အချစ်တွေအမုန်းတွေရဲ့ အလွန်...

By KaterinaKaterina248

664K 17.9K 4.7K

ညဘက်မှာပဲ ထွက်တဲ့ကြယ်လေးတွေက နေ့ခင်းဘက်မှာထွန်းလင်းတဲ့နေမင်းကြီးကို သတိရနေတတ်သလိုမျိုး ဘယ်သောအခါမှမဆုံနိုင်ပေ... More

Disclaimer....
အခန်း (၁)
အခန်း (၂)
အခန်း (၃)
အခန်း (၁) Zawgyi
အခန်း (၂) Zawgyi
အခန်း (၃) Zawgyi
အခန်း (၄)
အခန်း (၄) Zawgyi
အခန်း (၅)
အခန်း (၅) Zawgyi
အခန်း (၆)
အခန်း (၆) Zawgyi
အခန်း (၇)
အခန်း (၇) Zawgyi
အခန်း (၈)
အခန်း (၈) Zawgyi
အခန်း (၉)
အခန်း (၉) Zawgyi
အခန်း (၁၀)
အခန်း (၁၀) Zawgyi
အခန်း (၁၁)
အခန်း (၁၁) Zawgyi
အခန်း (၁၂)
အခန်း (၁၂) Zawgyi
Interlude
အခန်း (၁၃)
အခန်း (၁၃) Zawgyi
အခန်း (၁၄)
အခန်း (၁၄) Zawgyi
အခန်း (၁၅)
အခန်း (၁၅) Zawgyi
အပိုင်း (၁၆)
အခန်း (၁၆) Zawgyi
အခန်း (၁၇)
အခန်း (၁၇) Zawgyi
အခန်း (၁၈)
အခန်း (၁၈) Zawgyi
အခန်း (၁၉)
အခန်း (၁၉) Zawgyi
အခန်း (၂၀)
အခန်း (၂၀) Zawgyi
အခန်း (၂၁)
အခန်း (၂၁) Zawgyi
Breakout Room
အခန်း (၂၂)
အခန်း (၂၂) Zawgyi
အခန်း (၂၃)
အခန်း (၂၃) Zawgyi
အခန်း (၂၄) Zawgyi
အခန်း (၂၅)
အခန်း (၂၅) Zawgyi
အခန်း (၂၆)
အခန်း (၂၆) Zawgyi
အခန်း (၂၇)
အခန်း (၂၇) Zawgyi
အခန်း (၂၈)
အခန်း (၂၈) Zawgyi
အခန်း (၂၉)
အခန်း (၂၉) Zawgyi
အခန်း (၃၀)
အခန်း (၃၀) Zawgyi
အခန်း (၃၁)
အခန်း (၃၁) Zawgyi
အခန်း (၃၂)
အခန်း (၃၂) Zawgyi
အခန်း (၃၃)
အခန်း (၃၃) Zawgyi
အခန်း (၃၄)
အခန်း (၃၄) Zawgyi
အခန်း (၃၅)
အခန်း (၃၅) Zawgyi
အခန်း (၃၆)
အခန်း (၃၆) Zawgyi
အခန်း (၃၇) the END
အခန်း (၃၇) the END Zawgyi
Final Review

အခန်း (၂၄)

10.4K 420 168
By KaterinaKaterina248

လွန်ခဲ့သော တပတ်က.....

တာရာ ကိုစိုးထွက်သွားတာနဲ့ ဆေးရုံစားရိတ်ရှင်းပီး ပြန်မယ်အလုပ် ဆေးရုံစားရိတ်ကတော့ရှင်းပီးသွားပီဆိုတယ်....ကိုစိုးကိုရှာပါသေးတယ် ပိုက်ဆံပြန်ပေးဖို့ ဒါပေမယ့်ရှာလို့မတွေ့တာကော မဆက်သွယ်တတ်တာကောမလို့ ရှိစေတော့ဆိုပိီးပဲ တာရာ အိမ်ပြန်လာခဲ့တယ်။

အိမ်ရောက်ရောက်ချင်း နေသိပ်မကောင်းချင်တဲ့ ကိုယ့်ကိုယ်ကိုယ်လဲအာရုံမရှိ အထုတ်တွေအကုန်သိမ်းပီးသာ ဒီအိမ်ကြီးက ထွက်သွားချင်ပီ။ သူမနဲ့ မသက်ဆိုင် မပတ်သတ်တဲ့နေရာမှာ တစ်စက္ကန့်တောင်ဆက်နေလိုစိတ်မရှိ။ အရင်ထဲကလဲ ထွက်သွားချင်ခဲ့ဖူးပါတယ် သို့သော်....ကိုယ်က တရားဝင်သက်ဆိုင်တယ်ဆိုတဲ့ ယောက်ျားရှိတဲ့အတွက် လုပ်ချင်တိုင်းတော့ မလုပ်ရဘူးဆိုတာ သူမသိတယ်။ ထွက်သွားချင်တောင် ကင်းကင်းရှင်းရှင်းဖြစ်မှ သိက္ခာရှိရှိထွက်သွားချင်သည်။ လင်ယောက်ျားဆီက ထွက်ပြေးလာတဲ့ ဒါမှမဟုတ် ယောက်ျားနဲ့အတူမနေဘဲအပြင်ထွက်နေတဲ့ မိန်းမတယောက်တော့ မဖြစ်ချင်။ အဲ့ကြောင့်မလို့ အရမ်းပင်ပန်းပီး ထွက်သွားချင်လာတဲ့အချိန်မျိုးမှာတောင် မာနနဲ့တင်းခံခဲ့ရသည်မလား။

