☆☆☆☆♡⃛ အခ်စ္က သူေစစားရာ ♡⃛ ☆☆☆☆
( Part - 11 )
" အန္တီက သမီးကို လိုက္ရွာေနတာ....
သမီး မရိွေတာ့ ျပန္သြားၿပီထင္ေနတာ
ေက်းဇူးပါေနာ္ သမီး အန္တီကို အခုလို
ကူညီေပးတဲ့အတြက္ "
" ရပါတယ္ အန္တီရယ္.... ကိုယ့္ ေရွ႕
မွာ လူတစ္ေယာက္ ဒုကၡေရာက္ေနတာကို
ျဖဴျဖဴ မၾကည့္ရက္ပါဘူး.... ျဖဴျဖဴ လည္း
ဘာရယ္မဟုတ္ ဒီတိုင္း ကူညီေပးလိုက္တာ "
" နာမည္ေလးက ျဖဴျဖဴ တဲ့လား..?? "
ျဖဴျဖဴ ကို ၾကည့္ရင္း အန္တီက ဆိုလာ၍
ျဖဴျဖဴ ၿပံဳးလိုက္မိသည္။
" သမီး နာမည္က လြန္ႀကိဳးျဖဴျဖဴ ပါ အန္တီ...
အိမ္နာမည္ကေတာ့ ျဖဴျဖဴ ပါရွင့္ "
" လွလိုက္တာ သမီး နာမည္ေလးက...
နာမည္တင္မကဘူး လူပါ အရမ္းလွတာပဲ
သမီးကို ပိုင္ဆိုင္ထားတဲ့ သမီးအေမကေတာ့
သိပ္ကို ကံေကာင္းမွာပဲ.... သမီးက
လူကေလးကလည္းလွ စိတ္ထားေလးကလည္း
ျဖဴစင္နဲ႔.... အန္တီေတာင္ သမီးကို
ေမြးေပးထားတဲ့ အေမကို အားက်သြားၿပီ "
ဘာရယ္မဟုတ္ အန္တီက ဆိုလိုက္ေပမဲ့
ျဖဴျဖဴ ရင္ထဲ တစ္မ်ဳိးႀကီး ျဖစ္သြားရသည္။
ျဖဴျဖဴ ကို ေမြးေပးထားတဲ့ အေမက သိပ္ကို
ကံေကာင္းတယ္တဲ့....ဟင့္အင္း အန္တီ
ထင္သလို ျဖဴျဖဴ က ကံေကာင္းေစတဲ့
ကေလးမဟုတ္ပါဘူး။ ဒိြလိင္ နဲ႔ ယွဥ္ၿပီး
ေမြးဖြားလာလို႔ မိခင္ရဲ႕ စြန္႔ပစ္ျခင္းကို
ခံခဲ့ရတဲ့ ကေလးပါ။ ဒါတင္မကေသး
ေဂဟာက အန္တီစိမ္းျမတို႔ အဖြဲ႕ ရဲ႕
မုန္းတီးျခင္းကိုလည္း ခံခဲ့ရတဲ့ ကေလးပါ။
အေမလို႔ တစ္ေယာက္ေယာက္ကို ျဖဴျဖဴ
ေခၚခ်င္ရင္ေတာင္ အေမဆိုတာ ဘယ္သူမွန္း
မသိလို႔ ဘယ္သူ႕ကို သြားေခၚရမွန္း မသိတဲ့ ဘဝပါ။
" အန္တီက ျဖဴျဖဴ ကို အရမ္းအားက်ေနပါၿပီ.. .
ျဖဴျဖဴ က ငယ္ငယ္ေလးကတည္းက
မိဘမဲ့ေဂဟာမွာ စြန္႔ပစ္ခံရတဲ့ ကေလးပါ... "
" အို..!! "
မယံုၾကည္ခ်င္းေတြနဲ႔ ျဖဴျဖဴ ကို သနားသလို
ၾကည့္လာေသာ အန္တီ။ ကံေကာင္းတာက
အခု ျဖဴျဖဴတို႔က ေဆး႐ုံခန္းထဲမွာေလ။
အနားမွာ ဘယ္သူမွ မရိွလို႔ ေတာ္ပါေသးရဲ႕။
" အံ့ဩသြားတယ္မလား အန္တီ... .အခု
ျဖဴျဖဴ ေျပာေနတာေတြက အမွန္ေတြပါ
ျဖဴျဖဴ က ငယ္ငယ္ေလးကတည္းက
မိဘမဲ့ေဂဟာမွာ စြန္႔ပစ္ခံခဲ့ရတဲ့ ကေလးပါ
အေမလို႔ ျဖဴျဖဴ ေခၚခ်င္ရင္ေတာင္ အေမဆိုတာ
ဘယ္သူမွန္း မသိလို႔ ဘယ္သူ႕ကို အေမလို႔
သြားေခၚရမွန္း မသိတဲ့ ဘဝပါ "
အန္တီ မ်က္ဝန္းေတြက ျဖဴျဖဴေျပာရင္းနဲ႔
သနားသလို ျဖစ္သြားၿပီး လက္ကေလးကို
ဆြဲယူလာခဲ့သည္။
" ဘာမွ အားမငယ္နဲ႔ေနာ္ သမီးျဖဴျဖဴ ...
သမီး ေဘးနားမွာ အန္တီ ရိွတယ္
သမီး လိုအပ္တာေတြ ရိွရင္ အန္တီ အစစအရာ
ရာ ကူညီေပးမယ္.... အန္တီမွာ သမီး ေပးတဲ့
အသက္ပဲ ရိွေတာ့တယ္.... သမီး ကို
စြန္႔ပစ္တဲ့ မိဘေတြက မမိုက္ပါဘူး
သမီးမွာ ဘာအျပစ္ရိွလို႔ စြန္႔ပစ္ရတာလဲ
အန္တီဆို သမီးကို ပစ္မွာ မဟုတ္ဘူး
ေရႊလို တယုတယထားေပးအံုးမွာ
သမီးက အရမ္းကို ခ်စ္စရာေကာင္းၿပီး
လိမ္မာေရးျခားရိွလို႔ေလ "
အန္တီစကားေတြက ျဖဴျဖဴ ရင္ထဲကို
တစ္မ်ဳိးျဖစ္ေစၿပီး ၾကက္သီးေတြပါ ထသြားေစသည္။
အန္တီ ေျပာသလို ျဖဴျဖဴ လည္း အန္တီ
သမီး ျဖစ္ရင္ သိပ္ကို ကံေကာင္းမွာပဲ။
ဒါဆို ျဖဴျဖဴ စြန္႔ပစ္ခံရမယ္မထင္။
အန္တီက အရမ္းကို သေဘာေကာင္းတာေလ။
" အန္တီကို သမီး ေသြးလွဴ ထားေသးတယ္မလား.. .?? "
" ဟင္.... အန္တီက ဘယ္လိုသိတာလဲ..?? "
" အန္တီကို ေကာင္တာက နာစ့္မ ေျပာတာေလ...
ဖုန္းက ကားထဲမွာ ေမ့က်န္ခဲ့လို ့
အန္တီ ေယာက်ၤားကိုေတာင္ ေဆး႐ုံက
ဖုန္းနဲ႔ လွမ္းဆက္ထားေသးတယ္..
ခဏေန သူ လာေတာ့မယ္ သူလာရင္
သမီးကို အန္တီ ေပးစရာရိွတယ္ "
" အန္တီက ဘာေပးမလို႔လဲဟင္...?? "
" ႐ိုင္းတယ္လို႔ေတာ့ မထင္နဲ႔ေနာ္ သမီးျဖဴျဖဴ...
အန္တီက သမီးကို ပိုက္ဆံေပးခ်င္လို႔ပါ "
ျဖဴျဖဴ ထင္သလို ျဖစ္ေနမလားဆိုၿပီး ေမးၾကည့္
လိုက္ရာ ျဖဴျဖဴ ထင္တဲ့အတိုင္းပင္။
" ျဖဴျဖဴ ေတာင္းပန္ပါတယ္ အန္တီ...
အန္တီကို ျဖဴျဖဴ ကူညီေပးတာက
ေစတနာသန္႔သန္႔နဲ႔ပါ အန္တီဆီက ပိုက္ဆံ
လိုခ်င္လို႔ ျဖဴျဖဴ ကူညီေပးတာ မဟုတ္ဘူး
ဒီေနရာမွာ အန္တီလို ပိုက္ဆံ ရိွတဲ့သူ
မဟုတ္ဘဲ တျခား ဆင္းရဲတဲ့သူ ျဖစ္လည္း
ျဖဴျဖဴ က ကူညီေပးအံုးမွာပဲ "
" အန္တီ နားလည္ပါတယ္ သမီးျဖဴျဖဴ..
အန္တီကလည္း သမီးကို ေစတနာနဲ႔ပါ
သမီးက ေသြးလွဴထားေတာ့ အာဟာရ
ရိွတဲ့ အစားအစာေတြ စားရအံုးမွာေလ...
အဲ့ဒီအခါ ေငြလုိတယ္ေလ "
ဒီ အန္တီကို ျမင္ျမင္ခ်င္း ျဖဴျဖဴ ခင္ေပမဲ့
အရာရာကို ေငြနဲ႔ ရွင္းတတ္တာေတာ့
သိပ္သေဘာမက်။
" ျဖဴျဖဴ က ႀကံ႕ခိုင္ၿပီးသားပါ အန္တီ...
