Peculiarly System [Completed ]

By MaLaKaoYa

854K 90.3K 2.7K

Start date ... September 17 .2021 End date .....July 30.2023 System ဆိုတာ စိတ်ကူးယဉ်ကမ္ဘာတဲ့ သူကပြောတယ် ငါ့... More

Start With System
Arc(1.1) Parin
Arc(1.2)
Arc(1.3)
Arc(1.4)
Arc(1.5)
Arc(1.6)
Arc(1.7)
Arc(1.8)
Arc(1.9)End
Arc(2.1) Zhang Xu Guang
Arc(2.2)
Arc(2.3)
Arc(2.4)
Arc(2.5)
Arc(2.6)
Arc(2.7)
Arc(2.8)End
Arc(3.1)Jason
Arc(3.2)
Arc(3.3)
Arc(3.4)
Arc(3.5)
Arc(3.6)
Arc(3.7)
Arc(3.8)
Arc(3.9)
Arc(3.10)
Arc(3.11)
Arc(3.12)
Arc(3.13)End
Arc(4.1) Jon San
Arc(4.2)
Arc(4.3)
Arc(4.4)
Arc(4.5)
Arc(4.6)
Arc(4.7)
Arc(4.8)
Arc(4.9)
Arc(4.10)End
Arc(5.1) Zhou Wei Feng
Arc(5.2)
Arc(5.3)
Arc(5.4)
Arc(5.5)
Arc(5.6)
Arc(5.7)
Arc(5.8)
Arc(5.9)
Arc(5.10)
Arc(5.11)
Arc(5.12)End
Arc(6.1) LuYuYuan
Arc(6.2)
Arc(6.3)
Arc(6.4)
Arc(6.5)
Arc(6.6)
Arc(6.7)
Arc(6.8)
Arc(6.9)
Arc(6.10)
Arc(6.11)
Arc(6.12)End
Arc(7.1)KiKo
Arc(7.2)
Arc(7.3)
Arc(7.4)
Arc(7.5)
Arc(7.6)
Arc(7.7)
Arc(7.8)
Arc(7.9)
Arc(7.10)
Arc(7.11)End
Arc(8.1)Adam
Arc(8.2)
Arc(8.3)
Arc(8.4)
Arc(8.5)
Arc(8.6)
Arc(8.7)
Arc(8.8)
Arc(8.9)
Arc(8.10)
Arc(8.11)End
Arc(9.1)Aqua
Arc(9.2)
Arc(9.3)
Arc(9.4)
Arc(9.5)
Arc(9.6)
Arc(9.7)
Arc(9.8)
Arc(9.9)
Arc(9.10)
Arc(9.11)
Arc(9.12)
Arc(9.13)End
Arc(10.1)XiaoZhan
Arc(10.2)
Arc(10.3)
Arc(10.4)
Arc(10.5)
Arc(10.6)
Arc(10.7)
Arc(10.8)
Arc(10.9)
Arc(10.10)
Arc(10.11)
Arc(10.12)End
Arc(11.1) Saw Minn Latt
Arc(11.2)
Arc(11.3)
Arc(11.4)
Arc(11.5)
Arc(11.6)
Arc(11.7)
Arc(11.8)
Arc(11.9)End
Arc(12.1) Ben
Arc(12.2)
Arc(12.3)
Arc(12.4)
Arc(12.5)
Arc(12.6)
Arc(12.7)
Arc(12.8)
Arc(12.10)
Arc(12.11)End
Arc(13.1) Cristan Gabriel
Arc(13.2)
Arc (13.3)
Arc(13.4)
Arc(13.5)
Arc(13.6)
Arc(13.7)
Arc(13.8)
Arc(13.9)
Arc(13.10)
Arc(13.11)
Arc(13.12)End
Real Life (1)
Real Life (1)End
Real Life (2)
Real Life Ending Up (Truly End)

Arc(12.9)

2.2K 283 6
By MaLaKaoYa

" ဘန် ၊ ဒါကဘာတွေလဲ ''

