I Matched 100% with Six Alpha...

By No_Shizun_No_Life

160K 26.5K 873

Zawgyi: Alpha 6ေယာက္လုံးနဲ႕ 100%ကိုက္ညီေနတယ္! ျပည္ေထာင္စုရဲ႕စည္းမ်ဥ္း: 100% ကိုက္ညီတဲ့ Alphaနဲ႕ Omegaက ခ်က္ခ်... More

Description
Ch.(1.1) နာ့ဆစ်ပန်း / နာ့ဆစ္ပန္း
Ch.(1.2)
Ch.(2.1) 100%ကိုက်ညီ / 100%ကိုက္ညီ
Ch.(2.2)
Ch.(3.1) bye bye
Ch.(3.2)
Ch.(4.1) ကလေးမထိန်းချင် / ကေလးမထိန္းခ်င္
Ch.(4.2)
Ch.(4.3)
Ch.(5.1) သူတို့ပြောတဲ့Omega/ သူတို႔ေျပာတဲ့Omega
Ch.(5.2)
Ch.(6.1) ဗော့ဒ်ကာရနံ့Pheromones /ေဗာ့ဒ္ကာရနံ႕Pheromones
Ch.(6.2)
Ch.(6.3)
Ch.(7) Inducer
Ch.(8.1) Noob
Ch.(8.2)
Ch.(9.1) ညှို့ဓာတ်pheromones /ညွို႔ဓာတ္pheromones
Ch.(9.2)
Ch.(10.1) ဗိုလ်ချုပ်ရဲ့ဇနီးလောင်း /ဗိုလ္ခ်ဳပ္ရဲ႕ဇနီးေလာင္း
Ch.(10.2)
Ch.(11.2)
Ch.(12.1) Socialဘောင် / Socialေဘာင္
Ch.(12.2)
Ch.(13.1) ငယ်ရွယ်သောအိမ်ရှေ့စံ /ငယ္႐ြယ္ေသာအိမ္ေရွ႕စံ
Ch.(13.2)
Ch.(13.3)
Ch.(14.1) အရှင့်သားရေ!သတင်းကြီးဗျို့! /အရွင့္သားေရ!သတင္းႀကီးဗ်ိဳ႕!
Ch.(14.2)
Ch.(15.1) မဟာမိတ်ရဲ့သံတမန် /မဟာမိတ္ရဲ႕သံတမႏ္
Ch.(15.2)
Ch.(16.1) နဂါးနဲ့စပါးအုံး / နဂါးနဲ႕စပါးအုံး
Ch.(16.2)
Ch.(17.1) နဂါးနဲ့ကစားချင်သေးလား? /နဂါးနဲ႕ကစားခ်င္ေသးလား?
Ch.(17.2)
Ch.(17.3)
Ch.(18.1) ယောက္ခမကြီး /ေယာကၡမႀကီး
Ch.(18.2)
Ch.(18.3)
Ch.(19.1) ငြိမ်းချမ်းရေးလိုလားသူMr.ကျန့် /ၿငိမ္းခ်မ္းေရးလိုလားသူMr.က်န့္
Ch.(19.2)
Ch.(19.3)
Ch.(20.1) သူ့အထောက်အထားကအတု / သူ႕အေထာက္အထားကအတု
Ch.(20.2)
Ch.(21.1) လုပ်ကြံခံလိုက်ရပြီ /လုပ္ႀကံခံလိုက္ရၿပီ
Ch (21.2)
Ch (21.3)
Ch (22.1) ငါလူရှာနေတာ/ ငါလူရွာေနတာ
Ch (22.2)
Ch (23) အတုတွေ အကုန်အတုတွေ/ အတုေတြ အကုန္အတုေတြ
Ch (24) ငါကမင်းအမေ/ ငါကမင္းအေမ
Breaking New❗❗
Ch (25.1) အကုန်သာစုဝေးခဲ့ရင်/ အကုန္သာစုေဝးခဲ့ရင္
Ch (25.2)

Ch.(11.1) ငါမင်းကိုပေးမယ် /ငါမင္းကိုေပးမယ္

2.8K 492 2
By No_Shizun_No_Life

Unicode

ကျိုးရိချင်း သူ့လက်ချောင်းများကို ကောက်ကွေးလိုက်သည်။ သူ၏လက်ချောင်းများပေါ်တွင် ရစ်ပတ်ထားသော စက်အခွံသည် ဖြည်းညှင်းစွာ ပျောက်ကွယ်သွားပြီး သူ့ခန္ဓာကိုယ်ထဲသို့ ပေါင်းစပ်သွားသည်။

