Light-Years Away

By HuangnamiKim

145K 15.3K 2.8K

ချစ်ခြင်းမေတ္တာဟာ ဘဝပေါင်းများစွာဆောက်တည်ယူလာရတဲ့ ရေစက်ကြောင့်တဲ့။ သေးငယ်တဲ့ဖြစ်တည်မှုနဲ့ လူသားတစ်ယောက်က ဘယ်လ... More

Prologue
1 - WR 102
3 - KIC 9832227
4 - Sagittarius A
5 - 13430 Pluto
6 - Sirius A
7 - Chicxulub Crater
8 - Planet X
9 - Vostok 1
10 - Titan (Moon)
11 - Apollo 13
12 - Voyager 1
13 - Vega (Star)
14 - TON 618
15 - Phoenix A
16 - Saturn V (1969)
17 - Apollo 11
18 - Leonids (Meteor Shower)
19 - James Webb (telescope)
Character Arts
20 - Interstellar Space
21 - Meteoriods
22 - c
23 - Antimatter
24 - Milkyway Galaxy
25 - Visible Spectrum
26 - Tidal Force
27 - Polaris
28 - Lunar
Surprise Gift - We Chose to Go to the Moon
29 - Solar Storm
30 - Star Wars
31 : 2001 - Space Odyssey
32 : Fifth Dimension
33 - Big Bang
34 - Gamma-Ray Burst
35 - Event Horizon
36 - Cosmos
အဆုံး - အလင်းနှစ်များရဲ့အဝေး (Light-Years Away)

2 - SWEEPS-11

3.9K 465 52
By HuangnamiKim

#LightYearsAway #2 

ဦးစားပေးတက္ကသိုလ်တွင် ဆေးတက္ကသိုလ် ၁၊ ရန်ကုန် ဟု ဖြည့်ရေးထားသော မေမေ့လက်ရေးကို ကြည့်၍ကြည်သာ ခေါင်းခါပြီး ခြစ်ချလိုက်သည်။ မေမေ့ကို နားမလည်၍ မဟုတ်၊ မိသားစုမျိုးရိုးထဲတွင် ဆရာဝန် မရှိ၍ ဆရာဝန်မက်မောသည်ကိုသိပါသည်။ သို့သော် ကြည်သာအေးမြက ဒေါက်တာကြည်သာအေးမြ ဖြစ်လျှင်ပင် ထိုဒေါက်တာဘွဲ့သည် ဇီဝရူပဗေဒ ဘာသာရပ်အတွက်သာဖြစ်ပါလိမ့်မည်။ မေမေ့ စိတ်တိုင်းကျ နေထိုင်လာပြီးသည့်နောက် အောင်စာရင်းထွက်ချိန်တွင် တက္ကသိုလ်အတွက် ကြည်သာ စဉ်းစားပြီးသား ဖြစ်သည်။ ပြဿနာက ကုန်ကျစရိတ်ကိစ္စပင်။ ဆရာဝန်ပညာရေးထက် ပိုကုန်ကျမည့် ရူပဗေဒကို လူကြီး တွေက နားမလည်နိုင်ပါ။

"တောက်။ ဒါ ဟိုကောင့်ကြောင့်ပဲ"

ဘောပင်ကိုထက်ပိုင်းချိုးပစ်လိုက်ပြီး ပစ်ပေါက်လိုက်မိသည်။ အမှန်တွင် သူ ခက်ခက်ခဲခဲတောင်းဆိုခဲ့ပြီး မေမေကလည်း ရူပဗေဒကို နိုင်ငံခြားတွင်တက်ရောက်နိုင်မည့် ပညာသင်ဆုလျှောက်ရန် ခေါင်းညိတ်ခဲ့ပြီး ပြီ။ ထိုပညာသင်ဆုအတွက် ပြင်ဆင်မှုကို ဆရာမများက ကူညီပေးသဖြင့် ကြည်သာ ရနိုင်မည်ဟုထင်ခဲ့ သော်လည်း တစ်နိုင်ငံလျှင် တစ်ယောက်သာ ပေးသောဆုကို ဝေယံခ က ယူသွားခဲ့လေသည်။ ရူပဗေဒ နယ်ပယ်တွင် နာမည်အကျော်ဆုံးပညာသင်ဆုဖြစ်ပြီး ယူသည့်အထူးပြုဗေဒအလိုက် အလုပ်သင်အခွင့် အရေးပါ ရရှိမည့် ထိုပညာသင်ဆုသည် ယခုအခါ ဝေယံခ အတွက်ဖြစ်သွားခဲ့ပြီ။ ထိုဆုကို လျှောက်သူနည်း ပြီး ရကိုရမည်ဟု အပိုင်တွက်ထားမိသော ကြည်သာ့မှာ တခြားသော အစားထိုး အစီအစဉ်မရှိခဲ့သဖြင့် ဆောက်တည်ရာမရဖြစ်ရသည်။ မေမေကတော့ ဆေးတက္ကသိုလ်သာတက်ရန် တိုက်တွန်းနေလေသည်။

ကြည်သာ အခန်းထဲမှထွက်လိုက်ပြီး အပေါ်သို့တစ်ချက်ဝေ့ကြည့်လိုက်သည်။ ဆုပေးပွဲပြီးကတည်းကဆို လျှင် ချမ်းငြိမ်းနှင့် မျက်နှာချင်းဆိုင်မဖြစ်တာ လပိုင်းမျှပင်ရှိမည်။ လွမ်းသည်ကို ကိုယ်သာအသိဆုံးဖြစ် သော်လည်း ချမ်းငြိမ်းကိုရှောင်နေခဲ့သကဲ့သို့ ချမ်းငြိမ်းကလည်း ရှိမနေခဲ့ပါပေ။

"မေမေ.. သမီး ဒီနားစာအုပ်သွားငှားဦးမယ်"

ထိုမျှသာအော်ခဲ့ပြီး ကြည်သာ အင်တာနက်ကဖေးဆိုင်သို့ ထွက်လာခဲ့သည်။ အိမ်မှာ ဖေဖေ့လက်ထက်က ကျန်သော ကွန်ပျူတာ အဟောင်းတစ်လုံးရှိသော်လည်း ဘာမှသိပ်သုံးမရပါ။ ထို့ပြင် အိမ်မှာကလည်း လိုင်းချိတ်ဖို့ခက်သဖြင့် အင်တာနက်ကဖေးများသာ အားကိုးရသည်။ အင်တာနက်မှနေ၍ ပညာသင်ဆု များရှာရမည်ဖြစ်သော်လည်း ထိုကိစ္စက လွယ်တော့မလွယ်ပါ။ ဆိုင်ထဲဝင်သွားတော့ ဂိမ်းဆော့နေသော ကောင်လေးများနှင့် တိုးသော်လည်း ကြည်သာ ဂရုမစိုက်ဘဲ စက်တစ်လုံးတွင်ထိုင်လိုက်သည်။

"ကြည်သာ.."

