နေသော်ကတစ်ယောက် ၂ရက်အတွင်း အခန်းရှာရမဲ့ကိစ္စကြောင့်
အလုပ်ထဲစိတ်ကမရောက် ဘယ်လိုဆက်လုပ်ရမလဲဆိုတာကိုသာ အသည်းအသန်စဥ်းစားနေသည်မို့ အလုပ်ရှင်ဆူတာခံရလေတော့သည်။
ဆိုင်ရှင် / နေသော်က! !!ဟိုမှာ ဧည့်သည်လာနေတာ
မတွေ့ဘူးလား မြန်မြန်သွားလေ
နေသော်က / ဟုတ် ဟုတ်ကဲ့
နေသော်က ပြောပြောဆိုဆိုနဲ့ ဆိုင်ထဲဝင်လာတဲ့
ဧည့်သည်ဆီသွားပေမဲ့ ဆိုင်ရှင်ကြီးကတော့ ပွစိပွစိပြောနေဆဲ...
နေသော်ကအခုအလုပ်လုပ်နေတာ ထမင်းဆိုင်တစ်ခုမှာဖြစ်သည်။
အစတော့ နေသော်ကအလုပ်ကြိုးစားလို့ သဘောကျပေမဲ့ နောက်ပိုင်းကျတော့ မဟုတ်... အခုလိုပဲ အမြဲအဆူခံနေရတော့သည်။
ဒါကလဲ သူအလုပ်ကြိုးစားပြီး သူဌေးကမျက်စိကျသွားမှာကို
သိပ်စိုးရိမ်နေတဲ့ ဆိုင်မန်နေဂျာရဲ့
ကလိမ်ကညစ်ဉာဏ်ဆင်မှု့တွေကြောင့်ဆိုတာ သော်က ကောင်းကောင်းသိသည်။
ဒါပေမဲ့လဲ မစိုးရိမ်ပါ
သူဝဋ်လည်နေတယ်ဆိုတာကောင်းကောင်းသိတာမို့...
နေသော်က ပြုံးလိုက်မိသည်။ တစပ်ထဲမှာပဲ စိတ်ထဲက
နေသော်က / *မောင်ရေ... မောင့်လိုသူတော်ကောင်းကို
စော်ကားမိလို့ ၊ လိမ်ညာမိလို့ ထင်ပါရဲ့
သော်က ကောင်းကောင်းကြီးကို
ပြန်ခံနေရပြီဗျို့...အဟက်ဟက်
သော်က ဒီဝဋ်တွေကိုကျေကျေနပ်နပ်ကြီး ခံယူနေပါတယ်
ဒီဝဋ်တွေ အားလုံးကျေသွားရင်တော့
မောင့်ကို ထပ်တောင်းပန်ခွင့် ရချင်မိပါရဲ့...
မထိုက်တန်မှန်းသိပေမဲ့
သော်က မောင့်ကို ထပ်တွေ့ချင်နေမိတာမို့...*
သော်က အတွေးတို့လက်စသက်ကာ ဧည့်သည်မှာထားသောအစားအသောက်များကို ချပေးဖို့အသွား
တခြားဝိုင်းကဧည့်သည်ပတ်လိုက်တဲ့ရေတွေကြောင့်
သော်က လန့်ပြီး ဟန်ချက်မထိန်းလိုက်နိုင်ကာ
ချော်လဲသွားတော့သည်။
ထိုအခါလက်ထဲကအစားအသောက်ဗန်းဟာလဲ
တခြားဝိုင်းမှာထိုင်နေတဲ့ ဧည့်သည်ခေါင်းပေါ်သို့....
ဆိုင်ထဲတွင်ရုန်းရင်ဆန်ခတ်ဖြစ်သွားလေတော့သည်။
ခေါင်းပေါ်ကိုအစားအသောက်တွေပြုတ်ကျသွားတဲ့ အတွက်လဲ တဖက်ဧည့်သည်က မကျေမနပ်ဖြစ်ကာ ဆိုင်မန်နေဂျာကို တကြော်ကြော် အော်ခေါ်နေတော့သည်။
သော်က ကိုယ်တိုင်လဲ လန့်သွားတာမို့ ချော်လဲတဲ့အတိုင်း ငုတ်တုတ်လေး ကြောင်ကြည့်နေမိ၏။
တောင်းလဲ မတောင်းပန်မိပေ...
