အချစ်တွေအမုန်းတွေရဲ့ အလွန်...

By KaterinaKaterina248

671K 18K 4.7K

ညဘက်မှာပဲ ထွက်တဲ့ကြယ်လေးတွေက နေ့ခင်းဘက်မှာထွန်းလင်းတဲ့နေမင်းကြီးကို သတိရနေတတ်သလိုမျိုး ဘယ်သောအခါမှမဆုံနိုင်ပေ... More

Disclaimer....
အခန်း (၁)
အခန်း (၂)
အခန်း (၃)
အခန်း (၁) Zawgyi
အခန်း (၂) Zawgyi
အခန်း (၃) Zawgyi
အခန်း (၄)
အခန်း (၄) Zawgyi
အခန်း (၅)
အခန်း (၅) Zawgyi
အခန်း (၆)
အခန်း (၆) Zawgyi
အခန်း (၇)
အခန်း (၇) Zawgyi
အခန်း (၈)
အခန်း (၈) Zawgyi
အခန်း (၉)
အခန်း (၉) Zawgyi
အခန်း (၁၀)
အခန်း (၁၀) Zawgyi
အခန်း (၁၁)
အခန်း (၁၁) Zawgyi
အခန်း (၁၂)
အခန်း (၁၂) Zawgyi
Interlude
အခန်း (၁၃)
အခန်း (၁၃) Zawgyi
အခန်း (၁၄)
အခန်း (၁၄) Zawgyi
အခန်း (၁၅)
အခန်း (၁၅) Zawgyi
အပိုင်း (၁၆)
အခန်း (၁၆) Zawgyi
အခန်း (၁၇)
အခန်း (၁၇) Zawgyi
အခန်း (၁၈)
အခန်း (၁၈) Zawgyi
အခန်း (၁၉)
အခန်း (၁၉) Zawgyi
အခန်း (၂၀)
အခန်း (၂၀) Zawgyi
အခန်း (၂၁)
အခန်း (၂၁) Zawgyi
Breakout Room
အခန်း (၂၂)
အခန်း (၂၂) Zawgyi
အခန်း (၂၃)
အခန်း (၂၃) Zawgyi
အခန်း (၂၄)
အခန်း (၂၄) Zawgyi
အခန်း (၂၅)
အခန်း (၂၅) Zawgyi
အခန်း (၂၆)
အခန်း (၂၆) Zawgyi
အခန်း (၂၇)
အခန်း (၂၇) Zawgyi
အခန်း (၂၈) Zawgyi
အခန်း (၂၉)
အခန်း (၂၉) Zawgyi
အခန်း (၃၀)
အခန်း (၃၀) Zawgyi
အခန်း (၃၁)
အခန်း (၃၁) Zawgyi
အခန်း (၃၂)
အခန်း (၃၂) Zawgyi
အခန်း (၃၃)
အခန်း (၃၃) Zawgyi
အခန်း (၃၄)
အခန်း (၃၄) Zawgyi
အခန်း (၃၅)
အခန်း (၃၅) Zawgyi
အခန်း (၃၆)
အခန်း (၃၆) Zawgyi
အခန်း (၃၇) the END
အခန်း (၃၇) the END Zawgyi
Final Review

အခန်း (၂၈)

11.1K 535 169
By KaterinaKaterina248

ဒေါက်....ဒေါက်

ဒီအချိန်ကြီးဘယ်သူများပါလိမ့် အကုန်လုံးအလုပ်သွားနေကြမယ့်အချိန်ဆိုတော့ ဘယ်သူများလာတာလဲဆိုပီး တာရာ လွှဲလက်စ အဝတ်ပုခတ်လေးကို အသာထိန်းပီး တံခါးသွားဖွင့်ကြည့်လိုက်​တော့.......

ဟင်.....ဒါ ဒါ ဟိုလူ့အမေ....တခါပဲမြင်ဖူးပေမယ့် သူမကို သေချာစွာမှတ်မိသည်။ မမြင်တာ နှစ်ချီပီးကြာပေမယ့် လှပမှု ကျက်သရေရှိမှုကတော့ အရင်တိုင်းပင်။ တာရာ ကြောင်အမ်းကာ ရပ်နေတုံး နှစ်လိုဖွယ်အပြုံးကိုပြုံးကာ သူမကို စတင်နှုတ်ဆက်လေတော့

"ဘာကိစ္စရှိလို့လဲမသိဘူးရှင့်....."

"အန်တီအထဲအရင်ဝင်လို့ရမလားသမီး"

"အော် ဟုတ်...."

ခါတိုင်းဆို ဒေါ်နန်းဒေဝီတယောက် နောက်လိုက်ဝန်ထမ်းတွေနဲ့သာ အပြင်ထွက်ပေမယ့် ဒီတခါတော့ အကုန်လုံးကို အောက်ကပဲစောင့်နေဖို့မှာပီး လက်ထဲက အထုတ်များမနိုင်မနင်းဆွဲကာ အပေါ်ဆုံးထပ်အထိသူမဘာသာပဲတက်ခဲ့သည်။
မြေးလေးဆိုသော ကလေးလေးကို တွေ့ချင်စိတ်ကပဲဆောင်သလားမသိ တက်လေ့တက်ထမရှိတဲ့ ၆ လွှာထိရောက်တာကိုပင် မောရကောင်းမှန်းမသိခဲ့။ တံခါးလာဖွင့်တဲ့ မိန်းကလေးကိုမြင်မှ ခုနက မမောတဲ့စိတ်တွေစတင်မောလာတော့သည်။ ပြောရင် ရင်မောသည်ပေါ့။ ကလေးသေးသေးလေးနှင့် အလုပ်ကလဲ ကောင်းကောင်းမရှိတဲ့ဘဝမှာ ဘယ်လိုတွေတောင် ရုန်းကန်နေလဲ စဥ်းစားလို့ပင်မတတ်။ အထဲရောက်တော့ မိန်းမတို့ထုံးစံအတိုင်း သိသိသာသာကြီးမဟုတ်တောင် မျက်စိတဆုံးတော့ ဝေ့ဝဲစပ်စုကြည့်မိသေးသည်။ အင်း....အခန်းကတော့ သေးသေးကျဥ်းကျဥ်းလေးဆိုပေမယ့် ကလေးမက နေတတ်ပုံရတယ် ရှင်းလင်း သန့်ရှင်းနေသည်။ ကလေးငယ်တဖက်ထဲနှင့်မလို့ ကိုယ့်အိမ်မှာနေတာပဲဆိုပီးလဲ ဖြစ်သလိုမနေ....စပို့ရှပ်လေးနဲ့ တဘီဟောင်းလေးတထည်ကိုသပ်သပ်ရပ်ရပ်ဝတ်ကာ ခါးနားထိလုမတတ်ရှည်နေပီဖြစ်တဲ့ ဆံပင်ရှည်တွေကို ကျစ်ဆံမီးကျစ်ကာ သပ်သပ်ရပ်ရပ်လုပ်ထားသည်။ မျက်နှာပြောင်နဲ့မဟုတ်ဘဲ သနပ်ခါးရေကျဲလေးနှင့် ပါးကွပ်ပါးပါးကွက်ထားပုံက နေတာထိုင်တာ အဆင့်တခုရှိသည်ဟုပြောရမည်။