အန္တီ ျဖဴျဖဴ ကို ေက်းဇူးျပန္ဆပ္ခ်င္ရင္
မရိွဆင္းရဲသားေတြကိုပဲ ကူညီေပးလိုက္ပါ
ဒါဆို အန္တီလည္း ကုသိုလ္အမ်ားႀကီးရ
ျဖဴျဖဴ လည္း ကုသိုလ္ အမ်ားႀကီးရလိမ့္မယ္
ျဖဴျဖဴကို ခြင့္ျပဳပါအံုး အန္တီ "
" ျဖဴျဖဴ ေနအံုးေလ...!! သမီးျဖဴျဖဴ
ေနပါအံုး..!! "
ေဒၚၾကည္ျဖဴခင္ ေအာ္ေခၚေနေပမဲ့ လြန္ႀကိဳးျဖဴျဖဴ
က ႏႈတ္ဆက္ကာ အခန္းျပင္ပင္ ေရာက္သြား
ခဲ့သည္။
ထြက္သြားေသာ လြန္ႀကိဳးျဖဴျဖဴ ကို ၾကည့္ကာ
ေဒၚၾကည္ျဖဴခင္ မ်က္ႏွာေလးက ဝမ္းနည္း
စိတ္ေတြနဲ႔ေပ။
" ၾကည္ျဖဴ နင့္ကေတာ့ အေတာ္မသံုးက်တာပဲ
ကိုယ့္ကို ကယ္ေပးတဲ့ ကေလးမေလးကိုမွ
ေငြစကား ေျပာရတယ္လို႔... "
လူတိုင္းကို သိပ္မေရာတတ္တဲ့ ေဒၚၾကည္ျဖဴခင္
အဖို႔ လြန္ႀကိဳးျဖဴျဖဴ မ်က္ႏွာေလးကို
ျမင္ျမင္ခ်င္းမွာပဲ ရင္းႏီွးသြားခဲ့သည္။
ဒါ့က ေသြးက စကားေျပာတာလားဆိုတာ
ကံတရားကလြဲၿပီး ဘယ္သူ႕မွ မသိ။
" သမီးျဖဴျဖဴ မ်က္ဝန္းေလးေတြက တစ္ေယာက္
ေယာက္နဲ႔ တူလိုက္တာ...ဘယ္သူနဲ႔
တူတာလဲမသိဘူး ဒီမ်က္ဝန္းေလးေတြကို
ငါ ရင္းႏီွးလိုက္တာ...အာ ဆံုးသြားတဲ့ငါ့ မာမီ
မ်က္ဝန္းေလးေတြနဲ႔ တူေနတာပဲ "
ျမင္ေယာင္လာေသာ လြန္ႀကိဳးျဖဴျဖဴ မ်က္ႏွာေလး
ကို ေဒၚၾကည္ျဖဴခင္ ျပန္ေတြးရင္း ဘာရယ္
မဟုတ္ေျပာလိုက္မိသြားသည္။ သို႔ေသာ္
ေျပာလိုက္မိေပမဲ့လည္း ဒီတိုင္း တူတာပဲလို႔
သူမ ထင္ေနေလသည္။
ေဒၚၾကည္ျဖဴခင္ UKက ျပန္လာၿပီး
သူမသမီးေလး အတြက္ ဘာလက္ေဆာင္မွ
ဝယ္မေပးလာခဲ့ရ။ သမီး ေက်ာင္းက
ျပန္လာရင္ စိတ္ဆိုးမွာစိုးၿပီး သြားဝယ္ဖို႔
အလုပ္ လူက မူးၿပီး ေမ့လဲသြားျခင္းေပ။
ေမ့လဲတာလည္း မေျပာနဲ ့ေလ သူမ နဲ႔ သူမ
ေယာက်ၤား ဟိုမွာ အလုပ္ေတြပဲ
ဇြတ္လုပ္ေနခဲ့တာေလ။
သမီး အတြက္ လက္ေဆာင္ သြားဝယ္တယ္သာ
သူမ ေျပာတာ ေမ့တတ္တဲ့ သူမ ဦးေႏွာက္က
ဖုန္းနဲ႔ ပိုက္ဆံအိတ္ကို ကားထဲမွာ
ထားခဲ့တာေလ။ ဒ႐ိုင္ဘာကို ဖုန္းဆက္ျပီး
ကားကိုလည္း သြားယူခိုင္းလိုက္ရသည္။
ေဆး႐ုံလာဖို႔ ေျပာထားတဲ့ ေယာက်ၤားကလည္း
အခုထိ မလာေသး။
သူမ စိတ္မရွည္ခ်င္ေတာ့ေပ။
ကံေကာင္းလို႔ေပါ့ သမီးျဖဴျဖဴ နဲ႔ ေတြ႕လို႔
သူမ အခုလို ကံေကာင္းတာေပ။
ႏို႔မို႔ဆို ကံေကာင္းမယ္မထင္ပါ။
ဘာပဲေျပာေျပာ လြန္ႀကိဳးျဖဴျဖဴ ဆိုေသာ
သမီးျဖဴျဖဴ ကို ျမင္ျမင္ခ်င္းမွာပဲ
သူမ သမီးတစ္ေယာက္လို ခ်စ္မိသြားသည္။
သမီးျဖဴျဖဴ ေနတဲ့ ေဂဟာေလးကိုေတာင္
သူမ မေမးလိုက္ရ။ ထပ္ေတြ႕ခ်င္ေသးလည္း
လိပ္စာက မသိေတာ့ခက္သည္။
>>>>>>>>>>>>>>>>>>
" ေအမ့.. ...!! "
" ဝုန္း...!! "
" ေဟ့... ကေလးမ မင္း ဘာျဖစ္သြားေသးလဲ..?? "
စက္ဘီးနဲ႔ ျဖဴျဖဴ ျပန္လာရင္း ဟြန္းမတီးဘဲ
ျဖတ္ေမာင္းလာေသာ ကားေၾကာင့္ စက္ဘီးက
ပစ္လဲက်သြားသည္။ ျဖဴျဖဴ လဲက်တာနဲ႔
ကားေပၚက ဆင္းလာေသာ ဦးေလးႀကီး
တစ္ေယာက္။ ဥပဓိ႐ုပ္ကေတာ့ အေတာ္ေလး
ၾကည့္လို႔ ေကာင္းသည္။ ဒါေပမဲ့ သူ႕
မ်က္ဝန္းေတြက ျဖဴျဖဴကို ျမင္တာနဲ႔
လင္းလက္သြားတာကိုေတာ့ ျဖဴျဖဴ မႀကိဳက္။
" နာသြားေသးလား ကေလး....?? "
အေျပာနဲ႔အတူ ျဖဴျဖဴ လက္ကို ကိုင္လိုက္တဲ့
ဦးေလးႀကီးေၾကာင့္ ျဖဴျဖဴ ႐ုန္းလိုက္မိသည္။
" ျဖဴျဖဴ ဘာမွမျဖစ္ပါဘူး ....အဆင္ေျပပါတယ္
ဦးေလး"
" ဦးေၾကာင့္ ျဖစ္တာပဲ ဦး တာဝန္ယူေပး
ပါ့မယ္.... ဦး နာမည္က ဦးႏိုင္ေစမာန္ ပါ
ကေလးက ဦးကို ဦး သို႔မဟုတ္ ဦးေစ
လို႔ ေခၚေပါ့ "
ကေလးနဲ႔ ဦးခ်င္း မိုးမႊန္ေန၍ ျဖဴျဖဴ ေၾကာက္
ေနမိသည္။ အေစာပိုင္းတုန္းက ျဖဴျဖဴ ကို
ကေလးမဆိုၿပီး အခု ျဖဴျဖဴ မ်က္ႏွာလည္း
ျမင္လိုက္ေရာ ကေလး ျဖစ္သြားခဲ့သည္။
စက္ဘီးကို ျဖဴျဖဴ ျပန္ေထာင္ရင္း ဒီလူႀကီး
လက္ကေန ဘယ္လိုထြက္ရမလဲဆိုတဲ့
အေတြးေတြက စဥ္းစားလို႔မရ။
" အာ... ကေလး လက္ေတြ နာကုန္လိမ့္မယ္....
စက္ဘီးေထာင္ခ်င္တာမ်ား ဦးကို
မေျပာဘူး "
ေျပာကာဆိုကာ ျဖဴျဖဴ ေခါင္းေလးကို ထိဖို႔ျပင္လိုက္ေသာ ဦးေလးႀကီးေၾကာင့္ ေနာက္ကို ျဖဴျဖဴ ဆုပ္ပစ္လိုက္သည္။
" မေၾကာက္ပါနဲ႔ ကေလးရယ္.... ဦးက
ကေလးကို ကိုက္မစားပါဘူး ဦးကို ျပပါအံုး
ကေလး ထိခိုက္သြားေသးလားဆိုတာ ..."
ျဖဴျဖဴ နား ပို၍ တိုးလာ၍ စက္ဘီးကို
ခပ္တင္းတင္းဆုပ္ပစ္လိုက္သည္။
မ်က္ႏွာကိုလည္း အသားကုန္ မာထား
ပစ္လိုက္သည္။ ႐ိုင္းတယ္ထင္လည္း မတတ္ႏိုင္ပါ။
" ျဖဴျဖဴ ဘာမွ မျဖစ္ပါဘူး ဦးႏိုင္ေစမာန္...
