ရတာ မဟုတ်လား
ဟိုက မင်းကပ်တော့ ပြေးလိုက်တာ
တစ္ဆေသရဲအလားပဲ....မင်းကိုတောင်
သူ့က ဝဋ်​ကြွေးလို့ ပြောလိုက်​သေး.. ဒါတင်မကဘူး
မင်းရဲ့ ပါးကိုလည်း မဖြူဖြူ က ဦးဆုံးရိုက်ဖူးတဲ့
သူပဲ။ "

"  တော်တော့ သွေးသစ်ဖြိုး.. !! ငါ့ကို
အဲ့ဒီ မိန်းမအကြောင်း မပြောနဲ့
ကိုယ့်ကို မပတ်သက်ချင်တဲ့ မိန်းမ
တစ်ယောက်ကို ငါ့ ဘက်က ခခယယ
မပတ်သက်တတ်ဘူး ငါ့ အတွက် မိန်းမ
မရှားဘူး..  ဒါ့အပြင် အဲ့ဒီမိန်းမ အခုလိုတွေ
လုပ်နေတာက ငါ့ဆီက စိတ်ဝင်စားမှု
ရအောင် လုပ်နေတာ "

ပါးစပ်ကသာ အကန်​တွေ ပြောနေပေမဲ့
တကယ့် လက်တွေ့မှာ လွန်ကြိုးဖြူဖြူ က
သူ့ ကို မပတ်သက်​ချင်တဲ့အတွက် ခေါင်ယံမှိုင်း
တင်းလို့ နေ၏ ။

ကားမောင်းရင်း မေးရိုးကြောတွေ တင်းထောင်
သွားတဲ့ ခေါင်ယံမှိုင်း ကို ကြည့်ကာ
သွေးသစ်မှာ ထပ်မပြောရဲတော့ဘဲ တိတ်ဆိတ်
လို့ သွားခဲ့သည်။

***************************

"  သမီးဖြူဖြူ....!! "

" ဟင်.... အန်တီ "

ဒီနေ့ ကျောင်းလာတော့ ဖြူဖြူ နာမည်ကို အော်ခေါ်
လိုက်သော အသံလေးကြောင့် ကြည့်လိုက်မိရာ
ဟိုတစ်ခါက ဖြူဖြူ ကယ်ပေးခဲ့သော အန်တီကြီး။

"  ဖြူဖြူ နဲ့ တူပါတယ်ဆိုပြီး အန်တီက
ကြည့်နေခဲ့တာ.. ..တကယ်တမ်း သမီးဖြူဖြူ
ဖြစ်နေခဲ့တာပဲ "

" ဟုတ် အန်တီ.. .ဒါနဲ့ အန်တီက ဒီကို
ဘယ်လိုလုပ်... "

" ဪ ဒါလား... အန်တီက အန်​တီ သမီးကို
ကျောင်းလိုက်ပို့ပေးတာလေ... သူလည်း
ဒီကျောင်းမှာပဲ တက်နေတာ "

" ဪ.. ဟုတ် အန်တီ "

" ဒါနဲ့ ဆုံတုန်းလေး အန်တီတို့ တစ်ခုခုသွား
စားရအောင်လား ဖြူဖြူ "

" ဖြူဖြူ မစားတော့ဘူး အန်တီ....
အခုပဲ ဂေဟာကနေ စားလာခဲ့ပြီ "

" လာပါ သမီးဖြူဖြူ ရယ် အန်တီတို့
သွားစားရအောင်.....ဟိုတစ်ခါ ကိစ္စ
ကိုလည်း အန်တီ သမီးကို တောင်းပန်ချင်သေးတယ် "

အန်တီက အတင်းခေါ်နေတော့ ဖြူဖြူ မငြင်း
ချင်တော့ပါ။  ဖြူဖြူ စက်ဘီးလေးကို
ဟိုနား ခဏထားမယ်ပြောပြီး အန်တီ နောက်
ဖြူဖြူ လိုက်ခဲ့လိုက်ရသည်။

