အချစ်က သူစေစားရာ 🌚🌚 ( ခေါင...
By NabeNabe549
428K 19.6K 790
အမွှာချင်း တူပေမယ့် သူမရဲ့ မွေးဖွားမှုမှာ ဒွိလိင် ပါဝင်နေတဲ့အတွက် ဖခင် ဖြစ်သူရဲ့ စွန့်ပစ်ခြင်းကို ခံခဲ့ရတဲ့ လ... More
Review
Part - 1 ( Zg + Uni)
Part - 2 ( Zg + Uni)
Part - 3 ( Zg + Uni)
Part - 4 ( Zg+ Uni)
Part - 5 ( Zg+ Uni)
Part - 6 ( Zg+ Uni)
Part - 7 ( Zg+ Uni)
Part - 8 ( Zg + Uni)
Part - 10 ( Zg + Uni)
Part - 11 ( Zg + Uni)
Part - 12 ( Zg + Uni)
Part - 13 ( Zg + Uni)
Part - 14 ( Zg + Uni)
Part - 15 ( Zg + Uni)
Part - 16 ( Zg + Uni)
Part - 17 ( Zg + Uni)
Part - 18 ( Zg + Uni)
Part - 19 ( Zg + Uni)
Part - 20 ( Zg + Uni)
Part - 21 ( Zg + Uni)
Part - 22 ( Zg + Uni)
Part - 23 ( Zg + Uni)
Part - 24 ( Zg + Uni)
Part - 25 ( Zg + Uni)
Part - 26 ( Zg + Uni)
Part - 27 ( Zg + Uni)
Part - 28 ( Zg + Uni)
Part - 29 ( Zg + Uni)
Part - 30 ( Zg + Uni)
Part - 31 ( Zg + Uni)
Part - 32 ( Zg + Uni )
Part 33 ( Zg + Uni )
Part - 34 ( Zg + Uni)
Part - 35 ( Zg + Uni)
Part - 36 ( Zg + Uni)
Part - 37 ( Zg + Uni)
Part - 38 ( Zg + Uni)
Part - 39 ( Zg + Uni)
Part - 40 ( Zg + Uni )
Part - 41 ( Zg + Uni)
ခွင့်တိုင်ကြားခြင်း
Part - 42 ( Zg + Uni)
အသိပေးချက်
Part - 43 ( Zg + Uni)
Part - 44 ( Zg + Uni)
Part - 45 ( Zg + Uni)
Part - 46 ( Zg + Uni)
Part - 47 ( Zg + Uni)
Part - 48 ( Zg + Uni)
Part - 49 ( Zg + Uni)
Part - 50 ( Zg + Uni)
Part - 51 ( Zg + Uni)
Part - 52 ( Zg + Uni)
Part - 53 ( Zg + Uni)
Part - 54 ( Zg + Uni)
Part - 55 ( Zg + Uni)
Part - 56 ( Zg + Uni)
Part - 57 ( Zg + Uni)
Part - 58 ( Zg + Uni)
Part - 59 ( Zg + Uni)
Part - 60 ( Zg + Uni)
Part - 61 ( Zg + Uni)
Part - 62 ( Zg + Uni)
Part - 63 ( Zg + Uni)
Part - 64 ( Zg + Uni)
Part - 65 ( Zg + Uni)
Part - 66 ( Zg + Uni)
Part - 67 ( Zg + Uni)
Part - 68 ( Zg + Uni)
Part - 69 ( Zg + Uni)
Part - 70 Final Part ( Zg + Uni)
Part - 9 ( Zg + Uni)
5.8K 304 7
By NabeNabe549
☆☆☆☆♡⃛   အချစ်က သူစေစားရာ   ♡⃛ ☆☆☆☆
( Part - 9 )
ပါ ကပ်ရသေးသည်။
ကျွေးခဲ့သည်။
****************************
မရှိတော့ဘူးမလား...?? "
အိမ်ပြန်ရုံပဲ "
" ဘာ... ရုပ်ရှင် ဟုတ်လား......?? "
ကြည့်ကာ.....
ဘာလို့ လန့်သွားရတာလဲ...  ?? "
နော် သွားရအောင်လို့...!! "
ချနေရသည်။
မသွားဘဲ နေရအောင်နော် "
" ဒါပေမဲ့ ...ထက်ထက် "
လိုက်မယ် ဟုတ်ပြီလား..?? "
က ဘာနဲ့မှ လဲလို့မရ။  ကျေနပ်ပါတယ်
>>>>>>>>>>>>>>>>
ဖြူဖြူ ရယ် "
မေးလိုက်ချင်သည်။ နောက်ပြီး အခု ဖြူဖြူ
ဖြူဖြူ သိချင်သေးသည်။
အလှကိုပဲ မက်ကြသည်။ တကယ့် အလှကိုတော့
မဟုတ်ပါ။
စိတ်ရှူပ်နေရသည်။ ထက်ထက်ကတော့
" အိုး.... ချောလိုက်တာ....!!!
ငါတို့ ဆီ လာပြီ...! "
" အိုး... ခေါင်ယံမှိုင်း..!!
ငါတို့ဆီ လာပြီ...!! "
ခေါင်​က  သွားတာ  "
သွားကြသည်။
တွေကပါ သိချင်နေကြသည်။
" ဒေါ်ဖြူဖြူ..!! "
the whole king မလား ....
ထက်ထက်လင်းပါ "
အရှက်ပြေသွားခဲ့သည်။
" မင်း...!!! "
" အိုး... ရိုလိုက်တာ"
" ဝိုး... မိုက္တာ..!!  "
" မင်း...! !!"
ထအော်လာကြသည်။ ဒါတင်မသေး
ပြုံးစိစိ။
ကျုပ်​  မနမ်းရသေးလို့....!!  "
" မင်း... မင်း...!!  "
သူတို့ နှစ်ယောက်အစား "
လဲဆိုတာ  ပြပေးရမည်။
" ဘုန်း....!!! "
" အမ​လေး...!! "
လက်နဲ့ ဖိထားသွားသည်။
သွားတယ် "
ဒါ့ကို ​ခေါင်​ယံမှိုင်းက ဂရုမစိုက်​စွာနဲ့
ခေါင်​ယံမှိုင်း အသံက မာလည်း မမာသလို
ပျော့လည်း မပျော့ပါ။
ဟုတ်ပြီလား...?? "
သော PT ဆရာမ။  ခေါင်ယံမှိုင်းတို့
ငှက်ပျောက်။
ကျုပ် အတွက် ပမွှား "
" ဒီစာက ဘာစာလဲ...??  "
သတ်သေလိုက်....!! ရာရာစစ
ဖြစ်ချင်တယ် ဟုတ်လား...??