"ထိုင်စရာကတော့ ဒီဖျာပေါ်က အခင်းပဲရှိလို့ အန်တီ အားနာပါတယ်"

"ရပါတယ်ကွယ် ကိစ္စမရှိပါဘူး"

"ဒါလေးတွေက ဘာမှမဟုတ်ပေမယ့် ကလေးမွေးထားတဲ့ အမျိုးသမီးဆီ သူ့မိတ်ဆွေက လာကြည့်ရင်း ယူလာပေးတဲ့ လက်ဆောင်လေးတွေအားဖြည့်စာလေးတွေလို့သဘောထားပီးလက်ခံပေးပါ"

"မလိုပါဘူး အန်တီရယ် ဒုက္ခရှာ အလေးခံလို့"

မထိုင်ခင် သူမဆီကို လက်ထဲက ယူလာတဲ့ပစ္စည်းမနဲမနောတွေ ထိုးပေးနေတော့ သူမပြောတာလဲ ကြည့်ဦး ကလေးမွေးတဲ့အသိဆီယူလာပေးတဲ့သဘောဆိုတော့ လက်မခံပြန်ရင်လဲမကောင်း....သူ့ခင်မျာ အပေါ်ထိ ဘယ်သူမှမပါဘဲ အလေးခံသယ်လာရတာမလား

" ကျေးဇူးပါအန်တီ ထိုင်ပါဦး"

လက်ချုပ်လိုက်လက်စအကျီအပုံလိုက်ဘေးကနေရာလွတ်လေးမှာကျုံ့ကျုံ့လေးဝင်ထိုင်ချလိုက်တဲ့ ဒေါ်နန်းဒေဝီ.....ခမ်းနားတဲ့နေရာမှာ ထိုင်နေတာမဟုတ်သော်ငြားလဲ သူ့ပုံစံသူ့အနေအထားနဲ့တော့ တကယ့်ကို အဆင့်တန်းမြင့်မားမှန်းတန်းသိသာစေသည်။ တာရာ မီးတွင်းထွက်ပီး ၄၅ ရက်ထဲက အရင်စက်ချုပ်ဆိုင်က အထည်လေးတွေပြန်ယူပီး လက်ချုပ်လိုက်တဲ့အလုပ်ကိုဆက်လုပ်နေခဲ့သည်။ store ဆိုင်ကိုတော့ ကလေး ၃ လပြည့်မှသာ ပြန်လုပ်ရင်လုပ်မည်လို့ပြောထားပေမယ့် စိတ်ပူတတ်တဲ့မမချမ်းကတော့ ကလေး ၆ လလောက်မှသာပြန်လာစေချင်သည်။ အဲ့တော့ နားနေတဲ့ကာလအတွင်းအပိုဝင်ငွေလေးလဲရလိုရငြား လက်ချုပ်လိုက်တဲ့အလုပ်လေးကို ပြန်လုပ်နေခဲ့သည်။ အရင်က store ဆိုင်အလုပ်တဖက်နဲ့မလို့ ညပိုင်းပဲလုပ်နိုင်ခဲ့တာတောင် တရက်ကို ၅ထောင်လောက်ရသည်။ ခုတော့ တနေကုန် ကလေးကိစ္စကလွဲရင် ဘာမှထွေထွေထူးထူးအလုပ်မရှိတာကြောင့် ၁၅၀၀၀ လောက်ထိရသည်။ မဆိုးဘူးဟုပြောရမည်။ သို့သော် မမချမ်းပြောထားသလို ငွေကိုပဲလောဘတကြီးရှာလို့မရ.....ကိုယ်က ကလေးမွေးထားကာစဆိုတော့ အညောင်းမိတာတွေဘာတွေဖြစ်နိုင်သည်မလို့ အဝတ်လေးချုပ်ရင်း ခနထကာ အိမ်သန့်ရှင်းရေးလေးလုပ် အညောင်းပြေရင် ပြန်ချုပ်.... ကလေးနဲ့ဆော့...ပြန်ချုပ် ထမင်းဟင်းချက်နှင်...ကျန်းမာရေးကိုမထိခိုက်အောင်တော့ သတိထားဆင်ခြင်ရသေးသည်။ တခုခုဆို ကိုယ့်မှာ ဒီကလေးရှိသေးသည်မလား။

"အန်တီ ဘာကိစ္စရှိလို့ ဒီအထိရောက်လာခဲ့လဲမသိဘူး"

"အင်း.....မပြောခင် အန်တီ့ကို ကလေးလေး ပေးချီလို့ရမလား"

"ဟင်...."