ထိုအသံကိုကြားရတော့ ကြည်သာ ချက်ချင်းငိုချင်သွား၏။ ဘေးမှာလာရပ်နေသူက ချမ်းငြိမ်း။

"နင် ဒီမှာရောက်နေတာလား"

ချမ်းငြိမ်းက ပြဿနာဖြစ်ပြီးကတည်းက အိမ်မှာသိပ်မနေတော့ဘဲ ညအိပ်ချိန်လောက်သာပြန်လာသည် ဟု သိရသည်။

"ကြည်သာ အင်တာနက်တသီးတသန့်သုံးစရာရှိလား"

"ဘာကိုပြောတာလဲ"

"ကိုယ်ပြောတာက ချက်တင်လုပ်တာမျိုး၊ စကားပြောတာမျိုးလုပ်ဖို့ရှိရင် ကိုယ် နောက်မှလာပြောမလို့ပါ"

ကြည်သာ နှုတ်ခမ်းဖိကိုက်လိုက်မိသည်။

"နင်ဘယ်လိုအစ်ကိုလဲ ချမ်းငြိမ်း"

"ကြည်သာအေးမြ ကိုစိတ်ပူတဲ့ အစ်ကိုဖြစ်လိမ့်မယ်"

"စိတ်ပူရင် တားလေ"

"ကြည်သာ့ အချိန်ခဏယူချင်တယ်။ ရလား"

"အား.. နင် တကယ်ဘယ်လိုလူလဲ ချမ်းငြိမ်းရယ်။ မသိဘူး ဒီကထွက်ကြစို့။ ငါ ဗိုက်ဆာပြီ။ နင်ပြောချင် တာကို တစ်ခုခုစားရင်းပြောတော့"

ချမ်းငြိမ်းက ခေါင်းတစ်ချက်ညိတ်ပြီး တခြားစက်တစ်ခုတွင်တင်ထားသော ကျောပိုးအိတ်ကိုသွားယူသည်။

ကြည်သာက စက်မသုံးဘဲ ပြန်ထွက်သော်လည်း ဆိုင်ရှင်က အသိဖြစ်နေ၍ ဘာမှမပြောပါ။ ထို့ပြင် ဆိုင်ရှင်က ချမ်းငြိမ်းကို လေးစားသူလည်းဖြစ်သေး၏။ ချမ်းငြိမ်းအသက်နှင့်တွက်လျှင် လေးစားခံရသည် ဆိုသည်က ကြီးကျယ်လွန်းသော်လည်း ကြည်သာနားလည်သည်။

"ကြည်သာ.. ဘာဂါကြိုက်တယ်မဟုတ်လား။ သွားစားချင်လား"

"အင်း"

ချမ်းငြိမ်းက စကားဆက်မပြောတော့သော်လည်း ကြည်သာ့ဘေးတွင် ခပ်မှန်မှန်လိုက်လာသည်။ လမ်းကူး ဖို့လိုအပ်လျှင် ကြည်သာ့လက်ကိုဆွဲကာ အေးအေးဆေးဆေးဖြတ်ကူးသွားသည်။ လူတွေမှာ နားလည်ရ ခက်တဲ့ အမြွှာအစ်ကိုတစ်ယောက်ရှိလျှင် ကြည်သာ့လိုပဲဖြစ်နေကြမည်လား။

ဘာဂါဆိုင်ရောက်တော့ ကြည်သာ စိတ်နည်းနည်းပျော်သွားပါသည်။ ဖေဖေနှင့်အတူလာနေကြဆိုင်ပဲ။ မုန့်မှာထားတုန်း ကြည်သာ့ကို ပြောစရာရှိသည်ဟု ဆိုကာ ချမ်းငြိမ်းက အိတ်ထဲမှ ဖိုင်တစ်ထပ်ကြီးထုတ် လာ၏။

"ဘာတွေလဲ အဲဒါ"

"ကြည်သာ့အတွက် Physics Scholarship တွေ။ ကြည်သာကြည့်လို့ရအောင်ပါ"

ကြည်သာ ဆွံ့အသွားမိသည်။ လှန်လှောကြည့်တော့ နည်းနည်းနောနောလား။ ထို့ပြင် နာမည်ကြီးဆိုသည့် တက္ကသိုလ်များပါ ပါသေးသည်။ ရနိုင်ခြေနှင့် အထူးပြုဆိုင်ရာ နုတ်လေးများကို ဘေးတွင် လက်ရေးချွန် ချွန်နှင့် ရေးပေးထားသေးသည်။

"ကိုကို နင်.. ဒါတွေ.. ဘယ်တုန်းက လုပ်တာလဲဟင်"

"ဟို scholarship မရလိုက်လို့ ကြည်သာ ငိုတုန်းက"

"ဟင် အဲဒါမကြာသေးဘူးလေ။ ဒါတွေကို နင် တစ်လတောင်မရှိဘဲ ဘယ်လိုများရှာလဲ။ နင့်ကိုယ်နင် အနားမပေးဘဲ ဒါတွေလုပ်နေတာလား ကိုကို။ နင်..အိမ်ပြန်မလာတာ ဒါတွေရှာနေလို့လား"

"အနားယူပါတယ် ကြည်သာ။ မဟုတ်ဘဲ ဘယ်လိုရပါ့မလဲ။ ကျောင်းလျှောက်ချိန်က ကပ်နေတော့ စာမေးပွဲတွေပြင်ဆင်တာနဲ့ အချိန်မနှောင့်နှေးအောင် ရှာထားလိုက်တာပါ။ ဒါတောင် ကိုယ့်ကို အကြောင်း မပြန်သေးတဲ့ တက္ကသိုလ်တွေရှိသေးလို့ စောင့်နေတာ"

"နင့်ကိုအကြောင်းပြန်တယ်ဟုတ်လား။ နင်က အဲဒီတက္ကသိုလ်တွေကို မေးလ်ပို့တာလား"

မုန့်လာချပေးတော့ ချမ်းငြိမ်းက ကြက်ကြော်နှင့် ဘာဂါကို ကြည်သာ့ဘက်ပို့ပေးပြီး အာလူးချောင်းကြော် ယူစားလိုက်ပြီးမှ ခေါင်းညိတ်သည်။

"လိုချင်တာရှိရင် မေးလ်ပို့မေးလို့ရတယ်တဲ့။ သူတို့သဘောကောင်းပါတယ်။ ကြည်သာ့အမှတ်နဲ့ တခြား ထူးချွန်တာတွေပို့ထားတော့ သူတို့ထည့်စဉ်းစားပေးမယ်ပြောတယ်။ မြန်မာ သုတေသီရှိတဲ့ တက္ကသိုလ် တွေဆိုရင်တော့ ပိုပြီးအခွင့်သာတယ်"

ချမ်းငြိမ်းက ပြောနေရာမှ ထသွားပြီး ငရုတ်သီးဆော့စ် သွားယူလာပေးသည်။ ကြည်သာ ဘာပြောရမှန်း ပင်မသိ။

"နင် အင်တာနက်ဆိုင်မှာပဲ အချိန်ကုန်နေတာပေါ့ ကိုကို"

ကြည်သာ့အသံတုန်သွားတော့ ချမ်းငြိမ်းက တစ်ချက်ကြည့်ပြီး ခေါင်းခါသည်။

"အမေရိကန်စင်တာနဲ့ ဘီစီစာကြည့်တိုက်မှာလည်း တခါတလေ သွားလေ့လာပါတယ်။ အေစီက စာကြည့်တိုက်မှူးဆိုရင် ကြည်သာ့ကိုလည်းသိတော့ အများကြီးပြောပြပေးတယ်။ သူ့ကျေးဇူးနဲ့ စကော်လာရှစ်တွေကိုသိလာတာ"

