အချစ်တွေအမုန်းတွေရဲ့ အလွန်...

By KaterinaKaterina248

664K 17.9K 4.7K

ညဘက်မှာပဲ ထွက်တဲ့ကြယ်လေးတွေက နေ့ခင်းဘက်မှာထွန်းလင်းတဲ့နေမင်းကြီးကို သတိရနေတတ်သလိုမျိုး ဘယ်သောအခါမှမဆုံနိုင်ပေ... More

Disclaimer....
အခန်း (၁)
အခန်း (၂)
အခန်း (၃)
အခန်း (၁) Zawgyi
အခန်း (၂) Zawgyi
အခန်း (၃) Zawgyi
အခန်း (၄)
အခန်း (၄) Zawgyi
အခန်း (၅)
အခန်း (၅) Zawgyi
အခန်း (၆)
အခန်း (၆) Zawgyi
အခန်း (၇)
အခန်း (၇) Zawgyi
အခန်း (၈)
အခန်း (၈) Zawgyi
အခန်း (၉)
အခန်း (၉) Zawgyi
အခန်း (၁၀)
အခန်း (၁၀) Zawgyi
အခန်း (၁၁)
အခန်း (၁၁) Zawgyi
အခန်း (၁၂)
အခန်း (၁၂) Zawgyi
Interlude
အခန်း (၁၃)
အခန်း (၁၃) Zawgyi
အခန်း (၁၄)
အခန်း (၁၄) Zawgyi
အခန်း (၁၅)
အခန်း (၁၅) Zawgyi
အပိုင်း (၁၆)
အခန်း (၁၆) Zawgyi
အခန်း (၁၇)
အခန်း (၁၇) Zawgyi
အခန်း (၁၈)
အခန်း (၁၈) Zawgyi
အခန်း (၁၉)
အခန်း (၁၉) Zawgyi
အခန်း (၂၀)
အခန်း (၂၀) Zawgyi
အခန်း (၂၁)
အခန်း (၂၁) Zawgyi
Breakout Room
အခန်း (၂၂)
အခန်း (၂၂) Zawgyi
အခန်း (၂၃)
အခန်း (၂၃) Zawgyi
အခန်း (၂၄)
အခန်း (၂၄) Zawgyi
အခန်း (၂၅)
အခန်း (၂၅) Zawgyi
အခန်း (၂၆)
အခန်း (၂၆) Zawgyi
အခန်း (၂၇)
အခန်း (၂၇) Zawgyi
အခန်း (၂၈)
အခန်း (၂၈) Zawgyi
အခန်း (၂၉)
အခန်း (၂၉) Zawgyi
အခန်း (၃၀)
အခန်း (၃၀) Zawgyi
အခန်း (၃၁)
အခန်း (၃၁) Zawgyi
အခန်း (၃၂)
အခန်း (၃၃)
အခန်း (၃၃) Zawgyi
အခန်း (၃၄)
အခန်း (၃၄) Zawgyi
အခန်း (၃၅)
အခန်း (၃၅) Zawgyi
အခန်း (၃၆)
အခန်း (၃၆) Zawgyi
အခန်း (၃၇) the END
အခန်း (၃၇) the END Zawgyi
Final Review

အခန်း (၃၂) Zawgyi

4.2K 65 10
By KaterinaKaterina248

သားလေး ၆ လပြည့်တဲ့ချိန်ကနေစပီး တာရာအလုပ် ပြန်ဆင်းခဲ့တာ ခုဆို တလတင်းတင်းပင်ပြည့်လုနီးပီ။ အလုပ်ပြန်မဆင်းမချင်းတော့ မှန်မှန်ပြောရရင် ကလေးကို ဘယ်လိုထားခဲ့ရမလဲ ခေါ်သွားလို့ဖြစ်ပါ့မလား စသည်ဖြင့် အတော်အ ကျပ်ရိုက်ခဲ့ရသေးသည်။ မမချမ်းကတော့ အလုပ်ထွက်ပီး အိမ်မှာပဲ တခုခုလုပ်ဖို့ပြောပေမယ့် ကလေးမမွေးခင်ကော ကလေးမွေးပီးကော လစာနဲ့ခွင့်တမျိုး လစာမဲ့ခွင့်တမျိုးပေးထားတဲ့အပြင် သူမမီးဖွားစရိတ်တွေဘာတွေလဲ ထောက်ပံ့ထားသေးတာမလို့ ထွက်မယ်ဆို ထွက်လို့ရပေမယ့် အဲ့လောက်တာဝန်မမဲ့ချင်။ အလုပ်ပြန်ဝင်တဲ့ စစဦးဆုံးနေ့တော့ တော်တော့်ကို ကသီ ခဲ့သည်ပြောရမည်။ ကလေးက ပတ်ဝန်းကျင်စိမ်းတာတွေ လူများတာတွေ ဆူညံသံတွေကို အသားမကျသူမလို့ ခနခနတော့ လန့်လန့်ပီးငိုရှာသည်။ တော်သေးသည် သူမအလုပ်ပြန်ဆင်းဖို့ပြောထားထဲက မမချမ်းက စတိုဘေးက အခန်းကျဉ်းလေးကို သေချာရှင်းစေပီး ကလေးနားနေလို့ရအောင်လုပ်ပေးထားတာမလို့ ဆိုင်ထဲတော့ ကလေးကို ပိုးလို့ပက်လက်ထားစရာမလို....သို့သော် မိခင်နှင့် ၂၄ နာရီ တူတူရှိခဲ့တဲ့ကလေးမလို့ တာရာအလုပ်သွားလုပ်နေစဉ် သူနိုးလာလျှင်တော့ တော်တော်ငိုရှာသည်။ စစပိုင်းရက်တွေကတော့ တာရာအတော့်ကို ဗျာများပီး အလုပ်များသည်လို့ဆိုရမည်။ ဆိုင်ကအလုပ်တွေက အကုန်လုံးက ညှာပေးကြလို့သက်သာရင်တောင် ကလေးငိုတာနဲ့ ပြေးလိုက်....မငိုတော့လဲ ဘာလို့များတိတ်နေလဲဆိုနဲ့ မိခင်ရဲ့အ​တွေးပေါင်းစုံနဲ့ပြေးလိုက်နဲ့ လူရော စိတ်ရော ဖတ်ဖတ်ကိုမောလို့။

"ရာရာ....ကလေးနို့သွားတိုက်တော့လေ"

ငွေတွေစီနေတဲ့ တာရာ့နားကပ်ပီးပြောလိုက်တဲ့မမချမ်းကြောင့် တာရာ ငွေတွေအမြန်သိမ်းရင်းပဲ

"ဖြည့်စွက်စာ စကျွေးနေပီ မမချမ်းရဲ့ နို့က သူသိပ်မဝတော့ဘူး"

"ဟယ်....ဘာတွေကျွေးနေလဲ အမလဲ ခုရက်ပိုင်း ရုံးချုပ်က ခနခနခေါ်နေလို့ ဆိုင်မှာကို မရှိတာကြာပီ"

"ထမင်းပျော့ပျော့လေးတွေ ငါးပြုတ်လေးတွေ ပဲနီလေးတွေ အာလူးလေးတွေလောက်ပါပဲမမချမ်းရယ် ထွေထွေထူးထူးလဲသိပ်မလုပ်တတ်တာရော မလုပ်နိုင်တာကောဆိုတော့လေ"

မမချမ်းရှေ့က တာရာ့ကိုကြည့်ရင်း တိတ်တခိုး သက်ပြင်းချမိလိုက်သည်။ ကလေးမလေး အရွယ်နဲ့မလိုက်ရုန်းကန်နေလိုက်ရတာ ဘယ်လိုဘဝက ဝဋ်ကြွေးတွေလဲကွယ်။ အလုပ်တွေကလဲ ဇယ်ဆက်သလိုများနေတာ သူတို့အသိဆုံး....စားဖို့သောက်ဖို့ပဲဆိုရင်တော့ သူတို့ဆီကလခလေးနဲ့ ခြိုးခြံစားရင် သူတို့သားအမိနှစ်ယောက်ဖူလုံပေမယ့်....ကလေးအတွက် တချိန်ကျ ကုန်မည့် ကျောင်းစရိတ်တွေ မမြင်နိုင်တဲ့ ကျန်းမာရေး ပြဿနာတွေအတွက်တွေဆိုတဲ့ ဝန်တွေကို သူမတစ်ယောက်ထဲထမ်းနေရတော့ ရသမျှအလုပ်လေးတွေကို မညီးမညူဘဲ ကြုံးရုန်းလုပ်ရရှာသည်။ အဲ့လိုအချိန်တွေဆို တာရာတော့မသိ သူမကတော့ တာရာ့ယောက်ျားဆိုတဲ့သူကို အတော့်ကို စိတ်ပျက်မုန်းတီးမိသည်။ ကလေးမလေးမှာ အသက်ပင် ၂၀ မပြည့်သေး ကလေးတယောက်နှင့် လောကကြီးထဲ ရုန်းကန်နေရရှာသည်။ သူကတော့ ဘယ်လိုဘဝမှာ ဘယ်လိုနေထိုင်နေလဲမသိ။ တာရာ့ဆီကလဲ သူနဲ့ပတ်သတ်ပီး အရင်ကကော ကွာရှင်းပီးတော့ကော ဘာသံမှ ထွေထွေထူးထူးကြားဖူးတာမဟုတ်လို့ အရင်ကထဲက အဆင်မပြေခဲ့ပုံရသည်။

"မမချမ်း....."