တိတ်ဆိတ်နေကြသည်။
ထူပူနေလေသည်။
ဘာဖြေရမှန်း မသိ။ ဘာဖြေရမှန်း မသိတာထက်
လာထားသွားတာ ဖြစ်မည်။
" ဝုန်း.. .!! "
ဒီခုံမှာ ရှိနေတာ "
ကြည့်လာခဲ့သည်။
" ဝုန်း.... ဝုန်း.... ဝုန်း...!!  "
မိုက်တိမိုက်ကန်းပုံစံကို ရှိုးနေကြသည်။
မင်း တော်ပါတော့....!!  "
နာတာလား....?? "
ခေါင်ယံမှိုင်း.... "
ခင်ဗျားက ထင်နေတာလား....?? "
မဆိုင်ခိုင်းဘူး "
ကောင် အတွက်ပေ။ ဒီအတွက် ဒေါသက
ပိုထွက်လာရသည်။
" ကဲဟာ...!! ကဲဟာ...!! "
" ဒုန်း.... ဒုန်း... ဒုန်း...!!  "
" ခေါင်ကြီး တော်တော့...!!!
မင်း လက်နာလိမ့်မယ် "
ဒီ dangerous ကောင်က...။
ပို၍ အမြင်ကပ်မိသည်။
" ဘုန်း... ဘုန်း..!!  "
" ခေါင်ယံမှိုင်း မင်း.. .!!! "
ခင်ဗျား အတွက်ချည်းပဲ.... "
" မင်း....!!! "
" အိုး...!!! "
သိပ်ကောင်းမှာပဲ "
Part  10 မျှော်..............................
#​လေယူရာယိမ်း
☆☆☆☆♡⃛   အချစ်က သူစေစားရာ   ♡⃛ ☆☆☆☆
( Part - 9 )
ကျောင်းဖွင့်ဖွင့်ချင်း တနင်္လာနေ့မှာပဲ ဖြူဖြူ
အလုပ်တွေ ရှူပ်နေခဲ့သည်။ ဂေဟာထဲလည်း
တံမြက်စည်း လှည်းပြီး ဘုရားပန်းတွေ
ပါ ကပ်ရသေးသည်။
ဂေဟာက ကလေးတွေကို မနက်အစောကြီး
ထမင်းကျွေး၊  ဖြူဖြူ ကို ကယ်ခဲ့တဲ့
မိစွာရဲ့ သမီး ညိုလေးကိုပါ ဖြူဖြူ ထမင်း
ကျွေးခဲ့သည်။
ကျောင်းက တစ်ဖက်နဲ့ဆိုတော့ ဖြူဖြူ ရဲ့
မနက်ပိုင်း အချိန်တွေက သိပ်ကို မအားပါ။
ကျောင်းရောက်မှသာ စိတ်ဒုန်းဒုန်းချနိုင်သည်။
ကျောင်းတက်တော့ AOM ဆရာမက
ပြောလာခဲ့သည်။ စာစီစာကုံးပြိုင်ပွဲက
နောက်တစ်ပတ် သောကြာနေ့တဲ့။
ဒီတော့ ဖြူဖြူ နိုင်ဖို့ ကြိုးစားရမည်။
အရေးထဲ ကျောင်းက Welcome ကလည်း
စာစီစာကုံး ပြိုင်ဖို့ တစ်ရက်အလိုတဲ့။
Welcome ပြီးရင် တစ်ကျောင်းလုံး
king , queen ပွဲကလည်း လာအုံးမည်။
အဲ့ဒီပွဲနေ့တွေကျရင် ဖြူဖြူ ကျောင်းမလာပါ။
စာမသင်ဘူးဆိုတာ ဖြူဖြူ သိနေတယ်လေ။
****************************
" ဖြူဖြူ ရေ practical က တစ်နာရီထိုးရင်
ပင်မဆောင်ကို သွားရမှာမလား....?? "
" ဟုတ်တယ် ထက်ထက်....practical
အတွက် လိုအပ်တာတွေ နင် ယူဖို့
မမေ့နဲ့နော်....တော်ကြာ အတန်းထဲ
နောက်တစ်ခါ ပြန်လာရလိမ့်မယ် "
" အေးပါဟာ ငါ မမေ့ပါဘူး ဖြူဖြူ ရ....
နင် သတိပေးလို့ ငါ သိပါတယ်....
practical ပြီးရင် တခြားအတန်းချိန်
မရှိတော့ဘူးမလား...?? "
" မရှိတော့ဘူး ထက်ထက်....အတန်းပြီးရင်
အိမ်ပြန်ရုံပဲ "
" ဒါဆို ရုပ်ရှင်သွားကြည့်ရအောင်နော် ဖြူဖြူ..  "
" ဘာ... ရုပ်ရှင် ဟုတ်လား......?? "
ရုပ်ရှင်ဆိုတာနဲ့ အထိတ်တလန့် ဖြစ်သွားသော
လွန်ကြိုးဖြူဖြူ ကို ထက်ထက်လင်း
ကြည့်ကာ.....
" အဲ့တာ ဘာဖြစ်နေတာလဲ ဖြူဖြူ... ??
ငါ ရုပ်ရှင် ကြည့်မယ်ပြောတာနဲ့ နင့်က
ဘာလို့ လန့်သွားရတာလဲ...  ?? "
" မဟုတ်ပါဘူး....ငါ့က ဂေဟာပြန်ရမှာလေ
တော်ကြာ ရုပ်ရှင်ကြည့်ပြီး နောက်ကျနေရင်
မာသာတို့ စိတ်ပူနေလိမ့်မယ်။ "
" PT က နှစ်နာရီဆို ပြီးမှာလေ ဖြူဖြူ ရဲ့.  