***********************

ဖြူဖြူတို့ ကန်တင်းက လူရှင်းတဲ့ နေရာမှာ
ဝင်ထိုင်လိုက်ကြသည်။  စားစရာတွေလည်း
မှာပြီးလာတော့ အန်တီက ဖြူဖြူ ကို
တောင်းပန်လာခဲ့သည်။

အန်တီနာမည်က ဒေါ်ကြည်ဖြူခင် ဖြစ်ပြီး
သူ့ကို အန်တီကြည်ဖြူလို့ ခေါ်ခိုင်းတာ
ကြောင့် ဖြူဖြူ နာခံစွာနဲ့ ခေါ်ပေးလိုက်သည်။

အန်တီကြည်ဖြူ  က သိပ်ကို လှတဲ့ အမျိုးသမီးပါ။
ဒီကျောင်းမှာ ရှိနေတဲ့ အန်တီကြည်ဖြူ သမီးက
သိပ်ကို ကံကောင်းသည်။  ဘာလို့ဆို
စားပွဲထိုးလေးက ထောပတ်​သီး​ဖျော်ရည်
ချပေးလာတော့ ဒီဖျော်ရည်က သူ့ သမီး
ကြိုက်တဲ့ဟာလေးဆိုပြီး အန်တီကြည်ဖြူ က
ပြောလာခဲ့သည်။

ဘာရယ်မဟုတ် အန်တီကြည်ဖြူ က ပြောလိုက်ပေမဲ့
ဖြူဖြူ မှာ ထိုအခြင်းအရာကို ကြည့်ပြီး
အားကျမိသွားသည်။  ဖြူဖြူ သာ အန်တီကြည်ဖြူ
သမီး ဖြစ်ရင် သိပ်ကိုကောင်းမှာပဲ။
ဒါဆို အန်တီကြည်ဖြူ က ဖြူဖြူ ကို
အခုလို ဂရုစိုက်ပေးမှာပေ။

ဒါပေမဲ့ ဘာဖြစ်ဖြစ် ဖြူဖြူ အားကျတာလေးပဲ
ရှိပါသည်။ ပန်းမြိုင်ဂေဟာက မာသာကလည်း
ဖြူဖြူ အပေါ် အရမ်းကို ကောင်းသည်။

မာသာ သာ ဖြူဖြူ ကို မမွေးစားခဲ့ရင် ဖြူဖြူ
ဘဝက အခုဆို ကမ္ဘာပျက်နေလောက်ပြီ။

" စားလေ  သမီးဖြူဖြူ... အန်တီကြည်ဖြူ
မှာထားတာတွေ အေးကုန်တော့မယ် "

" ဟုတ် အန်တီကြည်ဖြူ....ဖြူဖြူ စားမယ်နော်
ဒါပေမဲ့ ခဏနော် အန်​တီကြည်​ဖြူ
ဖြူဖြူ မစားခင် မေတ္တာ​လေးပို့ပေးလိုက်အုံးမယ် "

အပြောနဲ့အတူ လက်အုပ်လေးချီကာ
ထုံးစံအတိုင်း လွန်ကြိုးဖြူဖြူ က
ထမင်းရှင်တွေကို မေတ္တာပို့လေသည်။

"............"

လက်အုပ်လေး ချီကာ လွန်ကြိုးဖြူဖြူ မေတ္တာပို့တာ
ကို ဒေါ်ကြည်ဖြူခင် ကြည့်ရင်း ပို၍ လေးစားသထက်
လွန်ကြိုးဖြူဖြူ ကို လေးစားသွားလေသည်။
ဒါ့ကိုတော့ လွန်ကြိုးဖြူဖြူ က မသိခဲ့ပါ။

>>>>>>>>>>>>>>>>>

" သမီးဖြူဖြူ က အရမ်းတော်တာပဲ
scholarship နဲ့ ဒီကို လာတက်နိုင်တာ
အရမ်းမိုက်တာပဲ ဒီကျောင်းက တော်ရုံလူတွေ မတတ်နိုင်ဘူးလေ ..အန်တီကြည်ဖြူ တော့
သမီးကို သိပ်ကို လေးစားသွားပြီ "

