အခ်စ္က သူေစစားရာ 🌚🌚 ( ေခါင...

Autorstwa NabeNabe549

429K 19.7K 790

အမႊာခ်င္း တူေပမယ့္ သူမရဲ႕ ေမြးဖြားမႈမွာ ဒိြလိင္ ပါဝင္ေနတဲ့အတြက္ ဖခင္ ျဖစ္သူရဲ႕ စြန္႔ပစ္ျခင္းကို ခံခဲ့ရတဲ့ လ... Więcej

Review
Part - 1 ( Zg + Uni)
Part - 2 ( Zg + Uni)
Part - 3 ( Zg + Uni)
Part - 4 ( Zg+ Uni)
Part - 5 ( Zg+ Uni)
Part - 6 ( Zg+ Uni)
Part - 7 ( Zg+ Uni)
Part - 9 ( Zg + Uni)
Part - 10 ( Zg + Uni)
Part - 11 ( Zg + Uni)
Part - 12 ( Zg + Uni)
Part - 13 ( Zg + Uni)
Part - 14 ( Zg + Uni)
Part - 15 ( Zg + Uni)
Part - 16 ( Zg + Uni)
Part - 17 ( Zg + Uni)
Part - 18 ( Zg + Uni)
Part - 19 ( Zg + Uni)
Part - 20 ( Zg + Uni)
Part - 21 ( Zg + Uni)
Part - 22 ( Zg + Uni)
Part - 23 ( Zg + Uni)
Part - 24 ( Zg + Uni)
Part - 25 ( Zg + Uni)
Part - 26 ( Zg + Uni)
Part - 27 ( Zg + Uni)
Part - 28 ( Zg + Uni)
Part - 29 ( Zg + Uni)
Part - 30 ( Zg + Uni)
Part - 31 ( Zg + Uni)
Part - 32 ( Zg + Uni )
Part 33 ( Zg + Uni )
Part - 34 ( Zg + Uni)
Part - 35 ( Zg + Uni)
Part - 36 ( Zg + Uni)
Part - 37 ( Zg + Uni)
Part - 38 ( Zg + Uni)
Part - 39 ( Zg + Uni)
Part - 40 ( Zg + Uni )
Part - 41 ( Zg + Uni)
ခြင့္တိုင္ၾကားျခင္း
Part - 42 ( Zg + Uni)
အသိေပးခ်က္
Part - 43 ( Zg + Uni)
Part - 44 ( Zg + Uni)
Part - 45 ( Zg + Uni)
Part - 46 ( Zg + Uni)
Part - 47 ( Zg + Uni)
Part - 48 ( Zg + Uni)
Part - 49 ( Zg + Uni)
Part - 50 ( Zg + Uni)
Part - 51 ( Zg + Uni)
Part - 52 ( Zg + Uni)
Part - 53 ( Zg + Uni)
Part - 54 ( Zg + Uni)
Part - 55 ( Zg + Uni)
Part - 56 ( Zg + Uni)
Part - 57 ( Zg + Uni)
Part - 58 ( Zg + Uni)
Part - 59 ( Zg + Uni)
Part - 60 ( Zg + Uni)
Part - 61 ( Zg + Uni)
Part - 62 ( Zg + Uni)
Part - 63 ( Zg + Uni)
Part - 64 ( Zg + Uni)
Part - 65 ( Zg + Uni)
Part - 66 ( Zg + Uni)
Part - 67 ( Zg + Uni)
Part - 68 ( Zg + Uni)
Part - 69 ( Zg + Uni)
Part - 70 Final Part ( Zg + Uni)

Part - 8 ( Zg + Uni)

6.2K 287 8
Autorstwa NabeNabe549

☆☆☆☆♡⃛   အခ်စ္က သူေစစားရာ   ♡⃛ ☆☆☆☆
( Part - 8 )

ေဂဟာေရာက္ေတာ့ ေျခာက္နာရီခြဲေနၿပီေလ။
ျဖဴျဖဴ မွာ ေၾကာက္ၿပီး စက္ဘီးကို အသားကုန္
နင္​းလာလိုက္ရတာ။

dangerous ေကာင္ကို စိတ္ေတြတိုလိုက္တာ
အရမ္းပဲ။ ညိဳေလးကို ထမင္းေကြၽးတာလည္း
ေနာက္က်။  ေဂဟာက ကေလးေတြ ထမင္း
ေကြၽးတာလည္း ေနာက္က်သြားခဲ့သည္။

မာသာ ကို ႏိွပ္ေတာင္ ႏိွပ္မေပးလိုက္ရပါ။ဒါေတြ
အားလံုးက ဒင္းေၾကာင့္ပင္။ ဒါတင္မကေသး
လိမ္မိတာအတြက္ ျဖဴျဖဴ ကို စိတ္ပူၿပီး ေစာင့္ေနတဲ့
မာသာ နဲ႔ ေထြးေထြးေၾကာင့္လည္း ျဖဴျဖဴ
ကိုယ္ ျဖဴျဖဴ အျပစ္ရိွသလို ခံစားေနရသည္။

" ယုကီေလး က ကင္ဆာေနာက္ဆံုး အဆင့္
ျဖစ္ေနၿပီ ျဖဴေလး....."

အ​ေတြးမ်ား ​ေယာက္​ယက္​ခတ္​​ေနရင္​းက​ေန
ျဖဴျဖဴ နဲ႔ မ်က္ႏွာခ်င္းဆိုင္ ထိုင္ေနတဲ့
မာသာ က ဆိုလိုက္တဲ့ စကားေၾကာင့္ ျဖဴျဖဴ
တစ္ကိုယ္လံုး တုန္လႈပ္သြားမိသည္။

" မိဘေတြမ်ား သိပ္ေၾကာက္စရာေကာင္းတာပဲ....
ေရာဂါရိွေတာ့ ဒီေဂဟာကို လာပို႔ၾက..
မသိရင္ ပန္းၿမိဳင္ေဂဟာ က သူတို႔အတြက္
အသုဘက်ေနတာပဲ..... "

စိတ္တိုစြာနဲ႔ ဝင္ေျပာလာတဲ့ sister ေထြး
စကားေတြက မွန္ေနေတာ့ ျဖဴျဖဴ ၿငိမ္ပဲ
နားေထာင္ေနမိသည္။ ဒါေၾကာင့္ ရွစ္ႏွစ္အရြယ္
ယုကီေလးကို ဒီကို လာပို႔တာကိုး။

ယုကီေလး ဒီေရာက္တာ တစ္လပဲရိွ​ေသး​ေပမဲ့
ျဖဴျဖဴတို႔ အတြက္ တစ္လက တစ္ႏွစ္လိုေပ။

" မာသာ ယုကီေလး ကို ကယ္လို႔မရေတာ့ဘူး
လားဟင္....?? "

စိတ္အားထက္သန္စြာ ျဖဴျဖဴ ေမးလိုက္ေပမဲ့
ျပန္ေျဖလာတဲ့ မာသာ အေျဖက ျဖဴျဖဴ အတြက္
အားေလ်ာ့ေစသည္။

" မရေတာ့ဘူး ျဖဴေလး.... ယုကီေလး
ေရာဂါက ကြၽမ္းေနၿပီ... ဒါေၾကာင့္ သူ႕ မိဘေတြက
ဒီကို လာပို႔တာေလ....မာသာ ထင္ေတာ့
ထင္ပါရဲ႕ ယုကီေလး ႏွာေခါင္းေသြး ခဏခဏ
လွ်ံေနတယ္ဆိုကတည္းက....ဒါေပမဲ့ အဲ့ဒါကို
ေနပူလို႔ လွ်ံတယ္ပဲ မာသာက ထင္ေနခဲ့တာ "

" ဟုတ္ပါ့ မာသာ.... မိဘေတြမ်ား လုပ္ရက္ပါ့
အစကတည္းက ကင္ဆာျဖစ္ေနရင္လည္း
ေျပာေလ.... အနည္းဆံုးေတာ့ ေဆး႐ုံသြားၿပီး
ယုကီေလး အတြက္ အခ်ိန္ဆြဲေပးလို႔ ရေသး
တယ္.... အခုေတာ့ အသက္ရွင္ဖို႔က တစ္ပတ္တဲ့...
ဒီေတာ့ ေထြးေထြးတို႔က ဘာလုပ္ရေတာ့မွာလဲ
ကေလးကို တစ္လတည္းနဲ႔ သံေယာဇဥ္​ေတြက
တြယ္ေနၿပီ... အခု ယုကီေလး ထြက္သြားမွာကို
ဒီတိုင္းပဲ ၾကည့္ေနရေတာ့မွာလား.....??  "

ဝမ္းနည္းစြာ ဆိုလာတဲ့ ေထြးေထြး ကို မာသာ
က ၾကည့္ၿပီး စိတ္မေကာင္းေပ။
ကေလး ခ်စ္တတ္တဲ့ မာသာ နဲ႔ ေထြးေထြး မွာ
ယုကီေလး အတြက္ မ်က္လုံးေတြ နီရဲလို႔
ေန၏ ။ မငိုတတ္​ေတာ့တဲ့ ျဖဴျဖဴ အဖို႔ စိတ္​မ​ေကာင္​း
ျဖစ္​ရုံပဲ တတ္​နိုင္​​ေလသည္​။

************************

" ယုကီ နင့္က ျပန္လာမွာလား....??
ျဖဴျဖဴနဲ႔ ေထြးေထြး ေျပာတာကို ငါ ၾကားလိုက္တယ္
နင့္က ဘယ္ေတာ့မွ ျပန္မလာေတာ့ဘူးဆို
အဲ့တာဟုတ္လား....??  "

ေဆး႐ံုသြားခါနီး ယုကီေလး နဲ႔ ေပါင္းတဲ့
ေဂဟာက သူငယ္ခ်င္း ခ်စ္ထူးေလး က
ဆိုလာခဲ့သည္။ ၾကည့္ရတာ ညက ျဖဴျဖဴ
တို႔ ေျပာေနတာကို ခ်စ္ထူးေလးက ၾကားသြားပံု
ေပၚသည္။

" ျပန္လာမွာပါ ခ်စ္ထူးေလးရဲ႕....ယုကီေလးက
ေဂဟာက သူငယ္ခ်င္းေတြထဲမွာ မင္းကို
အခင္ဆံုးပဲေလ...ဒီေတာ့ ျပန္လာမွာေပါ့
ဟုတ္တယ္မလား ယုကီေလး "

ျဖဴျဖဴ အေျဖကို ယုကီေလးက ၿပံဳးၿပီးေခါင္း
ညိတ္ကာ ခ်စ္ထူးေလး ကို ဖက္လိုက္ေတာ့
မာသာနဲ႔ ေထြးေထြး မွာ ဝဲသြားတဲ့ မ်က္ရည္
ေတြကို က်မွာစိုးလို႔ ထင္ပါရဲ႕ အလွ်င္အျမန္
သုတ္ပစ္လိုက္သည္။

