သေဆုသာ ပန်ပါရစေ အရှင်မင်းကြီး...

By MaNweUM1

457K 13.8K 335

"ကြခတ်ဝရံဘုရင်မဆိုတာ အရင်ကပါ. . အခု အသင်က ကိုယ်တော်ရဲ့အပိုင်ပစ္စည်းဖြစ်နေပြီလေ မာန်တွေလျော့ပါတော့" တိဿ ဘောဂသေ... More

အပိုင်း ၁
အပိုင်း ၂
အပိုင်း ၃
အပိုင်း ၄
အပိုင်း ၅ (က)
အပိုင်း ၅ (ခ)
အပိုင်း ၆
အပိုင်း ၇
အပိုင်း ၈
အပိုင်း ၉
အပိုင်း ၁၀
အပိုင်း ၁၁
အပိုင်း ၁၂
အပိုင်း ၁၃ (က)
အပိုင်း ၁၃ (ခ)
အပိုင်း ၁၄
အပိုင်း ၁၅
အပိုင်း ၁၆
အပိုင်း ၁၇
အပိုင်း ၁၈
အပိုင်း ၁၉ (က)
အပိုင်း ၁၉ (ခ)
အပိုင်း ၂၀
အပိုင်း ၂၁ Warning
အပိုင်း ၂၂
အပိုင်း ၂၃ (က)
အပိုင်း ၂၃ (ခ)
အပိုင်း (၂၄)
အပိုင်း ၂၅
အပိုင်း ၂၆
အပိုင်း ၂၇
အပိုင်း ၂၈ - Warning
အပိုင်း ၂၉
အပိုင်း ၃၀
အပိုင်း ၃၁
အပိုင်း ၃၂ (က)
အပိုင်း ၃၂ (ခ)
အပိုင်း (၃၃)
အပိုင်း (၃၄)
အပိုင်း (၃၅)
အပိုင်း ၃၆
အပိုင်း ၃၇
အပိုင်း (၃၈)
အပိုင်း ၃၉
အပိုင်း ၄၀
အပိုင်း ၄၁
အပိုင်း ၄၂ - Warning
အပိုင်း ၄၃
အပိုင်း ၄၄
အပိုင်း ၄၅
အပိုင်း ၄၆
အပိုင်း ၄၇
အပိုင်း ၄၈ က
အပိုင်း ၄၈ ခ
အပိုင်း ၄၉
အပိုင်း ၅၀
အပိုင်း ၅၁
အပိုင်း ၅၂
အပိုင်း (၅၃)ခ
အပိုင်း (၅၄)
အပိုင်း (၅၅)
အပိုင်း ၅၆ + Warning
အပိုင်း (၅၇) +Warning
အပိုင်း (၅၈)
အပိုင်း (၅၉)
အပိုင်း ၆၀
အပိုင်း ၆၁ (က)
အပိုင်း ၆၁ (ခ)
အပိုင်း (၆၂)
အပိုင်း (၆၃)
အပိုင်း ၆၄
အပိုင်း ၆၅
အပိုင်း ၆၆
အပိုင်း ၆၇
အပိုင်း ၆၈
အပိုင်း ၆၉
အပိုင်း ၇၀ - Warning
အပိုင်း ၇၁
အပိုင်း ၇၂
အပိုင်း ၇၃
အပိုင်း ၇၄ - Warning
အပိုင်း ၇၅
အပိုင်း ၇၆ : ထူးဆန်းသော ဧည့်သည်
အပိုင်း ၇၇ ဇာတ်သိမ်း

အပိုင်း (၅၃)က

3K 95 1
By MaNweUM1

ညီလာခံတွင် တိဿဘောဂသေနမင်းကြီးက တရားစီရင်ချက်များကို ပြုလုပ်နေသည်။ သည်နေ့တစ်နေကုန် သူခိုးသူဝှက်၊ လာဘ်စား၊ လူသတ် စသည့်ပြစ်မှုမှန်သမျှ. .သေဒဏ်ချည်းသာ ကျခံစေသည်။

 မင်းကြီး ဒေါသက Level 99

ရာသီဥတုအခြေအနေလုံးဝမကောင်းမှန်း နောက်လိုက် မူးကြီးမတ်ရာများ အားလုံးက ရိပ်မိကြသည်။ သို့သော် အားလုံးကစိတ်ထဲမှ ကြိတ်၍ ဝမ်းသာနေကြ၏။