ဒီတော့ ရုပ်ရှင် ကြည့်ရင် နောက်မကျပါဘူး
တကယ်လို့ နောက်ကျလည်း ဘာဖြစ်လဲ
နင့် မာသာကို ငါ ကိုယ်တိုင် ကူပြောပေးမယ်လေဟာ... .နော်နော်....
သွားရအောင်လို့ ဖြူဖြူ....
နော် သွားရအောင်လို့...!! "
လက်ကလေးကို ကိုင်ကာ သွားမယ်
အတင်းလုပ်နေ၍  ဖြူဖြူ သက်ပြင်းတွေ
ချနေရသည်။
" မဖြစ်ပါဘူး ထက်ထက် ရယ်.. ..ရုပ်ရှင်ဖိုး
အတွက် ငါ့မှာ ပိုက်ဆံကလည်း မရှိဘူး.....
မသွားဘဲ နေရအောင်နော် "
" ဘာလို့ မသွားရမှာလဲ..  .?? နင့် သူငယ်ချင်း
ငါ့က ဘောစိ..  ဒီတော့ နင် စိတ်မပူနဲ့
အစစအရာရာ ငါ ဒကာခံမယ်... .နင့် မုန့်ဖိုးက
အစ.... နင့်သာ ငါနဲ့ လိုက်ကြည့်ပေး "
" ငါ နင့်ကို အားနာတယ် ထက်ထက် "
" ဘာမှ အားနာစရာမလိုဘူး ဖြူဖြူ....
သူငယ်ချင်းတွေ ကြားမှာ အားနာတယ်ဆို
တာ မရှိဘူး.... နင်သာ ငါနဲ့ လိုက်ကြည့်ပေး "
" ဒါပေမဲ့ ...ထက်ထက် "
" ဘာ ဒါပေမဲ့လဲ....?? နင်​ငြင်းရင် ငါ နင့်ကို
စိတ်ဆိုးမှာနော် ဖြူဖြူ... "
" အေးပါ ငါ မငြင်းတော့ပါဘူး...
လိုက်မယ် ဟုတ်ပြီလား..?? "
" ရေးစ် ဒါမှ ငါ့ ဖြူဖြူ ကွ.. .!!!"
ဇွတ်အတင်းကြီး ပြောလာ၍ ဖြူဖြူ မှာ
ငြင်းမရဖြစ်ပြီး ခေါင်းငြိမ့်လက်ခံလိုက်ရသည်။
ထိုအခါ ပျော်လာသော ထက်ထက် မျက်နှာလေး
က ဘာနဲ့မှ လဲလို့မရ။  ကျေနပ်ပါတယ်
ဖြူဖြူ သူငယ်ချင်းလေး ဒီလို ပျော်နေတာကို။
>>>>>>>>>>>>>>>>
" ငါ နင့်နဲ့ ပေါင်းရတာ ဂုဏ်ရှိလိုက်တာ
ဖြူဖြူ ရယ် "
Practical စာအုပ်လေးတွေ ကိုင်ပြီး
Practical ခန်းအသွား ထိုအခန်းဘေးနားက
ဖြူဖြူ တို့နဲ့ အတန်းပဲတူပြီး အခန်းကွဲတဲ့
ပထမနှစ် physics Bခန်းကနေ ကနေ H
ခန်း အထိ ကောင်လေးတွေက ဖြူဖြူ ကိုပဲ
ကြည့်နေကြ၍ ထက်ထက် က ဆိုလာခဲ့သည်။
ဘာရယ်မဟုတ် ထက်ထက် ပြောတဲ့ စကားကြောင့်
ဖြူဖြူ ရယ်ပစ်လိုက်ချင်သည်။
ဖြူဖြူ လှတာကိုပဲ ထက်ထက် က မြင်သည်။
ဖြူဖြူ မှာ လိင်နှစ်ခုပါတာကို ထက်ထက်
က မသိ။ အကယ်၍ ထက်ထက်သာ သိခဲ့ရင်
ဖြူဖြူ နဲ့ ပေါင်းရတာ ဂုဏ်ရှိသေးလားလို့
မေးလိုက်ချင်သည်။ နောက်ပြီး အခု ဖြူဖြူ
ကို ကြည့်နေတဲ့ ကောင်လေးတွေကိုရော
ဖြူဖြူ က အင်္ဂါနှစ်ခုပါတာသိရင် အခုလို
အကြည့်နဲ့ ထပ်ကြည့်နိုင်အုံးမလားလို့
ဖြူဖြူ သိချင်သေးသည်။
ရယ်တော့ ရယ်ရပါရဲ့... လူတွေက အပေါ်ယံ
အလှကိုပဲ မက်ကြသည်။ တကယ့် အလှကိုတော့
သူတို့တွေက စိတ်မဝင်စား။ အပေါ်ယံမလှတာ
နဲ့ အဲ့ဒီ လူတစ်ယောက်က နိုးနိုးပဲ။
ဖြူဖြူသာ မလှကြည့် သူတို့တွေ ကြည့်ကြမှာ
မဟုတ်ပါ။
Practical ခန်းထဲ ဝင်ပြန်ရော ကြည့်လိုက်ကြတဲ့
ကျောင်းသားတွေ....ဖြူဖြူမှာ ဒါ့ကို ကြည့်ပြီး
စိတ်ရှူပ်နေရသည်။ ထက်ထက်ကတော့
မျက်နှာလေး မော့ပြီး ကြွားကာဝင့်ကာနဲ့။
" ဟဲ့.... ဟဲ့ ဟိုမှာ ခေါင်ယံမှိုင်းတို့အဖွဲ့..!! "
" အမယ်လေး ငါတို့ အခန်းလာတာထင်တယ်
သူတို့ရဲ့ ခြေလှမ်းတွေက.... "
" ဟုတ်လောက်မှာ ခေါင်က ငါ့ဆီ လာတာနေမှာ..!! "
" စဉ်းစားလေ ခေါင်က ငါ့ဆီ လာတာ.. "
" အိုး.... ချောလိုက်တာ....!!!
လာပြီ..!!!  လာပြီ သုံးယောက်စလုံး
ငါတို့ ဆီ လာပြီ...! "
" အိုး... ခေါင်ယံမှိုင်း..!!