" ငါ ျပန္လာမွာ ခ်စ္​ထူး.... ငါ ျပန္လာရင္ နင္ရဲ႕
စက္႐ုပ္ေလးကို ေပးေဆာ့ရမယ္ေနာ္ "

" ဟင့္အင္း ျပန္လာမွ ေပးမေဆာ့ဘူး
အခုကို ေပးေဆာ့လိုက္မယ္.... ဒီမွာ
ငါ နင္ ႀကိဳက္တဲ့ စက္႐ုပ္ေလး ယူလာတယ္... "

ေဘာင္းဘီထဲ ထိုးထည့္ထားတဲ့ စက္႐ုပ္ေလးကို
ထုတ္ကာ ယုကီေလး လက္ထဲ ခ်စ္ထူးေလး
က ထည့္ေပးလာခဲ့သည္။

မာသာ နဲ႔ sister ေထြးေထြးမွာ ဒါ့ကို ျမင္ကာ
မ်က္ရည္ေတြကို လက္နဲ႔ အျမန္ပုတ္ထုတ္ေနရသည္။

ယုကီေလး ဒီမွာ တစ္လေလာက္ ေနတာေလးနဲ႔
သူတို႔ ႏွစ္ေယာက္ေတာင္ မ်က္ရည္ေတြက်ေနေတာ့
ယုကီေလး ရဲ႕ ကစားေဖာ္ ခ်စ္ထူးေလးဆို
အမွန္​အတိုင္​း သိရင္​ ငို​ေနမွာ ​ေသခ်ာ​ေပါက္​​ေပ။

လြန္ႀကိဳးျဖဴျဖဴ ကေတာ့ တည္ၿငိမ္စြာနဲ႔ ၾကည့္
ေနေလသည္။ မနာက်င္ဘူးလားဆို နာက်င္မွာေပါ့။
ဒါေပမဲ့ သူမ မ်က္ရည္ မက်တတ္လို႔ အခုလို
ျဖစ္ေနတာေပ။

"  ျဖဴျဖဴ ...ယုကီ က သားဆီ ျပန္လာမွာမလားဟင္...
မေန႔ညက ျဖဴျဖဴ တို႔ ေျပာတာ သား
ၾကားလိုက္တယ္.... ယုကီ က တစ္ပတ္ပဲ
ေနရေတာ့မယ္ဆို အဲ့တာ ဟုတ္လား...??  "

ဒီတစ္ခါ ျဖဴျဖဴ ကို ခ်စ္ထူးေလး က မာသာတို႔
ေရွ႕တင္ တိုက္႐ိုက္ေမးလာခဲ့သည္။

ခ်စ္ထူးေလး ေျပာတာ မွန္ေနေတာ့ ျဖဴျဖဴ ဘာ
ေျဖရမွန္း မသိေတာ့ပါ။

" ငါ ျပန္လာမွာပါ ခ်စ္ထူးကလည္း....နင္
မသိတာက်ေနတာပဲ ငါ့က နင့္ကလြဲၿပီး
ဘယ္သူနဲ႔မွ မေဆာ့တတ္ဘူးေလ....
ဒီေတာ့ စိတ္သာခ် ငါ့က ျပန္လာမွာ
ဟုတ္ၿပီလား.. .?? "

" ဒါဆို ကတိေနာ္ ယုကီ.... နင္ ျပန္မလာရင္
နင့္ကုိ ေၾကာင္ႀကီး ကိုက္ပါေစ "

" ေအးဟာ ကိုက္.... ငါ ျပန္လာမယ္
ဟုတ္ၿပီလား...??  "

လက္သန္းခ်င္း ခ်ိတ္ၿပီး ကတိေပးေနေသာ
ကေလးႏွစ္ေယာက္ကို မာသာ နဲ႔ ေထြးေထြး
က ၾကည့္ၿပီး မ်က္ႏွာကို လက္နဲ႔ အုပ္ေနၾက၏ ။

ဒီလိုနဲ႔ ျဖဴျဖဴ တို႔ ငွားထားတဲ့ taxi က
လာႀကိဳေတာ့ ကားေပၚကို ျဖဴျဖဴတို႔
တက္လိုက္ၾကသည္။

ထိုအခါ ေအာက္ကေန ခ်စ္ထူးေလးက ယုကီေလး
ကို လက္ျပကာ " ျပန္လာရမယ္ ဆက္ဆက္ျပန္လာ
ရမယ္ " ေျပာေနေလသည္။ ဒါ့ကို ယုကီကလည္း
ခ်စ္ထူးေလး ေပးတဲ့အ႐ုပ္ေလး ကိုင္ကာ
ျပန္လာမယ္လုပ္ေနေလသည္။

ေဂဟာကို တစ္လတစ္ခါ လာလာၾကည့္ေပးတဲ့
မာသာရဲ႕ သမီးက မာသာတို႔ မရိွေတာ့
ေဂဟာကို ၾကည့္ေပးရန္ ေနခဲ့သည္။

မာသာ၊  ေထြးေထြးနဲ႔ ျဖဴျဖဴ တို႔ကေတာ့
ယုကီေလးအတြက္နဲ႔ ေဆး႐ံုကို လိုက္သြား
ၾကသည္။

ကားေလးလည္း ထြက္သြားဖို႔အျပင္​ ေဂဟာက
ကေလးေတြက ခ်စ္ထူးေလး နားေရာက္လာၿပီး
ယုကီေလး ကို လက္ျပကာ ႏႈတ္ဆက္ေနၾကသည္။

ရယ္စရာေတာ့ ေကာင္းေနမလား မသိ၊
တစ္လပဲ ေဂဟာမွာ ေနသြားတဲ့ ယုကီေလးက
ခ်စ္ထူးေလး နဲ႔ပဲ ေပါင္းသည္။

တျခား ကေလးေတြကို သိပ္မေပါင္း။
ဒါေပမဲ့လည္း ပန္းၿမိဳင္ေဂဟာက ခ်စ္ဖို႔ေကာင္းတဲ့
ကေလးေတြက ယုကီေလးလည္း သြားေရာ
လက္ျပၿပီး ႏႈတ္ဆက္လိုက္ၾကတာ အကုန္လံုးေပ။

အနားက မာသာ သမီးမွာ ဒါ့ကို ၾကည့္ၿပီး
စိတ္မေကာင္းလို႔ေပ။

************************

"  ျဖဴျဖဴ  သမီးက ဘယ္ေန႔ထြက္သြားရမလဲဟင္...?? "

ခ်စ္ထူးေလး ေပးလိုက္တဲ့ အ႐ုပ္ေလးကိုင္လ်က္​
ယုကီ က ေမးလာသျဖင္​့ မာသာ နဲ႔ ေထြးေထြး
မွာ ဟန္ပင္​မေဆာင္ႏိုင္စြာ မ်က္ႏွာကို
လက္နဲ႔ အုပ္လိုက္ၾကသည္။

ငိုဖို႔အတြက္ မ်က္​နွာကို လက္နဲ႔ အုပ္လိုက္တဲ့
မာသာနဲ႔ sister ေထြးေထြး ကို လြန္ႀကိဳးျဖဴျဖဴ
စိတ္မေကာင္းစြာ တစ္ခ်က္ၾကည့္ရင္း
ယုကီေလးဘက္ လွည့္လာခဲ့သည္။

" ဟင့္အင္း ယုကီေလးက ဘယ္မွထြက္မသြား
ရပါဘူး....ဘာမွလည္း ျဖစ္မွာမဟုတ္ဘူး "

" မလိမ္နဲ႔ေလ ျဖဴျဖဴ....ျဖဴျဖဴ ပဲ
သင္ေပးထားတယ္ေလ လိမ္တာက
မေကာင္းတဲ့သူေတြရဲ႕ လုပ္ရပ္ဆို...
ေနာက္ၿပီး သမီးသိပါတယ္ သမီး ထြက္သြား
ရေတာ့မွာကို "

မာသာ သင္ေပးထားတဲ့အတိုင္း ေဂဟာက
ကေလးေတြကို ျဖဴျဖဴ သင္ေပးခဲ့သည္။
အခု ျပန္ရလိုက္တာက ယုကီေလး ရဲ႕
ျဖဴစင္ျခင္းေပ။

မာသာ နဲ႔ ေထြးေထြး မွာ အသံပင္ မထြက္ႏိုင္တဲ့
အထိ မ်က္ရည္ေတြ ဝဲေနေလသည္။

" မာသာ နဲ႔ ေထြးေထြး က ဘာလို႔ ငိုေနတာလဲ... ??
သမီးကို မာသာတို႔ပဲ ေျပာေတာ့ ဘဝမွာ ဝမ္းနည္း
စရာေတြ ႀကံဳလာရင္ မငိုရဘူးဆို...
ျဖဴျဖဴ ေတာင္ မငိုဘူး မာသာတို႔က
ဘာလို႔ ငိုေနၾကတာလဲ.....?? "

အေျပာနဲ႔အတူ မာသာ နဲ႔ ေထြးေထြး ရဲ႕ မ်က္ရည္
ေတြကို သုတ္ေပးလိုက္ေသာ ယုကီေလး။
ဒီေတာ့ နဂိုကမွ ငိုခ်င္ေနတဲ့ မာသာနဲ႔
ေထြးေထြး မွာ စိတ္မထိန္းႏိုင္ၾကေတာ့ပါ။

ယုကီေလး ကို ဖက္ၿပီး ငိုလိုက္ၾကသည္။

" မာသာ... ေထြးေထြး  တိတ္... တိတ္ !!
သမီးေတာင္ မငိုဘူး.. .မာသာတို႔လည္း
မငိုၾကနဲ႔...ေရာဂါရိွလို႔ ေဂဟာလာပစ္
သြားတဲ့ သမီးကို မာသာ နဲ႔ ေထြးေထြး
က မၿငိဳျငင္ဘဲ ေစာင့္ေရွာက္ေပးတဲ့အတြက္
သမီး ေက်းဇူးတင္ပါတယ္ေနာ္ ...
မာသာတို႔ ေဂဟာမွာ သမီး တစ္လပဲ
ေနခဲ့ရေပမဲ့ အရမ္းကို ေပ်ာ္ရြင္ခဲ့ရပါတယ္....
ဒီတစ္လအတြင္းမွာ သမီးကို ခ်စ္ေပးၾကလို႔
ေက်းဇူးပါ. ...ျဖဴျဖဴ ကိုလည္း
ေက်းဇူးတင္ပါတယ္ေနာ္ သမီးကို ဘယ္ဟာက
ေကာင္းတယ္ ဘယ္ဟာက မေကာင္းဘူးဆိုတာ
လမ္းၫႊန္ေပးခဲ့တဲ့အတြက္.... ေနာက္ဘဝဆက္တိုင္း
မာသာတို႔ ေဂဟာမွာပဲ သမီး လူျဖစ္ခ်င္ပါတယ္
ဒါမွ မာသာတို႔နဲ႔ သမီး အခုလို မခြဲရမွာ...
ခ်စ္ထူး ကိုလည္း ေဂဟာျပန္ရင္ ေျပာေပးပါေနာ္
ေဂဟာက သူငယ္ခ်င္းထဲမွာ သမီး အခင္ဆံုးက
သူပါလို႔.... သူ႕ သြားေတြက သြားပိုးစားေတာ့
အခ်ဳိစားတာေလးကိုလည္း ေလ်ာ့ေပးပါ
လို႔ ေျပာေပးပါေနာ္ မာသာ... ျဖစ္ႏိုင္ရင္
သမီး​ေလ ခ်စ္ထူးနဲ႔ မခင္ခဲ့ရင္ ေကာင္းမွာပဲ...
အခုလို ဝမ္းနည္းရမွာ မဟုတ္ဘူး....
ဘာပဲျဖစ္ျဖစ္ပါ သမီး ေနာင္တမရပါဘူး
ခ်စ္ထူးေၾကာင့္ ေပ်ာ္ရြင္ခဲ့ရတဲ့ ေန႔ေတြ
အမ်ားႀကီး ရိွတယ္ "