အန်ဒရူးက အခန်းထောင့်က တစ်နေရာကို လက်ညိုးထိုးကာ မေးလာတာဖြစ်သည်။

" ဟုတ်တယ် ဘန်ရဲ့အဝတ်ထုပ်လေ.. ဘန်သွားတော့မယ် ၊ ဒယ်ဒီတို့ကို အခန်းထဲလိုက်ဖို့ခေါ်ရတဲ့ အကြောင်းအရင်းက ကျေးဇူးတင်ချင်လို့ပါ ''

အန်ဒရူးနဲ့ ဂျက်ဖရီက ခေါင်းထဲမှာ ကွက်ရှင်မာ့ခ်တွေ ပြည့်နှက်သွားရသည်။

ငါတို့က  ဟီးဟီးဟီးဟားဟားဟားတွေလုပ်ကြမယ် ထင်ထားတာ။

ကျေးဇူးတင်ဖို့အတွက်နဲ့များ ငါတို့ကို အခန်းထဲကို ခေါ်လာနေတယ်။

ငါတို့က ခြေအညောင်းခံပြီး ဒီအခန်းထဲကို လိုက်လာခဲ့ရတာလေ ၊ ဒါကို ကျေးဇူးတင်းရုံလေးတဲ့လား။

" ကျေးဇူးတင်မလို့ ဟုတ်လား ''

နှစ်ယောက်စလုံး၏ စကားသည် တညီတညွတ်ထဲ ပြောထွက်လာခဲ့တာမို့ ဘန်ဆိုသည်မှာလည်း ခေါင်းလေးကို စက်တပ်ထားသည့်အလား တဆတ်ဆတ်ညိတ်ပြလာသည်။

အန်ဒရူးနဲ့ ဂျက်ဖရီက တစ်ယောက်နဲ့တစ်ယောက် အဓိပ္ပာယ်ရှိတဲ့ အကြည့်တွေနဲ့ ကြည့်လိုက်ပြီးနောက် ဘန့်ကိုလှည့်ကြည့်လိုက်သည်။

ထို့နောက်သူတို့နှစ်ဦး၏ နူတ်မှ ပြောထွက်သွားသည့် စကားသည်ကား...

" ကျေးဇူးတင်မှာဆိုရင် ကုတင်ပေါ်တက်ရအောင်''

သူတို့နှစ်ဦးရဲ့စကားသည် ဘန့်ကို မျက်လုံးတွေပြူးကျယ်သွားရသည်အထိပင်။

*သောက်ကျိုးနည်းဟေ့၊ အတော်ကြီးကို စိတ်အားတွေထက်သန်နေကြတာပဲနော် ၊ ဒီကိစ္စကို မလုပ်ရရင် သူတို့တွေသေရပါလိမ့်လို့များ အတွေးမည်းကြီးတွေးထားကြလေသလား။*

လို့ ရှောင်းကျန့်လေးက တွေးရင်း မျက်နှာတည်တင်းကာ ထိုနှစ်ယောက်ကို ကြည့်ပြီး မေးလိုက်သည် ။

" ဘယ်လို? ဘယ်လိုပြောလိုက်တာလဲ ''

" ဟုတ်တယ်လေ.. ကျေးဇူးတင်တယ်ဆိုတာ အမှတ်တရလေးတွေနဲ့မှ ကောင်းတာ.. နော် ဂျက်ဖရီ ''

ဘန်ရဲ့မေးခွန်းကို ဖြေလာသူက အန်ဒရူးဖြစ်ပြီး ဂျက်ဖရီကိုပင် အဖော်ညှိနေလေသေးသည်။

ဂျက်ဖရီကလည်း ခေါင်းတညိတ်ညိတ်နဲ့ ညစ်ကျယ်ကျယ်ပြုံးကာ ဘန်အား အရသာရှိလှသော စားသောက်ဖွယ်အား အီသီယိုးပီးယားက ငတ်ပြတ်နေတဲ့ကလေးတွေက သွားရည်တမျှမျှနဲ့ ကြည့်နေသည့်အတိုင်းပင်။

" အန်ဒရူးနဲ့ဂျက်ဖရီက သင့်မြတ်နေတယ်ဆိုတော့ သိပ်ထူးဆန်းမနေဘူးလားလို့ ''

" မထူးဆန်းပါဘူး ဘန်ရဲ့ ၊ ပန်းတိုင်တူ​နေတဲ့သူအချင်းချင်း သင့်မြတ်နေတာဘာမှမဆန်းပြားဘူးလေ နော် အန်ဒရူး  ''