"အန်တီတကယ်ချီချင်လို့ပါ ဒါပေမယ့် သမီးက မိခင်မလို့ သမီးဆီက ခွင့်ပြုချက်ရမှပါ ရမလားသမီး"

ဘယ့်နှယ့် ဘာကိစ္စသူမသားကို ပေးချီရမှာလဲ။ ဒါပေမယ့်လဲ တစိမ်းတွေဖြစ်တဲ့ ဒေါ်တင်မမတို့ မမချမ်းတို့တောင် ချီနေကြတော့ ဒါလဲတွေးကြည့်ရင် တစိမ်းပဲမလား။ ခုဟာကလဲ ကိုယ့်ကိုလေးလေးစားစားခွင့်တောင်းနေတော့ မပေးဘူး မချီရဘူးပြောလျှင်လဲ သူမ ရိုင်းရာကျနေမည်မလို့

"ဟုတ်....ရ..ရ ပါတယ်"

သူမချက်ချင်းပဲထပီး အဝတ်ပုခတ်ထဲအိပ်နေတဲ့ သားလေးကို အသာအယာပွေ့ထုတ်ကာ ရှေ့က ဒေါ်နန်းဒေဝီလက်ထဲကို အသာအယာလွှဲပြောင်းပေးလိုက်သည်။

"အန်တီ လက်ဆေးလာခဲ့တယ် ခုထပ်ပြန်ဆေးပေးရဦးမလား သမီး "

"ရပါတယ် အန်တီ ချီ ပါ"

ကလေးကို တန်းမယူပဲ လက်ပြန်ဆေးပေးရမလား မေးနေတဲ့အထိ သူမကို လေးစားစွာခွင့်တောင်းနေတဲ့သူကိုလဲ တာရာ မရိုင်းချင်တော့။ သူမကြည့်ရတာလဲ ကလေးချီပီး ထပြေးမယ့်ပုံတော့မပေါ်။ မပေါ်ဆို သူမနောက်က တပည့်တွေပင်ခေါ်လာပုံမရ။

"အိုကွယ်.....တထေရာထဲပါ"

"ရှင်....ဘယ်သူနဲ့လဲ"

ကလေးအနှီးထုတ်ကိုအသာဖြကြည့်ကာ ဆိုလိုက်တဲ့စကားကြောင့် တာရာ အလန့်တကြားစကားဆိုမိသည်။ သူမကတော့ တာရာ့ကို ဘာမှပြန်မဖြေဘဲ အိပ်နေတဲ့ တာရာ့သားကလေး ပါးကို သူမလက်ချောင်းဖြူဖြူသွယ်သွယ်လေးများနှင့် အသာအယာတို့ကာ ပြုံးကြည့်နေတော့သည်။

"နာမည်က ဘယ်လိုပေးထားလဲ သမီး"

"ကောင်းကင်ပါ"

"ကောင်းကင်တဲ့လား.....ကောင်းလိုက်တဲ့နာမည်လေး သမီးကိုယ်တိုင်ရွေးထားတာလား"

"ဟုတ် သမီးက တာရာဆိုတော့ သားလေးနဲ့ အမြဲတမ်းအနီးဆုံးမှာ ရှိချင်လို့ပါ"

"ကောင်းလိုက်တဲ့ အဓိပ္ပါယ်ပဲသမီး တော်လိုက်တာ ဒါမဲ့....."

"ဒါမဲ့ ဘာဖြစ်လို့လဲ အန်တီ....အဲ့နာမည်က မကောင်းတဲ့အဓိပ္ပါယ်ရှိသေးလို့လားဟင်"

တာရာ ဘယ်သူနဲ့မှမတိုင်ပင်ပဲ ပေးထားတာမလို့ ဒေါ်နန်းဒေဝီပြောလိုက်တဲ့ ဒါမဲ့ဆိုတဲ့စကားကြောင့် နဲနဲတော့ပြာသွားသည်။ သူမက သူတို့လောက် ဗဟုသုတမကြွယ်တာမလို့ သူမပေးချင်တိုင်းပေးထားတဲ့နာမည်ကြောင့် သူမသားလေးအတွက်ထိခိုက်မှာစိုးမိသည်။ နာမည်တွေဘာတွေခိုက်တတ်တယ်ဆိုတာလောက်တော့ သိထားတာကိုး။

"မကောင်းတဲ့အဓိပ္ပါယ်တော့ မဟုတ်ပါဘူး"

သူမရဲ့ထိတ်ထိတ်ပြာပြာပုံစံကိုကြည့်ကာ ဒေါ်နန်းဒေဝီ ခေါင်းကိုဖြေးညှင်းစွာ ယမ်းရင်း ပြုံးကာပြောလိုက်သည်။

"တော်ပါသေးတယ် အန်တီရယ် စိတ်ပူသွားတာပဲ"

"သမီးက သမီးသားလေးကို တော်တော်ချစ်တာပဲ"

"ချစ်တာပေါ့ အန်တီရယ် လောကကြီးမှာပြေးကြည့်စရာ သွေးသားအရင်းဆိုလို့ သမီးမှာ ဒီကလေးလေးပဲရှိတာ"

"အဟင်းးးး ဟုတ်ပါရဲ့....သိပ်ချစ်မှာပေါ့"

"ဒါနဲ့ အန်တီလာရင်း ကိစ္စက....."

"အော် အန်တီလဲ သမီးနဲ့ ကြားထဲတခါမှမတွေ့ခဲ့ဘူးလေ....အရင်တခါတွေ့တော့လဲ အဆင်မပြေခဲ့ဘူးပဲဆိုရမှာပေါ့"

ဟုတ်ပ ပထမဆုံးတခါတွေ့တုံးက သူမကို လျော်ကြေးပေးကွာပစ်ဖို့ပြောခဲ့သူမလား

"အဲ့တာ ခု သမီးကလေးမွေးတယ်ကြားတော့ အန်တီလာကြည့်ချင်ရုံပါ တခြားဘာရယ်မဟုတ်ပါဘူး"

"အော် ဟုတ်အန်တီ "

ဒေါ်နန်းဒေဝီ့စကားကြောင့် တာရာ ရင်ထဲက အလုံးတော့ ကျသွားရတာအမှန်။ တော်ကြာ သူ့သားကလေးပါဆိုပီး ဇွတ်လာဆွဲခေါ်နေရင် သူတို့က လူအင်အားတောင့်သူတွေမလို့ သူမလဲ ပြန်မဆွဲနိုင်တာကြောင့်တွေးပူနေတာ တော်ပါသေးရဲ့။