"ဟင်....အင်း ရာရာပြော"

"အော်....အဲ့ဆို ရာရာ ကလေးကို တခုခုသွားကျွေးလိုက်ဦးမယ်နော်လို့"

"အေး အေး သွားသွား"

တာရာထွက်သွားတော့မှ သူမလဲ အ​တွေးတွေကို ရပ်ပီး ခုနက တာရာ့အလုပ်တွေကို ဆက်လုပ်ပေးနေလိုက်တော့သည်။

.........

"Baby လေး ဘာတွေစားနေတာလဲ ပါးစပ်ကလေးကို လှုပ်စိလှုပ်စိနဲ့......"

တာရာ ကလေးထမင်းကျွေးရင်း စတိုခန်းထဲဝင်လာတဲ့ လုံးလုံးကြောင့် သူမကို ပြုံးပြလိုက်သည်။

"သားသား ထမင်းတွေစစားနေပါပီလို့.....အားအများကြီးရှိရင် တီတီလုံးကို ကိုင်ပေါက်မှာပါလို့"

ကလေးကပြန်ဖြေသလိုနဲ့ သူမကပြောလိုက်​တော့ လုံးလုံး မျက်မှောင်ကြီးကျုံ့သွားကာ ကလေးကိုကြည့်တော့ ကလေးက ထရယ်လေသည်။

"မရီနဲ့ မရီနဲ့ စိတ်ဆိုးမလို့နော်.....အဲ့ရုပ်နဲ့ရီတော့ ဒီတီတီက ဘယ်လိုဆူရ စိတ်ဆိုးရမလဲ"

"ဟိဟိ...."

ချစ်စရာအလွန်ကောင်းအောင်ကို ရီပြနေတဲ့ ကလေးကြောင့် တာရာကော လုံးလုံးရော ပြိုင်တူပြုံးမိလိုက်သည်။

" လုံးလုံး စား​တော့မလို့လား တူတူစားမယ်လေ ခနလေးစောင့်လို့ရသေးလား"

"ရတယ် ရတယ်.....ဒီတိုင်းဝင်လာတာရယ် ဟိဟိ အချောင်ခိုမလို့ ကလေးနှိုက်ရင်း"

ဒီဆိုင်မှာတော့ ကလေးနားနေတဲ့သူဆို တော်ရုံ ဘာအလုပ်မှမလုပ်လဲ သိပ်မပြောကြ နားလည်ပေးကြသည်ထိ ကလေးကို ချစ်ပေးကြသည်။

"ရာရာ...."

"အင်း ပြောလေ လုံးလုံး"

ကလေးထမင်းကျွေးနေတာတဖက်နဲ့မလို့ သူမကို အသံပြုရုံပြန်ဖြေတာကို ဆက်မပြောဘဲတိတ်နေတဲ့ လုံးလုံးကြောင့် တာရာ ကလေးကို ကျွေးလက်စပင် ခနရပ်ကာ သူမကိုလှည့်ကြည့်လိုက်သည်။

"ဘာပြောမလို့လဲ လုံးလုံးရဲ့ ပြောလေ"

"ဟို....ဟို....."

စကားစရခက်နေပုံရတဲ့ လုံးလုံးကြောင့် သိလိုက်ပီ....ဒီကလေးမ ပိုက်ဆံများပြတ်ပီလား။ တခါတလေ လမကုန်ခင် ပိုက်ဆံပြတ်တတ်တဲ့လုံးလုံး မမချမ်းဆီက ကြိုထုတ်ရင် ရပါရက်နဲ့ ထုတ်တော့ထုတ်ပေးပေမယ့် သြဝါဒတွေတော့ အချွေခံရတာမလို့ သိပ်မများရင် တာရာ့ဆီက ချေးနေကြဆိုတော့ သိလိုက်ပီ။ ကိုယ်လဲရုန်းကန်နေရတာ သူ့မျက်မြင်ပေမလို့ ငွေချေးဖို့ စကားမှာ မပြောထွက်နေတာဖြစ်လိမ့်မည်။

"ဘာလဲ ပိုက်ဆံပြတ်သွားပြန်ပီလား"

"အာ....မဟုတ်ပါဘူး...."

"ဟင် အဲ့ဆို ဘာလို့လဲ လုံးလုံးရဲ့.....မျက်နှာကလဲ မအီမသာနဲ့"

"ရာရာ လုံးလုံးကို စိတ်မဆိုးနဲ့နော်.....နော် လို့"

အတင်းတောင်းဆိုသလိုနဲ့ သူမလက်ကို လှုပ်ရမ်းပြောနေတဲ့ လုံးလုံးကြောင့် ကလေးထမင်းပန်းကန်လေးတောင်ပြုတ်ကျတော့မလို....ဒီကလေးမ ဘာတွေလုပ်ထားပြန်တာလဲ

"အင်းပါ ပြော ပြော"

"ပြောမှာမဟုတ်ဘူး မေးမှာ"

"အင်း...."

"နေမင်းမဟာက....."

သူမမပြောခင်နောက်ဆုံးစက္ကန့်လေးမှာတော့ အဲ့လူအကြောင်းလားဆိုပီး ထင်ခဲ့သေးသည်။ လက်စသတ်တော့ အဲ့လူအကြောင်းပါပဲ

"အင်း"

"နေမင်းမဟာက ရာရာနဲ့ သိတာလားဟင်"

"ဟယ် ပေါက်တီးပေါက်ရှာ မသိပါဘူး"

"ဟိုတခါ ကောင်းကင်လေးကိုတောင် ချီသွားသေးတယ်လေ သူ့အမေကလဲ ရာရာ့ဆီခနခနလာတာဆို"

"အော် သိတာက သူ့အမေနဲ့သိတာပါ....အရင်တခါလာချီတာတော့ ဒီတိုင်းကြုံလို့ရယ်ပါ....ရာရာ့သားလေးကို မြင်ရင် မချီချင်သူဘယ်သူရှိမှာလဲ ဟုတ်တယ်မလား"

သူမအပြောကြောင့် လုံးလုံး ခနတော့တွေဝေကာ ငြိမ်သွားသည်။ ဟုတ်တော့လဲ ဟုတ်သည်။ တာရာ့ကလေးလေးက ကိုယ့်အသိကလေးမလို့ပြောတာတော့မဟုတ် ကလေးတန်မဲ့ မျက်လုံးမျက်ခုံး နှာတံတွေကထင်းနေတာ အသားရည်ကလဲ ဖြူဥကြည်တောက်နေသည်မလို့ မြင်သူတိုင်းက အရုပ်ကလေးနဲ့တူသည်ဆိုကာ ချစ်ကြသည်။ ချီပိုးချင်ကြသည်။

"ဟုတ်တော့ ဟုတ်ပါတယ် ဒါမဲ့လေ....."

"အင်းလေ ဟုတ်နေတာပဲကို သူနဲ့က မသိပါဘူး လုံးလုံးပဲပြောတာလေ သူတို့က ချမ်းသာတယ်ဆို ဘယ်လိုလုပ် ရာရာ့ဆီမှာ အဲ့လောက်ချမ်းသာတဲ့ အသိတွေရှိမှာလဲ"

"အင်း ရာရာပြောတော့လဲ ဟုတ်သလိုလိုပါ ဒါမဲ့လေ.....အဲ့တလောကပဲ နေမင်းမဟာနဲ့ ဧကရီပြတ်သွားကြတာလားမသိဘူး သူတို့နှစ်ယောက်ရဲ့ social media အကောင့်တွေရှိသမျှအကုန်ဖျက်သွားကြပီ"

"အော်....."