ကြည်သာ မျက်ရည်တွေကျလာသဖြင့် ခေါင်းငုံ့ထားလိုက်ရသည်။ ကြည်သာ ဗြိတိသျှကောင်စီကို အလယ် တန်းမှာကတည်းက စတက်ခဲ့ခြင်းဖြစ်သည်။ ကြည်သာ့ကို ထူးချွန်ကျောင်းသူဖြစ်ရေး မေမေက ဆိုင်ခွဲ တစ်ဆိုင်ကိုပါ ရောင်းထုတ်ပစ်ပြီး အားထုတ်ခဲ့ပြီး ကြည်သာကလည်း တသွေမတိမ်းလိုက်နာခဲ့ပါသည်။ များပြားလှသော အင်္ဂလိပ်စာသင်တန်းများကို တီချယ်များစွာနှင့်တက်ရောက်ခဲ့သလို ဗြိတိသျှကောင်စီမှ သင်တန်းများကိုလည်း တက်ရသေးသည်။ နာမည်ကြီးကျောင်းတွင် ဝင်ဆံ့ဖို့က အင်္ဂလိပ်စာသင်တန်း တက်ရောက်မှုနှင့်လည်း ဆိုင်သည်တဲ့။ သို့သော် ထိုသင်တန်းကြေးများက သိန်းဂဏန်းရှိသဖြင့် ချမ်းငြိမ်း ကိုတော့ မေမေက မထားပေးနိုင်ခဲ့ပါ။ ချမ်းငြိမ်းက ငြင်းဆိုခဲ့သော်လည်း ဖေဖေက ချမ်းငြိမ်းတက်ချင်လျှင် တက်ဖို့ စီစဉ်ပေးခဲ့သေးသည်။ ချမ်းငြိမ်းက အခမဲ့သင်ရသော အခြေခံအတန်းတချို့လောက်သာတက်ပြီး သိန်းကျော်တန်သင်တန်းများကို ခေါင်းခါခဲ့၏။ သို့သော် ကြည်သာ သိပါသည်၊ ချမ်းငြိမ်းက ထိုနေရာများ ကိုသဘောကျသည်။ စာကြည့်တိုက်ကတ်လေးလုပ်ထားပြီး ချမ်းငြိမ်းက ကြည်သာသင်တန်းတက်နေချိန် တွင် စာကြည့်တိုက်ထဲတွင် စာဖတ်နေလေ့ရှိသည်။

"ဘာတွေတွေးမိပြန်ပြီလဲ"

"နင် အဲဒီ ဘီစီတို့မှာ သင်တန်းတက်ခွင့်မရခဲ့တာလည်း ငါ့ကြောင့်.... ကိုကိုရယ်။ ငါလေ ငါ တကယ် တောင်းပန်ပါတယ်။ မဟုတ်ဘူး။ ဒါကြီးကမှားနေတာ ငါသိတယ်။ ဒါပေမဲ့ ငါဘယ်လိုပြန်ပြုပြင်ဖို့အခွင့်ရှိ မလဲဟင်"

"အဲဒီမှာ သင်တန်းမတက်ခဲ့ရတာနဲ့ပတ်သက်လို့ ကိုယ်က ကြည်သာ့ကို အပြစ်ပြောမိလား"

"နင်က ဘယ်တော့မှ ငါ့ကိုအပြစ်မပြောဘူးလေ ကိုကို.."

"အဲဒီမှာသင်တန်းတွေတက်ဖို့ ကိုယ်စိတ်မပါတာ ကြည်သာ။ အဲဒီလို စကားတွေအများကြီးပြောပြီး လူတွေ အများကြီးနဲ့နေရတာ ကိုယ်မကြိုက်ဘူးလေ။ ဘယ်သူမှမမှားဘူး ကြည်သာ။ အဲဒါကြောင့် ပြန်ပြင် စရာလည်းမလိုဘူး။ ဒါပေမဲ့ ဒီရက်တွေ ကိုယ်နည်းနည်းအလုပ်ရှုပ်ခဲ့ရတာကို စဉ်းစားပေးရင်တော့..."

"အင်း ပြော ကိုကို"

"အဲဒီ ဘာဂါနဲ့ကြက်ကြော်မအေးခင် စားစေချင်တယ်"

သူ မျက်ရည်ကိုပွတ်သုတ်လိုက်ပြီး ဘာဂါကို တစ်ကိုက်စားလိုက်၏။ မျက်ရည်များက စီးကျနေမြဲ။

"နင်ဝယ်မကျွေးတော့ ဒီလတွေဘာမှစားမကောင်းဘူး.."

"အင်း.. ပိန်သွားတယ်။ အခုများများစား"

"ငါ အဲဒီဆုတွေရလို့ အမေရိကားကိုသွားရရင် အဝေးကြီးနော် ကိုကို။ နင်နဲ့ အဝေးကြီးဝေးမှာ။ နင်လိုက်ခဲ့ ပါလားဟင်။ ငါပေါ့ပေါ့လေးမပြောဘူး။ နင်ဘယ်လောက်တော်လဲ ငါအသိဆုံးပဲ ကိုကိုရယ်"

ချမ်းငြိမ်းက ခပ်ဖွဖွလေးပြုံးရင်း "ကိုယ် တက္ကသိုလ်လျှောက်လွှာတောင်တင်ပြီးပါပြီ" ဟုပြော၏။

"ဘာ.. ဘာတက်မှာလဲ။ ဒီလောက်အစောကြီး.. ဘာဆုံးဖြတ်လိုက်တာလဲ"

"Oriental Studies ပါ။ အရင်ကတည်းက ဆုံးဖြတ်ထားတာမို့လို့ပါပဲ။ ဖေဖေ့ကိုလည်း ပြောထားဖူးတယ်"

ဖေဖေ...။ ချမ်းငြိမ်းက ဖေဖေနှင့်ရင်းနှီးခင်တွယ်သူဖြစ်ခဲ့ပြီး ဖေဖေတစ်ယောက်သည်သာ ချမ်းငြိမ်းကို အနားလည်နိုင်ဆုံးဖြစ်ခဲ့မည်ထင်သည်။ ထို့ကြောင့် ချမ်းငြိမ်း၏ ဘာသာရပ်ရွေးချယ်မှုတွင် ဖေဖေ့ပုံရိပ်တို့ လွှမ်းမိုးမည်သာ။ တွေးကြည့်တော့လည်း ငယ်စဉ်က ကြည်သာက သိပ်ထူးချွန်ပြီး ချမ်းငြိမ်းက စကားနည်း သည့်အတွက် ဉာဏ်ရည်မမီသူဟု သတ်မှတ်ခံရဖူးသော်လည်း ဖေဖေတစ်ယောက်သာ ချမ်းငြိမ်း၏ ထူးခြားမှုကို နားလည်ခဲ့ခြင်းဖြစ်သည်။ 'ငါ့သားက မင်းတို့ရဲ့ပေတံတွေနဲ့ မဆိုင်တဲ့ကမ္ဘာကလူ' ဟု ဖေဖေ က မကြာခဏဆိုတတ်၏။ မဆိုင်တဲ့ကမ္ဘာ...။ ကြည်သာ မကျေနပ်ပါ။

"ငါဆေးကျောင်းပဲတက်လိုက်ရမလား ကိုကို"

ချမ်းငြိမ်းက သူ့ကိုစိုက်ကြည့်လာ၏။

"ဆရာဝန်တကယ်မဖြစ်ချင်ဘဲနဲ့ ဘာဖြစ်လို့ ကိုယ့်ကိုယ်ကိုယ်ရော တပါးသူကိုပါ နစ်နာစေမှာလဲ"

နင်နဲ့မခွဲနိုင်လို့ ဟု အော်ငိုချင်သော်လည်း ကြည်သာ ထိုစကားမပြောမိအောင် ဘာဂါကိုပဲ အတင်းထိုးသိပ် နေမိသည်။

"နင်ဦးမယ်.."

ချမ်းငြိမ်းက ချက်ချင်းထလာပြီး ကြည်သာ့ကျောကို ပွတ်ပေး၏။

"အ.."