ဘန်ရဲ့စကားကို ဂျက်ဖရီက အန်ဒရူးကို အဖော်ညှိပြီး ပြန်ဖြေလာတော့ အန်ဒရူးကလည်း ငါးခူကြီးကဲ့သို့ပြုံးကာ ဝင်ဖြေလာသည်။

" ဂျက်ဖရီရဲ့စကားက သိပ်ကိုမှန်တာပေါ့ .. ဘန်ကြားဖူးမှာပေါ့ အချစ်ခြင်းတူရင်အိပ်ယာထဲမှာချစ်ရည်လူးမယ်တဲ့''

" အချစ်ခြင်းတူရင် တိုက်စားပစ်မယ် မဟုတ်ဘူးလားဟင် ''

" ဘာကိစ္စနဲ့ တိုက်စားရမှာလဲ ဘန်ရဲ့ ''

အန်ဒရူးက သွေးစုပ်ဖုတ်ကောင်တင်မဟုတ်သေး.. လိပ်တစ်ကောင်လည်းဖြစ်နေသေးသည်။

" ကဲပါ.. လာ အချိန်ရှိခိုက် လုံ့လစိုက်တဲ့ ''

" ​နေဦးလေ မဟုတ်သေးဘူးလေ ''

ဘန်က တားနေပေမယ့် ထိုနှစ်ယောက်က ဘန်ရဲ့စကားတွေကို မကြားချင်ယောင်ဆောင်ကြလေသည်။

Kitty က မျက်လုံးတွေလှန်ကာ တစ်ယောက်တည်း ရေရွတ်လိုက်သည်။

ဖင်မနိုင်ဘဲနဲ့ ပဲကြီးဟင်းတွေစားတဲ့ Host ရေ နောက်နေ့မနက်မှာ ကောင်းမွန်စွာ နိုးထလာနိုင်ပါစေလို့ ဆုတောင်းပေးပါတယ် ။

..............

မင်္ဂလာပွဲကျင်းပရသည်မှာ ကသောင်းကနင်းနိုင်လှ၏။

ပြောတော့ သမန်းကျားမင်းသားလေးရဲ့ မင်္ဂလာပွဲတဲ့။
ဘယ်နှယ့်လို့ မျက်နှာဖြူဖုတ်ကောင်ပါ ရောပြီး မင်္ဂလာဆောင်နေရတာလဲ။
ဧကန္တ မျက်နှာဖြူကောင်နဲ့ သမန်းကျား မင်းသားလေးတို့က??။

သို့လောသို့လော မေးခွန်းတွေနဲ့ ဧည့်သည်များစွာသည်ကား စင်မြင့်ထက်မှာနေရာယူထားသည့် သတို့သားနှစ်ဦးကိုကြည့်ပြီး ကျွက်စီကျွက်စီ ဖြစ်နေကြ၏။

မင်္ဂလာပွဲဖိတ်စာ နာမည်မပါဘာမပါနဲ့ မင်္ဂလာပွဲအချိန်နဲ့နေရာကိုပဲ ရေးသားထားပြီး ဖိတ်ထားတာမို့ ဘယ်သူကဆောင်မယ် ၊ ဘယ်သူနဲ့ဆောင်မယ် ဆိုတာ မသိရပေ။

ဒီလိုအတူတူ မင်္ဂလာပွဲတက်ရောက်ပေးကြပါ ဆိုပြီး မောင်းလှည့်ထုလိုက်ပါတော့လား။

ဟင်နရီက စင်ပေါ်မှာ ရပ်နေတဲ့ အစ်ကိုဖြစ်သူကိုကြည့်ပြီး သံဝေဂတွေအလွန့်အလွန်ကို ရသွားလေတော့သည်။

မင်္ဂလာပွဲကိုသွားခိုင်းတုန်းက ဖင်ပိတ်ငြင်းနေပြီး အခုကျတော့ မင်္ဂလာတောင်ဆောင်သွားပြီ..အစ်ကိုတော်ကြီးက ဘယ်လိုပါလိမ့်နော်။

