Unicode
"အဆင်ပြေတယ်" ခဲယ်လ်တစ်က သူ့ဘေးမှာရပ်နေတဲ့ ဇက်ခ်ရိကိုကြည့်လိုက်တယ်။ အခု ပိုင်မုက သူနဲ့အတူရှိဖို့ သဘောတူလိုက်ပြီ။ ခဲယ်လ်တစ်က ဇက်ခ်ရိ ပိုင်မုကို ပလေးမယ့်စိတ်ကူးကို ရပ်ခိုင်းပြီး လက်လျှော့ခိုင်းလိုက်ဖို့ ဒီအခွင့်အရေးကို ယူလိုက်တယ်။
"ဒါဆို ငါလာကူညီမယ်" ဆိုင်ရယ်က မှိုဆေးတဲ့အဆင့်မှာ ဝင်joinခဲ့ပြီး ဇက်ခ်ရိကလည်း သူနဲ့(ဆိုင်ရယ်)အတူ ဝင်joinခဲ့တယ်။
တကယ်တော့၊ ဇက်ခ်ရိက ပိုင်မုကို ကောင်းတယ်လို့ ထင်ပေမယ့်လည်း သူ့ညီက ပိုင်မုကို လိုက်ပိုးပန်းဖို့ ဘာကြောင့်အမြဲတောင်းဆိုနေရလဲဆိုတာကို အတော်လေးနားမလည်ပါဘူး။ ဒါပေမယ့် ခဲယ်လ်တစ်နဲ့ သူ့(ပိုင်မု)ကိုမြင်တော့ သူတို့နှစ်ယောက်ကြားက အကြည့်တွေက စိတ်ဝင်စားစရာကောင်းတယ် ။အခု သူက အယ်လ်ဗင်က ပိုကောင်းတယ်လို့ထင်တယ်။သူ့ညီလိုမျိုး အပေါ်ခုန်လိုက် အောက်ခုန်လိုက်လုပ်ပြီး ကျည်ကျည်ကျာကျာနဲ့ နားညီးအောင်မလုပ်တတ်ဘူး။
မှိုတွေကို ဆေးကြောပြီးနောက် ပိုင်မုက ခဲယ်လ်တစ်ကို ငါးကြီးအနည်းငယ် ဖမ်းခိုင်းတယ်။ ခဲယ်လ်တစ် ငါးဖမ်းပြီး ပြန်လာရင် ငါးကင်လုပ်ဖို့ စောင့်နေခဲ့တယ်။ အခု သူက ငါးကင်ကို အရမ်းကြိုက်တယ်။ ဒါပေမယ့် orcsတွေက အရမ်းကြီးမကြိုက်ကြပါဘူး။ အဲဒီငါးရိုးလေးတွေက သူတို့ကို အမြဲစူးလို့ပါ။သူတို့အိမ်ပြန်လာတဲ့အခါ တပေါရဲ့ အပြစ်တင်နေတဲ့မျက်၀န်းတွေနဲ့ နှုတ်ဆက်ခံလိုက်ရတယ်။သူက နေ့လည်တုန်းက အသီးအနှံတချို့ပဲ စားခဲ့ရတယ်။ ဒီလူတွေက အစောကြီးကတည်းက ထွက်သွားပြီး ခုမှပြန်လာကြတယ်။ သူက အိမ်မှာတစ်ယောက်တည်းပစ်ထားခံခဲ့ရတာ အရမ်းသနားစရာကောင်းတယ်။
"ဘာဖြစ်တာလဲ အစွန့်ပစ်ထားခံလိုက်ရတဲ့ပုံနဲ့" ပိုင်မုက သူ့လက်ပေါ် က ခြင်းတောင်းကို အောက်ချလိုက်ပြီး ခြင်္သေ့လေးရဲ့ အမွေးပွခေါင်းကို ပွတ်သပ်ဖို့ လျှောက်သွားတယ်။
“သားကို ထားခဲ့ပြီး တနေ့လုံး ပြန်မလာတဲ့ အစ်ကိုကြီးပဲလေ ” သူ့အစ်ကိုကြီးက တစ်နေ့လုံး အပြင်ထွက်တတ်ပေမယ့် သူ့ရဲ့ ဒုတိယအစ်ကိုက အိမ်မှာ အမြဲရှိနေတတ်ခဲ့တာကို။