" ဒါတင်မကသေးဘူးနော် အန်တီကြည်ဖြူ
သမီး သူငယ်ချင်း ဖြူဖြူ က မြန်မာစာစီစာကုံး
ပြိုင်တာ ပထမဆု ရထားသေးတယ် "

" ဝိုး....ဒါဆို ဖြူဖြူ က အရမ်းတော်တာပါလား
ထက်ထက် "

" ဟုတ်တာပေါ့ အန်တီကြည်ဖြူ. ..အခုတောင်
စာစီစာကုံးကို ခရိုင်တက်ပြိုင်ရအုံးမှာ
ဒါလည်း သမီး သူငယ်ချင်း ဖြူဖြူ က
နိုင်အုံးမှာ "

ဖြူဖြူ ကို လိုက်ရှာနေတဲ့ ထက်ထက်က
အန်တီကြည်ဖြူ နဲ့ ဖြူဖြူ ကန်တင်းထိုင်
နေတာမြင်တာနဲ့ သူပါ ဝင်ထိုင်လာခဲ့သည်။

ဒါတင်မကသေး  ဖြူဖြူ အကြောင်းတွေကိုလည်း
အန်တီကြည်ဖြူ ကို ကြွားလိုက်သေးသည်။
အခုလည်း အန်တီကြည်ဖြူ နဲ့ ထက်ထက်က
အပေးယူတည့်ပြီး ဖြူဖြူ ကို ဇွတ်တွေ
ချီးမွမ်းနေကြသည်။ ဖြူဖြူ မှာ သူတို့
ချီးမွမ်းစကားဆိုတာနဲ့ မနေတတ်တော့ပေ။

" သမီးဖြူဖြူ... သမီးက အန်တီကြည်ဖြူ သမီး
ဖြစ်ရင် သိပ်ကို ကောင်းမှာပဲ...
အိမ်က အန်တီ သမီးကတော့ ပထမနှစ်ကို
2နှစ် ၊  ဒုတိယနှစ်ကို 2နှစ်နဲ့ ရှယ်တွေကျနေခဲ့တာ
အခု အန်တီ သမီးက တတိယနှစ်လေ.. .
သူ့ ကောင်လေးကြောင့် တတိယနှစ်ကို
အောင်အောင် လုပ်တော့မယ်တဲ့
အသက်ကတော့ နှစ်ဆယ့်တစ်နှစ် ရှိပြီ "

" သမီးသူငယ်ချင်း ဖြူဖြူ လည်း နှစ်ဆယ့်တစ်ပါ အန်တီကြည်ဖြူ.. .နေမကောင်းတာနဲ့ ကိုးနှစ်မှ
သူငယ်တန်း စတက်ရတာ "

" ဒါဆို အန်တီကြည်ဖြူ သမီးနဲ့ သမီးဖြူဖြူ
က အသက်ပါတူနေပါလား.. ..?? "

နှစ်ယောက်သား စကားကောင်းနေတော့
ဖြူဖြူ ကြားမဝင်ချင်ပါ။ သူတို့ ကောင်းတာ
ကလည်း ဖြူဖြူ အကြောင်းပြောလို့
ကောင်းနေတာလေ။

ဒီလိုနဲ့ အတန်းစဖို့ မိနစ်အနည်းငယ်လိုမှ
ဖြူဖြူတို့ စကားဝိုင်းလေးက အဆုံးသတ်သွား
ခဲ့သည်။

ဒါတောင် အန်တီကြည်ဖြူက ဖြူဖြူ ဖုန်း
နံပါတ် တောင်းထားလို့ ပေးလိုက်ရသေးသည်။

ထက်ထက် ကလည်း အန်တီကြည်ဖြူ နဲ့
စကားကောင်းနေတော့ အတန်းချိန် ပျက်ရ
အောင် လုပ်နေသေးသည်။  ဖြူဖြူ မှာ
ပျက်လို့မရဘူးလို့ ငေါက်လိုက်မှ ထက်ထက်မ
က ငြိမ်ကျသွားတော့သည်။