၎င်းသည် ထိပ်တန်း Alphaများ၏ သီးသန့်စွမ်းရည်တစ်ခုပင်- ၎င်းတို့သည် ကိုယ်ပိုင် mechaများနှင့် ပေါင်းစည်းနိုင်သည်။ ထို့ကြောင့် သူတို့၏ အသွေးအသားသည် Mechaတွက် စွမ်းအင်အရင်းအမြစ်တစ်ခု ဖြစ်လာနိုင်သည်။ သူတို့ရဲ့ စွမ်းအင်ရင်းမြစ်တွေ ကုန်ခမ်းသွားရင်တောင် သူတို့ဟာ စစ်မြေပြင်ကို လွှမ်းမိုးထားနိုင်ဆဲဖြစ်သည်။

အဲဒါကြောင့်ပဲ တစ်ကမ္ဘာလုံးက ရာခိုင်နှုန်းမြင့်တဲ့ Alphaနဲ့ Omegaကို ထိမ်းမြှားပေးခြင်းကို စွဲလန်းနေကြသည်။ ဤသို့သော ပေါင်းစပ်မှုမျိုးဖြင့်သာ ထိုကဲ့သို့သော စွမ်းအားကြီးတဲ့Alpha မွေးဖွားလာနိုင်သည်။

လူတိုင်းသည် အကြည့်များကို ရုတ်သိမ်းကာ ဘာမှမထူးခြားသည့် အကြည့်မျိုးဖြင့် ကြည့်နေကြကာ ပန်တာကြယ်မှ Betaတပ်သားဟောင်းများသာ ထိုမြင်ကွင်းမျိုးကို တစ်ခါမှမမြင်ဖူးသောကြောင့် ထိတ်လန့်တကြား ပါးစပ်ဟကုန်ကြသည်။

ကျိယန်က မျက်မှောင်ကြုတ်လိုက်ပြီး လက်ကိုင်ပဝါထုတ်ကာ ကျိုးရိချင်းကို ပေးလိုက်သည်။ "လက်သုတ်လား?"

ကျိုးရိချင်းသည် လက်ကိုင်ပဝါကို တင်းတင်းကြပ်ကြပ် ဆုပ်ကိုင်ထားသော်လည်း မလှုပ်ပေ။ သူ့တွင် အသန့်ကြိုက်ရောဂါမရှိပါ။ နောက်ဆုံးတွင်၊ အဆင့်မြင့်ဆုံးနည်းပညာဖြင့်ပင် စစ်မြေပြင်တွင် တစ်ချိန်လုံး မိမိကိုယ်ကို သန့်ရှင်းအောင် မထားနိုင်ပါ။ သွေးနှင့်ချွေးတို့သည် သူတို့အတွက် ပုံမှန်သာဖြစ်သည်။ "ဗိုလ်ချုပ်၊ သူ့ကို ပြန်မြှုပ်လိုက်ရမလား?" စစ်သားတစ်ယောက်က မေးလာသည်။

ကျိုးရိချင်း ခေါင်းငုံ့ကာ အလောင်းကို ကြည့်လိုက်၏။ "သူတို့ထဲမှာ အပင်ဗီဇအမျိုးအစားတစ်ခု ရှိတယ်။ သူတို့ရဲ့ ခန္ဓာကိုယ် အပိုင်းပိုင်း ကွဲသွားရင်တောင် အချိန်လုံလောက်သရွေ့ သူတို့ကိုယ်သူတို့ ပြုပြင်နိုင်လောက်သေးတယ်"

ပန်တာကြယ်၏ ရှေးဟောင်းစစ်သားများ ထိုသတင်းကိုကြားသိရသောအခါ အလွန်တုန်လှုပ်သွားကြသည်။

'လောကမှာ ဒီလိုလူမျိုးရှိတယ်လား?'

"မီးရှို့လိုက်" ကျိုးရိချင်းကပြောသည်။

"ဟုတ်ကဲ့” စစ်သားက ပြန်ဖြေသည်။

ကောခိုင်၏အလောင်းကို လျှပ်စစ်မီးသဂြိုလ်စက်ထဲသို့ မြန်မြန်ဆန်ဆန် မြှုပ်နှံထားလိုက်သည်။ အပူချိန်သည် လျင်မြန်စွာ အထွတ်အထိပ်သို့ တက်လာပြီး အတွင်းမှ အရာအားလုံးကို ပြာအဖြစ် ပြောင်းလဲသွားစေသည်။