ခဲယ်လ်တစ်က မျက်မှောင်ကြုတ်လိုက်တယ်။ သူတို့ အရင်က သူ့(တပေါ)ကို အရမ်းအလိုလိုက်ခဲ့ပုံရတယ်။ တပေါက ခြောက်နှစ်ရှိပြီဖြစ်ပြီး ဒါက အမှီအခိုကင်းဖို့ သင်ယူရမယ့်အချိန်ဖြစ်တယ်။ အခြားသူတွေက ခြင်္သေ့လေးရဲ့ခပ်ဆိုးဆိုးအပြုအမူကို အာရုံမစိုက်ပဲ ပြုံးလိုက်ကြတယ်။အန်းချီလော့က သယ်လာတဲ့ပစ္စည်းတွေကို အောက်ချဖို့ ကူညီပေးခဲ့ပြီး ထို့နောက် သူက ပိုင်မုသင်ပေးတဲ့နည်းလမ်းကို အသုံးပြုပြီး ငါးခြောက်တွေကို စတင်ပြင်ဆင်ခဲ့တယ်။
"တိတ်၊ မင်းဘာလို့ အဲ့လိုစဉ်းစားနေတာလဲ အစ်ကိုက မင်းကို အဲဒီကို မခေါ်သွားခဲ့ရုံလေးကို ၊ပေါတောတောလုပ်မနေနဲ့ နောက်မှ မင်းအတွက်စားစရာကောင်းကောင်းချက်ပေးမယ်"ပိုင်မုက သူ့(တပေါ)ခေါင်းလေးကို ပုတ်လိုက်တယ်။
"ယောက္ခမဆိုတာ ဘာလဲ" တပေါက အဲ့ဒါက မကောင်းတဲ့အရာမဟုတ်မှန်းတော့ သိတယ်။
"မင်းက မိန်းမပျိုနဲ့တူတယ်လို့ ပြောတာ"
"အစ်ကိုကြီးပဲ မိန်းမပျို သားက orc ၊ အရမ်းအရမ်းစွမ််းအားကြီးတဲ့ orc "ခြင်္သေ့လေးက သူ့ဆံပင်တွေကို ခုထုတ်လိုက်တယ်။ အစ်ကိုကြီးပိုင်မုက အရမ်းဆိုးတာပဲ။
"မင်းကလား?" ပိုင်မုက သူ့ရဲ့ငါးပေလောက်ရှိတဲ့ အရပ်အမောင်းနဲ့ ၀၀ကစ်ကစ်သွင်ပြင်ကိုကြည့်ပြီး ပြုံးလိုက်တယ်။ ပဲစေ့လုံးလေး ဘယ်လိုဖြစ်နေနေ အားကြီးတဲ့ orc ဖြစ်နေဆဲပါပဲ။
တပေါက သူကြည့်နေတာကို ရှင်းရှင်းလင်းလင်းသိခဲ့တယ်။ သူက သူ့ရဲ့အဆီတွေနဲ့ တဖျတ်ဖျတ်ခါနေတဲ့ လက်မောင်းကိုကြည့်ပြီး လက်မခံနိုင်စွာနဲ့ ပြောလိုက်တယ်။ "သားက ခုထိအရွယ်မရောက်သေးဘူး သားအရွယ်ရောက်လာတဲ့အခါ ခံညားထည်ဝါပြီး စွမ်းအားကြီးတဲ့ orcs ဖြစ်လာမှာ"
"အဲဒါကတော့ မင်း အရွယ်ရောက်လာတဲ့အထိ စောင့်ရမှာပေါ့" ပိုင်မုက ဝတ်ကျေတန်းကျေပြောလိုက်ပြီး ညစာပြင်ဆင်ရာမှာ ကူညီဖို့ လှည့်ထွက်သွားတယ်။
ဟင်းခတ်အမွှေးအကြိုင်တွေအားလုံးကို ပြင်ဆင်ပြီးတာနဲ့ ပိုင်မုက သူတို့ကို ဆာူရည်စိမ်တတ်အောင် သင်ပေးတယ်။ ငါးအားလုံးကို အရသာ၀င်အောင်နယ်ပြီးတဲ့အခါ မှိုဘယ်လိုလုပ်ရမလဲဆိုတာကို သူတို့ကို သင်ပေးတယ်။ ပိုင်မုက သူတို့ကို ကြက်နဲ့ မိတ်ဆက်ပေးပြီး ညနေကျရင် သူ က ကြက်စွပ်ပြုတ် ချက်စားမှာဖြစ်တယ်။
