အချစ်တွေအမုန်းတွေရဲ့ အလွန်...

Av KaterinaKaterina248

672K 18K 4.7K

ညဘက်မှာပဲ ထွက်တဲ့ကြယ်လေးတွေက နေ့ခင်းဘက်မှာထွန်းလင်းတဲ့နေမင်းကြီးကို သတိရနေတတ်သလိုမျိုး ဘယ်သောအခါမှမဆုံနိုင်ပေ... Mer

Disclaimer....
အခန်း (၁)
အခန်း (၂)
အခန်း (၃)
အခန်း (၁) Zawgyi
အခန်း (၂) Zawgyi
အခန်း (၃) Zawgyi
အခန်း (၄)
အခန်း (၄) Zawgyi
အခန်း (၅)
အခန်း (၅) Zawgyi
အခန်း (၆)
အခန်း (၆) Zawgyi
အခန်း (၇)
အခန်း (၇) Zawgyi
အခန်း (၈)
အခန်း (၈) Zawgyi
အခန်း (၉)
အခန်း (၉) Zawgyi
အခန်း (၁၀)
အခန်း (၁၀) Zawgyi
အခန်း (၁၁)
အခန်း (၁၁) Zawgyi
အခန်း (၁၂)
အခန်း (၁၂) Zawgyi
Interlude
အခန်း (၁၃)
အခန်း (၁၃) Zawgyi
အခန်း (၁၄)
အခန်း (၁၄) Zawgyi
အခန်း (၁၅)
အခန်း (၁၅) Zawgyi
အပိုင်း (၁၆)
အခန်း (၁၆) Zawgyi
အခန်း (၁၇)
အခန်း (၁၇) Zawgyi
အခန်း (၁၈)
အခန်း (၁၈) Zawgyi
အခန်း (၁၉)
အခန်း (၁၉) Zawgyi
အခန်း (၂၀)
အခန်း (၂၀) Zawgyi
အခန်း (၂၁)
အခန်း (၂၁) Zawgyi
Breakout Room
အခန်း (၂၂)
အခန်း (၂၂) Zawgyi
အခန်း (၂၃)
အခန်း (၂၃) Zawgyi
အခန်း (၂၄)
အခန်း (၂၄) Zawgyi
အခန်း (၂၅)
အခန်း (၂၅) Zawgyi
အခန်း (၂၆)
အခန်း (၂၆) Zawgyi
အခန်း (၂၇)
အခန်း (၂၇) Zawgyi
အခန်း (၂၈)
အခန်း (၂၈) Zawgyi
အခန်း (၂၉)
အခန်း (၂၉) Zawgyi
အခန်း (၃၀)
အခန်း (၃၀) Zawgyi
အခန်း (၃၁)
အခန်း (၃၁) Zawgyi
အခန်း (၃၂)
အခန်း (၃၂) Zawgyi
အခန်း (၃၃) Zawgyi
အခန်း (၃၄)
အခန်း (၃၄) Zawgyi
အခန်း (၃၅)
အခန်း (၃၅) Zawgyi
အခန်း (၃၆)
အခန်း (၃၆) Zawgyi
အခန်း (၃၇) the END
အခန်း (၃၇) the END Zawgyi
Final Review

အခန်း (၃၃)

11.9K 513 138
Av KaterinaKaterina248

တာရာ မနေ့ညက စိတ်ညစ်ညစ်နဲ့ ကလေးပါ ဟိုလူနဲ့ ဧည့်ခန်းထဲထားခဲ့ပီး ကိုယ့်ဘာသာကိုယ်အခန်းထဲ ဝင်အိပ်နေလိုက်တာ....ငိုထားတာရော စိတ်ပင်ပန်း လူပင်ပန်းဖြစ်နေတာတွေကြောင့်ရော တချိုးထဲအိပ်ပျော်သွားတာများ မနက်မိုးစင်စင်လင်းမှကို နိုးတော့သည်။ နိုးနိုးချင်း မနေ့ညက အဖြစ်ပျက်ကို သတိမရဘဲ ခါတိုင်း ဘေးနားအိပ်နေကျ ကလေးမရှိလို့ ထိတ်ခနဲတော့ပူသွားရသေးသည်။ ပီးမှ အပြင်မှာ ဟိုလူနဲ့ထားခဲ့တာ သတိရပီး....ကမန်းကတမ်း အိမ်ရှေ့ကိုပြေးအထွက်....မြင်လိုက်ရတဲ့ မြင်ကွင်းကြောင့် သူမခြေလှမ်းတွေပင် ရပ်လို့သွားသည်။ အိမ်ရှေ့ကြမ်းပြင်ပေါ်ကအခင်းပေါ်မှာ အိပ်ရာမပါဘာမပါနဲ့ လှဲအိပ်နေတဲ့ ဟိုလူ့ဘေးမှာ ကလေးကလဲ အိပ်နေတာ ပိုးလို့ပက်လက်နဲ့။ ခေါင်းအုံးပင်မပါလို့ လက်တဖက်ကို ခေါင်းအောက်လျှိုခေါက်သွင်းပီး တခြားလက်တဖက်က ကလေးကိုယ်ပေါ်တင်ထားကာ နှစ်နှစ်ခြိုက်ခြိုက်အိပ်နေတာများ အရင်က တမိုးအောက် နေမင်းမဟာလို့ပင်ထင်ရက်စရာမရှိ။ ကလေးကလဲ ပက်လက်အိပ်နေတဲ့သူ့အပေါ် ခြေတချောင်းပစ်တင်ထားတော့ ပိုးလို့ပက်လက် ကားကားယားယားနဲ့ ကြည့်ရတာမကောင်းပေမယ့် သူမစိတ်ကို တဒင်ဂတော့ တွေဝေသွားစေခဲ့သည်။

*တညလုံး အမေနဲ့ မအိပ်ရတာတောင် အမေကို မတွေ့တာတောင် ညကို နို့ထမသောက်ရတာတောင် ငိုရကောင်းမှန်းမသိအောင်ကို အဖေကိုခင်တွယ်တာပဲလား ကလေးရယ်*

တာရာတွေးရင်းနဲ့ပင် ကလေးကို သွားကောက်ယူချီလိုက်တော့ ကလေးကော သူကော နိုးလာသည်။

"အင်း.....ညက ညဥ့်နက်နေလို့ မပြန်တော့တာ"

ကုတ်နဲ့ကော်ထုတ်တောင်ပြန်မယ့်သူမဟုတ်တာမလို့ နောက်ဆုံးတာရာလဲ အာရုံနောက်မခံလိုတာကြောင့် သူမဘာသာသူမပဲ ဝင်အိပ်နေလိုက်တော့တာ။ ခုကျမှ.....

