အခ်စ္က သူေစစားရာ 🌚🌚 ( ေခါင...

By NabeNabe549

433K 19.8K 791

အမႊာခ်င္း တူေပမယ့္ သူမရဲ႕ ေမြးဖြားမႈမွာ ဒိြလိင္ ပါဝင္ေနတဲ့အတြက္ ဖခင္ ျဖစ္သူရဲ႕ စြန္႔ပစ္ျခင္းကို ခံခဲ့ရတဲ့ လ... More

Review
Part - 1 ( Zg + Uni)
Part - 2 ( Zg + Uni)
Part - 3 ( Zg + Uni)
Part - 4 ( Zg+ Uni)
Part - 5 ( Zg+ Uni)
Part - 6 ( Zg+ Uni)
Part - 7 ( Zg+ Uni)
Part - 8 ( Zg + Uni)
Part - 9 ( Zg + Uni)
Part - 10 ( Zg + Uni)
Part - 11 ( Zg + Uni)
Part - 13 ( Zg + Uni)
Part - 14 ( Zg + Uni)
Part - 15 ( Zg + Uni)
Part - 16 ( Zg + Uni)
Part - 17 ( Zg + Uni)
Part - 18 ( Zg + Uni)
Part - 19 ( Zg + Uni)
Part - 20 ( Zg + Uni)
Part - 21 ( Zg + Uni)
Part - 22 ( Zg + Uni)
Part - 23 ( Zg + Uni)
Part - 24 ( Zg + Uni)
Part - 25 ( Zg + Uni)
Part - 26 ( Zg + Uni)
Part - 27 ( Zg + Uni)
Part - 28 ( Zg + Uni)
Part - 29 ( Zg + Uni)
Part - 30 ( Zg + Uni)
Part - 31 ( Zg + Uni)
Part - 32 ( Zg + Uni )
Part 33 ( Zg + Uni )
Part - 34 ( Zg + Uni)
Part - 35 ( Zg + Uni)
Part - 36 ( Zg + Uni)
Part - 37 ( Zg + Uni)
Part - 38 ( Zg + Uni)
Part - 39 ( Zg + Uni)
Part - 40 ( Zg + Uni )
Part - 41 ( Zg + Uni)
ခြင့္တိုင္ၾကားျခင္း
Part - 42 ( Zg + Uni)
အသိေပးခ်က္
Part - 43 ( Zg + Uni)
Part - 44 ( Zg + Uni)
Part - 45 ( Zg + Uni)
Part - 46 ( Zg + Uni)
Part - 47 ( Zg + Uni)
Part - 48 ( Zg + Uni)
Part - 49 ( Zg + Uni)
Part - 50 ( Zg + Uni)
Part - 51 ( Zg + Uni)
Part - 52 ( Zg + Uni)
Part - 53 ( Zg + Uni)
Part - 54 ( Zg + Uni)
Part - 55 ( Zg + Uni)
Part - 56 ( Zg + Uni)
Part - 57 ( Zg + Uni)
Part - 58 ( Zg + Uni)
Part - 59 ( Zg + Uni)
Part - 60 ( Zg + Uni)
Part - 61 ( Zg + Uni)
Part - 62 ( Zg + Uni)
Part - 63 ( Zg + Uni)
Part - 64 ( Zg + Uni)
Part - 65 ( Zg + Uni)
Part - 66 ( Zg + Uni)
Part - 67 ( Zg + Uni)
Part - 68 ( Zg + Uni)
Part - 69 ( Zg + Uni)
Part - 70 Final Part ( Zg + Uni)

Part - 12 ( Zg + Uni)

6.1K 302 20
By NabeNabe549

☆☆☆☆♡⃛   အခ်စ္က သူေစစားရာ   ♡⃛ ☆☆☆☆
( Part - 12  )

တကၠသိုလ္က ေဆးေပးခန္းထဲ ေခၚလာၿပီး
သူ႕က ျဖဴျဖဴ အနာကို ေဆးေသခ်ာထည့္
ေပးေနခဲ့သည္။

သူ ေပြ႕ေခၚလာတဲ့ တစ္ေလွ်ာက္လံုးလည္း
ေက်ာင္းကလူေတြ ျဖဴျဖဴ တို႔ကို
ၾကည့္လိုက္ၾကတာ တစ္​ျပဳံလိုက္​။  ဒီကိစၥကို
ခ်စ္သည္းမာန္ သိေတာ့မွာ ေသခ်ာေပါက္ေပ။

ဘာေၾကာင့္လဲ... ဘာေၾကာင့္ ျဖဴျဖဴ က
ဒီေလာက္ထိ ကံဆိုးေနရတာလဲ။

ဒိြလိင္ ျဖစ္လို႔ မိဘေတြက စြန္႔ပစ္ခံရ႐ံုတင္အားမရ
ေခါင္ယံမိႈင္း ဆိုတဲ့ ေကာင္ေလးေၾကာင့္
ဆိုးက်ဳိးေတြပါ ခံစားေနရသည္။

မုန္းတယ္...!! ျဖဴျဖဴ သူ႕ကို မုန္းတယ္။
သူေၾကာင့္သာ ျဖဴျဖဴ ဘဝက ပိုၿပီးဆိုးလာခဲ့ရတာ။
အခ်ိန္ေတြသာ ေနာက္ျပန္လွည့္လို႔ရမယ္ဆိုရင္
ျဖဴျဖဴ သူနဲ႔ မေတြ႕ေအာင္ လုပ္ခဲ့မိမွာ။

အနာကို ေဆးထည့္ေပးၿပီး ပတ္​တီးစည္းေပးေနတုန္း
သူ႕ကို စူးစူးစိုက္စိုက္ ၾကည့္ေနေသာ
ေဒၚျဖဴျဖဴ မ်က္ဝန္းေတြက  နာၾကည္းေနသလို။

" ေဒၚျဖဴျဖဴ ခင္ဗ်ား က်ဳပ္ကို အဲ့ဒီေလာက္
ေတာင္ မုန္းေနတာလား....!!  "

" မုန္းတယ္ မင္းကို ငါ အရမ္းမုန္းတယ္...
ငါနဲ႔ လာမပတ္သက္ပါနဲ႔ ငါ ေတာင္းပန္ပါတယ္
မင္းေၾကာင့္ ငါ့ scholarship ဆု အထိခိုက္
မခံႏိုင္ဘူး....ငါ ေတာင္းပန္ပါတယ္
ငါနဲ႔ ေဝးေဝးေနေပးပါ "

" ဘယ္သူလဲ...?? ခင္ဗ်ားကို ဒီစကားေတြ
ဘယ္သူေျပာလိုက္တာလဲ.....?? "

ျဖဴျဖဴ ထိန္းမရျဖစ္ၿပီး ေျပာလိုက္မိတဲ့အဆံုး
ဥာဏ္တအားေျပးတဲ့သူ႕က တစ္ေယာက္ေယာက္
ေျပာလိုက္တာမွန္း သိသြားခဲ့သည္။

" ဘယ္သူမွ မဟုတ္ဘူး....!! ငါ့ကို
ဘယ္သူမွ မေျပာဘူး....အခ်ိန္တန္
မင္း လက္ထပ္ရမယ့္သူ ရိွတယ္
တစ္ခဏတာအတြက္နဲ႔ ငါ့ဆီ လာမပတ္သက္ပါနဲ႔
ငါ ေၾကာက္လို႔ပါ ငါ ေတာင္းပန္ပါတယ္...
မင္း ေပ်ာ္ခ်င္ရင္ တျခားသူေတြကိုသာ
သြားပတ္သက္ပါ ငါနဲ႔ လာမပတ္သက္ပါနဲ႔ "

ျဖဴျဖဴ စိတ္ကို ေလွ်ာ့ၿပီး အသံမမာေအာင္
မနည္းေျပာေနေပမဲ့ ရင္ထဲမွာ အရမ္းကို
ေဒါသထြက္ေနမိသည္။ သူ႕ မ်က္ခံုးေတြကလည္း
တြန္႔ခ်ဳိးသြားၿပီး ျဖဴျဖဴကို စိုက္ၾကည့္ေနေလသည္။

" တစ္​ခဏတာ မဟုတ္ဘဲ က်ဳပ္ ခင္ဗ်ားကို
တစ္ဘဝစာ ပတ္သက္ခ်င္တာဆိုရင္ေရာ.... "

" ဟင္... "

လူကို ထင္မွတ္မထားတဲ့ စကားဆိုလာ၍ ျဖဴျဖဴ
မ်က္ဝန္းအစံုက ျပဴးက်ယ္သြားရသည္။

သူ႕ ဘာသာ တစ္​ခဏမကလို႔ ဘာပဲပတ္သက္ခ်င္
ပတ္သက္ခ်င္ ျဖဴျဖဴ ေတာ့ သူ႕ကို ပတ္သက္ရမွာ
ေၾကာက္သည္။

" ဟင့္အင္း ေခါင္ယံမိႈင္း ငါ ေတာင္းပန္ပါတယ္
ငါ့ကို အလြတ္ေပးပါ.... မင္းဘက္က
တစ္ခဏတာပဲ ျဖစ္ျဖစ္ တစ္ဘဝစာပဲ
ျဖစ္ျဖစ္ ငါ့ကို အလြတ္ေပးပါ ငါ ေတာင္းဆိုပါတယ္.. .
ငါ့က မိဘက ေမြးေမြးခ်င္း  စြန္႔ပစ္ခံခဲ့ရတဲ့
ကေလးပါ.. .ပန္းၿမိဳင္ေဂဟာက မိစြာဆိုတဲ့
ေခြးမႀကီးသာ ငါ့ကို မကယ္ရင္ အခုခ်ိန္မွာ
ငါ့က  ေသေနရ​ေလာက္ၿပီ....
မိစြာရဲ႕ ေက်းဇူးနဲ႔ ပန္းၿမိဳင္ေဂဟာက မာသာ
ရဲ႕ ေက်းဇူးေတြ ငါ့ အေပၚမွာ အမ်ားႀကီးရိွတယ္
သူတို႔ေၾကာင့္သာ ငါ့က အခုလို လူတစ္လံုး
သူတစ္လံုး ျဖစ္လာခဲ့တာ.....အခု KL
ဆိုတဲ့ ဒီ တကၠသိုလ္ကိုေတာင္ ငါ့က
scholarship နဲ႔ လာတက္ရတဲ့အျဖစ္
မင္းတို႕လို ေငြနဲ႔ တက္ေနရတဲ့ ဘဝမဟုတ္ဘူး..
scholarship ဆုသိမ္းခံရရင္ ငါ့ ဘဝက
ပ်က္ၿပီ.... ငါ့မွာ မာသာ နဲ႔ ပန္းၿမိဳင္ေဂဟာ
ကို ေစာင့္ေရွာက္ရအံုးမယ္ ငါ့ ဘဝမွာ
အေရးႀကီးဆံုးက မာသာနဲ႔ ပန္းၿမိဳင္ေဂဟာပဲ
ေထာင့္ငါးရာ အခ်စ္ကို ငါ စိတ္မဝင္စားဘူး
ေထာင့္ငါးရာ အခ်စ္ထက္ အေရးႀကီးတာေတြ
ငါ လုပ္ရအံုးမယ္.... တကယ္လို႔သာ
ငါ့ကို မင္း အတင္းပတ္သက္ေနမယ္ဆိုရင္
ငါရဲ႕ scholarshipဆုက ​ေအာ္​တိုပ်က္စီးမွာ
ေသခ်ာေပါက္ပဲ....ဒါဆို ငါ့ ဘဝက
ေသသူနဲ႔ မျခားမနားပဲ မင္း ငါ့ကို တအားမုန္း
တယ္ ငါ့ ဘဝကို ရွင္လ်က္နဲ႔ ေသေစခ်င္ရင္
မင္း ထပ္လုပ္လိုက္ပါ....ငါ ေသသူအျဖစ္
ခံယူလိုက္ပါ့မယ္ မင္းနဲ႔ ပတ္သက္ရတာ
ဝဋ္​​ေႂကြး တစ္ခုလို႔ ငါ သေဘာထားၿပီး
ေပးဆပ္သြားပါ့မယ္ "

