"ကိုယ် ပြုတဲ့ ကံ ကိုယ့် ထံပြန် ပဲ့တင်လာလိမ့်မည်. . ."
ရက်ကွက်ထိပ်ရှိ ဓမ္မာရုံက စပီကာကြီးနဲ့ ဤ ဓမ္မ လင်္ကာကို သူ့ကိုများ ရွဲ့စောင်း ဖွင့်နေသလား လို့တောင် ရှိုင်းမိုဟန် ထင်မိသည်။
ရှိုင်းမိုဟန် က တောက်ခ် တစ်ချက် ခေါက်လိုက်သည်။
နံနက်ခင်းရဲ့ အရုဏ်ဦး အောက်ဝယ် ရှိုင်းမိုဟန်သည် ကုတင်ခြေရင်းမှာ စိတ်ပျက်လက်ပျက် ထိုင်နေခဲ့သည်။
ဘေးဧရိယာမှာ အရက်ပုလင်းတွေ ပျံ့နှံစွာ။
စီးကရက် တိုတိတိတွေကလည်း ဟိုတစ်စ
ဒီတစ်စ။လက်ထဲမှာလည်း အရက်ပုလင်းနဲ့။
ဂုတ်ထောက်တဲ့ ဆံပင်တွေက အရူးဆံပင်လို။
အပေါ်ပိုင်း ဗလာ ၊ မီးခိုးရောင် ဘောင်းဘီရှည်ကို ခပ်လျောလျော ဝတ်ထားသည်။ကျောက ခြင်္သေ့ တစ်ကောင် ဟိန်းနေတဲ့ ပုံစံ tattoo က ဟိတ်ဟန် ကြီးစွာ ဝံ့ဝံ့ထည်ထည်။
ရှိုင်းမိုဟန်သည် ကိုယ့်ဖို့ ကို သာ ကြည့်သော
အတ္တပေမဝါဒီ သမား ဖြစ်သည်။သူ ချမ်းသာ ဖို့ ၊သူ ကောင်းစားဖို့ ၊ သူ ဝမ်းဝဖို့ အခြားတစ်ယောက် ကို ကောက်ကျစ်ယုတ်မာစွာ နင်းချဖို့ ဝန်မလေးပေ။ဘယ်သူသေသေ ငတေမာ ပြီးရော ဆိုသည့် မဟာ မဟာ့ ကြီးမြတ်တော်မူလှသော စိတ်ထူးစိတ်မြတ် ပိုင်ရှင်ကြီး ပင်။
ရက်စက်သည်။ကောက်ကျစ်သည်။အတ္တကြီးသည်။တစ်ကိုယ်ကောင်းဆန်သည်။
ရှိုင်းမိုဟန် က ထင်သလောက် ရိုးရှင်းသူ မဟုတ်ပေ။White Roseက ရှိုင်းမိုဟန် နာမည်ကောင်းယူတဲ့ လုပ်ငန်းသာ။သူ့ နောက်ကွယ်မှာမူ လောက်စားမတတ် ပုပ်ပွ ရိရွှဲနေသော ဂိုဏ်းကြီး ရှိသည်။
သူ့ စိတ်နဲ့သာဆို ငယ်ငယ်က ပစ်ပစ်ခါခါ
ပလေးပြီး ထားခဲ့တဲ့သူကို နောက် ပြန်လှည့်ကြည့်စရာ မရှိသော်လည်း . . . ကံဆိုးစွာ ကံဆိုးစွာနှင့် တကယ်ကြီးကို ထိုတရားသူကြီးကောင်အား ချစ်မိသွားခဲ့သည်။
အပျော်ပလေး ဖို့ တောင် မဟုတ်တော့ဘဲ တကယ် အတည် ဘဝတစ်ခုလုံး ထိုလက်ကိုသာ တင်းတင်းကြပ်ကြပ် ဆုပ်ကိုင်ထားချင်မိတဲ့ထိ သူ နစ်မြုပ်သွားခဲ့လေသည်။
သူ့ အနားဝယ် ဆတ်နွယ်ထက် အဆပေါင်းများစွာ လှပသည့် လိပ်ပြာလေးတွေ ဝဲပျံနေသော်လည်း ဆတ်နွယ် မှ မဟုတ်ရင် အားလုံးဟာ ဖွဲ နဲ့ စကွဲသာ။
တရားသူကြီးလေးကို မှန်သော မေတ္တာစစ်နဲ့ ချစ်မိလေ၏။ရှိုင်းမိုဟန် အချစ်က အနူတောထဲက ပေါက်လာတဲ့ ကြာပန်းလို။
သူ့ ဘဝမှာ ပုံပန်းပန်းပျက် စိတ်ရောဂါ ရနေတာ ဒါ ပထမဆုံး ဖြစ်သည်။
သူ တော့ မသေခင်ကတည်းက ဝဋ်လည်လေပြီ။
ရှိုင်းမိုဟန်က မြာ အလွန်ပွေသည်။
မချစ်ဘူး ဆိုလည်း လှည့်မကြည့်။ချစ်ပြီ ဆိုလည်း ပိုင်ဆိုင်ရမှ ကျေနပ်တဲ့ ဒဿဂရီလိုကောင်။
ရှိုင်းမိုဟန်က ခေါင်းကို လက်သန်း နဲ့ ကုတ်လိုက်သည်။ဆတ်နွယ် ကို ရှိုင်းမိုဟန် မရ ရအောင် ယူမည်။
ဆတ်နွယ် ကို ရဖို့ သူ အားလုံးကို စွန့်လွှတ်နိုင်သည်။အေးချမ်းလှတဲ့ မျက်နှာတော်လေး ကို နေ့တိုင်း ဖူးမြော်ရဖို့သာ အဓိက ကျ၏။
"Boss"
"ငါ တံခါး ခေါက်ဖို့ ပြောထားတယ်လေ . . . စောက်နားက မင်း မေ သားအိမ်ထဲမှာ ကျန်ခဲ့တာလား"
"တောင်း. . . တောင်း. . . တောင်း . . . ပန်ပါတယ် Boss . . . ကျွန်တော် Bossရဲ့ အနာဂတ် အမျိုးသားလောင်းလေးရဲ့ကိုယ်ရေးအကျဉ်း ရပါပြီ လို့ လာပြောတာပါ . . ."
ကတုံး ဆံပင်ပေါက်နဲ့ ထွားထွားကျိုင်းကျိုင်း ဗလကြီးက ခေါင်းငုံ့ကာ တုန်တုန်ယင်ယင် ပြောသည်။Boss မျက်တော်ပြေသွားအောင် အနာဂတ် အမျိုးသားလောင်းလေး ဆိုတဲ့ စကားကို တမင်ထည့်ကာ ဖိပြောလိုက်သည်။
"ဪ . . . ငါ့ကောင်တွေက တော်လိုက်တာ. . . ပေး ပေး . . . ဒါနဲ့ မင်းတို့ ကောင်တွေ ဒါလေး စုံစမ်းတာ ဘာလို့ ဒီလောက်ကြာနေတာလဲ. . .သွက်သွက် လက်လက်ကို မရှိဘူး. . . "
'ကြာနေတဲ့ အကြောင်းရင်းကို Boss စာရွက်ကို လှန်ကြည့်ရင် သိပါလိမ့်မယ်' ။ ထို စကားကို ကိုဗလက စိတ်ထဲမှာသာ ပြောလိုက်၏။အပြင်မှာတော့ သူ မပြောရဲပေါင်။
"ဘာ!!. . .ဘုန်းဆတ်နွယ်က နောင်ဘုန်းသိုက် ရဲ့ သား !!! ငါ ိုး မ ပဲ. . ငါတော့ ခွေးဖြစ်ပြီ. . . "
ကံကြမ္မာက ရှိုင်းမိုဟန်ကို ဒဗလယ် သတ်ချေပြီ။
တရားသူကြီးလေးရဲ့အချစ်ကို ရဖို့ ခက်လှလွန်းလို့ မိဘ မောင်နှမ တွေကို အပီကပ်
ပေါင်းပါ့မယ် ဆိုကာမှ ယောက္ခထီးကြီးက သူ့ရဲ့ စီးပွားပြိုင်ဘက် ဖြစ်နေသည်။
ရှိုင်းမိုဟန် နောင်ဘုန်းသိုက်ကို ရှယ်ပလန်နဲ့ကို ပြစ်မှားထားခဲ့သည်။
လုပ်ကြပါဦး. . .!!။
အားတဲ့ ဘုရား ဆင်းကယ်တော်မူပါ။
ပွဲက မ စခင်ကတည်းက အနုတ်လက္ခဏာ ပြနေပြီ။
ဘန်ကောက် အိမ်ရာမြေ လေလံပွဲ တုံးက
ရှိုင်းမိုဟန် နောင်ဘုန်းသိုက်ကို မထိတထိ စိန်ခေါ် ရန်စခဲ့သည်။ဒီလို ယောက္ခထီးမှန်းသိ တွေ့ကတည်းက 'ဖေဖေကြီး' ဆိုပြီး ခြေသလုံး ဖက်ထားပါသည်။
နောင်ဘုန်းသိုက် သား မလို့ စုံစမ်းရတာ ခက်နေတာ ဖြစ်မည်။အစောပိုင်းကာလ ရှိုင်းမိုဟန် ဆတ်နွယ် အကြောင်းကို စုံစမ်းတော့ အစ်ကိုတစ်ယောက် ရှိတယ် ဟုသာ အပေါ်ယံ သိခဲ့ရသည်။မိဘ နောက်ခံကိုတော့ ခု မှ သိတာပင်။
နောင်ဘုန်းသိုက်က တကယ့် High boss အကြီးစား ကြီး ဖြစ်သော်လည်း သူ့ မိသားစုအကြောင်းကိုမူ public သိပ် ထုတ်မပြပေ။သားတစ်ယောက် ရှိတယ်လို့ ယေဘုယျ ကြေငြာထားသော်လည်း လွန်ခဲ့သော နှစ်ပိုင်းလောက်ကမှ 'သားကြီး ရှိသေးတယ် တစ်ယောက် မဟုတ်ဘူး၊ နှစ်ယောက်' ဆိုပြီး သူ့ သားကြီးကို official ချကာ ထုတ်ကြွားခဲ့သည်။
ထိုစဉ်က ဂယက် နည်းနည်းတော့ ထသွားသေးသည်။နောင်ဘုန်းသိုက် သားကြီးပုံက တော်တော်လေး ခေတ်ထခဲ့ပြီး လူမှုကွန်ယက်မှာ ရေပန်းစားခဲ့ဖူးသည်။စီးပွားရေး လုပ်ငန်းရှင်ကြီး များက သူတို့၏ သမီး များနှင့် ချိန်ပေး ချိတ်ပေးရန် ကြံကာရှိသေး၊ ထိုသားကြီးသည် ဒေါက်တာတစ်ယောက်နဲ့ မင်္ဂလာဆောင်သွားလေသည်။
နောင်ဘုန်းသိုက် သားနှစ်ယောက်က ဆတ်နွယ်တို့ ညီအစ်ကို ဖြစ်လိမ့်မည် ဟု ရှိုင်းမိုဟန် လုံးဝ ဆက်စပ် တွေးထင်လို့ မရခဲ့ပေ။
အကြောင်းမှာ ယောက်ျားလေးအများစုက မိဘချမ်းသာ လျှင် ဘောကျော့ Bad boy များသာ ဖြစ်သွားလေ့ ဖြစ်သွားထ ရှိ၏။
ဆတ်နွယ်တို့ကျ လျှို့ဝှက်သိပ်သည်းလွန်းသည်။ပြီး မိဘ အဆက်သွယ်နဲ့ လားလားမှ မသက်ဆိုင်သော ကိုယ့် အလုပ်ကိုင်နဲ့ ကိုသာ အေးအေးဆေးဆေး နေကြသည်။
ချစ်လိုက်တာကွာ။
လောဘ နည်းလိုက်တာ။ကြည်ညိုစရာလေး။
ငါ လို မအေဘေး နဲ့များ ကွာပ။
ရှိုင်းမိုဟန် လဒ မှိုင် မှိုင် သွားသည်။
ပြောခဲ့သည့်အတိုင်း ရှိုင်းမိုဟန် က လူကောင်းမဟုတ်၊ သူ့ ဘဝ ကို နောက်ပြန် လှည့်ကြည့်ရင် အကုသိုလ်တွေသာ ရှိသည်။
ကုသိုလ်ဆိုလို့ ပုရွတ်ဆိတ်လေး ရေနစ်နေတာကို လက်ကလေးနဲ့ ကယ်ခဲ့ဖူးတာပဲ ရှိသည်။ပုရွတ်ဆိတ်ရဲ့ အသက်သခင် ကျေးဇူးရှင်ပေါ့။
ရှိုင်းမိုဟန်က အရက်ကို တစ်ကျိုက်တည်း မော့ချလိုက်သည်။
ဆတ်နွယ်၊ဆတ်နွယ်၊ဘုန်းဆတ်နွယ် . . . ။
ဆတ်နွယ်က အရက်နဲ့တူသည်။
ခါးသည်။သို့သော် စွဲလမ်းစေသည်။
ရှိုင်းမိုဟန်လိုကောင် ရဲ့ ပါးစပ်က ချစ်စကား ထွက်ရင် အများတကာ ဟားတိုက်ကြမှာ သိပေမင့် ရှိုင်းမိုဟန် ရှက် မနေပါလေ။
လူမိုက်ကြီးလည်း အသည်းနဲ့ ဖြစ်၏။
++++
သီတင်းကျွတ်ကာလ ပြီးဆုံးသွားသောအခါ တန်ဆောင်တိုင် က တစ်ဖန် ပြန်လည် ရောက်ရှိလာ၏။
ဒီနှစ် သီတင်းကျွတ်ကတော့ ပုံမှန်ပင်။
ကိုးနောင်က ကလေးတွေကို မီးထွန်းကား ဝယ်ပေးသည်။တစ်ခုတည်း မဟုတ်ဘဲ ရှိသမျှ ဆိုဒ်စုံ ပုံစံ မျိုးစုံ ဝယ်လာ၍
အိမ်စတိုခန်းထဲ မီးထွန်းကား တွေ ချည်း နေရာယူထားသည်။
"ကိုယ် ငယ်ငယ်က မီးထွန်းကား အရမ်း လိုချင်တာ. . . သီတင်းကျွတ်ရောက်တိုင်း မီးထွန်းကားလေးတွေ ဆွဲပြီး ပတ်ပြေးနေတဲ့ ကလေးတွေကို အရမ်း အားကျတာပဲ. . .ကိုယ့်ကို ဘယ်သူမှ လဲ ဝယ်မပေးကြဘူး. . .မုန့်ဖိုးလဲ မရဘူး. . .ကိုယ့် မိထွေးထဲက ပိုက်ဆံတစ်နေ့ ငါးဆယ် ခိုး ခိုးပြီး စုထား၊ ပြည့်သွားတော့ မီးထွန်းကား အမြန် သွားဝယ်. . . ကုန်မှာ စိုးလို့ အမြန်ဝယ်ရတာလေ. . . ဝယ်ပြီး ကုတင်အောက်ထဲ ဖွတ်ထားတာ . . . နောက်ကျ ထွန်းမယ်လည်း လုပ်ရော မီးထွန်ကားက ကြွက်ကိုက်လို့ ပျက်စီးသွားပြီ. . . ဟား ဟား ဟား "
ကိုးနောင်က ဗိုက်ကို ဖိ ပြီး ရယ်နေသည်။
"အဲ့တာ ရယ်ရလို့လား. . ."