ငါတို့ဆီ လာပြီ...!! "
" အမယ်လေး ခေါင်က ငါ့ကို ကြည့်နေတယ်
ဟဲ့ သွေးသစ်လေးကလည်း ငါ့ကို ကြည့်နေတယ်
ခြားနား လေးရောပဲ ..ရင်​တွေခုန်​လိုက်​တာ "
" စဉ်းစားလေ ..!! တစ်ယောက်မှ နင်တို့ကို
မကြည့်ဘူး ငါ့ကိုပဲ ကြည့်တာ "
ခေါင်ယံမှိုင်း တို့ အဖွဲ့ရဲ့ ခြေလှမ်းတွေက
တတွတ်တွတ် နဲ့ စကားများနေသော မိန်းကလေး
အဖွဲ့ကို ကျော်ကာ သူတို့နောက်က လွန်ကြိုးဖြူဖြူ
တို့ ထိုင်နေတဲ့နေရာဆီကို လျှောက်သွားကြသည်။
" မှားတယ်...!! အကုန်လုံး မှားတယ်
ငါတို့ နောက်က လွန်ကြိုးဖြူဖြူ ဆီကို
​ခေါင်​က  သွားတာ  "
နှမြောတသအသံနဲ့ ကောင်မလေး တစ်ယောက်က
ဆိုလိုက်ရာ practical အခန်းထဲက
မိန်းကလေးအုပ်ကြီးမှာလည်း စိတ်ဓာတ်မှေးမှိုင်
သွားကြသည်။
သို့သော် လွန်ကြိုးဖြူဖြူ ဆီ ဘာလာလုပ်လဲဆိုတာကို
​ကောင်​မ​လေး​တွေနဲ့အတူ တခြားကောင်လေး
​တွေကပါ သိချင်နေကြသည်။
" ဒေါ်ဖြူဖြူ..!! "
ဖြူဖြူတို့ ခုံနား လာပြီး ခေါ်လိုက်သော သူ့
အသံလေးကြောင့် ဖြူဖြူ မျက်နှာကို
အတတ်နိုင်ဆုံး မာထားလိုက်သည်။
" မင်္ဂလာပါ ခေါင်ယံမှိုင်း....နင့်က ကျောင်းရဲ့
the whole king မလား ....
တွေ့ရတာ ဝမ်းသာပါတယ် ငါ့ နာမည်က
ထက်ထက်လင်းပါ "
ဖြူဖြူ တောင် အမြင်ကပ်လို့ စကားမပြောတာ
ကို ထက်ထက်က လက်ဖြန့်ကာ နှုတ်ဆက်
လိုက်သေးသည်။ ဒါ့ကို dangerous ကောင်က
ထက်ထက် နှုတ်ဆက်တာကို မထီမဲ့မြင်ကြည့်
ပြီး မသိသလိုကြီး လုပ်နေလေသည်။
အ​တော်​မိုက်​ရိုင်းတာပဲ သူ့က....!!
" မင်္ဂလာပါ ထက်ထက်လင်း... ငါ့က
ခေါင်ယံမှိုင်း ရဲ့ သူငယ်ချင်း ထူးခြားနား ပါ "
အရာရာကို လိုက်လျောညီထွေစွာ ဆက်ဆံတတ်တဲ့
ထူးခြားနား မှာ ထက်ထက်လင်း လက်လေး
ကို အားနာပါးနာနဲ့ ပြန်ကိုင်ပြီး နှုတ်ဆက်ပေး
လိုက်ရာ အနည်းဆုံးတော့ ထက်ထက်လင်း
အရှက်ပြေသွားခဲ့သည်။
အနားက သွေးသစ်ဖြိုး ကိုပါ ထူးခြားနား
တံတောင်နဲ့ တို့ပြီး နှုတ်ဆက်လေဟု
မျက်စပစ်ပြရာ သွေးသစ်ဖြိုး ကပါ
ထက်ထက်လင်းကို နှုတ်ဆက်လာခဲ့သည်။
သို့သော် ခေါင်ယံမှိုင်း ကတော့ ဘယ်သူ့ကိုမှ
ဂရုစိုက်ဖို့  မအား၊  သူ့ရှေ့က လွန်ကြိုးဖြူဖြူ
ကိုပဲ စိုက်ကြည့်နေခဲ့သည်။
Practical အခန်းထဲက လူတွေလည်း
လူတစ်​ယောက်​ကို​တော်​ရုံမကြည့်​တတ်​တဲ့
ခေါင်ယံမှိုင်း ရဲ့ တစ်ခါမှ မမြင်ဖူး​သော
ပုံစံကို မြင်လိုက်၍ အံ့ဩမှင်သက်နေကြသည်။
" ကျုပ် ခေါ်တာ ခင်ဗျား မကြားဘူးလား
ဒေါ်လွန်ကြိုးဖြူဖြူ...?? ဘာလဲ
ခင်ဗျား က စကားနဲ့ ခေါ်လို့ မကြားတာလား
ဒါဆို ကျုပ် နှုတ်ခမ်းနဲ့ပဲ ဆွဲ​ခေါ်ပေးရမလား...!! "
" မင်း...!!! "
" အိုး... ရိုလိုက်တာ"
" ဝိုး... မိုက္တာ..!!  "
စိတ်တိုပြီး ဖြူဖြူ တစ်ခုလုပ်ဖို့အရွယ် Practical
အခန်းထဲက လူတွေရဲ့ အသံကြောင့် လူ​တွေ
ရှိပါ​သေးလားဆိုတဲ့ အ​တွေးနဲ့​ဒေါသ​တွေကို
မနည်းပြန်လျော့ချနေရသည်။
" ဘာလဲ ခင်ဗျား စိတ်တိုပြီး ပါးရိုက်ချင်
နေတာလား...?? ရိုက်လေ.​ဒေါ်ဖြူဖြူ..!!
ခင်ဗျား ရိုက်ရင် ခင်ဗျား ရဲ့ တစ်ကိုယ်လုံးကို
ကျုပ်​နမ်းမယ် တစ်နေရာမှ အလွတ်မပေးဘူး "
" မင်း...! !!"