အထုတ်တွေအကုန်သိမ်းပီးတော့လဲ သိပ်မရှိလှတဲ့ ကိုယ့်အဝတ်အိတ်ကိုယ်ဆွဲပီး ထိုအိမ်ကြီးကနေ အပီးအပိုင်ထွက်လာခဲ့လိုက်တော့သည်။ ဒီချိန်မှာ စိတ်နာတာတွေ စိတ်ဆိုးဒေါသထွက်တာတွေ ဝမ်းနည်းတာတွေ အလျဥ်းမရှိတော့....ပတ်သတ်စရာမလိုတော့သလို အတိတ်မှာ မပတ်သတ်ခဲ့တဲ့အဖြစ်မျိုးနဲ့ပဲရှေ့ဆက်ချင်သည်။ သူနဲ့ပတ်သတ်နဲ့ အတိတ်တွေ memory တွေ အကြောင်းအရာတွေအားလုံးကို ထားခဲ့ပီမလို့ ဆက်တွေးနေတာတွေ စိတ်နာနေတာတွေ မုန်းနေတာတွေလုပ်တော့မည်မဟုတ်.....ငိုတာတောင် လက်မှတ်ထိုးတုံးက နောက်ဆုံးပဲ။ စိတ်နာနေတယ် မုန်းနေမယ်ဆိုရင် သူ့ကို ကိုယ့်စိတ်ထဲ မကြည်လင်ဘူးဆိုရင်တောင်မှ နေရာပေးနေရဦးမည်။ ခုတော့ သူဆိုတဲ့လူဆိုတာ သူမဘဝမှာရော သူမကလေးလေးဘဝမှာရော မြူမှုန်လောက်ပင် အရေးပါသူမဟုတ်တဲ့အသိနဲ့ပဲဆက်ရှင်သန်မည်။

အိမ်ကနေ ထွက်ထွက်လာချင်းတော့ အမှန်တိုင်းပြောရရင် တသက်လုံး ဂေဟာမှာပဲနေ ဂေဟာမှာပဲကြီးခဲ့သူမလို့ သွားစရာပျောက်နေခဲ့တာတော့အမှန်...သို့သော် အရင်က အထက်တန်းကျောင်းပီးပီးချင်း အဆောင်နေပီး အလုပ်လုပ်ခဲ့ဖူးတာကြောင့်သာ သိပ်မစိုးရိမ်ခဲ့။ သူမက ခုဆို ကိုယ်ဝန်နဲ့ဆိုတော့ အဆောင်မှာနေလို့ရေရှည်အဆင်ပြေမည်မဟုတ်....အလုပ်ကအမတွေကိုအကူညီတောင်းရင်တော့ ခနတာ နေလို့ရသည်။ သို့သော် သူများဆီလဲ ရေရှည်ခိုကပ်မနေချင်.... အကျီအိတ်ကို အလုပ်မှာထားပီး တနေကုန်အလုပ်နားက ငှားတဲ့အခန်းတွေပတ်ကြည့်လိုက်တာ နောက်ဆုံးတိုက်ခန်းလေးတခန်းတော့တွေ့သည်။ တိုက်ခန်းပေမလို့ အဆောင်ထက်တော့စျေးကြီးပေမယ့်....ပတ်ဝန်းကျင်လေးက သန့်သည်ပြောရမည်။ နဲနဲပါးပါးစပ်စုကြည့်တော့ ဘေးမှာနေတာ အသက်ခပ်ကြီးကြီးအမျိုးသမီးတဦးနဲ့ သူ့သမီး....သူ့သမီးပင် အတော်အသက်ကြ်ိးနေပီ....နောက်တခန်းကတော့ ပိတ်ထားသည်။ လက်ရှိအခြေနေရတော့ ဒီအခန်းလေးက သူမအတွက် အဆင်အပြေဆုံးပဲ။

"ငါ့ညီမရယ် ပွဲစားနဲ့မဟုတ်ပဲ အခန်းရှင်တိုက်ရိုက်ငှားရတာနဲ့တင် ငါ့ညီမသက်သာနေပီ မဟုတ်ရင် ပွဲစားကိုက တလစာလောက်ပေးရသေးတာ"

"ဟုတ်တော့ ဟုတ်ပါတယ် အန်တီ သမီးလဲစဥ်းစားနေတာ ဟိုဟာလေ....."

"ဘာမှစဥ်းစားမနေနဲ့ ခုမယူရင် သူများနောက်ပါသွားမှာ ပတ်ဝန်းကျင်သန့်တော့ ကြိုက်ကြတယ် သိတယ်မလား....ဟိုဘက်အိမ်ဆိုလဲ ကျောင်းဆရာမ သားအမိနေတာ အေးဆေးတွေပါပဲ"

"ဟုတ် အန်တီ....အဲ့တာတွေက အဆင်ပြေပါတယ် ဒါမဲ့လေ ၆ ထပ်ဆို​တော့ တက်ရတာ....."

"အော် ဘာများလဲလို့ အန်တီတို့လို လူကြီးတွေတောင် တက်နိုင်သေးတာ ညည်းတို့လူငယ်တွေက အေးဆေးပါအေ"

"ဟုတ်တော့ဟုတ်ပါတယ် ဒါမဲ့ သမီးက ကိုယ်ဝန်ကြီးနဲ့"

"ဟဲ့ အမျိုးသားရော....."

"အမျိုးသား...."