"အန်တီအရင်က သားဇောနဲ့ သမီးပေါ် မကောင်းခဲ့တာ အန်တီ့ကိုနားလည်ပေးနော်"

သူမကိုယ်တိုင်လဲ ခုချိန်မှာ သားတစ်ယောက်မွေးထားတဲ့ မိခင်တစ်ဦးဖြစ်နေပီလေ... ဘယ်မိခင်မဆို သူတို့သားအပေါ်ထားတဲ့ မေတ္တာတွေ သူတို့သားကို ကာကွယ်ပေးချင်စိတ်တွေရှိကြမှန်း သေချာနားလည်နေပီမလို့ ဒေါ်နန်းဒေဝီကိုလဲ အပြစ်မမြင်မိတော့....မှားခဲ့စေဦးတော့ သူလဲသားဇောနဲ့ပေကိုး ဟုသာတွေးမိတော့သည်။ ပီးတော့လဲ ဒါက အတိတ်က ကိစ္စတွေမလား ပီးတာတွေက ပီးခဲ့လေပီ ပြန်လဲမတွေးချင်သလို အဲ့ကိစ္စတွေနဲ့ပတ်သတ်ပီးလဲ အကုန်ပြည်ဖုံးကားချခဲ့ပီမလို့

"ရပါတယ် အန်တီ ပီးတာတွေကပီးပါပီ ခုအဲ့ကိစ္စတွေနဲ့ပတ်သတ်ပီး သမီးရင်ထဲ ဘာမှမရှိတော့ပါဘူး"

ဆိုလိုချင်တာ သူတို့တွေနဲ့ပတ်သတ်ပီး ချစ်ခြင်း မုန်းခြင်း မကျေနပ်ခြင်း အညှိုး အာဃာတတွေ မရှိလောက်အောင်ကို ရင်ထဲက ထုတ်ပစ်ခဲ့တာကိုသိစေချင်သည်။

"အင်းပါ ကျေးဇူးပါ.....အန်တီ ပြန်လိုက်ဦးမယ်လေ....သမီးက ကလေးနဲ့ အလုပ်တဖက်နဲ့ဆိုတော့ လိုက်မပို့နဲ့တော့ နားတော့"

သူမ လက်ချုပ်လိုက်လက်စအဝတ်တွေကိုတချက်ကြည့်ရင်း သူမလက်ထဲ ကလေးပြန်ထည့်ပေးကာ ဘေးချထားတဲ့ ပိုက်ဆံအိတ်ကောက်ကာထွက်သွားတော့သည်။

တာရာ အမှန်တကယ် ဝန်ခံရလျှင် သားလေး ကိုယ့်လက်ထဲပြန်မရောက်မချင်း ရတက်မအေးခဲ့.....ထမပြေးနိုင်ဟု ထင်ထားသော်လည်း ဘာနေနေ ပူရသေးသည်။ ကိုယ့်သားလေးကိုယ့်လက်ထဲပြန်ရောက်ခါမှ အမှန်တကယ် စိတ်ဒုန်းဒုန်းချနိုင်ပေတော့သည်။ တာရာ သားလေးကို ပုခတ်ထပြန်ထည့်သိပ်ပီး ပြတင်းပေါက်လိုက်ကာလေး အသာဖယ်ကာ အောက်ကိုကြည့်မိတော့ မကြာပါဘူး သူမတို့တိုက်ထဲက ထွက်လာတဲ့ ဒေါ်နန်းဒေဝီ တံခါးအသင့်ဖွင့်ထားတဲ့ ကားပေါ်ကို တန်းတက်သွားတော့သည်။ နောက်က ဝန်ထမ်းတွေပါလာပါလျက်နဲ့ ဒီပေါ်ကိုသူ့ဘာသာသူတက်လာတာ ဘာလို့လဲ။

ဒေါ်နန်းဒေဝီ ကားပေါ်ရောက်ရောက်ချင်း ဘေးက သူ့ PA ကောင်မလေးကို တစုံတခုလှမ်းပေးလိုက်သည်။

"တပတ်အတွင်း DNA result လိုချင်တယ် ဖြစ်နိုင်ရင် အဲ့ထက်မြန်မြန်လိုချင်တယ်"

"ဟုတ် သခင်မကြီး"

"နေဦး....တနေရာထဲမစစ်နဲ့ ၃ နေရာခွဲစစ် ပိုသေချာအောင်"

"ဟုတ်ကဲ့ပါ သခင်မကြီး စိတ်ချပါ ၃ နေရာပို့ပီး သေချာစစ်ခိုင်းပေးပါ့မယ်"

ဒေါ်နန်းဒေဝီကျေနပ်သွားဟန်နဲ့ ခုနက သူကလေးလေးကိုချီလာခဲ့တဲ့ လက်ကလေးတွေကို ပြန်ပွတ်ကာ ကလေးလေးကို မျက်စိထဲပြန်ပုံဖော်နေမိတော့သည်။ တကယ်ကို သားနဲ့ တပုံစံထဲပါကွယ်....သားကိုမွေးတုံးက ၂၄ နာရီနီးပါး သားမျက်နှာပဲ ကြည့်နေခဲ့တဲ့သူမလို့ ခု ဒီကလေးလေးကိုတွေ့တော့ တန်းပီး သားငယ်ငယ်ကပုံရိပ်က ပေါ်လာသည်။

