𝑇𝑟𝑎𝑝𝑝𝑒𝑑 𝐽𝑛 𝐴 𝑀𝑎𝑧...

By AlienMi709

2.1K 173 78

ရုန်းထွက်ဖို့ခက်တဲ့ လှည့်စားမှုဝင်္ကပါထဲမှာ အချိန်အတော်ကြာ ပိတ်မိခဲ့တယ်။ TaeKook NamJin Author - AlienMi709... More

Intro
Part...1
Part...2
Part...3
Part...4
Part...5
Part..6
Part...8

Part...7

226 16 13
By AlienMi709

For Unicode

ဂျီမင်တို့ အငယ်လေးယောက်စုကာ အသံလာရာဘက် တရွေ့ရွေ့လိုက်လာခဲ့ရင်း အခုတော့ အစ်ကိုသုံး​ေယာက်ကို ခပ်လှမ်းလှမ်းကမြင်နေရပြီဖြစ်သည်။ဖုန်းမီးအလင်းရောင် ခပ်မှိနိမှိန်နဲ့ဖြစ်၍ သိပ်တော့ မထင်ရှား။

"နောက်ဆုံးတော့ တွေ့ပြီ...အစ်ကိုတို့ကလည်း ဘာအရဲကိုးပြီး ဇွတ်သွားနေတာလဲမသိ...ဟိုးဘက်တောင်ရောက်နေပြီ"

ထယ်ယောင်းပြောတာကို ဂျောင်ကုကလည်း ခေါင်းတဆတ်ဆတ်ညိတ်ကာ ထောက်ခံ၏။

"နေဦး...အဲ့ အဲ့ဒီအနီရောင်အစက်တွေက ဘာ ဘာတွေလဲ...ငါပဲ မြင်နေရတာတော့မဟုတ်ဘူးမလား"

ဟိုဆော့တို့ရှိရာ အနီးတစ်ဝိုက်ကို လက်ညှိုးညွှန်ရင်း ထစ်ထစ်ငေါ့ငေါ့တုန်တုန်ယင်ယင်ပြောနေသည့် ဂျီမင်။

ဂျီမင်စကားကြောင့် ထယ်ယောင်းနဲ့ဂျောင်ကုအပြင် ခေါင်းငုတ်လျက်လိုက်ပါလာခဲ့သည့် ဆော့ဂျင်ပါခေါင်းထောင်ကြည့်သည်။

"အဲ့တာ မျက် မျက်လုံးတွေ..."

ဂျောင်ကုကိုယ်တိုင်လည်း ထိုအရာတွေရဲ့ အရင်းအမြစ်ကို ကောက်ချက်ချမိလိုက်သည်နှင့်တစ်ပြိုင်နက် ကြက်သီးမွှေးညှင်းတွေပါထပြီး တစ်ကိုယ်လုံးအေးစက်လာရသည်။

မျက်လုံးတွေအများကြီး အစ်ကိုတို့ဘေးပတ်ဝန်းကျင်မှာ ဝန်းရံနေသည်။နည်းနည်းနောနောမဟုတ်ဘဲ မျက်လုံး၅၀လောက်ကို သူတို့မြင်နေရတာ။

တကယ်သာ သရဲတွေဆို အကောင်၂၀၊၃၀လောက်ရှိမလား။

မျက်ဝန်းတွေကနီရဲနေရုံမက အကြည်စူးစူးရဲရဲကိုပါ ခံစားမိသည်။တစ်စထက်တစ်စနီးကပ်လာသည်နှင့်အမျှ ပုံရိပ်တွေကလည်း ပြတ်သားလာ၏။

"စတိုခန်း...မဖြစ်ဘူး...အစ်ကိုတို့ အစ်ကိုတို့ကို ပြန်ခေါ်ကြပါ မင်မင်...ထယ်ယောင်း အစ်ကိုတို့ကို ပြန်ခေါ်ပါ ဂျောင်ကု"

ငိုသံစွက်လျှက် ဂျောင်ကုတို့ သုံးယောက်ကို တောင်းပန်နေတဲ့ ဆော့ဂျင်။

"အစ်ကိုနမ်ဂျွန်း..."

အစ်ကိုနမ်ဂျွန်းက ထိုတံခါးအားဖွင့်ဟန်ပြုတော့ ဆော့ဂျင်တစ်ယောက် အသံကုန်ခြစ်ကာ အော်ဟစ်ရင်း အရှေ့တူရူကို တန်းတန်းမတ်မတ်ပြေးလွှားသွားသည်မှ လေအလျှင်အလား။

ကျန်ခဲ့တဲ့လူတွေမှာ တားဆီးဖို့မပြောနဲ့ အခြေအနေအလုံးစုံကိုတောင် လိုက်မမှီနိုင်တော့။အမှောင်ထုထဲကို အကြောက်အလန့်မရှိ ပြေးဝင်သွားသည့် ဆော့ဂျင်ကိုသာ အံ့ဩရင်း ကျောက်ရုပ်သဖွယ်ဖြစ်နေတော့သည်။

နမ်ဂျွန်းတို့ သုံးယောက်မှာလည်း ဆော့ဂျင်အသံရှရှလေးကြောင့် တံခါးဖွင့်မည့်လက်တွေပါ ရပ်တန့်သွားသည်။

"အစ်ကိုတို့ အဲ့တံခါးမလှပ်နဲ့...ပြန်လာခဲ့ အစ်ကိုတို့"

ဟိုအဝေးမှာကတည်းက အသံကုန်ဟစ်အော်လာသည့် ဆော့ဂျင်။ဆော့ဂျင်စကားတွေကြောင့် သူတို့တွေ ဆော့ဂျင်ရှိရာကို တစ်လှမ်းချင်းတိုးလာမိသည်။

တဆိတ်လောက် ခုနကထိကြားနေရတဲ့ မိန်းကလေးရဲ့ ငိုသံတွေက ချက်ချင်းတိတ်သွားတာလား။

ဆော့ဂျင်ဟာ နမ်ဂျွန်းတို့အနားရောက်ဖို​့ သိပ်မလိုတော့သည့်အကွာအဝေးတွင် ရုတ်ချည်းရပ်တန့်သွားသည်။

"အား..."

