Chapter 55 : စောင့်ကြည့် စစ်ဆေးခြင်း
ရှဲ့စန်းသည် ဆက်နွယ်သားရဲများ အကြောင်း ဆွေးနွေးမှုများ ပြည့်နှက်နေသည့် ပို့စ်ကို နှိပ်လိုက်သည်။ ပို့စ်တွင် screenshotsများစွာ တင်ထားခဲ့ပြီး ဆက်နွယ်သားရဲတွေကို ရူးသွပ်စွာ ချီးကျူးခဲ့ကြပြီး အားလုံး က မော်ဒယ်တစ်ယောက်ရဲ့ အရူးအမူး ပရိတ်သတ်တွေကဲ့သို့ ဖြစ်နေသည်။
[Holy shit!၊ ဒီliveက ဘယ်လိုတောင် အံ့သြစရာကောင်းတဲ့ liveလဲ။ live ရဲ့ အခန်းနံပါတ်ပေး]
reply က များလွန်းသဖြင့် စာက ပျောက်လုနီးပါးဖြစ်သွားသည်၊၊ စက္ကန့်ပိုင်းအတွင်း live ချန်နယ် ကို တင်ရန် ပို့စ်တင်သူအား တိုက်တွန်းသည့် [မြန်မြန်ပေးပါ] ဆိုတဲ့ စာက များလာသည်။ ပို့စ်တင်တဲ့သူ က မြန်မြန် ဆန်ဆန်နဲ့ လင့်ခ်ကို တင်ပေးထားသည်။
ဒါပေမယ့် မကြာခင်မှာပဲ နောက်ပိုင်း ပို့စ်တင်တဲ့သူတွေက ရှုပ်ထွေးနေတဲ့ အကြည့်နဲ့ ပြန်ဖြေလာတယ်။
[?? မင်း လာနောက်နေတာလား? ဒီချန်နယ် က liveမရှိဘူးလေ]
[ဒီပုံတွေ က အတုဖြစ်ရမယ်။ ဆက်နွယ်သားရဲတွေ က လွန်ခဲ့တဲ့ ရက်အနည်းငယ် သစ်တောအစွန်းမှာ ရှိနေကြတာလေ၊ အဆင့်မြင့် ဆက်နွယ်သားရဲတွေ က ဒီလောက် နာခံမှုရှိတာကို အံ့သြမိတယ်။ သူတို့ကို အိမ်မွေး တိရစ္ဆာန်တွေ အဖြစ် ဆက်ဆံခံနေရတာလား?]
[အဲလို မပြောပါနဲ့ ၊ သူတို့ က တော်တော်ကောင်းပါတယ်။ သူတို့ကို ရှာပါ၊ ဆက်သွယ်ဖို့ အချက်အလက်ကိုချန်ထားပေးပါလား၊ Aအဆင့် ဆက်နွယ်သားရဲတွေနဲ့ အနီးကပ် ထိတွေ့ခွင့်ရဖို့၊ စိတ်ကူးယဉ် အိပ်မက် ကို အကောင်အထည် ဖော်ဖို့ စဉ်းစားပေးကြပါ]
မေးခွန်းတွေ ဆက်တိုက် ထွက်ပေါ်လာပြီးနောက်၊
[ငါ မလိမ်ဘူး။ ဒါ ငါ့ရဲ့ screenshotတွေ ပါ၊ စိတ်တိုလိုက်တာ!!! တင်ဆက်သူ liveလွှင့်တာ အရမ်း ကောင်းလွန်းတော့ အချက်အလက် ကို လိမ်ထားတယ်လို့ မှားယွင်းယူဆပြီး ပိတ်လိုက်တယ်လေ။ တကယ့်ကို အမှိုက်လို လက်ထောက်ပဲ။ စိတ်ဆိုးလွန်းလို့ပါ!]
သူ့အဖြေနောက်တွင် ဗွီဒီယိုတစ်ခု ပြခဲ့သည်။
ရှဲ့စန်း နှိပ်ကြည့်တော့ အဲဒါက သူ့ရဲ့ live ကို မှတ်တမ်းတင်ထားတာ ဖြစ်သော်လည်း အပြည့်အစုံ မဟုတ်ပေ။ ဧရာမဆင်ကြီးတွေရဲ့ ရေဖျန်းတာကနေ စပြီး live က ရုတ်တရက် ပိတ်သွားတဲ့အထိ ဖြစ်သည်။
[အားးးးးး ဒါက ချစ်စရာကောင်းလွန်းတယ်!]
[ချစ်စရာကောင်းလိုက်တာ! ဧရာမ ခြင်္သေ့သားရဲနဲ့ ဧရာမ ဝံပုလွေသားရဲ က တကယ်ကြီး လက်ခုပ်တီးနိုင်တယ်။ ဉာဏ်ကောင်းလွန်းတယ်]
[Hahahaha! လက်ဆောင်ပေးတဲ့ သတိပေးချက်ကိုကြားပြီးနောက် သူတို့ တုံ့ပြန်ခဲ့ကြတာ ရယ်ရတယ်။ ဂရုတစိုက် နားထောင်ကြည့်ပါ၊ တင်ဆက်သူရဲ့ လန့်ပြီး လေမှုတ်ထုတ်တဲ့ အသံကိုတောင် ကြားရတယ်]
[ထပ်နားထောင်လိုက်တော့ ဟုတ်တယ်၊ရယ်ရတယ် ဟုတ်တယ် မဟုတ်လား]
ရှဲ့စန်း ကြည့်နေတဲ့ အချိန် သူ့နားထဲတွင် နူးညံ့တဲ့ ရယ်မောသံ ကို ကြားလိုက်ရသည်။ ရှဲ့စန်း အသံကို ချဲ့ကြည့်ကာ အသံကို ပြန်နားထောင်ပြီးနောက် ဖန်သားပြင်ကို လက်ညှိုးထိုးပြပြီး
"ငါက မကြောက်ပါဘူး၊ ရုတ်တရက် အသံထွက်လာတာပါပဲ!"
မိုင်နဲ က တိုးတိုးလေးရယ်သည်။ "မင်း မကြောက်ပါဘူး... မင်း သူတို့နဲ့ စကားပြောလို့ ရတာလား"
ရှဲ့စန်း က ဖုံးကွယ်မထားပေ။ “အင်း ၊ သူတို့ က ဆက်သွယ်လာမှပဲ ငါ သူတို့နဲ့ ဆက်သွယ်နိုင်တယ်၊ ဒါပေမယ့် ငါတို့ ပြောတာကို သူတို့ နားလည်နိုင်တယ်”
မိုင်နဲ က “မင်းက အရမ်း တော်တာပဲ”
ရှဲ့စန်း ပြုံးလိုက်သည်။ “အဲဒါ အရင်က တောထဲမှာ သွားရှာတဲ့ ကိစ္စနဲ့ ပတ်သက်တယ်။ အဲဒါက သူတို့အားလုံးကို သက်ရောက်မှု ခံစားရစေခဲ့တဲ့ စွမ်းအင်တစ်ခု ဖြစ်ပြီး အခု စွမ်းအင်က ငါ့ဆီမှာ ရှိနေပြီ၊ အဲဒါကြောင့် ငါ သူတို့နဲ့ ဆက်သွယ်လို့ရတယ်”
မိုင်နဲ က “မင်း ရှာဖို့ ကျန်တဲ့အရာကလည်း စွမ်းအင်တွေပဲလား” လို့ မေးလိုက်သည်။
“ဟုတ်တယ်” ရှဲ့စန်း ပြန်ဖြေလိုက်သည်။ သူက မျက်နှာပြင်ကို အောက်ကို ဆွဲပြီး ပို့စ်ကို ဆက်ဖတ်လိုက်သည်။
[အားးးးးး၊ ဒီရှိုးမှာ ဘာတွေ ဆက်ဖြစ်မလဲ သိချင်နေတယ်လို့?]
[ သိချင်နေတယ် +1. ထရီလ်ရဲ့ လက်ထောက် က ပြဿနာရှိနေတာ မဟုတ်ဘူးလား? ဒီလို liveမျိုး က အသစ် ဖြစ်နေရင်တောင် လူကြိုက်များလေ့ ရှိတယ်လေ။ liveကို ဘယ်အချိန် စမှာလဲ ဆိုတာ အရမ်း သိချင်နေပါတယ်လို့ ၊ အားးးး!]
[Liveလွှင့်တာ ကို စုပြီး ထိုင်စောင့်ကြရအောင်!]
[တင်ဆက်သူရဲ့ အထောက်အထား ကို ဘယ်သူကမှ မသိချင်ကြဘူးလား? အဆင့်မြင့် ဆက်နွယ်သားရဲတွေ ကိုတင်ဆက်နိုင်တဲ့သူ က မရိုးရှင်းလောက်ဘူး!!!]
[ဆက်နွယ်သားရဲ အချက်အလက် ဌာန က တစ်စုံတစ်ယောက် ဖြစ်နိုင်မလား။ ဒီအသံက ဥက္ကဌမုရဲ့ အသံမဟုတ်ဘူး။ ဥက္ကဌမု ကို ပယ်လိုက်ပါ]
အင်တာနက် အသုံးပြုသူတွေ က တင်ဆက်သူရဲ့ အထောက်အထား ကို စတင် ခန့်မှန်းနေကြပြီး ဖြစ်နိုင်ခြေများ ကို ဆွေးနွေးရန် ဆက်နွယ်သားရဲ အဖွဲ့အစည်းမှ လူတွေ ကို တစ်ယောက်ပြီး တစ်ယောက် ဆွဲထုတ်ခဲ့သည်။
ရှဲ့စန်း စဉ်းစားပြီး ပို့စ်ကို အမှတ်အသား လုပ်လိုက်သည်။ လူကြိုက်များမှု ကို ဆွဲဆောင်ဖို့ ထုတ်လွှင့်မှု ပြန်စတင်ချိန် သူတို့အား အသိပေးဖို့ ဒီနေရာ ကို လာရန် ဆုံးဖြတ်ခဲ့သည်။
ထရီလ်ရဲ့ ဌာနချုပ်ရုံးတွင် ဝတ်စုံ ဝတ်ထားသည့် သက်လတ်ပိုင်း အမျိုးသားတစ်ဦးကလည်း ညစာစားပြီူနောက် ဝဘ်ဆိုက်ဒ်ကို ကြည့်နေသည်။ အေးအေးဆေးဆေး အနေအထားဖြင့် ထိုင်ခုံတွင် မတ်မတ်ပြန်ထိုင်ကာ ထိပ်ဆုံး ပို့စ်ကို နှိပ်လိုက်သည်။ ခဏအကြာတွင်၊ သူ့ခန္ဓာကိုယ် က ရုတ်တရက် ရှေ့သို့ ကိုင်းသွားပြီး သူ့လက်ချောင်းတွေ က မျက်နှာပြင်ကို အမြန် ရွေ့လိုက်သည်။ ဆက်နွယ်သားရဲများ အကြောင်း သတင်းကို သူမြင်ပြီး ထရီလ်တွင် ရှိကြောင်း သိရှိခဲ့သည်။ သူရဲ့ မျက်လုံးများ က အလွန် တောက်ပတဲ့ စိတ်လှုပ်ရှားမှု အလင်းရောင် ကို ထုတ်လွှတ်လိုက်ပြီး သူ့လက် ကအနည်းငယ် တုန်ခါသွားသည်။
သူတို့ရဲ့ ကုမ္ပဏီမှာ နောက်ထပ် နာမည်ကြီး တင်ဆက်သူ တစ်ယောက် ရှိတော့မယ်။
သူက ဆက်ပြီး မကြည့်တော့ဘဲ နောက်ကွယ် စီမံခန့်ခွဲမှုကနေ တစ်ဆင့် တင်ဆက်သူ 'ဆက်နွယ်သားရဲများ' ရဲ့ အချက်အလက်ကို ချက်ချင်း စစ်ကြည့်လိုက်တယ်။ ၂၄နာရီထက် နည်းသော အချိန်အတွင်း တင်ဆက်မှုလုပ်ပြီးနောက်၊ 'ဆက်နွယ်သားရဲများ' ရဲ့ လူကြိုက်များမှု က 300,000 နီးပါးရှိနေပြီ ဖြစ်သည်။
သူ စိတ်လှုပ်ရှားနေသော်လည်း သူတစ်ချက် ကြည့်လိုက်တော့ 'ဆက်နွယ်သားရဲများ' ၏ အခြေအနေကို သူတွေ့လိုက်ရသည်- စာချုပ်ကို ရပ်စဲရန် လျှောက်ထားသည်။
ဘာတွေဖြစ်နေတာလဲ? ဝန်ဆောင်မှုက မကောင်းဘူးလို့ ထင်နေတာလား။
သူ ဆက်သွယ်ရေးကို ဖွင့်ပြီး 'ဆက်နွယ်သားရဲများ' ရဲ့ လက်ထောက်, 808 ကို တိုက်ရိုက် ဆက်သွယ်ခဲ့သည်။ တစ်ဖက်မှ နှုတ်ဆက်တဲ့ အသံ မဆုံးမီ သူ က စိတ်လှုပ်ရှားနေတဲ့ လေသံဖြင့်
"မင်းတာဝန်ယူထားတဲ့ တင်ဆက်သူ 'ဆက်နွယ်သားရဲများ' သူက ဘာကြောင့် ရပ်စဲဖို့ လျှောက်ထားရတာလဲ”
808 တုန်လှုပ်သွားပြီး သူ့အသံက တုန်လှုပ်နေသည်။
“ငါ~~ငါ မသိဘူး"
"မသိဘူး? သူ က ဘာလဲ ဆိုတာ မင်းသိလား? ဒီလို တင်ဆက်သူမျိုး က နှစ်၁၀၀တိုင်းမှာတောင် ပေါ်လာမှာ မဟုတ်ဘူး။ မဟုတ်သေးဘူး၊ နှစ်၁၀၀၀မှာတောင် မြင်ရခဲတယ်။ မင်း သူ့ကို မချော့နိုင်ဘူးလား။ မင်း ဘယ်နည်းလမ်းကို သုံးလဲဆိုတာ ငါ ဂရုမစိုက်ဘူး၊ သူ့စာချုပ် ကို မဖျက်ရဘူး!"
808 က ရှဲ့စန်းရဲ့ ပြန်လည်လျှောက်ထားရန် ငြင်းဆန်သည့် လေသံကို တွေးကာ တိုးတိုးလေး ပြောလိုက်သည်။
"မန်နေဂျာ၊ ကျွန်တော် သူ့ကို ချဉ်းကပ်ပြီး စဉ်းစားခိုင်းထားပေမယ့် သူ့သဘောထား က အရမ်း ခိုင်မာနေတယ်"
မန်နေဂျာ က သူ့လက်ကို စားပွဲပေါ် တင်လိုက်သည်။
“သူ က ရုတ်တရက်ကြီး တင်ဆက်သူ မဖြစ်ချင်တော့ဘူးလို့ ဆိုလိုတာလား? ဒါပေမယ့် သူ့ရဲ့ စုစုပေါင်း live time က ၁၀မိနစ်ပဲရှိတယ်လေ။ အပျော်လုပ်တာ ဆိုရင်တောင် မှားနေပြီ”
808 သည် ထိုသူက အဲဒီလို တွေးတောနေသဖြင့် ပို၍ပင် တုန်လှုပ်သွားသည်။ ဒီလို အရာတွေ ဘယ်လို ဖြစ်လာမည် ကို သူ မသိခဲ့ပေ။ ပို့စ်ကိုလည်း သူမြင်ထားပြီး လိမ်ညာလိုက်ရင်တောင် မကြာခင် ပေါ်သွားလိမ့်မယ်။ ဒါက ရိုးရိုးရှင်းရှင်း ပြောရရင် ပြစ်မှုတစ်ခုလိုပဲ။
"ကျွန်တော် တောင်းပန်ပါတယ်၊ ကျွန်တော့် အပြစ်ပါ!" သူစဉ်းစားလိုက်ပြီး တစ်ခုတည်းသော နည်းလမ်းက သူ့အမှားကို ရိုးရိုးသားသား ဝန်ခံဖို့ပဲ ဖြစ်သည်။
“မနေ့က သူ့အချက်အလက်တွေ က အရမ်း ကောင်းလွန်းတယ်။ သူ ဖြီးဖြန်းနေတယ်လို့ ကျွန်တော် ထင်ခဲ့ပြီး သူ့ရဲ့ liveလွှင့်မှုကို ပိတ်ခဲ့တယ်"
"ဘာ?!!! မင်းက အရူးလား? မင်း သူ့liveကို ကြည့်ဖို့ မသွားဘူးလား?" မန်နေဂျာက ကျယ်လောင်စွာ အော်ဟစ်လိုက်သည်။
808၊ “ကျွန်တော်က ယွဲ့ရီ ရဲ့ liveထဲမှာပါ။ သူက လူကြိုက်များပြီး ကျွန်တော်က သူ့ကို ကူညီပေးတယ်။ တင်ဆက်သူ တစ်ယောက်ချင်းစီ ရဲ့ အချိန်နဲ့ တစ်ပြေးညီ အချက်အလက်တွေကို ကြည့်ရှုဖို့ နောက်ကွယ် က လက်ထောက် ကို အသုံးပြုခဲ့တယ်။ သူ တက်လာပုံ က အရမ်းများပြီး အဲဒါက ပုံမှန်မဟုတ်တာနဲ့ ကျွန်တော်__"
"ပါးစပ်ပိတ်ထား!" မန်နေဂျာက လန့်သွားသည်။
“သူ ဖြီးဖြန်းနေရင်တောင် သူ လွှင့်နေတဲ့ အကြောင်းအရာ ကို မင်း သွားကြည့်သင့်တယ်။ မင်းက ကြီးမားတဲ့ ကျရှုံးမှုတစ်ခုဖြစ်အောင် တကယ်ကြီး သူ့ရဲ့ liveကို ပိတ်ထားလိုက်တယ်။ သူ စာချုပ်ကို တကယ် ဖျက်လာခဲ့ရင် မင်းလည်း ကုမ္ပဏီကနေ ထွက်သွားရမယ်!!!”
