နှစ်မြွှာအချစ် (Twins' Love)...
By XiaoHongBao
100K 5.3K 312
Uni ..... Pdf file or other ways of making files များဘယ်fileမဆို လုပ်ပြီးဖြန့်ချီခွင့်မပြုပါဘူးနော်။ This is... More
Intro
Story 1
Story 2
Story 3
Story 4
Story 5
Story 6
Story 7
Story 8
Story 10
Story 11
Story 12
Story 13
Story 14
Story 15
Story 16
Story 17
Story 18
Story 19
Story 20
Story 21
Story 22
Story 23
Story 24
Story 25
Story 26
Story 27
Story 28
Story 29
Story 30
Story 31
Story 32
Story 33
Story 34
Story 35
Story 36
Story 37 (The End)
Cover🍇🍇🍇
Extra 1
Extra 2
Extra 3
Extra 4
Extra 5
Extra 6
Extra 7
Extra 8
Extra 9
Extra 10 (Final)
Hello Again!!!!
Story 9
2.1K 135 9
By XiaoHongBao
Unicode
................
လရိပ်ချို ကို စိတ်မချတာကြောင့် မင်းစစ်တစ်ယောက် ဆေးရုံမှာရက်အနည်းငယ်အထိ နေစေခဲ့သည်။ ဒါကိုလရိပ်ချိုက ပြန်မယ်ပဲလုပ်နေတာကြောင့် မနည်းဆွဲထားရသည်။ လရိပ်ချိုကို သက်တောင့်သက်သာဖြစ်စေရန် VIP အခန်းသို့လည်းရွေ့ကာ နေစေသည်။
လရိပ်က ဟိုတယ်တမျှကောင်းလွန်းလှတဲ့ ဆေးရုံခန်းကြောင့် မင်းစစ်အား အားနာနေပုံရသည်။ မင်းစစ်အနေဖြင့် ထိုသို့ကုန်ကျသော အရာတွေက မည်မျှမမှုပေ။ သူ့တွင်အပေါဆုံးကငွေပဲမဟုတ်လား။
(ကိုယ့်ကိုလည်းလာပေးပါလား... အိုင်နိမန်းနီးလေ...)
လရိပ်ချို ဆေးရုံတက်နေသည်ဟု သတင်းကြားကြားချင်း လင်းလက်မောင်ကလည်း အပြေးလာခဲ့သည်။ ထိုချိန် ဆေးရုံခန်းထဲတွင် မင်းစစ်အားတွေ့သည်နှင့် ရန်ထောင်တော့သည်။ သူမေးတုန်းကကျ လျစ်လျူရှုရကောင်းလားဟုပင်။
မင်းစစ် ရဲ့စေ့စပ်ပွဲကိုလည်း ဖြတ်ခဲ့ပီးအပြင် လရိပ်ချိုရဲ့အကြောင်းကိုလည်း အနည်းငယ်ပြောပြခဲ့သည်။ အဘွားကတော့ မင်းစစ်ရဲ့ အိုမီဂါကိစ္စသိပီးနောက် သွေးတွေပင်ဆောင့်တက်သွားသေးသည်။
သူမမြေးကိုလည်း ဆူလိုက်တာမပြောနဲ့။ ချက်ချင်းမရှာပဲ ပြစ်ထားရကောင်းလားဟုပင်။ ခုတော့ မြစ်လေးပါရလာတော့မည်ဆိုတဲ့ သတင်းကြားပီး အပျော်လွန်နေလေသည်။ ဦးမာန်ထည်ဝါလည်း သူ့သားပြောပုံက နောက်နေပုံလည်းမပေါ်သည်မို့ လက်မခံချင်ပဲလက်ခံလိုက်ရသည်။