တစ်စုံတစ်ရာက အားနဲ့တွန်းလွှတ်လိုက်သလို၊စွမ်းအားတစ်ခုနဲ့ တိုက်ခိုက်ခံလိုက်ရသလိုမျိုး ဆော့ဂျင်ဟာ ဟိုးနောက်အထိ လွင့်ပျံထွက်သွားသည်။ကြမ်းပြင်ပေါ်ကို အရုပ်ကြိုးပြတ်ပြုတ်ကျလာတဲ့ ဆော့ဂျင်ရဲ့ကိုယ်ငယ်။ကြမ်းပြင်နဲ့ခန္ဓာရဲ့ ထိခိုက်သံက အဆောင်တစ်ခုလုံး ဟိန်းထွက်သွားသည်အထိ ပြင်းထန်လွန်းသည်။

ဆော့ဂျင်ရဲ့ ထိုပုံစံကိုမြင်လိုက်ရတော့ ယွန်းဂီစိတ်မကောင်း။သူတို့ဆီလာရင်း ဒီလိုဖြစ်ရတယ်လို့တွေးမိတော့ ပိုဆိုးသည်။နောက်ပြီး သူဒီကောင်လေးကို အပြစ်တင်ခဲ့သေးတာ။

လဲကျနေသည့်ဆော့ဂျင်ဆီသို့ အပြေးသွားကွာ ယွန်းဂီထွေးပွေ့လိုက်သည်။ယွန်းဂီနဲ့အတူ ဟိုဆော့လည်းပါပြီး နမ်ဂျွန်းကတော့ စိုးရိမ်လွန်း၍ထင် အသံတောင် ကောင်းကောင်းထွက်မလာတော့။

"အား...မထိပါနဲ့  အား... မလုပ်ပါနဲ့"

ငိုသံကျယ်ကျယ်နဲ့ ဆော့ဂျင်ရဲ့ နာကျင်နေပုံ။အနားရောက်လာပြီဖြစ်သော ဂျီမင်တို့ပင် ခြေမကိုင်မိလက်မကိုင်မိ။ထိုကဲ့သို့သော ငိုကြွေးသံကို သူတို့မှတ်မိသည်။

အစ်ကိုဆော့ဂျင်ကို စတွေ့စဉ်က အစ်ကိုအဲ့လိုမျိုး နာနာကျင်ကျင်ငိုနေခဲ့တာ။တကယ့်ကို စို့စို့နင့်နင့်ငိုနေခဲ့တာ။

"အဟား...ဆော့ဂျင်...လုပ်ပါဦး ဆော့ဂျင်"

"ဆော့ဂျင်..."

"အစ်ကို..."

လည်ပင်းညှစ်ခံရသလိုပုံစံမျိုးနဲ့ ကြမ်းပြင်အထက် လေးငါးလက်မလောက်ထိမြင့်တက်သွားသည့် ဆော့ဂျင်။ရုန်းကန်နေရသလိုပုံစံမျိုးနဲ့ တစ်ကိုယ်လုံး ရမ်းခါနေသည်။

"ကင်မ်ဆော့ဂျင်...ငါ့လမ်းကို လာမရှုပ်နဲ့...နင်တို့အားလုံး​ေသရမယ်...ငါတို့နေရာကို နင်တို့ဝင်ရမယ်...နင့်ကိုအရင်သတ်ပစ်မယ် ကင်မ်ဆော့ဂျင်"

ဟိန်းခနဲထွက်လာသည့် အသံနက်ကြီးနဲ့အတူ ပတ်ဝန်းကျင်တစ်ခုလုံး မုန်တိုင်းထန်သလို လေပြင်းတွေကြမ်းလာသည်။

ထိုအထဲမှာ အနာကျင်ရဆုံးက ကင်မ်ဆော့ဂျင်ဟုဆိုလျှင်မမှားနိုင်။အင်အားကြီးလွန်းသော ထိုစွမ်းအင်က ဆော့ဂျင်တစ်ကိုယ်လုံးကို ဝါးမြိုနေသလိုခံစားရသည်။

နမ်ဂျွန်းမှာလည်း ရင်ဘတ်ထဲက မခံစားနိုင်အောင် ပူလောက်နေပြီ။ဒီကောင်လေးရဲ့ ဒီလိုအခြေအနေကို သူလုံးဝ မမြင်ရက်နိုင်။

"ဆော့ဂျင်...ညီ...ဆွဲကြပါဦး"

တဖြေးဖြေးပိုမို၍ မြင့်တက်သွားသော်လည်း အားလုံးဟာ ကြက်သေသေရင်း တုန်ယင်နေခဲ့သဖြင့် ဘာမှမလုပ်နိုင်ခဲ့။နမ်ဂျွန်းအသံကြားမှ အားလုံးဟာ ပြာပြာသလဲနဲ့ ဝိုင်းဆွဲကြတော့သည်။

ကြမ်းတမ်းလာသည့် လေပြင်းတွေနှင့် ရယ်သံများအား တဖြေးဖြေးညံလာ၏။ဘေးနားမှာ လူတွေအစုလိုက်အပြုံလိုက် ထိုင်ရယ်နေသလိုပင် ထင်ရ၏။

"ဆွဲ...ရအောင်ဆွဲ...ဒီထက်အချိန်ကြာသွားရင် သူပြန်လာနိုင်တော့မှာမဟုတ်ဘူး"

နားထဲမှာ ကြားယောင်လာရတဲ့တစ်စုံတယောက်ရဲ့ တီးတီးစကားသံ။ထယ်ယောင်း ခြောက်ခြားမိလွန်းလို့ ချုံးပွဲချပြီး ငိုလိုက်ချင်​ပြီ။သို့သော် မဖြစ်သေး။

"ဆွဲ ဆွဲ"

အသံတွေ ထပ်မံကာထွက်ပေါ်လာပြန်သည့်အခါ ထယ်ယောင်း အားကုန်သုံးရင်း ဆွဲလိုက်သလို ကျန်လူတွေကိုလည်း ဆွဲဖို့ ဆော်ဩလိုက်သည်။

"အား..."