ဆယ္​ႏွစ္အရြယ္ကေလး တစ္ေယာက္က
အရြယ္နဲ႔မလိုက္ အရမ္းကို နားလည္ေနၿပီေလ။
ဒါ့က လူ႕ ေလာကဒဏ္ေၾကာင့္ေပ။

ဘယ္ေလာက္ပဲ ဝမ္းမနည္းဘူးေျပာေျပာ
အဆံုးသတ္မွာ ယုကီေလး က မ်က္ရည္ေတြ
က်လာခဲ့သည္။  မခံစားႏိုင္တဲ့ မာသာ မွာ
ခ်က္ခ်င္းထသြား၏ ။ ဒီေတာ့ လြန္ႀကိဳးျဖဴျဖဴ မွာ
မာသာ ေနာက္ကို ခ်က္ခ်င္းေျပးလိုက္သြားသည္။

က်န္ေနခဲ့တဲ့ sister ေထြးေထြးမွာ ယုကီေလးကို
ၾကည့္ရင္း ငိုရင္းေပ။

" ျဖဴေလး မာသာ မခံစားႏိုင္ဘူး...
ဒါေၾကာင့္ ဒီကေလးေလးက ေဂဟာ
ေရာက္ေရာက္ခ်င္း ဘယ္သူနဲ႔မွ
အေခၚအေျပာမလုပ္တာကိုး....သူ႕
ေရာဂါအေျခအေနကို ကေလးေလးက
အရင္ကတည္းက သိထားၿပီး
ခြဲခြာရင္ ဝမ္းနည္းမွာစိုးလို႔ ဘယ္သူနဲ႔မွ
အေပါင္းအသင္း မလုပ္ခဲ့တာ....
ဒါ့ကို မာသာတို႔က မသိဘဲ ကေလးေလးကို
မာနႀကီးတယ္ ထင္ေနခဲ့တယ္.... မာသာက
အေတာ္ညံ့တာပဲ "

" ဟင့္အင္း မာသာ မညံ့ဘူး.... ျဖဴျဖဴ လည္း
မာသာလိုပဲ ထင္ခဲ့တာပဲ. ...ဒါေပမဲ့
ဘယ္လိုပဲထင္ထင္ ျဖဴျဖဴတို႔ ယုကီေလး
စိတ္ဓာတ္ကို ေျပာင္းလဲေပးႏိုင္ခဲ့တယ္ေလ....
ခ်စ္ထူးေလး နဲ႔ ယုကီေလး ကို
အရမ္းခင္သြားေအာင္ ျဖဴျဖဴ တို႔
လုပ္​ေပးႏိုင္ခဲ့တာပဲ မဟုတ္လား မာသာ "

လြန္ႀကိဳးျဖဴျဖဴ ေျပာရင္း မာသာ မ်က္ဝန္းေတြက
အတိတ္ကို ျပန္ျမင္ေယာင္သြားခဲ့သည္။

" နင့္ နာမည္က ယုကီလား.. ..ငါ့က ဒီေဂဟာ
က မာသာနဲ႔ ျဖဴျဖဴ ရဲ႕ အခ်စ္ဆံုး ကေလးေလး
ခ်စ္ထူးပါ.... ငါ့ အသက္က ဆယ္​ႏွစ္...
နင္လည္း ဆယ္​ႏွစ္လို႔ ျဖဴျဖဴ ဆီက ငါ
ၾကားတယ္..... ဒီေတာ့ အရြယ္တူလို႔
သူငယ္ခ်င္း ျဖစ္ရေအာင္ "

လက္ထဲက သၾကားလံုးေလးကို ေပးလ်က္
သူငယ္ခ်င္း ျဖစ္ဖို႔ ေတာင္းဆိုလိုက္ေသာ
ပန္းၿမိဳင္ေဂဟာက ခ်စ္ထူးေလး။
မာသာ၊ ေထြးေထြး နဲ႔ ျဖဴျဖဴ က ဒီေန႔မွ
ေဂဟာကို ေရာက္လာတဲ့ ကေလးမေလးက
ဘယ္သူနဲ႔မွ စကားမေျပာ၍ စိတ္မေကာင္း
ျဖစ္ၿပီး ခ်စ္ထူးေလး အား သၾကားလံုးေပး
ကာ သူငယ္ခ်င္း သြားဖြဲ႕ခိုင္း၏ ။
ဒါ့ကို အေဝးကေန ေစာင့္ၾကည့္ေနၾကသည္ကို
ခ်စ္ထူး ဆိုေသာ ကေလးေလးက သိသည္။
ဒီေန႔မွ ေရာက္လာတဲ့ ယုကီေလး ကေတာ့
မသိ။

"ဘုတ္..!!  "

" ငါ နင့္ သူငယ္ခ်င္း မျဖစ္ခ်င္ဘူး...
နင့္က ရြံစရာႀကီး "

ခ်စ္ထူးေလး လက္ထဲက သၾကားလံုးကို
ပုတ္ထုတ္ကာ ကေလးေလးမတန္မဲ့ ​ေျပာၿပီး
ေဂဟာထဲ ယုကီ က ေျပးဝင္သြားခဲ့သည္။

မလွမ္းမကမ္းကေန ၾကည့္ေနၾကေသာ
မာသာတို႔မွာလည္း စိတ္မေကာင္းျဖစ္လို့
သြားၾကသည္။

ေပၚလာေသာ အတိတ္က ပံုရိပ္ေတြကို
မာသာ ၾကည့္ရင္း ပို၍  မ်က္ရည္ေတြ
ဝဲလာခဲ့သည္။

" မာသာတို႔ ေနတိုင္း ခ်စ္ထူးေလး ကို
သၾကားလံုးေပးၿပီး သူငယ္ခ်င္း လုပ္ခိုင္း
တာကို ယုကီေလး က အၿမဲတမ္း ရြံစရာႀကီး
ေျပာေနခဲ့တာ... တကယ္​​ေတာ့
ယုကီ​ေလးက သူ႕ ေရာဂါ သူ သိၿပီး
အခုလို  ဆက္ဆံေနခဲ့တာ..... ဒါ့ကုိ
မာသာတို႔က မသိဘဲ ယုကီ​ေလး မာနႀကီးတယ္​
ထင္​​ေနခဲ့တာ"

" ဒါေပမဲ့လည္း ေနာက္ဆံုး ျဖဴျဖဴ တို႔
အႏိုင္ရခဲ့ပါတယ္ မာသာ... ယုကီ​ေလးက
ခ်စ္ထူးေလး နဲ႔ အရမ္းကို ခင္သြားတယ္ေလ....
ျဖဴျဖဴ တို႔ကိုလည္း စကား​ေတြအမ်ားႀကီး
ေျပာလာခဲ့တယ္... .ဒီေတာ့ ျဖဴျဖဴ
ေက်နပ္မိတယ္ မာသာ... တကယ္လို႔ ျဖဴျဖဴတို႔သာ
ယုကီေလး ကို ဘာမွ လုပ္မေပးႏိုင္ခဲ့မွသာ
ျဖဴျဖဴတို႔ စိတ္မေကာင္း ျဖစ္ရမွာ...
ျဖဴျဖဴ တို႔သာ လုပ္မေပးႏိုင္ခဲ့ရင္ ယုကီေလး က
သူ႕ ေနာက္ဆံုး အခ်ိန္ထိ တစ္ေယာက္တည္း
ျဖစ္ေနမွာ.....အခု ျဖဴျဖဴတို႔ သူ႕ အနားမွာ
ရိွတယ္.... ဒါတင္မကေသးဘူး
သူ႕ကို ခ်စ္တဲ့ ခ်စ္ထူးေလး လည္း ရိွတယ္...
ယုကီေလး ထြက္သြားရရင္ေတာင္မွ
သူကို ခ်စ္တဲ့လူေတြေၾကာင့္ ေပ်ာ္ရြင္ေနမွာ
မာသာ.... ဒီေတာ့ ျဖဴျဖဴ ခံႏိုင္ရည္ရိွေသးတယ္
မာသာ "

သူမ ဆံုးမထားတဲ့အတိုင္း လြန္ႀကိဳးျဖဴျဖဴ က
ရင့္က်က္သူႀကီး ျဖစ္လာ၍ မာသာ တစ္ေယာက္
အတိုင္းမသိ ေပ်ာ္လည္း ေပ်ာ္ရသလို
ယုကီေလး ကို ေတြးၿပီးလည္း ဝမ္းနည္းမိသည္။

လြန္ႀကိဳးျဖဴျဖဴ ေခါင္းေလးကို မာသာ တစ္ေယာက္
ပြတ္သပ္ကာ အဆံုးသတ္မွာ သူမ ဝမ္းနည္း
ၿပီး ဖက္လိုက္ေတာ့သည္။

ေဆး႐ုံ ကုတင္ေပၚက ယုကီေလး နဲ႔ ေထြးေထြး
မွာလည္း မာသာတို႔ နည္းတိုင္း ဖက္ထားၿပီး
ငိုေနၾကသည္။

*************************

ေလးရက္ၾကာၿပီးေနာက္.........