တာရာ သူတို့နဲ့ပတ်သတ်ရင် ဘာမှစိတ်ထဲမရှိတာမလို့ လုံးလုံးပြောသမျှကို မအံ့သြသလို ဘယ်လိုမှမခံစားရ.....ပြတ်ပြတ် ဆက်ဆက် ဒါသူတို့ကိစ္စ။ သူမနဲ့ သူမသားနဲ့ လာမပတ်သတ်သ၍ အဆင်ပြေသည်။ ပြောမယ့်သာပြောတာ ကလေး ရက် ၁၀၀ ပြည့်တဲ့နေ့က နောက်မလာဖို့ ပြောလိုက်လို့ထင်သည် ဒေါ်နန်းဒေဝီကိုပင် အဲ့နောက်ပိုင်း မတွေ့ရတော့။ အေးလေ သူတို့လဲ စိတ်ဆိုးမယ်ဆိုလဲ ဆိုးချင်စရာလေ.. သူမလို ဘာမဟုတ်တဲ့ မိန်းကလေးက ပြောဆိုလွှတ်ထားတာဆို​တော့ ဘယ်လာပါတော့မလဲ။ စိတ်ပဲဆိုးဆိုး စိတ်ပဲနာနာ လာမပတ်သတ်တာ အကောင်းဆုံးမလို့ အဆင်ပြေသည်။ ခုဆို သူမတို့သားအမိဘဝ ဘယ်လောက်ငြိမ်းချမ်းလိုက်သလဲ။

"အဲ့တာ.....ရာရာနဲ့ ခင်ရင် သူတို့ ဘာလို့ပျက်လဲ ဘယ်အကောင့်သုံးလဲ သိချင်လို့"

"အမလေး လုံးလုံးရယ် ဝါသနာကြီးမားလိုက်တာ.....ရာရာက တကယ်မခင်ဘူးလုံးလုံးရဲ့ နောက်ပီး ကလေး ရက် ၁၀၀ ပြည့်ထဲက မတွေ့တော့တာ သူတို့လဲမလာတော့ဘူး မယုံရင် ဒေါ်ခင်မမမေးကြည့်"

သူမချည်းပြောနေရင် ဇွဲကောင်းလွန်းသော လုံးလုံးက မယုံဘဲရှိတော့မည်မလို့ လုံးလုံးထက်ကို ဒေါ်နန်းဒေဝီလာမလာ ပိုစိတ်ဝင်စားတဲ့ ဒေါ်ခင်မမကို စစ်ကူခေါ်ရတော့သည်။ လုံးလုံးလဲ ဒေါ်ခင်မမအကြောင်းကို သိသူမလို့ ဘာမှတော့ ထပ်မပြောတော့....ဟိုက ကလေးကို လာခေါ်သွားမှာစိုးလို့ စိတ္တဇဖြစ်နေကာ ကားအမည်းရောင် ရပ်ကွက်ထဲဝင်လာတာနဲ့ သူမရဲ့ဆိုင်ထဲကနေ ပြူးပြဲကြည့်ရတာအမော။

"အင်း...ယုံပါတယ် ဒါမဲ့..."

"ဒါမဲ့လုပ်မနေနဲ့ သွား ထမင်းချိုင့်သွားယူတော့ ကလေးက ထမင်းကုန်ပီ စားစို့... ချဉ်ပေါင်ကြော်ကြော်လာတယ်"

"ယေးးးး ချဉ်ပေါင်ကြော်....."

ချဉ်ပေါင်ကြော်ဆိုရင် သိပ်ကြိုက်တဲ့ လုံးလုံးတယောက် စားရတော့မယ်လဲဆိုရော ခုနက လာရင်းကိစ္စပင်မေ့ပီး ထမင်းချိုင့်ယူရန် အပြင်ကို ထွက်သွားတော့သည်။ အရင်ကတော့ ဒီစတိုခန်းပေါက်စထဲမှာ ထမင်းချိုင့်တွေ ခွက်တွေဘာတွေထားပေမယ့် ကလေးရောက်လာတော့မည်ဆိုကတည်းက မမချမ်းရဲ့ ရှင်းလင်းရေးအစီစဉ်ကြောင့် ဘယ်သူမှမထားရတော့....ကလေးကို ခြင်တွေ ယင်တွေ ပုရွက်ဆိတ်တွေကိုက်မည် ကြွက်လာမည် ရောဂါရမည်ဆိုကာ ထမင်းပင် အထဲမှာပေးမစားတော့.....အဲ့လောက်ကို ကလေးအတွက်ကြည့်ပေးတဲ့ ပတ်ဝန်းကျင်ပါ။

......

"သားးး မာမီ့မြေးနဲ့က နီးရဦးမှာပါနော်"

မဟာ ဖွင့်ထားတဲ့ ဖုန်းစပီကာသံကနေ ကြားလိုက်ရတဲ့ သူ့မာမီရဲ့ စိတ်ညစ်ညူးသံနဲ့ မေးခွန်းပေါင်းများစွာကို အလွတ်နီးပါးရနေပီဖြစ်သည်။ ကလေးနဲ့သွားမတွေ့ပါနဲ့ဆိုတဲ့ နောက်ရက်ထဲက အားနေ ဒီကိစ္စကိုပဲ လူလွှတ်မေးလိုက် ကိုယ်တိုင်လာမေးလိုက် ဖုန်းခေါ်မေးလိုက်နှင့် တဂျီဂျီမေးနေတဲ့ မာမီ့ကို သူစိတ်မပျက်သော်ငြားလဲ သနားသည်ကတော့အမှန်.....ဝေယံ့အမေ သူ့မြေးလေးနှင့်ပုံတွေတင် အပြင်တွေသွား ကစားပျော်ပါးနေရင် သူ့ခင်မျာလဲ သူ့မြေးလေးနဲ့နေချင်သည် ကစားချင်သည်နေမှာ.....နေမထိထိုင်မသာတွေဖြစ်လို့။

"သားကြိုးစားနေပါတယ် မာမီ....ခနလေးစောင့်ပေးပါ"

"သားရယ် ဘယ်လောက်တောင် ထပ်စောင့်ရဦးမှာလဲ"

"မကြာတော့ပါဘူး"

ဘာမှမပြောဘဲ သက်ပြင်းရှည်ကြီးချကာ ဖုန်းချသွားတဲ့မာမီ့ကို သူကြိုးစားနေတာတွေလဲ ထုတ်မပြောချင်တော့ပေ။ မာမီ့အမြင်မှာ ဘာမှမလုပ်ဘူးထင်ပီး အားမရဖြစ်နေကောင်းဖြစ်နေပေမယ့်လဲ သူဘယ်လောက်ကြိုးစားနေလဲ သူအသိဆုံးပေမို့ မြန်မြန်အကောင်ထည်ပေါ်လာဖို့သာ ဆုတောင်းနေရသည်။

"Boss.....စာရင်းစစ်တွေရဲ့ report တွေထွက်လာပါပီ"

ရုတ်တရက်တံခါးခေါက်ခါ ဝင်လာပီးပြောလိုက်တဲ့ ကျော်စွာ့စကားကြောင့် သူခုနက မှိုင်တွေနေတာကနေ ချက်ချင်း မျက်နှာဝင်းလက်သွားသည်။.

"အင်း.....အသေးစိတ်ပြန်ကြည့်တာကို ငါကိုယ်တိုင်ပဲလုပ်လိုက်တော့မယ် file တွေကို email ကနေပို့ထားလိုက်တော့"

"အော်....ကျတော်က boss ရဲ့ PA ကိုင်မယ်ထင်လို့ ညမှပို့မလို့ "

"ရတယ် ငါ့ဆီ ခနနေရင်ပဲပို့လိုက်တော့"

"ဟုတ် ဟုတ် boss"

မဝေးတော့ပါဘူး ငတိမရယ်.....

သူ့ဘာသာသူအဝေးမှာရှိနေတဲ့အရာကို ကိုယ့်အနားရောက်အောင် လှမ်းယူရတာ လွယ်ပေမယ့်....ကိုယ်ကိုယ်တိုင်အဝေးကို အတင်းတွန်းပို့လိုက်တဲ့ အရာကို ကိုယ့်နားပြန်ရောက်အောင်ကြိုးစားရတာ အတော့်ကို ခက်ခဲလှသည်။

.......