ဘန်ဆိုတဲ့ ယုန်လေးကို မတွေ့ရင်သေတော့မယ့်အတိုင်းကနေ အခုတော့ သမန်းကျားဂျက်ဖရီရဲ့ဘေးကနေ သွားကြီး ၁၀၉ ချောင်းဖြီးပြီးပျော်နေလိုက်တာ။

၃၂ ချောင်းဆိုရင်အားမရလို့ အမျိုးတွေရဲ့ သွားတွေပါ ပေါင်းဖြီးပေးတာ နော် ၊ ဘာမှ လျှာရှည်မနေကြနဲ့ဦး။

ဟင်နရီရဲ့ဘေးမှာတော့ ဘယ်လာက ညိုမဲနေသောမျက်ကွင်းတွေနဲ့ သွေးမရှိသလို ဖြူစုပ်စုပ်မျက်နှာလေးနဲ့ ပြုံးပြုံးလေးရှိနေသည်။

ကောင်းစားလွန်းတဲ့ ခဲအိုကြောင့် သူမမှာ နေ့စေ့လစေ့ မွေးလုဆဲဆဲ ကိုယ်ဝန်ကြီးနဲ့ မင်္ဂလာပွဲ တက်နေရသည်။

" ဘယ်လ် ''

" ဟုတ် ''

" အစ်ကိုကြီးနဲ့ သမန်းကျားမင်းသားတို့နှစ်ယောက်မှာ ဘယ်သူက ဦးဆောင်သူဖြစ်နေလိမ့်မလဲ ''

" ဟာ.. ဟင်နရီကတော့ ပေါက်တက်ကရလျှောက်မေးနေပြန်ပြီ ''

မင်္ဂလာစင်မြင့်ထက်မှသတို့သားနှစ်ဦးသည်က တိုးကြိတ်စွာ စကားပြောနေကြသည်။

သူတို့ရပ်နေတာက လူအထင်လွဲစရာဖြစ်နေပြီမဟုတ်လား။

ဘန်က အခုထိ ခန်းမထဲမဝင်လာသေးတာကြောင့် သူတို့နှစ်ဦးအဖြစ်သည် ကို့ရို့ကားယားနဲ့သာ။

" သတို့သားကြွလာပါပြီ ''

"ဟမ်''

" ဘယ်လို''

" ဟာ ''

" ဟင် ''

ပွဲထဲရှိ ပရိတ်သတ်များမှာ ပိုမိုပြီး ဆွံ့အသွားရသည်။

သတို့သားက သုံးယောက်တောင်လား။
ဘယ်လိုပါလိမ့် ။

ဟင်နရီကလည်း မျက်လုံးတွေပြူးသွားရသည်။

"ငါ့အစ်ကိုက ဘာတွေလုပ်နေတာပါလိမ့်..
မင်္ဂလာဆောင်တာက ဘယ်လိုတွေတုန်း''

ဟု ရေရွတ်ရင်း ။

######

Zawgyi

" ဘန္ ၊ ဒါကဘာေတြလဲ ''

အန္ဒ႐ူးက အခန္းေထာင့္က တစ္ေနရာကို လက္ညိုးထိုးကာ ေမးလာတာျဖစ္သည္။

" ဟုတ္တယ္ ဘန္ရဲ႕အဝတ္ထုပ္ေလ.. ဘန္သြားေတာ့မယ္ ၊ ဒယ္ဒီတို႔ကို အခန္းထဲလိုက္ဖို႔ေခၚရတဲ့ အေၾကာင္းအရင္းက ေက်းဇူးတင္ခ်င္လို႔ပါ ''

အန္ဒ႐ူးနဲ႕ ဂ်က္ဖရီက ေခါင္းထဲမွာ ကြက္ရွင္မာ့ခ္ေတြ ျပည့္ႏွက္သြားရသည္။

ငါတို႔က  ဟီးဟီးဟီးဟားဟားဟားေတြလုပ္ၾကမယ္ ထင္ထားတာ။

ေက်းဇူးတင္ဖို႔အတြက္နဲ႕မ်ား ငါတို႔ကို အခန္းထဲကို ေခၚလာေနတယ္။

ငါတို႔က ေျခအေညာင္းခံၿပီး ဒီအခန္းထဲကို လိုက္လာခဲ့ရတာေလ ၊ ဒါကို ေက်းဇူးတင္း႐ုံေလးတဲ့လား။