တစ္ပတ္ေလာက္ ေနရအံုးမယ္ဆိုၿပီး ဆရာဝန္က
ေျပာခဲ့ေပမဲ့ ယုကီေလး က သံုးရက္ပဲ
ေနသြားရွာသည္။ ဆံုးခါနီး ျဖဴျဖဴတို႔ကို
ဖက္ကာ ငိုလိုက္တဲ့အငို၊  ဒီေတာ့ ျဖဴျဖဴ
ၾကည့္ၿပီး စိတ္မေကာင္း။ စိတ္ဒဏ္ရာ
ေတြေၾကာင့္ မ်က္ရည္မက်တတ္တဲ့
ျဖဴျဖဴ အဖို႔ ယုကီေလးကို ၾကည့္ၿပီး
ငိုခ်င္ေပမဲ့လည္း မ်က္ရည္က က်မလာခဲ့ပါ။

ျဖဴျဖဴ ကသာ မ်က္ရည္ မက်တာ မာသာနဲ့
ေထြးေထြး ကေတာ့ ယုကီေလး ကို
ဖက္ကာ ငိုလိုက္နဲ႔ေပ။

ယုကီေလး မွာလည္း ငိုလြန္းအားႀကီးၿပီး
ႏွာေခါင္းေသြးေတြက ေတာက္ေလွ်ာက္စီးက်
လာသည္။ ဒီေတာ့ ယုကီေလး ႏွာေခါင္းေသြး
ေလ်ာ့တာရပ္ဖို႔ မာသာတို႔ မငိုၾကပါနဲ႔လို႔
ျဖဴျဖဴ ေတာင္းဆိုရတဲ့အထိ။

ခ်စ္ထူးေလး ေပးလိုက္တဲ့ စက္႐ုပ္ေလးကိုလည္း
ယုကီ​ေလးက ဆံုးခါနီးအထိ ရင္ခြင္ထဲ
ဖက္အိပ္သြားရွာသည္။

ဒီၾကားထဲ ခ်စ္ထူး​ေလးကိုလည္း အခ်ဳိေတြ
အမ်ားႀကီးမစားနဲ႔ သြားပိုးစားလိမ့္မယ္ကပါ
မွာသြားေသးသည္။

ဒါ့အျပင္ ခ်စ္ထူးေလး ကို မငိုနဲ႔လို႔ကပါ
မွာသြားေသးသည္။

မငိုမိေအာင္ မာသာ နဲ႔ ေထြးေထြး မွာ
ထိန္းေနသေလာက္ ျဖဴျဖဴ မွာေတာ့
ငိုခ်င္ရင္ေတာင္ က်မလာတဲ့ မ်က္ရည္ေတြေၾကာင့္
ကိုယ့္ ကိုယ္ကို အရမ္းစိတ္ပ်က္ရသည္။

မိဘက ဒိြလိင္ ဆိုတာေၾကာင့္ စြန္႔ပစ္ခံရၿပီး႐ံုတင္
အားမရ၊  ျဖဴျဖဴ က မငိုတတ္တဲ့ ဒိြလိင္ ပင္​
ျဖစ္ေနၿပီေလ။

ဒါ့ကို ျဖဴျဖဴ အရမ္းမုန္းသည္။

ျဖဴျဖဴ ငိုခ်င္သည္။ လူပီသတဲ့ လူတစ္ေယာက္
ျဖစ္ခ်င္သည္။ က်ားဆို က်ား၊  မဆိုမေပါ့။

အခုေတာ့ ျဖဴျဖဴ ေအာက္ပိုင္းကို ၾကည့္မိတိုင္း
အရမ္းစိတ္ပ်က္ရသည္။ ျဖဴျဖဴ မိန္းမ အဂၤါ
ထဲမွာ ေယာက်ၤားေလး အဂၤါႀကီးက
ရိွေနၿပီး အနည္းငယ္ ထိုးထြက္ေနတယ္ေလ။

တျခားမိန္းကေလးေတြလို မိန္းမဆိုလည္း
မိန္းမ အဂၤါေပါ့။ ေယာက်ၤားေလး ဆိုလည္း
ေယာက်ၤားေလး အဂၤါ တစ္ခုပဲ ပါေပါ့။
အခုဟာက ႏွစ္ခုေတာင္။

ငယ္ငယ္တုန္းက ဒီအဂၤါ နဲ႔ ပတ္သက္ၿပီး
ခဏခဏ ေစာ္ကားခဲ့ရေတာ့ ဒီ အဂၤါႀကီး
ကို ျဖဴျဖဴ ျဖတ္ပစ္လိုက္ခ်င္သည္။

ဒါေပမဲ့ မာသာ ေတြ႕သြား၍ ျဖဴျဖဴ မျဖတ္ခဲ့လိုက္
ရပါ။  ျဖဴျဖဴ ရဲ႕ အဂၤါ ႏွစ္ခုက တစ္ထပ္တည္း
ျဖစ္ေနေတာ့ ျဖတ္ပစ္ရင္ ေသဖို႔က မ်ားတယ္ေလ။

ဒါေၾကာင့္ ျဖဴျဖဴ ဘဝက အခုခ်ိန္ထိ ေၾကာက္ေန
ရသည္။ ျဖဴျဖဴ ဒိြလိင္ဆိုတာ လူေတြသိရင္
ႏိွပ္စက္ခံရလိမ့္မည္။

ဒါေတြကို ခံႏိုင္ရည္ ရိွေအာင္ အခုကတည္းက
ျဖဴျဖဴ ႀကိဳးစားၿပီး မာေက်ာခ်င္ေယာင္ေဆာင္
ေနရသည္။ 

ဘာပဲျဖစ္ျဖစ္ ျဖဴျဖဴ မာေက်ာတာထက္ မာသာတို႔
ကို ေစာင့္ေရွာက္ေပးႏိုင္ရင္ ျဖဴျဖဴ ေသေပ်ာ္ၿပီ။
ဒါ့က ျဖဴျဖဴ ဘဝရဲ ့ ရည္မွန္းခ်က္ေပ။

ယုကီေလး သၿဂိဳလ္ၿပီးေတာ့ ေဂဟာကို ျဖဴျဖဴ
တို႔ ျပန္လာခဲ့သည္။ ျဖဴျဖဴ တို႔
ျပန္လာေတာ့ ယုကီေလး ပါမလာလို႔ဆိုၿပီး
ခ်စ္ထူးေလး က ငိုလိုက္တဲ့အငို။

ေက်ာင္းေတာင္ ပ်က္တာ ဒီ​ေန႔ဆို
ေလးရက္ရိွသြားၿပီေလ။ စေန၊  တနဂၤေႏြ
ပိတ္တာနဲ႔ ခံေတာ့ ျဖဴျဖဴ ေက်ာင္းပ်က္တာက
ႏွစ္ရက္တည္းပါ။

ျဖဴျဖဴ သူငယ္ခ်င္း ထက္ထက္ကလည္း ဆရာမကို
ခြင္​့တိုင္​​ေပးၿပီး ျဖဴျဖဴ မလာတဲ့ ႏွစ္ရက္အတြင္း
သင္​တဲ့စာ​ေတြကိုလည္​း လိုင္းေပၚကေန ပို႔ေပးရွာသည္။
ဒီေတာ့ ဒီတနဂၤေႏြမွာ စာေတြ အကုန္ၿပီးေအာင္
ျဖဴျဖဴ လုပ္ရမည္။ ျဖဴျဖဴ အတြက္
အေရးႀကီးဆံုးက စာေပ။

ဒါ့မွသာ မာသာ နဲ႔ မာသာ ေဂဟာကို ျဖဴျဖဴ
ေစာင့္ေရွာက္ႏိုင္မည္။

>>>>>>>>>>>>>>>>>

" မာမီ ဒီေန႔ ဘာခ်က္လဲ...??  "

မနက္စာ စားဖို႔ ေအာက္ထပ္ကို ဆင္းလာတဲ့
ေခါင္ယံမိႈင္း ဧည့္ခန္းမွာ ခ်စ္သည္းမာန္ ကို
မိခင္ ျဖစ္သူနဲ႔ စကားေျပာေနတာေတြ႕
၍  အလိုမက် ျဖစ္လို႔သြားသည္။

" ေခါင္ယံ​ေနာ္ ....!! နင့္ မ်က္ႏွာက
ဘာျဖစ္တာလဲ ..? ငါ့ကို ေတြ႕တာနဲ႔ 
ဘာလို႔ လဒမိႈင္ မိႈင္သြားရတာလဲ...? "

" မိႈင္ရမွာေပါ့ နင့္က ငါ့ မာမီကို ​ေတြ႕တိုင္​း
ခြၽန္တြန္းလုပ္ေနတာေလ.... ေျပာပါအံုး အခု​ေရာ
ဘာေတြ ခြၽန္တြန္း လုပ္လိုက္ၿပီလဲ.....??  "

" မလုပ္ပါဘူး သားငယ္ကလည္း....
ခ်စ္သည္း က မာမီ ကို လြမ္းလို႔ ဒီတိုင္း
လာတာပါ.... ဟုတ္တယ္မလား
ခ်စ္သည္းေလး "

" ဟုတ္တာေပါ့ ေမေမဆု .... ေမေမဆု
သားက ခ်စ္သည္း လာတာျမင္တာနဲ႔
သူ႕မွာ အိုးမလံု အံုပြင့္ၿပီး ေၾကာက္ေနတာ "

" ခ်စ္သည္းမ ေနာ္ စကားေျပာတာ ၾကည့္
ေျပာ... ျဖတ္​ရိုက္​ပစ္​မယ္​ ..!!
႐ုပ္ကိုက ေၾကာင္ခ်ီးအိုး႐ုပ္နဲ႔ "

" ဟဲ့ သားငယ္... ခ်စ္သည္း ကို ဘာလို႔
အဲ့ဒီလို ေျပာရတာလဲ...? ခ်စ္သည္းက
မင္းထက္ႀကီးတယ္ေနာ္... "

" အသက္ကသာ ႀကီးတာပါ မာမီရဲ႕...
လူကေတာ့ ေလတိုက္ရင္ လြင့္မယ့္ ႐ုပ္ "

" ေခါင္ယံ နင္ေနာ္...!!  "

အျမင္ကပ္ကပ္နဲ႔ ခ်စ္သည္းမာန္ ထလုပ္ေတာ့
မိခင္ျဖစ္သူကို ကြယ္ကာ ေခါင္ယံမိႈင္း က
ဒိုင္းလုပ္၏ ။ ထိုအခါ ခ်စ္သည္းမာန္ မွာ
ေခါင္ အေမ ေဒၚဆုျမတ္ရွင္ ကို ခိုက္မိမွာ
စိုး၍  မလုပ္ေတာ့ပါ။ ဒါ့ကို ေခါင္ယံမိႈင္း
က လွ်ာႀကီးထုပ္ကာ ငေၾကာက္ေလး
နင္​ ငါ့ကို မလုပ္​ရဲဘူးဆိုၿပီး လုပ္ေနေလသည္။

အျပင္ပန္းမွာသာ ခ်စ္သည္းမာန္ စိတ္တိုဟန္
ျပေနေပမဲ့ ေခါင္နဲ႔ ဒီလို ျဖစ္ရင္ သူမ
ၾကည္ႏူးေနတာ သူမသာ သိသည္။
ခ်စ္ျခင္းရဲ႕ အစက အခုလို မထိခလုတ္
ထိခလုတ္ စျခင္​းက မဟုတ္လား။