ဤသို့သော အခြေအနေတွင် ဆုဝဏ္ဍဒေဝီကို တောင်တွင်းကြီးဘုရင်ထံ ဆက်သံလိုက်ခြင်းသည် တစ်ပြည်လုံးအတွက် မဟာဖြေဆေးကြီး ရလိုက်သကဲ့သို့ပင်ဖြစ်သည်။ 

နောင် ၃ ရက်ကြာလျှင် ဆုဝဏ္ဍဒေဝီကို ပို့ဆောင်သော လှည်းတန်းက တောင်တွင်းကြီးပြည်သို့ ရောက်လိမ့်မည်။

ဝန်ရှင်တော်သံတမန်အဖွဲ့ကတော့ ယခုထိ စာမလာ သတင်းမကြားသေးပေ။

အားလုံးသိထားသည်က ထိသမျှ သတ္တုတိုင်းရွှေဖြစ်စေသော ပြဒါးရှင်လုံးကို သံတမန် အဖွဲ့သားများက မိဖုရားနှင့် လဲလှယ်ကြလိမ့်မည်။

ထိုပြဒါးရှင်လုံးသာ ရရှိခဲ့ပါလျှင် ပါဒပြည်အတွက် ငွေကြေးအင်အားများစွာ ရရှိနိုင်မည် ဖြစ်သည်။ ပြဒါးရှင်လုံးမှာ အနှစ် ၁၀၀ ကျော်အသုံးပြုခဲ့ပြီးဖြစ်သောကြောင့် သိဒ္ဓိဓါတ် ကုန်ဆုံးလုနီးပါးဖြစ်ပြီဟု တဖက်နိုင်ငံတွင် အလုပ်အကျွေး ပြုနေသော သူလျိုများမှတဆင့် ကောလဟာလများ ကြားသိထားသော်လည်း၊ ငွေကြေးကုံလုံပြည့်စုံလှသော တောင်တွင်းကြီး ပြည်က မျက်မြင်သက်သေပင် ဖြစ်သောကြောင့် ပြဒါးရှင်လုံးက နောက်ဆုံးမျှော်လင့်ချက်ဖြစ်သည်။

ထိုစဉ် ခြေမြန်တော် ဆပ်သားလေး တစ်ဦး နန်းညီလာခံသို့ အခစားဝင်လာခဲ့သည်။

"မှန်ပါမင်းကြီး နေပြည်တော်နှင့် ၂ ယူဇနာ အကွာမှာ ဝန်ရှင်တော်မင်းတို့ အဖွဲ့ ပြန်လည်ကြွချီလာ ကြကြောင်းပါ။ ပြဒါးရှင်လုံးလည်း အတူပါလာကြောင်း အထောက်တော်များက ခိုစာဖြင့် အကြောင်း ကြားထားကြောင်းပါ ဘုရား . ."

'အိမ်း ကောင်းလေစွ. . ကောင်းလေစွ. . .'

"မှန်လှပါ . . ဝန်ရှင်တော် သံတမန်အဖွဲ့ ရှေ့ပြေးတပ်မှုးမှ နန်းတော်သို့ ပြဒါးရှင်လုံးကို သယ်လာရချိန်တွင် ပြဒါးရှင်လုံး၏ လုံခြုံရေးအတွက် တပ် ၃တပ်လုံး ခြံရံ၍ နန်းတွင်းသို့ ဝင်ရောက် ဆက်သမည့်အကြောင်း ခွင့်ပြုမိန့် တောင်းဆိုလိုက်ကြောင်းပါဘုရား"

မင်းကြီးက ခနဲ့ပြုံး ပြုံးလိုက်ပြန်သည်။

'ဘာတဲ့. . . ပြဒါးရှင်လုံးကို စောင့်ရှောက်ရင်း နန်းတော်ထဲ ဝင်ဆက်သဖို့ကို တပ်၃တပ်စာလုံး အခစား ဝင်ဖို့ လိုသတဲ့လား. . ။ ငါ့နန်းတော်က အဲသည်လောက်တောင် လုံခြုံရေး ကင်းမဲ့နေပြီမို့လား'

"မှန်ပါ ဘုန်းတော်ကြောင့် လုံခြုံစွာ ရှိနေစဲပါဘုရား"