"ရယ်လေ. . . ဟာသ ပြောနေတာကို"
"အာ့တာ ဟာသ မှ မဟုတ်တာ. . ."
ကိုးနောင်က မျက်မှောင်ကုတ်ပြီး ဆူပုတ်သွားသည်။
"အဲ့ဗျာ အာ့တာ ရယ်မှ မရယ်ရတာ. . . မရယ်လို့ ဆူပုတ်နေတယ်တဲ့. . . မင်း ဘယ်လို ကောင်လဲ. . ."
ခမ်းနော့ဝ်က ပြောပြောဆိုဆို ရေတစ်ခွက်ကို မော့သောက်လိုက်သည်။
"ဖူး . . . ဖွတ်လွတ် အဟွတ် ဟွတ်. . . ရား. . . ဟေ့ကောင်. . .စပ မို့ ကလိကြားလာထိုးနေတာလား ဟား ဟား ဟ့ . . ."
ကိုးနောင်က ခမ်းနော့ဝ်ကို မရယ် ရယ်အောင် ကလိကြားလာထိုးနေသည်။
"ဟား . . ဟာ့. . ဟ့. . ကိုးနောင် တော်တော့ဟ. . ."
ကိုးနောင်က ခမ်းနော့ဝ် ကို ခါးက ဆွဲပွေ့ကာ ချားရဟတ်လို ပွေ့ရမ်းလိုက်သည်။
အိမ်ပေါ်ထပ်က ဆင်းလာတဲ့ ကိုးနွယ်က ထိုမြင်ကွင်းကို မြင်သော် ပြုံးလိုက်သည်။ကြည်နူးသလို ပြုံးတာမဟုတ်ဘဲ လှောင်သလို ပြုံးတာ ဖြစ်သည်။သူများတွေအတွက် ကြည်နူးစရာဖြစ်နိုင်သော်လည်း ကိုးနွယ်မျက်လုံးထဲတွင်မူ ထန်းပင်ပေါ် စာခြောက်ရုပ်ကြီး ကပ်ဝဲနေသလို။
ထိုစဉ် နန်းနွယ် ရောက်လာကာ ကိုးနွယ် မျက်မှန်မည်းကို ဆွဲယူသွားပြီး စ နေသည်။စနေရင်း ဟိုစာခြောက်ရုပ်နဲ့ ထန်းပင်ကို မြင်သောအခါ နန်းနွယ် မျက်လုံးမှေးမှေးလေးတွေက ဘလင်း ဘလင်း ထသွားပြီး လှုပ်လှုပ် လှုပ်လှုပ် ပြေးကာ
"မီး လည်း အဲ့လို လွှဲပေး လွှဲပေး လွှဲပေး. . . ဖေကြီး လွှဲပေး. . ."
မကြာခင် ထန်းပင်ပေါ် မျောက်ဝံမကြီး တွဲခိုကာ ပျံနေသည့် မြင်ကွင်းက ကိုးနွယ်ရှေ့ ပေါ်လာ၏။
ခမ်းနော့ဝ်က လက်ယမ်းပြကာ
"သားငယ်ရော. . . လာ. . . လေယာဉ်ပျံကြီး စီးရအောင်. . ."
ကိုးနွယ်က ခေါင်းရမ်းပြလိုက်၏။သူ ဒီလို ကလေးကလား အလုပ်တွေ ဝါသနာ မပါပေ။
ဖေကြီးက မီးထွန်းကားတွေ ဝယ်လာသည်။မျောက်ဝံမကြီးက စာမေးပွဲ မှာ အမှတ် ရာပြည့် ရသလို ပျော်နေသလောက် ကိုးနွယ်က မီးထွန်းကားတွေကို မကြိုက်ပေ။
မီးထွန်းကားတွေထက် မီးသရဲ ဆော့ရတာ ပိုကြိုက်သည်။
ပြီး အကြိုက်ဆုံးကတော့ နန်းနွယ်ရဲ့ ဘိုမရုပ်တွေကို ခြေတွေ လက်တွေ ခေါင်းတွေ တစ်စစီ ဆွဲဖြဲ ပစ်ရတာ ကိုပင်။
အဲ့လို လုပ်တိုင်း နန်းနွယ်က အာဗြဲ ကြီး နဲ့ ထိုင်ငိုတတ်သည်။မသနားပါ။သူ အဲ့လို လုပ်ပေးလို့ ဘိုမရုပ် အသစ်တွေ ထပ် ထပ် ရတာပဲလေ. . .။
ကိုးနွယ်က တစ်ကယ်တမ်းကျ အဖေတွေနဲ့ အနေ သိပ်မနီးပေ။စာခြောက်ရုပ်နဲ့ ထန်းပင်က တစ်ခါတစ်လေကျ တအား ကဲကဲသဲသဲ လုပ်လွန်း၍ ကြည့်မရ။
ကိုးနွယ်နဲ့ အနေနီးတာ နန်းနွယ်သာ ဖြစ်သည်။
အဲ့မျောက်ဝံမကြီးက သူ ဘယ်သွားသွား နောက်က တကောက်ကောက်လိုက်နေသည်။ဆော့ရင်လည်း ကိုးနွယ်ကို သရဖူဆောင်းပေးကာ ညီအစ်မ လုပ်တမ်း ဆော့သည်။ဆရာနဲ့ တပည့် လုပ်တမ်းက ပါသေးသည်။
ပြီး အိမ်ထဲမှာ အိမ်သေးသေးလေး ပြန်ဆောက်သည်။အိုးပုတ် ချိုးရုပ်ဆော့သည်။ခြံထဲက ခွေးသေးပန်းက စ အရွက်စုံ ပလုံစုံ တွေကို ခူးပြီး ဈေးရောင်းကာ ကိုးနွယ်ကို လာဝယ်ခိုင်းသည်။ဈေးဆစ်ရင်ကျ မကြိုက်။
အားနေရင် ကိုးနွယ်ကို မိတ်ကပ်လိမ်း လာ ပေးသည်။ပြီး လှတာလည်း မဟုတ်။မျက်နှာဆိုးရုပ်ကြီး ထွက်လာ၏။
နန်းနွယ်က ဒစ်စနီရူး ရူးနေ သူ ဖြစ်ပြီး သူမရဲ့ ပန်းရောင် အိပ်ခန်းထဲမှာ မင်းသမီးပုံလေးတွေနဲ့ ပြည့်နေတတ်သည်။
ဖေကြီးက နံရံတွေမှာ သူကိုယ်တိုင် မှုတ်ဆေးတွေနဲ့ မင်းသမီးလေးတွေရဲ့ ပုံကို ဆွဲပေးသောကြောင့် ပြည့်နေခြင်းပင်။
ခမ်းနော့ဝ်က ကိုးနွယ်ကို ချီလိုက်ပြီး
"သားငယ် အခန်းထဲမှာကော ဘာဆွဲချင်လဲ"
ကိုးနွယ်က လက်ခါပြသည်။အဲ့လို ပေါတောတော အလုပ်တွေ သူ မလုပ်၊လုပ်ရင် သူ မဟုတ်ပေ။
ညကျရင် နန်းနွယ်သည် ဘယ်တော့မှ သူမရဲ့ ပန်းရောင် အိပ်ခန်းထဲမှာ မအိပ်ပေ။အမှောင်ထဲဝယ် အရုပ်ပုံကြီးတွေက ခြောက်ခြားစရာကောင်း၍ ကိုးနွယ်ဆီ လာအိပ်သည်။
အိပ်ရင်လည်း ငြိမ်ငြိမ်မအိပ်ဘဲ ကိုးနွယ်ကို ဖက်လုံးလို ဖက်အိပ်သည်။
"မကြီး လစ်"
"လစ်ဘူး . . . ဟိ. . ဟိ. . . မမက ကိုးကိုးလေးကို စိတ်မချလို့. . ."
သူ အစ်မ မျောက်ဝံမကြီးက တစ်ခါတစ်လေ ကျ ချစ်စရာတော့ ကောင်းရှာပါသည်။တစ်ခါတစ်လေကျ အဲ့မျောက်ဝံမကြီးရဲ့ ပါးစပ်ကိုပဲ တိတ်နဲ့ကပ်ထားရမလား၊ကိုယ့် နားကိုပဲ ဂွမ်းနဲ့ ဆို့ထားရမလား မသိအောင် စကား တအားများသည်။
ကိုးနွယ်သည် ဖေကြီး လည်တိုင်ကို ခိုစီးကာ လေယာဉ်ပျံကြီး လုပ်နေသော နန်းနွယ်ကို တစ်ချက်ကြည့်လိုက်သည်။ဘယ်ချိန်မှ ရင့်ကျက်မလဲ မသိသော အစ်မ ဖြစ်သူတွက် ရင်လေးမိ၏။
သူ့ အစ်မသည် အိမ်မှာသာ မထုံတတ်တေး ကလေးလေး လုပ်နေတာ ကျောင်းမှာတော့ crush နဲ့ ဖြစ်သည်။
ဦးလေးမာန်သွေးရောင်ရဲ့သား မင်းရှင်မာန်က နန်းနွယ်ရဲ့ crush ကြီးပင်။
တစ်နေ့တစ်နေ့ မင်းရှင်မာန်ကို ချောင်းရတာ နန်းနွယ်ရဲ့သမိုင်းပေး တာဝန်လို. . .။
++++
နန်းနွယ်က သုံးတန်း။
ကိုးနွယ်က နှစ်တန်း။
ရှင်မာန်က ခြောက်တန်း။
ရှင်မာန်က မာန်သွေးရောင်နဲ့ဆင်သည်။လှိုင်းတွန့်ဆံပင်လေးများ နဖူးပေါ် အုပ်အုပ်လေးဝဲကျနေကာ နှုတ်ခမ်းလေးများက မပြုံးရင်တောင် ပြုံးယောင်သန်းနေတတ်၏။
ဖြူဖြူသွယ်သွယ်လေးနဲ့ ကော်ပတ်ရုပ်လေးလို ဖြစ်သည်။နန်းနွယ်လို ကောပတ်ရုပ်တွေ ကြိုက်တဲ့သူက ရှင်မာန်ကို ကြိုက်တာ မဆန်းပေ။
နန်းနွယ် အတန်းနဲ့ ရှင်မာန် အတန်းက အဝေးကြီး ဖြစ်သည်။ကိုးနွယ် အခန်းက ရှင်မာန်နဲ့ ကပ်ရက်မို့ ကိုးနွယ်ကို ဗန်းပြကာ ခဏ ခဏ လာသည်။မျောက်ဝံမကြီးက ဒါကျ မမောဘဲ အမြဲ ပြေးကာ လာ လာ ချောင်းသည်။အိမ်က ခိုင်းရင်ကျ မကြားချင်ယောင် ဆောင်နေ၏။
ရှင်မာန်ကို ကြိုက်တာ နန်းနွယ် တစ်ယောက်တည်းမဟုတ် ၊ ရှင်မာန်က မျက်နှာချိုလို့ လူကြိုက်များသည်။
နန်းနွယ်က ရှင်မာန်ရှေ့ဆို ပါးကြီးရဲလာကာ စကားတွေ ထစ်တာကြောင့် ရှင်မာန်ကို စကား မပြောရဲပေ။အဲ့အစား ကိုးနွယ်ကို စောင့်ကြည့်ခိုင်းထားသည်။
"အင်း သူ ရေသောက်နေတယ်. . ."
"ခု အိမ်သာ ထဲ ဝင်သွားပြီ . . . အီးညှစ်နေတယ်. . "
"အင်း ခု စာသင်ခန်းထဲမှာ သူ စာမကျက်ဘဲ လေပေါနေတယ်. . ."
"အင်း စာသင်နေတာ ဒါမဲ့ သူ အိပ်နေတယ်. . ."