"ဟင်.....မမချမ်းက နယ်ပြောင်းရမယ် ရုတ်တရက်ကြီးဘာလို့လဲဟင်"

စိတ်ပျက်အားလျှော့စွာနဲ့ ပြောလိုက်တဲ့တာရာ့အသံကြောင့် မမချမ်းက သူမကိုကြည့်ကာ လေးပင်နေတဲ့အသံနဲ့ပြောတော့သည်။

"မသိပါဘူးကွယ်....တခြားဆိုင်ခွဲက မန်နေဂျာတွေက ငြင်းထားတော့ အမပေါ်ပဲ ပုံကျလာတာ"

"မမချမ်းသွားရင် လုံးလုံးတော့ ခက်ပါပီ"

မမချမ်းနယ်ပြောင်းရမှာ တာရာပင်စိတ်ပူသည်မဟုတ်....အပူပင်ဆုံးကတော့ လုံးလုံး။ လုံးလုံးက အမြဲတလွဲလုပ်တတ်သူပီပီ တခြား တင်းကျပ်တဲ့ မန်နေဂျာရောက်လာမှာ အရမ်းစိုးရိမ်နေမည်မှာ မလွဲ။ တာရာကျတော့ မမချမ်းသာ ကလေးနဲ့ပတ်သတ်ပီး သူမကို ကြည်ဖြူပီး အကူအညီပေးတာ နောက်ရောက်လာမယ့် မန်နေဂျာအသစ်က ဘယ်သူဘယ်ဝါမှန်းမသိတာမလို့ စတိုးဆိုင်ထဲ ကလေးခေါ်လာလို့ရပါ့မလား ဘာလား စတင်စိုးရိမ်ရတော့သည်။ ခေါ်လာမရရင် ကလေးကို ဘယ်သွားထားရမလဲဆိုတာကလဲတဆက်ထဲ မစဉ်းစားချင်ဘဲ စဉ်းစားနေရတဲ့ကိစ္စ။ ဒေါ်ခင်မမကတော့ ဆိုင်မှာအမြဲအထိုင်ရှိနေတာမလို့ သူနှင့်လာထားဟုဆိုပေမယ့် အမြဲအလုပ်ရှုပ်နေတဲ့ ဈေးဆိုင်ဖြစ်တာ​ကြောင့် သူများလဲ ဝန်မပိစေချင်သလို ကလေးလဲ ပျောက်သွားမလား ဘာလားစိုးရိမ်သည်။ ခုသူမနှင့်ရင်အုပ်မကွာရှိနေရတဲ့အခြေနေလေးက အကောင်းဆုံးဖြစ်နေသည်မလား။

"အမတော့ ကောင်းကင်လေးအတွက်စိတ်ပူတာပါပဲ"

သူမရင်ထဲက အပူကို မမချမ်းက သိသလိုပြောတော့ တာရာသက်ပြင်းတိုလေးသာ ခိုးချမိသည်။ သို့သော် သူမနဲ့သူမသားအတွက်တော့ သူတစ်ပါးကို ထွေထူးပီး စိတ်ပူနေတာမျိုးမဖြစ်စေချင်။ ခု မမချမ်းပြောင်းရတာလဲ promotion ပုံစံ ရာထူးတိုးလို့ပြောင်းရတာမျိုးဆိုတော့ သွားမယ့်လူကိုလဲ နောက်ဆံတင်းမနေစေလိုတာကြောင့်

"မပူပါနဲ့မမချမ်းရယ်...အဆင်ပြေသွားမှာပါ"

"ဒါမဲ့ မန်နေဂျာအသစ်က....."

ပြောမယ့်စကားတွေ မဆုံးပေမယ့် တိမ်ဝင်သွားတဲ့အသံကြောင့် အားလုံးက မမချမ်းဘာပြောချင်လဲ သိနေကြသည်။

"မန်နေဂျာအသစ်ကလဲ အဆင်ပြေမှာပါ မမချမ်းရဲ့"

တာရာ့ရဲ့ ဖြေသိမ့်သလိုပြောတဲ့အပြောကို မမချမ်းအပါအဝင် တခြားသူတွေကပါ တာရာ့ကို လေးပင်နေသော မျက်လုံးများနဲ့ကြည့်ကြသည်။ သူတို့အားလုံးပူတာ တာရာ့အတွက်ပဲမလား။ သိပေမယ့် ကိုယ့်ကြောင့် မဆိုင်တဲ့သူတွေ စိတ်ပူပေးနေရတာကိုတော့ တကယ်အားနာသည်မလို့

"မမချမ်း မပြောင်းခင် မုန့်သွားစားကြရအောင်လေနော်....."

"ဟေးးးး ဟုတ်တယ် ဟုတ်တယ်"

"တရက်အားတဲ့နေ့ ညနေလောက်စားရအောင်"

"လိုက်ပီးသားနော် "

"Join ပါရစေပဲ"

တာရာ အစားအစာအကြောင်းစကားစလိုက်တာနဲ့ လက်တွေ့ပူပန်တာတွေကိုမေ့ပီး အကုန်လုံးက ဆူဆူ ဆူဆူဖြစ်လာကြတော့သည်။ အားလုံးထဲတော့ ငြိမ်ပီး တာရာ့ကို ကြည့်နေတာကတော့ မမချမ်းးးး။

"အင်းပါ သွားရမှာလဲ နောက်လအမီဆိုတော့ ဒီလမကုန်ခင် သွားစားကြမယ် အမဒကာခံမယ်"

"ယေးးးးး တို့မမချမ်းအကောင်းဆုံး"

ဟုတ်ပါသည်။ တာရာအလုပ်တွေလုပ်ဖူးလာတဲ့ထဲ မမချမ်းလို ခေါင်းဆောင်စိတ်တကယ်ရှိသူဆိုတာရှားသည်။ မရှိဘူးတော့မဟုတ် ရှိသည်။ အထက်ဖားအောက်ဖိမလုပ်တတ်သလို ကိုယ့်လက်အောက်ငယ်သားတွေ ပျော်ရွှင်ဖို့ လုံခြုံဖို့ကိုသာ ရှေးရှုတတ်သည်။ တခုခုဆို အကြီးပီပီခေါင်းခံသည် အပင်ပန်းခံသည်။ ပြသနာတတ်လာရင် သူကအရင်က ဖြေရှင်းပေးသည်။ ပီးမှ သူ့ဝန်ထမ်းတွေကို ဆူရင်ဆူပြောရင်ပြောမည်....နင့်ဘာသာနင်ရှင်းဆိုပီးတော့ ခေါင်းရှောင်ထွက်သွားတာတွေ ထိုးချတာတွေမလုပ်တတ်။ ဝန်ထမ်းတယောက်ချင်းဆီကို အရိပ်တကြည့်ကြည့်နဲ့ ဂရုစိုက်ပေးတတ်ပေမယ့် သူများ ကိုယ်ရေးတာတွေ ဝင်မစွက်ဖက်တတ် အလေးထား လေးစားသည်။ စကားပြောပြတ်သည် ဆူတတ်ငေါက်တတ်သည်ဆိုပေမယ့် သူမရဲ့စေတနာတွေက မျက်စိမှိတ်တောင်မြင်နေရ ခံစားနေရတာဆိုတော့ အကုန်လုံးက သူမကို ချစ်ခင်ကြသည်မှာမလွဲ။ ခုလို နယ်ပြောင်းရမယ်ဆိုတော့ အကုန်လုံးက စိတ်ညစ်သွားတာမည်ဆိုတာလဲ မဆန်းတော့။

.....

မမချမ်းက သူနယ်မပြောင်းခင် မုန့်လိုက်ကျွေးမယ်ဆိုလို့သာ ညပိုင်းအလုပ်ပီးသည်နှင့် အကုန်စုပီးထွက်လာလို့ ကလေးပါချီပီး လိုက်လာရတာ....တကယ်တော့ ညပိုင်းကိုအပြင်မထွက်တာကြာတော့ နဲနဲတော့ လန့်မိသည်။ ကလေးကတော့ ၈ လကျော်နေပီဆိုတော့ တော်တော်လေးစူးစမ်းတတ်နေပီဖြစ်တာမလို့ ကားတွေ မီးရောင်စုံတွေ သီချင်းသံတွေကြားပျော်နေပုံရသည်။ မြူးထူးလို့.....။

သူတို့အားလုံး ဟော့ပေါ့ဆိုင်တဆိုင်မှာ ဝင်စားကြပီး အချိန်တော်တော်ကြာမှကိုပြန်ထွက်လာသည်မလို့ နဲနဲတော့ ညဥ့်နက်နေပီ။ အုပ်စုလိုက်ပြန်ရမှာရော အကုန်လုံးမဟုတ်တောင် တော်တော်များများက ပြန်လိုက်ပို့မည်ဆိုသောကြောင့် သိပ်တော့ စိတ်ထဲဝန်မလေးခဲ့။ ပြန်လာတော့ လမ်းကတည်းကပင် ကလေးက တာရာ့လက်ပေါ်အိပ်ပျော်နေပီ....စားနေချိန်တုံးကတော့ ဆိုင်က ကလေးထိုင်ခုံလေးနဲ့ သားသားကိုထိုင်စေတာမလို့ သူမအေးဆေးစားခွင့်ရခဲ့သည်။ သို့သော် တနေကုန်အလုပ်လုပ်လာရတာကော အသွားကော အပြန်ကော တစ်တုတ်နေတဲ့ ၈လသား ကလေးကိုချီလာရတာ လွယ်တာမဟုတ်....သူများတွေက ချီပေးမည်ပြောသော်ငြားလဲ ကိုယ့်ကလေး ကိုယ်နဲ့ထိနေမှ အထူးသဖြင့် အပြင်ထွက်ရင်ပေါ့....အဲ့လိုမှ စိတ်ချတဲ့ တာရာက လုံးဝအချီမခံဘဲ ကိုယ့်ဘာသာပဲရအောင် တလမ်းလုံးချီလာခဲ့တာ။ တိုက်နားရောက်ခါနီးမှ ရွာလာတဲ့မိုးကြောင့် တခြားပြန်လိုက်ပို့တဲ့သူတွေကို အတင်းပြန်လွှတ်ပီး သူမဘာသာသူမ တိုက်တွေအောက်နားကနေ အသာလေးဖြတ်ကာ သူမအခန်းဆီရောက်အောင်လာခဲ့ရသည်။ ကလေးကတော့ မိုးရေစက်တချို့စင်တာကြောင့် အခန်းမရောက်ခင်နိုးလာသည်။

"အမေ့......"