အကုသိုလ်ဆိုတာ အလုံးအရင်းနဲ့ကို ဝင်လာတက်သည်မို့
သိပ်မကြာလိုက် သော်ကအလုပ်ပါပြုတ်သွားလေသည်။
ဒါပေမဲ့ အဲ့တာက ပိုကောင်းသွားသလိုပင် အလုပ်ထုတ်လိုက်တော့
သုံးလစာ ရလိုက်သည်မဟုတ်ပါလား
သော်က လစာက တစ်လကို ၂သိန်းမို့ သုံးလစာ ၆သိန်းရလိုက်သည်။
လောလောဆယ် ဒီငွေနဲ့ပဲ သင့်တော်မဲ့ နေစရာနေရာကိုအရင်ရှာရပေဦးမည် ပြီးမှ အလုပ်လေးတစ်ခုကို
မြန်မြန်ပြန်ရှာမည်ဟု စိတ်ထဲတွင်တေးထားလိုက်သည်။
ပြီးနောက် သော်ကရဲ့ အိမ်အပြန်ခြေလှမ်းလေးက
အရင်နေ့တွေကလို ပင်ပန်းလေးပင် မနေပဲ
စိတ်လက်ပေါ့ပါးကာ သွက်လက်နေတော့သည်ပင်...
အိမ်ရောက်သည်နှင့် ချက်ချင်းအထုတ်ပြင်ကာ အခန်းသော့ကို အိမ်ရှင်အဒေါ်ကြီးဆီသွားအပ်လိုက်ပြီး ဘတ်စ်ကားဂိတ်ကိုထွက်လာခဲ့လိုက်တော့သည်။
အခုမှ စဥ်းစားမိသည်က သူဘယ်သွားရမည်နည်း
ဘေးကိုကြည့်လိုက်တော့လဲ
ပစ္စည်းဟူ၍များများစားစားမရှိသည့်သူ့အတွက်
လက်ဆွဲအိတ်လေး၂လုံးပင်ပါလာသည်။
လက်ကနာရီကို တစ်ချက်ကြည့်မိတော့ နေ့လည် ၂နာရီတဲ့...
အဲ့တာမှဒုက္ခ သူမှာ ခင်မင်ရင်းနှီးသူဟူ၍လဲမရှိ
ဒီနေ့ချက်ချင်းလဲ အခန်းကရှာရမည်မဟုတ်
အပေါက်ဆိုးဆိုးအိမ်ရှင်ကို အရွဲ့တိုက်ချင်တာကြောင့်
ချက်ချင်းဆင်းလာခဲ့ပေမဲ့
အခုမှနောင်တရမိသည်။
ဒီညတော့ သူ ပလပ်ဖောင်း
ခေါင်းအုံးရမည့်ကိန်းဆိုက်နေသည်လေ...
ကားဂိတ်တွင် ထိုင်နေမိသည်က မည်မျှကြာသွားသည်မသိ
ဗိုက်ကအချက်ပြလာမှ ပတ်ဝန်းကျင်ကို သတိထားမိတော့
ညနေပင်စောင်းနေလေပြီ နာရီကိုပြန်ကြည့်မိတော့
၃နာရီပင်ခွဲနေလေပြီ
နေသော်က / အော် ငါတစ်နာရီကျော်တောင်
အချိန်ဖြုန်းနေမိတာပဲ ( ဂွီ...)
ဝမ်းဗိုက်ရဲ့ ဆန္ဒပြမှု့ကြောင့် စဥ်းစားလိုက်မိတော့
နေသော်က / * ငါနေ့လည်စာတောင် မစားရသေးဘူးပဲ... *
............................................................................
မင်းမဟာ ဒီနေ့တော့ ပျင်းပျင်းရှိတာနဲ့
ဂီတာလေးကို တဂျောင်းဂျောင်းတီးခတ်နေလေသည်။
တီးတက်၍လားဆိုတော့ မဟုတ် သူ့လိုလူက
ဆယ်ကျော်သက်အရွယ်မှာ
စီးပွားရေး လောကဇောတိုက် နေတာမို့ ဂီတာတီးတက်ဖို့ဆိုတာ ဝေးလာဝေး ...
သို့ပေမဲ့ တချိန်က အိမ်မှာနေရတာပျင်းတယ် ဂီတာလေး
တစ်လက်လောက်ရှိရင်ကောင်းမယ်လို့ ပြောဖူးတဲ့ သူလေးကြောင့်
ဒီဂီတာလေး အိမ်မှာရှိနေရခြင်း
သို့ပေမဲ့ ဂီတာလေးကို ပေးဖို့ ရည်ရွယ်ခဲ့တဲ့သူကတော့
အခု သူ့ဘေးမှာရှိမနေတော့...