စသည် စသည် ဖုန်းနဲ့ သတင်းလှမ်း လှမ်း ပို့ရသည်။
ကျောင်းမှာ ဖုန်းယူခွင့် မရှိပေ။
သို့သော် သူတို့ မောင်နှမ ခိုးယူလာကြသည်။ဆရာ ဆရာမ တွေ က မိသွားလည်း
ဉာဏ်ကိုးနောင် မျက်နှာကြောင့် ဘာမှ မပြော။
ကိုးနောင်က ကျောင်းရဲ့ ရန်ပုံငွေကို တစ်ဝက်နီးပါးလောက်ထိ ထောက်ပံ့ လှူထားသည်။နန်းနွယ် က a b c d တောင် ဒစ်လည်နေသော်လည်း သူမ အဆင့်က 1 က မကျပေ။
ပိုက်ဆံ အစွမ်း အံ့မခန်း။
ဖေဖေကတော့ အဲ့လို လုပ်တာ သဘောမကျပေမယ့် ဖေကြီးက လက်မခံပေ။ပညာရေးထက် ဝါသနာ ပါတာကိုပဲ အားပေးအားမြှောက် ပြုတတ်တာ ဖေကြီးရဲ့ အကျင့်ပင်။နန်းနွယ် ကြိုက်တဲ့အရာကိုသာ အားပေးပြီး သင်ပေးသည်။နန်းနွယ်က ပုံဆွဲတာ ကြိုက်လို့ ပန်းချီ သင်တန်းတွေ ပို့ပေးတာမျိုးလို။
ပြီး ဖေကြီးရဲ့ ကျေးဇူးနဲ့ သူတို့မောင်နှမ ကျောင်းမှာ အလကားနေ ဆယ်လီ ဖြစ်နေကြ၏။ဉာဏ်ကိုးနောင်ရဲ့ သားနဲ့သမီးဆို ကျောင်းမှာ မသိသူ မရှိ။
ဖေကြီးက သူတို့ နှစ်ယောက် ကျောင်းမှာ အနိုင်ကျင့်ခံရမှာ ၊ တစ်ယောက်တည်း အဖော်မဲ့နေမှာ အရမ်း စိုးရိမ်သည်။တစ်ယောက်တည်းပဲ နားအေး စိတ်အေး ချမ်းသာစွာ နေတတ်တဲ့ ကိုးနွယ်ကိုတောင် မရမက သူငယ်ချင်းရှာပေးသည်။ ဖေကြီး ထုတ်ထားသော စည်းကမ်းက 'မပေါင်း မနေရ' တဲ့။
သို့သော် ကိုးနွယ် က လိုက်နာ မနေပါ။
သူ ပေါင်းတာ သူ့ အစ်မပဲ ရှိသည်။ဒါတောင် မတတ်သာလို့ ပေါင်းနေရတာ။
ကျောင်းဆင်းချိန်တိုင်း ဝဝကစ်ကစ် ပုတိုတို ၊ ကျစ်ဆံမြီးနှစ်ဖက် တယမ်းယမ်း ၊ ကျိုးတိုကျဲတဲသွား သေးသေးလေးပေါ်အောင် ပြုံးဖြီးနေတတ်တဲ့ ပါးဖောင်းဖောင်း ကောင်မလေးတစ်ယောက် ရှင်မာန့် အဆောင်ရှေ့ဝယ် မယောင်မလည် ဝေ့လည် ကြောင်ပတ်နေလုပ်တတ်သည်။
ရှင်မာန်က နန်းနွယ်ကို တွေ့ရင် လက်ပြကာ ပြုံးပြတတ်သည်။တစ်ခါတစ်ရံ မုန့် ဝယ်ကျွေးတတ်ကာ ခေါင်းကို ပုတ်ပြီး အတန်းထဲ ပြန်တော့ ဟု နှင်ထုတ်သည်။
ကိုကြီးတွေ မကောင်းပါလေ။
ခု ဒီနေ့ တွင်လည်း နန်းနွယ်နဲ့ ကိုးနွယ်သည် ကျောင်းရှေ့က တမာပင် အောက်မှာ လာကြိုမဲ့ လူကြီးတွေကို စောင့်နေခဲ့သည်။အမှန်ကတော့ နန်းနွယ်က ရှင်မာန်ကို ခိုးကြည့်ချင်လို့ စောင့်နေတာပါ။လူကြီးတွေကိုတော့ စောင့်မနေပေါင်။
နှစ်ယောက်လုံး ဦးထုပ်ဝါလေးတွေ ဆောင်းထားကြကာ ကိုးနွယ်က နက်ခ်တိုင် နဲ့ ဘောင်းဘီတို နက်ပြာလေး ၊ နန်းနွယ်က ကျစ်ဆံမြီး နှစ်ဖက်နဲ့ နက်ပြာရောင် ဂါဝန်ကားကား လေး။ကိုးနွယ်က ထုံးစံတိုင်း မျက်မှန်မည်းလေး တပ်ထားသည်။စိမ်းလဲ့ရွှန်းဝေသော မျက်လုံးဝိုင်းဝိုင်းများက မျက်မှန်မည်းအောက်မှာ ငုံ့လျှိုးစွာ။
"ဘာလို့ မျက်မှန်ကြီး တပ်ထားတာလဲ. . . မျက်မမြင်ကြီး ကျနေတာပဲ. . ."
ပြောသာ ပြောသော်လည်း တကယ်တမ်းကျ နန်းနွယ် မျက်လုံးထဲမှာ ကိုးနွယ်က ချစ်စရာလေးပင်။ခေါင်းလေးကို ငုံ့ ၊ နှုတ်ခမ်းလေးသေးသေးလုံးလုံးလေးကို ဆူ ၊ လွယ်အိတ်ကြိုးသိုင်းလေးကို တင်းကြပ်စွာ ဆုပ်ကိုင်ထားတဲ့ ကိုးနွယ် ပုံစံက အူယားစရာလေးပင်။ပါးလေးက ရဲနေကာ အသားရည်က ပေါင်မုန့်သားလို ဖွေးဖွေးဥနေသည်။ဘောင်းဘီတိုအောက်က ခြေသလုံးဖွေးဖွေးလေးတွေက မုန်လာဥဖြူလေးလို။ခြင်ကိုက်ရာတွေ ပွနေတာကတော့. . . အမ်း ကိုယ့် မောင်လေးမို့ ချစ်စရာလေးရယ်ပါ။
"ကိုကြီးရှင်မာန်. . . ကိုကြီးရှင်မာန်. . . ထွက်လာပြီ. . .ထွက်လာပြီ. . . ကိုးကိုး ကြည့်ပေးဦး . . ."
ခြောက်တန်းတွေ ကြားထဲ ရှင်မာန်က ထင်းနေသည်။
ဆံပင်တိုတို ဂင်တိုတို အဘိုးကြီးဆီ ရှင်မာန်က ပြေးသွားသည်။အဲ့ လူကြီးက မာန်သွေးရောင်တို့ အိမ်က ခြံစောင့် အဘိုးကြီး ဦးချစ်ဝေ ဖြစ်သည်။ခြံစောင့် ဆိုသော်လည်း မိသားစုလိုပဲ တရင်းတနှီး။
မင်းရှင်မော်က ကျောင်းကိစ္စ၊မာန်သွေးရောင်က စာတိုက် ကိစ္စ တွေ နဲ့ အလုပ်တအား များသည်။ထို့ကြောင့် ရှင်မာန်ကို ပင်တိုင် စောင့်ရှောက်ပေးနေတာ ဦးချစ်ဝေ။
"ဘကြီးဝေ . . . သား ကောင်မလေး ကို ဂရုစိုက်ထားလား. . ."
ရှင်မာန် အော်မေးသံ အဆုံး နန်းနွယ့်မျက်နှာ ရှုံ့တွ သွားသည်။
ရှင်မာန် ပြောတဲ့ ကောင်မလေး ဆိုတာ သူ့ ဟက်စကီ ခွေးမကြီးကို ပြောတာ ဖြစ်သည်။
ကိုးနွယ် က နန်းနွယ်ကို ' ခွေးလောက်တောင် နင် အဖြစ်မရှိဘူး' ဆိုတဲ့ အကြည့်နဲ့ ကြည့်လာသည်။
"ကိုးကိုး. . . ကိုကြီးရှင်မာန်က မမကို ကြိုက်မယ်ထင်လား. . ."
ကိုးနွယ်က တမာရွက်ကြွေတွေကိုသာ အကြောင်းရင်းမဲ့စွာ ငေးမောနေပြီး ပြန်မဖြေပေ။
"ကိုးကိုး လို့"
"တကယ်ဖြေရမှာလား. . ."
"အင်း"
"တကယ်နော်"
"ဖြေပါဆို"
"ရုပ်ကဆိုးသလို အကျင့်ကလည်း မကောင်းဘူး စကားကလည်း များ ၊ ရယ်လိုက်ရင်လည်း အာကို ဗြဲ . . . ဂျီက ကျပြီး အရစ်က ရှည်သေး. . . ငါသာ ရှင်မာန်ဆို မကြီး. . . နင့်ကို ဘယ်တော့မှ ပြန်မကြိုက်ဘူး. . ."
ကိုးနွယ်က ရုပ်တည်ကြီးနဲ့ နန်းနွယ် မျက်နှာကို တည့်တည့် စိုက်ကြည့်ကာ တစ်ဆက်တည်း ပြောချသည်။ပြီး မျက်နှာပြန်လှည့်သွားကာ နဂိုတိုင်း ဆိတ်ဆိတ်ငြိမ်ငြိမ်လေးပဲ ခေါင်းလေးငုံ့ကာ နေသည်။
နန်းနွယ်က ငိုမဲ့မဲ့ ဖြစ်သွားသည်။
ကိုးနွယ်ကို ချစ်စရာလေးလို့ ထင်ခဲ့တဲ့ အချက်ကို ပြန်ရုတ်သိမ်းသည်။
ခဏအကြာ အဖြူရောင် ကားတစ်စီး ဆိုက်လာပြီး အရပ်ရှည်ရှည် ပုဆိုးနီညိုနဲ့ အမျိုးသားတစ်ဦး ဆင်းလာသည်။
"အငယ်. . . ဘာလို့ နောက်ကျနေတာလဲ. . ."
နန်းနွယ် က ဆတ်နွယ် ဆီ ပြေးသွားသည်။
ဆတ်နွယ်က ပြုံးလိုက်သည်။ဆတ်နွယ် ပြုံးသောအခါ ပါးချိုင့်ကြီး နှစ်ဖက်က ထင်းလာသည်။
"အင်း. . .အငယ် အလုပ်မပြီးသေးလို့ နောက်ကျနေတာ. . ."
ကိုးနွယ်က ဆတ်နွယ်ဆီ ခြေတစ်လှမ်း ကုဋေတစ်သန်းနှုန်းနဲ့ လျှောက်လာပြီး တည်ငြိမ်အေးဆေးစွာနှင့် မေးလိုက်သည်ကား
"အငယ်. . . ရည်းစားရနေတာလား" ဟူ၍။
ဆတ်နွယ်က ချောင်း ဟန့်လိုက်သည်။
"ရှိုင်းမိုဟန်က ဘယ်သူလဲ"
ကိုးနွယ်က အေးအေးဆေးဆေး ထပ် မေးလိုက်သည်။
နန်းနွယ်က လှုပ်လှုပ်ရှားရှား ဖြစ်သွားသည်။
"အငယ် တကယ်လား. . . တကယ်လား. . .နောက်ဆုံးတော့ အငယ့်ကို ယူမယ့်သူ ရှိပြီပေါ့. . .မင်္ဂလာဆောင်ရင် ချောကလက် ရေခဲမုန့်ကျွေး. . .ရေခဲမုန့်လေး အလကား စားချင်လို့ပါနော်"
"ဘာတွေ ပြောနေတာလဲ. . . ကလေး ကလေး လို မနေဘူး. . . "
ဆတ်နွယ်က ဟန့်လိုက်တော့ နန်းနွယ်က မျက်မှောင်သေးသေးလေး ကျုံ့သည်။
သို့သော် ကိုးနွယ်က ကားတံခါးဖွင့် ဆတ်နွယ် ဖုန်း ထုတ်လာကာ ဖုန်း contact ကို ဖွင့်လိုက်ပြီး ရှိုင်းလေး ဆိုတဲ့ nameကို လက်ညှိုးသေးသေးလေးနဲ့ ထိုးပြသည်။
ဆတ်နွယ် ဖုန်းက အဆက်သွယ် အရမ်း အများကြီး မရှိပေ။ရှိုင်းလေး ဆိုတဲ့ nameကြီးက ပြူးတူးပြဲတဲ။အဝင် callတွေက 100နီးပါး ရှိသည်။
"သား အသက်က 6နှစ်ပေမယ့် စာ ဖတ်တတ်ပါတယ် အငယ်. . ."
"အိုး. . .အိုး. . . အိုး. . . အငယ်ရယ်. . . ဖုန်းလေးတော့ ကိုင်ပေးလိုက်ပါ . . . ဟိုက အများကြီး ခေါ်ထားတာ . . . သူများ သနားပါတယ်"
နန်းနွယ်က ထ အော်သည်။
"တိတ်စမ်း. . . ထပ်ပြောရင် နှစ်ယောက်လုံးကို မင်းတို့ ဖေကြီးနဲ့ တိုင်မှာ. . ."
ဖေကြီး ဆိုတဲ့ အသံကြားတာနဲ့ နှစ်ကောင်လုံး ငြိမ်သွားသည်။ကိုးနောင် ဆူမှာတော့ သူတို့ ကြောက်သည်။ကိုးနောင်က အရမ်း အလို လိုက်ပေမယ့် ဆူရင်တော့ တကယ် ဆူသည်။
ဘယ်သူကိုမှ ထီ မထင်တဲ့ ကိုးနွယ်တောင် ကိုးနောင် မျက်မှောင်ကုတ်လိုက်တာနဲ့ ငြိမ်ကုပ်သွားသည်။
ပြီး ကိုးနောင်က တစ်ခါတစ်လကျ မဆူ။အဲ့အစား စကား မပြောဘဲ တစ်အိမ်လုံးကို
ပလစ်ထားသည်။
ကိုးနောင်ရဲ့မကောင်းတဲ့ အကျင့်က အရမ်း စိတ်ကောက်တတ်တာ ဖြစ်သည်။ခမ်းနော့ဝ်ကို စိတ်ကောက်တာ အားမရလို့ ကလေးတွေနဲ့ ပါ ပတ် စိတ်ကောက်သည်။
သူ စိတ်ကောက်နေတာ မသိရင်လည်း ပို စိတ်ကောက်တတ်သည်။
"အငယ်က. . .အရမ်း အာဏာပြတာပဲ. . ."
"ထပ် ပြောပြန်ပြီ . . . တကယ် တိုင်တော့မှာ"
နန်းနွယ်က ပါးစပ်ကို ဇစ်ဆွဲသလို လုပ်ပြပြီး ကိုးနွယ်က သိမ်မွေ့စွာ ကားပေါ်တက်သွားသည်။
ဒီမျောက်မောင်နှမကို ကျောင်းပို့ ကျောင်းကြိုလုပ်ပေးရတာ ဆတ်နွယ်ရဲ့ နေ့စဉ် ဝတ္တရား တစ်ခု။
"ခု ဘယ်သွားမှာလဲ"
"အိမ်ပြန်ချင်သေးဘူး Cocoမှာ မုန့်သွားစားရအောင်. . ."
"သဘောပါဗျာ. . ."
++++
"Coco ထဲကို ဝင်သွားတယ် Boss . . . ဘေးက ကလေး နှစ်ယောက်က သူ့ကလေးတွေ လား မသိ. . ."