ဦးလင်းရောင်တို့ဘက်ကို အားနာနာနဲ့ပဲ စေ့စပ်ပွဲဆက်မလုပ်ဖြစ်တော့ကြောင်းနဲ့ စီးပွားရေးပိုင်းကိုတော့ လိုအပ်တဲ့ထောက်ပံ့မှုတွေတော့ ဆက်လက်ပေးသွားမည်ဖြစ်ကြောင်းပါ တစ်ခါတည်းပြောလိုက်ရသည်။ ဦးလင်းရောင်နဲ့ လရောင်ချိုကတော့ မစားရတဲ့အမဲ သဲနဲ့ပတ်သလိုပင် မကျေမနပ်ဖြစ်ကာ စွေ့စွေ့ခုန်နေတော့သည်။
သို့သော် အထောက်အပံ့မျက်နှာဖြင့် မကျေနပ်သော်လည်း ခေတ္တမျှနှုတ်ဆိတ်နေလိုက်ရသည်။ လရောင်ချိုကလည်း သူချစ်တဲ့အယ်လ်ဖာကြီးက သူ့ကိုပြန်မကြိုက်တာကြောင့် သူလက်စားချေဖို့တေးထားလိုက်သည်။ ပီးတော့ မင်းစစ်ရဲ့ အိုမီဂါက မည်သူလည်းဆိုတာကိုစုံစမ်းကြည့်တော့ သူ့တို့စွန့်ပြစ်ထားတဲ့ လရောင်ရဲ့ အမြွှာအစ်ကိုဖြစ်သူ ညဥ့်လရိပ်ချိုဆိုတာ သိလိုက်ရတော့ ပို၍ပင်ဒေါသထွက်ခဲ့ရသည်။
ထို့အတူ ဦးလင်းရောင်လည်း မထင်မှတ်ထားတဲ့အပြင် အသုံးမကျတဲ့အိုမီဂါကို ရွေးခြယ်သွားတဲ့ မင်းစစ်ကြောင့် ပိုလို့ပင်အံ့သြရင်းအံ့သြနေရသည်။
''တောက်...ဘာလို့အဲ့ပိုင်းလုံးကောင် ဖြစ်နေရတာလဲ။ ဖိုးဖိုး သားမကျေနပ်ဘူး။ ကျွန်တော် ကိုစစ် ကိုသဘောကျတာသိလို့ တမင်လုပ်တာနေမှာ...  အီးဟီး.. ကျွန်တော် မကျေနပ်ဘူး။ ကျွန်တော့်အတွက် နေရာကိုပြန်ယူပေးပါ....အင့်...ဟင့်''
ဒေါသထွက်တာကော ဝမ်းနည်းမှုတွေပါပေါင်းပီး လရောင်ချို အဖိုးဖြစ်သူကို အပူကပ်တော့သည်။
''မြေးလေးရယ်...မပူပါနဲ့ အဖိုးသူ့ကို မြေးလေးအတွက် လက်စားချေပေးပါ့မယ်''
''အင့်... ဟင့်... .ဟုတ်... သေချာပေါက်လုပ်ပေးပါ။ ကိုစစ်....ကိုစစ်က ကျွန်တော့်အပိုင်ပဲ ဖြစ်ရမှာ''
'' သေချာပေါက်ပဲပေါ့... အဲ့နေရာက မြေးနဲ့ပဲထိုက်တန်တာ''
''အဟင့်... ''
ဦးလင်းရောင်လည်း သူချစ်ရတဲ့ မြေးလေးအဖြစ်ကိုကြည့်ရင်း စိတ်မကောင်းခြင်းနဲ့အတူ လရိပ်ချိုကိုလည်း ညီဖြစ်သူနေရာကိုလုယူခြင်းနဲ့ ပတ်သတ်ပီး ကောင်းကောင်းအပြစ်ပေးရန် စဥ်းစားနေတော့သည်။
ဦးလင်းရောင်က မြေးနှစ်ယောက်ရှိသော်လည်း အကြီးဖြစ်သူ လရိပ်ချိုကို လုံးဝမချစ်ပေ။ ဘာကြောင့်လဲဆိုတဲ့ အကြောင်းပြချက်တော့မရှိ။ သို့သော် မဖြစ်မနေ အကြောင်းပြချက် ပေးရမယ်ဆိုရင်လည်း လရိပ်ချိုက အငယ်ဖြစ်သူလရောင်ချိုထက် ပိုပျော့ညံ့ပြီး အသုံးမကျသည်ကြောင့်ဟုသာ ပြောနိုင်မည်။
