ᒪᑌᗷᗷ - ᗪᑌᑭ

Galing kay AureumV

146K 16.7K 1.6K

Your are the owner of my 'LUBB - DUP'. Recommended song - 'I don't know why' by NOTD, Astrid S Kookv JJK x KTH Higit pa

Intro
Part 1
Part 2
Part 3
Part 4
Part 5
Part 6
Part 7
Part 8
Part 9
Part 10
Part 11
Part 12
Part 13
Part 14
Part 16
Part 17
Part 18
Part 19
Part 20
Part 21
Part 22 (Final)

Part 15

6.5K 764 89
Galing kay AureumV

Unicode~

ဖျား​နေတဲ့လူက သည်​လောက်ထိ ခွန်အားရှိ​နေတယ်ဆိုတာ ယုံနိုင်စရာပင်မရှိ။
သူ့ခါးကို တွယ်ဖက်ထား​သော ကိုကြီးရဲ့လက်တစ်ဖက်က တင်းတင်းကျပ်ကျပ်။ သူဘယ်လိုမှ မရုန်းနိုင် မကန်နိုင်​အောင်။
အဖျားကျ​ဆေးနဲ့ အား​ဆေး တွဲထိုး​ပေးလိုက်တာ​တောင် မှားသွားပြီထင်ပါရဲ့။

"အင်း..ဖက် ထား​ ပေး"

"မဖက်ထား​ပေးပါဘူး ​​ဝေး​ဝေး​နေ"

"မ​နေချင်ဘူး"

အသံက တိုးတိုး​လေး.. နှစ်ကိုယ်ကြား ကြားရရုံ​လောက်​လေး။ ကိုကြီးက အိပ်​ပျော်​နေတာ​တော့ မဟုတ်။ အဖျားလွန်ပြီး တစ်​ရေးနိုး​နေ​ပေမဲ့ မျက်လုံးဖွင့်မရတာဖြစ်လိမ့်မည်။

"မျက်လုံး​တွေ ပူ​​နေလား"

"အင်း.."

"Boilerဖွင့်ထား​ပေးတယ်.. ​ချွေးထွက်လာရင် အဖျားကျသွားမှာ"

ပုံမှန်အတိုင်းဆို Taehyungက တစ်​ရေးနိုးထပြီး ​ဝေယျာ၀စ္စ​တွေလုပ်ရတာကို လုံးလုံးလျားလျားမနှစ်သက်သူတစ်​ယောက်။ ကိုကြီးနဲ့​တွေ့မှ အိပ်ချင်စိတ်​လေး​တောင်​​ပျောက်သည်။
ဘယ့်နှယ်စိတ်​ကောက်​နေရင်းက​နေ လူနာ​စောင့်​ရော သူနာပြုပါ တစ်ပြိုင်နက်ဖြစ်သွားရတယ်လို့။

"ချမ်း..တယ်"

"အင်း..​နွေးသွားလိမ့်မယ်"

ကိုကြီးဘက်ကို လှည့်ပြီး ​ဖြေး​ဖြေးဖွဖွ​လေး ပြန်ဖက်တွယ်လိုက်သည်။ သူ့ပုံစံက စိတ်တို​နေရသူနဲ့​တောင် မတူနိုင်​တော့။
အရက်ဆက်တိုက်​သောက်ထားတဲ့အရှိန်​ကြောင့် အရက်နှာကျ​နေသင့်တဲ့အချိန်မှာ​တောင် အရက်နှာကျတဲ့ကိစ္စကြီးကို ​မေ့သွားသည်အထိ။

"ကိုယ်​တောင်းပန်ပါတယ်"

"အိပ်​တော့.. စကားများမ​နေနဲ့"

"အိပ်မ​ပျော်ဘူး"

"မျက်စိပိတ် ပါးစပ်ပိတ်ထား အိပ်​ပျော်သွားလိမ့်မယ်"

ဖျား​နေသူက အ​ထွေး​ပွေ့ခံသင့်တယ်ဆို​သော်လည်း ကိုကြီးနဲ့ယှဥ်လျှင် သူ့မှာ ​သေး​ကွေး​နေ​တော့ သူကပဲ အ​ထွေး​ပွေ့ခံဖြစ်ရသည်။
ပူစပ်စပ် ဝင်​လေထွက်​လေက သူ့လည်ဂုတ်သားကို ရိုက်ခတ်​နေပြီး သူ့ကို ဖက်တွယ်ထားတဲ့ ကိုကြီးလက်ကလည်း ပူ​နွေးလို့။ သည်အပူချိန်ကို ခံစားမိရုံနဲ့ပင် ကိုကြီးအဖျားမကျ​သေးဘူးဆိုတာ ခန့်မှန်းကြည့်လို့ရသည်။

"ကိုယ်​နောက်တစ်ခါ မင်းကို အသိမ​ပေးဘဲ ​ဘယ်မှမသွား​တော့ဘူး"

"​စောင့်ကြည့်​နေမယ်"

"စေ့စပ်ပွဲ မဖျက်ရဘူး​နော်"

"အိပ်ပါ​တော့ဆို.. စကားကိုများတယ်"

သူ့လည်တိုင်နားထိ တိုးဝင်လာပြီး တစိုက်မက်မက် ရှိုက်နမ်းလိုက်​သော အနမ်း။ သူ့ခန္ဓါကိုယ်​တ​လျှောက်က ​သွေး​ကြော​တွေ ရပ်ဆိုင်းသွားသည့်နှယ် ​တောင့်ခနဲဖြစ်သွားသည်။
သူ့အတွက် သည်လိုအထိအ​တွေ့က ရူး​လောက်စရာ မရင်းနှီး​သော အထိအ​တွေ့ဖြစ်သည်။

"လွတ်ဦး"

"အင်း.."

'အင်း'ဆိုတာက စကားနား​ထောင်ပြီး​ခေါင်းညိတ်​ထောက်ခံ​သော အသံမဟုတ်။ ပိုပြီးတစ်စထက်တစ်စ နစ်ဝင်နမ်းရှိုက်လာ၍ ထွက်လာ​သော အသံ။

​ပူ​နွေး​နွေးအထိအ​တွေ့က သူ့အင်္ကျီစ​အောက်က​နေ တိုးဝင်လာသည်။ သည်အသက်အရွယ်​ရောက်​နေတဲ့ ​ယောကျ်ားတစ်​ယောက်အ​နေနဲ့​တော့ ဘယ်​ခြေလှမ်းလှမ်း​နေတယ်ဆိုတာ မသိရ​လောက်တဲ့အထိ ဖြူစင်​နေတာမဟုတ်။

ဒါ​ပေမဲ့ ကိုကြီးက ဖျား​နေတာ​လေ မဟုတ်ဘူးလား။ ဖျား​နေတဲ့လူက ဘယ်လိုလုပ်ပြီး သည်လိုစိတ်​ ဝင်နိုင်ရတာလဲ။
သူ ကိုကြီးနား အရမ်းကပ်မိလို့ စိတ်​တွေကြွကုန်တာများလား။

"မရဘူး​နော်.. ကိုကြီး ဖျား​နေတယ်"

"လူပဲဖျားတာပါ"

"မရ အွန့်.."

နမ်း​နေ၍သာ နမ်းရတာ.. ကိုကြီးနှုတ်ခမ်း​တွေက ပူ​နွေးလွန်းလို့ သူ့နှုတ်ခမ်း​လေး အ​ရည်​ပျော်လုမတတ်။
ပထမ​​တော့ သူရုန်းနိုင်သမျှ ရုန်းကြည့်​ပါ​သေးသည်။ ​နောက်​တော့ နှုတ်ခမ်းပါးနှစ်စုံက သူ့အလိုလို စည်းချက်ညီညီ ​ရွှေ့လျားလာသည်။
မျက်ဝန်းများ အလိုလိုမှိတ်ကျသွားပြီး​နောက် အရာရာက မှိန်း​မောစရာ။

ပတ်ဝန်းကျင်တစ်ခုလုံးကို ​မေ့​လျော့ပြီး ​​လေ​ပေါ်ဝဲ​နေသလို ခံစားချက်မျိုး။ ရင်တလှပ်လှပ်၊ အသည်းတစ်​အေး​အေး။
ဟိုးအမြင့်ကြီးက​နေ ပြုတ်ကျသွားသည့်နှယ် သူဟာ ကိုကြီးရဲ့ ​အင်္ကျီကော်လာစကို တင်းကျပ်စွာ ဆုပ်ကိုင်ထားမိလျက်။

"ချစ်တယ်.."

"ဟမ်.. ဘာ​ပြောလိုက်တယ်"

နားကြားမှားလိုက်တာလား၊ အိပ်မက်လား။ သူ့ကိုယ်သူမယုံနိုင်တာ​ကြောင့် အထပ်ထပ်ပြန်​မေးမိသည့်အဖြစ်။

"ချစ်တယ်.. ကိုယ့်ကို စိတ်မဆိုးပါနဲ့​​တော့.."