တိုက်ခန်းမီးတွေမလို့ ထိန်လင်းနေတာမျိုးမဟုတ်ဘဲ ဝါကျင်ကျင်ဖြစ်နေတာ အလင်းရောင်ကောင်းစွာမရ.....တိုက်ခန်းလှေကားကျဉ်းကျဉ်းလေးကနေ ကလေးချီပီး ၆ လွှာထိတက်လာရပါတယ်ဆို ညကြီးမင်းကြီး အခန်းရှေ့မှာ မြင်လိုက်ရတဲ့အရာကြောင့် တာရာအသံထွက်တဲ့အထိ လန့်ကာ အော်မိသွားသည်။ မအော်မိခါမှလဲ ကြည့်ဦးလေ ညကြီးအချိန်မတော်ဟုမဆိုနိုင်သော်လဲ ညဥ့်တော်တော်နက်နေတဲ့အချိန်ကျမှ သူမအခန်းရှေ့ မီးဝါကျင်ကျင်မှိန်မှိန်အောက်မှာ မတ်တပ်ရပ်နေတဲ့ အကျီအနက်ဝမ်းဆက်နဲ့လူတစ်ဦး။ သူမကိုမြင်တော့ မျက်မှောင်ကျုံ့ကာကြည့်လိုက်သည်ကို လင်းချင်းမနေတဲ့ကြားက မြင်ဖြစ်အောင်မြင်လိုက်သေးသည်။

"ဒီအချိန်ကြီးထိ အပြင်မှာ ဘာလုပ်နေတာလဲ"

သူနဲ့ လားလားမှမဆိုင်တဲ့ကိစ္စ မဆိုင်တဲ့လူကို ပိုင်စိုးပိုင်နင်းလာမေးနေတော့ စိတ်ကတော့ ထောင်းခနဲ ဖြစ်သွားပေမယ့် အဲ့လိုလူအတွက် စိတ်ခံစားချက်မရှိသင့်တာကို သတိထားမိတာမလို့....အမြန်ပဲ တံခါးသော့ဖွင့်ဖို့ကြိုးစားကာ အိမ်ထဲဝင်ဖို့ပဲလုပ်မိနေတော့သည်။

သော့ကလဲ အရေးထဲမှ ကလေးတဖက်နဲ့မလို့ နှိုက်လို့ကမလွယ်....ခါတိုင်းဆို ကလေးတဖက်နဲ့မလို့ ဘက်စ်ကားပေါ်က မဆင်းခင်ထဲ ဒါမှမဟုတ် ဆိုင်ကမထွက်လာခင်ထဲက အလွယ်နှိုက်လို့ရမယ့်နေရာမှာ ထား​နေကျ....ခုတော့ တခြားနေရာသွားနေတာမလို့ကော မိုးမိလာလို့ သုတ်သုတ် သုတ်သုတ်နဲ့လာခဲ့ရတာမလို့ကော အဆင်သင့်ထုတ်မထားခဲ့မိပေ။ ဘေးက နေ တတွတ်တွတ်မပြောနေပေမယ့် သူမကို စိုက်ကြည့်နေတဲ့သူကိုတော့ မျက်လုံးထောင့်ကနေမြင်နေရသည်။ ကလေးကိုရုတ်တရက် လက်ထဲကနေ ဆွဲခေါ်ယူလိုက်တာကြောင့် မထင်မှတ်ထားတာမလို့ တာရာ လန့်သွားမိသည်။ သတိဝင်လာတော့ ကလေးက သူ့လက်ထဲရောက်နေပီ....မြင်နေကျမဟုတ်တဲ့သူက အတင်းလာခေါ်တာကို ငိုရကောင်းမှန်းမသိဘဲ တခစ်ခစ်လုပ်ပြနေတဲ့ ဟာလေးကိုလဲ လိုက်သွားဆိုပီး ပစ်ထားပလိုက်ချင်သည်။ တကယ်လုပ်နိုင်လားဆိုတော့လဲ မလုပ်နိုင်ပါ အတွေးသာရှိတာ။

"ဖွင့်စမ်းပါ မင်းဘာသာ....မင်းလုပ်နေတာနဲ့ ကလေးကပြုတ်ကျတော့မယ်"

မဟာ ရှေ့က ကလေးတဖက်နဲ့ ဖရိုဖရဲ ဖြစ်နေတဲ့ ငတိမကိုကြည့်ရင်း ကလေးပြုတ်ကျမှာစိုးလို့ ကလေးကို ဇွတ်ဆွဲယူချီထားလိုက်သည်။ သူချီပေးထားမယ် ပေး ဆိုလဲ ပေးမယ့်သူမဟုတ်တော့ သူမ မထင်တဲ့အချိန်မှာ ဇွတ်ဆွဲယူလိုက်တာ သိပ်တော့ကျေနပ်ပုံမရ သူ့ကို မျက်နှာသေကြီးနဲ့ကြည့်နေသေးသည်။ ကလေးမရှိတော့မှ အိတ်ထဲက သော့ကိုသေချာနှိုက်လို့ရသွားတာမလို့ မကြာဘူး အခန်းတံခါးပွင့်သွားသည်။ တံခါးပွင့်သွားသည်နှင့် ကလေးကိုခေါ်ဖို့ သူ့ဘက်ကို လှည့်လာပေမယ့် သူကပဲ ဦးအောင် ကလေးချီပီး ဖွင့်ထားတဲ့ တံခါးကနေ အထဲကို ဝင်သွားလိုက်သည်။ အထဲဝင်ပါ ထိုင်ပါဦးဆိုပီး ဧည့်ဝတ်ကျေမယ့်သူလဲ မဟုတ်တော့ သူ့ဘာသာပဲ ဇွတ်ဧည့်သည်လုပ်လိုက်ရတော့သည်။

" ဒီမှာ.....ဒီမှာ"

တာရာ အံ့သြလွန်းလို့ ခနတော့ ဘာမှမပြောနိုင်ပေမယ့် ကိုယ့်အိမ်ထဲရောက်သွားတဲ့သူ့ကိုမြင်လိုက်မှ စိတ်ပျက်ရကောင်းမှန်းသိကာ နောက်ကနေ အသံခပ်အုပ်အုပ်နဲ့အော်လိုက်မိသည်။ အချိန်က ၉ နာရီကျော်နေပီမလို့ သူများတွေအနှောင့်ယှက်ဖြစ်မည်လဲစိုးရသေးသည်မလား။

" ဒီမှာ....ခေါ်နေတာမကြားဘူးလား"

သူမခေါ်နေတာ သူကြားတယ် တမင်သပ်သပ်လုပ်နေတာမလို့ သူမလဲအိမ်ထဲလိုက်ဝင်ပီး သူနဲ့စကားမပြောချင်ပါဘူးဆိုမှ မပြောမဖြစ်ပြောရတော့သည်။ သူ့ထက် အလုံးအထည်ကြီးသူသာဖြစ်နေရင်တော့ ဘာစကားမှပြောမိမည်မဟုတ် ဂုတ်ကနေ စောင့်ဆွဲကာ အခန်းပြင်ထုတ်မိမှာအမှန်ပင်။

"မင်း.....ကလေးကို ရေတွေစိုနေတာ အကျီမလဲပေးသေးဘူးလား"

ရာရာစစ သူကများ.....စိတ်ပူသလို ဒေါသထွက်သလို လာပြောတော့ တာရာ လွန်စွာမှကိုလွန်စွာ စိတ်ပျက်မိသည်။ သူက ခုကျမှ ဘယ်သူ့လာပီး ဘာလာပီး ပူပန်နေရတာလဲ။

"ကျမကလေးကျမ ဘာလုပ်ပေးရမှာသိတယ် ရှင်နဲ့မဆိုင်ဘူး ပြန်တော့ နောက်လဲမလာနဲ့"

"လုပ်ပေးရမှာသိရင် ကလေးအဝတ်စားသွားယူလေကွာ.....ဒီမှာ ဖျားတော့မယ် ကလေးက.....​နော်....."