မောင်စိုးကနဆင့်လွန်ခဲ့တဲ့ ၁လ ကျော်လောက်ကပြောတော့ ကိုယ့်မှာမယုံနိုင်ပေမယ့် စိတ်ထဲက ဘာရယ်ကြောင့်မှန်းမသိ ဒီကလေးကို လက်ခံချင်မိနေခဲ့သည်။ သို့သော် သူမတပည့်တွေကို သွားရှာခိုင်းစဥ်က ဆေးရုံဆင်းသွားပီဆိုသောကြောင့်လမ်းစပျောက်ခဲ့သည်။ စားလဲ ဒီစိတ် သွားလဲဒီစိတ်နှင့်ဖြစ်နေတဲ့သူမကို သူမအမျိုးသားက မရရအောင် ကလေးမလိပ်စာစုံစမ်းပေးခဲ့သည်။ လိပ်စာရရချင်းပဲ သူမလိုက်လာခဲ့တော့ စိတ်ထဲက ထင်သည့်အတိုင်းပဲ ကလေးက သူမသားငယ်ငယ်က ရုပ်နဲ့တပုံစံထဲ.....သွေးက စကားပြောသည်ဟုပဲဆိုရမလား မြင်မြင်ချင်းကို ချစ်ခင်မြတ်နိုးစိတ်တွေတဖွားဖွားပေါ်လာခဲ့သည်။ သို့သော် သူမအမျိုးသားကော သားဖြစ်သူကောက ပါးစပ်အပြောနဲ့တင်လက်ခံမည့်သူတွေမဟုတ်တာမလို့ သူမကိုယ်တိုင်လာကြည့်ရင်း....အခွင့်ရေးရတုံး ကလေးဆံပင်တချို့ ယူလာခဲ့သည်။ DNA result ရမှ ဆက်စကားပြောကြတာပေါ့..... သူမအတွက်ကတော့ ရင်ထဲက ခံစားချက်နဲ့တင် ဘာစစ်ဆေးမှုမှမလို သူမမြေးဦးစစ်စစ်ဆိုတာ လက်ခံပီးသားဖြစ်သည်။

........

မဟာ ဒီတခါတော့ ဝေယံ့ဆီက ဖုန်းရရချင်းပဲ ရှိသမျှအလုပ်တွေ မီတင်တွေ ဖျက်ကာ ဆေးရုံကိုကိုယ်တိုင် အမြန်ဆုံးရောက်အောင်လာခဲ့သည်။ ဝေယံတဖွဖွပြောနေတာမလို့ ပန်းချီမွေးမှာ နောက်နှစ်လလောက်မှဆိုတာ သူတင်မဟုတ် တလောကလုံးနီးပါးသိပီးသား....ခုတော့ အရေးပေါ်ဆေးရုံတင်ကာ ခွဲခန်းဝင်လိုက်ရသည်ဟူသော ဖုန်းထဲက ဝေယံ့အသံကြီးက ငိုသံပါကြီးနဲ့မလို့ သူအမြန်ဆုံးဝေယံ့ဆီလာခဲ့တာ....ဟိုကျတော့ ခွဲစိတ်ခန်းရှေ့မှာ မှိုင်တိုင်တိုင်နဲ့ တယောက်ထဲထိုင်နေတဲ့ဝေယံ့ကိုမြင်တော့ အပြေးတပိုင်းလာနေခဲ့တဲ့ သူ့ခြေလှမ်းတွေ တုံ့သွားသည်။

သူ့မြင်မြင်ချင်းပဲ သူငယ်ချင်းဆိုတဲ့ ငိုသံပါကြီးနဲ့ ထကာ သူ့ပုခုံးလာဖတ်တဲ့ကောင် ဘယ်လောက်တောင် စိုးရိမ်ကြောက်ရွံနေခဲ့လဲမသိ.....

"စိတ်လျှော့ ဝေယံ....ပန်းချီ့အခြေက ဘာတဲ့လဲ"

"မသိဘူး.....ခုထိလဲ ဘယ်သူမှထွက်မလာကြသေးဘူးကွာ"

"မင်းတို့မိဘတွေရော အကြောင်းကြားပီးပီလား"

"ငါလဲ ဖြစ်ဖြစ်ချင်းပြာတောက်ပီး မင်းဆီပဲဆက်ခဲ့တာ ခုနကမှ ငါ့ PA ကနေတဆင့် အကုန်လုံးဆီအကြောင်းကြားခိုင်းထားတယ်.....ပန်းချီ ဘာမှမဖြစ်လောက်ပါဘူးနော်"

သူ့ကို အားကိုးတကြီးကြည့်ကာ အမေးရယ်မမြည်တဲ့စကားဆိုလာတော့

"မဖြစ်ပါဘူးကွာ မင်းတို့ဒီလောက်ဂရုစိုက်ပေးခဲ့တာပဲ ကလေးကော ပန်းချီကော အဆင်ပြေပြေပြန်ထွက်လာမှာပါ မပူပါနဲ့"

"ငါ ဒါမျိုးတေ ကြောက်လို့ အရိပ်တကြည့်ကြည့်နဲ့ ဂရုစိုက်ခဲ့ရတာကွာ ကလေးရော.... ကလေးရောအဆင်ပြေပါ့မလားမသိဘူး"

"ပြေမှာပါကွာ မင်းငါ့ကိုမယုံဘူးလား"

မဟာလဲ ဘယ်လိုပြောရမှန်း ဖြေသိမ့်ရမှန်းမသိဖြစ်နေလို့ ပါးစပ်ထဲရှိရာ စကားပြောလိုက်တာ ဟိုက သူ့ကို ဘယ်လိုထင်သွားလဲမသိ....သူ့ကိုစေ့စေ့ကြည့်ကာ အားတက်တဲ့မျက်နှာနဲ့

" ယုံတယ်ကွာ.."

"အေး လာ ထိုင်ဦး ဒီမှာ"

မဟာ မိုးတိုးမတ်တပ်နဲ့ဖြစ်နေတဲ့ ကိုယ်ရောသူရောကို ထိုင်စေပီးမှ အာရုံတခြားရောက်နေစေဖို့ ဟိုအကြောင်းပြော ဒီအကြောင်းပြောနဲ့ လေပေါပေးရပြန်သည်။ ခနအကြာမှာတော့ နာစ့်လေးတယောက် ကလေးသေးသေးလေးထည့်ထားတဲ့ တွန်းလို့ရတဲ့ပုခတ်လေးကို ခွဲခန်းထဲကနေထုတ်လာသည်။

"ကိုဝေယံခန့်ညား.....ရှိလား"

ထိုင်နေတာက မဟာအပါအဝင်နဲ့မှ ၂ ယောက်ထဲမလို့ တွန်းလှည်းထွက်လာထဲက ဟိုကောင် လည်လိမ်မတတ်လိုက်ကြည့်နေတာ သူ့နာမည်လဲ ကြားရော အူယားဖားယားထပြေးပီး