ကျိယန်က တစ်ချက်ကြည့်လိုက်ပြီး "သူ့လို လူယုတ်မာ၊ အလိုရှိဝရမ်းပြေးက နေရာတကာကို အမြဲထွက်ပြေးနေတာ တကယ်ပဲ သင်္ချိုင်းမှာ သင်္ဂြိုဟ်ဖို့တောင် မတန်ဘူး"

ကျိုးရိချင်း: "အမ်း"

ကောခိုင်သည် ကြယ်တာရာ အလိုရှိစာရင်းတွင် အလွန်ကျော်ကြားခဲ့သည်။ သူသည် Betaတစ်ဦးဖြစ်ခဲ့ဖူးပြီး အသက် 18နှစ်တွင် Alphaတစ်ဦးအဖြစ် မတော်တဆပြောင်းလဲလာခဲ့သည်။ ထိုအချိန်မှစ၍ Betaမုန်းတီးသည့် အစွန်းရောက်တစ်ဦးဖြစ်လာခဲ့သည်။ သူသည်လည်း တစ်ချိန်က Betaဖြစ်ခဲ့သည်ကို လုံးဝမေ့သွားခဲ့ပြီး သူ၏ Alphaအဆင့်အတွက် အလွန်ဂုဏ်ယူနေခဲ့သည်။

အဲဒီနောက် သူတွေ့သမျှ Betaအထီးအားလုံးကို သတ်ပစ်သည်။ လှပလောက်တဲ့ပုံပေါက်တဲ့ Betaအမျိုး သမီးတွေကိုတော့ သူ့ရင်ခွင်ထဲဆွဲသွင်းပြီး မဆင်မခြင်ကစားပစ်သည်။ ကစားပြီးရင် သတ်ပစ်မည်။

နောက်ပိုင်းတွင် သူသည် အလွန်မောက်မာစွာ ပြုမူလာပြီး အမျိုးသမီး Alphaများနှင့် လှပသော Omegaအမျိုးသားများ၏ အလှကိုပင် မက်မောလာခဲ့သည်။

သူ၏ လုပ်ရပ်များသည် နိုင်ငံအသီးသီး၏ ဥပဒေများကို လုံးဝချိုးဖောက်ခဲ့ပြီး ထို့ကြောင့် သူ့အမည်သည် အလိုရှိဆုံးစာရင်းတွင် ပေါ်လာခဲ့သည်။

သို့သော်လည်း လွန်ခဲ့သည့် နှစ်အနည်းငယ်ကတည်းက သူ့ကို မည်သူမျှ ပြန်မတွေ့ခဲ့ကြပေ။

ယနေ့ အချိန်အထိတိုင်။

ကျိုးရိချင်းနှင့် ကျိယန်နှစ်ဦးစလုံးသည် ကောခိုင်က ဘယ်လိုအမှိုက်မျိုးလဲဆိုတာ ရှင်းရှင်းလင်းလင်း သိကြသည်။ ဒါပေမယ့် ဒီအကြောင်းကို သူ ပိုရှင်းလာလေလေ၊ ကျိုးရိချင်းက Omegaလေးရဲ့ အခြေအနေ ဘယ်လောက်ဆိုးသွားမလဲဆိုတာကို ပိုတွေးလေလေပါပဲ။

ချင်ယိသည် အလွန်လိမ္မာပါးနပ်သော်လည်း Omegaနှင့် Alphaကြား သဘာဝစွမ်းအား ကွာဟချက်ရှိနေဆဲဖြစ်သည်။ ကောခိုင်နဲ့ အတူရှိနေချိန်မှာ သူဘာတွေ ဖြတ်သန်းခဲ့ရမလဲ?

ကျိယန်သည် ကျိုးရိချင်း ၏အမူအရာကိုသတိကြီးစွာကြည့်သော်လည်း မမေးဘဲမနေနိုင်ပေ။ "ဗိုလ်ချုပ်ရဲ့ ဇနီးလောင်းအတွက် စိတ်ပူနေတာလား?"