"မန်နေဂျာ" 808 က ကမန်းကတန်း ပြောလိုက်သည်။ "တောင်းပန်ပါတယ်၊ နောက်တစ်ခါ သတိထားပါ့မယ်"
" 'ဆက်နွယ်သားရဲများ' နဲ့ စကား သွားပြောပါ။ သူ့မှာ တောင်းဆိုမှုတွေ အရမ်း များနေသေးရင်တောင် အားလုံး ကို သဘောတူလိုက်ပါ။ စာချုပ်ကို ရပ်စဲလိုက်တဲ့ သတင်းကို ငါ မြင်ရရင် မင်း နုတ်ထွက်ရမယ့် သတင်းကိုလည်း ငါ တွေ့ရလိမ့်မယ်”
808 သည် ပြတ်ကျသွားတဲ့ ဆက်သွယ်မှုကို ကြည့်ကာ နောင်တတွေက သူ့အူတွေ ကို စိမ်းစေခဲ့သည်။ တင်ဆက်သူ အသစ် က အမှန်တကယ် အလွန် အစွမ်းထက်တာကို သူဘယ်လိုလုပ် သိနိုင်မှာလဲ?။ အစက သူ့ကို သတိပေးချင်တာ။ ဒါပေမယ့် သူ အလုပ်ပြုတ်မယ်လို့ မမျှော်လင့်ထားခဲ့ချေ။
ရှဲ့စန်း က ပို့စ်တွေကို ပြီးအောင်ဖတ်ပြီး လွန်းပျံယာဉ်နောက်ခန်းမှာ အိပ်ဖို့ ပြင်လိုက်သည်။ 808 ဆီက မက်ဆေ့ချ်ကို လက်ခံရရှိချိန်မှာ တစ်ရေးတစ်မော အိပ်ဖို့ အဆင်သင့် ဖြစ်နေပြီ။
[ငါတကယ် တောင်းပန်ပါတယ်၊ အားလုံးက ငါ့အမှားပါ။ ကျေးဇူးပြုပြီး ငါ့ကို ခွင့်လွှတ်မှရမယ်။ စာချုပ်ကို မဖျက်ပါနဲ့။ လိုအပ်ချက်တွေ ရှိနေရင် အဲဒါတွေ ပြောလို့ရပါတယ်။ လစာ ခွဲဝေတဲ့ အချိုးကိုလည်း ညှိနှိုင်းလို့ ရပါတယ်]
ရှဲ့စန်း စာကို ကြည့်လိုက်သည်။ [တောင်းဆိုစရာ မရှိပါဘူး။ စာချုပ်ကို ဖျက်သိမ်းဖို့ ကျွန်တော် ဆုံးဖြတ်လိုက်ပါပြီ]
သူပြန်ဖြေပြီးနောက် မက်ဆေ့ချ်ရဲ့ နှောင့်ယှက်ခံရခြင်းမှ ရှောင်ရှားနိုင်ရန် 808 ကို အမည်ပျက်စာရင်းထဲ ထည့်သွင်းခဲ့သည်။
မိုင်နဲ က သူ့ကို လက်မောင်းထဲ ထည့်ကာ ဖက်ထားသည်။ နောက်ထိုင်ခုံက သိပ်မကျယ်ပေ၊ လူနှစ်ယောက် တွဲပြီးထိုင်လိုက်တော့ အပြည့်နီးပါး ဖြစ်သွားသည်။ ရှဲ့စန်း မိုင်နဲရဲ့ လက်ကို ပုတ်လိုက်သည်။
" ငါက ရှေ့ခုံမှာ ဘာလို့ သွားပြီး ထိုင်လို့ မရတာလဲ? အဲဒါဆို မင်း သက်တောင့်သက်သာ ထိုင်လို့ ရတယ်လေ"
မိုင်နဲ က သူ့လည်ပင်း တစ်ဖက်ကို ပွတ်သပ်ပြီး ရှဲ့စန်းရဲ့ခြေဖဝါးပေါ် သူ့ခြေထောက်တင်ပြီး သူ့တစ်ကိုယ်လုံး နဲ့ ဖက်ထားတယ်။
“မလိုဘူး၊ ဒါက ကောင်းတယ်။ အိပ်ခန်းထဲက ကုတင်က အရမ်းကြီးတယ်"
ရှဲ့စန်း က ပြောစရာ စကားမရှိတော့ပေ။ အိပ်ရာက သေးတာ မဟုတ်ပေမယ့် ပုခက်နဲ့ သိပ်မကွာချေ။ မိုင်နဲ က နေ့တိုင်း သူ့ဘေးမှာ အိပ်တယ်၊ ကုတင်ရဲ့ အစိတ်အပိုင်း တော်တော်များများ က လွတ်နေတယ်။ သက်တောင့်သက်သာ ရှိတဲ့ အနေအထားကို ထိန်းညှိဖို့ ကြိုးစားတဲ့အခါ သူ့နားရွက် ဘေးရှိ မိုင်နဲရဲ့ အသက်ရှုသံ က ရုတ်တရက် မြန်လာပြီး နားကို ထိနေတဲ့ အသက်ရှူသံ က ပူလာသည်။
ရှဲ့စန်း ချက်ချင်းပင် လှုပ်ရှားမှုကို ရပ်တန့်လိုက်ပြီး အားကိုးရာမဲ့ကာ ရယ်မောလိုက်သည်။
"မင်းမှာ စွမ်းအင်တွေ အရမ်း များနေတယ်!"
မိုင်နဲ က နားရွက် ကို ညင်သာစွာ ကိုက်လိုက်သည်။ ရှဲ့စန်းရဲ့ ခန္ဓာကိုယ် က အထိန်းအကွပ်မရှိ တုန်လှုပ်သွားသည်။ နားရွက်ကို အုပ်ထားရင်း ခေါင်းက ရှေ့ကို ရွေ့သွားကာ အသက်ရှုမဝသလို ဖြစ်နေသည်။
“ရပ်လိုက်တော့။ ငါ အနားယူရမယ်၊ ငါ ဒီနေ့လည် မိဘမဲ့ ဂေဟာကို သွားရမယ်"
မိုင်နဲရဲ့ လက် က သူ့ခါးကို ဖက်ထားပြီး အနည်းငယ် သန်မာလာသည်။ သူ့ခေါင်းကို လည်ပင်းမှာ မြှုပ်ထားပြီး သူ့အလို ကို မထိန်းနိုင်တော့ဘဲ သူ့အသံက နိန့်ကျနေသည်။
“မင်း ဘာလို့ မိဘမဲ့ဂေဟာကို သွားနေတာလဲ”
ရှဲ့စန်း က အဲဒါကို ပြောဖို့ သင့်တော်တဲ့ နည်းလမ်းကို စဉ်းစားခဲ့တယ်။ ညာဘက်ပခုံးကို ညွှန်ပြလိုက်သည်။
“အဲဒါ က လူတွေကို ကူညီပြီး ပြန်ပေးတဲ့ ကျေးဇူးတင်မှု ကို သဘောကျတယ်။ အဲဒါ က သူ့ရဲ့ စွမ်းရည်ကို အားကောင်းစေပြီး အားကောင်းလေ၊ ငါ လိုအပ်တဲ့ စွမ်းအင် ကို မြန်မြန် ရှာဖွေနိုင်လေပဲ"
အဲဒါကို ပြောရင်း မိုင်နဲရဲ့ လက်ကို မကိုင်ဘဲ မနေနိုင်ပေ။ သူနဲ့ မိုင်နဲ ဆက်ဆံရေး ထူထောင်ပြီးကတည်းက မိုင်နဲ က သူ့အတွက် စွမ်းအင် ဆယ်ခုကို နေ့တိုင်း ပေးလေ့ရှိတယ်။
အဲဒီ့ အကြောင်းပြချက်ကြောင့် သူ မိုင်နဲရဲ့ ခံစားချက်ကို သံသယဝင်မိသည် ။
မိုင်နဲ က “လူတွေကို ကူညီနေတာလား? ဆင်းရဲ နွမ်းပါးတဲ့ ဒေသမှာ လုပ်ရတာ ပိုလွယ်မယ်”
ရှဲ့စန်း ခေါင်းယမ်းလိုက်သည်။ “မလွယ်ပါဘူး။ ဆင်းရဲသား ရပ်ကွက်တွေ ကို အစားအသောက်တွေ ပို့ပေးဖို့ သွားဖူးတယ်၊ ရလဒ်တွေ က အလယ်အလတ်ပဲ။ လူတိုင်းက ကျေးဇူးမတင်ပါဘူး။ စိတ်မပူပါနဲ့၊ နောက်လာမယ့် စွမ်းအင်က ဘယ်မှာရှိတယ် ဆိုတာ ရက်အနည်းငယ်ကြာရင် သိနိုင်မှာပါ”
နှစ်ယောက်သား တစ်ရေးတစ်မော အိပ်ကြပြီး ညစာ စားရန် တိုက်ခန်းသို့ မပြန်မီ မိဘမဲ့ ဂေဟာသို့ သွားကာ စီးပွားရေးလုပ်ရန် အိပ်ခန်းသို့ ပြန်လာကြသည်။
မိုင်နဲက ထိုင်ခုံပေါ်တွင် ထိုင်၍ အပြောအဆိုမဲ့သည့် လက်ဖဝါးအရွယ် အသံသွင်းစက် ကို ဆွဲထုတ်ကာ နားကြပ်ကို တပ်လိုက်ပြီး ထိုင်ခုံပေါ် မှီလိုက်သည်။
ဆိုရီယာရဲ့ အသံ ထွက်လာသည်။ သူက ဂျူလော့စ်အကြောင်းကို မေးပြီး လက်အောက် ငယ်သားတွေ ကို ဆူပူကြိမ်းမောင်းကာ ပန်းကန်နဲ့ ဇွန်းကို ချလိုက်တယ်။
“သားလေး၊ မနေ့ည က မစားဘူးဘူး လို့ ကြားတယ်။ ဖေဖေ မင်းကို ဟင်းရည် ယူလာပေးတယ်။ နည်းနည်းစားပါ”
တံခါး အဖွင့်အပိတ်သံ က တစ်ခုစီ ထွက်ပေါ်လာပြီး ဆိုရီယာ က စိုးရိမ် သောကရောက်နေတဲ့ အသံဖြင့် ပြောလိုက်သည်။
“ဖေဖေ” ဂျူလော့စ်ရဲ့ အသံ က ဒေါသနဲ့ စိုးရွံ့မှုများ ရှိနေသည်။
“ဒီနေ့ အဖေက လူငယ် တစ်ယောက် ကို ခေါ်လာတယ်လို့ ကြားတယ်။ အဲဒါ ဘယ်သူလဲ?"
ဆိုရီယာရဲ့ အသံ က အေးစက်သွားပြီး “အဲဒါ ကုမော့”
" ဒုတိယ အဘိုးရဲ့ ပါးစပ်ဖျားမှာ တစ်နေကုန် ရှိနေတဲ့ ကုမော့?" ဂျူလော့စ်ရဲ့ အသံ က ထိတ်လန့်တကြား ဖြစ်လာသည်။
“ အဖေက ဘာကို ဆိုလိုချင်တာလဲ? သူက ကျွန်တော့်ကို စွန့်ပတ်ပြီး ကော့စ်မိသားစုကို ဦးဆောင်ဖို့ တခြားတစ်ယောက် ကို လေ့ကျင့်ပေးတော့မှာလား"
“စိတ်အေးအေးထားပါ” ဟု ဆိုရီယာက အကြံပေးသည်။ “မင်းက မင်းအဖေရဲ့သား။ သူက မင်းကို အရှုံးမပေးဘူး"
"ဖေဖေ၊ လိမ်နေတာ! ကျွန်တော် မကြာခင် ပြီးအောင် လုပ်ရမယ်။ ကျွန်တော် သန်မာလာမှ ဖေဖေက ကျွန်တော့် အပေါ် တကယ် လက်မလျှော့မှာ”
ဆိရီယာ က “အင်း၊ ငါ့မှာ စုံစမ်းပေးဖို့ တစ်ယောက်ယောက် ရှိနေပြီ။ ဧရာမ ခြင်္သေ့သားရဲကြီးတစ်ကောင် မကြာသေးခင် က တောရဲ့ အရှေ့ဘက်ခြမ်းမှာ ပေါ်လာသည်။ ရှာတွေ့တာနဲ့ ပြန်ယူလာလိုက်မယ်"
“ကုမော့ ကလည်း ဧရာမ ခြင်္သေ့ သားရဲသခင်တစ်ယောက် ဆိုတာ မှတ်မိသေးတယ် ။ ငါ ပြန်ယူလာပြီး အဖေသိသွားရင် ကုမော့နဲ့ ဆက်နွယ်ခွင့် ပေးလိုက်ရမှာလား?"
ဂျူလော့စ် စိတ်ပူသွားသည်။ “မဟုတ်ဘူး၊ ကျွန်တော် အပြင်ထွက်ပြီး ဆက်နွယ်ထားမှ ရမယ်။ အဖေ့ကို သိခွင့် မပေးနိုင်ဘူး”
ဆိုရီယာ က “အဆင်ပြေပါတယ်။ ရှဲ့စန်း ကို ရဖို့ အခွင့်အရေး မရှိဘူး။ သူမရှိရင် ဧရာမ ခြင်္သေ့ကြီး ကို တွေ့ရင်တောင် ခဏလောက် ဆက်နွယ်လို့ ရမှာ မဟုတ်ဘူး"
“မဟုတ်ဘူး အဖေ၊” ဂျူလော့စ် က ပြောသည်။ "ဆေးရှိတယ် ဆိုတာ မေ့သွားပြီလား"
“မဖြစ်ဘူး!” ဆိုရီယာ ချက်ချင်း ပြန်ပြောလိုက်သည်။ “ပြီးခဲ့တဲ့ အကြိမ် က ဒဏ်ရာကြောင့် ငါ သေတော့မလို လန့်သွားပြီးပြီ။ ငါ မင်းကို ဒီလို ထပ်လုပ်ခွင့် မပေးတော့ဘူး"
“ပြီးခဲ့တဲ့ အကြိမ်က ပြောင်းပြန် မဖြစ်အောင် တားဖို့ ဆေး အလုံအလောက် မရှိခဲ့ဘူး။ ဖေဖေ၊ ဒီအတွက် ၂ခုစလုံး ပြင်ဆင်မှ ဖြစ်မယ်။ ဧရာမ ခြင်္သေ့သားရဲ ကို ရှာဖို့ အာရုံစိုက်ပါ၊ ဒါပေမယ့် ရှဲ့စန်း သူ့ကိုဖမ်းဖို့လည်း အဆင်သင့် ဖြစ်နေပါစေ။ ဧရာမ ခြင်္သေ့ကြီး ကို မတွေ့ခင်မှာ သူ့ကို ဖမ်းမရရင် ဆေးကို သုံးလိုက်ပါ”
ဆိုရီယာ ခဏလောက် စဉ်းစားလိုက်တယ်။ “ကောင်းပြီ”
အသံသွင်းစက်အား စိုက်ကြည့်နေစဉ် မိုင်နဲရဲ့ အမူအရာမှာ အေးစက်နေသည်။ သူ့မျက်လုံးတွေ က အနည်းငယ်နီနေပြီး လက်တွေ ကို လက်သီး ဆုပ်ထားသည်။
'အားစန်း ကို ထိချင်တဲ့သူတိုင်း ကို သူ အလွတ်မပေးဘူး'
ရှဲ့စန်း အပင်လေ့ကျင့်မှု ပြီးသွားပြီးနောက် ရေချိုးလိုက်သည်။ ရေချိုးခန်းထဲ က ထွက်လာတော့ ဆံပင်တွေ စိုစွတ်နေသေးတဲ့ မိုင်နဲ က ကောက်ချိပြီး ကုတင်ပေါ် ပစ်တင်လိုက်သည်။ သူ လန့်သွားသော်လည်း ဘာမှပြန်မပြောမီ မုန်တိုင်းထန်သော အနမ်းဖြင့် နှုတ်ဆက်လိုက်ရသည်။ သူ့လည်ပင်းကို နည်းနည်း စောင်းထားကာ မိုင်နဲရဲ့ ရွှေရောင်ဆံပင်များတွင် သူ့လက်ချောင်းများကို ဖြည်းညှင်းစွာ လိမ်လိုက်ပြီး ပြန်နမ်းလိုက်သည်။
နှစ်ယောက်စလုံးက ငယ်ငယ်ရွယ်ရွယ်နဲ့ သန်မာပြီး အနမ်းက နည်းနည်း ပြင်းထန်နေသဖြင့် မကြာခင်မှာပဲ သူတို့ရဲ့ အသက်ရှူသံတွေ က ပူပြီး လေးလံလာသည်။ ရှဲ့စန်းရဲ့ လက်တွေ က မိုင်နဲရဲ့ ခေါင်းမှ အောက်သို့လျှောကျလာပြီး သူ့နောက်ကျော ကို ဖက်ထားလိုက်သည်။
ရှဲ့စန်း၏ ခါးတစ်ဝိုက်ရှိ မိုင်နဲရဲ့ လက်က တင်းကျပ်လာပြီး အသက်ရှူမဝ ဖြစ်လာသည်။ အော်လိုက်တော့ မိုင်နဲ က အနောက် ကို နည်းနည်း ဆုတ်လိုက်သည်။ သူက သူ့ကို စူးစူးရဲရဲနဲ့ ကြည့်နေတယ်။
"ဘာဖြစ်တာလဲ?"
မိုင်နဲက နှုတ်ခမ်းထောင့် ကို နမ်းလိုက်သည်။
"မင်းက ကိုယ့်အပိုင်ပဲ"
ရှဲ့စန်း မျက်ခုံးပင့်လိုက်သည်။ ဒီလူက ဘာဖြစ်လို့ ဒီစကားလုံး ကို ထပ်ခါထပ်ခါ ပြောနေတာလဲ။
အနမ်းက တဖြေးဖြေး နိမ့်ဆင်းသွားပြီး မိုင်နဲ က “မင်း တစ်သက်လုံး ငါနဲ့ အတူနေမယ်လို့ ပြောတယ်။ မင်းဆီမှာ ဘာမှမဖြစ်နိုင်ပါဘူး"
ရှဲ့စန်း တစ်ခုခု မှားနေပြီ ဆိုတာ သဘောပေါက်သွားတယ်။ မေးစေ့ကို ဖွဖွကိုင်ပြီး မျက်လုံးကို စိုက်ကြည့်လိုက်သည်။
"ဘာမှားနေလို့လဲ?"
အအေးဓာတ် က မိုင်နဲရဲ့ မျက်လုံးတွေမှာ ဖြတ်ခနဲ ပေါ်လာသည်။ “ဘာမှမဟုတ်ဘူး”
ရှဲ့စန်း မျက်မှောင် ကြုတ်လိုက်သည်။ "တစ်ယောက်ယောက် က ငါ့ကို ထိချင်တာလား"
မိုင်နဲရဲ့ မျက်နှာ ပျက်သွားပြီး သူ့အသံက ရက်စက် ပြင်းထန်နေသည်။
"မင်းကို ဘယ်သူမှ မထိရဘူး!!!"
ရှဲ့စန်း သူ့လက် ကို သူ့ပခုံးပေါ် တင်လိုက်ပြီး သူတို့ရဲ့ အနေအထား ကို ပြောင်းပြန်ဖြစ်အောင် တွန်းလိုက်တယ်။ သူ့အပေါ်မှာ အိပ်၍ သူ့မျက်လုံးတွေ ကို စိုက်ကြည့်နေလိုက်သည်။
"ငါ မင်းကို ပြောခဲ့တယ်၊ ငါ့ကိုယ်ငါ ကာကွယ်နိုင်တယ်။ မင်း စိတ်ပူစရာ မလိုဘူး" သူ အောက်ကို ငုံ့ကြည့်ကာ မိုင်နဲရဲ့ မေးစေ့ ကို ကိုက်လိုက်သည်။
"အရမ်း မလုံခြုံသလို ခံစားနေရတာလား?"