ခြောက်ယောက်အားနဲ့ သေမတတ်ဆွဲချပြီးနောက် ဆော့ဂျင်ဟာ အရုပ်ကြိုးပြတ်ပြုတ်ကျလာသည်။

"ပေး ငါ့ကျောပေါ်တင်ပေး"

"ဖြစ်ရဲ့လား အစ်ကိုနမ်ဂျွန်း"

နမ်ဂျွန်းက စိတ်ဆောင်နေတာကြောင့် ဆော့ဂျင်ကို ကျောပိုးဖို့ စိတ်လောနေသည်။ထယ်ယောင်းမေးတာကိုပင် ဂရုမစိုက်ဘဲ ဆော့ဂျင်ကိုယ်ကိုသာ အတင်းမယူ၏။

"ဒီနေရာက လွတ်အောင်ပြေး"

ဩရှရှအသံကြီးကို ထပ်ကြားရချိန် ထယ်ယောင်း အသိဝင်လာသည်။

"ကျွန်တော်တို့ အဝေးဆုံးကို သွားရမယ်...အစ်ကိုတို့ ... ဖုန်းကိုင်ထားတဲ့လူတွေက မီးပြပြီး ရှေ့ကသွားပါ...တစ်ယောက်က နောက်မှာနေပြီး အစ်ကို ဆော့ဂျင်ကိုထိန်းပေး"

ဖုန်းအားတွေကလည်း ကုန်လုနီးနီးဖြစ်လာကြပြီ။အခုဆိုလျှင် နမ်ဂျွန်း၊ဂျောင်ကု၊ဟိုဆော့နဲ့ ဂျီမင်တွင်သာ ဖုန်းအားကျန်ရှိတော့ပြီး ယွန်းဂီဖုန်းလေးဟာတော့ Power downသွားခဲ့ပြီ။

နမ်ဂျွန်းက ဖုန်းမကိုင်နိုင်သေးတာကြောင့် နမ်ဂျွန်းရဲ့ဖုန်းက ထယ်ယောင်းလက်ထဲရောက်လာသည်။
ယွန်းဂီနဲ့ ဂျောင်ကုက ရှေ့ဆုံးကသွားပြီး ဟိုဆော့နဲ့ ထယ်ယောင်းက နောက်ဆုံးကလိုက်သည်။
အလယ်မှာရှိသည်က ဆော့ဂျင်ကို ကျောပိုးထားသည့် နမ်ဂျွန်းရယ်၊လက်တစ်ဖက်က ဖုန်းမီးထိုးရင်း ကျန်လက်တစ်ဖက်က ဆော့ဂျင်လက်ကို ဆွဲကိုင်လာခဲ့တဲ့ ဂျီမင်ရယ်၊သတိမေ့နေသည့် ဆော့ဂျင်ရယ်။

ထိုနေရာမှ ဝေးလာသည်နှင့် လုံခြုံသွားရသလို ခံစားမိသော်ငြား ကြောက်စိတ်ကြောင့် အသက်တောင်ရဲရဲမရှူရဲသေးပါ။နောက်ကပြေးလိုက်လာသလို ခြေသံတွေကြားရရင်း အနားရောက်မှ ရုတ်ချည်းအသံတိတ်သွားတာမျိုး ပုတ်အဲ့အဲ့အနံ့တွေရလာတာမျိုးက တစ်လမ်းလုံးနီးပါးပင်။

ကျောပေါ်မှ ကောင်လေးဟာ ခြေတွေလက်တွေကအစ တစ်ကိုယ်လုံးအေးစက်လာတာကို နမ်ဂျွန်းခံစားမိသည်။အရင်ကထက်ပင်အေးစက်နေသည်။ချီလာရတာကြာပြီဖြစ်၍လားမသိ လေးလံမှုကိုလည်း ပိုပိုပြီးသတိထားမိ၏။

သူတို့နေခဲ့ဖူးသည့် အခန်းဟုထင်ရသော သန့်သန့်ရှင်းရှင်းအခန်းကို မြင်လိုက်ရချိန် သူတို့အားလုံးရဲ့ မျက်လုံးတွေ တောက်ပလာရသည်။

"ဒီမှာ ဒီမှာ"

ခုံတွေစီထားသည့်အပေါ်သို့ ဆော့ဂျင်အားချပေးကာ နမ်ဂျွန်း သူ့ကိုဖက်ထားလိုက်သည်။
မျက်ရည်ကျရင်း တောင်းပန်စကားကို တဖွဖွပြောနေတာကြောင့် ယွန်းဂီပါ အပြစ်မကင်းသလို ခံစားနေရသည်။

"အာ့..."

ထိုအခိုက်မှာပင် တဆတ်ဆတ်တုန်ယင်ကာ မျက်ဖြူလန်လာသော ထယ်ယောင်းကြောင့် ပြာရပြန်သည်။

ဂျောင်ကုနဲ့ ယွန်းဂီ ထယ်ယောင်းကိုပြေးထိန်းတော့ ထယ်ယောင်းက ဂျောင်ကုလက်ကိုဖယ်ချပြီး ယွန်းဂီကိုတော့ တွန်းဖယ်သည်။

"မထိနဲ့"

"ထယ် ထယ်ယောင်း"

ထယ်ယောင်းရဲ့ပုံမှန်အသံထက် ဩရှပြီး လှိုဏ်သံပေါက်နေသော အသံဟာ အားလုံးကို အံ့ဩစေသည်။

"ကူညီပါ...ကူညီပါ"

ထိုကဲ့သို့ ခြောက်ခြားဖွယ်အသံကြီးနှင့် အကူအညီတောင်းခံကာ အော်ဟစ်နေသည့် ထယ်ယောင်းကြောင့် ဂျီမင်နဲ့ဂျောင်ကုမှာ ဟိုအနောက်ခုံပေါ်က ဆော့ဂျင်ကိုဖက်ထားသည့်နမ်ဂျွန်းဘေးသို့ တိုးကပ်သွားမိသည်။အကြီးနှစ်ယောက်ဖြစ်သည့် ဟိုဆော့နဲ့ ယွန်းဂီဟာတော့ ကြောက်လန့်ရင်းကပင် သူတို့ရှေ့မှာ ရပ်နေပေးသည်။

"ထယ်ယောင်း..."

