( Unicode )
( အပိုင်းတစ်ဆယ့်လေး )
မနေ့ညက လူတစ်ယောက်နဲ့ဆုံခဲ့သည်။
လိုအပ်တာလေးတစ်ချို့ဆင်းဝယ်ပြီး တိုက်ခန်းသို့ပြန်အလာ သူတို့တိုက်အောက်တွင် ထူးထူးဆန်းဆန်းလူတစ်ယောက်ကို
မြင်လိုက်ရသည်မို့ ပတ်ခ်ဂျီမင်၏ခြေလှမ်းတွေမှာရပ်တန့်သွားရပြီး တစ်ဆက်တည်းဆိုသလို လက်ထဲကကြွပ်ကြွပ်အိတ်လေးကိုပါ ခပ်တင်းတင်းဆုပ်ချေလိုက်မိသည်။
* လီဆောင်းဝူရှီ ..! *
ဟုတ်နိုးဟုတ်နိုးဖြင့် လှမ်းခေါ်ဖြစ်သည်။ဒီလူက ဟန်ဆောင်းရဲ့ဆက်ခံသူမလား။ဇောင့်ကြွားကြွားနိုင်လွန်းလို့ ကျွန်တော်လုံးဝကြည့်လို့မရတဲ့လူလေ။ချက်ချင်းပဲလှည့်ကြည့်လာတာကကျွန်တော်မြင်ဖူးနေကျ မျက်နှာကြီး...။
* မှန်နေတာပဲ။လီဆောင်းဝူရှီ ..ဒီမှာဘာလုပ်နေတာလဲ *
* ဒေါက်တာပတ်ခ် ! *
ကိုယ့်ကိုလှည့်ကြည့်လာခဲ့ပြီး ထိတ်လန့်သွားပုံရတဲ့မျက်နှာကြီးက နည်းနည်းတော့ရယ်ချင်စရာကောင်းသည်။တစ်ယောက်ကိုတစ်ယောက်စိုက်ကြည့်နေကြကာ "ဘာလဲ"ဟူသော အကြည့်နက်နက်တွေနဲ့ အပြန်အလှန်အကဲခတ်နေကြလျှက်။
* လီဆောင်းဝူရှီ..!ဒီကိုဘာလာလုပ်တာလဲ
မပြောပြရသေးဘူးနော် *
ဂျီမင်ရဲ့လေသံတွေက တရားခံကိုစစ်ဆေးမေးမြန်းနေသလိုပါပင် ပြတ်သားလှ၏။
* ကျွန်တော် ဒီနားကိုလာရင်းနဲ့ ဒီတိုက်က အသိတစ်ယောက်ဆီဝင်လည်မလို့..အဲ့တာ သူဘယ်အထပ်နေလဲ မမှတ်မိတော့ဘူး *
လှုပ်လှုပ်ရှားရှားဖြစ်နေတဲ့ဒီလူ့မျက်လုံး!
ဘောင်းဘီကို ခဏခဏပွတ်နေတဲ့ သူ့ရဲ့
ကဏာမငြိမ်နေတဲ့ လက်ချောင်းတွေ။ဘာတစ်ခုမှ သင်္ကာစရာကောင်းမနေဘူးလေ။
* အသိတစ်ယောက်ဆိုတာက?ကျွန်တော်များလား *
* မဟုတ်ပါဘူး။ဒေါက်တာပတ်ခ် မဟုတ်ဘူး *
လီဆောင်းဝူက အသည်းအသန်ငြင်းရှာပြီး မျက်လုံးတွေကလုံးဝကိုမူမှန်မနေပါ။
* ဒါဆိုဘယ်သူလဲပြောပြလေ?ကျွန်တော်နေတဲ့တိုက်ကို ရုတ်တရတ်ရောက်လာပြီး လာတွေ့တာက ကျွန်တော်မဟုတ်ဘူးဆိုတော့... ခင်ဗျားတွေ့ချင်နေတဲ့အသိက ဘယ်သူများလဲ *
အသည်းအသန်တွေထငြင်းနေတဲ့လူကို နည်းနည်းလေးမှမသင်္ကာပါ။
* ဒေါက်တာပတ်ခ်ဆီ လာလည်တာမဟုတ်ဘူး။ဒီအတိုင်း ကျွန်တော့်အသိဆီလာတာပါဆို *
လီဆောင်းဝူက စိတ်ရှုပ်သွားပုံဖြင့် သူ့ဆံပင်တွေကိုပါ တဗျင်းဗျင်းဆွဲဆုပ်လာသည်။
* ခင်ဗျားမပြောဘူးလား ..ရတယ်လေ ။
လုံခြုံရေးဦးလေးကြီးကို ခေါ်လိုက်ရုံပေါ့ *
* လုံခြုံရေးကိုဘာလို့ခေါ်မှာလဲဗျ *
* လီဆောင်းဝူနဲ့ဆိုင်လို့လား.. ဒီမှာ . *
မျက်လုံးပြူးမျက်လုံးဆန်နှင့်လီဆောင်းဝူရဲ့ရုပ်ဟာ တကယ်ကိုရင်ထိတ်နေမှန်းသိသာစေ၏။ဒေါက်တာက ဂိတ်ဝတွင်တာဝန်ကျနေသော လုံခြုံရေးကြီးကိုလှမ်းခေါ်ဖို့ပြင်လိုက်သည်နှင့်....
* အာ မခေါ်ပါနဲ့ဆို မခေါ်နဲ့။ကျွန်တော်အကုန်ပြောပြမှာမို့ စိတ်ရှည်ရှည်ထားပြီးနားထောင်ပေးပါ *
* ခင်ဗျားအဲ့လို အရစ်ဆက်ရှည်နေမယ်ဆို ကျွန်တော်ခေါ်လိုက်တော့မှာ *
* ဟူးးး!မထူးပါဘူးဗျာ။နောက်လည်းသိရမယ့်အတူတူ ကျွန်တော်ပြောပြပါတော့မယ် *
လီဆောင်းဝူက ဟိုကြည့်ဒီကြည့်လုပ်လိုက်ပြီးမှ ဂျီမင်၏လက်ကောက်ဝတ်တစ်ဖက်ကို
ပြေးဆွဲကာ ပန်းပင်လေးတွေပျိုးထားလေသည့် အုတ်ဘောင်တန်းတွေနား ဆွဲခေါ်သွား၏။
ဂျီမင်အဖို့ ရုန်းချိန်တောင်ပင် မရလိုက်ပါဘူး။
* လီဆောင်းဝူရှီ...အနားအရမ်းမကပ်ပါနဲ့လား *
* ကပ်ပြီးပြောရမယ့် စကားမို့လို့ပါ ဒေါက်တာ *
လီဆောင်းဝူက တရွေ့ရွေ့ကပ်လာပြန်တာမို့
နောက်အနည်းငယ်ဆုတ်လိုက်မိသည်။
* တကယ်တော့ ကျွန်တော်က အစ်ကိုလေးဆီကို လာတာပါ *
* အစ်ကိုလေးက ဘယ်သူလဲ *
လီဆောင်းဝူက သူ့နှုတ်ခမ်းကိုလက်ဖဝါးနဲ့အုပ်ထားစေပြီး ဒေါက်တာ့ကိုတိုးတိုးလေးကပ်ပြောလာသည်။ထိုအခါ ဒေါက်တာက
သိချင်စိတ်လေးကြောင့်မျက်မှောင်လေးကုပ်ရှာသည်။
* ဟန်ဆောင်းရဲ့ဆက်ခံသူ!။အခုတော့ ဥက္ကဌကြီးလို့ပြောရမလား *
* ဗျာ!ဥက္ကကြီး...ကျွန်တော်တို့ဆေးရုံဥက္ကဌကြီးလို့ပြောလိုက်တာလား *
ဒေါက်တာကစိတ်လှုပ်ရှားစွာ အော်မိသွားတာမို့ လီဆောင်းဝူမှာ သူ့နှုတ်ခမ်းပေါ်လက်ညိုးတင်ထားရပြီး အရမ်းကြီးထမအော်ဖို့ပြောရပြန်သည်။ဒါ့အပြင် သူ့ခမျာ ဟိုကြည့်ဒီကြည့်ဖင်တကြွကြွနှင့် ဘာကိုကြောက်လို့ကြောက်နေမှန်းလဲမသိရပါ။
* တိုးတိုးအော်ပါ ဒေါက်တာပတ်ခ်ရယ် ဘေးလူတွေကြားသွားမှာစိုးလို့ အရမ်းကြီး
စိတ်မလှုပ်ရှားလိုက်ပါနဲ့ *
* အခုပြောချင်တာက ဥက္ကဌကြီးက ကျွန်တော်နဲ့တစ်တိုက်တည်းနေနေတာလို့ပြောချင်တာလား အဲ့လိုလား *
* ဟုတ်ကဲ့ အဲ့လိုပါပဲဒေါက်တာ *
* မဖြစ်နိုင်တာ *
* ဖြစ်နိုင်လို့ပဲ ကျွန်တော်နဲ့အခုလိုအတူထိုင်နေရတာလေ *
ပထမက မယုံကြည်သလိုမျက်လုံးလေးတွေမှေးဆင်းထားပြီးစိုက်ကြည့်နေပေမယ့်
အတည်ကြီးတွေ ပြန်ပြန်ဖြေနေတဲ့လူကြောင့်
ဒေါက်တာတို့တွေဝေသွားရတော့သည်။
* ကျွန်တော်မေးလို့ဖြစ်ပါ့မလား မသိပေမယ့်
ဥက္ကဌကြီးကဘယ်သူလဲ?ဒီကလီဆောင်းဝူကပြောပြပေးနိုင်မလား *
* တကယ်တော့ ဥက္ကဌကြီးဆိုတာက ကျွန်တော်ရဲ့အစ်ကိုလေးပါ။ကျွန်တော်က အစ်ကိုလေးရဲ့ကိုယ်ရံတော်လေ *
မေးတာက တစ်ခြား!ဖြေတာကတစ်ခြားနဲ့
သူ့အကြောင်းကိုသူမိတ်ဆတ်နေသူအား
ဒေါက်တာက ရှုတည်တည့်လိုက်ကြည့်လိုက်ပြီးနောက်တွင် နှာခေါင်းရှုံချေသည်။
* ကျွန်တော် လီဆောင်းဝူအကြောင်းကို မသိချင်ပါဘူး *
* ဟူတ်ကဲ့ အကျင့်ပါသွားလို့။ဒါဆိုဥက္ကဌကြီးအကြောင်းပဲ ဆက်ပြောတော့မယ်နော် *
* အကောင်းဆုံးပါပဲ အဟင်း..! *
* ဥက္ကဌကြီးက ဥက္ကဌကြီးဆိုပေမယ့် အခုထိတရားဝင်ဥက္ကဌအရာမမြှောက်ရသေးပါဘူး။
တစ်ခြားလူတွေအတွက် ဥက္ကဌကြီးဖြစ်နေတဲ့
အစ်ကိုလေးက ကျွန်တော့်အတွက်တော့စောင့်ရှောက်ပေးနေရတဲ့ ညီလေးလိုပါပဲ *
* လီဆောင်းဝူရီှ၊ဒီည လိုရင်းရောက်ဦးမှာလား *
* အာ.. ဆောရီး *
* ရတယ်။ဆက်ပြောပါ *
* ကျွန်တော့်တို့ရဲ့အစ်ကိုလေးကအခုလက်ရှိမှာ ဟန်ဆောင်းရဲ့ဥက္ကဌကြီးဖြစ်သလို Jလုပ်ငန်းစုရဲ့ဆက်ခံသူလည်းဟုတ်ပါတယ် *
* Jလုပ်ငန်းစု? *
* ဟုတ်ကဲ့ Jလုပ်ငန်းစုပါဒေါက်တာ *
မေးသမျှကို ရိုရိုကြေးကြေးလေးနဲ့ပြန်ဖြေနေသည့်လီဆောင်းဝူမှာ မသိရင် ရွဲ့နေသလိုပါပင်။
Jလုပ်ငန်းစု။Jလုပ်ငန်းစုကသားဆိုတော့ ဂျွန်ဂျောင်များ ဖြစ်နေမလား။
* ဟုတ်ပါတယ်..ဒေါက်တာပတ်ခ်တွေးနေသလိုပါပဲ။ဥက္ကဌကြီးက အစ်ကိုလေးဂျောင်ကုမှန်ပါတယ်။မဟုတ်သေးဘူး အခုတော့ဟန်ဆောင်းရဲ့ဥက္ကဌကြီးပေါ့ အဟင်း...! *
အတွေးတွေက အပြင်ကိုလျှံကျသွားတာလား။ဂျွန်ဂျောင်ကုတပည့်လို့မပြောရဘူး အကုန်ကိုသိနေတော့တာပဲ။ဆရာတပည့်
နှစ်ယောက်လုံး တကယ်ကိုတော်ပါပေတယ်..တစ်ခုပဲ ငါ့ကို လာပြီးရှုပ်နေကြမယ့်အစားရှုပ်ရှင်မင်းသားလုပ်ခဲ့ကြရင်ပိုကောင်းမှာ။
* ဒါတွေကို ဘာလို့ လာပြောပြနေရတာလဲ ခင်ဗျား သူသိမှာမကြောက်ဘူးလား *
* ကြောက်တာပေါ့ဗျ။အခုအဲ့ထက်ပိုကြောက်ရတဲ့လူက မျက်စိရှေ့ရှိနေတာကို ကျွန်တော်နှုတ်မလုံရုံပဲပေါ့။ဒီအကြောင်းတွေ အစ်ကိုလေးကိုပြန်မပြောပါနဲ့နော်။ဒေါက်တာပတ်ခ်
သိထားမှန်း အစ်ကိုလေးမသိပါစေနဲ့။ဖွင့်မေးတာတွေလည်း မလုပ်စေချင်ပါဘူး။မဟုတ်ရင် ကျွန်တော်သေရလိမ့်မယ် *
* အဲ့လောက်တောင်ပဲ ကြောက်ရတာလား *
ဂျီမင်က သူ၏အေးစက်စက်လက်ချောင်းထိပ်လေးတွေကို အချင်းချင်းကစားလိုက်ရင်း ဘေးရှိလီဆောင်းဝူရဲ့အရိပ်အခြေကိုအကဲခတ်နေပြန်သည်။
* ဘယ်လိုတောင်မေးရက်ရတာလဲဗျာ... ကြောက်တာပေါ့။အိမ်တော်မှာဆို အစ်ကိုလေးကိုမကြောက်တဲ့လူ တစ်ယောက်တောင်မရှိဘူး။အစ်ကိုလေးရှိနေရင် အသက်တောင်ကျယ်ကျယ်မရှုရဲကြဘူးလေ။ဟူး !ကျွန်တော်တကယ်ပြောနေတာဒေါက်တာရဲ့ ...လာပြီး အဲ့လိုမျက်လုံးတွေနဲ့စိုက်မကြည့်နဲ့လေ *
ဒေါက်တာပတ်ခ်က ဘာလို့အဲ့လိုကြီးပြူးကြည့်နေရတာလဲ။
* ဆောရီး..စိတ်ဝင်စားသွားလို့ *
* ရ ရပါတယ်။တကယ်တော့ ကျွန်တော်တို့အစ်ကိုလေးအိမ်တော်ကို ပြန်မလာတာ (၉)လတိတိရှိနေပါပြီ *
* ဘယ်လို!! *
* ဟုတ်တယ်..ဒီကွန်ဒိုကိုပြောင်းသွားတဲ့နေ့ကတည်းက အိမ်တော်ဘက် ေခြဦးတောင်
မလှည့်တော့ဘူး။အဲ့တာ အရင်ဥက္ကဌကြီးလွှတ်လိုက်တာနဲ့ ကျွန်တော်ရောက်လာရတာ။ခိုင်းတဲ့အတိုင်းလုပ်ရုံကလွဲလို့ ကျွန်တော့်မှာအပြစ်မရှိပါဘူး။အဲ့တာကြောင့်လေ ဒေါက်တာက အစ်ကိုလေးနဲ့ပြန်မတိုင်ပါနဲ့ *
* မတိုင်ပါဘူး..ကျွန်တော်ကဘာလို့အဲ့လိုလုပ်မယ်ထင်ရတာလဲ *
* အာ...ဒေါက်တာပတ်ခ်ကို စွတ်စွဲရတာမဟုတ်ပါဘူး။ကျွန်တော်တို့အစ်ကိုလေးက ဒေါက်တာပတ်ခ်နဲ့ပတ်သတ်လာရင် နည်းနည်းရူးနေတော့ ကျွန်တော်ကြောက်လို့ပါ *
နည်းနည်းရူးတာမဟုတ်ဘဲ!အရူးလွန်ပြီး ဆေးတောင်မမှီတော့ဘူးလို့ ပြောချင်တာ ဒေါက်တာပတ်ခ်ရေ။ကိုယ့်အလုပ်ရှင်မို့
အစော်ကားမလွန်ချင်လို့ ကျွန်တော်ထိန်းထိန်းသိမ်းသိမ်းပြောလိုက်ရတာပဲ။
* ဟို..စိတ်မရှိနဲ့နော်ဒေါက်တာပတ်ခ်
ကျွန်တော်နည်းနည်းလောက်ရင်ဖွင့်လို့ရမလား *
* ရ ရပါတယ် *
* ဒေါက်တာပတ်ခ် ဒါကိုသိရဲ့လား *
* ဟင် မသိဘူးလေ *
* ဒါလည်းကောင်းတာပဲ။ *
ဘယ်သူက ဘယ်သူကိုရွဲ့နေသလဲမသိပေမယ့် နှစ်ယောက်သားကတော့ အတော်လေးကို Timingမိလှသည်။
* ကျွန်တော့်ကို ဘာလို့ယုံကြည်နေရတာလဲ။လီဆောင်းဝူအတွက် ကျွန်တော်လည်း သူစိမ်းပဲလေ *
* သူစိမ်းပေမယ့် အစ်ကိုလေးတန်ဖိုးထားရတဲ့လူမို့ပါ။အစ်ကိုလေးအကြောင်းကို အစ်ကိုလေးရဲ့ချစ်သူရှေ့ ရင်ဖွင့်တာအမှားမရိှနိုင်ပါဘူး *
ထိုစကားကြောင် ဂျီမင်ရင်ထဲတအုံ့နွေးနွေးလေးခံစားရတဲ့အထိပါပဲ။ကြက်သီးမွှေးညှင်းလေးတွေပါ ထလာခဲ့ရပြီး ပါးမို့မို့လေးနှစ်ဖက်နဲ့နားရွက်ဖျားလေးတွေ နှာခေါင်းထိပ်လေးတွေခမျာ ရဲရဲစွေးရချေပြီ။
* ကျွန်တော်တို့က ဘာပတ်သတ်မှုမှမရှိဘူးနော် လီဆောင်းဝူကိုကြည့်ရတာအထင်လွဲနေသလိုပဲ *
* အစ်ကိုလေးကို ဘာလို့ပြန်မချစ်ရတာလဲ?