ဘာပဲျဖစ္ျဖစ္ပါ ေယာက်ၤားတစ္ေယာက္ေၾကာင့္
ညီမႏွစ္ေယာက္ နပန္းသတ္ရမလားဆိုတာ
ကံတရားသာ သိမည္။

ဘယ္သူ႕မွ မျမင္ႏိုင္တဲ့ ကံၾကမၼာက
လြန္ႀကိဳးျဖဴျဖဴ အေပၚ ဘာေတြထပ္လာအံုးမလဲ။
ဘာေတြ​ေရာ ထပ္ျဖစ္မွာလဲ။ ထိုသို႔ ထပ္ျဖစ္လာခဲ့ရင္
​လြန္ႀကိဳးျဖဴျဖဴ က​ေရာ ခံႏိုင္ရည္ရိွပါ့မလား။

လက္ရိွမွာ လြန္ႀကိဳးျဖဴျဖဴ မငိုတတ္တာ
ကေရာ ကံတရားရဲ႕ ​ေနာက္​​ေျပာင္​က်ီစယ္မႈတစ္ခုလား။

ဒါ့ကို လြန္ႀကိဳးျဖဴျဖဴရဲ႕ ကံတရားကသာ
သိေပလိမ့္မည္။

Part  9 ေမွ်ာ္........................................
( အခ်စ္က သူေစစားရာ ဝတၳဳက ရသအစံုကို
ေပးသြားမယ့္ ဝတၳဳေလးပါ .......
အ႐ိုမခံႏိုင္ရင္၊ ေနာက္ၿပီး မင္းသားက
possessive typeႀကီးပါ....ဒီေတာ့ ဒါေတြကို
ခံႏိုင္ရည္ရိွမွ ဖတ္ၾကပါ....happy ending
ေလးပါ ခရာတို႔ ဝတၳဳကိုပဲ မင္မင့္က SE လုပ္ခဲ့တာပါ
က်န္တာေတြက အကုန္ HE ပါ SE ဆိုရင္
ကိုယ္လည္း ခံႏိုင္ရည္မရိွလို႔ပါ 😞😞😞 )

စ​ေန ၊ တနဂၤ​ေႏြ​ေန႔တိုင္​း မင္​မင္​​ေလယူရာယိမ္​း
စာမတင္​ပါ ဒါဒါ​ေလး​ေတြ.....စ​ေန ၊ တနဂၤ​ေႏြ​က
မင္​မင္​ရဲ႕ နားရက္​မို႔လို႔ပါ

ခ်စ္​တယ္​​ေနာ္​ မင္​မင္​ရဲ႕ ဒါဒါ​ေလး​ေတြ.......😍😍😘😘
ဒီအပိုင္းေလးနဲ႔ ပတ္သက္ၿပီး ဒါဒါေလးေတြရဲ႕ မန္႔ကို
မင္မင္ေလယူရာယိမ္း ေစာင့္ေမွ်ာ္လ်က္.. ......😍😍😘😘

#​ေလယူရာယိမ္​း

☆☆☆☆♡⃛   အချစ်က သူစေစားရာ   ♡⃛ ☆☆☆☆
( Part - 8 )

ဂေဟာရောက်တော့ ခြောက်နာရီခွဲနေပြီလေ။
ဖြူဖြူ မှာ ကြောက်ပြီး စက်ဘီးကို အသားကုန်
နင်းလာလိုက်ရတာ။

dangerous ကောင်ကို စိတ်တွေတိုလိုက်တာ
အရမ်းပဲ။ ညိုလေးကို ထမင်းကျွေးတာလည်း
နောက်ကျ။  ဂေဟာက ကလေးတွေ ထမင်း
ကျွေးတာလည်း နောက်ကျသွားခဲ့သည်။

မာသာ ကို နှိပ်တောင် နှိပ်မပေးလိုက်ရပါ။ဒါတွေ
အားလုံးက ဒင်းကြောင့်ပင်။ ဒါတင်မကသေး
လိမ်မိတာအတွက် ဖြူဖြူ ကို စိတ်ပူပြီး စောင့်နေတဲ့
မာသာ နဲ့ ထွေးထွေးကြောင့်လည်း ဖြူဖြူ
ကိုယ် ဖြူဖြူ အပြစ်ရှိသလို ခံစားနေရသည်။

" ယုကီလေး က ကင်ဆာနောက်ဆုံး အဆင့်
ဖြစ်နေပြီ ဖြူလေး....."

အ​တွေးများ​ယောက်​ယက်​ခတ်​နေရင်းက​နေ
ဖြူဖြူ နဲ့ မျက်နှာချင်းဆိုင် ထိုင်နေတဲ့
မာသာ က ဆိုလိုက်တဲ့ စကားကြောင့် ဖြူဖြူ
တစ်ကိုယ်လုံး တုန်လှုပ်သွားမိသည်။

" မိဘတွေများ သိပ်ကြောက်စရာကောင်းတာပဲ....
ရောဂါရှိတော့ ဒီဂေဟာကို လာပို့ကြ..
မသိရင် ပန်းမြိုင်ဂေဟာ က သူတို့အတွက်
အသုဘကျနေတာပဲ..... "

စိတ်တိုစွာနဲ့ ဝင်ပြောလာတဲ့ sister ထွေး
စကားတွေက မှန်နေတော့ ဖြူဖြူ ငြိမ်ပဲ
နားထောင်နေမိသည်။ ဒါကြောင့် ရှစ်နှစ်အရွယ်
ယုကီလေးကို ဒီကို လာပို့တာကိုး။

ယုကီလေး ဒီရောက်တာ တစ်လပဲရှိ​သေး​ပေမဲ့
ဖြူဖြူတို့ အတွက် တစ်လက တစ်နှစ်လိုပေ။

" မာသာ ယုကီလေး ကို ကယ်လို့မရတော့ဘူး
လားဟင်....?? "

စိတ်အားထက်သန်စွာ ဖြူဖြူ မေးလိုက်ပေမဲ့
ပြန်ဖြေလာတဲ့ မာသာ အဖြေက ဖြူဖြူ အတွက်
အားလျော့စေသည်။

" မရတော့ဘူး ဖြူလေး.... ယုကီလေး
ရောဂါက ကျွမ်းနေပြီ... ဒါကြောင့် သူ့ မိဘတွေက
ဒီကို လာပို့တာလေ....မာသာ ထင်တော့
ထင်ပါရဲ့ ယုကီလေး နှာခေါင်းသွေး ခဏခဏ
လျှံနေတယ်ဆိုကတည်းက....ဒါပေမဲ့ အဲ့ဒါကို
နေပူလို့ လျှံတယ်ပဲ မာသာက ထင်နေခဲ့တာ "

" ဟုတ်ပါ့ မာသာ.... မိဘတွေများ လုပ်ရက်ပါ့
အစကတည်းက ကင်ဆာဖြစ်နေရင်လည်း
ပြောလေ.... အနည်းဆုံးတော့ ဆေးရုံသွားပြီး
ယုကီလေး အတွက် အချိန်ဆွဲပေးလို့ ရသေး
တယ်.... အခုတော့ အသက်ရှင်ဖို့က တစ်ပတ်တဲ့...
ဒီတော့ ထွေးထွေးတို့က ဘာလုပ်ရတော့မှာလဲ
ကလေးကို တစ်လတည်းနဲ့ သံယောဇဉ်​တွေက
တွယ်နေပြီ... အခု ယုကီလေး ထွက်သွားမှာကို
ဒီတိုင်းပဲ ကြည့်နေရတော့မှာလား.....??  "

ဝမ်းနည်းစွာ ဆိုလာတဲ့ ထွေးထွေး ကို မာသာ
က ကြည့်ပြီး စိတ်မကောင်းပေ။
ကလေး ချစ်တတ်တဲ့ မာသာ နဲ့ ထွေးထွေး မှာ
ယုကီလေး အတွက် မျက်လုံးတွေ နီရဲလို့
နေ၏ ။ မငိုတတ်​တော့တဲ့ ဖြူဖြူ အဖို့ စိတ်​မ​ကောင်း
ဖြစ်​ရုံပဲ တတ်​နိုင်​လေသည်​။

************************

" ယုကီ နင့်က ပြန်လာမှာလား....??
ဖြူဖြူနဲ့ ထွေးထွေး ပြောတာကို ငါ ကြားလိုက်တယ်
နင့်က ဘယ်တော့မှ ပြန်မလာတော့ဘူးဆို
အဲ့တာဟုတ်လား....??  "

ဆေးရုံသွားခါနီး ယုကီလေး နဲ့ ပေါင်းတဲ့
ဂေဟာက သူငယ်ချင်း ချစ်ထူးလေး က
ဆိုလာခဲ့သည်။ ကြည့်ရတာ ညက ဖြူဖြူ
တို့ ပြောနေတာကို ချစ်ထူးလေးက ကြားသွားပုံ
ပေါ်သည်။

" ပြန်လာမှာပါ ချစ်ထူးလေးရဲ့....ယုကီလေးက
ဂေဟာက သူငယ်ချင်းတွေထဲမှာ မင်းကို
အခင်ဆုံးပဲလေ...ဒီတော့ ပြန်လာမှာပေါ့
ဟုတ်တယ်မလား ယုကီလေး "

ဖြူဖြူ အဖြေကို ယုကီလေးက ပြုံးပြီးခေါင်း
ညိတ်ကာ ချစ်ထူးလေး ကို ဖက်လိုက်တော့
မာသာနဲ့ ထွေးထွေး မှာ ဝဲသွားတဲ့ မျက်ရည်
တွေကို ကျမှာစိုးလို့ ထင်ပါရဲ့ အလျှင်အမြန်
သုတ်ပစ်လိုက်သည်။

" ငါ ပြန်လာမှာ ချစ်​ထူး.... ငါ ပြန်လာရင် နင်ရဲ့
စက်ရုပ်လေးကို ပေးဆော့ရမယ်နော် "

" ဟင့်အင်း ပြန်လာမှ ပေးမဆော့ဘူး
အခုကို ပေးဆော့လိုက်မယ်.... ဒီမှာ
ငါ နင် ကြိုက်တဲ့ စက်ရုပ်လေး ယူလာတယ်... "

ဘောင်းဘီထဲ ထိုးထည့်ထားတဲ့ စက်ရုပ်လေးကို
ထုတ်ကာ ယုကီလေး လက်ထဲ ချစ်ထူးလေး
က ထည့်ပေးလာခဲ့သည်။

မာသာ နဲ့ sister ထွေးထွေးမှာ ဒါ့ကို မြင်ကာ
မျက်ရည်တွေကို လက်နဲ့ အမြန်ပုတ်ထုတ်နေရသည်။