မိုင်နဲရဲ့ မျက်လုံးတွေ ရုတ်တရက် မှိန်ကျသွားသည်။ သူ့ခေါင်း ကို ဖိကာ ပြင်းပြင်းထန်ထန် နမ်းရန် သူ့လက် ကို မြှောက်လိုက်သည်။ သူ့စိုးရိမ်မှုကို သူ မထိန်းနိုင်ပေ။ ရှဲ့စန်း နဲ့ ပိုနီးလေ ဆုံးရှုံးရမှာ ကို ပိုကြောက်လေ ဖြစ်သည်။ အဆိုးဆုံး က သူ ရှဲ့စန်း ကို သတ်ပစ်ချင်သလို ခံစားလိုက်ရသည်။
သူ ရှဲ့စန်း ကို ထိခိုက်သွားအောင် လုပ်မိမှာ သူ ကြောက်သည်။ သူ့ရဲ့ ရဖို့ခဲယဉ်းတဲ့ ပေါင်ပေ့လေး၊ သူ့ဘဝရဲ့ တစ်ခုတည်းသော အလင်းရောင်လေး၊ သူ့ကို လုံးဝ အဆုံးရှုံး မခံနိုင်ဘူး !!!
သူ့ဘေးမှာ ရှိပြီး ဘေးကင်းကြောင်း သူ့ကိုယ်သူ သတိပေးနေသော်လည်း စိတ်မပူဘဲ မနေနိုင်ပေ။
ရှဲ့စန်း သည် sexကိစ္စတွင် အရမ်း ပျော့ပျောင်းတတ်ပြီး မိုင်နဲရဲ့ စူးစမ်းရှာဖွေမှု ကို အစွမ်းကုန် ပူးပေါင်းဆောင်ရွက်ပေးလိုက်ရသည်။ အချိန်အတော် ကြာအောင် ရှုပ်ယှက်ခတ်ပြီးနောက် သူ့ခန္ဓာကိုယ် က မောပန်းနွမ်းနယ်နေပေမယ့် သူ အရမ်း ပျော်နေခဲ့သည်။ သူ့မှာ အရင်က အတွေ့အကြုံမရှိပေ၊ ဒီရက်တွေ နည်းနည်းချင်းစီတော့ စားဖူးသည်။ သူ့နောက်ကျော၌ မိုင်နဲ လှဲနေပြီး သူ့အား တစ်တိတိ ကိုက်လာသည်။ အိပ်ရာဝင်ချိန် မနှောင့်ယှက်သရွေ့တော့ မိုင်နဲရဲ့ လုပ်ရပ်တွေ ကို ခွင့်ပြုပေးထားလိုက်သည်။
မိုင်နဲ က ရှဲ့စန်းကို စေ့စေ့စပ်စပ် နမ်းလိုက်သည်။ ရှဲ့စန်း က ဆက်နွယ်သားရဲတွေရဲ့ liveလွှင့်မှု ကို တွေးနေချိန်မှာ သူ့ရဲ့ လက်ချောင်းများဖြင့် ကစားနေခဲ့သည်။ သူ က liveလွှင့်ခြင်းနဲ့ မရင်းနှီးပေ၊ အရင်က သူ တင်ပြခဲ့တဲ့ ရှိုးရဲ့ အကြောင်းအရာ က နည်းနည်းလေးပဲ ရှိသေးသည်၊ နေ့တိုင်း တိုက်ရိုက်လွှင့်မယ်ဆိုရင် အကြောင်းအရာက ပိုများလာလိမ့်မည်။
သူက အကြံအစည် အနည်းငယ် တီထွင်ခဲ့သော်လည်း သူတို့ က အလုပ်ဖြစ်၊မဖြစ် မသေချာပေ။ သူ အချိန်ယူဖို့ ဆုံးဖြတ်ပြီး ဆက်နွယ်သားရဲတွေ ကို ကြိုးစားခွင့်ပေးလိုက်သည်။
မိုင်နဲ က သူ့ပခုံးပေါ် တလျှောက်လုံး တဖွဖွ တဖွဖွ နမ်းလိုက်သည် ။ ချီတုံချတုံ အကြည့်ဖြင့် သူ့မျက်လုံးတွေ က သူ့မျက်နှာပေါ် ကျရောက်လာသည်။
ရှဲ့စန်း က သူ့ကို တစ်ချက်ကြည့်လိုက်သည်။ "ဘာမှားလို့လဲ?"
မိုင်နဲ က မျက်လုံးတွေကို အောက်ရွှေ့လိုက်ပြီး သူ့အိတ်ထဲက အနီရောင် ကြိုးတစ်ချောင်းကို ထုတ်လိုက်တယ်။ ကြိုယတွင် ငွေရောင် သတ္တုဘောလုံး တစ်လုံး ချိတ်ဆွဲထားသည်။
"ဒါ ငါ့အတွက်လား?" ရှဲ့စန်း က လက်ဆန့်ကာ ယူလိုက်ချိန် ချက်ချင်း ဆိုသလို သူ့နားထဲမှာ စူးရှတဲ့ ခေါင်းလောင်းသံ ထွက်ပေါ်လာတယ်။ အခန်းက ညဘက်ကြီး ဒီလောက် တိတ်ဆိတ်မနေဘူး ဆိုပါက အသံမှာ နူးညံ့လွန်းလှသည်။ သတ္တုဘောလုံး ကို လှည့်ကြည့်လိုက်တော့ အခေါင်းပေါက် ဖြစ်နေတာ ကို တွေ့လိုက်ရတယ်။ သူ လှုပ်လိုက်သည်နှင့် ခေါင်းလောင်းသံ ထွက်လာပြန်သည်။ သူက ရယ်လိုက်တယ်။
“ဘယ်လောက်ထိ သိမ်မွေ့လိုက်လဲ။ ဒီလို ဘောလုံးသေးသေးလေး က အထဲမှာ အခေါင်းပေါက်ဖြစ်ပြီး အတွင်းထဲမှာ နောက်ထပ် ဘောလုံးတစ်ခု ရှိနေပုံရတယ်”
မိုင်နဲ နှုတ်ခမ်းကို စေ့လိုက်သည်။ “အထဲမှာ တည်နေရာပြတဲ့ဟာ ပါတယ်၊ အပြင်ဘက်အလွှာ က ရေစိုခံအောင် လုပ်ထားတာ"
သူက ရှဲ့စန်း ကို တင်းတင်းကြပ်ကြပ် ဖက်ထားလိုက်သည်။
“ဒါက foot chaneပါ။ မင်း ဝတ်ထားလို့ အဆင်ပြေလား? မင်း ဘယ်မှာရှိနေလဲ အချိန်တိုင်းသိချင်တယ်" သူ့အသံ က တုန်လှုပ် ခြောက်ခြားနေသည်။ “ကိုယ် မင်းကို စောင့်ကြည့်ဖို့ မကြိုးစားပါဘူး၊ ကိုယ် စိတ်ပူတယ်။ တကယ် စိုးရိမ်တယ်။ မင်း မလိုချင်ရင်တောင်မှ ကိုယ့်ကို မမုန်းပါနဲ့ ဟုတ်ပြီလား"
ရှဲ့စန်း အေးခဲသွားသည်။ မိုင်နဲရဲ့ အခြေအနေ က ခါတိုင်းနှင့် မတူပေ။ ဆိုကိုတိုရဲ့ စောင့်ကြည့်ခြင်းကို ခံရကြောင်း သိလိုက်ရတဲ့ အချိန် က မိုင်နဲရဲ့ အမူအရာ ကို ရုတ်တရက် တွေးလိုက်မိသည်။ ဆိုကိုတိုရဲ့ အဖြစ်အပျက်ကြောင့် ဖြစ်နိုင်သလို၊ မိုင်နဲ က ထောက်လှမ်းရေးလို အရာတွေကို ပိုသတိထားနေပုံ ရပြီး သူ စိတ်ဆိုးသွားမှာ ကို ပိုစိုးရိမ်နေပုံ ရတယ်။
သူစဉ်းစားလိုက်တယ်။ သူ ယူလိုက်ရင်တောင် ဒါက မိုင်နဲအား သူ့ရဲ့တည်နေရာကို အချိန်နဲ့တစ်ပြေးညီ သိစေဖို့အတွက်ပဲ ဖြစ်သည်။ ဖုံးကွယ်ထားစရာ မလိုပါဘူး။
သူက ပြုံးလိုက်တယ်။ “မမုန်းပါဘူး။ ငါ ဝတ်ထားပေးပါ့မယ်” မိုင်နဲရဲ့ တုန်လှုပ်ခြောက်ခြားနေတဲ့ မျက်လုံးတွေကို ကြည့်ကာ သူ့နှလုံးသား နာကျင်သွားပြီး သူ့ဆံပင်ကို ပွတ်သပ်ပေးလိုက်သည်။ သူ့ပခုံးကို တွန်းလိုက်သည်။
"ထဦး။ ငါ အခု တပ်လိုက်မယ်"
"ကိုယ် တပ်ပေးမယ်" မိုင်နဲရဲ့ မျက်လုံးများ တောက်ပလာကာ သူ့ကို ပြင်းပြင်းထန်ထန် ပွေ့ဖက်လာသည်။ သူက ခြေကျင်းဝတ် ကို မြန်မြန် ကိုင်ပြီး ရှဲ့စန်းရဲ့ ဘယ်ဘက် ခြေထောက်ကို ဂရုတစိုက် မ လာခဲ့တယ်။
ရှဲ့စန်း သူ့ရှေ့ရှိ စွမ်းအင်1 ခု ကို ကြည့်ပြီး မပြုံးဘဲ မနေနိုင်ပေ။ မိုင်နဲ က သူ့ကို ဝတ်စေချင်နေပုံ ရတယ်၊ ဒီနေ့ မိုင်နဲ က သူ့အတွက် စွမ်းအင် ၈ခုပေးထားပြီးသား ဖြစ်သည်။
မိုင်နဲက ရှဲ့စန်းရဲ့ ခြေထောက်ကို မြှောက်လိုက်ပြီး သူ့ခြေထောက်ကို နမ်းလိုက်သည်။ ရှဲ့စန်း မသိစိတ် က ခြေချောင်းများကို ကွေးကာ ခြေကျင်းဝတ်ကို လှုပ်ယမ်းလိုက်သည်။
"ကြိုးနီက ပြတ်သွားမှာလား"
“မပြတ်ဘူး” မိုင်နဲ က သူ့ကို ပွေ့ဖက်လာပြီး အရင်ကထက် အများကြီး ပိုသက်တောင့်သက်သာ ရှိပုံရတယ်။
"အထူးပစ္စည်းနဲ့ လုပ်ထားတာ အရမ်း အကြမ်းခံတယ်"
နောက်တစ်နေ့ နံနက်တွင် ရှဲ့စန်း မနက်စာ စားပြီးသည်နှင့် စာချုပ် ဖျက်သိမ်းရန် လျှောက်ထားချက် ကို ပြန်လည်ဖြေကြားခဲ့သည်။ အချက်အလက်တွေ ပြည့်စုံသွားတဲ့ အတွက် ၂၄နာရီအတွင်း စာချုပ် က အလိုအလျောက် ရပ်စဲသွားတယ်။ မနေ့က ရလိုက်တဲ့ မိုင်နဲရဲ့စာချုပ် ကို ချက်ချင်း ဖွင့်လိုက်ပြီး သူ့လက်ဗွေ နှိပ်ကာ လက်မှတ်ထိုးပြီး မိုင်နဲကို ပြုံးပြလိုက်သည်။
"ဘော့စ်၊ ကျေးဇူးပြု၍ အခုကစပြီး ငါ့ကို အကြံဉာဏ်တွေ ပေးပါဦး!"
မိုင်နဲ က ပေါ့ပေါ့ပါးပါး ရယ်လိုက်သည်။
"ဘယ်အချိန် liveလွှင့်မှာလဲ? မင်းအတွက် လက်ထောက် တစ်ယောက် ရှာစေချင်လား?"
ရှဲ့စန်း ခေါင်းယမ်းလိုက်သည်။ “liveလွှင့်ဖို့ အချိန်အတွက် က.. ငါဒါကို ဆက်နွယ်သားရဲတွေနဲ့ ဆွေးနွေးရဦးမယ်။ လက်ထောက် က အခု မလိုသေးဘူး၊ မလိုတာလည်း ဖြစ်နိုင်တယ်"
သူတို့ နှစ်ယောက် မနက်စာစားပြီးတာနဲ့ ကလေးကစားစရာလေးတွေ ဝယ်ပြီး မိဘမဲ့ဂေဟာ ကို အတူတူသွားကြသည်။ နေ့လယ်အထိ ကလေးတွေနဲ့ ကစားခဲ့ကြသည်။
နေ့လည်စာ မစားမီ ရှဲ့စန်း က အရင် ပို့စ် ကို ဖွင့်ကာ လူတွေ မသိသေးတဲ့ နာမည်ဖြစ်သည့် 'ဆက်နွယ်သားရဲများ' ကိုအသုံးပြုကာ မှတ်ချက်အား ပြန်ကြားခဲ့သည်။
[ငါက ဆက်နွယ်သားရဲများရဲ့ တင်ဆက်သူပါ။ နောက်ဆုံးအကြိမ် က liveလွှင့်မှု အစီအစဉ်ကြောင့် ငါ့ရဲ့ live streaming ပလက်ဖောင်း ကို စန်းမု Live streaming ကို ပြောင်းလိုက်ပါတယ်။ ဒီနေ့ နေ့လယ် ၂နာရီ တိတိမှာ liveလွှင့်ပါမယ်။ မင်းတို့ရဲ့ ပံ့ပိုးမှုအတွက် ကျေးဇူးတင်ပါတယ်]
ရှဲ့စန်း မှတ်ချက်တွေ ကို မဖတ်တော့ဘဲ ပို့စ်တင်ပြီးတာနဲ့ လက်ပတ် ကို ပိတ်ကာ နေ့လည်စာစားလိုက်သည်။
နေ့လယ်စာစားပြီးနောက် မိုင်နဲက သူ့ကို ကျင်းကျန်ရဲ့ ဇုန် 4 နှင့် 5 တံခါးဝ၌ ထားခဲ့ပြီး
“ကိုယ် လုပ်စရာ တစ်ခုခုရှိလို့ ၊ မင်းကို ဒီည လာကြိုမယ်” လို့ ပြောခဲ့သည်။
အဆင့်မြင့် ဆက်နွယ်သားရဲတွေ အဖွဲ့ က ဒီနေရာတွင် ရှိနေတာကြောင့် ရှဲ့စန်းရဲ့ လုံခြုံရေးမှာ လုံးဝ စိုးရိမ်စရာမရှိပေ။
ရှဲ့စန်း က ခေါင်းညိတ်လိုက်သည်။ စန်းမု က အခုမှ တည်ထောင်ထားသဖြင့် အလုပ်များနေမည်မှာ သေချာသည်။
“အင်း၊ ငါ့ကို ကြိုဖို့ အချိန်မရှိရင် ငါ့ဘာသာ ပြန်လာနိုင်တယ်။ ငါ့ကား က ကားပါကင်မှာ ရှိတုန်းပဲ!"
“မပြန်ရဘူး” မိုင်နဲက ပြောသည် "ကိုယ် မင်းကို လာကြိုမယ်။ မင်း ကိုယ့်ကို ဒီမှာ စောင့်နေရုံပဲ။ အပြင်မထွက်နဲ့"
နောက်ဆုံးအကြိမ် က ဂျူလော့စ်ရဲ့ တားဆီးခံရမှု အတွက် သူ စိတ်ဆိုးနေသေးသည် ကို ရှဲ့စန်း သိလိုက်သည်။ သူ့ကို စိတ်မပူစေချင်တဲ့ အတွက် 'ဆက်နွယ်သားရဲတွေနဲ့ ဒီမှာ နေတာ ပိုကောင်းပါတယ်' သူ ခေါင်းညိတ်လိုက်သည်။
" အင်း။ ငါ မင်းကို ဆက်သွယ်လိုက်ပါ့မယ်"
မိုင်နဲ က သူ့ကို ပွေ့ဖက်ပြီး ထွက်မသွားခင် နှုတ်ခမ်း ကို နမ်းလိုက်သည်။
တံခါးနားမှာ ရပ်နေတဲ့ လုံခြုံရေးအစောင့် က "အားစန်းမင်းနဲ့ မင်းရဲ့ ကောင်လေး က အရမ်း ရင်းနှီးတာပဲ"
ရှဲ့စန်း နည်းနည်း ရှက်သွားပြီး ပြုံးကာ ဇုန် 4 နှင့် 5 သို့ မဝင်မှီ နှုတ်ဆက်လိုက်သည်။ ဆက်နွယ်သားရဲတွေ က သူ့ကို မြင်လိုက်တဲ့ အချိန် ချက်ချင်း စိတ်လှုပ်ရှားသွားကြသည်။ သူတို့ ပြေးလွှားနေသဖြင့် ကြမ်းပြင်က တုန်ခါသွားသည်။
ရှဲ့စန်း ဆက်နွယ်သားရဲတွေ ကို ကြည့်လိုက်သည်။ သူတို့နဲ့ မရင်းနှီးပါက ဒီနေရာတွင် ထိတ်လန့်သွားလိမ့်မည် ဟု သူ တွေးတောမိသည်။ ခြေသည်းများ၊ အမြီးများ၊ နှာမောင်း စသည်ဖြင့် အမျိုးမျိုးက သူ့ခေါင်းပေါ်၌ လွင့်ပျံနေသည်။
{"အားစန်း၊ အခု liveလွှင့်တာကို ဆက်လုပ်လို့ ရပြီလား"}
{"အားစန်း၊ နောက်ဆုံးတော့ မင်း ဒီကိုရောက်လာပြီ"}
{"အားစန်း၊ liveလွှင့်၊ live လွှင့်!”}
ရှဲ့စန်း က ပြုံးပြီး နှစ်သိမ့်ပေးရင်း {"ငါတို့ liveလွှင့်လို့ရတယ်၊ ဒါပေမယ့် ကုမ္ပဏီ ပြောင်းထားတယ်၊ အဲဒါကြောင့် မနေ့က လုပ်ခဲ့သလိုပဲ ငါတို့ liveထပ်လွှင့်မယ်၊ ဆင်ကြီးတွေ ကို ထပ်ပြီးပြမယ်"}
ဧရာမ ဆင်ကြီးနှစ်ကောင် က စိတ်လှုပ်ရှားစွာ အော်ဟစ်လိုက်ကြသည်။ {"ပျော်တယ်! ငါ အကြိမ်တစ်ရာလောက် လုပ်နိုင်သေးတယ်!"}
ရှဲ့စန်း အပြုံးပျောက်သွားသည်။
သူက သူတို့ကို ကင်မရာရှေ့မှာ ခေါ်လာကာ မနေ့ကလို ပုံစံတူ နေခိုင်းပြီး စန်းမု live streamingရဲ့ လက်ဆောင် စနစ်အကြောင်း ရှင်းပြလိုက်တယ်။
{“လက်ဆောင်ငါးမျိုးရှိတယ်။ ဖရဲသီးလေး၊ ဖရဲသီး၊ ဖရဲသီးကြီး၊ စူပါဖရဲသီး၊ နှင့် ဖရဲသီးမိုး ဆိုတာ ရှိပြီး အဲဒါတွေ က ကြယ်ဒင်္ဂါး 1/10/100/1000/10000 တန်ကြေးရှိတယ် "}
(T/N: ဖရဲသီးတောထဲ က မထွက်တော့ဘူး🤣🤣🤣)
ဒီအကြောင်းကို တွေးရင်း မနေနိုင်ဘဲ ရယ်လိုက်သည်။
'မိုင်နဲ က ဖရဲသီး ကို အရမ်း ကြိုက်တာပဲ!'