ျဖဴျဖဴ ကို သြားခြင့္ျပဳပါ "
ျဖဴျဖဴ ေျပာရင္း စက္ဘီးကို ဟိုဘက္အျမန္တြန္းသြား
လိုက္သည္။ အဲ့ဒီလူႀကီးနဲ႔ ခပ္ေဝးေဝး
ေရာက္ၿပီဆိုကာမွ စက္ဘီးေပၚ တက္ကာ ေျခနင္းကို
အသားကုန္ နင္းလိုက္ေတာ့သည္။
ဒါေတာင္ ျဖဴျဖဴ ကို ၾကည့္ေနေသာ ဦးႏိုင္ေစမာန္
ရဲ႕ အၾကည့္ေတြက ေက်ာခ်မ္းစရာေပ။
နာမည္နဲ႔ လိုက္ပါတယ္ ႏိုင္ေစမာန္ ဆိုသလို
အၾကည့္ေတြက ေၾကာက္စရာေကာင္းသည္။
ဘာရယ္မဟုတ္ ဥပဓိ႐ုပ္ေလးက ၾကည့္ေကာင္း
ရဲ႕သားနဲ႔ စိတ္ဓာတ္ကေတာ့ ရြံစရာေပ။
ဒီလူႀကီးကို ျဖဴျဖဴ ျမင္တာနဲ႔ ေၾကာက္မိသည္။
တစ္ဖက္က ဦးႏိုင္ေစမာန္ကလည္း သူ႕ကို
ေၾကာက္ၿပီး ထြက္ေျပးသြားေသာ လြန္ႀကိဳးျဖဴျဖဴ
ကို မ်က္စိတစ္ဆံုး ေငးၾကည့္ေနေလသည္။
မိန္းမက ေဆး႐ုံေရာက္ေနလို႔ဆိုၿပီး ဖုန္းဆက္လာလို႔
ကားနဲ႔ အျမန္ထြက္လာခဲ့ရာကေန နတ္သမီးေလး
တစ္ပါး နဲ႔ ေတြ႕ဆံုခဲ့ရသည္။
သိပ္ကို လွတဲ့ နတ္သမီးေလးပါ။ တစ္ကိုယ္လံုး
ကလည္း အျပစ္ေျပာစရာမရိွ။ တစ္ညေလာက္
အိပ္စက္ခြင့္မ်ားရရင္ သူ႕ စိတ္ေတြ ႐ူးသြားမလားေပ။
တဏွာမ်က္လံုး၊ တဏွာအေတြးေတြနဲ႔
ဦးႏိုင္ေစမာန္ ေတြးေနခ်ိန္ သူ႕ မ်က္ႏွာႀကီးက
ေၾကာက္စရာေကာင္းေနခဲ့သည္။ ခက္တာက
သူ အခုေတြးေနတဲ့ မိန္းကေလးက သူ
စြန္႔ပစ္ခဲ့တဲ့ သူ႕ သမီး ဒိြလိင္ေလးဆိုတာ
မသိေပ။ သိရင္ေရာ ဦးႏိုင္ေစမာန္ ဘာ
ျဖစ္သြားမလဲဆိုတာ ကံတရားသာ သိမည္။
************************
ေက်ာင္းေရာက္ေရာက္ခ်င္း အတန္းထဲ
မဝင္ရေသး ျဖဴျဖဴ ကို စကားေျပာရန္
ဆြဲေခၚလာတဲ့ ခ်စ္သည္းမာန္ ေၾကာင့္
ရင္ေတြက တလွပ္လွပ္နဲ႔ေပ။
" ေခါင္ယံ လက္က နင့္ေၾကာင့္ ျဖစ္တာမလား
လြန္ႀကိဳးျဖဴျဖဴ "
မာထန္ေနတဲ့ မ်က္နွာထားႏွင့္ ေမးလာရင္း
ျဖဴျဖဴ ကို ၾကည့္ေနတဲ့ ခ်စ္သည္းမာန္ မ်က္ဝန္း
ေတြက အထင္ေသးျခင္းေတြ အျပည့္။
" ငါ.... ငါေၾကာင့္ မဟုတ္ပါဘူး သူ႕ ဟာသူ
ခံုကို လက္သီးနဲ႔ ထိုးတာ "
" ေတာက္စ္....!! "
ျဖဴျဖဴ ေလွ်ာက္လဲခ်က္ ေပးလိုက္ရာ ေတာက္စ္ေခါက္
လိုက္တဲ့ သူ႕ အသံက အေတာ္ေဒါသထြက္
ေၾကာင္းကို ျပသေနသည္။
" ေလွ်ာက္မေျပာနဲ႔ လြန္ႀကိဳးျဖဴျဖဴ....!!
နင့္ေၾကာင့္ ျဖစ္တယ္ဆိုတာ ငါ သိၿပီးၿပီ
နင့္က ႐ုပ္ကေလးနဲ႔မွ မလိုက္
အေတာ္ေလးကို မာယာမ်ားတာပဲ...
ဒါေၾကာင့္ ဘယ္မိန္းကေလးနဲ႔ တြဲတြဲ
ေဒါသမထြက္တဲ့ ငါ့ ေခါင္ယံက နင့္ေၾကာင့္
ေဒါသေတြ ထြက္ေနပါလား.....?? "
ေျပာရင္းနဲ႔ အနားကို တိုးလာသျဖင့္ လြန္ႀကိဳးျဖဴျဖဴ
ေၾကာက္ၿပီး ေနာက္ဆုတ္သြားသည္။
" အ့...အ့.... အ့....!!! "
စီးထားတဲ့ ေဒါက္ဖိနပ္အျမင့္ကို အားမနာ
လြန္ႀကိဳးျဖဴျဖဴ ေျခေထာက္ျဖဴျဖဴေလးေပၚ
တက္နင္းလိုက္ရာ ထြက္ေပၚလာေသာ
လြန္ႀကိဳးျဖဴျဖဴ အသံေလးက အေတာ္နာက်င္
သြားပံုေပၚသည္။
" နာ..နာတယ္ ခ်စ္သည္းမာန္.... ငါ နာတယ္
ငါ့ကို လႊတ္ေပး..ေပးပါ ငါ ေတာင္းပန္ပါတယ္
အ့.... အ့.... အ့... အား.....!!! "
နာတယ္ေျပာေလ လြန္ႀကိဳးျဖဴျဖဴ မ်က္ႏွာကို
ခ်စ္သည္းမာန္ အရသာခံကာၾကည့္ရင္း
သူမ ေျခေထာက္ကို ဖယ္မေပးေသးဘဲ
လြန္ႀကိဳးျဖဴျဖဴ အေပၚ ပို၍ တက္နင္းထားဆဲေပ။
" နင္ scholarship နဲ႔ ဒီကို လာတက္တာ
ငါ သိၿပီးၿပီ လြန္ႀကိဳးျဖဴျဖဴ....
ေနာက္တစ္ခါ ငါ့ ေခါင္ယံကို ထိခိုက္ေအာင္
လုပ္တာတို႔ နင့္ မာယာနဲ့ ျမႇဴဆြယ္တာတို႔
သိရင္ နင့္ ေျခေထာက္တင္မကဘူး
နင္ရဲ႕ scholarship ဆုေလးကိုပါ
ငါ ဖ်က္စီးျပမယ္....မယံုရင္ ေစာင္ၾကည့္ေနလိုက္
ခ်စ္သည္းမာန္ က စကားတစ္ခြန္းကို အပို
မေျပာတတ္ဘူး "
ေျပာကာဆိုကာ အံႀကီးႀကိတ္ၿပီး လြန္ႀကိဳးျဖဴျဖဴ
ေျခေထာက္ကို အားထည့္ကာ အသားကုန္
နင္းပစ္သည္။
"အ့... အ့...အ့...အားးးးးးးးး!! "
ေဒါက္ဖိနပ္နဲ႔ အားရေအာင္ တက္နင္းၿပီးၿပီဆိုမွ
ခ်စ္သည္းမာန္ မဲ့ၿပံဳးၿပံဳးကာ ေနရာကေန
ထြက္လာခဲ့သည္။
က်န္ေနခဲ့တဲ့ လြန္ႀကိဳးျဖဴျဖဴ မွာ နာက်င္သြား
တဲ့ ေျခေထာက္ေလးကို ၾကည့္လိုက္ေတာ့
ေသြးမထြက္႐ံုတမယ္ ေျခေထာက္က ေယာင္
ယမ္းေနေလသည္။
ေျခေထာက္ျဖဴျဖဴေလးေပၚမွာ ေယာင္ယမ္းၿပီး
နီရဲေနတာႀကီးက အေတာ္ေလး က်ဥ္းတန္သည္။
နာက်င္ေနေပမဲ့ သူမ မနည္းအားတင္းၿပီး
အတန္းထဲကို ေျဖးေျဖးခ်င္း ေလွ်ာက္လာခဲ့သည္။
***********************
" နင့္ဟာက ေခ်ာ္လဲတာ ဟုတ္လို႔လား ျဖဴျဖဴ. ..??
တစ္ေယာက္ေယာက္ တက္နင္းထားသလို
ႀကီးေနာ္ "
ျဖဴျဖဴ ေျခေထာက္က အနာကို ၾကည့္ၿပီး
ထက္ထက္က ပုလိပ္စစ္ စစ္ေနသျဖင့္
ျဖဴျဖဴ မွာ မနည္းလိမ္ညာေနရသည္။
အမွန္အတိုင္းကေတာ့ ဘယ္သူ႕မွ သိလို႔မျဖစ္
ေတာ္ၾကာ ခ်စ္သည္းမာန္ လုပ္တာလို႔ ျဖဴျဖဴ
ေျပာလိုက္ရင္ ခ်စ္သည္းမာန္က
ျဖဴျဖဴ ကို ရန္လာရွာအံုးမည္။
အဲ့ဒီအခါ ျဖဴျဖဴ scholarship ဆုေလးက
ျပဳတ္သြားမွ ဟုတ္ေပ့ျဖစ္ေနမည္။
ဒီလိုေတာ့ မျဖစ္မခံႏိုင္၊ ဒီဒဏ္ရာေလာက္က
ျဖဴျဖဴ အတြက္ ပမႊားပါ။ ျဖဴျဖဴ အတြက္
အေရးႀကီးတာဆိုလို႔ မာသာ နဲ႔ ပန္းၿမိဳင္ေဂဟာပဲ
ရိွသည္။
" ငါ ထင္တာမွန္တယ္မဟုတ္လား ျဖဴျဖဴ...