"ငါထယ်ယောင်းမဟုတ်ဘူး...ငါ လီဂျုံဟန်...ငါ့ကို လွတ်မြောက်ခွင့်ပေးပါ...ငါ့ကို လွတ်မြောက်အောင်လုပ်ပေးပါ"

အခြေအနေအရပ်ရပ်ကို သူတို့သဘောပေါက်စပြုလာသည်။သို့သော် သူတို့သိပ်ကြောက်၏။
ထယ်ယောင်း၏မျက်နှာဟာ ထယ်ယောင်းမှန်းသိသာသော်လည်း ကြောက်စရာကောင်းသည့် အသွင်ကို တဖြေးဖြေးကူးပြောင်းလာသည်။
ခြောက်သွေ့သွေ့အသားအရေပေါ်မှာ မီးလာဒဏ်ရာလို အကွက်တွေကခပ်ရေးရေးနဲ့။

ဆော့ဂျင်သည်လည်း မျက်လုံးတို့က ခပ်မှေးမှေးပွင့်ဟလာသည်။သို့သော် လူတိုင်းဟာ သူတို့အရှေ့က မြင်ကွင်းဆီတွင်သာ အာရုံရှိ၏"

"ငါတို့ ဘယ် ဘယ်လိုကူညီရမှာလဲ"

ဟိုဆော့ မာန်တင်းကာ အသံထွက်ရုံလေး မေးလိုက်သည်။သူဟာ အကြီးတစ်ယောက်ပေမို့ အငယ်တွေနဲ့အပြိုင် ထိုင်ငိုနေလို့မဖြစ်ပါ။အငယ်နှစ်ယောက်ကိုကြည့်တော့လည်း အသံတိတ်ငိုနေကြသည်။

အဖြစ်အပျက်တွေက သိပ်ကိုမြန်ဆန်လွန်းတယ်မဟုတ်ပါလား။

"လော်ကာ...လော်ကာထဲမှာ ငါ့ရဲ့ အဝတ်အစားအသုံးအဆောင်တွေ...မီးရှို့ပေး..."

ထိုအသံကြီးဟာ တဖြေးဖြေးအားလျော့လာသလို တိုးညှင်းလာသည်။

"ကျောင်းအုပ်ရုံးခန်း...ငါ့နာမည်နဲ့အတန်းကို...ရှာ...နောက်ပြီး သူ့ သူ့အကြောင်းကိုလည်း  ရှာ"

"ဘယ်သူလဲ"

"စတိုခန်းထဲက...မိန်းကလေး..."

ပြောရင်းကပင် ထယ်ယောင်းမှာ ပျော့ခွေကျသွားသည်။ထိုအခြေအနေကိုမြင်သော်ငြား သူတို့အရဲစွန့်ကာ ပြေးမပွေ့ရဲ့ပါ။

ဂျောင်ကုတစ်ယောက်ဟာလည်း မျက်ရည်တွေနဲ့ပင် မရဲတရဲ ခြေလှမ်းလှမ်းလာသည်။ထို့သော် ထယ်ယောင်းကို မထိရဲသေး။

"ဂျွန်...ဂျောင်"

ထယ်ယောင်းခန္ဓာကိုယ်တစ်ခုလုံးရိုက်နှက်ခံထားရသလို အင်အားတွေယုတ်လျှော့နေသည်ကို ခံစားရသည်။သူဘာဖြစ်သွားခဲ့တာလဲ။မျက်စိရှေ့က ဂျောင်ကုနာမည်ကိုပင် ပြည့်စုံအောင် မခေါ်နိုငိလောက်သည်အထိ သူသိပ်ပင်ပန်းသည်။

ထိုအခါမှ ထယ်ယောင်းဆိုတာ အတည်ပြုလိုက်သလို ဂျောင်ကုအပါအဝင် အားလုံးကပြေးထူကြသည်။

"မင်းမှ ဘာလို့ဒီလိုဖြစ်နေရတာလဲကွာ"

ဂျောင်ကုရဲ့ ဒေါသစွက်နေသည့် ယူကြုံးမရအသံကြောင့် ထယ်ယောင်းအံ့ဩရသည်။
သူအိပ်ချင်လာသလိုခံစားရပေမဲ့ မျက်စိကို အတင်းပြူးပြဲဖွင့်ထားရသည်။

"ကျောင်းအုပ်ရုံးခန်းဆိုတာ ဟိုထောင့်ချိုးက အစွန်းက အခန်းမလား..."

"အစ်ကိုဆော့ဂျင်ကို တွေ့ခဲ့တဲ့နေရာနား..."

ဂျီမင်းစကားကို ဂျောင်ကုက ထောက်ခံကာ စကားဆက်ပေးသည်။
ထို့နောက် တစ်ယောက်မျက်နှာတစ်ယောက် ကြည့်လိုက်မိ၏။

______Trapped in a maze______

29.12.2022

AlienMi709
HlaingMeMeAung

Updateက တစ်လလောက်ကြာသွားတယ်။
စောင့်နေရတဲ့လူတွေကို တကယ်အားနာလိုက်တာ
နောက်ကို ကြိုးစားရေးပေးပါ့မယ်

မီက စာမရေးနိုင်တော့တော့ ကိုယ်တစ်ယောက်တည်း ကျန်တဲ့အပိုင်းတွေကို အဆင်ပြေအောင်ဆက်ရေးပါ့မယ်

ပေါ့နေတာမျိုးရှိရင် ဆက်ပြီးသည်းခံဖတ်ပေးပါဦး

Good night ❣️

_____________________________

For zawgyi

ဂ်ီမင္တို႔ အငယ္ေလးေယာက္စုကာ အသံလာရာဘက္ တေ႐ြ႕ေ႐ြ႕လိုက္လာခဲ့ရင္း အခုေတာ့ အစ္ကိုသုံး​ေယာက္ကို ခပ္လွမ္းလွမ္းကျမင္ေနရၿပီျဖစ္သည္။ဖုန္းမီးအလင္းေရာင္ ခပ္မွိနိမွိန္နဲ႕ျဖစ္၍ သိပ္ေတာ့ မထင္ရွား။

"ေနာက္ဆုံးေတာ့ ေတြ႕ၿပီ...အစ္ကိုတို႔ကလည္း ဘာအရဲကိုးၿပီး ဇြတ္သြားေနတာလဲမသိ...ဟိုးဘက္ေတာင္ေရာက္ေနၿပီ"

ထယ္ေယာင္းေျပာတာကို ေဂ်ာင္ကုကလည္း ေခါင္းတဆတ္ဆတ္ညိတ္ကာ ေထာက္ခံ၏။

"ေနဦး...အဲ့ အဲ့ဒီအနီေရာင္အစက္ေတြက ဘာ ဘာေတြလဲ...ငါပဲ ျမင္ေနရတာေတာ့မဟုတ္ဘူးမလား"

ဟိုေဆာ့တို႔ရွိရာ အနီးတစ္ဝိုက္ကို လက္ညွိုးၫႊန္ရင္း ထစ္ထစ္ေငါ့ေငါ့တုန္တုန္ယင္ယင္ေျပာေနသည့္ ဂ်ီမင္။

ဂ်ီမင္စကားေၾကာင့္ ထယ္ေယာင္းနဲ႕ေဂ်ာင္ကုအျပင္ ေခါင္းငုတ္လ်က္လိုက္ပါလာခဲ့သည့္ ေဆာ့ဂ်င္ပါေခါင္းေထာင္ၾကည့္သည္။

"အဲ့တာ မ်က္ မ်က္လုံးေတြ..."