*************************

" ခစ်ခစ်... ကိုကိုက အရမ်းဆိုးတာပဲ မေဘယ်
နေရခက်နေပြီနော် "

" အဟက်..!!  "

စာကြည့်တိုက်မှာ စာလာလုပ်ရင်း အသံက
ရင်းနှီးသလို ရှိနေ၍  ဖြူဖြူ နောက်လှည့်
ကြည့်လိုက်တော့ ခေါင်ယံမှိုင်း ဆိုသော
ကောင်လေး။ဒါ့အပြင် သူ့  ဘေးမှာလည်း
စနိုး မဟုတ်သော အခြားကောင်မလေး တစ်ယောက်။

အင်္ကျီကလည်း V shape ပုံစံကိုမှ
ရင်ညွန့်ထိ ခွဲချထားတော့ သူရဲ့ တောင့်တင်း
ကျစ်လစ်တဲ့ six pack တွေကို ဖြူဖြူ
အထင်းသား မြင်နေရသည်။

" အား.... ကိုကို six pack တွေက
အရမ်းမိုက်တာပဲ မေဘယ် ကိုင်ရတာ
ကောင်းလိုက်တာ "

" မင်း ကြိုက်ရင် ပြီးတာပဲ "

မေဘယ်လို့ သူကိုယ်သူ သုံးတဲ့ ကောင်မလေး
က အပြောနဲ့အတူ ခေါင်ယံမှိုင်း six pack
တွေကို သူမ လက်နဲ့ အားရပါးရ ပွတ်သပ်နေ
လေသည်။  ဖြူဖြူ မှာ ဒါ့ကို ကြည့်ပြီး
ကြက်သီးထလိုက်တာ။  အားလပ်ချိန်က
တစ်နာရီခွဲလောက် ရနေလို့ စာကြည့်တိုက်
စာလာလုပ်တာ မှားပြီထင်ပါရဲ့။

စာကြည့်တိုက်ထဲ လာတဲ့ တစ်ချို့လူတွေကလည်း
စာမလုပ်ဘဲ ခေါင်ယံမှိုင်းတို့ အတွဲကိုပဲ
ကြည့်နေလေသည်။ 

စာကြည့်တိုက်မှူးကလည်း ခေါင်ယံမှိုင်းတို့
အတွဲကို မသိချင်ယောင်ဆောင်လို့ နေ၏ ။

ဒီတော့ ဖြူဖြူ မှာ အမြင်မတော်လည်း
စာကိုသာ ဆက်ကြည့်ဖို့ ဆုံးဖြတ်လိုက်ရသည်။

ခေါင် ဒေါ်ဖြူဖြူ ကို တွေ့လို့ ရည်းစားနဲ့
တမင်စာကြည့်တိုက်ထဲ လာလိုက်သည်။ ဒါ့ကို
ဒေါ်ဖြူဖြူက တစ်ချက်သာ ကြည့်ပြီး
အကြည့်ပြန်လွှဲကာ စာဆက်လုပ်နေတော့
သူ့မှာ ခံပြင်းရတာ အောင့်သက်သက်ပေ။

ဒေါ်ဖြူဖြူ ဆီက အာရုံစိုက်မှုမရလည်း
ဘာဖြစ်လဲ။  သူ့ကို လာရောချင်တဲ့
မိန်းမတွေမှ ပေါမှပေါ။

ခေါင် တစ်ယောက် သူ့ကို ဂရုမစိုက်ဘဲ
စာဆက်လုပ်နေသော လွန်ကြိုးဖြူဖြူ
ကို ကြည့်ကာ ဒေါသတွေထွက်နေခဲ့သည်။
ဒါပေမဲ့ သူ ဒေါသထွက်တာကို ဖော်မပြဘဲ
လွန်ကြိုးဖြူဖြူ က သူ့ အတွက် အရေးမပါ
သလို  လုပ်နေ​လေသည်။

ဘာဆိုဘာမှ မသိတဲ့ ခေါင်ရဲ့ ရည်းစားအသစ်
စက်စက် မေဘယ် ကလည်း ခေါင်
six pack တွေကို ကိုင်ကောင်းနေပြန်သည်။