နင့္ ေျခေထာက္ကို တစ္ေယာက္ေယာက္က
လုပ္တာမဟုတ္လား....?? "
" ေခ်ာ္လဲတာပါ ထက္ထက္ရယ္... အဲ့ဒါ
ေခ်ာ္လဲရင္းနဲ႔ ေက်ာက္ခဲက အေပၚကေန
ပိက်သြားလို႔ အခုလို ျဖစ္သြားတာ... "
" ဟုတ္ပါၿပီ ေခ်ာ္လဲတာဆိုလည္း ၿပီးတာပါပဲ
တစ္ေယာက္ေယာက္က နင့္ကို အႏိုင္က်င့္ရင္
ငါ့ကို ရင္ဖြင့္ေနာ္.....ဒီေန႔ေတာ့ ကန္တင္း
မွာ ငါ တစ္ေယာက္တည္း သြားစား
ရေတာ့မယ္.... နင့္က ေျခေထာက္နာေနလို႔
လိုက္ႏိုင္မွာ မဟုတ္ဘူး ငါ သြားၿပီေနာ္
ျဖဴျဖဴ "
" အင္း ဂ႐ုစိုက္သြားေနာ္ ထက္ထက္ "
ျဖဴျဖဴ ကို ႏႈတ္ဆက္ကာ ထက္ထက္က သြားမွ
လူက ရင္ေမာတာ သက္သာသြားရသည္။
မဟုတ္ရင္ ထက္ထက္ ပုလိပ္စစ္ စစ္ေနတာနဲ႔
လူ႕က မေနတတ္ဘဲ ဘူးေပၚသလို ေပၚသြား
လိမ့္မည္။
ထမင္းစားခ်ိန္ဆိုေတာ့ အခန္းထဲမွာ ဘယ္သူ႕မွ
မရိွ။ တိတ္ဆိတ္ၿပီး ေအးခ်မ္းလို႔ ေန၏ ။
စာစီစာကံုးအတြက္ လြန္ႀကိဳးျဖဴျဖဴ
စာေလးလုပ္လိုက္ ၊ ထမင္းေလး စားလိုက္နဲ႔
အလုပ္ေတြ ႐ႉပ္ေနခဲ့သည္။
ဆံထံုးက ထံုးထားေတာ့ သူမ မ်က္ႏွာေလးက
ေျပာင္ရွင္းေနသည္။ ရင္ဖံုး လည္ေစ့
အျဖဴေလးနဲ႔ ပန္းပြင့္ေလးေတြ ပါတဲ့
အနက္ခံထဘီေလးကလည္း သူမ ခႏၶာကိုယ္ေလး
ေပၚမွာ ကပ္ရပ္ခ်ပ္ရပ္နဲ႔ လွပေန၏ ။
ခႏၶာကိုယ္ ေကာက္ေၾကာင္းလွပတဲ့ သူဆိုေတာ့
ဝတ္ထားတာက ႐ိုး႐ိုးေလးဆိုေပမဲ့
သူမနဲ႔ လိုက္ဖက္ခ်က္က ေကာင္းကင္ေပၚက
မိုးက်နတ္သမီးေလး အလားေပ။
လက္ေခ်ာင္းသြယ္သြယ္ေလးေတြကလည္း
စာရြက္ျဖဴေလးေပၚမွာ လႈပ္ရွားေနသည္။
ထမင္းစားတာ ၿပီးသြားေပမဲ့လည္း သူမရဲ႕
စာၾကည့္မႈကေတာ့ အခုထိမၿပီးေသးပါ။
လိုအပ္တာေတြကို မွတ္လိုက္၊ သင္သမွ် physics
တြက္စာေတြကို စာအုပ္ထဲ ထည့္တြက္လိုက္နဲ႔
အလုပ္ေတြ ႐ႉပ္ေနေလသည္။
" ဟင္.....မင္း...!!! "
ျဖဴျဖဴ စာေတြ တြက္ေနရင္း စိတ္ထဲတစ္ေယာက္
ေယာက္က စိုက္ၾကည့္သလို ခံစားေနရတာ
ေၾကာင့္ ေမာၾကည့္လိုက္ေတာ့ ျဖဴျဖဴ
ကို ၿပံဳးၿပီး ၾကည့္ေနေသာ ေခါင္ယံမိႈင္း။
သူ႕ကို ျမင္တာနဲ႔ စာအုပ္ေတြကို ျဖဴျဖဴ ေကာက္
သိမ္းၿပီး ထြက္သြားဖို႔ ျပင္လိုက္သည္။
" အ့....!! "
ေျခေထာက္က နာေနတာကို လြန္ႀကိဳးျဖဴျဖဴ
ေမ့ၿပီး ဇြတ္ထလိုက္ေတာ့ ညည္းသံေလးက
ထြက္သြားခဲ့သည္။
" ခင္ဗ်ား ဘာျဖစ္တာလဲ ေဒၚျဖဴျဖဴ....?? "
လြန္ႀကိဳးျဖဴျဖဴ ဆီက ညည္းသံၾကားတာနဲ႔
ပို၍ အနား တိုးလာတဲ့ ေခါင္ယံမိႈင္း ကို
လြန္ႀကိဳးျဖဴျဖဴ ခပ္စိမ္းစိမ္းၾကည့္ကာ.....
" ဘာမွ မျဖစ္ဘူး မင္း ငါ့ အနားကသာ
ထြက္သြားေပး.... မင္း မသြားရင္ ငါ
သြားမယ္ "
အေျပာနဲ႔အတူ လြန္ႀကိဳးျဖဴျဖဴ လြယ္အိတ္ေလး
ကို ခပ္တင္းတင္းကိုင္ရင္း ေျခေထာက္ကို
မနာေအာင္ ထိန္းရင္း သြားဖို႔အျပင္
သူမေရွ႕ ပိတ္ရပ္လိုက္ေသာ ေခါင္ယံမိႈင္း
ေၾကာင့္ ေရွ႕ဆက္သြားလို႔ မရေတာ့ပါ။
နီရဲၿပီး မည္းပုပ္ေနတဲ့ လြန္ႀကိဳးျဖဴျဖဴ ေျခေထာက္ကို
ေခါင္ယံမိႈင္း ၾကည့္ရင္း ေမး႐ိုးေၾကာေတြ
ေထာင္တင္းသြားခဲ့၏ ။
" က်ဳပ္ ေျပာေနတာၾကားလား ေဒၚလြန္ႀကိဳးျဖဴျဖဴ..!!
ခင္ဗ်ား ေျခေထာက္က ဘာျဖစ္တာလဲလို႔..!!
ဒါမွမဟုတ္ ဘယ္သူလုပ္တာလဲ.....?? "
" ငါ့ဘာသာ ဘာျဖစ္ျဖစ္ မင္းနဲ႔ မဆိုင္ဘူး
ငါ့ ကိစၥေတြ မင္း ဝင္မပါစမ္းနဲ႔... အခုခ်က္ခ်င္း
ပိတ္ရပ္ထားတာ ဖယ္ေပး ေခါင္ယံမိႈင္း..!! "
" ေတာက္စ္...!! "
" ဘုန္း....!! "
ေတာက္စ္တစ္ခ်က္ရဲ႕ ေနာက္မွာ စာေရးစားပြဲခံု
ေလးက ေခါင္ယံမိႈင္း ၏ ပုတ္ျခင္းခံလိုက္ရၿပီး
လြန္ႀကိဳးျဖဴျဖဴ ကိုယ္ေလးကလည္း မသိမသာ
တုန္သြားခဲ့သည္။ ဒါေပမဲ့ လြန္ႀကိဳးျဖဴျဖဴ
မ်က္ႏွာကို မာထားၿပီး ေခါင္ယံမိႈင္း ကို
မုန္းတီးစြာနဲ႔ စိုက္ၾကည့္ေနတယ္ေလ။
" ခင္ဗ်ား အၾကည့္ကို ျပင္စမ္း ေဒၚလြန္ႀကိဳးျဖဴျဖဴ. ..!!
က်ဳပ္ကို အဲ့ဒီအၾကည့္နဲ႔ မၾကည့္နဲ႔..!! "
" ခလြမ္း...!! "
စိတ္တိုစြာနဲ႔ ေဘးနားက အလွပန္းအိုးကို
ေခါင္ယံမိႈင္း ဆြဲယူကာ ၾကမ္းျပင္ေပၚကို
႐ိုက္ခြဲပစ္လိုက္သည္။ ထိုအခါ ဖန္ကြဲစေတြက
ေခါင္ယံမိႈင္း နဲ႔ မနီးမေဝးမွာ ျပန္႔က်ဲကုန္၏ ။
" က်ဳပ္ ေျပာေနတာၾကားလား ေဒၚလြန္ႀကိဳးျဖဴျဖဴ
ခင္ဗ်ား အၾကည့္ကို ျပင္စမ္းလို႔..!! "
တိရိစာၦန္တစ္ေကာင္ကို ရြံရွာသလို ဆက္ၾကည့္
ေန၍ ေခါင္ယံမိႈင္း ေဒါသေတြက ထိန္းမရေတာ့ပါ။
White board ကို သြား၍ လက္သီးနဲ႔
ထိုးခ်ရာ White board မွာ ႏွစ္ျခမ္းအက္
သြားခဲ့သည္။
ထိုအခါ လြန္ႀကိဳးျဖဴျဖဴ မွာ ေၾကာက္ၿပီးထိုသို႔
မၾကည့္ရဲေတာ့ပါ။ ဒါေပမဲ့ သူမ ေဒါသေတြ
ေတာ့ ထြက္ေနေလသည္။
" အား...!! "
ျဖဴျဖဴ သူ႕ကို စိတ္တိုၿပီး ေျခေထာက္ကို
ၾကမ္းျပင္ေပၚ ေဆာင့္ေအာင့္လိုက္ရာ နာေနတဲ့
အနာက ပို၍ နာသြားခဲ့သည္။
" လႊတ္ ေခါင္ယံမိႈင္း ..!! မင္း ငါ့ကို လႊတ္..!! "
႐ုတ္တရက္ ျဖဴျဖဴ အနား ေရာက္လာကာ
တစ္ကိုယ္လံုးကို ဆြဲေပြ႕လိုက္ေတာ့ လက္ေတြက
ခ်က္ခ်င္းပုတ္ထုတ္ပစ္လိုက္သည္။
" ငါ ေျပာတာၾကားလား ေခါင္ယံမိႈင္း. ..??
ငါ့ကို လႊတ္လို႔...!! လႊတ္စမ္း..!! "
" ေတာ္လိုက္စမ္း ေဒၚျဖဴျဖဴ. ..!!
က်ဳပ္ ခင္ဗ်ားကို တက္xိုးေနတာ
မဟုတ္ဘူး...!! ခင္ဗ်ား ေျခေထာက္ နာေနတာ
ေဆးထည့္ေပးဖို႔ ေခၚသြားမလို႔...
က်ဳပ္ စိတ္တိုေအာင္ မလုပ္စမ္းနဲ႔
မဟုတ္ရင္ ဒီေနရာမွာတင္ ခင္ဗ်ား နဲ႔ က်ဳပ္..."
" မင္း......!! "
Part 12 ေမွ်ာ္....................................
( ေခါင္က possive type ပါ ဒါေၾကာင့္
ကာ႐ိုက္တာနဲ႔ လိုက္ေအာင္ သူ႕က ၾကမ္းတမ္း
ေနမွာ ႏူးညံ့ေနမွာေတာ့ မဟုတ္ဘူး...