သူတို့ နားလည်ကြောင်း သေချာစေပြီး ရှဲ့စန်း က ပုံးကိုရေအပြည့်ဖြည့်ကာ ဆင်ကြီးတစ်ကောင် က ထိုပုံးကို ဘေးဘက်သို့ သယ်သွားပြီးနောက် ပြန်ချထားလိုက်သည်။
ရှဲ့စန်း အချိန်ကို ကြည့်လိုက်သည်။ နှစ်နာရီ ထိုးခါနီးပြီ ဖြစ်သည်။ သူ သူ့ရဲ့ လက်ပတ် ကို ဖွင့်ကာ သူ့liveလွှင့်တာကို နှိပ်ပြီးနောက် လူကြိုက်များမှု ကို ကြည့်ရှုခဲ့သည်။
၁.၆ သန်းကျော်တောင်! သူ တုန်လှုပ်သွားတယ်။ စန်းမုရဲ့ လူကြိုက်များမှု က တစ်ပုံမှ ဆယ်ပုံအထိ ရှိသောကြောင့် liveလွှင့်တာကို ကြည့်ရှုသူ က 160,000 နှင့် ညီမျှသည်။
မိုင်နဲ တစ်ယောက် သူ့ကို ဆု ပေးတော့မှာလား ဟု တွေးမိလာသည်။
သူ မနေနိုင်ဘဲ အနည်းငယ် စိတ်လှုပ်ရှားနေမိသည်။ နံရံကို မှီပြီး ရပ်နေချိန်မှာ ကင်မရာမှာ မပါတာ ကောင်းတယ် လို့ သူ့ကိုယ်သူ တွေးနေခဲ့သည်။ မဟုတ်ရင် သူ ပိုစိတ်ရှုပ်သွားရလိမ့်မယ်။ ဒီလိုမျိုး လူစည်ကားနေတဲ့ မြင်ကွင်း ကို သူ ပထမဆုံးအကြိမ် မြင်ဖူးခြင်း ဖြစ်သည်။ သူ အမြီးတွေ ဝှေ့ယမ်းနေတဲ့ သားရဲတွေ ကို ကြည့်နေလိုက်သည်။ သူ သက်ပြင်းချလိုက်ပြီး သူတို့ က မကြောက်မရွံ့ဘဲ နေနိုင်သည်ဟု ခံစားမိသည်။ သူ့အရှေ့တွင် ဖန်သားပြင် ကို ပိုင်းခြားထားသည်။ liveလွှင့်တာ ကို ကြည့်ရှုသည့် ကြည့်ရှုသူရဲ့ အမြင် က ဘယ်ဘက်တွင်ရှိပြီး တင်ဆက်သူရဲ့ လည်ပတ်မှု မျက်နှာပြင်နှင့် အလိုအလျောက် လက်ထောက် က ညာဘက်တွင် ရှိသည်။
၂နာရီရောက်တာနဲ့ သူ liveကို ဖွင့်လိုက်တော့ ဆက်နွယ်သားရဲများရဲ့ ကြည့်ရှုသူ ကိန်းဂဏန်း က ဘယ်ဘက်မျက်နှာပြင်မှာ ပေါ်လာစည်။ ပေါ်လာသည့် စာတွေ က ဖန်သားပြင်ရဲ့ အပေါ်ဘက်ကို တက်သွားသည်၊ စာတွေရဲ့ ဘေးမှာ စာလုံးများ ရှိနေပြီး သေချာ မမြင်နိုင်ပေ။
လည်ပတ်မှု မျက်နှာပြင်ပေါ်ရှိ ပေါ်လာသောလက်ထောက် ကို သူ ကြည့်ရှုခဲ့သည်။ commentတွေ က အလွန် လျင်မြန်စွာ ရွေ့လျားနေပြီး အများစုမှာ ထပ်ခါတလဲလဲ ဖြစ်နေသည်။ 'အဖွင့်' ကြေညာချက်ကို ပြောရန် ပါးစပ်ကို ဖွင့်ပြီး
“live ကနေ ကြိုဆိုပါတယ်။ liveလွှင့်မှုရဲ့ အဓိကဇာတ်ကောင်ဖြစ်တဲ့ ဧရာမ ကျားသားရဲနဲ့ မိတ်ဆက်ပေးပါ့မယ်"
“ဟိန်းဟောက်သံ!” ဧရာမ ကျားကြီး က သူ့ရဲ့ ခေါင်းကို မြှောက်ကာ ပြင်းစွာသော အားမာန်ဖြင့် ဟိန်းဟောက်လိုက်သည်။
ရှဲ့စန်း က ဟိန်းဟောက်နေချိန်တွင် မုဒ်ကို သတ်မှတ်ခဲ့ပြီး commentတွေ ကို ထပ်ခါထပ်ခါ မကြည့်တော့ဘဲ တူတာ စုစည်းဖို့ ရွေးချယ်ကာ အမြဲတမ်း ရှင်းရှင်းလင်းလင်း မြင်နိုင်ရန် ချိန်ညှိခဲ့သည်။
ရှဲ့စန်း ခေါင်းယမ်းလိုက်သည်။ မှတ်ချက်တွေ က အမှန်တကယ်ပင် copy partyရဲ့ ကမ္ဘာ ဖြစ်နေသည်။
[ဒါက တကယ် အမှန်ပဲ! ငါက နောက်နေတာလို့ ထင်ခဲ့တာ။ စန်းမုlive က ဘာလဲ? ငါ တစ်ခါမှ မကြားဖူးဘူး]
[Wow! Oh my god၊ အဆင့်မြင့် ဆက်နွယ်သားရဲတွေကို ငါ တကယ် မြင်ဖူးပြီ။ သူတို့က အရမ်း ပြီးပြည့်စုံတယ်။ ကြွက်သားများကိုပဲ ကြည့်ကြည့်၊ ခန္ဓာကိုယ်ကိုပဲ ကြည့်ကြည့်၊ တောက်ပနေတဲ့ ခြေသည်းတွေကိုပဲ ကြည့်ကြည့်။ အင်အား ကြီးမားတဲ့ အလှတရား က အတူရှိနေတယ်။ အသည်းရေ!]
ရှဲ့စန်း ဆက်နွယ်သားရဲတွေ ကို ဆက်လက် မိတ်ဆက်ပေးခဲ့ပြီး သူတို့တစ်ဦးစီ က ပရိသတ်ကို သိစေရန် အလွန် လိမ္မာပါးနပ်စွာ တုံ့ပြန် ဖြေကြားပေးခဲ့သည်။
မိတ်ဆက်ခြင်း လုပ်ငန်းစဉ် အတွင်း လူများစွာက ဖရဲသီးလေးများ ပေးပို့ကြပြီး လက်ဆောင် ကောက်တဲ့ လက်ထောက်က အဲဒါကို အဆက်မပြတ် ထုတ်လွှင့်နေပါသည်။ ဆက်နွယ်သားရဲတွေက အရင်နေ့ရဲ့ အတွေ့အကြုံကို အခု တွေ့ကြုံခံစားခဲ့ရပြီး စိတ်လှုပ်ရှားနေသည်။ နောက်ဆုံးတွင် သူတို့က ငြိမ်သက်နေသော်လည်း သူတို့ရဲ့ အမြီးများကို ပို၍ရွှင်မြူးစွာ မယမ်းဘဲ မနေနိုင်ကြချေ။
ဆင်ကြီးနှစ်ကောင် ဖျော်ဖြေတဲ့အချိန်မှာ လူတွေ က လက်ဆောင်များ ပေးကြသည်။ ပထမဆုံး ဖရဲသီးအကြီးကြီး liveတွင် ထွက်ပေါ်လာတဲ့ အချိန်မှာတော့ အစက်အပြောက်ပါတဲ့ ကျားသစ်သားရဲ က ထိန်းမနိုင် သိမ်းမရဖြစ်ကာ စိတ်လှုပ်ရှားစွာ အော်ကာ လှိမ့်လိုက်သည်။ ထို့နောက် သူလုပ်ခဲ့သမျှ ကို သိတဲ့အခါ အမှားလုပ်မိသည် ဟု ထင်၍ မတ်တပ်ရပ်ကာ ရှဲ့စန်းဆီ ပျော့ပြောင်းတဲ့ အော်သံ ကို ပေးပြီး အဆူခံရသကဲ့သို့ ခေါင်းငုံ့ထားလိုက်သည်။
ရှဲ့စန်း က "အဆင်ပြေပါတယ်၊ အေးအေးဆေးဆေး နေပါ"
အစက်အပြောက်ပါတဲ့ ကျားသစ်သားရဲ က ပျော်ရွှင်စွာအမြီးကို ယမ်းကာ ရှဲ့စန်းကို မျှော်ကြည့်ပြီး နောက်ထပ် ညင်သာတဲ့ အော်သံတစ်ခုပေးလိုက်သည်။ ထို့နောက် ကျားသစ်နက်သားရဲရဲ့ ဘေးတွင်အိပ်ကာ ကျားသစ်နက်သားရဲရဲ့ လည်ပင်းတွင် သူ့ခေါင်းကို မှီထားလိုက်သည်။ သူ့ရဲ့ အရှေ့ခြေသည်း ကို ဆန့်ထုတ်လိုက်ပြီး သူ့မျက်နှာကို ကာလိုက်သည်။
[အရမ်း ချစ်စရာကောင်းတယ်!]
[Oh my god၊ အရမ်း ဉာဏ်ကောင်းတယ်။ သူ တကယ်ကို အကုန် နားလည်နိုင်တယ်။ တင်ဆက်သူ က သူ့ကို အမူအရာ လုပ်ပြခဲ့တာလား လို့ တွေးမိတယ်]
[အားးး! မဆက်နွယ်ရသေးတဲ့ ကျားသစ်ကြီး တစ်ကောင် လိုချင်တယ်။ အကျင့်စာရိတ္တ ကောင်းမယ် ဆိုရင် မွေးလို့ရနိုင်ပါ့မလား]
ဧရာမ ဆင်ကြီးတွေရဲ့ ဖျော်ဖြေပွဲ ပြီးသွားတဲ့အခါ ဧရာမ ခြင်္သေ့သားရဲနဲ့ ဧရာမ ဝံပုလွေသားရဲကြီးတို့ က စိတ်လှုပ်ရှားပြီး လက်ခုပ်သြဘာ ပေးကြသည်။
လက်ဆောင်ပေးတဲ့ ကာလ က အထွတ်အထိပ် ကို ရောက်နေပြီး စာများ က ရူးသွပ် သွားသလိုမျိုး ဝင်လာသည်။
[ဥာဏ်ကောင်းလိုက်တာ!] [ချစ်စရာကောင်းတယ်!] [ချစ်ဖို့ကောင်းလိုက်တာ!] မှတ်ချက်တွေ က ဒီလိုမျိုး ဖြစ်ပြီး လူများစွာက ဧရာမ ဝံပုလွေသားရဲ ကို ချစ်ကြောင်း ဝန်ခံခဲ့ကြသည်။
ရှဲ့စန်းရဲ့ အပြုံးပျောက်သွားသည်။ လူတွေက တကယ်ကို အမြင်အာရုံ နဲ့ ကြည့်တဲ့ သတ္တဝါတွေပဲ။ ဧရာမ ဝံပုလွေသားရဲကြီး က ကြီးမားတဲ့ ကြွက်သားများ ရှိပေမယ့်လည်း တစ်ချိန်တည်းမှာပင် သူက ထူးထူးခြားခြား ကြည့်ကောင်းနေသည်။ အဲဒါကို လိင်နှစ်မျိုးလုံး က ရိုးရှင်းစွာ လက်ခံထားကြသည်။
['ဖန်း' က တငဆက်သူအား ဖရဲသီးမိုးရွာပေးခဲ့သည်]
လက်ဆောင် အသံ သတိပေးချက်က liveအခန်းရဲ့ မျက်နှာပြင်ပေါ်၌ ဖရဲသီးမိုးရွာခြင်းရဲ့ အထူးသက်ရောက်မှုများ နှင့်အတူ ပလက်ဖောင်း တစ်ခုလုံး ကျယ်ကျယ်ပြန့်ပြန့် ကြေငြာခဲ့သည်။
“ဟိန်းဟောက်သံ!”
“အာဝူးးး!”
"မူးးးးး!"
“ဝူးးးး!”
“…”
မြေကြီးပေါ်တွင် လဲလျောင်းနေတဲ့ ဆက်နွယ်သားရဲတွေက သည်းခံဖို့ ကို ချက်ချင်း မေ့သွားကာ စိတ်လှုပ်ရှားစွာ အော်ဟစ်လိုက်ကြသည်။ liveလွှင့်မှု ဗားရှင်း ကို နားထောင်ရင်း ရှဲ့စန်း ခေါင်းကို ခါယမ်းလိုက်သည်။
သူ live ရဲ့ ဘယ်ဘက်ခြမ်း ကို ပိတ်ရန် လက်ကို မြှောက်ထားလိုက်သည်။ သူသာ မပိတ်လျှင်၊ ညာဘက်ခြမ်း တင်ဆက်သူရဲ့ လည်ပတ်မှု က အလိုအလျောက် မျက်နှာပြင်အပြည့် ဖြစ်လာတော့မည်။ သူ ဂရုမစိုက်မိဘဲ live streaming ကို ပိတ်လိုက်မိသည်...
နဖူးကို ပွတ်လိုက်သည်။ သူ့နေတဲ့ အခန်းရဲ့ ဖုန်းရွှေ ကမကောင်းဘူးလား? ဆယ်မိနစ်တိုင်း၊ အခြေအနေ တစ်ခုရှိနေသည်။
_______________________________________________________________
Pay Group အကြောင်း Message မှာ လာမေးလို့ရပါတယ်နော်၊ Gpမှာ ပြီးသွားပါပြီရှင့် 😊😊😊၊ December Promotion ရှိပါတယ်ရှင့်။ အားလုံးကို ကျေးဇူးတင်ပါတယ်ရှင့် (◍•ᴗ•◍)🤎🤎🤎
Zawgyi version
Chapter 55 : ေစာင့္ၾကည့္ စစ္ေဆးျခင္း
႐ွဲ႕စန္းသည္ ဆက္ႏြယ္သားရဲမ်ား အေၾကာင္း ေဆြးေႏြးမႈမ်ား ျပည့္ႏွက္ေနသည့္ ပို႔စ္ကို ႏွိပ္လိုက္သည္။ ပို႔စ္တြင္ screenshotsမ်ားစြာ တင္ထားခဲ့ၿပီး ဆက္ႏြယ္သားရဲေတြကို ႐ူးသြပ္စြာ ခ်ီးက်ဴးခဲ့ၾကၿပီး အားလုံး က ေမာ္ဒယ္တစ္ေယာက္ရဲ႕ အ႐ူးအမူး ပရိတ္သတ္ေတြကဲ့သို႔ ျဖစ္ေနသည္။
[Holy shit!၊ ဒီliveက ဘယ္လိုေတာင္ အံ့ၾသစရာေကာင္းတဲ့ liveလဲ။ live ရဲ႕ အခန္းနံပါတ္ေပး]
reply က မ်ားလြန္းသျဖင့္ စာက ေပ်ာက္လုနီးပါးျဖစ္သြားသည္၊၊ စကၠန္႔ပိုင္းအတြင္း live ခ်န္နယ္ ကို တင္ရန္ ပို႔စ္တင္သူအား တိုက္တြန္းသည့္ [ျမန္ျမန္ေပးပါ] ဆိုတဲ့ စာက မ်ားလာသည္။ ပို႔စ္တင္တဲ့သူ က ျမန္ျမန္ ဆန္ဆန္နဲ႔ လင့္ခ္ကို တင္ေပးထားသည္။
ဒါေပမယ့္ မၾကာခင္မွာပဲ ေနာက္ပိုင္း ပို႔စ္တင္တဲ့သူေတြက ႐ႈပ္ေထြးေနတဲ့ အၾကည့္နဲ႔ ျပန္ေျဖလာတယ္။
[?? မင္း လာေနာက္ေနတာလား? ဒီခ်န္နယ္ က liveမ႐ွိဘူးေလ]
[ဒီပုံေတြ က အတုျဖစ္ရမယ္။ ဆက္ႏြယ္သားရဲေတြ က လြန္ခဲ့တဲ့ ရက္အနည္းငယ္ သစ္ေတာအစြန္းမွာ ႐ွိေနၾကတာေလ၊ အဆင့္ျမင့္ ဆက္ႏြယ္သားရဲေတြ က ဒီေလာက္ နာခံမႈ႐ွိတာကို အံ့ၾသမိတယ္။ သူတို႔ကို အိမ္ေမြး တိရစၧာန္ေတြ အျဖစ္ ဆက္ဆံခံေနရတာလား?]
[အဲလို မေျပာပါနဲ႔ ၊ သူတို႔ က ေတာ္ေတာ္ေကာင္းပါတယ္။ သူတို႔ကို ႐ွာပါ၊ ဆက္သြယ္ဖို႔ အခ်က္အလက္ကိုခ်န္ထားေပးပါလား၊ Aအဆင့္ ဆက္ႏြယ္သားရဲေတြနဲ႔ အနီးကပ္ ထိေတြ႕ခြင့္ရဖို႔၊ စိတ္ကူးယဥ္ အိပ္မက္ ကို အေကာင္အထည္ ေဖာ္ဖို႔ စဥ္းစားေပးၾကပါ]
ေမးခြန္းေတြ ဆက္တိုက္ ထြက္ေပၚလာၿပီးေနာက္၊
[ငါ မလိမ္ဘူး။ ဒါ ငါ့ရဲ႕ screenshotေတြ ပါ၊ စိတ္တိုလိုက္တာ!!! တင္ဆက္သူ liveလႊင့္တာ အရမ္း ေကာင္းလြန္းေတာ့ အခ်က္အလက္ ကို လိမ္ထားတယ္လို႔ မွားယြင္းယူဆၿပီး ပိတ္လိုက္တယ္ေလ။ တကယ့္ကို အမိႈက္လို လက္ေထာက္ပဲ။ စိတ္ဆိုးလြန္းလို႔ပါ!]