"ကလေးက မင်းနဲ့ အမြဲအလုပ်မှာ တနေကုန်ကြီးလိုက်နေနေရတာလား.....ပင်ပန်းတာပေါ့ကွာ"

သူမရော ကလေးရော အလုပ်သွားဖို့ပြင်ဆင်လို့ပီးပီ သူက အိမ်ထဲကနေတဖဝါးမှမခွာသေး။ မခွာတဲ့အပြင် သူမလုပ်သမျှကိုကြည့်ကာ ပါးစပ်ကလဲ ပြောနေသေးသည်။ တယောက်ထဲလုပ်ရလို့မောနေပါတယ်ဆို သူ့ရဲ့အသံကတကယ်ကို စိတ်ရှုပ်စရာကောင်းလှသည်။ ကလေးထမင်းကျွေးပီး နောက်ကျနေတာမလို့ ကိုယ်တောင်မစားတော့ဘဲ အမြန်သွားရပါတော့မယ်ဆိုတဲ့ထိ အလိုက်မသိတဲ့သူ့ကိုပြောရပေဦးမည်။

"ကျမ သွားတော့မလို့ ရှင်ဆက်နေဦးမယ်ဆို ကျမ ပြန်မလာတော့ဘူး ရှင်ဆက်နေချင်ရင် နေခဲ့"

"ကလေးက အဲ့လိုပဲ မင်းနောက်တကောက်ကောက် ဘယ်ချိန်ထိလိုက်နေရဦးမှာလဲ"

"ကျမသားနဲ့ကျမ တူတူရှိနေတာ ရှင်က ကြားကဘာဖြစ်နေရတာလဲ"

"မဟုတ်ဘူးလေကွာ.....မင်း စဥ်းစားကြည့် မင်းသာ...."

ပြောမယ့်စကားမပြောဘဲ ရပ်ကာသူမကိုကြည့်နေတဲ့သူ့ကြောင့် တာရာစိတ်ကုန်လှသည်။ သူ့စကားဆုံးတဲ့ထိနားထောင်ချင်လွန်းလို့တော့မဟုတ် သူပြောလို့ဆိုလို့ဝမှ သူမလဲအေးဆေးသွားရမှာမလို့။

"မင်းကို မေမေတို့ကလဲ ကြိုဆိုနေကြတာ မင်းသာလာရင် သူ့ရတနာဆိုင်တဆိုင်ပေးဖို့ထိ မင်းကိုမှန်းထားတာ"

"သိပ်မက်မောစရာပဲ...."

ရွဲ့ပြောလိုက်တဲ့ သူမလေသံကို သူသိပ်သိတာပေါ့။ အရာရာအပြီးမှာ သူနားလည်လိုက်တာတခုက တခြားသူတော့မသိ သူမဆိုတာက သူ့ဆီက စည်းစိမ်ချမ်းသာတွေ ဂုဏ်တွေ ငွေတွေကို တစိုးတစိမျှမက်မောသူမဟုတ်ဘူးဆိုတာကိုပဲ။

"မင်း မမက်မောလဲ ကလေးရှေ့ရေးဆိုတာက ရှိသေးတယ်လေကွာ ကလေးအတွက်ဆိုပီးတောင် နဲနဲလေး မင်းစိတ်တွေကိုမလျှော့နိုင်ဘူးလား"

"ရှင်နဲ့မဆိုင်တဲ့ကိစ္စတွေအတွက် ရှင့်တန်ဖိုးရှိတဲ့အချိန်တွေအကုန်ခံမနေစမ်းပါနဲ့....ရှင်ခုချိန်လုပ်သင့်တာက ရှင်ဘဝရှင် အေးဆေးရှေ့ဆက်ပီး ရှင့်အမေလိုချင်တဲ့ ကလေးမွေးပေးလိုက်ရုံပဲ"

"ဘာ....."

မဟာ ဒီလောက်ပြောနေတဲ့ကြားက သူ့ကို တခြားသူဆီတွန်းပို့နေတဲ့သူမကို ဒေါသစိတ်နဲ့ အော်မိအောင်ကိုအော်ဖြစ်လိုက်သေးသည်။

"ကျမအိမ်မှာလာပီး ကျမကို အော်လားဟစ်လား လာမလုပ်နဲ့ ရိုင်းရိုင်းပြောရင် လူပါးလာမဝနဲ့"

မဟာ ဒေါသထွက်နေတဲ့သူမကို ခါးထောက်လျက်ကြည့်ပီး

"မင်း ကျိန်းသေလား ကလေးအတွက်ပဲဖြစ်ဖြစ်တောင် စဥ်းစားပီး အေးဆေးနေဖို့ အရာအားလုံးအစက ပြန်စဖို့ မလုပ်ချင်ဘူးဆိုတာ"

"ပြန်စရအောင် ရပ်ခဲ့တဲ့ ဇာတ်လမ်းလဲမရှိဘူး အရင်ကလဲ ဘာမှသက်ဆိုင်ခဲ့တာမဟုတ်ဘူး....အေး.... ပတ်သတ်ခဲ့တဲ့သူဆိုရင်တောင် ခုချိန်မှာ သေလူလိုပဲ ဘာမှအရေးမပါဘူး"

မဟာ သူ့ရှေ့ကနေ ဒေါသသံစွက်ကာ ပြောနေတဲ့သူမကို ကြည့်ကာ ဘာမှပြန်မပြောမိတော့

"ထွက်သွားပါ....နောက်လဲ မလာပါနဲ့ ရှင်တို့နဲ့ ပတ်သတ်ပီး အမုန်းတရားတွေတောင်မရှိတာမလို့ ထပ်လာပီးနွယ်မနေပါနဲ့"

သူမစကားအဆုံးမှာ သူမလက်ထဲက ချီထားတဲ့ ကလေးကို တချက်ရယ်မျှသာကြည့်ပီး ခြေလှမ်းကျဲကြီးတွေနဲ့ အပြင်ကိုထွက်သွားတော့သည်။ ဝဋ်ကြွေးရှိရင်လဲ ဒီဘဝ ဒီလောက်နဲ့ပဲတော်ပါတော့။

......