႐ိုင္းတဲ့ စကားလံုး သံုးမိတဲ့အတြက္ မင္မင့္ကို
နားလည္ေပးၾကပါေနာ္ ဒါဒါေလးေတြ
ကိုယ္လည္း ေရးသာေရးရတာ မ်က္ႏွာပူၿပီး
ရွက္မိတယ္... ဒါေပမဲ့ ရွက္ေနလို႔ မရဘူး
မင္းသားရဲ႕ possive type ကို ေဖာ္ျပရမယ္
ေခါင္ယံမိႈင္း က ကိုယ္ ေရးသမွ် မင္းသားေတြထဲက
ဘယ္သူနဲ႔မွ မတူတဲ့ ဇာတ္ေကာင္ပါ...
ေခါင္ယံမိႈင္း ဇာတ္ေကာင္က possive type
မျဖစ္ခဲ့ရင္ မင္မင္ ေရးတာက ညံ့လို ့ပါ
ဒါနဲ႔ ေခါင္ႀကီးကို ေၾကာက္လည္းေၾကာက္
ခ်စ္လည္းခ်စ္ ေနၿပီ မင္မင့္က...ဒါဒါေလးေတြေတာ့
မသိ 😁😁😍😍)
ခ်စ္တယ္ေနာ္ မင္မင္ရဲ႕ ဒါဒါေလးေတြ.......😍😍😘😘
ဒီအပိုင္းေလးနဲ႔ ပတ္သက္ၿပီး ဒါဒါေလးေတြရဲ႕ မန္႔ကို
မင္မင္ေလယူရာယိမ္း ေစာင့္ေမွ်ာ္လ်က္.. ......😍😍😘😘
#ေလယူရာယိမ္း
☆☆☆☆♡⃛ အချစ်က သူစေစားရာ ♡⃛ ☆☆☆☆
( Part - 11 )
" အန်တီက သမီးကို လိုက်ရှာနေတာ....
သမီး မရှိတော့ ပြန်သွားပြီထင်နေတာ
ကျေးဇူးပါနော် သမီး အန်တီကို အခုလို
ကူညီပေးတဲ့အတွက် "
" ရပါတယ် အန်တီရယ်.... ကိုယ့် ရှေ့
မှာ လူတစ်ယောက် ဒုက္ခရောက်နေတာကို
ဖြူဖြူ မကြည့်ရက်ပါဘူး.... ဖြူဖြူ လည်း
ဘာရယ်မဟုတ် ဒီတိုင်း ကူညီပေးလိုက်တာ "
" နာမည်လေးက ဖြူဖြူ တဲ့လား..?? "
ဖြူဖြူ ကို ကြည့်ရင်း အန်တီက ဆိုလာ၍
ဖြူဖြူ ပြုံးလိုက်မိသည်။
" သမီး နာမည်က လွန်ကြိုးဖြူဖြူ ပါ အန်တီ...
အိမ်နာမည်ကတော့ ဖြူဖြူ ပါရှင့် "
" လှလိုက်တာ သမီး နာမည်လေးက...
နာမည်တင်မကဘူး လူပါ အရမ်းလှတာပဲ
သမီးကို ပိုင်ဆိုင်ထားတဲ့ သမီးအမေကတော့
သိပ်ကို ကံကောင်းမှာပဲ.... သမီးက
လူကလေးကလည်းလှ စိတ်ထားလေးကလည်း
ဖြူစင်နဲ့.... အန်တီတောင် သမီးကို
မွေးပေးထားတဲ့ အမေကို အားကျသွားပြီ "
ဘာရယ်မဟုတ် အန်တီက ဆိုလိုက်ပေမဲ့
ဖြူဖြူ ရင်ထဲ တစ်မျိုးကြီး ဖြစ်သွားရသည်။
ဖြူဖြူ ကို မွေးပေးထားတဲ့ အမေက သိပ်ကို
ကံကောင်းတယ်တဲ့....ဟင့်အင်း အန်တီ
ထင်သလို ဖြူဖြူ က ကံကောင်းစေတဲ့
ကလေးမဟုတ်ပါဘူး။ ဒွိလိင် နဲ့ ယှဉ်ပြီး
မွေးဖွားလာလို့ မိခင်ရဲ့ စွန့်ပစ်ခြင်းကို
ခံခဲ့ရတဲ့ ကလေးပါ။ ဒါတင်မကသေး
ဂေဟာက အန်တီစိမ်းမြတို့ အဖွဲ့ ရဲ့
မုန်းတီးခြင်းကိုလည်း ခံခဲ့ရတဲ့ ကလေးပါ။
အမေလို့ တစ်ယောက်ယောက်ကို ဖြူဖြူ
ခေါ်ချင်ရင်တောင် အမေဆိုတာ ဘယ်သူမှန်း
မသိလို့ ဘယ်သူ့ကို သွားခေါ်ရမှန်း မသိတဲ့ ဘဝပါ။
" အန်တီက ဖြူဖြူ ကို အရမ်းအားကျနေပါပြီ.. .
ဖြူဖြူ က ငယ်ငယ်လေးကတည်းက
မိဘမဲ့ဂေဟာမှာ စွန့်ပစ်ခံရတဲ့ ကလေးပါ... "
" အို..!! "
မယုံကြည်ချင်းတွေနဲ့ ဖြူဖြူ ကို သနားသလို
ကြည့်လာသော အန်တီ။ ကံကောင်းတာက
အခု ဖြူဖြူတို့က ဆေးရုံခန်းထဲမှာလေ။
အနားမှာ ဘယ်သူမှ မရှိလို့ တော်ပါသေးရဲ့။
" အံ့ဩသွားတယ်မလား အန်တီ... .အခု
ဖြူဖြူ ပြောနေတာတွေက အမှန်တွေပါ
ဖြူဖြူ က ငယ်ငယ်လေးကတည်းက
မိဘမဲ့ဂေဟာမှာ စွန့်ပစ်ခံခဲ့ရတဲ့ ကလေးပါ
အမေလို့ ဖြူဖြူ ခေါ်ချင်ရင်တောင် အမေဆိုတာ
ဘယ်သူမှန်း မသိလို့ ဘယ်သူ့ကို အမေလို့
သွားခေါ်ရမှန်း မသိတဲ့ ဘဝပါ "
အန်တီ မျက်ဝန်းတွေက ဖြူဖြူပြောရင်းနဲ့
သနားသလို ဖြစ်သွားပြီး လက်ကလေးကို
ဆွဲယူလာခဲ့သည်။
" ဘာမှ အားမငယ်နဲ့နော် သမီးဖြူဖြူ ...
သမီး ဘေးနားမှာ အန်တီ ရှိတယ်
သမီး လိုအပ်တာတွေ ရှိရင်အန်တီ အစစအရာ
ရာ ကူညီပေးမယ်.... အန်တီမှာ သမီး ပေးတဲ့
အသက်ပဲ ရှိတော့တယ်.... သမီး ကို
စွန့်ပစ်တဲ့ မိဘတွေက မမိုက်ပါဘူး
သမီးမှာ ဘာအပြစ်ရှိလို့ စွန့်ပစ်ရတာလဲ
အန်တီဆို သမီးကို ပစ်မှာ မဟုတ်ဘူး
ရွှေလို တယုတယထားပေးအုံးမှာ
သမီးက အရမ်းကို ချစ်စရာကောင်းပြီး
လိမ်မာရေးခြားရှိလို့လေ "
အန်တီစကားတွေက ဖြူဖြူ ရင်ထဲကို
တစ်မျိုးဖြစ်စေပြီး ကြက်သီးတွေပါ ထသွားစေသည်။
အန်တီ ပြောသလို ဖြူဖြူ လည်း အန်တီ
သမီး ဖြစ်ရင် သိပ်ကို ကံကောင်းမှာပဲ။
ဒါဆို ဖြူဖြူ စွန့်ပစ်ခံရမယ်မထင်။
အန်တီက အရမ်းကို သဘောကောင်းတာလေ။
" အန်တီကို သမီး သွေးလှူ ထားသေးတယ်မလား.. .?? "
" ဟင်.... အန်တီက ဘယ်လိုသိတာလဲ..?? "
" အန်တီကို ကောင်တာက နာစ့်မ ပြောတာလေ...
ဖုန်းက ကားထဲမှာ မေ့ကျန်ခဲ့လို့
အန်တီ ယောင်္ကျားကိုတောင် ဆေးရုံက
ဖုန်းနဲ့ လှမ်းဆက်ထားသေးတယ်..
ခဏနေ သူ လာတော့မယ် သူလာရင်
သမီးကို အန်တီ ပေးစရာရှိတယ် "
" အန်တီက ဘာပေးမလို့လဲဟင်...?? "
" ရိုင်းတယ်လို့တော့ မထင်နဲ့နော် သမီးဖြူဖြူ...
အန်တီက သမီးကို ပိုက်ဆံပေးချင်လို့ပါ "
ဖြူဖြူ ထင်သလို ဖြစ်နေမလားဆိုပြီး မေးကြည့်
လိုက်ရာ ဖြူဖြူ ထင်တဲ့အတိုင်းပင်။
" ဖြူဖြူ တောင်းပန်ပါတယ် အန်တီ...
အန်တီကို ဖြူဖြူ ကူညီပေးတာက
စေတနာသန့်သန့်နဲ့ပါ အန်တီဆီက ပိုက်ဆံ
လိုချင်လို့ ဖြူဖြူ ကူညီပေးတာ မဟုတ်ဘူး
ဒီနေရာမှာ အန်တီလို ပိုက်ဆံ ရှိတဲ့သူ
မဟုတ်ဘဲ တခြား ဆင်းရဲတဲ့သူ ဖြစ်လည်း
ဖြူဖြူ က ကူညီပေးအုံးမှာပဲ "
" အန်တီ နားလည်ပါတယ် သမီးဖြူဖြူ..
အန်တီကလည်း သမီးကို စေတနာနဲ့ပါ
သမီးက သွေးလှူထားတော့ အာဟာရ
ရှိတဲ့ အစားအစာတွေ စားရအုံးမှာလေ...
