အချစ်တွေအမုန်းတွေရဲ့ အလွန်...

By KaterinaKaterina248

665K 18K 4.7K

ညဘက်မှာပဲ ထွက်တဲ့ကြယ်လေးတွေက နေ့ခင်းဘက်မှာထွန်းလင်းတဲ့နေမင်းကြီးကို သတိရနေတတ်သလိုမျိုး ဘယ်သောအခါမှမဆုံနိုင်ပေ... More

Disclaimer....
အခန်း (၁)
အခန်း (၂)
အခန်း (၃)
အခန်း (၁) Zawgyi
အခန်း (၂) Zawgyi
အခန်း (၃) Zawgyi
အခန်း (၄)
အခန်း (၄) Zawgyi
အခန်း (၅)
အခန်း (၅) Zawgyi
အခန်း (၆)
အခန်း (၆) Zawgyi
အခန်း (၇)
အခန်း (၇) Zawgyi
အခန်း (၈)
အခန်း (၈) Zawgyi
အခန်း (၉)
အခန်း (၉) Zawgyi
အခန်း (၁၀)
အခန်း (၁၀) Zawgyi
အခန်း (၁၁)
အခန်း (၁၁) Zawgyi
အခန်း (၁၂)
အခန်း (၁၂) Zawgyi
Interlude
အခန်း (၁၃)
အခန်း (၁၃) Zawgyi
အခန်း (၁၄)
အခန်း (၁၄) Zawgyi
အခန်း (၁၅)
အခန်း (၁၅) Zawgyi
အပိုင်း (၁၆)
အခန်း (၁၆) Zawgyi
အခန်း (၁၇)
အခန်း (၁၇) Zawgyi
အခန်း (၁၈)
အခန်း (၁၈) Zawgyi
အခန်း (၁၉)
အခန်း (၁၉) Zawgyi
အခန်း (၂၀)
အခန်း (၂၀) Zawgyi
အခန်း (၂၁)
အခန်း (၂၁) Zawgyi
Breakout Room
အခန်း (၂၂)
အခန်း (၂၂) Zawgyi
အခန်း (၂၃)
အခန်း (၂၃) Zawgyi
အခန်း (၂၄)
အခန်း (၂၄) Zawgyi
အခန်း (၂၅)
အခန်း (၂၅) Zawgyi
အခန်း (၂၆)
အခန်း (၂၆) Zawgyi
အခန်း (၂၇)
အခန်း (၂၇) Zawgyi
အခန်း (၂၈)
အခန်း (၂၈) Zawgyi
အခန်း (၂၉)
အခန်း (၂၉) Zawgyi
အခန်း (၃၀)
အခန်း (၃၀) Zawgyi
အခန်း (၃၁) Zawgyi
အခန်း (၃၂)
အခန်း (၃၂) Zawgyi
အခန်း (၃၃)
အခန်း (၃၃) Zawgyi
အခန်း (၃၄)
အခန်း (၃၄) Zawgyi
အခန်း (၃၅)
အခန်း (၃၅) Zawgyi
အခန်း (၃၆)
အခန်း (၃၆) Zawgyi
အခန်း (၃၇) the END
အခန်း (၃၇) the END Zawgyi
Final Review

အခန်း (၃၁)

12.7K 569 196
By KaterinaKaterina248

ဒီနေ့တော့ တာရာ့သားလေး ရက် ၁၀၀ ပြည့်မလို့ အကုန်လုံးဆုံကြသည်ပေါ့.....အလုပ်ပျက်မရတဲ့သူတွေကတော့ နဲနဲနောက်ကျမှ လာပေမယ့် တချို့ကတော့ မိုးလင်းထဲကရောက်နေကြသည်။ သူတို့ဘာသာသူတို့ ချက်ပြုတ်ကာ ချိုင့်ကြီးချိုင့်ငယ်များစွာနှင့်ထည့်လာပီး တာရာ့အိမ်မှာ ပျော်ပွဲလာစားကြသည်ပေါ့။ သိပ်လဲ ခင်မင်တဲ့သူတွေရှိတာမဟုတ်လို့ ဒီလူတွေပဲ အိမ်ကျဥ်းကျဥ်းလေးမှာ စုရုံးကြသည်။ ဒါတောင် လုံးလုံးက တာရာ့အိမ်ကြမှ မာလာရှမ်းကောစုပီးချက်စားရအောင်လုပ်နေလို့ မနဲပြောထားရသည်။ တာရာ့အိမ်လေးက ကလေးနဲ့တာရာ့အတွက်သာကျယ်တာ.....အဲ့လောက်တော့ လူအများကြီး ချက်ပြုစုရုံးရလောက်အောင်တော့မကျယ်တာမလို့ စားချင်လျှင် ဆိုင်ကမှာကျွေးပါမည် အိမ်တွင်တော့မချက်ပါရစေနဲ့ဟူ၍ အတော့်ကို တားယူထားရသည်။ တကယ်က မနက်ခင်းထဲက ဒေါ်ခင်မမက ဘုန်းကြီးကျောင်းဆွမ်းချိုင့်ပို့ပီးပီဆိုတော့ ခုနေ့လည်က လူကြီးတွေစုတဲ့ပွဲလို့ပင်ဆိုရပေမည်။ ရက် ၁၀၀ ကလေးက ဘာသိဦးမှာလဲ သူလဲ နို့သောက်ပီး အိပ်နေတာ လူကြီးတွေ စကားပြော ရယ်ပွဲကျနေတာပင်မနိုး။

"ရာရာ....တံခါးခေါက်သံကြားတယ် သွားကြည့်လိုက်ဦး"

"ဟင်....လာစရာလူတွေက အကုန်စုံပီလေ မမချမ်း ဘယ်သူလဲမသိဘူး"

"အင်း အဲ့ကြောင့်ပြောတာ သွားကြည့်လိုက်ဦး"

လာစရာဧည့်သည်လဲ ထွေထူးရှိတာမဟုတ်လို့ တာရာ ဘယ်သူများလဲဆိုတဲ့စိတ်နဲ့တံခါးသွားအဖွင့် တံခါးလက်ကိုင်ဘုကို မနှိပ်ခင်လေး ဒေါ်နန်းဒေဝီများ ဖြစ်နေမလား ဟုစိတ်က ထင်မိလိုက်သေးသည်။ သိပ်လဲ​တွေးတောချိန်မရပါ....တံခါးဖွင့်လိုက်တော့ သူမထင်မိလိုက်တဲ့အတိုင်းပဲ တံခါးပေါက်ရှေ့မှာ ပစ္စည်းတချို့ကိုင်ကာ မတ်တပ်ရပ်နေတဲ့ဒေါ်နန်းဒေဝီ သူမကို အပြုံးနဲ့ နုတ်ဆက်လေတော့.....ရုတ်တရက် အိမ်ထဲလဲ လူတရုန်းရုန်းနဲ့မလို့ ဘာလုပ်ရမှန်းမသိ။

"အန်တီဝင်လာလို့အဆင်ပြေရဲ့လား"