ေလျပည္​​ေအးနဲ႔ ေျပာေနေသာ ေဒၚျဖဴျဖဴ ပံုစံက
သူ႕ကို သိပ္နာက်င္ေစသည္။  ဘာတဲ့
သူ႕က ေဒၚျဖဴျဖဴ အတြက္ ဝဋ္​​ေႂကြးတဲ့။

ေကာင္းၿပီေလ အဲ့ဒီေလာက္ထိ ေဒၚျဖဴျဖဴ က
သူရဲ႕ သေဘာထားေတြကို ျပသေနမွေတာ့
သူ႕ကလည္း ျပတ္ေပးႏိုင္ရမွာေပါ့။

ကိုယ့္ကို အခုလိုသေဘာထားတဲ့ မိန္းမမ်ဳိးကို
သူ႕ဘက္ကလည္း ဆက္ဖက္တြယ္စရာမရိွ။

သူ႕ကို လိုခ်င္တဲ့ မိန္းမေတြမွ အမ်ားႀကီးပါ။
ဒီေတာ့ ေဒၚျဖဴျဖဴ နဲ႔ မပတ္သက္ရလည္း
ဘာျဖစ္လဲ။  သူ႕အတြက္ မိန္းမ မရွားဘူး။

" အိုေကေလ ခင္ဗ်ားဘက္က က်ဳပ္ကို
ဒီေလာက္ေတာင္ ခါးခါးသီးသီးျဖစ္ေနမွေတာ့
က်ဳပ္ကလည္း အတင္းတြယ္ကပ္ေနမွာမဟုတ္ဘူး....
က်ဳပ္ အတြက္ မိန္းမ မရွားဘူး ေဒၚလြန္ႀကိဳးျဖဴျဖဴ
တစ္ခုပဲ က်ဳပ္ေရွ႕လာၿပီး က်ဳပ္နဲ႔ မဆံုမိေစနဲ႔
အဲ့ဒီအခါ က်ဳပ္ဘာလုပ္မိမလဲဆိုတာ မေျပာတတ္ဘူး
ဪဒါနဲ႔ ...အနာကို ေရမစိုေစနဲ႔ ဂ႐ုစိုက္ "

သူ႕ လက္က ေသြးေတြထြက္ေနတဲ့ အနာကို
ေခါင္ယံမိႈင္း တစ္ခ်က္ကေလးမွ ဂ႐ုမစိုက္ဘဲ
လြန္ႀကိဳးျဖဴျဖဴ ေျခေထာက္အနာကို
ဂ႐ုစိုက္ဖို႔ ေျပာကာ ထြက္သြားခဲ့သည္။

ေခါင္ ရယ္ေတာ့ရယ္ရသား ကိုယ့္ကို
မပတ္သက္ခ်င္တဲ့ မိန္းမ တစ္ေယာက္ကို
သူ႕က အဆံုးထိ စိတ္ပူေပးေနခဲ့တာေလ။

ဒါ့ကို ျခားနား နဲ႔ ေသြးသစ္တို႔သာ သိရင္ သူ႕ကို
ေလွာင္လိုက္မယ့္ ျဖစ္ခ်င္း။

***************************

" နင္ လြန္ႀကိဳးျဖဴျဖဴဆီ သြားေသးလား
ခ်စ္သည္း...??  "

" ဟင့္အင္း ငါ့က ဘာလို႔ သြားရမွာလဲ
​ေခါင္​ယံ..? သူ႕ကို သိေတာင္ မသိတာ....
ေနာက္ၿပီး နင္ သိပါတယ္ နင္နဲ႔ လက္ရိွတြဲေနတဲ့
စႏိုးကိုေတာင္ ငါ့က ဘာလုပ္လို႔လဲ...
သံုးလျပည့္တဲ့အထိ ငါ့က လႊတ္ထား​ေပးတတ္တာ
ဒါ့ကို နင္ သိပါတယ္ ေခါင္ယံ....
သံုးလျပည့္တာေတာင္ နင့္ကို ဆက္တြယ္ေနမွသာ
ငါ့က လုပ္တာ မဟုတ္လား...??
နင့္ကလည္း အခုထက္ထိ ဘယ္သူ႕ကိုမွ
သံုးလျပည့္ေအာင္ မတြဲခဲ့ဘူး​ေလ
ႏွစ္လျပည့္ရင္ေတာင္ ကံေကာင္း "

ခ်စ္သည္း ေျပာတာမွန္ေနေတာ့ ေခါင္
သက္ျပင္းခ်လိုက္သည္။  ေဒၚျဖဴျဖဴ ဆီ ခ်စ္သည္း
က မသြားဘူးဆိုေတာ့ ေဒၚျဖဴျဖဴ ေျခေထာက္
က ဒီတိုင္း မေတာ္တဆလား ဒါမွမဟုတ္
တစ္ေယာက္ေယာက္ေၾကာင့္လား။

" နင္ မသြားရင္လည္း ၿပီးတာပဲ ခ်စ္သည္း..
ဘယ့္ႏွယ္ အဲ့ဒီမိန္းမကမ်ား ငါ့ကို
မပတ္သက္ခ်င္ဘူးတဲ့.... သူ႕အတြက္
ငါ့က ဝဋ္​​ေႂကြးတဲ့ ရယ္ေတာ့ရယ္ရသား "

" သူ႕က နင့္ကို အဲ့ဒီလိုေျပာတာလား..??
ငါ့ အထင္​​ေတာ့ နင့္ဆီက စိတ္ဝင္စားမႈရေအာင္
သူ႕က တမင္သက္သက္လုပ္တာေနမွာ "

အျပင္ဘက္မွာသာ ကန္႔လန္႔ေတြ ေျပာေနေပမဲ့
ခ်စ္သည္းမာန္ စိတ္ထဲမွာေတာ့ လြန္ႀကိဳးျဖဴျဖဴ က
သူမ စကားကို နားေထာင္တဲ့ အတြက္
ပီတိျဖစ္ေန၏ ။  လြန္ႀကိဳးျဖဴျဖဴ နဲ႔ သူမ
စေတြ႕ေတြ႕ခ်င္းကတည္းက လြန္ႀကိဳးျဖဴျဖဴ
လွတာကို ျမင္ၿပီး ေခါင္ယံမိႈင္း ႀကိဳက္
သြားမွာ အရမ္းစိုးရိမ္ေနခဲ့သည္။ 
ဒါ့ကို သူမသာ  သိသည္။

" သူ႕ဘာသာ ဘာပဲလုပ္လုပ္ ငါ စိတ္မဝင္စား
ဘူး ခ်စ္သည္း... ငါ့ အတြက္ မိန္းမ မရွားဘူး "

" ဒါေပါ့ ေခါင္ယံ... နင့္ အတြက္ မိန္းမ မရွားဘူး
နင္ ဘယ္ေလာက္႐ႉပ္႐ႉပ္ ငါ့က အခ်ိန္တန္
နင့္ကို အျပစ္မျမင္ဘဲ လက္ထပ္ေပးမွာ.. "

" ေတာ္စမ္းပါ...!! နင္လည္း ငါ့လို ႐ႉပ္ေနတာ
ငါ မသိဘူးမ်ား ထင္ေနတာလား ခ်စ္သည္းမ "

" ဘာလဲ နင့္က ငါ့ကို သဝန္တိုတာလား
ေခါင္ယံ...?? "

" အဟက္​....."

ခ်စ္သည္း ေခါင္ယံ သဝန္တိုတာကို ျမင္ခ်င္လို႔
စမ္းလိုက္ရာ ပါးေစာင္ကို လွ်ာနဲ႔ ထိုးၿပီး
ရယ္လိုက္ေသာ ေခါင္ယံ ပံုစံက ခပ္မိုက္မိုက္။
တစိတ္ရိွ ဒီလူသားက ခ်စ္သည္းကို
ေႂကြေအာင္ ေန႔တိုင္း လုပ္ေနတာပဲ။
ခ်စ္သည္းမွာသာ သူရဲ႕ ဒီလိုအမူအရာေလးေတြကို
ခိုးၿပီးခ်စ္ေနရတာ။

" ေတာ္႐ံုပဲ လုပ္ပါ ခ်စ္သည္းမရာ...
နင့္ကို မိန္းကေလးလို႔ကို ငါ မျမင္ဘူး
ငယ္ငယ္ကလို ႏွပ္ေခ်းတြဲေလာင္းေလးပဲ
ျမင္တယ္ "

" ဘာ...!!  ေခါင္ယံ နင္ေနာ္..!! "

" ေဟ့ေဟ့... ခ်စ္သည္းမ ငါ့လာမ႐ိုက္နဲ႔​ေနာ္​
နင့္ ႏွပ္ေခ်းေတြ ငါ့ အေပၚ ေပကုန္လိမ့္မယ္ "

" ႐ိုက္မွာပဲကြာ....ကဲဟာ ေခါင္ယံစုတ္ "

တစ္ေယာက္ နဲ႔ တစ္ေယာက္ မထိခလုတ္
ထိခလုတ္စေနတာ​ေလးက ခ်စ္စရာေကာင္းတဲ့
စံုတြဲေလးလိုေပ။

ဒါ့ကို တကၠသိုလ္က လူေတြ ျပဳံးျပဳံးႀကီး
ၾကည့္ၿပီး ဓာတ္ပံု႐ိုက္လိုက္ကာ ေက်ာင္းGP ထဲ
ပို႔စ္တင္လိုက္သည္။ ပို႔စ္တင္လိုက္ရာ
ေခါင္ယံ ဖန္ေတြနဲ႔ ခ်စ္သည္းမာန္​ ဖန္ေတြကလည္း
​ေကာမန္​႔​ေတြ မန္​႔ကာ ပံုေတြကိုပါ
အလုအယက္ျပန္႔ရွဲလ္ၾကသည္။

တစ္​ဖက္​မွာလည္​း ဖုန္းဖြင့္ကာ စာစီစာကံုး
အေၾကာင္းအရာ ရွာေနရင္း  ေက်ာင္း GP ထဲမွ
တက္လာေသာ ေခါင္ယံမိႈင္း နဲ႔ ခ်စ္သည္းမာန္ ရဲ႕
ပံုေတြကို လြန္ႀကိဳးျဖဴျဖဴ တစ္ခ်က္ၾကည့္ၿပီး
ေက်ာ္သြားေတာ့သည္။

*********************

ဆယ္ရက္ရိွသြားၿပီ။  ေခါင္ယံမိႈင္း ျဖဴျဖဴ
ေရွ႕ ေရာက္မလာတာ။ ဒီအတြက္ ျဖဴျဖဴ
အရမ္းကို ေအးခ်မ္းေနသည္။