လရောင်ချိုက လူမှုပေါင်းသင်းဆက်ဆံရေး ပြောစရာမရှိတဲ့အပြင် ချောမောလှပသူတစ်ဦးဖြစ်သည်။ လရိပ်ချိုကတော့ ထိုသို့မဟုတ်။ ပေါင်းသင်းဆက်ဆံရေးညံ့တဲ့အပြင် အမြဲအနိုင်ကျင့်ခံရတဲ့ပုံစံမို့ ပို၍ပင်စိတ်ပျက်မိသည်။
ထို့ကြောင့် ဦးလင်းရောင်က လရိပ်ချိုထက် လရောင်ချိုကိုသာ ပိုပီးမျက်နှာသာပေးမိသည်။ လရောင်ချိုက သူအလိုလိုက်ထား၍ တစ်ခါတရံဆိုးတတ်သော်လည်း ဦးလင်းရောင်အနေနဲ့ ခွင့်လွှတ်ပေးနိုင်တဲ့ အတိုင်းအတာရှိနေ​သေးသည်မို့ သူ့အလိုကျနေစေခဲ့သည်။
လရိပ်ချိုကတော့ အလိုလိုက်မခံရသော်လည်း အဖိုးဖြစ်သူနဲ့လည်း ဖက်လဲတကင်းမနေသည့်အပြင် အိမ်ခန်းထဲမှာပဲ အမြဲကုတ်ကုတ်လေးသာနေတတ်သည်။ သူထိုသို့သော အကျင့်တွေကိုမကြိုက်လို့ ပြုပြင်ပေးခဲ့သော်လည်း အရာမဝင်ခဲ့ပေ။
ဒါ့ကြောင့် အပြင်မှာသပ်သပ်ခွဲနေခဲ့ရင် ပိုများကြံ့ခိုင်လာမလားဟူသော အကြံဖြင့် အမွေအနည်းငယ်ခွဲပေးကာ မောင်းထုတ်လိုက်သော်လည်း မထူးခြားလာ။ ထို့ကြောင့်ဦးလင်းရောင်လည်း လရိပ်ချိုအားလျစ်လျူရှုထားလိုက်ပီးနေခဲ့သည်။
သို့သော် ရှစ်နှစ်အကြာမှ လရိပ်ချိုကပြန်ပေါ်လာပီး သူ့ညီဖြစ်သူ စေ့စပ်မည့်သူကိုလည်း ဖြတ်ယူခဲ့သည့်အပြင် ထိုသူရဲ့ကိုယ်ဝန်ပါလွယ်ထားခဲ့သည်တဲ့လေ။ သွေးသားရင်းဖြစ်တဲ့ ညီဖြစ်သူချစ်နှစ်သက်သူကိုတောင်အားမနာ ထိုသို့ပြုလုပ်ခဲ့တာကြောင့် ဦးလင်းရောင်အနေဖြင့် လရိပ်ချိုကို မည်သို့သော အကြောင်းပြချက်နှင့်မျှခွင့်မလွှတ်ပေးနိုင်တော့ချေ။
ဒါတွေက သူတို့မြေးအဖိုးက လရိပ်ချိုကို အိမ်ပေါ်မှနှင်ချခဲ့၍ တမင်လက်စားချေတာလည်းဖြစ်နိုင်သည်မလား။ သူ့မြေးလို့ထုတ်ပြောရမည်ကိုပင် ရှက်လွန်းလို့ ယုတ်ညံ့တဲ့စိတ်ဓာတ်ရှိသည်ဟု မှတ်ယူထားလိုက်ကာ လရိပ်ချိုကိုပိုလို့ပင် မုန်းတီးသွားခဲ့သည်။
🍇🍇🍇🍇🍇🍇🍇🍇🍇🍇🍇
ယနေ့ လရိပ်ချို ဆေးရုံဆင်းမည့်နေ့ပင်။ လင်းလက်မောင်က အချိန်ပိုင်းအလုပ်ကို အချိန်ရွေ့ထားကာ သူ့အားကူညီသိမ်းဆည်းပေးနေလေသည်။
''ညဥ့်ရိပ် ဘာကျန်သေးလဲ''
''ဟင့်အင်း...''
''ဒါဆိုသွားကြရအောင်''
''အလင်း.. ဟိုလေ..ဆေးရုံစရိတ်ကကော''
''အော်... အဲ့ဟာလား... ဟိုဘဲပေးလိုက်ပီ''
''ဟမ်... အားနာစရာကြီး။ ငါစုထားတာနည်းနည်းရှိတယ်။ ပြန်ပေးလိုက်ပါလား''
''ဟ.. ဒီလိုအခန်းကြီးကို သူ့ဘာသာသူငှားထားတာလေ.. ဘာလို့ပြန်ပေးရမှာလဲ။ ငါတော့မပေးနိုင်ပါဘူး။ ''
''ဒါပေမဲ့...''
''ဘာမှမကြောက်နဲ့ ငါရှိတယ်..လာ''
''အင်း...''