ယုကီလေး ဒီမှာ တစ်လလောက် နေတာလေးနဲ့
သူတို့ နှစ်ယောက်တောင် မျက်ရည်တွေကျနေတော့
ယုကီလေး ရဲ့ ကစားဖော် ချစ်ထူးလေးဆို
အမှန်​အတိုင်း သိရင်​ငို​နေမှာ​သေချာ​ပေါက်​ပေ။

လွန်ကြိုးဖြူဖြူ ကတော့ တည်ငြိမ်စွာနဲ့ ကြည့်
နေလေသည်။ မနာကျင်ဘူးလားဆို နာကျင်မှာပေါ့။
ဒါပေမဲ့ သူမ မျက်ရည် မကျတတ်လို့ အခုလို
ဖြစ်နေတာပေ။

"  ဖြူဖြူ ...ယုကီ က သားဆီ ပြန်လာမှာမလားဟင်...
မနေ့ညက ဖြူဖြူ တို့ ပြောတာ သား
ကြားလိုက်တယ်.... ယုကီ က တစ်ပတ်ပဲ
နေရတော့မယ်ဆို အဲ့တာ ဟုတ်လား...??  "

ဒီတစ်ခါ ဖြူဖြူ ကို ချစ်ထူးလေး က မာသာတို့
ရှေ့တင် တိုက်ရိုက်မေးလာခဲ့သည်။

ချစ်ထူးလေး ပြောတာ မှန်နေတော့ ဖြူဖြူ ဘာ
ဖြေရမှန်း မသိတော့ပါ။

" ငါ ပြန်လာမှာပါ ချစ်ထူးကလည်း....နင်
မသိတာကျနေတာပဲ ငါ့က နင့်ကလွဲပြီး
ဘယ်သူနဲ့မှ မဆော့တတ်ဘူးလေ....
ဒီတော့ စိတ်သာချ ငါ့က ပြန်လာမှာ
ဟုတ်ပြီလား.. .?? "

" ဒါဆို ကတိနော် ယုကီ.... နင် ပြန်မလာရင်
နင့်ကို ကြောင်ကြီး ကိုက်ပါစေ "

" အေးဟာ ကိုက်.... ငါ ပြန်လာမယ်
ဟုတ်ပြီလား...??  "

လက်သန်းချင်း ချိတ်ပြီး ကတိပေးနေသော
ကလေးနှစ်ယောက်ကို မာသာ နဲ့ ထွေးထွေး
က ကြည့်ပြီး မျက်နှာကို လက်နဲ့ အုပ်နေကြ၏ ။

ဒီလိုနဲ့ ဖြူဖြူ တို့ ငှားထားတဲ့ taxi က
လာကြိုတော့ ကားပေါ်ကို ဖြူဖြူတို့
တက်လိုက်ကြသည်။

ထိုအခါ အောက်ကနေ ချစ်ထူးလေးက ယုကီလေး
ကို လက်ပြကာ " ပြန်လာရမယ် ဆက်ဆက်ပြန်လာ
ရမယ် " ပြောနေလေသည်။ ဒါ့ကို ယုကီကလည်း
ချစ်ထူးလေး ပေးတဲ့အရုပ်လေး ကိုင်ကာ
ပြန်လာမယ်လုပ်နေလေသည်။

ဂေဟာကို တစ်လတစ်ခါ လာလာကြည့်ပေးတဲ့
မာသာရဲ့ သမီးက မာသာတို့ မရှိတော့
ဂေဟာကို ကြည့်ပေးရန် နေခဲ့သည်။

မာသာ၊  ထွေးထွေးနဲ့ ဖြူဖြူ တို့ကတော့
ယုကီလေးအတွက်နဲ့ ဆေးရုံကို လိုက်သွား
ကြသည်။

ကားလေးလည်း ထွက်သွားဖို့အပြင်​ဂေဟာက
ကလေးတွေက ချစ်ထူးလေး နားရောက်လာပြီး
ယုကီလေး ကို လက်ပြကာ နှုတ်ဆက်နေကြသည်။

ရယ်စရာတော့ ကောင်းနေမလား မသိ၊
တစ်လပဲ ဂေဟာမှာ နေသွားတဲ့ ယုကီလေးက
ချစ်ထူးလေး နဲ့ပဲ ပေါင်းသည်။

တခြား ကလေးတွေကို သိပ်မပေါင်း။
ဒါပေမဲ့လည်း ပန်းမြိုင်ဂေဟာက ချစ်ဖို့ကောင်းတဲ့
ကလေးတွေက ယုကီလေးလည်း သွားရော
လက်ပြပြီး နှုတ်ဆက်လိုက်ကြတာ အကုန်လုံးပေ။

အနားက မာသာ သမီးမှာ ဒါ့ကို ကြည့်ပြီး
စိတ်မကောင်းလို့ပေ။

************************

"  ဖြူဖြူ  သမီးက ဘယ်နေ့ထွက်သွားရမလဲဟင်...?? "

ချစ်ထူးလေး ပေးလိုက်တဲ့ အရုပ်လေးကိုင်လျက်​
ယုကီ က မေးလာသဖြင့်​မာသာ နဲ့ ထွေးထွေး
မှာ ဟန်ပင်​မဆောင်နိုင်စွာ မျက်နှာကို
လက်နဲ့ အုပ်လိုက်ကြသည်။

ငိုဖို့အတွက် မျက်​နှာကို လက်နဲ့ အုပ်လိုက်တဲ့
မာသာနဲ့ sister ထွေးထွေး ကို လွန်ကြိုးဖြူဖြူ
စိတ်မကောင်းစွာ တစ်ချက်ကြည့်ရင်း
ယုကီလေးဘက် လှည့်လာခဲ့သည်။

" ဟင့်အင်း ယုကီလေးက ဘယ်မှထွက်မသွား
ရပါဘူး....ဘာမှလည်း ဖြစ်မှာမဟုတ်ဘူး "

" မလိမ်နဲ့လေ ဖြူဖြူ....ဖြူဖြူ ပဲ
သင်ပေးထားတယ်လေ လိမ်တာက
မကောင်းတဲ့သူတွေရဲ့ လုပ်ရပ်ဆို...
နောက်ပြီး သမီးသိပါတယ် သမီး ထွက်သွား
ရတော့မှာကို "

မာသာ သင်ပေးထားတဲ့အတိုင်း ဂေဟာက
ကလေးတွေကို ဖြူဖြူ သင်ပေးခဲ့သည်။
အခု ပြန်ရလိုက်တာက ယုကီလေး ရဲ့
ဖြူစင်ခြင်းပေ။

မာသာ နဲ့ ထွေးထွေး မှာ အသံပင် မထွက်နိုင်တဲ့
အထိ မျက်ရည်တွေ ဝဲနေလေသည်။

" မာသာ နဲ့ ထွေးထွေး က ဘာလို့ ငိုနေတာလဲ... ??
သမီးကို မာသာတို့ပဲ ပြောတော့ ဘဝမှာ ဝမ်းနည်း
စရာတွေ ကြုံလာရင် မငိုရဘူးဆို...
ဖြူဖြူ တောင် မငိုဘူး မာသာတို့က
ဘာလို့ ငိုနေကြတာလဲ.....?? "

အပြောနဲ့အတူ မာသာ နဲ့ ထွေးထွေး ရဲ့ မျက်ရည်
တွေကို သုတ်ပေးလိုက်သော ယုကီလေး။
ဒီတော့ နဂိုကမှ ငိုချင်နေတဲ့ မာသာနဲ့
ထွေးထွေး မှာ စိတ်မထိန်းနိုင်ကြတော့ပါ။

ယုကီလေး ကို ဖက်ပြီး ငိုလိုက်ကြသည်။

" မာသာ... ထွေးထွေး  တိတ်... တိတ် !!
သမီးတောင် မငိုဘူး.. .မာသာတို့လည်း
မငိုကြနဲ့...ရောဂါရှိလို့ ဂေဟာလာပစ်
သွားတဲ့ သမီးကို မာသာ နဲ့ ထွေးထွေး
က မငြိုငြင်ဘဲ စောင့်ရှောက်ပေးတဲ့အတွက်
သမီး ကျေးဇူးတင်ပါတယ်နော် ...
မာသာတို့ ဂေဟာမှာ သမီး တစ်လပဲ
နေခဲ့ရပေမဲ့ အရမ်းကို ပျော်ရွင်ခဲ့ရပါတယ်....
ဒီတစ်လအတွင်းမှာ သမီးကို ချစ်ပေးကြလို့
ကျေးဇူးပါ. ...ဖြူဖြူ ကိုလည်း
ကျေးဇူးတင်ပါတယ်နော် သမီးကို ဘယ်ဟာက
ကောင်းတယ် ဘယ်ဟာက မကောင်းဘူးဆိုတာ
လမ်းညွှန်ပေးခဲ့တဲ့အတွက်.... နောက်ဘဝဆက်တိုင်း
မာသာတို့ ဂေဟာမှာပဲ သမီး လူဖြစ်ချင်ပါတယ်
ဒါမှ မာသာတို့နဲ့ သမီး အခုလို မခွဲရမှာ...
ချစ်ထူး ကိုလည်း ဂေဟာပြန်ရင် ပြောပေးပါနော်
ဂေဟာက သူငယ်ချင်းထဲမှာ သမီး အခင်ဆုံးက
သူပါလို့.... သူ့ သွားတွေက သွားပိုးစားတော့
အချိုစားတာလေးကိုလည်း လျော့ပေးပါ
လို့ ပြောပေးပါနော် မာသာ... ဖြစ်နိုင်ရင်
သမီး​လေ ချစ်ထူးနဲ့ မခင်ခဲ့ရင် ကောင်းမှာပဲ...
အခုလို ဝမ်းနည်းရမှာ မဟုတ်ဘူး....
ဘာပဲဖြစ်ဖြစ်ပါ သမီး နောင်တမရပါဘူး
ချစ်ထူးကြောင့် ပျော်ရွင်ခဲ့ရတဲ့ နေ့တွေ
အများကြီး ရှိတယ် "

ဆယ်​နှစ်အရွယ်ကလေး တစ်ယောက်က
အရွယ်နဲ့မလိုက် အရမ်းကို နားလည်နေပြီလေ။
ဒါ့က လူ့ လောကဒဏ်ကြောင့်ပေ။

ဘယ်လောက်ပဲ ဝမ်းမနည်းဘူးပြောပြော
အဆုံးသတ်မှာ ယုကီလေး က မျက်ရည်တွေ
ကျလာခဲ့သည်။  မခံစားနိုင်တဲ့ မာသာ မှာ
ချက်ချင်းထသွား၏ ။ ဒီတော့ လွန်ကြိုးဖြူဖြူ မှာ
မာသာ နောက်ကို ချက်ချင်းပြေးလိုက်သွားသည်။