"ဆိုးမှာပဲ"

"ခုနကကျ ပြန်နမ်း​နေပြီ​တော့"

"​တော်စမ်းပါ"

Taehyung ရှက်ရမ်းရမ်းပြီး ကုတင်​ပေါ်က ထသွားဖို့ရာ ပြင်လိုက်၏။ ဒါ​ပေမဲ့ ကိုကြီးက အသွားမခံဘဲ ဆွဲထားပြန်သည်။ Taehyungမှာ သည်အစ်ကိုကြီး ရင်ခွင်ထဲ ယက်ကန်ယက်ကန်။

မျက်နှာပူရပါတယ်ဆို.. ဘာလို့ အတင်းဆွဲထားပြန်တာလဲ။ လူပျိုကြီး​တွေများ အလိုက်ကန်းဆိုး မသိချက်ပဲ။

"အ​ဖြေ​​ပေး​လေ"

"သိရက်သားနဲ့"

"တရားဝင်မ​ပြောရ​​သေးဘူး​လေ"

ဘယ်လို​ပြောမှ တရားဝင်လဲ​တော့ မသိ။ Taehyungက​တော့ ငယ်တည်းက​နေ အခုထိ အခွင့်ကြုံတိုင်း ချစ်တဲ့အ​ကြောင်း ​ပြောခဲ့တာပဲ​လေ။
'ချစ်တယ်' ဆိုတာကို တရားဝင်ဖြစ်ဖို့ စာချုပ်​တွေဘာ​တွေများ လို​သေးလို့လား။

"​နေ​ကောင်းသွားရင်​ပြောမယ်။ အခုအိပ်​တော့"

စိတ်​လျှော့သွားတာလား၊ ​​မောသွားတာလား.. ကိုကြီးဆီက အသံမထွက်လာ​တော့။ စကားသံအစား အသက်ရှူသံပြင်းပြင်းကိုသာ ကြားရသည်။ အင်း​ပေါ့​.. ​နေမှမ​ကောင်း​သေးဘဲ အင်အား​တွေအများကြီး သုံးလိုက်တာကိုး.. ​ပြောလို့မှမရတာ။

ကိုကြီးရဲ့ နှုတ်ခမ်းကို ခပ်ဖွဖွ​လေး စမ်းကြည့်​တော့ ခုနကနဲ့ မတူဘဲ ​ခြောက်ကပ်​နေသည်။
Boiler​ကြောင့်ပဲလား သူ့​ကြောင့်ပဲလား.. ကိုကြီးကိုယ်အပူချိန်က အနည်းငယ်​​လျော့သွားသည်ဟု ထင်ရသည်။

မနက်​ရောက်လို့ အခုဖြစ်ခဲ့တာ​တွေ​ ပြန်​တွေးကြည့်ရင်​တော့ သူ ကိုကြီးကို မျက်နှာချင်းဆိုင်နိုင်မှာပင် မဟုတ်​တော့..။
____

JungKook အိပ်ရာနိုးနိုးချင်း ​ဘေးနား​နေရာကို စမ်းကြည့်သည်။
ဘယ်သူမှမရှိ​တော့ အိပ်ရာ​ပေါ်မှာ သူတစ်​ယောက်တည်း ကျန်ခဲ့တာဖြစ်​ကြောင်း သိရသည်။

သူညက အ​တော်​လေး အဖျားတက်​နေခဲ့တာ။ တစ်ကိုယ်လုံး ကိုက်ခဲထုံကျင်ပြီး မလှုပ်မရှားချင်တဲ့အထိပင်။
ထိုသို့ ​နေရထိုင်ရခက်​နေသည့်ကြားမှ အမှတ်တရ​ကောင်း​လေး​တော့ ရှိသွား​သေးပါ၏။

​ခိုက်ခိုက်တုန်ချမ်း​နေ​သော်လည်း ပူ​နွေးစိုစွတ်သည့်အနမ်းများ​ကြောင့် သူအဖျားတစ်ဝက်သက်သာသွားသည်ဟု ဆိုရမလား။ ထိုအနမ်းက သူ့နှုတ်ခမ်း​ပေါ် ယခုထိတိုင် အ​ငွေ့အသက်ထင်ကျန်​နေဆဲ။
သူ့နှုတ်ခမ်းကိုပင် မကြာခဏဆိုသလို စမ်းမိ​နေ​တော့သည်။

"နိုးရင်လည်း ထလာ​တော့​လေ။ ​နေ​ကောင်းသွားပြီလား"

"အင်း..​ကောင်းသွားပြီ ငယ်​လေး​ကြောင့်"

"ဒါ​​ပေါ့ ကျွန်​တော်ညတုန်းက ​ဆေးနှစ်လုံးထိုးထား​ပေးတယ်​လေ"

"​ဆေး​တွေက အလကားပါကွာ.. အဓိကက"

"​နေ​ကောင်းရင် ထပြီးမျက်နှာသစ်​တော့။ ကျွန်​တော် ဆန်ပြုတ်ပြင်ထား​ပေးတယ်"

Taehyung ရှက်သွားတာ သူသိတာ​ပေါ့။ မျက်မှန်ချွတ်ထား​ပေမဲ့ Taehyungရဲ့ပါးနှစ်ဖက်ရဲတွတ်​နေတာကို​တော့ ခံစားမိပါရဲ့။

သူအိပ်ရာက​နေ ကုန်းရုန်းထပြီး ခပ်သွက်သွက်ပဲ ကိုယ်လက်သန့်စင်လိုက်သည်။ အနည်းငယ် ကြည့်​ပျော်ရှု​ပျော်ဖြစ်​အောင် ကိုယ့်ကိုယ်ကိုယ် သ,လိုက်ပြီး ဧည့်ခန်းဘက် ထွက်လာ​​တော့ Taehyungထိုင်​နေတာကို ​တွေ့သည်။
စားပွဲခုံ​ပေါ်မှာ​တော့ ဆန်ပြုတ်ပန်းကန်ကြီးက ကြီးကြီးမားမား.. လူတစ်​ယောက်စာ​တောင် ဟုတ်ပါရဲ့လား။

"ဒီမှာ ဆန်ပြုတ်မှာထား​ပေးတယ်"

"ခွံ့ကျွေး​လေ"

"နာ​နေတာက ​ခြေ​​ထောက်​လေ၊ လက်မှမဟုတ်တာ။ ကိုယ့်ဟာကိုယ်စား"

"ကိုယ့်ကိုဆို အရမ်းငြိုငြင်လာတာပဲ"

"စိတ်​ဆိုး​နေတုန်း​နော်.. အထွန့်မတက်နဲ့"

Taehyung ​ပြောရင်းနဲ့ မျက်​စောင်း​လေးထိုးလိုက်သည်။ စိတ်ယားစရာ​ကောင်းပုံများ ကိုယ့်ဗိုက်ကိုယ်ပြန်ကုတ်ချင်လာ​တော့တာပဲ။

Taehyungက ချစ်စရာ​ကောင်းသ​လောက် ဆန်ပြုတ်က​တော့ မဟုတ်။ ဟိုတယ်က ဆန်ပြုတ်ကို သည်လို ပွဲကြီးနဲ့ပဲ ​ရောင်းတာလား။ ဒါမှမဟုတ် Taehyungကပဲ သူ့ကို ရွဲ့လို့ မျိုစို့ပါ​စေဆိုပြီး မှာလိုက်တာလား။
အနည်းငယ်စီဆို ဆန်ပြုတ်က စား​ကောင်း​သောက်​ကောင်းတယ်ဆို​ပေမဲ့ သည်​လောက်ကြီးက​တော့ မဟုတ်​သေးဘူး​လေ။

"​တော်ပြီ..ကိုယ်ဝပြီ"

"ဟင် ကုန်​တောင်မကုန်​သေးဘူး"

"အများကြီးပဲ​လေ။ ကိုယ့်ကိုသာ ​​ကျွေး​နေတာ မင်း​​ရော ဘာစားပြီးပြီလဲ"

"ကိုကြီးအိပ်​နေတုန်းက မနက်စာဘူ​ဖေးသွားစားလိုက်တယ်"

မနက်စာစားပြီး​တော့ Taehyungက သူ့​ခြေ​ထောက်က ဒဏ်ရာ​တွေကို ပြန်​ဆေးထည့်​ပေးသည်။ ဒဏ်ရာက ကြီးကြီးမားမားတစ်ခုတည်းမဟုတ်ဘဲ ဟိုတစ်စသည်တစ်စနဲ့ အများကြီးပြန့်ကျဲ​နေတာဖြစ်သည်။
Taehyung အရက်ပြန်​လောင်းချပြီး ​​ဆေး​​ကြောပေး​တော့ စပ်လိုက်တာများ.. မျက်ရည်​တောင် ဝဲချင်ချင်။
ဆရာဝန်ဆိုတာလည်း သူများကိုသာ ​ဆေးကု​ပေးရတာ.. ကိုယ်တိုင်က မ​​သေမျိုးဖြစ်​နေတာ မဟုတ်ဘူး​လေ။ အ​သွေးအသားနဲ့ပဲ.. နာတတ်တာ​​ပေါ့။

"ကိုယ်တို့အတူ ကိုးရီးယားကို ပြန်ကြစို့"

"ပြန်ရမှာ​ပေါ့.. အကြာကြီး ခွင့်ယူထားလို့မှ မရတာ"

"လည်ချင်​သေးတယ်ဆို Honeymoonထွက်မှ ​နောက်တစ်​ခေါက်ပြန်လာကြမယ်​လေ"

"အဟွတ် အဟွတ်!"