တံခါးပေါက်ရှေ့မှာ ချွတ်ထားတဲ့ ဖိနပ်တွေအရ အိမ်ထဲလူအနည်းငယ်များနေမည်ဆိုတာသိသောကြောင့် ဒေါ်နန်းဒေဝီ စကားအဖြစ်သာမေးလိုက်ရတာ....သူမမြေးနှင့်တော့ တွေ့ကိုတွေ့ရမှဖြစ်မည်ဆိုတဲ့ ဆုံးဖြတ်ချက်က လာထဲက ချပီးသား။ မွေးတုံးက ပျက်ကွက်ခဲ့တာနဲ့တင် မိမိကိုယ်ကိုယ်အပြစ်တင်မဆုံးမလို့ မွေးပီး မျက်စိအောက်တွင် အပျောက်မခံချင်လောက်အောင် သော့ခတ်သိမ်းထားချင်ပါသော်လည်း အခြေနေကမပေး။ ကလေးက တစတစနဲ့ကြီးလာလေလေ ပြည့်ပြည့်တစ်တစ်လေးနှင့် အသားလေးများဖြူဝင်းကြည်တောက်တာကအစ သားနဲ့တပုံစံထဲမလို့ အတော့်ကိုအချစ်ပိုခဲ့သည်။နေ့စဥ်နေ့တိုင်းလာတွေ့ချင်ပေမယ့် နာမည်ကြီး ရတနာဆိုင် ၃ ဆိုင်ကို လက်ရှိဦးစီးနေတဲ့သူမလို့ ထင်သလောက်အချိန်ကမရ။ ရတဲ့အချိန်တော့ ရသလို ပြေးပြေးလာတတ်သေးသည်။

"ဟုတ်....ရပါတယ် ဧည့်သည်တွေတော့ ရှိနေတယ် အန်တီ"

"ရပါတယ် အန်တီလဲ ခနပဲ ကလေးကိုဝင်လာကြည့်တာ"

"ဟုတ် ဟုတ်.....ဝင်ပါ"

သူမ ခွင့်ပြုသည်နှင့် သူများနည်းတူ ဖိနပ်ကလေးကို အခန်းပေါက်ရှေ့အသာချွတ်ကာ အထုတ်အပိုးတွေဆွဲပီး ဝင်လာတဲ့ ဒေါ်နန်းဒေဝီကြောင့် အခန်းထဲက လူတအုပ်စုလုံးငြိမ်ကာ သူမဆီ အာရုံရောက်သွားကြသည်။ မရောက်စရာလဲမရှိ သူမပုံက တခြားအမျိုးသမီးတွေထက်ထူးခြားနေသည်မဟုတ်လား အသားရည်ကအစ ပြင်ဆင်ဝတ်စားထားပုံ လှုပ်ရှားပြုမူပုံက သူမဟာ သာမန်အဆင့်ထဲကမဟုတ်တာ တန်းသိသာစေနေတာကို

"ကလေးတွက် လက်ဆောင်လေးတွေ နဲနဲဝယ်ခဲ့တာ ရက် ၁၀၀ ပြည့်ဆိုတော့လေ"

နဲနဲသာဆိုတယ် သူ့ဟာတွေက စျေးတော့နည်းမည်မထင်.....သို့သော် ခါတိုင်းလိုတော့ လာတိုင်းယူလာတာမျိုးမလုပ်တော့ဘဲ ခုလိုနေ့မျိုးပေးတာကိုတော့ ဘာမှတော့ စောဒကမတက်ချင်တာမလို့ သူမအသာပဲခေါင်းငြိမ့်ပြလိုက်သည်။

ဒေါ်နန်းဒေဝီ ကတော့ လူတွေသူမကို မှိတ်မသုန် ဝိုင်းကြည့်နေတာကို မှုပုံမပေါ် နေရာလွတ်တနေရာပေါ် သူမယူလာတဲ့ပစ္စည်းတွေတင်ရင်း ကလေးပုခတ်နားကိုတန်းသွားလေတော့သည်။ ကလေးက အိပ်နေတာမလို့ သူမက ပုခတ်ကလေးကို အသာအယာလှုပ်ရင်း ဘာတွေတီးတိုးဆိုနေလဲတော့မသိ....တချက်တချက်ပြုံးပြနေသေးသည်။ တွေ့ဖူးတဲ့ ဒေါ်ခင်မမတို့ ဒေါ်တင်မမတို့ကတော့ သိပ်ပီးကြည်လင်တဲ့ပုံမပေါ်ပေမယ့် မမြင်ဖူးတဲ့ မမချမ်းတို့ လုံးလုံးတို့ကတော့ ဒီအမျိုးသမီး တာရာ့ဆီရောက်လာကာ ကလေးမြှူနေသည်ကို အထူးအဆန်းဖြစ်နေတာကတော့ အံ့သြစရာမလိုတော့။

ဘယ်ကလဲ ဘယ်သူလဲဆိုတဲ့ပုံနဲ့ မေးတဆတ်ဆန်ငေါ့ပြကာ အသံတိတ် မေးနေတဲ့ လုံးလုံးကို ရုတ်တရက် တာရာ ဘာပြန်ဖြေရမလဲမသိ။

"အရင်က အသိပါ"

ဟူ၍သာ အသံခပ်တိုးတိုးနဲ့ ဖြေလိုက်ရသည်....သူတို့က ယုံချင်ပုံတော့မပေါ်။ ဘယ်ယုံလိမ့်မလဲ တာရာတယောက်ထဲ ဘယ်လောက်ခက်ခဲခဲ့လဲသိထားတော့ ထိုအချိန်က ဘယ်ပျောက်နေလဲပေါ့.....ဟုတ်တော့လဲ ဟုတ်သည်မလား ခုလပိုင်းမှ ပေါ်လာတဲ့သူကိုးးးးးး ပီးတော့ သူမအဆင့်အတန်းနဲ့ တာရာ့အဆင့်ကကွာလွန်းသည်ကလဲရှိသေးသည်မလား။

အဲ့ ခနဲအသံကြားလို့ တာရာ ကလေးဆီတချက်လှည့်ကြည့်လိုက်တော့ နိုးလာပုံရတဲ့ကလေးကို ဒေါ်နန်းဒေဝီက ပုခတ်ထဲကပင်ကောက်ချီနေပီ။ ကလေးကလဲ နိုးနိုးချင်းမအေ မမြင်တာတောင် ငိုရကောင်းမှန်းမသိ အမျိုးကို သိတတ်နေလိုက်တာ ပြုံးဖြီးလို့။

"သမီးရေ ကလေးကို အောက်ခနခေါ်သွားလို့ရမလားဟင်....ခနလေးပါပဲ အန်တီပြန်လာပို့ပေးပါမယ် ဒါမှမဟုတ် သမီးကိုယ်တိုင်လိုက်ခဲ့လဲရပါတယ် ခနလေးရယ် မကြာပါဘူး"

တာရာ စဥ်းစားရကြပ်သွားသည်။ ဘာလို့ လိုက်ရမှာလဲ သူနဲ့ ဘယ်သူတွေပါလာသေးလဲမသိတာမလို့ ဘာနေနေဆိုပီး သူပြောသလိုတော့ လွယ်လင့်တကူလိုက်မသွားချင်။ အဲ့ဆိုလဲ ကလေးကိုပဲခနထည့်လိုက်ပါလားဆိုတော့လဲ မွေးထဲက မျက်စိအောက်က အပျောက်ခံခဲ့တာမဟုတ်တော့ ကိုယ့်မျက်စိကွယ်ရာတော့ သူများနှင့်ထည့်မပေးလိုက်နိုင်....ပီးရင် ထည့်ပေးလိုက်ပါဆိုတဲ့သူတွေကလဲ သူမဘယ်လိုနည်းနဲ့မှ ယုံကြည်စိတ်ချရသူတွေမဟုတ်တာမလို့ စဥ်းစားရကျပ်နေတုံး

"ခနလေးပါကွယ် နော်....သမီးလဲလိုက်ခဲ့လေ"