ေဂ်ာင္ကုကိုယ္တိုင္လည္း ထိုအရာေတြရဲ႕ အရင္းအျမစ္ကို ေကာက္ခ်က္ခ်မိလိုက္သည္ႏွင့္တစ္ၿပိဳင္နက္ ၾကက္သီးေမႊးညွင္းေတြပါထၿပီး တစ္ကိုယ္လုံးေအးစက္လာရသည္။

မ်က္လုံးေတြအမ်ားႀကီး အစ္ကိုတို႔ေဘးပတ္ဝန္းက်င္မွာ ဝန္းရံေနသည္။နည္းနည္းေနာေနာမဟုတ္ဘဲ မ်က္လုံး၅၀ေလာက္ကို သူတို႔ျမင္ေနရတာ။

တကယ္သာ သရဲေတြဆို အေကာင္၂၀၊၃၀ေလာက္ရွိမလား။

မ်က္ဝန္းေတြကနီရဲေန႐ုံမက အၾကည္စူးစူးရဲရဲကိုပါ ခံစားမိသည္။တစ္စထက္တစ္စနီးကပ္လာသည္ႏွင့္အမွ် ပုံရိပ္ေတြကလည္း ျပတ္သားလာ၏။

"စတိုခန္း...မျဖစ္ဘူး...အစ္ကိုတို႔ အစ္ကိုတို႔ကို ျပန္ေခၚၾကပါ မင္မင္...ထယ္ေယာင္း အစ္ကိုတို႔ကို ျပန္ေခၚပါ ေဂ်ာင္ကု"

ငိုသံစြက္လွ်က္ ေဂ်ာင္ကုတို႔ သုံးေယာက္ကို ေတာင္းပန္ေနတဲ့ ေဆာ့ဂ်င္။

"အစ္ကိုနမ္ဂြၽန္း..."

အစ္ကိုနမ္ဂြၽန္းက ထိုတံခါးအားဖြင့္ဟန္ျပဳေတာ့ ေဆာ့ဂ်င္တစ္ေယာက္ အသံကုန္ျခစ္ကာ ေအာ္ဟစ္ရင္း အေရွ႕တူ႐ူကို တန္းတန္းမတ္မတ္ေျပးလႊားသြားသည္မွ ေလအလွ်င္အလား။

က်န္ခဲ့တဲ့လူေတြမွာ တားဆီးဖို႔မေျပာနဲ႕ အေျခအေနအလုံးစုံကိုေတာင္ လိုက္မမွီနိုင္ေတာ့။အေမွာင္ထုထဲကို အေၾကာက္အလန႔္မရွိ ေျပးဝင္သြားသည့္ ေဆာ့ဂ်င္ကိုသာ အံ့ဩရင္း ေက်ာက္႐ုပ္သဖြယ္ျဖစ္ေနေတာ့သည္။

နမ္ဂြၽန္းတို႔ သုံးေယာက္မွာလည္း ေဆာ့ဂ်င္အသံရွရွေလးေၾကာင့္ တံခါးဖြင့္မည့္လက္ေတြပါ ရပ္တန႔္သြားသည္။

"အစ္ကိုတို႔ အဲ့တံခါးမလွပ္နဲ႕...ျပန္လာခဲ့ အစ္ကိုတို႔"

ဟိုအေဝးမွာကတည္းက အသံကုန္ဟစ္ေအာ္လာသည့္ ေဆာ့ဂ်င္။ေဆာ့ဂ်င္စကားေတြေၾကာင့္ သူတို႔ေတြ ေဆာ့ဂ်င္ရွိရာကို တစ္လွမ္းခ်င္းတိုးလာမိသည္။

တဆိတ္ေလာက္ ခုနကထိၾကားေနရတဲ့ မိန္းကေလးရဲ႕ ငိုသံေတြက ခ်က္ခ်င္းတိတ္သြားတာလား။

ေဆာ့ဂ်င္ဟာ နမ္ဂြၽန္းတို႔အနားေရာက္ဖို​့ သိပ္မလိုေတာ့သည့္အကြာအေဝးတြင္ ႐ုတ္ခ်ည္းရပ္တန႔္သြားသည္။

"အား..."

တစ္စုံတစ္ရာက အားနဲ႕တြန္းလႊတ္လိုက္သလို၊စြမ္းအားတစ္ခုနဲ႕ တိုက္ခိုက္ခံလိုက္ရသလိုမ်ိဳး ေဆာ့ဂ်င္ဟာ ဟိုးေနာက္အထိ လြင့္ပ်ံထြက္သြားသည္။ၾကမ္းျပင္ေပၚကို အ႐ုပ္ႀကိဳးျပတ္ျပဳတ္က်လာတဲ့ ေဆာ့ဂ်င္ရဲ႕ကိုယ္ငယ္။ၾကမ္းျပင္နဲ႕ခႏၶာရဲ႕ ထိခိုက္သံက အေဆာင္တစ္ခုလုံး ဟိန္းထြက္သြားသည္အထိ ျပင္းထန္လြန္းသည္။

ေဆာ့ဂ်င္ရဲ႕ ထိုပုံစံကိုျမင္လိုက္ရေတာ့ ယြန္းဂီစိတ္မေကာင္း။သူတို႔ဆီလာရင္း ဒီလိုျဖစ္ရတယ္လို႔ေတြးမိေတာ့ ပိုဆိုးသည္။ေနာက္ၿပီး သူဒီေကာင္ေလးကို အျပစ္တင္ခဲ့ေသးတာ။

လဲက်ေနသည့္ေဆာ့ဂ်င္ဆီသို႔ အေျပးသြားကြာ ယြန္းဂီေထြးေပြ႕လိုက္သည္။ယြန္းဂီနဲ႕အတူ ဟိုေဆာ့လည္းပါၿပီး နမ္ဂြၽန္းကေတာ့ စိုးရိမ္လြန္း၍ထင္ အသံေတာင္ ေကာင္းေကာင္းထြက္မလာေတာ့။

"အား...မထိပါနဲ႕  အား... မလုပ္ပါနဲ႕"

ငိုသံက်ယ္က်ယ္နဲ႕ ေဆာ့ဂ်င္ရဲ႕ နာက်င္ေနပုံ။အနားေရာက္လာၿပီျဖစ္ေသာ ဂ်ီမင္တို႔ပင္ ေျခမကိုင္မိလက္မကိုင္မိ။ထိုကဲ့သို႔ေသာ ငိုေႂကြးသံကို သူတို႔မွတ္မိသည္။

အစ္ကိုေဆာ့ဂ်င္ကို စေတြ႕စဥ္က အစ္ကိုအဲ့လိုမ်ိဳး နာနာက်င္က်င္ငိုေနခဲ့တာ။တကယ့္ကို စို႔စို႔နင့္နင့္ငိုေနခဲ့တာ။

"အဟား...ေဆာ့ဂ်င္...လုပ္ပါဦး ေဆာ့ဂ်င္"

"ေဆာ့ဂ်င္..."