Taehyungဖြင့် သည်လိုစကား​တွေဟာ ကိုကြီးနှုတ်ခမ်းက ထွက်ခဲ့တယ်ဆိုတာ ယုံ​တောင်မယုံချင်။ နတ်ပူးခံရတာလား၊ ဇာတ်ကား​တွေထဲကလို လူစားထိုးခံလိုက်ရတာလား။
အမြဲလိုလို သူ့ကို ​ချေမိုး​နေတဲ့ကိုကြီးဆီက သည်လိုစကားမျိုးကြားရတယ် ဆို​တော့​လေ။

"ကိုကြီးအစစ်​တော့ ဟုတ်ပါတယ်​နော်"

"ဟုတ်တယ်​​လေ"

"ကျွန်​တော်​တော့ မယုံချင်​တော့ဘူး။ အရက်​သောက်လို့ ​မှောက်ပြီး အိပ်မက်ကမ္ဘာထဲ​ရောက်​နေတာများလား"

သူ Taehyungကို ရင်ခွင်ထဲ ဆွဲသွင်းလိုက်သည်။ စိတ်ဆိုး​နေတယ်ဆို​​သော်ငြား ရုန်း​တော့မရုန်း.. ဒါ အ​ခြေအ​နေ​ကောင်းသည်ဟု ဆိုရမည်။
နဖူး​ပေါ်ကျ​နေ​သော ဆံစတို့ကို ထိတယ်ဆိုရုံ​လေး ရှိုက်လိုက်သည်။ Taehyungရဲ့ ​သေး​သေး​ကွေး​ကွေးခန္ဓါကိုယ်က သူ့ရင်ခွင်ထဲမှာ အံဝင်ခွင်ကျ။
သည်​ကောင်​လေးက ဘယ်လိုနည်းနဲ့များ သူ့နှလုံးသားထဲမှာ ​နေရာယူနိုင်သွားတာပါလိမ့်။

နှလုံးဆိုသည့်အရာအား ​​သွေး​ကြောအမျိုးမျိုး ဝင်ထွက်သွားလာ​နေသည့် ကြွက်သားတစ်ခုဟူ၍သာ မြင်ခဲ့​သော နှလုံးခွဲစိတ်​ဆရာဝန်တစ်​ယောက်ကို Kim Taehyungက အမြင်​ပြောင်းလဲ​ပေးလိုက်သည်။
ဘယ်လို​ပြောင်းလဲ​ပေးလိုက်တာလဲဆို နှလုံးသားဟာ Taehyungဖြစ်သည်ဟု ထင်လာ​အောင် ​ပြောင်းလဲ​ပေးတာ။
အ​တွေးနဲ့တင် ကြည်နူးစရာအတိ။

"ကိုယ် မင်းကို စာ​​မေးမယ်လို့​ပြောထားတာ မှတ်မိလား"

"အင်း.. မ​မေးနဲ့ မ​ဖြေဘူး"

"မ​ဖြေလို့ မရဘူး ငယ်​​လေးရဲ့။ ​မေးခွန်းက လွယ်လွယ်​လေးပါကွာ။ ဒုတိယနှစ်​ကျောင်းသားကို​မေးရင်​တောင် သိတယ်"

"ဘာလဲကွာ ​မေး​မေး မြန်မြန်​မေး"

စိတ်မရှည်သံ​လေးနဲ့​ဖြေ​တော့ JungKook ပြုံးမိလိုက်သည်။ တကယ်စာ​မေးမယ်လို့ ထင်​နေတာဖြစ်လိမ့်မည်။ Kim Taehyungက သာမာန်​ကျောင်းသား​တွေလိုပင် စာလုပ်ရတာ သိပ်ကြိုက်သည်မဟုတ်။

"ကိုယ်တို့ နှလုံးခုန်သံကို ဘယ်လို​ခေါ်လဲသိတယ်မလား"

"Lubb - Dup ​လေ"

"အင်း ​ပုံမှန်အ​ခြေအ​နေမှာ အဲ့အသံနှစ်ခုကြား ကြာချိန်က ၀.၅ စက္ကန့်ဖြစ်ပြီး​တော့ အသံနှစ်ခု​ပေါင်းမှ နှလုံးတစ်ခါခုန်တယ်လို့ မှတ်တာတဲ့"

"ဟင်..အဲ့တာ​တွေ သိပြီးသား​လေ။ Lectureလာ​ပေး​နေတာလား"

တကယ့်ကို သာမာန်​ကျောင်းသား​လေးပါပဲ။ Lectureလိုက်ရမှာ အရမ်းပျင်းတဲ့ က​လေးကို မြင်​နေရသလို။ ဒါ​လေးက အလုပ်သင်ဆရာဝန်​တောင် ဖြစ်​နေပြီတဲ့လား။
သူ့ရင်ခွင်ထဲကထွက်ပြီး သူ့ကို မျက်​စောင်းနဲ့ကြည့်​နေ​သော Taehyungကို ပြန်ဆွဲပြီး ဖက်ထားလိုက်သည်။

"ဆုံး​အောင်နား​ထောင်ပါဦးကွာ.."

"​ပြော​ပြော"

"အခု ကိုယ့်ရဲ့ Lubb - Dup ကြားမှာ အချိန်ဘယ်​လောက်ကြာမယ်ထင်လဲ"

"ဘယ်သိမလဲ"

"၀.၂ စက္ကန့်။ ဟုတ်တယ်.. ကိုယ်နှလုံးခုန်တာမြန်​နေတယ်"

Taehyung နည်းနည်း​တော့ သ​ဘော​ပေါက်ချင်လာသလိုလို။ ရှက်ကိုးရှက်ကန်းနှင့် ​​ခေါင်းကို မ​ဖော်စတမ်း ငုံ့ထားမိ​တော့သည်။ ကိုကြီးကို တစ်ခုခုပြန်​ပြောချင်​ပေမဲ့ ဘာပြန်​ပြောသင့်လဲ အစမ​ဖော်နိုင်။

"အဲ့တာ မင်းအနားမှာရှိ​နေလို့​လေ။ ရင်ခုန်တယ်လို့​ခေါ်တယ် သိလား"

" အိုး.. အဲ့တာ စာမှမဟုတ်တာပဲ"

"ဟုတ်ပါတယ်။ နှလုံးအထူးကုကသင်​ပေးတဲ့ နှလုံးသားသင်ခန်းစာ​လေ"

Taehyung မ​နေတတ်စွာဖြင့် ကိုကြီးရင်ဘတ်ကို ခပ်ဖွဖွ​လေး ထုလိုက်သည်။ သူ့ခမျာ မျက်နှာပူလွန်းလို့ ရင်ခွင်ထဲ တိုးဝင်မိ​နေ​တော့တာ။ ကိုကြီးကို အခုချိန် မျက်နှာချင်းဆိုင်ရမှာ သူသိပ်ရှက်တာပဲ။
အဲ့သည်လို ပိုးပန်းတဲ့စကား​တွေ ဘယ်က သင်လာတာပါလိမ့်။

ရှက်​သွေးဖြာခြင်းနှင့်အတူ သူ့ရင်ခုန်သံနှုန်းကလည်း ဒီ​ရေအလား တရိပ်ရိပ်တက်လာခဲ့သည်။
ကိုကြီး​ပြောတဲ့ Lubb - Dupအသံနှစ်သံကြား ကြာချိန်က တို​နေလိမ့်မည်။ ဒါက ရင်ခုန်ခြင်းမည်၏။

တစ်​ဦးတစ်​ယောက်တည်းအတွက် သီးသန့်ဆန်စွာ ပွင့်လန်းလာ​သော ရင်ခုန်ခြင်း အချစ်ပန်း​လေးတစ်ပွင့်ရယ်ပါ။ အဖူးအငုံအဖြစ်​ နှစ်​ချီကြာခဲ့ရင်းက ​နောက်ဆုံး​တော့ ပွင့်လန်းချိန်တန်​ရော​ပေါ့။
ကိုကြီးက သူ့ရင်ခုန်သံကို ​ကောင်းမွန်စွာဖြင့် အလှပဆုံး ဖူးပွင့်​စေတာပါပင်..။

"မင်းပြန်လာရင် ဒီလို​လေး​ပြောဖို့ ပြင်ဆင်ထားခဲ့တာ။ မင်းကို ​ပြော​နေတုန်း ထစ်မှာစိုးလို့ ​နေ့တိုင်းရွတ်ကြည့်​သေးတယ်"

"ဟမ်..ရည်းစားစကားကို ​ဆေးစာကျက်သလို ကျက်ရ​သေးတာလား"

"​သေချာတာ​ပေါ့။ ကိုယ်က အ​တွေ့အကြုံမှမရှိတာပဲ။ Ph.D​ဖြေတုန်းက လူ​တွေ့စစ်တာထက်​တောင် ပို​တုန်လှုပ်စရာ​ကောင်း​နေ​သေးတယ်"

Taehyungအသံထွက်ပြီးပင် ရယ်မိ​တော့သည်။ စာ​တော်တဲ့လူ​တွေက သည်လိုပဲ အချစ်​ရေးမှာ ညံ့တတ်ကြပါသည်။ ခွဲစိတ်ပညာမှာ ဂုဏ်ထူးထွက်​တယ်ဆို​ပေမဲ့ အချစ်​ရေးကို​တော့ ကုစားအမှတ်နဲ့ ​​အောင်တဲ့လူ​က ကိုကြီးပါပဲ။

"ကဲ.. ကိုယ့်ကို အ​ဖြေ​ပေး​တော့မယ်မလား"

"Stethoscopeမပါဘဲ နှလုံးခုန်သံကို စစ်​​​ဆေး​ပေး"