ထို့နောက် မျက်မှောင်ကြုံ့ပြီး ရဲဗညားဘက်သို့ လှည့်ကာ

'အိမ်း . . . ငဗညား'

"မှန်ပါဘုရား"

'အဲ့ဒီ နန်းတော်အတွင်း ဝင်ရောက်မယ့် တပ်ဖွဲ့ ၃တပ်ကို သေချာ စာရင်းကောက်ယူပြီး အရှေ့တံခါးမှ ဝင်ခွင့်ပေးလိုက်စေ'

"အမိန့်တော်မြတ်အတိုင်းပါဘုရား"

ရဲဗညားက အထှာချက်ချင်းပေါက်လွယ်သည်။ ထိုအမည်စာရင်းတွင် ပါဝင်သူမှန်သမျှသည် ယနေ့ညနေတွင် မင်းကြီးအားလုပ်ကြံရန် လာကြမည့် သစ္စာဖောက် စာရင်းသာ ဖြစ်ပေသည်။ သစ္စာဖောက် စာရင်းကို ကောက်ယူပြီးနောက် ထိုသစ္စာဖောက်တို့အား အစအနမကျန်အောင် သုတ်သင်ရှင်းလင်းရမည်မှာ သူ၏ တာဝန်တစိတ်တပိုင်းတွင် ပါဝင်လေသည်။

ထို့အပြင် မိရွေးနီကို သေချာ စစ်ကြောပြီးနောက် မြစ်ဝှမ်းဒေသရေလွှမ်းမိုးမှုတွင် ဝမ်းရောဂါများကို ရည်ရွယ်ချက်ရှိရှိ ကူးစက်အောင် ဖြန့်ဖြူးပေးနေသော ဝန်ရှင်တော်၏ အလိုတူအလိုပါများ စာရင်းကိုပါ ရရှိထားပြီး ဖြစ်လေသည်။

မြစ်ဝှမ်းဒေသ ရေကြီးသည်ကို အကြောင်းပြ၍ ဝန်ရှင်တော်က ဝမ်းရောဂါများ ပွားများအောင် ရေဆိုးများကို သောက်သုံးရေတွင်းကန်များ အတွင်းသို့ ဖြန့်ဖြူးခဲ့သည်။ ထိုအကြောင်းပြချက်ဖြင့် တိုင်းပြည်၏ ကပ်ရောဂါကိုကယ်တင်ရန် ပြဒါးရှင်လုံး လိုအပ်သည်ဟု ထပ်မံ ဝါဒဖြန့်ခဲ့ပြန်ပါသည်။

မည်သို့ဆိုစေ ဝန်ရှင်တော် ပြန်လာသည်နှင့် အဆောင်အယောင်များအား ရုပ်သိမ်းပြီး၊ ကပ်ဘေး ရောဂါကျရောက်စေရန် အကွက်ချစီစဉ်ခဲ့သည့် အပြစ်သားအဖြစ်ခံယူရမည်သာ။

နန်းတော်အရှေ့တံခါးသည် ဝင်ပေါက် ၃ ထပ်ဖြင့် ကာရံထားပါသည်။

လုံခြုံရေး အတင်းအကျပ်ဆုံးလည်းဖြစ်သည်။

မင်းကြီးစေခိုင်းချက်အရ ဝန်ရှင်တော်နှင့် အနီးကပ် ၅ ဦးသာ စစချင်းပေးဝင်မည်ဖြစ်ပြီး ကျန်လူများကို တံခါးပေါက်စစ်ဆေးရေးဂိတ်တွင် ကြံ့ကြာအောင်အချိန်ဆွဲထားရမည်။ ထို့နောက် တံခါးတစ်ချပ်လျှင် တပ်ဖွဲ့တစ်ဖွဲ့နူန်းဖြင့် ဝင်ရောက်လာသူများကို နေရာတွင် ဖမ်းဆီးကွပ်မျက်ရန် ဖြစ်သည်။

'အိမ်း ကောင်းလေစွ. . ညီလာခံ ဒီမှာတင်နားမယ်။ ငါကိုယ်တော်မြတ် ကျန်းမာရေးကြောင့် နောင် ၃ ရက်တိုင်တိုင် ညီလာခံကျင်းပတော် မမူလိုဘူး။ အသင်တို့လည်း ငါကိုယ်တော်ရဲ့ ခွင့်ပြုမိန့်မရဘဲ ငါ့နန်းတွင်းထဲကို ဤ ၃ရက်မှာ မလာကြနှင့်'