ကျိုးရိချင်း ပြန်မဖြေခင် ခဏလောက် ငြိမ်သက်သွားသည်။ "သူက ငါ့ဇနီးလောင်းမဟုတ်ဘူး"

ကျိုးရိချင်း အစကတည်းက ချင်ယိနဲ့ လက်ထပ်ဖို့ ဘယ်တုန်းကမှ မတွေးခဲ့မိပေမယ့် ဒီလိုအခြေအနေမျိုးတွေ ကြုံတွေ့ရတဲ့ အကြောင်းရင်းက သူ့ကြောင့်ပင်။ ကျိုးရိချင်းသည် သည်းမခံနိုင်လောက်အောင် မပျော်မရွှင် ခံစားချက်ကို ခံစားလိုက်ရသည်။

Omegaလေးသည် သူ့ကြောင့် အန္တရာယ်အမျိုးမျိုးနှင့် မကြုံရသင့်ပါ။ Omegaလေးသည် အိမ်တွင်သာ ပျော်ရွှင်စွာ အနားယူသင့်ပြီး အတင်းအကြပ် အဝေးကြီးသို့ ခရီးထွက်ရကာ ကောခိုင်ကဲ့သို့အမှိုက်မျိုးနှင့် မရင်ဆိုင်ရသင့်ပါ။

"ကီလီယာဆိုတာ နာမည်အတုပဲ" ကျိုးရိချင်းက ပြောသည်။

ကောခိုင်သည် ဤနေရာတွင် နှစ်ပေါင်းများစွာ ပုန်းအောင်းနေနိုင်ရသည့် အကြောင်းရင်းနှင့် ပတ်သက်၍ သူ့လက်ထဲတွင် အစွမ်းထက်သော လက်နက်တစ်မျိုး ရှိနေသည်မှာ ထင်ရှားသည်။ ဒီလက်နက်ကို 'ကီလီယာ' လို့ ခေါ်တဲ့လူက သိမ်းသွားတာ ဖြစ်နိုင်သည်။ တစ်ချိန်တည်းမှာပင် 'ကီလီယာ'သည် ချင်ယိကိုလည်း ခေါ်သွားခဲ့သည်။

"ဒီအနီးအနားမှာ ဟေးလ်နဲ့ လုကျီရဲ့ အာကာသယာဉ် ခြေရာအစအနတွေ ရှိမရှိ စစ်ဆေးကြည့်လိုက်" ကျိုးရိချင်းက အလျင်အမြန် ညွှန်ကြားချက် ထုတ်လိုက်သည်။

ကျိယန်က တုန်လှုပ်ခြောက်ခြားစွာဖြင့် သူ့ကိုကြည့်နေသည်။ "သူတို့လို့ သံသယရှိလို့လား..."

"ကောခိုင်သာ လွတ်မြောက်ပြီး နှစ်ပေါင်းများစွာ ပုန်းအောင်းနေနိုင်ရင် တော်တော်ကို အရည်အချင်းရှိရမယ်။ ဘယ်သူကမှ သူ့ကို အလွယ်တကူဆွဲချပြီး လက်ထဲမှာရှိတဲ့ အရာကိုလုယူသွားနိုင်မှာ မဟုတ်ဘူး။ 'ကီလီယာ'က Alphaဖြစ်ပြီး လုံလုံလောက်လောက် အားကောင်းတဲ့သူဖြစ်ရမယ်" ကျိုးရိချင်း မသိစိတ်မှ ဒီလိုပြောလိုက်တဲ့အခါ အနည်းငယ် ပူပင်သောကရောက်မိသည်။

ထိုသို့သော အားကြီးသော Alphaအတွက်၊ စိုးမိုးလိုသောဆန္ဒသည် အလိုအလျှောက်ပင်။ ချင်ယိသည် ထိုAlpha၏လက်ထဲသို့ ကျရောက်သွားရခြင်းမှာ ကျားတွင်းတစ်တွင်းမှ အခြားကျားတွင်းသို့ ပြောင်းသွားသလိုပင်။
____

ပြိုပျက်ဟောင်းနွမ်းနေသော အာကာသယာဉ်တစ်စီးကို မောင်းနှင်နေသော သူတို့၏ဘော့စ်သည် သူတို့၏ ယာဉ်ပျံဆီသို့ ဖြည်းညှင်းစွာ ဦးတည်လာသည်ကို မြင်သောအခါ ပါးစပ် ပြုတ်ကျသွားမတတ်။ "ဘာဖြစ်တာလဲ၊ ဘော့စ်ကိုခေါ်ဖို့ အာကာသယာဉ် မမောင်းသွားဘူးလား?" လူငယ်က မေးသည်။

သူ့နာမည်က လုရှင်းဖြစ်ပြီး ကီလီယာရဲ့ လက်ထောက်ဖြစ်သည်။

ခေါ်ဆိုမှုချန်နယ်ရှိ ကျန်လူများက ဆဲဆိုကြိမ်းမောင်းကာ တုံ့ပြန်ခဲ့သည်;

-"အဲ့အာကာသယာဉ်က အခြားသူပိုင်တာ"

- "Omegaပိုင်တာ"

"ဟုတ်တယ်၊ ဟုတ်တယ်၊ ကောခိုင်က အာကာသယာဉ်ရဲ့ လည်ပတ်နှုန်းကို ရပ်လိုက်တော့ ဘော့စ်က သူ့ကို ကူညီပေးလိုက်တာ..."