"ရတယ်..နား​ထောင်စရာမလိုဘူး။ ​သေချာတယ် ချစ်တယ်​တဲ့"

"ဪ.. ဆရာဝန်တစ်​ယောက်က ​သေချာမစစ်​ဆေးဘဲ ​ရောဂါအမည်တပ်လို့ရတယ်​​​ပေါ့"

"ရိုးရိုး​ရောဂါမှမဟုတ်တာ ဒါက အချစ်​ရောဂါ​လေ"

Taehyung သည်လူကြီးကို ဘယ်လိုလုပ်ပြီး မချစ်ဘဲ​နေနိုင်ပါ့မလဲ။ ကိုကြီးရင်ခွင်ထဲ​နေရင်း အရှိန်အဟုန်ပြင်းစွာ​သော ရင်ခုန်သံကို နားဆင်လို့ရသည်။ ​နွေး​ထွေးမှု​တွေကို ခံစားနိုင်သည်။
တစ်သက်စာ ဒူး​ထောက်ဦးညွှတ်ပစ်ချင်စရာ အရှိန်အဝါနဲ့ သည်လူ။ သူ့အ​ပေါ် မာမာထန်ထန်ဆက်ဆံခဲ့သမျှကို သင်ပုန်း​ချေပြီး ကိုကြီးကို သူချစ်ပြနိုင်ပါရဲ့။

"ကိုယ်မနက်ဖြန်ည​နေအတွက် ​လေယာဥ်လက်မှတ် bookingလုပ်ထားလိုက်ပြီ"

"အင်း..ပြီး​ရော​လေ"

"အတူလည်ချင်​သေးတာကိုကွာ။ ဟိုမှာ အလုပ်​​တွေက ပုံ​နေလို့"

တကယ်တမ်း ​ခြေ​ထောက်ကဒဏ်ရာ သက်သာမှ ပြန်သင့်သည်ဆို​သော်လည်း အခုကျ အနည်းငယ်အ​လောသုံးဆယ်ဖြစ်သွားသည်။ ဒဏ်ရာက ​သွေး​တော့မထွက်​တော့။ သို့​သော် မလိုလားအပ်တဲ့ပိုး​တွေဝင်မှာသာ စိုးရသည်။

ထို့အပြင် ချစ်ကြင်ခါစ အချိန်​လေးမှာ လည်ပတ်ချိန်ပင်မရလိုက်​တော့။ ဒီ​​နေ့အ​ဖြေရ မနက်ဖြန် အိမ်ပြန်.. ဘယ်​လောက်​တောင် တက်သုတ်ရိုက်လိုက်သလဲ။

"အလုပ်​တွေပုံ​နေရင် ဘာလို့ ဒီကိုလိုက်ခဲ့​သေးလဲ။ ကျွန်​တော်က တစ်သက်လုံး​​နေမှာကျလို့"

"မင်းက ကိုယ့်ကို blockထားတယ်​လေကွာ။ ဟိုမှာ ပြဿနာ​တွေကလည်းရှုပ်ပြီး မီဒီယာ​တွေကလည်း အ​ရေမရအဖတ်မရ​တွေချည်း ​ရေး​နေကြတာကိုး"

မီဒီယာ​ဆိုတာ​တွေက ကိုကြီး​ပြောလည်း ​ပြောချင်စရာ။ ဘာ​​ကြောင့်များ သူ​များကိုယ်​ရေးကိုယ်တာကိစ္စ​တွေဆို သိပ်​ရေးချင်ကြလဲမသိ။ ​
အခု​နောက်ပိုင်း social media​တွေ ​ခေတ်စားလာ​တော့ ​ကောလဟာလတစ်ခုပြန့်သွားဖို့က အများကြီးပိုလွယ်လာသည်။ တစ်ခုခု ​ခြေလှမ်းမှားတာနဲ့ သကြားကို ပုရွက်ဆိတ်အုံသလို အုံလာကြမည့် သတင်းသမား​တွေ အပြည့်။

"အင်း.. အခု ကျွန်​တော်တို့ အတူပြန်လာတာကိုသိရင် ဘယ်လို​​ပြောကြဦးမလဲ ​ရေးကြဦးမလဲပဲ"

"ထားလိုက်စမ်းပါ အ​ရေးမပါတဲ့ဟာ​တွေ ​ခေါင်းထဲ ထည့်မ​နေနဲ့"

သည်ရက်ပိုင်း အခန်းထဲမှာ Taehyung ဖွထားတာ​တွေက မနည်း။ မနက်ဖြန်ပြန်မယ်ဆို​တော့ ပြန့်ကျဲ​နေတဲ့ အဝတ်အစား​တွေ၊ အသုံးအ​​ဆောင်​တွေ တစ်ခုချင်းကို လိုက်​ကောက်ပြီး သိမ်း​ရသည်။

ကုတ်အင်္ကျီ​တွေဆို ကုတင်​ခြေရင်းမှာတစ်ထည်၊ ဆိုဖာခုံအစွန်းမှာတစ်ထည်။ အင်္ကျီ​တွေဆိုလည်း အဲ့သည်အတိုင်း ​နေရာအနှံ့။
ဘယ်​လောက်​တောင် မူးပြီး​သောင်းကျန်း​နေခဲ့လဲမသိ။
တစ်ခန်းလုံးကို ကူရှင်း​ပေးရင်ပင် JungKook ​​ခေါင်းတစ်ခါခါဖြစ်​နေတာ ဘယ်နှကြိမ်ရှိပြီလဲ မသိ​တော့။

"ဘာလို့ ​လျှောက်ဖွထားရတာလဲ။ အခုသိမ်းရတာ အလုပ်ပိုတာ​ပေါ့"

"အစက​တော့ သန့်သန့်ရှင်းရှင်း​နေတာပါပဲ။ ကိုကြီး​ကြောင့် အသည်းကွဲပြီး အရက်သမား​လေးလည်းဖြစ် တစ်ခန်းလုံးလည်း ဗရုတ်ကျ​တော့တာပဲ"

"​နောက်ဆို ငယ်​လေးအထင်လွဲစရာ ဘာကိစ္စမှမရှိ​အောင် ဆင်ခြင်ပြီး​နေမယ်။ အရက်​​​တွေ ​လျှောက်ပြီး မ​သောက်ရဘူး​နော်။ အသည်း​ကို ထိလိမ့်မယ်"

​ပြောရင်းနဲ့ Taehyungကို အ​​နောက်က​နေ သိုင်းဖက်ထားလိုက်သည်။ Taehyungပုခုံး​ပေါ် ​မေးတင်ထားရင်း တသင်းသင်းထွက်လာ​သော ကိုယ်သင်းရနံ့ကို တဝကြီး ရှိုက်​မွှေး​နေမိ​တော့တာ။

သည်​ကောင်​​လေးကို သူသိပ်ချစ်တာပဲ။ ဘယ်အချိန်စပါတယ်လို့ သူက အတိအကျမ​ပြောနိုင်ရင်​တောင် ရင်ခုန်သံ​တွေက​တော့ ​ပြောနိုင်ပါလိမ့်မည်။

TBC~

Do vote⭐ me if you like it.
Love you and thank you Taekookers💜

Zawgyi~

ဖ်ား​ေနတဲ့လူက သည္​ေလာက္ထိ ခြန္အားရွိ​ေနတယ္ဆိုတာ ယုံႏိုင္စရာပင္မရွိ။
သူ႔ခါးကို တြယ္ဖက္ထား​ေသာ ကိုႀကီးရဲ႕လက္တစ္ဖက္က တင္းတင္းက်ပ္က်ပ္။ သူဘယ္လိုမွ မ႐ုန္းႏိုင္ မကန္ႏိုင္​ေအာင္။
အဖ်ားက်​ေဆးနဲ႔ အား​ေဆး တြဲထိုး​ေပးလိုက္တာ​ေတာင္ မွားသြားၿပီထင္ပါရဲ႕။

"အင္း..ဖက္ ထား​ ေပး"

"မဖက္ထား​ေပးပါဘူး ​​ေဝး​ေဝး​ေန"

"မ​ေနခ်င္ဘူး"

အသံက တိုးတိုး​ေလး.. ႏွစ္ကိုယ္ၾကား ၾကားရ႐ုံ​ေလာက္​ေလး။ ကိုႀကီးက အိပ္​ေပ်ာ္​ေနတာ​ေတာ့ မဟုတ္။ အဖ်ားလြန္ၿပီး တစ္​ေရးႏိုး​ေန​ေပမဲ့ မ်က္လုံးဖြင့္မရတာျဖစ္လိမ့္မည္။

"မ်က္လုံး​ေတြ ပူ​​ေနလား"

"အင္း.."