" ေက်းဇူးတင္မလို႔ ဟုတ္လား ''

ႏွစ္ေယာက္စလုံး၏ စကားသည္ တညီတၫြတ္ထဲ ေျပာထြက္လာခဲ့တာမို႔ ဘန္ဆိုသည္မွာလည္း ေခါင္းေလးကို စက္တပ္ထားသည့္အလား တဆတ္ဆတ္ညိတ္ျပလာသည္။

အန္ဒ႐ူးနဲ႕ ဂ်က္ဖရီက တစ္ေယာက္နဲ႕တစ္ေယာက္ အဓိပၸာယ္ရွိတဲ့ အၾကည့္ေတြနဲ႕ ၾကည့္လိုက္ၿပီးေနာက္ ဘန့္ကိုလွည့္ၾကည့္လိုက္သည္။

ထို႔ေနာက္သူတို႔ႏွစ္ဦး၏ ႏူတ္မွ ေျပာထြက္သြားသည့္ စကားသည္ကား...

" ေက်းဇူးတင္မွာဆိုရင္ ကုတင္ေပၚတက္ရေအာင္''

သူတို႔ႏွစ္ဦးရဲ႕စကားသည္ ဘန့္ကို မ်က္လုံးေတြျပဴးက်ယ္သြားရသည္အထိပင္။

*ေသာက္က်ိဳးနည္းေဟ့၊ အေတာ္ႀကီးကို စိတ္အားေတြထက္သန္ေနၾကတာပဲေနာ္ ၊ ဒီကိစၥကို မလုပ္ရရင္ သူတို႔ေတြေသရပါလိမ့္လို႔မ်ား အေတြးမည္းႀကီးေတြးထားၾကေလသလား။*

လို႔ ေရွာင္းက်န့္ေလးက ေတြးရင္း မ်က္ႏွာတည္တင္းကာ ထိုႏွစ္ေယာက္ကို ၾကည့္ၿပီး ေမးလိုက္သည္ ။

" ဘယ္လို? ဘယ္လိုေျပာလိုက္တာလဲ ''

" ဟုတ္တယ္ေလ.. ေက်းဇူးတင္တယ္ဆိုတာ အမွတ္တရေလးေတြနဲ႕မွ ေကာင္းတာ.. ေနာ္ ဂ်က္ဖရီ ''

ဘန္ရဲ႕ေမးခြန္းကို ေျဖလာသူက အန္ဒ႐ူးျဖစ္ၿပီး ဂ်က္ဖရီကိုပင္ အေဖာ္ညွိေနေလေသးသည္။

ဂ်က္ဖရီကလည္း ေခါင္းတညိတ္ညိတ္နဲ႕ ညစ္က်ယ္က်ယ္ၿပဳံးကာ ဘန္အား အရသာရွိလွေသာ စားေသာက္ဖြယ္အား အီသီယိုးပီးယားက ငတ္ျပတ္ေနတဲ့ကေလးေတြက သြားရည္တမွ်မွ်နဲ႕ ၾကည့္ေနသည့္အတိုင္းပင္။

" အန္ဒ႐ူးနဲ႕ဂ်က္ဖရီက သင့္ျမတ္ေနတယ္ဆိုေတာ့ သိပ္ထူးဆန္းမေနဘူးလားလို႔ ''

" မထူးဆန္းပါဘူး ဘန္ရဲ႕ ၊ ပန္းတိုင္တူ​ေနတဲ့သူအခ်င္းခ်င္း သင့္ျမတ္ေနတာဘာမွမဆန္းျပားဘူးေလ ေနာ္ အန္ဒ႐ူး  ''

ဘန္ရဲ႕စကားကို ဂ်က္ဖရီက အန္ဒ႐ူးကို အေဖာ္ညွိၿပီး ျပန္ေျဖလာေတာ့ အန္ဒ႐ူးကလည္း ငါးခူႀကီးကဲ့သို႔ၿပဳံးကာ ဝင္ေျဖလာသည္။