ကျွန်တော်မှတ်မိသလောက်ပြောရရင် ဒီဘက်ကဒေါက်တာပတ်ခ်ကို အစ်ကိုလေးက သိပ်ချစ်ခဲ့တာ။လွန်ခဲ့တဲ့(၃)နှစ်က ညတစ်ညကိုဒေါက်တာပတ်ခ် မှတ်မိသေးလား *
* ဟင့်အင်း!ကျွန်တော်မမှတ်မိဘူး *
* ဟင်းး!ထင်တော့ထင်ပါတယ်။
အဲ့ညက တစ်ညလုံး ကျွန်တော်တို့အစ်ကိုလေးငိုနေခဲ့တာဗျ။ *
သူ့စကားဆုံးသည်နှင့် ပတ်ခ်ဂျီမင်ဟာမျက်နှာငယ်လေးဖြင့် မော့ကြည့်လာခဲ့တယ်။
* တကယ်မရည်ရွယ်ခဲ့ပါဘူး *
* ဒေါက်တာကသာ မရည်ရွယ်တာ!ကျွန်တော်က ကြားညှပ်ခဲ့ရတာကိုသိလား *
စကားေပြာနေရာကနေ ရုတ်တရတ်ကြီးထအော်လိုက်သောအခါ ဒေါက်တာပတ်ခ်တို့အဖို့ခန္ဓာကိုယ်လေးပင် ဆက်ခနဲတုန်ရတဲ့အထိတွေ။
* ဘာလို့ဒေါသထွက်နေရတာလဲ *
* အဲ့ညပြီးတော့ဘာဆက်ဖြစ်တယ်ထင်လဲ?
သူU.Sမှာ စီးပွားရေးနဲ့ပတ်သတ်တဲ့ဒီပလိုမာတွေဆက်တက်မယ်ဆိုပြီး ထွက်သွားခဲ့တယ်လေ *
* ကောင်းတာပေါ့ *
* ဘာကောင်းတာလဲ!ကျွန်တော်ပါအတူလိုက်သွားခဲ့ရတာကို.. အဲ့တုန်းက ကျွန်တော့်မှာချစ်သူရခါစလေးပဲရှိသေးတာ..ဘယ်လောက်ထိလွမ်းခဲ့ရမလဲ ဒေါက်ပဲတာတွေးကြည့် *
ဒီလိုကြားရတော့လည်း လီဆောင်းဝူဆိုတဲ့လူအတွက် တကယ်စိတ်မကောင်းဖြစ်ရသည်။ပဲလှော်ကြားကဆားဘဝကို တကယ်ကိုယ်ချင်းစာမိပါတယ်။ဘာလို့ဆို ကိုယ်ကိုယ်တိုင်လည်း ကင်မင်ဟီနဲ့ဂျွန်ဂျောင်ကုတို့ကြားမှာကန့်လန့်ကန့်လန့်နဲ့ညှပ်ခဲ့ဖူးတာကို။
* အခုရော ချစ်သူနဲ့အဆင်ပြေလား *
* ပျက်သွားပြီ...။ *
* ခင်ဗျားအတွက် စိတ်မကောင်းပါဘူး *
ခေါင်းတညိတ်ညိတ်နဲ့တရားကျသလိုလေးပြောလာသူကို လီဆောင်းဝူက အခဲမကျေစွာပဲ မျက်စောင်းထိုးသွားခဲ့သည်။
* ဒေါက်တာပတ်ခ် မသိနိုင်ပေမယ့် ကျွန်တော်တို့အစ်ကိုလေးခမျာ ဘယ်လောက်ထိနာကျင်ခဲ့ရလဲဗျ။အမွေတွေဆက်ခံနိုင်ဖို့ ဒေါက်တာစိတ်နဲ့သူကြိုးစားခဲ့တာ နေ့မနားညမအားပဲ *
* ဪ .. *
ဒေါက်တာက ခပ်ရွဲရွဲ့မျက်နှာပေးနဲ့အံအားသင့်ချင်ယောင်ဆောင်ပြသည်။
* ဟိုမှာပဲ အမွေဆက်ခံပြီး အနောက်တိုင်းသူလေးတွေနဲ့ ကဲလို့ရပါရဲ့နဲ့ အဲ့အစ်ကိုလေးကလေ...ဟူး! စိတ်မောလွန်းလို့မပြောလိုက်ချင်တော့ဘူး။ *
* ဒါဆိုလည်း မပြောပါနဲ့တော့ *
ဒေါက်တာ့စကားကြောင့် လီဆောင်းဝူက မျက်စောင်းကြီးနဲ့လှည့်ကြည့်လာခဲ့ပြီး...၊
* ဒီက..!ဒေါက်တာကိုလွမ်းလှပါချည်ရဲ့ မျက်နှာလေးမှထပ်မမြင်ရရင်သေရပါတော့မယ်ဆိုပြီး ပြန်လာခဲ့တာကိုသိရဲ့လား *
ဒီစကားတွေကြောင့် ဂျီမင်ရင်ထဲ တစ်ခါပြန်နွေးရပြန်ပြီ။
* ဒီတစ်ခါသာဆို အစ်ကိုလေးက စင်္ကြဝဠာအပြင်ဘက်ထိ ထွက်သွားဖို့အစီအစဥ္ရှိတာကိုဒေါက်တာပတ်ခ်အနေနဲ့သိထားသင့်တယ်။အဲ့တာကြောင့် ကျေးဇူးပြုပြီးကျွန်တော့်ကို ပဲလှော်ကြားကဆားဘဝရောက်အောင်ထပ်မလုပ်တော့ဘဲ အစ်ကိုလေးကိုပြန်ချစ်ပေးပါ *
လီဆောင်းဝူတစ်ယောက် ပြောချင်ရာပြောပြီးသောအခါ ရှစ်ခေါက်ချိုးမျက်နှာထားတစ်ခုနှင့် ထိုင်နေရာမှဝုန်းခနဲထရပ်လိုက်ပြီးနောက် စိတ်ဆိုးမာန်ဆိုးဖြင့်ပြန်ဖို့ပြင်သည်။
သူ့ဆရာနဲ့အောင်သွယ်ဖို့လည်းမမေ့သလို
ဂျီမင်ကို အရိုအသေပေးဖို့လည်းမမေ့ခဲ့ပါ။
ဂျီမင်မှာသာ ဘာဖြစ်လို့ဖြစ်မှန်းနားမလည်နိုင်စွာ ထိုလူသွားရာနောက် လိုက်ကြည့်နေမိပြီး
နှာခေါင်းရှုံလိုက်တော့သည်။ဘုန်းကြီးအမှု့ရွာပတ်ဆိုတာ ဒါကိုခေါ်တာများလား...!။
•••••••• လူဆိုးကောင် ••••••••
ဒီမနက်မှာပဲ ဆေးရုံအုပ်ကြီးကတွေ့ချင်လို့လာခဲ့ပါဦးဆိုတာကြောင့် ဆက်ခံသူဆိုသူနဲ့ကိုယ်တိုင်သွားတွေ့ဖို့ဖြစ်လာခဲ့ပြီ။သူတို့ဘက်က ဘယ်သူဘယ်ဝါနဲ့တွေ့ရမယ်ဆိုတာကို ကြိုပြောပြထားခြင်းမရှိပေမယ့်လည်း
ငါဘက်ကတော့ ကြိုသိနှင့်ပြီးသားပါ။
* ရောက်လာပြီလား ဒေါက်တာပတ်ခ်..အထဲဝင်သွားလိုက်ပါ *
ဆေးရုံအုပ်ကိုယ်တိုင်ထွက်စောင့်နေရသတဲ့လား။ဂျွန်ဂျောင်ကုက ဒီလိုမျိုးအာဏာပါဝါပြတတ်တဲ့လူလား။အဲ့ဒါကလည်းတစ်ခြားလူမဟုတ်ဘူး သူရဲ့ဦးလေးအရင်းခေါက်ခေါက်ကြီးကိုလေ။....။
* မောင့်ဂျီမင် ရောက်လာပြီလား *
အံဩခြင်းတွေနဲ့ပြည့်နှက်နေမယ့်မျက်နှာတစ်ခုကို အစောတလျင်ဖန်တီးယူလိုက်ရပြီးမော့ကြည့်မိသည့်မို့ မောင်ဆိုတဲ့ကောင်က
မုန်းချင်စရာကောင်းအောင် ပြုံးဖြီးပြလာခဲ့ပြီး မျက်ခုံးတစ်ဖက်ကိုပါပင့်ပြလာခဲ့သည်။
* အဲ့လောက်ထိတအားမလန့်သွားပါနဲ့မောင့်ဂျီမင်ရယ်။အဟင်း။မောင်လည်း မောင့်အခြေအနေကိုမဖုံးကွယ်ထားချင်ပါဘူး။
ဒါပေမယ့်အခုကစပြီး မောင်အာဏာသုံးမှဖြစ်တော့မှာမို့ မောင့်ကိုစိတ်မနာပါနဲ့။မောင် မင်းအထက်လူကြီးဖြစ်မှ မောင့်စကားကို ဒေါက်တာကနားထောင်မှာလေ *
ဂျီမင်၏မျက်ဝန်းတွေထဲထိ မရမကလိုက်ကြည့်နေသည့်မောင့်ပုံစံဟာ တကယ်ကိုအမြင်ကပ်စရာသိပ်ေကာင်းသည်။မျက်စမျက်နနဲ့ထိုသို့ရှင်းပြလာတော့လည်း ချော်လဲရောထိုင်ပြန်လုပ်ရင်း အင်းအဲပေါ့။
ေမာင်..မင်းအထက်လူကြီးလုပ်မယ်ဆိုတဲ့စကားကို ဒီကနေ့မှာ မောင်က မောင့်လုပ်ရပ်နဲ့သက်သေပြသွားခဲ့ပါတယ်။
* မောင်က အခု မင်းရဲ့အထက်လူကြီးဖြစ်သွားပြီဆိုတော့..မောင့် စကားကိုပဲနားထောင်ပေးတော့နော် *
မောင့်စကားကြောင့် ဂျီမင်ရဲ့မျက်နှာလေးဟာမဲ့ခနဲ။နှုတ်ခမ်းလေးများပင် မဲ့ကျရတဲ့အထိ ရှုံမဲ့ရလေပြီး မောင့်ကိုပြန်ကြည့်နေတဲ့မျက်လုံးလေးများက သရော်ရိပ်အပြည့်နှင့်။
* ဟုတ်ကဲ့ ကျွန်တော်မှတ်ထားလိုက်ပါ့မယ် *
မောင့်ကို ရွဲ့တာခနဲ့တာဆိုတာလေ။ချဥ္တူးတူးလေးစိုက်ကြည့်လာပြန်တာမို့ မောင်ကသေဘာတကျနဲ့ကို တဟားဟားအော်ရယ်လိုက်တော့သည်။ဂျီမင်က လက်သီးဆုပ်လေးနှစ်ဖက်ကို မောင်မမြင်အောင်ဆုပ်ထားလိုက်မိသည်။
* မောင့်အကြောင်းကိုဘယ်သူ့ကိုမှ ပြန်မပြောပါဘူးလို့ကတိပေးပါ *
ဥက္ကဌလောင်းဆိုတဲ့အရှိန်အဝါနဲ့ပါဝါပြချင်လို့ ငါ့ရှေ့ကို ဒီလိုပုံစံနဲ့ပေါ်လာခဲ့ပြီးတော့ လူတွေသိသွားမှာလည်းကြောက်နေသေးတယ်။
* ဘယ်သူမှပြန်မပြောစေချင်ရင် အရင်လိုပဲ ပုန်းနေလေ။ငါက ဘာလို့လဲ.?*
မျက်တောင်လေးတွေကို ပုတ်ခတ်လိုက်ရင်းနားမလည်သလိုလေးပြန်မေးမိတော့ ဂျောင်ကုက နူးညံစွာနဲ့ပြန်စိုက်လာခဲ့၏။အကြည့်တွေကိုက နည်းနည်းမှရိုးသားမှုရှိမနေဘူး။
* ငါကဘာလဲဆို?မင်းက မောင့်နှလုံးသားလေးပေါ့။မောင်ဘယ်သူလဲသိသွားပြီး လူတွေစောင့်ကြည့်ကြမှာကိုမခံစားနိုင်ဘူး။မောင်လွတ်လွတ်လပ်လပ်ပဲ အလုပ်လုပ်ချင်တယ်။ပြီးတော့ မောင့်ကြောင့်နဲ့ဂျီမင်ကိုလည်းအနှောင့်အယှက် မဖြစ်စေချင်ဘူး *
* ဘာပြောချင်သလဲ ကျွန်တော်သိပြီမို့ ပြန်ခွင့်ပါဦး။စိတ်ချပါ။ကျွန်တော်နှုတ်လုံပေးပါ့မယ် *
မပြန်စေချင်သေးဘူးထင်သည်။မောင်က သူ့လက်ကောက်ဝတ်တစ်ဖက်ကို ခပ်ဖွဖွဖမ်းဆွဲထားကာ လွှတ်ပေးမယ့်အရိပ်အယောင်ပင် တစ်ဆက်မတွေ့ရချေ။ဒီလို..ဒီလိုမောင့်ရဲ့အချစ်ရည်ရွှန်းမျက်ဝန်းတွေကြားကနေ
သူရှောင်ပုန်းချင်တာပဲသိတော့တယ်။
* မောင့်ကို မစိမ်းသွားပါနဲ့။ရာထူးဂုဏ်တန်းတွေ ဘေးချိတ်ထားပြီး မောင့်ကိုအရင်လိုပဲဆက်ဆံပေးပါ။မောင်အာဏာသုံးရတာက မင်းနဲ့မင်းလူကြီးကိုမောင်ခွဲချင်ရုံသပ်သပ်မို့ မင်းကတော့ မစိမ်းသွားပါနဲ့မောင့်ဂျီမင်ရယ်။ဒီတိုင်းမောင်က မင်းရဲ့မောင်ပါဗျာ *
အဲ့ဒီနောက် မောင်သည် မျက်လုံးရှေ့မှာမြင်နေရတဲ့လူသားလေးကို ပခုံးလေးမှနေဆွဲဖက်ထားလိုက်တော့သည်။ဒါပေမယ့် ဒေါက်တာ့နှုတ်ခမ်းထက်ကအပြုံးယဲ့ယဲ့လေးကိုတော့ မောင်တစ်ယောက်မသိခဲ့၊မမြင်ခဲ့ပေ။
•••••• လူဆိုးကောင် •••••••
ဒီရက်ပိုင်းအတွင်း မောင်တို့နှစ်ယောက် မတွေ့ဖြစ်ကြပါ။နီးလျက်နဲ့ဝေးဆိုသလို
တစ်တိုက်တည်း!မျက်နှာချင်းဆိုင်မှာနေကြပေမယ့်လည်း မတွေ့ဖြစ်ခဲ့ကြ။မျက်နှာချင်းဆိုင်လမ်းခွဲဆိုတာ မောင်တို့မှအစစ်..!။
မောင့်သရုပ်မှန်အစစ်ကို လူတွေရိပ်မိသွားမှာစိုးလို့ သူ့ဘက်က သိုသိုသိ့ပ်သိ့ပ်နေပေးရင်းမောင့်ကိုပါရှောင်သလိုဖြစ်နေခဲ့သည်။
အကြောင်းပြချက််မရှိပေါ့..။မောင်ကလည်း လာမတွေ့ခဲ့ပါဘူး။
* မစိမ်းနဲ့လို့သူ့ပါးစပ်က သူကိုယ်တိုင်ပြောခဲ့ပြီးတော့ *
ဒေါက်တာက လက်ကလေးပိုက်ထားကာ မှုန်ကုပ်နေသည်မို့ လီဆောင်းဝူကအနားရောက်လာခဲ့ပြီးသေချာအကဲခတ်နေသည်။
ဒါနဲ့တင်မပြီးသေး။ထိုလူဟာ စပ်ဖြီးဖြီးရယ်ပြလာပြီး သူ့လက်ထဲ ကျူးလစ်ဝါတစ်ခက်ထိုးထည့်ပေးပြန်သည်။
လက်ထဲကပန်းတစ်ခက်ကို နားမလည်သလိုနိုင်စွာ စိုက်ကြည့်နေသည်ကိုမြင်လေတော့ ထိုလူက....