ကျန်နေခဲ့တဲ့ sister ထွေးထွေးမှာ ယုကီလေးကို
ကြည့်ရင်း ငိုရင်းပေ။

" ဖြူလေး မာသာ မခံစားနိုင်ဘူး...
ဒါကြောင့် ဒီကလေးလေးက ဂေဟာ
ရောက်ရောက်ချင်း ဘယ်သူနဲ့မှ
အခေါ်အပြောမလုပ်တာကိုး....သူ့
ရောဂါအခြေအနေကို ကလေးလေးက
အရင်ကတည်းက သိထားပြီး
ခွဲခွာရင် ဝမ်းနည်းမှာစိုးလို့ ဘယ်သူနဲ့မှ
အပေါင်းအသင်း မလုပ်ခဲ့တာ....
ဒါ့ကို မာသာတို့က မသိဘဲ ကလေးလေးကို
မာနကြီးတယ် ထင်နေခဲ့တယ်.... မာသာက
အတော်ညံ့တာပဲ "

" ဟင့်အင်း မာသာ မညံ့ဘူး.... ဖြူဖြူ လည်း
မာသာလိုပဲ ထင်ခဲ့တာပဲ. ...ဒါပေမဲ့
ဘယ်လိုပဲထင်ထင် ဖြူဖြူတို့ ယုကီလေး
စိတ်ဓာတ်ကို ပြောင်းလဲပေးနိုင်ခဲ့တယ်လေ....
ချစ်ထူးလေး နဲ့ ယုကီလေး ကို
အရမ်းခင်သွားအောင် ဖြူဖြူ တို့
လုပ်​ပေးနိုင်ခဲ့တာပဲ မဟုတ်လား မာသာ "

လွန်ကြိုးဖြူဖြူ ပြောရင်း မာသာ မျက်ဝန်းတွေက
အတိတ်ကို ပြန်မြင်ယောင်သွားခဲ့သည်။

" နင့် နာမည်က ယုကီလား.. ..ငါ့က ဒီဂေဟာ
က မာသာနဲ့ ဖြူဖြူ ရဲ့ အချစ်ဆုံး ကလေးလေး
ချစ်ထူးပါ.... ငါ့ အသက်က ဆယ်​နှစ်...
နင်လည်း ဆယ်​နှစ်လို့ ဖြူဖြူ ဆီက ငါ
ကြားတယ်..... ဒီတော့ အရွယ်တူလို့
သူငယ်ချင်း ဖြစ်ရအောင် "

လက်ထဲက သကြားလုံးလေးကို ပေးလျက်
သူငယ်ချင်း ဖြစ်ဖို့ တောင်းဆိုလိုက်သော
ပန်းမြိုင်ဂေဟာက ချစ်ထူးလေး။
မာသာ၊ ထွေးထွေး နဲ့ ဖြူဖြူ က ဒီနေ့မှ
ဂေဟာကို ရောက်လာတဲ့ ကလေးမလေးက
ဘယ်သူနဲ့မှ စကားမပြော၍ စိတ်မကောင်း
ဖြစ်ပြီး ချစ်ထူးလေး အား သကြားလုံးပေး
ကာ သူငယ်ချင်း သွားဖွဲ့ခိုင်း၏ ။
ဒါ့ကို အဝေးကနေ စောင့်ကြည့်နေကြသည်ကို
ချစ်ထူး ဆိုသော ကလေးလေးက သိသည်။
ဒီနေ့မှ ရောက်လာတဲ့ ယုကီလေး ကတော့
မသိ။

"ဘုတ်..!!  "

" ငါ နင့် သူငယ်ချင်း မဖြစ်ချင်ဘူး...
နင့်က ရွံစရာကြီး "

ချစ်ထူးလေး လက်ထဲက သကြားလုံးကို
ပုတ်ထုတ်ကာ ကလေးလေးမတန်မဲ့​ပြောပြီး
ဂေဟာထဲ ယုကီ က ပြေးဝင်သွားခဲ့သည်။

မလှမ်းမကမ်းကနေ ကြည့်နေကြသော
မာသာတို့မှာလည်း စိတ်မကောင်းဖြစ်လို့
သွားကြသည်။

ပေါ်လာသော အတိတ်က ပုံရိပ်တွေကို
မာသာ ကြည့်ရင်း ပို၍  မျက်ရည်တွေ
ဝဲလာခဲ့သည်။

" မာသာတို့ နေတိုင်း ချစ်ထူးလေး ကို
သကြားလုံးပေးပြီး သူငယ်ချင်း လုပ်ခိုင်း
တာကို ယုကီလေး က အမြဲတမ်း ရွံစရာကြီး
ပြောနေခဲ့တာ... တကယ်​တော့
ယုကီ​လေးက သူ့ ရောဂါ သူ သိပြီး
အခုလို  ဆက်ဆံနေခဲ့တာ..... ဒါ့ကို
မာသာတို့က မသိဘဲ ယုကီ​လေး မာနကြီးတယ်​
ထင်​နေခဲ့တာ"

" ဒါပေမဲ့လည်း နောက်ဆုံး ဖြူဖြူ တို့
အနိုင်ရခဲ့ပါတယ် မာသာ... ယုကီ​လေးက
ချစ်ထူးလေး နဲ့ အရမ်းကို ခင်သွားတယ်လေ....
ဖြူဖြူ တို့ကိုလည်း စကား​တွေအများကြီး
ပြောလာခဲ့တယ်... .ဒီတော့ ဖြူဖြူ
ကျေနပ်မိတယ် မာသာ... တကယ်လို့ ဖြူဖြူတို့သာ
ယုကီလေး ကို ဘာမှ လုပ်မပေးနိုင်ခဲ့မှသာ
ဖြူဖြူတို့ စိတ်မကောင်း ဖြစ်ရမှာ...
ဖြူဖြူ တို့သာ လုပ်မပေးနိုင်ခဲ့ရင် ယုကီလေး က
သူ့ နောက်ဆုံး အချိန်ထိ တစ်ယောက်တည်း
ဖြစ်နေမှာ.....အခု ဖြူဖြူတို့ သူ့ အနားမှာ
ရှိတယ်.... ဒါတင်မကသေးဘူး
သူ့ကို ချစ်တဲ့ ချစ်ထူးလေး လည်း ရှိတယ်...
ယုကီလေး ထွက်သွားရရင်တောင်မှ
သူကို ချစ်တဲ့လူတွေကြောင့် ပျော်ရွင်နေမှာ
မာသာ.... ဒီတော့ ဖြူဖြူ ခံနိုင်ရည်ရှိသေးတယ်
မာသာ "

သူမ ဆုံးမထားတဲ့အတိုင်း လွန်ကြိုးဖြူဖြူ က
ရင့်ကျက်သူကြီး ဖြစ်လာ၍ မာသာ တစ်ယောက်
အတိုင်းမသိ ပျော်လည်း ပျော်ရသလို
ယုကီလေး ကို တွေးပြီးလည်း ဝမ်းနည်းမိသည်။

လွန်ကြိုးဖြူဖြူ ခေါင်းလေးကို မာသာ တစ်ယောက်
ပွတ်သပ်ကာ အဆုံးသတ်မှာ သူမ ဝမ်းနည်း
ပြီး ဖက်လိုက်တော့သည်။

ဆေးရုံ ကုတင်ပေါ်က ယုကီလေး နဲ့ ထွေးထွေး
မှာလည်း မာသာတို့ နည်းတိုင်း ဖက်ထားပြီး
ငိုနေကြသည်။

*************************

လေးရက်ကြာပြီးနောက်.........

တစ်ပတ်လောက် နေရအုံးမယ်ဆိုပြီး ဆရာဝန်က
ပြောခဲ့ပေမဲ့ ယုကီလေး က သုံးရက်ပဲ
နေသွားရှာသည်။ ဆုံးခါနီး ဖြူဖြူတို့ကို
ဖက်ကာ ငိုလိုက်တဲ့အငို၊  ဒီတော့ ဖြူဖြူ
ကြည့်ပြီး စိတ်မကောင်း။ စိတ်ဒဏ်ရာ
တွေကြောင့် မျက်ရည်မကျတတ်တဲ့
ဖြူဖြူ အဖို့ ယုကီလေးကို ကြည့်ပြီး
ငိုချင်ပေမဲ့လည်း မျက်ရည်က ကျမလာခဲ့ပါ။

ဖြူဖြူ ကသာ မျက်ရည် မကျတာ မာသာနဲ့
ထွေးထွေး ကတော့ ယုကီလေး ကို
ဖက်ကာ ငိုလိုက်နဲ့ပေ။

ယုကီလေး မှာလည်း ငိုလွန်းအားကြီးပြီး
နှာခေါင်းသွေးတွေက တောက်လျှောက်စီးကျ
လာသည်။ ဒီတော့ ယုကီလေး နှာခေါင်းသွေး
လျော့တာရပ်ဖို့ မာသာတို့ မငိုကြပါနဲ့လို့
ဖြူဖြူ တောင်းဆိုရတဲ့အထိ။

ချစ်ထူးလေး ပေးလိုက်တဲ့ စက်ရုပ်လေးကိုလည်း
ယုကီ​လေးက ဆုံးခါနီးအထိ ရင်ခွင်ထဲ
ဖက်အိပ်သွားရှာသည်။

ဒီကြားထဲ ချစ်ထူး​လေးကိုလည်း အချိုတွေ
အများကြီးမစားနဲ့ သွားပိုးစားလိမ့်မယ်ကပါ
မှာသွားသေးသည်။

ဒါ့အပြင် ချစ်ထူးလေး ကို မငိုနဲ့လို့ကပါ
မှာသွားသေးသည်။

မငိုမိအောင် မာသာ နဲ့ ထွေးထွေး မှာ
ထိန်းနေသလောက် ဖြူဖြူ မှာတော့
ငိုချင်ရင်တောင် ကျမလာတဲ့ မျက်ရည်တွေကြောင့်
ကိုယ့် ကိုယ်ကို အရမ်းစိတ်ပျက်ရသည်။

မိဘက ဒွိလိင် ဆိုတာကြောင့် စွန့်ပစ်ခံရပြီးရုံတင်
အားမရ၊  ဖြူဖြူ က မငိုတတ်တဲ့ ဒွိလိင် ပင်​
ဖြစ်နေပြီလေ။

ဒါ့ကို ဖြူဖြူ အရမ်းမုန်းသည်။

ဖြူဖြူ ငိုချင်သည်။ လူပီသတဲ့ လူတစ်ယောက်
ဖြစ်ချင်သည်။ ကျားဆို ကျား၊  မဆိုမပေါ့။

အခုတော့ ဖြူဖြူ အောက်ပိုင်းကို ကြည့်မိတိုင်း
အရမ်းစိတ်ပျက်ရသည်။ ဖြူဖြူ မိန်းမ အင်္ဂါ
ထဲမှာ ယောင်္ကျားလေး အင်္ဂါကြီးက
ရှိနေပြီး အနည်းငယ် ထိုးထွက်နေတယ်လေ။