ဖြူဖြူ လက်သီးတင်းတင်းဆုပ်ထားတာကို
မြင်ပြီး သူ့က ရန်လာစ၍  နှုတ်ခမ်းကို
ခပ်တင်းတင်းကိုက်ပစ်လိုက်သည်။
Practical အခန်းထဲက လူတွေလည်း
သူ ပြောလိုက်တဲ့ စကားကြောင့် မိုက်တယ်
ထအော်လာကြသည်။ ဒါတင်မသေး
ဖြူဖြူ သူငယ်ချင်း ထက်ထက် ကပါ
ပြုံးစိစိ။
" တစ်ကိုယ်လုံးကို နမ်းမယ်ဆိုတော့
ဆိုစမ်းပါအုံး ခေါင်ကြီး ....မင်းက ဘယ်နေရာကို စနမ်းမှာလဲ ..?? "
အလိုက်မသိတဲ့ သူ့ သူငယ်ချင်း သွေးသစ်ဖြိုး
ဆိုသော ကောင်လေးက မေးလာတာကို
dangerous ကောင်က ပြုံးပြုံးကြီး
လုပ်ပြီး ဖြူဖြူ ကို ကြည့်လာခဲ့သည်။
" ပြောပါအုံး ဒေါ်ဖြူဖြူ. ..ကျုပ် ခင်ဗျားကို
ဘယ်နေရာကနေ စနမ်းရမှာလဲ..  .?? "
" သေလိုက်လေ...!!  အဲ့မှာ လဲသေလိုက်..!! "
" မသေနိုင်သေးဘူး ခင်ဗျား တစ်ကိုယ်လုံးကို
ကျုပ်​မနမ်းရသေးလို့....!!  "
" မင်း... မင်း...!!  "
" ခေါင် ရာ မလွန်ကြိုးဖြူဖြူ ကို စမနေပါနဲ့
သွေးသစ် မင်းကလည်း ခေါင် အကြောင်း
သိရဲ့သားနဲ့ သွားမြှောက်ပေးမနေနဲ့....
ကျတော်ပဲ တောင်းပန်ပါတယ် မလွန်ကြိုးဖြူဖြူ
သူတို့ နှစ်ယောက်အစား "
ဝင်တောင်းပန်ပေးလာသော ဖြူဖြူ
သူငယ်ချင်း ထက်ထက် ကို နှုတ်ဆက်ပေး
ရင်းနဲ့ ကယ်လိုက်တဲ့ ထူးခြားနား ဆိုသော
ကောင်လေး။ ဘာရယ်မဟုတ် အဲ့ဒီကောင်
လေးကိုတော့ ဖြူဖြူ အမြင်ကြည်မိသည်။
သူ့ကိုကျတော့ အမြင်ကပ်သလို ကြည့်ပြီး
ခြားနား ကိုကျတော့ နစ်ဝင်တဲ့
အကြည့်တွေနဲ့ စိုက်ကြည့်နေတဲ့ ဒေါ်ဖြူဖြူ။
ကြည့်ကြသေးတာပေါ့ ဒီက​ကောင်က ဘာကောင်
လဲဆိုတာ  ပြပေးရမည်။
" ဘုန်း....!!! "
" အမ​လေး...!! "
စားပွဲခုံကို အားနဲ့ ပုတ်လိုက်ရာ ခြားနား
တောင်းပန်တာကို ရပါတယ်ဆိုပြီး
အပြုံးတွေနဲ့ ကြည့်နေသော လွန်ကြိုးဖြူဖြူ
တစ်ယောက် လန့်သွားပြီး ရင်ဘတ်ကို
လက်နဲ့ ဖိထားသွားသည်။
"  ကဲ ကလေးတို့ ရေ အတန်းချိန်လေး
စလိုက်ရအောင် ..တီချယ် အတော်နောက်ကျ
သွားတယ် "
ပြောကာဆိုကာ အတန်းထဲ ဝင်လာသော
PT ဆရာမ ကြောင့် သွေးသစ် ခေါင်ယံမှိုင်း
ကို ချက်ချင်းလက်နဲ့  တို့လိုက်သည်။
ဒါ့ကို​ခေါင်​ယံမှိူင်းက ဂရုမစိုက်​စွာနဲ့
PT ဆရာမ ဘက်​လှည့်​လာခဲ့သည်​။
" ချယ်...  ကျတော် ဒီက ကျောင်းသူနဲ့
အရေးကြီး ပြောစရာလေး ရှိလို့
ချယ် အတန်းချိန်ကို နောက်တစ်ပတ်ရွေ့လို့ရမလား... !!"
​ခေါင်​ယံမှိူင်း အသံက မာလည်း မမာသလို
ပျော့လည်း မပျော့ပါ။
" အိုး ရတာပေါ့ သားခေါင်....ရတယ်နော်
ကဲ ကလေးတို့ရေ နောက်တစ်ပတ်ကျမှ
တီချယ် ပေါင်းသင်တော့မယ်နော်...
ဒီနေ့တော့ သားခေါင်ကြောင့် PT မရှိတော့ဘူး
ဟုတ်ပြီလား...?? "
အပြောနဲ့အတူ အကုန်လုံးကို ပြုံးပြကာ ထွက်သွား
သော PT ဆရာမ။  ခေါင်ယံမှိုင်းတို့
အိမ်က အကူအညီကို ယူနေရတဲ့ KLတက္ကသိုလ်
အကြောင်းကို သိနေ၍ ကျန်တဲ့ ကျောင်းသူ/
ကျောင်းသားတွေမှာ အထွေအထူးအံ့ဩမသွား
ကြ။ ဘာဆိုဘာမှ မသိတဲ့ လွန်ကြိုးဖြူဖြူ
ကတော့ ထွက်​သွားတဲ့ ဆရာမကို ကြည့်​ကာ
မျက်လုံးလေး ပြူးကာနဲ့။
မျက်လုံးပြူးလေးနဲ့ ကြည့်နေတဲ့ လွန်ကြိုးဖြူဖြူ
ကို ခေါင်ယံမှိုင်း အသည်းယားပြီး ခုဏက
သူ ထွက်ခဲ့တဲ့​ဒေါသတွေက ကြက်ပျောက်
ငှက်ပျောက်။
" အံ့ဩမနေနဲ့ ဒေါ်ဖြူဖြူ.. .!!