ကလေးကိုချီလျက်သားနဲ့ သူမကို ပြုံးကာခွင့်တောင်းသလို တောင်းဆိုသလိုပြောနေတဲ့သူမကြောင့် တခြားသူတွေကလဲ ပွဲကြည့်သလိုကြည့်နေတာမလို့ သူမ ခေါင်းပဲအသာငြိမ့်ပြလိုက်ရသည်။ မြန်မြန်ပြန်သွားမှသာ အေးမှာပါ ဟူ၍လည်း  စိတ်ကိုတင်းထားလိုက်ရသေးသည်။

တိုက်ခန်းလှေခါးတွေက ကျဥ်းပါတယ်ဆို ပိုက်ဆံအိတ်ကိုလက်တဖက်မှာချိတ်ထားပီး ရှေ့ကနေ ကလေးချီကာ အသက်ရွယ်နဲ့မလိုက် ဖျတ်လတ်စွာ ဆင်းသွားတဲ့ ဒေါ်နန်းဒေဝီနောက်ကို မနဲအလျင်မီအောင်လိုက်ရသေးသည်။ ကားလမ်းကားပီး တဖက်မှာ ရပ်နေတဲ့ ကားအမဲတစီးဘေးမှာ အသက်အလယ်အလတ် အမျိုးသားတဦးနဲ့ အမျိုးသမီးတဦး ဆင်းစောင့်နေသည်။ ဒေါ်နန်းဒေဝီကိုမြင်မှ စိတ်အေးသွားရတဲ့ပုံနဲ့ သူတို့ သူမကို ဘာတွေများ စိတ်ပူပီး အောက်မှာ စောင့်နေခဲ့ရလဲမသိ......

အပေါ်ထပ်မှာ ကျန်ခဲ့တဲ့ အုပ်စုလဲ ခုနကလို မုန့်စားရင်း စကားပြောနေကြသည်မဟုတ်တော့....အောက်ကိုလှမ်းမြင်ရတဲ့ ပြတင်းပေါက်နားစုပြုံတိုးကာ တာရာတို့ကို မမှိတ်မသုန်ကြည့်နေကြသည်။ အသက်အရွယ်မရွေး မိန်းမတို့ဟူသည် စပ်စုမည် ဆိုသလိုပဲ....တိတ်ဆိတ်ကာ ကြည့်နေကြသည်က အပ်ကျသံပင်ကြားရလောက်သည်။

"သူတို့က ဘာတွေလဲ...."

"အသာနေစမ်းပါ ခင်မမရယ် ကြည့်သာနေပါ"

"အဲ အဲ လူတယောက်ဆင်းလာပီ....."

"ရှူး...."

အထိတ်တလန့်ထအော်လိုက်တဲ့ လုံးလုံးကြောင့် မမချမ်း အသာလှည့်ကြည့်ပီး မျက်မှောင်ကျုံ့ကာ တိတ်တိတ်နေဆိုသည့်သဘောနှင့် ငေါက်လိုက်ရသေးသည်။ ခနလေးတော့ ငြိမ်သွားပေမယ့်.....သူ့ကို ခုလေးတင်ပဲငေါက်ထားတဲ့ မမချမ်းလက်မောင်းကို အလန့်တကြားနဲ့ အချက်ပေါင်းများစွာရိုက်ကာ

"မမချမ်း မမချမ်းးးး အဲ့လူ အဲ့လူ"

မမချမ်းက ဆက်မပြောနိုင်တဲ့ လုံးလုံးကိုကြည့်တော့ တခုခုမကောင်းတာကို မြင်လိုက်ရသူလို ထိတ်လန့်ပြာတောက်နေတဲ့ လုံးလုံး

"ဘယ်သူလဲ....သိလို့လား"

တရွေ့ရွေ့နဲ့ တာရာ့နဲ့ကလေးနားရောက်လာတဲ့ လူတယောက်ကို သူတို့ ခြောက်လွှာပေါ်ကနေ သေချာကိုလှမ်းမြင်လိုက်သည်။ အဝေးကြီးကမြင်ရတာတောင် အနက်ရောင်ရှပ်အကျီနဲ့ ဘောင်းဘီဝတ်ထားတာမလို့ ဖြူဝင်းသောအသားရည်က နေရောင်ထဲမှာ တောက်ပလို့နေသည်ကို သေချာကိုတွေ့လိုက်ရသည်။ မျက်မှန်အမဲတပ်ထားတာမလို့ ဘယ်သူဘယ်ဝါတော့မသိ....နဲနဲပါးပါးနာမည်ကြီးတဲ့သူဆိုဦးတော့ ဖေ့ဘုတ်တွေ ဘာတွေနဲ့ အလှမ်းဝေးတဲ့ လူကြီးတွေကတော့ သိနိုင်မည်မထင်။ လုံးလုံးကတော့ သိနေမည်ဆိုတာတော့ မလွဲဧကန်ပင်။

"မမချမ်းကလဲ အဲ့တာ နေမင်းမဟာလေ.....ကျမတို့ရဲ့ နေမင်းကြီး"

"ဘာကြီးလဲ ညည်း ဟာက"

လူကြီးဆိုတော့ နားမလည်တာနဲ့ ဝင်မေးလိုက်တဲ့ ဒေါ်တင်မမကြောင့် လုံးလုံးက သူ့အကွက်ပဲဆိုတဲ့ မျက်နှာထားနဲ့ လေသံနဲ့

"သူတို့က သူဌေးတွေ....သူဌေးဆိုတာတောင်မှ တော်ရုံမဟုတ်ဘူးနော် ဆွေကြီးမျိုးကြီးထဲကသူတွေ..."

အေးလေ လုံးလုံးမှ ထိုသူကိုမသိရင်လဲ ဘေးလူတွေက သိနိုင်တော့မည်မဟုတ်။ လုံးလုံးလောက် ဆယ်လီတွေကို နှိုက်နှိုက်ချွတ်ချွတ် စပ်စုတာ လုံးလုံးပဲရှိသည်။ အဲ့ထဲမှာမှ နေမင်းမဟာနဲ့ ဧကရီဆိုတာ သူ့ idol couple တွေ။ ဟိုကလူကြီးတွေက မေးတော့ လုံးလုံးကလဲ နဂိုထဲကမှ နေမင်းမဟာအကြောင်းဆို ထမင်းလွတ်ဟင်းလွတ်ပင် ပြောချင်သူဆိုတော့ အကုန်လုံးကို အိတ်သွန်ဖာမှောက် အနှစ်ချုပ်အမြန်ရှင်းပြလေတော့သည်။ အဲ့ကျတော့မှ လူကြီးတွေလဲ အနည်းငယ် တီးမိခေါက်မိဖြစ်သွားကြပီး ကိုယ့်အတွေးနဲ့ကိုယ်ခနတော့ တိတ်သွားကြသည်။

"နေပါဥိီး သူတို့နဲ့ ဟိုကလေးမက ဘာဆိုင်လို့လဲ"

ဒေါ်တင်မမအမေးကိုတော့ ဒီတခါလုံးလုံးမဖြေနိုင်တော့ပေ။ ပီးမှ တခုခုမှတ်မိသွားဟန်နှင့် မမချမ်းဘက်လှည့်ကာ

"မမချမ်း မမချမ်းမှတ်မိလား အဲ့နေမင်းမဟာလေ ဆိုင်လာဖူးတယ်လေ"

တနေ့တနေ့ လာလိုက်တဲ့သူတွေစုံနေတော့ လုံးလုံးတို့လို သူများစိတ်ဝင်စားတဲ့စိတ်မရှိတဲ့ မမချမ်းက အကြံအိုက်သွားတဲ့ပုံနဲ့ လုံးလုံးကို ခေါင်းခါပြလိုက်တော့