***********************

" အား.....!!!  "

ဖြူဖြူ စာကြည့်ပြီးတော့ အပြန် စိတ်ထဲ
စာကြည့်တိုက်မှာ တစ်ခုခုများ ကျန်သေးလား
ဆိုပြီး အတွေးနဲ့ နောက်ကိုအလှည့်
တစ်ယောက်ယောက်ကို တိုက်မိသွားခဲ့သည်။

ကံက ဆိုးပါတယ်  ဖြူဖြူ တိုက်မိတဲ့ ကောင်မလေး
က ခေါင်ယံမှိုင်း ရဲ့ ကောင်မလေးပေ။
အခုလည်း သူ့ ကောင်မလေးကို ဖြူဖြူ တိုက်မိလို့
သူ့က မျက်ထောက်နီကြီးနဲ့ ဖြူဖြူကို
ကြည့်နေတယ်လေ။ သေစမ်းဟဲ့ ဖြူဖြူ... !!
နင့်က တကယ့် လူကိုမှ တိုက်မိတာပဲ...!!

" တောင်း..... တောင်းပန်ပါတယ် "

" တိုက်ပြီးမှ တောင်းပန်ရလား အစ်မ...
လူတစ်ယောက်လုံး လာနေတာကို
အစ်မ မမြင်ဘူးလား....??
ဒါမှမဟုတ် အစ်မ မျက်လုံးက ကန်းနေတာလား "

ဖြူဖြူ တောင်းပန်လိုက်တော့ ကောင်မလေးက
ဖြူဖြူ ကို ပြောလာခဲ့သည်။ ကိုယ့်က မှားနေတော့
ဖြူဖြူ ငြိမ်ခံ​နေလိုက်သည်။  တကယ်၍ မမှားရင်
တောင်မှ ဖြူဖြူ က ငြိမ်ခံနေရမည်။ ဘာလို့ဆို
ကိုယ့်က scholarship ကျောင်းသူလေ။
ဒီတော့ ရန်မဖြစ်အောင် နေရမည်။

" တောင်းပန်ပါတယ် ညီမလေးရယ်...
အစ်မ တကယ့်ကို တောင်းပန်ပါတယ်
ညီမလေး လာတာကို အစ်မ
မမြင်လိုက်လို့ပါ "

" ဒီမှာ အစ်မ တောင်းပန်တာနဲ့ ပြီးမသွားဘူး
အစ်မ တိုက်လိုက်လို့ ညီမ လဲတဲ့အပြင်
ညီမ ဖိနပ်ကလည်း ပျက်သွားပြီ... အဲ့ဒါ
အစ်မ ဘယ်လိုလုပ်ပေးမှာလဲ. ....?? "

ဟုတ်ပါရဲ့ သူ့ ဖိနပ်လေးက ဖြူဖြူ ကြောင့်
ပျက်သွားခဲ့ပြီ။  အလျော်ပေးရအောင်လည်း
ဖြူဖြူ မှာ ပိုက်ဆံနဲ့ တူတာဆိုလို့
ငါးထောင်တန် တစ်ရွက်ပဲ ရှိသည်။
ဒါတောင် ဖြူဖြူ ကျောင်းစတက်ပါပြီဆိုကတည်း
က မာသာ ပေးတဲ့ မုန့်ဖိုးတွေကို စုထားလို့
ရတာပေ။

" ကိုကို ကြည့်ပါအုံး မေဘယ် ဖိနပ်ပြတ်
သွားပြီ... ဒီမိန်းမက မေဘယ်ကို
ဝင်တိုက်တဲ့အပြင် မေဘယ် ဖိနပ်ကို
ပြတ်အောင် လုပ်တယ်.... အခုလည်း
မေဘယ် အလျော်တောင်းနေတာကို
ကြောင်တောင်တောင် လုပ်နေတယ်
ကိုကို ကူညီပါအုံး "