မေန႔က physics ေမဂ်ာရဲ႕ Welcome ကို
လည္း ျဖဴျဖဴ မသြားခဲ့။ ဒီေန႔ေတာ့ သြားရမည္။

ဒီေန႔က ျဖဴျဖဴ စာစီစာကံုး ၿပိဳင္ရမည့္ေန႔ေလ။
ထက္ထက္ ရယ္၊  အတန္းထဲက မွန္ေၾကာင္
ေကာင္ေလး မင္းသက္ပိုင္တို႔နဲ႔ အတူ
ျဖဴျဖဴ စာစီစာကံုးၿပိဳင္ရမည္။  တျခား
တကၠသိုလ္က ေက်ာင္းသားေတြလည္း
အပါအဝင္ေပ။

စိတ္ေတြ လႈပ္ရွားၿပီး ရင္​​ေတြ အရမ္းခုန္ေနမိသည္။
ဒီ ၿပိဳင္ပြဲမွာသာ ျဖဴျဖဴ ႏိုင္ၾကည့္ ပါခ်ဳပ္ႀကီးက
ျဖဴျဖဴ ေတာ္ေၾကာင္းကို အသိအမွတ္ျပဳၿပီး
scholarship ဆုကို ႏွစ္စဥ္ေပးေတာ့မွာေလ။

ဒီေတာ့ ျဖဴျဖဴရဲ႕ ဘဝကို စာစီစာကံုးၿပိဳင္ကြဲက
အကဲျဖတ္​​ေပးမွာေလ။

***********************

"  ကေလးတို႔ေရ ဝမ္းသာစရာ သတင္းပါတယ္...
တီခ်ယ္တို႔ ဟိုတစ္ပတ္က ႐ိုး႐ိုးက်င့္
ျမင့္ျမင့္ႀကံဆိုတဲ့ စာစီစာကံုးနဲ႔ ဒီအခန္းထဲက
ကေလး တစ္ေယာက္က ဆုရသြားပါတယ္... ."

ျဖဴျဖဴတို႔ စာစီစာကံုးၿပိဳင္ၿပီး သံုးရက္အၾကာ
AOM ဆရာမက အတန္းခ်ိန္ဝင္ရင္းနဲ႔
result ထြက္ေၾကာင္းေျပာလာေတာ့
စိတ္ေတြက လႈပ္ရွားသြားရသည္။

မွန္ေၾကာင္ေကာင္ေလး မင္းသက္ပိုင္ကလည္း
ျဖဴျဖဴလို စိတ္လႈပ္ရွားၿပီး ဆရာမကို
စိတ္ဝင္တစားေမာ့ၾကည့္ေနတယ္ေလ။
ထက္ထက္ကေတာ့ အစကတည္းက သူ
မေျဖႏိုင္ဘူးဆိုတာ သိေနတဲ့အတြက္
ဆရာမ ကို သိပ္ဂ႐ုမစိုက္။

" ၿပိဳင္တဲ့ သံုးေယာက္ထဲ ဘယ္သူလို႔ ထင္လဲ... ??
မင္းသက္ပိုင္၊  လြန္ႀကိဳးျဖဴျဖဴ၊  ထက္ထက္လင္း "

သံုးေယာက္စလံုး နာမည္ေခၚၿပီး AOM ဆရာမ
က ေမးလိုက္ေတာ့ အကုန္လံုးမွာ တစ္ေယာက္နဲ႔
တစ္ေယာက္ ျပန္ၾကည့္ၿပီး ၿပံဳးစိစိျဖစ္သြားၾကသည္။

သို႔ေသာ္ ထက္ထက္လင္း ကေတာ့ ေခ်ာင္း
တစ္ခ်က္ဟန္႔ရင္း......

" အဟမ္း...အဟမ္း သမီး သိတယ္ တီခ်ယ္
သမီး ေျဖရမွာလား.....?? "

" ေျဖၾကည့္ေလ သမီး..   သမီးတို႔ သံုးေယာက္ထဲ
ဘယ္သူလို႔ ထင္လဲ...??  "

AOM ဆရာမရဲ႕ စကားေၾကာင့္ ထက္ထက္လင္း
မ်က္လံုးေတြက လင္းလက္သြားခဲ့ကာ.  

" အဲ့ဒါ သမီးေလ တီခ်ယ္....သမီးက အရမ္းေတာ္
တာ ဒီ​ေတာ့ ဆုရတာ သမီးပဲ ေသခ်ာေပါက္ ျဖစ္မွာ "

" ယံုၾကည္တယ္ေပါ့ သမီး ထက္ထက္လင္း..?? "

ဆရာမရဲ႕ တဖန္ေမးခြန္းကို ထက္ထက္လင္း
ရယ္ႀကဲႀကဲလုပ္ကာ....

" ဟဲဟဲ စတာ တီခ်ယ္...သမီး အဲ့ဒီေလာက္ထိ
မေတာ္ဘူး  တကယ္တမ္း ဆုရတာက
ျဖဴျဖဴ မလား ျဖဴျဖဴ ရမယ္လို႔ သမီး
ယံုၾကည္တယ္...ျဖဴျဖဴက အရမ္းေတာ္တာ "

" ဟဲ့ ထက္ထက္ မေသခ်ာေသးဘဲ
ေလွ်ာက္မေျပာနဲ႔အံုး...ေတာ္ၾကာ ငါ မရရင္
ဘယ္လိုလုပ္မလဲ...?? "

ကိုယ့္ကိုယ္ကို ႏိွမ္ခ်တတ္တဲ့ လြန္ႀကိဳးျဖဴျဖဴ က
ထက္ထက္လင္း ေျပာတာကို ဝင္တားရာ
ဆရာမက ၿပံဳးၾကည့္ေနခဲ့သည္။

ဆရာမ ၿပံဳးတာကို အထာေပါက္တဲ့ ထက္ထက္လင္း
မွာ.... .

" ဟုတ္တယ္မလား တီခ်ယ္ အႏိုင္ရတာက
သမီး သူငယ္ခ်င္း ျဖဴျဖဴ မလား...??
ဟုတ္တယ္မလား တီခ်ယ္. .??"

" ဟဲ့ တီခ်ယ္ကို ဇြတ္အတင္းေတြ မေမးနဲ႔
ထက္ထက္.... ငါ မဟုတ္ရင္ ဘယ္လိုလုပ္မလဲ..?? "

" ဟုတ္ပါတယ္ သမီးျဖဴျဖဴ က ဆုရသြားတာ
ပထမဆု.... တီခ်ယ္ဆို သမီး စာစီစာကံုးကို
အရမ္းႀကိဳက္တာပဲ "

AOM ဆရာမရဲ႕ ေထာက္ခံလာမႈေၾကာင့္
လြန္ႀကိဳးျဖဴျဖဴ မ်က္ႏွာေလးက အံ့ဩျခင္းေတြနဲ႔
ၿပံဳးေယာင္သမ္းသြားခဲ့သည္။

အခန္းထဲက လူေတြမွာလည္း လြန္ႀကိဳးျဖဴျဖဴကို
ၾကည့္ကာ အထင္ႀကီးခ်င္းေတြနဲ႔။

" မဂၤလာပါ ပါခ်ဳပ္ႀကီး "

ပါခ်ဳပ္ႀကီးလည္း ေရာက္လာေရာ ဆရာမ အပါအဝင္
အကုန္လံုးက ပါခ်ဳပ္ႀကီးကို ထၿပီး ႏႈတ္ဆက္ၾကသည္။

ပါခ်ဳပ္ႀကီးက အကုန္လံုးကို ထိုင္ထိုင္ဆိုၿပီး
လက္ျပလိုက္မွ ထိုင္သြားၾကသည္။

" သမီး လြန္ႀကိဳးျဖဴျဖဴ.... သမီးက ပါခ်ဳပ္ႀကီးတို႔
တကၠသိုလ္ကို ဂုဏ္ေဆာင္ေပးႏိုင္ခဲ့တယ္...
ဂုဏ္ေတာင္ ႐ိုး႐ိုးဂုဏ္မဟုတ္ဘူး ပထမဆု
ကို ယူေပးခဲ့တာ.. .အဲ့တာ ပါခ်ဳပ္ႀကီးတို ့
ဘက္ကေန သမီးကို ေက်ာင္းရဲ႕ the whole king
queen ေရြးပြဲမွာ ထိုက္ထိုက္တန္တန္
ဆုခ်ီးျမႇင့္ေပးသြားမယ္....ဒါ့အျပင္  သမီးႏိုင္ခဲ့တဲ့
အတြက္လည္း မနက္ျဖန္ ဆုသြားယူရအံုးမယ္
အဲ့ဒီဆုကို ယူၿပီးရင္ ခ႐ိုင္အထိ သမီးက
တက္ၿပိဳင္ရအံုးမယ္....အဲ့ဒါပါ ႏိုင္ရင္
ပါခ်ဳပ္ႀကီးက သမီးကို ဆုေတြ ထပ္ေပးအံုးမွာ....
သမီး ရဲ႕ scholarship ဆုကိုလည္း
ပါခ်ဳပ္ႀကီးက ရာသက္ပန္အျဖစ္ သတ္မွတ္ေပးလိုက္
ၿပီ....ပညာေရးအတြက္ တစ္ခုခုလိုအပ္တာ
ရိွရင္ သမီးကို ပါခ်ဳပ္ႀကီးက အကုန္​ကူညီေပးသြားမယ္ "

ျဖဴျဖဴ အရမ္းလည္း ေပ်ာ္သလို ပါခ်ဳပ္ႀကီးကို
ၾကည့္ၿပီးလည္း ဂုဏ္ယူမဆံုး ျဖစ္ရသည္။

ဆရာမကလည္း ျဖဴျဖဴ ကို ၾကည့္ၿပီး
ႀကိဳးစားထားဆိုတဲ့ အၾကည့္နဲ႔။

ပါခ်ဳပ္ႀကီးနဲ႔ ဆရာမက ျဖဴျဖဴ အတြက္ ဂုဏ္ျပဳ
လက္ခုပ္သံေလး ၾကားခ်င္တယ္ေျပာလာေတာ့
အခန္​းထဲက လူ​ေတြ တီးလာတဲ့ လက္ခုပ္သံေတြ
က  ၿခိမ္းၿခိမ္းညံ။

တကယ္တမ္း ျဖဴျဖဴ စာစီစာကံုးကို ပံုျပင္ေလး
တစ္ပုဒ္ကို ေျပာင္းလဲခဲ့သည္။

႐ိုး႐ိုးက်င့္ ျမင့္ျမင့္ႀကံဆိုတဲ့ အတိုင္း
ပံုျပင္ေလးက ဖိုးသူေတာ္ တစ္ေယာက္နဲ႔
အစျပဳတယ္ေလ။

ဖိုးသူေတာ္ေလးက ဆြမ္းခံၿပီးေတာ့ ေက်ာင္းကို
အျပန္ စိုက္ခင္းတစ္ခုကို အျဖတ္ ေျပာင္းဖူး
တစ္ဖူးကို ေတြ႕၍  ဝင္​ခ်ဳိးခဲ့လိုက္တယ္။