ခင်ဗျား အတွက် ဒီလောက်ကတော့
ကျုပ် အတွက် ပမွှား "
လူကို စူးစူးစိုက်စိုက်ကြည့်ပြီး ပြောနေတဲ့
ပုံက မသိရင် သူ့ အပိုင်ပေ။ နောက်ပြီး ဒီလောက်က
ပမွှားတဲ့...!!  ရယ်လိုက်ချင်သေး
ဘယ်သူ့ကရော သူ့ကို လုပ်ခိုင်းလို့လဲ။
မလုပ်ခိုင်းတဲ့အပြင် အခုလို လုပ်တဲ့ သူ့ကို
ဖြူဖြူ မုန်းသည်။ သူ့ ပိုက်ဆံရှိတာနဲ့ပဲ
ဆရာမတွေက ဘာလို့  အရေးပေးကြတာလဲ
ဆိုတာကို တွေးပြီး ဖြူဖြူ အံ့ဩသွားရခြင်းပေ။
" ဒီစာက ဘာစာလဲ...??  "
ဖြူဖြူ ရှေ့က စာရွက်ဖြူလေးကို ဇွတ်တရွတ်
ဆွဲယူသွား၍ လူလည်း ကြောင်အသွားရသည်။
" အဟက်... ဒီစာက ရည်းစားစာပဲ...!!
ဘာတဲ့ စံပယ်ပန်းလေးလို မထိရက် မကိုင်
ရက် ဖြစ်တဲ့ လွန်ကြိုးဖြူဖြူလေး
ကိုယ်လေ မင်းကို ချစ်နေတာ ကြာပါပြီ
မြင်မြင်ချင်းကတည်းက ချစ်​မိသွားတာပါ....
မင်းက စံပယ်လေးဆိုရင် ကိုယ့်က ရိုးတံညှာလေး
ဖြစ်ပါရ​စေ.... ဘာလို့ဆို မင်းအနားမှာ
ကိုယ့်​က တစ်သက်လုံး  ရှိနေချင်လို့ပါ... "
"ထွီ.. ငါ xိုး....အဲ့ဒီမှာ ကိုယ့်ကိုယ်ကို
သတ်သေလိုက်....!! ရာရာစစ
ေxာက်ကောင်ကများ..!!ရိုးတံညှာ
ဖြစ်ချင်တယ် ဟုတ်လား...??
​သောက်​ကောင်​ငါ့ xီးပဲ ဖြစ်ခိုင်းလိုက်မယ်.....!!! "
စာရွက်ကို  တစ်စစီ ဆုပ်ဖြဲရင်း အဆဲကြမ်းတွေ
ဆဲပြီး မေးရိုးတွေ တင်း​ထောင်သွားသဖြင့်​
အကုန်လုံးမှာ ဘာအသံမှ မထွက်ရဲ။
တိတ်ဆိတ်နေကြသည်။
လွန်ကြိုးဖြူဖြူ ကတော့ တစ်ခါမှ မကြားဖူးတဲ့
ဆဲနည်းတွေကို ကြားလိုက်ရ၍ မျက်နှာတွေ
ထူပူနေလေသည်။
" ခင်ဗျား ပြောစမ်း ဒေါ်လွန်ကြိုးဖြူဖြူ....!!
ဒီစာ ခင်ဗျားကို ဘယ်သူပေးတာလဲ...??  "
ဆုပ်ဖြဲထားတဲ့ စာရွက်တွေကို လက်ထဲကျစ်ကျစ်
ပါအောင် ဆုပ်ရင်းနဲ့ မေးလာ၍  ဖြူဖြူ
ဘာဖြေရမှန်း မသိ။ ဘာဖြေရမှန်း မသိတာထက်
ဒီလို ရိုင်းစိုင်းတဲ့ dangerous ကောင်နဲ့
ဖြူဖြူ စကားမပြောချင်တာပေ။
တကယ်တမ်း ဒီစာ ဘယ်သူပေးတာလဲဆိုတာ
ဖြူဖြူ မသိပါ။ သူ ယူသွားမှ ဖြူဖြူ မြင်တာပေ။
ကြည့်ရတာ တစ်ယောက်ယောက်က
ဖြူဖြူ ဒီထိုင်ခုံမှာ မထိုင်ခင်ကတည်းက
လာထားသွားတာ ဖြစ်မည်။
" ကျုပ် မေးတာကြားလား ဒေါ်လွန်ကြိုးဖြူဖြူ..!!
ခင်ဗျား ကို ဒီစာ ဘယ်သူပေးတာလဲလို့...!! "
" ဝုန်း.. .!! "
အပြောနဲ့အတူ အနားက လွတ်နေတဲ့ ထိုင်ခုံကို
ခေါင်ယံမှိုင်း ကန်ပစ်လိုက်သည်။
ခေါင်ယံမှိုင်း ကန်ခြင်းခံရတဲ့ ခုံလေးမှာ အဝေးကို
ဝုန်းကနဲလွင့်​ပြီး တစ်စစီဖြစ်​သွားသည်​။
ခေါင်ယံမှိုင်း လုပ်ရပ်ကို ကြည့်ကာ လွန်ကြိုးဖြူဖြူ
မှာ ပို၍ ရွံလေ ဖြစ်ပြီး နှုတ်ခမ်းတစ်စုံကို
ခပ်​တင်းတင်းကိုက်ထားလေသည်။
" ငါ.....ငါတို့လည်း မသိဘူး ခေါင်ယံမှိုင်း.....