* အစ်ကိုလေးပေးခိုင်းလိုက်တာ..။ပြီးတော့မှာလိုက်သေးတယ် ဒီရက်ထဲသူအလုပ်များနေလို့ လာမတွေ့ဖြစ်တာကိုစိတ်မဆိုးပါနဲ့တဲ့ *
ထိုအခါ ဒေါက်တာမှာ ဘာပြန်ပြောရမှန်းမသိတော့။ပန်းခတ်ကိုတစ်လှည့် လီဆောင်းဝူကိုတစ်လှည့်ကြည့်နေခဲ့ပြီးမှ ထိုပန်းခတ်ကို ဘေးလွယ်အိတ်လေးထဲ သေသေချာချာထည့်သိမ်းသည်။
* လူစုံပြီဆို ကားထွက်ပါမယ်ခင်ဗျ *
ဆေးရုံဝန်းထဲ၌စုရုံးစုရုံးလုပ်နေကြသော ကျန်းမာရေးဝန်ထမ်းတွေထဲ ဂျီမင်လည်းပါဝင်လျက်ရှိ၏။ဆရာဝန်တစ်ချို့ရယ် သူနာပြုအချို့ရယ် အကူတစ်ချို့ရယ်နဲ့
လူစုံတက်ရောက် ဒီခရီးအတွက်တက်ကြွ
နေခဲ့ကြသည်။
လီဆောင်းဝူစကားကြောင့် သူတို့အားလုံးကားပေါ်သို့ အလျှိုလျှိုတက်ကြရလေပြီးကိုယ်စီနေရာယူကြလေသည်။မူစန်နယ်မြို့လေးဆီသို့ နှစ်ရက်တာကျန်းမာရေးအသိပေးနှင့် ပရဟိတပြုကြရန် သူတို့တစ်ဖွဲ့လုံး တာဝန်ပေးချင်းခံရတာပါ။
သူတို့ကားထွက်လာခဲ့ပြီး နေ့လယ်ပိုင်းအကျော်လောက်မှာတော့ မူစန်ကျေးရွာကိုရောက်လာခဲ့ကြသည်။ထိုရွာ၏လူကြီးအိမ်ဖြစ်ပုံရသော ရှေးအိမ်ကြီးရှေ့၌ကားကိုထိုးရပ်လိုက်သည်နှင့် ကားပေါ်ပါလာသူများမှာဆင်းဖို့ပြင်ကြသည်။
* ဂျောင်ကုရှီး..ကြိုရောက်နေတာလား *
သူနာပြုဂိုရဲ့အသံကြားမှ ပတ်ဝန်းကျင်ကို အကဲခတ်မိတော့သည်။ဂျောင်ကုရဲ့အနား ခပ်သွက်သွက်ပြေးသွားသော လီဆောင်းဝူ
ဦးဆောင်မှုနောက် သူတို့တစ်ဖွဲ့လုံးလိုက်ပါကြရပြန်သည်။မီးခိုးရောင်စွယ်တာလက်ရှည်နဲ့မောင်က သူတို့အဖွဲ့သားတွေကို
အပြုံးလေးနှင့်ဆီးကြိုနေလေသည်။
မဟုတ်သေးဘူး။သူ့တစ်ယောက်တည်းကိုပဲ ပြုံးပြီးစိုက်ကြည့်နေခဲ့တာလို့ပြောရမလား။
သူတို့အဖွဲ့နဲ့ မလှမ်းမကမ်းတစ်နေရာမှာ မောင်ဟာရှိနေခဲ့ပြီးအရပ်လူကြီးတစ်ချို့နှင့် စကားလက်ဆုံကျနေပုံလည်းရသည်။တစ်ပတ်လုံးပျောက်နေခဲ့ပြီးတော့ အခုဘယ်လိုဖြစ်ပြီး ရွာကိုကြိုရောက်နေရပြန်တာလဲ။
* ဂျောင်ကုရှီးဘယ်အချိန်ပြန်မှာလဲ?ဒီရွာကိုရော ဘယ်လိုလုပ်ပြီးရောက်နေတာလဲဟင် *
သူနာပြုဂိုကတော့ သူပြုဂိုပါပဲ။မောင့်ကိုဆို သိပ်အရေးပေးလွန်းပါတယ်။သို့သော် မောင်သည် ဒေါက်တာမှမဟုတ်ရင် ပြုံးပြရယ်ပြဖို့ကိုတောင် တွန့်တိုသူပါ။အခုလည်း ရုပ်တည်ကြီးနဲ့။
* လိုအပ်တဲ့ဆေးဝါးတွေပို့ရင်းနဲ့ ဆေးရုံအုပ်ကြီးက ဒီရွာမှာတစ်ညအိပ်ပြီးမှ ဟန်ဆောင်းကကားနဲ့ပြန်လာခဲ့လည်း ရတယ်ဆိုလို့ *
* အာ..အဲ့လိုရှိတာလား။ *
* ခဏလောက်ဖယ်ပေးလို့ရမလား။ ကျွန်တော် ဒေါက်တာနဲ့ပြောစရာရှိလို့ *
* အာ ဟုတ်ကဲ့။ *
မောင်ကခပ်ပြတ်ပြတ်ပဲပြောရင်း စကားစဖြတ်လိုက်သည်နှင့် သူနာပြုဂိုခမျာအင်တင်တင်ဖြစ်ရလေပြီး သူတို့အနားကထွက်သွားပေးသည်။ဒါပေမယ့်ငြိမ်နေခဲ့သူဟာ ဒေါက်တာပင်ဖြစ်သည်။
ဘာတွေပြောနေကြလဲမသိသလို ဘယ်လိုတွေနေရာထိုင်ခင်းချပေးလိုက်သလဲလည်း
သူမသိခဲ့ပါ။မလှုပ်မယှက်လေးဖြင့် အနေတည်နေပြန်တာမို့ မောင်ကပဲ သူ့အိတ်တွေ
ဆွဲယူရင်း နေရမယ့်အိမ်ဘက်လျှောက်သွားတော့သည်။
* ဒေါက်တာ လာလေ *
လူကြားထဲမှာမို့ဖြစ်မယ်။မောင်ဣန္ဒြေရနေသည်။သိပ်မကြာ..သူတို့တည်းရမယ့်
အိမ်ဖြစ်ဟန်ရသော အိမ်ငယ်လေးရှေ့၌
မောင်ဟာ ခြေတန့်သွားခဲ့ပြီးသူ့ဘက်ကိုလှည့်ကြည့်လာကာ ရယ်ပြပြန်သည်။မောင်က ကိုယ်လွယ်ထားတဲ့အိတ်ကိုပါဆွဲချွတ်ယူသွားခဲ့ပြီး အိမ်လေးထဲအရင်ဝင်သွားသည်။
* မင်းရူးနေပြီလား ..ဒီလိုတွေလုပ်ရာကနေ
ဆက်ခံသူက မင်းမှန်း မိသွားကြရင်ဘယ်လိုလုပ်မလဲ *
* မောင့်အတွက် စိတ်ပူလို့လား *
ဘုန်း။
ဒေါက်တာက မောင့်ကျောပြင်ကြီးကိုအားရှိပါးနားထုရိုက်ပေးသည်။မောင်ဟာ အပြုံးတစ်ချက်မပျက်ခဲ့ဘဲ နာသွားတဲ့ကျောတစ်နေရာကို လက်နောက်ပြန်ပွတ်ပစ်လိုက်ကာ
မချိုမချဥ္ပင် ပြုံးပြလာသေးသည်။
* ပူရတာပေါ့ *
လွှတ်ခနဲထွက်သွားပြီးမှ သူ့နှုတ်ခမ်းလေးကိုခပ်ဖွဖွကိုက်ပစ်လိုက်သူက မောင့်ဂျီမင်။ဂျီမင် မော့မကြည့်ရဲပါဘူး။မောင်မျက်နှာကြီးက အမြင်ကပ်စရာကောင်းအောင်ပြုံးဖြီးနေခဲ့ပြီး သူ့ကိုအမြတ်တနိုးငုံ့ကြည့်နေခဲ့လို့လေ။
* ငါ ငါပြောချင်တာက.. *
နှုတ်ခမ်းလေးကိုက်ကာ ခပ်ဆိတ်ဆိတ်ငြိမ်ကျသွားသူလေးရဲ့မျက်နှာလေးကို မောင်က
အမြတ်တနိုးငေးရင်း ခါးလေးမှနေသိုင်းဖက်ကာ ရင်ခွင်ထဲနေရာချပေးလာသည်။
ပထမတော့ ရုတ်တရပ်အခြေအနေပေမို့
ဂျီမင်က ခပ်ကြမ်းကြမ်းပဲရုန်းပစ်သည်။
* လွှတ်.!။လွှတ်ပေးလေ *
* မရုန်းနဲ့။ရုန်းလည်း မောင်ဖက်ထားမှာပါ *
မောင့်ရင်ခွင်ထဲမှာအသားတကျရှိနေခဲ့ပုံမှာ မြင်သူတကာအဖို့ မနာလိုချင်စရာသိပ်အကောင်းဆုံးပါပဲ။မောင့်ရင်ခွင်နဲ့တိုင်းမွေးထားသလားမေးယူရမည့်အထိ ဂျီမင်ခိုလှုံဖို့အတွက် မောင့်ရင်ခွင်ဟာအံဝင်ဂွင်ကျဖြစ်နေတာလေ။
ရင်ခွင်ထဲက မြတ်နိုးရသူလေးကို ဘေးတိုက်အနေအထားဖြင့် မောင်ကငဲ့ကြည့်လာခဲ့ပြီး
နထင်စပ်လေးကို လေနွေးနွေးဖြင့်မှုတ်ပစ်ကာ တယုတယပဲနမ်းရှိုက်ပစ်သလို ထိုမှတစ်ဆင့် ချယ်ရီယောင်ပါးအို့လွင်ပြင်လေးတစ်ဖက်ထက်ဝယ်လည်း မောင့်နှုတ်ခမ်းပါးနဲ့မောင့်နှာခေါင်းလုံးလုံးမှာ မှေးစက်တင်လေတော့သည်။
*အများကြီးမတွေးပါနဲ့။မောင့်ကို ဘယ်သူကမှသံသယမဝင်ဘူး။မင်းကလွဲရင်ပေါ့။မောင်အဲ့လောက်ထိတောင် ကံကောင်းတတ်နေပြီလား *
ပါးပြင်တစ်ဖက်ကိုနှုတ်ခမ်းပါးတစ်စုံဟာ
မလွှတ်တမ်း ဖိကပ်ထားသည်မို့ မနေတတ်စွာရုန်းမိသည့်အခါ ပိုပို ပိုပြီးဖိကပ်ထားလျက်
တရှုးရှုးနမ်းရှိုက်ကာကျီစားတော့သည်။
* ဘာ ဘာကိုကံကောင်းတာလဲ..ငါက ဒီလိုပဲ စိတ်ပူရုံသပ်သပ်ကို *
* ခရီးပန်းလာတယ်မလား နားလိုက်ဦး။
မောင်အလုပ်တွေမပြီးသေးလို့ သွားတော့မယ် *
* ခဏနေဦး *
ခါးပေါ်ကဖယ်ခွာလုဆဲဆဲလက်တစ်စုံကို အလျင်အမြန်ပဲ ပြန်ဆွဲထားမိသည်။သည့်အတွက်အကြောင်းပြချက်ပေးစရာမရှိပါဘူး။ဒီအတိုင်းပဲ မထွက်သွားစေချင်တာ။
* ဘာမှာချင်သေးလို့လဲ ပြောလေ *
ဒီလိုကျတော့လည်း သူ့မှာထွေထွေထူးထူး
မှာစရာရှိမနေဘူး။ပါးစပ်ထဲတွေ့ကရာ ပြောမိပြန်တော့ မောင်ကခေါင်းလေးမော့ပြီးခပ်ဟဟရယ်ရှာတယ်။
* မထိခိုက်စေနဲ့ *
* အဟက်...! *
ဘယ်လိုဖြစ်ပြီး ဒီတစ်နေ့လုံးအဲ့လောက်ထိ
လွဲနေမိမှန်းမသိတော့ပါဘူး။ရှက်မိသည်မို့ အခန်းပြင်ပြန်ထွက်ဖို့ပြင်နေစဥ္ မောင်က
သူ့လက်တစ်ဖက်ကို လှမ်းဆွဲလိုက်ပြီးနောက်
အသင့်ပြင်ပေးထားတဲ့ အိမ်ရာခင်းလေးထက်ထိုင်စေသည်။
* ဘယ်သွားမှာလဲ။မောင့်ကို ရှောင်စရာမလိုပါဘူး။မင်း မောင့်ရှေ့မှာ ရှက်လည်းရတယ် *
မောင့်ကို ဘာမှပြန်မပြောမိခဲ့ဘူး။နူးညံခြင်းတွေကြား ခေါင်းမထူနိုင်အောင်ပျော်ဝင်သွားမိမှာစိုး၍ မျက်နှာလွှဲထားလိုက်ရသည်။
* မောင်သွားမယ်..။ညနေ ရွာထဲဆင်းရင် မောင်မလိုက်နိုင်လောက်တော့ဘူး ကိုယ့်ကိုကိုယ်ဂရုစိုက်ဗျာ မောင်စိတ်ချမယ် *
* ဘာလို့မလိုက်နိုင်တာလဲ *
* မောင်သွားတွေ့စရာလူရှိလို့ အပြန်နောက်ကျမယ်မောင့်ဂျီမင်..။မောင့်ကို
မစောင့်ဘဲ ထမင်းစားနှင့်နော် *
* ဘယ်သူ့ကို သွားတွေ့မှာလဲ *
ခပ်လောလောမေးသံပြုပြီးမှ သူ့အပြုအမူတွေဟာ အလွန်အကျွံတွေရုပ်ပျက်သွားပြီလားဆိုတဲ့အသိနဲ့ သတိပြန်ကပ်လိုက်ရပြီး နှုတ်ခမ်းကိုပဲကိုက်ထားမိလိုက်သည်။ထိုအခါ
မောင်က နှာခေါင်းက လေထွက်ရုံလေးသာ ပြုံးရှာတယ်။
* ဟွန်း..!။မောင့်အဖိုးကိုယ်စား မောင်တောင်းပန်ရမယ့်လူ! ဒီရွာမှာရှိနေတယ် *
* ငါရောအတူတူလိုက်ခဲ့ပေးရမလား *
* မောင်တစ်ယောက်တည်းပဲ သွားပါ့မယ် *
ဂွမ်းကတ်မထူမပါးလေး ခင်းကျင်းထားတဲ့အိပ်ရာလေးထက်မှာ ပုံ့ပုံ့ကလေးထိုင်နေပေးသည့်ဂျီမင်မှာ တကယ့်ကိုလိမ်မာသည့်ကလေးလေးနဲ့တူသည်။မောင့်လက်အကြီးကြီးတွေထဲ နစ်မြုပ်နေတဲ့လက်ကလေးတွေဟာ အသည်းတယားယားဖြစ်ရစေသည်။
မျက်ဝန်းကျဥ္းလေးများက တန်ပြန်စိုက်ကြည့်လာသည့်အခါ မောင်က မနေတတ်
မထိုင်တတ်သလိုလေး လည်ဂုတ်ကိုဖွဖွကုတ်ရှာသေး၏။အဲ့ဒီနောက််မှာတော့ ဂျီမင်ရဲ့လက်ကလေးတွေကို လက််မနှစ်ဖက်ဖြင့်အသာအယာပွတ်သပ်လိုက်ပြီး မောင့်နှုတ်ခမ်းပါး၌ ထိတွေ့ထားသည်။
* မောင် ဂျီမင်ကို ချစ်တယ် *
မောင့်စကားသံက တိုးတိုးလေး။ရင်ဖွင့်သံက တိုးတိုးလေးနဲ့ နူးညံလှ၏။မာယာတွေမပါခဲ့
မုသားတွေမဆိုခဲ့ မောင်က အရိုးရှင်းဆုံးသောဝန်ခံချက်နဲ့ သူ့အချစ်ကိုလှစ်ဟပြခဲ့တယ်။
••••••• လူဆိုးကောင် •••••••
ဂျီမင်တို့ကျန်းမာရေးအဖွဲ့သားတွေ ရွာထဲမှာကျန်းမာရေးအသိပေးလုပ်ခဲ့ကြပြီးနောက် သက်ဆိုင်ရာတည်းခိုနေကြသည့်အိမ်တွေဆီအသီးသီးပြန်လာခဲ့ကြသည်။ရေမိုးချိုးပြီးကြရင် သူတို့အဖွဲ့သားတွေနဲ့အတူ ရွာလူကြီးအိမ်၌ထမင်းစားသွားကြရပေဦးမည်။
ဂျီမင်သာ အိမ်ကိုပြန်ရောက်လာခဲ့ပေယ့် မောင်တစ်ယောက်ကတော့ ညနေစောင်းတဲ့အထိပြန်မရောက်သေးပါဘူး။ထို့ကြောင့် မောင့်ကိုမရှာနေတော့ကာ အဖွဲ့သားတွေနဲ့ပဲ ထမင်းသွားစားလိုက်ရသည်။
စားသောက်ပြီးတော့မှပဲ အိမ်လေးဆီပြန်လာခဲ့ပါတယ်။အိမ်ရှေ့မှာချွတ်ထားတဲ့ဖိနပ်လေးကြောင့် သူ့ပြုံးမိသွားတာကိုမညာချင်ပါဘူး။
အိမ်လေးထဲကိုမဝင်ချင်သေးတာနဲ့ ခြံထဲကကွပ်ပျစ်မှာထွက်ထိုင်နေမိပြီး ဘာရယ်မဟုတ် ကြယ်တွေကို ထိုင်ငေးနေမိသည်။နံဘေးမှာ မောင်ဝင်ထိုင်လိုက်တာကိုမျက်ဝန်းထောင့်စွန်းကနေ တစ်စွန်းတစ်စမြင်လိုက်သော်ငြားလျစ်လျရှု့၍သာ ထားလိုက်မိပါသည်။