ကြည်သာ့အသံကြောင့် ချမ်းငြိမ်း လက်ကချက်ချင်းရပ်တံ့သွားပြီး မျက်မှောင်ကျုံ့သွားသည်။

"ဘာဖြစ်တာလဲ။ ဘယ်နားက နာလို့လဲ"

ကြည်သာ မဖြေချင်။ သို့သော် ချမ်းငြိမ်းကြောင့် ငိုချင်နေလျှင် ကြည်သာ့အတွေးတွေ ဘယ်တုန်းကမှ မကြည်ခဲ့ပါ။

"ဆုပေးပွဲနေ့က ငါ ကိုကို့ကို တွန်းလို့ လှေကားပေါ်ကပြုတ်ကျသွားတယ်မလား။ ကိုကိုနာသွားမှာ ငါသိ တယ်။ အဲဒီနေ့က ကိုကို့နောက်ကျောမှာချက်ချင်းရောင်သွားတာ ငါတွေ့ပေမဲ့ မဆွဲထားဖြစ်ခဲ့တာ။ ငါတို့ က တစ်ယောက်နဲ့တစ်ယောက် ခန္ဓာကိုယ်ချင်းဆက်နွှယ်မှုမရှိတဲ့အမြွှာဆိုရင်တောင် ကိုကို့နာကျင်မှုကို ငါ ခံစားချင်တယ်"

ချမ်းငြိမ်း ကျောက်ရုပ်ဖြစ်သွားပြီဟု ကြည်သာထင်မိ၏။ နီးကပ်သော်လည်း ဝင်သက်ထွက်သက်ကိုပင် မကြားနိုင်သည်အထိ ချမ်းငြိမ်းက ငြိမ်သက်နေခဲ့၏။

"ဘာမှမဖြစ်ပါဘူး။ ငါ့ကိုယ်ငါ နံရံနဲ့ပစ်ဆောင့်ထားတာပါပဲ"

အတော်ကြာထိ ချမ်းငြိမ်းက တိတ်ဆိတ်နေပြီးမှ "ကိုယ်တောင်းပန်ပါတယ်" ဟုဖွဖွလေးပြောလာ၏။

"ငါ မရှိလည်း ကိုကို အဆင်ပြေမယ်ဆိုတာသိပါတယ်။ ဒါပေမဲ့ ငါယုံကြည်ချက်မရှိဘူး"

ချမ်းငြိမ်းက ကြည်သာ့ကို ရင်ခွင်ထဲထည့်ကာ ဖက်ထားပေးရင်း "အဆင်ပြေသွားမှာ" ဟုနှစ်သိမ့်ပေးနေ သည်။ ဤသို့ ချမ်းငြိမ်းက ကြည်သာ့ကိုဖက်ထားဖူးသည်မှာ ယခုနှင့်မှ ဒုတိယအကြိမ်ဖြစ်သည်။ ပထမ အကြိမ်က ဖေဖေ့ရက်လည်မှာဖြစ်သည်။ ၆ တန်းသာရှိသေးသော ချမ်းငြိမ်းက သူ့ကိုယ်သူ "ကိုယ်" ဟု စ သုံးသောနေ့။

"ကိုယ်ယုံတယ်နော်။ ညီမလေး အဆင်ပြေသွားမှာ။ ကိုယ်ရှိတယ်"

ကိုယ် ဟု ကြီးကြီးကျယ်ကျယ်သုံးနှုန်းခြင်းအတွက် အိမ်နားရှိလူများနှင့် မေမေတို့ကပါ အံ့သြသော်လည်း ကြည်သာ မအံ့သြမိ။ ဖေဖေဆုံးတော့ ချမ်းငြိမ်းက ဖေဖေပိုင်ဆိုင်သောစာအုပ်များထဲမှတစ်အုပ်ကို ယူဖတ် သည်။ မီးသဂြိုဟ်တော့ ထိုစာအုပ်ကို ထည့်ပေးလိုက်၏။ မင်းလူရေးသော ငှက်ကလေး ဆိုသည့်စာအုပ်။ ကြည်သာ ထိုစာအုပ်ကိုစိတ်ဝင်စား၍ ဆိုင်မှာရှာဖတ်ဖူးသည်။ ထို့ကြောင့် ကြည်သာနားလည်သည်။

"နောက်တစ်ခါ... အဲဒီလိုတွေ ထပ်မလုပ်နဲ့တော့"

"အင်း"

"ကြည်သာ.. ကျောင်းကိစ္စတွေ ကိုယ်အခုမပြောတော့ဘူး"

"ဟင့်အင်း ကိုကို။ အခုရှိနေတဲ့စာရွက်တွေထဲက ငါနဲ့သင့်တော်မယ်လို့နင်ထင်တဲ့ကျောင်းကိုရွေးပေး။ ငါ အဲဒီကို ရောက်အောင်သွားမယ်။ ပြီးတော့ ငါ ကြိုးစားမယ်"

ချမ်းငြိမ်းက ကြည်သာ့ကို ငေးကြည့်နေပြီးမှ ဖိုင်အထပ်လိုက်ထဲမှ စာရွက်တစ်ရွက်ကို ထုတ်ပြ၏။

"John Hopkins University"

ဘေးမှ ချမ်းငြိမ်းလက်ရေးဖြင့် မှတ်ချက်လေးက "ဆေးတက္ကသိုလ်သင်ရိုးအတွက် နာမည်ကြီးပြီး အာရှဘက်မှ ကျောင်းသားများကို Biophysics ပညာသင်ဆုပေးရန် စိတ်ဝင်စား" ဟူ၍။

ကြည်သာ မျက်ရည်ကို လက်ခုံနှင့်ပွတ်လိုက်ကာ ထိုစာရွက်ကို ဆတ်ခနဲဆွဲယူလိုက်သည်။

"ကိုကို သွားစေချင်တဲ့ တက္ကသိုလ်ကို ငါရောက်အောင်သွားမယ်"

ချမ်းငြိမ်းမျက်နှာက အပြုံးအရယ်မရှိနေခဲ့ပါ။

=============================================================================

ဆက်ရန်

ရှင်းပြချက် - ငှက်ကလေးဆိုတဲ့စာအုပ်က ဆရာမင်းလူရဲ့လက်ရာတွေထဲ အတော်ထူးခြားတဲ့စာအုပ်ပါ။ အဲဒီထဲက ဇာတ်လိုက်ဖြစ်တဲ့ ကလေးလေးဟာ သူ့ကိုယ်သူ သား၊ ကျွန်တော် ဆိုတဲ့နာမ်စားတွေအစား *ကိုယ်* လို့ တခုတ်တရသုံးပါတယ်။ မိဘတွေ ပတ်ဝန်းကျင်တွေနဲ့ပြောရင်တောင် ကိုယ် လို့ပဲသုံးတဲ့ အဲဒီစာအုပ်ဇာတ်ကောင်ကြောင့် ချမ်းငြိမ်းကလည်း ကိုယ် လို့လိုက်သုံးဖြစ်ခဲ့ပါတယ်။

Author's note - ဒီတစ်ပိုင်းက နည်းနည်းလေး အေးတယ်ထင်လို့ ဒီည နောက်တစ်ပိုင်းပါ ဆက်တင်ပေးသွားမှာပါ။ ၉ နာရီလောက်ပေါ့။ See ya. 

Zawgyi 

#LightYearsAway #2

ဦးစားေပးတကၠသိုလ္တြင္ ေဆးတကၠသိုလ္ ၁၊ ရန္ကုန္ ဟု ျဖည့္ေရးထားေသာ ေမေမ့လက္ေရးကို ၾကည့္၍ၾကည္သာ ေခါင္းခါၿပီး ျခစ္ခ်လိုက္သည္။ ေမေမ့ကို နားမလည္၍ မဟုတ္၊ မိသားစုမ်ိဳး႐ိုးထဲတြင္ ဆရာဝန္ မရွိ၍ ဆရာဝန္မက္ေမာသည္ကိုသိပါသည္။ သို႔ေသာ္ ၾကည္သာေအးျမက ေဒါက္တာၾကည္သာေအးျမ ျဖစ္လွ်င္ပင္ ထိုေဒါက္တာဘြဲ႕သည္ ဇီဝ႐ူပေဗဒ ဘာသာရပ္အတြက္သာျဖစ္ပါလိမ့္မည္။ ေမေမ့ စိတ္တိုင္းက် ေနထိုင္လာၿပီးသည့္ေနာက္ ေအာင္စာရင္းထြက္ခ်ိန္တြင္ တကၠသိုလ္အတြက္ ၾကည္သာ စဥ္းစားၿပီးသား ျဖစ္သည္။ ျပႆနာက ကုန္က်စရိတ္ကိစၥပင္။ ဆရာဝန္ပညာေရးထက္ ပိုကုန္က်မည့္ ႐ူပေဗဒကို လူႀကီး ေတြက နားမလည္ႏိုင္ပါ။