" ဂ်က္ဖရီရဲ႕စကားက သိပ္ကိုမွန္တာေပါ့ .. ဘန္ၾကားဖူးမွာေပါ့ အခ်စ္ျခင္းတူရင္အိပ္ယာထဲမွာခ်စ္ရည္လူးမယ္တဲ့''

" အခ်စ္ျခင္းတူရင္ တိုက္စားပစ္မယ္ မဟုတ္ဘူးလားဟင္ ''

" ဘာကိစၥနဲ႕ တိုက္စားရမွာလဲ ဘန္ရဲ႕ ''

အန္ဒ႐ူးက ေသြးစုပ္ဖုတ္ေကာင္တင္မဟုတ္ေသး.. လိပ္တစ္ေကာင္လည္းျဖစ္ေနေသးသည္။

" ကဲပါ.. လာ အခ်ိန္ရွိခိုက္ လုံ႕လစိုက္တဲ့ ''

" ​ေနဦးေလ မဟုတ္ေသးဘူးေလ ''

ဘန္က တားေနေပမယ့္ ထိုႏွစ္ေယာက္က ဘန္ရဲ႕စကားေတြကို မၾကားခ်င္ေယာင္ေဆာင္ၾကေလသည္။

Kitty က မ်က္လုံးေတြလွန္ကာ တစ္ေယာက္တည္း ေရ႐ြတ္လိုက္သည္။

ဖင္မနိုင္ဘဲနဲ႕ ပဲႀကီးဟင္းေတြစားတဲ့ Host ေရ ေနာက္ေန႕မနက္မွာ ေကာင္းမြန္စြာ နိုးထလာနိုင္ပါေစလို႔ ဆုေတာင္းေပးပါတယ္ ။

..............

မဂၤလာပြဲက်င္းပရသည္မွာ ကေသာင္းကနင္းနိုင္လွ၏။

ေျပာေတာ့ သမန္းက်ားမင္းသားေလးရဲ႕ မဂၤလာပြဲတဲ့။
ဘယ္ႏွယ့္လို႔ မ်က္ႏွာျဖဴဖုတ္ေကာင္ပါ ေရာၿပီး မဂၤလာေဆာင္ေနရတာလဲ။
ဧကႏၱ မ်က္ႏွာျဖဴေကာင္နဲ႕ သမန္းက်ား မင္းသားေလးတို႔က??။

သို႔ေလာသို႔ေလာ ေမးခြန္းေတြနဲ႕ ဧည့္သည္မ်ားစြာသည္ကား စင္ျမင့္ထက္မွာေနရာယူထားသည့္ သတို႔သားႏွစ္ဦးကိုၾကည့္ၿပီး ကြၽက္စီကြၽက္စီ ျဖစ္ေနၾက၏။

မဂၤလာပြဲဖိတ္စာ နာမည္မပါဘာမပါနဲ႕ မဂၤလာပြဲအခ်ိန္နဲ႕ေနရာကိုပဲ ေရးသားထားၿပီး ဖိတ္ထားတာမို႔ ဘယ္သူကေဆာင္မယ္ ၊ ဘယ္သူနဲ႕ေဆာင္မယ္ ဆိုတာ မသိရေပ။

ဒီလိုအတူတူ မဂၤလာပြဲတက္ေရာက္ေပးၾကပါ ဆိုၿပီး ေမာင္းလွည့္ထုလိုက္ပါေတာ့လား။

ဟင္နရီက စင္ေပၚမွာ ရပ္ေနတဲ့ အစ္ကိုျဖစ္သူကိုၾကည့္ၿပီး သံေဝဂေတြအလြန့္အလြန္ကို ရသြားေလေတာ့သည္။

မဂၤလာပြဲကိုသြားခိုင္းတုန္းက ဖင္ပိတ္ျငင္းေနၿပီး အခုက်ေတာ့ မဂၤလာေတာင္ေဆာင္သြားၿပီ..အစ္ကိုေတာ္ႀကီးက ဘယ္လိုပါလိမ့္ေနာ္။

ဘန္ဆိုတဲ့ ယုန္ေလးကို မေတြ႕ရင္ေသေတာ့မယ့္အတိုင္းကေန အခုေတာ့ သမန္းက်ားဂ်က္ဖရီရဲ႕ေဘးကေန သြားႀကီး ၁၀၉ ေခ်ာင္းၿဖီးၿပီးေပ်ာ္ေနလိုက္တာ။