"Boilerဖြင့္ထား​ေပးတယ္.. ​ေခြၽးထြက္လာရင္ အဖ်ားက်သြားမွာ"

ပုံမွန္အတိုင္းဆို Taehyungက တစ္​ေရးႏိုးထၿပီး ​ေဝယ်ာ၀စၥ​ေတြလုပ္ရတာကို လုံးလုံးလ်ားလ်ားမႏွစ္သက္သူတစ္​ေယာက္။ ကိုႀကီးနဲ႔​ေတြ႕မွ အိပ္ခ်င္စိတ္​ေလး​ေတာင္​​ေပ်ာက္သည္။
ဘယ့္ႏွယ္စိတ္​ေကာက္​ေနရင္းက​ေန လူနာ​ေစာင့္​ေရာ သူနာျပဳပါ တစ္ၿပိဳင္နက္ျဖစ္သြားရတယ္လို႔။

"ခ်မ္း..တယ္"

"အင္း..​ေႏြးသြားလိမ့္မယ္"

ကိုႀကီးဘက္ကို လွည့္ၿပီး ​ေျဖး​ေျဖးဖြဖြ​ေလး ျပန္ဖက္တြယ္လိုက္သည္။ သူ႔ပုံစံက စိတ္တို​ေနရသူနဲ႔​ေတာင္ မတူႏိုင္​ေတာ့။
အရက္ဆက္တိုက္​ေသာက္ထားတဲ့အရွိန္​ေၾကာင့္ အရက္ႏွာက်​ေနသင့္တဲ့အခ်ိန္မွာ​ေတာင္ အရက္ႏွာက်တဲ့ကိစၥႀကီးကို ​ေမ့သြားသည္အထိ။

"ကိုယ္​ေတာင္းပန္ပါတယ္"

"အိပ္​ေတာ့.. စကားမ်ားမ​ေနနဲ႔"

"အိပ္မ​ေပ်ာ္ဘူး"

"မ်က္စိပိတ္ ပါးစပ္ပိတ္ထား အိပ္​ေပ်ာ္သြားလိမ့္မယ္"

ဖ်ား​ေနသူက အ​ေထြး​ေပြ႕ခံသင့္တယ္ဆို​ေသာ္လည္း ကိုႀကီးနဲ႔ယွဥ္လွ်င္ သူ႔မွာ ​ေသး​ေကြး​ေန​ေတာ့ သူကပဲ အ​ေထြး​ေပြ႕ခံျဖစ္ရသည္။
ပူစပ္စပ္ ဝင္​ေလထြက္​ေလက သူ႔လည္ဂုတ္သားကို ႐ိုက္ခတ္​ေနၿပီး သူ႔ကို ဖက္တြယ္ထားတဲ့ ကိုႀကီးလက္ကလည္း ပူ​ေႏြးလို႔။ သည္အပူခ်ိန္ကို ခံစားမိ႐ုံနဲ႔ပင္ ကိုႀကီးအဖ်ားမက်​ေသးဘူးဆိုတာ ခန္႔မွန္းၾကည့္လို႔ရသည္။

"ကိုယ္​ေနာက္တစ္ခါ မင္းကို အသိမ​ေပးဘဲ ​ဘယ္မွမသြား​ေတာ့ဘူး"

"​ေစာင့္ၾကည့္​ေနမယ္"

"ေစ့စပ္ပြဲ မဖ်က္ရဘူး​ေနာ္"

"အိပ္ပါ​ေတာ့ဆို.. စကားကိုမ်ားတယ္"

သူ႔လည္တိုင္နားထိ တိုးဝင္လာၿပီး တစိုက္မက္မက္ ရႈိက္နမ္းလိုက္​ေသာ အနမ္း။ သူ႔ခႏၶါကိုယ္​တ​ေလွ်ာက္က ​ေသြး​ေၾကာ​ေတြ ရပ္ဆိုင္းသြားသည့္ႏွယ္ ​ေတာင့္ခနဲျဖစ္သြားသည္။
သူ႔အတြက္ သည္လိုအထိအ​ေတြ႕က ႐ူး​ေလာက္စရာ မရင္းႏွီး​ေသာ အထိအ​ေတြ႕ျဖစ္သည္။

"လြတ္ဦး"

"အင္း.."

'အင္း'ဆိုတာက စကားနား​ေထာင္ၿပီး​ေခါင္းညိတ္​ေထာက္ခံ​ေသာ အသံမဟုတ္။ ပိုၿပီးတစ္စထက္တစ္စ နစ္ဝင္နမ္းရႈိက္လာ၍ ထြက္လာ​ေသာ အသံ။

​ပူ​ေႏြး​ေႏြးအထိအ​ေတြ႕က သူ႔အက်ႌစ​ေအာက္က​ေန တိုးဝင္လာသည္။ သည္အသက္အ႐ြယ္​ေရာက္​ေနတဲ့ ​ေယာက်္ားတစ္​ေယာက္အ​ေနနဲ႔​ေတာ့ ဘယ္​ေျခလွမ္းလွမ္း​ေနတယ္ဆိုတာ မသိရ​ေလာက္တဲ့အထိ ျဖဴစင္​ေနတာမဟုတ္။

ဒါ​ေပမဲ့ ကိုႀကီးက ဖ်ား​ေနတာ​ေလ မဟုတ္ဘူးလား။ ဖ်ား​ေနတဲ့လူက ဘယ္လိုလုပ္ၿပီး သည္လိုစိတ္​ ဝင္ႏိုင္ရတာလဲ။
သူ ကိုႀကီးနား အရမ္းကပ္မိလို႔ စိတ္​ေတြႂကြကုန္တာမ်ားလား။

"မရဘူး​ေနာ္.. ကိုႀကီး ဖ်ား​ေနတယ္"

"လူပဲဖ်ားတာပါ"

"မရ အြန္႔.."

နမ္း​ေန၍သာ နမ္းရတာ.. ကိုႀကီးႏႈတ္ခမ္း​ေတြက ပူ​ေႏြးလြန္းလို႔ သူ႔ႏႈတ္ခမ္း​ေလး အ​ရည္​ေပ်ာ္လုမတတ္။
ပထမ​​ေတာ့ သူ႐ုန္းႏိုင္သမွ် ႐ုန္းၾကည့္​ပါ​ေသးသည္။ ​ေနာက္​ေတာ့ ႏႈတ္ခမ္းပါးႏွစ္စုံက သူ႔အလိုလို စည္းခ်က္ညီညီ ​ေ႐ႊ႕လ်ားလာသည္။
မ်က္ဝန္းမ်ား အလိုလိုမွိတ္က်သြားၿပီး​ေနာက္ အရာရာက မွိန္း​ေမာစရာ။

ပတ္ဝန္းက်င္တစ္ခုလုံးကို ​ေမ့​ေလ်ာ့ၿပီး ​​ေလ​ေပၚဝဲ​ေနသလို ခံစားခ်က္မ်ိဳး။ ရင္တလွပ္လွပ္၊ အသည္းတစ္​ေအး​ေအး။
ဟိုးအျမင့္ႀကီးက​ေန ျပဳတ္က်သြားသည့္ႏွယ္ သူဟာ ကိုႀကီးရဲ႕ ​အက်ႌေကာ္လာစကို တင္းက်ပ္စြာ ဆုပ္ကိုင္ထားမိလ်က္။

"ခ်စ္တယ္.."

"ဟမ္.. ဘာ​ေျပာလိုက္တယ္"

နားၾကားမွားလိုက္တာလား၊ အိပ္မက္လား။ သူ႔ကိုယ္သူမယုံႏိုင္တာ​ေၾကာင့္ အထပ္ထပ္ျပန္​ေမးမိသည့္အျဖစ္။

"ခ်စ္တယ္.. ကိုယ့္ကို စိတ္မဆိုးပါနဲ႔​​ေတာ့.."

"ဆိုးမွာပဲ"

"ခုနကက် ျပန္နမ္း​ေနၿပီ​ေတာ့"

"​ေတာ္စမ္းပါ"

Taehyung ရွက္ရမ္းရမ္းၿပီး ကုတင္​ေပၚက ထသြားဖို႔ရာ ျပင္လိုက္၏။ ဒါ​ေပမဲ့ ကိုႀကီးက အသြားမခံဘဲ ဆြဲထားျပန္သည္။ Taehyungမွာ သည္အစ္ကိုႀကီး ရင္ခြင္ထဲ ယက္ကန္ယက္ကန္။

မ်က္ႏွာပူရပါတယ္ဆို.. ဘာလို႔ အတင္းဆြဲထားျပန္တာလဲ။ လူပ်ိဳႀကီး​ေတြမ်ား အလိုက္ကန္းဆိုး မသိခ်က္ပဲ။

"အ​ေျဖ​​ေပး​ေလ"

"သိရက္သားနဲ႔"

"တရားဝင္မ​ေျပာရ​​ေသးဘူး​ေလ"

ဘယ္လို​ေျပာမွ တရားဝင္လဲ​ေတာ့ မသိ။ Taehyungက​ေတာ့ ငယ္တည္းက​ေန အခုထိ အခြင့္ႀကဳံတိုင္း ခ်စ္တဲ့အ​ေၾကာင္း ​ေျပာခဲ့တာပဲ​ေလ။
'ခ်စ္တယ္' ဆိုတာကို တရားဝင္ျဖစ္ဖို႔ စာခ်ဳပ္​ေတြဘာ​ေတြမ်ား လို​ေသးလို႔လား။

"​ေန​ေကာင္းသြားရင္​ေျပာမယ္။ အခုအိပ္​ေတာ့"

စိတ္​ေလွ်ာ့သြားတာလား၊ ​​ေမာသြားတာလား.. ကိုႀကီးဆီက အသံမထြက္လာ​ေတာ့။ စကားသံအစား အသက္ရႉသံျပင္းျပင္းကိုသာ ၾကားရသည္။ အင္း​ေပါ့​.. ​ေနမွမ​ေကာင္း​ေသးဘဲ အင္အား​ေတြအမ်ားႀကီး သုံးလိုက္တာကိုး.. ​ေျပာလို႔မွမရတာ။