"အာ....မမချမ်းကလဲ တခါလာပီး အမျိုးသမီးလစဥ်သုံးတွေဝယ်သွားဖူးတယ်လေ မမချမ်းတောင် သေချာလိုက်ရှင်းပြခဲ့ဖူးတာကို"

"အော် လုံးလုံးရယ် အဲ့လိုလူတွေက တယောက်ထဲမှမဟုတ်တာ ဘယ်မှတ်မိမလဲ"

ထိုကဲ့သို့သော လူချောက အမျိုးသမီးသုံးလစဥ်ပစ္စည်းတွေကို လာဝယ်ဖူးတယ်ဆိုလို့ ဖြူဖြူတို့ နီနီတို့ ဘာအတွေးပေါက်လဲမသိ ပြုံးဖြီးဖြီးတွေဖြစ်ကုန်သည်။ အေးလေ သာမန်ဆိုရင်တော့ သူ့လို အရာရာပြည့်စုံ နာမည်ကြီးတဲ့သူက သူ့မိန်းကလေးအတွက် အမျိုးသမီးသုံးပစ္စည်းတွေကိုယ်တိုင်လာဝယ်ပေးတယ်ဆိုတာ ကလေးမငယ်ငယ်လေးတွေအဖို့ ရင်ခုန်စရာဇာတ်လမ်းပဲမလား...

"အဲ့တုံးက တာရာနဲ့ သူ ကျိန်းသေတွေ့လိုက်ပါတယ်...အဲ့တုံးကတော့ သိနေကြတဲ့ပုံမပေါ်ပါဘူး ဘယ်တုံးကခင်သွားကြတာလဲမသိဘူး"

လုံးလုံး သူမဘာသာပြန်မေးပီး အဖြေမရှိ....ခေါင်းကုတ်ကာ စဥ်းစားနေတုံး မမချမ်းက ထပီး အလန့်တကြားနဲ့

"ဟဲ့ ငါမှတ်မိပီ ငါမှတ်မိပီ ဟိုတခါ တာရာခွင့်မယူခင်က တာရာ့လိပ်စာလာမေးတဲ့လူတွေထဲသူလဲပါတယ်ထင််တယ်"

"ဘယ်တုံးက လာသွားတာလဲ လုံးလုံးတောင်မသိလိုက်ရဘူး"

"အော် အရေးကြီးကိစ္စမဟုတ်လို့ မပြောတာပေါ့ဟယ်...အဲ့တုံးက တာရာကလဲ ဘယ်သူ့မှ မပြောဖို့ပြောထားတာနဲ့ ထားလိုက်တာ"

"ဒါဆို တာရာနဲ့ သူတို့က အရင်ထဲကသိကြတာလား"

လုံးလုံးစကားအဆုံးမှာတော့ လူတွေအားလုံးကိုယ့်အတွေးနဲ့ကိုယ် ခနပြန်ငြိမ်သွားပီး တာရာတို့ကိုပဲ ခုနကထက် ပို၍ စိတ်ပါဝင်စားစွာကြည့်နေကြတော့သည်။

တာရာ မျက်စိရှေ့ကို ရောက်လာတဲ့သူတစ်ဦးကြောင့် ထိုနေရာမှ ချက်ချင်းလှည့်ထွက်သွားချင်ပေမယ့် ကိုယ့်ကလေးက ဒေါ်နန်းဒေဝီဆီမှာပဲရှိသေးတာမလို့ ရပ်မြဲရပ်နေရသည်။

"သား သေချာကြည့်စမ်း မတူဘူးလား"

"အိ...အဲ့ အဲ့"

မအေကမှ လှည့်ပြန်ချင်နေပါတယ်ဆို ဒေါ်နန်းဒေဝီပေါ်က ဟာလေးက သူ့မြင်တော့ လက်တရမ်းရမ်းနဲ့ လိုက်ချင်နေသေးသည်။

"ကြည့်ပါဦး သားဆီ လိုက်ချင်နေတာ.....သွားမလား ကလေးလေး ဟင်"

ကလေးကို သွားမလားမေးနေလို့ ဘယ်လိုလုပ်ဟိုက သိမလဲဆိုတာ လူတိုင်းသိသည်။ ခုက ကလေးကို ပြောနေသလိုလိုနဲ့ သူမဆီက ခွင့်ပြုချက်တောင်းနေတာကိုလဲ သူမသိသည်မလို့ ဖြစ်နိုင်ရင် လက်ထဲက ကလေးဆွဲခေါ်ပီး အပေါ်အပြေးပြန်တက်သွားချင်တော့သည်။ အတင်းအကျပ်လုပ်လို့ရပေမယ့် ကလေးက ဇွတ်တွေပျော်နေတာမြင်ရတော့လဲ သူမစိတ်အလိုကို အဲ့လောက်လိုက်ဖို့ရာလဲ ကလေးကို သနားသလိုစိတ်က ဖြစ်နေမိသေးသည်။

မဟာ ကားပေါ်က ဆင်းဆင်းချင်းထဲက ကလေးဆီ တန်းသွားခဲ့တာတော့မှန်ပေမယ့် မျက်နှာတင်းထားတယ်ရယ်မဟုတ်သော်ငြား တော်တော့်ကို တည်နေတဲ့သူမနဲ့အနီးသွားဖို့ကိုတော့ အတော့ကို အားယူခဲ့ရတာ မိမိကိုယ်ကိုယ်ပဲသိလိမ့်မည်။ ကိုယ့်ကိုမြင်တော့ လက်ကလေးတရမ်းရမ်းနဲ့ သွားပင်မရှိတဲ့ သွားဖုံးလေးတွေဖြီးကာ ရီရီပြတဲ့ တစ်တစ်တုတ်တုတ်ကလေးလေးကိုကြည့်လိုက် သူမမျက်နှာရိပ်မျက်နှာကဲကိုကြည့်လိုက်နှင့် အခြေနေကိုအကဲခတ်ရသေးသည်။ သူမကတော့ သူ့ဘက်ကို ယောင်လို့ပင်လှည့်မလာ။

"ချီလို့ရလား "

ဘာမှပြန်မဖြေတဲ့သူမ စိတ်ထဲကတော့ လုံးဝအပြတ်ကိုအော်ငြင်းပစ်မိနေသည်။

"ချီလိုက်ပါ ကလေးလေးက သားကို မြင်မြင်ချင်းခင်တာနေမှာ တန်းကိုလိုက်ချင်တာ ရော့ရော့"

အမေနဲ့သား လိုက်လဲလိုက်သည်။ သားကလဲ ကလေးမအေအရင်းက မကြည်ဖြူတာကို ဂရုစိုက်ပုံမပေါ်.....သူ့အမေကလဲ သူ့သားက မချီဘူးဆိုရင်တောင် ဂုတ်ပေါ်တက်ခွထိုင်ခိုင်းစေမည့်သဘောရှိသည်။ တကယ်ပဲ ဒီလူတွေ ဘာတွေတွေးပီး ဘာတွေလုပ်နေကြလဲကိုမသိဘူး....သူမတို့ လူတစု စုစု စုစုနဲ့ လုပ်နေတော့ အနီးနားက ဖြတ်သွားသူတွေက ကွက်ကြည့်ကွက်ကြည့် လုပ်လာကြသည်။ မလုပ်မှလဲနေရောလေ....သူမတို့လို သာမန်လူတန်းစားတွေနေတဲ့ ရပ်ကွက်ထဲ သူတို့ရဲ့ သိန်းသောင်းကျော်တန်ကားကြီးလာရပ်ထဲက အကုန်လုံးက စပ်စုနေကြမှာမလွဲ။ ခုက ဘာမှန်းမသိတဲ့အခြေအနေနဲ့ဆိုတော့ လူ့စိတ်ဆိုတာလဲ ခက်သား မသိနိုင်တာ မသိရတာကိုမှ ပိုသိချင်တာမလား....