၃၂ ေခ်ာင္းဆိုရင္အားမရလို႔ အမ်ိဳးေတြရဲ႕ သြားေတြပါ ေပါင္းၿဖီးေပးတာ ေနာ္ ၊ ဘာမွ လွ်ာရွည္မေနၾကနဲ႕ဦး။

ဟင္နရီရဲ႕ေဘးမွာေတာ့ ဘယ္လာက ညိုမဲေနေသာမ်က္ကြင္းေတြနဲ႕ ေသြးမရွိသလို ျဖဴစုပ္စုပ္မ်က္ႏွာေလးနဲ႕ ၿပဳံးၿပဳံးေလးရွိေနသည္။

ေကာင္းစားလြန္းတဲ့ ခဲအိုေၾကာင့္ သူမမွာ ေန႕ေစ့လေစ့ ေမြးလုဆဲဆဲ ကိုယ္ဝန္ႀကီးနဲ႕ မဂၤလာပြဲ တက္ေနရသည္။

" ဘယ္လ္ ''

" ဟုတ္ ''

" အစ္ကိုႀကီးနဲ႕ သမန္းက်ားမင္းသားတို႔ႏွစ္ေယာက္မွာ ဘယ္သူက ဦးေဆာင္သူျဖစ္ေနလိမ့္မလဲ ''

" ဟာ.. ဟင္နရီကေတာ့ ေပါက္တက္ကရေလွ်ာက္ေမးေနျပန္ၿပီ ''

မဂၤလာစင္ျမင့္ထက္မွသတို႔သားႏွစ္ဦးသည္က တိုးႀကိတ္စြာ စကားေျပာေနၾကသည္။

သူတို႔ရပ္ေနတာက လူအထင္လြဲစရာျဖစ္ေနၿပီမဟုတ္လား။

ဘန္က အခုထိ ခန္းမထဲမဝင္လာေသးတာေၾကာင့္ သူတို႔ႏွစ္ဦးအျဖစ္သည္ ကို႔ရို႔ကားယားနဲ႕သာ။

" သတို႔သားႂကြလာပါၿပီ ''

"ဟမ္''

" ဘယ္လို''

" ဟာ ''

" ဟင္ ''

ပြဲထဲရွိ ပရိတ္သတ္မ်ားမွာ ပိုမိုၿပီး ဆြံ႕အသြားရသည္။

သတို႔သားက သုံးေယာက္ေတာင္လား။
ဘယ္လိုပါလိမ့္ ။

ဟင္နရီကလည္း မ်က္လုံးေတြျပဴးသြားရသည္။

"ငါ့အစ္ကိုက ဘာေတြလုပ္ေနတာပါလိမ့္..
မဂၤလာေဆာင္တာက ဘယ္လိုေတြတုန္း''

ဟု ေရ႐ြတ္ရင္း ။

######

Continue Reading

You'll Also Like

1.9M 122K 73
# Scribe _ Aster_Rain # Start Date [ 5.1.2021] # End Date [ 26.5.2021] # Total Chapters _ [52 ]- Extra [15 ] Complete # Cv photo credit to orginal...
1.1M 58.1K 48
အမိန္႔စည္း+သခြပ္႐ိုး ( ႐ွင္မႈန္းနံ႔သာ) အမိန့်စည်း+သခွပ်ရိုး ( ရှင်မှုန်းနံ့သာ) ခြင့္ျပဳခ်က္မရပဲ ငါ့အနားကထြက္ခြာခြင့္မျပဳနိင္ဘူး အသက္နဲ႔ခႏၶာတည္ျမဲေနသ...
40.8K 4.8K 39
wang yibo & xiao zhan
286K 10.3K 42
ဖီးနစ်ငှက်တစ်ကောင်ရဲ့ ရင်ကွဲမတတ်အော်ဟစ်သံဟာ လောင်ကျွမ်းအံ့ဆဲဆဲ အတောင်ပံတွေနဲ့အတူ ပျောက်ကွယ်ပျက်စီးသွားတော့မယ့်အချိန်မှာ ငါဟာ မင်းနဲ့နောက်တစ်ကြိမ်...