မောင်ဟာ လက်နောက်ပြန်ထောက်ထားပြီးခေါင်းကိုအနည်းငယ်မော့ထားကာ သူ့နည်းတူ ကြယ်တွေကိုတိတ်တဆိတ်ငေးကြည့်နေခဲ့သည်။တလှုပ်လှုပ်ဖြစ်နေတဲ့မောင့်နှုတ်ခမ်းပါးလေးတွေအရဆို ကြယ်တွေကို
မောင်ရေတွက်နေတာများလား။ဒီလိုဆို ပင်ပန်းရုံပဲရှိတော့မှာပေါ့ မောင်ရယ်။
* ဂျီမင်အထဲဝင်တော့ အပြင်ကအေးတယ် *
* ငါရပါတယ် *
* မင်းရပေမယ့် မောင် မရဘူးလေဗျာ *
ထိုင်နေသေးတဲ့သူ့ကို မောင်က လက််မောင်းတစ်ဖက််မှနေ မရမကဆွဲထူလိုက်ပြီး အိမ်ထဲဝင်စေရန် တင်ပါးတွေမှနေအတင်းတွန်းပို့ရှာ
သည်။မောင့်ပုံစံကြည့်ရတာ သူ့ကိုအေလျာ့ပေးမယ်မထင်ပါဘူး။
ပြိုင်ခံငြင်းလို့လည်း နိုင်မှာမဟုတ်မှန်းသိနေပြီးသားမလို့ သက်ပြင်းချရုံခေါင်းယမ်းရုံပဲတတ်နိုင်ခဲ့ပြီး အိမ်လေးထဲဝင်ဖို့ဖြစ်လာခဲ့ပြီ။
မောင်က တစ်ခါတည်းယူလာခဲ့ပုံရတဲ့ခေါင်းအုံးကလေးကို ကွပ်ပျစ်၏အလယ်တွင်နေရာချလိုက်ပြီးသောအခါ လှဲချလိုက်တော့သည်။ခေါင်းအောက််မှာ လက်နှစ်ဖက်ကိုကွေးကာခုထားလျက် ကြည်တွေကိုငေး
နေပြန်သေးသည်။
ဒီအချိန်မှာ ေမာင့်ရင်ထဲဘာတွေရှိနေမလဲ?မောင့်ခေါင်းလေးထဲ ဘာတွေတွေးနေမလဲ
သိပ်သိချင်လိုက်တာ...။
အိမ်လေးထဲရှိဂျီမင်မှာလည်း ခြုံစောင်လေးကိုလက်လေးနှစ်ဖက်ဖြင့်ဆုပ်ထားရှာပြီး အိပ်ရာလေးထက် ဟိုလှိမ့်ဒီလှိမ့်ဖြင့် အိပ်လို့မပျော်ပါ။ဘယ်လိုမှ ဆက်မအိပ်နိုင်တော့တဲ့အဆုံးမှာတော့ တံခါးအပြင်ဘက်ကမောင့်ကိုထချောင်းဖို့ အိပ်နေရာမှထလိုက်တော့သည်။
မောင့်ခမျာ ခြင်တွေဝိုင်းဆွဲနေလို့ရထင်ပါရဲ့လက်နှစ်ဖက််မှာ မအားရပေ။တဖတ်ဖတ်
ခြင်ရိုက်သံတွေဟာ အိမ်လေးထဲထိလျှံကျလာတာမို့ မနေသာတော့တဲ့အဆုံးမှာ ကွပ်ပျစ်လေးဆီထွက်လာခဲ့ပြီး မောင်အုံးထားတဲ့ခေါင်းအုံးလေးကိုဆွဲထုတ်လိုက်သည်နှင့်
မောင့်ခေါင်းနှင့်ကြမ်းခင်းဟာ ဒုန်းခနဲမိတ်ဆတ်ရလေတော့သည်။
" ဒုန်းးး! "
* အ့..!မောင့်ဂျီမင်ကလည်း *
နောက်စေ့တစ်ဝှိုက်ကိုပွတ်ရင်း မောင်ဟာမျက်ရည်တဝဲဝဲနဲ့ ထိုမျှသာ ပြောနိုင်ခဲ့၏။
* အထဲလိုက်ခဲ့...မနက် လေမဖြတ်ချင်ရင် *
ေခါ်တဲ့လူကိုယ်တိုင်က ကြည်ကြည်ဖြူဖြူအထဲဝင်ခွင့်ပေးနေမှတော့ မူစရာဘာလိုဦးမလဲ။ဂျီမင်နောက်ကနေ အပိုးကျိုးစွာလိုက်ဝင်သွားခဲ့ပြီး ခပ်ကျဥ္းကျဥ္းအိပ်ယာလေးထက်
မောင်တို့အတူအိပ်ဖို့ဖြစ်လာခဲ့ကြသည်။
ဂျီမင်ကနံရံဘေးနားကပ်အိပ်ခဲ့ပြီး
မောင်ကတော့ တစ်ဖက်ခြမ်းမှာနေရာယူထားခဲ့ကာတစ်ထောင့်စီကပ်အိပ်ခဲ့ကြသည်။
တစ်ယောက်အိပ်စောင်လည်းမဟုတ် နှစ်ယောက်အိပ်ေစာင်လည်းမဟုတ်တဲ့စောင်သေးသေးလေးအောက်တွင် အတူရှိနေရတာကတကယ်ကို မလွတ်မလပ်နဲ့။
မျက်နှာလေးသာဖော်ထားရှာတဲ့ ဂျီမင်၏ မျက်နှာအစ်အစ်လေးကိုမြင်လိုက်သည့်
မောင့်မှာ ဒေါက်တာ့ကိုအသည်းယားလွန်းလို့ သူ့ချစ်စိတ်တွေကို ဆက်၍မထိန်းချုပ်နိုင်တော့ဘဲ တစ်ဖက်ခြမ်းကိုလှိမ့်လာခဲ့သည်။
* မောင်လို့ တစ်ခါလောက်ခေါ်ပေးပါလား *
မောင်က အကြောက်အလန့်မရှိအတင့်ရဲလွန်းလိုက်တာ။
* ဟင့်အင်း *
စောင်ပုံကြားထဲကနေ တိုးထွက်လာတဲ့
အသံပိစိလေးက ခက်အက်အက်လေးနဲ့ရယ်.. အဟုတ်ကိုဖျစ်ညှစ်ချင်တာပဲသိတော့တယ်။
* မောင်ကြားချင်လို့ပါ *
* မခေါ်ချင်ဘူး *
* မောင့်ကို မုန်းနေတုန်းပဲလား *
* ငါ..ငါ မမုန်းတော့ပါဘူး *
* ဒါဆို ခေါ်လေဗျာ..ဘာကခက်နေလို့လဲမောင်ကြားချင်လို့ ခေါ်ပေးပါနော် *
* ဟင့်အင်းဆို *
* မောင့်ဂျီမင်က-ဗျာ *
ကလေးမုန့်ပူဆာသလိုကို မောင်က ဂျီကျနေတော့တာပါပဲ။မောင့်အသံလေးက တကယ်ကိုတိုးတိုးမို့ ဒေါက်တာ့မှာရှက်ရသည်။မောင့်လေယူလေသိမ်းကအစနူးညံနေခဲ့ပြီး မောင့်နှုတ်ခမ်းပါးတွေဟာ သူ့ပါးပြင်တစ်ဝှိုက်အနားတစ်ဝဲလည်လည်နှင့်မို့ပိုပြီးရှက်ရသည်။
* ငါခေါ်လို့ရော ဖြစ်ပါ့မလား *
* ဘာလို့မဖြစ်ရမှာလဲ?မင်းခေါ်ချင်နေတာပဲ ခေါ်ပေါ့...မောင်လည်းကြားချင်တယ်လေ *
* အဲ့လိုဆိုပေမယ့် ငါကအပြောင်းအလဲမြန်တယ်လို့ မင်းထင်သွားမှာစိုးတယ် *
* မောင့်ဂျီမင် အတွေးတွေချော်နေပြန်ပါပြီ..။မောင်ကိုယ်တိုင်က အခေါ်ခံချင်လွန်းလို့ရူးတော့မယ်ဗျ။မောင်ကိုယ်တိုင်ကခေါ်ခိုင်းနေတာလေ။တစ်ခြားဘာကိုမှမကြည့်နဲ့.!မောင့်ကိုပဲကြည့်နေပေး *
ဂျီမင်ဘာကိုဦးတည်ပြီးပြောနေသလဲ မောင်ကောင်းကောင်းသိတယ်။ထပ်ပြီးစည်းတားခံရမှာကို မောင်ကအကြောက်ဆုံးပဲ။မောင့်အကြောက်တရားက ဂျီမင်ကိုယ်တိုင်ဖြစ်နေတော့ ဒီလိုအသေးအမွှားလေးကအစ မောင်ထိခိုက်လွယ်တယ်။
* မောင့်ဂျီမင် ဝမ်းနည်းသွားတာလား။ဆောရီးကွာ မောင်အသံမာသွားမိတယ်။ *
ချော့ကာမှ ပိုဆိုးသွားသလားမပြောတတ်။
ဂျီမင်က စူးစိုက်ကြည့်နေရုံကလွဲလို့ ဘာဆိုဘာမှပြောမလာတော့သည့်အခါ မောင်ဟာ သူ့ဆံပင်တွေကိုသူလက်တွေနဲ့ခပ်ကြမ်းကြမ်းဆွဲဆုပ်ထားခဲ့သည်။
* ဟူးးး!ထားလိုက်ပါတော့ မောင်ဖိအားမပေးတော့ဘူးနော် အဲ့အစား မင်းကတော့ မောင့်ရှေ့မှာမျက်ရည်မဝဲပြနဲ့ *
ပါးပြင်နုနုကို လက်မလေးဖြင့်အသာအယာပွတ်ပေးပြီးနောက် မောင်ကကျောခိုင်းကာ
တစ်ဖက်လှည့်သွားတော့သည်။
မောင် အိပ်ပျော်ဦးမှာမဟုတ်မှန်းသိပါတယ်။မောင့်ရဲ့နောက်ကျောပြင်ကအင်္ကျီစေလးကို ခပ်ဖွဖွဆွဲဆုပ်လိုက်ရင်း ရှက်လွန်းလို့မထွက်တော့တဲ့သူ့အသံကို ခဲရာခဲဆစ်ထုတ်လျှက်..။
* မေ-မောင်~~ *
ဒီတစ်ခါမှ မလိုက်ရောမိရင် တစ်သက်လုံးနောင်တရသွားနိုင်တဲ့ ခံစားချက်ကြီးကိုမုန်းလို့ ငါရူးပါရစေတော့မောင်။
အဖျားခတ်ကာ တုန်ရီနေတဲ့အသံလေးကြောင့် မောင့်ခေါင်းလေးမှာ ဆတ်ခနဲထောင်လာခဲ့ပြီး ကျောပေးထားမိတဲ့ကိုယ်ငယ်လေးကိုလှည့်ကြည့်လိုက်တော့သည်။လက်ခနဲဖြစ်သွားတဲ့ မောင့်မျက်လုံးလေးတွေက သိပ်လှလွန်းပါတယ်။
* မောင်!!အခု မောင့်ကိုခေါ်လိုက်တာလား?ပြန်ခေါ်ပါဦးကွာ မောင်လို့ပြန်ခေါ်ပေးပါဦး *
မယုံနိုင်စွာမေးမိလေတော့ ရှက်ဝဲလေးလေးနဲ့ခေါင်းညိတ်ပြလာခဲ့ပြီး ထိုသို့ခေါ်လာပြန်၏။
* မောင် *
* ဗျာ *
ကျေကျေနပ်နပ်ကြီးပင် ပြန်ထူးပေးသည်။
အသံတိုးတိုးလေးကြောင့် မောင်ကလွန်စွာနှစ်ခြိုက်နေဟန်နဲ့ပြုံးရယ်လာခဲ့ပြီး
ဂျီမင်၏နှုတ်ခမ်းဖူးနား သူ့နားရွက်လေးကို
အသာတိုးကပ်လေပြီး တေ့ထိပေးလာခဲ့သည်။ဆိုလိုရင်းက...မင်းပြောချင်ရာပြောမောင်နားထောင်နေပါတယ်ပေါ့။
* မောင်.. *
* ဟုတ်ကဲ့ *
တိုးတိုးညှင်းညှင်းအသံလေးက မည်မျှထိ
တိုးညှင်းသလဲဆို လေတိုးသံသဲ့သဲ့လေးကိုတောင်အတိုင်းသားကြားနေရတဲ့အထိ။
* မောင်လို့ ထပ်ခေါ်ပေးပါဦးလား *
* တော်..တော်ပြီလေ ငါရှက်တယ် *
* ဒီအသံလေးကို မောင်ရူးမတတ်တောင်းတခဲ့ရတာလေကွာ။အခုကြားလိုက်ရတော့ မောင်မတင်းတိမ်နိုင်တော့ဘူး။ထူးချင်သေးလို့ ခေါ်ပေးပါဦးလား မောင့်ဂျီမင်ရယ် *
* ပိုလွန်းနေပြီ *
* မပိုဘူး လိုတောင်လိုနေသေးတာ *
* မောင်ကတော့..! *
ဂျီမင်က ရှက်နေတဲ့ကြားကနေ မောင့်မျက်နှာကိုစူးစူးနစ်နစ်စိုက်ကြည့်ရင်း မရမက မျက်စောင်းလေးရွယ်သည်။
* ဟီး နားထောင်လို့ကောင်းလွန်းတယ်ကွာ *
* မောင်တဏှာရူးလေး *
သဘောကျလို့မဆုံးနိုင်တော့တဲ့ မောင်အကဲပိုကို မြင်ပြင်းကပ်လှပြီမို့ ရင်အုပ်တစ်ဖက်အား မနာအောင်ရိုက်ပစ်လိုက်သည်။မောင်ကသူ့လက်သီးဆုပ်လေးတွေကို ဖမ်းဆုပ်လိုက်ပြီး အကြည့်ချင်းဆုံစေလိုက်တာမို့ အရယ်တွေပါတန့်ကုန်ရပြီ။
* မင်းပေးခဲ့တဲ့နာမည်တွေထဲ မောင်ဒီတစ်ခုတော့ သဘောအကျဆုံးပဲ *
* ဘာ ဘာလုပ်မလို့ ငါ့အပေါ်အုပ်မိုးလာရတာလဲ.. ငါကြောက််တယ်နော် *
* မောင်မယုတ်မာပါဘူး ယုံပေးပါ *
ဘေးတစောင်းလေးလှဲနေသူလေးအပေါ် မောင်က အုပ်မိုးပစ်လိုက်ပြီး မျက်နှာလှလှလေးကိုတစ်စိမ့်စိမ့်ထပ်ကြည့်ပြန်ကာ
နှုတ်ခမ်းတွေချင်း ထိတွေ့စေသည်။
ဂျီမင်အပေါ် သူ့ကိုယ်လုံးကြီးပိကျမှာစိုးလို့ တံတောင်ဆစ်နှစ်ဖက်အားအသုံးပြုကာ
ဂျီမင်ရဲ့ခေါင်းနံဘေး၌တစ်ဖက်တစ်ချပ်စီထောက်ထားခဲ့သည်။သိပ်မကြာလိုက်တဲ့
အချိန်လေးအတွင်းမှာပဲ မောင့်နှုတ်ခမ်းဟာ ဖယ်ခွာသွားခဲ့သည်လေ။
* မင်းအနမ်းတွေကို မောင်စွဲလန်းနေပြီ။
မောင့်ရဲ့မူးယစ်ဆေးလေး...ယစ်မူးစေတယ်
မိန်းမောစေတယ်...မင်းမရှိရင် မောင်တော့
သေရပါလိမ့်မယ် မောင်ဂျီမင် *
* ငါရောပဲ..။ *
* ဟုတ်လို့လား မောင်တော့အဲ့လိုမထင်ဘူးနော် *
* ဟင် ဟုတ်ပါတယ်။ငါမလိမ်တတ်ပါဘူး *
* လိမ်နေတာအသိအသာကြီးကို။မောင့်အနမ်းထက် မောင့်နှုတ်ခမ်းကိုပိုစွဲလန်းနေတာ
မလား။မညာပါနဲ့ ဘေဘီရယ် *
* ရွံစရာသတ္တဝါလေး ငါ့ကို မထိနဲ့တော့ *
* နိုး ထိမှာပဲမရဘူး *
* ဖယ်တော့ *
မောင်ဟာ နောက်ထပ်တစ်ကျော့ပြန်ပွေ့ဖက်လာခဲ့ပြီး မစဲသောအနမ်းမိုးတွေကိုပြန်စလိုက်သည်နှင့် ဂျီမင်၏မျက်လုံးလှလှလေးတွေမှာ အလိုအလျောက််မှေးမိှတ်ကျသွားတော့သည်။စိတ်ကမခိုင်းစေပါဘဲနဲ့ ဂျီမင်၏
လက်ချောင်းသွယ်သွယ်လေးများမှာ မောင့်လည်တိုင်ထက်တွင် ရစ်သွယ်လာခဲ့ရင်း..။
ရင်ခုန်သံတွေထပ်တူကျနေတာလောက် ရင်ခုန်စရာထပ်မရှိတော့။နမ်းနေရက်နဲ့မောင်က ပိုနမ်းချင်လာပုံဖြင့်ဖိဖိနမ်းလာခဲ့သည်။
အနမ်းဘာသာရပ်မှာအလုပ်ရှုပ်နေတဲ့ကြားက
ပင် မောင်ဟာ နှစ်သက်သလိုလေး ပြုံးဖြစ်အောင်ပြုံးလိုက်ပါသည်။
အနမ်းလည်းမပျက်စေရ...