သူတို့ဆေးရုံအရှေ့အရောက် အနက်ရောင်ကားတစ်စီးက သူတို့ရှေ့လာရပ်လေသည်။ ထို့နောက် ကားထဲ၌ လူတစ်ယောက်ထွက်လာကာ လင်းလက်ဆီက အဝတ်ထုတ်ကိုအပြေးလေး ဆွဲယူလေသည်။
''အစ်ကိုလေး... ကျွန်တော်နည်းနည်းနောက်ကျသွားတယ်.. ပေးပေးအထုတ်... ကားပေါ်တက်ပါ''
''ဗျာ''
လရိပ်ချို ကြောင်နေတုန်း လင်းလက်က သူ့လက်ကိုဆွဲကာ ကားပေါ်တက်လာလိုက်သည်။
''အ..အလင်း.. ဘာလို့သူများကားပေါ်တက်လာရတာလဲ''
''မသိဘူးလေ... သူကလိုက်​ပို့ပေးမယ်ဆိုလို့လေ... ကားခသက်သာတာပေါ့''
''အာ...ဟုတ်ဘူးလေ.. သူ့ပုံစံကြီးကကြောက်စရာကြီး လူဆိုးဆို ဘယ်လိုလုပ်မှာလဲ''
ဗလတောင့်တောင့် အကောင်ကြီးကြီးနဲ့ထိုလူကိုကြည့်ကာ လရိပ်ချိုက တိုးတိုးနဲ့ လင်းလက်နားနားကပ်ပြောလေသည်။လင်းလက်ကတော့ ဒါမင်းလင်ရဲ့ကားလို့သာ ပြောလိုက်ချင်သည်အထိ ပါးစပ်ကိုယားနေရောပဲ။ သို့သော် ဘာမှမပြောပဲ ခပ်တိုးတိုးသာရယ်လိုက်တော့သည်။
''ဘာမှမတွေးနဲ့တော့ ငါတစ်ယောက်လုံးရှိတယ်။ မင်းခဏလောက်အိပ်ချင်အိပ်လိုက်လေ။ ငါရောက်ရင်နှိုးလိုက်မယ်။ ''
''အော်...အင်း.. ''
လရိပ်ချို လင်းလက်ပုခုံးပေါ် မှီလိုက်ကာ ​မှေးခနဲအိပ်ပျော်သွားတော့သည်။
ကားလေးသည် လူချမ်းသာရပ်ကွက်တစ်နေရာတွင် ရပ်သွားကာ နန်းတော်တမျှကျယ်ဝန်းလှတဲ့ ခြံကြီးတစ်ခုထဲသို့ ဝင်သွားလေသည်။ လင်းလက်ကတော့ မင်းစစ်ရဲ့ကြွယ်ဝမှုကိုကြည့်ပီး ခေါင်းငြိမ့်နေလေသည်။ ဒီလောက်ဆို သူ့သူငယ်ချင်းလေး ကောင်းစားတော့မှာဆိုတော့ သူစိတ်ချထားလို့ရပီမလား။
ဒီရက်ပိုင်းသူစစ်ဆေးကြည့်မိသလောက် မင်းစစ်က လရိပ်ချိုကိုလည်း ဂရုစိုက်ပေးတတ်သည်။ လရိပ်ချိုကသာ မင်းစစ်ကိုကြောက်တာမို့ အမြဲရှောင်နေလေသည်။ မင်းစစ်ကလည်း စပျစ်သီးလေးဆိုတာကို ပါးစပ်ကမချ။ ကြားထဲကသူကပဲ နှစ်ယောက်ကြားစကားပြန်လိုလို ဘာလိုလိုဖြစ်ရသေး။
ကားလေးက ခြံလေးထဲ၌ရပ်သွားတော့ အလုပ်သမားတွေက တံခါးလာဖွင့်ပေးလေသည်။ လင်းလက်ချက်ချင်းမဆင်းသေးပဲ လရိပ်ချိုကိုနှိုးရသေးသည်။
''ညဥ့်ရိပ်.... ရောက်ပီ။ အိမ်ရောက်ပီလို့''
''အမ်... အိမ်ရောက်ပီလား''
''အင်း....ရောက်ပီ.. ဆင်းတော့''
လရိပ်ချို မပွင့်သေးတဲ့ မျက်လုံးလေးကို ပွတ်ကာ ကားပေါ်မှဆင်းလာလေသည်။ အပြင်ရောက်တော့ မမြင်ဖူးတဲ့ ပတ်ဝန်းကျင်ကြောင့် မျက်လုံးပြူးသွားရသည်။
''အလင်း..ဘယ်ရောက်နေတာလဲ''
'' စပျစ်သီးလေး...''
မင်းစစ်ရဲ့ခေါ်သံကြောင့် လရိပ်အနည်းငယ်တုန်သွားရသည်။ သူမော့ကြည့်လိုက်တော့ မင်းစစ်ကလေလိုအလျင်ဖြင့် လရိပ်ချိုအနားသို့ပြေးလာကာ ဆွဲဖက်တော့သည်။
''အင့်....''