'မှန်လှပါဘုရား. . တိုင်းရေးပြည်ရေးများလည်း အေးသင့်သလောက် အေးချမ်းပြီမို့ ညီလာခံကို စောစီးစွာ ပြီးဆုံးခြင်းဟာ လျှော်ကန်သင့်မြတ်လှကြောင်းပါဘုရား'



♥♥♥


= = = = =

Zaw Gyi Version


အပိုင္း (၅၃)က

ညီလာခံတြင္ တိႆေဘာဂေသနမင္းၾကီးက တရားစီရင္ခ်က္မ်ားကို ျပဳလုပ္ေနသည္။ သည္ေန႔တစ္ေနကုန္ သူခိုးသူ၀ွက္၊ လာဘ္စား၊ လူသတ္ စသည့္ျပစ္မႈမွန္သမွ်. .ေသဒဏ္ခ်ည္းသာ က်ခံေစသည္။ 

မင္းၾကီး ေဒါသက Level 99

ရာသီဥတုအေျခအေနလံုး၀မေကာင္းမွန္း ေနာက္လိုက္ မူးၾကီးမတ္ရာမ်ား အားလံုးက ရိပ္မိၾကသည္။ သို႔ေသာ္ အားလံုးကစိတ္ထဲမွ ၾကိတ္၍ ၀မ္းသာေနၾက၏။

ဤသို႔ေသာ အေျခအေနတြင္ ဆု၀႑ေဒ၀ီကို ေတာင္တြင္းၾကီးဘုရင္ထံ ဆက္သံလိုက္ျခင္းသည္ တစ္ျပည္လံုးအတြက္ မဟာေျဖေဆးၾကီး ရလိုက္သကဲ့သို႔ပင္ျဖစ္သည္။ ေနာင္ ၃ ရက္ၾကာလွ်င္ ဆု၀႑ေဒ၀ီကို ပို႔ေဆာင္ေသာ လွည္းတန္းက ေတာင္တြင္းၾကီးျပည္သို႔ ေရာက္လိမ့္မည္။

၀န္ရွင္ေတာ္သံတမန္အဖြဲ႕ကေတာ့ ယခုထိ စာမလာ သတင္းမၾကားေသးေပ။

အားလံုးသိထားသည္က ထိသမွ် သတၱဳတုိင္းေရႊျဖစ္ေစေသာ ျပဒါးရွင္လံုးကို သံတမန္ အဖြဲ႕သားမ်ားက မိဖုရားႏွင့္ လဲလွယ္ၾကလိမ့္မည္။

ထိုျပဒါးရွင္လံုးသာ ရရွိခဲ့ပါလွ်င္ ပါဒျပည္အတြက္ ေငြေၾကးအင္အားမ်ားစြာ ရရွိႏိုင္မည္ ျဖစ္သည္။ ျပဒါးရွင္လံုးမွာ အႏွစ္ ၁၀၀ ေက်ာ္အသံုးျပဳခဲ့ျပီးျဖစ္ေသာေၾကာင့္ သိဒၶိဓါတ္ ကုန္ဆံုးလုနီးပါးျဖစ္ျပီဟု တဖက္ႏိုင္ငံတြင္ အလုပ္အေကၽြး ျပဳေနေသာ သူလ်ိဳမ်ားမွတဆင့္ ေကာလဟာလမ်ား ၾကားသိထားေသာ္လည္း၊ ေငြေၾကးကံုလံုျပည့္စံုလွေသာ ေတာင္တြင္းၾကီး ျပည္က မ်က္ျမင္သက္ေသပင္ ျဖစ္ေသာေၾကာင့္ ျပဒါးရွင္လံုးက ေနာက္ဆံုးေမွ်ာ္လင့္ခ်က္ျဖစ္သည္။

ထိုစဥ္ ေျချမန္ေတာ္ ဆပ္သားေလး တစ္ဦး နန္းညီလာခံသို႔ အခစား၀င္လာခဲ့သည္။

"မွန္ပါမင္းၾကီး ေနျပည္ေတာ္ႏွင့္ ၂ ယူဇနာ အကြာမွာ ၀န္ရွင္ေတာ္မင္းတို႔ အဖြဲ႕ ျပန္လည္ၾကြခ်ီလာ ၾကေၾကာင္းပါ။ ျပဒါးရွင္လံုးလည္း အတူပါလာေၾကာင္း အေထာက္ေတာ္မ်ားက ခိုစာျဖင့္ အေၾကာင္း ၾကားထားေၾကာင္းပါ ဘုရား . ."