မမချမ်းပြောင်းသွားပီးတော့ တာရာတို့ စိုးရိမ်တဲ့အတိုင်းဖြစ်လာပါပီ။ ကံဆိုတာ ကောင်းတဲ့ စိတ်ကူးအိပ်မက်တွေသာ ဖြစ်မလာတာသာရှိမယ် ဆိုးတဲ့မကောင်းတဲ့ စိတ်ကူးတွေကျ အမှန်တကယ်ဖြစ်လာနိုင်တာပဲမလား။ ခုလဲ အသစ်ရောက်လာတဲ့ မန်နေဂျာအမက ကလေးကို အလုပ်ခေါ်လာတာမကြိုက်ကြောင်း တာရာ့ကိုတော့ တိုက်ရိုက်မပြောပေမယ့် တဆင့်တဆင့်ကနေပြန်သိရသည်။ ဟုတ်တော့လဲ ဟုတ်ပါသည်.....သူမတို့လို စျေးရောင်းစျေးဝယ်လုပ်တဲ့နေရာမှာ ကလေးရှိနေတော့ ဘယ်အဆင်ပြေမလဲလေ အလုပ်ချိန်ဆိုတော့လဲ ကလေးနားကပ်နေလို့ကမသင့်တော်။

"ရာရာ....မရွှေရည်ခေါ်နေတယ်"

"ဟုတ်လား အင်း အင်း ခုပဲသွားလိုက်မယ်"

တာရာ ပစ္စည်းတွေစီနေရင်း နောက်ကလုံးလုံးပြောတဲ့အသံကြောင့် လုပ်စရာရှိတာအမြန်လုပ်ပီး မမရွှေရည့်ဆီကိုလာခဲ့လိုက်တော့သည်။ သူမရင်ထဲလေးနေတာတော့အမှန်ပင်။ မမရွှေရည်က မမချမ်းလောက်အသက်မကြီးပေမယ့် သူ့ဟာနဲ့သူတော့ တော်သည်ပြောရမည်။ အလုပ်လုပ်တာထောင့်စေ့သည်။ သွက်လက်ထက်မြက်သည်ပေါ့။

"မမရွှေရည် ရာရာ့ကိုခေါ်တယ်ဆိုလို့"

"ဟုတ်ပ တာရာရေ....အမလဲ ပြောစရာလေးရှိလို့"

"ဟုတ် မမပြောပါ"

တာရာ ပြောပါသာပြောလိုက်ရတာ သူမပြောမယ့်စကားတွေကိုကြိုခန့်မှန်းမိပီးသားရယ်ပါ။

"အရင် မန်နေဂျာကတော့ ဘယ်လိုလဲမသိဘူး သိပ်သဘောကောင်းတယ်လို့တော့ထင်တယ်"

"ဟုတ် မမချမ်းက သဘောကောင်းပါတယ်"

"အင်း တို့လဲကြားပီးသားပါ....ကလေးတောင် ဆိုင်ထိခေါ်လာခွင့်ပြုတယ်ဆိုတော့လေ"

"ဟုတ်....."

ပြောတော့လဲ တည့်ပြောတဲ့ မမရွှေရည့်စကားကြောင့် တာရာ ခေါင်းပဲအသာငုံ့ထားမိတော့သည်။ သူမအပူပင်ရဆုံးကိစ္စက ဖြစ်လာပီလေ။

"မမကတော့လေ အဲ့လိုဆိုင်ကို အလုပ်နဲ့မဆိုင်တာတွေသယ်လာတာမကြိုက်ဘူး....အလုပ်ခွင်ကို အလုပ်နဲ့တူစေချင်တယ်ကွာ....တာရာ့ကလေးလေးက ချစ်စရာလေးပါ... တို့လဲ တာရာ့အကြောင်းကြားထားပီးသားပါ ကိုယ်ချင်းလဲစာပါတယ် ဒါမဲ့ကွာ....."

"ဟုတ် မမရွှေရည်ပြောတာကို ရာရာ သဘောပေါက်ပါတယ်"

"အင်းပါ တာရာက ဝန်ထမ်းကောင်းပါ တို့တွေလဲ တာရာ့လို ကောင်းတဲ့ဝန်ထမ်းတွေကို ကြိုဆိုချင်တာပါပဲ"

ဆိုလိုတဲ့သဘောက ကလေးခေါ်လာမယ်ဆို သူမကို အလုပ်ထုတ်ရတော့မယ်ဆိုတဲ့ထိ စကားအလှသုံးကာပြောသွားတာပေါ့။ တာရာ လက်ထဲက ကိုင်လျက်စ ဘောပင်လေးကိုကျစ်ကျစ်ပါအောင်ဆုတ်ပီး

"ဟုတ်...မမရွှေရည် တာရာတခုခုစီစဥ်ပါမယ် ဒီတပတ်လောက်တော့ ရာရာ့ကို နားလည်ပေးပါဦးနော်....တပတ်လောက်ပါပဲ အဲ့ထက်တော့မပိုစေရပါဘူး တပတ်နေလို့မှအဆင်မပြေသေးရင် ရာရာ လစာမဲ့ခွင့်တင်ပီး အဆင်ပြေတဲ့ထိ လုပ်ပါ့မယ်မမ"

"အင်းပါ....အရင်က ကြိုးစားခဲ့တာတွေထောက်ပီး ခုလောက်အခွင့်ရေးပေးဖို့ကတော့ တို့လဲ မကပ်တွက်ချင်ပါဘူး တပတ်ထပ်တော့ မပိုစေနဲ့နော်"

"ဟုတ် စိတ်ချပါမမ"

တာရာ မမရွှေရည်ဆီက ပြန်ထွက်လာထဲက အလုပ်ထဲစိတ်ကမရှိတော့ ကလေးကို ဘယ်လိုထားခဲ့ရမလဲဆိုတာချည်းသာခေါင်းထဲ လည်နေတော့သည်။ စိတ်ချရတဲ့မူကြိုပို့ရအောင်ကလဲ ကိုယ့်ကလေးက တစ်နှစ်ပင်မပြည့်သေးတဲ့ လမ်းတောင်မလျှောက်တတ် ဒိုင်ပါပင်မလွတ်သေးတဲ့ကလေး....ကလေးထိန်းငှားဖို့ရာကလဲ ပြောမယ့်သာပြောတာ စိတ်ချသူကိုရှာဖို့ ခုခေတ်အခြေနေနဲ့က အလွန်ခက်သည်မလား....နောက်ပီး ရှာလို့ရဦးတော့ ကလေးထိန်းစားရိတ်ကလဲ သေးမှာမဟုတ်....