'' ကိုယ်စောင့်နေတာ... စပျစ်သီးလေးအတွက် အခန်းပြင်ပေးနေလို့ ကိုယ်လာမကြိုလိုက်တာ။ လာအထဲသွားရအောင်... ကိုယ်တွဲပေးမယ်''
လရိပ် လင်းလက်ကိုတစ်လှည့် မင်းစစ်ကိုတစ်လှည့်ကြည့်ပီး မျက်လုံးလေး ကလယ်ကလယ်ဖြစ်နေသည်။ သူ့အားဖက်တွယ်ထားတဲ့  မင်းစစ်လက်ထဲကနေ အတင်းရုန်းလိုက်ကာ လင်းလက်အနောက်သို့ဝင်ပုန်းလိုက်သည်။
မင်းစစ်အနေဖြင့် အောင့်သက်သက်ခံစားလိုက်ရပေမဲ့ သူပြုံးပဲပြုံးပြလိုက်သည်။ သူ့ရဲ့ စပျစ်သီးလေးက သူ့ကိုခုထိကြောက်နေတုန်းပင်။ အင်း... ဒါကလည်း သူ့အပြစ်တွေပင် Rut ကာလမို့ သူ့ပုံစံက အသိစိတ်လွှတ်တဲ့ သားရဲပုံစံပေါက်ခဲ့သည်မို့ စပျစ်သီးလေးကြောက်တာ မဆန်းပေ။ နောက်မှထိုကြောက်စိတ်ကို ဖြည်းဖြည်းချင်းပြန်ကျင့်ယူလို့ရသည်မို့ သူအနည်းငယ်တော့ စိတ်အေးရသည်။
ဒါကြောင့်ပဲ သူနဲ့အနီးနားမှာအတူနေနိုင်ရန် စီစဥ်ခဲ့ခြင်းမဟုတ်လား။ လင်းလက်ကလည်းသဘောတူခဲ့သည်မို့ သူသေချာပြင်ဆင်ခဲ့ခြင်းပင်။
''အလင်း ပြန်ရအောင်.. ငါဒီမှာမနေချင်ဘူး''
''ဘာလို့လဲ''
''မသိဘူး...ငါအိမ်ပဲပြန်ချင်တယ်''
''စပျစ်သီးလေး... ဘာလို့ပြန်မှာလဲ။ ဒါမင်းလေးရဲ့အိမ်ပဲလေ''
'' ဟင့်အင်း... ကျွန်တော့်အိမ် မဟုတ်ဘူး''
''ဒါပေမဲ့...''
''ကိုစစ်သွေး... ကျွန်တော်တို့ကို ခဏလောက်အချိန်ပေးပါလား။ သူနဲ့နှစ်ယောက်တည်းစကားပြောချင်လို့''
လင်းလက်ကတောင်းဆိုလာသည်မို့ မင်းစစ်ခေါင်းငြိမ့်လိုက်ကာ အိမ်ထဲသို့ပြန်ဝင်သွားသည်။ သို့သော် အထဲဝင်သယောင်နဲ့ စပျစ်သီးလေးရဲ့ အရိပ်အခြေအနေကို အကွယ်တစ်နေရာကနေ ခိုးကြည့်နေမိသည်။
'' ညဥ့်ရိပ်... ဘာဖြစ်လို့လဲ... ဒီအိမ်ကကောင်းပါတယ်။ ဒီမှာဆိုရင်လေ.. ကလေးလေးအတွက်လည်း စိတ်ချရမယ်။ မင်းစားချင်တာတွေလည်း သူတို့တွေချက်ကျွေးလိမ့်မယ်။ ဘာအလုပ်မှလည်းလုပ်စရာမလိုတော့ဘူး အေးဆေးနေယုံပဲလေ။ ''
''ဒါပေမဲ့ငါ့အိမ်ပဲပြန်ချင်တာကို''
''ညဥ့်ရိပ်...ဟိုဘက်အိမ်မှာဆိုရင် ငါအလုပ်သွားရင် မင်းကိုစောင့်ရှောက်မဲ့လူမရှိဘူးလေ။ ပီးတော့ရပ်ကွက်ကလည်း သိတဲ့အတိုင်းပဲ သိပ်မသန့်ဘူး။ ဒီမှာဆိုကွာ အလုပ်သမားတွေလည်းအများကြီး..... မင်းအတွက်လည်းအဖော်ရတယ်။ ပီးတော့ ဟိုဘဲကလည်း မင်းကိုဂရုစိုက်မှာပါ။ ငါပြောတာနားလည်လား... မင်းမနေချင်တောင်ကွာ ဗိုက်ထဲက ကလေးလေးအတွက်စဥ်းစားပေးလေနော်။