"အစ္ကို..."

လည္ပင္းညွစ္ခံရသလိုပုံစံမ်ိဳးနဲ႕ ၾကမ္းျပင္အထက္ ေလးငါးလက္မေလာက္ထိျမင့္တက္သြားသည့္ ေဆာ့ဂ်င္။႐ုန္းကန္ေနရသလိုပုံစံမ်ိဳးနဲ႕ တစ္ကိုယ္လုံး ရမ္းခါေနသည္။

"ကင္မ္ေဆာ့ဂ်င္...ငါ့လမ္းကို လာမရႈပ္နဲ႕...နင္တို႔အားလုံး​ေသရမယ္...ငါတို႔ေနရာကို နင္တို႔ဝင္ရမယ္...နင့္ကိုအရင္သတ္ပစ္မယ္ ကင္မ္ေဆာ့ဂ်င္"

ဟိန္းခနဲထြက္လာသည့္ အသံနက္ႀကီးနဲ႕အတူ ပတ္ဝန္းက်င္တစ္ခုလုံး မုန္တိုင္းထန္သလို ေလျပင္းေတြၾကမ္းလာသည္။

ထိုအထဲမွာ အနာက်င္ရဆုံးက ကင္မ္ေဆာ့ဂ်င္ဟုဆိုလွ်င္မမွားနိုင္။အင္အားႀကီးလြန္းေသာ ထိုစြမ္းအင္က ေဆာ့ဂ်င္တစ္ကိုယ္လုံးကို ဝါးၿမိဳေနသလိုခံစားရသည္။

နမ္ဂြၽန္းမွာလည္း ရင္ဘတ္ထဲက မခံစားနိုင္ေအာင္ ပူေလာက္ေနၿပီ။ဒီေကာင္ေလးရဲ႕ ဒီလိုအေျခအေနကို သူလုံးဝ မျမင္ရက္နိုင္။

"ေဆာ့ဂ်င္...ညီ...ဆြဲၾကပါဦး"

တေျဖးေျဖးပိုမို၍ ျမင့္တက္သြားေသာ္လည္း အားလုံးဟာ ၾကက္ေသေသရင္း တုန္ယင္ေနခဲ့သျဖင့္ ဘာမွမလုပ္နိုင္ခဲ့။နမ္ဂြၽန္းအသံၾကားမွ အားလုံးဟာ ျပာျပာသလဲနဲ႕ ဝိုင္းဆြဲၾကေတာ့သည္။

ၾကမ္းတမ္းလာသည့္ ေလျပင္းေတြႏွင့္ ရယ္သံမ်ားအား တေျဖးေျဖးညံလာ၏။ေဘးနားမွာ လူေတြအစုလိုက္အၿပဳံလိုက္ ထိုင္ရယ္ေနသလိုပင္ ထင္ရ၏။

"ဆြဲ...ရေအာင္ဆြဲ...ဒီထက္အခ်ိန္ၾကာသြားရင္ သူျပန္လာနိုင္ေတာ့မွာမဟုတ္ဘူး"

နားထဲမွာ ၾကားေယာင္လာရတဲ့တစ္စုံတေယာက္ရဲ႕ တီးတီးစကားသံ။ထယ္ေယာင္း ေျခာက္ျခားမိလြန္းလို႔ ခ်ဳံးပြဲခ်ၿပီး ငိုလိုက္ခ်င္​ၿပီ။သို႔ေသာ္ မျဖစ္ေသး။

"ဆြဲ ဆြဲ"

အသံေတြ ထပ္မံကာထြက္ေပၚလာျပန္သည့္အခါ ထယ္ေယာင္း အားကုန္သုံးရင္း ဆြဲလိုက္သလို က်န္လူေတြကိုလည္း ဆြဲဖို႔ ေဆာ္ဩလိုက္သည္။

"အား..."

ေျခာက္ေယာက္အားနဲ႕ ေသမတတ္ဆြဲခ်ၿပီးေနာက္ ေဆာ့ဂ်င္ဟာ အ႐ုပ္ႀကိဳးျပတ္ျပဳတ္က်လာသည္။

"ေပး ငါ့ေက်ာေပၚတင္ေပး"

"ျဖစ္ရဲ႕လား အစ္ကိုနမ္ဂြၽန္း"

နမ္ဂြၽန္းက စိတ္ေဆာင္ေနတာေၾကာင့္ ေဆာ့ဂ်င္ကို ေက်ာပိုးဖို႔ စိတ္ေလာေနသည္။ထယ္ေယာင္းေမးတာကိုပင္ ဂ႐ုမစိုက္ဘဲ ေဆာ့ဂ်င္ကိုယ္ကိုသာ အတင္းမယူ၏။

"ဒီေနရာက လြတ္ေအာင္ေျပး"

ဩရွရွအသံႀကီးကို ထပ္ၾကားရခ်ိန္ ထယ္ေယာင္း အသိဝင္လာသည္။

"ကြၽန္ေတာ္တို႔ အေဝးဆုံးကို သြားရမယ္...အစ္ကိုတို႔ ... ဖုန္းကိုင္ထားတဲ့လူေတြက မီးျပၿပီး ေရွ႕ကသြားပါ...တစ္ေယာက္က ေနာက္မွာေနၿပီး အစ္ကို ေဆာ့ဂ်င္ကိုထိန္းေပး"