တခြားမိန်းကလေးတွေလို မိန်းမဆိုလည်း
မိန်းမ အင်္ဂါပေါ့။ ယောင်္ကျားလေး ဆိုလည်း
ယောင်္ကျားလေး အင်္ဂါ တစ်ခုပဲ ပါပေါ့။
အခုဟာက နှစ်ခုတောင်။

ငယ်ငယ်တုန်းက ဒီအင်္ဂါ နဲ့ ပတ်သက်ပြီး
ခဏခဏ စော်ကားခဲ့ရတော့ ဒီ အင်္ဂါကြီး
ကို ဖြူဖြူ ဖြတ်ပစ်လိုက်ချင်သည်။

ဒါပေမဲ့ မာသာ တွေ့သွား၍ ဖြူဖြူ မဖြတ်ခဲ့လိုက်
ရပါ။  ဖြူဖြူ ရဲ့ အင်္ဂါ နှစ်ခုက တစ်ထပ်တည်း
ဖြစ်နေတော့ ဖြတ်ပစ်ရင် သေဖို့က များတယ်လေ။

ဒါကြောင့် ဖြူဖြူ ဘဝက အခုချိန်ထိ ကြောက်နေ
ရသည်။ ဖြူဖြူ ဒွိလိင်ဆိုတာ လူတွေသိရင်
နှိပ်စက်ခံရလိမ့်မည်။

ဒါတွေကို ခံနိုင်ရည် ရှိအောင် အခုကတည်းက
ဖြူဖြူ ကြိုးစားပြီး မာကျောချင်ယောင်ဆောင်
နေရသည်။ 

ဘာပဲဖြစ်ဖြစ် ဖြူဖြူ မာကျောတာထက် မာသာတို့
ကို စောင့်ရှောက်ပေးနိုင်ရင် ဖြူဖြူ သေပျော်ပြီ။
ဒါ့က ဖြူဖြူ ဘဝရဲ့  ရည်မှန်းချက်ပေ။

ယုကီလေး သဂြိုလ်ပြီးတော့ ဂေဟာကို ဖြူဖြူ
တို့ ပြန်လာခဲ့သည်။ ဖြူဖြူ တို့
ပြန်လာတော့ ယုကီလေး ပါမလာလို့ဆိုပြီး
ချစ်ထူးလေး က ငိုလိုက်တဲ့အငို။

ကျောင်းတောင် ပျက်တာ ဒီ​နေ့ဆို
လေးရက်ရှိသွားပြီလေ။ စနေ၊  တနင်္ဂနွေ
ပိတ်တာနဲ့ ခံတော့ ဖြူဖြူ ကျောင်းပျက်တာက
နှစ်ရက်တည်းပါ။

ဖြူဖြူ သူငယ်ချင်း ထက်ထက်ကလည်း ဆရာမကို
ခွင့်​တိုင်​ပေးပြီး ဖြူဖြူ မလာတဲ့ နှစ်ရက်အတွင်း
သင်​တဲ့စာ​တွေကိုလည်း လိုင်းပေါ်ကနေ ပို့ပေးရှာသည်။
ဒီတော့ ဒီတနင်္ဂနွေမှာ စာတွေ အကုန်ပြီးအောင်
ဖြူဖြူ လုပ်ရမည်။ ဖြူဖြူ အတွက်
အရေးကြီးဆုံးက စာပေ။

ဒါ့မှသာ မာသာ နဲ့ မာသာ ဂေဟာကို ဖြူဖြူ
စောင့်ရှောက်နိုင်မည်။

>>>>>>>>>>>>>>>>>

" မာမီ ဒီနေ့ ဘာချက်လဲ...??  "

မနက်စာ စားဖို့ အောက်ထပ်ကို ဆင်းလာတဲ့
ခေါင်ယံမှိုင်း ဧည့်ခန်းမှာ ချစ်သည်းမာန် ကို
မိခင် ဖြစ်သူနဲ့ စကားပြောနေတာတွေ့
၍  အလိုမကျ ဖြစ်လို့သွားသည်။

" ခေါင်ယံ​နော် ....!! နင့် မျက်နှာက
ဘာဖြစ်တာလဲ ..? ငါ့ကို တွေ့တာနဲ့ 
ဘာလို့ လဒမှိုင် မှိုင်သွားရတာလဲ...? "

" မှိုင်ရမှာပေါ့ နင့်က ငါ့ မာမီကို​တွေ့တိုင်း
ချွန်တွန်းလုပ်နေတာလေ.... ပြောပါအုံး အခု​ရော
ဘာတွေ ချွန်တွန်း လုပ်လိုက်ပြီလဲ.....??  "

" မလုပ်ပါဘူး သားငယ်ကလည်း....
ချစ်သည်း က မာမီ ကို လွမ်းလို့ ဒီတိုင်း
လာတာပါ.... ဟုတ်တယ်မလား
ချစ်သည်းလေး "

" ဟုတ်တာပေါ့ မေမေဆု .... မေမေဆု
သားက ချစ်သည်း လာတာမြင်တာနဲ့
သူ့မှာ အိုးမလုံ အုံပွင့်ပြီး ကြောက်နေတာ "

" ချစ်သည်းမ နော် စကားပြောတာ ကြည့်
ပြော... ဖြတ်​ရိုက်​ပစ်​မယ်​..!!
ရုပ်ကိုက ကြောင်ချီးအိုးရုပ်နဲ့ "

" ဟဲ့ သားငယ်... ချစ်သည်း ကို ဘာလို့
အဲ့ဒီလို ပြောရတာလဲ...? ချစ်သည်းက
မင်းထက်ကြီးတယ်နော်... "

" အသက်ကသာ ကြီးတာပါ မာမီရဲ့...
လူကတော့ လေတိုက်ရင် လွင့်မယ့် ရုပ် "

" ခေါင်ယံ နင်နော်...!!  "

အမြင်ကပ်ကပ်နဲ့ ချစ်သည်းမာန် ထလုပ်တော့
မိခင်ဖြစ်သူကို ကွယ်ကာ ခေါင်ယံမှိုင်း က
ဒိုင်းလုပ်၏ ။ ထိုအခါ ချစ်သည်းမာန် မှာ
ခေါင် အမေ ဒေါ်ဆုမြတ်ရှင် ကို ခိုက်မိမှာ
စိုး၍  မလုပ်တော့ပါ။ ဒါ့ကို ခေါင်ယံမှိုင်း
က လျှာကြီးထုပ်ကာ ငကြောက်လေး
နင်​ငါ့ကို မလုပ်​ရဲဘူးဆိုပြီး လုပ်နေလေသည်။

အပြင်ပန်းမှာသာ ချစ်သည်းမာန် စိတ်တိုဟန်
ပြနေပေမဲ့ ခေါင်နဲ့ ဒီလို ဖြစ်ရင် သူမ
ကြည်နူးနေတာ သူမသာ သိသည်။
ချစ်ခြင်းရဲ့ အစက အခုလို မထိခလုတ်
ထိခလုတ် စခြင်းက မဟုတ်လား။

ဘာပဲဖြစ်ဖြစ်ပါ ယောင်္ကျားတစ်ယောက်ကြောင့်
ညီမနှစ်ယောက် နပန်းသတ်ရမလားဆိုတာ
ကံတရားသာ သိမည်။

ဘယ်သူ့မှ မမြင်နိုင်တဲ့ ကံကြမ္မာက
လွန်ကြိုးဖြူဖြူ အပေါ် ဘာတွေထပ်လာအုံးမလဲ။
ဘာတွေ​ရော ထပ်ဖြစ်မှာလဲ။ ထိုသို့ ထပ်ဖြစ်လာခဲ့ရင်
​လွန်ကြိုးဖြူဖြူ က​ရော ခံနိုင်ရည်ရှိပါ့မလား။

လက်ရှိမှာ လွန်ကြိုးဖြူဖြူ မငိုတတ်တာ
ကရော ကံတရားရဲ့​နောက်​ပြောင်​ကျီစယ်မှုတစ်ခုလား။

ဒါ့ကို လွန်ကြိုးဖြူဖြူရဲ့ ကံတရားကသာ
သိပေလိမ့်မည်။

Part  9 မျှော်........................................
( အချစ်က သူစေစားရာ ဝတ္ထုက ရသအစုံကို
ပေးသွားမယ့် ဝတ္ထုလေးပါ .......
အရိုမခံနိုင်ရင်၊ နောက်ပြီး မင်းသားက
possessive typeကြီးပါ....ဒီတော့ ဒါတွေကို
ခံနိုင်ရည်ရှိမှ ဖတ်ကြပါ....happy ending
လေးပါ ခရာတို့ ဝတ္ထုကိုပဲ မင်မင့်က SE လုပ်ခဲ့တာပါ
ကျန်တာတွေက အကုန် HE ပါ SE ဆိုရင်
ကိုယ်လည်း ခံနိုင်ရည်မရှိလို့ပါ 😞😞😞 )

စ​နေ ၊ တနင်္ဂ​နွေ​နေ့တိုင်း မင်​မင်​လေယူရာယိမ်း
စာမတင်​ပါ ဒါဒါ​လေး​တွေ.....စ​နေ ၊ တနင်္ဂ​နွေ​က
မင်​မင်​ရဲ့ နားရက်​မို့လို့ပါ

ချစ်​တယ်​နော်​မင်​မင်​ရဲ့ ဒါဒါ​လေး​တွေ.......😍😍😘😘
ဒီအပိုင်းလေးနဲ့ ပတ်သက်ပြီး ဒါဒါလေးတွေရဲ့ မန့်ကို
မင်မင်လေယူရာယိမ်း စောင့်မျှော်လျက်.. ......😍😍😘😘

#​လေယူရာယိမ်း

Czytaj Dalej

To Też Polubisz

253K 9.1K 39
ဖီးနစ်ငှက်တစ်ကောင်ရဲ့ ရင်ကွဲမတတ်အော်ဟစ်သံဟာ လောင်ကျွမ်းအံ့ဆဲဆဲ အတောင်ပံတွေနဲ့အတူ ပျောက်ကွယ်ပျက်စီးသွားတော့မယ့်အချိန်မှာ ငါဟာ မင်းနဲ့နောက်တစ်ကြိမ်...
75.5K 4.5K 12
chanbeak ficေလးပါ beak....yeolနင္ကိုေလငါအရမ္းခ်စ္ခဲ့တာပါ yeol...beak u are mine Hun...beakငါနင့္ကိုခ်စ္တယ္
634K 18.4K 50
" အချစ်ကိုအချစ်နဲ့ထပ်တူကျချင်တဲ့သူမလို့ အချစ်က ကိုယ့်ကိုချစ်ပေးပါ " မိုင်မင်းခေါင်