ကလေးရဲ့အဖေကလည်း ဒီမှာရှိနေတာကို။ ပီးတော့ မွေးလာရင်လည်း မင်းကသူ့အဖေနဲ့ ခွဲစေချင်လို့လား။
မင်းတစ်ယောက်တည်းပြုစုခဲ့ရင်တောင် ကလေးကြီးလာရင်သူ့အဖေကိုမေးမှာပဲလေ... အဲ့ချိန်မင်းဘယ်လိုပြန်ဖြေမလဲ စဥ်းစားကြည့်''
''ဒါပေမဲ့ ငါသူ့ကိုကြောက်တယ်။ ပီးတော့သူက လရောင်နဲ့စေ့စပ်ထားတာလေ။ ငါက ငါ့ညီရဲ့လူကို လုယူသလိုဖြစ်နေမှာပေါ့။ ငါအဲ့လိုတော့မလုပ်ချင်ဘူး''
''အာ.. စေ့စပ်တာပဲ လက်ထပ်တာမှမဟုတ်တာ ညဥ့်ရိပ်ရယ်။ ပီးတော့ငါကြားတာက အဲ့ဘဲကြီးသူ့စေ့စပ်ပွဲဖျက်လိုက်တယ်ဆိုပဲ။ စေ့စပ်ပွဲကလည်းကွာ သူ့မိဘတွေအတင်းအကျပ်စီစဥ်တာတဲ့။ သူ့သဘောဆန္ဒမပါပါဘူးကွာ။''
''ဟုတ်လို့လား''
''ဟုတ်တယ်.. မယုံရင်သူ့ကို ကိုယ်တိုင်မေးကြည့်လေ''
''ဘာပဲဖြစ်ဖြစ် ငါ့ကြောင့်ဖြစ်တာလေ။ ငါ့လိပ်ပြာငါမလုံဘူး... ငါလရောင်ကိုရင်မဆိုင်ရဲဘူး။ သူ့ကိုကောပဲ''
''စပျစ်သီးလေး အဲ့ကိစ္စကိုခေါင်းထဲမထည့်ထားပါနဲ့။ လင်းလက်ပြောသလိုပဲ ကိုယ့်ရဲ့စေ့စပ်ပွဲက ကိုယ့်သဘောဆန္ဒတကယ်မပါပါဘူး။ အကုန်လုံးက ကိုယ့်ဒယ်ဒီပဲစီစဥ်ခဲ့တာ။ ပီးတော့ ဒယ်ဒီကလည်း လရောင်ချိုကို စပျစ်သီးလေးနဲ့ မှားပီးစီစဥ်ခဲ့တာပါ။ သူက လရောင်ကို ကိုယ်နဲ့အတူနေခဲ့တဲ့ အိုမီဂါလို့ထင်သွားလို့ပါ။
တကယ်က အဲ့နေရာက ပ်ိုင်ရှင်အစစ်က စပျစ်သီးလေးပဲကို။ အဲ့ဒါကြောင့် လိပ်ပြာမလုံတာတွေ မဖြစ်ပါနဲ့။''
မင်းစစ်မနေနိုင်တော့လို့ အကွယ်ကနေထွက်လာကာ ဆိုသည်။ လရိပ်ချိုကတော့ မင်းစစ်အသံကြားတာနဲ့ အော်တို လင်းလက်နောက်ဝင်ပုန်းတော့သည်။
''ကိုယ်နဲ့ပဲအတူနေပေးပါနော်။ ကိုယ်လေ က်ိုယ့်ရဲ့စပျစ်သီးလေးကို ရှာနေတာကြာပါပီ။ ဘယ်လိုရှာရှာမတွေ့ခဲ့ဘူး။ အမှန်ပြောရရင် ကိုယ်နဲ့ဒယ်ဒီနဲ့ အလောင်းအစားတောင်လုပ်မိလိုက်သေးတယ်။ အကယ်၍ ကိုယ့်စပျစ်သီးလေးကို ရှာမတွေ့ဘူးဆိုရင် ကိုယ်လရောင်ချိုနဲ့ တကယ်လက်ထပ်ယူရတော့မှာ။
ဒါပေမဲ့ ကံကြမ္မာက ကိုယ့်ဘက်ပါတယ်နဲ့တူတယ်။ စပျစ်သီးလေးကိုပြန်တွေ့ခဲ့တယ်။ ဒါ့ကြောင့်မို့ ကိုယ်မင်းလေးကို လက်မလွတ်တော့ဘူးလို့ဆုံးဖြတ်လိုက်တာ။ ကိုယ့်စပျစ်သီးလေးက လူကောင်းဖြစ်စေ လူဆိုးဖြစ်စေ ချောသည်ဖြစ်စေ ရုပ်ဆိုးသည်ဖြစ်စေ ကိုယ်လက်ခံလိုက်တော့မယ်လို့ ဆုံးဖြတ်လိုက်တာ။ ဒါကြောင့်ကိုယ့်ကိုအခွင့်အရေးလေး တစ်ခါလောက်တော့ပေးပါ။ ကိုယ်မင်းကို စိတ်ချမ်းသာအောင်ထားပါ့မယ်''
''.........''