"ဒါက ကြက်လို့ခေါ်တယ် အသားက နူးညံ့ပြီးမွှေးတယ် ကြွပ်တဲ့အရသာရှိတယ် အဲဒါကို ဆေးပြီး ဆားနည်းနည်းနဲ့ ချက်ပေးလိုက်ရင် အရသာရှိတယ်"
"ဒါက ၀က်မှိုပါ အကောင်းဆုံးနည်းကတော့ ဝက်ပေါင်ခြောက်ကို အခြောက်လှန်းပြီးတဲ့ စောင့်လိုက်တာပဲ ၊ ဝက်ပေါင်ခြောက်ကို ဆီ၊ ငရုတ်သီးခြောက်၊ ကြက်သွန်ဖြူတို့နဲ့ ဆီပူထိုးကြော်လိုက်၊ ဒါဆို ဝက်ပေါင်ခြောက်ရဲ့အနံ့က မှိုထဲမှာ ပေါင်းစပ်သွားပြီး အနံ့မွှေးလာစေတယ် ” ပိုင်မုက မှိုအမျိုးအစားခွဲတာနဲ့ အရသာရှိအောင် ဘယ်လိုလုပ်ရမလဲဆိုတာကို သူတို့ကို ပြောပြခဲ့တယ်။
"အဲ့ဒါကို မပြောနဲ့တော့ ပိုင်မု၊ ငါဗိုက်ဆာနေပြီ ဝက်ပေါင်ခြောက်ဆိုတာ ဘာလဲ" ဆိုင်ရယ်က ခဲယ်လ်တစ်က တကယ်ကံကောင်းတာပဲလို့ ခံစားရတယ်။ သူဘာလို့ ပိုင်မုလို အစ်ကိုကြီးကို ရှာမတွေ့ရတာလဲ။
အန်းချီလော့က ဝက်ပေါင်ခြောက်အကြောင်း ဆိုင်ရယ်ကို ပြောပြခဲ့ပြီးနောက် ၀မ်းပန်းတနည်း ပြောခဲ့တယ်။ " နှမြောစရာကောင်းလိုက်တာ၊ အခုထိ ဝက်ပေါင်ခြောက်က မခြောက်သေးဘူး"
"ခဲယ်လ်တစ် ခဲယ်လ်တစ်" ပိုင်မုက အန်းချီလော့ရဲ့စကားကို နားထောင်ပြီးနောက် ကမန်းကတန်း အော်လိုက်တယ်။
"ဘာဖြစ်လို့လဲ?" ပိုင်မုရဲ့အသံကို ကြားရဖို့ စိတ်အားထက်သန်နေတဲ့ ခဲယ်လ်တစ်က သူ့လက်ထဲက ရက်လုပ်လို့မပြီးသေးတဲ့ အမှိုက်ဂေါ်ကို အလျင်အမြန် အောက်ချလိုက်တယ်။
"ကျွန်တော့်ရဲ့ အခြောက်လှန်းထားတဲ့ ဝက်ပေါင်ခြောက်တွေကို အပြင်ထုတ်ပြီး လေဝင်လေထွက်ကောင်းတဲ့ နေရာမှာ ချိတ်ထားပေးပါ" သူတို့ ဒီနေ့ ဒီအကြောင်းကို မပြောခဲ့ရင် ထောင့်ထဲက ဝက်ပေါင်ခြောက်ဘူးတွေကို သူမေ့သွားလိမ့်မယ်။
"အင်း၊ တခြားတစ်ခုရှိသေးလား" အခုလေးတင် ပိုင်မု သူ့ကို ခေါ်လိုက်တဲ့ပုံစံကတခုခုအဆောတလျင်ဖြစ်နေပုံရတယ်။
"မရှိဘူး၊ ဒါပဲ။"
"အိုး" ဒါနဲ့ပတ်သက်ပြီး မင်းစိတ်ပူစရာမလိုပါဘူး၊ဟုတ်တယ်မလား။ခဲယ်လ်တစ်က ထောင့်ထဲက အိုးကြီးတွေကို အပြင်ထုတ်တော့မှာဖြစ်ပြီး လိန်းကျယ်နဲ့ဇက်ခ်ရိတို့ကလည်းကူညီဖို့ ရှေ့တိုးလာခဲ့ကြတယ်။