"ကျတော် ဝေယံခန့်ညားပါ.....ကျတော်ပါ"

"အော် ဟုတ်.....ယောက်ျားလေးမွေးပါတယ်ရှင် ၈ ပေါင်နဲ့ ၅ အောင်စပါ ကျန်းမာပီး ကိုယ်လက်အင်္ဂါစုံလင်ပါတယ်ရှင် ဂုဏ်ယူပါတယ်"

"ဟင်....ဟင်.....ဒါကျတော့်ကလေးလား"

"မင့်ကလေးပါဆို ပြောနေတာကို"

မျက်ကလဲဆံပြာနဲ့ ကလေးကို လက်ညှိုးထိုးပီး အထစ်ထစ်အငေါ့ငေါ့မေးနေတဲ့ ဝေယံ့ကို မဟာ နဲနဲလေး ငေါက်လိုက်ရသေးသည်။ သူအံ့သြတာအကြောင်းမဟုတ် သူများက ကြာရင်တမျိုးထင်တော့မှာ

"မဟုတ်ပါဘူး ငါဝမ်းသာလွန်းလို့ပါ.....ငါ့သားလေးတဲ့ ဟိဟိ....ကိုင်လို့ရပီလား"

"အေယ် ခနနေမှ အခန်းထဲလာပို့ပေးပါမယ် ခုက အရင်မြင်ရအောင်လာပြပေးတာပါ ခနနေ အကိုတို့ လက်တွေဘာတွေဆေးပီးရ်င ချီရင်ချီလို့ရပါပီ"

"ဟုတ် ဟုတ်..... ဆရာမ ဒါနဲ့ ကျတော့အမျိုးသမီးရော"

"ကလေးအမေက ခွဲခန်းထဲမှာပဲရှိပါသေးတယ်"

"စိုးရိမ်ရလားဟင်"

ခွဲခန်းထဲမှာဆိုတဲ့အသံကြောင့် ဝေယံခုနက ကလေးကိုမြင်ရလို့ပျော်နေတဲ့မျက်နှာချက်ချင်းပျောက်ပီး စိုးရိမ်နေတဲ့ရုပ်အတိုင်းသားပေါ်လာတော့သည်။

"မစိုးရိမ်ရတော့ပါဘူး ခုက လုပ်စရာရှိတာလေးတွေ ဆရာဝန်မကြီးတွေက လုပ်ပေးနေလို့ ခနနေရင် ထွက်လာမှာပါ"

မစိုးရိမ်ရဘူးဆိုတဲ့အသံကြားမှ ဝေယံ့မျက်နှာ အတင်းပြန်ဝင်းပလာတော့သည်။

" ကျေးဇူးပါ ဆရာမ"

နာစ့်လေးက အထဲကို ကလေးပါပြန်ဆွဲသွင်းသွားပီးမှ ဝေယံ ခုနကနှင့် မတူတော့ဘဲ တက်တက်ကြွကြွဖြစ်လာတော့သည်။

"ဟဲ ဟဲ ငါ ကလေးအဖေဖြစ်ပီကွ.....သားတဲ့ကွာ....ဘယ်လောက်မိုက်လဲ"

"ခု မှ သိတာလား ငါက မင်းတို့ ကြိုသိထားတယ်ထင်နေတာ"

"ငါကော ပန်းချီကော ရင်ခုန်ချင်လို့ တမင် မပြောခိုင်းတာ ဆရာဝန်မကြီးကတော့ သိရင်သိမှာ တောက်လျှောက် အင်္ဂါစုံလား ဘာလား ultrasound တွေဘာတွေရိုက်နေတာပဲကို သိမှာပေါ့"

"အော် ဒါနဲ့ congratulations ကွာ.....ငါတို့ထဲ ပထမဆုံး ကလေးအဖေဖြစ်သွားပီပဲ"

"ဟဲ ဟဲ"

နဂိုကတောင် အမြဲ သွား ၃၂ ချောင်းလုံးပေါ်အောင် ဖြီးနေတတ်တဲ့သူပါဆို ခုတော့ ကလေးအဖေဖြစ်ပီဆိုသောကြောင့် ဂုဏ်ကပိုဆာတော့မည်။

...........

မကြာပါဘူး ပန်းချီလဲ ခွဲခန်းထဲကထွက်လာ သူတို့နှစ်ဖက်မိဘတွေလဲ ရောက်လာကြတာနဲ့ မဟာ အလိုက်တသိပဲ အခန်းအပြင်ခနရှောင်ပေးလိုက်တော့ နောက်ကဝေယံ ကော်ဖီတခွက်ကိုင်ကာ လိုက်လာသည်။

"မင်းကွာ....ကလေးနဲ့ မိန်းမနား ကပ်နေစမ်းပါ"

ဝေယံလှမ်းပေးတဲ့ စက္ကူကော်ဖီခွက်လေးကို လှမ်းယူကာပြောတော့

"အထဲမှာ လူကြီးတွေနဲ့ ငါ့အလှည့်ကိုမရောက်သေးဘူး....ငါကမင်းပြန်ပီတောင်မှတ်နေတာ"

"ငါလဲမင်းလိုပဲလေ....ငါ့တူလေးကိုတောင်မမြင်ရသေးဘူး ကိုင်ကြည့်ချီကြည့်ပီးမှပြန်မှာပေါ့"

"ခုတော့ အလှည့်မရောက်လို့ အပြင်ထွက်တန်းစီစောင့်နေရတာပေါ့ကွာ ဟားဟား"

မဟာရော ဝေယံရော သဘောကျစွာ ပြိုင်တူရယ်မောလိုက်မိကြသည်။ စိုးရိမ်မှုတွေ ပူပန်မှုတွေကနေ ကင်းဝေးသွားခဲ့ပီလေ။ ရုတ်တရက် ဝေယံက ရုပ်တည်ကြီးနဲ့ ပြောလိုက်တဲ့ စကားကြောင့် မဟာအရယ်ပင်ရပ်သွားသည်။

"မင်း ငါ့ကလေးတောင် မြင်ရတာ ဒီလောက်ပျော်နေရင် မင်းကလေးသာဆို ဒီ့ထက်ပိုပျော်မှာပဲနော်"