ကိုႀကီးရဲ႕ ႏႈတ္ခမ္းကို ခပ္ဖြဖြ​ေလး စမ္းၾကည့္​ေတာ့ ခုနကနဲ႔ မတူဘဲ ​ေျခာက္ကပ္​ေနသည္။
Boiler​ေၾကာင့္ပဲလား သူ႔​ေၾကာင့္ပဲလား.. ကိုႀကီးကိုယ္အပူခ်ိန္က အနည္းငယ္​​ေလ်ာ့သြားသည္ဟု ထင္ရသည္။

မနက္​ေရာက္လို႔ အခုျဖစ္ခဲ့တာ​ေတြ​ ျပန္​ေတြးၾကည့္ရင္​ေတာ့ သူ ကိုႀကီးကို မ်က္ႏွာခ်င္းဆိုင္ႏိုင္မွာပင္ မဟုတ္​ေတာ့..။
____

JungKook အိပ္ရာႏိုးႏိုးခ်င္း ​ေဘးနား​ေနရာကို စမ္းၾကည့္သည္။
ဘယ္သူမွမရွိ​ေတာ့ အိပ္ရာ​ေပၚမွာ သူတစ္​ေယာက္တည္း က်န္ခဲ့တာျဖစ္​ေၾကာင္း သိရသည္။

သူညက အ​ေတာ္​ေလး အဖ်ားတက္​ေနခဲ့တာ။ တစ္ကိုယ္လုံး ကိုက္ခဲထုံက်င္ၿပီး မလႈပ္မရွားခ်င္တဲ့အထိပင္။
ထိုသို႔ ​ေနရထိုင္ရခက္​ေနသည့္ၾကားမွ အမွတ္တရ​ေကာင္း​ေလး​ေတာ့ ရွိသြား​ေသးပါ၏။

​ခိုက္ခိုက္တုန္ခ်မ္း​ေန​ေသာ္လည္း ပူ​ေႏြးစိုစြတ္သည့္အနမ္းမ်ား​ေၾကာင့္ သူအဖ်ားတစ္ဝက္သက္သာသြားသည္ဟု ဆိုရမလား။ ထိုအနမ္းက သူ႔ႏႈတ္ခမ္း​ေပၚ ယခုထိတိုင္ အ​ေငြ႕အသက္ထင္က်န္​ေနဆဲ။
သူ႔ႏႈတ္ခမ္းကိုပင္ မၾကာခဏဆိုသလို စမ္းမိ​ေန​ေတာ့သည္။

"ႏိုးရင္လည္း ထလာ​ေတာ့​ေလ။ ​ေန​ေကာင္းသြားၿပီလား"

"အင္း..​ေကာင္းသြားၿပီ ငယ္​ေလး​ေၾကာင့္"

"ဒါ​​ေပါ့ ကြၽန္​ေတာ္ညတုန္းက ​ေဆးႏွစ္လုံးထိုးထား​ေပးတယ္​ေလ"

"​ေဆး​ေတြက အလကားပါကြာ.. အဓိကက"

"​ေန​ေကာင္းရင္ ထၿပီးမ်က္ႏွာသစ္​ေတာ့။ ကြၽန္​ေတာ္ ဆန္ျပဳတ္ျပင္ထား​ေပးတယ္"

Taehyung ရွက္သြားတာ သူသိတာ​ေပါ့။ မ်က္မွန္ခြၽတ္ထား​ေပမဲ့ Taehyungရဲ႕ပါးႏွစ္ဖက္ရဲတြတ္​ေနတာကို​ေတာ့ ခံစားမိပါရဲ႕။

သူအိပ္ရာက​ေန ကုန္း႐ုန္းထၿပီး ခပ္သြက္သြက္ပဲ ကိုယ္လက္သန္႔စင္လိုက္သည္။ အနည္းငယ္ ၾကည့္​ေပ်ာ္ရႈ​ေပ်ာ္ျဖစ္​ေအာင္ ကိုယ့္ကိုယ္ကိုယ္ သ,လိုက္ၿပီး ဧည့္ခန္းဘက္ ထြက္လာ​​ေတာ့ Taehyungထိုင္​ေနတာကို ​ေတြ႕သည္။
စားပြဲခုံ​ေပၚမွာ​ေတာ့ ဆန္ျပဳတ္ပန္းကန္ႀကီးက ႀကီးႀကီးမားမား.. လူတစ္​ေယာက္စာ​ေတာင္ ဟုတ္ပါရဲ႕လား။

"ဒီမွာ ဆန္ျပဳတ္မွာထား​ေပးတယ္"

"ခြံ​့ေကြၽး​ေလ"

"နာ​ေနတာက ​ေျခ​​ေထာက္​ေလ၊ လက္မွမဟုတ္တာ။ ကိုယ့္ဟာကိုယ္စား"

"ကိုယ့္ကိုဆို အရမ္းၿငိဳျငင္လာတာပဲ"

"စိတ္​ဆိုး​ေနတုန္း​ေနာ္.. အထြန္႔မတက္နဲ႔"

Taehyung ​ေျပာရင္းနဲ႔ မ်က္​ေစာင္း​ေလးထိုးလိုက္သည္။ စိတ္ယားစရာ​ေကာင္းပုံမ်ား ကိုယ့္ဗိုက္ကိုယ္ျပန္ကုတ္ခ်င္လာ​ေတာ့တာပဲ။

Taehyungက ခ်စ္စရာ​ေကာင္းသ​ေလာက္ ဆန္ျပဳတ္က​ေတာ့ မဟုတ္။ ဟိုတယ္က ဆန္ျပဳတ္ကို သည္လို ပြဲႀကီးနဲ႔ပဲ ​ေရာင္းတာလား။ ဒါမွမဟုတ္ Taehyungကပဲ သူ႔ကို ႐ြဲ႕လို႔ မ်ိဳစို႔ပါ​ေစဆိုၿပီး မွာလိုက္တာလား။
အနည္းငယ္စီဆို ဆန္ျပဳတ္က စား​ေကာင္း​ေသာက္​ေကာင္းတယ္ဆို​ေပမဲ့ သည္​ေလာက္ႀကီးက​ေတာ့ မဟုတ္​ေသးဘူး​ေလ။

"​ေတာ္ၿပီ..ကိုယ္ဝၿပီ"

"ဟင္ ကုန္​ေတာင္မကုန္​ေသးဘူး"

"အမ်ားႀကီးပဲ​ေလ။ ကိုယ့္ကိုသာ ​​ေကြၽး​ေနတာ မင္း​​ေရာ ဘာစားၿပီးၿပီလဲ"

"ကိုႀကီးအိပ္​ေနတုန္းက မနက္စာဘူ​ေဖးသြားစားလိုက္တယ္"

မနက္စာစားၿပီး​ေတာ့ Taehyungက သူ႔​ေျခ​ေထာက္က ဒဏ္ရာ​ေတြကို ျပန္​ေဆးထည့္​ေပးသည္။ ဒဏ္ရာက ႀကီးႀကီးမားမားတစ္ခုတည္းမဟုတ္ဘဲ ဟိုတစ္စသည္တစ္စနဲ႔ အမ်ားႀကီးျပန္႔က်ဲ​ေနတာျဖစ္သည္။
Taehyung အရက္ျပန္​ေလာင္းခ်ၿပီး ​​ေဆး​​ေၾကာေပး​ေတာ့ စပ္လိုက္တာမ်ား.. မ်က္ရည္​ေတာင္ ဝဲခ်င္ခ်င္။
ဆရာဝန္ဆိုတာလည္း သူမ်ားကိုသာ ​ေဆးကု​ေပးရတာ.. ကိုယ္တိုင္က မ​​ေသမ်ိဳးျဖစ္​ေနတာ မဟုတ္ဘူး​ေလ။ အ​ေသြးအသားနဲ႔ပဲ.. နာတတ္တာ​​ေပါ့။

"ကိုယ္တို႔အတူ ကိုးရီးယားကို ျပန္ၾကစို႔"

"ျပန္ရမွာ​ေပါ့.. အၾကာႀကီး ခြင့္ယူထားလို႔မွ မရတာ"

"လည္ခ်င္​ေသးတယ္ဆို Honeymoonထြက္မွ ​ေနာက္တစ္​ေခါက္ျပန္လာၾကမယ္​ေလ"

"အဟြတ္ အဟြတ္!"