"အေးလေ ညည်းအမျိုးသားရော မပါလာဘူးလား"

"အမျိုးသားက.....ဆုံးသွားပီ"

"ဟယ် ငယ်ငယ်ရွယ်ရွယ်လေးနဲ့ဟယ်.....ဗိုက်က ဘယ်နလရှိပီလဲ"

"၃လပြည့်တော့မှာအန်တီ အဲ့ကြောင့် နောက်ပိုင်းကျ အတက်အဆင်းခက်မှာစိုးလို့"

"အင်း....အောက်ထပ်တွေအခန်းလွတ်ရင် ငါညည်းကို ဒီစျေးနဲ့ပဲ ငှားပေးပါတယ်အေ...ခုက အခန်းတွေက ပြည့်နေတာ အပေါ်နှစ်ခန်းပဲရတော့တာ"

"ဟုတ်အန်တီ သမီးနားလည်ပါတယ်....အဲ့ဆိုလဲ ဒီအခန်းပဲ ယူလိုက်မယ်လေ နောက်ပိုင်းအဆင်လုံးဝမပြေမှ သမီးတခုခုစီစဥ်လိုက်မယ်"

"အေး အေး.....ငါ့ဖုန်းလဲ ယူထား တခုခုဆို ဆက်ခဲ့လိုက် ငါမအားလဲ ငါ့ညီမရှိတယ်အိမ်မှာ....လမ်းထိပ်တိုက်က အောက်ဆုံးထပ်က ကုန်စုံဆိုင်သိတယ်မလား အေး....အဲ့တာ ငါ့အိမ်ပဲ နီးတယ် တခုခုဆို"

"ဟုတ် အန်တီ ကျေးဇူးပါ"

ဒေါ်တင်မမ မျက်စိရှေ့က မိန်းကလေးကိုကြည့်ပီး စိတ်ထဲမကောင်း။ သူမကြည့်ရတာ ဟိုလိုဇယားရှုပ်တဲ့သူပုံမျိုးမဟုတ်တာသေချာတာမလို့ ဂရုဏာသက်မိသည်ကတော့အမှန်။ ပွဲစားလဲလုပ် စျေးလဲရောင်းတဲ့သူမလို့ လူကဲခတ်ကတော့ တဖတ်ကမ်းခတ်တော်သည်မလား။ ကလေးမလက်ထဲ သော့တွဲကိုထည့်ပေးပီး လှည့်ထွက်မယ်အလုပ်

"ဒါနဲ့ ညည်းက ဘာလုပ်တာလဲ အလုပ်ရှိလား"

"ဟိုဘက်တလမ်းက Mini mart မှာ အလုပ်လုပ်ပါတယ် အန်တီ...."

သူမကို အလုပ်မရှိ ယောက်ျားကလဲသေပီပြောထားတာမလို့ လစာကိစ္စစိတ်ပူနေသည်ထင်ပ.....

"စိတ်ချနော်အန်တီ အန်တီပြောထားသလို လစာကို လဆန်း ၇ ရက်ထက် နောက်မကျစေရပါဘူး"

"ဟယ်....ငါပြောချင်တာ အဲ့လိုပြောတာမဟုတ်ပါဘူးအေ.....ညည်းလိုငယ်ငယ်လေးက ကလေးတယောက်နဲ့ ဘယ်လိုရှေ့ဆက်မလဲစိတ်ပူလို့ရယ်"

တာရာ သူမကိုစိတ်ပူပေးသည်ဆိုတော့ စိတ်ထဲအတော့်ကို ကြည်နူးမိသည်။ အစက သူမဒီတိုက်ကိုငှားမည်ဆိုတုံးက ပိုင်ရှင်တွေက အပျိုကြီးညီမတွေမလို့ ပစိပစပ်အလွန်များလွန်းသည်ဟုကြားထားတာ ခုတော့လဲ ထင်ထား တွေးထားတာလောက်တော့ မဆိုးလှ။ တုတ်ထိုးအိုးပေါက်ပြောတတ်ပေမယ့် သူမစကားထဲ ဂရုဏာတွေပါနေတာတော့ သေချာသည်မလား

"လစာကိုလဲ လကုန် ညည်းလစာထုတ်မှသာပေး....တခြားသူတွေကိုတော့ ကြိုယူတာ ညည်းတော့ ငါမယူတော့ဘူး"

"အာ ရပါတယ် အန်တီ သမီးပိုက်ဆံရှိပါတယ် အဲ့လောက်တော့"

"ရှိလဲ သိမ်းထား ဒီခေတ်က လက်ထဲ ပိုက်ဆံကျစ်နေအောင်ထားမှ တော်ခါကျတာ လကုန်မှသာပေးအေ"

" ကျေးဇူးတင်ပါတယ် အန်တီ တကယ်ပါ"

"အေးအေး ငါသွားတော့မယ် အဲ့ဆို တခုခုလိုရင်လဲ ငါ့ဆိုင်က လာယူ ပိုက်ဆံကိစ္စတွေးမနေနဲ့ ညရေးညတာဆိုလဲဖုန်းဆက်ခဲ့ ကြားလား"

"ဟုတ် အန်တီ.....လိုက်မပို့တော့ဘူးနော်"

"အေး အေး....ဒါနဲ့ အိပ်ရာခင်းတွေဘာတွေရှိလား"

"ခု မှ သွားဝယ်ရမှာ အန်တီ"

"အေး မဝယ်ရသေးရင် မဝယ်နေနဲ့ ငါ့အိမ်မှာ ရှိတယ် တခုတလေ ဧည့်သည်တွေလာမှ ချပေးတာဆိုတော့ အသစ်နီးပါးပဲ သုံးတတ်တယ်ဆိုလာပို့ခိုင်းလိုက်မယ်"