သူမသာ လျှောက်တွေးနေတာ ကလေးက သူ့ပေါ်ပါသွားပီ။ ကလေးမချီတတ်လောက်ဘူးလို့ထင်ခဲ့ပီးကလေးတွက် တချက်တော့ စိတ်ပူလိုက်ပေမယ့် မဆိုးပါဘူး အဆင်ပြေပြေတော့ ချီထားနိုင်သေးသည်။ ကလေးကလဲ သူ့လက်ပေါ်ကနေ လက်လှမ်းမီတဲ့ ဟိုလူ့ရဲ့ လည်ပင်းတွေ နားရွက်တွေကို တက်ကာကိုင်နေသေးသည်။ ဟိုလူကလဲ သူ့ကလေးမဟုတ်ဘဲနဲ့ ငြိမ်နေတာလား သာယာနေတာလားမသိ မျက်နှာကပြုံးစိစိနဲ့.....ပြောရရင် မျက်စိရှေ့က နှစ်ယောက်လုံးကို အမြင်မကြည်တော့ မျက်နှာပိုးကိုမသေကြဘူး။

သူမနဲ့ ဆန့်ကျင်ဘက်အတွေးရှိနေတာက ဒေါ်နန်းဒေဝီ။

ဒေါ်နန်းဒေဝီ မျက်စိရှေ့မြင်နေရတဲ့ မြင်ကွင်းလေးကိုကြည့်ရင်း ဝမ်းသာလွန်းလို့ မျက်ရည်များပင်ဝဲလာရသည်။ ကိုယ့်သားလေးက သူ့ရဲ့သား သူမမြေးလေးကို မြတ်မြတ်နိုးနိုးနဲ့ချီနေတာကို မြင်နေရတာ ကြည်နူးစရာဘယ်လောက်ကောင်းလိုက်သလဲ။ သူတို့ကို ဒီလိုလေးပဲ အမြဲမြင်ချင်ပါသည်။ ကလေးမလေးကိုလဲ အပြစ်တစက်မှမတင်ချင်​ပါ....အပြစ်တွေအားလုံးက ကိုယ့်သားဘက်ကတွေချည်းမလို့ဆိုတာအပြင် ကိုယ်ကလဲ မိန်းမသားချင်းလဲ ကိုယ်ချင်းစာပေးရဦးမည်မဟုတ်လား။ ခုတော့ အရာရာက ကိစ္စအားလုံးကို စတင်ခဲ့တဲ့ သူမသားအပေါ်ပဲ မူတည်နေတော့သည်။

မဟာ မာမီ့လက်ထဲ အကောင်ပေါက်လေးကို သူ့မအေက ဘာမှမပြောခင်ထဲက ဆွဲယူချီပွေ့လိုက်သည်။ သူကြာကြာပင်မစဥ်းစားရဲ ဟိုက ဆွဲခေါ်သွားရင် သူလဲ ပြန်လုရဲတာမဟုတ်လို့ အခွင့်ရေးရတုံး တမင် ဆွဲခေါ်ထားရသည်။ ဒါတောင်သူ့အမေက မကြည်လင်ဘူး.....ကလေးကို သူ့လက်မောင်းထဲထည့်ကာ ပွေ့ဖက်လိုက်တော့ တခါမှ မရဖူးတဲ့ စိတ်ခံစားချက်ကြီးတမျိုးဖြစ်ပေါ်လာရသည်။ မာမီ့လက်ထဲက ကလေးကို သူမဆွဲခေါ်သွားမည်စိုးသောကြောင့် သူအမြန်သာခေါ်လိုက်ရတာ.....လက်တွေကအတော်တုန်နေတာမလို့ ပြုတ်ကျသွားမှာစိုးပီး ကလေးကိုမနဲညှစ်ထားသလိုတောင်ဖြစ်သွားတာ သတိထားမိလိုက်သည်။ ရင်ထဲလဲ တခါမှ မကြုံဖူးတဲ့ တုန်လှုပ်ခြင်းတွေကြောင့် ကလေးက သိပ်မကြီးပေမယ့် သူ့လက်တွေထဲက ပြုတ်ကျသွားရင် အဲ့ကျမှ သူ့အမေနဲ့ရှင်းလို့ကိုပီးမှာမဟုတ်တော့...မဟုတ်သေးဘူး ..ရှင်းလို့ကိုရတော့မည်မဟုတ်။ အဲ့ကြားထဲ မထင်ရင် မထင်သလို ဘာထလုပ်လိုက်မလဲဟူသည့်စိတ်နဲ့ ဘေးက ငတိမကိုလဲ တချက်တချက်ကြည့်ကာ ရတက်မအေးရ.....မိနစ်ပိုင်းမျှသာဖြစ်တာ ခံစားချက်တွေက စုံစိလို့ သူပင်ရောထွေးကာ ချွေးစေးတွေပါပျံလာရသည်။

"အန်တီ ကျမ ကလေး နေပူနေပီ အပေါ်ပြန်တက်တော့မယ်"

ကလေးက ဟိုလူ့လက်ထဲမှာဆိုပေမယ့် သူနဲ့စကားမပြောလိုတာကြောင့် ရှေ့က ဒေါ်နန်းဒေဝီကိုပဲ ပြောလိုက်သည်။ သူ့သားနဲ့ဟိုကလေး မြူးထူးနေတာကို ကြည့်ရင်း ​မျောနေတာများ သူမနောက်တခါ အသံခပ်ကျယ်ကျယ်နဲ့ထပ်ပြောမှ

"အင်း...ဟုတ်ပါရဲ့ သွား သွား သမီး....သား ကလေးပြန်ထည့်ပေးလိုက်ပါဦး သားရယ် နောက်မှထပ်ချီပေါ့"

တာရာ့စကားကြားတော့ အလိုက်တသိနဲ့ သူမလက်ထဲကို ကလေးပြန်ထည့်ပေးဖို့ပြောတော့ ဟိုလူက ဘာအချိုးလဲမသိ မျက်နှာက ပျက်သေး။ သူပျက်လဲ အရေးလုပ်စရာမလိုတာမလို့ သူမကလေးသူမ ဆွဲခေါ်တော့ အဲ့လိုဆိုတော့လဲ အသာတကြည်တော့ပြန်ထည့်ရှာပါတယ်....သူမကလေး သူမလက်ထဲ ပြန်ရောက်ပီဆိုမှ သူမ စိတ်ထဲအေးသွားရပီး ပြန်လှည့်ထွက်ဖို့အလုပ်...ခုထိနေရာကနေမရွေ့ကြသေးတဲ့ သားအမိနှစ်ယောက်ကို တချက်ပြန်လှည့်ကြည့်ကာ

"အန်တီတို့နောက်ထပ်ထပ်မလာပါနဲ့တော့....ကျမနဲ့လဲ ထပ်လာမပတ်သတ်ပါနဲ့ ကျမကလေးနဲ့ကျမ အေးဆေးနေပါရစေ"

သူမစကားကို သူတို့လဲ မျှော်လင့်ထားပုံမရတာမလို့ ကြားကြားချင်း သူမကို အထူးအဆန်းပုံစံမျိုးနဲ့ ကြည့်နေကြသည်။ ပီးမှ ဒေါ်နန်းဒေဝီက အချိုသာဆုံးပြုံးကာ

"သမီးရယ် အန်တီတို့က ကလေးကို...."