အဲ့တာ သူ ခ်ဳိးတဲ့ ေျပာင္းဖူးက အေစ့
မေအာင္ေတာ့ ေျပာင္းဖူးပင္ကို
ဆဲလိုက္သည္။

အဲ့ဒီအခါ ေျပာင္းဖူးပင္က အေစ့မေအာင္တာ
သူေၾကာင့္ မဟုတ္ပါ။ ေျမဆီလႊာ
မေကာင္းလို႔ဆိုၿပီး  ျပန္ေျဖတယ္ေလ။

အဲ့ဒီအခါ ဖိုးသူေတာ္က ဒါလည္းဟုတ္တာပဲ
ဆိုၿပီး ေျမဆီလႊာကို ထပ္ဆဲျပန္တယ္။

အဲ့ဒီအခါ ေျမဆီလႊာကလည္း သူေၾကာင့္ မဟုတ္ပါ။
ေရေကာင္းေကာင္းမရလို႔ အခုလို
ျဖစ္ရတယ္ဆိုျပီး ျပန္ေျဖတယ္ေလ။

အဲ့ဒီအခါ ဖိုးသူေတာ္ က ဒါလည္းဟုတ္တာပဲဆိုၿပီး
ေဘးနားက စီးဆင္းေနတဲ့ ေခ်ာင္းေသးေသးေလးကို
ပါ ဆဲျပန္သည္။

ေခ်ာင္းေသးေသးေလးကလည္း သူေၾကာင့္
မဟုတ္ပါ။ မိုးက မရြာလို႔ ဆိုၿပီး ျပန္ေျဖတယ္ေလ။

ဒီလိုနဲ႔ ဖိုးသူေတာ္က မိုးကို ဆဲျပန္သည္။
အဲ့ဒီအခါ မိုးကလည္း သင္ေတာင္ ဖိုးသူေတာ္
တစ္ေယာက္ ျဖစ္ၿပီး သူမ်ား စိုက္ခင္းထဲက
ေျပာင္းဖူးကို ခိုးခ်ဳိးတာ ကြၽႏု္ပ္
မိုးမရြာတာ ဆန္းသလားဆိုၿပီး ျပန္ေျဖတယ္ေလ။

ထိုအခါ ဖိုးသူေတာ္မွာ ရွက္ၿပီး စိုက္ခင္းထဲကေန
အျမန္ေျပးထြက္လာခဲ့သည္။

ေလာကႀကီးက ကိုယ့္ကိုယ္တိုင္က အျပစ္မကင္း
ၾကဘဲ တျခားသူေတြကို အျပစ္ဆိုခ်င္တယ္ေလ။

ဥပမာ ကိုယ့္ မ်က္ေခ်းက်ေတာ့ မျမင္ဘူး ။
သူမ်ား မ်က္ေခ်းက်ေတာ့ တအားကို ျမင္ၾကတာ။

ဒီေတာ့ တစ္ဖက္သားကို အျပစ္ေျပာခ်င္ရင္
ကိုယ့္ကိုယ္တိုင္ကေရာ ဘယ္ေလာက္ေကာင္း
ေနၿပီလဲ။ ႐ိုး႐ိုးက်င့္ ျမင့္ျမင့္ႀကံဆိုတဲ့ အတိုင္း
သူမ်ားကို အျပစ္မေျပာခင္ ကိုယ့္ မ်က္ေခ်း
ကို အရင္ၾကည့္တတ္ရတယ္။

ဒါ ျဖဴျဖဴ ဖတ္ဖူးတဲ့ ပံုျပင္ေလးကို ျဖဴျဖဴ
ဘာသာ စာစီစာကံုးလုပ္ၿပီး ေရးလိုက္ျခင္းေပ။

ျဖဴျဖဴ စာစီစာကံုးအတြက္ ေန႔မအားညမအား
ႀကိဳးစားတာ သိပ္ကို အက်ဳိးရိွသြားၿပီေလ။

အခု ျဖဴျဖဴ လိုခ်င္တဲ့ scholarship ဆုက
တည္ၿမဲသြားတဲ့အျပင္ ပါခ်ဳပ္ႀကီးရဲ႕ အျမင္
ၾကည္မႈကိုပါ ျဖဴျဖဴက ရရိွသြားခဲ့ၿပီေလ။

ဒီေတာ့ ျဖဴျဖဴ အတြက္ ဘာမွ မလိုေတာ့။
ျဖဴျဖဴ အိပ္မက္ေတြ အေကာင္အထည္ေဖာ္
ဖို႔က ေက်ာင္းၿပီးဖို႔ပဲ က်န္ေတာ့သည္။

ေက်ာင္းၿပီးတာနဲ႔ မာသာနဲ႔ ပန္းၿမိဳင္ေဂဟာကို
ျဖဴျဖဴ တဖန္ျပန္ေစာင့္ေရွာက္ေပးမည္။

**************************

ေက်ာင္းဆင္းေတာ့ အိမ္အျပန္ ျဖဴျဖဴ
စက္ဘီးေရွ႕ ပိတ္ရပ္လိုက္ေသာ ကားေၾကာင့္
အရိွန္ေလွ်ာ့ၿပီး စက္ဘီးကို ရပ္ပစ္လိုက္ရသည္။

" ဘယ္သြားမလို႔လဲ ကေလး...??
အိမ္ျပန္မလို႔လား....??  ဦး လိုက္ပို႔ေပးမယ္ေလ "

ကားေပၚက ဆင္းလာရင္း ျဖဴျဖဴ စက္ဘီးကို
ကိုင္ကာ ဆိုလိုက္တဲ့ လူ။
ဒီလူက ဟိုတစ္ခါက ျဖဴျဖဴ ကို နွာဘူးအၾကည့္နဲ႔
ၾကည့္ခဲ့ေသာ ဦးႏိုင္ေစမာန္ ဆိုေသာလူ။

" ဘာေတြ ေတြးေနတာလဲ ကေလး.. .??
ဦး ကို မွတ္မိတယ္မလား....? "

ဥာဏ္က ေကာင္းေတာ့ နာမည္ေတြကအစ
ျဖဴျဖဴ မွတ္မိေနသည္။  ဒါ့က သိပ္ကို
ဆိုးရြားတာပဲ  ။ မမွတ္မိဘူးလို႔ ျဖဴျဖဴ
ေျပာရင္ ငါးပါးသီလကို က်ဴးလြန္လိမ့္မည္။

" ဟုတ္ မွတ္မိပါတယ္ ဦးႏိုင္ေစမာန္.. ."

" ဟာ.. ဘယ္ႏွယ့္ ဦးႏိုင္ေစမာန္ ရမွာလဲ
ဦး သို႔မဟုတ္ ဦးေစ လို႔ ေခၚေလ ကေလးက..
ႏို႔မို႔ဆို ဦးနာမည္ေခၚလို႔ ကေလးေမာေနမွာေပါ့ "

ေျပာကာဆိုကာ သူ႕ လက္က ျဖဴျဖဴ လက္ကို
ထိလာ၍  လက္ကို ေနာက္အျမန္ပို့ပစ္လိုက္ရသည္။

" ကေလး အိမ္က ဘယ္အိမ္လဲ ဦး လိုက္ပို႔ေပးမယ္
ေလ... ."

" ရပါတယ္ ဦးႏိုင္ေစမာန္... ျဖဴျဖဴ ကိုယ့္
ဘာသာ ျပန္ပါ့မယ္ "

" ဟာ မျငင္းပါနဲ႔ ကေလးကလည္း
တစ္ခါေတြ႕ရင္ မေတာ္တဆ ...ႏွစ္ခါ ေတြ႕ရင္
ေရစက္ေလ ...ေရစက္ရိွလို႔ ဦးနဲ႔ ကေလးက
လာေတြ႕ၾကတာ  ဦး လိုက္ပို႔တာကို
မျငင္းပါနဲ႔ေနာ္ "

အတင္းေတြ ေျပာေနေတာ့ ျဖဴျဖဴ ဘာလုပ္ရမွန္းမသိ။
ေသသာေသခ်င္သည္။  မျငင္းျပန္ရင္လည္း
ကားေပၚမွာ ဒီလူႀကီး ျဖဴျဖဴ ကို တစ္ခုခု
လုပ္ေလာက္သည္။ တစ္ေယာက္ေယာက္
ျဖဴျဖဴ ကို ကယ္ၾကပါ။ ျဖဴျဖဴ လုပ္ခဲ့တဲ့
ေကာင္းမႈေတြ ေထာက္ထားၿပီး
တစ္ေယာက္ေယာက္ ကယ္ၾကပါ။

" ရပါတယ္ ဦးႏိုင္ေစမာန္.... ျဖဴျဖဴ
စက္ဘီးနဲ႔ပဲ ျပန္လိုက္ပါ့မယ္ ..."

" ဟာ.....စက္ဘီးက နင္းရေတာ့ ကေလး
အသားေတြ နာေနမွာေပါ့ မျဖစ္ပါဘူး
ဦးပဲ လိုက္ပို႔ေပးပါ့မယ္ "

" ဒီေလာက္ကေတာ့ ျဖဴျဖဴ အတြက္ ခံႏိုင္ရည္
ရိွပါတယ္ ဦးႏိုင္ေစမာန္. ...ေတာ္ၾကာ
ဦးႏိုင္ေစမာန္ လိုက္ပို႔ရင္ မသင့္ေတာ္လို႔ပါ
ျဖဴျဖဴ က မိဘမဲ့ေဂဟာမွာ ေနတဲ့သူဆိုေတာ့ "

ႀကံရာမရတဲ့အဆံုး မိဘမဲ့ေဂဟာကို ျဖဴျဖဴ
အသံုးခ်လိုက္သည္။ ထိုအခါ စူးစိုက္
ၾကည့္လာေသာ ဦးႏိုင္ေစမာန္ မ်က္ဝန္းေတြက
အံ့ဩဖြယ္ရာ အျပည့္နဲ႔ေပ။

" ဟင္​.. က​ေလး...ကေလးက မိဘမဲ့ေဂဟာကလား
အေတာ္ ယုတ္မာတာပဲ ကေလးမိဘေတြက..!!
ကေလးလို ဒီေလာက္လွပတဲ့ သမီးေလးကို
ဘာလို႔ စြန္႔ပစ္ရတာတုန္း.... ဦးဆို ကေလးကို
လႊင့္ပစ္ဖို႔ အေတြး မေျပာနဲ႔ အဲ့ဒီလိုအေတြး
ဝင္ခဲ့ရင္ေတာင္ ကိုယ့္ မ်က္ႏွာကိုယ္
လီွးထုတ္ပစ္မွာ....ဒါ့အျပင္​
ကေလးကိုလည္​း ဦးက ေရႊလိုကို ဥထားမွာ
ဦး အခ်စ္ေတြနဲ႔ "

ေပၚတင္ အခ်စ္ေတြ သံုးလာေတာ့ ျဖဴျဖဴ
စိတ္က်ဥ္းက်ပ္​ရသည္။ တကယ္ပါ ဦးႏိုင္ေစမာန္
က တကယ့္ကို ႏွာဘူးပဲ။  ဒီလို ႏွာဘူးေတြဆို
ျဖဴျဖဴ ေဝးေဝးေရွာင္ရမည္။

" ဘာမွ အားမငယ္နဲ႔ေနာ္.. ကေလးအနားမွာ
ဦး ရိွတယ္.. .တစ္ခုခုလိုခ်င္ရင္ ဦးကို
ေျပာ ဦး အကုန္​ ျဖည့္ဆည္းေပးမယ္ "