"မမရွှေရည်က ဘာတဲ့လဲ ရာရာ....ပြန်လာထဲက မျက်နှာလဲမကောင်းဘူး"

"အော် ထွေထွေထူးထူး မရှိပါဘူး ကလေးကို လူပေါင်းစုံနေတဲ့နေရာမှာခေါ်ခေါ်လာတော့ ရောဂါကူးမယ် ဘာမယ်ပေါ့"

"ဟင်....သူက အဲ့လို ပြောတာ...?"

"အင်း..."

"စစချင်းကဖြင့် ကောင်းကင်လေးကို မကြည်သလိုနဲ့ ကလေးကိုတော့မကြည်တာမဟုတ်ပေမယ့် အလုပ်ထဲကလေးခေါ်လာတာ ဘယ်လိုလုပ်ဖြစ်မှာလဲတွေဘာတွေပြောနေပီးတော့"

လုံးလုံးပြောတာတွေကို ထမင်းစားရင်းနားထောင်မိပီး ကိုယ့်သားကို သူများက မကြည်လင်နေတာကို သေချာကြားနေရသည်မလို့ စိတ်မကောင်း။ သူမသားကို မလိုလားတဲ့ ပတ်ဝန်းကျင်မှာ ဆက်ထားဖို့လဲ အစီစဥ်မရှိတာကြောင့် သူမတခုခုကို အမြန်ဆုံးဖြတ်ချက်ချရတော့မည်။

"အော် လုံးလုံးရယ် သူက ဆိုင်ရဲ့အကြီးဆုံးသူဆိုတော့ တခုခုဆို သူ့ခေါင်းပေါ်ကျမှာမလား သူ့အတွက်လဲ သူစိုးရိမ်လို့နေမှာပေါ့"

တာရာ အဲ့လောက်ထိ သူများကိုကာကွယ်ပြောပေးချင်စိတ်မရှိပေမယ့် ကိုယ့်သားကြောင့်ဆိုတဲ့ခေါင်းစဥ်အောက်မှာတော့ အချင်းချင်း မတည့်နေတာမျိုးတွေတော့ မဖြစ်စေချင်တာမလို့ လုံးလုံးကို သေချာရှင်းပြသလိုပြောလိုက်ရသည်။ လုံးလုံးကတော့ လူငယ်ဆန်ဆန်ပဲ သူထင်တာကို သူများပြောလို့ ပြောင်းလဲသွားမယ့်သူမျိုးမဟုတ်.....နဂိုထဲက နဲနဲတော့ အထက်စီးဆန်တဲ့ မမရွှေရည်ကို သဘောမကျ....

.....

တာရာ သားသားကို ထားသာထားခဲ့ရတာ မအေနဲ့ခွဲပီး မျက်နှာစိမ်းတွေကြားမှာနေဖူးတာမဟုတ်တော့ အာခေါင်ခြစ်ငိုပီးကျန်ခဲ့တာမှ ထွန့်ထွန့်ကိုလူးလို့.....သားသားကိုထားခဲ့ရတဲ့ အခန်းထဲကအထွက်လမ်းတလျှောက်လုံးလဲ သားသားရဲ့ငိုသံတွေ အတိုင်းသားကြားနေကာ တချက်တချက် မပီမသ ငိုရင်းတလိုက်တဲ့ မေမေ..မေမေ ဆိုတဲ့ အသံလေးတွေပါ ကြားမိသည်ဟုပင်ထင်လာသည်။

ရင်ခွင်ပိုက်တဲ့......နာမည်လေးအတိုင်းပါပဲ ရင်ခွင်မှာပိုက်ထားလို့ရတဲ့အရွယ်လေးတွေကို နေ့ပိုင်းမှာ ကြည့်ရှုစောင့်ရှောက်ပေးတဲ့နေရာ။ မူကြိုလဲမဟုတ်သလို မူကြိုအရွယ်ကလေးတွေလဲမရှိ။ ကလေးအများစုက အလုပ်တဖက်နဲ့မလို့ မအားတဲ့ မိခင်တွေ တခါတလေ ဖခင်တွေက လာထားကြတာများသည်။ ကလေးသေးသေးလေးတွေချည်းစုနေတဲ့နေရာမလို့ အော်ဟစ်ငိုယိုသံတွေက ဆူညံလွန်းလှပီး စိတ်ချမ်းမြေ့ဖွယ်တစက်မှမရှိ။ ကလေးတွေခင်မျာလဲ သူတို့မေမေတွေ ဖေဖေတွေ ဘယ်လောက်အလုပ်များလဲဆိုတာ နားလည်နိုင်ကြတဲ့ အရွယ်မဟုတ်သေးတော့ ကပ်နေကျ မိခင်ဖြစ်ဖြစ် ဖခင်ဖြစ်ဖြစ် ကပ်ချင်ကြသည်ပေါ့။ သူတို့မသိတာက သူတို့ငိုတဲ့အသံက မိခင်တွေ ဖခင်တွေအတွက်တော့ နှလုံးသားကို ဓားနဲ့ မွှန်းနေသလိုပါပဲ....ဘယ်လိုမှတင်းခံနိုင်စွမ်းမရှိ။ တာရာကိုယ်တိုင်ပင် မျက်ရည်နဲ့မျက်ခွက်။ ရွေးချယ်စရာမရှိလို့ နောက်ဆုံး လုံခြုံရင်ပီးတာပါပဲလေဆိုပီး သူမထားသာထားခဲ့ရတာ သူမရင်တွေ အစိမ်းလိုက်ခွဲခံနေရသလိုပဲ နာကျင်စူးရှနေသည်။ မနက်လာထား ညနေလာပြန်ခေါ်ရမှာဆိုပေမယ့် အဲ့ညနေကိုရောက်ဖို့က လွန်စွာကိုကြာမြင့်သည်ထင်ရသည်။ နာရီတွေပင်လည်တာနှေးနေလားလို့ သံသယဝင်မိသည်အထိ။ တာရာ ငိုလျက် ထိုအဆောက်အအုံထဲမှ ပြေးထွက်လာရင်း အပြင်တနေရာရောက်တော့ ထိုအဆောက်အအုံကို မနေနိုင်မထိုင်နိုင်နဲ့ ပြန်လှည့်ကြည့်မိသေးသည်။ သူမသားလေးက အဲ့ထဲမှာ တစိမ်းတွေကြား သူမကိုများရှာနေမလား သူမကို တောင့်တကာခေါ်နေမလား သတိရနေမလားဆိုတဲ့ အတွေးတွေက သူမအရှင်လတ်လတ်နဲ့ငရဲကျနေသလိုပင်။ ခရစ်ယာန်သီလရှင်ကြီးတဦးက ဦးစီးဖွင့်ထားတဲ့ ထိုရင်ခွင်ပိုက်ဆိုတဲ့နေရာလေးက တကယ့်ကို ကလေးတွေအတွက် လုံခြုံစိတ်ချရတဲ့နေရာလေးဆိုတာတော့ သူမယုံကြည်လို့ရသည်အထိ သေချာစုံစမ်းခဲ့တာပဲမလား။