"အားနာစရာကြီးအန်တီရယ်"

"နာမနေနဲ့ သွားပီ သွားပီ ခနနေ ငါ့တူမတယောက်အလုပ်ကပြန်လာရင် လာပို့လိမ့်မယ်"

"ဟုတ် အန်တီ"

ဒေါ်တင်မမပြန်သွားတော့ တာရာ အခန်းထဲဝင်ခဲ့လိုက်သည်။ အခန်းက အနည်းငယ်ဟောင်းနေသည်ဆိုပေမယ့် စုတ်ပြတ်တော့မနေ။ အိပ်ခန်းသေးလေးတခန်းရယ် ရေချိုးခန်းအိမ်သာရယ် ဧည့်ခန်းအဖြစ်သုံးဖို့ နေရာကျယ်လေးတနေရာရယ်ပဲပါသည့် တိုက်ခန်းကလေး။ သူမနဲ့ သူမကလေးလေးနှစ်ဦးထဲနေဖို့တော့ ကောင်းစွာလုံလောက်သည်။ သူမ ဆိုင်ပြန်ပီး အထုတ်တွေပြန်ယူကာ အခန်းကိုသေချာစွာသန့်ရှင်းလိုက်သည်။ မဆိုးရှာပါဘူး ဖျာသန့်သန့်လေးတွေ လိုက်ကာလေးတွေတော့ ထည့်ပေးထားလို့ ဘုရားစင်လေးလဲပါသေး။ အပျိုကြီးတွေမလို့ထင်တယ် ထောင့်တော့စေ့နေအောင်ထည့်ပေးထားသည်။ ကျန်တာကတော့ သူမဘာသာဝယ်ရမည်ပေါ့။

တပတ်လောက်ကြာပီဆိုတော့ တာရာ ခုနေရာအသစ် ဘဝအသစ်မှာ အသားကျစပြုလာပီလို့ဆိုရမယ်။ သူနဲ့ကွာရှင်းပီးချင်းချင်း....ကွာရှင်းလက်မှတ်မှာ လက်မှတ်ထိုးပီးချက်ချင်း တာရာ ကိုယ့်အထုတ်ကိုယ်ဆွဲပီး အဲ့အိမ်ကြီးက ထွက်ခဲ့တာ ခုဆို ကိုယ့်ခြေထောက်ပေါ်ကိုယ်လွတ်လွတ် လပ်လပ်ရပ်ပီး နေနိုင်နေပီ။ အရင်က ဘဝက ဘာဖြစ်ခဲ့တယ် ဘယ်လိုဆိုတာကို ပြန်မတွေးမိအောင်မနဲကြိုးစားပီး ကိစ္စအားလုံးကို ပြည်ဖုံးကားချလိုက်ပီ။ သူ့အပေါ်ချစ်ခြင်းတွေ မုန်းခြင်းတွေမထားချင်တော့ပေ။ အရင်ကလဲ သူ့အပေါ်ဘာကိစ္စနဲ့မှမမှီခိုခဲ့တာမလို့ အခြေပျက်သွားတာမျိုးတော့မရှိ အရှင်းဆုံးပြောရရင် ကိုယ့်ပိုက်ဆံနဲ့ကိုယ်ရှာစားလာတာ သူနဲ့အိမ်ထောင်တသက်ဟုဆိုရပေမည်။ ဒါ့ကြောင့် သူက လျော်ကြေးပေးတယ်ပဲဆိုပါတော့ ငွေပေးပီးကွာတုံးက သူမ ဘယ်လောက်ဆိုတာတောင် မကြည့်ချင်တဲ့အထိ သူ့ငွေကိုမမက်မောခဲ့....တာရာဆိုတဲ့သူမဟာ ငွေလဲမရှိ ပညာလဲဆုံးခန်းမတိုင်သေးပေမယ့် သူပေးတဲ့ငွေကြောင့် ရပ်တည်ရတာမျိုးမဖြစ်စေရ။ ကင်းပီဆိုလျှင် သေလူလိုသာ ကင်းချင်သည်မလို့ ဘာအနှောင်အဖွဲ့ ဘာဇာတ်လမ်းမှပင်မထားခဲ့ပေ။ အလုပ်ကသူတွေကိုလဲ ​ယောက်ျားနဲ့ကွာရှင်းလိုက်ပီ စိတ်သဘောထားချင်းမတိုက်ဆိုင်လို့ဟူ၍သာပြောထားသည်။ ငယ်ငယ်ရွယ်ရွယ်နဲ့ခုလိုဖြစ်တာမလို့ သူတို့က ယူကျုံးမရဖြစ်ပေမယ့် အဲ့ကိစ္စကို မစမဖော်စေလိုတဲ့ တာရာ့ပုံကြောင့် ဘာမှတော့ထပ်မပြောကြ။