"ပိုင်မု၊ ဒီအိုးတွေထဲမှာ ရေတွေ ဘာလို့ ဒီလောက်များနေတာလဲ မင်းထည့်ထားတုန်းက ကိုယ်မှတ်မိပါတယ် "ခဲယ်လ်တစ်က တင်းကျပ်စွာ အလုံပိတ်ထားတာကိုဖွင့်ခဲ့ပြီး အိုးထဲမှာ ရေတွေအများကြီး ရှိနေတာကိုတွေ့တဲ့အခါ ပိုင်မုကိုမေးလိုက်တယ်။
"အဆင်ပြေတယ် ဝက်ပေါင်ခြောက်ကို အပြင်ထုတ်ပြီး အခြောက်ခံလိုက်ရုံပါပဲ အထဲက ရေတွေက သွန်ပစ်ရမှာ အိုးကို ရေဆေးပြီး နောက်ကျရင် သုံးဖို့ သိမ်းထားလိုက်ပါ" ဒီအတောအတွင်း အန်ကယ်ဘာရွန်ဆီက မြေအိုးတွေ၊ ပန်းကန်လုံးတွေ၊ အိုးတွေအများကြီးကို သူတို့မှာယူထားခဲ့ပြီးသားဖြစ်ပေမယ့် ပိုင်မုက ခုထိမလုံလောက်သေးဘူးလို့ခံစားရတယ်။
အဆင်ပြေတယ်လို့ ခဲယ်လ်တစ်က ကြားခဲ့ပြီး လိန်းကျယ်ကို ပြောပြလိုက်တယ်။ ထို့နောက် သူတို့က ဝက်ပေါင်ခြောက်လေးခုကို အပြင်ထုတ်လိုက်ပြီး အပေါက်ဖောက်ပြီး ကြိုးချည်ကာ တံခါးနားက သစ်သားစင်ပေါ်မှာ ချိတ်ဆွဲထားလိုက်ကြတယ်။ ပိုင်မုက ဝက်ပေါင်ခြောက်ကို နှစ်လအတွင်းမှာ စားရဖို့ စောင့်ဆိုင်းရန်စီစဉ်ခဲ့တယ်။ ဆောင်းဦးပေါက်နေပြီဖြစ်ပြီး စွပ်ပြုတ်ချက်ဖို့သင့်တော်ရုံလေး ရာသီဥတုကတဖြည်းဖြည်းပိုအေးလာသင့်တယ်။
"၀က်ပေါင်ခြောက်ဆိုတာ ဘာလဲ?" ဇက်ခ်ရိက ဝက်ပေါင်ခြောက်ကို ချိတ်ဆွဲလိုက်ပြီးနောက် ခဲယ်လ်တစ်ကို သိချင်စိတ်နဲ့ မေးတယ်။
"ဒါက လူလူသားရဲခြောက်ပါ ပိုင်မုက အခြောက်လှန်းပြီးရင် အချိန်အတော်ကြာအောင် ထားနိုင်တယ်လို့ပြောတယ်၊ အရသာအရမ်းကောင်းတယ်တဲ့"
"ပိုင်မုက တကယ်ကို လုပ်နိုင်စွမ်းရှိတယ်"ဇက်ခ်ရိက သက်ပြင်းချလိုက်တယ်။
"ဒါပေါ့၊ နောက်ထပ်တစ်ယောက် ထပ်မရှိတော့ဘူး" ခဲယ်လ်တစ်က ဂုဏ်ယူစွာပြောလိုက်တယ်။
"မင်းတို့နှစ်ယောက် အတူတူရှိပြီလား"ဇက်ခ်ရိက ခဲယ်လ်တစ်ရဲ့ ဘ၀င်ခိုက်နေတဲ့အကြည့်ကိုမြင်ပြီး မရေမရာနဲ့ မေးလိုက်တယ်။
"ဟုတ်တယ်၊ သူ ငါ့ကိုလက်ခံမယ်လို့ ကတိပေးထားတယ် တခြားသူတွေမှာ အခွင့်အရေးမရှိဘူး" ခဲယ်လ်တစ်က အရမ်းဂုဏ်ယူ၀င့်ကြွားစွာပြောလိုက်ပြီး ဇက်ခ်ရိကို အဓိပ္ပါယ်ရှိစွာနဲ့ ကြည့်လိုက်တယ်။