"ဒေါင်"
"အာ့"
ရှိုင်းမိုဟန်က ရှေ့ကားခေါင်းကနေ ကတုံး ပြောင်ပြောင်နဲ့ မှန်ဘီလူးကြီးကိုင် cocoဆိုင်ထဲ လှမ်းရှိုးကာ ပြောနေတဲ့ သူ့ တပည့်ကို တစ်ရှူးဗူးနဲ့ ပစ်ပေါက်လိုက်သည်။
"ဒီလောက် နုနုထွဍ်ထွဍ် လေးက ကလေးအဖေ ဖြစ်ပါ့မလား. . .သွား. . . မျက်မှန် ပါဝါ ချိန်ခဲ့"
ရှေ့က driver seat မှာ ထိုင်နေတဲ့ နောက်ထပ် တပည့် တစ်ယောက်က ဖြန်ဖြေသည်။
"ဪ. . . မသိလို့ပါ Boss ရယ်. . . Bossတို့ နှစ်ယောက် တိတိတ်ကြိတ်ညားပြီး ကလေးနှစ်ယောက် ယူထားကြတာလားလို့ . . . ထင်မိလို့ပါ"
ရှိုင်းမိုဟန်က Cocoဆိုင်ထဲ ဝင်သွားသည်။
မဝင်ခင် လေကို ခပ်ပြင်းပြင်း တစ်ဝ ကြီး ရှူသွားသည်။သူ့ အနားရောက်ရင် အသက်ရှူမဝ လွန်းလို့။
ဆတ်နွယ်က စတစ်ကော်လံ အဖြူလက်ရှည်ကို လက်ခေါက်ပင့်တင် ဝတ်ထားသည်။
ဆတ်နွယ် နားဝယ် ကလေးနှစ်ကောင်က ဆတ်နွယ် လက်ထဲက မုန့်ကို မျက်နှာငယ်လေးတွေနဲ့ မော့ကြည့်နေကြသည်။
ရှိုင်းမိုဟန် ကလေး မချစ်တတ်ပါ။
အမှန်တိုင်းဆိုသော် သောက်မြင်တောင် ကပ်သေးသည်။
ကလေး သဘာဝက နားညီးသည်။ဂျစ်တိုက်သည်။အာဗြဲကြီးနဲ့ ငိုသည်။ဆတ်နွယ်နဲ့ အိမ်ထောင်ကျလို့ကတော့ ဒီကောင် နှစ်ကောင်ကို အိမ်တောင် အလာမခံပေ။
ရှိုင်းမိုဟန်ကို စိုက်ကြည့်နေသည့် မျက်မှန်မည်းအောက်က မျက်လုံးစိမ်းစိမ်းကြီးများက စူးစမ်းစွာ။
"ဒါယူမှာလား ကိုးနွယ်. . ."
ဆတ်နွယ် ဖြေသံ မကြားလို့ ကိုးနွယ် ကြည့်ရာ နေရာကို စိုက်ကြည့်လိုက်တော့ ရှိုင်းမိုဟန်။
ဆတ်နွယ်က ချက်ချင်း မျက်နှာလွှဲသွားသည်။
ရှိုင်းမိုဟန် အံ့ဩမှင်သက်နေသည်။
ဆတ်နွယ်က ပြုံးနေသည်။နှစ်ပေါင်းများစွာ ကြာတောင် ပါးချိုင့်ကြီးများကတော့ မပြောင်းလဲပေ။
ရှိုင်းမိုဟန်ကို ပစ်ပစ်ခါခါ မျက်နှာလွှဲသွားသော ထိုလည်တိုင်လေး ၊ သူ့ ကို မြင်ကာမှ ဆတ်ကနဲ ရပ်သွားသော ပါးချိုင့်ခွက်လေးကို နှမြောတသစွာ အငေးလွန်မိ၍ လက်က ယောင်ပြီး ဘေးက စင်တွေကို တွန်းမိသွားရာ 'အုံး အုံး အုံး ဂုန်း ဘုန်း ခွမ်း' ဆိုပြီး cocoထဲက စင်တွေ အကုန် ပြိုကျလေသည်။
ဆတ်နွယ် ကို အကြည့်မလွှဲဘဲနဲ့ Cocoပိုင်ရှင်ကို Black card တစ်ကဒ် နောက်ပြန်ပေးလိုက်သည်။
ကိုးနွယ်က ရှိုင်းမိုဟန် ကို စူးစမ်းနေရာမှ
"အငယ် အဲ့ဒီ စင်ပြိုအောင် လုပ်တဲ့သူက ရှိုင်းမိုဟန်မလား. . . "
ဆတ်နွယ်က လက်တစ်ချက်တွန့်သွားသည်။
"အင်း. . ."
"ရှိုင်းမိုဟန် ဆိုတာ ဖုန်းnameထဲက အငယ့် ရှိုင်းလေး လား. . . ဘယ်မှာလဲ ဘယ်မှာလဲ. . . ဪ. . . ဆိုင်ထဲ ပြဿနာရှာနေတဲ့ ဦးလေးကြီးပဲ. . ."
နန်းနွယ်က သူ့ဘာသာမေး သူ့ဘာသာ ဖြေနေသည်။
"ဟင်. . .အဲ့ဦးလေးကြီးက ကြောက်စရာကြီး. . လူဆိုးကြီး ကျနေတာပဲ. . .အီး. . အငယ်နဲ့ သဘောမတူတော့ဘူးနော် . . . "
"တော်တော့ . . . ဘယ်မုန့် ယူမှာလဲ ယူပြီး ပြန်ကြစို့. . ."
သို့သော် နန်းနွယ်က ရှိုင်းမိုဟန်ကို ခိုးကြည့်နေဆဲ။
"အငယ် သူနဲ့ တကယ် မယူရဘူးနော်. . . ယူရင် ဖေကြီးနဲ့ တိုင်မှာ. . "
ဆတ်နွယ်က ဒူးထောက် ချလိုက်ပြီး နန်းနွယ်ပါးစပ်ထဲကို ဘီစကွတ်တွေ ထိုးထည့်ပေးလိုက်သည်။
"စကား မပြောနဲ့ စားနေ. . ."
မကြာခင် မုန့်ဝယ်ပြီးနောက် ဆိုင်ပြင်ထွက်ရန် တံခါးဆွဲဖွင့်လိုက်သောအခါ ရှိုင်းမိုဟန်က ဆတ်နွယ်ရဲ့ လက်ကောက်ဝတ်ကို လှမ်း ဖမ်းဆွဲသည်။
ဆတ်နွယ်ရဲ့ မာကျောတဲ့ အကြည့်များကြောင့် ရှိုင်းမိုဟန် ခေါင်းငုံ့ကာ မျက်လွှာချလိုက်သည်။
"မင်း. . မင်း ကြိုက်တဲ့ မက်မန်းသီးရေခဲချောင်း . . ."
တစ်ချိန်တစ်ခါတုံးက ရှိုင်းမိုဟန်သည်
ဆတ်နွယ်ဆီ လာတိုင်း မက်မန်းသီး ရေခဲချောင်း အမြဲ ယူလာလေ့ရှိ၏။
အခွံကို သွားနဲ့ ကိုက်ဖောက်ကာ ဆတ်နွယ်ကို ပေးလိုက်တိုင်း ရှိုင်းမိုဟန် ပြန်ရတာ ဆတ်နွယ်ရဲ့ ပါးချိုင့်ကြီးများ။
"ကျေးဇူး . . . ခု ငါ မက်မန်းသီး မကြိုက်တော့ဘူး. . ."
ဆတ်နွယ်က မက်မန်းသီးကို ယူလိုက်ပြီး တည်ငြိမ်စွာ ပြောသည်။
"သေဒဏ်ကျတဲ့ အကျဉ်းသားတောင် သူ့အပြစ်တွက် အယူခံခွင့် ရှိသေးတာပဲ . . . ငါ့ကို ခွင့်လွှတ်ပါလို့ တစ်ကိုယ်ကောင်းဆန်ဆန် မတောင်းဆိုပါဘူး . . . ဒါမဲ့ တစ်ကြိမ်တစ်ခါ တုံးက နွယ်ခဲ့ဖူးတဲ့ သံယောဇဉ်ကြိုးကို ထောက်ထားသောအားဖြင့် . . ."
"အဲ့ သေဒဏ်ကျတဲ့ အကျဉ်းသားကို တရားသူကြီးက အယူခံခွင့် ပိတ်လိုက်တယ် . . . ဒီဘဝ ဒီမျှ နဲ့ တော်လိုက်ကြရအောင် ရှိုင်းမိုဟန်. . . မင်းက အကုန် ပြည့်စုံပါတယ် . . ငါ့ဆီ လာပြီး မကပ်တွယ်ချင်စမ်းပါနဲ့. . ."
ထွက်ခွာသွားသော ကျောပြင်ကို ရှိုင်းမိုဟန် ကြည့်ရင်း ပင့်သက် ရှိုက်လိုက်သည်။
အချိန်တွေကို နောက်ပြန်ဆုတ်ပြီး 16နှစ်သား ရှိုင်းမိုဟန်ကို ရိုတ်သတ်ပစ်ချင်မိသည်။
ငယ်သူမို့ မှား မှန် မသိဘဲ မှားမိတဲ့ အမှားကြီးဟာ 30အရွယ် လူကြီးတစ်ယောက်ကို မျက်ရည်ဝဲစေသည်။
ကလိုမှန်းသိ ပိုင်ဆိုင်ဖူးတဲ့ ပါးချိုင့်နက်နက်ကြီးများကို တန်ဖိုးထားခဲ့ပါသည်။
ဆတ်နွယ်က မက်မန်းသီးကို အမှိုက်တောင်းထဲ ထည့်လိုက်သည်။
တစ်ကြိမ်တစ်ခါတုံးက မက်မောစွာ စားခဲ့ဖူးတဲ့ မက်မန်းသီးရဲ့ ချဉ်စုပ်စုပ် အရသာ၊
တစ်ကြိမ်တစ်ခါတုံးက မက်မောစွာ နမ်းရှိုက်ဖူးတဲ့ ချိုအီလွန်းတဲ့ နှုတ်ခမ်းသားတွေ။
အချိန်တန်တော့ လျှာပေါ်မှာ မက်မန်းသီး အရသာ ပြယ်သလို ချိုအီသော နှုတ်ခမ်းလေးကလည်း အလိမ်ညာတစ်ခုသာ။
ဆတ်နွယ် ရင်ဘတ်ထဲက တဆစ်ဆစ်ထိုးနာလာ၏။
မချစ်ဖူးလား မေးရင် ချစ်တာပေါ့. . . ချစ်တာမှ သိပ်. . .သိပ်ကို ချစ်တာ။
သို့သော် တစ်ခါ ခဲမှန်ဖူးတဲ့ စာငှက်လို ဆတ်နွယ်ဟာ ရှိုင်းမိုဟန် အချစ်ကို မယုံတော့ပေ။ဆတ်နွယ် မျက်ဝန်းထောင့် မျက်ရည် အချို့ ဝဲတက်လာသည်။
"မင်းကလေ တိုက်ပုံနက်နက် ၊
မောင့်ကျက်သရေ ခေါင်းပေါင်းနဲ့ဆို အရမ်းလိုက်မှာ. . . ငါရဲ့ ဆတ်လေးက စောက်ရမ်းကို တောက်ပနေမှာ . . . အာ့တာကြောင့် ဆယ်တန်း အောင်ပြီး ဉပဒေ ယူ ၊ တရားသူကြီး လုပ်ပါလား . . . အိမ်ဦးခန်းမှာ မင်းရဲ့ ဓာတ်ပုံကြီး ခန့်ခန့်ညားညား ချိတ်ပြီး လာသမျှ ဧည့်သည်ကို ဒါ ကျွန်တော့် အမျိုးသားတရားသူကြီးမင်း လေ ဆိုပြီး ကြွားချင်လို့ပါ. . . နော် နော် . . ."
ရှိုင်းမိုဟန်ရဲ့ အမှတ်တမဲ့ စကားဟာ ဘုန်းဆတ်နွယ်ကို တစ်သွေမတိမ်း လိုက်နာစေခဲ့သည်။
တရားသူကြီးလည်း ဖြစ်ရော လျှာတစ်ချောင်းနဲ့ အာချောင်သွားတဲ့ သူ့ ရှိုင်းလေးဟာ ဘယ်ချောင်မှာ သွား သေနေလဲ မသိတော့ပါ။
ကိုင်ဇာ ရဲ့ သီချင်းလိုပေါ့. . .။
ဒီအချိန်မှာ ပြန်တွေ့တာ ဘာလုပ်ရမှာလဲ. . .။
ကိုယ့် ဘဝတွက် မင်းလာချိန်ဟာ သိပ် နောက်ကျတယ်. . .။
မလာနဲ့ကွယ်. . . မနှင်ချင်ပေမယ့်လည်း တမင် နှင်နှင် ချစ်တဲ့သူရေ . . .။
______________________________________
1.55a.m
15.12.2022(Thu)
Mary_Koe
4922
Please give me feedback 😉😚
Zawgyi
"ကိုယ္ ျပဳတဲ့ ကံ ကိုယ့္ ထံျပန္ ပဲ့တင္လာလိမ့္မည္. . ."