ရင်ခုန်တာလည်းမပျက်စေရ...
မင်းကို အချစ်လည်းမလျော့စေရပါ။
မောင် အဲ့လောက်ထိ ချစ်တယ်။
* မောင့်ကို ပြန်ချစ်ပေးမယ်မလား ..ဟင် *
ေမာင်ကငတုံးကောင်ပဲ.....။
x x x x x x x x x x x x x x x x x x x x
(ဖတ်ပေးကြသူအားလုံးကို ကျေးဇူးတင်ပါသည်။)
x x x x x x x x x x x x x x x x x x x x x x
.
.
.
.
.
( Zawgyi )
( အပိုင်းတစ်ဆယ့်လေး )
တည့်တည့်တွင် ထူးထူးဆန်းဆန်းလူတစ်ယောက်ကိုမြင်လိုက်ရသည်နှင့် ပတ်ခ်ဂျီမင်၏ခြေလှမ်းတွေမှာတန့်ခနဲဖြစ်သွားရလေပြီးတစ်ဆက်တည်းဆိုသလို လက်ထဲကကြွပ်ကြွပ်အိတ်လေးကိုပါ ခပ်တင်းတင်းဆုပ်ချေလိုက်မိသည်။
အငွေ့အသက်တွေက သင်္ကာစရာနည်းနည်းလေးမှ ကောင်းမနေဘူး။ဒီလိုတွေ ခိုးကြောင်ခိုးဝှက်ချောင်းမြောင်းနေပုံထောက်ရင် သူခိုးများလား?။
* ဘယ်သူများလဲ *
အနွေးထည်ကြီးထဲ လက်ကလေးတစ်ဖက်ကိုထိုးထည့်ထားတာမို့ လူတစ်ကိုယ်လုံးဟာ ဂွမ်းထုတ်ကြီးထဲ နစ်မြုပ်နေသလို။ကျောပေးထားပြီး ကုန်းကုန်းကွကွလုပ်နေသူနောက်တဖြည်းဖြည်းချင်းတိုးကပ်သွားကြည့်မည့်အစား အဝေးကနေပဲသူအကဲခတ်နေခဲ့၏။
သူတို့တိုက်အောက်မှာ မယောင်မလည်လုပ်နေတဲ့လူတစ်ယောက်။ထိုလူရဲ့ပုံပန်းသဏ္ဍာန်ကို သိသလိုလိုတော့ရှိသား။ဘယ်သူလဲဆိုတာဓာတ်ဖမ်းဖို့ ဝေခွဲလို့မရနေတာကလွဲရင် အဲ့ဒီလူကို သူသိပါတယ်။
ထိုလူကို ပထမတစ်ခေါက်သူဆင်းလာကတည်းက တွေ့တာပါ။ကိုယ်တွေနေတဲ့အလွှာကိုမော့ကြည့်မော့ကြည့်လုပ်နေကတည်းက သင်္ကာမကင်းဖြစ်ခဲ့တာတော့အမှန်ပဲ။
သူခိုးလို ခိုးကြောင်ခိုးဝှက်နဲ့သူများတကာတိုက်အောက်မှာ ဘာလာချောင်းနေတာလဲ။
ဘာရယ်မဖြစ်နိုင်ပါဘူး ဒီအတိုင်းသူစိတ်ထင့်နေတာပဲဖြစ်မယ်လို့ယူဆပြီး ကျော်သွားပေးခဲ့တာ။အခုတော့..အခုတော့ သူထင်သလိုဖြစ်နေပြီထင်တယ်။
* ဒါ..ဒါ လီဆောင်းဝူမဟုတ်ဘူးလား *
အံဩလွန်းလို့ သူ့ပါးစပ်ကိုသူ လက်နဲ့ပြန်ပိတ်ထားလိုက်မိတဲ့အထိတွေ။
အချိန်အားဖြင့် ညဆယ်နာရီဝန်းကျင်ဆိုတာက တော်တော်လေးညနက်နေပြီလို့ ပြောလို့ရတယ်မလား။ဒီလီဆောင်းဝူက သူတို့တိုက်ဝန်းထဲဘာလာလုပ်နေတာလဲ။အချိန်မတော်ကြီး ဘယ်သူ့ကိုလာချောင်းနေတာပါလိမ့်။
ရင်းနှီးသလိုလိုရှိနေတဲ့ ထိုလူရဲ့ကျောပြင်ကိုကြည့်နေရင်းမှာပင် ဂျီမင်၏မျက်ဝန်းလေးတွေမှာ လက်ခနဲ။
* လီဆောင်းဝူရှီ ..! *
ဟုတ်နိုးဟုတ်နိုးဖြင့် မရဲတရဲလှမ်းခေါ်ဖြစ်သည်။အော်ခေါ်ပြီးကာမှ လူမှားမှာလည်း စိုးရသား။ဒါပေမယ့် လှည့်ကြည့်လာခဲ့တဲ့
ထိုလူရဲ့မျက်နှာကြီးကို သူကောင်းကောင်းရင်းနှီးနေပါတယ်။မကြာခဏဆုံဖူးနေကျ
မျက်နှာကြီး။
* မှန်နေတာပဲ လီဆောင်းဝူရှီ ..ဒီမှာဘာလုပ်နေတာလဲ *
ဒီလူ..ဒီလူက ကိုယ်တွေဆေးရုံကဝန်ထမ်းပဲ။
ရုံးပိုင်းက လီဆောင်းဝူဆိုတာလေ။ဟန်ဆောင်းရဲ့ဆက်ခံသူဆိုပြီး သတင်းတွေထွက်နေတဲ့တစ်ယောက်။ဟုတ်ပါတယ် အဲ့ဒီဇောင့်ကြွားကြွားနဲ့လူကို သူလုံးဝကြည့်လို့မရပါ။
* ဟင် ဒေါက်တာပတ်ခ် ! *
ထိုလူက ကိုယ့်ကိုလှည့်ကြည့်လာခဲ့ပြီး မျက်လုံးများပြူးကျသွားခဲ့သည်။ပါးစပ်ကြီးဆို ဟောင်းလောင်းပွင့်ကျသွားလိုက်တာများ
ယင်ကောင်ပင်ဥဥချလို့ရမည်။
တစ်ယောက်မျက်နှာ တစ်ယောက်စိုက်ကြည့်နေကာ "ဘာလဲ"ဟူသော အကြည့်နက်နက်တွေနဲ့ အပြန်အလှန်အကဲခတ်နေကြသည်။သေချာပေါက် လီဆောင်းဝူကတော့ ဒီအခြေအနေကြားကနေ ထွက်ပြေးချင်ပြီမှန်းအသိသာကြီးပါ။
မအီမလည်မျက်နှာကြီးဖြင့် ခေါင်းပဲကုတ်တော့မလိုလို ဖင်ပဲကုတ်တော့မလိုလိုနှင့် ဗြာများနေရသည့်ပုံ။ဒေါက်တာပတ်ခ်ကတော့
လက်ညိုးပိစိလေးတစ်ထိုးထိုးနှင့် ရှေ့ကိုခြေတစ်လှမ်းချင်းတိုးလာပုံမှာ ရှာလော့ဟုမ်းနဲ့ပင်တူနေသေး၏။
မပြောပြရသေးဘူးနော် *
တကယ်ကြီးကို ချောင်ပိတ်ဖမ်းနေခဲ့တာပဲ။
* ဟို..ဟို ကျွန်တော် ဒီနားကိုလာရင်းနဲ့ ဒီတိုက်က အသိတစ်ယောက်ဆီဝင်လည်မလို့..အဲ့တာ အဲ့တာသူဘယ်အထပ်နေလဲ မေ့နေလို့ *
အခုလီဆောင်းဝူက ငါ့ကိုလိမ်နေတာပဲ။
ဒီလောက်အထိအသိအသာကြီးကို။စကားတွေက အစီအစဉ္ကျကျနဲ့ထွက်မလာဘူးလေ။သူ့ပါးစပ်ကလိမ်ညာပြောဖို့အတွက်
ဦးနှောက်ကိုအမြန်အလုပ်ပေးနေရတာ။
ကယောင်ကတမ်းဖြစ်နေတဲ့ဒီလူ့မျက်လုံး!