အော်ဂလီဆန်လိုက်တာ.....သူမပြောတဲ့ ပြန်ဆိုတာကို မကြားချင်ယောင်ဆောင်ပီး သူပြောချင်တာပဲရွေးပြောသွားတဲ့ဟာ....ပီးရင် ကလေးကိုက ညုသလိုလိုပြောလိုက်သေးသည်။ ဟိုကလေးကလဲ ခုကျ ခေါင်းကိုထောင် မျက်လုံးကိုပြူးလို့ ကိုယ့်မှာသာ ခုနက တလမ်းလုံး အလေးကြီးချီလာခဲ့ရတာတောင် အမောမပြေနိုင်သေး။ ခုနက အိပ်ချင်နေတာမလား ခုကျ ဘာလဲ ပြူးလို့ မြူးလို့.... စိတ်က ဘာမှမသိတဲ့ ကလေးပေါ်မှာပါ အပြစ်တွေတင်မိနေသည်အထိ ဆောက်တည်ရာမရတော့။ သို့သော် သူ့စကားနားထောင်တယ်ရယ်မဟုတ်ပေမယ့် ကလေးက တခါအအေးမိပီး ဖျားဖူးတာမလို့ ခုချိန်မှ ဖျားရင် ညသန်းခေါင်သူမနဲ့ကလေးပဲ ဒုက္ခရောက်မှာ စိုးတာကြောင့် ကလေးကိုအရင်အကျီလဲပီး နွေးအောင်လုပ်ပေးဖို့က အဓိကဖြစ်နေသည်.. ပီးမှ သူ့ကို အိမ်ထဲက ဆွဲထုတ်ရထုတ်ရ......

သူ့စကားတော့ နားထောင်ပီး လုပ်ပေးနေသည်မထင်....ကလေးကိုစိတ်ပူလို့ လုပ်ပေးနေတယ်ဆိုတာ မဟာသိသည်။ ဒီညနေမှ ကလေးကိုရော.....မရှက်တမ်းဝန်ခံရရင် သူမဘာလုပ်နေလဲ ဘာလဲသိချင်လာတာမလို့ သူမတို့ အိမ်နား ညနေထဲက လာဝေ့နေခဲ့တာ.....ကားယူလာရင် သူမတို့ရပ်ကွက်က ထူးဆန်းပီးသတိထားနေမိကြမှာစိုးလို့ ကားပင်မယူဘဲ မောင်စိုးကိုလိုက်ပို့စေ ကာ မစောင့်ဘဲ ပြန်စေခဲ့သည်။ သူအစကတော့ သူမအလုပ်ပြန်လာတာလေးပဲအဝေးက ကြည့်မယ်ဆိုပီး မလှမ်းမကန်းက လက်ဖက်ရည်ဆိုင်လေးထဲမှာစောင့်နေတာ.....ငတိမက တော်တော်နဲ့မလာ ဆိုင်လိုက်သွားရင်လဲ တခြားသူတွေကြား ပြောရဆိုရခက်နေမှာစိုးလို့ စိတ်ရှည်ရှည်စောင့်ပါသော်လည်း ည ၉ နာရီထိုးတဲ့ထိပြန်မလာသေး.....သူမအခန်းလဲ မီးပိတ်ထားတော့ သေချာတယ် ပြန်မလာသေးတာ။ သူထိုင်နေတဲ့ လက်ဖက်ရည်ဆိုင်ကလဲ ညနေထဲကထိုင်နေတဲ့သူ့ကို ဆိုင်ပိတ်တဲ့ထိမပြန်သေးတော့ ငူစူနေပီ။ သူလမ်းလျှောက်သလိုလိုစောင့်မလားဆိုတော့လဲ ဒါလမ်းလျှောက်ရမယ့်အချိန်လဲမဟုတ် သူကလဲ ကုတ်အကျီသာမပါတာ ကုမ္ပဏီသွားတဲ့ suit အပြည့်နဲ့.....နောက်ဆုံး ဖြစ်ချင်ရာဖြစ်ဆိုပီး သူမအခန်းရှေ့တက်လာလိုက်ရတော့သည်။

ကလေးကို အကျီလဲပေးနေတဲ့တလျှောက်လဲ ဘေးကနေ ကိုင်ပေးတာလိုလို ကူပေးတာလိုလိုနဲ့ ဆားဝင်ဖြူးနေသေးသည်။ ကျေးဇူးပြုပီး ထွက်သွားပါတော့ ထွက်သွားပါတော့ဆိုပီး စိတ်ထဲက ဆုတောင်းနေပေမယ့် သူ့ကတော့ ဂုတ်ကဆွဲမထုတ်မချင်း ထွက်မည့်ပုံမပေါ်တာမလို့....

"ရှင့်ကိစ္စမရှိတော့ဘူး ရှင်ပြန်တော့"

"ကလေးက မိုးမိလာတာလေ ညကျမှ ထဖျားရင် ဘယ်လိုလုပ်မလဲ"

သူမအပြောကို သူ့ပါးသူလက်တဖက်နဲ့ပွတ်ရင်း နောက်လက်တဖက်က ကလေးကိုလက်ညှိုးထိုးကာပြောနေတဲ့သူ့ကို သူမ ဘယ်လိုစကားလုံးရွေးပီး ပြန်လွှတ်ရမှန်းမသိတော့ပေ။ အဲ့တော့ သူက ဘာလုပ်မှာလဲ တညလုံး ထိုင်စောင့်နေမှာလား....ဒီအိမ်ထဲကနေလား မပြန်တော့ဘူးလား စသည်ဖြင့်အတွေးတွေက မဆက်ချင်ဘဲ ဆက်လာတော့သည်။ ကလေးကတော့ နွေးလာတာနဲ့ အိပ်ချိန်လဲ ရောက်ပီဖြစ်နေတာကြောင့် ဧည့်ခန်းက အခင်းလေးပေါ်မှ မွေ့ယာအပါးလေးပေါ် အိပ်ပျော်လို့သွားသည်။

"ရတယ်.....ရှင့်ဘာသာရှင်ပြန် ရှင့်ကိစ္စမဟုတ်ဘူး နောက်ပီး..... "

သူမ စကားခနရပ်သွားတာကြောင့် သူ့အကြည့်တွေက သူမဆီရောက်လာသည်။ သူမကတော့ သေချာတယ် သူ့ကို စေ့စေ့မကြည့်ခဲ့။

"ဒီကလေးနဲ့ရှင်နဲ့ ဘာမှမသက်ဆိုင်တာမလို့ ရှင်ကော ရှင့်မိသားစုရော ကျမတို့သားအမိနဲ့ လာမပတ်သတ်ပါနဲ့"

"ညကြီးအချိန်မတော်မှ ကလေးဖျားရင် မင်းခက်မှာနော်....အရင်တခါတောင် နေ့ခင်းကြောင်တောင်ကြီး ကားငှားမရဘာမရနဲ့ခက်နေတာ ခုက ညကြီး ပိုဆိုးမှာ"

အရင်တခါလေး လမ်းကြုံကူညီပေးဖူးတာကို နင်းပီး သူမကိုပြောတော့ တာရာဘာပြန်ပြောရမှန်းမသိ။ သူ့ဆီက အကူညီလေးယူခဲ့မိတာကိုပင် ကိုယ့်ကိုယ်ကို အပြစ်တင်လို့မဆုံး

"ရတယ်လို့ ပြောပီးပီလေ"

စိတ်တိုပီး ထအော်မိတော့ သူက ကလေးနိုးမှာကြောက်တဲ့ပုံနဲ့ ကလေးရင်ဘက်ကို သူ့လက်ဝါးကြီးနဲ့အုပ်မိုးပေးထားသေးသည်။ ဘယ်က ဘယ်လို အဲ့လိုအပိုဇယားတွေတတ်လာလဲမသိ။

"မင်းကွာ ကလေးအိပ်နေတာကို ပြောစရာရှိတာ တိုးတိုးပြောလဲ ရတဲ့ဟာကို.....ဟုတ်တယ်...ကလေးက လန့်နိုးတော့မယ်"