Zawgyi code
"အဆင္ေျပတယ္" ခဲယ္လ္တစ္က သူ႕ေဘးမွာရပ္ေနတဲ့ ဇက္ခ္ရိကိုၾကည့္လိုက္တယ္။ အခု ပိုင္မုက သူနဲ႕အတူရွိဖို႔ သေဘာတူလိုက္ၿပီ။ ခဲယ္လ္တစ္က ဇက္ခ္ရိ ပိုင္မုကို ပေလးမယ့္စိတ္ကူးကို ရပ္ခိုင္းၿပီး လက္ေလွ်ာ့ခိုင္းလိုက္ဖို႔ ဒီအခြင့္အေရးကို ယူလိုက္တယ္။
"ဒါဆို ငါလာကူညီမယ္" ဆိုင္ရယ္က မွိုေဆးတဲ့အဆင့္မွာ ဝင္joinခဲ့ၿပီး ဇက္ခ္ရိကလည္း သူနဲ႕(ဆိုင္ရယ္)အတူ ဝင္joinခဲ့တယ္။
တကယ္ေတာ့၊ ဇက္ခ္ရိက ပိုင္မုကို ေကာင္းတယ္လို႔ ထင္ေပမယ့္လည္း သူ႕ညီက ပိုင္မုကို လိုက္ပိုးပန္းဖို႔ ဘာေၾကာင့္အၿမဲေတာင္းဆိုေနရလဲဆိုတာကို အေတာ္ေလးနားမလည္ပါဘူး။ ဒါေပမယ့္ ခဲယ္လ္တစ္နဲ႕ သူ႕(ပိုင္မု)ကိုျမင္ေတာ့ သူတို႔ႏွစ္ေယာက္ၾကားက အၾကည့္ေတြက စိတ္ဝင္စားစရာေကာင္းတယ္ ။အခု သူက အယ္လ္ဗင္က ပိုေကာင္းတယ္လို႔ထင္တယ္။သူ႕ညီလိုမ်ိဳး အေပၚခုန္လိုက္ ေအာက္ခုန္လိုက္လုပ္ၿပီး က်ည္က်ည္က်ာက်ာနဲ႕ နားညီးေအာင္မလုပ္တတ္ဘူး။
မွိုေတြကို ေဆးေၾကာၿပီးေနာက္ ပိုင္မုက ခဲယ္လ္တစ္ကို ငါးႀကီးအနည္းငယ္ ဖမ္းခိုင္းတယ္။ ခဲယ္လ္တစ္ ငါးဖမ္းၿပီး ျပန္လာရင္ ငါးကင္လုပ္ဖို႔ ေစာင့္ေနခဲ့တယ္။ အခု သူက ငါးကင္ကို အရမ္းႀကိဳက္တယ္။ ဒါေပမယ့္ orcsေတြက အရမ္းႀကီးမႀကိဳက္ၾကပါဘူး။ အဲဒီငါးရိုးေလးေတြက သူတို႔ကို အၿမဲစူးလို႔ပါ။သူတို႔အိမ္ျပန္လာတဲ့အခါ တေပါရဲ႕ အျပစ္တင္ေနတဲ့မ်က္၀န္းေတြနဲ႕ ႏႈတ္ဆက္ခံလိုက္ရတယ္။သူက ေန႕လည္တုန္းက အသီးအႏွံတခ်ိဳ႕ပဲ စားခဲ့ရတယ္။ ဒီလူေတြက အေစာႀကီးကတည္းက ထြက္သြားၿပီး ခုမွျပန္လာၾကတယ္။ သူက အိမ္မွာတစ္ေယာက္တည္းပစ္ထားခံခဲ့ရတာ အရမ္းသနားစရာေကာင္းတယ္။
"ဘာျဖစ္တာလဲ အစြန႔္ပစ္ထားခံလိုက္ရတဲ့ပုံနဲ႕" ပိုင္မုက သူ႕လက္ေပၚ က ျခင္းေတာင္းကို ေအာက္ခ်လိဳက္ၿပီး ျခေသၤ့ေလးရဲ႕ အေမြးပြေခါင္းကို ပြတ္သပ္ဖို႔ ေလွ်ာက္သြားတယ္။
“သားကို ထားခဲ့ၿပီး တေန႕လုံး ျပန္မလာတဲ့ အစ္ကိုႀကီးပဲေလ ” သူ႕အစ္ကိုႀကီးက တစ္ေန႕လုံး အျပင္ထြက္တတ္ေပမယ့္ သူ႕ရဲ႕ ဒုတိယအစ္ကိုက အိမ္မွာ အၿမဲရွိေနတတ္ခဲ့တာကို။