ဖြူဖြူ မလျော်ပေးဘူးလို့ မပြောရသေး
အတွေးလွန်နေတုန်း ရှိသေး မေဘယ်
ဆိုတဲ့ ကောင်မလေးက ခေါင်ယံမှိုင်း ကို
တိုင်လာခဲ့သည်။ ခေါင်ယံမှိုင်း ကလည်း
သူ့ ကောင်မလေး တိုင်လာတာနဲ့ ဖြူဖြူ
ကို အလိုမကျသလို ကြည့်လာခဲ့သည်။

" ကျစ်ခ်....!!ေxာက်​ဇယားတွေ
လာရှူပ်နေတယ် အာရုံ နောက်တာ
မခံနိုင်ပါဘူးဆိုမှ "

စုတ်တစ်ချက်သပ်ရင်း ခေါင်ယံမှိုင်း လွန်ကြိုးဖြူဖြူ
ကို စူးစူးစိုက်စိုက် ကြည့်လိုက်သည်။

" ကြားတယ်နော် အစ်မ. ..ကိုကို က
အာရုံနောက်တာ မခံနိုင်ဘူးတဲ့
ညီမ ဖိနပ်ကို အစ်မ ဘယ်လိုပြန်လုပ်ပေးမှာလဲ...!! "

" အစ်မ အ​လျော်​ပေးပါ့မယ် ညီမလေးရယ်​...
ဒါနဲ့ ညီမလေး ဖိနပ်က ဘယ်လောက်လဲဟင်..? "

" တစ်သိန်း နှစ်သောင်း... "

" ဘာ...!! တစ်သိန်းနှစ်သောင်း ဟုတ်လား..? ?"

အံ့ဩသွားသော လွန်ကြိုးဖြူဖြူ ကို မေဘယ်
အထင်သေးစွာ ကြည့်ရင်း... ..

" ဒီလောက် အံ့ဩနေပုံထောက်တော့
ပိုက်ဆံ မရှိဘူးလို့တော့  မပြောနဲ့နော်
အစ်မ ပုံစံလည်း အစ်မ ပြန်ကြည့်လိုက်အုံး
ဒီလောက် လှပကျော့မော့နေတာ
ပိုက်ဆံ မရှိတာ မဖြစ်နိုင်ဘူး "

ဖြူဖြူ လှတာနဲ့ပဲ အထင်တွေ ကြီးနေတော့
ဘာဆက်လုပ်ရမှန်း မသိတော့ပါ။
ဖြူဖြူ ပိုက်ဆံ မရှိတာ ဖြူဖြူ ပဲ သိသည်။

ပုံမှန်ဆို ဒီကိစ္စကို မေဘယ် ကျော်ပေး
သွားမိမှာပါ။ ဒါပေမဲ့ မေဘယ် ရှေ့က အစ်မက
အရမ်းတွေ လှနေသည်။  ဒီတော့ မနာလိုပြီး
မေဘယ် ပိုလို့တောင် ကျော်ပေးမသွားနိုင်ပါ။
ဒါ့အပြင် ကိုကို နဲ့ ဒီမိန်းမက သတင်းထွက်ဖူး
တော့ မေဘယ် ပို၍  အမြင်ကပ်မိသည်။
ဒီမိန်းမ ရဲ့ ဖြူဖွေးနုဖပ်နေသော ပါးကို
မေဘယ် ရိုက်ရမှာသာ စိတ်က အနေချောင်မည်။
အခုလည်း မေဘယ် ဖိနပ်ကို လျော်မပေးနိုင်တဲ့
ပုံပေါက်နေတော့ မေဘယ် အတွက် အတော်ပါ။

" တောင်းပန်ပါတယ် ညီမလေးရယ်....
အစ်မမှာ ပိုက်ဆံနဲ့ တူတာဆိုလို့
ငါးထောင်တန် တစ်ရွက်ပဲ
ရှိပါတယ်..  "

" ကျစ်ခ်... တောက်စ်..!!  "

ဖြူဖြူ  တောင်းပန်နေတဲ့အချိန် ခေါင်ယံမှိုင်း က
တောက်စ် ခေါက်လိုက်တာကြောင့်
စိတ်ထဲ တစ်မျိုးလေး ဖြစ်သွားရသည်။