'အိမ္း ေကာင္းေလစြ. . ေကာင္းေလစြ. . .'

"မွန္လွပါ . . ၀န္ရွင္ေတာ္ သံတမန္အဖြဲ႕ ေရွ႕ေျပးတပ္မႈးမွ နန္းေတာ္သို႔ ျပဒါးရွင္လံုးကို သယ္လာရခ်ိန္တြင္ ျပဒါးရွင္လံုး၏ လံုျခံဳေရးအတြက္ တပ္ ၃တပ္လံုး ျခံရံ၍ နန္းတြင္းသို႔ ၀င္ေရာက္ ဆက္သမည့္အေၾကာင္း ခြင့္ျပဳမိန္႔ ေတာင္းဆိုလိုက္ေၾကာင္းပါဘုရား"

မင္းၾကီးက ခနဲ႔ျပံဳး ျပံဳးလိုက္ျပန္သည္။

'ဘာတဲ့. . . ျပဒါးရွင္လံုးကို ေစာင့္ေရွာက္ရင္း နန္းေတာ္ထဲ ၀င္ဆက္သဖို႔ကို တပ္၃တပ္စာလံုး အခစား ၀င္ဖို႔ လိုသတဲ့လား. . ။ ငါ့နန္းေတာ္က အဲသည္ေလာက္ေတာင္ လံုျခံဳေရး ကင္းမဲ့ေနျပီမို႔လား'

"မွန္ပါ ဘုန္းေတာ္ေၾကာင့္ လံုျခံဳစြာ ရွိေနစဲပါဘုရား"

ထို႔ေနာက္ မ်က္ေမွာင္ၾကံဳ႕ျပီး ရဲဗညားဘက္သို႔ လွည့္ကာ

'အိမ္း . . . ငဗညား'

"မွန္ပါဘုရား"

'အဲ့ဒီ နန္းေတာ္အတြင္း ၀င္ေရာက္မယ့္ တပ္ဖြဲ႕ ၃တပ္ကို ေသခ်ာ စာရင္းေကာက္ယူျပီး အေရွ႕တံခါးမွ ၀င္ခြင့္ေပးလိုက္ေစ'

"အမိန္႔ေတာ္ျမတ္အတိုင္းပါဘုရား"

ရဲဗညားက အထွာခ်က္ခ်င္းေပါက္လြယ္သည္။ ထိုအမည္စာရင္းတြင္ ပါ၀င္သူမွန္သမွ်သည္ ယေန႔ညေနတြင္ မင္းၾကီးအားလုပ္ၾကံရန္ လာၾကမည့္ သစၥာေဖာက္ စာရင္းသာ ျဖစ္ေပသည္။ သစၥာေဖာက္ စာရင္းကို ေကာက္ယူျပီးေနာက္ ထိုသစၥာေဖာက္တို႔အား အစအနမက်န္ေအာင္ သုတ္သင္ရွင္းလင္းရမည္မွာ သူ၏ တာ၀န္တစိတ္တပိုင္းတြင္ ပါ၀င္ေလသည္။

ထို႔အျပင္ မိေရြးနီကို ေသခ်ာ စစ္ေၾကာျပီးေနာက္ ျမစ္၀ွမ္းေဒသေရလႊမ္းမိုးမႈတြင္ ၀မ္းေရာဂါမ်ားကို ရည္ရြယ္ခ်က္ရွိရွိ ကူးစက္ေအာင္ ျဖန္႔ျဖဴးေပးေနေသာ ၀န္ရွင္ေတာ္၏ အလိုတူအလုိပါမ်ား စာရင္းကိုပါ ရရွိထားျပီး ျဖစ္ေလသည္။