ခဲယ္လ္တစ္က မ်က္ေမွာင္ၾကဳတ္လိုက္တယ္။ သူတို႔ အရင္က သူ႕(တေပါ)ကို အရမ္းအလိုလိုက္ခဲ့ပုံရတယ္။ တေပါက ေျခာက္ႏွစ္ရွိၿပီျဖစ္ၿပီး ဒါက အမွီအခိုကင္းဖို႔ သင္ယူရမယ့္အခ်ိန္ျဖစ္တယ္။ အျခားသူေတြက ျခေသၤ့ေလးရဲ႕ခပ္ဆိုးဆိုးအျပဳအမူကို အာ႐ုံမစိုက္ပဲ ၿပဳံးလိုက္ၾကတယ္။အန္းခ်ီေလာ့က သယ္လာတဲ့ပစၥည္းေတြကို ေအာက္ခ်ဖိဳ႕ ကူညီေပးခဲ့ၿပီး ထို႔ေနာက္ သူက ပိုင္မုသင္ေပးတဲ့နည္းလမ္းကို အသုံးျပဳၿပီး ငါးေျခာက္ေတြကို စတင္ျပင္ဆင္ခဲ့တယ္။
"တိတ္၊ မင္းဘာလို႔ အဲ့လိုစဥ္းစားေနတာလဲ အစ္ကိုက မင္းကို အဲဒီကို မေခၚသြားခဲ့႐ုံေလးကို ၊ေပါေတာေတာလုပ္မေနနဲ႕ ေနာက္မွ မင္းအတြက္စားစရာေကာင္းေကာင္းခ်က္ေပးမယ္"ပိုင္မုက သူ႕(တေပါ)ေခါင္းေလးကို ပုတ္လိုက္တယ္။
"ေယာကၡမဆိုတာ ဘာလဲ" တေပါက အဲ့ဒါက မေကာင္းတဲ့အရာမဟုတ္မွန္းေတာ့ သိတယ္။
"မင္းက မိန္းမပ်ိဳနဲ႕တူတယ္လို႔ ေျပာတာ"
"အစ္ကိုႀကီးပဲ မိန္းမပ်ိဳ သားက orc ၊ အရမ္းအရမ္းစြမ္္းအားႀကီးတဲ့ orc "ျခေသၤ့ေလးက သူ႕ဆံပင္ေတြကို ခုထုတ္လိုက္တယ္။ အစ္ကိုႀကီးပိုင္မုက အရမ္းဆိုးတာပဲ။
"မင္းကလား?" ပိုင္မုက သူ႕ရဲ႕ငါးေပေလာက္ရွိတဲ့ အရပ္အေမာင္းနဲ႕ ၀၀ကစ္ကစ္သြင္ျပင္ကိုၾကည့္ၿပီး ၿပဳံးလိုက္တယ္။ ပဲေစ့လုံးေလး ဘယ္လိုျဖစ္ေနေန အားႀကီးတဲ့ orc ျဖစ္ေနဆဲပါပဲ။
တေပါက သူၾကည့္ေနတာကို ရွင္းရွင္းလင္းလင္းသိခဲ့တယ္။ သူက သူ႕ရဲ႕အဆီေတြနဲ႕ တဖ်တ္ဖ်တ္ခါေနတဲ့ လက္ေမာင္းကိုၾကည့္ၿပီး လက္မခံနိုင္စြာနဲ႕ ေျပာလိုက္တယ္။ "သားက ခုထိအ႐ြယ္မေရာက္ေသးဘူး သားအ႐ြယ္ေရာက္လာတဲ့အခါ ခံညားထည္ဝါၿပီး စြမ္းအားႀကီးတဲ့ orcs ျဖစ္လာမွာ"
"အဲဒါကေတာ့ မင္း အ႐ြယ္ေရာက္လာတဲ့အထိ ေစာင့္ရမွာေပါ့" ပိုင္မုက ဝတ္ေက်တန္းေက်ေျပာလိုက္ၿပီး ညစာျပင္ဆင္ရာမွာ ကူညီဖို႔ လွည့္ထြက္သြားတယ္။
ဟင္းခတ္အေမႊးအႀကိဳင္ေတြအားလုံးကို ျပင္ဆင္ၿပီးတာနဲ႕ ပိုင္မုက သူတို႔ကို ဆာူရည္စိမ္တတ္ေအာင္ သင္ေပးတယ္။ ငါးအားလုံးကို အရသာ၀င္ေအာင္နယ္ၿပီးတဲ့အခါ မွိုဘယ္လိုလုပ္ရမလဲဆိုတာကို သူတို႔ကို သင္ေပးတယ္။ ပိုင္မုက သူတို႔ကို ၾကက္နဲ႕ မိတ္ဆက္ေပးၿပီး ညေနက်ရင္ သူ က ၾကက္စြပ္ျပဳတ္ ခ်က္စားမွာျဖစ္တယ္။