သူ႕အေျဖေနာက္တြင္ ဗြီဒီယိုတစ္ခု ျပခဲ့သည္။
႐ွဲ႕စန္း ႏွိပ္ၾကည့္ေတာ့ အဲဒါက သူ႕ရဲ႕ live ကို မွတ္တမ္းတင္ထားတာ ျဖစ္ေသာ္လည္း အျပည့္အစုံ မဟုတ္ေပ။ ဧရာမဆင္ႀကီးေတြရဲ႕ ေရဖ်န္းတာကေန စၿပီး live က ႐ုတ္တရက္ ပိတ္သြားတဲ့အထိ ျဖစ္သည္။
[အားးးးးး ဒါက ခ်စ္စရာေကာင္းလြန္းတယ္!]
[ခ်စ္စရာေကာင္းလိုက္တာ! ဧရာမ ျခေသၤ့သားရဲနဲ႔ ဧရာမ ဝံပုေလြသားရဲ က တကယ္ႀကီး လက္ခုပ္တီးႏိုင္တယ္။ ဉာဏ္ေကာင္းလြန္းတယ္]
[Hahahaha! လက္ေဆာင္ေပးတဲ့ သတိေပးခ်က္ကိုၾကားၿပီးေနာက္ သူတို႔ တုံ႔ျပန္ခဲ့ၾကတာ ရယ္ရတယ္။ ဂ႐ုတစိုက္ နားေထာင္ၾကည့္ပါ၊ တင္ဆက္သူရဲ႕ လန္႔ၿပီး ေလမႈတ္ထုတ္တဲ့ အသံကိုေတာင္ ၾကားရတယ္]
[ထပ္နားေထာင္လိုက္ေတာ့ ဟုတ္တယ္၊ရယ္ရတယ္ ဟုတ္တယ္ မဟုတ္လား]
႐ွဲ႕စန္း ၾကည့္ေနတဲ့ အခ်ိန္ သူ႕နားထဲတြင္ ႏူးညံ့တဲ့ ရယ္ေမာသံ ကို ၾကားလိုက္ရသည္။ ႐ွဲ႕စန္း အသံကို ခ်ဲ႕ၾကည့္ကာ အသံကို ျပန္နားေထာင္ၿပီးေနာက္ ဖန္သားျပင္ကို လက္ညိႇဳးထိုးျပၿပီး
"ငါက မေၾကာက္ပါဘူး၊ ႐ုတ္တရက္ အသံထြက္လာတာပါပဲ!"
မိုင္နဲ က တိုးတိုးေလးရယ္သည္။ "မင္း မေၾကာက္ပါဘူး... မင္း သူတို႔နဲ႔ စကားေျပာလို႔ ရတာလား"
႐ွဲ႕စန္း က ဖုံးကြယ္မထားေပ။ “အင္း ၊ သူတို႔ က ဆက္သြယ္လာမွပဲ ငါ သူတို႔နဲ႔ ဆက္သြယ္ႏိုင္တယ္၊ ဒါေပမယ့္ ငါတို႔ ေျပာတာကို သူတို႔ နားလည္ႏိုင္တယ္”
မိုင္နဲ က “မင္းက အရမ္း ေတာ္တာပဲ”
႐ွဲ႕စန္း ျပဳံးလိုက္သည္။ “အဲဒါ အရင္က ေတာထဲမွာ သြား႐ွာတဲ့ ကိစၥနဲ႔ ပတ္သက္တယ္။ အဲဒါက သူတို႔အားလုံးကို သက္ေရာက္မႈ ခံစားရေစခဲ့တဲ့ စြမ္းအင္တစ္ခု ျဖစ္ၿပီး အခု စြမ္းအင္က ငါ့ဆီမွာ ႐ွိေနၿပီ၊ အဲဒါေၾကာင့္ ငါ သူတို႔နဲ႔ ဆက္သြယ္လို႔ရတယ္”
မိုင္နဲ က “မင္း ႐ွာဖို႔ က်န္တဲ့အရာကလည္း စြမ္းအင္ေတြပဲလား” လို႔ ေမးလိုက္သည္။
“ဟုတ္တယ္” ႐ွဲ႕စန္း ျပန္ေျဖလိုက္သည္။ သူက မ်က္ႏွာျပင္ကို ေအာက္ကို ဆြဲၿပီး ပို႔စ္ကို ဆက္ဖတ္လိုက္သည္။
[အားးးးးး၊ ဒီ႐ိႈးမွာ ဘာေတြ ဆက္ျဖစ္မလဲ သိခ်င္ေနတယ္လို႔?]
[ သိခ်င္ေနတယ္ +1. ထရီလ္ရဲ႕ လက္ေထာက္ က ျပႆနာ႐ွိေနတာ မဟုတ္ဘူးလား? ဒီလို liveမ်ိဳး က အသစ္ ျဖစ္ေနရင္ေတာင္ လူႀကိဳက္မ်ားေလ့ ႐ွိတယ္ေလ။ liveကို ဘယ္အခ်ိန္ စမွာလဲ ဆိုတာ အရမ္း သိခ်င္ေနပါတယ္လို႔ ၊ အားးးး!]
[Liveလႊင့္တာ ကို စုၿပီး ထိုင္ေစာင့္ၾကရေအာင္!]
[တင္ဆက္သူရဲ႕ အေထာက္အထား ကို ဘယ္သူကမွ မသိခ်င္ၾကဘူးလား? အဆင့္ျမင့္ ဆက္ႏြယ္သားရဲေတြ ကိုတင္ဆက္ႏိုင္တဲ့သူ က မ႐ိုး႐ွင္းေလာက္ဘူး!!!]
[ဆက္ႏြယ္သားရဲ အခ်က္အလက္ ဌာန က တစ္စုံတစ္ေယာက္ ျဖစ္ႏိုင္မလား။ ဒီအသံက ဥကၠဌမုရဲ႕ အသံမဟုတ္ဘူး။ ဥကၠဌမု ကို ပယ္လိုက္ပါ]
အင္တာနက္ အသုံးျပဳသူေတြ က တင္ဆက္သူရဲ႕ အေထာက္အထား ကို စတင္ ခန္႔မွန္းေနၾကၿပီး ျဖစ္ႏိုင္ေျခမ်ား ကို ေဆြးေႏြးရန္ ဆက္ႏြယ္သားရဲ အဖြဲ႕အစည္းမွ လူေတြ ကို တစ္ေယာက္ၿပီး တစ္ေယာက္ ဆြဲထုတ္ခဲ့သည္။
႐ွဲ႕စန္း စဥ္းစားၿပီး ပို႔စ္ကို အမွတ္အသား လုပ္လိုက္သည္။ လူႀကိဳက္မ်ားမႈ ကို ဆြဲေဆာင္ဖို႔ ထုတ္လႊင့္မႈ ျပန္စတင္ခ်ိန္ သူတို႔အား အသိေပးဖို႔ ဒီေနရာ ကို လာရန္ ဆုံးျဖတ္ခဲ့သည္။
ထရီလ္ရဲ႕ ဌာနခ်ဳပ္႐ုံးတြင္ ဝတ္စုံ ဝတ္ထားသည့္ သက္လတ္ပိုင္း အမ်ိဳးသားတစ္ဦးကလည္း ညစာစားၿပီဴေနာက္ ဝဘ္ဆိုက္ဒ္ကို ၾကည့္ေနသည္။ ေအးေအးေဆးေဆး အေနအထားျဖင့္ ထိုင္ခုံတြင္ မတ္မတ္ျပန္ထိုင္ကာ ထိပ္ဆုံး ပို႔စ္ကို ႏွိပ္လိုက္သည္။ ခဏအၾကာတြင္၊ သူ႕ခႏၶာကိုယ္ က ႐ုတ္တရက္ ေ႐ွ႕သို႔ ကိုင္းသြားၿပီး သူ႕လက္ေခ်ာင္းေတြ က မ်က္ႏွာျပင္ကို အျမန္ ေ႐ြ႕လိုက္သည္။ ဆက္ႏြယ္သားရဲမ်ား အေၾကာင္း သတင္းကို သူျမင္ၿပီး ထရီလ္တြင္ ႐ွိေၾကာင္း သိ႐ွိခဲ့သည္။ သူရဲ႕ မ်က္လုံးမ်ား က အလြန္ ေတာက္ပတဲ့ စိတ္လႈပ္႐ွားမႈ အလင္းေရာင္ ကို ထုတ္လႊတ္လိုက္ၿပီး သူ႕လက္ ကအနည္းငယ္ တုန္ခါသြားသည္။
သူတို႔ရဲ႕ ကုမၸဏီမွာ ေနာက္ထပ္ နာမည္ႀကီး တင္ဆက္သူ တစ္ေယာက္ ႐ွိေတာ့မယ္။
သူက ဆက္ၿပီး မၾကည့္ေတာ့ဘဲ ေနာက္ကြယ္ စီမံခန္႔ခြဲမႈကေန တစ္ဆင့္ တင္ဆက္သူ 'ဆက္ႏြယ္သားရဲမ်ား' ရဲ႕ အခ်က္အလက္ကို ခ်က္ခ်င္း စစ္ၾကည့္လိုက္တယ္။ ၂၄နာရီထက္ နည္းေသာ အခ်ိန္အတြင္း တင္ဆက္မႈလုပ္ၿပီးေနာက္၊ 'ဆက္ႏြယ္သားရဲမ်ား' ရဲ႕ လူႀကိဳက္မ်ားမႈ က 300,000 နီးပါး႐ွိေနၿပီ ျဖစ္သည္။
သူ စိတ္လႈပ္႐ွားေနေသာ္လည္း သူတစ္ခ်က္ ၾကည့္လိုက္ေတာ့ 'ဆက္ႏြယ္သားရဲမ်ား' ၏ အေျခအေနကို သူေတြ႕လိုက္ရသည္- စာခ်ဳပ္ကို ရပ္စဲရန္ ေလွ်ာက္ထားသည္။
ဘာေတြျဖစ္ေနတာလဲ? ဝန္ေဆာင္မႈက မေကာင္းဘူးလို႔ ထင္ေနတာလား။
သူ ဆက္သြယ္ေရးကို ဖြင့္ၿပီး 'ဆက္ႏြယ္သားရဲမ်ား' ရဲ႕ လက္ေထာက္, 808 ကို တိုက္႐ိုက္ ဆက္သြယ္ခဲ့သည္။ တစ္ဖက္မွ ႏႈတ္ဆက္တဲ့ အသံ မဆုံးမီ သူ က စိတ္လႈပ္႐ွားေနတဲ့ ေလသံျဖင့္
"မင္းတာဝန္ယူထားတဲ့ တင္ဆက္သူ 'ဆက္ႏြယ္သားရဲမ်ား' သူက ဘာေၾကာင့္ ရပ္စဲဖို႔ ေလွ်ာက္ထားရတာလဲ”
808 တုန္လႈပ္သြားၿပီး သူ႕အသံက တုန္လႈပ္ေနသည္။
“ငါ~~ငါ မသိဘူး"
"မသိဘူး? သူ က ဘာလဲ ဆိုတာ မင္းသိလား? ဒီလို တင္ဆက္သူမ်ိဳး က ႏွစ္၁၀၀တိုင္းမွာေတာင္ ေပၚလာမွာ မဟုတ္ဘူး။ မဟုတ္ေသးဘူး၊ ႏွစ္၁၀၀၀မွာေတာင္ ျမင္ရခဲတယ္။ မင္း သူ႕ကို မေခ်ာ့ႏိုင္ဘူးလား။ မင္း ဘယ္နည္းလမ္းကို သုံးလဲဆိုတာ ငါ ဂ႐ုမစိုက္ဘူး၊ သူ႕စာခ်ဳပ္ ကို မဖ်က္ရဘူး!"
808 က ႐ွဲ႕စန္းရဲ႕ ျပန္လည္ေလွ်ာက္ထားရန္ ျငင္းဆန္သည့္ ေလသံကို ေတြးကာ တိုးတိုးေလး ေျပာလိုက္သည္။
"မန္ေနဂ်ာ၊ ကြၽန္ေတာ္ သူ႕ကို ခ်ဥ္းကပ္ၿပီး စဥ္းစားခိုင္းထားေပမယ့္ သူ႕သေဘာထား က အရမ္း ခိုင္မာေနတယ္"
မန္ေနဂ်ာ က သူ႕လက္ကို စားပြဲေပၚ တင္လိုက္သည္။
“သူ က ႐ုတ္တရက္ႀကီး တင္ဆက္သူ မျဖစ္ခ်င္ေတာ့ဘူးလို႔ ဆိုလိုတာလား? ဒါေပမယ့္ သူ႕ရဲ႕ စုစုေပါင္း live time က ၁၀မိနစ္ပဲ႐ွိတယ္ေလ။ အေပ်ာ္လုပ္တာ ဆိုရင္ေတာင္ မွားေနၿပီ”
808 သည္ ထိုသူက အဲဒီလို ေတြးေတာေနသျဖင့္ ပို၍ပင္ တုန္လႈပ္သြားသည္။ ဒီလို အရာေတြ ဘယ္လို ျဖစ္လာမည္ ကို သူ မသိခဲ့ေပ။ ပို႔စ္ကိုလည္း သူျမင္ထားၿပီး လိမ္ညာလိုက္ရင္ေတာင္ မၾကာခင္ ေပၚသြားလိမ့္မယ္။ ဒါက ႐ိုး႐ိုး႐ွင္း႐ွင္း ေျပာရရင္ ျပစ္မႈတစ္ခုလိုပဲ။
"ကြၽန္ေတာ္ ေတာင္းပန္ပါတယ္၊ ကြၽန္ေတာ္႕ အျပစ္ပါ!" သူစဥ္းစားလိုက္ၿပီး တစ္ခုတည္းေသာ နည္းလမ္းက သူ႕အမွားကို ႐ိုး႐ိုးသားသား ဝန္ခံဖို႔ပဲ ျဖစ္သည္။
“မေန႔က သူ႕အခ်က္အလက္ေတြ က အရမ္း ေကာင္းလြန္းတယ္။ သူ ၿဖီးျဖန္းေနတယ္လို႔ ကြၽန္ေတာ္ ထင္ခဲ့ၿပီး သူ႕ရဲ႕ liveလႊင့္မႈကို ပိတ္ခဲ့တယ္"
"ဘာ?!!! မင္းက အ႐ူးလား? မင္း သူ႕liveကို ၾကည့္ဖို႔ မသြားဘူးလား?" မန္ေနဂ်ာက က်ယ္ေလာင္စြာ ေအာ္ဟစ္လိုက္သည္။
808၊ “ကြၽန္ေတာ္က ယြဲ႕ရီ ရဲ႕ liveထဲမွာပါ။ သူက လူႀကိဳက္မ်ားၿပီး ကြၽန္ေတာ္က သူ႕ကို ကူညီေပးတယ္။ တင္ဆက္သူ တစ္ေယာက္ခ်င္းစီ ရဲ႕ အခ်ိန္နဲ႔ တစ္ေျပးညီ အခ်က္အလက္ေတြကို ၾကည့္႐ႈဖို႔ ေနာက္ကြယ္ က လက္ေထာက္ ကို အသုံးျပဳခဲ့တယ္။ သူ တက္လာပုံ က အရမ္းမ်ားၿပီး အဲဒါက ပုံမွန္မဟုတ္တာနဲ႔ ကြၽန္ေတာ္__"
"ပါးစပ္ပိတ္ထား!" မန္ေနဂ်ာက လန္႔သြားသည္။
“သူ ၿဖီးျဖန္းေနရင္ေတာင္ သူ လႊင့္ေနတဲ့ အေၾကာင္းအရာ ကို မင္း သြားၾကည့္သင့္တယ္။ မင္းက ႀကီးမားတဲ့ က်႐ႈံးမႈတစ္ခုျဖစ္ေအာင္ တကယ္ႀကီး သူ႕ရဲ႕ liveကို ပိတ္ထားလိုက္တယ္။ သူ စာခ်ဳပ္ကို တကယ္ ဖ်က္လာခဲ့ရင္ မင္းလည္း ကုမၸဏီကေန ထြက္သြားရမယ္!!!”