လူကို စုန္ခ်ည္ဆန္ခ်ည္ၾကည့္ျပီး ေျပာေနတာက
ဝါးစားေတာ့မယ့္ အလား။ ျဖဴျဖဴ ေၾကာက္သည္
ထိုအၾကည့္ကို။

" အခု ကေလးကို ဦး လိုက္ပို႔ေပးမယ္
ကေလး ဘာမွ ေၾကာက္မေနနဲ႔....
မိဘမဲ့ေဂဟာက အႀကီးအကဲ​ေတြ ေျပာလာရင္
ဦးကိုယ္တိုင္ ေျပာေပးမယ္ "

ေျပာကာဆိုကာ ျဖဴျဖဴ စက္ဘီးကို မၿပီး
သယ္ဖို႔ျပင္ေန၍   ျဖဴျဖဴ တစ္ကိုယ္လံုး
ၾကက္သီးထသြားရသည္။

တစ္ေယာက္ေယာက္ လာကယ္ပါအံုး။
ျဖဴျဖဴ အရမ္းေၾကာက္ေနၿပီ။ ပါးစပ္ကလည္း
အာေစးမိၿပီး ဘာေျပာလို႔ ေျပာရမွန္းမသိေတာ့။
အခု ျဖဴျဖဴ ေၾကာက္ေနတာပဲ သိသည္။

Part  13 ေမွ်ာ္................................
( လာပါအံုး ျဖဴျဖဴ ကို လာကယ္ၾကပါအံုး
တစ္ေယာက္ေယာက္... လာကယ္ၾကပါအံုး....
ဦးႏိုင္ေစမာန္ က နွာဘူးပဲ  ကိုယ့္ သမီးေတာင္
မေရွာင္ဘူး... ဘူးခ်က္က လက္လန္တယ္ 😞😞😞)

တိုတယ္​​ေျပာရင္​ ဦးနိုင္​​ေစမာန္​ႀကီးနဲ႔ ညားပါ​ေစ 😆😆
🤣🤣🤣🤣အဲ့ဒါ ေလယူရာယိမ္း ယုတ္မာ
တာပါ 🤣🤣🤣🤣

မနက္​ျဖန္​ စ​ေန၊ တနဂၤ​ေႏြ​ေနာ္​ ဒါဒါ​ေလး​ေတြ
မင္​မင္​ နားရက္​မို႔လို႔ စာမတင္​ပါဘူးရွင္​့
ဒီ​ေန႔​ေတာင္​ စာ​ေရးရင္​းနဲ႔ ​ေခါင္​း​ေတြက
ထိုးကိုက္​​ေနတာ...ၾကည္​့ရတာ
ဖုန္​းသုံးရတာမ်ားလို႔ အာရုံ​ေၾကာက ျဖစ္​တာ
ထင္​တယ္​

ခ်စ္​တယ္​​ေနာ္​ မင္​မင္​ရဲ႕ ဒါဒါ​ေလး​ေတြ.......😍😍😘😘
ဒီအပိုင္းေလးနဲ႔ ပတ္သက္ၿပီး ဒါဒါေလးေတြရဲ႕ မန္႔ကို
မင္မင္ေလယူရာယိမ္း ေစာင့္ေမွ်ာ္လ်က္.. ......😍😍😘😘

#​ေလယူရာယိမ္​း

☆☆☆☆♡⃛   အချစ်က သူစေစားရာ   ♡⃛ ☆☆☆☆
( Part - 12  )

တက္ကသိုလ်က ဆေးပေးခန်းထဲ ခေါ်လာပြီး
သူ့က ဖြူဖြူ အနာကို ဆေးသေချာထည့်
ပေးနေခဲ့သည်။

သူ ပွေ့ခေါ်လာတဲ့ တစ်လျှောက်လုံးလည်း
ကျောင်းကလူတွေ ဖြူဖြူ တို့ကို
ကြည့်လိုက်ကြတာ တစ်​ပြုံလိုက်​။  ဒီကိစ္စကို
ချစ်သည်းမာန် သိတော့မှာ သေချာပေါက်ပေ။

ဘာကြောင့်လဲ... ဘာကြောင့် ဖြူဖြူ က
ဒီလောက်ထိ ကံဆိုးနေရတာလဲ။

ဒွိလိင် ဖြစ်လို့ မိဘတွေက စွန့်ပစ်ခံရရုံတင်အားမရ
ခေါင်ယံမှိုင်း ဆိုတဲ့ ကောင်လေးကြောင့်
ဆိုးကျိုးတွေပါ ခံစားနေရသည်။

မုန်းတယ်...!! ဖြူဖြူ သူ့ကို မုန်းတယ်။
သူကြောင့်သာ ဖြူဖြူ ဘဝက ပိုပြီးဆိုးလာခဲ့ရတာ။
အချိန်တွေသာ နောက်ပြန်လှည့်လို့ရမယ်ဆိုရင်
ဖြူဖြူ သူနဲ့ မတွေ့အောင် လုပ်ခဲ့မိမှာ။

အနာကို ဆေးထည့်ပေးပြီး ပတ်​တီးစည်းပေးနေတုန်း
သူ့ကို စူးစူးစိုက်စိုက် ကြည့်နေသော
ဒေါ်ဖြူဖြူ မျက်ဝန်းတွေက  နာကြည်းနေသလို။

" ဒေါ်ဖြူဖြူ ခင်ဗျား ကျုပ်ကို အဲ့ဒီလောက်
တောင် မုန်းနေတာလား....!!  "

" မုန်းတယ် မင်းကို ငါ အရမ်းမုန်းတယ်...
ငါနဲ့ လာမပတ်သက်ပါနဲ့ ငါ တောင်းပန်ပါတယ်
မင်းကြောင့် ငါ့ scholarship ဆု အထိခိုက်
မခံနိုင်ဘူး....ငါ တောင်းပန်ပါတယ်
ငါနဲ့ ဝေးဝေးနေပေးပါ "

" ဘယ်သူလဲ...?? ခင်ဗျားကို ဒီစကားတွေ
ဘယ်သူပြောလိုက်တာလဲ.....?? "

ဖြူဖြူ ထိန်းမရဖြစ်ပြီး ပြောလိုက်မိတဲ့အဆုံး
ဥာဏ်တအားပြေးတဲ့သူ့က တစ်ယောက်ယောက်
ပြောလိုက်တာမှန်း သိသွားခဲ့သည်။

" ဘယ်သူမှ မဟုတ်ဘူး....!! ငါ့ကို
ဘယ်သူမှ မပြောဘူး....အချိန်တန်
မင်း လက်ထပ်ရမယ့်သူ ရှိတယ်
တစ်ခဏတာအတွက်နဲ့ ငါ့ဆီ လာမပတ်သက်ပါနဲ့
ငါ ကြောက်လို့ပါ ငါ တောင်းပန်ပါတယ်...
မင်း ပျော်ချင်ရင် တခြားသူတွေကိုသာ
သွားပတ်သက်ပါ ငါနဲ့ လာမပတ်သက်ပါနဲ့ "

ဖြူဖြူ စိတ်ကို လျှော့ပြီး အသံမမာအောင်
မနည်းပြောနေပေမဲ့ ရင်ထဲမှာ အရမ်းကို
ဒေါသထွက်နေမိသည်။ သူ့ မျက်ခုံးတွေကလည်း
တွန့်ချိုးသွားပြီး ဖြူဖြူကို စိုက်ကြည့်နေလေသည်။

" တစ်​ခဏတာ မဟုတ်ဘဲ ကျုပ် ခင်ဗျားကို
တစ်ဘဝစာ ပတ်သက်ချင်တာဆိုရင်ရော.... "

" ဟင်... "

လူကို ထင်မှတ်မထားတဲ့ စကားဆိုလာ၍ ဖြူဖြူ
မျက်ဝန်းအစုံက ပြူးကျယ်သွားရသည်။

သူ့ ဘာသာ တစ်​ခဏမကလို့ ဘာပဲပတ်သက်ချင်
ပတ်သက်ချင် ဖြူဖြူ တော့ သူ့ကို ပတ်သက်ရမှာ
ကြောက်သည်။

" ဟင့်အင်း ခေါင်ယံမှိုင်း ငါ တောင်းပန်ပါတယ်
ငါ့ကို အလွတ်ပေးပါ.... မင်းဘက်က
တစ်ခဏတာပဲ ဖြစ်ဖြစ် တစ်ဘဝစာပဲ
ဖြစ်ဖြစ် ငါ့ကို အလွတ်ပေးပါ ငါ တောင်းဆိုပါတယ်.. .
ငါ့က မိဘက မွေးမွေးချင်း  စွန့်ပစ်ခံခဲ့ရတဲ့
ကလေးပါ.. .ပန်းမြိုင်ဂေဟာက မိစွာဆိုတဲ့
ခွေးမကြီးသာ ငါ့ကို မကယ်ရင် အခုချိန်မှာ
ငါ့က  သေနေရ​လောက်ပြီ....
မိစွာရဲ့ ကျေးဇူးနဲ့ ပန်းမြိုင်ဂေဟာက မာသာ
ရဲ့ ကျေးဇူးတွေ ငါ့ အပေါ်မှာ အများကြီးရှိတယ်
သူတို့ကြောင့်သာ ငါ့က အခုလို လူတစ်လုံး
သူတစ်လုံး ဖြစ်လာခဲ့တာ.....အခု KL
ဆိုတဲ့ ဒီ တက္ကသိုလ်ကိုတောင် ငါ့က
scholarship နဲ့ လာတက်ရတဲ့အဖြစ်
မင်းတို့လို ငွေနဲ့ တက်နေရတဲ့ ဘဝမဟုတ်ဘူး..
scholarship ဆုသိမ်းခံရရင် ငါ့ ဘဝက
ပျက်ပြီ.... ငါ့မှာ မာသာ နဲ့ ပန်းမြိုင်ဂေဟာ
ကို စောင့်ရှောက်ရအုံးမယ် ငါ့ ဘဝမှာ
အရေးကြီးဆုံးက မာသာနဲ့ ပန်းမြိုင်ဂေဟာပဲ
ထောင့်ငါးရာ အချစ်ကို ငါ စိတ်မဝင်စားဘူး
ထောင့်ငါးရာ အချစ်ထက် အရေးကြီးတာတွေ
ငါ လုပ်ရအုံးမယ်.... တကယ်လို့သာ
ငါ့ကို မင်း အတင်းပတ်သက်နေမယ်ဆိုရင်
ငါရဲ့ scholarshipဆုက​အော်​တိုပျက်စီးမှာ
သေချာပေါက်ပဲ....ဒါဆို ငါ့ ဘဝက
သေသူနဲ့ မခြားမနားပဲ မင်း ငါ့ကို တအားမုန်း
တယ် ငါ့ ဘဝကို ရှင်လျက်နဲ့ သေစေချင်ရင်
မင်း ထပ်လုပ်လိုက်ပါ....ငါ သေသူအဖြစ်
ခံယူလိုက်ပါ့မယ် မင်းနဲ့ ပတ်သက်ရတာ
ဝဋ်​ကြွေး တစ်ခုလို့ ငါ သဘောထားပြီး
ပေးဆပ်သွားပါ့မယ် "

လေပြည်​အေးနဲ့ ပြောနေသော ဒေါ်ဖြူဖြူ ပုံစံက
သူ့ကို သိပ်နာကျင်စေသည်။  ဘာတဲ့
သူ့က ဒေါ်ဖြူဖြူ အတွက် ဝဋ်​ကြွေးတဲ့။