ဟုတ်မှာပါ သူ့ ကောင်မလေး ကို ဝင်တိုက်တဲ့
အပြင် ဖိနပ်ကိုပါ ပြတ်အောင် လုပ်ထားတော့
သူ့က ဖြူဖြူ ကို တင်းနေလောက်ပြီ။
ဒါပေမဲ့ မတတ်နိုင်ပါ။  တိုက်ပြီးမှတော့
ဘာမှ လုပ်ပေးလို့ မရပါ။

"  အဟင်း...အစ်မမှာ ပိုက်ဆံက
ငါးထောင်ပဲ ရှိတော့ ညီမက
ဘာဆက်လုပ်ရမှာလဲ...??
အစ်မ ပါးကို ရိုက်ရမှာလား.. .!!
ဒါမှမဟုတ် ညီမ ခြေထောက်ကို ဖက်ပြီး
အစ်မ တောင်းပန်မလား... .?? "

ဖြူဖြူ မှားတာ မှန်​ပေမဲ့​ခြေသလုံးဖက်​ပြီး​တော့
ဖြူဖြူ မ​တောင်းပန်​နိုင်​ပါ။

"  စကားနဲ့တော့ အစ်မ တောင်းပန်ပြီးသွားပြီ
ညီမလေး...ညီမလေး ခြေထောက်ကို ဖက်ပြီးတော့
အစ်မ မတောင်းပန်နိုင်ဘူး "

" ဒါဆို ပါးရိုက်ရုံပဲ ရှိတော့တာပေါ့.. .."

အပြောနဲ့အတူ မေဘယ် လွန်ကြိုးဖြူဖြူ ပါးကို
ရိုက်ချပစ်လိုက်သည်။

" ဖြန်း.....!!! "

Part  15 မျှော်...................................
( အား.... ရိုက်ခံလိုက်ရပြီ 😞😞😞😞
ဖြူဖြူ ရေ သန်မာပေးပါ ကြံ့ခိုင်ပေးပါ
ဆက်ပျောညံ့နေရင် ငါ့ ဖြူဖြူလေး
ပိုပြီး စော်ကားခံရလိမ့်မယ် 😞😞😞😞)

ချစ်​တယ်​နော်​မင်​မင်​ရဲ့ ဒါဒါ​လေး​တွေ.......😍😍😘😘
ဒီအပိုင်းလေးနဲ့ ပတ်သက်ပြီး ဒါဒါလေးတွေရဲ့ မန့်ကို
မင်မင်လေယူရာယိမ်း စောင့်မျှော်လျက်.. ......😍😍😘😘

#​လေယူရာယိမ်း

Continue Reading

You'll Also Like

75.7K 11K 29
ကိုရီးယားလို​ေနၾကာပန္​း​ေလးရဲ႕အဓိပၸါယ္​က (ဟယ္​ဗာရာဂီ) ​ေနကို​ေမွ်ာ္​လင္​့​ေန​ေသာပန္​းပါ ​ေနၾကာပန္​း​ေလးက​ ​ေန​မင္​းႀကီး႐ွ္​ိတဲ့အရပ္​ကိုပဲ ​ေခါင္​း​ေမ...
115K 2.4K 62
"ဦးခြားအတွက်အနွံက အရေးမပါဘူး ဆိုတာသိနေပေမယ့် ဦးခြားအပေါ်ထားတဲ့ ခံစားချက်တွေကိုမထိန်းချုပ်နိုင်ခဲ့တာအနွံ... အပြစ်တွေပါ.....ဦးခြားကို နှစ်နှစ်ကာကာ ခ...
322K 8.2K 78
"ပူတင်းလေးကဘာလဲ" "ကိုကို့အပိုင်" "ကိုကိုတို့ကရောဘာလဲ " "မောင်နှမ" "ဟာ..."
1.6M 66.2K 77
ငါလား.... စိတ်ချ...... နိဗ္ဗာန်ရောက်ရင်လည်း မင်းကိုပဲ ချစ်နေအုံးမှာ.......... သုနေတင်ထွဋ် ကမ္ဘာပျက်သလို လေပြင်းမိုးသံတွေထ...