လုရှင်း၏ ပါးစပ်သည် ကျယ်လောင်နေဆဲပင်။

Omega?

တက်တက်ကြွကြွ စရိုက်လေးနဲ့ ဘော့စ်နဲ့ 50%ကျော် ကိုက်ညီတဲ့ Omegaအလှလေးလား?

လုရှင်းက ယာဉ်ပျံတံတားကို ချက်ချင်းဖွင့်လိုက်ပြီး သူတို့ဝင်လာရန် စောင့်ဆိုင်းနေခဲ့သည်။




_________________

Zawgyi

က်ိဳးရိခ်င္း သူ႕လက္ေခ်ာင္းမ်ားကို ေကာက္ေကြးလိုက္သည္။ သူ၏လက္ေခ်ာင္းမ်ားေပၚတြင္ ရစ္ပတ္ထားေသာ စက္အခြံသည္ ျဖည္းညွင္းစြာ ေပ်ာက္ကြယ္သြားၿပီး သူ႕ခႏၶာကိုယ္ထဲသို႔ ေပါင္းစပ္သြားသည္။

၎သည္ ထိပ္တန္း Alphaမ်ား၏ သီးသန႔္စြမ္းရည္တစ္ခုပင္- ၎တို႔သည္ ကိုယ္ပိုင္ mechaမ်ားႏွင့္ ေပါင္းစည္းနိုင္သည္။ ထို႔ေၾကာင့္ သူတို႔၏ အေသြးအသားသည္ Mechaတြက္ စြမ္းအင္အရင္းအျမစ္တစ္ခု ျဖစ္လာနိုင္သည္။ သူတို႔ရဲ႕ စြမ္းအင္ရင္းျမစ္ေတြ ကုန္ခမ္းသြားရင္ေတာင္ သူတို႔ဟာ စစ္ေျမျပင္ကို လႊမ္းမိုးထားနိုင္ဆဲျဖစ္သည္။

အဲဒါေၾကာင့္ပဲ တစ္ကမၻာလုံးက ရာခိုင္ႏႈန္းျမင့္တဲ့ Alphaနဲ႕ Omegaကို ထိမ္းျမႇားေပးျခင္းကို စြဲလန္းေနၾကသည္။ ဤသို႔ေသာ ေပါင္းစပ္မႈမ်ိဳးျဖင့္သာ ထိုကဲ့သို႔ေသာ စြမ္းအားႀကီးတဲ့Alpha ေမြးဖြားလာနိုင္သည္။

လူတိုင္းသည္ အၾကည့္မ်ားကို ႐ုတ္သိမ္းကာ ဘာမွမထူးျခားသည့္ အၾကည့္မ်ိဳးျဖင့္ ၾကည့္ေနၾကကာ ပန္တာၾကယ္မွ Betaတပ္သားေဟာင္းမ်ားသာ ထိုျမင္ကြင္းမ်ိဳးကို တစ္ခါမွမျမင္ဖူးေသာေၾကာင့္ ထိတ္လန႔္တၾကား ပါးစပ္ဟကုန္ၾကသည္။

က်ိယန္က မ်က္ေမွာင္ၾကဳတ္လိုက္ၿပီး လက္ကိုင္ပဝါထုတ္ကာ က်ိဳးရိခ်င္းကို ေပးလိုက္သည္။ "လက္သုတ္လား?"

က်ိဳးရိခ်င္းသည္ လက္ကိုင္ပဝါကို တင္းတင္းၾကပ္ၾကပ္ ဆုပ္ကိုင္ထားေသာ္လည္း မလႈပ္ေပ။ သူ႕တြင္ အသန့္ႀကိဳက္ေရာဂါမရွိပါ။ ေနာက္ဆုံးတြင္၊ အဆင့္ျမင့္ဆုံးနည္းပညာျဖင့္ပင္ စစ္ေျမျပင္တြင္ တစ္ခ်ိန္လုံး မိမိကိုယ္ကို သန႔္ရွင္းေအာင္ မထားနိုင္ပါ။ ေသြးႏွင့္ေခြၽးတို႔သည္ သူတို႔အတြက္ ပုံမွန္သာျဖစ္သည္။ "ဗိုလ္ခ်ဳပ္၊ သူ႕ကို ျပန္ျမႇုပ္လိုက္ရမလား?" စစ္သားတစ္ေယာက္က ေမးလာသည္။