ကောင်းပြီလေ အဲ့ဒီလောက်ထိ ဒေါ်ဖြူဖြူ က
သူရဲ့ သဘောထားတွေကို ပြသနေမှတော့
သူ့ကလည်း ပြတ်ပေးနိုင်ရမှာပေါ့။

ကိုယ့်ကို အခုလိုသဘောထားတဲ့ မိန်းမမျိုးကို
သူ့ဘက်ကလည်း ဆက်ဖက်တွယ်စရာမရှိ။

သူ့ကို လိုချင်တဲ့ မိန်းမတွေမှ အများကြီးပါ။
ဒီတော့ ဒေါ်ဖြူဖြူ နဲ့ မပတ်သက်ရလည်း
ဘာဖြစ်လဲ။  သူ့အတွက် မိန်းမ မရှားဘူး။

" အိုကေလေ ခင်ဗျားဘက်က ကျုပ်ကို
ဒီလောက်တောင် ခါးခါးသီးသီးဖြစ်နေမှတော့
ကျုပ်ကလည်း အတင်းတွယ်ကပ်နေမှာမဟုတ်ဘူး....
ကျုပ် အတွက် မိန်းမ မရှားဘူး ဒေါ်လွန်ကြိုးဖြူဖြူ
တစ်ခုပဲ ကျုပ်ရှေ့လာပြီး ကျုပ်နဲ့ မဆုံမိစေနဲ့
အဲ့ဒီအခါ ကျုပ်ဘာလုပ်မိမလဲဆိုတာ မပြောတတ်ဘူး
ဪဒါနဲ့ ...အနာကို ရေမစိုစေနဲ့ ဂရုစိုက် "

သူ့ လက်က သွေးတွေထွက်နေတဲ့ အနာကို
ခေါင်ယံမှိုင်း တစ်ချက်ကလေးမှ ဂရုမစိုက်ဘဲ
လွန်ကြိုးဖြူဖြူ ခြေထောက်အနာကို
ဂရုစိုက်ဖို့ ပြောကာ ထွက်သွားခဲ့သည်။

ခေါင် ရယ်တော့ရယ်ရသား ကိုယ့်ကို
မပတ်သက်ချင်တဲ့ မိန်းမ တစ်ယောက်ကို
သူ့က အဆုံးထိ စိတ်ပူပေးနေခဲ့တာလေ။

ဒါ့ကို ခြားနား နဲ့ သွေးသစ်တို့သာ သိရင် သူ့ကို
လှောင်လိုက်မယ့် ဖြစ်ချင်း။

***************************

" နင် လွန်ကြိုးဖြူဖြူဆီ သွားသေးလား
ချစ်သည်း...??  "

" ဟင့်အင်း ငါ့က ဘာလို့ သွားရမှာလဲ
​ခေါင်​ယံ..? သူ့ကို သိတောင် မသိတာ....
နောက်ပြီး နင် သိပါတယ် နင်နဲ့ လက်ရှိတွဲနေတဲ့
စနိုးကိုတောင် ငါ့က ဘာလုပ်လို့လဲ...
သုံးလပြည့်တဲ့အထိ ငါ့က လွှတ်ထား​ပေးတတ်တာ
ဒါ့ကို နင် သိပါတယ် ခေါင်ယံ....
သုံးလပြည့်တာတောင် နင့်ကို ဆက်တွယ်နေမှသာ
ငါ့က လုပ်တာ မဟုတ်လား...??
နင့်ကလည်း အခုထက်ထိ ဘယ်သူ့ကိုမှ
သုံးလပြည့်အောင် မတွဲခဲ့ဘူး​လေ
နှစ်လပြည့်ရင်တောင် ကံကောင်း "

ချစ်သည်း ပြောတာမှန်နေတော့ ခေါင်
သက်ပြင်းချလိုက်သည်။  ဒေါ်ဖြူဖြူ ဆီ ချစ်သည်း
က မသွားဘူးဆိုတော့ ဒေါ်ဖြူဖြူ ခြေထောက်
က ဒီတိုင်း မတော်တဆလား ဒါမှမဟုတ်
တစ်ယောက်ယောက်ကြောင့်လား။

" နင် မသွားရင်လည်း ပြီးတာပဲ ချစ်သည်း..
ဘယ့်နှယ် အဲ့ဒီမိန်းမကများ ငါ့ကို
မပတ်သက်ချင်ဘူးတဲ့.... သူ့အတွက်
ငါ့က ဝဋ်​ကြွေးတဲ့ ရယ်တော့ရယ်ရသား "

" သူ့က နင့်ကို အဲ့ဒီလိုပြောတာလား..??
ငါ့ အထင်​တော့ နင့်ဆီက စိတ်ဝင်စားမှုရအောင်
သူ့က တမင်သက်သက်လုပ်တာနေမှာ "

အပြင်ဘက်မှာသာ ကန့်လန့်တွေ ပြောနေပေမဲ့
ချစ်သည်းမာန် စိတ်ထဲမှာတော့ လွန်ကြိုးဖြူဖြူ က
သူမ စကားကို နားထောင်တဲ့ အတွက်
ပီတိဖြစ်နေ၏ ။  လွန်ကြိုးဖြူဖြူ နဲ့ သူမ
စတွေ့တွေ့ချင်းကတည်းက လွန်ကြိုးဖြူဖြူ
လှတာကို မြင်ပြီး ခေါင်ယံမှိုင်း ကြိုက်
သွားမှာ အရမ်းစိုးရိမ်နေခဲ့သည်။ 
ဒါ့ကို သူမသာ  သိသည်။

" သူ့ဘာသာ ဘာပဲလုပ်လုပ် ငါ စိတ်မဝင်စား
ဘူး ချစ်သည်း... ငါ့ အတွက် မိန်းမ မရှားဘူး "

" ဒါပေါ့ ခေါင်ယံ... နင့် အတွက် မိန်းမ မရှားဘူး
နင် ဘယ်လောက်ရှူပ်ရှူပ် ငါ့က အချိန်တန်
နင့်ကို အပြစ်မမြင်ဘဲ လက်ထပ်ပေးမှာ.. "

" တော်စမ်းပါ...!! နင်လည်း ငါ့လို ရှူပ်နေတာ
ငါ မသိဘူးများ ထင်နေတာလား ချစ်သည်းမ "

" ဘာလဲ နင့်က ငါ့ကို သဝန်တိုတာလား
ခေါင်ယံ...?? "

" အဟက်​....."

ချစ်သည်း ခေါင်ယံ သဝန်တိုတာကို မြင်ချင်လို့
စမ်းလိုက်ရာ ပါးစောင်ကို လျှာနဲ့ ထိုးပြီး
ရယ်လိုက်သော ခေါင်ယံ ပုံစံက ခပ်မိုက်မိုက်။
တစိတ်ရှိ ဒီလူသားက ချစ်သည်းကို
ကြွေအောင် နေ့တိုင်း လုပ်နေတာပဲ။
ချစ်သည်းမှာသာ သူရဲ့ ဒီလိုအမူအရာလေးတွေကို
ခိုးပြီးချစ်နေရတာ။

" တော်ရုံပဲ လုပ်ပါ ချစ်သည်းမရာ...
နင့်ကို မိန်းကလေးလို့ကို ငါ မမြင်ဘူး
ငယ်ငယ်ကလို နှပ်ချေးတွဲလောင်းလေးပဲ
မြင်တယ် "

" ဘာ...!!  ခေါင်ယံ နင်နော်..!! "

" ဟေ့ဟေ့... ချစ်သည်းမ ငါ့လာမရိုက်နဲ့​နော်​
နင့် နှပ်ချေးတွေ ငါ့ အပေါ် ပေကုန်လိမ့်မယ် "

" ရိုက်မှာပဲကွာ....ကဲဟာ ခေါင်ယံစုတ် "

တစ်ယောက် နဲ့ တစ်ယောက် မထိခလုတ်
ထိခလုတ်စနေတာ​လေးက ချစ်စရာကောင်းတဲ့
စုံတွဲလေးလိုပေ။

ဒါ့ကို တက္ကသိုလ်က လူတွေ ပြုံးပြုံးကြီး
ကြည့်ပြီး ဓာတ်ပုံရိုက်လိုက်ကာ ကျောင်းGP ထဲ
ပို့စ်တင်လိုက်သည်။ ပို့စ်တင်လိုက်ရာ
ခေါင်ယံ ဖန်တွေနဲ့ ချစ်သည်းမာန်​ဖန်တွေကလည်း
​ကောမန့်​တွေ မန့်​ကာ ပုံတွေကိုပါ
အလုအယက်ပြန့်ရှဲလ်ကြသည်။

တစ်​ဖက်​မှာလည်း ဖုန်းဖွင့်ကာ စာစီစာကုံး
အကြောင်းအရာ ရှာနေရင်း  ကျောင်း GP ထဲမှ
တက်လာသော ခေါင်ယံမှိုင်း နဲ့ ချစ်သည်းမာန် ရဲ့
ပုံတွေကို လွန်ကြိုးဖြူဖြူ တစ်ချက်ကြည့်ပြီး
ကျော်သွားတော့သည်။

*********************

ဆယ်ရက်ရှိသွားပြီ။  ခေါင်ယံမှိုင်း ဖြူဖြူ
ရှေ့ ရောက်မလာတာ။ ဒီအတွက် ဖြူဖြူ
အရမ်းကို အေးချမ်းနေသည်။

မနေ့က physics မေဂျာရဲ့ Welcome ကို
လည်း ဖြူဖြူ မသွားခဲ့။ ဒီနေ့တော့ သွားရမည်။

ဒီနေ့က ဖြူဖြူ စာစီစာကုံး ပြိုင်ရမည့်နေ့လေ။
ထက်ထက် ရယ်၊  အတန်းထဲက မှန်ကြောင်
ကောင်လေး မင်းသက်ပိုင်တို့နဲ့ အတူ
ဖြူဖြူ စာစီစာကုံးပြိုင်ရမည်။  တခြား
တက္ကသိုလ်က ကျောင်းသားတွေလည်း
အပါအဝင်ပေ။

စိတ်တွေ လှုပ်ရှားပြီး ရင်​တွေ အရမ်းခုန်နေမိသည်။
ဒီ ပြိုင်ပွဲမှာသာ ဖြူဖြူ နိုင်ကြည့် ပါချုပ်ကြီးက
ဖြူဖြူ တော်ကြောင်းကို အသိအမှတ်ပြုပြီး
scholarship ဆုကို နှစ်စဉ်ပေးတော့မှာလေ။

ဒီတော့ ဖြူဖြူရဲ့ ဘဝကို စာစီစာကုံးပြိုင်ကွဲက
အကဲဖြတ်​ပေးမှာလေ။

***********************

"  ကလေးတို့ရေ ဝမ်းသာစရာ သတင်းပါတယ်...
တီချယ်တို့ ဟိုတစ်ပတ်က ရိုးရိုးကျင့်
မြင့်မြင့်ကြံဆိုတဲ့ စာစီစာကုံးနဲ့ ဒီအခန်းထဲက
ကလေး တစ်ယောက်က ဆုရသွားပါတယ်... ."