အဲ့ဒီအခါ ငွေလိုတယ်လေ "
ဒီ အန်တီကို မြင်မြင်ချင်း ဖြူဖြူ ခင်ပေမဲ့
အရာရာကို ငွေနဲ့ ရှင်းတတ်တာတော့
သိပ်သဘောမကျ။
" ဖြူဖြူ က ကြံ့ခိုင်ပြီးသားပါ အန်တီ...
အန်တီ ဖြူဖြူ ကို ကျေးဇူးပြန်ဆပ်ချင်ရင်
မရှိဆင်းရဲသားတွေကိုပဲ ကူညီပေးလိုက်ပါ
ဒါဆို အန်တီလည်း ကုသိုလ်အများကြီးရ
ဖြူဖြူ လည်း ကုသိုလ် အများကြီးရလိမ့်မယ်
ဖြူဖြူကို ခွင့်ပြုပါအုံး အန်တီ "
" ဖြူဖြူ နေအုံးလေ...!! သမီးဖြူဖြူ
နေပါအုံး..!! "
ဒေါ်ကြည်ဖြူခင် အော်ခေါ်နေပေမဲ့ လွန်ကြိုးဖြူဖြူ
က နှုတ်ဆက်ကာ အခန်းပြင်ပင် ရောက်သွား
ခဲ့သည်။
ထွက်သွားသော လွန်ကြိုးဖြူဖြူ ကို ကြည့်ကာ
ဒေါ်ကြည်ဖြူခင် မျက်နှာလေးက ဝမ်းနည်း
စိတ်တွေနဲ့ပေ။
" ကြည်ဖြူ နင့်ကတော့ အတော်မသုံးကျတာပဲ
ကိုယ့်ကို ကယ်ပေးတဲ့ ကလေးမလေးကိုမှ
ငွေစကား ပြောရတယ်လို့... "
လူတိုင်းကို သိပ်မရောတတ်တဲ့ ဒေါ်ကြည်ဖြူခင်
အဖို့ လွန်ကြိုးဖြူဖြူ မျက်နှာလေးကို
မြင်မြင်ချင်းမှာပဲ ရင်းနှီးသွားခဲ့သည်။
ဒါ့က သွေးက စကားပြောတာလားဆိုတာ
ကံတရားကလွဲပြီး ဘယ်သူ့မှ မသိ။
" သမီးဖြူဖြူ မျက်ဝန်းလေးတွေက တစ်ယောက်
ယောက်နဲ့ တူလိုက်တာ...ဘယ်သူနဲ့
တူတာလဲမသိဘူး ဒီမျက်ဝန်းလေးတွေကို
ငါ ရင်းနှီးလိုက်တာ...အာ ဆုံးသွားတဲ့ငါ့ မာမီ
မျက်ဝန်းလေးတွေနဲ့ တူနေတာပဲ "
မြင်ယောင်လာသော လွန်ကြိုးဖြူဖြူ မျက်နှာလေး
ကို ဒေါ်ကြည်ဖြူခင် ပြန်တွေးရင်း ဘာရယ်
မဟုတ်ပြောလိုက်မိသွားသည်။ သို့သော်
ပြောလိုက်မိပေမဲ့လည်း ဒီတိုင်း တူတာပဲလို့
သူမ ထင်နေလေသည်။
ဒေါ်ကြည်ဖြူခင် UKက ပြန်လာပြီး
သူမသမီးလေး အတွက် ဘာလက်ဆောင်မှ
ဝယ်မပေးလာခဲ့ရ။ သမီး ကျောင်းက
ပြန်လာရင် စိတ်ဆိုးမှာစိုးပြီး သွားဝယ်ဖို့
အလုပ် လူက မူးပြီး မေ့လဲသွားခြင်းပေ။
မေ့လဲတာလည်း မပြောနဲ့ လေ သူမ နဲ့ သူမ
ယောင်္ကျား ဟိုမှာ အလုပ်တွေပဲ
ဇွတ်လုပ်နေခဲ့တာလေ။
သမီး အတွက် လက်ဆောင် သွားဝယ်တယ်သာ
သူမ ပြောတာ မေ့တတ်တဲ့ သူမ ဦးနှောက်က
ဖုန်းနဲ့ ပိုက်ဆံအိတ်ကို ကားထဲမှာ
ထားခဲ့တာလေ။ ဒရိုင်ဘာကို ဖုန်းဆက်ပြီး
ကားကိုလည်း သွားယူခိုင်းလိုက်ရသည်။
ဆေးရုံလာဖို့ ပြောထားတဲ့ ယောင်္ကျားကလည်း
အခုထိ မလာသေး။
သူမ စိတ်မရှည်ချင်တော့ပေ။
ကံကောင်းလို့ပေါ့ သမီးဖြူဖြူ နဲ့ တွေ့လို့
သူမ အခုလို ကံကောင်းတာပေ။
နို့မို့ဆို ကံကောင်းမယ်မထင်ပါ။
ဘာပဲပြောပြော လွန်ကြိုးဖြူဖြူ ဆိုသော
သမီးဖြူဖြူ ကို မြင်မြင်ချင်းမှာပဲ
သူမ သမီးတစ်ယောက်လို ချစ်မိသွားသည်။
သမီးဖြူဖြူ နေတဲ့ ဂေဟာလေးကိုတောင်
သူမ မမေးလိုက်ရ။ ထပ်တွေ့ချင်သေးလည်း
လိပ်စာက မသိတော့ခက်သည်။
>>>>>>>>>>>>>>>>>>
" အေမ့.. ...!! "
" ဝုန်း...!! "
" ဟေ့... ကလေးမ မင်း ဘာဖြစ်သွားသေးလဲ..?? "
စက်ဘီးနဲ့ ဖြူဖြူ ပြန်လာရင်း ဟွန်းမတီးဘဲ
ဖြတ်မောင်းလာသော ကားကြောင့် စက်ဘီးက
ပစ်လဲကျသွားသည်။ ဖြူဖြူ လဲကျတာနဲ့
ကားပေါ်က ဆင်းလာသော ဦးလေးကြီး
တစ်ယောက်။ ဥပဓိရုပ်ကတော့ အတော်လေး
ကြည့်လို့ ကောင်းသည်။ ဒါပေမဲ့ သူ့
မျက်ဝန်းတွေက ဖြူဖြူကို မြင်တာနဲ့
လင်းလက်သွားတာကိုတော့ ဖြူဖြူ မကြိုက်။
" နာသွားသေးလား ကလေး....?? "
အပြောနဲ့အတူ ဖြူဖြူ လက်ကို ကိုင်လိုက်တဲ့
ဦးလေးကြီးကြောင့် ဖြူဖြူ ရုန်းလိုက်မိသည်။
" ဖြူဖြူ ဘာမှမဖြစ်ပါဘူး ....အဆင်ပြေပါတယ်
ဦးလေး"
" ဦးကြောင့် ဖြစ်တာပဲ ဦး တာဝန်ယူပေး
ပါ့မယ်.... ဦး နာမည်က ဦးနိုင်စေမာန် ပါ
ကလေးက ဦးကို ဦး သို့မဟုတ် ဦးစေ
လို့ ခေါ်ပေါ့ "
ကလေးနဲ့ ဦးချင်း မိုးမွှန်နေ၍ ဖြူဖြူ ကြောက်
နေမိသည်။ အစောပိုင်းတုန်းက ဖြူဖြူ ကို
ကလေးမဆိုပြီး အခု ဖြူဖြူ မျက်နှာလည်း
မြင်လိုက်ရော ကလေး ဖြစ်သွားခဲ့သည်။
စက်ဘီးကို ဖြူဖြူ ပြန်ထောင်ရင်း ဒီလူကြီး
လက်ကနေ ဘယ်လိုထွက်ရမလဲဆိုတဲ့
အတွေးတွေက စဉ်းစားလို့မရ။
" အာ... ကလေး လက်တွေ နာကုန်လိမ့်မယ်....
စက်ဘီးထောင်ချင်တာများ ဦးကို
မပြောဘူး "
ပြောကာဆိုကာ ဖြူဖြူ ခေါင်းလေးကို ထိဖို့ပြင်လိုက်သော ဦးလေးကြီးကြောင့် နောက်ကို ဖြူဖြူ ဆုပ်ပစ်လိုက်သည်။
" မကြောက်ပါနဲ့ ကလေးရယ်.... ဦးက
ကလေးကို ကိုက်မစားပါဘူး ဦးကို ပြပါအုံး
ကလေး ထိခိုက်သွားသေးလားဆိုတာ ..."
ဖြူဖြူ နား ပို၍ တိုးလာ၍ စက်ဘီးကို
ခပ်တင်းတင်းဆုပ်ပစ်လိုက်သည်။
မျက်နှာကိုလည်း အသားကုန် မာထား
ပစ်လိုက်သည်။ ရိုင်းတယ်ထင်လည်း မတတ်နိုင်ပါ။
" ဖြူဖြူ ဘာမှ မဖြစ်ပါဘူး ဦးနိုင်စေမာန်...