တကယ်တော့ မင်းမဟာ ပျင်းလို့ ဂီတာတီးနေတယ်ဆိုတာထက်
ထိုဂီတာပိုင်ရှင်လေးကို လွမ်းနေလို့ဆို ပိုမှန်လိမ့်မည်။
သို့ပေမဲ့ ကိုယ့်ကိုယ်ကို ဝန်မခံချင်တဲ့ မာနကြောင့်
လွမ်းတာမဟုတ်ပဲ
ပျင်းတာဖြစ်သွားရလေပြီ...
ရိုဟန် / မဟာ...
မင်းမဟာ / အော် လာကွာ မင်းကိုမျှော်နေတာ
ငါ့ကို ဂီတာတီးသင်ပေးစမ်းပါ
ရိုဟန်အံ့သြသွားကာ
ရိုဟန် / မင်းက ဒီအရွယ်ကြီးကြမှ ငယ်မူပြန်နေတာလား...
ရိုဟန်လဲ မင်းမဟာဘေး ဝင်ထိုင်လိုက်ကာပြောလိုက်သည်။
ရိုဟန့် အပြောကြောင့် မင်းမဟာ ရယ်လိုက်ကာ
မင်းမဟာ / အဟားး
ဘာလဲ ဂီတာတီးသင်တာက အသက်အရွယ်လိုသေးလို့လား
ရိုဟန် / မဟုတ်ပါဘူး ရုတ်တရက်မို့ပါ
မင်းမဟာ / ဒါဆို သင်ပေးမှာလား
ရိုဟန် / အပေးအယူရှိတယ်
မင်းမဟာ / လင်းရောင်စဥ်ကို ခွင့် တစ်ပတ်ပေးမယ်
မင်းမဟာ စကားကြားပြီးတာနဲ့ ရိုဟန်တစ်ယောက် ဂီတာတီးသင်ကြားပေးခြင်းလုပ်ငန်းစဥ်ကို ချက်ချင်းပင် စတင်လိုက်တော့သည်။
စိတ်ထဲမှာလဲ
ဒီညတော့ မီးကုန်ယမ်းကုန်သောင်းကျန်းပြစ်မယ်ဟု တွေးလိုက်ပြီး
လင်းရောင်စဥ်ရဲ့ ရှက်သွေးဖြာနေမဲ့ မျက်နှာလေးကို ပြေးမြင်ကာ
ရိုဟန်ကတော့ ကျေနပ်ပြုံးကြီးနဲ့ပေါ့...
............................................................................
နေသော်ကတစ်ယောက်
ညစျေးတန်းတစ်နေရာတွင်ရောက်နေသည်။
လက်ထဲက ပိုက်ဆံအိတ်ကိုလဲ ကျစ်ကျစ်ပါအောင် ကိုင်ကာ
ဘာစားလို့စားရမှန်းမသိ...
စျေးနှုန်းတွေမြင်ပြီးတော့ကို သက်ပြင်းချနေရသည်။
သိပ်မကြာလိုက် အဝစား ၁၅၀၀ ထမင်းဆိုင်တွင်သာ သော်ကနေရာယူမိသည်။
တချိန်က လမ်းဘေးစာစားလို့
ဗိုက်အောင့်တက်တဲ့ သော်က ကို
အမြဲ ဂရုစိုက်ပေးခဲ့တဲ့မောင်များ
အခုနေ သော်ကပုံကိုတွေ့ရင်
ဟားတိုက်ပြီးများ လှောင်ပြောင်နေမလား
မင်းအပြစ်နဲ့ မင်းကံပဲလိုဆိုကာ လစ်လျူရှူ့နေလေမလား
သနားဂရုနာပဲသက်နေလေမလား...
သနားတော့ မသနားလိုက်ပါနဲ့မောင်ရေ
သော်က က မောင့် သနားခြင်းတွေနဲ့ မတန်ခဲ့လို့...
ထို့နောက်တော့ မျက်ရည်ဝဲနေတဲ့ မျက်ဝန်းလေးတွေနဲ့
အပြုံးမမည်တဲ့အပြုံးလေးတွေ ဆင်မြန်းထားတဲ့ ကောင်လေးဟာ
အရသာသိပ်မရှိလှတဲ့ အဝစား ၁၅၀၀တန်ထမင်းလေးကို
အစာအဟာရအတွက် သုံးေဆာင်ခဲ့ပါသတဲ့...
မောင့်အကြောင်းတွေးမိရင် မျက်ဝန်းအိမ်ကရေလျှံပြီး
နှုတ်ခမ်းထက်မှာ ပြုံးပန်းဝေတာကိုတော့
မောင်တစ်ယောက် သိပါလေစ...
တစ်စိတ် ရင်ဘက်ထဲကလဲ
တစ်ဆစ်ဆစ်နာနေခဲ့ပြန်ပါသတဲ့ မောင်ရယ်...
............................................................................