အလုပ်လာရာလမ်းတလျှောက်လဲ တလမ်းလုံးငိုလာတာမလို့ လူတွေက ကွက်ကြည့်ကွက်ကြည့်နဲ့....ဒါတွေကိုလဲ သူမရှက်ရကောင်းမှန်းသိဖို့နေနေသာသာ သတိပင်မထားနိုင်လောက်အောင် ရင်ထဲနာကျင်နေသည်။ အလုပ်ကိုရောက်တော့လဲ အလုပ်ထဲမလို့ ငိုယိုတော့မနေပေမယ့် တနေကုန် မျက်ရည်အဝဲသားနဲ့ မှိုင်တွေနေမိသည်။ စားချင်စိတ်လဲမရှိ...အလုပ်တောင် ငွေရမှဖြစ်မယ်ဆိုတဲ့စိတ်နဲ့ တင်းခံပီး လုပ်နေရတာ....သူမသာ စိတ်ကို တစ်ထစ်လောက်လျှောချလိုက်ရင် တန်းကို ပုံလဲသွားတော့မှာသိသည်။ အရင်က သားလေးက ကိုယ့်မျက်စိအောက်မှာရှိပီး အေးအေးချမ်းချမ်းအလုပ်လုပ်ခဲ့ရတာကို တမ်းတမိသည်။

"ရာရာ....ခနသွားနားလိုက်ပါလား"

ဘေးက လုံးလုံးလာကပ်ပြောတဲ့စကားကိုလဲ ပြန်မပြောနိုင် လည်ချောင်းထဲတစ်ဆို့နေသည်မလို့ တခုခုပြန်ပြောမိရင် ငိုချမိတော့မှာစိုးတာကြောင့် ခေါင်းပဲအသာယမ်းပြကာ ဖုန်သုတ်စရာရှိတဲ့ပစ္စည်းတွေကိုသာ ဆက်သုတ်နေမိတော့သည်။

"ရာရာရယ်....လုံးတောင် ခံစားရတာ ရာရာ့ကိုနားလည်တယ် ငိုချင်ငိုချပစ်လိုက် တင်းထားမနေနဲ့ ဟိုရွှေရည်မ လာပြောတော့လဲ သူ့ကြောင့်ဖြစ်တာ ဒီလောက်ထိတော့လိုက်မပြောနဲ့လို့"

ဘေးက လုံးလုံးပြောတာတွေကို တာရာနားထဲသေချာကြားပေမယ့် ကိုယ့်အဖြစ်နဲ့ကိုယ်မလို့ ပြန်မပြောနိုင်.....

"ရာရာ....."

အနည်းငယ်ကျယ်လောင်တဲ့အသံနဲ့ခေါ်ပီး သူမပုခုံးတွေကနေကိုင်ကာ သူ့ဘက်ကို ဆွဲလှည့်လိုက်တဲ့ လုံးလုံးကြောင့် သူမရဲ့ မျက်ဝန်းထဲမှာ ခိုဥနေတဲ့ မျက်ရည်ပေါက်ကြီးကြီးတွေက ဖောက်ခနဲလွင့်စင်ကျသွားသည်။

"ငိုချင်ငိုချလိုက်....ဘာမှမဖြစ်ဘူး လာပြောရင် တက်ခွသတ်ပေးမယ် တကယ်"

သူမဘက်ကနေ မခံမရပ်နိုင်ဖြစ်ကာပြောနေတဲ့ လုံးလုံးကို တာရာသေချာကြည့်ကာ ငိုသံစွက်နေတဲ့ အသံမာမာနဲ့.....

"ဒါ တရက် နှစ်ရက်နဲ့ ပီးသွားမယ့်​ ကိစ္စမဟုတ်ဘူး လုံးလုံး....ဒီလောက်လေးတောင်မှ တောင့်မခံနိုင်ရင် ဒီကလေးကို ရှေ့ဆက်တာဝန်ယူနိုင်မယ်ဆိုတာ ကိုယ့်ကိုယ်ကို သံသယဖြစ်လာမိလိမ့်မယ်.....အသားမကျသေးလို့ပါ နောက်ကျအဆင်ပြေသွားမှာပါ"

"ရာရာ....."

" လုံးလုံးလဲ လုပ်စရာရှိတာ လုပ်တော့နော် ပီးကျ စာရင်းတွေတိုက်ရဦးမှာ တူတူလုပ်ကြမယ်"

သူတို့ကသာ မခံမရပ်နိုင်တွေဖြစ်နေကြတာ အေးဆေးတည်ငြိမ်နေတဲ့ တာရာ့ကိုကြည့်ပီး အားမရ။ ကလေးလေးတယောက်ပါလာလို့လဲ ဘာမှထိခိုက်သွားတာလဲမဟုတ်ပါပဲနဲ့ တမင်ညစ်ပီး ကလေးကို မခေါ်လာခိုင်းတာနေမှာ.....စောင်ဘွားတော် သူမအေဖြစ်မှ ဝဋ်ကောင်းကောင်းလည်လိမ့်မည်။ တာရာ သူမသားကို ဘယ်လောက်ချစ်သလဲ သူတို့အသိဆုံးမလို့ ခုလိုအချိန်မှာ သူမရင်ထဲ ဘယ်လောက်ထိခိုက်ခံစားနေရမလဲ တွေးကြည့်နိုင်သည်။ ဒါတောင် ခံစားချက်တွေ ဝမ်းနည်းမှုတွေကို အတင်းကျိတ်မှိတ် မျိုသိပ်ကာ လုပ်စရာရှိတာ လုပ်နေတဲ့တာရာ့ကိုမြင်ရတဲ့ တခြားသူတွေအဖို့ တကယ်ကို စိတ်မချမ်းမြေ့စရာပင်။ မေ့လဲသွားမှာစိုးလို့ တောက်လျှောက်ကြည့်နေတာ သူမကတော့ ခံစားချက်တွေချိုးနှိမ်ပီး သူမလုပ်စရာရှိတာကို အတတ်နိုင်ဆုံး တည်တည်ငြိမ်ငြိမ်နဲ့လုပ်နေနိုင်သည်။ လုံးလုံးဆိုတဲ့ သူမကတော့ တာရာ့လို မနေနိုင်တာမလို့ ဟိုဘွားတော်ကို အခါခွင့်သင့်ရင် တပွဲနွှဲဖို့ချောင်းနေမိသည်။