တာရာ ခုဆို ကိုယ်ဝန်က ၃ လ ထဲမှာမလို့ အလုပ်လုပ်ရတာ အဆင်ပြေသေးသည်ဟုဆိုရမည်။ သို့သော် ၈ လ ၉ လ အဲ့လောက်ဆိုလျှင် သူအလုပ်မလုပ်နိုင်လောက်တော့...အရင်က စုထားဆောင်းထားတာလေးတွေက ကြားထဲသုံးတာတွေ ခုအခန်းငှားတာတွေကြောင့် မွေးဖွားစားရိတ်အတွက်ကာမိမှာမဟုတ်.....မွေးပီးရင်လဲ တန်းအလုပ်ပြန်ဆင်းနိုင်မှာမဟုတ်လို့ နားနေတဲ့ကာလ သုံးရစွဲရမှာတွေကရှိသေးသည်။ ခုတော့ ရတဲ့လခလေးကို အာဟရပြည့်စုံအောင်စားတာကလွဲလို့ ဘာအတွက်မှအပိုမသုံးပဲ ကျစ်နေအောင်စုထားရသည်။ တော်သေးသည်ပြောရမည် ဒေါ်တင်မမတူမလေးက စက်ဆိုင်မှာအလုပ်လုပ်တာမလို့ သူ့အကူညီလေးနဲ့ လက်ချုပ်လိုက်တာလေးတွေ ကြယ်သီးတပ်တာလေးတွေကို ညမှာ အိမ်ကိုယူပီးလုပ်ခွင့်ရသည်။ အနည်းငယ်တော့ပင်ပန်းပေမယ့်ခ အတော်တော့ ပြေလည်သည်ဆိုရမည်။ ဒီပုံစံအတိုင်းဆို ကလေးမွေးမည့်ကာလအတွက်တော့ သိပ်ပူပင်စရာမလိုတော့....အဲ့ကာလအတွင်းအိမ်လခအတွက်သာအနည်းငယ်ခက်ခဲပေလိမ့်မည်။ ဒါကလဲ ဆိုင်ကနေ လခကြိုထုတ်လို့ရရင် ဖြေရှင်းလို့ရနိုင်သည်မလို့ သိပ်မပူပင်တော့။

..........

မပန်းချီထွဋ်ခေါင် ၏ ၂၆ နှစ်ပြည့်မွေးနေ့အလှူ....

တာရာ ပြည်သူ့ဆေးရုံကြီးမှာ ဗိုက်ကိုဆေးခန်းလာပြရင်း မြင်လိုက်ရတဲ့ဆိုင်းဘုတ်ကြောင့် မမပန်းချီ့ကို သတိရသွားသည်။ အော်.....ပန်းချီဆိုပါလား.....ထိုအမျိုးသမီးလေးကတော့ သူမဘဝထဲ သိခဲ့တဲ့သူတွေထဲက မှတ်မှတ်ရရတယောက်ပေါ့......

"မတာရာ......မတာရာရှိလား"

ဟင်...ငါ့နာမည်ပဲ.....ပန်းချီဆိုတဲ့စာလုံးလေးမြင်ပီး လျှောက်စဥ်းစားနေတာ နာစ်လေးက ကိုယ့်နာမည်ခေါ်တာပင်မကြားမိလိုက်လို့ အားနာရသေးသည်။ အတွေးစဖြတ်ပီး ဆရာမကြီးရှိတဲ့အခန်းနားအပြေးလေးအသွား.....

အင့်ခနဲနေအောင်ကို ဆရာမကြီးအခန်းထဲကထွက်လာတဲ့အမနဲ့ တိုက်မိသေးသည်။

"ဆောရီးပါနော် ဆောရီးအမ"

တာရာ ဘယ်သူဘယ်ဝါပင် မော့ပင်မကြည့်မိဘဲ ဇွတ်တောင်းပန်နေမိတော့သည်။

"တာရာ....."

ရင်ထဲဝမ်းသာကြည်နူးသံကြီးနဲ့ ခေါ်ချလိုက်တဲ့အသံနဲ့အတူ သူမပုခုံးနှစ်ဖက်ကို ငြင်သာစွာဖက်လာတဲ့ထိုအမျိုးသမီးကြောင့် တာရာမော့ကြည့်မိတော့......ဟင် မမပန်းချီ.....ဒါဆို ခုနက ဆိုင်းဘုတ်က ပန်းချီထွဋ်ခေါင်ဆိုတာ မမပန်းချီလား

"တာရာ....နေမကောင်းဘူးလား အမက တာရာ့ကိုသတိရနေတာ.... ခု အားလား အမ မွေးနေ့မလို့ မုန့်လိုက်စားနော် မငြင်းရဘူးနော် နော် နေဦး ကိုဝေယံဘယ်ရောက်နေလဲမသိဘူး"

တယောက်ထဲပြောပီး ပြာယာခပ်နေတဲ့ မပန်းချီကိုကြည့်ပီး ဆေးခန်းစာအုပ်ကိုင်ထားတဲ့တာရာ ဘာပြောရမှန်းမသိ...

"မတာရာ.....ဆရာမကြီးစောင့်နေတယ်နော်"

နာစ့်ဆရာမလေးရဲ့ နောက်တခါထပ်ထွက်လာခေါ်တဲ့အသံကြောင့် တာရာ မပန်းချီကို အားနာပေမယ့် ဆရာမကြီးကိုပိုအားနာရတာမလို့ သွားဖို့ပြင်တော့

"သွား သွား တာရာ အမ စောင့်နေမယ် လိုက်ခဲ့နော် မုန့်သွားစားရအောင်"

"ဟုတ် ဟုတ်အမ"

တာရာ စောင့်နေရတဲ့ဆရာမကြီးကိုအားနာတာကြောင့် မြန်မြန်ပီးရော ဟုတ် ပဲ ပြောလိုက်တာ မမပန်းချီတကယ်စောင့်နေမယ်ဆိုတာကို မသိလို့ဆိုလျှင်မမှား.....သူမအပေါ်ထားတဲ့ မပန်းချီရဲ့ ခင်မင်မှုကိုလျှော့တွက်ခဲ့သည်ဆိုလျှင်ပိုမှန်မည်။