Taehyungျဖင့္ သည္လိုစကား​ေတြဟာ ကိုႀကီးႏႈတ္ခမ္းက ထြက္ခဲ့တယ္ဆိုတာ ယုံ​ေတာင္မယုံခ်င္။ နတ္ပူးခံရတာလား၊ ဇာတ္ကား​ေတြထဲကလို လူစားထိုးခံလိုက္ရတာလား။
အၿမဲလိုလို သူ႔ကို ​ေခ်မိုး​ေနတဲ့ကိုႀကီးဆီက သည္လိုစကားမ်ိဳးၾကားရတယ္ ဆို​ေတာ့​ေလ။

"ကိုႀကီးအစစ္​ေတာ့ ဟုတ္ပါတယ္​ေနာ္"

"ဟုတ္တယ္​​ေလ"

"ကြၽန္​ေတာ္​ေတာ့ မယုံခ်င္​ေတာ့ဘူး။ အရက္​ေသာက္လို႔ ​ေမွာက္ၿပီး အိပ္မက္ကမာၻထဲ​ေရာက္​ေနတာမ်ားလား"

သူ Taehyungကို ရင္ခြင္ထဲ ဆြဲသြင္းလိုက္သည္။ စိတ္ဆိုး​ေနတယ္ဆို​​ေသာ္ျငား ႐ုန္း​ေတာ့မ႐ုန္း.. ဒါ အ​ေျခအ​ေန​ေကာင္းသည္ဟု ဆိုရမည္။
နဖူး​ေပၚက်​ေန​ေသာ ဆံစတို႔ကို ထိတယ္ဆို႐ုံ​ေလး ရႈိက္လိုက္သည္။ Taehyungရဲ႕ ​ေသး​ေသး​ေကြး​ေကြးခႏၶါကိုယ္က သူ႔ရင္ခြင္ထဲမွာ အံဝင္ခြင္က်။
သည္​ေကာင္​ေလးက ဘယ္လိုနည္းနဲ႔မ်ား သူ႔ႏွလုံးသားထဲမွာ ​ေနရာယူႏိုင္သြားတာပါလိမ့္။

ႏွလုံးဆိုသည့္အရာအား ​​ေသြး​ေၾကာအမ်ိဳးမ်ိဳး ဝင္ထြက္သြားလာ​ေနသည့္ ႂကြက္သားတစ္ခုဟူ၍သာ ျမင္ခဲ့​ေသာ ႏွလုံးခြဲစိတ္​ဆရာဝန္တစ္​ေယာက္ကို Kim Taehyungက အျမင္​ေျပာင္းလဲ​ေပးလိုက္သည္။
ဘယ္လို​ေျပာင္းလဲ​ေပးလိုက္တာလဲဆို ႏွလုံးသားဟာ Taehyungျဖစ္သည္ဟု ထင္လာ​ေအာင္ ​ေျပာင္းလဲ​ေပးတာ။
အ​ေတြးနဲ႔တင္ ၾကည္ႏူးစရာအတိ။

"ကိုယ္ မင္းကို စာ​​ေမးမယ္လို႔​ေျပာထားတာ မွတ္မိလား"

"အင္း.. မ​ေမးနဲ႔ မ​ေျဖဘူး"

"မ​ေျဖလို႔ မရဘူး ငယ္​​ေလးရဲ႕။ ​ေမးခြန္းက လြယ္လြယ္​ေလးပါကြာ။ ဒုတိယႏွစ္​ေက်ာင္းသားကို​ေမးရင္​ေတာင္ သိတယ္"

"ဘာလဲကြာ ​ေမး​ေမး ျမန္ျမန္​ေမး"

စိတ္မရွည္သံ​ေလးနဲ႔​ေျဖ​ေတာ့ JungKook ၿပဳံးမိလိုက္သည္။ တကယ္စာ​ေမးမယ္လို႔ ထင္​ေနတာျဖစ္လိမ့္မည္။ Kim Taehyungက သာမာန္​ေက်ာင္းသား​ေတြလိုပင္ စာလုပ္ရတာ သိပ္ႀကိဳက္သည္မဟုတ္။

"ကိုယ္တို႔ ႏွလုံးခုန္သံကို ဘယ္လို​ေခၚလဲသိတယ္မလား"

"Lubb - Dup ​ေလ"

"အင္း ​ပုံမွန္အ​ေျခအ​ေနမွာ အဲ့အသံႏွစ္ခုၾကား ၾကာခ်ိန္က ၀.၅ စကၠန္႔ျဖစ္ၿပီး​ေတာ့ အသံႏွစ္ခု​ေပါင္းမွ ႏွလုံးတစ္ခါခုန္တယ္လို႔ မွတ္တာတဲ့"

"ဟင္..အဲ့တာ​ေတြ သိၿပီးသား​ေလ။ Lectureလာ​ေပး​ေနတာလား"

တကယ့္ကို သာမာန္​ေက်ာင္းသား​ေလးပါပဲ။ Lectureလိုက္ရမွာ အရမ္းပ်င္းတဲ့ က​ေလးကို ျမင္​ေနရသလို။ ဒါ​ေလးက အလုပ္သင္ဆရာဝန္​ေတာင္ ျဖစ္​ေနၿပီတဲ့လား။
သူ႔ရင္ခြင္ထဲကထြက္ၿပီး သူ႔ကို မ်က္​ေစာင္းနဲ႔ၾကည့္​ေန​ေသာ Taehyungကို ျပန္ဆြဲၿပီး ဖက္ထားလိုက္သည္။

"ဆုံး​ေအာင္နား​ေထာင္ပါဦးကြာ.."

"​ေျပာ​ေျပာ"

"အခု ကိုယ့္ရဲ႕ Lubb - Dup ၾကားမွာ အခ်ိန္ဘယ္​ေလာက္ၾကာမယ္ထင္လဲ"

"ဘယ္သိမလဲ"

"၀.၂ စကၠန္႔။ ဟုတ္တယ္.. ကိုယ္ႏွလုံးခုန္တာျမန္​ေနတယ္"

Taehyung နည္းနည္း​ေတာ့ သ​ေဘာ​ေပါက္ခ်င္လာသလိုလို။ ရွက္ကိုးရွက္ကန္းႏွင့္ ​​ေခါင္းကို မ​ေဖာ္စတမ္း ငုံ႔ထားမိ​ေတာ့သည္။ ကိုႀကီးကို တစ္ခုခုျပန္​ေျပာခ်င္​ေပမဲ့ ဘာျပန္​ေျပာသင့္လဲ အစမ​ေဖာ္ႏိုင္။

"အဲ့တာ မင္းအနားမွာရွိ​ေနလို႔​ေလ။ ရင္ခုန္တယ္လို႔​ေခၚတယ္ သိလား"

" အိုး.. အဲ့တာ စာမွမဟုတ္တာပဲ"

"ဟုတ္ပါတယ္။ ႏွလုံးအထူးကုကသင္​ေပးတဲ့ ႏွလုံးသားသင္ခန္းစာ​ေလ"

Taehyung မ​ေနတတ္စြာျဖင့္ ကိုႀကီးရင္ဘတ္ကို ခပ္ဖြဖြ​ေလး ထုလိုက္သည္။ သူ႔ခမ်ာ မ်က္ႏွာပူလြန္းလို႔ ရင္ခြင္ထဲ တိုးဝင္မိ​ေန​ေတာ့တာ။ ကိုႀကီးကို အခုခ်ိန္ မ်က္ႏွာခ်င္းဆိုင္ရမွာ သူသိပ္ရွက္တာပဲ။
အဲ့သည္လို ပိုးပန္းတဲ့စကား​ေတြ ဘယ္က သင္လာတာပါလိမ့္။

ရွက္​ေသြးျဖာျခင္းႏွင့္အတူ သူ႔ရင္ခုန္သံႏႈန္းကလည္း ဒီ​ေရအလား တရိပ္ရိပ္တက္လာခဲ့သည္။
ကိုႀကီး​ေျပာတဲ့ Lubb - Dupအသံႏွစ္သံၾကား ၾကာခ်ိန္က တို​ေနလိမ့္မည္။ ဒါက ရင္ခုန္ျခင္းမည္၏။

တစ္​ဦးတစ္​ေယာက္တည္းအတြက္ သီးသန္႔ဆန္စြာ ပြင့္လန္းလာ​ေသာ ရင္ခုန္ျခင္း အခ်စ္ပန္း​ေလးတစ္ပြင့္ရယ္ပါ။ အဖူးအငုံအျဖစ္​ ႏွစ္​ခ်ီၾကာခဲ့ရင္းက ​ေနာက္ဆုံး​ေတာ့ ပြင့္လန္းခ်ိန္တန္​ေရာ​ေပါ့။
ကိုႀကီးက သူ႔ရင္ခုန္သံကို ​ေကာင္းမြန္စြာျဖင့္ အလွပဆုံး ဖူးပြင့္​ေစတာပါပင္..။

"မင္းျပန္လာရင္ ဒီလို​ေလး​ေျပာဖို႔ ျပင္ဆင္ထားခဲ့တာ။ မင္းကို ​ေျပာ​ေနတုန္း ထစ္မွာစိုးလို႔ ​ေန႔တိုင္း႐ြတ္ၾကည့္​ေသးတယ္"

"ဟမ္..ရည္းစားစကားကို ​ေဆးစာက်က္သလို က်က္ရ​ေသးတာလား"

"​ေသခ်ာတာ​ေပါ့။ ကိုယ္က အ​ေတြ႕အႀကဳံမွမရွိတာပဲ။ Ph.D​ေျဖတုန္းက လူ​ေတြ႕စစ္တာထက္​ေတာင္ ပို​တုန္လႈပ္စရာ​ေကာင္း​ေန​ေသးတယ္"

Taehyungအသံထြက္ၿပီးပင္ ရယ္မိ​ေတာ့သည္။ စာ​ေတာ္တဲ့လူ​ေတြက သည္လိုပဲ အခ်စ္​ေရးမွာ ညံ့တတ္ၾကပါသည္။ ခြဲစိတ္ပညာမွာ ဂုဏ္ထူးထြက္​တယ္ဆို​ေပမဲ့ အခ်စ္​ေရးကို​ေတာ့ ကုစားအမွတ္နဲ႔ ​​ေအာင္တဲ့လူ​က ကိုႀကီးပါပဲ။

"ကဲ.. ကိုယ့္ကို အ​ေျဖ​ေပး​ေတာ့မယ္မလား"

"Stethoscopeမပါဘဲ ႏွလုံးခုန္သံကို စစ္​​​ေဆး​ေပး"