"ေတာက္။ ဒါ ဟိုေကာင့္ေၾကာင့္ပဲ"

ေဘာပင္ကိုထက္ပိုင္းခ်ိဳးပစ္လိုက္ၿပီး ပစ္ေပါက္လိုက္မိသည္။ အမွန္တြင္ သူ ခက္ခက္ခဲခဲေတာင္းဆိုခဲ့ၿပီး ေမေမကလည္း ႐ူပေဗဒကို ႏိုင္ငံျခားတြင္တက္ေရာက္ႏိုင္မည့္ ပညာသင္ဆုေလွ်ာက္ရန္ ေခါင္းညိတ္ခဲ့ၿပီး ၿပီ။ ထိုပညာသင္ဆုအတြက္ ျပင္ဆင္မႈကို ဆရာမမ်ားက ကူညီေပးသျဖင့္ ၾကည္သာ ရႏိုင္မည္ဟုထင္ခဲ့ ေသာ္လည္း တစ္ႏိုင္ငံလွ်င္ တစ္ေယာက္သာ ေပးေသာဆုကို ေဝယံခ က ယူသြားခဲ့ေလသည္။ ႐ူပေဗဒ နယ္ပယ္တြင္ နာမည္အေက်ာ္ဆုံးပညာသင္ဆုျဖစ္ၿပီး ယူသည့္အထူးျပဳေဗဒအလိုက္ အလုပ္သင္အခြင့္ အေရးပါ ရရွိမည့္ ထိုပညာသင္ဆုသည္ ယခုအခါ ေဝယံခ အတြက္ျဖစ္သြားခဲ့ၿပီ။ ထိုဆုကို ေလွ်ာက္သူနည္း ၿပီး ရကိုရမည္ဟု အပိုင္တြက္ထားမိေသာ ၾကည္သာ့မွာ တျခားေသာ အစားထိုး အစီအစဥ္မရွိခဲ့သျဖင့္ ေဆာက္တည္ရာမရျဖစ္ရသည္။ ေမေမကေတာ့ ေဆးတကၠသိုလ္သာတက္ရန္ တိုက္တြန္းေနေလသည္။

ၾကည္သာ အခန္းထဲမွထြက္လိုက္ၿပီး အေပၚသို႔တစ္ခ်က္ေဝ့ၾကည့္လိုက္သည္။ ဆုေပးပြဲၿပီးကတည္းကဆို လွ်င္ ခ်မ္းၿငိမ္းႏွင့္ မ်က္ႏွာခ်င္းဆိုင္မျဖစ္တာ လပိုင္းမွ်ပင္ရွိမည္။ လြမ္းသည္ကို ကိုယ္သာအသိဆုံးျဖစ္ ေသာ္လည္း ခ်မ္းၿငိမ္းကိုေရွာင္ေနခဲ့သကဲ့သို႔ ခ်မ္းၿငိမ္းကလည္း ရွိမေနခဲ့ပါေပ။

"ေမေမ.. သမီး ဒီနားစာအုပ္သြားငွားဦးမယ္"

ထိုမွ်သာေအာ္ခဲ့ၿပီး ၾကည္သာ အင္တာနက္ကေဖးဆိုင္သို႔ ထြက္လာခဲ့သည္။ အိမ္မွာ ေဖေဖ့လက္ထက္က က်န္ေသာ ကြန္ပ်ဴတာ အေဟာင္းတစ္လုံးရွိေသာ္လည္း ဘာမွသိပ္သုံးမရပါ။ ထို႔ျပင္ အိမ္မွာကလည္း လိုင္းခ်ိတ္ဖို႔ခက္သျဖင့္ အင္တာနက္ကေဖးမ်ားသာ အားကိုးရသည္။ အင္တာနက္မွေန၍ ပညာသင္ဆု မ်ားရွာရမည္ျဖစ္ေသာ္လည္း ထိုကိစၥက လြယ္ေတာ့မလြယ္ပါ။ ဆိုင္ထဲဝင္သြားေတာ့ ဂိမ္းေဆာ့ေနေသာ ေကာင္ေလးမ်ားႏွင့္ တိုးေသာ္လည္း ၾကည္သာ ဂ႐ုမစိုက္ဘဲ စက္တစ္လုံးတြင္ထိုင္လိုက္သည္။

"ၾကည္သာ.."

ထိုအသံကိုၾကားရေတာ့ ၾကည္သာ ခ်က္ခ်င္းငိုခ်င္သြား၏။ ေဘးမွာလာရပ္ေနသူက ခ်မ္းၿငိမ္း။

"နင္ ဒီမွာေရာက္ေနတာလား"

ခ်မ္းၿငိမ္းက ျပႆနာျဖစ္ၿပီးကတည္းက အိမ္မွာသိပ္မေနေတာ့ဘဲ ညအိပ္ခ်ိန္ေလာက္သာျပန္လာသည္ ဟု သိရသည္။

"ၾကည္သာ အင္တာနက္တသီးတသန္႔သုံးစရာရွိလား"

"ဘာကိုေျပာတာလဲ"

"ကိုယ္ေျပာတာက ခ်က္တင္လုပ္တာမ်ိဳး၊ စကားေျပာတာမ်ိဳးလုပ္ဖို႔ရွိရင္ ကိုယ္ ေနာက္မွလာေျပာမလို႔ပါ"

ၾကည္သာ ႏႈတ္ခမ္းဖိကိုက္လိုက္မိသည္။

"နင္ဘယ္လိုအစ္ကိုလဲ ခ်မ္းၿငိမ္း"

"ၾကည္သာေအးျမ ကိုစိတ္ပူတဲ့ အစ္ကိုျဖစ္လိမ့္မယ္"

"စိတ္ပူရင္ တားေလ"

"ၾကည္သာ့ အခ်ိန္ခဏယူခ်င္တယ္။ ရလား"

"အား.. နင္ တကယ္ဘယ္လိုလူလဲ ခ်မ္းၿငိမ္းရယ္။ မသိဘူး ဒီကထြက္ၾကစို႔။ ငါ ဗိုက္ဆာၿပီ။ နင္ေျပာခ်င္ တာကို တစ္ခုခုစားရင္းေျပာေတာ့"

ခ်မ္းၿငိမ္းက ေခါင္းတစ္ခ်က္ညိတ္ၿပီး တျခားစက္တစ္ခုတြင္တင္ထားေသာ ေက်ာပိုးအိတ္ကိုသြားယူသည္။

ၾကည္သာက စက္မသုံးဘဲ ျပန္ထြက္ေသာ္လည္း ဆိုင္ရွင္က အသိျဖစ္ေန၍ ဘာမွမေျပာပါ။ ထို႔ျပင္ ဆိုင္ရွင္က ခ်မ္းၿငိမ္းကို ေလးစားသူလည္းျဖစ္ေသး၏။ ခ်မ္းၿငိမ္းအသက္ႏွင့္တြက္လွ်င္ ေလးစားခံရသည္ ဆိုသည္က ႀကီးက်ယ္လြန္းေသာ္လည္း ၾကည္သာနားလည္သည္။

"ၾကည္သာ.. ဘာဂါႀကိဳက္တယ္မဟုတ္လား။ သြားစားခ်င္လား"

"အင္း"

ခ်မ္းၿငိမ္းက စကားဆက္မေျပာေတာ့ေသာ္လည္း ၾကည္သာ့ေဘးတြင္ ခပ္မွန္မွန္လိုက္လာသည္။ လမ္းကူး ဖို႔လိုအပ္လွ်င္ ၾကည္သာ့လက္ကိုဆြဲကာ ေအးေအးေဆးေဆးျဖတ္ကူးသြားသည္။ လူေတြမွာ နားလည္ရ ခက္တဲ့ အႁမႊာအစ္ကိုတစ္ေယာက္ရွိလွ်င္ ၾကည္သာ့လိုပဲျဖစ္ေနၾကမည္လား။