ဖြူဖြူ ကို သွားခွင့်ပြုပါ "
ဖြူဖြူ ပြောရင်း စက်ဘီးကို ဟိုဘက်အမြန်တွန်းသွား
လိုက်သည်။ အဲ့ဒီလူကြီးနဲ့ ခပ်ဝေးဝေး
ရောက်ပြီဆိုကာမှ စက်ဘီးပေါ် တက်ကာ ခြေနင်းကို
အသားကုန် နင်းလိုက်တော့သည်။
ဒါတောင် ဖြူဖြူ ကို ကြည့်နေသော ဦးနိုင်စေမာန်
ရဲ့ အကြည့်တွေက ကျောချမ်းစရာပေ။
နာမည်နဲ့ လိုက်ပါတယ် နိုင်စေမာန် ဆိုသလို
အကြည့်တွေက ကြောက်စရာကောင်းသည်။
ဘာရယ်မဟုတ် ဥပဓိရုပ်လေးက ကြည့်ကောင်း
ရဲ့သားနဲ့ စိတ်ဓာတ်ကတော့ ရွံစရာပေ။
ဒီလူကြီးကို ဖြူဖြူ မြင်တာနဲ့ ကြောက်မိသည်။
တစ်ဖက်က ဦးနိုင်စေမာန်ကလည်း သူ့ကို
ကြောက်ပြီး ထွက်ပြေးသွားသော လွန်ကြိုးဖြူဖြူ
ကို မျက်စိတစ်ဆုံး ငေးကြည့်နေလေသည်။
မိန်းမက ဆေးရုံရောက်နေလို့ဆိုပြီး ဖုန်းဆက်လာလို့
ကားနဲ့ အမြန်ထွက်လာခဲ့ရာကနေ နတ်သမီးလေး
တစ်ပါး နဲ့ တွေ့ဆုံခဲ့ရသည်။
သိပ်ကို လှတဲ့ နတ်သမီးလေးပါ။ တစ်ကိုယ်လုံး
ကလည်း အပြစ်ပြောစရာမရှိ။ တစ်ညလောက်
အိပ်စက်ခွင့်များရရင် သူ့ စိတ်တွေ ရူးသွားမလားပေ။
တဏှာမျက်လုံး၊ တဏှာအတွေးတွေနဲ့
ဦးနိုင်စေမာန် တွေးနေချိန် သူ့ မျက်နှာကြီးက
ကြောက်စရာကောင်းနေခဲ့သည်။ ခက်တာက
သူ အခုတွေးနေတဲ့ မိန်းကလေးက သူ
စွန့်ပစ်ခဲ့တဲ့ သူ့ သမီး ဒွိလိင်လေးဆိုတာ
မသိပေ။ သိရင်ရော ဦးနိုင်စေမာန် ဘာ
ဖြစ်သွားမလဲဆိုတာ ကံတရားသာ သိမည်။
************************
ကျောင်းရောက်ရောက်ချင်း အတန်းထဲ
မဝင်ရသေး ဖြူဖြူ ကို စကားပြောရန်
ဆွဲခေါ်လာတဲ့ ချစ်သည်းမာန် ကြောင့်
ရင်တွေက တလှပ်လှပ်နဲ့ပေ။
" ခေါင်ယံ လက်က နင့်ကြောင့် ဖြစ်တာမလား
လွန်ကြိုးဖြူဖြူ "
မာထန်နေတဲ့ မျက်နှာထားနှင့် မေးလာရင်း
ဖြူဖြူ ကို ကြည့်နေတဲ့ ချစ်သည်းမာန် မျက်ဝန်း
တွေက အထင်သေးခြင်းတွေ အပြည့်။
" ငါ.... ငါကြောင့် မဟုတ်ပါဘူး သူ့ ဟာသူ
ခုံကို လက်သီးနဲ့ ထိုးတာ "
" တောက်စ်....!! "
ဖြူဖြူ လျှောက်လဲချက် ပေးလိုက်ရာ တောက်စ်ခေါက်
လိုက်တဲ့ သူ့ အသံက အတော်ဒေါသထွက်
ကြောင်းကို ပြသနေသည်။
" လျှောက်မပြောနဲ့ လွန်ကြိုးဖြူဖြူ....!!
နင့်ကြောင့် ဖြစ်တယ်ဆိုတာ ငါ သိပြီးပြီ
နင့်က ရုပ်ကလေးနဲ့မှ မလိုက်
အတော်လေးကို မာယာများတာပဲ...
ဒါကြောင့် ဘယ်မိန်းကလေးနဲ့ တွဲတွဲ
ဒေါသမထွက်တဲ့ ငါ့ ခေါင်ယံက နင့်ကြောင့်
ဒေါသတွေ ထွက်နေပါလား.....?? "
ပြောရင်းနဲ့ အနားကို တိုးလာသဖြင့်လွန်ကြိုးဖြူဖြူ
ကြောက်ပြီး နောက်ဆုတ်သွားသည်။
" အ့...အ့.... အ့....!!! "
စီးထားတဲ့ ဒေါက်ဖိနပ်အမြင့်ကို အားမနာ
လွန်ကြိုးဖြူဖြူ ခြေထောက်ဖြူဖြူလေးပေါ်
တက်နင်းလိုက်ရာ ထွက်ပေါ်လာသော
လွန်ကြိုးဖြူဖြူ အသံလေးက အတော်နာကျင်
သွားပုံပေါ်သည်။
" နာ..နာတယ် ချစ်သည်းမာန်.... ငါ နာတယ်
ငါ့ကို လွှတ်ပေး..ပေးပါ ငါ တောင်းပန်ပါတယ်
အ့.... အ့.... အ့... အား.....!!! "
နာတယ်ပြောလေ လွန်ကြိုးဖြူဖြူ မျက်နှာကို
ချစ်သည်းမာန် အရသာခံကာကြည့်ရင်း
သူမ ခြေထောက်ကို ဖယ်မပေးသေးဘဲ
လွန်ကြိုးဖြူဖြူ အပေါ် ပို၍ တက်နင်းထားဆဲပေ။
" နင် scholarship နဲ့ ဒီကို လာတက်တာ
ငါ သိပြီးပြီ လွန်ကြိုးဖြူဖြူ....
နောက်တစ်ခါ ငါ့ ခေါင်ယံကို ထိခိုက်အောင်
လုပ်တာတို့ နင့် မာယာနဲ့ မြှူဆွယ်တာတို့
သိရင် နင့် ခြေထောက်တင်မကဘူး
နင်ရဲ့ scholarship ဆုလေးကိုပါ
ငါ ဖျက်စီးပြမယ်....မယုံရင် စောင်ကြည့်နေလိုက်
ချစ်သည်းမာန် က စကားတစ်ခွန်းကို အပို
မပြောတတ်ဘူး "
ပြောကာဆိုကာ အံကြီးကြိတ်ပြီး လွန်ကြိုးဖြူဖြူ
ခြေထောက်ကို အားထည့်ကာ အသားကုန်
နင်းပစ်သည်။
"အ့... အ့...အ့...အားးးးးးးးး!! "
ဒေါက်ဖိနပ်နဲ့ အားရအောင် တက်နင်းပြီးပြီဆိုမှ
ချစ်သည်းမာန် မဲ့ပြုံးပြုံးကာ နေရာကနေ
ထွက်လာခဲ့သည်။
ကျန်နေခဲ့တဲ့ လွန်ကြိုးဖြူဖြူ မှာ နာကျင်သွား
တဲ့ ခြေထောက်လေးကို ကြည့်လိုက်တော့
သွေးမထွက်ရုံတမယ် ခြေထောက်က ယောင်
ယမ်းနေလေသည်။
ခြေထောက်ဖြူဖြူလေးပေါ်မှာ ယောင်ယမ်းပြီး
နီရဲနေတာကြီးက အတော်လေး ကျဉ်းတန်သည်။
နာကျင်နေပေမဲ့ သူမ မနည်းအားတင်းပြီး
အတန်းထဲကို ဖြေးဖြေးချင်း လျှောက်လာခဲ့သည်။
***********************
" နင့်ဟာက ချော်လဲတာ ဟုတ်လို့လား ဖြူဖြူ. ..??
တစ်ယောက်ယောက် တက်နင်းထားသလို
ကြီးနော် "
ဖြူဖြူ ခြေထောက်က အနာကို ကြည့်ပြီး
ထက်ထက်က ပုလိပ်စစ် စစ်နေသဖြင့်
ဖြူဖြူ မှာ မနည်းလိမ်ညာနေရသည်။
အမှန်အတိုင်းကတော့ ဘယ်သူ့မှ သိလို့မဖြစ်
တော်ကြာ ချစ်သည်းမာန် လုပ်တာလို့ ဖြူဖြူ
ပြောလိုက်ရင် ချစ်သည်းမာန်က
ဖြူဖြူ ကို ရန်လာရှာအုံးမည်။
အဲ့ဒီအခါ ဖြူဖြူ scholarship ဆုလေးက
ပြုတ်သွားမှ ဟုတ်ပေ့ဖြစ်နေမည်။
ဒီလိုတော့ မဖြစ်မခံနိုင်၊ ဒီဒဏ်ရာလောက်က
ဖြူဖြူ အတွက် ပမွှားပါ။ ဖြူဖြူ အတွက်
အရေးကြီးတာဆိုလို့ မာသာ နဲ့ ပန်းမြိုင်ဂေဟာပဲ
ရှိသည်။
" ငါ ထင်တာမှန်တယ်မဟုတ်လား ဖြူဖြူ...