ျမစ္၀ွမ္းေဒသ ေရၾကီးသည္ကို အေၾကာင္းျပ၍ ၀န္ရွင္ေတာ္က ၀မ္းေရာဂါမ်ား ပြားမ်ားေအာင္ ေရဆိုးမ်ားကို ေသာက္သံုးေရတြင္းကန္မ်ား အတြင္းသို႔ ျဖန္႔ျဖဴးခဲ့သည္။ ထိုအေၾကာင္းျပခ်က္ျဖင့္ တိုင္းျပည္၏ ကပ္ေရာဂါကိုကယ္တင္ရန္ ျပဒါးရွင္လံုး လိုအပ္သည္ဟု ထပ္မံ ၀ါဒျဖန္႔ခဲ့ျပန္ပါသည္။

မည္သို႔ဆိုေစ ၀န္ရွင္ေတာ္ ျပန္လာသည္ႏွင့္ အေဆာင္အေယာင္မ်ားအား ရုပ္သိမ္းျပီး၊ ကပ္ေဘး ေရာဂါက်ေရာက္ေစရန္ အကြက္ခ်စီစဥ္ခဲ့သည့္ အျပစ္သားအျဖစ္ခံယူရမည္သာ။

နန္းေတာ္အေရွ႕တံခါးသည္ ၀င္ေပါက္ ၃ ထပ္ျဖင့္ ကာရံထားပါသည္။

လံုျခံဳေရး အတင္းအက်ပ္ဆံုးလည္းျဖစ္သည္။

မင္းၾကီးေစခိုင္းခ်က္အရ ၀န္ရွင္ေတာ္ႏွင့္ အနီးကပ္ ၅ ဦးသာ စစခ်င္းေပး၀င္မည္ျဖစ္ျပီး က်န္လူမ်ားကို တံခါးေပါက္စစ္ေဆးေရးဂိတ္တြင္ ၾကံ့ၾကာေအာင္အခ်ိန္ဆြဲထားရမည္။ ထို႔ေနာက္ တံခါးတစ္ခ်ပ္လွ်င္ တပ္ဖြဲ႕တစ္ဖြဲ႕ႏူန္းျဖင့္ ၀င္ေရာက္လာသူမ်ားကို ေနရာတြင္ ဖမ္းဆီးကြပ္မ်က္ရန္ ျဖစ္သည္။

'အိမ္း ေကာင္းေလစြ. . ညီလာခံ ဒီမွာတင္နားမယ္။ ငါကိုယ္ေတာ္ျမတ္ က်န္းမာေရးေၾကာင့္ ေနာင္ ၃ ရက္တိုင္တိုင္ ညီလာခံက်င္းပေတာ္ မမူလိုဘူး။ အသင္တို႔လည္း ငါကိုယ္ေတာ္ရဲ႕ ခြင့္ျပဳမိန္႔မရဘဲ ငါ့နန္းတြင္းထဲကို ဤ ၃ရက္မွာ မလာၾကႏွင့္'

'မွန္လွပါဘုရား. . တိုင္းေရးျပည္ေရးမ်ားလည္း ေအးသင့္သေလာက္ ေအးခ်မ္းျပီမို႔ ညီလာခံကို ေစာစီးစြာ ျပီးဆံုးျခင္းဟာ ေလွ်ာ္ကန္သင့္ျမတ္လွေၾကာင္းပါဘုရား'

♥♥♥

Continue Reading

You'll Also Like

217K 6.5K 28
အသိစိတ်မရှိတဲ့သူတစ်ဦးကို လက်ထပ်ခဲ့တဲ့သူမ တကယ်တော့ သူမလက်ထပ်လိုက်သူဟာ သာမာန်လူတစ်ယောက်မဟုတ်ခဲ့သော်.......
291K 10.5K 43
ဖီးနစ်ငှက်တစ်ကောင်ရဲ့ ရင်ကွဲမတတ်အော်ဟစ်သံဟာ လောင်ကျွမ်းအံ့ဆဲဆဲ အတောင်ပံတွေနဲ့အတူ ပျောက်ကွယ်ပျက်စီးသွားတော့မယ့်အချိန်မှာ ငါဟာ မင်းနဲ့နောက်တစ်ကြိမ်...
108K 6.4K 32
နှလုံးသားနှစ်ခု၏ တရားစီရင်ခန်းကို အကြင်သူက နှလုံးသားတစ်ခုကို ထပ်မံရင်း၍ ဆုံးဖြတ်ပါလိမ့်မည် Zawgyi ႏွလုံးသားႏွစ္ခု၏ တရားစီရင္ခန္းကို အၾကင္သူက ႏွလုံး...