''ကဲ...ညဥ့်ရိပ်.. မင်းဘယ်လိုလုပ်မှာလဲ သူနဲ့ပဲနေမလား။ မင်းသေချာစဥ်းစားနော်''
''........''
လရိပ်ချို အတန်ကြာစဥ်းစားပီးနောက် သဘောတူလိုက်တော့သည်။ မင်းစစ်က သူ့ပုံစံကို လက်ခံပေးမည်ဟု ပြောလိုက်သည်မလား။ သူဒီအယ်လ်ဖာကို တစ်ကြိမ်လောက်တော့ ယုံပေးသင့်တယ်ထင်သည်။ လရိပ်ချို သဘောတူလိုက်သည်ကို အပျော်ဆုံးလူသား ဖြစ်နေသည်ကတော့ မင်းစစ်ပင်။
ထို့နောက် လရိပ်ချိုလက်ကိုဆွဲကာ အိမ်ထဲသို့ပျော်ပျော်ကြီးဝင်သွားတော့သည်။ လင်းလက်ကတော့ သူတို့နှစ်ယောက်ကိုကြည့်ကာ ထပ်တူပျော်ပေးလေသည်။
''စပျစ်သီးလေး... ကိုယ်အိမ်ကလူတွေနဲ့ မိတ်ဆက်ပေးမယ်နော်''
''ဟုတ်''
''အားလုံး ခဏလာကြပါဦး''
လူတွေအကုန်စုစည်းလာတော့မှ မင်းစစ်စတင်မိတ်ဆက်ပေးတော့သည်။
''ဒီဘက်က ဦးဘခိုင် ခြံစောင့်။ သူ့ဘေးကဦးဘခိုင်ရဲ့ဇနီး ဒေါ်တုတ်ကြီး သူမက ဒီအိမ်ထိန်း။ ဒီဘက်က မိကြူ၊ မိသိန်း၊ မောင်ကောင်း။ အကုန်လုံး ဒီအိမ်ကအလုပ်သမားတွေပဲ။စပျစ်သီးလေးလိုတာ အကုန်ခိုင်းလို့ရတယ်သိလား။
ဒီဘက်က ညဥ့်လရိပ်ချိုတဲ့ မင်းတို့သခင်လေးဖြစ်လာမဲ့သူ။ သူ့စကားက ငါ့စကားပဲဆိုတာ မြဲမြဲမှတ်ထားကြနော်။ သူဖြစ်ချင်တာ လိုအပ်တာတွေအကုန်ဝင်လုပ်ပေးကြ။''
''ဟုတ်ကဲ့ သခင်လေး''
''အော်...ပီးတော့ အပြင်မှာလည်း ဘော်ဒီဂတ်တွေရှိသေးတယ်။ သူတို့ကတော့ နောက်မှဖြည်းဖြည်းချင်း မိတ်ဆက်ပေးမယ်။ ကိုယ့်မှာ PA တစ်ယောက်ရှိသေးတယ်။ ဟိုတစ်ခါဆေးရုံမှုတုန်းက လိုက်လာသေးတယ်လေ မှတ်မိလား''
''ဟုတ်''
''သူ့နာမည်က ပိုင်စေမင်းတဲ့ ဘီတာပဲ။ ဒီအိမ်ကအလုပ်သမားတွေကလည်း အကုန်လုံးဘီတာတွေပဲ။ မိကြူတစ်ယောက်ပဲ အိုမီဂါ။ အယ်လ်ဖာတွေကတော့ မင်းလေးအနေရကျပ်မှာဆိုးလို့ ဒယ်ဒီ့အိမ်ကိုပြန်ပို့လိုက်ပီ။''
''ဟုတ်ကဲ့... ကျွန်တော်မှတ်ထားလိုက်ပါ့မယ်''
စစ်သွေးပြုံးလိုက်ပီး အလုပ်သမားတွေဘက်လှည့်ကာ...