"ကျမနဲ့လဲ ပတ်သတ်စရာမလိုတော့သလို ကျမကလေးနဲ့လဲ လာမပတ်သတ်ပါနဲ့"

မျက်စိရှေ့မှာ မာမီ့ကိုအေးတိအေးစက်နဲ့ပြောနေတဲ့သူမကို သူ ဘယ်လိုနားလည်ရမှန်းမသိ....စိတ်ဆိုးလားဆိုရင်တော့ မဆိုးး

"သမီးရယ်....ခနလေး စိတ်လျှော့ပါဦး အန်တီပြောမယ်....."

"နားမထောင်ချင်ဘူး အန်တီ.... အန်တီတို့ ထပ်လာပတ်သတ်နေမယ်ဆိုရင် ကျမ ဒီပတ်ဝန်းကျင်ကနေ ထွက်သွားရလိမ့်မယ်"

"သမီးရယ် အန်တီတို့လာတာ သမီးအတွက် အဲ့လောက်တောင် ထိခိုက်စေသွားတာလားကွယ်"

"ကျမက ထိခိုက်ပီးသား ထပ်ထိခိုက်ခံရလဲ ဒဏ်ရာတခုပိုလာတာပဲရှိမှာ ကိစ္စမရှိဘူး ကျမသားတော့ အထိခိုက်မခံနိုင်ဘူး.....နောက်ဆုံး အနေနဲ့ပြောရရင် ကျမ တောင်းပန်ပါတယ် လာမပတ်သတ်ပါနဲ့တော့"

မဟာ သူတို့ကို တဆတ်ဆတ်တုန်နေတဲ့ နှုတ်ခမ်းတွေနဲ့ အဆက်မပြတ်ပြောဆိုကာ သူမနေတဲ့တိုက်ထဲကို ဝင်သွားပီဖြစ်တဲ့ သူမကို နောက်ကနေကြည့်ပီး စိတ်ထဲတော့ တမျိုးဖြစ်သွားသည်။ အရင်က စိတ်မာတာလောက်တော့ သိပေမယ့် ခုလောက်ထိ အေးစက်လိမ့်မယ် ပြတ်သားလိမ့်မယ်လို့တော့ မထင်မိခဲ့တာ အမှန်ပင်။

မာမီ့ကို သူအတင်းခေါ်ပီးသာ ကားပေါ်တက်လာရတာ တလမ်းလုံး သားအမိ နှစ်ယောက်စလုံး စကားမပြောဖြစ်။

"မြင်ပီလားသား.....သားအတွက် စိန်ခေါ်မှုက ဘယ်လောက်ကြီးလဲဆိုတာ"

သူဘာမှ ပြန်မဖြေချင်တာမလို့ မာမီ့ကို ခေါင်းပဲအသာငြိမ့်ပြလိုက်တော့သည်။ ဟုတ်သည်.....သူမကို စိတ်ပြေတဲ့ထိမဟုတ်တောင် သူ့အပေါ် နဲနဲလေး ပိစိလေးပင် ပျော့ပြောင်းပေးဖို့ပင် တော်တော်လေးကို ခက်ခဲပေလိမ့်မည်ကတော့ အမှန်။

"မာမီလဲ ဘာလုပ်ရမှန်းတောင်မသိတော့ပါဘူးကွယ်"

နောက်ထပ် ထပ်မလာဖို့အထိပြောလွှတ်လိုက်တာကြောင့် အတော်လေးကို စိတ်ညစ်သွားတဲ့မာမီက ညည်းသလိုပြောတော့

"မာမီ....မာမီ့မြေးနဲ့ တကယ်တူတူနေချင်လား"

"အင်းပေါ့ သားရယ် နေချင်တာပေါ့"

"အဲ့ဆို သားဘက်က တခုခုမပြောမချင်း သူ့ဆီမသွားနဲ့တော့"

"ဟင်...."

မလာနဲ့ပြောထားခံရလို့ စိတ်ညစ်နေပါတယ်ဆို သူ့ဆီက မသွားနဲ့တော့ဆိုတဲ့ စကားကြောင့် ပို စိတ်ရှုပ်သွားတဲ့မာမီက သူ့ကို နားမလည်နိုင်တဲ့အကြည့်တွေနဲ့ကြည့်နေသည်။

"သား စီစဥ်ပေးပါ့မယ်....ကလေးက မာမီ့ဆီ တချိန်ကျ ရောက်လာလိမ့်မယ် သူ့အမေကလဲ ကြည်ကြည်ဖြူဖြူနဲ့ပေါ့"

"သူ့အမေက ကြည်ကြည်ဖြူဖြူနဲ့..?"

ဟုတ်သည် မာမီထူးဆန်းပီး ရှုပ်သွားမည်ဆိုလဲ ရှုပ်ချင်စရာ ခုနက မိနစ်ပိုင်းလေးကမှ သူတို့ကို ပြတ်ပြတ်သားသား ငြင်းလွှတ်လိုက်တဲ့ သူမ....ဘယ်လိုလုပ် ကြည်ဖြူပီး သူ့သားနဲ့ သူတိူ့ဆီအရောက်လာပါ့မလဲ အခြေနေကလဲ လက်တလောအတွက်​တော့ ယုံချင်စရာတကွက်မှမရှိတာမလို့

"မာမီ....သားကိုမယုံဘူးလား နိုင်ငံတကာမှာတောင် အောင်မြင်နေတဲ့ project တွေကို အသေးစိတ်ကိုယ်တိုင်ဆွဲလာတာပါ မာမီရာ.....တခုခုကို သေချာကြည့်လိုက်ရင် ဘာကိုပြင်ရမလဲ ဘာလိုလဲ တန်းသိပါတယ်"

"ဘယ်လောက်ကြာမှာလဲ"

"တပတ်လောက် တလလောက်တော့ ဘယ်ကမလဲ....ဒါမဲ့ နှစ်ရှည်ကြီးတော့ မကြာဘူး စိတ်ချ"

တက်ကြွစွာပြောနေတဲ့ သားကိုကြည့်ရင် ဒေါ်နန်းဒေဝီတယောက် ကျေနပ်ဝမ်းသာသည့်စိတ်ကတဖက် ပူပန်သည့်စိတ်ကတဖက်နှင့် ရင်ထဲမှာတော့ သူတို့မိသားစုလေး ဘယ်လိုနည်းနဲ့ပဲ ဖြစ်ဖြစ် အေးဆေးလေးပြန်ဆုံစည်းနိုင်ဖို့ပဲ ဆုတောင်းနေမိတော့သည်။

"သိပ်တော့မကြာနဲ့နော် ကလေးက တော်နေကြီးလာတော့မှာ ကုန်သွားတဲ့အချိန်ကပြန်မရဘူး အဲ့ငယ်ငယ်လေးကို ထိန်းချင်သေးတယ်"