"မန္ေနဂ်ာ" 808 က ကမန္းကတန္း ေျပာလိုက္သည္။ "ေတာင္းပန္ပါတယ္၊ ေနာက္တစ္ခါ သတိထားပါ့မယ္"
" 'ဆက္ႏြယ္သားရဲမ်ား' နဲ႔ စကား သြားေျပာပါ။ သူ႕မွာ ေတာင္းဆိုမႈေတြ အရမ္း မ်ားေနေသးရင္ေတာင္ အားလုံး ကို သေဘာတူလိုက္ပါ။ စာခ်ဳပ္ကို ရပ္စဲလိုက္တဲ့ သတင္းကို ငါ ျမင္ရရင္ မင္း ႏုတ္ထြက္ရမယ့္ သတင္းကိုလည္း ငါ ေတြ႕ရလိမ့္မယ္”
808 သည္ ျပတ္က်သြားတဲ့ ဆက္သြယ္မႈကို ၾကည့္ကာ ေနာင္တေတြက သူ႕အူေတြ ကို စိမ္းေစခဲ့သည္။ တင္ဆက္သူ အသစ္ က အမွန္တကယ္ အလြန္ အစြမ္းထက္တာကို သူဘယ္လိုလုပ္ သိႏိုင္မွာလဲ?။ အစက သူ႕ကို သတိေပးခ်င္တာ။ ဒါေပမယ့္ သူ အလုပ္ျပဳတ္မယ္လို႔ မေမွ်ာ္လင့္ထားခဲ့ေခ်။
႐ွဲ႕စန္း က ပို႔စ္ေတြကို ၿပီးေအာင္ဖတ္ၿပီး လြန္းပ်ံယာဥ္ေနာက္ခန္းမွာ အိပ္ဖို႔ ျပင္လိုက္သည္။ 808 ဆီက မက္ေဆ့ခ်္ကို လက္ခံရ႐ွိခ်ိန္မွာ တစ္ေရးတစ္ေမာ အိပ္ဖို႔ အဆင္သင့္ ျဖစ္ေနၿပီ။
[ငါတကယ္ ေတာင္းပန္ပါတယ္၊ အားလုံးက ငါ့အမွားပါ။ ေက်းဇူးျပဳၿပီး ငါ့ကို ခြင့္လႊတ္မွရမယ္။ စာခ်ဳပ္ကို မဖ်က္ပါနဲ႔။ လိုအပ္ခ်က္ေတြ ႐ွိေနရင္ အဲဒါေတြ ေျပာလို႔ရပါတယ္။ လစာ ခြဲေဝတဲ့ အခ်ိဳးကိုလည္း ညႇိႏိႈင္းလို႔ ရပါတယ္]
႐ွဲ႕စန္း စာကို ၾကည့္လိုက္သည္။ [ေတာင္းဆိုစရာ မ႐ွိပါဘူး။ စာခ်ဳပ္ကို ဖ်က္သိမ္းဖို႔ ကြၽန္ေတာ္ ဆုံးျဖတ္လိုက္ပါၿပီ]
သူျပန္ေျဖၿပီးေနာက္ မက္ေဆ့ခ်္ရဲ႕ ေႏွာင့္ယွက္ခံရျခင္းမွ ေ႐ွာင္႐ွားႏိုင္ရန္ 808 ကို အမည္ပ်က္စာရင္းထဲ ထည့္သြင္းခဲ့သည္။
မိုင္နဲ က သူ႕ကို လက္ေမာင္းထဲ ထည့္ကာ ဖက္ထားသည္။ ေနာက္ထိုင္ခုံက သိပ္မက်ယ္ေပ၊ လူႏွစ္ေယာက္ တြဲၿပီးထိုင္လိုက္ေတာ့ အျပည့္နီးပါး ျဖစ္သြားသည္။ ႐ွဲ႕စန္း မိုင္နဲရဲ႕ လက္ကို ပုတ္လိုက္သည္။
" ငါက ေ႐ွ႕ခုံမွာ ဘာလို႔ သြားၿပီး ထိုင္လို႔ မရတာလဲ? အဲဒါဆို မင္း သက္ေတာင့္သက္သာ ထိုင္လို႔ ရတယ္ေလ"
မိုင္နဲ က သူ႕လည္ပင္း တစ္ဖက္ကို ပြတ္သပ္ၿပီး ႐ွဲ႕စန္းရဲ႕ေျခဖဝါးေပၚ သူ႕ေျခေထာက္တင္ၿပီး သူ႕တစ္ကိုယ္လုံး နဲ႔ ဖက္ထားတယ္။
“မလိုဘူး၊ ဒါက ေကာင္းတယ္။ အိပ္ခန္းထဲက ကုတင္က အရမ္းႀကီးတယ္"
႐ွဲ႕စန္း က ေျပာစရာ စကားမ႐ွိေတာ့ေပ။ အိပ္ရာက ေသးတာ မဟုတ္ေပမယ့္ ပုခက္နဲ႔ သိပ္မကြာေခ်။ မိုင္နဲ က ေန႔တိုင္း သူ႕ေဘးမွာ အိပ္တယ္၊ ကုတင္ရဲ႕ အစိတ္အပိုင္း ေတာ္ေတာ္မ်ားမ်ား က လြတ္ေနတယ္။ သက္ေတာင့္သက္သာ ႐ွိတဲ့ အေနအထားကို ထိန္းညႇိဖို႔ ႀကိဳးစားတဲ့အခါ သူ႕နား႐ြက္ ေဘး႐ွိ မိုင္နဲရဲ႕ အသက္႐ႈသံ က ႐ုတ္တရက္ ျမန္လာၿပီး နားကို ထိေနတဲ့ အသက္႐ွဴသံ က ပူလာသည္။
႐ွဲ႕စန္း ခ်က္ခ်င္းပင္ လႈပ္႐ွားမႈကို ရပ္တန္႔လိုက္ၿပီး အားကိုးရာမဲ့ကာ ရယ္ေမာလိုက္သည္။
"မင္းမွာ စြမ္းအင္ေတြ အရမ္း မ်ားေနတယ္!"
မိုင္နဲ က နား႐ြက္ ကို ညင္သာစြာ ကိုက္လိုက္သည္။ ႐ွဲ႕စန္းရဲ႕ ခႏၶာကိုယ္ က အထိန္းအကြပ္မ႐ွိ တုန္လႈပ္သြားသည္။ နား႐ြက္ကို အုပ္ထားရင္း ေခါင္းက ေ႐ွ႕ကို ေ႐ြ႕သြားကာ အသက္႐ႈမဝသလို ျဖစ္ေနသည္။
“ရပ္လိုက္ေတာ့။ ငါ အနားယူရမယ္၊ ငါ ဒီေန႔လည္ မိဘမဲ့ ေဂဟာကို သြားရမယ္"
မိုင္နဲရဲ႕ လက္ က သူ႕ခါးကို ဖက္ထားၿပီး အနည္းငယ္ သန္မာလာသည္။ သူ႕ေခါင္းကို လည္ပင္းမွာ ျမႇဳပ္ထားၿပီး သူ႕အလို ကို မထိန္းႏိုင္ေတာ့ဘဲ သူ႕အသံက နိန္႔က်ေနသည္။
“မင္း ဘာလို႔ မိဘမဲ့ေဂဟာကို သြားေနတာလဲ”
႐ွဲ႕စန္း က အဲဒါကို ေျပာဖို႔ သင့္ေတာ္တဲ့ နည္းလမ္းကို စဥ္းစားခဲ့တယ္။ ညာဘက္ပခုံးကို ၫႊန္ျပလိုက္သည္။
“အဲဒါ က လူေတြကို ကူညီၿပီး ျပန္ေပးတဲ့ ေက်းဇူးတင္မႈ ကို သေဘာက်တယ္။ အဲဒါ က သူ႕ရဲ႕ စြမ္းရည္ကို အားေကာင္းေစၿပီး အားေကာင္းေလ၊ ငါ လိုအပ္တဲ့ စြမ္းအင္ ကို ျမန္ျမန္ ႐ွာေဖြႏိုင္ေလပဲ"
အဲဒါကို ေျပာရင္း မိုင္နဲရဲ႕ လက္ကို မကိုင္ဘဲ မေနႏိုင္ေပ။ သူနဲ႔ မိုင္နဲ ဆက္ဆံေရး ထူေထာင္ၿပီးကတည္းက မိုင္နဲ က သူ႕အတြက္ စြမ္းအင္ ဆယ္ခုကို ေန႔တိုင္း ေပးေလ့႐ွိတယ္။
အဲဒီ့ အေၾကာင္းျပခ်က္ေၾကာင့္ သူ မိုင္နဲရဲ႕ ခံစားခ်က္ကို သံသယဝင္မိသည္ ။
မိုင္နဲ က “လူေတြကို ကူညီေနတာလား? ဆင္းရဲ ႏြမ္းပါးတဲ့ ေဒသမွာ လုပ္ရတာ ပိုလြယ္မယ္”
႐ွဲ႕စန္း ေခါင္းယမ္းလိုက္သည္။ “မလြယ္ပါဘူး။ ဆင္းရဲသား ရပ္ကြက္ေတြ ကို အစားအေသာက္ေတြ ပို႔ေပးဖို႔ သြားဖူးတယ္၊ ရလဒ္ေတြ က အလယ္အလတ္ပဲ။ လူတိုင္းက ေက်းဇူးမတင္ပါဘူး။ စိတ္မပူပါနဲ႔၊ ေနာက္လာမယ့္ စြမ္းအင္က ဘယ္မွာ႐ွိတယ္ ဆိုတာ ရက္အနည္းငယ္ၾကာရင္ သိႏိုင္မွာပါ”
ႏွစ္ေယာက္သား တစ္ေရးတစ္ေမာ အိပ္ၾကၿပီး ညစာ စားရန္ တိုက္ခန္းသို႔ မျပန္မီ မိဘမဲ့ ေဂဟာသို႔ သြားကာ စီးပြားေရးလုပ္ရန္ အိပ္ခန္းသို႔ ျပန္လာၾကသည္။
မိုင္နဲက ထိုင္ခုံေပၚတြင္ ထိုင္၍ အေျပာအဆိုမဲ့သည့္ လက္ဖဝါးအ႐ြယ္ အသံသြင္းစက္ ကို ဆြဲထုတ္ကာ နားၾကပ္ကို တပ္လိုက္ၿပီး ထိုင္ခုံေပၚ မွီလိုက္သည္။
ဆိုရီယာရဲ႕ အသံ ထြက္လာသည္။ သူက ဂ်ဴေလာ့စ္အေၾကာင္းကို ေမးၿပီး လက္ေအာက္ ငယ္သားေတြ ကို ဆူပူႀကိမ္းေမာင္းကာ ပန္းကန္နဲ႔ ဇြန္းကို ခ်လိုက္တယ္။
“သားေလး၊ မေန႔ည က မစားဘူးဘူး လို႔ ၾကားတယ္။ ေဖေဖ မင္းကို ဟင္းရည္ ယူလာေပးတယ္။ နည္းနည္းစားပါ”
တံခါး အဖြင့္အပိတ္သံ က တစ္ခုစီ ထြက္ေပၚလာၿပီး ဆိုရီယာ က စိုးရိမ္ ေသာကေရာက္ေနတဲ့ အသံျဖင့္ ေျပာလိုက္သည္။
“ေဖေဖ” ဂ်ဴေလာ့စ္ရဲ႕ အသံ က ေဒါသနဲ႔ စိုး႐ြံ႕မႈမ်ား ႐ွိေနသည္။
“ဒီေန႔ အေဖက လူငယ္ တစ္ေယာက္ ကို ေခၚလာတယ္လို႔ ၾကားတယ္။ အဲဒါ ဘယ္သူလဲ?"
ဆိုရီယာရဲ႕ အသံ က ေအးစက္သြားၿပီး “အဲဒါ ကုေမာ့”
" ဒုတိယ အဘိုးရဲ႕ ပါးစပ္ဖ်ားမွာ တစ္ေနကုန္ ႐ွိေနတဲ့ ကုေမာ့?" ဂ်ဴေလာ့စ္ရဲ႕ အသံ က ထိတ္လန္႔တၾကား ျဖစ္လာသည္။
“ အေဖက ဘာကို ဆိုလိုခ်င္တာလဲ? သူက ကြၽန္ေတာ့္ကို စြန္႔ပတ္ၿပီး ေကာ့စ္မိသားစုကို ဦးေဆာင္ဖို႔ တျခားတစ္ေယာက္ ကို ေလ့က်င့္ေပးေတာ့မွာလား"
“စိတ္ေအးေအးထားပါ” ဟု ဆိုရီယာက အၾကံေပးသည္။ “မင္းက မင္းအေဖရဲ႕သား။ သူက မင္းကို အ႐ႈံးမေပးဘူး"
"ေဖေဖ၊ လိမ္ေနတာ! ကြၽန္ေတာ္ မၾကာခင္ ၿပီးေအာင္ လုပ္ရမယ္။ ကြၽန္ေတာ္ သန္မာလာမွ ေဖေဖက ကြၽန္ေတာ္႕ အေပၚ တကယ္ လက္မေလွ်ာ့မွာ”
ဆိရီယာ က “အင္း၊ ငါ့မွာ စုံစမ္းေပးဖို႔ တစ္ေယာက္ေယာက္ ႐ွိေနၿပီ။ ဧရာမ ျခေသၤ့သားရဲႀကီးတစ္ေကာင္ မၾကာေသးခင္ က ေတာရဲ႕ အေ႐ွ႕ဘက္ျခမ္းမွာ ေပၚလာသည္။ ႐ွာေတြ႕တာနဲ႔ ျပန္ယူလာလိုက္မယ္"
“ကုေမာ့ ကလည္း ဧရာမ ျခေသၤ့ သားရဲသခင္တစ္ေယာက္ ဆိုတာ မွတ္မိေသးတယ္ ။ ငါ ျပန္ယူလာၿပီး အေဖသိသြားရင္ ကုေမာ့နဲ႔ ဆက္ႏြယ္ခြင့္ ေပးလိုက္ရမွာလား?"
ဂ်ဴေလာ့စ္ စိတ္ပူသြားသည္။ “မဟုတ္ဘူး၊ ကြၽန္ေတာ္ အျပင္ထြက္ၿပီး ဆက္ႏြယ္ထားမွ ရမယ္။ အေဖ့ကို သိခြင့္ မေပးႏိုင္ဘူး”
ဆိုရီယာ က “အဆင္ေျပပါတယ္။ ႐ွဲ႕စန္း ကို ရဖို႔ အခြင့္အေရး မ႐ွိဘူး။ သူမ႐ွိရင္ ဧရာမ ျခေသၤ့ႀကီး ကို ေတြ႕ရင္ေတာင္ ခဏေလာက္ ဆက္ႏြယ္လို႔ ရမွာ မဟုတ္ဘူး"
“မဟုတ္ဘူး အေဖ၊” ဂ်ဴေလာ့စ္ က ေျပာသည္။ "ေဆး႐ွိတယ္ ဆိုတာ ေမ့သြားၿပီလား"
“မျဖစ္ဘူး!” ဆိုရီယာ ခ်က္ခ်င္း ျပန္ေျပာလိုက္သည္။ “ၿပီးခဲ့တဲ့ အႀကိမ္ က ဒဏ္ရာေၾကာင့္ ငါ ေသေတာ့မလို လန္႔သြားၿပီးၿပီ။ ငါ မင္းကို ဒီလို ထပ္လုပ္ခြင့္ မေပးေတာ့ဘူး"
“ၿပီးခဲ့တဲ့ အႀကိမ္က ေျပာင္းျပန္ မျဖစ္ေအာင္ တားဖို႔ ေဆး အလုံအေလာက္ မ႐ွိခဲ့ဘူး။ ေဖေဖ၊ ဒီအတြက္ ၂ခုစလုံး ျပင္ဆင္မွ ျဖစ္မယ္။ ဧရာမ ျခေသၤ့သားရဲ ကို ႐ွာဖို႔ အာ႐ုံစိုက္ပါ၊ ဒါေပမယ့္ ႐ွဲ႕စန္း သူ႕ကိုဖမ္းဖို႔လည္း အဆင္သင့္ ျဖစ္ေနပါေစ။ ဧရာမ ျခေသၤ့ႀကီး ကို မေတြ႕ခင္မွာ သူ႕ကို ဖမ္းမရရင္ ေဆးကို သုံးလိုက္ပါ”
ဆိုရီယာ ခဏေလာက္ စဥ္းစားလိုက္တယ္။ “ေကာင္းၿပီ”
အသံသြင္းစက္အား စိုက္ၾကည့္ေနစဥ္ မိုင္နဲရဲ႕ အမူအရာမွာ ေအးစက္ေနသည္။ သူ႕မ်က္လုံးေတြ က အနည္းငယ္နီေနၿပီး လက္ေတြ ကို လက္သီး ဆုပ္ထားသည္။
'အားစန္း ကို ထိခ်င္တဲ့သူတိုင္း ကို သူ အလြတ္မေပးဘူး'
႐ွဲ႕စန္း အပင္ေလ့က်င့္မႈ ၿပီးသြားၿပီးေနာက္ ေရခ်ိဳးလိုက္သည္။ ေရခ်ိဳးခန္းထဲ က ထြက္လာေတာ့ ဆံပင္ေတြ စိုစြတ္ေနေသးတဲ့ မိုင္နဲ က ေကာက္ခ်ိၿပီး ကုတင္ေပၚ ပစ္တင္လိုက္သည္။ သူ လန္႔သြားေသာ္လည္း ဘာမွျပန္မေျပာမီ မုန္တိုင္းထန္ေသာ အနမ္းျဖင့္ ႏႈတ္ဆက္လိုက္ရသည္။ သူ႕လည္ပင္းကို နည္းနည္း ေစာင္းထားကာ မိုင္နဲရဲ႕ ေ႐ႊေရာင္ဆံပင္မ်ားတြင္ သူ႕လက္ေခ်ာင္းမ်ားကို ျဖည္းညႇင္းစြာ လိမ္လိုက္ၿပီး ျပန္နမ္းလိုက္သည္။
ႏွစ္ေယာက္စလုံးက ငယ္ငယ္႐ြယ္႐ြယ္နဲ႔ သန္မာၿပီး အနမ္းက နည္းနည္း ျပင္းထန္ေနသျဖင့္ မၾကာခင္မွာပဲ သူတို႔ရဲ႕ အသက္႐ွဴသံေတြ က ပူၿပီး ေလးလံလာသည္။ ႐ွဲ႕စန္းရဲ႕ လက္ေတြ က မိုင္နဲရဲ႕ ေခါင္းမွ ေအာက္သို႔ေလွ်ာက်လာၿပီး သူ႕ေနာက္ေက်ာ ကို ဖက္ထားလိုက္သည္။
႐ွဲ႕စန္း၏ ခါးတစ္ဝိုက္႐ွိ မိုင္နဲရဲ႕ လက္က တင္းက်ပ္လာၿပီး အသက္႐ွဴမဝ ျဖစ္လာသည္။ ေအာ္လိုက္ေတာ့ မိုင္နဲ က အေနာက္ ကို နည္းနည္း ဆုတ္လိုက္သည္။ သူက သူ႕ကို စူးစူးရဲရဲနဲ႔ ၾကည့္ေနတယ္။
"ဘာျဖစ္တာလဲ?"
မိုင္နဲက ႏႈတ္ခမ္းေထာင့္ ကို နမ္းလိုက္သည္။
"မင္းက ကိုယ့္အပိုင္ပဲ"
႐ွဲ႕စန္း မ်က္ခုံးပင့္လိုက္သည္။ ဒီလူက ဘာျဖစ္လို႔ ဒီစကားလုံး ကို ထပ္ခါထပ္ခါ ေျပာေနတာလဲ။
အနမ္းက တေျဖးေျဖး နိမ့္ဆင္းသြားၿပီး မိုင္နဲ က “မင္း တစ္သက္လုံး ငါနဲ႔ အတူေနမယ္လို႔ ေျပာတယ္။ မင္းဆီမွာ ဘာမွမျဖစ္ႏိုင္ပါဘူး"
႐ွဲ႕စန္း တစ္ခုခု မွားေနၿပီ ဆိုတာ သေဘာေပါက္သြားတယ္။ ေမးေစ့ကို ဖြဖြကိုင္ၿပီး မ်က္လုံးကို စိုက္ၾကည့္လိုက္သည္။
"ဘာမွားေနလို႔လဲ?"
အေအးဓာတ္ က မိုင္နဲရဲ႕ မ်က္လုံးေတြမွာ ျဖတ္ခနဲ ေပၚလာသည္။ “ဘာမွမဟုတ္ဘူး”
႐ွဲ႕စန္း မ်က္ေမွာင္ ၾကဳတ္လိုက္သည္။ "တစ္ေယာက္ေယာက္ က ငါ့ကို ထိခ်င္တာလား"
မိုင္နဲရဲ႕ မ်က္ႏွာ ပ်က္သြားၿပီး သူ႕အသံက ရက္စက္ ျပင္းထန္ေနသည္။
"မင္းကို ဘယ္သူမွ မထိရဘူး!!!"
႐ွဲ႕စန္း သူ႕လက္ ကို သူ႕ပခုံးေပၚ တင္လိုက္ၿပီး သူတို႔ရဲ႕ အေနအထား ကို ေျပာင္းျပန္ျဖစ္ေအာင္ တြန္းလိုက္တယ္။ သူ႕အေပၚမွာ အိပ္၍ သူ႕မ်က္လုံးေတြ ကို စိုက္ၾကည့္ေနလိုက္သည္။
"ငါ မင္းကို ေျပာခဲ့တယ္၊ ငါ့ကိုယ္ငါ ကာကြယ္ႏိုင္တယ္။ မင္း စိတ္ပူစရာ မလိုဘူး" သူ ေအာက္ကို ငုံ႔ၾကည့္ကာ မိုင္နဲရဲ႕ ေမးေစ့ ကို ကိုက္လိုက္သည္။
"အရမ္း မလုံျခဳံသလို ခံစားေနရတာလား?"