ရက္ကြက္ထိပ္ရွိ ဓမၼာ႐ုံက စပီကာႀကီးနဲ႕ ဤ ဓမၼ လကၤာကို သူ႕ကိုမ်ား ႐ြဲ႕ေစာင္း ဖြင့္ေနသလား လို႔ေတာင္ ရွိုင္းမိုဟန္ ထင္မိသည္။
ရွိုင္းမိုဟန္ က ေတာက္ခ္ တစ္ခ်က္ ေခါက္လိုက္သည္။
နံနက္ခင္းရဲ႕ အ႐ုဏ္ဦး ေအာက္ဝယ္ ရွိုင္းမိုဟန္သည္ ကုတင္ေျခရင္းမွာ စိတ္ပ်က္လက္ပ်က္ ထိုင္ေနခဲ့သည္။
ေဘးဧရိယာမွာ အရက္ပုလင္းေတြ ပ်ံ့ႏွံစြာ။
စီးကရက္ တိုတိတိေတြကလည္း ဟိုတစ္စ
ဒီတစ္စ။လက္ထဲမွာလည္း အရက္ပုလင္းနဲ႕။
ဂုတ္ေထာက္တဲ့ ဆံပင္ေတြက အ႐ူးဆံပင္လို။
အေပၚပိုင္း ဗလာ ၊ မီးခိုးေရာင္ ေဘာင္းဘီရွည္ကို ခပ္ေလ်ာေလ်ာ ဝတ္ထားသည္။ေက်ာက ျခေသၤ့ တစ္ေကာင္ ဟိန္းေနတဲ့ ပုံစံ tattoo က ဟိတ္ဟန္ ႀကီးစြာ ဝံ့ဝံ့ထည္ထည္။
ရွိုင္းမိုဟန္သည္ ကိုယ့္ဖို႔ ကို သာ ၾကည့္ေသာ
အတၱေပမဝါဒီ သမား ျဖစ္သည္။သူ ခ်မ္းသာ ဖို႔ ၊သူ ေကာင္းစားဖို႔ ၊ သူ ဝမ္းဝဖို႔ အျခားတစ္ေယာက္ ကို ေကာက္က်စ္ယုတ္မာစြာ နင္းခ်ဖိဳ႕ ဝန္မေလးေပ။ဘယ္သူေသေသ ငေတမာ ၿပီးေရာ ဆိုသည့္ မဟာ မဟာ့ ႀကီးျမတ္ေတာ္မူလွေသာ စိတ္ထူးစိတ္ျမတ္ ပိုင္ရွင္ႀကီး ပင္။
ရက္စက္သည္။ေကာက္က်စ္သည္။အတၱႀကီးသည္။တစ္ကိုယ္ေကာင္းဆန္သည္။
ရွိုင္းမိုဟန္ က ထင္သေလာက္ ရိုးရွင္းသူ မဟုတ္ေပ။White Roseက ရွိုင္းမိုဟန္ နာမည္ေကာင္းယူတဲ့ လုပ္ငန္းသာ။သူ႕ ေနာက္ကြယ္မွာမူ ေလာက္စားမတတ္ ပုပ္ပြ ရိ႐ႊဲေနေသာ ဂိုဏ္းႀကီး ရွိသည္။
သူ႕ စိတ္နဲ႕သာဆို ငယ္ငယ္က ပစ္ပစ္ခါခါ
ပေလးၿပီး ထားခဲ့တဲ့သူကို ေနာက္ ျပန္လွည့္ၾကည့္စရာ မရွိေသာ္လည္း . . . ကံဆိုးစြာ ကံဆိုးစြာႏွင့္ တကယ္ႀကီးကို ထိုတရားသူႀကီးေကာင္အား ခ်စ္မိသြားခဲ့သည္။
အေပ်ာ္ပေလး ဖို႔ ေတာင္ မဟုတ္ေတာ့ဘဲ တကယ္ အတည္ ဘဝတစ္ခုလုံး ထိုလက္ကိုသာ တင္းတင္းၾကပ္ၾကပ္ ဆုပ္ကိုင္ထားခ်င္မိတဲ့ထိ သူ နစ္ျမဳပ္သြားခဲ့ေလသည္။
သူ႕ အနားဝယ္ ဆတ္ႏြယ္ထက္ အဆေပါင္းမ်ားစြာ လွပသည့္ လိပ္ျပာေလးေတြ ဝဲပ်ံေနေသာ္လည္း ဆတ္ႏြယ္ မွ မဟုတ္ရင္ အားလုံးဟာ ဖြဲ နဲ႕ စကြဲသာ။
တရားသူႀကီးေလးကို မွန္ေသာ ေမတၱာစစ္နဲ႕ ခ်စ္မိေလ၏။ရွိုင္းမိုဟန္ အခ်စ္က အႏူေတာထဲက ေပါက္လာတဲ့ ၾကာပန္းလို။
သူ႕ ဘဝမွာ ပုံပန္းပန္းပ်က္ စိတ္ေရာဂါ ရေနတာ ဒါ ပထမဆုံး ျဖစ္သည္။
သူ ေတာ့ မေသခင္ကတည္းက ဝဋ္လည္ေလၿပီ။
ရွိုင္းမိုဟန္က ျမာ အလြန္ေပြသည္။
မခ်စ္ဘူး ဆိုလည္း လွည့္မၾကည့္။ခ်စ္ၿပီ ဆိုလည္း ပိုင္ဆိုင္ရမွ ေက်နပ္တဲ့ ဒႆဂရီလိုေကာင္။
ရွိုင္းမိုဟန္က ေခါင္းကို လက္သန္း နဲ႕ ကုတ္လိုက္သည္။ဆတ္ႏြယ္ ကို ရွိုင္းမိုဟန္ မရ ရေအာင္ ယူမည္။
ဆတ္ႏြယ္ ကို ရဖို႔ သူ အားလုံးကို စြန႔္လႊတ္နိုင္သည္။ေအးခ်မ္းလွတဲ့ မ်က္ႏွာေတာ္ေလး ကို ေန႕တိုင္း ဖူးေျမာ္ရဖို႔သာ အဓိက က်၏။
"Boss"
"ငါ တံခါး ေခါက္ဖို႔ ေျပာထားတယ္ေလ . . . ေစာက္နားက မင္း ေမ သားအိမ္ထဲမွာ က်န္ခဲ့တာလား"
"ေတာင္း. . . ေတာင္း. . . ေတာင္း . . . ပန္ပါတယ္ Boss . . . ကြၽန္ေတာ္ Bossရဲ႕ အနာဂတ္ အမ်ိဳးသားေလာင္းေလးရဲ႕ကိုယ္ေရးအက်ဥ္း ရပါၿပီ လို႔ လာေျပာတာပါ . . ."
ကတုံး ဆံပင္ေပါက္နဲ႕ ထြားထြားက်ိဳင္းက်ိဳင္း ဗလႀကီးက ေခါင္းငုံ႕ကာ တုန္တုန္ယင္ယင္ ေျပာသည္။Boss မ်က္ေတာ္ေျပသြားေအာင္ အနာဂတ္ အမ်ိဳးသားေလာင္းေလး ဆိုတဲ့ စကားကို တမင္ထည့္ကာ ဖိေျပာလိုက္သည္။
"ဪ . . . ငါ့ေကာင္ေတြက ေတာ္လိုက္တာ. . . ေပး ေပး . . . ဒါနဲ႕ မင္းတို႔ ေကာင္ေတြ ဒါေလး စုံစမ္းတာ ဘာလို႔ ဒီေလာက္ၾကာေနတာလဲ. . .သြက္သြက္ လက္လက္ကို မရွိဘူး. . . "
'ၾကာေနတဲ့ အေၾကာင္းရင္းကို Boss စာ႐ြက္ကို လွန္ၾကည့္ရင္ သိပါလိမ့္မယ္' ။ ထို စကားကို ကိုဗလက စိတ္ထဲမွာသာ ေျပာလိုက္၏။အျပင္မွာေတာ့ သူ မေျပာရဲေပါင္။
"ဘာ!!. . .ဘုန္းဆတ္ႏြယ္က ေနာင္ဘုန္းသိုက္ ရဲ႕ သား !!! ငါ ိုး မ ပဲ. . ငါေတာ့ ေခြးျဖစ္ၿပီ. . . "
ကံၾကမၼာက ရွိုင္းမိုဟန္ကို ဒဗလယ္ သတ္ေခ်ၿပီ။
တရားသူႀကီးေလးရဲ႕အခ်စ္ကို ရဖို႔ ခက္လွလြန္းလို႔ မိဘ ေမာင္ႏွမ ေတြကို အပီကပ္
ေပါင္းပါ့မယ္ ဆိုကာမွ ေယာကၡထီးႀကီးက သူ႕ရဲ႕ စီးပြားၿပိဳင္ဘက္ ျဖစ္ေနသည္။
ရွိုင္းမိုဟန္ ေနာင္ဘုန္းသိုက္ကို ရွယ္ပလန္နဲ႕ကို ျပစ္မွားထားခဲ့သည္။
လုပ္ၾကပါဦး. . .!!။
အားတဲ့ ဘုရား ဆင္းကယ္ေတာ္မူပါ။
ပြဲက မ စခင္ကတည္းက အႏုတ္လကၡဏာ ျပေနၿပီ။
ဘန္ေကာက္ အိမ္ရာေျမ ေလလံပြဲ တုံးက
ရွိုင္းမိုဟန္ ေနာင္ဘုန္းသိုက္ကို မထိတထိ စိန္ေခၚ ရန္စခဲ့သည္။ဒီလို ေယာကၡထီးမွန္းသိ ေတြ႕ကတည္းက 'ေဖေဖႀကီး' ဆိုၿပီး ေျခသလုံး ဖက္ထားပါသည္။
ေနာင္ဘုန္းသိုက္ သား မလို႔ စုံစမ္းရတာ ခက္ေနတာ ျဖစ္မည္။အေစာပိုင္းကာလ ရွိုင္းမိုဟန္ ဆတ္ႏြယ္ အေၾကာင္းကို စုံစမ္းေတာ့ အစ္ကိုတစ္ေယာက္ ရွိတယ္ ဟုသာ အေပၚယံ သိခဲ့ရသည္။မိဘ ေနာက္ခံကိုေတာ့ ခု မွ သိတာပင္။
ေနာင္ဘုန္းသိုက္က တကယ့္ High boss အႀကီးစား ႀကီး ျဖစ္ေသာ္လည္း သူ႕ မိသားစုအေၾကာင္းကိုမူ public သိပ္ ထုတ္မျပေပ။သားတစ္ေယာက္ ရွိတယ္လို႔ ေယဘုယ် ေၾကျငာထားေသာ္လည္း လြန္ခဲ့ေသာ ႏွစ္ပိုင္းေလာက္ကမွ 'သားႀကီး ရွိေသးတယ္ တစ္ေယာက္ မဟုတ္ဘူး၊ ႏွစ္ေယာက္' ဆိုၿပီး သူ႕ သားႀကီးကို official ခ်ကာ ထုတ္ႂကြားခဲ့သည္။
ထိုစဥ္က ဂယက္ နည္းနည္းေတာ့ ထသြားေသးသည္။ေနာင္ဘုန္းသိုက္ သားႀကီးပုံက ေတာ္ေတာ္ေလး ေခတ္ထခဲ့ၿပီး လူမႈကြန္ယက္မွာ ေရပန္းစားခဲ့ဖူးသည္။စီးပြားေရး လုပ္ငန္းရွင္ႀကီး မ်ားက သူတို႔၏ သမီး မ်ားႏွင့္ ခ်ိန္ေပး ခ်ိတ္ေပးရန္ ႀကံကာရွိေသး၊ ထိုသားႀကီးသည္ ေဒါက္တာတစ္ေယာက္နဲ႕ မဂၤလာေဆာင္သြားေလသည္။
ေနာင္ဘုန္းသိုက္ သားႏွစ္ေယာက္က ဆတ္ႏြယ္တို႔ ညီအစ္ကို ျဖစ္လိမ့္မည္ ဟု ရွိုင္းမိုဟန္ လုံးဝ ဆက္စပ္ ေတြးထင္လို႔ မရခဲ့ေပ။
အေၾကာင္းမွာ ေယာက္်ားေလးအမ်ားစုက မိဘခ်မ္းသာ လွ်င္ ေဘာေက်ာ့ Bad boy မ်ားသာ ျဖစ္သြားေလ့ ျဖစ္သြားထ ရွိ၏။
ဆတ္ႏြယ္တို႔က် လွ်ို႔ဝွက္သိပ္သည္းလြန္းသည္။ၿပီး မိဘ အဆက္သြယ္နဲ႕ လားလားမွ မသက္ဆိုင္ေသာ ကိုယ့္ အလုပ္ကိုင္နဲ႕ ကိုသာ ေအးေအးေဆးေဆး ေနၾကသည္။
ခ်စ္လိုက္တာကြာ။
ေလာဘ နည္းလိုက္တာ။ၾကည္ညိုစရာေလး။
ငါ လို မေအေဘး နဲ႕မ်ား ကြာပ။
ရွိုင္းမိုဟန္ လဒ မွိုင္ မွိုင္ သြားသည္။
ေျပာခဲ့သည့္အတိုင္း ရွိုင္းမိုဟန္ က လူေကာင္းမဟုတ္၊ သူ႕ ဘဝ ကို ေနာက္ျပန္ လွည့္ၾကည့္ရင္ အကုသိုလ္ေတြသာ ရွိသည္။
ကုသိုလ္ဆိုလို႔ ပု႐ြတ္ဆိတ္ေလး ေရနစ္ေနတာကို လက္ကေလးနဲ႕ ကယ္ခဲ့ဖူးတာပဲ ရွိသည္။ပု႐ြတ္ဆိတ္ရဲ႕ အသက္သခင္ ေက်းဇူးရွင္ေပါ့။
ရွိုင္းမိုဟန္က အရက္ကို တစ္က်ိဳက္တည္း ေမာ့ခ်လိဳက္သည္။
ဆတ္ႏြယ္၊ဆတ္ႏြယ္၊ဘုန္းဆတ္ႏြယ္ . . . ။
ဆတ္ႏြယ္က အရက္နဲ႕တူသည္။
ခါးသည္။သို႔ေသာ္ စြဲလမ္းေစသည္။
ရွိုင္းမိုဟန္လိုေကာင္ ရဲ႕ ပါးစပ္က ခ်စ္စကား ထြက္ရင္ အမ်ားတကာ ဟားတိုက္ၾကမွာ သိေပမင့္ ရွိုင္းမိုဟန္ ရွက္ မေနပါေလ။
လူမိုက္ႀကီးလည္း အသည္းနဲ႕ ျဖစ္၏။
++++
သီတင္းကြၽတ္ကာလ ၿပီးဆုံးသြားေသာအခါ တန္ေဆာင္တိုင္ က တစ္ဖန္ ျပန္လည္ ေရာက္ရွိလာ၏။
ဒီႏွစ္ သီတင္းကြၽတ္ကေတာ့ ပုံမွန္ပင္။
ကိုးေနာင္က ကေလးေတြကို မီးထြန္းကား ဝယ္ေပးသည္။တစ္ခုတည္း မဟုတ္ဘဲ ရွိသမွ် ဆိုဒ္စုံ ပုံစံ မ်ိဳးစုံ ဝယ္လာ၍
အိမ္စတိုခန္းထဲ မီးထြန္းကား ေတြ ခ်ည္း ေနရာယူထားသည္။
"ကိုယ္ ငယ္ငယ္က မီးထြန္းကား အရမ္း လိုခ်င္တာ. . . သီတင္းကြၽတ္ေရာက္တိုင္း မီးထြန္းကားေလးေတြ ဆြဲၿပီး ပတ္ေျပးေနတဲ့ ကေလးေတြကို အရမ္း အားက်တာပဲ. . .ကိုယ့္ကို ဘယ္သူမွ လဲ ဝယ္မေပးၾကဘူး. . .မုန႔္ဖိုးလဲ မရဘူး. . .ကိုယ့္ မိေထြးထဲက ပိုက္ဆံတစ္ေန႕ ငါးဆယ္ ခိုး ခိုးၿပီး စုထား၊ ျပည့္သြားေတာ့ မီးထြန္းကား အျမန္ သြားဝယ္. . . ကုန္မွာ စိုးလို႔ အျမန္ဝယ္ရတာေလ. . . ဝယ္ၿပီး ကုတင္ေအာက္ထဲ ဖြတ္ထားတာ . . . ေနာက္က် ထြန္းမယ္လည္း လုပ္ေရာ မီးထြန္ကားက ႂကြက္ကိုက္လို႔ ပ်က္စီးသြားၿပီ. . . ဟား ဟား ဟား "
ကိုးေနာင္က ဗိုက္ကို ဖိ ၿပီး ရယ္ေနသည္။
"အဲ့တာ ရယ္ရလို႔လား. . ."
"ရယ္ေလ. . . ဟာသ ေျပာေနတာကို"
"အာ့တာ ဟာသ မွ မဟုတ္တာ. . ."
ကိုးေနာင္က မ်က္ေမွာင္ကုတ္ၿပီး ဆူပုတ္သြားသည္။
"အဲ့ဗ်ာ အာ့တာ ရယ္မွ မရယ္ရတာ. . . မရယ္လို႔ ဆူပုတ္ေနတယ္တဲ့. . . မင္း ဘယ္လို ေကာင္လဲ. . ."