ဒီစာ....ဒီစာက ဖြူဖြူ  နဲ့ ငါနဲ့ မလာခင်ကတည်းက
ဒီခုံမှာ ရှိနေတာ "
ကြောက်ပေမဲ့ လွန်ကြိုးဖြူဖြူ အစား
ဝင်ဖြေပေးလာသော ထက်ထက်လင်း။
ဒါ့ကို ခေါင်ယံမှိုင်း ပိုလို့ သဘောမကျ
ဖြစ်သွားကာ စာပေးတဲ့သူကို ပို၍ စိတ်တိုသွား
ပြီး တစ်ခန်းလုံးကို မျက်ထောက်နီကြီးနဲ့
ကြည့်လာခဲ့သည်။
" ပြောစမ်း...!!  ဒေါ်ဖြူဖြူ ကို ဒီစာ
ဘယ်သူပေးတာလဲ.....??  ယောင်္ကျားဆိုရင်
ထွက်ခဲ့.... ငါ ပြောတာကြားလား
မ​အေ​ဘေး​ကောင်​ထွက်ခဲ့စမ်းလို့....!!  "
ယောင်္ကျားလေးတွေဘက် ကြည့်ပြီး ခေါင်ယံမှိုင်း
ပြောနေပေမဲ့ အကုန်လုံးမှာ ခေါင်ယံမှိုင်း
ကို ကြည့်ပြီး ကြောက်ကာ ထွက်မလာရဲ။
ခေါင် သူငယ်ချင်း ခြားနား နဲ့ သွေးသစ် မှာလည်း
အတော်စိတ်တိုနေတဲ့ ခေါင်ကို ကြည့်ကာ
မျက်ခုံးတွေ ခပ်လှုပ်လှုပ်။
" မအေxိုး​ကောင်​....!!! ငါ ပြောတာမကြားဘူးလား
ဒီစာ ဘယ်ကောင်က လက်ကမြင်းကြောထပြီး
ပေးတာလဲလို့...!!! အခုချက်ချင်း ထွက်လာခဲ့စမ်း
ငါ ပြောတာကြားလား ထွက်ခဲ့လို့....!!"
" ဝုန်း.... ဝုန်း.... ဝုန်း...!!  "
ကြောက်ပြီး ထွက်မလာလေ ခေါင်ယံမှိုင်း မှာ
စိတ်တိုလို့ မဆုံး၊ ပို၍ ဒေါသဖြစ်ပြီး
တွေ့သမျှ ခုံတွေ လိုက်ကန်သည်လေ။
ခေါင်ယံမှိုင်း ကန်ချက်ကြောင့် ကျိုးတဲ့ ခုံက
ကျိုး၊  အဝေးကို လွင့်တဲ့ ခုံက လွင့်နဲ့
Practical အခန်းကြီးက လူမြင်မကောင်းပေ။
အကုန်လုံးမှာလည်း ခေါင်ယံမှိုင်း လုပ်ရပ်ကို
ကြည့်ပြီး ကြောက်ဒူးတုန်နေကြသည်။
မိန်းကလေးတွေကတော့ သူတို့နဲ့ မဆိုင်တဲ့
အတွက် မကြောက်ကြဘဲ ခေါင်ယံမှိုင်းရဲ့
မိုက်တိမိုက်ကန်းပုံစံကို ရှိူးနေကြသည်။
" တော်ပါတော့ ခေါင်ယံမှိုင်း..!!
မင်း တော်ပါတော့....!!  "
" ဘာလဲ...!! ခင်ဗျား က အဲ့ကောင်ဘက်က
နာတာလား....?? "
ဖြူဖြူ တော်ခိုင်းလိုက်မိတာကို မြှားဦးက
ဖြူဖြူ ဘက် လှည့်လာ၍ ကြောက်ပေမဲ့လည်း
မျက်နှာကို တည်ထားပစ်လိုက်​သည်။
"  မင်း  မဆိုင်တာတွေ လျှောက်မပြောနဲ့
ခေါင်ယံမှိုင်း.... "
" ကျုပ်ကရော ဆိုင်ချင်လို့ ဆိုင်တယ်များ
ခင်ဗျားက ထင်နေတာလား....?? "
" ဒါဆို မဆိုင်နဲ့လေ... မင်းကို ဘယ်သူ့ကမှ
မဆိုင်ခိုင်းဘူး "
စိတ်တိုစွာ ပြန်ပြောနေတာလေးက သိပ်ချစ်ဖို့
ကောင်းသည်။ ဒါပေမဲ့ ထိုသို့ ပြန်ပြောနေတာ
က ရည်းစားစာ ပေးသွားတဲ့ တခြား
ကောင် အတွက်ပေ။ ဒီအတွက် ဒေါသက
ပိုထွက်လာရသည်။
" ကဲဟာ...!! ကဲဟာ...!! "
" ဒုန်း.... ဒုန်း... ဒုန်း...!!  "
ဖြူဖြူ ကို စိတ်တိုပြီး စားပွဲကို လက်သီးနဲ့
အဆက်မပြတ် ထိုးနေသဖြင့် အာမေဋိတ်သံ
မထွက်မိအောင် ဖြူဖြူ မနည်းထိန်းနေရသည်။
သူ့ လက်မှာလည်း သွေးတွေက ချက်ချင်း
ရဲပလောင်း ဖြစ်သွားကာ တစက်စက်ကျနေလေသည်။
" ခေါင်ကြီး တော်တော့...!!!
မင်း လက်နာလိမ့်မယ် "
" တော်တော့ ခေါင်...!! မင်း သွေးတွေ
ထွက်နေပြီ...တော်တော့လို့ ခေါင်...!! "
သူ့ သူငယ်ချင်း နှစ်ယောက်တားတာတောင်
​ခေါင်​အရေးမစိုက်ဘဲ စားပွဲကို  လက်​သီးနဲ့
အဆက်မပြတ်ထိုးနေလေသည်။
ဖြူဖြူ မှာ ကြည့်ပြီး ရင်တွေက တုန်လာရ
သည်။ ကြောက်စရာ ကောင်းလိုက်တာ
ဒီ dangerous ကောင်က...။
ဒီနေ့ကစပြီး ဖြူဖြူ သူနဲ့ ဝေးအောင် ရှောင်ရမည်။
" လက်က ဘာဆိုတာ အကုန်​လုံး မြင်တယ်နော်...!!
နောက်တစ်ခါ ဒေါ်လွန်ကြိုးဖြူဖြူ ကို
ရည်းစားစာ ပေးကြည့်... ဒီလက်လို
စုတ်ပြတ်သတ်သွားစေရမယ်....!! 
ပြောနေတဲ့ ကြားကနေ မယုံရင် စမ်းကြည့်လိုက်
ခေါင်ယံမှိုင်း ဘာကောင်ဆိုတာ သိသွားစေရမယ်..!!