ဘာဂါဆိုင္ေရာက္ေတာ့ ၾကည္သာ စိတ္နည္းနည္းေပ်ာ္သြားပါသည္။ ေဖေဖႏွင့္အတူလာေနၾကဆိုင္ပဲ။ မုန္႔မွာထားတုန္း ၾကည္သာ့ကို ေျပာစရာရွိသည္ဟု ဆိုကာ ခ်မ္းၿငိမ္းက အိတ္ထဲမွ ဖိုင္တစ္ထပ္ႀကီးထုတ္ လာ၏။

"ဘာေတြလဲ အဲဒါ"

"ၾကည္သာ့အတြက္ Physics Scholarship ေတြ။ ၾကည္သာၾကည့္လို႔ရေအာင္ပါ"

ၾကည္သာ ဆြံ႕အသြားမိသည္။ လွန္ေလွာၾကည့္ေတာ့ နည္းနည္းေနာေနာလား။ ထို႔ျပင္ နာမည္ႀကီးဆိုသည့္ တကၠသိုလ္မ်ားပါ ပါေသးသည္။ ရႏိုင္ေျခႏွင့္ အထူးျပဳဆိုင္ရာ ႏုတ္ေလးမ်ားကို ေဘးတြင္ လက္ေရးခြၽန္ ခြၽန္ႏွင့္ ေရးေပးထားေသးသည္။

"ကိုကို နင္.. ဒါေတြ.. ဘယ္တုန္းက လုပ္တာလဲဟင္"

"ဟို scholarship မရလိုက္လို႔ ၾကည္သာ ငိုတုန္းက"

"ဟင္ အဲဒါမၾကာေသးဘူးေလ။ ဒါေတြကို နင္ တစ္လေတာင္မရွိဘဲ ဘယ္လိုမ်ားရွာလဲ။ နင့္ကိုယ္နင္ အနားမေပးဘဲ ဒါေတြလုပ္ေနတာလား ကိုကို။ နင္..အိမ္ျပန္မလာတာ ဒါေတြရွာေနလို႔လား"

"အနားယူပါတယ္ ၾကည္သာ။ မဟုတ္ဘဲ ဘယ္လိုရပါ့မလဲ။ ေက်ာင္းေလွ်ာက္ခ်ိန္က ကပ္ေနေတာ့ စာေမးပြဲေတြျပင္ဆင္တာနဲ႔ အခ်ိန္မေႏွာင့္ေႏွးေအာင္ ရွာထားလိုက္တာပါ။ ဒါေတာင္ ကိုယ့္ကို အေၾကာင္း မျပန္ေသးတဲ့ တကၠသိုလ္ေတြရွိေသးလို႔ ေစာင့္ေနတာ"

"နင့္ကိုအေၾကာင္းျပန္တယ္ဟုတ္လား။ နင္က အဲဒီတကၠသိုလ္ေတြကို ေမးလ္ပို႔တာလား"

မုန္႔လာခ်ေပးေတာ့ ခ်မ္းၿငိမ္းက ၾကက္ေၾကာ္ႏွင့္ ဘာဂါကို ၾကည္သာ့ဘက္ပို႔ေပးၿပီး အာလူးေခ်ာင္းေၾကာ္ ယူစားလိုက္ၿပီးမွ ေခါင္းညိတ္သည္။

"လိုခ်င္တာရွိရင္ ေမးလ္ပို႔ေမးလို႔ရတယ္တဲ့။ သူတို႔သေဘာေကာင္းပါတယ္။ ၾကည္သာ့အမွတ္နဲ႔ တျခား ထူးခြၽန္တာေတြပို႔ထားေတာ့ သူတို႔ထည့္စဥ္းစားေပးမယ္ေျပာတယ္။ ျမန္မာ သုေတသီရွိတဲ့ တကၠသိုလ္ ေတြဆိုရင္ေတာ့ ပိုၿပီးအခြင့္သာတယ္"

ခ်မ္းၿငိမ္းက ေျပာေနရာမွ ထသြားၿပီး င႐ုတ္သီးေဆာ့စ္ သြားယူလာေပးသည္။ ၾကည္သာ ဘာေျပာရမွန္း ပင္မသိ။

"နင္ အင္တာနက္ဆိုင္မွာပဲ အခ်ိန္ကုန္ေနတာေပါ့ ကိုကို"

ၾကည္သာ့အသံတုန္သြားေတာ့ ခ်မ္းၿငိမ္းက တစ္ခ်က္ၾကည့္ၿပီး ေခါင္းခါသည္။

"အေမရိကန္စင္တာနဲ႔ ဘီစီစာၾကည့္တိုက္မွာလည္း တခါတေလ သြားေလ့လာပါတယ္။ ေအစီက စာၾကည့္တိုက္မႉးဆိုရင္ ၾကည္သာ့ကိုလည္းသိေတာ့ အမ်ားႀကီးေျပာျပေပးတယ္။ သူ႔ေက်းဇူးနဲ႔ စေကာ္လာရွစ္ေတြကိုသိလာတာ"

ၾကည္သာ မ်က္ရည္ေတြက်လာသျဖင့္ ေခါင္းငုံ႔ထားလိုက္ရသည္။ ၾကည္သာ ၿဗိတိသွ်ေကာင္စီကို အလယ္ တန္းမွာကတည္းက စတက္ခဲ့ျခင္းျဖစ္သည္။ ၾကည္သာ့ကို ထူးခြၽန္ေက်ာင္းသူျဖစ္ေရး ေမေမက ဆိုင္ခြဲ တစ္ဆိုင္ကိုပါ ေရာင္းထုတ္ပစ္ၿပီး အားထုတ္ခဲ့ၿပီး ၾကည္သာကလည္း တေသြမတိမ္းလိုက္နာခဲ့ပါသည္။ မ်ားျပားလွေသာ အဂၤလိပ္စာသင္တန္းမ်ားကို တီခ်ယ္မ်ားစြာႏွင့္တက္ေရာက္ခဲ့သလို ၿဗိတိသွ်ေကာင္စီမွ သင္တန္းမ်ားကိုလည္း တက္ရေသးသည္။ နာမည္ႀကီးေက်ာင္းတြင္ ဝင္ဆံ့ဖို႔က အဂၤလိပ္စာသင္တန္း တက္ေရာက္မႈႏွင့္လည္း ဆိုင္သည္တဲ့။ သို႔ေသာ္ ထိုသင္တန္းေၾကးမ်ားက သိန္းဂဏန္းရွိသျဖင့္ ခ်မ္းၿငိမ္း ကိုေတာ့ ေမေမက မထားေပးႏိုင္ခဲ့ပါ။ ခ်မ္းၿငိမ္းက ျငင္းဆိုခဲ့ေသာ္လည္း ေဖေဖက ခ်မ္းၿငိမ္းတက္ခ်င္လွ်င္ တက္ဖို႔ စီစဥ္ေပးခဲ့ေသးသည္။ ခ်မ္းၿငိမ္းက အခမဲ့သင္ရေသာ အေျခခံအတန္းတခ်ိဳ႕ေလာက္သာတက္ၿပီး သိန္းေက်ာ္တန္သင္တန္းမ်ားကို ေခါင္းခါခဲ့၏။ သို႔ေသာ္ ၾကည္သာ သိပါသည္၊ ခ်မ္းၿငိမ္းက ထိုေနရာမ်ား ကိုသေဘာက်သည္။ စာၾကည့္တိုက္ကတ္ေလးလုပ္ထားၿပီး ခ်မ္းၿငိမ္းက ၾကည္သာသင္တန္းတက္ေနခ်ိန္ တြင္ စာၾကည့္တိုက္ထဲတြင္ စာဖတ္ေနေလ့ရွိသည္။

"ဘာေတြေတြးမိျပန္ၿပီလဲ"

"နင္ အဲဒီ ဘီစီတို႔မွာ သင္တန္းတက္ခြင့္မရခဲ့တာလည္း ငါ့ေၾကာင့္.... ကိုကိုရယ္။ ငါေလ ငါ တကယ္ ေတာင္းပန္ပါတယ္။ မဟုတ္ဘူး။ ဒါႀကီးကမွားေနတာ ငါသိတယ္။ ဒါေပမဲ့ ငါဘယ္လိုျပန္ျပဳျပင္ဖို႔အခြင့္ရွိ မလဲဟင္"

"အဲဒီမွာ သင္တန္းမတက္ခဲ့ရတာနဲ႔ပတ္သက္လို႔ ကိုယ္က ၾကည္သာ့ကို အျပစ္ေျပာမိလား"

"နင္က ဘယ္ေတာ့မွ ငါ့ကိုအျပစ္မေျပာဘူးေလ ကိုကို.."