ခမ္းေနာ့ဝ္က ေျပာေျပာဆိုဆို ေရတစ္ခြက္ကို ေမာ့ေသာက္လိုက္သည္။
"ဖူး . . . ဖြတ္လြတ္ အဟြတ္ ဟြတ္. . . ရား. . . ေဟ့ေကာင္. . .စပ မို႔ ကလိၾကားလာထိုးေနတာလား ဟား ဟား ဟ့ . . ."
ကိုးေနာင္က ခမ္းေနာ့ဝ္ကို မရယ္ ရယ္ေအာင္ ကလိၾကားလာထိုးေနသည္။
"ဟား . . ဟာ့. . ဟ့. . ကိုးေနာင္ ေတာ္ေတာ့ဟ. . ."
ကိုးေနာင္က ခမ္းေနာ့ဝ္ ကို ခါးက ဆြဲေပြ႕ကာ ခ်ားရဟတ္လို ေပြ႕ရမ္းလိုက္သည္။
အိမ္ေပၚထပ္က ဆင္းလာတဲ့ ကိုးႏြယ္က ထိုျမင္ကြင္းကို ျမင္ေသာ္ ၿပဳံးလိုက္သည္။ၾကည္ႏူးသလို ၿပဳံးတာမဟုတ္ဘဲ ေလွာင္သလို ၿပဳံးတာ ျဖစ္သည္။သူမ်ားေတြအတြက္ ၾကည္ႏူးစရာျဖစ္နိုင္ေသာ္လည္း ကိုးႏြယ္မ်က္လုံးထဲတြင္မူ ထန္းပင္ေပၚ စာေျခာက္႐ုပ္ႀကီး ကပ္ဝဲေနသလို။
ထိုစဥ္ နန္းႏြယ္ ေရာက္လာကာ ကိုးႏြယ္ မ်က္မွန္မည္းကို ဆြဲယူသြားၿပီး စ ေနသည္။စေနရင္း ဟိုစာေျခာက္႐ုပ္နဲ႕ ထန္းပင္ကို ျမင္ေသာအခါ နန္းႏြယ္ မ်က္လုံးေမွးေမွးေလးေတြက ဘလင္း ဘလင္း ထသြားၿပီး လႈပ္လႈပ္ လႈပ္လႈပ္ ေျပးကာ
"မီး လည္း အဲ့လို လႊဲေပး လႊဲေပး လႊဲေပး. . . ေဖႀကီး လႊဲေပး. . ."
မၾကာခင္ ထန္းပင္ေပၚ ေမ်ာက္ဝံမႀကီး တြဲခိုကာ ပ်ံေနသည့္ ျမင္ကြင္းက ကိုးႏြယ္ေရွ႕ ေပၚလာ၏။
ခမ္းေနာ့ဝ္က လက္ယမ္းျပကာ
"သားငယ္ေရာ. . . လာ. . . ေလယာဥ္ပ်ံႀကီး စီးရေအာင္. . ."
ကိုးႏြယ္က ေခါင္းရမ္းျပလိုက္၏။သူ ဒီလို ကေလးကလား အလုပ္ေတြ ဝါသနာ မပါေပ။
ေဖႀကီးက မီးထြန္းကားေတြ ဝယ္လာသည္။ေမ်ာက္ဝံမႀကီးက စာေမးပြဲ မွာ အမွတ္ ရာျပည့္ ရသလို ေပ်ာ္ေနသေလာက္ ကိုးႏြယ္က မီးထြန္းကားေတြကို မႀကိဳက္ေပ။
မီးထြန္းကားေတြထက္ မီးသရဲ ေဆာ့ရတာ ပိုႀကိဳက္သည္။
ၿပီး အႀကိဳက္ဆုံးကေတာ့ နန္းႏြယ္ရဲ႕ ဘိုမ႐ုပ္ေတြကို ေျခေတြ လက္ေတြ ေခါင္းေတြ တစ္စစီ ဆြဲၿဖဲ ပစ္ရတာ ကိုပင္။
အဲ့လို လုပ္တိုင္း နန္းႏြယ္က အာၿဗဲ ႀကီး နဲ႕ ထိုင္ငိုတတ္သည္။မသနားပါ။သူ အဲ့လို လုပ္ေပးလို႔ ဘိုမ႐ုပ္ အသစ္ေတြ ထပ္ ထပ္ ရတာပဲေလ. . .။
ကိုးႏြယ္က တစ္ကယ္တမ္းက် အေဖေတြနဲ႕ အေန သိပ္မနီးေပ။စာေျခာက္႐ုပ္နဲ႕ ထန္းပင္က တစ္ခါတစ္ေလက် တအား ကဲကဲသဲသဲ လုပ္လြန္း၍ ၾကည့္မရ။
ကိုးႏြယ္နဲ႕ အေနနီးတာ နန္းႏြယ္သာ ျဖစ္သည္။
အဲ့ေမ်ာက္ဝံမႀကီးက သူ ဘယ္သြားသြား ေနာက္က တေကာက္ေကာက္လိုက္ေနသည္။ေဆာ့ရင္လည္း ကိုးႏြယ္ကို သရဖူေဆာင္းေပးကာ ညီအစ္မ လုပ္တမ္း ေဆာ့သည္။ဆရာနဲ႕ တပည့္ လုပ္တမ္းက ပါေသးသည္။
ၿပီး အိမ္ထဲမွာ အိမ္ေသးေသးေလး ျပန္ေဆာက္သည္။အိုးပုတ္ ခ်ိဳး႐ုပ္ေဆာ့သည္။ၿခံထဲက ေခြးေသးပန္းက စ အ႐ြက္စုံ ပလုံစုံ ေတြကို ခူးၿပီး ေဈးေရာင္းကာ ကိုးႏြယ္ကို လာဝယ္ခိုင္းသည္။ေဈးဆစ္ရင္က် မႀကိဳက္။
အားေနရင္ ကိုးႏြယ္ကို မိတ္ကပ္လိမ္း လာ ေပးသည္။ၿပီး လွတာလည္း မဟုတ္။မ်က္ႏွာဆိုး႐ုပ္ႀကီး ထြက္လာ၏။
နန္းႏြယ္က ဒစ္စနီ႐ူး ႐ူးေန သူ ျဖစ္ၿပီး သူမရဲ႕ ပန္းေရာင္ အိပ္ခန္းထဲမွာ မင္းသမီးပုံေလးေတြနဲ႕ ျပည့္ေနတတ္သည္။
ေဖႀကီးက နံရံေတြမွာ သူကိုယ္တိုင္ မႈတ္ေဆးေတြနဲ႕ မင္းသမီးေလးေတြရဲ႕ ပုံကို ဆြဲေပးေသာေၾကာင့္ ျပည့္ေနျခင္းပင္။
ခမ္းေနာ့ဝ္က ကိုးႏြယ္ကို ခ်ီလိုက္ၿပီး
"သားငယ္ အခန္းထဲမွာေကာ ဘာဆြဲခ်င္လဲ"
ကိုးႏြယ္က လက္ခါျပသည္။အဲ့လို ေပါေတာေတာ အလုပ္ေတြ သူ မလုပ္၊လုပ္ရင္ သူ မဟုတ္ေပ။
ညက်ရင္ နန္းႏြယ္သည္ ဘယ္ေတာ့မွ သူမရဲ႕ ပန္းေရာင္ အိပ္ခန္းထဲမွာ မအိပ္ေပ။အေမွာင္ထဲဝယ္ အ႐ုပ္ပုံႀကီးေတြက ေျခာက္ျခားစရာေကာင္း၍ ကိုးႏြယ္ဆီ လာအိပ္သည္။
အိပ္ရင္လည္း ၿငိမ္ၿငိမ္မအိပ္ဘဲ ကိုးႏြယ္ကို ဖက္လုံးလို ဖက္အိပ္သည္။
"မႀကီး လစ္"
"လစ္ဘူး . . . ဟိ. . ဟိ. . . မမက ကိုးကိုးေလးကို စိတ္မခ်လိဳ႕. . ."
သူ အစ္မ ေမ်ာက္ဝံမႀကီးက တစ္ခါတစ္ေလ က် ခ်စ္စရာေတာ့ ေကာင္းရွာပါသည္။တစ္ခါတစ္ေလက် အဲ့ေမ်ာက္ဝံမႀကီးရဲ႕ ပါးစပ္ကိုပဲ တိတ္နဲ႕ကပ္ထားရမလား၊ကိုယ့္ နားကိုပဲ ဂြမ္းနဲ႕ ဆို႔ထားရမလား မသိေအာင္ စကား တအားမ်ားသည္။
ကိုးႏြယ္သည္ ေဖႀကီး လည္တိုင္ကို ခိုစီးကာ ေလယာဥ္ပ်ံႀကီး လုပ္ေနေသာ နန္းႏြယ္ကို တစ္ခ်က္ၾကည့္လိုက္သည္။ဘယ္ခ်ိန္မွ ရင့္က်က္မလဲ မသိေသာ အစ္မ ျဖစ္သူတြက္ ရင္ေလးမိ၏။
သူ႕ အစ္မသည္ အိမ္မွာသာ မထုံတတ္ေတး ကေလးေလး လုပ္ေနတာ ေက်ာင္းမွာေတာ့ crush နဲ႕ ျဖစ္သည္။
ဦးေလးမာန္ေသြးေရာင္ရဲ႕သား မင္းရွင္မာန္က နန္းႏြယ္ရဲ႕ crush ႀကီးပင္။
တစ္ေန႕တစ္ေန႕ မင္းရွင္မာန္ကို ေခ်ာင္းရတာ နန္းႏြယ္ရဲ႕သမိုင္းေပး တာဝန္လို. . .။
++++
နန္းႏြယ္က သုံးတန္း။
ကိုးႏြယ္က ႏွစ္တန္း။
ရွင္မာန္က ေျခာက္တန္း။
ရွင္မာန္က မာန္ေသြးေရာင္နဲ႕ဆင္သည္။လွိုင္းတြန႔္ဆံပင္ေလးမ်ား နဖူးေပၚ အုပ္အုပ္ေလးဝဲက်ေနကာ ႏႈတ္ခမ္းေလးမ်ားက မၿပဳံးရင္ေတာင္ ၿပဳံးေယာင္သန္းေနတတ္၏။
ျဖဴျဖဴသြယ္သြယ္ေလးနဲ႕ ေကာ္ပတ္႐ုပ္ေလးလို ျဖစ္သည္။နန္းႏြယ္လို ေကာပတ္႐ုပ္ေတြ ႀကိဳက္တဲ့သူက ရွင္မာန္ကို ႀကိဳက္တာ မဆန္းေပ။
နန္းႏြယ္ အတန္းနဲ႕ ရွင္မာန္ အတန္းက အေဝးႀကီး ျဖစ္သည္။ကိုးႏြယ္ အခန္းက ရွင္မာန္နဲ႕ ကပ္ရက္မို႔ ကိုးႏြယ္ကို ဗန္းျပကာ ခဏ ခဏ လာသည္။ေမ်ာက္ဝံမႀကီးက ဒါက် မေမာဘဲ အၿမဲ ေျပးကာ လာ လာ ေခ်ာင္းသည္။အိမ္က ခိုင္းရင္က် မၾကားခ်င္ေယာင္ ေဆာင္ေန၏။
ရွင္မာန္ကို ႀကိဳက္တာ နန္းႏြယ္ တစ္ေယာက္တည္းမဟုတ္ ၊ ရွင္မာန္က မ်က္ႏွာခ်ိဳလို႔ လူႀကိဳက္မ်ားသည္။
နန္းႏြယ္က ရွင္မာန္ေရွ႕ဆို ပါးႀကီးရဲလာကာ စကားေတြ ထစ္တာေၾကာင့္ ရွင္မာန္ကို စကား မေျပာရဲေပ။အဲ့အစား ကိုးႏြယ္ကို ေစာင့္ၾကည့္ခိုင္းထားသည္။
"အင္း သူ ေရေသာက္ေနတယ္. . ."
"ခု အိမ္သာ ထဲ ဝင္သြားၿပီ . . . အီးညွစ္ေနတယ္. . "
"အင္း ခု စာသင္ခန္းထဲမွာ သူ စာမက်က္ဘဲ ေလေပါေနတယ္. . ."
"အင္း စာသင္ေနတာ ဒါမဲ့ သူ အိပ္ေနတယ္. . ."