''ကဲဘာမေးချင်တာရှိသေးလဲ''
''ဟို... ကျွန်မတစ်ခုလောက်မေးချင်လို့ အစ်ကိုလေးကလေ သခင်လေးစေ့စပ်မဲ့သူနဲ့ ဘာတော်လဲဟင်။ ဟို..ဟိုနာမည်လေးက ခပ်ဆင်ဆင်မို့လို့''
လရိပ်ချို အဖြေရကျပ်သွားသည်။ ​ဒီလူတွေ သူ့ကိုတစ်မျိုးမြင်သွားရင် ဘယ်လိုလုပ်မလဲဟု တွေးပူသွားသည်။ သို့သော် သူလည်းဖုံးကွယ်မထားချင်တာနဲ့ပဲ အမှန်အတိုင်းပြောလိုက်တော့သည်။
''ကျွန်တော်နဲ့သူက အမြွှာတွေပါ''
''ဟေ... ''
''အိုး..''
ဆိုကာ တစ်ယောက်တစ်ပေါက်နဲ့ အသံပြုလာကြသည်။ မင်းစစ်လည်း စုံစမ်းမိသလောက်တစ်ခုခုပတ်သတ်မယ်ထင်ထားသော်လည်း အမြွှာမှန်းတော့မသိတာအမှန်ပင်။ အမြွှာပြောရအောင်လည်း ရုပ်ချင်းကသိပ်မဆင်ချင်။ ဆင်တဲ့နေရာဆိုလို့ မျက်ဝန်းလေးတစ်စုံနဲ့ စပျစ်သီးရနံ့လေးသာခပ်ဆင်ဆင်ရှိသည်။
သို့ပေမဲ့ အများအမြင်မှာ လရောင်ချိုက နတ်သမီးလောက်လှပရင် မင်းစစ်မျက်လုံးထဲမှာတော့ လရိပ်ချိုရဲ့မျက်ဝန်းလေးတွေကမှ နတ်ဘုရားအဆင့်လောက်လှပသည်ပင်။ ထို့အတူ စပျစ်သီးရနံ့ခပ်သင်းသင်းလေးကလည်း သူ့အတွက် နံ့သာသဖွယ်မွှေ့ပျံ့လွန်းလေသည်။
🍇🍇🍇🍇🍇🍇🍇🍇🍇🍇🍇
TBC.....
4.3.2023
🍇🍇🍇🍇🍇🍇🍇🍇🍇🍇🍇
Zawgyi
................
''အဟင့်... ''
🍇🍇🍇🍇🍇🍇🍇🍇🍇🍇🍇
''ညဥ့်ရိပ် ဘာကျန်သေးလဲ''
''ဟင့်အင်း...''
''ဒါဆိုသွားကြရအောင်''
''ဒါပေမဲ့...''
''အင်း...''
''ဗျာ''
''အော်...အင်း.. ''
''ညဥ့်ရိပ်.... ရောက်ပီ။ အိမ်ရောက်ပီလို့''
''အမ်... အိမ်ရောက်ပီလား''
''အင်း....ရောက်ပီ.. ဆင်းတော့''
''အလင်း..ဘယ်ရောက်နေတာလဲ''
'' စပျစ်သီးလေး...''
''အင့်....''
''ဘာလို့လဲ''
''ဒါပေမဲ့...''
''ဟုတ်လို့လား''
''.........''
''........''
''ဟုတ်''
''အားလုံး ခဏလာကြပါဦး''
''ဟုတ်ကဲ့ သခင်လေး''
''ဟုတ်''
''ဟေ... ''
''အိုး..''
🍇🍇🍇🍇🍇🍇🍇🍇🍇🍇🍇
TBC.....
4.3.2023
🍇🍇🍇🍇🍇🍇🍇🍇🍇🍇🍇
Continue Reading
You'll Also Like
228K 37.3K 99
I am the father of villain Author Lin Ang Si ရဲ့ novel လေးပါ ???? All credit to Original author and E-Translators .
1.1M 58.9K 48
184K 9.6K 42
Unicode မဖြစ်နိုင်တဲ့အရာတစ်ခုက ကျွန်တော့်ဆီမှာလာဖြစ်နေတယ် ကျွန်တော်ကယောကျ်ားလေးတစ်ယောက် ဒါပေမယ့် မထင်မှတ်ပဲ စာအုပ်ထဲကအဓိကဇာတ်ဆောင်ရဲ့ခန်ဓာကိုယ်ထဲရောက...
300K 7.4K 76
တောင်ပေါ်သားနဲ့ မြေပြန့်သူ ဇာတ်လမ်းလေးပါရှင့်