"ကျမလေး ဒီကလေးကို ခက်ခက်ခဲခဲမွေးထားတာ ကျမတယောက်ထဲအားနဲ့ ရအောင်မွေးလာတာ ဒီအချိန်ထိပဲ....ဒီကလေးကိစ္စအဝဝကို ကျမ ခေါင်းထဲအမြဲရှိသလို ကျမဘဝရဲ့တစ်ဦးတည်းသော မိသားစုမလို့ ရှင်စိတ်ပူတာထက် အဆပြောင်းများစွာ ပိုပီးစိတ်ပူတယ် ဒါမဲ့ရှင်နဲ့ဘာမှသက်ဆိုင်တာမဟုတ်လို့ ရှင်စိတ်ပူစရာမလိုဘူး ရှင့်အကူညီလဲမလိုအပ်ဘူး"

မဟာ ခုနကတော့ သူ့ကိုအော်ပီး ခုတော့သူ့ကို မျက်ရည်တွေနဲ့ အသံတုန်နေတဲ့ကြားထဲ မနဲထိန်းရင်းပြောနေတဲ့သူမကို ကြည့်ကာ ရင်ထဲမကောင်း။ အရာအားလုံးက သူ တဇွတ်ထိုးဆန်ခဲ့လို့ဖြစ်မှန်းသိသည်မလို့......သူမပြောနေတဲ့ထဲ သူမဘယ်လောက်တောင် ပင်ပန်းခဲ့လဲဆိုတာ ထုတ်မပြောဘဲနဲ့သိနိုင်တာမလို့ သူ ရင်ထဲနာကျင်လာသည်။

တာရာ သူမကို သနားတဲ့မျက်လုံးတွေနဲ့ကြည့်နေတဲ့သူ့ရှေ့ မနေလိုတာကြောင့် ရှေ့ကနေထထွက်လာမိသည်။ ပြောချင်တာကို ရဲရဲရင့်ရင့်မပြောနိုင်ဘဲ မျက်ရည်တွေနဲ့ တုန်ရီနေတဲ့ကြားကပြောခဲ့ရလို့လဲ ကိုယ့်ကိုယ်ကိုယ်မကျေနပ်....ဒီလောက်တောင်ပျော့ညံ့ရလား။

တာရာ ထိုင်နေရာမှ ထအထွက် သူမကို နောက်ကနေ ဆွဲထားတဲ့ လက်တဖက်ကြောင့် တုံ့ခနဲရပ်သွားသည်။ မျက်ရည်တွေကိုတော့ ကျန်လက်တဖက်ရဲ့လက်ခုံနဲ့ ခပ်ကြမ်းကြမ်းသုတ်ပစ်လိုက်သည်။ သူမလက်ကို အားနဲ့ ရုန်းလေ သူက ပိုအားပါက ဆွဲထားလေကြောင့် စိတ်ကိုမနဲလျှော့ထားရသည်။ စိတ်ရှိလက်ရှိသာလုပ်ရရင် သူမ တကယ်ကို လူသတ်မိတော့မှာ။

"မသွားပါနဲ့ ..... ပြောချင်တာတွေအများကြီးရှိတာမလို့ ခနလေးနားထောင်ပေးပါ အရှက်မရှိဘူးပဲပြောပြော တကယ် ခနလေးပါ"

"......"

"ကိုယ်.....ကိုယ် အများကြီးမှားသွားခဲ့ပါတယ်....သိသိကြီးနဲ့မှားချင်လို့ကိုမှားခဲ့တာမလို့ အပြစ်ပိုကြီးမှန်းလဲသိပါတယ် အဲ့အတွက်တော့ ဆင်ခြေလဲမရှိသလို ရှိလဲမပေးချင်ပါဘူး.....ဒါပေမယ့်...... "

တိမ်ဝင်သွားတဲ့ သူ့အသံနောက်မှာ အက်ကွဲကွဲအသံပါလာတော့ ငိုနေလား မျက်ရည်ကျနေလား တခုခုပဲ

"ကိုယ် တောင်းပန်ပါတယ်.....စိတ်ရင်းနဲ့ကို တောင်းပန်ပါတယ်"

"ကျမလဲ ရှင့်ကို တောင်းပန်တယ် ... ထွက်သွားပါတော့ ကျမအခန်းထဲကကော ကျမတို့ဘဝထဲကပါ ထွက်သွားပါတော့"

တာရာ ထိန်းမရတဲ့ မျက်ရည်တွေကိုတော့ ဒီတခါ မထိန်းမိတော့ ငိုသံပေါက်ရင်ပေါက်ပါစေတော့......

သူမအသံက ဘယ်လောက်ကျယ်သွားသည်မသိ ခုနလေးကမှ အိပ်ပျော်သွားရှာတဲ့ ကလေးကနိုးလာပီး အတင်းကုန်ရုန်းထကာ ငိုတော့သည်။လေးငိုသံ​ကြောင့် သူရော တာရာကော လှည့်အကြည့် ထူးထူးဆန်းဆန်း တစုံတခုကိုမြင်လိုက်ရတာနဲ့..... သူမ အော်မိမှာစိုးလို့ ပါးစပ်ကို လက်တဖက်နဲ့အုပ်ကာ မျက်လုံးများပြူးနေမိသည်။ ကလေးက သူမတို့အသံတွေနဲနဲကျယ်သွားလို့ လန့်နိုးသွားပုံရသည်။ ညလဲညပေမလို့ လန့်နိုးပီး ငိုနေကာ.....ငိုတာက သူမအတွက်မထူးဆန်းလှ....သူမအံ့သြနေရသည်ကား ဘေးက စင်လေးကိုကိုင်ကာ အတင်းမတ်တတ်ထရပ်နေတဲ့ သူမသားလေး......လန့်သွားလို့ထင်ပါရဲ့ မျက်ရည်ပေါက်ကြီးငယ်ကျကာ အော်ငိုနေရှာသည်။ မနက်ကထိ ထိုင်ရုံသာထိုင်သေးတဲ့သူမသားလေး ခုတော့ မတ်တပ်ကလေးပင် သူ့ဘာသာသူလေး အတင်းထရပ်နေရှာသည်။ သူမက တနေကုန်မအား ညဘက်လဲ ရရာအလုပ်လေးတွေလုပ်ရသည်မလို့ သူမသားကို မျက်စိအောက်ကအပျောက်မခံဘဲ လိုအပ်တာလုပ်ပေးတာကလွဲရင် လမ်းလျှောက်ကျင့်ပေးဖို့မလုပ်ပေးနိုင်ခဲ့ပေ။ ခုတော့ သူ့ရှိတဲ့အားလေးနဲ့ မနဲခိုင်အောင်ရပ်နေရတဲ့ ခြေထောက်ကလေးတွေကလဲ ထိုင်ကနန်းမကျသလို တုန်ပါတုန်နေသေးသည်။ တော်သေး ဘေးကစင်လေးကိုကိုင်ထားတဲ့ လက်ကလေးတွေကမြဲလို့သာပေါ့.....ဘယ်လိုနေနေ ကိုယ်က မအေမလို့ လဲပြုသွားမှာတော့စိုးသည်မလား အဲ့ကြောင့် ဟိုလူခုထိမလွှတ်သေးတဲ့လက်ကို ဇွတ်ရုန်းကာ ကလေးနားသွားမည်အလုပ် ခုနက သူမလိုပဲ အံ့သြမင်သက်ကာ ကလေးကိုကြည့်နေပုံရတဲ့ ထိုလူက သူမလက်တွေကို ရုတ်တရက်ဖြုတ်ချပီး ကလေးကို ဇတ်ကနဲ ထိုင်ရာကနေ ကောက်ချီလိုက်သည်။