ဖုန္းအားေတြကလည္း ကုန္လုနီးနီးျဖစ္လာၾကၿပီ။အခုဆိုလွ်င္ နမ္ဂြၽန္း၊ေဂ်ာင္ကု၊ဟိုေဆာ့နဲ႕ ဂ်ီမင္တြင္သာ ဖုန္းအားက်န္ရွိေတာ့ၿပီး ယြန္းဂီဖုန္းေလးဟာေတာ့ Power downသြားခဲ့ၿပီ။

နမ္ဂြၽန္းက ဖုန္းမကိုင္နိုင္ေသးတာေၾကာင့္ နမ္ဂြၽန္းရဲ႕ဖုန္းက ထယ္ေယာင္းလက္ထဲေရာက္လာသည္။
ယြန္းဂီနဲ႕ ေဂ်ာင္ကုက ေရွ႕ဆုံးကသြားၿပီး ဟိုေဆာ့နဲ႕ ထယ္ေယာင္းက ေနာက္ဆုံးကလိုက္သည္။
အလယ္မွာရွိသည္က ေဆာ့ဂ်င္ကို ေက်ာပိုးထားသည့္ နမ္ဂြၽန္းရယ္၊လက္တစ္ဖက္က ဖုန္းမီးထိုးရင္း က်န္လက္တစ္ဖက္က ေဆာ့ဂ်င္လက္ကို ဆြဲကိုင္လာခဲ့တဲ့ ဂ်ီမင္ရယ္၊သတိေမ့ေနသည့္ ေဆာ့ဂ်င္ရယ္။

ထိုေနရာမွ ေဝးလာသည္ႏွင့္ လုံၿခဳံသြားရသလို ခံစားမိေသာ္ျငား ေၾကာက္စိတ္ေၾကာင့္ အသက္ေတာင္ရဲရဲမရႉရဲေသးပါ။ေနာက္ကေျပးလိုက္လာသလို ေျခသံေတြၾကားရရင္း အနားေရာက္မွ ႐ုတ္ခ်ည္းအသံတိတ္သြားတာမ်ိဳး ပုတ္အဲ့အဲ့အနံ႕ေတြရလာတာမ်ိဳးက တစ္လမ္းလုံးနီးပါးပင္။

ေက်ာေပၚမွ ေကာင္ေလးဟာ ေျခေတြလက္ေတြကအစ တစ္ကိုယ္လုံးေအးစက္လာတာကို နမ္ဂြၽန္းခံစားမိသည္။အရင္ကထက္ပင္ေအးစက္ေနသည္။ခ်ီလာရတာၾကာၿပီျဖစ္၍လားမသိ ေလးလံမႈကိုလည္း ပိုပိုၿပီးသတိထားမိ၏။

သူတို႔ေနခဲ့ဖူးသည့္ အခန္းဟုထင္ရေသာ သန႔္သန႔္ရွင္းရွင္းအခန္းကို ျမင္လိုက္ရခ်ိန္ သူတို႔အားလုံးရဲ႕ မ်က္လုံးေတြ ေတာက္ပလာရသည္။

"ဒီမွာ ဒီမွာ"

ခုံေတြစီထားသည့္အေပၚသို႔ ေဆာ့ဂ်င္အားခ်ေပးကာ နမ္ဂြၽန္း သူ႕ကိုဖက္ထားလိုက္သည္။
မ်က္ရည္က်ရင္း ေတာင္းပန္စကားကို တဖြဖြေျပာေနတာေၾကာင့္ ယြန္းဂီပါ အျပစ္မကင္းသလို ခံစားေနရသည္။

"အာ့..."

ထိုအခိုက္မွာပင္ တဆတ္ဆတ္တုန္ယင္ကာ မ်က္ျဖဴလန္လာေသာ ထယ္ေယာင္းေၾကာင့္ ျပာရျပန္သည္။

ေဂ်ာင္ကုနဲ႕ ယြန္းဂီ ထယ္ေယာင္းကိုေျပးထိန္းေတာ့ ထယ္ေယာင္းက ေဂ်ာင္ကုလက္ကိုဖယ္ခ်ၿပီး ယြန္းဂီကိုေတာ့ တြန္းဖယ္သည္။

"မထိနဲ႕"

"ထယ္ ထယ္ေယာင္း"

ထယ္ေယာင္းရဲ႕ပုံမွန္အသံထက္ ဩရွၿပီး လွိုဏ္သံေပါက္ေနေသာ အသံဟာ အားလုံးကို အံ့ဩေစသည္။

"ကူညီပါ...ကူညီပါ"

ထိုကဲ့သို႔ ေျခာက္ျခားဖြယ္အသံႀကီးႏွင့္ အကူအညီေတာင္းခံကာ ေအာ္ဟစ္ေနသည့္ ထယ္ေယာင္းေၾကာင့္ ဂ်ီမင္နဲ႕ေဂ်ာင္ကုမွာ ဟိုအေနာက္ခုံေပၚက ေဆာ့ဂ်င္ကိုဖက္ထားသည့္နမ္ဂြၽန္းေဘးသို႔ တိုးကပ္သြားမိသည္။အႀကီးႏွစ္ေယာက္ျဖစ္သည့္ ဟိုေဆာ့နဲ႕ ယြန္းဂီဟာေတာ့ ေၾကာက္လန႔္ရင္းကပင္ သူတို႔ေရွ႕မွာ ရပ္ေနေပးသည္။

"ထယ္ေယာင္း..."

"ငါထယ္ေယာင္းမဟုတ္ဘူး...ငါ လီဂ်ဳံဟန္...ငါ့ကို လြတ္ေျမာက္ခြင့္ေပးပါ...ငါ့ကို လြတ္ေျမာက္ေအာင္လုပ္ေပးပါ"

အေျခအေနအရပ္ရပ္ကို သူတို႔သေဘာေပါက္စျပဳလာသည္။သို႔ေသာ္ သူတို႔သိပ္ေၾကာက္၏။
ထယ္ေယာင္း၏မ်က္ႏွာဟာ ထယ္ေယာင္းမွန္းသိသာေသာ္လည္း ေၾကာက္စရာေကာင္းသည့္ အသြင္ကို တေျဖးေျဖးကူးေျပာင္းလာသည္။
ေျခာက္ေသြ႕ေသြ႕အသားအေရေပၚမွာ မီးလာဒဏ္ရာလို အကြက္ေတြကခပ္ေရးေရးနဲ႕။

ေဆာ့ဂ်င္သည္လည္း မ်က္လုံးတို႔က ခပ္ေမွးေမွးပြင့္ဟလာသည္။သို႔ေသာ္ လူတိုင္းဟာ သူတို႔အေရွ႕က ျမင္ကြင္းဆီတြင္သာ အာ႐ုံရွိ၏"