က်ိဳးရိခ်င္း ေခါင္းငုံ႕ကာ အေလာင္းကို ၾကည့္လိုက္၏။ "သူတို႔ထဲမွာ အပင္ဗီဇအမ်ိဳးအစားတစ္ခု ရွိတယ္။ သူတို႔ရဲ႕ ခႏၶာကိုယ္ အပိုင္းပိုင္း ကြဲသြားရင္ေတာင္ အခ်ိန္လုံေလာက္သေ႐ြ႕ သူတို႔ကိုယ္သူတို႔ ျပဳျပင္နိုင္ေလာက္ေသးတယ္"

ပန္တာၾကယ္၏ ေရွးေဟာင္းစစ္သားမ်ား ထိုသတင္းကိုၾကားသိရေသာအခါ အလြန္တုန္လႈပ္သြားၾကသည္။

'ေလာကမွာ ဒီလိုလူမ်ိဳးရွိတယ္လား?'

"မီးရွို႔လိုက္" က်ိဳးရိခ်င္းကေျပာသည္။

"ဟုတ္ကဲ့” စစ္သားက ျပန္ေျဖသည္။

ေကာခိုင္၏အေလာင္းကို လွ်ပ္စစ္မီးသၿဂိဳလ္စက္ထဲသို႔ ျမန္ျမန္ဆန္ဆန္ ျမႇုပ္ႏွံထားလိုက္သည္။ အပူခ်ိန္သည္ လ်င္ျမန္စြာ အထြတ္အထိပ္သို႔ တက္လာၿပီး အတြင္းမွ အရာအားလုံးကို ျပာအျဖစ္ ေျပာင္းလဲသြားေစသည္။

က်ိယန္က တစ္ခ်က္ၾကည့္လိုက္ၿပီး "သူ႕လို လူယုတ္မာ၊ အလိုရွိဝရမ္းေျပးက ေနရာတကာကို အၿမဲထြက္ေျပးေနတာ တကယ္ပဲ သခၤ်ိဳင္းမွာ သျဂၤိုဟ္ဖို႔ေတာင္ မတန္ဘူး"

က်ိဳးရိခ်င္း: "အမ္း"

ေကာခိုင္သည္ ၾကယ္တာရာ အလိုရွိစာရင္းတြင္ အလြန္ေက်ာ္ၾကားခဲ့သည္။ သူသည္ Betaတစ္ဦးျဖစ္ခဲ့ဖူးၿပီး အသက္ 18ႏွစ္တြင္ Alphaတစ္ဦးအျဖစ္ မေတာ္တဆေျပာင္းလဲလာခဲ့သည္။ ထိုအခ်ိန္မွစ၍ Betaမုန္းတီးသည့္ အစြန္းေရာက္တစ္ဦးျဖစ္လာခဲ့သည္။ သူသည္လည္း တစ္ခ်ိန္က Betaျဖစ္ခဲ့သည္ကို လုံးဝေမ့သြားခဲ့ၿပီး သူ၏ Alphaအဆင့္အတြက္ အလြန္ဂုဏ္ယူေနခဲ့သည္။

အဲဒီေနာက္ သူေတြ႕သမွ် Betaအထီးအားလုံးကို သတ္ပစ္သည္။ လွပေလာက္တဲ့ပုံေပါက္တဲ့ Betaအမ်ိဳး သမီးေတြကိုေတာ့ သူ႕ရင္ခြင္ထဲဆြဲသြင္းၿပီး မဆင္မျခင္ကစားပစ္သည္။ ကစားၿပီးရင္ သတ္ပစ္မည္။

ေနာက္ပိုင္းတြင္ သူသည္ အလြန္ေမာက္မာစြာ ျပဳမူလာၿပီး အမ်ိဳးသမီး Alphaမ်ားႏွင့္ လွပေသာ Omegaအမ်ိဳးသားမ်ား၏ အလွကိုပင္ မက္ေမာလာခဲ့သည္။

သူ၏ လုပ္ရပ္မ်ားသည္ နိုင္ငံအသီးသီး၏ ဥပေဒမ်ားကို လုံးဝခ်ိဳးေဖာက္ခဲ့ၿပီး ထို႔ေၾကာင့္ သူ႕အမည္သည္ အလိုရွိဆုံးစာရင္းတြင္ ေပၚလာခဲ့သည္။