"ဒါက ၾကက္လို႔ေခၚတယ္ အသားက ႏူးညံ့ၿပီးေမႊးတယ္ ႂကြပ္တဲ့အရသာရွိတယ္ အဲဒါကို ေဆးၿပီး ဆားနည္းနည္းနဲ႕ ခ်က္ေပးလိုက္ရင္ အရသာရွိတယ္"
"ဒါက ၀က္မွိုပါ အေကာင္းဆုံးနည္းကေတာ့ ဝက္ေပါင္ေျခာက္ကို အေျခာက္လွန္းၿပီးတဲ့ ေစာင့္လိုက္တာပဲ ၊ ဝက္ေပါင္ေျခာက္ကို ဆီ၊ င႐ုတ္သီးေျခာက္၊ ၾကက္သြန္ျဖဴတို႔နဲ႕ ဆီပူထိုးေၾကာ္လိုက္၊ ဒါဆို ဝက္ေပါင္ေျခာက္ရဲ႕အနံ႕က မွိုထဲမွာ ေပါင္းစပ္သြားၿပီး အနံ႕ေမႊးလာေစတယ္ ” ပိုင္မုက မွိုအမ်ိဳးအစားခြဲတာနဲ႕ အရသာရွိေအာင္ ဘယ္လိုလုပ္ရမလဲဆိုတာကို သူတို႔ကို ေျပာျပခဲ့တယ္။
"အဲ့ဒါကို မေျပာနဲ႕ေတာ့ ပိုင္မု၊ ငါဗိုက္ဆာေနၿပီ ဝက္ေပါင္ေျခာက္ဆိုတာ ဘာလဲ" ဆိုင္ရယ္က ခဲယ္လ္တစ္က တကယ္ကံေကာင္းတာပဲလို႔ ခံစားရတယ္။ သူဘာလို႔ ပိုင္မုလို အစ္ကိုႀကီးကို ရွာမေတြ႕ရတာလဲ။
အန္းခ်ီေလာ့က ဝက္ေပါင္ေျခာက္အေၾကာင္း ဆိုင္ရယ္ကို ေျပာျပခဲ့ၿပီးေနာက္ ၀မ္းပန္းတနည္း ေျပာခဲ့တယ္။ " ႏွေျမာစရာေကာင္းလိုက္တာ၊ အခုထိ ဝက္ေပါင္ေျခာက္က မေျခာက္ေသးဘူး"
"ခဲယ္လ္တစ္ ခဲယ္လ္တစ္" ပိုင္မုက အန္းခ်ီေလာ့ရဲ႕စကားကို နားေထာင္ၿပီးေနာက္ ကမန္းကတန္း ေအာ္လိုက္တယ္။
"ဘာျဖစ္လို႔လဲ?" ပိုင္မုရဲ႕အသံကို ၾကားရဖို႔ စိတ္အားထက္သန္ေနတဲ့ ခဲယ္လ္တစ္က သူ႕လက္ထဲက ရက္လုပ္လို႔မၿပီးေသးတဲ့ အမွိုက္ေဂၚကို အလ်င္အျမန္ ေအာက္ခ်လိဳက္တယ္။
"ကြၽန္ေတာ့္ရဲ႕ အေျခာက္လွန္းထားတဲ့ ဝက္ေပါင္ေျခာက္ေတြကို အျပင္ထုတ္ၿပီး ေလဝင္ေလထြက္ေကာင္းတဲ့ ေနရာမွာ ခ်ိတ္ထားေပးပါ" သူတို႔ ဒီေန႕ ဒီအေၾကာင္းကို မေျပာခဲ့ရင္ ေထာင့္ထဲက ဝက္ေပါင္ေျခာက္ဘူးေတြကို သူေမ့သြားလိမ့္မယ္။
"အင္း၊ တျခားတစ္ခုရွိေသးလား" အခုေလးတင္ ပိုင္မု သူ႕ကို ေခၚလိုက္တဲ့ပုံစံကတခုခုအေဆာတလ်င္ျဖစ္ေနပုံရတယ္။
"မရွိဘူး၊ ဒါပဲ။"
"အိုး" ဒါနဲ႕ပတ္သက္ၿပီး မင္းစိတ္ပူစရာမလိုပါဘူး၊ဟုတ္တယ္မလား။ခဲယ္လ္တစ္က ေထာင့္ထဲက အိုးႀကီးေတြကို အျပင္ထုတ္ေတာ့မွာျဖစ္ၿပီး လိန္းက်ယ္နဲ႕ဇက္ခ္ရိတို႔ကလည္းကူညီဖို႔ ေရွ႕တိုးလာခဲ့ၾကတယ္။