တနေကုန် စိတ်ထဲဝမ်းနည်းနာကျင်စိတ်ကလွဲလို့ ဘာမှမရှိဘဲ နာရီကိုသာ အချိန်တိုင်းကြည့်နေမိသည်။ ကလေးကြောင့် ညပိုင်းအထိအလုပ်မလုပ်တော့ဘူးဟုဆိုကာ ညနေပိုင်းအထိပဲယူထားလိုက်သည်။ ညနေအလုပ်ဆင်းမှ သားကို သွားပြန်ခေါ်နိုင်မည်မလား... ဝေးနေရတာ ခနတာ ဆိုပေမယ့် သူမအတွက်တော့ ကြာလွန်းလှသည်။ သူမကလေးအဆင်မှပြေပါ့မလားဆိုတဲ့စိတ်ကလဲ သူမကို တနေကုန်တနေကမ်းကို ပူပင်သောကများစွာရောက်စေသည်။

တနေကုန်ပင်ပန်းဆင်းရဲစွာ ဖြတ်သန်းပီးတော့ နောက်ဆုံး သူမမျှော်နေတဲ့ ညနေအလုပ်ဆင်းချိန်ကိုရောက်လာတော့သည်။ တာရာ ဟန်ပင်မဆောင်နိုင်တော့ဘဲ လုပ်လက်စအလုပ်တွေအကုန်ပစ်ကာ သူမသားဆီကို အလောသုံးဆယ်သွားမိသည်။

တာရာ ရောက်တော့ ဆရာမတစ်ဦးက သူမသားကို အခန်းတခုထဲကနေ အပြင်ကို ချီလာသည်။ သူမကိုမတွေ့မချင်းတော့ ကလေးက ဒီလိုလေးပဲ ငြိမ်ငြိမ်လေးလိုက်လာရှာပေမယ့် သူမကို မြင်မြင်ချင်းမှာပင် သူမရှိရာဘက်ကို လက်ကလေးလှမ်းကာ စူးစူးဝါးဝါးကို အော်ငိုတော့သည်။ တာရာ ရှက်လဲမရှက်နိုင်တော့....လက်ထဲက အိတ်ကိုပစ်ချကာ ကလေးသူမအနားထိရောက်တာကိုပင်မစောင့်နိုင်ဘဲ အပြေးသွားမိသည်။ ချက်ချင်းပဲ ကလေးကို ဆရာမလက်ထဲမှ ဆွဲယူချီပီး သားအမိနှစ်ယောက် ဖက်ပါငိုတော့သည်။

"မေ....မေ...."

ငိုရင်းနဲ့ ဗလုံးဗထွေးကြားလိုက်ရတဲ့ အသံကြောင့် သူမနားသူမပင်မယုံနိုင်အောင်ဖြစ်လို့သွားသည်။ ဟုတ်ပါရဲ့....သူမကို သားလေးက မေမေလို့ခေါ်လိုက်တာ....ဒီရက်ပိုင်း တာရာ သားလေးကို မေမေလို့ခေါ်ဖို့ သင်ပေးနေတာ မနက်ကအထိမခေါ်သေး....ဒါ...ဒါဆို မနက်က သူမထားခဲ့တုံးက လျှောက်လမ်းပေါ်ကနေ ကြားလိုက်ရတဲ့အသံက အမှန်တကယ်ပဲ သားလေးက သူမကို တ ပီး ခေါ်လိုက်တာပေါ့....ကလေးရယ် မအေမရှိတဲ့ပတ်ဝန်းကျင်မှာ ဘယ်လောက်တောင်များကြောက်နေရှာလိုက်မလဲ။ ဘယ်လောက်တောင် သူမကိုတွေ့ချင်လွန်းနေ လွမ်းနေခဲ့မလဲမသိ.....မေမေ သားကို ပြန်လာခေါ်ပါလို့များ စိတ်ထဲကနေ တနေကုန်တောင့်တနေခဲ့မလားကွယ်....ရင်တွေနာလိုက်ရတာ။

......

"သားရေ...ဘယ်သူပါလာလဲ ကြည့်ပါဦး"

မြူးထူးနေတဲ့ အသံနဲ့ သူ့ရုံးခန်းထဲကိုဝင်လာတဲ့မာမီ့ကြောင့် သူခေါင်းမော့အကြည့် မြင်လိုက်ရတဲ့ အရာကြောင့် နားနပန်းတွေပင်ကြီးသွားသည်။ မြင်လိုက်ရတာက အရာတော့မဟုတ်....လူ လူ.....

"မာမီ...ဘယ်က သွားခေါ်လာတာလဲ သူအမေသိရင် ပြသနာတွေတတ်ကုန်တော့မှာပဲ မာမီရယ်"

"မတတ်ပါဘူး မသိအောင်ခေါ်လာတာ"

ဟုတ်ပ မာမီ့လက်ပေါ်မှာ ငြိမ်ပီးလိုက်လာတဲ့ အကောင်ပေါက်ကလေး .... သူ့မြင်တော့ အောက်သွား ငုတ်စိလေးနှစ်ချောင်းပြူးနေအောင်ပေါ်တဲ့ထိ ပြုံးပြသည်။

"ဟာ....မင်းက သွားတွေဘာတေပေါက်နေပီလားကွ ဟင်"

ခုနကတော့ စိုးရိမ်သလိုနဲ့ပြောနေတဲ့သား ခုတော့ သူ့သားအပြုံးတွေမြင်တာနဲ့ ဖခင်ဆိုတဲ့ ဗီဇကပေါ်လာကာ စတင်ချော့မြှူတော့သည်။

"မာမီ....."

အတန်ကြာအောင် ထိုင်ကာ ချော့မြှူရင်းမှ သားရဲ့ရုတ်တရက်ခေါ်လိုက်တဲ့အသံကြောင့် ဒေါ်နန်းဒေဝီမော့ကြည့်တော့ သားက တခုခုကိုတွေးနေတဲ့ဟန်နဲ့ သူမကို စိုက်ကြည့်နေသည်။

"အင်း သားပြောလေ"

"ကလေးက ဘယ်က ခေါ်လာတာလဲ"

"အော်......ဒီမနက်ပဲ တာရာက ကလေးကို ရင်ခွင်ပိုက်ပို့လိုက်တယ်လေသားရယ် ဒီမနက်မျိစပို့တာတော့မဟုတ်ဘူး မနေ့စပို့သွားတာ။ သူလဲရွေးချယ်စရာမရှိတော့လို့နေမယ်....."