စာမရတဲ့ကလေးလိုမျိုး စကားတစ်လုံးထွက်လာဖို့အရေးမနည်းအားစိုက်နေရှာတာများ ရယ်ပစ်ချင်စရာသိပ်ကာင်းတယ်။ဒီလီဆောင်းဝူရဲ့ ယုတ္တိမရှိတဲ့စကားတွေကို ယုံပေးရမယ့်အထိတော့ ငါမတုံးသေးပါဘူး။
* မဟုတ်ပါဘူး ဒေါက်တာပတ်ခ် မဟုတ်ဘူး *
လီဆောင်းဝူက လက်တစ်ခါခါနဲ့အသည်းအသန်ငြင်းရှာပြီး မျက်လုံးတွေကလည်းမူမှန်မနေပါ။
* ဒါဆိုဘယ်သူလဲပြောပြလေ?ကျွန်တော်နေတဲ့တိုက်ကိုရုတ်တရတ်ရောက်လာခဲ့ပြီး
လာတွေ့တာက ကျွန်တော်မဟုတ်ဘူးဆိုတော့... ခင်ဗျားတွေ့ချင်နေတဲ့အသိက ကျွန်တော်အပြင် တစ်ခြားလူရှိသေးတာလား *
ဘယ်သူကိုမှမပြောပြထားခဲ့ဖူးဘူး။စီနီယာကလွဲရင် ဆေးရုံကလုပ်ဖော်ကိုင်ဖက်တွေတောင်မသိဘူး။
ဒါကို ဒီလူက ရုတ်တရတ်ကြီးရောက်လာခဲ့ပြီး
တွေ့ရမယ့်လူရှိလို့ လာလည်တာပါတဲ့။မဟုတ်မှလွဲရော..!ငါ့ကိုတစ်ခုခုအန္တရာယ်ပေးဖို့ရောက်လာခဲ့ပြီး ငါနဲ့ထိပ်တိုက်တွေ့လိုက်ရလို့ သပ်သပ်မဲ့ဆင်ခြေတွေပေးနေတာများလား။
* ဒေါက်တာပတ်ခ်ဆီ လာလည်တာမဟုတ်ပါဘူးဆို။ဒီအတိုင်း ကျွန်တော့်အသိပါ။ဒေါက်တာပတ်ခ်နဲ့မဆိုင်ဘဲ သပ်သပ်တွေ့ရမယ့်လူ *
သူကအဲ့လိုလုပ်လေ ဒေါက်တာပတ်ခ်က
ပိုသံသယကြီးလေနှင့် လုံးချာလည်နေကြရဲ့။
လုံခြုံရေးဦးလေးကြီးကို ခေါ်လိုက်ရုံပဲရှိတာပေါ့ *
* ဘယ်လုံခြုံရေးကိုခေါ်မှာလဲဗျ *
* မင်းနဲ့ဆိုင်လား.. ဒီမှာ . *
ဂျီမင်အဖို့ ရုန်းချိန်တောင်မရလိုက်ပါဘူး။
ပြီးပြန်တော့ အုတ်ဘောင်းတန်းမှာ သူကဖင်ထိုင်ချလိုက်ပြီး ဂျီမင်ကိုပါ သူ့ဘေးဝင်ထိုင်းခိုင်းသည်။ဂျီမင်လည်း သိချင်နေတဲ့စိတ်က
ပိုများနေတာမို့ တွန့်ဆတ်နေသည့်ကြားကပဲ
နေရာယူလိုက်မိတော့သည်။
နောက်အနည်းငယ်ဆုတ်လိုက်ရသည်။ထိုအခါ လီဆောင်းဝူက သူ့အနားထပ်တိုးလာခဲ့ပြီး တိုးတိုးလေးပြောပြမှဖြစ်မှာမို့ သူ့ကိုမကြောက်ပါနဲ့တဲ့လေ။
* အစ်ကိုလေးက ဘယ်သူလဲ *
အခုသူတို့နှစ်ယောက်ပုံစံက အတင်းပြောနေကြတာနဲ့တူမနေပေဘူးလား။
* ဟန်ဆောင်းရဲ့ဆက်ခံသူ..အခုတော့ ဥက္ကဌကြီးလို့ပြောရမလား *
စိတ်မလှုပ်ရှားနဲ့ဦးနော် *
* မဖြစ်နိုင်တာ *
ဥက္ကဌကြီးကဘယ်သူလဲ လီဆောင်းဝူကပြောပြပေးနိုင်မလား *
ဂျီမင်က ရှုတည်တည့်လိုက်ကြည့်လိုက်ပြီးနောက်နှာခေါင်းရှုံချေသည်။ဘယ်သူကမေးလို့ အတင်းတွေဖြေချင်နေရတာလဲ။
* ဟူတ်ကဲ့ အကျင့်ပါသွားလို့...ဒါဆိုဥက္ကဌကြီးအကြောင်းပဲ ဆက်ပြောတော့မယ်နော် *
* လီဆောင်းဝူရှီ လိုရင်းရောက်ဦးမှာလား *
* အာ.. ဆောရီး *
ဒီနားမှာတင်လည်နေပြီး ဒီဟာမှာတင်ကွက်ရှုပ်နေတာမို့ သိချင်ဇောနဲ့ခပ်ဆောင့်ဆောင့်အော်လိုက်မိတယ်။ဒါပေမယ့် လီဆောင်းဝူဘက်ကစိတ်ဆိုးသွားပုံမရပါဘူး။ဥက္ကဌကြီး
အကြောင်း ဖောက်သည်ချချင်နေရုံကလွဲလို့
ဘာတစ်ခုမှအာရုံမရှိပုံဖြင့် စကားဆက်ပြန်သည်။
* Jလုပ်ငန်းစု? *
နီယွန်းမီးတိုင်အောင်မှာထိုင်နေကြတာမို့ ထိုမီးတိုင်ရဲ့အလင်းရောင်ဟပ်မှုကြောင့် ဂျီမင်ရဲ့မျက်အိမ်ကြည်ကြည်လေးတွေမှာ တဖိတ်ဖိတ်လဲ့တောက်ပနေ၏။မျက်မှောင်ကြီးကုပ်လျက် နှာခေါင်းလေးကိုရှုံပစ်လိုက်ကာ ဦးနှောက်ကိုအသည်းအသန်အလုပ်ပေးသည်။
Jလုပ်ငန်းစုတဲ့လား။Jလုပ်ငန်းစုနဲ့ ဂျွန်ဂျောင်ကုက တစ်ခုခုတော့ဆက်စပ်မှုမရှိနေနိုင်ပါဘူးနော်။အဲ့လူဆိုးကောင်က သူဌေးအိမ်က
အငယ်ဆုံးသားလေးမှန်း သိပါတယ်။
ဒါပေမယ့် ဒီလောက်ထိ ကျိကျိတက်ချမ်းသာကြတဲ့ မျိုးရိုးကဆင်းသက်လာတဲ့
ရွှေဘုံစံမင်းသားလေးတော့ မဖြစ်နိုင်ပါဘူး။ချမ်းသာပေမယ့် Jလုပ်ငန်းစုရဲ့ဆက်ဆံသူတော့မဟုတ်ဘူးမလား။
အဲ့လူဆိုးကောင်သာ ဆက်ခံသူအစစ်ဖြစ်နေရင်ရော။ဒါဆို ဟန်ဆောင်းရဲ့ဥက္ကဌကြီးက သူပေါ့။ငါ့မျက်စိရှေ့က ဒီလီဆောင်းဝူမဟုတ်ဘဲ ဂျွန်ဂျောင်ကုဆိုတဲ့ မျက်နှာရူးက
တကယ့်ဥက္ကဌကြီးလား။
သူ့အတွေးတွေက အပြင်ကိုလျှံကျသွားတာလား။ငါ့စိတ်ထဲက ဘာတွေတွေးနေသလဲကို
ဒီလီဆောင်းဝူက ဘာလို့အကုန်သိနေရတာလဲ။ဝါး!ဂျွန်ဂျောင်ကုတပည့်လို့မပြောရဘူး။ငါ့စိတ်ကိုခန့်မှန်းနိုင်နေတာပဲ။
ငါအံတောင်မဩနိုင်တော့ပါဘူး ဂျွန်ဂျောင်ကုရယ်။တကယ်သရုပ်ဆောင်ကောင်းတဲ့ကောင်။ငါ့လာလာရှုပ်နေမယ့်အစား ရုပ်ရှင်မင်းသားလုပ်စားခဲ့သင့်တာ။ဆရာ
* အဲ့လောက်တောင်ပဲ ဂျောင်ကုကိုကြောက်ရတာလား *
စိုက်မကြည့်နဲ့လေ *
သက်ပြင်းလေးခါကာခါကာနဲ့ အတင်းချကောင်းနေတုန်း သူ့အား မျက်လုံးပြူးကြီးနဲ့စိုက်ကြည့်နေသောဒေါက်တာကြောင့် အခုချက်ချင်းပဲလိပ်ပြာလွင့်ရတော့မလိုလို။
* ဘယ်လို!! *
* ဟုတ်တယ်..ဒီကွန်ဒိုကိုပြောင်းသွားတဲ့နေ့ကတည်းက အိမ်တော်ဘက် ခြေဦးတောင်
မလှည့်တော့ဘူး။အဲ့တာ ဘာတွေလုပ်ပြီး ဘယ်လိုတွေဖြစ်နေသလဲသိချင်လို့ အရင်ဥက္ကဌကြီးက လွှတ်လိုက်တာနဲ့ ကျွန်တော်
လာချောင်းနေရတာပါပဲ။ခိုင်းတဲ့အတိုင်းလုပ်ရုံကလွဲလို့ ကျွန်တော်အပြစ်ကင်းတယ်မလားဟင်။ကျွန်တော့်ကို အစ်ကိုလေးနဲ့ပြန်မတိုင်ပါနဲ့ *
မျက်နှာကြောတစ်ခုလုံးရှုံ့မဲ့၍ သူ့စိတ်ထဲမကျေမနပ်ချက်ဖြစ်သမျှကို ပေါက်ကွဲပြီးကာမှ အားနာသွားဟန်ရပြီး ဂျီမင်ကိုလှည့်ကြည့်ကာ ဟီးခနဲရယ်ပြလာသည်။ဘေးချင်းကပ်လျက်ထိုင်နေခဲ့ကြပြီး လေထုကအေးစက်နေခဲ့၏။
* ရ ရပါတယ် လီဆောင်းဝူ *
* ဟင် မသိဘူးလေ *
* ဒါလည်းကောင်းတာပဲ။ဟင်းးး!အစ်ကိုလေးအနားနေရတာ ပင်ပန်းတယ်ဗျာ။အစ်ကိုလေးရဲ့အတွင်းလူဖြစ်နေတော့ အစစအရာရာသတိထားနေရတာနဲ့ပဲ ပတ်ဝန်းကျင်မှာ တော်ရုံတန်ရုံရင်ဖွင့်စရာလူမရှိခဲ့ဘူး။အဟင်း..!အခုဒေါက်တာပတ်ခ်က လွဲရင်ပေါ့ *
* ဟင့်အင်း!ကျွန်တော်မသိတော့ဘူး *
ကိုယ်တစ်စက်မှ ကြည့်မရတဲ့လူကို ဘေးချင်းကပ်ထားပြီးထိုင်နေရတာ နည်းနည်းတော့နေရခက်တယ်။လီဆောင်းဝူဘက်ကတော့ နေရခက်တာတွေလည်းမရှိပါဘူး။
လူရင်းတွေလိုသဘောထားနေသလားတော့
မသိပေမယ့် အဆက်မပြတ်ကိုစကားပြောနေတော့တာပါပဲ။တစ်ချက်တစ်ချက်သက်ပြင်းတောင်ချလိုက်သေးရဲ့။တကယ်ပါပဲ။
လူတောင် အစ်ကိုလေးရဲ့အဲ့လိုအပြုံးမျိုး
မမြင်ဖူးခဲ့ဘူး။ဒါပေမယ့် ဒါပေမယ့်...ဟိုးအရင်နှစ်တွေတုန်းကအတိုင်း အစ်ကိုလေးက
မျက်ကုပ်ကုပ်နဲ့ ပြန်ရောက်လာခဲ့တယ်လေ။
ပြီးတော့ တစ်အိမ်လုံးကမြင်မြင်သမျှကို
ဘေ့စ်ဘော့တုတ်တစ်ချောင်းနဲ့ ရိုက်ခွဲပါလေရော။ဒါလည်းမထူးဆန်းပါဘူး...ဒေါက်တာ့ဆီက ပြန်လာပြီးတိုင်း အိမ်တော်မှာသောင်းကျန်းနေကြပဲကို။ကျွန်တော်ထင်ခဲ့တာက ထပ်ပြီးအငြင်းခံလိုက်ပြန်ပြီပေါ့...ဟင်း!အဲ့ဒါက အဲ့လိုမဟုတ်ခဲ့ဘူးထင်တယ်။ဘာလို့ဆိုအဲ့ညတစ်ညလုံး အစ်ကိုလေးက ငိုနေခဲ့တာဗျ။ *
အမှန်အတိုင်းပြောရရင် ဝမ်းနည်းသလိုလိုတော့ရှိသား။ဂျွန်ဂျောင်ကုက ဘာလို့အဲ့လောက်ထိခံစားခဲ့ရမှာလဲ။မဖြစ်နိုင်တာတွေ။
စကားပြောနေရာကနေ ရုတ်တရတ်ကြီးထအော်လိုက်သောအခါ ဒေါက်တာပတ်ခ်တို့အဖို့ခန္ဓာကိုယ်လေးပင် ဆက်ခနဲတုန်ရတဲ့အထိတွေ။
* ကောင်းတာပေါ့ *
* ဘာကောင်းတာလဲ!ကျွန်တော်ပါအတူလိုက်သွားခဲ့ရတာကို.. အဲ့တုန်းက ကျွန်တော့်မှာချစ်သူရခါစလေးပဲရှိသေးတာ..ဘယ်လောက်ထိလွမ်းခဲ့ရမလဲ တွေးကြည့်လေ *
ကန့်လန့်ကန့်လန့်နဲ့ညှပ်ခဲ့ဖူးလို့လေ။
တကယ်ကို ပေါက်ကွဲနေပုံရတဲ့လီဆောင်းဝူက သူ့ဘက်ကိုလှည့်ရင်းစကားတစ်ခါပြောလိုက် ငိုသံပါကြီးနဲ့သက်ပြင်းချက်နဲ့ အလုပ်များနေတော့သည်။ဒီလိုတွေမြင်ရကြားနေရတော့ ဂျီမင်ခမျာမနေသာတော့ပါဘူး။
လီဆောင်းဝူဘက်အား ခေါင်းလေးငဲကြည့်လေကာ နှာခေါင်းထိပ်လေးကို လက်ညိုးလေးနဲ့ပွတ်ဆွဲလိုက်ရင်း.....
* ပျက်သွားပြီ...။ *
ဘာများ အမှားလုပ်မိလို့ပါလိမ့်။တကယ်စိတ်မကောင်းလို့ စိတ်မကောင်းဘူးပြောမိတာကို အဲ့လိုမျက်လုံးမျိုးနဲ့ကြည့်စရာလိုလို့လား။
* ဪ .. *
ဂျီမင်က ရွဲ့တဲ့တဲ့မျက်နှာပေးနဲ့ အံအားသင့်ချင်ယောင်ဆောင်ပြန်သည်။
ဪ!လို့ပဲ ပြောလိုက်ချင်တော့တယ်။သူ့အမွေသူဆက်ခံဖို့ သူဟာသူလောဘတကြီး
အလုပ်တွေလုပ်ခဲ့တာ ငါ့ကြောင့်တဲ့လား။
ဟာသတွေလာမပြောနဲ့ မရယ်ချင်သေးဘူးနော်။
* ဒီတစ်ခါသာဆို အစ်ကိုလေးက စင်္ကြဝဠာအပြင်ဘက်ထိ သွားဖို့အစီအစဉ်ရှိတာကိုဒေါက်တာပတ်ခ်သိရဲ့လား...ကျွန်တော့်ကို ပဲလှော်ကြားကဆားဘဝရောက်အောင်ထပ်မလုပ်တော့ဘဲ အစ်ကိုလေးကိုပြန်ချစ်ပေးပါ *
အဲ့ဒီနောက် ဂျီမင်လည်း သူ့တိုက်ခန်းရှိရာဆီပြန်တက်လာခဲ့ပြီး မောင့်အခန်းရှေ့မှာ
အတော်ကြာတဲ့အထိ ရပ်ငေးနေခဲ့ပြီးမှ ကျောခိုင်းခဲ့မိတော့သည်။အခုချိန်မှာ လူဆိုးကောင်ကိုမေးချင်တာ တစ်ခုတည်းပဲရှိတယ်။
"ဘာလို့ ဖုံးကွယ်ထားရတာလဲ"ဒါကိုပဲမေးကြည့်ချင်တယ်။သူဘယ်လိုပြန်ဖြေမလဲလည်း
နားထောင်ကြည့်ချင်တယ်။ဂျွန်ဂျောင်ကုလို
သူဌေးသားတစ်ယောက်က ဘာအတွက်ကြောင့်နဲ့ ပင်ပန်းချင်နေရတာလဲငါနားမလည်ဘူး။
ဟန်ဆောင်လိမ်ညာပြီးဖုံးကွယ်ခဲ့တဲ့အကြောင်းကို ရုတ်တရတ်ကြီးသိလိုက်ရတဲ့အချိန်မှာ မယုံနိုင်ဖြစ်ခဲ့ရတာမှန်တယ်။ဒါပေမယ့် စိတ်ဆိုးလားဆို မဆိုးပါဘူး။ဆိုးစရာမှမရှိဘဲကို။
ရုပ်ရှင်တွေထဲကလိုတော့ ငါ့ကိုလိမ်ရက်တယ် ဘာညာနဲ့ဒရမ်မာချိုးမယ့်အထဲ ပတ်ခ်ဂျီမင်တို့မပါပါဘူး။သူဌေးသားဖြစ်တော့ပိုတောင်
ကောင်းသေးတယ်။ငါ့ကိုချစ်နေပြီး ငါကလည်းသဘောကျနေရတဲ့လူက သူဌေးသားဖြစ်နေတာလေ။
•••••••• လူဆိုးကောင် ••••••••
လီဆောင်းဝူနဲ့တွေ့ပြီးကတည်းက ဒီလိုနေ့
ရောက်လာခဲ့ရင် ငါဘယ်လိုလုပ်ရမလဲဆိုတာကို ကြိုတင်လေကျင့်ထားပြီးစောင့်နေခဲ့တာပါဆို။သတိဆိုတာ ပိုတယ်မရှိဘူးလေ။ဒီကြားထဲ ပါးစပ်ကလွှတ်ခနဲပြောလိုက်မိမှာ
စိုးလို့ မနည်းအောင့်အီးထားနေခဲ့ရတဲ့ဝဋ်ကလည်းကျွတ်ပြီ။
ဆေးရုံအုပ်ကိုယ်တိုင်ထွက်စောင့်နေသတဲ့လား။အဲ့လောက်ထိတောင် ဂျွန်ဂျောင်ကုအာဏာစက်က တယ်ပြင်းနေတယ်ပေါ့လေ..