"ပိုင္မု၊ ဒီအိုးေတြထဲမွာ ေရေတြ ဘာလို႔ ဒီေလာက္မ်ားေနတာလဲ မင္းထည့္ထားတုန္းက ကိုယ္မွတ္မိပါတယ္ "ခဲယ္လ္တစ္က တင္းက်ပ္စြာ အလုံပိတ္ထားတာကိုဖြင့္ခဲ့ၿပီး အိုးထဲမွာ ေရေတြအမ်ားႀကီး ရွိေနတာကိုေတြ႕တဲ့အခါ ပိုင္မုကိုေမးလိုက္တယ္။
"အဆင္ေျပတယ္ ဝက္ေပါင္ေျခာက္ကို အျပင္ထုတ္ၿပီး အေျခာက္ခံလိုက္႐ုံပါပဲ အထဲက ေရေတြက သြန္ပစ္ရမွာ အိုးကို ေရေဆးၿပီး ေနာက္က်ရင္ သုံးဖို႔ သိမ္းထားလိုက္ပါ" ဒီအေတာအတြင္း အန္ကယ္ဘာ႐ြန္ဆီက ေျမအိုးေတြ၊ ပန္းကန္လုံးေတြ၊ အိုးေတြအမ်ားႀကီးကို သူတို႔မွာယူထားခဲ့ၿပီးသားျဖစ္ေပမယ့္ ပိုင္မုက ခုထိမလုံေလာက္ေသးဘူးလို႔ခံစားရတယ္။
အဆင္ေျပတယ္လို႔ ခဲယ္လ္တစ္က ၾကားခဲ့ၿပီး လိန္းက်ယ္ကို ေျပာျပလိုက္တယ္။ ထို႔ေနာက္ သူတို႔က ဝက္ေပါင္ေျခာက္ေလးခုကို အျပင္ထုတ္လိုက္ၿပီး အေပါက္ေဖာက္ၿပီး ႀကိဳးခ်ည္ကာ တံခါးနားက သစ္သားစင္ေပၚမွာ ခ်ိတ္ဆြဲထားလိုက္ၾကတယ္။ ပိုင္မုက ဝက္ေပါင္ေျခာက္ကို ႏွစ္လအတြင္းမွာ စားရဖို႔ ေစာင့္ဆိုင္းရန္စီစဥ္ခဲ့တယ္။ ေဆာင္းဦးေပါက္ေနၿပီျဖစ္ၿပီး စြပ္ျပဳတ္ခ်က္ဖို႔သင့္ေတာ္႐ုံေလး ရာသီဥတုကတျဖည္းျဖည္းပိုေအးလာသင့္တယ္။
"၀က္ေပါင္ေျခာက္ဆိုတာ ဘာလဲ?" ဇက္ခ္ရိက ဝက္ေပါင္ေျခာက္ကို ခ်ိတ္ဆြဲလိုက္ၿပီးေနာက္ ခဲယ္လ္တစ္ကို သိခ်င္စိတ္နဲ႕ ေမးတယ္။
"ဒါက လူလူသားရဲေျခာက္ပါ ပိုင္မုက အေျခာက္လွန္းၿပီးရင္ အခ်ိန္အေတာ္ၾကာေအာင္ ထားနိုင္တယ္လို႔ေျပာတယ္၊ အရသာအရမ္းေကာင္းတယ္တဲ့"
"ပိုင္မုက တကယ္ကို လုပ္နိုင္စြမ္းရွိတယ္"ဇက္ခ္ရိက သက္ျပင္းခ်လိဳက္တယ္။
"ဒါေပါ့၊ ေနာက္ထပ္တစ္ေယာက္ ထပ္မရွိေတာ့ဘူး" ခဲယ္လ္တစ္က ဂုဏ္ယူစြာေျပာလိုက္တယ္။
"မင္းတို႔ႏွစ္ေယာက္ အတူတူရွိၿပီလား"ဇက္ခ္ရိက ခဲယ္လ္တစ္ရဲ႕ ဘ၀င္ခိုက္ေနတဲ့အၾကည့္ကိုျမင္ၿပီး မေရမရာနဲ႕ ေမးလိုက္တယ္။
"ဟုတ္တယ္၊ သူ ငါ့ကိုလက္ခံမယ္လို႔ ကတိေပးထားတယ္ တျခားသူေတြမွာ အခြင့္အေရးမရွိဘူး" ခဲယ္လ္တစ္က အရမ္းဂုဏ္ယူ၀င့္ႂကြားစြာေျပာလိုက္ၿပီး ဇက္ခ္ရိကို အဓိပၸါယ္ရွိစြာနဲ႕ ၾကည့္လိုက္တယ္။