"ရင်ခွင်ပိုက်....?"

မဟာ တခါမှမကြားဖူးတဲ့ နာမည်မလို့ မာမီ့ကိုသေချာပြန်မေးတော့

"အင်း ဟုတ်တယ် သား ဗိုလ်ချုပ်လမ်းပေါ်က အဝိုင်းမရောက်ခင်မှာ Church ကျောင်းတကျောင်းရှိတယ်လေ အဲ့ church ကျောင်းဝင်းထဲမှာ ရင်ခွင်ပိုက်ဆိုတဲ့နေရာရှိတယ်....နေ့ကလေးထိန်းစင်တာသဘောပေါ့သားရယ်...မအားတဲ့မိဘတွေက သူတိူ့ကလေးတွေကို အိမ်မှာစိတ်ချရတဲ့သူမရှိရင် အဲ့ပို့ကြတာများတယ်"

"ဒီလောက်ငယ်ငယ်လေးတွေကိုလား"

"အင်း ဟုတ်တယ်သား နာမည်ကိုက ရင်ခွင်ပိုက်ပါဆို ၃ လလောက်ထဲစသွားထားလို့ရတယ် မူကြိုလိုဟာတော့မဟုတ်ဘူး"

သူ့သားကို မျက်စိအောက်က အပျောက်မခံတဲ့သူမ ဘယ်လိုစိတ်နဲ့များ ထားခဲ့သလဲမသိ။ လူရှေ့သူရှေ့မငိုလဲ သူလဲတနေရာမှာ ဂျောင်ကပ်ပီးငိုနေလောက်သည်။ ပြည့်စုံတဲ့ အဘိုးအဘွား နောက်ဆုံး ဖအေအရင်းရှိပါရက်နဲ့ ဆွေမရှိမျိုးမရှိလို ကလေးကို သူများတွေလက်ထဲ တနေကုန်အပ်ခဲ့တာတော့ သူစိတ်တိုမိသည်။

"မာမီက ဘယ်က ဘယ်လိုသိတာလဲ"

"ကလေးကိုလား....ရင်ခွင်ပိုက်အကြောင်းလား"

"ကလေးက အဲ့မှာရောက်နေတာကိုပေါ့"

"အော်.....သားရယ် သားက သွားမတွေ့နဲ့ဆိုတာနဲ့ မာမီ့မြေးအကြောင်း မျက်နှာလွှဲခဲပစ်ထားတယ်ထင်လို့လား....တောက်လျှောက်စုံစမ်းနေတာ သားတောင် အဲ့အိမ် တည သွားအိပ်တာသိသေးတယ် ဟင်း ဟင်း"

မာမီ့စကားကြောင့် မဟာ ဘာပြောရမှန်းမသိ ခေါင်းနောက်ကိုသာ လက်ဖြင့်သပ်နေမိတော့သည်။ တကယ်ကိုမလွယ်တဲ့မာမီ

"အဲ့တာကလဲ မာမီရယ်......"

သူ့စကားပင်မဆုံးသေး လက်ကာပြလိုက်တဲ့မာမီ

"အဲ့တာ သားတို့ကိစ္စပါ မာမီ ဘာမှဝင်မစွက်ဖက်ဘူး မာမီ့အတွက်က သားတို့မြန်မြန်အဆင်ပြေလေ မာမီ့မြေးနဲ့ မြန်မြန်နီးလေမလို့ ​ကြိုက်တယ်"

ထင်ရာစွတ်​ပြောနေတဲ့မာမီ့ကို သူဘယ်လိုပြောပြရမှန်းမသိ....ဟိုကလေးမ အဲ့နေ့က သူ့ကိုပြောတာတွေသာကြားရင် မာမီအတော်ဝမ်းနည်းနေမှာ။

"လာပါဦး ဖေ့သားက"

သူ ပထမဆုံးအကြိမ်အဖြစ် သူ့ကိုယ်သူ ဒီကလေးရဲ့အဖေအဖြစ် သုံးနှုန်းလိုက်ခြင်းပင်။ စိတ်ထဲက ပြောမယ်ဆိုပီးပြောခဲ့တာမဟုတ်ဘဲ ဒီတိုင်း လွှတ်ခနဲထွက်သွားသည်မလို့ မာမီ့ရှေ့ကျ မျက်နှာပူရသေးသည်။ ဒါကိုရိပ်မိပုံရတဲ့မာမီက

"သားသားရေ ခေါ်လိုက်ပါဦး ဖေဖေ လို့"

မာမီက ခေါ်ခိုင်းနေပေမယ့်လဲ ကလေးက စကားဘယ်ပြောတတ်ဦးမလဲဆိုပီး သူသိပ်ပီး မျှော်လင့်မထားခဲ့....ကလေးတွေ ဘယ်ချိန်စကားပြောတတ်လဲမသိသည့်အပြင် ဒီအကောင်ပေါက် စကားပြောနေပီလားလဲမသိ

"ခေါ်လေ သားသားရဲ့ ဟိုမှာ ဖေဖေက အခေါ်ခံချင်လို့စောင့်နေတာ"

"အာ....မာမီရယ် နေပါစေ ကလေးက စကားမပြောတတ်သေးဘူးနေမယ်..."

"ဖေ...ဖေ..."

"ဟင်...."