မဟာ ဝေယံ့စကားကို ရုတ်တရက်ဘယ်လိုတုံ့ပြန်ရမလဲမသိဖြစ်နေတုံး အခန်းထဲကနေ ဝေယံ့အဖေနဲ့အမေကော ပန်းချီ့ အဖေနဲ့အမေရော ထွက်လာကြသည်။

"ပြန်တော့မလို့လား....ပန်းချီအားငယ်နေပါဦးမယ် နေကြပါဦး အမေတို့ကလဲ"

"မင်းမိန်းမက မင်းရှိရင် အားငယ်နေပါဦးမယ်....ခုတောင် မင်းအပြင်ထွက်နေတာကို တမေးထဲမေးနေတာ သွားလိုက်ဦး"

"ဟီး ဟုတ်လား သွားလိုက်ဦးမယ် ကျတော့်ကလေးကို ခုထိကို မချီရသေးဘူး"

"သွား သွား တအားတော့ မချီနဲ့ နာစ့်ဆရာမလေးရှိပါတယ် မင်းကိုပြောပြပါလိမ့်မယ် သွား သွား"

ဝေယံအခန်းထဲဝင်သွားတော့ မဟာတယောက်ထဲ လူကြီးတွေနဲ့အခန်းပြင်မှာကျန်နေခဲ့သည်။ စကားသွက်တဲ့ ဝေယံ့အမေကပဲစတင်ပီး

"တို့မင်းသားလေး မဟာရော ဘယ်တော့လဲ မင်းသူငယ်ချင်းတောင် ကျော်တက်သွားပီနော်"

မဟာ လူကြီးတွေနဲ့ကျ ကလေးလိုဖြစ်နေကာ ဘာပြန်ပြောရမှန်းမသိ ခေါင်းကုတ်လိုက် ဆံပင်သပ်လိုက်နဲ့ ပြုံးဖြီးဖြီးပဲလုပ်ပြနေမိတော့သည်။

"မောင်မဟာရေ....project တခု ဦး မင်းနဲ့ ဆွေးနွေးချင်တာရှိသေးတယ် အချိန်ရရင် အမြန်ဆုံးတွေ့ကြဦးစို့ကွာ"

ဝေယံ့အဖေထပြောလိုက်တဲ့စကားကြောင့်သာ မဟာ အတော်အဆင်ပြေသွားသည်။ အလုပ်အကြောင်းဆိုတော့ သူလဲ အေးဆေးတည်တည်ငြိမ်ငြိမ်ပြန်ပြောနိုင်တော့ ခုနကလို ရုပ်မပေါက်....ခနအကြာတော့ လူကြီးတွေ သူ့ကိုနှုတ်ဆက်ကာ အသီးသီးပြန်သွားကြသည်။ သူလဲ ခုမှအခန်းထဲ အေးဆေးပြန်ဝင်လာခဲ့တော့ ကလေးသေးသေးလေးတယောက်ကိုချီဖို့ အလုပ်ရှုပ်နေတဲ့ ဝေယံ့ကိုကြည့်ကာ ရီချင်လာသည်။

"ကိုမဟာပါလား ပန်းချီကပြန်သွားပီတောင်ထင်နေတာ"

"မပြန်ဘူး ပန်းချီရေ ငါ့ကောင်ကြီးက ပန်းချီခွဲခန်းထဲမှာထဲက ရောက်နေတာ ခုထိပဲ"

"ဟင်....ကြာလှပီကို အားနာစရာကြီး ခုနကလဲ မေမေတို့ရှိတော့ ပြန်ပီတောင်မှတ်နေတာ"

သူအလုပ်ဘယ်လောက်ရှုပ်သလဲ သိသူတွေမလို့ ဒီလောက်အချိန်အကြာကြီး ဘာမျိမဟုတ်ဘဲ နေပေးနေတာနဲ့တင် အားနာကုန်ကြပီ။

"အားမနာပါနဲ့ ဟိုကောင်လေးကို မချီရသေးလို့ မပြန်သေးတာ"

အားနာစိတ်ဆက်မဖြစ်စေရန် သူကိုယ်တိုင်က ကလေးကိုချီချင်တာကြောင့် စောင့်နေရတာပါဆိုလိုက်မှ ပန်းချီကော ဝေယံကော ပြုံးသွားကြသည်။

"ကဲ.....ငါ့ကိုပေးချီပါဦးကွာ.....လာဦးသားသားလေး ဦးဦးဆီလာ"

လက်အရှည်ကြီးနှစ်ဖက်ဆန့်တန်းကာ ကလေးကိုခေါ်နေတဲ့ မဟာ့လက်ထဲ ဝေယံမထည့်ချင်ထည့်ချင်နဲ့ကလေးကို ထည့်ပေးလိုက်ရတော့သည်။ သူပ ချီချင်နေပါတယ်ဆို တယောက်ပီးတယောက်မပီးတော့ဘူး

"ဟာ....တော်သေးတာ ကောင်လေး မင်းက မင်းအဖေနဲ့မတူလို့ တူရင် ပြောင်စပ်စပ်ရုပ်ထွက်လာမှာ"

မဟာ့စကားကြောင့် ဝေယံ့မျက်နှာ နဂိုကမှ ကလေးကို ဝအောင်မချီရသေးလို့ မကြည်လင်နေပါဘူးဆို အီးမှန်သလို ရှုံ့တွသွားသည်။

"ငါ့သားက ငါနဲ့ ချွတ်စွပ်ကွ....ချွတ်ပီးစွပ်ထားသလိုကိုတူတာ"

အမလေး so proud နေတာ.....ဖြစ်နိုင်ရင် လက်သီးလက်မောင်းပင်တန်းကာ အားကောင်းမောင်းသန်ပြောချင်ပုံရသည်။

"ခုနက ပန်းချီ့ကို စိုးရိမ်နေတဲ့ရုပ်နဲ့တုံးက အသံက ဒီအသံမဟုတ်ပါဘူး"

မဟာ သူ့ကို တမင်လာဂုဏ်ဆာနေတာမလို့ ကလေးချီရင်း လှမ်းပြောလိုက်တော့....အေးလေ ခုနက သူ့ကိုအားကိုးတကြီးရှိခဲ့တာ ဘယ်ကောင်လဲလို့တောင်ပြန်မေးရမလို