မဟာ မာမီပြောတဲ့ စကားတွေထဲ ကုန်သွားတဲ့ အချိန်တွေက ပြန်မရဘူးဆိုတာသာ နားထဲစွဲကျန်နေခဲ့တော့သည်။ ဟုတ်ပါရဲ့....အဲ့ကလေး ဘယ်လိုမွေးလာသလဲ ဘာတွေဖြတ်သန်းကြုံတွေ့ခဲ့ရလဲ ဘယ်လိုတွေကြီးပျင်းလာသလဲဆိုတာတွေ သိဖို့ဝေးစွ ရက် ၁၀၀ ပြည့်မှ ပထမဆုံးချီဖူး ပွေ့ဖူးခဲ့တာမလား။ အတိတ်မှာ လုပ်ခဲ့တာတွေ ဆုံးဖြတ်ခဲ့တာတွေကြောင့်လို့ ခုချိန်မှတော့ အပြစ်မတင်လိုတော့တာမလို့ ခုချိန်ကစပီးပဲ ရှေ့လျှောက် အဲ့အကောင်ပေါက်လေးဘဝကို အတောင်အလက်စုံစုံနဲ့ ပျံသန်းနိုင်စေဖို့ ကြိုးစားရပေဦးမယ်။ သမီးကိုလိုချင်ရင် အမေကိုကြည့်ဆိုပေမယ့် သူ့အဖြစ်ကတော့ သူ့သားသူ လိုချင်တာတောင် သားအမေကိုကြည့်နေရသည်။ အဲ့လိုဆိုတော့လဲ သူက အပြစ်ကင်းသလားဆို မကင်း....မကင်းတာမှ ပြသနာပေါင်းစုံရဲ့ မြစ်ဖျားခံရာကိုဖြစ်နေခဲ့သေးသည်။ သူမတယောက်ထဲ ဒီလိုလောကကြီးထဲက အခက်ခဲတွေကို ဘယ်လိုကြံ့ကြံ့ခံရင်း ဒီကလေးတယောက်ကို မွေးထုတ်ထားပါလိမ့်။ သူစွန့်ပစ်ထားခဲ့တဲ့ဘဝမှာ လူတောင်မဖြစ်သေးတဲ့ ကလေးတယောက်နဲ့ ဘယ်လောက်တောင်များ ခက်ခဲခဲ့လိုက်မလဲ မတွေးတတ်....မတွေးချင်တဲ့ထိကို စိတ်မကောင်းဖြစ်မိသည်။ စကားနဲ့ မလုံလောက်ပေမယ့် အခါအခွင့် ကြုံရင်တော့ သူမကို ပထမဆုံးသူ့ဘက်က ပြောမယ့်စကားကတော့ တောင်းပန်ပါတယ် ဆိုတဲ့စကားပဲဖြစ်မှာ ကျိန်းသေသည်။

"မြန်စေချင်ရင် မာမီသာ သား ဘာမှမပြောမချင်း သူတို့နဲ့သွားမတွေ့နဲ့ မပတ်သတ်နဲ့ တော်ကြာ ဟိုက ထွက်ပြေးသွားရင် ပိုကြာနေမယ်"

.........

တာရာ အပေါ်ရောက်တော့ ထင်ပါတယ် သူမပြန်တက်လာတာနဲ့ ဝိုင်းမေးကြတော့မယ့်မေးခွန်းပေါင်းများစွာနဲ့ လူတစု သူမကို စိတ်ရှည်စွာထိုင်စောင့်နေကြမှာကို....သူမဝင်လာတော့ စုစု စုစုနှင့် သူမနားကပ်ပီး သူအရင်မေးနိုးနိုး ငါအရင်မေးနိုးနိုးနဲ့ တယောက်နဲ့တယောက် သေဖော်သေဖက်ညှိကြသေးသည်။ တာရာကတော့ သူတို့မေးလာမည့် ​အမေးပေါင်းစုံအတွက် အဖြေအဆင်သင့်မရှိတာရော စိတ်ထဲနဲနဲရှုပ်နေတာရောမလို့ သူတို့ကို မသိချင်ယောင်ဆောင်ပီး ကလေးကို အကျီလဲပေးတာတွေ ရေပတ်တိုက်ပေးတာတွေ တယောက်ထဲ လုပ်ပေးနေမိသည်။ ဇွဲဆုကိုတော့ စပ်စုသူတွေလောက် ထိုက်တန်တာ ရှိမည်မဟုတ်....သူမလုပ်သမျှကို စိတ်ရှည်ရှည်နဲ့ ထိုင်စောင့်နေကြတဲ့ လူအုပ်ကြီးကိုလဲ တာရာ အကြာကြီး မျက်ကွယ်မပြုနိုင်တော့ပေ.....ကလေးကိုချီလျက်ပင် သူတို့ကို ကြည့်ရင်း

"ရာရာကော ရာရာ့ကလေးကို ချစ်ပေးကြတာ အကုန်လုံးကို ကျေးဇူးတင်ပါတယ် ရာရာ့ရဲ့တချို့ကိစ္စတွေက ပြောလို့အဆင်မပြေလို့ မပြောခဲ့တာပါ နားလည်ပေးကြပါလို့ပဲ ရာရာတောင်းဆိုပါတယ်"

"မပြောချင်လို့ မပြောတာကတော့ ရပါတယ်အေ....ဒါမဲ့ ခုနက လာတာ ကလေးအဖေလား "

ဒေါ်တင်မမ သူမ စကားအဆုံးမှာပဲ ထမေးလိုက်တော့ တာရာ ရုတ်တရက်ဘာဖြေရမှန်းမသိ....သူတို့ကို တာရာပြောထားတာ ယောက်ျားဆုံးသွားပီဆိုပီးတော့လေ

"ကလေးအဖေဆိုလဲ ငါတို့က ညည်းကိုတမျိုးမမြင်ပါဘူးအေ....ညည်းမှာလဲ ညည်းအကြောင်းရှိလို့ အဲ့လောက်ထိပြောခဲ့တာပေါ့ ငါတို့လဲ ညည်းကိုကြည့်လာတာ ဒီလောက်ကြာပီ ရှုပ်ရှုပ်ယှက်ယှက်မှမဟုတ်တာ"

တော်ပါသေးရဲ့ ကလေးက အဖေရှိရက်နဲ့ သေပီဘာလို့ပြောလဲ ဘာညာမေးရင်တောင် သူမချောင်ပိတ်မိနေဦးမည်။ ခုတော့ သူမဘာသာသူမပဲ နားလည်ပေးလို့ တော်ပါသေးရဲ့ဆိုပီး အသက်ရှူချောင်ရသည်။

"ရာရာ....နေမင်းမဟာနဲ့ ရာရာက?"

လူကြီးတွေကသာ ကိစ္စတခုလုံး ခြုံငုံပီး အရေးကြီးတာသာပြောလို့ သူမကိုနားလည်မှုပေးနိုင်ကြမည် နေမင်းမဟာ့ fan လုံးလုံးကတော့ သူမကျေနပ်မည့်အဖြေမရမချင်း သူမကို တဂျီဂျီမေးနေတော့မည်ကိုသိတာမလို့

"ဘာမှမဆိုင်ပါဘူး လုံးလုံးရယ်....ဒီတိုင်း ဟိုအန်တီ့သားမလို့ သူ့ဘာသာသူပါလာတာရယ်"

တော်သေး အောက်မှာလဲ သိပ်မကြာလိုက်တာရော ဒီတိုင်း ကလေးကို ခနတဖြုတ်လေးချီကြည့်တာလောက်ကိုပဲ ခြောက်လွှာထပ်ကနေလှမ်းမြင်လိုက်ရုံမလို့သာပေါ့ သူမပြောတာကို လုံးလုံး မတင်မကျမျက်နှာနဲ့ လက်ခံသွားပုံရသည်။

"ကလေးက အဖေရှိရင်တော့ မိစုံဖစုံနဲ့နေရမှာပေါ့အေ.....မရှိလို့ မနေရတာကတော့ ထားတော့လေ ခုက ရှိသေးတယ်မှတ်လား"