သို႔ေသာ္လည္း လြန္ခဲ့သည့္ ႏွစ္အနည္းငယ္ကတည္းက သူ႕ကို မည္သူမွ် ျပန္မေတြ႕ခဲ့ၾကေပ။

ယေန႕ အခ်ိန္အထိတိုင္။

က်ိဳးရိခ်င္းႏွင့္ က်ိယန္ႏွစ္ဦးစလုံးသည္ ေကာခိုင္က ဘယ္လိုအမွိုက္မ်ိဳးလဲဆိုတာ ရွင္းရွင္းလင္းလင္း သိၾကသည္။ ဒါေပမယ့္ ဒီအေၾကာင္းကို သူ ပိုရွင္းလာေလေလ၊ က်ိဳးရိခ်င္းက Omegaေလးရဲ႕ အေျခအေန ဘယ္ေလာက္ဆိုးသြားမလဲဆိုတာကို ပိုေတြးေလေလပါပဲ။

ခ်င္ယိသည္ အလြန္လိမၼာပါးနပ္ေသာ္လည္း Omegaႏွင့္ Alphaၾကား သဘာဝစြမ္းအား ကြာဟခ်က္ရွိေနဆဲျဖစ္သည္။ ေကာခိုင္နဲ႕ အတူရွိေနခ်ိန္မွာ သူဘာေတြ ျဖတ္သန္းခဲ့ရမလဲ?

က်ိယန္သည္ က်ိဳးရိခ်င္း ၏အမူအရာကိုသတိႀကီးစြာၾကည့္ေသာ္လည္း မေမးဘဲမေနနိုင္ေပ။ "ဗိုလ္ခ်ဳပ္ရဲ႕ ဇနီးေလာင္းအတြက္ စိတ္ပူေနတာလား?"

က်ိဳးရိခ်င္း ျပန္မေျဖခင္ ခဏေလာက္ ၿငိမ္သက္သြားသည္။ "သူက ငါ့ဇနီးေလာင္းမဟုတ္ဘူး"

က်ိဳးရိခ်င္း အစကတည္းက ခ်င္ယိနဲ႕ လက္ထပ္ဖို႔ ဘယ္တုန္းကမွ မေတြးခဲ့မိေပမယ့္ ဒီလိုအေျခအေနမ်ိဳးေတြ ႀကဳံေတြ႕ရတဲ့ အေၾကာင္းရင္းက သူ႕ေၾကာင့္ပင္။ က်ိဳးရိခ်င္းသည္ သည္းမခံနိုင္ေလာက္ေအာင္ မေပ်ာ္မ႐ႊင္ ခံစားခ်က္ကို ခံစားလိုက္ရသည္။

Omegaေလးသည္ သူ႕ေၾကာင့္ အႏၱရာယ္အမ်ိဳးမ်ိဳးႏွင့္ မႀကဳံရသင့္ပါ။ Omegaေလးသည္ အိမ္တြင္သာ ေပ်ာ္႐ႊင္စြာ အနားယူသင့္ၿပီး အတင္းအၾကပ္ အေဝးႀကီးသို႔ ခရီးထြက္ရကာ ေကာခိုင္ကဲ့သို႔အမွိုက္မ်ိဳးႏွင့္ မရင္ဆိုင္ရသင့္ပါ။

"ကီလီယာဆိုတာ နာမည္အတုပဲ" က်ိဳးရိခ်င္းက ေျပာသည္။

ေကာခိုင္သည္ ဤေနရာတြင္ ႏွစ္ေပါင္းမ်ားစြာ ပုန္းေအာင္းေနနိုင္ရသည့္ အေၾကာင္းရင္းႏွင့္ ပတ္သက္၍ သူ႕လက္ထဲတြင္ အစြမ္းထက္ေသာ လက္နက္တစ္မ်ိဳး ရွိေနသည္မွာ ထင္ရွားသည္။ ဒီလက္နက္ကို 'ကီလီယာ' လို႔ ေခၚတဲ့လူက သိမ္းသြားတာ ျဖစ္နိုင္သည္။ တစ္ခ်ိန္တည္းမွာပင္ 'ကီလီယာ'သည္ ခ်င္ယိကိုလည္း ေခၚသြားခဲ့သည္။

"ဒီအနီးအနားမွာ ေဟးလ္နဲ႕ လုက်ီရဲ႕ အာကာသယာဥ္ ေျခရာအစအနေတြ ရွိမရွိ စစ္ေဆးၾကည့္လိုက္" က်ိဳးရိခ်င္းက အလ်င္အျမန္ ၫႊန္ၾကားခ်က္ ထုတ္လိုက္သည္။

က်ိယန္က တုန္လႈပ္ေျခာက္ျခားစြာျဖင့္ သူ႕ကိုၾကည့္ေနသည္။ "သူတို႔လို႔ သံသယရွိလို႔လား..."