ဒီနေ့ကစပြီး ဒေါ်ဖြူဖြူ က ကျုပ် လူပဲ "
အားရစွာ ထိုးပြီးတဲ့ နောက်မှာ သွေးချင်းရဲရဲ
နီနေတဲ့ သူ့ လက်ကို မြှောက်ပြကာ
ကြမ်းတမ်းစွာ ပြောနေသော သူ့ ပုံစံက
အတော်ကို ယောင်္ကျားပီသသည်။
ဒါပေမဲ့ သူ့ဟာသူ ဘယ်လောက် ယောင်္ကျား
ပီသသ ဖြူဖြူ မျက်လုံးထဲမှာ သူ့က
dangerous​ကောင်​တစ်ယောက်ထက် မပိုပါ။
ဖြူဖြူ ကို သူ့ လူလို့ ပြောတဲ့အတွက်လည်း
ပို၍ အမြင်ကပ်မိသည်။
" ဘုန်း... ဘုန်း..!!  "
" ငါ့က မင်း လူ မဟုတ်ဘူး ခေါင်ယံမှိုင်း...!!
ကြားလား ငါ့က မင်းလူ မဟုတ်ဘူးလို့..!! "
အမြင်ကပ်ကပ်နဲ့ သူ့ ရင်ဘတ်သွားထုပြီး
ဖြူဖြူ ပြောလိုက်ရာ စိုက်ကြည့်လာတဲ့
သူ့ မျက်ဝန်းတစ်စုံက ကျားရိုင်းတစ်ကောင်လိုပေ။
" လူ မဟုတ်ဘူးဆိုရင် ဘာလဲ ခင်ဗျားက
ကျုပ် မယား ဖြစ်ချင်တာလား...?? "
" ခေါင်ယံမှိုင်း မင်း.. .!!! "
" မဆိုးစမ်းနဲ့ ဒေါ်ဖြူဖြူ.. .!!
ခင်ဗျား လိမ်မာရင် ကျုပ် တစ်ကိုယ်လုံးက
ခင်ဗျား အတွက်ချည်းပဲ.... "
" မင်း....!!! "
" အိုး...!!! "
" အမယ်လေး ရိုလိုက်တာဟယ် ခေါင်က...
ငါ့ ကောင်လေး သာ ဖြစ်လိုက်ပါလား...?? "
" ဟုတ်ပါ့..!! ငါ့ ကောင်လေး ဖြစ်ရင်
သိပ်ကောင်းမှာပဲ "
တစ်ယောက် တစ်ပေါက် ပြောနေကြ​သော
ကျောင်းသူတွေရဲ့ စကားကို ခေါင်ယံမှိုင်း
ဂရုမစိုက်အား။  လွန်ကြိုးဖြူဖြူ စိတ်တိုနေတာ
လေးကို မျက်တောင်မခတ်တမ်း ကြည့်နေလေသည်။
ခြားနား နှင့် သွေးသစ် ကလည်း
လက်က သွေးတွေ စီးကျတာတောင် ရိုနေနိုင်
သော သူတို့သူငယ်ချင်း ခေါင်ယံမှိုင်း ကို ကြည့်ကာ
မလွယ်ဘူးဆိုတဲ့ စတိုင်လ်နဲ့။
ကျောင်းသားတွေကလည်း ကြောက်လန့်စရာကောင်း
နေရာမှ ရုတ်ခြည်း နူးညံ့သွားသော ခေါင်ကို
ကြည့်ကာ မျက်လုံးတွေက အပြူးသား။
Part  10 မျှော်..............................
( ခေါင်က မင်မင် ပြောတဲ့အတိုင်း အရမ်းဆိုး
မှာနော် လုံးဝကို အရိုင်းဆန်ပြီး ကြမ်းလည်း
ကြမ်းမှာ.... possive type လေးပါ
တစ်ခါမှ အဲ့ဒီ type မရေးဖူးလို့ ရေးကြည့်တာ
လေယူရာယိမ်း နဲ့ လိုက်မလိုက်တော့ မသိဘူး
ဇာတ်ကောင်က အကြမ်းဘက်သွားတဲ့အတွက်
ဆဲတဲ့ စကားလုံး အရိုင်းတွေ ပါလာခဲ့ရင် မင်မင့်ကို
နားလည်ပေးကြပါနော် ဒါဒါလေးတွေ 😁😍😍😘😘😘)
ဖြူဖြူလေး ခေါင်နဲ့ ညားရင်တော့ သွားပါပြီ
ခေါင်က ဆိုးကဆိုး ကြမ်းကကြမ်း
သဝန်ကလည်း အားကြီးတိုနဲ့ 😅😅😅
ချစ်​တယ်​နော်​မင်​မင်​ရဲ့ ဒါဒါ​လေး​တွေ.......😍😍😘😘
ဒီအပိုင်းလေးနဲ့ ပတ်သက်ပြီး ဒါဒါလေးတွေရဲ့ မန့်ကို
မင်မင်လေယူရာယိမ်း စောင့်မျှော်လျက်.. ......😍😍😘😘
#​လေယူရာယိမ်း
Continue Reading
You'll Also Like
1.3M 56.2K 67
ငါလား.... စိတ်ချ...... နိဗ္ဗာန်ရောက်ရင်လည်း မင်းကိုပဲ ချစ်နေအုံးမှာ.......... သုနေတင်ထွဋ် ကမ္ဘာပျက်သလို လေပြင်းမိုးသံတွေထ...
75.5K 4.5K 12
chanbeak ficလေးပါ beak....yeolနင်ကိုလေငါအရမ်းချစ်ခဲ့တာပါ yeol...beak u are mine Hun...beakငါနင့်ကိုချစ်တယ်
109K 9.1K 33
အညှိုးအတေးကြီးလွန်းတဲ့ Kim Jong In^ လိုချင်တာကို မရရအောင် ယူတတ်တဲ့ Park Chan Yeol^ အချစ်နဲ့အိမ်ထောင်ရေးကြား ဗြာများနေတဲ့ Byun Baekkie^ ချစ်တတ်လွန်းတ့...
247K 9K 39
ဖီးနစ်ငှက်တစ်ကောင်ရဲ့ ရင်ကွဲမတတ်အော်ဟစ်သံဟာ လောင်ကျွမ်းအံ့ဆဲဆဲ အတောင်ပံတွေနဲ့အတူ ပျောက်ကွယ်ပျက်စီးသွားတော့မယ့်အချိန်မှာ ငါဟာ မင်းနဲ့နောက်တစ်ကြိမ်...