"အဲဒီမွာသင္တန္းေတြတက္ဖို႔ ကိုယ္စိတ္မပါတာ ၾကည္သာ။ အဲဒီလို စကားေတြအမ်ားႀကီးေျပာၿပီး လူေတြ အမ်ားႀကီးနဲ႔ေနရတာ ကိုယ္မႀကိဳက္ဘူးေလ။ ဘယ္သူမွမမွားဘူး ၾကည္သာ။ အဲဒါေၾကာင့္ ျပန္ျပင္ စရာလည္းမလိုဘူး။ ဒါေပမဲ့ ဒီရက္ေတြ ကိုယ္နည္းနည္းအလုပ္ရႈပ္ခဲ့ရတာကို စဥ္းစားေပးရင္ေတာ့..."

"အင္း ေျပာ ကိုကို"

"အဲဒီ ဘာဂါနဲ႔ၾကက္ေၾကာ္မေအးခင္ စားေစခ်င္တယ္"

သူ မ်က္ရည္ကိုပြတ္သုတ္လိုက္ၿပီး ဘာဂါကို တစ္ကိုက္စားလိုက္၏။ မ်က္ရည္မ်ားက စီးက်ေနၿမဲ။

"နင္ဝယ္မေကြၽးေတာ့ ဒီလေတြဘာမွစားမေကာင္းဘူး.."

"အင္း.. ပိန္သြားတယ္။ အခုမ်ားမ်ားစား"

"ငါ အဲဒီဆုေတြရလို႔ အေမရိကားကိုသြားရရင္ အေဝးႀကီးေနာ္ ကိုကို။ နင္နဲ႔ အေဝးႀကီးေဝးမွာ။ နင္လိုက္ခဲ့ ပါလားဟင္။ ငါေပါ့ေပါ့ေလးမေျပာဘူး။ နင္ဘယ္ေလာက္ေတာ္လဲ ငါအသိဆုံးပဲ ကိုကိုရယ္"

ခ်မ္းၿငိမ္းက ခပ္ဖြဖြေလးၿပဳံးရင္း "ကိုယ္ တကၠသိုလ္ေလွ်ာက္လႊာေတာင္တင္ၿပီးပါၿပီ" ဟုေျပာ၏။

"ဘာ.. ဘာတက္မွာလဲ။ ဒီေလာက္အေစာႀကီး.. ဘာဆုံးျဖတ္လိုက္တာလဲ"

"Oriental Studies ပါ။ အရင္ကတည္းက ဆုံးျဖတ္ထားတာမို႔လို႔ပါပဲ။ ေဖေဖ့ကိုလည္း ေျပာထားဖူးတယ္"

ေဖေဖ...။ ခ်မ္းၿငိမ္းက ေဖေဖႏွင့္ရင္းႏွီးခင္တြယ္သူျဖစ္ခဲ့ၿပီး ေဖေဖတစ္ေယာက္သည္သာ ခ်မ္းၿငိမ္းကို အနားလည္ႏိုင္ဆုံးျဖစ္ခဲ့မည္ထင္သည္။ ထို႔ေၾကာင့္ ခ်မ္းၿငိမ္း၏ ဘာသာရပ္ေ႐ြးခ်ယ္မႈတြင္ ေဖေဖ့ပုံရိပ္တို႔ လႊမ္းမိုးမည္သာ။ ေတြးၾကည့္ေတာ့လည္း ငယ္စဥ္က ၾကည္သာက သိပ္ထူးခြၽန္ၿပီး ခ်မ္းၿငိမ္းက စကားနည္း သည့္အတြက္ ဉာဏ္ရည္မမီသူဟု သတ္မွတ္ခံရဖူးေသာ္လည္း ေဖေဖတစ္ေယာက္သာ ခ်မ္းၿငိမ္း၏ ထူးျခားမႈကို နားလည္ခဲ့ျခင္းျဖစ္သည္။ 'ငါ့သားက မင္းတို႔ရဲ႕ေပတံေတြနဲ႔ မဆိုင္တဲ့ကမာၻကလူ' ဟု ေဖေဖ က မၾကာခဏဆိုတတ္၏။ မဆိုင္တဲ့ကမာၻ...။ ၾကည္သာ မေက်နပ္ပါ။

"ငါေဆးေက်ာင္းပဲတက္လိုက္ရမလား ကိုကို"

ခ်မ္းၿငိမ္းက သူ႔ကိုစိုက္ၾကည့္လာ၏။

"ဆရာဝန္တကယ္မျဖစ္ခ်င္ဘဲနဲ႔ ဘာျဖစ္လို႔ ကိုယ့္ကိုယ္ကိုယ္ေရာ တပါးသူကိုပါ နစ္နာေစမွာလဲ"

နင္နဲ႔မခြဲႏိုင္လို႔ ဟု ေအာ္ငိုခ်င္ေသာ္လည္း ၾကည္သာ ထိုစကားမေျပာမိေအာင္ ဘာဂါကိုပဲ အတင္းထိုးသိပ္ ေနမိသည္။

"နင္ဦးမယ္.."

ခ်မ္းၿငိမ္းက ခ်က္ခ်င္းထလာၿပီး ၾကည္သာ့ေက်ာကို ပြတ္ေပး၏။

"အ.."

ၾကည္သာ့အသံေၾကာင့္ ခ်မ္းၿငိမ္း လက္ကခ်က္ခ်င္းရပ္တံ့သြားၿပီး မ်က္ေမွာင္က်ဳံ႕သြားသည္။

"ဘာျဖစ္တာလဲ။ ဘယ္နားက နာလို႔လဲ"

ၾကည္သာ မေျဖခ်င္။ သို႔ေသာ္ ခ်မ္းၿငိမ္းေၾကာင့္ ငိုခ်င္ေနလွ်င္ ၾကည္သာ့အေတြးေတြ ဘယ္တုန္းကမွ မၾကည္ခဲ့ပါ။

"ဆုေပးပြဲေန႔က ငါ ကိုကို႔ကို တြန္းလို႔ ေလွကားေပၚကျပဳတ္က်သြားတယ္မလား။ ကိုကိုနာသြားမွာ ငါသိ တယ္။ အဲဒီေန႔က ကိုကို႔ေနာက္ေက်ာမွာခ်က္ခ်င္းေရာင္သြားတာ ငါေတြ႕ေပမဲ့ မဆြဲထားျဖစ္ခဲ့တာ။ ငါတို႔ က တစ္ေယာက္နဲ႔တစ္ေယာက္ ခႏၶာကိုယ္ခ်င္းဆက္ႏႊယ္မႈမရွိတဲ့အႁမႊာဆိုရင္ေတာင္ ကိုကို႔နာက်င္မႈကို ငါ ခံစားခ်င္တယ္"