နင့် ခြေထောက်ကို တစ်ယောက်ယောက်က
လုပ်တာမဟုတ်လား....?? "
" ချော်လဲတာပါ ထက်ထက်ရယ်... အဲ့ဒါ
ချော်လဲရင်းနဲ့ ကျောက်ခဲက အပေါ်ကနေ
ပိကျသွားလို့ အခုလို ဖြစ်သွားတာ... "
" ဟုတ်ပါပြီ ချော်လဲတာဆိုလည်း ပြီးတာပါပဲ
တစ်ယောက်ယောက်က နင့်ကို အနိုင်ကျင့်ရင်
ငါ့ကို ရင်ဖွင့်နော်.....ဒီနေ့တော့ ကန်တင်း
မှာ ငါ တစ်ယောက်တည်း သွားစား
ရတော့မယ်.... နင့်က ခြေထောက်နာနေလို့
လိုက်နိုင်မှာ မဟုတ်ဘူး ငါ သွားပြီနော်
ဖြူဖြူ "
" အင်း ဂရုစိုက်သွားနော် ထက်ထက် "
ဖြူဖြူ ကို နှုတ်ဆက်ကာ ထက်ထက်က သွားမှ
လူက ရင်မောတာ သက်သာသွားရသည်။
မဟုတ်ရင် ထက်ထက် ပုလိပ်စစ် စစ်နေတာနဲ့
လူ့က မနေတတ်ဘဲ ဘူးပေါ်သလိုပေါ်သွား
လိမ့်မည်။
ထမင်းစားချိန်ဆိုတော့ အခန်းထဲမှာ ဘယ်သူ့မှ
မရှိ။ တိတ်ဆိတ်ပြီး အေးချမ်းလို့ နေ၏ ။
စာစီစာကုံးအတွက် လွန်ကြိုးဖြူဖြူ
စာလေးလုပ်လိုက် ၊ ထမင်းလေး စားလိုက်နဲ့
အလုပ်တွေ ရှူပ်နေခဲ့သည်။
ဆံထုံးက ထုံးထားတော့ သူမ မျက်နှာလေးက
ပြောင်ရှင်းနေသည်။ ရင်ဖုံး လည်စေ့
အဖြူလေးနဲ့ ပန်းပွင့်လေးတွေ ပါတဲ့
အနက်ခံထဘီလေးကလည်း သူမ ခန္ဓာကိုယ်လေး
ပေါ်မှာ ကပ်ရပ်ချပ်ရပ်နဲ့ လှပနေ၏ ။
ခန္ဓာကိုယ် ကောက်ကြောင်းလှပတဲ့ သူဆိုတော့
ဝတ်ထားတာက ရိုးရိုးလေးဆိုပေမဲ့
သူမနဲ့ လိုက်ဖက်ချက်က ကောင်းကင်ပေါ်က
မိုးကျနတ်သမီးလေး အလားပေ။
လက်ချောင်းသွယ်သွယ်လေးတွေကလည်း
စာရွက်ဖြူလေးပေါ်မှာ လှုပ်ရှားနေသည်။
ထမင်းစားတာ ပြီးသွားပေမဲ့လည်း သူမရဲ့
စာကြည့်မှုကတော့ အခုထိမပြီးသေးပါ။
လိုအပ်တာတွေကို မှတ်လိုက်၊ သင်သမျှ physics
တွက်စာတွေကို စာအုပ်ထဲ ထည့်တွက်လိုက်နဲ့
အလုပ်တွေ ရှူပ်နေလေသည်။
" ဟင်.....မင်း...!!! "
ဖြူဖြူ စာတွေ တွက်နေရင်း စိတ်ထဲတစ်ယောက်
ယောက်က စိုက်ကြည့်သလို ခံစားနေရတာ
ကြောင့် မောကြည့်လိုက်တော့ ဖြူဖြူ
ကို ပြုံးပြီး ကြည့်နေသော ခေါင်ယံမှိုင်း။
သူ့ကို မြင်တာနဲ့ စာအုပ်တွေကို ဖြူဖြူ ကောက်
သိမ်းပြီး ထွက်သွားဖို့ ပြင်လိုက်သည်။
" အ့....!! "
ခြေထောက်က နာနေတာကို လွန်ကြိုးဖြူဖြူ
မေ့ပြီး ဇွတ်ထလိုက်တော့ ညည်းသံလေးက
ထွက်သွားခဲ့သည်။
" ခင်ဗျား ဘာဖြစ်တာလဲ ဒေါ်ဖြူဖြူ....?? "
လွန်ကြိုးဖြူဖြူ ဆီက ညည်းသံကြားတာနဲ့
ပို၍ အနား တိုးလာတဲ့ ခေါင်ယံမှိုင်း ကို
လွန်ကြိုးဖြူဖြူ ခပ်စိမ်းစိမ်းကြည့်ကာ.....
" ဘာမှ မဖြစ်ဘူး မင်း ငါ့ အနားကသာ
ထွက်သွားပေး.... မင်း မသွားရင် ငါ
သွားမယ် "
အပြောနဲ့အတူ လွန်ကြိုးဖြူဖြူ လွယ်အိတ်လေး
ကို ခပ်တင်းတင်းကိုင်ရင်း ခြေထောက်ကို
မနာအောင် ထိန်းရင်း သွားဖို့အပြင်
သူမရှေ့ ပိတ်ရပ်လိုက်သော ခေါင်ယံမှိုင်း
ကြောင့် ရှေ့ဆက်သွားလို့ မရတော့ပါ။
နီရဲပြီး မည်းပုပ်နေတဲ့ လွန်ကြိုးဖြူဖြူ ခြေထောက်ကို
ခေါင်ယံမှိုင်း ကြည့်ရင်း မေးရိုးကြောတွေ
ထောင်တင်းသွားခဲ့၏ ။
" ကျုပ် ပြောနေတာကြားလား ဒေါ်လွန်ကြိုးဖြူဖြူ..!!
ခင်ဗျား ခြေထောက်က ဘာဖြစ်တာလဲလို့..!!
ဒါမှမဟုတ်ဘယ်သူလုပ်တာလဲ.....?? "
" ငါ့ဘာသာ ဘာဖြစ်ဖြစ် မင်းနဲ့ မဆိုင်ဘူး
ငါ့ ကိစ္စတွေ မင်း ဝင်မပါစမ်းနဲ့... အခုချက်ချင်း
ပိတ်ရပ်ထားတာ ဖယ်ပေး ခေါင်ယံမှိုင်း..!! "
" တောက်စ်...!! "
" ဘုန်း....!! "
တောက်စ်တစ်ချက်ရဲ့ နောက်မှာ စာရေးစားပွဲခုံ
လေးက ခေါင်ယံမှိုင်း ၏ ပုတ်ခြင်းခံလိုက်ရပြီး
လွန်ကြိုးဖြူဖြူ ကိုယ်လေးကလည်း မသိမသာ
တုန်သွားခဲ့သည်။ ဒါပေမဲ့ လွန်ကြိုးဖြူဖြူ
မျက်နှာကို မာထားပြီး ခေါင်ယံမှိုင်း ကို
မုန်းတီးစွာနဲ့ စိုက်ကြည့်နေတယ်လေ။
" ခင်ဗျား အကြည့်ကို ပြင်စမ်း ဒေါ်လွန်ကြိုးဖြူဖြူ. ..!!
ကျုပ်ကို အဲ့ဒီအကြည့်နဲ့ မကြည့်နဲ့..!! "
" ခလွမ်း...!! "
စိတ်တိုစွာနဲ့ ဘေးနားက အလှပန်းအိုးကို
ခေါင်ယံမှိုင်း ဆွဲယူကာ ကြမ်းပြင်ပေါ်ကို
ရိုက်ခွဲပစ်လိုက်သည်။ ထိုအခါ ဖန်ကွဲစတွေက
ခေါင်ယံမှိုင်း နဲ့ မနီးမဝေးမှာ ပြန့်ကျဲကုန်၏ ။
" ကျုပ် ပြောနေတာကြားလား ဒေါ်လွန်ကြိုးဖြူဖြူ
ခင်ဗျား အကြည့်ကို ပြင်စမ်းလို့..!! "
တိရိစ္ဆာန်တစ်ကောင်ကို ရွံရှာသလို ဆက်ကြည့်
နေ၍ ခေါင်ယံမှိုင်း ဒေါသတွေက ထိန်းမရတော့ပါ။
White board ကို သွား၍ လက်သီးနဲ့
ထိုးချရာ White board မှာ နှစ်ခြမ်းအက်
သွားခဲ့သည်။
ထိုအခါ လွန်ကြိုးဖြူဖြူ မှာ ကြောက်ပြီးထိုသို့
မကြည့်ရဲတော့ပါ။ ဒါပေမဲ့ သူမ ဒေါသတွေ
တော့ ထွက်နေလေသည်။
" အား...!! "
ဖြူဖြူ သူ့ကို စိတ်တိုပြီး ခြေထောက်ကို
ကြမ်းပြင်ပေါ် ဆောင့်အောင့်လိုက်ရာ နာနေတဲ့
အနာက ပို၍ နာသွားခဲ့သည်။
" လွှတ် ခေါင်ယံမှိုင်း ..!! မင်း ငါ့ကို လွှတ်..!! "
ရုတ်တရက် ဖြူဖြူ အနား ရောက်လာကာ
တစ်ကိုယ်လုံးကို ဆွဲပွေ့လိုက်တော့ လက်တွေက
ချက်ချင်းပုတ်ထုတ်ပစ်လိုက်သည်။
" ငါ ပြောတာကြားလား ခေါင်ယံမှိုင်း. ..??
ငါ့ကို လွှတ်လို့...!! လွှတ်စမ်း..!! "
" တော်လိုက်စမ်း ဒေါ်ဖြူဖြူ. ..!!
ကျုပ် ခင်ဗျားကို တက်xိုးနေတာ
မဟုတ်ဘူး...!! ခင်ဗျား ခြေထောက် နာနေတာ
ဆေးထည့်ပေးဖို့ ခေါ်သွားမလို့...
ကျုပ် စိတ်တိုအောင် မလုပ်စမ်းနဲ့
မဟုတ်ရင် ဒီနေရာမှာတင် ခင်ဗျား နဲ့ ကျုပ်..."
" မင်း......!! "
Part 12 မျှော်....................................
( ခေါင်က possive type ပါ ဒါကြောင့်
ကာရိုက်တာနဲ့ လိုက်အောင် သူ့က ကြမ်းတမ်း
နေမှာ နူးညံ့နေမှာတော့ မဟုတ်ဘူး...
ရိုင်းတဲ့ စကားလုံး သုံးမိတဲ့အတွက် မင်မင့်ကို
နားလည်ပေးကြပါနော် ဒါဒါလေးတွေ
ကိုယ်လည်း ရေးသာရေးရတာ မျက်နှာပူပြီး
ရှက်မိတယ်... ဒါပေမဲ့ ရှက်နေလို့ မရဘူး
မင်းသားရဲ့ possive type ကို ဖော်ပြရမယ်
ခေါင်ယံမှိုင်း က ကိုယ် ရေးသမျှ မင်းသားတွေထဲက
ဘယ်သူနဲ့မှ မတူတဲ့ ဇာတ်ကောင်ပါ...
ခေါင်ယံမှိုင်း ဇာတ်ကောင်က possive type
မဖြစ်ခဲ့ရင် မင်မင် ရေးတာက ညံ့လို့ ပါ
ဒါနဲ့ ခေါင်ကြီးကို ကြောက်လည်းကြောက်
ချစ်လည်းချစ် နေပြီ မင်မင့်က...ဒါဒါလေးတွေတော့
မသိ 😁😁😍😍)
ချစ်တယ်နော်မင်မင်ရဲ့ ဒါဒါလေးတွေ.......😍😍😘😘
ဒီအပိုင်းလေးနဲ့ ပတ်သက်ပြီး ဒါဒါလေးတွေရဲ့ မန့်ကို
မင်မင်လေယူရာယိမ်း စောင့်မျှော်လျက်.. ......😍😍😘😘
#လေယူရာယိမ်း