"အာ....အဲ့တာတော့ ငါက ပန်းချီ့ကိုစိုးရိမ်နေတာကိုးကွ"

သူ့နဲ့တိုးလျှိုးတဲ့အသံက တခန်းလုံးစာ ကောင်းစွာကြားနိုင်သည်မလို့.....ပန်းချီကတော့ ဝေယံ့ကို အဓိပ္ပါယ်အပြည့် မျက်လုံးတွေနဲ့ ကြည့်နေပီ။ ဒီလောက်ဆို သိတော့.... မကြာခင် ဒီတခန်းလုံး romantic vibe တွေလွှမ်းခြုံကုန်တော့မည်....လစ်မှ

"ကဲ brand new daddy နဲ့ mommy ရေ congratulations ပါကွာ....အလုပ်တွေရှိသေးလို့ လစ်တော့မယ် ညဘက်ကျမှ တခေါက်လာတော့မယ် အဲ့ကျ မင်းသိန်းတို့ပါအပါခေါ်ခဲ့မယ်"

"ကိုမင်းသိန်းနဲ့ မေဖြူက ခရီးသွားနေတာ ခနက​တော့ ဖုန်းဆက်တယ် ပြန်လာတဲ့လမ်းရောက်နေပီတဲ့ ကိုမဟာ"

"အော် အေးအေး....သူတို့နဲ့မှ ပြန်လာတော့မယ်ကွာ ခုကျ ငါတယောက်ထဲ ကြောင်တောင်တောင်ကြီး ဒီကြားထဲ ဂုဏ်ဆာပြတာက ခံရသေး"

သူ တမင် ဝေယံ့ကိုစောင်းပြောမှန်းသိတော့ ထုံးစံအတိုင်း ဝေယံက သွား ၃၂ ချောင်းကို ပေါ်အောင်ဖြီးပြပီး သူ့ကိုချော့သည်ပေါ့

..........

အပြန်လမ်းကားပေါ်မှာ သူ မီးပွိုင့်မိလို့ ဟိုတွေးဒီတွေးနဲ့ အတွေးများနေတုံး ဘာရယ်မဟုတ် ဟိုငတိမအကြောင်းခေါင်းထဲ ပေါ်လာသည်။ အော်...ပန်းချီတို့ ဝေယံတို့ဆိုတာ ပိုက်ဆံရှိ အသိုင်းဝိုင်းရှိပီးသား လူကုန်ထံတွေဖြစ်လင့်ကစား တခုခုဆို အားငယ်တတ် အခက်ခဲကြုံတတ်သေးတာ ဟိုငတိမက ဆွေမျိုးလဲမရှိ ပိုက်ဆံလဲ အလျှံအပယ်မရှိနဲ့ ကလေးတယောက် ဘယ်လိုများမွေးခဲ့လဲမသိဘူး.....မွေးတုံးကရော အခက်အခဲတွေကြုံခဲ့သေးတာလား ဘယ်လိုများဖြတ်သန်းခဲ့တာလဲ။ ပန်းချီ့မှာ စိတ်ပူပေးမယ့် ဝေယံရှိပေမယ့် သူမမှာရော ဘယ်သူရှိလိမ့်မလဲ။ ပန်းချီ့မှာ ကူညီဖေးမပေးမယ့် မိဘအသိုင်းဝိုင်းရှိပေမယ့် သူမကတော့ တကောင်ကြွက်မလို့ဘယ်လိုတွေ ခက်ခဲနေခဲ့မလဲ။ အားငယ်တတ်တဲ့ type မဟုတ်တာ သိပေမယ့် ဒီလိုအချိန်တွေမှာတော့ သူသူကိုယ်ကိုယ် အားငယ်တတ်ကြတာပဲမလား ဘယ်လိုဖြတ်သန်းခဲ့ရလဲ။ မင်းကလေးကရော မင်းနဲ့ပဲတူတာလား သူ့အဖေနဲ့တူသေးတာလား.....စတဲ့တောင်စဥ်ရေမရ အဆက်စပ်မရှိတဲ့ အတွေးပေါင်းစုံပေါင်းစုံက မီးစိမ်းလို့ သူသွားဖို့မေ့နေတာ နောက်က ကားတွေဟွန်းဝိုင်းတီးကာမှ အတွေးစပြတ်သွားခဲ့ရတော့သည်။

PS. အမ မနေ့ညထဲက အရမ်းဖျားနေလို့ ဒီလောင်ပဲတင်ပါရစေနေယ် တနေကုန်လဲအလုပ်တွေပျက်တဲ့ထိကိုမထနိုင်ဖြစ်နေလို့ပါ။ အကုန်လုံးလဲ ကျန်းမာရေးဂရုစိုက်ကြပါနော် 💓

Continue Reading

You'll Also Like

109K 4.9K 16
အင်မတန်မှ ကပ်စေးနှဲသည့် ကရင်လေး စောကလယ် နဲ့ မြို့သူစွာတေးလေး ရွှေသားပုဝါ တို့ရဲ့ ဘုဘောက် Funny Romance
449K 9.5K 79
Fb က ဟာကိုကြိုက်လို့ပြန်ပြီး ကူးယူတင်ထားပါနော် မူရင်း Author ကို credit ပေးပါတယ်နော်
71.6K 3.4K 18
နိုင်​ငံခြားမှာ​အောင်​မြင်​​ကျော်​ကြား​နေတဲ့ designer တစ်​​ယောက်​ဖြစ်​တဲ့ Baekhyun ကိုယ့်​အမိ​မြေမှာပဲအလုပ်​ကိုကြိုးစားစွားလုပ်​ကိုင်​​နေတဲ့ Chanyeol...
130K 4.4K 18
[ Unicode ] '' တေးသဘော ... တေးက မောင့်အတွက် အရေးကြီးဆုံး ဖြစ်တည်မှုလေးမို့ မောင့်ရဲ့ အရာအားလုံးက တေးရဲ့ သဘောအတိုင်းပဲ ... '' [ Zawgyi ] ...