ဒေါ်တင်မမစကားကြောင့် အားလုံးက ရာရာ့အဖြေပေါ်မှာ အာရုံစိုက်ကာ စောင့်စားနေကြသည်။

"ရှိတာမရှိတာက အရေးမှမပါတော့တာ အန်တီရယ်....မမွေးခင်ကရော မွေးပီးရော ဒီအခြေနေနဲ့နေလာတာပဲ ဘယ်လောက်ကြာပီလဲ ခုမှ ပေါ်လာလဲ ဘာထူးသွားမှာကြလို့ အရေးမပါတော့ပါဘူး"

"မဟုတ်သေးပါဘူးအေ....ဒါက ကလေးက ငယ်သေးလို့လေ ကြီးရင် သူများအဖေတွေဘာတွေမြင်ရင် သူလဲလိုချင်မှာပဲလေ"

ဒေါ်ခင်မမပြောတာ သဘာဝကျပေမယ့် အတ္တပဲ ကြီးတယ်ပြောပြော တာရာ ဒီကလေးကို တဦးတည်းသာ အပိုင်မွေးချင်သည်။ ဘယ်သူနဲ့မှကို ခွဲမချစ်ချင်....သူမမှာလိုအပ်ချက်တွေရှိပေမယ့် ကလေးတယောက်ကိုတော့ ကောင်းကောင်း မွေးမြူနိုင်သည်ဟူသော ယုံကြည်ချက်က ခိုင်မာလွန်းနေသည်။

........

ဝေယံ့သားလေးကို ကြည့်ရင်း မဟာ တချက်ပြုံးမိသွားတော့ စက္ကန့်ပိုင်းကလေးကို မြင်ဖြစ်အောင် မြင်လိုက်သေးတဲ့ ဝေယံက

"ငါ့ သားလေး အဖော်ရတော့မှာလား မသိဘူးဟေ့"

ဆိုပီး အူမြူးနေတဲ့အသံကြီးနဲ့နောက်တော့ ခုနကပြုံးနေတဲ့ မဟာပင် အလန့်တကြားဖြစ်သွားရသေးသည်။ မလန့်နေရောလေ.....သူကလေးက ခုမှ ရက် ၁၀၀ တောင်ပြည့်သေးတာမဟုတ် နောက်ကလေးဆိုတာကတော့ စောလွန်းမနေဘူးလား။

"နောက်တယောက်လား ဝေယံ မင်းမြန်လှချည်လားကွာ ဟင်"

"အာ......ပေါက်တီးပေါက်ရှာကွာ"

"မင်းပဲ မင်းသား အဖော်ရတော့မယ်ဆို အရင်းမရှိအဖျားမရှိထအော်ပီး"

"ငါပြောတာ တခြား တခြား ဟိဟိ "

ထိုအခါမှသာ မဟာ ဝေယံပြောချင်တဲ့သဘောကိုပေါက်တော့သည်။ ဟုတ်ပ သူ့သားက ဝေယံ့သားနဲ့ သိပ်မှမကွာတာ သူတို့လဲ ဖအေတွေလိုပဲ ငယ်သူငယ်ချင်းဖြစ်ပေကြဦးမည်။ သူ့အတွေးနှင့်သူ ကြည်နူးစွာပြုံးနေတော့

"ခေါ်လာတော့မှာဆိုလဲ မြန်မြန်ကွာ....ငါ့သားက ပျင်းတော့မှာ တူတူဆော့ပါစေတော့"

ဆော့ချင်တာ မင်းလား မင်း သားလားလို့ပင်ပြန်မေးချင်လောက်တဲ့ထိ လာချွဲပြနေတဲ့ ဝေယံ့ကို သူ ပြောပြလိုက်ချင်သည် ဟိုကလေးအမေက သူ့ကို ဘယ်လိုတွေ ချေနေလဲဆိုတာကိုပေါ့။ ဟိုကဖြင့် သူ့ကိုအနားအကပ်မခံတာ ကလေးသွားဆွဲရင် သေအောင်တောင်သတ်မည့်သူ။

"နေပါဦးကွာ....ငါလဲခေါ်လာချင်တာပေါ့ ဒါမဲ့..."

"ဒါမဲ့တွေလုပ်မနေနဲ့ ကိုမဟာရေ.....အချိန်တွေကုန်တယ် ကလေးကြီးလာတာ အကုန်မမြင်လိုက်ရပဲနေမယ် တာရာ့ကို ချော့စရာရှိတာချော့လိုက်တော့"

ဘယ်ချိန်ကတည်းက နောက်ကရောက်နေမှန်းမသိတဲ့ ပန်းချီဝင်ပြောမှ ဒီလင်ရော မယားရောလိုက်လဲ လိုက်သည်။ ကွက်စိတ်ဆရာတွေလုပ်ရမှာ ဘယ့်နှယ့် အကြောင်းစုံမသိဘဲ အတင်းပြန်ပေါင်းထုတ်ခိုင်းနေပုံက အဲ့လောက်လွယ်ကူနေတယ်ထင်နေလားမသိ။ ခေါ်ကိုပြလိုက်ချင်သေးသည်။ ဘယ်လိုတွေ စိမ်းကားနေလဲဆိုတာမြင်ရင် သူတို့ ဘာပြောမလဲသိပ်သိချင်သည်။ ချော့ဆိုတိုင်း ချော့ရအောင်လဲ သူနဲ့ကိုယ်နဲ့က သာမန် စိတ်ဆိုးစိတ်ကောက်ထားတာမဟုတ်တော့ သူများတွေလို အရုပ်တွေ ပန်းစည်းတွေ အဖိုးတန်လက်ဝတ်ရတနာတွေ Luxury Brand တွေနဲ့တော့ ချော့လို့ရမည်မထင်။ ရမည့် မိန်းကလေးလဲမဟုတ်.....

သူမလိုချင်တာတော့ရှိသည်....သူမလိုချင်တာကလဲ ရှားရှားပါးပါးရယ်ပါ သိပ်မရှိလှ သူ့ကိုပြောဖူးတယ်မလား....အဲ့တော့ ဘယ်သူမဆို ကိုယ်လိုချင်တာရရင် ပျော်ကြကျေနပ်ကြတာပဲလေ မဟုတ်ဘူးလား။ သူလိုချင်တာတွေဖန်တီးပေးရုံပေါ့။

Continue Reading

You'll Also Like

54.3K 5.3K 89
Eldest Daughter Was Reborn အကြီးဆုံးသမီး Description အရင်ဘဝတွင် ကျန်းယန်ရှန့် သည် သူမ၏ သုံးစားမရသည့်ဖခင်နှင့် မိထွေးဖြစ်သူကို အရွဲ့တိုက်ပြီး ဆေးလိပ...
168K 5.3K 70
တောင်ပေါ်ဒေသကအုပ်ချုပ်သူလူတန်းစား‌ေတာင်ပိုင်းအကြီးအကဲရဲ့သား ဖြစ်သူမျိုးရိုးမြင့်သခင်လေး..ဆောင်းဦးခိုက်..... ‌မြောက်ပိုင်းသူ‌‌ေလးမိန်းမပျိုလေးခဂါဦး ...
1M 182K 118
Type - Web Novel Author - 冰块儿 (Little Ice Cube) Genre - Comedy, Drama, Romance, School life, Yaoi Chapter status - 114 chapters + 14 extras (complete...
106K 4.9K 16
အင်မတန်မှ ကပ်စေးနှဲသည့် ကရင်လေး စောကလယ် နဲ့ မြို့သူစွာတေးလေး ရွှေသားပုဝါ တို့ရဲ့ ဘုဘောက် Funny Romance