"ငါတို႔ ဘယ္ ဘယ္လိုကူညီရမွာလဲ"

ဟိုေဆာ့ မာန္တင္းကာ အသံထြက္႐ုံေလး ေမးလိုက္သည္။သူဟာ အႀကီးတစ္ေယာက္ေပမို႔ အငယ္ေတြနဲ႕အၿပိဳင္ ထိုင္ငိုေနလို႔မျဖစ္ပါ။အငယ္ႏွစ္ေယာက္ကိုၾကည့္ေတာ့လည္း အသံတိတ္ငိုေနၾကသည္။

အျဖစ္အပ်က္ေတြက သိပ္ကိုျမန္ဆန္လြန္းတယ္မဟုတ္ပါလား။

"ေလာ္ကာ...ေလာ္ကာထဲမွာ ငါ့ရဲ႕ အဝတ္အစားအသုံးအေဆာင္ေတြ...မီးရွို႔ေပး..."

ထိုအသံႀကီးဟာ တေျဖးေျဖးအားေလ်ာ့လာသလို တိုးညွင္းလာသည္။

"ေက်ာင္းအုပ္႐ုံးခန္း...ငါ့နာမည္နဲ႕အတန္းကို...ရွာ...ေနာက္ၿပီး သူ႕ သူ႕အေၾကာင္းကိုလည္း  ရွာ"

"ဘယ္သူလဲ"

"စတိုခန္းထဲက...မိန္းကေလး..."

ေျပာရင္းကပင္ ထယ္ေယာင္းမွာ ေပ်ာ့ေခြက်သြားသည္။ထိုအေျခအေနကိုျမင္ေသာ္ျငား သူတို႔အရဲစြန႔္ကာ ေျပးမေပြ႕ရဲ႕ပါ။

ေဂ်ာင္ကုတစ္ေယာက္ဟာလည္း မ်က္ရည္ေတြနဲ႕ပင္ မရဲတရဲ ေျခလွမ္းလွမ္းလာသည္။ထို႔ေသာ္ ထယ္ေယာင္းကို မထိရဲေသး။

"ဂြၽန္...ေဂ်ာင္"

ထယ္ေယာင္းခႏၶာကိုယ္တစ္ခုလုံးရိုက္ႏွက္ခံထားရသလို အင္အားေတြယုတ္ေလွ်ာ့ေနသည္ကို ခံစားရသည္။သူဘာျဖစ္သြားခဲ့တာလဲ။မ်က္စိေရွ႕က ေဂ်ာင္ကုနာမည္ကိုပင္ ျပည့္စုံေအာင္ မေခၚနိုငိေလာက္သည္အထိ သူသိပ္ပင္ပန္းသည္။

ထိုအခါမွ ထယ္ေယာင္းဆိုတာ အတည္ျပဳလိုက္သလို ေဂ်ာင္ကုအပါအဝင္ အားလုံးကေျပးထူၾကသည္။

"မင္းမွ ဘာလို႔ဒီလိုျဖစ္ေနရတာလဲကြာ"

ေဂ်ာင္ကုရဲ႕ ေဒါသစြက္ေနသည့္ ယူႀကဳံးမရအသံေၾကာင့္ ထယ္ေယာင္းအံ့ဩရသည္။
သူအိပ္ခ်င္လာသလိုခံစားရေပမဲ့ မ်က္စိကို အတင္းျပဴးၿပဲဖြင့္ထားရသည္။

"ေက်ာင္းအုပ္႐ုံးခန္းဆိုတာ ဟိုေထာင့္ခ်ိဳးက အစြန္းက အခန္းမလား..."

"အစ္ကိုေဆာ့ဂ်င္ကို ေတြ႕ခဲ့တဲ့ေနရာနား..."

ဂ်ီမင္းစကားကို ေဂ်ာင္ကုက ေထာက္ခံကာ စကားဆက္ေပးသည္။
ထို႔ေနာက္ တစ္ေယာက္မ်က္ႏွာတစ္ေယာက္ ၾကည့္လိုက္မိ၏။

______Trapped in a maze______

29.12.2022

AlienMi709
HlaingMeMeAung

Updateက တစ္လေလာက္ၾကာသြားတယ္။
ေစာင့္ေနရတဲ့လူေတြကို တကယ္အားနာလိုက္တာ
ေနာက္ကို ႀကိဳးစားေရးေပးပါ့မယ္

မီက စာမေရးနိုင္ေတာ့ေတာ့ ကိုယ္တစ္ေယာက္တည္း က်န္တဲ့အပိုင္းေတြကို အဆင္ေျပေအာင္ဆက္ေရးပါ့မယ္

ေပါ့ေနတာမ်ိဳးရွိရင္ ဆက္ၿပီးသည္းခံဖတ္ေပးပါဦး

Good night ❣️

_____________________________

Continue Reading

You'll Also Like

35.4K 1.7K 199
(တကယ်ဖြစ်ရပ်မယ်များ) ပရလောက/အိမ်**) ဂရုကနေတွေ့လိုcopyလာတာပါရှင့် ပိုင်ရှင်များပြန်ဖျတ်ခိုင်းရင်ဖျတ်ပေးပါမယ်ရှင့်
306K 14.3K 54
မင်းဆိုးချင်သလောက် ဆိုးစမ်းပါ သဲငယ်လေးရယ် တစ်ခုပဲ ဦးဆိုတဲ့ငါ့ကိုမေ့မသွားရင်ရပြီ 💗💗မုဏ်းစေတန်💗💗 ကမ္ဘာတွေ အဆက်ဆက်ပြောင်းသွားမယ်ဆိုရင်တောင် သားရဲ့...
117K 18.3K 103
ဘာသာပြန်သူ - စွဲညို့အသင်း။ တစ်ဦးတည်း ပြန်ဆိုခြင်း မဟုတ်ပါ။ အပိုင်း ၁၁၁ မှ အဆုံးထိ တင်သွားပါမည်။
153K 10.4K 44
သင်ဟာအင်နိုးစန့်ဆိုရင်ဒီficကိုလုံးဝမဖတ်ပါနဲ့ ရိုင်းတဲ့အသုံးနှုန်းများစွာပါ ပါသည် မင်းကငါ့အပိုင် ငါ့တစ်ယောက်တည်းရဲ့အပိုင်ပဲ့ လိပ်ပြာလေး အချုပ်နှောင်တွ...