မဟာ ခုနက ကလေးအိပ်နေတာမလို့ မေ့မေ့ပျောက်ပျောက်ပင်.....ကိုယ့်မလဲ သူမကို မနဲစိတ်တင်းပီးတောင်းပန်နေရတာမလို့ တခြားအာရုံကမရှိနေ.....စိတ်တင်းပ်ီးတောင်းပန်ရတယ်ဆိုတာကလဲ သူ့မာနတွေ ဂုဏ်သိက္ခာတွေကြောင့်တော့မဟုတ်..သူသိသိနဲ့မှားခဲ့တဲ့အမှားတွေအတွက် သူမကို သနားသလို ကိုယ့်ကိုယ်ကိုယ်လဲ ရှက်မိသည်ကြောင့်ဖြစ်သည်။ ငယ်ငယ်က အလည်လွန်ပီး တမင်စာမကျက်ခဲ့တဲ့ကလေးက အတန်းထဲရောက်မှ  ဆရာမက ဘာလို့စာမကျက်ခဲ့လဲမေးတော့မှ မလိမ်ချင်လို့ ကြောက်ကြောက်နဲ့ဖြေရတဲ့ခံစားချက်မျိုးပေါ့။  သို့သော် တောင်းပန်ဖို့တော့ ကြောက်မနေချင်တော့။ ဒီ့ထက်ကြောက်နေရင် သူ့သားနဲ့ပိုပိုဝေးရတော့မည်....ခုတောင် ကလေး ၈ လကျော်ပီ သူချီဖူးတာမှ ဒီညနဲ့ဆို ၂ ခါသာရှိသေးသည်။ ခုလဲ ကြည့် ဘယ်ချိန်ကတည်းက မတ်တပ်ရပ်တတ်နေပီလဲမသိ..... ကူပေး သင်ပေးမယ့် ဖအေရှိလျက်နဲ့ ဖအေက စွန့်ပစ်ခဲ့လို့ ခက်ခက်ခဲခဲကြီးပျင်းလာရပီး ခုတောင် သူ့ဘာသာသူလေးရုန်းကန်နေရရှာတာ။ သူ ကလေးကို အားနာစိတ်တွေ သနားစိတ်တွေ ချစ်စိတ်တွေအပြည့်နဲ့ ကောက်ယူပွေ့ကာ ငိုနေတာ ကလေးရော ကိုယ်ရော ငိုနေသည့်ကြားမှပင် နှဖူးလေးကို အသာနမ်းကာ ပါးစပ်ထဲလဲ ဘာတွေပြောမိနေမှန်းကိုယ့်ဘာသာမသိမိသည်အထိ ဗလုံးဗထွေးစကားတွေပြောမိနေသည်။

ကလေးအငိုတိတ်သွားမှ သူ့ဘေးမှာ မတ်တပ်ရပ်လျက် ခုထိမလှုပ်မယှက်နဲ့သူမကိုမြင်တော့ သူ ကလေးချီပီး ထိုင်နေရာမှ သူမကို ကြည့်မိသည်။ သူမကတော့ မျက်ရည်များကျဆင်းနေတာကလွဲလို့ သူတို့ကိုလဲ စေ့စေ့မကြည့်သလို မျက်နှာမှာလဲ ဝမ်းနည်းနေတဲ့အရိပ်ယောင်လဲမမြင်ရတော့။ သူတို့ဘက်ကိုလှည့်ထားတာမလို့ သူတို့ကိုတော့ မြင်ကိုမြင်မှာကျိန်းသေသည်။ သူ ကလေးကို ချီထားတာမလွှတ်သေးဘဲ ကုန်းထပီး သူမကို ငုံ့မိုးကြည့်ကာ

"သားက မတ်တပ်ရပ်တတ်တာ ကြာပီလား"

သူ့အမေးကို တာရာ စကားလုံးတွေနဲ့ပြန်ဖြေဖို့ အားမရှိတော့.....ခေါင်းသာ အသာလေးယမ်းပြမိသည်။

"ကိုယ် ကလေးနဲ့ပတ်သတ်ပီးရော မင်းနဲ့ပတ်သတ်ပီးရော ဘာတွေလွတ်သွားတယ်ဆိုတာတောင် မသိလောက်ရအောင် မိုက်မဲခဲ့မိပါတယ်ကွာ"

တခါတလေ ဝေယံသူ့သားနဲ့ ဆော့နေတာ ရီနေတာမြင်ရင် သူ့ရင်ထဲ မခံစားနိုင်လောက်အောင် ခံစားရသည်။ ကိုယ့်အပြစ်နဲ့ကိုယ်မလို့ သူများကိုအပြစ်တင်ဖို့ဝေးစွ မည်သူ့မှထုတ်ပြောဖို့ပင် အားမရှိခဲ့။ ကလေးမှောက်တာ ထိုင်တာတွေမြင်ခဲ့ဖို့မပြောနဲ့ ဗိုက်ထဲရှိချိန်တွေ မွေးကာစငိုသံတွေအကုန်လွတ်သွားခဲ့သည်မလား။

"......."

"ကိုယ့်ကို အခွင့်ရေးပေးပါမတောင်းဆိုချင်ပေမယ့် အပြစ်ပေးဆပ်ရင်း နေပါရစေလားကွာ...."

ဘာလား သူက သူ့သားမှန်းဘယ်က ဘယ်လိုသိသွားတာလဲ.....အင်း....ဒါကလဲ ထူးဆန်းစရာတော့မရှိပါဘူး။ ဘယ်လိုသိသိ သူမလဲစိတ်မဝင်စားချင်တော့....

"သားနဲ့မင်းနဲ့နားနေပီး ကျေနပ်တဲ့ထိ တောင်းပန်ရုံမကဘူး အပြစ်တွေပေးဆပ်ဆိုလဲ ပေးဆပ်ပါ့မယ်ကွာ.....မင်းကြိုက်သလိုဆုံးဖြတ်ပီး အပြစ်တွေပေးလို့ရတယ် ကြိုက်သလိုပါ"

မဟာ သူ့ကို ပြန်ပြောဖို့မပြောနဲ့ တနေရာကိုပဲတွေတွေကြီးငေးနေတဲ့ သူမကို သနားမိသည်။ တဘဝလုံးသူမခံစားအထီးကျန်လာရတာတောင် သူ့ကိုအလိုအပ်ဆုံးအချိန်မှာ ရက်ရက်စက်စက်စွန့်ပစ်ခဲ့တာ။ သူမက သူနဲ့နီးစပ်ဖို့ ကလေးအတွက်ကြောင့်ပဲဖြစ်ဖြစ်.... ကလေးကို သူမ မရခဲ့တဲ့ လိုချင်ခဲ့တဲ့ မိသားစုဘဝလေးရဖို့ နောက်ဆုံးအချိန်ထိ တင်းခံပီး ကြိုးစားခဲ့ရှာတာကို သူသိသိနဲ့ ကလေးကိစ္စလွဲရင်ပေါ့.....သူသိသိနဲ့တမင် ဥပေက္ခာတွေပြုခဲ့တာ.....

ခုတော့ မဟာ.. သူကိုယ်တိုင် တဖြည်းဖြည်းနဲ့တည်ဆောက်ခဲ့တဲ့ သူနဲ့သူမနဲ့နှစ်ဦးကြားက ဥပေက္ခာ တံတိုင်းက အလွန်ကိုခိုင်မာနေပီဖြစ်တာကြောင့် သူကိုယ်တိုင်ပင် ဖြိုချရန်မတတ်နိုင်တော့ဖြစ်နေသည်။

သို့သော် သူ့မှာအခွင့်ရေးဆိုတာရှိသ၍ မျက်နှာပြောင်တယ်ပဲပြောပြော အရှက်မရှိဘူးပဲပြောပြော သူ့ဇနီးနဲ့သူ့သားကို သူ့အနားမှာထားပီး ချစ်ပေးဖို့ စောင့်ရှောက်ပေးဖို့တော့ အစွမ်းကုန်ကြိုးစားတော့မည်။ အဲ့လိုကြိုးစားရင်း သုံးရမယ့်နည်းလမ်းတွေက မတရားသဖြင့်ဆိုရင်တောင်မှ သူ မမှုတော့......

ခိုင်မာသော ဆုံးဖြတ်ချက်တခုကို သူရော တာရာရော စိတ်ထဲအသီးသီးကနေချလိုက်မိသည်။

*မင်းနဲ့သားက ကိုယ့်အပိုင်ပြန်ဖြစ်စေရမယ်*

*ကျမရှင်နဲ့ဝေးအောင်နေခဲ့တာ မလုံလောက်သေးဘူးထင်ပါရဲ့....ထပ်ဝေးအောင်ကြိုးစားရဦးမှာပေါ့*

Continue Reading

You'll Also Like

250K 13.7K 52
A Love Story ( Own Characters ) ဘုဏ်းဇေယျာကျော်xရှင်းသန့်တည်ကြည် " မင်းသားလေး...မင်း ငါ့အပေါ် သိပ်သဘောကောင်းတာပဲ၊ ငါ့မေမေကပြောတယ်၊ အသက်ကြီးလို့ လက်ထ...
588K 38.3K 37
မင်ရန်ရှင်း💓ဝမ်ယွမ် {ဝမ်ယင်}
3M 260K 48
!အမှန်တော့ မင်းက ကိုယ်အမြဲတမ်း အမှတ်တရ သိမ်းထားချင်မိတဲ့ အစိမ်းရောင် ပျော်ရွှင်ခြင်းလေးပါ... Oct9.2021 !အ...
53.3K 5.3K 89
Eldest Daughter Was Reborn အကြီးဆုံးသမီး Description အရင်ဘဝတွင် ကျန်းယန်ရှန့် သည် သူမ၏ သုံးစားမရသည့်ဖခင်နှင့် မိထွေးဖြစ်သူကို အရွဲ့တိုက်ပြီး ဆေးလိပ...