တာရာ ဆရာမကြီးအခန်းထဲကထွက်လာတော့ ရှေ့က ခုံတန်းလေးမှာ တခြားလူနာတွေ ဗိုက်ကြီးသည်တွေနဲ့အတူထိုင်စောင့်နေတဲ့ မမပန်းချီနဲ့ ကိုဝေယံ့ကိုတွေ့လိုက်ရသည်။

"ဟော တာရာလာပီ....လာ ဘာစားချင်လဲတာရာ မမမွေးနေ့မလို့ လိုက်စားနော်"

အကြာကြီးမဟုတ်ပေမယ့် ထိုင်စောင့်နေတဲ့သူတို့ကြောင့် တာရာမလိုက်ပြန်ရင် အတော်အားနာစရာကောင်းပေလိမ့်မည်မလား

"ဟုတ်မမ"

တာရာ့ရဲ့ ဟုတ်ဆိုတာကြားတဲ့အခါမှ မမပန်းချီ ခုနက မျက်နှာထက်ပိုပီးရွှင်လန်းသွားတော့သည်။ အော် သူ့မွေးနေ့မလား ပျော်ပါစေပေါ့.....

ဒီလိုနဲ့ သိပ်မဝေးတဲ့ဆိုင်တဆိုင်လောက်ပဲသွားပီး သူတို့ ၃ ယောက်နေ့လည်စာစားဖြစ်ကြသည်။

"တာရာ နေမကောင်းဘူးလား ဆေးရုံလာတာတွေ့လို့လေ"

အေးလေ မေးလဲမေးချင်စရာကိုး.....လာပြတာကလဲ သားဖွားမီးယပ်ဆရာမကြီးဆိုတော့

"ဟုတ်တယ်မမ ဒီလိုပါပဲ အရေးကြီးကိစ္စမရှိဘူးရယ် ဗိုက်နဲနဲနာလို့ ဆေးပေးလိုက်တာ သက်သာတယ် ခုက ရက်ချိန်းပြည့်လို့ပြန်လာပြတာရယ်"

"အော်....."

မိန်းမကိစ္စဖြစ်မည် အရေးလဲမကြီးဆိုတာကြောင့် ဝေယံလဲရှိနေတာမလို့ ပန်းချီဆက်မမေးဖြစ်တော့။ ဘာနေနေ သူမကိုပြန်တွေ့ရတာနဲ့တင် ပန်းချီတကယ်ကိုပျော်မိသည်။ သူမအကြောင်းကို ဝေယံ့ဆီက သိရတဲ့နောက်ပိုင်း ပိုလို့တောင် သနားပီးစိတ်ပူမိသေးသည်။ ကိုမဟာ့ကို အပြစ်မဆိုချင်ပေမယ့် ခုကိစ္စကို ပန်းချီ စိတ်အတော်ပျက်မိသည်ကတော့အမှန်ပင်။ အိမ်ထောင်သည်ဖြစ်လာတော့ ကိုယ့်ယောက်ျားနဲ့ ကွဲရမှာကို ကြောက်တတ်လာသည်။ လူတွေရဲ့ တခုလပ်ဆိုပီး ဝိုင်းအထင်သေးမှာကိုလဲဲကြောက်သည်။ ခု သူမလေးကိုကြည့်တော့ သူမထပ်ပင် သတ္တိရှိသည်။ ခုလဲ သူမဘာသာတယောက်ထဲ လုပ်စရာရှိတာတွေလုပ်ရင်း နေထိုင်အသက်ရှင်နေပုံရသည်။

"မပန်းချီကို မပန်းချီပဲ သိတော့ ဆိုင်းဘုတ်မှာ နာမည်မြင်တာတောင် မသိဘူးဖြစ်နေတာ....ဒါနဲ့ မွေးနေ့မှာ ပျော်ရွှင်ပါစေနော်မမ"

" ကျေးဇူးပါ တာရာလေးရေ....ခုကော ဘာတွေလုပ်နေလဲ အဆင်ပြေလား "

"ပြေပါတယ်မမ အကုန်အေးဆေးပါပဲ"

"လိုတာရှိရင် အားမနာနဲ့နော် အမတို့ကို ကိုယ့်အကိုအမလိုသဘောထား ပြောနော်....ကို တာရာ့ကို visiting card ပေးလိုက်ဦးလေ"

"အာ ဟုတ်ပ ဒီမှာ တာရာ တခုခုလိုတာရှိရင်ပြောနော်"

"ဟုတ် ကိုဝေယံ ကျေးဇူးပါ မမပန်းချီလဲ ကျေးဇူးပါ နော် "

ကိုဝေယံလှမ်းပေးတဲ့ ကဒ်လေးကိုယူကာ အိတ်ထဲထည့်လိုက်ရင်း

"မမပန်းချီက ဆရာမကြီးနဲ့ သိတာလား"

"အင်းးးး သိနေတာလားဆိုတော့ ဟီး ဘယ်လိုပြောရမလဲ"

"တာရာလေး ပန်းချီက ဒီမွေးနေ့ပီးရင် မေမေပန်းချီဖြစ်တော့မှာလေ"

"ဟင် မမပန်းချီ congratulations ပါ.....မေမေလေးဖြစ်တော့မှာပေါ့"

"ဟီး ကျေးဇူးတာရာ...ခုမှ တလကျော်ပဲရှိသေးတာလေ....ခုနက ဆရာမကြီးက အမ ဗိုက်အပ်ထားတာလေ ဟီး ခုမ သားဦးဆိုတော့ တလကျော်ရှိသေး အူယားဖားယားပြေးအပ်ရတာ....ခု မွေးနေ့ကို အပြင်မှာမလုပ်ချင်တော့လို့ ဆရာမကြီးထိုင်တဲ့ပြည်သူ့ဆေးရုံပဲရွေးလိုက်တာ မေမေလေးတွေကို မြင်ချင်ကြည့်ချင်တာလဲပါတာပေါ့ ဟိဟိ"