ဖြူဖြူတို့ စာစီစာကုံးပြိုင်ပြီး သုံးရက်အကြာ
AOM ဆရာမက အတန်းချိန်ဝင်ရင်းနဲ့
result ထွက်ကြောင်းပြောလာတော့
စိတ်တွေက လှုပ်ရှားသွားရသည်။

မှန်ကြောင်ကောင်လေး မင်းသက်ပိုင်ကလည်း
ဖြူဖြူလို စိတ်လှုပ်ရှားပြီး ဆရာမကို
စိတ်ဝင်တစားမော့ကြည့်နေတယ်လေ။
ထက်ထက်ကတော့ အစကတည်းက သူ
မဖြေနိုင်ဘူးဆိုတာ သိနေတဲ့အတွက်
ဆရာမ ကို သိပ်ဂရုမစိုက်။

" ပြိုင်တဲ့ သုံးယောက်ထဲ ဘယ်သူလို့ ထင်လဲ... ??
မင်းသက်ပိုင်၊  လွန်ကြိုးဖြူဖြူ၊  ထက်ထက်လင်း "

သုံးယောက်စလုံး နာမည်ခေါ်ပြီး AOM ဆရာမ
က မေးလိုက်တော့ အကုန်လုံးမှာ တစ်ယောက်နဲ့
တစ်ယောက် ပြန်ကြည့်ပြီး ပြုံးစိစိဖြစ်သွားကြသည်။

သို့သော် ထက်ထက်လင်း ကတော့ ချောင်း
တစ်ချက်ဟန့်ရင်း......

" အဟမ်း...အဟမ်း သမီး သိတယ် တီချယ်
သမီး ဖြေရမှာလား.....?? "

" ဖြေကြည့်လေ သမီး..   သမီးတို့ သုံးယောက်ထဲ
ဘယ်သူလို့ ထင်လဲ...??  "

AOM ဆရာမရဲ့ စကားကြောင့် ထက်ထက်လင်း
မျက်လုံးတွေက လင်းလက်သွားခဲ့ကာ.  

" အဲ့ဒါ သမီးလေ တီချယ်....သမီးက အရမ်းတော်
တာ ဒီ​တော့ ဆုရတာ သမီးပဲ သေချာပေါက် ဖြစ်မှာ "

" ယုံကြည်တယ်ပေါ့ သမီး ထက်ထက်လင်း..?? "

ဆရာမရဲ့ တဖန်မေးခွန်းကို ထက်ထက်လင်း
ရယ်ကြဲကြဲလုပ်ကာ....

" ဟဲဟဲ စတာ တီချယ်...သမီး အဲ့ဒီလောက်ထိ
မတော်ဘူး  တကယ်တမ်း ဆုရတာက
ဖြူဖြူ မလား ဖြူဖြူ ရမယ်လို့ သမီး
ယုံကြည်တယ်...ဖြူဖြူက အရမ်းတော်တာ "

" ဟဲ့ ထက်ထက် မသေချာသေးဘဲ
လျှောက်မပြောနဲ့အုံး...တော်ကြာ ငါ မရရင်
ဘယ်လိုလုပ်မလဲ...?? "

ကိုယ့်ကိုယ်ကို နှိမ်ချတတ်တဲ့ လွန်ကြိုးဖြူဖြူ က
ထက်ထက်လင်း ပြောတာကို ဝင်တားရာ
ဆရာမက ပြုံးကြည့်နေခဲ့သည်။

ဆရာမ ပြုံးတာကို အထာပေါက်တဲ့ ထက်ထက်လင်း
မှာ.... .

" ဟုတ်တယ်မလား တီချယ် အနိုင်ရတာက
သမီး သူငယ်ချင်း ဖြူဖြူ မလား...??
ဟုတ်တယ်မလား တီချယ်. .??"

" ဟဲ့ တီချယ်ကို ဇွတ်အတင်းတွေ မမေးနဲ့
ထက်ထက်.... ငါ မဟုတ်ရင် ဘယ်လိုလုပ်မလဲ..?? "

" ဟုတ်ပါတယ် သမီးဖြူဖြူ က ဆုရသွားတာ
ပထမဆု.... တီချယ်ဆို သမီး စာစီစာကုံးကို
အရမ်းကြိုက်တာပဲ "

AOM ဆရာမရဲ့ ထောက်ခံလာမှုကြောင့်
လွန်ကြိုးဖြူဖြူ မျက်နှာလေးက အံ့ဩခြင်းတွေနဲ့
ပြုံးယောင်သမ်းသွားခဲ့သည်။

အခန်းထဲက လူတွေမှာလည်း လွန်ကြိုးဖြူဖြူကို
ကြည့်ကာ အထင်ကြီးချင်းတွေနဲ့။

" မင်္ဂလာပါ ပါချုပ်ကြီး "

ပါချုပ်ကြီးလည်း ရောက်လာရော ဆရာမ အပါအဝင်
အကုန်လုံးက ပါချုပ်ကြီးကို ထပြီး နှုတ်ဆက်ကြသည်။

ပါချုပ်ကြီးက အကုန်လုံးကို ထိုင်ထိုင်ဆိုပြီး
လက်ပြလိုက်မှ ထိုင်သွားကြသည်။

" သမီး လွန်ကြိုးဖြူဖြူ.... သမီးက ပါချုပ်ကြီးတို့
တက္ကသိုလ်ကို ဂုဏ်ဆောင်ပေးနိုင်ခဲ့တယ်...
ဂုဏ်တောင် ရိုးရိုးဂုဏ်မဟုတ်ဘူး ပထမဆု
ကို ယူပေးခဲ့တာ.. .အဲ့တာ ပါချုပ်ကြီးတို့ 
ဘက်ကနေ သမီးကို ကျောင်းရဲ့ the whole king
queen ရွေးပွဲမှာ ထိုက်ထိုက်တန်တန်
ဆုချီးမြှင့်ပေးသွားမယ်....ဒါ့အပြင်  သမီးနိုင်ခဲ့တဲ့
အတွက်လည်း မနက်ဖြန် ဆုသွားယူရအုံးမယ်
အဲ့ဒီဆုကို ယူပြီးရင် ခရိုင်အထိ သမီးက
တက်ပြိုင်ရအုံးမယ်....အဲ့ဒါပါ နိုင်ရင်
ပါချုပ်ကြီးက သမီးကို ဆုတွေ ထပ်ပေးအုံးမှာ....
သမီး ရဲ့ scholarship ဆုကိုလည်း
ပါချုပ်ကြီးက ရာသက်ပန်အဖြစ် သတ်မှတ်ပေးလိုက်
ပြီ....ပညာရေးအတွက် တစ်ခုခုလိုအပ်တာ
ရှိရင် သမီးကို ပါချုပ်ကြီးက အကုန်​ကူညီပေးသွားမယ် "

ဖြူဖြူ အရမ်းလည်း ပျော်သလို ပါချုပ်ကြီးကို
ကြည့်ပြီးလည်း ဂုဏ်ယူမဆုံး ဖြစ်ရသည်။

ဆရာမကလည်း ဖြူဖြူ ကို ကြည့်ပြီး
ကြိုးစားထားဆိုတဲ့ အကြည့်နဲ့။

ပါချုပ်ကြီးနဲ့ ဆရာမက ဖြူဖြူ အတွက် ဂုဏ်ပြု
လက်ခုပ်သံလေး ကြားချင်တယ်ပြောလာတော့
အခန်းထဲက လူ​တွေ တီးလာတဲ့ လက်ခုပ်သံတွေ
က  ခြိမ်းခြိမ်းညံ။

တကယ်တမ်း ဖြူဖြူ စာစီစာကုံးကို ပုံပြင်လေး
တစ်ပုဒ်ကို ပြောင်းလဲခဲ့သည်။

ရိုးရိုးကျင့် မြင့်မြင့်ကြံဆိုတဲ့ အတိုင်း
ပုံပြင်လေးက ဖိုးသူတော် တစ်ယောက်နဲ့
အစပြုတယ်လေ။

ဖိုးသူတော်လေးက ဆွမ်းခံပြီးတော့ ကျောင်းကို
အပြန် စိုက်ခင်းတစ်ခုကို အဖြတ် ပြောင်းဖူး
တစ်ဖူးကို တွေ့၍  ဝင်​ချိုးခဲ့လိုက်တယ်။

အဲ့တာ သူ ချိုးတဲ့ ပြောင်းဖူးက အစေ့
မအောင်တော့ ပြောင်းဖူးပင်ကို
ဆဲလိုက်သည်။

အဲ့ဒီအခါ ပြောင်းဖူးပင်က အစေ့မအောင်တာ
သူကြောင့် မဟုတ်ပါ။ မြေဆီလွှာ
မကောင်းလို့ဆိုပြီး  ပြန်ဖြေတယ်လေ။

အဲ့ဒီအခါ ဖိုးသူတော်က ဒါလည်းဟုတ်တာပဲ
ဆိုပြီး မြေဆီလွှာကို ထပ်ဆဲပြန်တယ်။

အဲ့ဒီအခါ မြေဆီလွှာကလည်း သူကြောင့် မဟုတ်ပါ။
ရေကောင်းကောင်းမရလို့ အခုလို
ဖြစ်ရတယ်ဆိုပြီး ပြန်ဖြေတယ်လေ။

အဲ့ဒီအခါ ဖိုးသူတော် က ဒါလည်းဟုတ်တာပဲဆိုပြီး
ဘေးနားက စီးဆင်းနေတဲ့ ချောင်းသေးသေးလေးကို
ပါ ဆဲပြန်သည်။

ချောင်းသေးသေးလေးကလည်း သူကြောင့်
မဟုတ်ပါ။ မိုးက မရွာလို့ ဆိုပြီး ပြန်ဖြေတယ်လေ။

ဒီလိုနဲ့ ဖိုးသူတော်က မိုးကို ဆဲပြန်သည်။
အဲ့ဒီအခါ မိုးကလည်း သင်တောင် ဖိုးသူတော်
တစ်ယောက် ဖြစ်ပြီး သူများ စိုက်ခင်းထဲက
ပြောင်းဖူးကို ခိုးချိုးတာ ကျွန်ုပ်
မိုးမရွာတာ ဆန်းသလားဆိုပြီး ပြန်ဖြေတယ်လေ။

ထိုအခါ ဖိုးသူတော်မှာ ရှက်ပြီး စိုက်ခင်းထဲကနေ
အမြန်ပြေးထွက်လာခဲ့သည်။

လောကကြီးက ကိုယ့်ကိုယ်တိုင်က အပြစ်မကင်း
ကြဘဲ တခြားသူတွေကို အပြစ်ဆိုချင်တယ်လေ။

ဥပမာ ကိုယ့် မျက်ချေးကျတော့ မမြင်ဘူး ။
သူများ မျက်ချေးကျတော့ တအားကို မြင်ကြတာ။

ဒီတော့ တစ်ဖက်သားကို အပြစ်ပြောချင်ရင်
ကိုယ့်ကိုယ်တိုင်ကရော ဘယ်လောက်ကောင်း
နေပြီလဲ။ ရိုးရိုးကျင့် မြင့်မြင့်ကြံဆိုတဲ့ အတိုင်း
သူများကို အပြစ်မပြောခင် ကိုယ့် မျက်ချေး
ကို အရင်ကြည့်တတ်ရတယ်။