စသည္ စသည္ ဖုန္းနဲ႕ သတင္းလွမ္း လွမ္း ပို႔ရသည္။
ေက်ာင္းမွာ ဖုန္းယူခြင့္ မရွိေပ။
သို႔ေသာ္ သူတို႔ ေမာင္ႏွမ ခိုးယူလာၾကသည္။ဆရာ ဆရာမ ေတြ က မိသြားလည္း
ဉာဏ္ကိုးေနာင္ မ်က္ႏွာေၾကာင့္ ဘာမွ မေျပာ။
ကိုးေနာင္က ေက်ာင္းရဲ႕ ရန္ပုံေငြကို တစ္ဝက္နီးပါးေလာက္ထိ ေထာက္ပံ့ လႉထားသည္။နန္းႏြယ္ က a b c d ေတာင္ ဒစ္လည္ေနေသာ္လည္း သူမ အဆင့္က 1 က မက်ေပ။
ပိုက္ဆံ အစြမ္း အံ့မခန္း။
ေဖေဖကေတာ့ အဲ့လို လုပ္တာ သေဘာမက်ေပမယ့္ ေဖႀကီးက လက္မခံေပ။ပညာေရးထက္ ဝါသနာ ပါတာကိုပဲ အားေပးအားျမႇောက္ ျပဳတတ္တာ ေဖႀကီးရဲ႕ အက်င့္ပင္။နန္းႏြယ္ ႀကိဳက္တဲ့အရာကိုသာ အားေပးၿပီး သင္ေပးသည္။နန္းႏြယ္က ပုံဆြဲတာ ႀကိဳက္လို႔ ပန္းခ်ီ သင္တန္းေတြ ပို႔ေပးတာမ်ိဳးလို။
ၿပီး ေဖႀကီးရဲ႕ ေက်းဇူးနဲ႕ သူတို႔ေမာင္ႏွမ ေက်ာင္းမွာ အလကားေန ဆယ္လီ ျဖစ္ေနၾက၏။ဉာဏ္ကိုးေနာင္ရဲ႕ သားနဲ႕သမီးဆို ေက်ာင္းမွာ မသိသူ မရွိ။
ေဖႀကီးက သူတို႔ ႏွစ္ေယာက္ ေက်ာင္းမွာ အနိုင္က်င့္ခံရမွာ ၊ တစ္ေယာက္တည္း အေဖာ္မဲ့ေနမွာ အရမ္း စိုးရိမ္သည္။တစ္ေယာက္တည္းပဲ နားေအး စိတ္ေအး ခ်မ္းသာစြာ ေနတတ္တဲ့ ကိုးႏြယ္ကိုေတာင္ မရမက သူငယ္ခ်င္းရွာေပးသည္။ ေဖႀကီး ထုတ္ထားေသာ စည္းကမ္းက 'မေပါင္း မေနရ' တဲ့။
သို႔ေသာ္ ကိုးႏြယ္ က လိုက္နာ မေနပါ။
သူ ေပါင္းတာ သူ႕ အစ္မပဲ ရွိသည္။ဒါေတာင္ မတတ္သာလို႔ ေပါင္းေနရတာ။
ေက်ာင္းဆင္းခ်ိန္တိုင္း ဝဝကစ္ကစ္ ပုတိုတို ၊ က်စ္ဆံၿမီးႏွစ္ဖက္ တယမ္းယမ္း ၊ က်ိဳးတိုက်ဲတဲသြား ေသးေသးေလးေပၚေအာင္ ၿပဳံးၿဖီးေနတတ္တဲ့ ပါးေဖာင္းေဖာင္း ေကာင္မေလးတစ္ေယာက္ ရွင္မာန့္ အေဆာင္ေရွ႕ဝယ္ မေယာင္မလည္ ေဝ့လည္ ေၾကာင္ပတ္ေနလုပ္တတ္သည္။
ရွင္မာန္က နန္းႏြယ္ကို ေတြ႕ရင္ လက္ျပကာ ၿပဳံးျပတတ္သည္။တစ္ခါတစ္ရံ မုန႔္ ဝယ္ေကြၽးတတ္ကာ ေခါင္းကို ပုတ္ၿပီး အတန္းထဲ ျပန္ေတာ့ ဟု ႏွင္ထုတ္သည္။
ကိုႀကီးေတြ မေကာင္းပါေလ။
ခု ဒီေန႕ တြင္လည္း နန္းႏြယ္နဲ႕ ကိုးႏြယ္သည္ ေက်ာင္းေရွ႕က တမာပင္ ေအာက္မွာ လာႀကိဳမဲ့ လူႀကီးေတြကို ေစာင့္ေနခဲ့သည္။အမွန္ကေတာ့ နန္းႏြယ္က ရွင္မာန္ကို ခိုးၾကည့္ခ်င္လို႔ ေစာင့္ေနတာပါ။လူႀကီးေတြကိုေတာ့ ေစာင့္မေနေပါင္။
ႏွစ္ေယာက္လုံး ဦးထုပ္ဝါေလးေတြ ေဆာင္းထားၾကကာ ကိုးႏြယ္က နက္ခ္တိုင္ နဲ႕ ေဘာင္းဘီတို နက္ျပာေလး ၊ နန္းႏြယ္က က်စ္ဆံၿမီး ႏွစ္ဖက္နဲ႕ နက္ျပာေရာင္ ဂါဝန္ကားကား ေလး။ကိုးႏြယ္က ထုံးစံတိုင္း မ်က္မွန္မည္းေလး တပ္ထားသည္။စိမ္းလဲ့႐ႊန္းေဝေသာ မ်က္လုံးဝိုင္းဝိုင္းမ်ားက မ်က္မွန္မည္းေအာက္မွာ ငုံ႕လွ်ိုးစြာ။
"ဘာလို႔ မ်က္မွန္ႀကီး တပ္ထားတာလဲ. . . မ်က္မျမင္ႀကီး က်ေနတာပဲ. . ."
ေျပာသာ ေျပာေသာ္လည္း တကယ္တမ္းက် နန္းႏြယ္ မ်က္လုံးထဲမွာ ကိုးႏြယ္က ခ်စ္စရာေလးပင္။ေခါင္းေလးကို ငုံ႕ ၊ ႏႈတ္ခမ္းေလးေသးေသးလုံးလုံးေလးကို ဆူ ၊ လြယ္အိတ္ႀကိဳးသိုင္းေလးကို တင္းၾကပ္စြာ ဆုပ္ကိုင္ထားတဲ့ ကိုးႏြယ္ ပုံစံက အူယားစရာေလးပင္။ပါးေလးက ရဲေနကာ အသားရည္က ေပါင္မုန႔္သားလို ေဖြးေဖြးဥေနသည္။ေဘာင္းဘီတိုေအာက္က ေျခသလုံးေဖြးေဖြးေလးေတြက မုန္လာဥျဖဴေလးလို။ျခင္ကိုက္ရာေတြ ပြေနတာကေတာ့. . . အမ္း ကိုယ့္ ေမာင္ေလးမို႔ ခ်စ္စရာေလးရယ္ပါ။
"ကိုႀကီးရွင္မာန္. . . ကိုႀကီးရွင္မာန္. . . ထြက္လာၿပီ. . .ထြက္လာၿပီ. . . ကိုးကိုး ၾကည့္ေပးဦး . . ."
ေျခာက္တန္းေတြ ၾကားထဲ ရွင္မာန္က ထင္းေနသည္။
ဆံပင္တိုတို ဂင္တိုတို အဘိုးႀကီးဆီ ရွင္မာန္က ေျပးသြားသည္။အဲ့ လူႀကီးက မာန္ေသြးေရာင္တို႔ အိမ္က ၿခံေစာင့္ အဘိုးႀကီး ဦးခ်စ္ေဝ ျဖစ္သည္။ၿခံေစာင့္ ဆိုေသာ္လည္း မိသားစုလိုပဲ တရင္းတႏွီး။
မင္းရွင္ေမာ္က ေက်ာင္းကိစၥ၊မာန္ေသြးေရာင္က စာတိုက္ ကိစၥ ေတြ နဲ႕ အလုပ္တအား မ်ားသည္။ထို႔ေၾကာင့္ ရွင္မာန္ကို ပင္တိုင္ ေစာင့္ေရွာက္ေပးေနတာ ဦးခ်စ္ေဝ။
"ဘႀကီးေဝ . . . သား ေကာင္မေလး ကို ဂ႐ုစိုက္ထားလား. . ."
ရွင္မာန္ ေအာ္ေမးသံ အဆုံး နန္းႏြယ့္မ်က္ႏွာ ရႈံ႕တြ သြားသည္။
ရွင္မာန္ ေျပာတဲ့ ေကာင္မေလး ဆိုတာ သူ႕ ဟက္စကီ ေခြးမႀကီးကို ေျပာတာ ျဖစ္သည္။
ကိုးႏြယ္ က နန္းႏြယ္ကို ' ေခြးေလာက္ေတာင္ နင္ အျဖစ္မရွိဘူး' ဆိုတဲ့ အၾကည့္နဲ႕ ၾကည့္လာသည္။
"ကိုးကိုး. . . ကိုႀကီးရွင္မာန္က မမကို ႀကိဳက္မယ္ထင္လား. . ."
ကိုးႏြယ္က တမာ႐ြက္ေႂကြေတြကိုသာ အေၾကာင္းရင္းမဲ့စြာ ေငးေမာေနၿပီး ျပန္မေျဖေပ။
"ကိုးကိုး လို႔"
"တကယ္ေျဖရမွာလား. . ."
"အင္း"
"တကယ္ေနာ္"
"ေျဖပါဆို"
"႐ုပ္ကဆိုးသလို အက်င့္ကလည္း မေကာင္းဘူး စကားကလည္း မ်ား ၊ ရယ္လိုက္ရင္လည္း အာကို ၿဗဲ . . . ဂ်ီက က်ၿပီး အရစ္က ရွည္ေသး. . . ငါသာ ရွင္မာန္ဆို မႀကီး. . . နင့္ကို ဘယ္ေတာ့မွ ျပန္မႀကိဳက္ဘူး. . ."
ကိုးႏြယ္က ႐ုပ္တည္ႀကီးနဲ႕ နန္းႏြယ္ မ်က္ႏွာကို တည့္တည့္ စိုက္ၾကည့္ကာ တစ္ဆက္တည္း ေျပာခ်သည္။ၿပီး မ်က္ႏွာျပန္လွည့္သြားကာ နဂိုတိုင္း ဆိတ္ဆိတ္ၿငိမ္ၿငိမ္ေလးပဲ ေခါင္းေလးငုံ႕ကာ ေနသည္။
နန္းႏြယ္က ငိုမဲ့မဲ့ ျဖစ္သြားသည္။
ကိုးႏြယ္ကို ခ်စ္စရာေလးလို႔ ထင္ခဲ့တဲ့ အခ်က္ကို ျပန္႐ုတ္သိမ္းသည္။
ခဏအၾကာ အျဖဴေရာင္ ကားတစ္စီး ဆိုက္လာၿပီး အရပ္ရွည္ရွည္ ပုဆိုးနီညိုနဲ႕ အမ်ိဳးသားတစ္ဦး ဆင္းလာသည္။
"အငယ္. . . ဘာလို႔ ေနာက္က်ေနတာလဲ. . ."
နန္းႏြယ္ က ဆတ္ႏြယ္ ဆီ ေျပးသြားသည္။
ဆတ္ႏြယ္က ၿပဳံးလိုက္သည္။ဆတ္ႏြယ္ ၿပဳံးေသာအခါ ပါးခ်ိဳင့္ႀကီး ႏွစ္ဖက္က ထင္းလာသည္။
"အင္း. . .အငယ္ အလုပ္မၿပီးေသးလို႔ ေနာက္က်ေနတာ. . ."
ကိုးႏြယ္က ဆတ္ႏြယ္ဆီ ေျခတစ္လွမ္း ကုေဋတစ္သန္းႏႈန္းနဲ႕ ေလွ်ာက္လာၿပီး တည္ၿငိမ္ေအးေဆးစြာႏွင့္ ေမးလိုက္သည္ကား
"အငယ္. . . ရည္းစားရေနတာလား" ဟူ၍။
ဆတ္ႏြယ္က ေခ်ာင္း ဟန႔္လိုက္သည္။
"ရွိုင္းမိုဟန္က ဘယ္သူလဲ"
ကိုးႏြယ္က ေအးေအးေဆးေဆး ထပ္ ေမးလိုက္သည္။
နန္းႏြယ္က လႈပ္လႈပ္ရွားရွား ျဖစ္သြားသည္။
"အငယ္ တကယ္လား. . . တကယ္လား. . .ေနာက္ဆုံးေတာ့ အငယ့္ကို ယူမယ့္သူ ရွိၿပီေပါ့. . .မဂၤလာေဆာင္ရင္ ေခ်ာကလက္ ေရခဲမုန႔္ေကြၽး. . .ေရခဲမုန႔္ေလး အလကား စားခ်င္လို႔ပါေနာ္"
"ဘာေတြ ေျပာေနတာလဲ. . . ကေလး ကေလး လို မေနဘူး. . . "
ဆတ္ႏြယ္က ဟန႔္လိုက္ေတာ့ နန္းႏြယ္က မ်က္ေမွာင္ေသးေသးေလး က်ဳံ႕သည္။
သို႔ေသာ္ ကိုးႏြယ္က ကားတံခါးဖြင့္ ဆတ္ႏြယ္ ဖုန္း ထုတ္လာကာ ဖုန္း contact ကို ဖြင့္လိုက္ၿပီး ရွိုင္းေလး ဆိုတဲ့ nameကို လက္ညွိုးေသးေသးေလးနဲ႕ ထိုးျပသည္။
ဆတ္ႏြယ္ ဖုန္းက အဆက္သြယ္ အရမ္း အမ်ားႀကီး မရွိေပ။ရွိုင္းေလး ဆိုတဲ့ nameႀကီးက ျပဴးတူးၿပဲတဲ။အဝင္ callေတြက 100နီးပါး ရွိသည္။
"သား အသက္က 6ႏွစ္ေပမယ့္ စာ ဖတ္တတ္ပါတယ္ အငယ္. . ."
"အိုး. . .အိုး. . . အိုး. . . အငယ္ရယ္. . . ဖုန္းေလးေတာ့ ကိုင္ေပးလိုက္ပါ . . . ဟိုက အမ်ားႀကီး ေခၚထားတာ . . . သူမ်ား သနားပါတယ္"
နန္းႏြယ္က ထ ေအာ္သည္။
"တိတ္စမ္း. . . ထပ္ေျပာရင္ ႏွစ္ေယာက္လုံးကို မင္းတို႔ ေဖႀကီးနဲ႕ တိုင္မွာ. . ."
ေဖႀကီး ဆိုတဲ့ အသံၾကားတာနဲ႕ ႏွစ္ေကာင္လုံး ၿငိမ္သြားသည္။ကိုးေနာင္ ဆူမွာေတာ့ သူတို႔ ေၾကာက္သည္။ကိုးေနာင္က အရမ္း အလို လိုက္ေပမယ့္ ဆူရင္ေတာ့ တကယ္ ဆူသည္။
ဘယ္သူကိုမွ ထီ မထင္တဲ့ ကိုးႏြယ္ေတာင္ ကိုးေနာင္ မ်က္ေမွာင္ကုတ္လိုက္တာနဲ႕ ၿငိမ္ကုပ္သြားသည္။
ၿပီး ကိုးေနာင္က တစ္ခါတစ္လက် မဆူ။အဲ့အစား စကား မေျပာဘဲ တစ္အိမ္လုံးကို
ပလစ္ထားသည္။
ကိုးေနာင္ရဲ႕မေကာင္းတဲ့ အက်င့္က အရမ္း စိတ္ေကာက္တတ္တာ ျဖစ္သည္။ခမ္းေနာ့ဝ္ကို စိတ္ေကာက္တာ အားမရလို႔ ကေလးေတြနဲ႕ ပါ ပတ္ စိတ္ေကာက္သည္။
သူ စိတ္ေကာက္ေနတာ မသိရင္လည္း ပို စိတ္ေကာက္တတ္သည္။
"အငယ္က. . .အရမ္း အာဏာျပတာပဲ. . ."
"ထပ္ ေျပာျပန္ၿပီ . . . တကယ္ တိုင္ေတာ့မွာ"
နန္းႏြယ္က ပါးစပ္ကို ဇစ္ဆြဲသလို လုပ္ျပၿပီး ကိုးႏြယ္က သိမ္ေမြ႕စြာ ကားေပၚတက္သြားသည္။
ဒီေမ်ာက္ေမာင္ႏွမကို ေက်ာင္းပို႔ ေက်ာင္းႀကိဳလုပ္ေပးရတာ ဆတ္ႏြယ္ရဲ႕ ေန႕စဥ္ ဝတၱရား တစ္ခု။
"ခု ဘယ္သြားမွာလဲ"
"အိမ္ျပန္ခ်င္ေသးဘူး Cocoမွာ မုန႔္သြားစားရေအာင္. . ."