ဟုတ်လား။ဆေးရုံအုပ်ဆိုတာက သူရဲ့ဦးလေးအရင်းကြီးလေ ဒါကိုပါဝါပြနေလိုက်တာလွန်လွန်းအားကြီးတယ်။
ရုံးခန်းလေးထဲဝင်လိုက်ပြီးသည်နှင့် ခါးအနည်းငယ်ကိုင်းချကာ အရိုအသေပေးရင်းဟန်ဆောင်ဖို့အသင့်။သရုပ်ဆောင်ရတာ
ထင်ထားတာထက်ပိုခက်တယ်ဆိုပေမယ့်
ကိုယ့်ကြောင့်နဲ့ လီဆောင်းဝူဆိုသူအား အခက်ထပ်မကြုံစေချင်တော့လို့ ဒီတစ်ခါတော့ဖြင့်ရိုကျိုးပေးလိုက်ပါ့မယ်။
ရှူးဖိနပ်ထိပ်ကိုတမင်ဖိနင်းပြီး ပဲပေးလျှောက်နေသလားမသိ...။သူ့ဖိနပ်ရဲ့တဂွက်ဂွက်မြည်သံကြီးက နားငြီးလွန်းပါတယ်။
မျက်ဝန်းထောင့်ကနေ တိုးဝင်လာသောဖိနပ်ကိုမြင်မိရုံရှိသေး ဂျီမင်သည်သူ၏နှုတ်ခမ်းအနားစွန်းလေးကိုအသာကိုက်ကာ ခိုရယ်လိုက်မိတော့၏။
ရယ်ဖို့အရမ်းကောင်းတာပဲ ဂျောင်ကုရယ်။
ပဲများကောင်!!မင်းမှန်းငါမသိတာကျလို့။
ချက်ချင်းဆိုသလိုပဲ မျက်နှာပိုးသတ်လိုက်ပြီးနောက် မှင်သေသေမျက်ဝန်းများနဲ့အတူ အရမ်းတွေအံဩသွားသယောင်မျက်နှာတစ်ခုကို အစောတလျင်ဖန်တီးယူလိုက်ရတော့သည်။ထိုအခါ မောင်ဆိုတဲ့ကောင်က
* အဲ့လောက်ထိမလန့်ပြနဲ့ကွာ။မောင်လည်း
မောင်လိမ်ခဲ့ရတာကို ခွင့်လွှတ်နော်။အခုက
မောင်အာဏာသုံးမှဖြစ်တော့မှာမို့ မောင် မင်းအထက်လူကြီးလုပ်လိုက်ရတာ *
နူးညံယစ်မူးစွာစိုက်ကြည့်နေသောမောင်နဲ့
ဆန့်ကျင်စွာ ဂျီ်မင်ကတော့မထုံတတ်ထေး မျက်နှာပေးလေးဖြင့်။သို့သော် စိတ်ထဲမှာတော့ မောင့်ကိုဟားတိုက်နေခဲ့တာ မောင်ကတော့မသိ။
မောင့်ကို ငပေါကြီးဇာတ်သွင်းပြီး အပြီအပြင်ကိုဟားတိုက်ပစ်ချင်နေပုံလည်းရ၏။အပြင်မှာပါထုတ်ပြီးလှောင်ရယ်ပြလိုက်ရင်ချက်ချင်းစူပုတ်သွားတော့မယ့်မျက်နာကြီးကိုပိုမြင်ယောင်မိလာတော့ ခပ်ကြိတ်ကြိတ်ခိုးပြုံးမိတယ်။
* မောင်က အခု မင်းရဲ့အထက်လူကြီးဖြစ်သွားပြီဆိုတော့..မောင့် စကားကိုပဲနားထောင်ပေးရမယ် *
အဲ့မောင်ဆိုတဲ့လူဆိုးကောင် ငါ့ကို ပါဝါပြတော့မှာမြင်ယောင်နေပါပြီ။အဲ့ဒါကြောင့်မို့ထင်တယ် ဒီရက်ထဲမှာ ဂျွန်ဂျောင်ကုက "မောင်က မင်းအထက်လူကြီးဖြစ်ခဲ့ရင် မောင့်စကားနားထောင်ပေးမှာလား "နဲ့ ဒီစကားတစ်ခွန်းကိုပဲအထပ်ထပ်ဆိုခဲ့တာလေ။
ဥက္ကဌလောင်းဆိုတဲ့အရှိန်အဝါနဲ့အာဏာပါဝါပြချင်လို့ ငါ့ရှေ့ကို ဒီလိုပုံစံနဲ့ပေါ်လာခဲ့ပြီးတော့ လူတွေသိသွားမှာလည်းကြောက်နေသေးတယ်။ဒါဆိုလည်း အစောကတည်းက
ဂိုထောင်ကဝန်ထမ်းအဖြစ်နဲ့ဆက်ဟန်ဆောင်နေလိုက်ပေါ့လို့။အခုမှ လာကြောက်ပြနေတယ် ..အပိုတွေ။
* ငါက ဘာလို့လဲ *
* ငါကဘာလဲဆို? မင်းက မောင့်နှလုံးသားပေါ့။မောင်ချစ်ရတဲ့ကောင်လေးဖြစ်နေလို့ မင်းတစ်ယောက်တည်းရှေ့မှာ.. မောင့်သရုပ်မှန်အစစ်ကိုချပြနေတာလေ။ပြီးတော့ လူတွေကိုအုတ်အော်သောင်းနင်းမဖြစ်စေချင်ဘူး။မောင်လွတ်လွတ်လပ်လပ်ပဲ အလုပ်လုပ်ချင်သေးတယ်ဗျာ။မောင့်ကြောင့်နဲ့ဂျီမင်ကို အနှောင့်အယှက်ပိုလို့တောင်မဖြစ်စေချင်သေးတယ် *
နူးညံသောမျက်ဝန်းတစ်စုံနဲ့ ခပ်ရွဲ့ရွဲ့မျက်ဝန်းတစ်စုံတို့ တွေ့ဆုံကြခိုက် လောကကြီးဟာတစ်ခဏမှင်သပ်ရပြန်သည်။မလွန်ဆန်နိုင်ခဲ့တဲ့ကြိုးတွေနဲ့ အထပ်ထပ်ရစ်ပတ်ခံထားရသလိုမျိုးနှယ် ဘယ်သူ့ဘက်ကမှစပြီး ဖယ်ခွာမသွားခဲ့ကြ။
သိပ်ချစ်တာပဲလားလို့ မောင့်ကို သူ့ပါးစပ်ကနေသူကိုယ်တိုင် ထုတ်မေးမိတော့မလို့။
* ဂျွန်ဂျောင်ကုဘာပြောချင်သလဲ ကျွန်တော်သိပြီမို့ ပြန်ခွင့်ပါဦး ..စိတ်ချပါ ကျွန်တော်နှုတ်လုံပေးပါ့မယ် *
သူကြိတ်ပြုံးလိုက်မိတာကို မင်တစ်ယောက်မမြင်လိုက်ဘူးထင်တယ်။တောင်းဆိုတော့လည်း လိုက်လျောပေးရမှာပေါ့လေ။တကယ်တော့ လီဆောင်းဝူသင်ပေးထားတဲ့အတိုင်း ဆက်ဟန်ဆောင်နေတာကို ဒီလူဆိုးကောင်က အတည်ကြီးတွေထင်သွားတဲ့ပုံပါပဲ။
ငါ့လှည့်ကွက်မှာ ဂျွန်ဂျောင်ကုလိုလူလည်ကောင်က အဟုတ်တွေအညာခံထိသွားသတဲ့လား။ပိုပိုသာသာအမူအရာတွေထပ်ထည့်ပြီး
ကြောက်ချင်ယောင်ဆောင်ပြ ရှိန်ချင်ယောင်ဆောင်ပြလိုက်တာနဲ့ပဲ ငါ့ရှေ့က အရူးကြီးကညွှတ်ခွေသွားတယ်ဆိုပဲ။
မဆိုးပါဘူး ဟန်ဆောင်ပြရုံနဲ့တင် အသေအလည်းတွေအချော့ခံနေရတယ်လို့။လူဆိုးကောင်ဆီက အချော့ခံရတာနည်းတဲ့ကုသိုလ်ကံလားကွယ်။မဖြစ်မနေလက်ခံလိုက်ရတဲ့ပုံနဲ့ အင်တင်တင်ခေါင်းညိတ်ပြမိတော့ ဂျောင်ကုက ပါးချိုင့်ပိစိရေးရေးလေးတွေထင်းတဲ့အထိပြုံးပြလာကာ သူ့ရှိရာဆီ တစ်လှမ်းချင်းလှမ်းလာခဲ့သည်။
ထို့နောက်မှာတော့ မျက်စိရှေ့ကမြင်နေရပါသော လူသားပေါက်စီလေးကို ခါးသိမ်သိမ်လေးမှနေ ဆွဲပွေ့ယူလိုက်ပြီးနောက် ခန္ဓာကိုယ်ချင်းနီးစပ်စေခဲ့သည်။ဒီလိုအနေအထားမျိုးနဲ့ဘယ်လိုပင်
မကြာခဏကြုံဖူးသည်ဆိုဆို အခေါက်တိုင်းအရှက်သည်းရတာကတော့ မပြောင်းလဲသေးပေ။
•••••• လူဆိုးကောင် •••••••
မောင့်သရုပ်မှန်အစစ်ကို လူတွေရိပ်မိသွားမှာစိုးလို့ ဂျီမင်ဘက်က သိုသိုသိ့ပ်သိ့ပ်နေပေးရှာသည်။စပ်စုတတ်တဲ့လူတွေရဲ့မျက်စိကျခြင်းဒဏ်ကိုမခံနိုင်လို့ ရှောင်ပုန်းရင်းနဲ့ မောင့်ကိုပါရှောင်သလိုဖြစ်နေခဲ့သည်။
လက်ကလေးပိုက်ကာ မတ်တတ်ရပ်နေခဲ့ပြီး
စူပုတ်နေသူအနား လီဆောင်းဝူကရောက်လာခဲ့ပြီးသေချာအကဲခတ်နေပြန်တာမို့ မျက်မှောင်ကုပ်ပစ်လိုက်ရတော့သည်။စိတ်ရှုပ်စရာလူတွေထဲ ဒီလူက ထိပ်ဆန်းကပါတယ်။
ဒါနဲ့တင်မပြီးသေး ထိုလူဟာ စပ်ဖြီးဖြီးရယ်ပြလာခဲ့ပြီးနောက် သူ့လက်ထဲကို ကျူလစ်ဝါတစ်ခက်ထိုးထည့်ပေးပြန်သည်။နားမလည်သလိုလေးဖြင့် ပန်းခတ်အားစိုက်ကြည့်နေတာကိုမြင်လေတော့ ထိုလူက....
ထိုအခါ ဂျီမင်က အီလည်လည်မျက်နှာလေးနှင့် ဘာပြန်ပြောရမှန်းမသိတော့။ပန်းခတ်ကိုတစ်လှည့် လီဆောင်းဝူကိုတစ်လှည့်ကြည့်နေခဲ့ပြီး ထိုပန်းခတ်ကို ဘေးလွယ်အိတ်လေးထဲထိုးထည့်လိုက်တော့သည်။
နေခဲ့ကြသည်။
ထိုအထဲ လီဆောင်းဝူကတော့ အဖွဲ့ကြီးကြပ်သူအဖြစ်နဲ့လိုက်ပါရန် ဆေးရုံအုပ်ကြီးကိုယ်တိုင်ကညွှန်ကြားခဲ့တာဖြစ်လို့ ဘယ်သူကမှအထွန့်မတက်ခဲ့ကြပါဘူး။ကျန်းမာရေးဝန်ထမ်းတွေကြား ရုံးပိုင်းကလူဆိုလို့ ထိုသူ
တစ်ဦးတည်းသာပါခဲ့သည်။
လမ်းပန်းဆက်သွယ်ရေးက အခုထိအခက်အခဲရှိနေသေးပုံပါပဲ။ဘာလို့ဆို အဖြူရောင်သူတို့ကားမှာ မည်းညစ်နေချေပြီ။ကားတစ်စီးလုံးကို ဇကောဝိုင်းထဲထည့်ကာ အလှိမ့်ခံထားရသလိုနှယ် ကားပေါ်ပါလာသူအားလုံးခမျာ တစ်ကိုယ်လုံးညောင်းကိုက်နေကြတာမို့ ဟိုနားထုဒီနားထုကြနှင့်။
တစ်ပတ်လုံးပျောက်နေခဲ့ပြီးတော့ အခုဗြုန်းစားကြီး ဒီရွာမှာကြိုရောက်နေပြန်ပါပြီ။
ဘာတွေလုပ်နေပြန်တာလဲမသိ။ငါ့အနားကပျောက်သွားလိုက် ပြီးရင်အခုလိုပြန်ပေါ်လာလိုက်နဲ " မောင်"မင်းဟာလေ တကယ်နားလည်ရခက်လိုက်တာ...။
အခုလည်း ခပ်ပြုံးပြုံးမျက်နှာလေးနဲ့မောင့်နံဘေးမှာရောယောင်ပေါယောင်သွားရပ်နေသည့်တိုင် မောင်ကတော့ သူမအားတစ်ချက်ပင်လှည့်မကြည့်ခဲ့ပေ။ဂျီမင်အနားရှိရင်သာပြောင်စပ်စပ်လုပ်ပြတတ်ပေမယ့် ပတ်ဝန်းကျင်မှာဆို မောင်ကတကယ်ကိုအနေတည်သူပါ။
* အာ..အဲ့လိုရှိတာလား။ကောင်းပါပြီ တာဝန်ကြေလိုက်ပါဦးနော် *
မောင်ကခပ်ပြတ်ပြတ်ပဲပြောရင်း စကားစဖြတ်လိုက်သည်နှင့် သူနာပြုဂိုခမျာအင်တင်တင်ဖြစ်ရလေပြီး သူတို့အနားကဖယ်ခွာသွားခဲ့ပြီ။မျက်နှာထားတည်တည်နဲ့
ငြိမ်နေသူကတော့ ဂျီမင်ပင်ဖြစ်သည်။
သူ့အိတ်ကိုဆွဲယူသွားတာမြင်မှပဲ အသိပြန်ဝင်လာခဲ့ပြီး မောင်သွားရာနောက်ပြေးလိုက်ရတော့သည်။ဒီအတိုင်းဆို သူတို့နှစ်ယောက်ကတစ်အိမ်တည်းနေရဖို့များတယ်။ဒီလိုအကြံအစည်တွေနဲ့ ရွာကိုကြိုရောက်နေတာ
မသိရင်ခက်ဦးမယ်။
ဒါဘယ်သူ့လက်ချက်ရှိဦးမလဲ?ကြီးကြပ်သူပါဆိုပြီး နေရာတွေသောက်တစ်လွဲချ သူ့ဆရာနဲ့ငါ့ကို အရောက်ပို့သွားခဲ့တဲ့သူက လီဆောင်းဝူပဲလေ။ကလိမ်ကညစ်နဲ့နှစ်ကောင်
ပေါင်းပြီးလုပ်ချသွားတာ။
သူကတော့...သူကတော့ တွန့်ဆုတ်တွန့်ဆုတ်နဲ့ပဲ မောင့်နောက်ကလိုက်ဝင်ခဲ့ရတော့သည်။မောင်က သယ်ထားသမျှအိတ်တွေကို အခန်းထောင့်မှာ သွားပုံချခဲ့ပြီးနောက် ဂျီမင်ရှိရာဆီ
ပြန်လျှောက်လာခဲ့သည်။
မောင့်အကြည့်တွေက ပရိုးပရည်နဲ့တစ်မျိုးကြီးပင်။အခုမှ ပတ်ဝန်းကျင်က အေးစိမ့်စိမ့်ဖြစ်လာသလားလို့။ဂျီမင်ခမျာ မောင့်အကြည့်တွေအောက် မနေတတ်ဖြစ်ရစွာမျက်နှာလေးကိုလွှဲပစ်လိုက်ပြီး အင်္ကျီအနားစွန်းကို
ဆွဲဆုပ်ထားလိုက်မိသည်။
ဒီအခြေအနေကဘာကြီးလဲ။လူမရှိတဲ့အိမ်လေးထဲမှာ မောင်နဲ့နှစ်ယောက်တည်းဆိုတဲ့အသိက သူ့ကိုနည်းနည်းတော့စိတ်ရှုပ်စေတယ်။ရှက်တာလိုလို ကြောက်တာလိုလိုနဲ့
ဘာလုပ်လို့ ဘာကိုင်ရမှန်းမသိတော့။
လေထုကငြိမ်လေ ပိုအနေခက်ရလေပါပဲ။
ထို့ကြောင့် စကားစတစ်ခုကိုဆွဲထုတ်လိုက်ရင်းအနားရှိမောင့်ကျောပြင်ကို အုန်းခနဲပိတ်ထုပစ်မိသည်။ရှက်ရမ်း ရမ်းတယ်လို့ထင်တယ်မလား...!အင်း..ရှက်ရမ်း ရမ်းတယ်လို့ပဲမှတ်ပါ။
မင်းကဆက်ခံသူမှန်း မိသွားကြရင်ဘယ်လိုလုပ်မလဲ *
ကျော့ကော့နေအောင်အထုခံလိုက်ရသည့်တိုင် မောင်ဟာ အပြုံးတစ်ချက်မပျက်ခဲ့။
နာသွားတဲ့ကျောတစ်နေရာကို လက်နောက်ပစ်ရင်း ပွတ်ပစ်လိုက်ကာ မချိုမချဉ္ပြုံးပြလာခဲ့သည်။မောင်ဟာလေ တကယ်ကိုစပ်ဖြီးဖြီးနဲ့မျက်နှာရူးလေးပါပဲ။
* ပူရတာပေါ့ *
* ငါ ငါပြောချင်တာက.. *