ဒါ ဖြူဖြူ ဖတ်ဖူးတဲ့ ပုံပြင်လေးကို ဖြူဖြူ
ဘာသာ စာစီစာကုံးလုပ်ပြီး ရေးလိုက်ခြင်းပေ။

ဖြူဖြူ စာစီစာကုံးအတွက် နေ့မအားညမအား
ကြိုးစားတာ သိပ်ကို အကျိုးရှိသွားပြီလေ။

အခု ဖြူဖြူ လိုချင်တဲ့ scholarship ဆုက
တည်မြဲသွားတဲ့အပြင် ပါချုပ်ကြီးရဲ့ အမြင်
ကြည်မှုကိုပါ ဖြူဖြူက ရရှိသွားခဲ့ပြီလေ။

ဒီတော့ ဖြူဖြူ အတွက် ဘာမှ မလိုတော့။
ဖြူဖြူ အိပ်မက်တွေ အကောင်အထည်ဖော်
ဖို့က ကျောင်းပြီးဖို့ပဲ ကျန်တော့သည်။

ကျောင်းပြီးတာနဲ့ မာသာနဲ့ ပန်းမြိုင်ဂေဟာကို
ဖြူဖြူ တဖန်ပြန်စောင့်ရှောက်ပေးမည်။

**************************

ကျောင်းဆင်းတော့ အိမ်အပြန် ဖြူဖြူ
စက်ဘီးရှေ့ ပိတ်ရပ်လိုက်သော ကားကြောင့်
အရှိန်လျှော့ပြီး စက်ဘီးကို ရပ်ပစ်လိုက်ရသည်။

" ဘယ်သွားမလို့လဲ ကလေး...??
အိမ်ပြန်မလို့လား....??  ဦး လိုက်ပို့ပေးမယ်လေ "

ကားပေါ်က ဆင်းလာရင်း ဖြူဖြူ စက်ဘီးကို
ကိုင်ကာ ဆိုလိုက်တဲ့ လူ။
ဒီလူက ဟိုတစ်ခါက ဖြူဖြူ ကို နှာဘူးအကြည့်နဲ့
ကြည့်ခဲ့သော ဦးနိုင်စေမာန် ဆိုသောလူ။

" ဘာတွေ တွေးနေတာလဲ ကလေး.. .??
ဦး ကို မှတ်မိတယ်မလား....? "

ဥာဏ်က ကောင်းတော့ နာမည်တွေကအစ
ဖြူဖြူ မှတ်မိနေသည်။  ဒါ့က သိပ်ကို
ဆိုးရွားတာပဲ  ။ မမှတ်မိဘူးလို့ ဖြူဖြူ
ပြောရင် ငါးပါးသီလကို ကျူးလွန်လိမ့်မည်။

" ဟုတ် မှတ်မိပါတယ် ဦးနိုင်စေမာန်.. ."

" ဟာ.. ဘယ်နှယ့် ဦးနိုင်စေမာန် ရမှာလဲ
ဦး သို့မဟုတ် ဦးစေ လို့ ခေါ်လေ ကလေးက..
နို့မို့ဆို ဦးနာမည်ခေါ်လို့ ကလေးမောနေမှာပေါ့ "

ပြောကာဆိုကာ သူ့ လက်က ဖြူဖြူ လက်ကို
ထိလာ၍  လက်ကို နောက်အမြန်ပို့ပစ်လိုက်ရသည်။

" ကလေး အိမ်က ဘယ်အိမ်လဲ ဦး လိုက်ပို့ပေးမယ်
လေ... ."

" ရပါတယ် ဦးနိုင်စေမာန်... ဖြူဖြူ ကိုယ့်
ဘာသာ ပြန်ပါ့မယ် "

" ဟာ မငြင်းပါနဲ့ ကလေးကလည်း
တစ်ခါတွေ့ရင် မတော်တဆ ...နှစ်ခါ တွေ့ရင်
ရေစက်လေ ...ရေစက်ရှိလို့ ဦးနဲ့ ကလေးက
လာတွေ့ကြတာ  ဦး လိုက်ပို့တာကို
မငြင်းပါနဲ့နော် "

အတင်းတွေ ပြောနေတော့ ဖြူဖြူ ဘာလုပ်ရမှန်းမသိ။
သေသာသေချင်သည်။  မငြင်းပြန်ရင်လည်း
ကားပေါ်မှာ ဒီလူကြီး ဖြူဖြူ ကို တစ်ခုခု
လုပ်လောက်သည်။ တစ်ယောက်ယောက်
ဖြူဖြူ ကို ကယ်ကြပါ။ ဖြူဖြူ လုပ်ခဲ့တဲ့
ကောင်းမှုတွေ ထောက်ထားပြီး
တစ်ယောက်ယောက် ကယ်ကြပါ။

" ရပါတယ် ဦးနိုင်စေမာန်.... ဖြူဖြူ
စက်ဘီးနဲ့ပဲ ပြန်လိုက်ပါ့မယ် ..."

" ဟာ.....စက်ဘီးက နင်းရတော့ ကလေး
အသားတွေ နာနေမှာပေါ့ မဖြစ်ပါဘူး
ဦးပဲ လိုက်ပို့ပေးပါ့မယ် "

" ဒီလောက်ကတော့ ဖြူဖြူ အတွက် ခံနိုင်ရည်
ရှိပါတယ် ဦးနိုင်စေမာန်. ...တော်ကြာ
ဦးနိုင်စေမာန် လိုက်ပို့ရင် မသင့်တော်လို့ပါ
ဖြူဖြူ က မိဘမဲ့ဂေဟာမှာ နေတဲ့သူဆိုတော့ "

ကြံရာမရတဲ့အဆုံး မိဘမဲ့ဂေဟာကို ဖြူဖြူ
အသုံးချလိုက်သည်။ ထိုအခါ စူးစိုက်
ကြည့်လာသော ဦးနိုင်စေမာန် မျက်ဝန်းတွေက
အံ့ဩဖွယ်ရာ အပြည့်နဲ့ပေ။

" ဟင်​.. က​လေး...ကလေးက မိဘမဲ့ဂေဟာကလား
အတော် ယုတ်မာတာပဲ ကလေးမိဘတွေက..!!
ကလေးလို ဒီလောက်လှပတဲ့ သမီးလေးကို
ဘာလို့ စွန့်ပစ်ရတာတုန်း.... ဦးဆို ကလေးကို
လွှင့်ပစ်ဖို့ အတွေး မပြောနဲ့ အဲ့ဒီလိုအတွေး
ဝင်ခဲ့ရင်တောင် ကိုယ့် မျက်နှာကိုယ်
လှီးထုတ်ပစ်မှာ....ဒါ့အပြင်​
ကလေးကိုလည်း ဦးက ရွှေလိုကို ဥထားမှာ
ဦး အချစ်တွေနဲ့ "

ပေါ်တင် အချစ်တွေ သုံးလာတော့ ဖြူဖြူ
စိတ်ကျဉ်းကျပ်​ရသည်။ တကယ်ပါ ဦးနိုင်စေမာန်
က တကယ့်ကို နှာဘူးပဲ။  ဒီလို နှာဘူးတွေဆို
ဖြူဖြူ ဝေးဝေးရှောင်ရမည်။

" ဘာမှ အားမငယ်နဲ့နော်.. ကလေးအနားမှာ
ဦး ရှိတယ်.. .တစ်ခုခုလိုချင်ရင် ဦးကို
ပြော ဦး အကုန်​ဖြည့်ဆည်းပေးမယ် "

လူကို စုန်ချည်ဆန်ချည်ကြည့်ပြီး ပြောနေတာက
ဝါးစားတော့မယ့် အလား။ ဖြူဖြူ ကြောက်သည်
ထိုအကြည့်ကို။

" အခု ကလေးကို ဦး လိုက်ပို့ပေးမယ်
ကလေး ဘာမှ ကြောက်မနေနဲ့....
မိဘမဲ့ဂေဟာက အကြီးအကဲ​တွေ ပြောလာရင်
ဦးကိုယ်တိုင် ပြောပေးမယ် "

ပြောကာဆိုကာ ဖြူဖြူ စက်ဘီးကို မပြီး
သယ်ဖို့ပြင်နေ၍   ဖြူဖြူ တစ်ကိုယ်လုံး
ကြက်သီးထသွားရသည်။

တစ်ယောက်ယောက် လာကယ်ပါအုံး။
ဖြူဖြူ အရမ်းကြောက်နေပြီ။ ပါးစပ်ကလည်း
အာစေးမိပြီး ဘာပြောလို့ ပြောရမှန်းမသိတော့။
အခု ဖြူဖြူ ကြောက်နေတာပဲ သိသည်။

Part  13 မျှော်................................
( လာပါအုံး ဖြူဖြူ ကို လာကယ်ကြပါအုံး
တစ်ယောက်ယောက်... လာကယ်ကြပါအုံး....
ဦးနိုင်စေမာန် က နှာဘူးပဲ  ကိုယ့် သမီးတောင်
မရှောင်ဘူး... ဘူးချက်က လက်လန်တယ် 😞😞😞)

တိုတယ်​ပြောရင်​ဦးနိုင်​စေမာန်​ကြီးနဲ့ ညားပါ​စေ 😆😆
🤣🤣🤣🤣အဲ့ဒါ လေယူရာယိမ်း ယုတ်မာ
တာပါ 🤣🤣🤣🤣

မနက်​ဖြန်​စ​နေ၊ တနင်္ဂ​နွေ​နော်​ဒါဒါ​လေး​တွေ
မင်​မင်​နားရက်​မို့လို့ စာမတင်​ပါဘူးရှင့်​
ဒီ​နေ့​တောင်​စာ​ရေးရင်းနဲ့​ခေါင်း​တွေက
ထိုးကိုက်​နေတာ...ကြည့်​ရတာ
ဖုန်းသုံးရတာများလို့ အာရုံ​ကြောက ဖြစ်​တာ
ထင်​တယ်​

ချစ်​တယ်​နော်​မင်​မင်​ရဲ့ ဒါဒါ​လေး​တွေ.......😍😍😘😘
ဒီအပိုင်းလေးနဲ့ ပတ်သက်ပြီး ဒါဒါလေးတွေရဲ့ မန့်ကို
မင်မင်လေယူရာယိမ်း စောင့်မျှော်လျက်.. ......😍😍😘😘

#​လေယူရာယိမ်း

Continue Reading

You'll Also Like

1.1M 32.6K 61
ဘုရားက ငါ့ကိုကောင်းချီးတစ်ခုပေးတယ်.. နေရဲ့စက်ကွင်းထဲမှာ နေကြာတွေ အဆုံးမဲ့ပွင့်စေ..တဲ့... ငါ့လက်တစ်ဖက်က သွေးစွန်းနေရင်တောင် ကျန်လက်တစ်ဖက်ထဲမှာ...
222K 13.5K 49
ဗီလိန္တစ္ေယာက္၏ဖြင့္ဟဝန္ခံခ်က္ by byun baekkie coverလက္ေဆာင္အတြက္ေက်းဇူးတင္ပါတယ္ညီမေလးSuSu602 #chanbaek #normal @Matainyu
323K 8.2K 78
"ပူတင်းလေးကဘာလဲ" "ကိုကို့အပိုင်" "ကိုကိုတို့ကရောဘာလဲ " "မောင်နှမ" "ဟာ..."
211K 24.3K 33
ရိုးရိုးအချစ်ဇာတ်လမ်းလေးတစ်ပုဒ်ပါပဲ