တာရာ မမပန်းချီပြောသမျှကို ပြုံးကာ နားထောင်မိတော့သည်။ မမပန်းချီပြောတာကိုကြားရတာ အတော့်ကိုပျော်နေပုံပဲ အင်းလေ ပျော်ရမှာပေါ့ တာရာ့တုံးကတောင် ပျော်ခဲ့တာ သူတို့ဆို ပိုတောင်ပျော်နေဦးမှာ။ မမပန်းချီဘယ်လောက်ပျော်ပီး ကြည်နူးနေမလဲ တာရာခံစားလို့ရသည်။

"မမဂရုစိုက်နော် အလေးတွေဘာတွေ မ မနဲ့ မတည့်တာတွေလဲရှောင်နော်"

"ဟုတ်ကဲ့ပါ တာရာရေ ကိုဝေယံကတော့ အမကို အိပ်ရာထဲပဲထိုင်နေစေချင်တာ အမက မနေနိုင်ဘူးလေ လန်းလန်း လန်းလန်းက လုပ်ချင်သေးတာ အဲ့တာနဲ့လဲ တကျက်ကျက်ပဲ"

မမပန်းချီပြောသမျှကို သူ့ဝသီအတိုင်းပြုံးဖြီးပီး ကြည့်နေတဲ့ ကိုဝေယံ့ကိုကြည့်ရတာ တကယ့်ကို ဖခင်ပီသတဲ့သူဖြစ်မှာကျိန်းသေတယ်.....တာရာ တကယ်ကိုရင်ထဲ အသည်းထဲကနေ ဝမ်းသာပေးမိသည်။ စားစရာရှိတာတွေစားပီး တာရာ့ကို သေချာပြန်ပို့ပေးကာ လိုတာရှိရင်ဆက်သွယ်ဖို့ ထပ်တလဲလဲမှာကြသည်။

......

အလုပ်တွေကြားထဲ ခေါင်းပင်မဖော်နိုင်တဲ့မဟာ ဖုန်းမြည်နေတာ တော်တော်ကြာမှကို ကိုင်မိတော့သည်။ တော်သေး ဝေယံမလို့....စပီကာဖွင့်ကာ ခပ်လှမ်းလှမ်းမှာထားလိုက်တော့

"ဟေ့ကောင် ပျောက်လှချည်လား"

"အေး ငါလဲမအားနေတာနဲ့ မင်းတို့နဲ့ကိုမတွေ့ဖြစ်ဘူး....မင်းအကြောင်းတော့ ကြားပါတယ်ကွာ ရာထူးတိုးပီဆို"

"ဟီး ဟီး ဟုတ်တယ် ဟုတ်တယ်"

"အသံကိုက ဘယ်လောက်တောင်အူမြူးနေလဲ ရုပ်မမြင်ပဲ အာရုံထဲမင်းသွားဖြီးကြီးပေါ်လာပီ"

"မင်းကလဲ ဒါမျိုးက ကိုယ်တိုင်ခံစားဖူးမှနားလည်မှာကွ မင်းမသိသေးပါဘူးကွာ ငယ်သေးပါတယ် မင်းက"

"အောင်မာ မင်းကများ ရာထူးတိုးပီဆိုပီး လိုက်နှိမ်နေတာပေါ့"

"နှိမ်တယ်ဆိုလဲ နှိမ်တယ်ပေါ့ကွာ ခုလောလောဆယ်တော့ စိတ်ကြီးဝင်နေလို့ မိန်းမမရှိတဲ့ကောင်တွေနဲ့ကို ပတ်ပတ်သတ်သတ်မလုပ်ချင်ဘူးဖြစ်နေတာ"

"ဖြစ်မှဖြစ်ရလေကွာ မင်းမလဲ သားဦးအရူးဆိုတာ တကယ်ပဲပေါ့"

"ဟီးဟီး ဟုတ်တယ်ဟေ့ကောင်ရေ....ရူးနေပီ မရတော့ဘူး"

"အေးကွာ ရူးရူး ခုက ဘာကိစ္စ...."

မဟာ ပျော်နေတဲ့ ဝေယံ့ကို ကိုယ်ချင်းမစာပေးနိုင်ပေမယ့် သူတို့အရွယ်တွေကတော့ ကိုယ့်သွေးသားလေး ရတော့မယ်ဆိုရင် ခုလိုတော့ ပျော်တတ်ကြမှာပဲမလား။ ဒါ့ကြောင့် တဟီးဟီးဖြစ်နေတဲ့ ဝေယံနဲ့တူတူသူပါလိုက်ပျော်မိသေးသည်။ နောက်ဆို သူတို့အဖွဲ့ထဲမှာ လျှောက်ပြေးဆော့မယ့် ကလေးသေးသေးလေးရောက်လာတော့မှာပဲဆိုပီးပေါ့.....