ရှက်တယ်။ရှက်ဖို့ကောင်းလွန်းတယ်။ကိုယ်နဲ့ဘာသက်ဆိုင်မှုမှမရှိတဲ့ သူစိမ်းတစ်ယောက်အတွက်ဖြစ်ပေါ်လာတဲ့ ခံစားချက်ကို အလွန်အကျွံတွေထုတ်ပြမိသွားပြီလား။
မောင်ကလည်းမခေသူမို့ မလွှတ်ပေးခဲ့ဘဲ
ပိုတိုးဖက်ပစ်လိုက်တာမို့ ဂျီမင်အနေနဲ့ လက်လျော့ပေးလိုက်ရတော့သည်။
နထင်စပ်လေးကို လေနွေးနွေးဖြင့်မှုတ်ပစ်လိုက်ကာ တယုတယပဲနမ်းရှိုက်ပစ်သည်။
ထိုမှတစ်ဆင့် ချယ်ရီယောင်ပါးအို့လွင်ပြင်လေးတစ်ဖက်ထက်ဝယ် မောင့်နှုတ်ခမ်းပါးနဲ့မောင့်နှာခေါင်းလုံးလုံးမှာ မှေးစက်တင်လေတော့သည်။
* အရမ်းမတွေးနဲ့ မောင့်အသည်းလေး ရုပ်ရင့်မှာစိုးလို့။မောင့်ကို ဘယ်သူကမှသံသယမဝင်ပါဘူး။မင်းကလွဲရင် အကုန်လုံးအေးဆေးပဲ။
အဲ့လောက်ထိတောင် မောင်က ကံကောင်းတတ်နေပြီလားဟင် *
နှုတ်ခမ်းပါးတစ်စုံဟာမလွှတ်တမ်း ဖိကပ်ထားတာမို့ မနေတတ်စွာရုန်းလိုက်တော့
* ခရီးပမ်းလာတယ်မလား နားတော့နော်။
လုပ်ချင်ရာလုပ်ခဲ့ပြီးတော့ ထွက်သွားပြန်ဦးမည့်မောင့်ကြောင့် ကိုယ့်ခါးပေါ်ကနေ ဆုတ်ခွာသွားတော့မယ့်ဆဲဆဲလက်တစ်စုံကို အလျင်အမြန်ပဲ ပြန်ဆွဲထားမိသည်။ဒီ့အတွက်အကြောင်းပြချက်ပေးစရာမရှိပါဘူး။မထွက်သွားစေချင်ရုံပါ။
* ခဏ *
* မထိခိုက်စေနဲ့ *
* အဟက်...! *
* ဘယ်သွားမှာလဲ..မောင့်ကိုရှောင်စရာမလိုပါဘူး။မောင့်ဂျီမင်...မင်း မောင့်ရှေ့မှာ ရှက်လည်းရတယ် *
* ဟွန်း..!ဒေါက်တာဂျွန်တို့မောင်နှံကိုပါ
မောင့်အဖိုးကိုယ်စား မောင်တောင်းပန်သင့်တယ်ထင်လို့ *
(မှတ်ချက်..နွေလေပြည်ကို ဖတ်ဖူးရင် ဒေါက်တာဂျွန်တို့မောင်နှံအကြောင်းကိုသိကြမှာပါ။)
ဂွမ်းကတ်မထူမပါးလေးသာ ခင်းကျင်းထားလေတဲ့အိပ်ရာလေးထက်မှာ ပုံ့ပုံ့ကလေးထိုင်နေရှာတာများ ပတ်ခ်ဂျီမင်က တကယ့်ကိုလိမ်လိမ်မာမာကလေးလေးပေါ့။သူ့လက်တွေကို
ဆုပ်ကိုင်ထားတဲ့မောင့်လက်အကြီးကြီးတွေထဲ နစ်မြုပ်နေတဲ့လက်ကလေးတွေဟာ အသည်းတယားယားဖြစ်စေပါတယ်။
မျက်ဝန်းကျဉ်းလေးများက မောင့်ကိုတန်ပြန်စိုက်ကြည့်နေသောအခါ မောင်ကမနေတတ်
မထိုင်တတ်သလိုလေး လည်ဂုတ်ကိုဖွဖွယယကုတ်ရှာသေး၏။အဲ့ဒီနောက်မှာတော့ ဂျီမင်ရဲ့လက်ကလေးတွေကို လက်မနှစ်ဖက်ဖြင့်အသာအယာပွတ်သပ်လိုက်ပြီး နှုတ်ခမ်းပါးထက်၌ထိတွေ့ပြန်သည်။
မုသားတွေမဆိုခဲ့ မောင်က အရိုးရှင်းဆုံးသောဝန်ခံချက်နဲ့ သူ့အချစ်ကိုလှစ်ဟပြပြန်တယ်။
••••••• လူဆိုးကောင် •••••••
ဂျီမင်တို့ကျန်းမာရေးအဖွဲ့သားတွေ ရွာထဲမှာကျန်းမာရေးအသိပေးလုပ်ခဲ့ကြပြီးနောက် သက်ဆိုင်ရာတည်းခိုကြမည့်အိမ်တွေဆီအသီးသီးပြန်လာခဲ့ကြသည်။ရေမိုးချိုးပြီးကြရင် သူတို့အဖွဲ့သားတွေ ရွာလူကြီးအိမ်၌ထမင်းစားသွားကြရပေဦးမည်။
အိမ်လေးထဲမှာရော အိမ်အနီးအနားတစ်ဝှိုက်မှာပါ မောင့်ကိုတွေ့လိုတွေ့ငြားရှာကြည့်ခဲ့ပေမယ့် မောင့်အရိပ်ကလေးမျှ မှုန်ပျပျမတွေ့ခဲ့ပါ။
ဂျီမင်လည်း မောင့်ကိုမရှာနေတော့ကာ အဖွဲ့သားတွေနဲ့ပဲ ထမင်းသွားစားလိုက်ရတော့၏
စားပြီးသောက်ပြီးလို့ အေးအေးလူလူစကားစမြည်ပြောကြပြီးသောအခါ အိမ်လေးဆီသို့ပြန်လာခဲ့ရတော့တယ်။
အိမ်ရှေ့မှာချွတ်ထားတဲ့ဖိနပ်လေးကြောင့် မောင်ပြန်ရောက်နေပြီထင်တယ်။အခုနေအိမ်ထဲဝင်သွားဖို့ သူ့စိတ်ကနည်းနည်းအခက်တွေ့နေတာမို့လို့ အိမ်ရှေ့ကကွပ်ပျစ်လေးမှာပဲ သွားထိုင်နေလိုက်မိသည်။
ဆိုးလ်မှာဖြတ်သန်းခဲ့ကြတဲ့ ညတွေတုန်းကလည်း တစ်ခန်းတည်းအတူအိပ်ခဲ့ကြပြီး
တစ်ခုတင်တည်းတောင် ဖက်အိပ်ခဲ့တဲ့ညတွေရှိဖူးပါသေးရဲ့။ဒါပေမယ့် ဒီညလောက်တော့
စိတ်မအိုက်တာအမှန်။
အတူရှိခဲ့ကြဖူးတဲ့ညပေါင်းများစွာထဲမှာမှ
ဒီညကပိုပြီးနေရခက်စေတယ်။အိမ်ထဲကို
မဝင်ချင်သေးတာနဲ့ ဘာရယ်မဟုတ် ကြယ်တွေကို ထိုင်ငေးနေမိတယ်။ကိုယ့်နံဘေးမှာ မောင်ဝင်ထိုင်လိုက်တာကိုမျက်ဝန်းထောင့်စွန်းကနေ တစ်စွန်းတစ်စမြင်လိုက်သော်ငြား
* ငါရပါတယ် *
ထိုင်နေသေးတဲ့သူ့ကို မောင်က လက်မောင်းတစ်ဖက်မှနေ မရမကဆွဲထူလိုက်ပြီး အိမ်ထဲဝင်စေရန် တင်ပါးတွေမှနေအတင်းတွန်းပို့ရှာ
သည်။မောင့်ပုံစံကြည့်ရတာ သူ့ကိုအလျော့ပေးမယ်မထင်ပါဘူး။
တစ်ခါတည်းယူလာခဲ့ပုံရတဲ့ခေါင်းအုံးကလေးကို ကွပ်ပျစ်၏အလယ်တွင်နေရာချလိုက်ပြီးသောအခါ မောင်ကလှဲချလိုက်တော့သည်။ခေါင်းအောက်မှာ လက်နှစ်ဖက်ကိုကွေးကာခုထားလျက် ကြည်တွေကိုငေး
နေပြန်ပါသည်။
ဒီအချိန်မှာ မောင့်ရင်ထဲဘာတွေရှိနေမလဲ?မောင့်ခေါင်းလေးထဲ ဘာတွေတွေးနေမလဲ
သိပ်သိချင်လိုက်တာ...။
မောင့်ခမျာ ခြင်တွေဝိုင်းဆွဲနေလို့ရထင်ပါရဲ့လက်နှစ်ဖက်မှာ မအားရပေ။တဖတ်ဖတ်
" ဒုန်းးး! "
* အ့..!မောင့်ဂျီမင်ကလည်း *
* အထဲလိုက်ခဲ့...မနက်လေမဖြတ်ချင်ရင်ပေါ့ *
ခေါ်တဲ့လူကိုယ်တိုင်က ကြည်ကြည်ဖြူဖြူအထဲဝင်ခွင့်ပေးနေမှတော့ မူစရာဘာလိုဦးမလဲ။ဂျီမင်နောက်ကနေ အပိုးကျိုးစွာလိုက်ဝင်သွားခဲ့ပြီး ခပ်ကျဉ်းကျဉ်းအိပ်ယာလေးထက်
အတူအိပ်ဖို့ဖြစ်လာခဲ့ကြပြီ။
တစ်ယောက်အိပ်စောင်လည်းမဟုတ် နှစ်ယောက်အိပ်စောင်လည်းမဟုတ်တဲ့စောင်သေးသေးလေးအောက်တွင် အတူရှိနေရတာကတကယ်ကို မလွတ်မလပ်နဲ့။
ဒီအခြေအနေမှာ ဘယ်လိုလုပ်ပြီးများအိပ်နိုင်ကြပါ့မလဲ။သေချာပေါက် သူတို့နှစ်ယောက်ဟာလည်း မျက်လုံးကြီးပြူးကြလို့ပေါ့။မျက်နှာ လေးသာဖော်ထားရှာတဲ့ ဂျီမင်၏ မျက်နှာအစ်အစ်လေးကိုမြင်လိုက်ရသောအခါ ဂျောင်ကုသည်အသည်းယား
မထိန်းချုပ်နိုင်တော့ဘဲ တစ်ဖက်ခြမ်းကိုလှိမ့်လာခဲ့လေသည်။
မောင်က အကြောက်အလန့်မရှိအတင့်ရဲပြန်သည်။ဂျီမင်မျက်နှာလေးကိုပေါက်ထွက်တော့မတတ်တွေ တစိမ့်စိမ့်စိုက်ကြည့်နေလိုက်တာများ ..ဂျီမင်မှမရှက်ရင် ဘယ်သူရှက်ရပါတော့မလဲ။
* ဟင့်အင်း *
အသံပိစိလေးက ခက်အက်အက်လေးနဲ့ရယ်.. အဟုတ်ကိုဖျစ်ညှစ်ချင်တာပဲသိတော့၏။
* မောင်ကြားချင်လို့ပါ *
* မခေါ်ချင်ဘူး *
* ငါ..ငါ မမုန်းတော့ပါဘူး *
* ဟင့်အင်းဆို *
* မောင့်ဂျီမင်က-ဗျာ *
မည်မျှထိအရှက်သည်းနေသလဲဆို?သူ့အရှက်သညှာတွေဖုံးကွယ်ပေးထားတဲ့ အဝတ်တန်ဆာတွေကို တစ်လွှာခြင်းဖယ်ရှားကြည့်မည်ဆိုပါက တစ်ကိုယ်လုံးနီရဲစွေးနေမည့် သူ့ကိုယ်ငယ်လေးကိုမြင်တွေ့နိုင်ပါသည်လေ။
* ငါခေါ်လို့ဖြစ်ပါ့မလား ဂျောင်ကုရယ် *
* အတွေးတွေချော်နေပြန်ပါပြီ မောင့်ဂျီမင်ကတော့...!မောင်ကိုယ်တိုင်က အခေါ်ခံချင်လွန်းလို့ရူးတော့မယ်။မောင်ကိုယ်တိုင်ကိုက
ခေါ်ခိုင်းနေတာမို့ မင်းက အရမ်းကြီးအတွေး
မများရဘူးလေ *
ဒီစကားတွေကိုကြားလိုက်ရတဲ့အချိန်မှာ
မရည်ရွယ်ခဲ့ပါဘဲနဲ့ အော်ပစ်လိုက်မိသည်။
ထိခိုက်ပါစေတော့ဆိုတဲ့စိတ်နဲ့မဟုတ်ရပါဘူး။အားမလိုအားမရဖြစ်ရလွန်းလို့ မောင်ကကရုဏာဒေါသောဖြစ်ဖြစ်နဲ့အော်လိုက်ပြီးမှ သူလွန်သွားပြန်ပြီမှန်းသိပြီး နောင်တရ-ရပြန်သည်။
ခပ်ကျဉ်းကျဉ်းမျက်ဝန်းလေးက မောင့်ကိုမော့ကြည့်လာခဲ့ပေမယ့် ဘာစကားမှမဆိုတော့ပါဘူး။အဲ့ဒီအစား ငွေ့ရည်ဖွဲ့မျက်ဝန်းအိမ်တွေနဲ့သာ တွေတွေလေးငြိမ်သက်နေခဲ့တယ်။
ဂျီမင်က စူးစိုက်ကြည့်နေရုံကလွဲ ဘာဆိုဘာမှပြောမလာတော့တာမို့ ကိုယ့်ကိုကိုယ်ပြန်ကြိမ်ဆဲလိုက်ရင်း မောင်ဟာ သူ့ဆံပင်တွေကိုသူလက်တွေနဲ့ခပ်ကြမ်းကြမ်းဆွဲဆုပ်ခဲ့သည်။
နောက်ကျောပြင်ကအင်္ကျီစလေးကို ခပ်ဖွဖွ
ဆွဲဆုပ်လိုက်ရင်း ရှက်လွန်းလို့မထွက်တော့တဲ့သူ့အသံကို ခဲရာခဲဆစ်ထုတ်လိုက်ရသည်။
* မေ-မောင်~~ *
* မောင် *
* ဗျာ *
မောင့်အပျော်တွေကို ဘာနဲ့ပုံပမာဏနှိုင်းပြီးတင်စားရပါ့မလဲ။စာဖွဲ့ပြီးလည်း ဖော်ပြနိုင်မယ်မထင်။အဲ့လိုပုံဖော်လိုက်ပြီးမှ သေးနုပ်တဲ့ရေးဟန်တစ်ချို့ကြောင့် မောင့်အပျော်တွေထင်သလောက်အရာမထင်မှာစိုးရွံ၍ မဖော်ပြပါရစေနဲ့တော့။
ဂျီမင်ရဲ့ အသံတိုးတိုးလေးကြောင့် မောင်ကလွန်စွာနှစ်ခြိုက်နေဟန်နဲ့ပြုံးရယ်လာခဲ့ပြီး
* မောင်.. *
* ဟုတ်ကဲ့ *
* ပိုလွန်းနေပြီ *
* မောင်ကတော့..! *
* မောင်တဏှာရူးလေး *
သဘောကျလို့မဆုံးနိုင်တော့တဲ့ မောင်အကဲပိုလေးကို မြင်ပြင်းကပ်လှပြီမို့ ရင်အုပ်တစ်ဖက်အား မနာအောင်ထုပေးပစ်လိုက်သည်။မှတ်ပြီလားလို့ ပြောလိုက်ရင်းနဲ့ပေါ့။
* ဘာ ဘာလုပ်မလို့ ငါ့အပေါ်အုပ်မိုးလာရတာလဲ..မောင် ငါကြောက်တယ်နော် *
အချိန်လေးအတွင်းမှာပဲ မောင့်နှုတ်ခမ်းဟာ ဖယ်ခွာသွားခဲ့တယ်လေ။
* မင်းနှုတ်ခမ်းတွေကို မောင်စွဲလန်းနေပြီဗျာ
မောင်ရဲ့မူးယစ်ဆေးလေး...ယစ်မူးစေတယ်
* ငါရော မောင့်အနမ်းတွေကိုကြိုက်တယ် *
* ဟင် ဟုတ်ပါတယ်။ငါမလိမ်တတ်ဘူးမောင် *
မလား။မညာပါနဲ့ ဘေဘီရယ် *
* နိုး ထိမှာပဲမရဘူး *
* ဖယ်ပေးပါ *
လက်ချောင်းသွယ်သွယ်လေးများမှာ မောင့်လည်တိုင်ထက်တွင် ရစ်သွယ်လာခဲ့၏။
နှုတ်ခမ်းတွေချင်း ဂဟေဆက်နေခဲ့ကြပြီး
ပင် မောင်ဟာ ပြုံးဖြစ်အောင်ပြုံးလိုက်သေးရဲ့။အနမ်းလည်းမပျက်စေရ... ရင်ခုန်တာလည်းမပျက်စေရ...အချစ်လည်းမလျော့စေရပါ။အဟွန်း...!အပြုံးလည်းမပြစေရဘဲ
မောင်က အောက်ပါအတိုင်းအထွန့်တက်လာပြန်သည်။
မောင်ကငတုံးကောင်ပဲ.....။
အားနာရင်းနဲ့ ကျေးဇူးတင်လိုက်ရပါတယ်။စာဖတ်သူတွေကို အစဉ်အမြဲလေးစားရပြီး
ချစ်ရတဲ့ ကိုကိုးပါ။)