ခ်မ္းၿငိမ္း ေက်ာက္႐ုပ္ျဖစ္သြားၿပီဟု ၾကည္သာထင္မိ၏။ နီးကပ္ေသာ္လည္း ဝင္သက္ထြက္သက္ကိုပင္ မၾကားႏိုင္သည္အထိ ခ်မ္းၿငိမ္းက ၿငိမ္သက္ေနခဲ့၏။

"ဘာမွမျဖစ္ပါဘူး။ ငါ့ကိုယ္ငါ နံရံနဲ႔ပစ္ေဆာင့္ထားတာပါပဲ"

အေတာ္ၾကာထိ ခ်မ္းၿငိမ္းက တိတ္ဆိတ္ေနၿပီးမွ "ကိုယ္ေတာင္းပန္ပါတယ္" ဟုဖြဖြေလးေျပာလာ၏။

"ငါ မရွိလည္း ကိုကို အဆင္ေျပမယ္ဆိုတာသိပါတယ္။ ဒါေပမဲ့ ငါယုံၾကည္ခ်က္မရွိဘူး"

ခ်မ္းၿငိမ္းက ၾကည္သာ့ကို ရင္ခြင္ထဲထည့္ကာ ဖက္ထားေပးရင္း "အဆင္ေျပသြားမွာ" ဟုႏွစ္သိမ့္ေပးေန သည္။ ဤသို႔ ခ်မ္းၿငိမ္းက ၾကည္သာ့ကိုဖက္ထားဖူးသည္မွာ ယခုႏွင့္မွ ဒုတိယအႀကိမ္ျဖစ္သည္။ ပထမ အႀကိမ္က ေဖေဖ့ရက္လည္မွာျဖစ္သည္။ ၆ တန္းသာရွိေသးေသာ ခ်မ္းၿငိမ္းက သူ႔ကိုယ္သူ "ကိုယ္" ဟု စ သုံးေသာေန႔။

"ကိုယ္ယုံတယ္ေနာ္။ ညီမေလး အဆင္ေျပသြားမွာ။ ကိုယ္ရွိတယ္"

ကိုယ္ ဟု ႀကီးႀကီးက်ယ္က်ယ္သုံးႏႈန္းျခင္းအတြက္ အိမ္နားရွိလူမ်ားႏွင့္ ေမေမတို႔ကပါ အံ့ၾသေသာ္လည္း ၾကည္သာ မအံ့ၾသမိ။ ေဖေဖဆုံးေတာ့ ခ်မ္းၿငိမ္းက ေဖေဖပိုင္ဆိုင္ေသာစာအုပ္မ်ားထဲမွတစ္အုပ္ကို ယူဖတ္ သည္။ မီးသၿဂိဳဟ္ေတာ့ ထိုစာအုပ္ကို ထည့္ေပးလိုက္၏။ မင္းလူေရးေသာ ငွက္ကေလး ဆိုသည့္စာအုပ္။ ၾကည္သာ ထိုစာအုပ္ကိုစိတ္ဝင္စား၍ ဆိုင္မွာရွာဖတ္ဖူးသည္။ ထို႔ေၾကာင့္ ၾကည္သာနားလည္သည္။

"ေနာက္တစ္ခါ... အဲဒီလိုေတြ ထပ္မလုပ္နဲ႔ေတာ့"

"အင္း"

"ၾကည္သာ.. ေက်ာင္းကိစၥေတြ ကိုယ္အခုမေျပာေတာ့ဘူး"

"ဟင့္အင္း ကိုကို။ အခုရွိေနတဲ့စာ႐ြက္ေတြထဲက ငါနဲ႔သင့္ေတာ္မယ္လို႔နင္ထင္တဲ့ေက်ာင္းကိုေ႐ြးေပး။ ငါ အဲဒီကို ေရာက္ေအာင္သြားမယ္။ ၿပီးေတာ့ ငါ ႀကိဳးစားမယ္"

ခ်မ္းၿငိမ္းက ၾကည္သာ့ကို ေငးၾကည့္ေနၿပီးမွ ဖိုင္အထပ္လိုက္ထဲမွ စာ႐ြက္တစ္႐ြက္ကို ထုတ္ျပ၏။

"John Hopkins University"

ေဘးမွ ခ်မ္းၿငိမ္းလက္ေရးျဖင့္ မွတ္ခ်က္ေလးက "ေဆးတကၠသိုလ္သင္႐ိုးအတြက္ နာမည္ႀကီးၿပီး အာရွဘက္မွ ေက်ာင္းသားမ်ားကို Biophysics ပညာသင္ဆုေပးရန္ စိတ္ဝင္စား" ဟူ၍။

ၾကည္သာ မ်က္ရည္ကို လက္ခုံႏွင့္ပြတ္လိုက္ကာ ထိုစာ႐ြက္ကို ဆတ္ခနဲဆြဲယူလိုက္သည္။

"ကိုကို သြားေစခ်င္တဲ့ တကၠသိုလ္ကို ငါေရာက္ေအာင္သြားမယ္"

ခ်မ္းၿငိမ္းမ်က္ႏွာက အၿပဳံးအရယ္မရွိေနခဲ့ပါ။

=============================================================================

ဆက္ရန္

ရွင္းျပခ်က္ - ငွက္ကေလးဆိုတဲ့စာအုပ္က ဆရာမင္းလူရဲ႕လက္ရာေတြထဲ အေတာ္ထူးျခားတဲ့စာအုပ္ပါ။ အဲဒီထဲက ဇာတ္လိုက္ျဖစ္တဲ့ ကေလးေလးဟာ သူ႔ကိုယ္သူ သား၊ ကြၽန္ေတာ္ ဆိုတဲ့နာမ္စားေတြအစား *ကိုယ္* လို႔ တခုတ္တရသုံးပါတယ္။ မိဘေတြ ပတ္ဝန္းက်င္ေတြနဲ႔ေျပာရင္ေတာင္ ကိုယ္ လို႔ပဲသုံးတဲ့ အဲဒီစာအုပ္ဇာတ္ေကာင္ေၾကာင့္ ခ်မ္းၿငိမ္းကလည္း ကိုယ္ လို႔လိုက္သုံးျဖစ္ခဲ့ပါတယ္။

Author's note - ဒီတစ္ပိုင္းက နည္းနည္းေလး ေအးတယ္ထင္လို႔ ဒီည ေနာက္တစ္ပိုင္းပါ ဆက္တင္ေပးသြားမွာပါ။ ၉ နာရီေလာက္ေပါ့။ See ya. 

Continue Reading

You'll Also Like

83.4K 6.7K 77
ပျော်ရွှင်မှု၊အလှတရားတွေနဲ့ အရာအားလုံး အသစ်တစ်ဖန် စတင်တဲ့အချိန်ကို နွေဦးလို့သတ်မှတ်ကြပါတယ်။ နွေဦးဆိုတာ ပြောင်းလဲခြင်းလေပြည် တွေ တိုက်ခတ်လို့ မျှော်...
59.6K 2.9K 46
ស្នេហាកើតចេញពីការជំនួសមនុស្សម្នាក់ដែលគេស្រឡាញ់ព្រោះតែមានមុខមាត់ប្រហាក់ប្រហែលគ្នា មុនដំបូងគិតថាយកមកលេងសើចតែចៃដន្យអីជាប់ស្នេហ៍គេមែនទែនដកចិត្តមិនរួច និព...
133K 14.9K 116
💥New BL ဒါဒါတို့ရေ... ရှေးခတ်ကျေးလက်တောရွာကို ကူးပြောင်းမှ ကြိုက်ပါတယ်ဆိုတဲ့ဒါဒါလေးတို့အတွက် အသစ်လေးလာပါပြီ .... ရှားပါးတဲ့ MC Gong ပါနော် Gp လေးက...
395K 42.4K 43
The UNIVERSE is a strange place. Stardust falls at random and Humans fall in LOVE. _K.Towene Jr. ( For background photo of Fiction cover, Fully cred...