"ရတယ္..နား​ေထာင္စရာမလိုဘူး။ ​ေသခ်ာတယ္ ခ်စ္တယ္​တဲ့"

"ဪ.. ဆရာဝန္တစ္​ေယာက္က ​ေသခ်ာမစစ္​ေဆးဘဲ ​ေရာဂါအမည္တပ္လို႔ရတယ္​​​ေပါ့"

"႐ိုး႐ိုး​ေရာဂါမွမဟုတ္တာ ဒါက အခ်စ္​ေရာဂါ​ေလ"

Taehyung သည္လူႀကီးကို ဘယ္လိုလုပ္ၿပီး မခ်စ္ဘဲ​ေနႏိုင္ပါ့မလဲ။ ကိုႀကီးရင္ခြင္ထဲ​ေနရင္း အရွိန္အဟုန္ျပင္းစြာ​ေသာ ရင္ခုန္သံကို နားဆင္လို႔ရသည္။ ​ေႏြး​ေထြးမႈ​ေတြကို ခံစားႏိုင္သည္။
တစ္သက္စာ ဒူး​ေထာက္ဦးၫႊတ္ပစ္ခ်င္စရာ အရွိန္အဝါနဲ႔ သည္လူ။ သူ႔အ​ေပၚ မာမာထန္ထန္ဆက္ဆံခဲ့သမွ်ကို သင္ပုန္း​ေခ်ၿပီး ကိုႀကီးကို သူခ်စ္ျပႏိုင္ပါရဲ႕။

"ကိုယ္မနက္ျဖန္ည​ေနအတြက္ ​ေလယာဥ္လက္မွတ္ bookingလုပ္ထားလိုက္ၿပီ"

"အင္း..ၿပီး​ေရာ​ေလ"

"အတူလည္ခ်င္​ေသးတာကိုကြာ။ ဟိုမွာ အလုပ္​​ေတြက ပုံ​ေနလို႔"

တကယ္တမ္း ​ေျခ​ေထာက္ကဒဏ္ရာ သက္သာမွ ျပန္သင့္သည္ဆို​ေသာ္လည္း အခုက် အနည္းငယ္အ​ေလာသုံးဆယ္ျဖစ္သြားသည္။ ဒဏ္ရာက ​ေသြး​ေတာ့မထြက္​ေတာ့။ သို႔​ေသာ္ မလိုလားအပ္တဲ့ပိုး​ေတြဝင္မွာသာ စိုးရသည္။

ထို႔အျပင္ ခ်စ္ၾကင္ခါစ အခ်ိန္​ေလးမွာ လည္ပတ္ခ်ိန္ပင္မရလိုက္​ေတာ့။ ဒီ​​ေန႔အ​ေျဖရ မနက္ျဖန္ အိမ္ျပန္.. ဘယ္​ေလာက္​ေတာင္ တက္သုတ္႐ိုက္လိုက္သလဲ။

"အလုပ္​ေတြပုံ​ေနရင္ ဘာလို႔ ဒီကိုလိုက္ခဲ့​ေသးလဲ။ ကြၽန္​ေတာ္က တစ္သက္လုံး​​ေနမွာက်လို႔"

"မင္းက ကိုယ့္ကို blockထားတယ္​ေလကြာ။ ဟိုမွာ ျပႆနာ​ေတြကလည္းရႈပ္ၿပီး မီဒီယာ​ေတြကလည္း အ​ေရမရအဖတ္မရ​ေတြခ်ည္း ​ေရး​ေနၾကတာကိုး"

မီဒီယာ​ဆိုတာ​ေတြက ကိုႀကီး​ေျပာလည္း ​ေျပာခ်င္စရာ။ ဘာ​​ေၾကာင့္မ်ား သူ​မ်ားကိုယ္​ေရးကိုယ္တာကိစၥ​ေတြဆို သိပ္​ေရးခ်င္ၾကလဲမသိ။ ​
အခု​ေနာက္ပိုင္း social media​ေတြ ​ေခတ္စားလာ​ေတာ့ ​ေကာလဟာလတစ္ခုျပန္႔သြားဖို႔က အမ်ားႀကီးပိုလြယ္လာသည္။ တစ္ခုခု ​ေျခလွမ္းမွားတာနဲ႔ သၾကားကို ပု႐ြက္ဆိတ္အုံသလို အုံလာၾကမည့္ သတင္းသမား​ေတြ အျပည့္။

"အင္း.. အခု ကြၽန္​ေတာ္တို႔ အတူျပန္လာတာကိုသိရင္ ဘယ္လို​​ေျပာၾကဦးမလဲ ​ေရးၾကဦးမလဲပဲ"

"ထားလိုက္စမ္းပါ အ​ေရးမပါတဲ့ဟာ​ေတြ ​ေခါင္းထဲ ထည့္မ​ေနနဲ႔"

သည္ရက္ပိုင္း အခန္းထဲမွာ Taehyung ဖြထားတာ​ေတြက မနည္း။ မနက္ျဖန္ျပန္မယ္ဆို​ေတာ့ ျပန္႔က်ဲ​ေနတဲ့ အဝတ္အစား​ေတြ၊ အသုံးအ​​ေဆာင္​ေတြ တစ္ခုခ်င္းကို လိုက္​ေကာက္ၿပီး သိမ္း​ရသည္။

ကုတ္အက်ႌ​ေတြဆို ကုတင္​ေျခရင္းမွာတစ္ထည္၊ ဆိုဖာခုံအစြန္းမွာတစ္ထည္။ အက်ႌ​ေတြဆိုလည္း အဲ့သည္အတိုင္း ​ေနရာအႏွံ႔။
ဘယ္​ေလာက္​ေတာင္ မူးၿပီး​ေသာင္းက်န္း​ေနခဲ့လဲမသိ။
တစ္ခန္းလုံးကို ကူရွင္း​ေပးရင္ပင္ JungKook ​​ေခါင္းတစ္ခါခါျဖစ္​ေနတာ ဘယ္ႏွႀကိမ္ရွိၿပီလဲ မသိ​ေတာ့။

"ဘာလို႔ ​ေလွ်ာက္ဖြထားရတာလဲ။ အခုသိမ္းရတာ အလုပ္ပိုတာ​ေပါ့"

"အစက​ေတာ့ သန္႔သန္႔ရွင္းရွင္း​ေနတာပါပဲ။ ကိုႀကီး​ေၾကာင့္ အသည္းကြဲၿပီး အရက္သမား​ေလးလည္းျဖစ္ တစ္ခန္းလုံးလည္း ဗ႐ုတ္က်​ေတာ့တာပဲ"

"​ေနာက္ဆို ငယ္​ေလးအထင္လြဲစရာ ဘာကိစၥမွမရွိ​ေအာင္ ဆင္ျခင္ၿပီး​ေနမယ္။ အရက္​​​ေတြ ​ေလွ်ာက္ၿပီး မ​ေသာက္ရဘူး​ေနာ္။ အသည္း​ကို ထိလိမ့္မယ္"

​ေျပာရင္းနဲ႔ Taehyungကို အ​​ေနာက္က​ေန သိုင္းဖက္ထားလိုက္သည္။ Taehyungပုခုံး​ေပၚ ​ေမးတင္ထားရင္း တသင္းသင္းထြက္လာ​ေသာ ကိုယ္သင္းရနံ႔ကို တဝႀကီး ရႈိက္​ေမႊး​ေနမိ​ေတာ့တာ။

သည္​ေကာင္​​ေလးကို သူသိပ္ခ်စ္တာပဲ။ ဘယ္အခ်ိန္စပါတယ္လို႔ သူက အတိအက်မ​ေျပာႏိုင္ရင္​ေတာင္ ရင္ခုန္သံ​ေတြက​ေတာ့ ​ေျပာႏိုင္ပါလိမ့္မည္။

TBC~

Do vote⭐ me if you like it.
Love you and thank you Taekookers💜

Ipagpatuloy ang Pagbabasa

Magugustuhan mo rin

30.2K 896 10
I run back inside to see stormtroopers swarming around. I run around trying to find Rey. I run back outside. I her screaming and yelling. I immediat...
1.3M 51.5K 55
Being a single dad is difficult. Being a Formula 1 driver is also tricky. Charles Leclerc is living both situations and it's hard, especially since h...
86.6K 9.1K 38
အချစ်သာ နေမင်းကြီးဆိုရင်...ထယ်က နေမင်းကြီးဘေးမှာ ဝန်းရံနေမဲ့ ဂြိုလ်ငယ်လေးတစ်လုံး .... Start - May 15,2021 End _ Sep 17,2021 အခ်စ္သာ ေနမင္းႀကီးဆိုရင္...
1M 38.6K 90
𝗟𝗼𝘃𝗶𝗻𝗴 𝗵𝗲𝗿 𝘄𝗮𝘀 𝗹𝗶𝗸𝗲 𝗽𝗹𝗮𝘆𝗶𝗻𝗴 𝘄𝗶𝘁𝗵 𝗳𝗶𝗿𝗲, 𝗹𝘂𝗰𝗸𝗶𝗹𝘆 𝗳𝗼𝗿 𝗵𝗲𝗿, 𝗔𝗻𝘁𝗮𝗿𝗲𝘀 𝗹𝗼𝘃𝗲 𝗽𝗹𝗮𝘆𝗶𝗻𝗴 𝘄𝗶𝘁𝗵 �...