မိုင္နဲရဲ႕ မ်က္လုံးေတြ ႐ုတ္တရက္ မွိန္က်သြားသည္။ သူ႕ေခါင္း ကို ဖိကာ ျပင္းျပင္းထန္ထန္ နမ္းရန္ သူ႕လက္ ကို ေျမႇာက္လိုက္သည္။ သူ႕စိုးရိမ္မႈကို သူ မထိန္းႏိုင္ေပ။ ႐ွဲ႕စန္း နဲ႔ ပိုနီးေလ ဆုံး႐ႈံးရမွာ ကို ပိုေၾကာက္ေလ ျဖစ္သည္။ အဆိုးဆုံး က သူ ႐ွဲ႕စန္း ကို သတ္ပစ္ခ်င္သလို ခံစားလိုက္ရသည္။
သူ ႐ွဲ႕စန္း ကို ထိခိုက္သြားေအာင္ လုပ္မိမွာ သူ ေၾကာက္သည္။ သူ႕ရဲ႕ ရဖို႔ခဲယဥ္းတဲ့ ေပါင္ေပ့ေလး၊ သူ႕ဘဝရဲ႕ တစ္ခုတည္းေသာ အလင္းေရာင္ေလး၊ သူ႕ကို လုံးဝ အဆုံး႐ႈံး မခံႏိုင္ဘူး !!!
သူ႕ေဘးမွာ ႐ွိၿပီး ေဘးကင္းေၾကာင္း သူ႕ကိုယ္သူ သတိေပးေနေသာ္လည္း စိတ္မပူဘဲ မေနႏိုင္ေပ။
႐ွဲ႕စန္း သည္ sexကိစၥတြင္ အရမ္း ေပ်ာ့ေပ်ာင္းတတ္ၿပီး မိုင္နဲရဲ႕ စူးစမ္း႐ွာေဖြမႈ ကို အစြမ္းကုန္ ပူးေပါင္းေဆာင္႐ြက္ေပးလိုက္ရသည္။ အခ်ိန္အေတာ္ ၾကာေအာင္ ႐ႈပ္ယွက္ခတ္ၿပီးေနာက္ သူ႕ခႏၶာကိုယ္ က ေမာပန္းႏြမ္းနယ္ေနေပမယ့္ သူ အရမ္း ေပ်ာ္ေနခဲ့သည္။ သူ႕မွာ အရင္က အေတြ႕အၾကဳံမ႐ွိေပ၊ ဒီရက္ေတြ နည္းနည္းခ်င္းစီေတာ့ စားဖူးသည္။ သူ႕ေနာက္ေက်ာ၌ မိုင္နဲ လွဲေနၿပီး သူ႕အား တစ္တိတိ ကိုက္လာသည္။ အိပ္ရာဝင္ခ်ိန္ မေႏွာင့္ယွက္သေ႐ြ႕ေတာ့ မိုင္နဲရဲ႕ လုပ္ရပ္ေတြ ကို ခြင့္ျပဳေပးထားလိုက္သည္။
မိုင္နဲ က ႐ွဲ႕စန္းကို ေစ့ေစ့စပ္စပ္ နမ္းလိုက္သည္။ ႐ွဲ႕စန္း က ဆက္ႏြယ္သားရဲေတြရဲ႕ liveလႊင့္မႈ ကို ေတြးေနခ်ိန္မွာ သူ႕ရဲ႕ လက္ေခ်ာင္းမ်ားျဖင့္ ကစားေနခဲ့သည္။ သူ က liveလႊင့္ျခင္းနဲ႔ မရင္းႏွီးေပ၊ အရင္က သူ တင္ျပခဲ့တဲ့ ႐ိႈးရဲ႕ အေၾကာင္းအရာ က နည္းနည္းေလးပဲ ႐ွိေသးသည္၊ ေန႔တိုင္း တိုက္႐ိုက္လႊင့္မယ္ဆိုရင္ အေၾကာင္းအရာက ပိုမ်ားလာလိမ့္မည္။
သူက အၾကံအစည္ အနည္းငယ္ တီထြင္ခဲ့ေသာ္လည္း သူတို႔ က အလုပ္ျဖစ္၊မျဖစ္ မေသခ်ာေပ။ သူ အခ်ိန္ယူဖို႔ ဆုံးျဖတ္ၿပီး ဆက္ႏြယ္သားရဲေတြ ကို ႀကိဳးစားခြင့္ေပးလိုက္သည္။
မိုင္နဲ က သူ႕ပခုံးေပၚ တေလွ်ာက္လုံး တဖြဖြ တဖြဖြ နမ္းလိုက္သည္ ။ ခ်ီတုံခ်တုံ အၾကည့္ျဖင့္ သူ႕မ်က္လုံးေတြ က သူ႕မ်က္ႏွာေပၚ က်ေရာက္လာသည္။
႐ွဲ႕စန္း က သူ႕ကို တစ္ခ်က္ၾကည့္လိုက္သည္။ "ဘာမွားလို႔လဲ?"
မိုင္နဲ က မ်က္လုံးေတြကို ေအာက္ေ႐ႊ႕လိုက္ၿပီး သူ႕အိတ္ထဲက အနီေရာင္ ႀကိဳးတစ္ေခ်ာင္းကို ထုတ္လိုက္တယ္။ ႀကိဳယတြင္ ေငြေရာင္ သတၱဳေဘာလုံး တစ္လုံး ခ်ိတ္ဆြဲထားသည္။
"ဒါ ငါ့အတြက္လား?" ႐ွဲ႕စန္း က လက္ဆန္႔ကာ ယူလိုက္ခ်ိန္ ခ်က္ခ်င္း ဆိုသလို သူ႕နားထဲမွာ စူး႐ွတဲ့ ေခါင္းေလာင္းသံ ထြက္ေပၚလာတယ္။ အခန္းက ညဘက္ႀကီး ဒီေလာက္ တိတ္ဆိတ္မေနဘူး ဆိုပါက အသံမွာ ႏူးညံ့လြန္းလွသည္။ သတၱဳေဘာလုံး ကို လွည့္ၾကည့္လိုက္ေတာ့ အေခါင္းေပါက္ ျဖစ္ေနတာ ကို ေတြ႕လိုက္ရတယ္။ သူ လႈပ္လိုက္သည္ႏွင့္ ေခါင္းေလာင္းသံ ထြက္လာျပန္သည္။ သူက ရယ္လိုက္တယ္။
“ဘယ္ေလာက္ထိ သိမ္ေမြ႕လိုက္လဲ။ ဒီလို ေဘာလုံးေသးေသးေလး က အထဲမွာ အေခါင္းေပါက္ျဖစ္ၿပီး အတြင္းထဲမွာ ေနာက္ထပ္ ေဘာလုံးတစ္ခု ႐ွိေနပုံရတယ္”
မိုင္နဲ ႏႈတ္ခမ္းကို ေစ့လိုက္သည္။ “အထဲမွာ တည္ေနရာျပတဲ့ဟာ ပါတယ္၊ အျပင္ဘက္အလႊာ က ေရစိုခံေအာင္ လုပ္ထားတာ"
သူက ႐ွဲ႕စန္း ကို တင္းတင္းၾကပ္ၾကပ္ ဖက္ထားလိုက္သည္။
“ဒါက foot chaneပါ။ မင္း ဝတ္ထားလို႔ အဆင္ေျပလား? မင္း ဘယ္မွာ႐ွိေနလဲ အခ်ိန္တိုင္းသိခ်င္တယ္" သူ႕အသံ က တုန္လႈပ္ ေျခာက္ျခားေနသည္။ “ကိုယ္ မင္းကို ေစာင့္ၾကည့္ဖို႔ မႀကိဳးစားပါဘူး၊ ကိုယ္ စိတ္ပူတယ္။ တကယ္ စိုးရိမ္တယ္။ မင္း မလိုခ်င္ရင္ေတာင္မွ ကိုယ့္ကို မမုန္းပါနဲ႔ ဟုတ္ၿပီလား"
႐ွဲ႕စန္း ေအးခဲသြားသည္။ မိုင္နဲရဲ႕ အေျခအေန က ခါတိုင္းႏွင့္ မတူေပ။ ဆိုကိုတိုရဲ႕ ေစာင့္ၾကည့္ျခင္းကို ခံရေၾကာင္း သိလိုက္ရတဲ့ အခ်ိန္ က မိုင္နဲရဲ႕ အမူအရာ ကို ႐ုတ္တရက္ ေတြးလိုက္မိသည္။ ဆိုကိုတိုရဲ႕ အျဖစ္အပ်က္ေၾကာင့္ ျဖစ္ႏိုင္သလို၊ မိုင္နဲ က ေထာက္လွမ္းေရးလို အရာေတြကို ပိုသတိထားေနပုံ ရၿပီး သူ စိတ္ဆိုးသြားမွာ ကို ပိုစိုးရိမ္ေနပုံ ရတယ္။
သူစဥ္းစားလိုက္တယ္။ သူ ယူလိုက္ရင္ေတာင္ ဒါက မိုင္နဲအား သူ႕ရဲ႕တည္ေနရာကို အခ်ိန္နဲ႔တစ္ေျပးညီ သိေစဖို႔အတြက္ပဲ ျဖစ္သည္။ ဖုံးကြယ္ထားစရာ မလိုပါဘူး။
သူက ျပဳံးလိုက္တယ္။ “မမုန္းပါဘူး။ ငါ ဝတ္ထားေပးပါ့မယ္” မိုင္နဲရဲ႕ တုန္လႈပ္ေျခာက္ျခားေနတဲ့ မ်က္လုံးေတြကို ၾကည့္ကာ သူ႕ႏွလုံးသား နာက်င္သြားၿပီး သူ႕ဆံပင္ကို ပြတ္သပ္ေပးလိုက္သည္။ သူ႕ပခုံးကို တြန္းလိုက္သည္။
"ထဦး။ ငါ အခု တပ္လိုက္မယ္"
"ကိုယ္ တပ္ေပးမယ္" မိုင္နဲရဲ႕ မ်က္လုံးမ်ား ေတာက္ပလာကာ သူ႕ကို ျပင္းျပင္းထန္ထန္ ေပြ႕ဖက္လာသည္။ သူက ေျခက်င္းဝတ္ ကို ျမန္ျမန္ ကိုင္ၿပီး ႐ွဲ႕စန္းရဲ႕ ဘယ္ဘက္ ေျခေထာက္ကို ဂ႐ုတစိုက္ မ လာခဲ့တယ္။
႐ွဲ႕စန္း သူ႕ေ႐ွ႕႐ွိ စြမ္းအင္1 ခု ကို ၾကည့္ၿပီး မျပဳံးဘဲ မေနႏိုင္ေပ။ မိုင္နဲ က သူ႕ကို ဝတ္ေစခ်င္ေနပုံ ရတယ္၊ ဒီေန႔ မိုင္နဲ က သူ႕အတြက္ စြမ္းအင္ ၈ခုေပးထားၿပီးသား ျဖစ္သည္။
မိုင္နဲက ႐ွဲ႕စန္းရဲ႕ ေျခေထာက္ကို ေျမႇာက္လိုက္ၿပီး သူ႕ေျခေထာက္ကို နမ္းလိုက္သည္။ ႐ွဲ႕စန္း မသိစိတ္ က ေျခေခ်ာင္းမ်ားကို ေကြးကာ ေျခက်င္းဝတ္ကို လႈပ္ယမ္းလိုက္သည္။
"ႀကိဳးနီက ျပတ္သြားမွာလား"
“မျပတ္ဘူး” မိုင္နဲ က သူ႕ကို ေပြ႕ဖက္လာၿပီး အရင္ကထက္ အမ်ားႀကီး ပိုသက္ေတာင့္သက္သာ ႐ွိပုံရတယ္။
"အထူးပစၥည္းနဲ႔ လုပ္ထားတာ အရမ္း အၾကမ္းခံတယ္"
ေနာက္တစ္ေန႔ နံနက္တြင္ ႐ွဲ႕စန္း မနက္စာ စားၿပီးသည္ႏွင့္ စာခ်ဳပ္ ဖ်က္သိမ္းရန္ ေလွ်ာက္ထားခ်က္ ကို ျပန္လည္ေျဖၾကားခဲ့သည္။ အခ်က္အလက္ေတြ ျပည့္စုံသြားတဲ့ အတြက္ ၂၄နာရီအတြင္း စာခ်ဳပ္ က အလိုအေလ်ာက္ ရပ္စဲသြားတယ္။ မေန႔က ရလိုက္တဲ့ မိုင္နဲရဲ႕စာခ်ဳပ္ ကို ခ်က္ခ်င္း ဖြင့္လိုက္ၿပီး သူ႕လက္ေဗြ ႏွိပ္ကာ လက္မွတ္ထိုးၿပီး မိုင္နဲကို ျပဳံးျပလိုက္သည္။
"ေဘာ့စ္၊ ေက်းဇူးျပဳ၍ အခုကစၿပီး ငါ့ကို အၾကံဉာဏ္ေတြ ေပးပါဦး!"
မိုင္နဲ က ေပါ့ေပါ့ပါးပါး ရယ္လိုက္သည္။
"ဘယ္အခ်ိန္ liveလႊင့္မွာလဲ? မင္းအတြက္ လက္ေထာက္ တစ္ေယာက္ ႐ွာေစခ်င္လား?"
႐ွဲ႕စန္း ေခါင္းယမ္းလိုက္သည္။ “liveလႊင့္ဖို႔ အခ်ိန္အတြက္ က.. ငါဒါကို ဆက္ႏြယ္သားရဲေတြနဲ႔ ေဆြးေႏြးရဦးမယ္။ လက္ေထာက္ က အခု မလိုေသးဘူး၊ မလိုတာလည္း ျဖစ္ႏိုင္တယ္"
သူတို႔ ႏွစ္ေယာက္ မနက္စာစားၿပီးတာနဲ႔ ကေလးကစားစရာေလးေတြ ဝယ္ၿပီး မိဘမဲ့ေဂဟာ ကို အတူတူသြားၾကသည္။ ေန႔လယ္အထိ ကေလးေတြနဲ႔ ကစားခဲ့ၾကသည္။
ေန႔လည္စာ မစားမီ ႐ွဲ႕စန္း က အရင္ ပို႔စ္ ကို ဖြင့္ကာ လူေတြ မသိေသးတဲ့ နာမည္ျဖစ္သည့္ 'ဆက္ႏြယ္သားရဲမ်ား' ကိုအသုံးျပဳကာ မွတ္ခ်က္အား ျပန္ၾကားခဲ့သည္။
[ငါက ဆက္ႏြယ္သားရဲမ်ားရဲ႕ တင္ဆက္သူပါ။ ေနာက္ဆုံးအႀကိမ္ က liveလႊင့္မႈ အစီအစဥ္ေၾကာင့္ ငါ့ရဲ႕ live streaming ပလက္ေဖာင္း ကို စန္းမု Live streaming ကို ေျပာင္းလိုက္ပါတယ္။ ဒီေန႔ ေန႔လယ္ ၂နာရီ တိတိမွာ liveလႊင့္ပါမယ္။ မင္းတို႔ရဲ႕ ပံ့ပိုးမႈအတြက္ ေက်းဇူးတင္ပါတယ္]
႐ွဲ႕စန္း မွတ္ခ်က္ေတြ ကို မဖတ္ေတာ့ဘဲ ပို႔စ္တင္ၿပီးတာနဲ႔ လက္ပတ္ ကို ပိတ္ကာ ေန႔လည္စာစားလိုက္သည္။
ေန႔လယ္စာစားၿပီးေနာက္ မိုင္နဲက သူ႕ကို က်င္းက်န္ရဲ႕ ဇုန္ 4 ႏွင့္ 5 တံခါးဝ၌ ထားခဲ့ၿပီး
“ကိုယ္ လုပ္စရာ တစ္ခုခု႐ွိလို႔ ၊ မင္းကို ဒီည လာႀကိဳမယ္” လို႔ ေျပာခဲ့သည္။
အဆင့္ျမင့္ ဆက္ႏြယ္သားရဲေတြ အဖြဲ႕ က ဒီေနရာတြင္ ႐ွိေနတာေၾကာင့္ ႐ွဲ႕စန္းရဲ႕ လုံျခဳံေရးမွာ လုံးဝ စိုးရိမ္စရာမ႐ွိေပ။
႐ွဲ႕စန္း က ေခါင္းညိတ္လိုက္သည္။ စန္းမု က အခုမွ တည္ေထာင္ထားသျဖင့္ အလုပ္မ်ားေနမည္မွာ ေသခ်ာသည္။
“အင္း၊ ငါ့ကို ႀကိဳဖို႔ အခ်ိန္မ႐ွိရင္ ငါ့ဘာသာ ျပန္လာႏိုင္တယ္။ ငါ့ကား က ကားပါကင္မွာ ႐ွိတုန္းပဲ!"