"ကိစ္စကတော့အထွေအထူးမရှိပါဘူးကွာ ပန်းချီ့မွေးနေ့က ဒီနေ့လေ အဲ့တာသူ ဒီနေ့ သူဗိုက်အပ်ထားတဲ့ဆရာဝန်မကြီးတာဝန်ကျတဲ့ ဆေးရုံမှာ အလှူသွားလုပ်တာမလို့ ပင်ပန်းနေပီ အဲ့ကြောင့် မနက်ဖြန်ကျ တခုခုလိုက်ကျွေးမယ်လို့ လှမ်းပြောတာ ဝါးတီးပလန်.....ဒီနေ့တော့ နားပါစေတော့ ငါ့မိန်းမလေး"

"ဗိုက်ကဖြင့် မထွက်သေးဘူး ဗိုက်အပ်နေပီ ဟုတ်မှလဲလုပ်ပါကွာ သည်းလွန်းတယ်ဆိုပီး ဆရာဝန်က ခေါင်းခေါက်ဆုံးမ နေဦးမယ်"

"ဘာနေနေကွာ အပ်မှာပဲ ဖြစ်နိုင်ရင် ဆရာဝန်တောင် ၅ ယောက်လောက်အပ်ထားချင်တာ တနေ့တယောက်ပြပီး အခြေနေမေးလို့ရတာပေါ့ကွာ"

"ဟာ မင်းကွာ မကြားဖူးတာတွေ "

တကယ့်ကို အဖြစ်သည်းနေသော ကိုယ့်သူငယ်ချင်းကြည့်ပီး သြချမိတော့သည်။

"အေး ခုကြားဖူးပီမလား....အေး ပြောမလို့ ငါတို့ ဒီနေ့ ဆေးရုံသွားတော့ တာရာ့ကိုတွေ့ခဲ့တယ်ပြောမလို့"

"အင်း...."

လုပ်လက်စအလုပ်တွေတောင် ခနရပ်မိသည်အထိ အာရုံက ဝေယံပြောတဲ့ဆီရောက်သွားသည်။ အင်း သူမနဲ့အဆက်သွယ်မရတာ တော်တော့်ကိုကြာပီ မလွဲဘူးဆို ၁လနီးပါးပင်ရှိတော့မည်။ ခုဝေယံမပြောခင်ထိ သူမအကြောင်းကို သူမကြားခဲ့....ခုကြားရတာ သူတို့ကွာရှင်းပီးထဲက ပထမဆုံးဖြစ်လိမ့်မည်။ သူလဲအလုပ်များတာကော မတွေးချင်တာကောမလို့ ခေါင်းထဲပင်မရှိခဲ့တာကြာပေါ့။ ခုလိုကြားလိုက်ရတော့လဲ ဘာမှန်းမသိခံစားချက်ကြီးက ဝင်လာပြန်သည်။

"နေမကောင်းတာတော့ ဟုတ်ပုံမရဘူး ဒီလိုပဲ လာတာဆိုပဲ...မင်းနဲ့ရော အဆက်သွယ်ရှိလား"

"အာ မရှိပါဘူး"

"အေးကွာ ကြုံလို့ပြောတာရယ် မနက်ဖြန်သာ အားအောင်လုပ်ထားလို့ပြောတာ ဒါပဲကွာ မဗိုက်ကို သွားကြည့်လိုက်ဥိးမယ်"

ဝေယံဖုန်းချသွားပေမယ့် အလုပ်ထဲ အာရုံပြန်စိုက်မရတော့ဘဲ ရှေ့ကိုပဲတွေတွေကြီးသာ ကြည့်နေမိတော့သည်။ သူပေးတဲ့ပိုက်ဆံတွေလဲအယူသွားဘဲ ဘယ်လိုရှာဖွေစားသောက်နေလဲမသိ။ ပိုက်ဆံတွေယူသွားပီး ဝယ်ပါလား သူလိုချင်တဲ့ အိမ်....အလကားမာနတွေကြီးနေပီး ဒုက္ခရောက်ရင် ဘယ်သူက ကူညီမှာကျလို့.....

ဟူးးးးးးးး

ပါးစပ်ထဲက လေပူတွေမှုတ်ထုတ်လိုက်ပီး အလုပ်လဲဆက်လုပ်ချင်မရှိတော့တာမလို့ မင်းသိန်းကိုဖုန်းဆက်ချိန်းကာ တနေရာမှာဆုံဖို့ထွက်ခဲ့လိုက်တော့သည်။ ဟို ၂၁ ရာစုရဲ့ ဖခင်လောင်းလျာကတော့ခေါ်လဲ လိုက်မည်မဟုတ်တာ သေချာသောကြောင့် ခုချိန်က သူတို့လို available တွေပဲတွေ့ရမယ့်အချိန်မလားးးးး

Continue Reading

You'll Also Like

326K 24.4K 89
ဆက္ကဘုံလျှန် (Sakka Bxon Hlxan) နေးလက်ျာ (Nayy Lattyar) (own creation) Starting Date ••• 24/9/2021 Ending Date •••
249K 13.6K 52
A Love Story ( Own Characters ) ဘုဏ်းဇေယျာကျော်xရှင်းသန့်တည်ကြည် " မင်းသားလေး...မင်း ငါ့အပေါ် သိပ်သဘောကောင်းတာပဲ၊ ငါ့မေမေကပြောတယ်၊ အသက်ကြီးလို့ လက်ထ...
78.9K 6.1K 116
wp က error ခဏဖြစ်ဖြစ်နေလာမသိပါဘူး အရင်ကဆိုအပိုင်း၂၀၀ထိတင်ရတယ်အခု ၁၅၀တစ်ခါတစ်ခါဆ်ု၁၄၀ကျော်လောက်တဲ့တင်မရတော့လို့နောက်တစ်ပုဒ်မှာပြောင်းတင်ရနော့တယ်အဲ့ကြေ...
5.2M 710K 199
Main Story ( Completed ) ~~~~~~~°°°°°~~~~~~~ Title - Transmigrated into the film empreor's death-seeking finance (穿成影帝作死未婚夫) Author - Lin Ang Si (林盎...