"သေဘာပါဗ်ာ. . ."
++++
"Coco ထဲကို ဝင္သြားတယ္ Boss . . . ေဘးက ကေလး ႏွစ္ေယာက္က သူ႕ကေလးေတြ လား မသိ. . ."
"ေဒါင္"
"အာ့"
ရွိုင္းမိုဟန္က ေရွ႕ကားေခါင္းကေန ကတုံး ေျပာင္ေျပာင္နဲ႕ မွန္ဘီလူးႀကီးကိုင္ cocoဆိုင္ထဲ လွမ္းရွိုးကာ ေျပာေနတဲ့ သူ႕ တပည့္ကို တစ္ရႉးဗူးနဲ႕ ပစ္ေပါက္လိုက္သည္။
"ဒီေလာက္ ႏုႏုထြဍ္ထြဍ္ ေလးက ကေလးအေဖ ျဖစ္ပါ့မလား. . .သြား. . . မ်က္မွန္ ပါဝါ ခ်ိန္ခဲ့"
ေရွ႕က driver seat မွာ ထိုင္ေနတဲ့ ေနာက္ထပ္ တပည့္ တစ္ေယာက္က ျဖန္ေျဖသည္။
"ဪ. . . မသိလို႔ပါ Boss ရယ္. . . Bossတို႔ ႏွစ္ေယာက္ တိတိတ္ႀကိတ္ညားၿပီး ကေလးႏွစ္ေယာက္ ယူထားၾကတာလားလို႔ . . . ထင္မိလို႔ပါ"
ရွိုင္းမိုဟန္က Cocoဆိုင္ထဲ ဝင္သြားသည္။
မဝင္ခင္ ေလကို ခပ္ျပင္းျပင္း တစ္ဝ ႀကီး ရႉသြားသည္။သူ႕ အနားေရာက္ရင္ အသက္ရႉမဝ လြန္းလို႔။
ဆတ္ႏြယ္က စတစ္ေကာ္လံ အျဖဴလက္ရွည္ကို လက္ေခါက္ပင့္တင္ ဝတ္ထားသည္။
ဆတ္ႏြယ္ နားဝယ္ ကေလးႏွစ္ေကာင္က ဆတ္ႏြယ္ လက္ထဲက မုန႔္ကို မ်က္ႏွာငယ္ေလးေတြနဲ႕ ေမာ့ၾကည့္ေနၾကသည္။
ရွိုင္းမိုဟန္ ကေလး မခ်စ္တတ္ပါ။
အမွန္တိုင္းဆိုေသာ္ ေသာက္ျမင္ေတာင္ ကပ္ေသးသည္။
ကေလး သဘာဝက နားညီးသည္။ဂ်စ္တိုက္သည္။အာၿဗဲႀကီးနဲ႕ ငိုသည္။ဆတ္ႏြယ္နဲ႕ အိမ္ေထာင္က်လိဳ႕ကေတာ့ ဒီေကာင္ ႏွစ္ေကာင္ကို အိမ္ေတာင္ အလာမခံေပ။
ရွိုင္းမိုဟန္ကို စိုက္ၾကည့္ေနသည့္ မ်က္မွန္မည္းေအာက္က မ်က္လုံးစိမ္းစိမ္းႀကီးမ်ားက စူးစမ္းစြာ။
"ဒါယူမွာလား ကိုးႏြယ္. . ."
ဆတ္ႏြယ္ ေျဖသံ မၾကားလို႔ ကိုးႏြယ္ ၾကည့္ရာ ေနရာကို စိုက္ၾကည့္လိုက္ေတာ့ ရွိုင္းမိုဟန္။
ဆတ္ႏြယ္က ခ်က္ခ်င္း မ်က္ႏွာလႊဲသြားသည္။
ရွိုင္းမိုဟန္ အံ့ဩမွင္သက္ေနသည္။
ဆတ္ႏြယ္က ၿပဳံးေနသည္။ႏွစ္ေပါင္းမ်ားစြာ ၾကာေတာင္ ပါးခ်ိဳင့္ႀကီးမ်ားကေတာ့ မေျပာင္းလဲေပ။
ရွိုင္းမိုဟန္ကို ပစ္ပစ္ခါခါ မ်က္ႏွာလႊဲသြားေသာ ထိုလည္တိုင္ေလး ၊ သူ႕ ကို ျမင္ကာမွ ဆတ္ကနဲ ရပ္သြားေသာ ပါးခ်ိဳင့္ခြက္ေလးကို ႏွေျမာတသစြာ အေငးလြန္မိ၍ လက္က ေယာင္ၿပီး ေဘးက စင္ေတြကို တြန္းမိသြားရာ 'အုံး အုံး အုံး ဂုန္း ဘုန္း ခြမ္း' ဆိုၿပီး cocoထဲက စင္ေတြ အကုန္ ၿပိဳက်ေလသည္။
ဆတ္ႏြယ္ ကို အၾကည့္မလႊဲဘဲနဲ႕ Cocoပိုင္ရွင္ကို Black card တစ္ကဒ္ ေနာက္ျပန္ေပးလိုက္သည္။
ကိုးႏြယ္က ရွိုင္းမိုဟန္ ကို စူးစမ္းေနရာမွ
"အငယ္ အဲ့ဒီ စင္ၿပိဳေအာင္ လုပ္တဲ့သူက ရွိုင္းမိုဟန္မလား. . . "
ဆတ္ႏြယ္က လက္တစ္ခ်က္တြန႔္သြားသည္။
"အင္း. . ."
"ရွိုင္းမိုဟန္ ဆိုတာ ဖုန္းnameထဲက အငယ့္ ရွိုင္းေလး လား. . . ဘယ္မွာလဲ ဘယ္မွာလဲ. . . ဪ. . . ဆိုင္ထဲ ျပႆနာရွာေနတဲ့ ဦးေလးႀကီးပဲ. . ."
နန္းႏြယ္က သူ႕ဘာသာေမး သူ႕ဘာသာ ေျဖေနသည္။
"ဟင္. . .အဲ့ဦးေလးႀကီးက ေၾကာက္စရာႀကီး. . လူဆိုးႀကီး က်ေနတာပဲ. . .အီး. . အငယ္နဲ႕ သေဘာမတူေတာ့ဘူးေနာ္ . . . "
"ေတာ္ေတာ့ . . . ဘယ္မုန႔္ ယူမွာလဲ ယူၿပီး ျပန္ၾကစို႔. . ."
သို႔ေသာ္ နန္းႏြယ္က ရွိုင္းမိုဟန္ကို ခိုးၾကည့္ေနဆဲ။
"အငယ္ သူနဲ႕ တကယ္ မယူရဘူးေနာ္. . . ယူရင္ ေဖႀကီးနဲ႕ တိုင္မွာ. . "
ဆတ္ႏြယ္က ဒူးေထာက္ ခ်လိဳက္ၿပီး နန္းႏြယ္ပါးစပ္ထဲကို ဘီစကြတ္ေတြ ထိုးထည့္ေပးလိုက္သည္။
"စကား မေျပာနဲ႕ စားေန. . ."
မၾကာခင္ မုန႔္ဝယ္ၿပီးေနာက္ ဆိုင္ျပင္ထြက္ရန္ တံခါးဆြဲဖြင့္လိုက္ေသာအခါ ရွိုင္းမိုဟန္က ဆတ္ႏြယ္ရဲ႕ လက္ေကာက္ဝတ္ကို လွမ္း ဖမ္းဆြဲသည္။
ဆတ္ႏြယ္ရဲ႕ မာေက်ာတဲ့ အၾကည့္မ်ားေၾကာင့္ ရွိုင္းမိုဟန္ ေခါင္းငုံ႕ကာ မ်က္လႊာခ်လိဳက္သည္။
"မင္း. . မင္း ႀကိဳက္တဲ့ မက္မန္းသီးေရခဲေခ်ာင္း . . ."
တစ္ခ်ိန္တစ္ခါတုံးက ရွိုင္းမိုဟန္သည္
ဆတ္ႏြယ္ဆီ လာတိုင္း မက္မန္းသီး ေရခဲေခ်ာင္း အၿမဲ ယူလာေလ့ရွိ၏။
အခြံကို သြားနဲ႕ ကိုက္ေဖာက္ကာ ဆတ္ႏြယ္ကို ေပးလိုက္တိုင္း ရွိုင္းမိုဟန္ ျပန္ရတာ ဆတ္ႏြယ္ရဲ႕ ပါးခ်ိဳင့္ႀကီးမ်ား။
"ေက်းဇူး . . . ခု ငါ မက္မန္းသီး မႀကိဳက္ေတာ့ဘူး. . ."
ဆတ္ႏြယ္က မက္မန္းသီးကို ယူလိုက္ၿပီး တည္ၿငိမ္စြာ ေျပာသည္။
"ေသဒဏ္က်တဲ့ အက်ဥ္းသားေတာင္ သူ႕အျပစ္တြက္ အယူခံခြင့္ ရွိေသးတာပဲ . . . ငါ့ကို ခြင့္လႊတ္ပါလို႔ တစ္ကိုယ္ေကာင္းဆန္ဆန္ မေတာင္းဆိုပါဘူး . . . ဒါမဲ့ တစ္ႀကိမ္တစ္ခါ တုံးက ႏြယ္ခဲ့ဖူးတဲ့ သံေယာဇဥ္ႀကိဳးကို ေထာက္ထားေသာအားျဖင့္ . . ."
"အဲ့ ေသဒဏ္က်တဲ့ အက်ဥ္းသားကို တရားသူႀကီးက အယူခံခြင့္ ပိတ္လိုက္တယ္ . . . ဒီဘဝ ဒီမွ် နဲ႕ ေတာ္လိုက္ၾကရေအာင္ ရွိုင္းမိုဟန္. . . မင္းက အကုန္ ျပည့္စုံပါတယ္ . . ငါ့ဆီ လာၿပီး မကပ္တြယ္ခ်င္စမ္းပါနဲ႕. . ."
ထြက္ခြာသြားေသာ ေက်ာျပင္ကို ရွိုင္းမိုဟန္ ၾကည့္ရင္း ပင့္သက္ ရွိုက္လိုက္သည္။
အခ်ိန္ေတြကို ေနာက္ျပန္ဆုတ္ၿပီး 16ႏွစ္သား ရွိုင္းမိုဟန္ကို ရိုတ္သတ္ပစ္ခ်င္မိသည္။
ငယ္သူမို႔ မွား မွန္ မသိဘဲ မွားမိတဲ့ အမွားႀကီးဟာ 30အ႐ြယ္ လူႀကီးတစ္ေယာက္ကို မ်က္ရည္ဝဲေစသည္။
ကလိုမွန္းသိ ပိုင္ဆိုင္ဖူးတဲ့ ပါးခ်ိဳင့္နက္နက္ႀကီးမ်ားကို တန္ဖိုးထားခဲ့ပါသည္။
ဆတ္ႏြယ္က မက္မန္းသီးကို အမွိုက္ေတာင္းထဲ ထည့္လိုက္သည္။
တစ္ႀကိမ္တစ္ခါတုံးက မက္ေမာစြာ စားခဲ့ဖူးတဲ့ မက္မန္းသီးရဲ႕ ခ်ဥ္စုပ္စုပ္ အရသာ၊
တစ္ႀကိမ္တစ္ခါတုံးက မက္ေမာစြာ နမ္းရွိုက္ဖူးတဲ့ ခ်ိဳအီလြန္းတဲ့ ႏႈတ္ခမ္းသားေတြ။
အခ်ိန္တန္ေတာ့ လွ်ာေပၚမွာ မက္မန္းသီး အရသာ ျပယ္သလို ခ်ိဳအီေသာ ႏႈတ္ခမ္းေလးကလည္း အလိမ္ညာတစ္ခုသာ။
ဆတ္ႏြယ္ ရင္ဘတ္ထဲက တဆစ္ဆစ္ထိုးနာလာ၏။
မခ်စ္ဖူးလား ေမးရင္ ခ်စ္တာေပါ့. . . ခ်စ္တာမွ သိပ္. . .သိပ္ကို ခ်စ္တာ။
သို႔ေသာ္ တစ္ခါ ခဲမွန္ဖူးတဲ့ စာငွက္လို ဆတ္ႏြယ္ဟာ ရွိုင္းမိုဟန္ အခ်စ္ကို မယုံေတာ့ေပ။ဆတ္ႏြယ္ မ်က္ဝန္းေထာင့္ မ်က္ရည္ အခ်ိဳ႕ ဝဲတက္လာသည္။
"မင္းကေလ တိုက္ပုံနက္နက္ ၊
ေမာင့္က်က္သေရ ေခါင္းေပါင္းနဲ႕ဆို အရမ္းလိုက္မွာ. . . ငါရဲ႕ ဆတ္ေလးက ေစာက္ရမ္းကို ေတာက္ပေနမွာ . . . အာ့တာေၾကာင့္ ဆယ္တန္း ေအာင္ၿပီး ဉပေဒ ယူ ၊ တရားသူႀကီး လုပ္ပါလား . . . အိမ္ဦးခန္းမွာ မင္းရဲ႕ ဓာတ္ပုံႀကီး ခန႔္ခန႔္ညားညား ခ်ိတ္ၿပီး လာသမွ် ဧည့္သည္ကို ဒါ ကြၽန္ေတာ့္ အမ်ိဳးသားတရားသူႀကီးမင္း ေလ ဆိုၿပီး ႂကြားခ်င္လို႔ပါ. . . ေနာ္ ေနာ္ . . ."
ရွိုင္းမိုဟန္ရဲ႕ အမွတ္တမဲ့ စကားဟာ ဘုန္းဆတ္ႏြယ္ကို တစ္ေသြမတိမ္း လိုက္နာေစခဲ့သည္။
တရားသူႀကီးလည္း ျဖစ္ေရာ လွ်ာတစ္ေခ်ာင္းနဲ႕ အာေခ်ာင္သြားတဲ့ သူ႕ ရွိုင္းေလးဟာ ဘယ္ေခ်ာင္မွာ သြား ေသေနလဲ မသိေတာ့ပါ။
ကိုင္ဇာ ရဲ႕ သီခ်င္းလိုေပါ့. . .။
ဒီအခ်ိန္မွာ ျပန္ေတြ႕တာ ဘာလုပ္ရမွာလဲ. . .။
ကိုယ့္ ဘဝတြက္ မင္းလာခ်ိန္ဟာ သိပ္ ေနာက္က်တယ္. . .။
မလာနဲ႕ကြယ္. . . မႏွင္ခ်င္ေပမယ့္လည္း တမင္ ႏွင္ႏွင္ ခ်စ္တဲ့သူေရ . . .။
______________________________________
1.55a.m
15.12.2022(Thu)
Mary_Koe
4922
Please give me feedback 😉😚