“မျပန္ရဘူး” မိုင္နဲက ေျပာသည္ "ကိုယ္ မင္းကို လာႀကိဳမယ္။ မင္း ကိုယ့္ကို ဒီမွာ ေစာင့္ေန႐ုံပဲ။ အျပင္မထြက္နဲ႔"
ေနာက္ဆုံးအႀကိမ္ က ဂ်ဴေလာ့စ္ရဲ႕ တားဆီးခံရမႈ အတြက္ သူ စိတ္ဆိုးေနေသးသည္ ကို ႐ွဲ႕စန္း သိလိုက္သည္။ သူ႕ကို စိတ္မပူေစခ်င္တဲ့ အတြက္ 'ဆက္ႏြယ္သားရဲေတြနဲ႔ ဒီမွာ ေနတာ ပိုေကာင္းပါတယ္' သူ ေခါင္းညိတ္လိုက္သည္။
" အင္း။ ငါ မင္းကို ဆက္သြယ္လိုက္ပါ့မယ္"
မိုင္နဲ က သူ႕ကို ေပြ႕ဖက္ၿပီး ထြက္မသြားခင္ ႏႈတ္ခမ္း ကို နမ္းလိုက္သည္။
တံခါးနားမွာ ရပ္ေနတဲ့ လုံျခဳံေရးအေစာင့္ က "အားစန္းမင္းနဲ႔ မင္းရဲ႕ ေကာင္ေလး က အရမ္း ရင္းႏွီးတာပဲ"
႐ွဲ႕စန္း နည္းနည္း ႐ွက္သြားၿပီး ျပဳံးကာ ဇုန္ 4 ႏွင့္ 5 သို႔ မဝင္မွီ ႏႈတ္ဆက္လိုက္သည္။ ဆက္ႏြယ္သားရဲေတြ က သူ႕ကို ျမင္လိုက္တဲ့ အခ်ိန္ ခ်က္ခ်င္း စိတ္လႈပ္႐ွားသြားၾကသည္။ သူတို႔ ေျပးလႊားေနသျဖင့္ ၾကမ္းျပင္က တုန္ခါသြားသည္။
႐ွဲ႕စန္း ဆက္ႏြယ္သားရဲေတြ ကို ၾကည့္လိုက္သည္။ သူတို႔နဲ႔ မရင္းႏွီးပါက ဒီေနရာတြင္ ထိတ္လန္႔သြားလိမ့္မည္ ဟု သူ ေတြးေတာမိသည္။ ေျခသည္းမ်ား၊ အၿမီးမ်ား၊ ႏွာေမာင္း စသည္ျဖင့္ အမ်ိဳးမ်ိဳးက သူ႕ေခါင္းေပၚ၌ လြင့္ပ်ံေနသည္။
{"အားစန္း၊ အခု liveလႊင့္တာကို ဆက္လုပ္လို႔ ရၿပီလား"}
{"အားစန္း၊ ေနာက္ဆုံးေတာ့ မင္း ဒီကိုေရာက္လာၿပီ"}
{"အားစန္း၊ liveလႊင့္၊ live လႊင့္!”}
႐ွဲ႕စန္း က ျပဳံးၿပီး ႏွစ္သိမ့္ေပးရင္း {"ငါတို႔ liveလႊင့္လို႔ရတယ္၊ ဒါေပမယ့္ ကုမၸဏီ ေျပာင္းထားတယ္၊ အဲဒါေၾကာင့္ မေန႔က လုပ္ခဲ့သလိုပဲ ငါတို႔ liveထပ္လႊင့္မယ္၊ ဆင္ႀကီးေတြ ကို ထပ္ၿပီးျပမယ္"}
ဧရာမ ဆင္ႀကီးႏွစ္ေကာင္ က စိတ္လႈပ္႐ွားစြာ ေအာ္ဟစ္လိုက္ၾကသည္။ {"ေပ်ာ္တယ္! ငါ အႀကိမ္တစ္ရာေလာက္ လုပ္ႏိုင္ေသးတယ္!"}
႐ွဲ႕စန္း အျပဳံးေပ်ာက္သြားသည္။
သူက သူတို႔ကို ကင္မရာေ႐ွ႕မွာ ေခၚလာကာ မေန႔ကလို ပုံစံတူ ေနခိုင္းၿပီး စန္းမု live streamingရဲ႕ လက္ေဆာင္ စနစ္အေၾကာင္း ႐ွင္းျပလိုက္တယ္။
{“လက္ေဆာင္ငါးမ်ိဳး႐ွိတယ္။ ဖရဲသီးေလး၊ ဖရဲသီး၊ ဖရဲသီးႀကီး၊ စူပါဖရဲသီး၊ ႏွင့္ ဖရဲသီးမိုး ဆိုတာ ႐ွိၿပီး အဲဒါေတြ က ၾကယ္ဒဂၤါး 1/10/100/1000/10000 တန္ေၾကး႐ွိတယ္ "}
(T/N: ဖရဲသီးေတာထဲ က မထြက္ေတာ့ဘူး🤣🤣🤣)
ဒီအေၾကာင္းကို ေတြးရင္း မေနႏိုင္ဘဲ ရယ္လိုက္သည္။
'မိုင္နဲ က ဖရဲသီး ကို အရမ္း ႀကိဳက္တာပဲ!'
သူတို႔ နားလည္ေၾကာင္း ေသခ်ာေစၿပီး ႐ွဲ႕စန္း က ပုံးကိုေရအျပည့္ျဖည့္ကာ ဆင္ႀကီးတစ္ေကာင္ က ထိုပုံးကို ေဘးဘက္သို႔ သယ္သြားၿပီးေနာက္ ျပန္ခ်ထားလိုက္သည္။
႐ွဲ႕စန္း အခ်ိန္ကို ၾကည့္လိုက္သည္။ ႏွစ္နာရီ ထိုးခါနီးၿပီ ျဖစ္သည္။ သူ သူ႕ရဲ႕ လက္ပတ္ ကို ဖြင့္ကာ သူ႕liveလႊင့္တာကို ႏွိပ္ၿပီးေနာက္ လူႀကိဳက္မ်ားမႈ ကို ၾကည့္႐ႈခဲ့သည္။
၁.၆ သန္းေက်ာ္ေတာင္! သူ တုန္လႈပ္သြားတယ္။ စန္းမုရဲ႕ လူႀကိဳက္မ်ားမႈ က တစ္ပုံမွ ဆယ္ပုံအထိ ႐ွိေသာေၾကာင့္ liveလႊင့္တာကို ၾကည့္႐ႈသူ က 160,000 ႏွင့္ ညီမွ်သည္။
မိုင္နဲ တစ္ေယာက္ သူ႕ကို ဆု ေပးေတာ့မွာလား ဟု ေတြးမိလာသည္။
သူ မေနႏိုင္ဘဲ အနည္းငယ္ စိတ္လႈပ္႐ွားေနမိသည္။ နံရံကို မွီၿပီး ရပ္ေနခ်ိန္မွာ ကင္မရာမွာ မပါတာ ေကာင္းတယ္ လို႔ သူ႕ကိုယ္သူ ေတြးေနခဲ့သည္။ မဟုတ္ရင္ သူ ပိုစိတ္႐ႈပ္သြားရလိမ့္မယ္။ ဒီလိုမ်ိဳး လူစည္ကားေနတဲ့ ျမင္ကြင္း ကို သူ ပထမဆုံးအႀကိမ္ ျမင္ဖူးျခင္း ျဖစ္သည္။ သူ အၿမီးေတြ ေဝွ႔ယမ္းေနတဲ့ သားရဲေတြ ကို ၾကည့္ေနလိုက္သည္။ သူ သက္ျပင္းခ်လိုက္ၿပီး သူတို႔ က မေၾကာက္မ႐ြံ႕ဘဲ ေနႏိုင္သည္ဟု ခံစားမိသည္။ သူ႕အေ႐ွ႕တြင္ ဖန္သားျပင္ ကို ပိုင္းျခားထားသည္။ liveလႊင့္တာ ကို ၾကည့္႐ႈသည့္ ၾကည့္႐ႈသူရဲ႕ အျမင္ က ဘယ္ဘက္တြင္႐ွိၿပီး တင္ဆက္သူရဲ႕ လည္ပတ္မႈ မ်က္ႏွာျပင္ႏွင့္ အလိုအေလ်ာက္ လက္ေထာက္ က ညာဘက္တြင္ ႐ွိသည္။
၂နာရီေရာက္တာနဲ႔ သူ liveကို ဖြင့္လိုက္ေတာ့ ဆက္ႏြယ္သားရဲမ်ားရဲ႕ ၾကည့္႐ႈသူ ကိန္းဂဏန္း က ဘယ္ဘက္မ်က္ႏွာျပင္မွာ ေပၚလာစည္။ ေပၚလာသည့္ စာေတြ က ဖန္သားျပင္ရဲ႕ အေပၚဘက္ကို တက္သြားသည္၊ စာေတြရဲ႕ ေဘးမွာ စာလုံးမ်ား ႐ွိေနၿပီး ေသခ်ာ မျမင္ႏိုင္ေပ။
လည္ပတ္မႈ မ်က္ႏွာျပင္ေပၚ႐ွိ ေပၚလာေသာလက္ေထာက္ ကို သူ ၾကည့္႐ႈခဲ့သည္။ commentေတြ က အလြန္ လ်င္ျမန္စြာ ေ႐ြ႕လ်ားေနၿပီး အမ်ားစုမွာ ထပ္ခါတလဲလဲ ျဖစ္ေနသည္။ 'အဖြင့္' ေၾကညာခ်က္ကို ေျပာရန္ ပါးစပ္ကို ဖြင့္ၿပီး
“live ကေန ႀကိဳဆိုပါတယ္။ liveလႊင့္မႈရဲ႕ အဓိကဇာတ္ေကာင္ျဖစ္တဲ့ ဧရာမ က်ားသားရဲနဲ႔ မိတ္ဆက္ေပးပါ့မယ္"
“ဟိန္းေဟာက္သံ!” ဧရာမ က်ားႀကီး က သူ႕ရဲ႕ ေခါင္းကို ေျမႇာက္ကာ ျပင္းစြာေသာ အားမာန္ျဖင့္ ဟိန္းေဟာက္လိုက္သည္။
႐ွဲ႕စန္း က ဟိန္းေဟာက္ေနခ်ိန္တြင္ မုဒ္ကို သတ္မွတ္ခဲ့ၿပီး commentေတြ ကို ထပ္ခါထပ္ခါ မၾကည့္ေတာ့ဘဲ တူတာ စုစည္းဖို႔ ေ႐ြးခ်ယ္ကာ အၿမဲတမ္း ႐ွင္း႐ွင္းလင္းလင္း ျမင္ႏိုင္ရန္ ခ်ိန္ညႇိခဲ့သည္။
႐ွဲ႕စန္း ေခါင္းယမ္းလိုက္သည္။ မွတ္ခ်က္ေတြ က အမွန္တကယ္ပင္ copy partyရဲ႕ ကမ႓ာ ျဖစ္ေနသည္။
[ဒါက တကယ္ အမွန္ပဲ! ငါက ေနာက္ေနတာလို႔ ထင္ခဲ့တာ။ စန္းမုlive က ဘာလဲ? ငါ တစ္ခါမွ မၾကားဖူးဘူး]
[Wow! Oh my god၊ အဆင့္ျမင့္ ဆက္ႏြယ္သားရဲေတြကို ငါ တကယ္ ျမင္ဖူးၿပီ။ သူတို႔က အရမ္း ၿပီးျပည့္စုံတယ္။ ႂကြက္သားမ်ားကိုပဲ ၾကည့္ၾကည့္၊ ခႏၶာကိုယ္ကိုပဲ ၾကည့္ၾကည့္၊ ေတာက္ပေနတဲ့ ေျခသည္းေတြကိုပဲ ၾကည့္ၾကည့္။ အင္အား ႀကီးမားတဲ့ အလွတရား က အတူ႐ွိေနတယ္။ အသည္းေရ!]
႐ွဲ႕စန္း ဆက္ႏြယ္သားရဲေတြ ကို ဆက္လက္ မိတ္ဆက္ေပးခဲ့ၿပီး သူတို႔တစ္ဦးစီ က ပရိသတ္ကို သိေစရန္ အလြန္ လိမၼာပါးနပ္စြာ တုံ႔ျပန္ ေျဖၾကားေပးခဲ့သည္။
မိတ္ဆက္ျခင္း လုပ္ငန္းစဥ္ အတြင္း လူမ်ားစြာက ဖရဲသီးေလးမ်ား ေပးပို႔ၾကၿပီး လက္ေဆာင္ ေကာက္တဲ့ လက္ေထာက္က အဲဒါကို အဆက္မျပတ္ ထုတ္လႊင့္ေနပါသည္။ ဆက္ႏြယ္သားရဲေတြက အရင္ေန႔ရဲ႕ အေတြ႕အၾကဳံကို အခု ေတြ႕ၾကဳံခံစားခဲ့ရၿပီး စိတ္လႈပ္႐ွားေနသည္။ ေနာက္ဆုံးတြင္ သူတို႔က ၿငိမ္သက္ေနေသာ္လည္း သူတို႔ရဲ႕ အၿမီးမ်ားကို ပို၍႐ႊင္ျမဴးစြာ မယမ္းဘဲ မေနႏိုင္ၾကေခ်။
ဆင္ႀကီးႏွစ္ေကာင္ ေဖ်ာ္ေျဖတဲ့အခ်ိန္မွာ လူေတြ က လက္ေဆာင္မ်ား ေပးၾကသည္။ ပထမဆုံး ဖရဲသီးအႀကီးႀကီး liveတြင္ ထြက္ေပၚလာတဲ့ အခ်ိန္မွာေတာ့ အစက္အေျပာက္ပါတဲ့ က်ားသစ္သားရဲ က ထိန္းမႏိုင္ သိမ္းမရျဖစ္ကာ စိတ္လႈပ္႐ွားစြာ ေအာ္ကာ လွိမ့္လိုက္သည္။ ထို႔ေနာက္ သူလုပ္ခဲ့သမွ် ကို သိတဲ့အခါ အမွားလုပ္မိသည္ ဟု ထင္၍ မတ္တပ္ရပ္ကာ ႐ွဲ႕စန္းဆီ ေပ်ာ့ေျပာင္းတဲ့ ေအာ္သံ ကို ေပးၿပီး အဆူခံရသကဲ့သို႔ ေခါင္းငုံ႔ထားလိုက္သည္။
႐ွဲ႕စန္း က "အဆင္ေျပပါတယ္၊ ေအးေအးေဆးေဆး ေနပါ"
အစက္အေျပာက္ပါတဲ့ က်ားသစ္သားရဲ က ေပ်ာ္႐ႊင္စြာအၿမီးကို ယမ္းကာ ႐ွဲ႕စန္းကို ေမွ်ာ္ၾကည့္ၿပီး ေနာက္ထပ္ ညင္သာတဲ့ ေအာ္သံတစ္ခုေပးလိုက္သည္။ ထို႔ေနာက္ က်ားသစ္နက္သားရဲရဲ႕ ေဘးတြင္အိပ္ကာ က်ားသစ္နက္သားရဲရဲ႕ လည္ပင္းတြင္ သူ႕ေခါင္းကို မွီထားလိုက္သည္။ သူ႕ရဲ႕ အေ႐ွ႕ေျခသည္း ကို ဆန္႔ထုတ္လိုက္ၿပီး သူ႕မ်က္ႏွာကို ကာလိုက္သည္။
[အရမ္း ခ်စ္စရာေကာင္းတယ္!]
[Oh my god၊ အရမ္း ဉာဏ္ေကာင္းတယ္။ သူ တကယ္ကို အကုန္ နားလည္ႏိုင္တယ္။ တင္ဆက္သူ က သူ႕ကို အမူအရာ လုပ္ျပခဲ့တာလား လို႔ ေတြးမိတယ္]
[အားးး! မဆက္ႏြယ္ရေသးတဲ့ က်ားသစ္ႀကီး တစ္ေကာင္ လိုခ်င္တယ္။ အက်င့္စာရိတၱ ေကာင္းမယ္ ဆိုရင္ ေမြးလို႔ရႏိုင္ပါ့မလား]
ဧရာမ ဆင္ႀကီးေတြရဲ႕ ေဖ်ာ္ေျဖပြဲ ၿပီးသြားတဲ့အခါ ဧရာမ ျခေသၤ့သားရဲနဲ႔ ဧရာမ ဝံပုေလြသားရဲႀကီးတို႔ က စိတ္လႈပ္႐ွားၿပီး လက္ခုပ္ၾသဘာ ေပးၾကသည္။
လက္ေဆာင္ေပးတဲ့ ကာလ က အထြတ္အထိပ္ ကို ေရာက္ေနၿပီး စာမ်ား က ႐ူးသြပ္ သြားသလိုမ်ိဳး ဝင္လာသည္။
[ဥာဏ္ေကာင္းလိုက္တာ!] [ခ်စ္စရာေကာင္းတယ္!] [ခ်စ္ဖို႔ေကာင္းလိုက္တာ!] မွတ္ခ်က္ေတြ က ဒီလိုမ်ိဳး ျဖစ္ၿပီး လူမ်ားစြာက ဧရာမ ဝံပုေလြသားရဲ ကို ခ်စ္ေၾကာင္း ဝန္ခံခဲ့ၾကသည္။
႐ွဲ႕စန္းရဲ႕ အျပဳံးေပ်ာက္သြားသည္။ လူေတြက တကယ္ကို အျမင္အာ႐ုံ နဲ႔ ၾကည့္တဲ့ သတၱဝါေတြပဲ။ ဧရာမ ဝံပုေလြသားရဲႀကီး က ႀကီးမားတဲ့ ႂကြက္သားမ်ား ႐ွိေပမယ့္လည္း တစ္ခ်ိန္တည္းမွာပင္ သူက ထူးထူးျခားျခား ၾကည့္ေကာင္းေနသည္။ အဲဒါကို လိင္ႏွစ္မ်ိဳးလုံး က ႐ိုး႐ွင္းစြာ လက္ခံထားၾကသည္။
['ဖန္း' က တငဆက္သူအား ဖရဲသီးမိုး႐ြာေပးခဲ့သည္]
လက္ေဆာင္ အသံ သတိေပးခ်က္က liveအခန္းရဲ႕ မ်က္ႏွာျပင္ေပၚ၌ ဖရဲသီးမိုး႐ြာျခင္းရဲ႕ အထူးသက္ေရာက္မႈမ်ား ႏွင့္အတူ ပလက္ေဖာင္း တစ္ခုလုံး က်ယ္က်ယ္ျပန္႔ျပန္႔ ေၾကျငာခဲ့သည္။
“ဟိန္းေဟာက္သံ!”
“အာဝူးးး!”
"မူးးးးး!"
“ဝူးးးး!”
“…”
ေျမႀကီးေပၚတြင္ လဲေလ်ာင္းေနတဲ့ ဆက္ႏြယ္သားရဲေတြက သည္းခံဖို႔ ကို ခ်က္ခ်င္း ေမ့သြားကာ စိတ္လႈပ္႐ွားစြာ ေအာ္ဟစ္လိုက္ၾကသည္။ liveလႊင့္မႈ ဗား႐ွင္း ကို နားေထာင္ရင္း ႐ွဲ႕စန္း ေခါင္းကို ခါယမ္းလိုက္သည္။
သူ live ရဲ႕ ဘယ္ဘက္ျခမ္း ကို ပိတ္ရန္ လက္ကို ေျမႇာက္ထားလိုက္သည္။ သူသာ မပိတ္လွ်င္၊ ညာဘက္ျခမ္း တင္ဆက္သူရဲ႕ လည္ပတ္မႈ က အလိုအေလ်ာက္ မ်က္ႏွာျပင္အျပည့္ ျဖစ္လာေတာ့မည္။ သူ ဂ႐ုမစိုက္မိဘဲ live streaming ကို ပိတ္လိုက္မိသည္...
နဖူးကို ပြတ္လိုက္သည္။ သူ႕ေနတဲ့ အခန္းရဲ႕ ဖုန္းေ႐ႊ ကမေကာင္းဘူးလား? ဆယ္မိနစ္တိုင္း၊ အေျခအေန တစ္ခု႐ွိေနသည္။
_______________________________________________________________
Pay Group အေၾကာင္း Message မွာ လာေမးလို႔ရပါတယ္ေနာ္၊ Gpမွာ ၿပီးသြားပါၿပီ႐ွင့္ 😊😊😊၊ December Promotion ႐ွိပါတယ္႐ွင့္။ အားလုံးကို ေက်းဇူးတင္ပါတယ္႐ွင့္ (◍•ᴗ•◍)🤎🤎🤎