"ေကာခိုင္သာ လြတ္ေျမာက္ၿပီး ႏွစ္ေပါင္းမ်ားစြာ ပုန္းေအာင္းေနနိုင္ရင္ ေတာ္ေတာ္ကို အရည္အခ်င္းရွိရမယ္။ ဘယ္သူကမွ သူ႕ကို အလြယ္တကူဆြဲခ်ၿပီး လက္ထဲမွာရွိတဲ့ အရာကိုလုယူသြားနိုင္မွာ မဟုတ္ဘူး။ 'ကီလီယာ'က Alphaျဖစ္ၿပီး လုံလုံေလာက္ေလာက္ အားေကာင္းတဲ့သူျဖစ္ရမယ္" က်ိဳးရိခ်င္း မသိစိတ္မွ ဒီလိုေျပာလိုက္တဲ့အခါ အနည္းငယ္ ပူပင္ေသာကေရာက္မိသည္။

ထိုသို႔ေသာ အားႀကီးေသာ Alphaအတြက္၊ စိုးမိုးလိုေသာဆႏၵသည္ အလိုအေလွ်ာက္ပင္။ ခ်င္ယိသည္ ထိုAlpha၏လက္ထဲသို႔ က်ေရာက္သြားရျခင္းမွာ က်ားတြင္းတစ္တြင္းမွ အျခားက်ားတြင္းသို႔ ေျပာင္းသြားသလိုပင္။
____

ၿပိဳပ်က္ေဟာင္းႏြမ္းေနေသာ အာကာသယာဥ္တစ္စီးကို ေမာင္းႏွင္ေနေသာ သူတို႔၏ေဘာ့စ္သည္ သူတို႔၏ ယာဥ္ပ်ံဆီသို႔ ျဖည္းညွင္းစြာ ဦးတည္လာသည္ကို ျမင္ေသာအခါ ပါးစပ္ ျပဳတ္က်သြားမတတ္။ "ဘာျဖစ္တာလဲ၊ ေဘာ့စ္ကိုေခၚဖို႔ အာကာသယာဥ္ မေမာင္းသြားဘူးလား?" လူငယ္က ေမးသည္။

သူ႕နာမည္က လုရွင္းျဖစ္ၿပီး ကီလီယာရဲ႕ လက္ေထာက္ျဖစ္သည္။

ေခၚဆိုမႈခ်န္နယ္ရွိ က်န္လူမ်ားက ဆဲဆိုႀကိမ္းေမာင္းကာ တုံ႕ျပန္ခဲ့သည္;

-"အဲ့အာကာသယာဥ္က အျခားသူပိုင္တာ"

- "Omegaပိုင္တာ"

"ဟုတ္တယ္၊ ဟုတ္တယ္၊ ေကာခိုင္က အာကာသယာဥ္ရဲ႕ လည္ပတ္ႏႈန္းကို ရပ္လိုက္ေတာ့ ေဘာ့စ္က သူ႕ကို ကူညီေပးလိုက္တာ..."

လုရွင္း၏ ပါးစပ္သည္ က်ယ္ေလာင္ေနဆဲပင္။

Omega?

တက္တက္ႂကြႂကြ စရိုက္ေလးနဲ႕ ေဘာ့စ္နဲ႕ 50%ေက်ာ္ ကိုက္ညီတဲ့ Omegaအလွေလးလား?

လုရွင္းက ယာဥ္ပ်ံတံတားကို ခ်က္ခ်င္းဖြင့္လိုက္ၿပီး သူတို႔ဝင္လာရန္ ေစာင့္ဆိုင္းေနခဲ့သည္။

________

Continue Reading

You'll Also Like

372K 9.1K 83
"ပူတင်းလေးကဘာလဲ" "ကိုကို့အပိုင်" "ကိုကိုတို့ကရောဘာလဲ " "မောင်နှမ" "ဟာ..."
152K 10.2K 22
Original Title - Quickly wear the face of the devil (快穿之打脸狂魔) Author - ©® Fengliu Shudai Original translation - ©® keztranslations Genre - Adventure...
160K 26K 44
Title -The Tang Family's Seven Os [汤家七个O] Author - White Clouds [白云朵] Status in COO - Completed (186 chapters + 3 extras) Start date - 1.4.2023 End d...
5.9K 538 5
Title-兔耳魔尊他恃宠而骄 Author-笔墨不伺候 Original Status- 71 chapters(ongoing) |Myanmar Translation| Si Yin × Li Jin This is not mine. I'm just fun translator. A...