" တွေ့လား တွေ့လား သား...ကလေးက ဥာဏ်သိပ်ကောင်းတာ တန်းခေါ်တတ်တယ် တွေ့လား"

သူကသာ ကလေးကို ဖိအားပေးနေသလိုဖြစ်နေမှာစိုးလို့ စိတ်လျှော့ထားတာ ဘာရယ်မဟုတ် အခေါ်တော့ ခံချင်မိသည်။ ခုတော့ ရုတ်တရက် မပီကလာ ပီကလာထခေါ်လိုက်တဲ့ အကောင်ပေါက်လေးအသံကြောင့် သူ့ရင်ခေါင်းထဲ ပျော်ရွှင်မှုတွေလှိုက်တက်လာကာ မျက်ရည်များပင်ဝဲလာတော့သည်။

မာမီကော သူကော နှစ်ယောက်စလုံး ကလေးနဲ့တနေကုန် ကစားသည် ကလေးကို အစားအစာကျွေးသည်။ ဘာအလုပ်မှလဲမလုပ်....မာမီကတော့ နောက်ရက်တွေပါ ကလေးကို ဟိုငတိမ မသိအောင်သွားခေါ်ဖို့ စီစဥ်ထားပီးနေပီ....ချက်ချင်းပဲ ကလေးထိန်းငှားရတာနဲ့ ကလေးပစ္စည်းတွေအဝယ်လွှတ်ရတာနဲ့။

"မာမီ....ကလေးကို ဘယ်လိုခေါ်လာတာလဲ... ပြောချင်တာမာမီရယ် အဲ့လိုနေရာက ခုလို အဘွားပါလို့ပြောတိုင်း လက်လွတ်စပယ် ကလေးကို တနေကုန်တနေကမ်း မအေ မသိအောင်ထည့်ပေးလိုက်တဲ့နေရာမှမဟုတ်နိုင်တာ"

သူ့ရုတ်တရက်အမေးကြောင့် မာမီ သူ့ကိုမကြည့်ဘဲ ကလေးကိုပဲ ဟိုလုပ်ပေး ဒီလုပ်ပေးနဲ့ရှောင်နေသည်။ အဲ့လိုလုပ်မှ သူပိုပူလာတော့သည်။

"မာမီ သားကိုပြော ဘာတွေလုပ်ထားတာလဲ"

သူ မာမီ့အတွက်စိုးရိမ်ပီး မာမီ့ပုခုံးကို အသာကိုင်ပုတ်မေးမှ

"မာမီလဲ ပြောတာပဲ ဒီကလေးက မာမီ့မြေးပါလို့ သူတို့က မယုံဘူးလေ"

"အင်းလေ ဘယ်ယုံမလဲ မာမီရယ်"

"အာ့နဲ့ပဲ...."

"အင်း အာ့နဲ့ မာမီဘာပြောလိုက်လဲ ဘာလုပ်လိုက်လဲ"

"မာမီ့မြေးကို မခေါ်ရရင် သူတို့ကိုပြသနာအကြီးကြီးရှာမှာလို့ပြောခဲ့တယ်"

"ဟာ....မာမီ သူများကို သွားချိန်းချောက်လာခဲ့တာပေါ့"

" သူတို့က ပေးမှမခေါ်တာ သားရယ်"

"ဒါသူတို့စည်းကမ်းလေ မာမီရယ်.....ခုသွားချိန်းခြောက်တာ သာမန်လူလဲမဟုတ်ဘူး ခရစ်ယာန်သီလရှင်တွေနော် ပြသနာတွေတော့ ကြီးကုန်တော့မှာပဲ မာမီရာ"

" မာမီလဲ ပြန်တောင်းပန်မှာပါ အဲ့ရင်ခွင်ပိုက်အတွက်လဲ ရန်ပုံငွေတွေ မ တည်ဖို့ ချက်ချင်းလုပ်ခိုင်းပီးသား....လူကိုယ်တိုင်လဲ သွားတောင်းပန်မှာပါ သူတို့က မေတ္တာတရားနဲ့လူတွေကို ဆက်ဆံကြတာပါ ပြသနာမကြီးလောက်ပါဘူး"

အမလေး မာမီရယ်.....သူ့ဘာသာသူလုပ်ပီး သူ့ဘာသာသူကြိတ်ဖြေရှင်းသေးတာ...ထင်တော့ထင်သား အဲ့လောက်တော့ ကလေးကို အပြင်ခေါ်လာဖို့ကိစ္စက လွယ်ကူမနေပါဘူးလို့။ မာမီ့ကိုလဲအပြစ်မတင်ချင်...သူ့မလဲ မြေးဇောနဲ့ လုပ်မိလုပ်ရာတွေ လျှောက်လုပ်နေတော့တာကိုးးးး။ သီလရှင်တွေကိစ္စက မာမီပြောသလို ကိုယ်တိုင်ကိုယ်ကျ သေချာဝန်ချတောင်းပန်ပီး ရှင်းလို့ရသည်။ မရနိုင်တာက ကလေးအမေ ငတိမ။ ဟိုကမှ သူ့သားကို မျက်စိအောက်က အပျောက်မခံတဲ့ ဆတ်ဆတ်ထိမခံတဲ့ သူပါဆို မာမီက ရအောင်သွားခေါ်လာသေးသည်..... ခေါင်းကြိမ်းရသည်အဲ့အတွက်လဲ။

PS. ရင်ခွင်ပိုက်ဆိုတာ ခုတော့မသိပေမယ့် ၂၀၀၀ ခုနှစ်မပြည့်ခင်ကထိတော့ အတော့်ကို လူသိများတဲ့နေရာပါ။ အပေါ်မှာရှင်းပြထားသလိုပဲ နေ့ကလေးထိန်းစင်တာသဘောပေါ့.....ဘာလို့သေချာသိလဲဆို ကျမကို မေမေက ၃ လသားလောက်ထဲက ရင်ခွင်ပိုက်ပို့ထားခဲ့လို့ပါ။ working mom ဖြစ်နေပီး တခြားမိသားစုကိစ္စတွေရှိလို့ ရွေးချယ်စရာမရှိတဲ့အဆုံး ပို့ထားခဲ့ရတာပါတဲ့....အဲ့တုံးက ကျမကော ကျမမေမေကော ငိုလိုက်ရသေးတာတဲ့ 😁

Fortsätt läs

Du kommer också att gilla

6.3K 734 42
သစ်လွင်သောဆူး "ဒီမှာ...ရှင် လူကြီး လူကောင်း မဟုတ်ဘူးလား...ညီမနဲ့ လက်ထပ်ထားပြီး သူ့အစ်မကို ကိုယ်အစ်မလို သဘောထားရမှာ မသိဘူးလား.." "မသိဘူး..." "ရှင်..ဘာ...
603K 44.6K 46
မင်ရန်ရှင်း💓ဝမ်ယွမ် {ဝမ်ယင်}
13.4K 195 17
စာရေးသူ စပြီးရေးဖြစ်တဲ့ normal Fic လေး ပါ။ အိမ်နီးနားချင်း အတူတူ ကြီးပြင်းလာကြတဲ့ မမနဲ့ မောင်လေး ဇာတ်လမ်းလေးပါ။နှစ်ယောက်လုံးက တဦးတည်းသော သားနှင့် တဦး...